Chongfei Manual(Myanmar Trans...

Par sweswexlaing

5.6K 321 19

Author: Feng He You Yue Zhao Jie & Wei Luo Rebirth လေးပါနော် Credit to all Author and Translator This story i... Plus

Intro
1
2
3
တောင်းပန်လွှာ
5(A)

4

228 30 4
Par sweswexlaing

မဒမ်ဒူက ကျင်းလုနဲ့သူနာပြုရီကို အမှတ်မထားချေ။အဲ့ဒီအချိန် ရောက်လာပြီဆိုရင်တော့ သူမက အကြောင်းပြချက် တစ်ခုခုဖြင့် သူတို့ကို အဝေးသို့ ပို့ပစ်မှာပင်။သူတို့ပြန်ရောက်လာတဲ့ အချိန်ဆိုရင် ဝေ့လော်ကို ဒီစုံတွဲက ခေါ်ယူသွားနှင့်လောက်ပြီ။နောက် မှ လွယ်လွယ်ကူကူနဲ့ သူမ နေရာအန့ှံလိုက်ရှာခဲ့ပေမယ့် ဝေ့လော်ကို ရှာမတွေ့ကြောင်း ပြီးတော့ ဓားပြတွေကလည်း လုယက်သွားတယ်လို့ သူမပြောနိုင်လိမ့်မယ်။ထို့နောက် သူမက ပူဆွေးဝမ်းနည်းနေတဲ့ အကြည့်တွေနဲ့ ဒဏ်ရာအနည်းငယ်ပါ ရလိုက်ရင် ပိုကောင်းမည်။အိမ်ပြန်ရောက်ရင်တော့ ငါးယောက် မြောက် သခင်ကြီးက သူမကို အပြစ်ပေးလိမ့်မည်ဖြစ်၏။ထိုအချိန်ခဏမှာတော့ သူက အေးစက်နိုင်မည်ဖြစ်သော်လည်း ဒီကိစ္စတစ်ခုလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်သွား နိုင်လောက်သည်။

အပြစ်ပေးခြင်းခံရတဲ့ တစ်ကြိမ်လောက်က သူမဘဝတစ်လျှောက်လုံး ငြိမ်းချမ်းစေမည်ဆိုလျှင် ကောင်းသော အပေးအယူတစ်ခုပေ။

စိတ်ကောင်းလေး ဝင်နေသော မဒမ်ဒူက သစ်သားအိမ်ထဲသို့ မဝင်လေးခင် သူနာပြုရီကို လှမ်းပြော၏ "ကျွန်မ ခဏလောက် သွားလိုက်ဦးမယ်၊  စတုတၳ သခင်မလေးရဲ့ လုံခြုံရေးကို သေချာဂရုစိုက်ပေးပါ"

သူနာပြုရီက ခေါင်းငြိမ့်ရင်း "မဒမ် ကျွန်မနဲ့ ထားပြီး ထွက်သွားနိုင်ပါတယ်"

ဝေ့လော်က သူနာပြုရီရဲ့ အဝတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အံကြိတ်ထားသည့် သူမရဲ့မျက်နှာ အမူအရာကို မြင်ကွင်းမှ ဖုံးကွယ်ထားလေတယ်။အတိတ်ဘဝတုန်းက မဒမ်ဒူက တဲအိမ်ထဲ ဝင်နေစဥ်မှာ ကျင်းစီနဲ့ကျင်းကဲတို့ကတော့ အပြင်တွင် စောင့်နေ၏။ခဏအကြာလောက် မှာပဲ မိန်းမတစ်ယောက်က တဲအိမ်ထဲက ထွက်လာပြီး မဒမ်ဒူက သူမကို လိုအပ်တယ်လို့ ပြောရင်း သူမကို အထဲသို့ ခေါ်သွားခဲ့ပေသည်။

ကျင်းစီနဲ့ကျင်းကဲတို့က တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မိန်းမတစ်ယောက်က သူမအား ကောက်ချီသွားသည်ကို ကြည့်နေကြကာ ရွှေ့လျားဖို့တောင် မလုပ်ခဲ့ချေ။

သူမ အခန်းသို့ ဝင်လိုက်လျှင်ပဲ  ဘာကြောင့်ဆိုတာ မသေချာပဲနဲ့ကို  အားလော်က တစ်စုံတစ်ခု မှားယွင်းနေမှန်း ခံစားရလေတယ်။ထို အမျိုးသမီးရဲ့ လက် မောင်းတွေထဲကနေ လွတ်မြောက်အောင် သူမ အကောင်းဆုံး လုပ်ပြီး တဲအိမ်အပြင်သို့ ပြေးထွက်တော့၏။တဲအိမ်ရဲ့ အနောက် မှာတော့ ချောင်းငယ်တစ်ခုရှိပြီး ထိုချောင်းငယ် အတိုင်း လိုက်သွားမယ်ဆိုရင် တောင်အောက်သို့ ဆင်းနိုင်မှာပင်။ထိုအချက်ကိုသိတာနဲ့ သူမက အဲ့နေရာသို့ ဦးတည်ပြေးခဲ့သည်။

ကံဆိုးချင်တော့ သူမက အလွန်ငယ်သေးတယ်။သူမ အဝေးကြီး မသွားလိုက်ရသေးခင်ပဲ မဒမ်ဒူရဲ့ လူတွေက သူမကို ဖမ်းမိခဲ့၏။မဒမ်ဒူက အလွန်အမင်းကို စိတ်ဆိုးနေလေသည်။ဒီကလေးကို ရောင်းမယ့် သူမရဲ့ စိတ်ကို ပြောင်းလဲလိုက်ပြီး သူမ(အားလော်)ရဲ့ လည်ပင်းကို ဆွဲကိုင်ကာ သတ်ဖို့သာ ဦးတည်လုပ်တော့တယ်။အဲ့အချိန်မှာတော့ အားလော်က အလွန်အမင်းကြောက်ရွံ့ပြီး အကူအညီမဲ့နေခဲ့၏။မဒမ်ဒူက ကြင်နာတတ်တဲ့ မိန်းမတစ်ယောက်ကနေ သူမဘဝကို လိုချင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ အပြုံးကို လှည့်သွားတာကို သူမ နားမလည်နိုင်ပေဘူး။

သူမ အသက်ရှုဖို့ မနည်း ကြိုးစားနေရ၏။သူမ မျက်နှာတွင် မျက်ရည်များက စီးကျနေကာ မဒမ်ဒူကို အသနားခံသည် "အမေ၊ဘာကြောင့်လဲ?" "အမေ နာတယ်"။ဒါတွေ အကုန်လုံးက အသုံးမဝင်ပေ..။

အဲ့ဒီအခိုက်အတန့်မှာ မဒမ်ဒူက ဘာပြောခဲ့တာလဲ?

အို!သူမ ပြောခဲ့သည်က "မြန်မြန်သာ သေလိုက်စမ်းပါ။မင်းသာ သေ သွားခဲ့ရင် ငါ့ရဲ့ ချစ်လှစွာသော ကျန့်က ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရလိမ့်မယ်"

အဲ့ဒါကြောင့်လား?

သူတို့က ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်တာလား?ပြီးတော့ အဲ့ဒီအတွက် တန်ကြေးက သူမ ဘဝလား?

ဝေ့လော်က စိတ်မပါသလို ပြုံးပြ၏။မဒမ်ဒူက ဝေ့ကျန်းအတွက် လမ်းခင်းပေးချင်တယ်ပေါ့ ဒါပေမယ့် သူတို့ကို သူမ မကူညီချင်ဘူး။သူမက ကျင်းလုဘက်ကို လှည့်ကာ မေး၏"အစ်မကြီး ကျင်းလုရဲ့ ဆံထိုးက လှလိုက်တာနော် အားလော် ကြည့်လို့ရမလားဟင်?"

ကျင်းလုက သူမရဲ့ တောင်းဆိုချက်ကို ခွင့်ပြုလေသည်။ဒါက ဆံထိုး တစ်ခုသာပင် ဒါကြောင့် သူမက ပေးခဲ့တယ်။ငွေစံပယ် ဆံထိုးကို သူမ ယူလိုက်ကာ ထိုအရာကို အားလော် လက်ထဲ ထည့်ပေးလိုက်ပြီး "ဒီဆံထိုးက ချွန်ထက်တယ်၊ သခင်မလေး ကိုယ့်ကိုယ်ကို မထိုးမိအောင် ဂရုစိုက်ပါ"

ဝေ့လော်က ထိုအရာကို လက်ခံ၍ အပြုံးတစ်ခုနှင့် ကြည့်ကာ "သမီး ဂရုစိုက် မှာပါ"

သူမက အသေအချာကို သူမကိုယ်သူမ ထိုးမိအောင် လုပ်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ ဒီဆံထိုးက အရေးကြီးတဲ့နေရာကနေ ပါဝင်ရမှာမို့လေ။

ရထားလုံးထဲမှာ စောင့်နေရင်း အားလော်က အသံတစ်ချက် မျှ မထွက်ဘဲ အကောင်းဆုံး အပြုအမူတွေသာ ပြုလုပ်နေ၏။သူမခြေထောက်ကို လွှဲနေရင်း သေးငယ်တဲ့ ဆံထိုးကိုဆုပ်ကိုင်ထားလေတယ်။

မဒမ်ဒူတစ်ယောက် ကျင်းကဲနဲ့သူနာပြုရီကို ရှင်းထုတ်ဖို့် နည်းလမ်းက စဥ်းစားထားလောက်ပြီးပြီပေါ့ ဒါဆို သူမက ဘာနဲ့ ရှင်းထုတ်မှာလဲ?မဒမ်ဒူရဲ့ ဇာတ်ကြောင်းကိုသာ ထုတ်ဖော်မပြောပဲ သိုသိုသိပ်သိပ် ထွက်ပြေးခြင်းက ဝေ့လော်အတွက် ရွေးချယ်စရာ အခွင့်အရေး မဟုတ်ခဲ့ဘူး။မကြာခင်မှာ ဒါမှမဟုတ် နောက်ကျရင် သူမရဲ့ ဘဝက ထပ်ပြီးတော့ ပစ်မှတ်ထားခံရဦးမှာပဲ။သူမက မဒမ်ဒူကို သွေးထွက်သံယို ဖြစ်မယ့်အစား ပျက်စီးဆုံးရှုံးသွားမှာကို ပိုလိုလားတယ်။

ဝေ့လော် ကျင်းလုရဲ့အင်္ကျီလက်ကို ဆွဲလိုက်ကာ "အစ်မကြီး ကျင်းလု မဒမ်က အခုထိ ထွက် မလာသေးဘူးလား?သမီး ပင်ပန်းလွန်းလို့ အိမ်ကို ပြန်ချင်တယ်၊သမီး ဖေဖေကို့ တွေ့ချင်တယ်..."

ကျင်းလု မတ်တပ်ရပ်လိုက်ကာ သူမကို အသေချာ ပြောလိုက်၏ "ကျွန်မ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သွားကြည့်လိုက်ဦးမယ် သခင်မလေးက ဒီမှာ စောင့်နေနော် ကျွန်မ မကြာခင် ပြန်လာခဲ့မယ်"

ဝေ့လော် ခေါင်းညိတ်လိုက်ပြီး မျက်တောင်ခပ်ရင်းနဲ့ အပြစ်ကင်းစင်သော ပုံဖြင့် မေးလိုက်သည် "မဒမ်က ဘာကြောင့် မပွင့်လင်းကတာလဲ? သူမ ဘာတွေပြောနေလို့များ သမီးတို့က မကြားရတာလဲ?"

တစ်ခြားလူတွေအဖို့ သူမ ဒီတိုင်းပြောလိုက်တာလို့ ထင်ရပေမယ့်လည်း ကျင်းလုနဲ့ သူနာပြုရီကတော့ သူမ စကားလုံးတွေထဲမှ တကယ့် အမှန်တရားကို ရှာတွေ့ကြသည်။မဒမ်ဒူရဲ့ လှုပ်ရှားမှုတွေက ပထမနေရာတည်းက ထူးဆန်းနေခဲ့၏။သူတို့ သံသယရှိခဲ့ရင်တောင်မှ သူတို့ ဘာမှမပြောခဲ့ဘူး။ဒါပေမယ့် အားလော်ရဲ့ ယခုလို သတိပေးချက်ကြောင့် စဥ်းစားမိသွားပြီး တစ်ယောက်ကို တစ်ယောက် ဝေ့ကြည့်မိလိုက်ကြသည်။ကျင်းလု ရထားလုံးမှ ဆင်းလိုက်ပြီး အသံမထွက်ဘဲ တဲအိမ်အပြင်ဘက်ကို ရောက်အောင်သွားတော့တယ်။

တဲအိမ်ထဲမှာတော့ မဒမ်ဒူက ထိုစုံတွဲနှင့် စကားပြောနေသည်။

ဒီစုံတွဲက ရှန်းမြို့တော်က မဟုတ်။သူတို့က မြို့တော်၏ အစွန်အဖျား လျို့လင် အရပ်ဒေသမှ ကျွန်ကုန်သည်များဖြစ်လေတယ်။ထိုယောကျာ်းကိုတော့ ဝူကျုံလို့ ခေါ်ကြပြီး အမျိုးသမီးရဲ့ မိသားစုနာမည်ကတော့ ဝမ် ဖြစ်၏။သူတို့နှစ်ယောက်လုံးက လျို့လင်အရပ်ဒေသမှာ ဆိုးသွမ်းလှတဲ့ ဂုဏ်သတင်း ရှိကြပြီး မြို့တော်မှ ကလေးများကို မကြာခဏ ပြန်ပေးဆွဲကာ အခြားနေရာအစုံသို့ ရောင်းချလေ့ရှိသည်။ သူတို့နှင့် ထိတွေခဲ့ဖူးသည့် လျို့လင်အရပ်ဒေသမှ သူမရဲ့ နို့ထိန်းဆီကတစ်ဆင့် မဒမ်ဒူက သူတို့ကို သိခဲ့ခြင်းဖြစ်၏။

မဒမ်ဒူက သူတို့နဲ့ လျို့ဝှက် ပူးပေါင်းကြံစည်မှာ ဖြစ်သော်လည်း သူတို့နှစ်ယောက်နဲ့ တူသွားမှာကို သူမ တကယ်မကြိုက်လေဘူး။

ဝူကျုံ မေးလိုက်၏"ကောင်မလေးရဲ့မိန်းမအစေခံတွေကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"

မဒမ်ဒူက ထင်းခနဲမြင်သာလောက်အောင် အလွန်နီရဲသောအရောင်ကို အသစ်ဆိုးထားသည့် သူမရဲ့ လက်သည်းတွေကို ကြည့်နေခဲ့ပြီး အပြုံးတစ်ပွင့်နှင့် လက်ကို မြှောက်လိုက်ကာ "သူတို့ကို ခဏလောက် အဝေးကိုပို့ဖို့ အကြောင်းပြချက် ရှာလိုက် မယ်၊ သူနာပြုတစ်ယောက်ထဲသာ အနောက် မှာ ကျန်ခဲ့မှာပါ။ဒီကလေးကို ယူလို့ရပြီလို့ ငါ အကြောင်းကြားတာနဲ့ သူမကို လာဖမ်းလိုက်"

ဝမ်တစ်ယောက်ကတော့ အခုထိ သံသယများ ရှိနေပြီး ဒီလုပ်ဆောင်မှုကို ပြုလုပ်နိုင်တယ်လို့ မခံစားမိလေဘူး။စိုးရိမ်မှုများ ခံစားနေရကာ သူမ မေးလိုက်သည် "သူတို့က ဘာမှ မမေးဘူးတဲ့လား?လူတွေက သူမကို မရှာဘူးဆိုတာ မဒမ် သေချာလို့လား?သူမကို ကျွန်မတို် ယူပြီးပြေးသွားတာနဲ့ မလိုအပ်တဲ့ ပြဿနာတွေက ကျွန်မတို့ဆီ လာလိမ့်မယ်။"

မဒမ်ဒူ သူမအား တစေ့တစောင်း ကြည့်လိုက်ကာ  လှောင်ရယ်လိုက်ရင်း "သူမအမေကတောင် သူမကို မလိုချင်တာပဲ ဘယ်သူက သူမကို ရှာမှာတဲ့လဲ?"

စကားပြောလို့ အပြီးမှာတော့ သူမ(မဒမ်ဒူ)က နင်းရွှယ်အား သူမရဲ့ အင်္ကျီလက် မှ ဆေးတစ်ချို့ကို ထုတ်ပေးလိုက်ကာ ဝမ်ကို လှမ်းပေးခိုင်းလိုက်ပြီး "ရှင် မကျေနပ်ဘူးဆိုရင် သူတို့ကို မေ့သွားအောင် ဒါကို အသုံးပြုနိုင်တယ်။ ဒါက အပြည့်အဝ ကောင်းတယ်လို့ ကျွန်မ အာမခံတယ်"

ဒီသင်းရနံ့ အမျိုးအစားက ငြိမ်သက်စေသော ရနံ့ဖြစ်၏။၎င်းက တစ်ခြားသူများ ကျန်းမာစွာ အိပ်ပျော်နိုင်ရန် အကျိုးရှိသော်လည်း များသွားပါက ထိုအရာကြောင့် လူအများ ကြာရှည်စွာ သတိလစ်နိုင်စေသည်။မဒမ်ဒူက​ ေသသေချာချာ စဥ်းစားပြီး အရာအားလုံးကို ပြင်ဆင်ခဲ့ခြင်း ဖြစ်လေတယ်။

သူမ ထုတ်လိုက်တဲ့ ထိုအရာ အမျိုးအစားက ကျိန်းသေ လုံလောက်တဲ့အတွက် ဝမ်ရဲ့ မျက်နှာအမူအရာမှာ ပျော့ပြောင်းသွားလေ၏။

သူတို့ အကုန်လုံးက သရုပ်ဆောင်ဖို့ အဆင့်သင့် ဖြစ်နေကြပြီ။

အခန်းအပြင်ဘက် မှ ကျင်းလုကတော့ အသက်ရှုနိုင်ဖို့ကိုသာ အာရုံစိုက်နေရလေတယ်။သူတို့စကား ပြောနေတာကို နားထောင်နေရင်း သူမ တစ်ကိုယ်လုံး ခေါင်းမှ ခြေဖျားအထိ အေးစက်လာခဲ့သည်။

မဒမ်က စတုတ္ထ သခင်မလေးကို တကယ့်ကို ရောင်းချင်နေခဲ့တာပဲ။

သူမက သာမန်အားဖြင့် သခင်မလေးကို အရမ်းကောင်းပြီး ဖော်ရွေခဲ့တယ်မလား ဒါဆို ဒါတွေ အကုန်လုံးက ဟန်ဆောင်မှုတစ်ခုပဲလား?

ကျင်းလုမှာ ထိတ်လန့်သွားကာ ရထားလုံးဆီကို အလျင်အမြန် ပြန်သွားပြီး ကြားလာတဲ့ စကားမှန်သမျှကို သူနာပြုရီအား ပြောပြလေတော့၏။သူနာပြုရီမှာ တုန်လှုပ်လာပြီး ဒေါသထွက်လာတော့တယ်။
"မဒမ်ရဲ့ နှလုံးသားက အမှန်တကယ် စာနာစိတ်မရှိတာပဲ"

ကျင်းလု သူနာပြုရီကို အပြင်သို့ ဆွဲထုတ်လိုက်ကာ "သူတို့ မသိတဲ့ ဒီချိန်မှာ ကျွန်မတို့ သခင်မလေးကို ခေါ်ပြီး ထွက်ပြေးကြမယ်လေ!ဒီအရေးကို သခင်ကြီးဆီ ကျွန်မတို့ တင်ပြရမယ်"

သူနာပြုရီ ခေါင်းကို အခါခါ ငြိမ့်လိုက်ကာ ဝေ့လော်ကို ရထားလုံးမှ အောက်သို့ဆင်းရန် လှမ်းကိုင်လိုက်သည်။သူမ လက်နှစ်ဖက်လုံးက တုန်ရီနေသော်လည်း သူမ ဝေ့လော်ကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပြီး သူမ မျက်လုံးတွေက အနီရောင်သန်းလာကာ "ကျွန်မရဲ့ သနားစရာကောင်းတဲ့ သခင်မလေး"

ဝေ့လော် သူနာပြုရီရဲ့ လည်ပင်းကို လှမ်းဖက်လိုက်ရင်း သူမရဲ့ ပုံမှန်လေသံလေးနဲ့ "သူနာပြု ဘာကြောင့် ငိုနေတာလဲဟင်?ဘာလို့ မဒမ်ကို မစောင့်ပဲ သမီးတို့ လမ်းလျှောက်နေကြတာလဲ?"

ထိုစကားလုံးတွေက သူနာပြုရီကို ပို၍ ခါးခါးသီးသီး ငိုစေခဲ့လေတယ်။"မိုက် မဲလိုက်တဲ့ သခင်မလေး၊ ကျွန်မတို့သာ စောင့်ရင် မဒမ်က သမီးကို ရောင်းလိမ့်မယ်...."

သူမ မထွက်သွားခင် ကျင်းမြောင်လန်က ထို မောင်လေးနှင့်အစ်မကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးရန် သူမဆီမှာ အပ်နှံသွားခဲ့သည်။ဒါပေမယ့် သူမက သူတို့ကို ဘယ်လို စောင့်ရှောက်ခဲ့တာလဲ?သူမ ဒီသခင်မငယ်လေးကို ပျောက်တော့မလုနီးပါးပင်။

ဒါကို စောစောသာ ရှာမတွေ့ခဲ့ဘူးဆိုရင် ဒီမိန်းကလေးရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်လာလိမ့်မှာလဲ?ဖြစ်လာမယ့်အရာကို တွေးမိလိုက်ရုံနဲ့တောင် သူမ နှလုံးသားမှာ ရက်စက်စွာ အပြစ်ရှိလာစေတယ်။

တဲအိမ်ထဲမှ လူတစ်ချို့က ဆူညံသံ တစ်ချို့ကို ကြားလိုက်ရ၍ စစ်ဆေးရန် အပြင်သို့ ထွက်လာခဲ့သော်လည်း အလွတ်ကြီး ဖြစ်နေတဲ့ ရထားလုံးကိုသာ ရှာတွေ့လေ၏။ အစေခံတွေနဲ့ ကောင်မလေးက လွတ်မြောက်သွားခဲ့ပြီ။

ကျေးဇူးတင်စရာကောင်းတာက သူတို့ရဲ့ ခြေထောက်တွေက သိပ်မမြန်နိုင်တဲ့အတွက် သူတို့ ဝေးဝေးကို ပြေးနိုင်ဦးမှာ မဟုတ်ဘူး။ မဒမ်ဒူ သွားတွေကို တင်းတင်းစေ့လိုက်ကာ ဝူကျုံကို ပြောလိုက်တယ် "သူတို့ကို မြန်မြန်သွားရှာတော့"

သူတို့က ဝေ့ခွန်ဆီ သွားပြီး ပြောဖို့ စီစဥ်နေတယ်ဆိုရင် သူမ လမ်းကြောင်းကို လွဲစေမယ့်အရာတွေကို ဘာကြောင့် မရှင်းထုတ်နိုင်ရမှာလဲ?

ဒီတစ်ကြိမ်မှာ သူမ ဂရုစိုက်ရမယ့်လူတွေက ကျင်းလုနဲ့ သူနာပြုရီ ဖြစ်လေသည်။သူတို့ကို တစ်ကြိမ်ဖမ်းမိလိုက်တာနဲ့ သူတို့ကို လွှတ်ပေးဖို့အတွက် သူမ မလုပ်နိုင်တော့ပေ။

ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ဝူကျုံက အပြေးမြန်လေ၏။ပရုတ်ပင်ရဲ့ဘေးမှာ သူနာပြုရီကို ပိတ်ရပ်လိုက်ပြီး သူမလက် မောင်းကြားမှ ဝေ့လော်ကို သူ့လက်တွေနဲ့ လုယူရန် ပြုလုပ်လေပြီး "သူမကို ငါ့ကိုပေး"

စက်စုပ်ဖွယ်ကောင်းလောက်အောင် မည်းမှောင်ပြီး ပိန်ပါးတဲ့ ထိုယောကျာ်းက သွားဝါတွေ ပြည့်နေသော ပါးစပ်ဖြင့် ထုတ်ဖော်ပြောလာ၏။သူ့ကို ကြည့်ရင်း ဝေ့လော်မှာ ပျို့အန်ချင်လာတော့တယ်။သူနာပြုရီက ဝေ့လော်ကို သူ့ဆီ ဘယ်လိုလို့ ပေးနိုင်မှာလဲ?သူမ(ဝေ့လော)်ကို နီးနီးကပ်ကပ် ဖက်ထားလိုက်ရင်း သူမ ခြေလှမ်း အနည်းငယ်လောက် ဆုတ်လိုက်သည်။သူမတို့ နောက်ကို မဒမ်ဒူ တိုးဝင်လာတာ မြင်လိုက်ရ၍ သူမရဲ့ သောက ကို မထိန်းနိုင်တော့ပဲ နာကြည်းလာကာ ပြောလိုက်၏ "မဒမ် စတုတ္ထ သခင်မ လေးက ရှင့်သမီး မဟုတ်ရင်တောင်မှ သူမက သခင်ကြီးရဲ့ သမီးပါ။သူမက မြို့စားအိမ်တော်ရဲ့ စတုတ္ထ သခင်မလေးလေ မဒမ်က သူမကို ဘာလို့ ဒီလို လုပ်နိုင်ကတာလဲ!"

မဒမ်ဒူက သူတို့နားမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း သူမရဲ့ မျက်နှာအမူအရာကို ချိန်းလိုက်ကာ သိက္ခာရှိသော အပြုံးနှင့်အတူ "ရှင်က ဘာကိုဆိုလိုတာလဲ?ကျွန်မတော့ နားမလည်ပါဘူး။သဘာဝ ရှုခင်းက ကောင်းတယ်လို့ ကျွန်မ စဥ်းစားမိလို့ အားလော်ကို ခေါ်ပြီး ဒီအနားတစ်ဝိုက်ကို လိုက်ပြမလို့ပါ။"ပြောရင်းနဲ့ သူမ အားလော်ကို လှည့်မေးလိုက်သည် "သမီး ဒီကို ကြိုက်လား?"

ဝေ့လော်က သူမ မျက်နှာကို ဂရုစိုက် မှု မပေးပဲ(OT/N:လေးစားမှုကို ပြဖို့အတွက် သူမရဲ့ ခံစားချက်/ပုံရိပ်)အသံ အဆက် မပြတ်ထွက်တဲ့ ဗုံတစ်ခုလို သူမခေါင်းကို ခါရမ်းလိုက်ပြီး "သမီး မကြိုက်ဘူး"
(OT/N means original translator)

မဒမ်ဒူက ဖြည်းဖြည်းချင်း ချဥ်းကပ်လာကာ "ဘာလို့ သမီးက မကြိုက်တာလဲ?"

သူနာပြုရီရဲ့ အာရုံစိုက်နေမှုနဲ့ သူမကို စိတ်ပျံ့လွင့်စေရန် အလို့ငှာ သူမ(မဒမ်ဒူ)အား စကားပြောရန် အားလော်ကို တိုက်တွန်းနေလေတယ်။သူမ စကားပြောနေစဥ်မှာပဲ ဝူကျုံက သူနာပြုရီနောက်သို့ ရှောင်တခင်သွားကာ သူမရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို အဝတ်တစ်စနဲ့ ဖုံးရန် ပြုလုပ်မလို့ပင်။ထိုအဝတ်စက ငြိမ်သက်စေသော ဆေးတွေ စွတ်ထားကာ အနံ့သက်လေး တစ်ခုနဲ့တင် သူနာပြုရီကို လဲကျစေလိမ့်မည်။

ဝူကျုံမှာ ဒါက ကောင်းကောင်းမွန်မွန် ဖြစ်သွားလိမ့်မယ်လို့ တွေးမိခဲ့သော်လည်း ကောင် မလေးက ရုတ်တရက် လှည့်လာပြီး သူ့ကိုစိန်းစိန်းဝါးဝါး စိုက်ကြည့်လာမယ်လို့ မထင်ထားခဲ့လေဘူး။သူမလက် မှာ တစ်စုံတစ်ခုကို ကိုင်ထားကာ သူ့မျက်နှာကို ထိုးလေ၏။

ရှင်းရှင်းလင်းလင်း ပြောရရင် အေးစက်စွာ သူ့ကိုစိုက်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ အသားမကျချေ။ဝူကျုံဟာ နေရာမှာပဲ တောင့်တင်းနေပြီး
အချိန်တွေကို သတိမထားမိတော့ပဲ သူ့မျက်နှာပေါ်မှ ပြင်းထန်သော နာကျင်မှုကိုသာ သတိပြုမိတော့သည်။သူ အလွန်ပင် ငိုကြွေးမိကာ မျက်နှာကို ကိုင်ကြည့်လိုက်တော့၏။ထိုလက်တွေကို သူပြန်ကြည့်မိတဲ့ အခါမှာတော့ သူတို့မှာ သွေးတွေ ဖုံးလွှမ်းနေခဲ့တယ်။

နှစ်မြို့ဖွယ်မရှိသော သူ့မျက်နာကို လှီးဖြတ်ရန် အားလော်က ဆံထိုးကို အသုံးပြုခဲ့ကာ ထိုဒဏ်ရာက ဝူကျုံရဲ့ မျက်လုံးထောင့်စွန်းမှ ပါးစပ်ထောင့်စွန်းထိ ရှည်လျားပြီး နက်လေ၏။သွေးအများအပြားက အပြင်သို့ စီးဆင်းလာကာ ထိုဒဏ်ရာက ကာလတစ်ခုတော့ သူ့မျက်နှာမှာ အမာရွတ်စွဲကျန်စေလိမ့်မည်။

မဒမ်ဒူကလည်း ရပ်တန့်သွားလေတယ်။ဒီလောက် သေးငယ်တဲ့ မိန်းကလေးက စာနာစိတ်လုံးဝမရှိပဲ အားအများကြီး သုံးနိုင်လိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ပေ။စကားပြောရန် အလှည့်မှာပဲ ဝေ့လော်က သွေးစက်ကျနေတဲ့ ဆံထိုးကို သူမဆီ လွှဲလာတာ သူမ မြင်လိုက်ရ၏။ထိုအရာက သူမ မျက်နှာကို ဟက်တက်ကွဲလုနီးပါး ဖြစ်စေနိုင်တယ် သို့သော်လည်း သူမက အထိတ်တလန့်ဖြင့် နောက်ပြန်ဆုတ်လိုက်ကာ ပင့်သက်ရှိုက်ရင်း နင်းရွှယ်ဆီသို့ လဲကျသွားတော့သည်။

ဝေ့လော်ကို တစ်စုံတစ်ယောက်က နာကျင်စေမည်ဆိုလျှင်လည်း သူမက နည်းနည်းတောင် ပျာယာခတ်သွားမည်မဟုတ်။အေးစက်ပြီး အပြစ်ကင်းစင်တဲ့ လေးသံလေးနှင့် သူမ ပြောလိုက်သည်က "မဒမ်က သူ့ကိုသိတာလား? အားလော်ကို တစ်ခြားလူ ထိတာ မကြိုက်ဘူး။သူ့ကို သမီးကို မထိဖို့ပြောလိုက် ဟုတ်ပြီလား?"

ခြောက်နှစ်ပဲရှိသေးတဲ့ ကလေးဆီက ဒီစကားလုံးတွေ ထွက်လာတာတဲ့လား?သူမ တကယ့်ကို ရူးနှမ်းနေပြီပဲ။

မဒမ်ဒူရဲ့ တပည့်တွေလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြကာ ကြည့်ရတာတော့ သူတို့လည်း တူန်လှုပ်မှုကို မဆန့်ကျင်နိုင်တော့လောက်ချေ။သူမက ဝေ့လော်ကို အသိဉာဏ်ပညာမရှိတဲ့ မိန်းမငယ်လေးလို့ ထင်ထားခဲ့သော်လည်း ခဏလေးအတွင်းမှာပဲ သူမရဲ့ လူမဆန်တဲ့ဘက်ခြမ်းကို မြင်လိုက်ရလေသည်။

ထိုအခိုက်အတန့်အတွင်းမှာပဲ သူမ ခေါင်းငြိမ့်ပြီး 'ဟုတ်ပြီ'လို့ ပြောလိုက် မိမလို့ပင်ဖြစ်သွားစေ၏။

ထိုအခြေအနေသို့ ရောက်သွားကာ ဒီနေ့အရေးကတော့ ရှင်းလင်းတဲ့ အဆုံးအသတ်တစ်ခု မဟုတ်တော့ချေ။ဝူကျုံဟာ ဒဏ်ရာရသွားပြီး မြေကြီးပေါ်မှာ ရှေ့နောက် လှိမ့်နေလေတယ်။အခြားအစေခံတွေကလည်း ထိုသွေးထွက်သံယိုမြင်ကွင်းကို ကြည့်ပြီး ဝေ့လော်လက်ထဲက ငွေရောင်ဆံထိုးကို ကြောက်ကြကာ တကယ်လို့ သူတို့သာ ထပ်မံချဥ်းကပ်သွားမည်ဆိုလျှင် သူတို့မျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာ လုံးဝအကျိန်းသေပင်။

ဘယ်သူမှ မိုက် မိုက်ကန်းကန်း ရှေ့ဆက် မတိုးရဲ့တော့ပေ။

သူနာပြုရီနဲ့ ကျင်းလုက အ့ံအားသင့်သွားကြသော်လည်း ထိုအခြေအနေကြောင့် ဝေ့လော်က ရမ်းကားကြမ်းတမ်းစွာ တုံ့ပြန်လိုက်တယ်လို့သာ သူတို့ တွေးမိကြလေသည်။သူတို့လည်း မကူညီနိုင်ပေမယ့် သူမ(အားလော်)ကသာ သနားစရာ အကောင်းဆုံးမှန်း ခံစားမိကြတယ်။

ထိတ်လန့်မှုတွေ ထွက်ခွာသွားသည့်အခိုက် သစ်ပင်များကို နေရောင်ခြည်က ဖြတ်၍ ဝင်လာလေပြီး နေရောင်နှင့် အရိပ်က ရောနှောကာ မြေပြင်ပေါ်သို့ ကျရောက်နေ၏။

ထိုအနားက သစ်ပင်ပေါ်တွင် လူတစ်ယောက်က ပုန်းနေခဲ့သည်။အောက်ဘက် မှာရှိတဲ့ မြင်ကွင်းကို အကုန်မြင်ခဲ့ပြီး သူ့အဝတ်တွေကို လက်ဖြင့် ပုံသွင်းလိုက်ကာ ထိုလူစုရဲ့ အလယ်ကို ခုန်ချရန် မတ်တပ်ရပ်လိုက်တော့တယ်။

မိုးပြာရောင် အင်္ကျီတစ်ထည်နှင့် ကြံ ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့ ထိုလူက ကျောင်ကျဲရဲ့ ကိုယ်ရံတော်တွေထဲက တစ်ယောက်ဖြစ်၏။သွားကိုတင်းတင်းစေ့ကာ ဝေ့လော်ကို ပြုံးပြပြီး "ကောင်မလေး ငါ မင်းကို ရှာတွေ့ပြီ"


T/N: တကယ် sorryပါနော် နှစ်ပိုင်းတင်ပေးချင်ပေမယ့် သက်သာလာမှ ရေးရတော့ တစ်ပိုင်းပဲတင်လိုက်ရတယ် သန်ဘက်ခါ တစ်ပိုင်း ထပ်တင်ပေးမယ်ရှင့်

...................................................................

(Zawgyi)

မဒမ္ဒူက က်င္းလုနဲ႕သူနာျပဳရီကို အမွတ္မထားေခ်။အဲ့ဒီအခ်ိန္ ေရာက္လာၿပီဆိုရင္ေတာ့ သူမက အေၾကာင္းျပခ်က္ တစ္ခုခုျဖင့္ သူတို႔ကို အေဝးသို႔ ပို႔ပစ္မွာပင္။သူတို႔ျပန္ေရာက္လာတဲ့ အခ်ိန္ဆိုရင္ ေဝ့ေလာ္ကို ဒီစုံတြဲက ေခၚယူသြားႏွင့္ေလာက္ၿပီ။ေနာက္ မွ လြယ္လြယ္ကူကူနဲ႕ သူမ ေနရာအန႕ွံလိုက္ရွာခဲ့ေပမယ့္ ေဝ့ေလာ္ကို ရွာမေတြ႕ေၾကာင္း ၿပီးေတာ့ ဓားျပေတြကလည္း လုယက္သြားတယ္လို႔ သူမေျပာနိုင္လိမ့္မယ္။ထို႔ေနာက္ သူမက ပူေဆြးဝမ္းနည္းေနတဲ့ အၾကည့္ေတြနဲ႕ ဒဏ္ရာအနည္းငယ္ပါ ရလိုက္ရင္ ပိုေကာင္းမည္။အိမ္ျပန္ေရာက္ရင္ေတာ့ ငါးေယာက္ ေျမာက္ သခင္ႀကီးက သူမကို အျပစ္ေပးလိမ့္မည္ျဖစ္၏။ထိုအခ်ိန္ခဏမွာေတာ့ သူက ေအးစက္နိုင္မည္ျဖစ္ေသာ္လည္း ဒီကိစၥတစ္ခုလုံးကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္ေက်ာ္သြား နိုင္ေလာက္သည္။

အျပစ္ေပးျခင္းခံရတဲ့ တစ္ႀကိမ္ေလာက္က သူမဘဝတစ္ေလွ်ာက္လုံး ၿငိမ္းခ်မ္းေစမည္ဆိုလွ်င္ ေကာင္းေသာ အေပးအယူတစ္ခုေပ။

စိတ္ေကာင္းေလး ဝင္ေနေသာ မဒမ္ဒူက သစ္သားအိမ္ထဲသို႔ မဝင္ေလးခင္ သူနာျပဳရီကို လွမ္းေျပာ၏ "ကြၽန္မ ခဏေလာက္ သြားလိုက္ဦးမယ္၊  စတုတၳ သခင္မေလးရဲ႕ လုံၿခဳံေရးကို ေသခ်ာဂ႐ုစိုက္ေပးပါ"

သူနာျပဳရီက ေခါင္းၿငိမ့္ရင္း "မဒမ္ ကြၽန္မနဲ႕ ထားၿပီး ထြက္သြားနိုင္ပါတယ္"

ေဝ့ေလာ္က သူနာျပဳရီရဲ႕ အဝတ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း အံႀကိတ္ထားသည့္ သူမရဲ႕မ်က္ႏွာ အမူအရာကို ျမင္ကြင္းမွ ဖုံးကြယ္ထားေလတယ္။အတိတ္ဘဝတုန္းက မဒမ္ဒူက တဲအိမ္ထဲ ဝင္ေနစဥ္မွာ က်င္းစီနဲ႕က်င္းကဲတို႔ကေတာ့ အျပင္တြင္ ေစာင့္ေန၏။ခဏအၾကာေလာက္ မွာပဲ မိန္းမတစ္ေယာက္က တဲအိမ္ထဲက ထြက္လာၿပီး မဒမ္ဒူက သူမကို လိုအပ္တယ္လို႔ ေျပာရင္း သူမကို အထဲသို႔ ေခၚသြားခဲ့ေပသည္။

က်င္းစီနဲ႕က်င္းကဲတို႔က တစ္စုံတစ္ခုကို ရိပ္မိသြားၿပီး မိန္းမတစ္ေယာက္က သူမအား ေကာက္ခ်ီသြားသည္ကို ၾကည့္ေနၾကကာ ေ႐ႊ႕လ်ားဖို႔ေတာင္ မလုပ္ခဲ့ေခ်။

သူမ အခန္းသို႔ ဝင္လိုက္လွ်င္ပဲ  ဘာေၾကာင့္ဆိုတာ မေသခ်ာပဲနဲ႕ကို  အားေလာ္က တစ္စုံတစ္ခု မွားယြင္းေနမွန္း ခံစားရေလတယ္။ထို အမ်ိဳးသမီးရဲ႕ လက္ ေမာင္းေတြထဲကေန လြတ္ေျမာက္ေအာင္ သူမ အေကာင္းဆုံး လုပ္ၿပီး တဲအိမ္အျပင္သို႔ ေျပးထြက္ေတာ့၏။တဲအိမ္ရဲ႕ အေနာက္ မွာေတာ့ ေခ်ာင္းငယ္တစ္ခုရွိၿပီး ထိုေခ်ာင္းငယ္ အတိုင္း လိုက္သြားမယ္ဆိုရင္ ေတာင္ေအာက္သို႔ ဆင္းနိုင္မွာပင္။ထိုအခ်က္ကိုသိတာနဲ႕ သူမက အဲ့ေနရာသို႔ ဦးတည္ေျပးခဲ့သည္။

ကံဆိုးခ်င္ေတာ့ သူမက အလြန္ငယ္ေသးတယ္။သူမ အေဝးႀကီး မသြားလိုက္ရေသးခင္ပဲ မဒမ္ဒူရဲ႕ လူေတြက သူမကို ဖမ္းမိခဲ့၏။မဒမ္ဒူက အလြန္အမင္းကို စိတ္ဆိုးေနေလသည္။ဒီကေလးကို ေရာင္းမယ့္ သူမရဲ႕ စိတ္ကို ေျပာင္းလဲလိုက္ၿပီး သူမ(အားေလာ္)ရဲ႕ လည္ပင္းကို ဆြဲကိုင္ကာ သတ္ဖို႔သာ ဦးတည္လုပ္ေတာ့တယ္။အဲ့အခ်ိန္မွာေတာ့ အားေလာ္က အလြန္အမင္းေၾကာက္႐ြံ႕ၿပီး အကူအညီမဲ့ေနခဲ့၏။မဒမ္ဒူက ၾကင္နာတတ္တဲ့ မိန္းမတစ္ေယာက္ကေန သူမဘဝကို လိုခ်င္ေနတဲ့ တစ္စုံတစ္ေယာက္ရဲ႕ အၿပဳံးကို လွည့္သြားတာကို သူမ နားမလည္နိုင္ေပဘူး။

သူမ အသက္ရႈဖို႔ မနည္း ႀကိဳးစားေနရ၏။သူမ မ်က္ႏွာတြင္ မ်က္ရည္မ်ားက စီးက်ေနကာ မဒမ္ဒူကို အသနားခံသည္ "အေမ၊ဘာေၾကာင့္လဲ?" "အေမ နာတယ္"။ဒါေတြ အကုန္လုံးက အသုံးမဝင္ေပ..။

အဲ့ဒီအခိုက္အတန့္မွာ မဒမ္ဒူက ဘာေျပာခဲ့တာလဲ?

အို!သူမ ေျပာခဲ့သည္က "ျမန္ျမန္သာ ေသလိုက္စမ္းပါ။မင္းသာ ေသ သြားခဲ့ရင္ ငါ့ရဲ႕ ခ်စ္လွစြာေသာ က်န့္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္သြားရလိမ့္မယ္"

အဲ့ဒါေၾကာင့္လား?

သူတို႔က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ခ်င္တာလား?ၿပီးေတာ့ အဲ့ဒီအတြက္ တန္ေၾကးက သူမ ဘဝလား?

ေဝ့ေလာ္က စိတ္မပါသလို ၿပဳံးျပ၏။မဒမ္ဒူက ေဝ့က်န္းအတြက္ လမ္းခင္းေပးခ်င္တယ္ေပါ့ ဒါေပမယ့္ သူတို႔ကို သူမ မကူညီခ်င္ဘူး။သူမက က်င္းလုဘက္ကို လွည့္ကာ ေမး၏"အစ္မႀကီး က်င္းလုရဲ႕ ဆံထိုးက လွလိုက္တာေနာ္ အားေလာ္ ၾကည့္လို႔ရမလားဟင္?"

က်င္းလုက သူမရဲ႕ ေတာင္းဆိုခ်က္ကို ခြင့္ျပဳေလသည္။ဒါက ဆံထိုး တစ္ခုသာပင္ ဒါေၾကာင့္ သူမက ေပးခဲ့တယ္။ေငြစံပယ္ ဆံထိုးကို သူမ ယူလိုက္ကာ ထိုအရာကို အားေလာ္ လက္ထဲ ထည့္ေပးလိုက္ၿပီး "ဒီဆံထိုးက ခြၽန္ထက္တယ္၊ သခင္မေလး ကိုယ့္ကိုယ္ကို မထိုးမိေအာင္ ဂ႐ုစိုက္ပါ"

ေဝ့ေလာ္က ထိုအရာကို လက္ခံ၍ အၿပဳံးတစ္ခုႏွင့္ ၾကည့္ကာ "သမီး ဂ႐ုစိုက္ မွာပါ"

သူမက အေသအခ်ာကို သူမကိုယ္သူမ ထိုးမိေအာင္ လုပ္မွာမဟုတ္ဘူး ဘာေၾကာင့္လဲဆိုေတာ့ ဒီဆံထိုးက အေရးႀကီးတဲ့ေနရာကေန ပါဝင္ရမွာမို႔ေလ။

ရထားလုံးထဲမွာ ေစာင့္ေနရင္း အားေလာ္က အသံတစ္ခ်က္ မွ် မထြက္ဘဲ အေကာင္းဆုံး အျပဳအမူေတြသာ ျပဳလုပ္ေန၏။သူမေျခေထာက္ကို လႊဲေနရင္း ေသးငယ္တဲ့ ဆံထိုးကိုဆုပ္ကိုင္ထားေလတယ္။

မဒမ္ဒူတစ္ေယာက္ က်င္းကဲနဲ႕သူနာျပဳရီကို ရွင္းထုတ္ဖို့္ နည္းလမ္းက စဥ္းစားထားေလာက္ၿပီးၿပီေပါ့ ဒါဆို သူမက ဘာနဲ႕ ရွင္းထုတ္မွာလဲ?မဒမ္ဒူရဲ႕ ဇာတ္ေၾကာင္းကိုသာ ထုတ္ေဖာ္မေျပာပဲ သိုသိုသိပ္သိပ္ ထြက္ေျပးျခင္းက ေဝ့ေလာ္အတြက္ ေ႐ြးခ်ယ္စရာ အခြင့္အေရး မဟုတ္ခဲ့ဘူး။မၾကာခင္မွာ ဒါမွမဟုတ္ ေနာက္က်ရင္ သူမရဲ႕ ဘဝက ထပ္ၿပီးေတာ့ ပစ္မွတ္ထားခံရဦးမွာပဲ။သူမက မဒမ္ဒူကို ေသြးထြက္သံယို ျဖစ္မယ့္အစား ပ်က္စီးဆုံးရႈံးသြားမွာကို ပိုလိုလားတယ္။

ေဝ့ေလာ္ က်င္းလုရဲ႕အကၤ်ီလက္ကို ဆြဲလိုက္ကာ "အစ္မႀကီး က်င္းလု မဒမ္က အခုထိ ထြက္ မလာေသးဘူးလား?သမီး ပင္ပန္းလြန္းလို႔ အိမ္ကို ျပန္ခ်င္တယ္၊သမီး ေဖေဖကို႔ ေတြ႕ခ်င္တယ္..."

က်င္းလု မတ္တပ္ရပ္လိုက္ကာ သူမကို အေသခ်ာ ေျပာလိုက္၏ "ကြၽန္မ ဘာေတြ ျဖစ္ပ်က္ေနတယ္ဆိုတာ သြားၾကည့္လိုက္ဦးမယ္ သခင္မေလးက ဒီမွာ ေစာင့္ေနေနာ္ ကြၽန္မ မၾကာခင္ ျပန္လာခဲ့မယ္"

ေဝ့ေလာ္ ေခါင္းညိတ္လိုက္ၿပီး မ်က္ေတာင္ခပ္ရင္းနဲ႕ အျပစ္ကင္းစင္ေသာ ပုံျဖင့္ ေမးလိုက္သည္ "မဒမ္က ဘာေၾကာင့္ မပြင့္လင္းကတာလဲ? သူမ ဘာေတြေျပာေနလို႔မ်ား သမီးတို႔က မၾကားရတာလဲ?"

တစ္ျခားလူေတြအဖို႔ သူမ ဒီတိုင္းေျပာလိုက္တာလို႔ ထင္ရေပမယ့္လည္း က်င္းလုနဲ႕ သူနာျပဳရီကေတာ့ သူမ စကားလုံးေတြထဲမွ တကယ့္ အမွန္တရားကို ရွာေတြ႕ၾကသည္။မဒမ္ဒူရဲ႕ လႈပ္ရွားမႈေတြက ပထမေနရာတည္းက ထူးဆန္းေနခဲ့၏။သူတို႔ သံသယရွိခဲ့ရင္ေတာင္မွ သူတို႔ ဘာမွမေျပာခဲ့ဘူး။ဒါေပမယ့္ အားေလာ္ရဲ႕ ယခုလို သတိေပးခ်က္ေၾကာင့္ စဥ္းစားမိသြားၿပီး တစ္ေယာက္ကို တစ္ေယာက္ ေဝ့ၾကည့္မိလိုက္ၾကသည္။က်င္းလု ရထားလုံးမွ ဆင္းလိုက္ၿပီး အသံမထြက္ဘဲ တဲအိမ္အျပင္ဘက္ကို ေရာက္ေအာင္သြားေတာ့တယ္။

တဲအိမ္ထဲမွာေတာ့ မဒမ္ဒူက ထိုစုံတြဲႏွင့္ စကားေျပာေနသည္။

ဒီစုံတြဲက ရွန္းၿမိဳ႕ေတာ္က မဟုတ္။သူတို႔က ၿမိဳ႕ေတာ္၏ အစြန္အဖ်ား လ်ိဳ႕လင္ အရပ္ေဒသမွ ကြၽန္ကုန္သည္မ်ားျဖစ္ေလတယ္။ထိုေယာက်ာ္းကိုေတာ့ ဝူက်ဳံလို႔ ေခၚၾကၿပီး အမ်ိဳးသမီးရဲ႕ မိသားစုနာမည္ကေတာ့ ဝမ္ ျဖစ္၏။သူတို႔ႏွစ္ေယာက္လုံးက လ်ိဳ႕လင္အရပ္ေဒသမွာ ဆိုးသြမ္းလွတဲ့ ဂုဏ္သတင္း ရွိၾကၿပီး ၿမိဳ႕ေတာ္မွ ကေလးမ်ားကို မၾကာခဏ ျပန္ေပးဆြဲကာ အျခားေနရာအစုံသို႔ ေရာင္းခ်ေလ့ရွိသည္။ သူတို႔ႏွင့္ ထိေတြခဲ့ဖူးသည့္ လ်ိဳ႕လင္အရပ္ေဒသမွ သူမရဲ႕ နို႔ထိန္းဆီကတစ္ဆင့္ မဒမ္ဒူက သူတို႔ကို သိခဲ့ျခင္းျဖစ္၏။

မဒမ္ဒူက သူတို႔နဲ႕ လ်ိဳ႕ဝွက္ ပူးေပါင္းႀကံစည္မွာ ျဖစ္ေသာ္လည္း သူတို႔ႏွစ္ေယာက္နဲ႕ တူသြားမွာကို သူမ တကယ္မႀကိဳက္ေလဘူး။

ဝူက်ဳံ ေမးလိုက္၏"ေကာင္မေလးရဲ႕မိန္းမအေစခံေတြကို ကြၽန္ေတာ္တို႔ ဘာလုပ္သင့္လဲ?"

မဒမ္ဒူက ထင္းခနဲျမင္သာေလာက္ေအာင္ အလြန္နီရဲေသာအေရာင္ကို အသစ္ဆိုးထားသည့္ သူမရဲ႕ လက္သည္းေတြကို ၾကည့္ေနခဲ့ၿပီး အၿပဳံးတစ္ပြင့္ႏွင့္ လက္ကို ျမႇောက္လိုက္ကာ "သူတို႔ကို ခဏေလာက္ အေဝးကိုပို႔ဖို႔ အေၾကာင္းျပခ်က္ ရွာလိုက္ မယ္၊ သူနာျပဳတစ္ေယာက္ထဲသာ အေနာက္ မွာ က်န္ခဲ့မွာပါ။ဒီကေလးကို ယူလို႔ရၿပီလို႔ ငါ အေၾကာင္းၾကားတာနဲ႕ သူမကို လာဖမ္းလိုက္"

ဝမ္တစ္ေယာက္ကေတာ့ အခုထိ သံသယမ်ား ရွိေနၿပီး ဒီလုပ္ေဆာင္မႈကို ျပဳလုပ္နိုင္တယ္လို႔ မခံစားမိေလဘူး။စိုးရိမ္မႈမ်ား ခံစားေနရကာ သူမ ေမးလိုက္သည္ "သူတို႔က ဘာမွ မေမးဘူးတဲ့လား?လူေတြက သူမကို မရွာဘူးဆိုတာ မဒမ္ ေသခ်ာလို႔လား?သူမကို ကြၽန္မတို္ ယူၿပီးေျပးသြားတာနဲ႕ မလိုအပ္တဲ့ ျပႆနာေတြက ကြၽန္မတို႔ဆီ လာလိမ့္မယ္။"

မဒမ္ဒူ သူမအား တေစ့တေစာင္း ၾကည့္လိုက္ကာ  ေလွာင္ရယ္လိုက္ရင္း "သူမအေမကေတာင္ သူမကို မလိုခ်င္တာပဲ ဘယ္သူက သူမကို ရွာမွာတဲ့လဲ?"

စကားေျပာလို႔ အၿပီးမွာေတာ့ သူမ(မဒမ္ဒူ)က နင္း႐ႊယ္အား သူမရဲ႕ အကၤ်ီလက္ မွ ေဆးတစ္ခ်ိဳ႕ကို ထုတ္ေပးလိုက္ကာ ဝမ္ကို လွမ္းေပးခိုင္းလိုက္ၿပီး "ရွင္ မေက်နပ္ဘူးဆိုရင္ သူတို႔ကို ေမ့သြားေအာင္ ဒါကို အသုံးျပဳနိုင္တယ္။ ဒါက အျပည့္အဝ ေကာင္းတယ္လို႔ ကြၽန္မ အာမခံတယ္"

ဒီသင္းရနံ႕ အမ်ိဳးအစားက ၿငိမ္သက္ေစေသာ ရနံ႕ျဖစ္၏။၎က တစ္ျခားသူမ်ား က်န္းမာစြာ အိပ္ေပ်ာ္နိုင္ရန္ အက်ိဳးရွိေသာ္လည္း မ်ားသြားပါက ထိုအရာေၾကာင့္ လူအမ်ား ၾကာရွည္စြာ သတိလစ္နိုင္ေစသည္။မဒမ္ဒူက ေသသေချာချာ စဥ္းစားၿပီး အရာအားလုံးကို ျပင္ဆင္ခဲ့ျခင္း ျဖစ္ေလတယ္။

သူမ ထုတ္လိုက္တဲ့ ထိုအရာ အမ်ိဳးအစားက က်ိန္းေသ လုံေလာက္တဲ့အတြက္ ဝမ္ရဲ႕ မ်က္ႏွာအမူအရာမွာ ေပ်ာ့ေျပာင္းသြားေလ၏။

သူတို႔ အကုန္လုံးက သ႐ုပ္ေဆာင္ဖို႔ အဆင့္သင့္ ျဖစ္ေနၾကၿပီ။

အခန္းအျပင္ဘက္ မွ က်င္းလုကေတာ့ အသက္ရႈနိုင္ဖို႔ကိုသာ အာ႐ုံစိုက္ေနရေလတယ္။သူတို႔စကား ေျပာေနတာကို နားေထာင္ေနရင္း သူမ တစ္ကိုယ္လုံး ေခါင္းမွ ေျခဖ်ားအထိ ေအးစက္လာခဲ့သည္။

မဒမ္က စတုတၳ သခင္မေလးကို တကယ့္ကို ေရာင္းခ်င္ေနခဲ့တာပဲ။

သူမက သာမန္အားျဖင့္ သခင္မေလးကို အရမ္းေကာင္းၿပီး ေဖာ္ေ႐ြခဲ့တယ္မလား ဒါဆို ဒါေတြ အကုန္လုံးက ဟန္ေဆာင္မႈတစ္ခုပဲလား?

က်င္းလုမွာ ထိတ္လန့္သြားကာ ရထားလုံးဆီကို အလ်င္အျမန္ ျပန္သြားၿပီး ၾကားလာတဲ့ စကားမွန္သမွ်ကို သူနာျပဳရီအား ေျပာျပေလေတာ့၏။သူနာျပဳရီမွာ တုန္လႈပ္လာၿပီး ေဒါသထြက္လာေတာ့တယ္။
"မဒမ္ရဲ႕ ႏွလုံးသားက အမွန္တကယ္ စာနာစိတ္မရွိတာပဲ"

က်င္းလု သူနာျပဳရီကို အျပင္သို႔ ဆြဲထုတ္လိုက္ကာ "သူတို႔ မသိတဲ့ ဒီခ်ိန္မွာ ကြၽန္မတို႔ သခင္မေလးကို ေခၚၿပီး ထြက္ေျပးၾကမယ္ေလ!ဒီအေရးကို သခင္ႀကီးဆီ ကြၽန္မတို႔ တင္ျပရမယ္"

သူနာျပဳရီ ေခါင္းကို အခါခါ ၿငိမ့္လိုက္ကာ ေဝ့ေလာ္ကို ရထားလုံးမွ ေအာက္သို႔ဆင္းရန္ လွမ္းကိုင္လိုက္သည္။သူမ လက္ႏွစ္ဖက္လုံးက တုန္ရီေနေသာ္လည္း သူမ ေဝ့ေလာ္ကိုေတာ့ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားခဲ့ၿပီး သူမ မ်က္လုံးေတြက အနီေရာင္သန္းလာကာ "ကြၽန္မရဲ႕ သနားစရာေကာင္းတဲ့ သခင္မေလး"

ေဝ့ေလာ္ သူနာျပဳရီရဲ႕ လည္ပင္းကို လွမ္းဖက္လိုက္ရင္း သူမရဲ႕ ပုံမွန္ေလသံေလးနဲ႕ "သူနာျပဳ ဘာေၾကာင့္ ငိုေနတာလဲဟင္?ဘာလို႔ မဒမ္ကို မေစာင့္ပဲ သမီးတို႔ လမ္းေလွ်ာက္ေနၾကတာလဲ?"

ထိုစကားလုံးေတြက သူနာျပဳရီကို ပို၍ ခါးခါးသီးသီး ငိုေစခဲ့ေလတယ္။"မိုက္ မဲလိုက္တဲ့ သခင္မေလး၊ ကြၽန္မတို႔သာ ေစာင့္ရင္ မဒမ္က သမီးကို ေရာင္းလိမ့္မယ္...."

သူမ မထြက္သြားခင္ က်င္းေျမာင္လန္က ထို ေမာင္ေလးႏွင့္အစ္မကို ေကာင္းေကာင္းမြန္မြန္ ဂ႐ုစိုက္ေပးရန္ သူမဆီမွာ အပ္ႏွံသြားခဲ့သည္။ဒါေပမယ့္ သူမက သူတို႔ကို ဘယ္လို ေစာင့္ေရွာက္ခဲ့တာလဲ?သူမ ဒီသခင္မငယ္ေလးကို ေပ်ာက္ေတာ့မလုနီးပါးပင္။

ဒါကို ေစာေစာသာ ရွာမေတြ႕ခဲ့ဘူးဆိုရင္ ဒီမိန္းကေလးရဲ႕ ကံၾကမၼာက ဘယ္လို ျဖစ္လာလိမ့္မွာလဲ?ျဖစ္လာမယ့္အရာကို ေတြးမိလိုက္႐ုံနဲ႕ေတာင္ သူမ ႏွလုံးသားမွာ ရက္စက္စြာ အျပစ္ရွိလာေစတယ္။

တဲအိမ္ထဲမွ လူတစ္ခ်ိဳ႕က ဆူညံသံ တစ္ခ်ိဳ႕ကို ၾကားလိုက္ရ၍ စစ္ေဆးရန္ အျပင္သို႔ ထြက္လာခဲ့ေသာ္လည္း အလြတ္ႀကီး ျဖစ္ေနတဲ့ ရထားလုံးကိုသာ ရွာေတြ႕ေလ၏။ အေစခံေတြနဲ႕ ေကာင္မေလးက လြတ္ေျမာက္သြားခဲ့ၿပီ။

ေက်းဇူးတင္စရာေကာင္းတာက သူတို႔ရဲ႕ ေျခေထာက္ေတြက သိပ္မျမန္နိုင္တဲ့အတြက္ သူတို႔ ေဝးေဝးကို ေျပးနိုင္ဦးမွာ မဟုတ္ဘူး။ မဒမ္ဒူ သြားေတြကို တင္းတင္းေစ့လိုက္ကာ ဝူက်ဳံကို ေျပာလိုက္တယ္ "သူတို႔ကို ျမန္ျမန္သြားရွာေတာ့"

သူတို႔က ေဝ့ခြန္ဆီ သြားၿပီး ေျပာဖို႔ စီစဥ္ေနတယ္ဆိုရင္ သူမ လမ္းေၾကာင္းကို လြဲေစမယ့္အရာေတြကို ဘာေၾကာင့္ မရွင္းထုတ္နိုင္ရမွာလဲ?

ဒီတစ္ႀကိမ္မွာ သူမ ဂ႐ုစိုက္ရမယ့္လူေတြက က်င္းလုနဲ႕ သူနာျပဳရီ ျဖစ္ေလသည္။သူတို႔ကို တစ္ႀကိမ္ဖမ္းမိလိုက္တာနဲ႕ သူတို႔ကို လႊတ္ေပးဖို႔အတြက္ သူမ မလုပ္နိုင္ေတာ့ေပ။

ေယာက်ာ္းတစ္ေယာက္ျဖစ္တဲ့ ဝူက်ဳံက အေျပးျမန္ေလ၏။ပ႐ုတ္ပင္ရဲ႕ေဘးမွာ သူနာျပဳရီကို ပိတ္ရပ္လိုက္ၿပီး သူမလက္ ေမာင္းၾကားမွ ေဝ့ေလာ္ကို သူ႕လက္ေတြနဲ႕ လုယူရန္ ျပဳလုပ္ေလၿပီး "သူမကို ငါ့ကိုေပး"

စက္စုပ္ဖြယ္ေကာင္းေလာက္ေအာင္ မည္းေမွာင္ၿပီး ပိန္ပါးတဲ့ ထိုေယာက်ာ္းက သြားဝါေတြ ျပည့္ေနေသာ ပါးစပ္ျဖင့္ ထုတ္ေဖာ္ေျပာလာ၏။သူ႕ကို ၾကည့္ရင္း ေဝ့ေလာ္မွာ ပ်ိဳ႕အန္ခ်င္လာေတာ့တယ္။သူနာျပဳရီက ေဝ့ေလာ္ကို သူ႕ဆီ ဘယ္လိုလို႔ ေပးနိုင္မွာလဲ?သူမ(ေဝ့ေလာ)္ကို နီးနီးကပ္ကပ္ ဖက္ထားလိုက္ရင္း သူမ ေျခလွမ္း အနည္းငယ္ေလာက္ ဆုတ္လိုက္သည္။သူမတို႔ ေနာက္ကို မဒမ္ဒူ တိုးဝင္လာတာ ျမင္လိုက္ရ၍ သူမရဲ႕ ေသာက ကို မထိန္းနိုင္ေတာ့ပဲ နာၾကည္းလာကာ ေျပာလိုက္၏ "မဒမ္ စတုတၳ သခင္မ ေလးက ရွင့္သမီး မဟုတ္ရင္ေတာင္မွ သူမက သခင္ႀကီးရဲ႕ သမီးပါ။သူမက ၿမိဳ႕စားအိမ္ေတာ္ရဲ႕ စတုတၳ သခင္မေလးေလ မဒမ္က သူမကို ဘာလို႔ ဒီလို လုပ္နိုင္ကတာလဲ!"

မဒမ္ဒူက သူတို႔နားမွာ ေအးေအးေဆးေဆး လမ္းေလွ်ာက္ရင္း သူမရဲ႕ မ်က္ႏွာအမူအရာကို ခ်ိန္းလိုက္ကာ သိကၡာရွိေသာ အၿပဳံးႏွင့္အတူ "ရွင္က ဘာကိုဆိုလိုတာလဲ?ကြၽန္မေတာ့ နားမလည္ပါဘူး။သဘာဝ ရႈခင္းက ေကာင္းတယ္လို႔ ကြၽန္မ စဥ္းစားမိလို႔ အားေလာ္ကို ေခၚၿပီး ဒီအနားတစ္ဝိုက္ကို လိုက္ျပမလို႔ပါ။"ေျပာရင္းနဲ႕ သူမ အားေလာ္ကို လွည့္ေမးလိုက္သည္ "သမီး ဒီကို ႀကိဳက္လား?"

ေဝ့ေလာ္က သူမ မ်က္ႏွာကို ဂ႐ုစိုက္ မႈ မေပးပဲ(OT/N:ေလးစားမႈကို ျပဖို႔အတြက္ သူမရဲ႕ ခံစားခ်က္/ပုံရိပ္)အသံ အဆက္ မျပတ္ထြက္တဲ့ ဗုံတစ္ခုလို သူမေခါင္းကို ခါရမ္းလိုက္ၿပီး "သမီး မႀကိဳက္ဘူး"
(OT/N means original translator)

မဒမ္ဒူက ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာကာ "ဘာလို႔ သမီးက မႀကိဳက္တာလဲ?"

သူနာျပဳရီရဲ႕ အာ႐ုံစိုက္ေနမႈနဲ႕ သူမကို စိတ္ပ်ံ့လြင့္ေစရန္ အလို႔ငွာ သူမ(မဒမ္ဒူ)အား စကားေျပာရန္ အားေလာ္ကို တိုက္တြန္းေနေလတယ္။သူမ စကားေျပာေနစဥ္မွာပဲ ဝူက်ဳံက သူနာျပဳရီေနာက္သို႔ ေရွာင္တခင္သြားကာ သူမရဲ႕ ႏွာေခါင္းနဲ႕ ပါးစပ္ကို အဝတ္တစ္စနဲ႕ ဖုံးရန္ ျပဳလုပ္မလို႔ပင္။ထိုအဝတ္စက ၿငိမ္သက္ေစေသာ ေဆးေတြ စြတ္ထားကာ အနံ႕သက္ေလး တစ္ခုနဲ႕တင္ သူနာျပဳရီကို လဲက်ေစလိမ့္မည္။

ဝူက်ဳံမွာ ဒါက ေကာင္းေကာင္းမြန္မြန္ ျဖစ္သြားလိမ့္မယ္လို႔ ေတြးမိခဲ့ေသာ္လည္း ေကာင္ မေလးက ႐ုတ္တရက္ လွည့္လာၿပီး သူ႕ကိုစိန္းစိန္းဝါးဝါး စိုက္ၾကည့္လာမယ္လို႔ မထင္ထားခဲ့ေလဘူး။သူမလက္ မွာ တစ္စုံတစ္ခုကို ကိုင္ထားကာ သူ႕မ်က္ႏွာကို ထိုးေလ၏။

ရွင္းရွင္းလင္းလင္း ေျပာရရင္ ေအးစက္စြာ သူ႕ကိုစိုက္ၾကည့္ေနတဲ့ မ်က္လုံးေတြနဲ႕ အသားမက်ေခ်။ဝူက်ဳံဟာ ေနရာမွာပဲ ေတာင့္တင္းေနၿပီး
အခ်ိန္ေတြကို သတိမထားမိေတာ့ပဲ သူ႕မ်က္ႏွာေပၚမွ ျပင္းထန္ေသာ နာက်င္မႈကိုသာ သတိျပဳမိေတာ့သည္။သူ အလြန္ပင္ ငိုေႂကြးမိကာ မ်က္ႏွာကို ကိုင္ၾကည့္လိုက္ေတာ့၏။ထိုလက္ေတြကို သူျပန္ၾကည့္မိတဲ့ အခါမွာေတာ့ သူတို႔မွာ ေသြးေတြ ဖုံးလႊမ္းေနခဲ့တယ္။

ႏွစ္ၿမိဳ႕ဖြယ္မရွိေသာ သူ႕မ်က္နာကို လွီးျဖတ္ရန္ အားေလာ္က ဆံထိုးကို အသုံးျပဳခဲ့ကာ ထိုဒဏ္ရာက ဝူက်ဳံရဲ႕ မ်က္လုံးေထာင့္စြန္းမွ ပါးစပ္ေထာင့္စြန္းထိ ရွည္လ်ားၿပီး နက္ေလ၏။ေသြးအမ်ားအျပားက အျပင္သို႔ စီးဆင္းလာကာ ထိုဒဏ္ရာက ကာလတစ္ခုေတာ့ သူ႕မ်က္ႏွာမွာ အမာ႐ြတ္စြဲက်န္ေစလိမ့္မည္။

မဒမ္ဒူကလည္း ရပ္တန့္သြားေလတယ္။ဒီေလာက္ ေသးငယ္တဲ့ မိန္းကေလးက စာနာစိတ္လုံးဝမရွိပဲ အားအမ်ားႀကီး သုံးနိုင္လိမ့္မယ္လို႔ သူမ မထင္ထားမိခဲ့ေပ။စကားေျပာရန္ အလွည့္မွာပဲ ေဝ့ေလာ္က ေသြးစက္က်ေနတဲ့ ဆံထိုးကို သူမဆီ လႊဲလာတာ သူမ ျမင္လိုက္ရ၏။ထိုအရာက သူမ မ်က္ႏွာကို ဟက္တက္ကြဲလုနီးပါး ျဖစ္ေစနိုင္တယ္ သို႔ေသာ္လည္း သူမက အထိတ္တလန့္ျဖင့္ ေနာက္ျပန္ဆုတ္လိုက္ကာ ပင့္သက္ရွိုက္ရင္း နင္း႐ႊယ္ဆီသို႔ လဲက်သြားေတာ့သည္။

ေဝ့ေလာ္ကို တစ္စုံတစ္ေယာက္က နာက်င္ေစမည္ဆိုလွ်င္လည္း သူမက နည္းနည္းေတာင္ ပ်ာယာခတ္သြားမည္မဟုတ္။ေအးစက္ၿပီး အျပစ္ကင္းစင္တဲ့ ေလးသံေလးႏွင့္ သူမ ေျပာလိုက္သည္က "မဒမ္က သူ႕ကိုသိတာလား? အားေလာ္ကို တစ္ျခားလူ ထိတာ မႀကိဳက္ဘူး။သူ႕ကို သမီးကို မထိဖို႔ေျပာလိုက္ ဟုတ္ၿပီလား?"

ေျခာက္ႏွစ္ပဲရွိေသးတဲ့ ကေလးဆီက ဒီစကားလုံးေတြ ထြက္လာတာတဲ့လား?သူမ တကယ့္ကို ႐ူးႏွမ္းေနၿပီပဲ။

မဒမ္ဒူရဲ႕ တပည့္ေတြလည္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားၾကကာ ၾကည့္ရတာေတာ့ သူတို႔လည္း တူန္လႈပ္မႈကို မဆန့္က်င္နိုင္ေတာ့ေလာက္ေခ်။သူမက ေဝ့ေလာ္ကို အသိဉာဏ္ပညာမရွိတဲ့ မိန္းမငယ္ေလးလို႔ ထင္ထားခဲ့ေသာ္လည္း ခဏေလးအတြင္းမွာပဲ သူမရဲ႕ လူမဆန္တဲ့ဘက္ျခမ္းကို ျမင္လိုက္ရေလသည္။

ထိုအခိုက္အတန့္အတြင္းမွာပဲ သူမ ေခါင္းၿငိမ့္ၿပီး 'ဟုတ္ၿပီ'လို႔ ေျပာလိုက္ မိမလို႔ပင္ျဖစ္သြားေစ၏။

ထိုအေျခအေနသို႔ ေရာက္သြားကာ ဒီေန႕အေရးကေတာ့ ရွင္းလင္းတဲ့ အဆုံးအသတ္တစ္ခု မဟုတ္ေတာ့ေခ်။ဝူက်ဳံဟာ ဒဏ္ရာရသြားၿပီး ေျမႀကီးေပၚမွာ ေရွ႕ေနာက္ လွိမ့္ေနေလတယ္။အျခားအေစခံေတြကလည္း ထိုေသြးထြက္သံယိုျမင္ကြင္းကို ၾကည့္ၿပီး ေဝ့ေလာ္လက္ထဲက ေငြေရာင္ဆံထိုးကို ေၾကာက္ၾကကာ တကယ္လို႔ သူတို႔သာ ထပ္မံခ်ဥ္းကပ္သြားမည္ဆိုလွ်င္ သူတို႔မ်က္ႏွာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားမွာ လုံးဝအက်ိန္းေသပင္။

ဘယ္သူမွ မိုက္ မိုက္ကန္းကန္း ေရွ႕ဆက္ မတိုးရဲ႕ေတာ့ေပ။

သူနာျပဳရီနဲ႕ က်င္းလုက အ့ံအားသင့္သြားၾကေသာ္လည္း ထိုအေျခအေနေၾကာင့္ ေဝ့ေလာ္က ရမ္းကားၾကမ္းတမ္းစြာ တုံ႕ျပန္လိုက္တယ္လို႔သာ သူတို႔ ေတြးမိၾကေလသည္။သူတို႔လည္း မကူညီနိုင္ေပမယ့္ သူမ(အားေလာ္)ကသာ သနားစရာ အေကာင္းဆုံးမွန္း ခံစားမိၾကတယ္။

ထိတ္လန့္မႈေတြ ထြက္ခြာသြားသည့္အခိုက္ သစ္ပင္မ်ားကို ေနေရာင္ျခည္က ျဖတ္၍ ဝင္လာေလၿပီး ေနေရာင္ႏွင့္ အရိပ္က ေရာႏွောကာ ေျမျပင္ေပၚသို႔ က်ေရာက္ေန၏။

ထိုအနားက သစ္ပင္ေပၚတြင္ လူတစ္ေယာက္က ပုန္းေနခဲ့သည္။ေအာက္ဘက္ မွာရွိတဲ့ ျမင္ကြင္းကို အကုန္ျမင္ခဲ့ၿပီး သူ႕အဝတ္ေတြကို လက္ျဖင့္ ပုံသြင္းလိုက္ကာ ထိုလူစုရဲ႕ အလယ္ကို ခုန္ခ်ရန္ မတ္တပ္ရပ္လိုက္ေတာ့တယ္။

မိုးျပာေရာင္ အကၤ်ီတစ္ထည္ႏွင့္ ႀကံ ့ခိုင္ေသာ ကိုယ္လုံးကိုယ္ေပါက္ရွိတဲ့ ထိုလူက ေက်ာင္က်ဲရဲ႕ ကိုယ္ရံေတာ္ေတြထဲက တစ္ေယာက္ျဖစ္၏။သြားကိုတင္းတင္းေစ့ကာ ေဝ့ေလာ္ကို ၿပဳံးျပၿပီး "ေကာင္မေလး ငါ မင္းကို ရွာေတြ႕ၿပီ"

T/N: တကယ္ sorryပါေနာ္ ႏွစ္ပိုင္းတင္ေပးခ်င္ေပမယ့္ သက္သာလာမွ ေရးရေတာ့ တစ္ပိုင္းပဲတင္လိုက္ရတယ္ သန္ဘက္ခါ တစ္ပိုင္း ထပ္တင္ေပးမယ္ရွင့္

Continuer la Lecture

Vous Aimerez Aussi

1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 66K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
840K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
4.5M 283K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...