နှောင်းဦးသက်လည်တည်စေအံ့

By Milo_YoYo

1.1M 130K 2.5K

လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား... More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
ကျေးဇူးတင်လွှာ
About Extra Sales
Extra sales

၄၀ (ဇာတ်သိမ်းပိုင်း)

39.7K 3.3K 160
By Milo_YoYo

(Unicode)

ကံအားလျော်စွာပင် မေမေနှင့် ကြီးကြီးက နားလည်ပေးပါသည်။ ကြီးကြီးကတော့ အစောကတည်းက စဝ်စံဦးသာ၏ ဘက်တော်သားမို့ သိပ်တော့ ကိစ္စမရှိသော်ငြား မေမေကတော့ ခွန်နှောင်းကို ဖက်၍ ငိုပါ၏။

"သားရွေးချယ်မှုပါပဲ .." ဟုထပ်ကာထပ်ကာပြောသော်လည်း အဘယ်၌ ဖြေဆည်နိုင်မည်နည်း။
တစ်ဦးတည်းသော သားပေမို့ ချွေးမကလေးလည်း ရချင်သည်။ မြေးကလေးလည်း ချီချင်ပေလိမ့်မည်။ မိခင်၏ စိတ်နှလုံးသားကို နားလည်သည်မို့ ငိုနေသည်ကို နှစ်သိမ့်ပေးရုံမှလွဲ ဘာမျှမတတ်နိုင်ပါ။

ကြီးကြီးကတော့ ဘာစကားမှမဆို။ အရင်အတိုင်းပင်။ နဂိုတည်းက ရိပ်မိနေခဲ့ဟန်တူပါသည်။

"ဟိုကျောင်းတူအကိုပဲမလား"

"ကြီးကြီး သိနေခဲ့တာလား"

"အရူးကလေး ဘယ်ယောကျ်ားလေးက တခြားသူစိမ်းစိတ်ဆိုးမှာစိုးရိမ်လို့ မိုးရေထဲမှာ ရပ်စောင့်ပြီး ဖက်ငိုမတုန်း၊ မနေ့တနေ့ကမဟုတ်တော့ပါဘူး၊ ခုနှစ်နှစ်လောက်ကြာလည်း ကြီးကြီးက မှတ်မိနေတုန်းပါပဲ၊ အလွမ်းသယ်နေကြတာကိုလေ"

ရှင်မတောင် သနပ်ခါးများ မျက်နှာအပြည့်လူးထားသော ကြီးကြီးက အမှန်တော့ အသက်ကြီးရှာပြီ။ သို့သော်ငြား ခွန်နှောင်းကို အဆိုပါစကားများပြောနေရင်း ကြီးကြီးမျက်နှာပေါ်က နုနယ်မှုများကို မြင်နေရသည်။

အချစ်က နုနယ်စေပါသည်လေ။
စိတ်ကိုရော .. ကိုယ်ကိုရော ..
မိမိဘေးပတ်ဝန်းကျင်ကိုရော ..
မိမိကိုယ်တိုင်ကိုရော။

~~~~~~

"ဒါ စဝ်စံဦးသာပါ .. ဖေဖေနဲ့ မေမေ"

ခွန်နှောင်းက ဘေးတွင်ထိုင်နေသော စဝ်စံဦးသာကို မိတ်ဆက်ပေးတော့ ဖေဖေက ပြုံး၍သာကြည့်ပြီး မေမေကတော့ ခပ်တည်တည်ပင်။

"အော် ကျောင်းတူအကို၊ သက်သက်သာသာ ထိုင်ပါကွယ်၊ ကြီးကြီးတို့က ဘာမှမလုပ်ပါဘူး"

"ဟုတ်ကဲ့ပါဗျ"

မတ်ထားသောခါးကို အခုမှသာ အနည်းငယ်ပြန်လျှော့နိုင်သည်။ စိတ်ကတော့မလျှော့နိုင်သေး။

"မင်းကို မင်းအိမ်က မိသားစုစာရင်းထဲကထုတ်လိုက်တယ်ဆို၊ အဆင်ပြေရဲ့လား ?"

ဖေဖေက စကားလမ်းကြောင်းပေးတော့ လူကြီးက လက်နှစ်ဖက်ကိုဆုပ်ချေကာပြောရှာသည်။

"ကျွန်တော်က ထွက်လာတာပါ၊ ခွန်နှောင်း .. စိတ်အေးလက်အေး နေရအောင် စိတ်အနှောင့်အယှက်မဖြစ်ရအောင် ထွက်လာလိုက်တာပါ၊ ပြီးတော့ ခွန်နှောင်း စိတ်မကောင်း မဖြစ်ရအောင် ကျွန်တော် လိုက်လာတာပါ၊ သူ့မိဘတွေ ကျွန်တော့်ကို မကြိုက်ရင် သူလည်း ဘယ်စိတ်ကောင်းမလဲ"

ခွန်နှောင်း၏ မိခင်က ရေမော့သောက်ရင်းနဲ့မှ ဦးသာကို လှမ်းကြည့်ပါသည်။ မိဘရှေ့တွင် ပိုလွန်းသည်ဟု တွေးကြမလား မပြောတတ်။ သို့သော စဝ်စံဦးသာ၏ ခွန်နှောင်းအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာတရားက အခုထက်ပင် ပိုလှသည်မလား။

အနန္တ။ အတိုင်းအဆ အကန့်အသတ်မဲ့။
ယခင်ဘဝ၊ ယခုဘဝ၊ နောင်ဘဝပေါင်းများစွာ ..
သက်လည်က ဦးသာ၏ အပိုင်ဖြစ်သည်။
ဦးသာက သက်လည်၏ အပိုင်ဖြစ်သည်။

~~~~~~~

ဆေးရုံနှင့် အတန်ငယ်ဝေးသောနေရာတွင်နေသော ခွန်နှောင်းကို အသွားအပြန် အပို့အကြိုလုပ်ရာတွင် အရင်ကထက် ပို၍ ပွင့်လင်းလာသည်။ မနက်အစောကြီး ခွန်နှောင်းအိမ်သို့လာကာ ခွန်နှောင်း ဖေဖေနှင့် နိုင်ငံရေးဆွေးနွေးပြီး မနက်စာ လာစားတတ်သော ဦးသာကို လအနည်းငယ်အတွင်း ခွန်နှောင်းမိသားစုက ရင်းနှီးနေပြီ။

အိမ်သို့ပြန်ပို့တိုင်း မေမေနှင့်ကြီးကြီးချက်ထားသော ညစာကို ညာတာပါတေးစားတတ်သော ဦးသာကို အိမ်က အိမ်အကူမိန်းကလေးများကပါ စိမ်းသက်မနေတော့။

"ဦးသာ ဒီအိမ်မှာ လာနေပါလား"

ထမင်းစားနေရင်း ခွန်နှောင်းမေမေက ရုတ်တရက် ထပြောလိုက်တော့ ကြောင်သွားသူက ဦးသာ။

"အာ .. အန်တီတို့ အဆင်မပြေမှာစိုး"

"ဆေးရုံသွား ဆေးရုံပြန်က ခွန်နှောင်းကြိုရင်းနဲ့ ဒီကနေ တစ်ခါတည်းသွားကြပေါ့၊ မဟုတ်လည်း လာလာကြိုနေရတာ ပင်ပန်းတာပဲ"

ဤသည်က သူတို့ကို မီးစိမ်းပြလိုက်သည်မဟုတ်ပါလား။ နှစ်ဦးသား အတူတူနေရဖို့အတွက်ကိုလေ။

ခွန်နှောင်း ဖေဖေက ပြုံး၍သာကြည့်နေသည်။ ကြီးကြီးကတော့ ဘာစကားမျှမဆို။ ခွန်နှောင်းကတော့ စားပွဲအောက်က သူ၏လက်ကို ဆုပ်ကိုင်လျက်။

ယခုထက် ပို၍ ဝေးစရာမရှိတော့ပါ။ အနီးစပ်ဆုံးဖြစ်နေသည့် နှလုံးသားတစ်စုံက ဘယ်အရာကို ထပ်တမ်းတရမည်နည်း။

~~~~~~

နေ့ရက်တိုင်းဟာ ပျော်စရာအတိပြီးပါသည်။ နိုးထလာသောအခါ ချစ်ရသူ၏ မျက်နှာကို တွေ့မြင်ရသည်။ အိပ်စက်ရသောအခါ ချစ်ရသူ၏ ပုခုံးကျယ်ထဲ တိုးဝှေ့ကာ အနွေးဓါတ်ကလေး မေတ္တာပေါင်း၍ ရယူနိုင်သည်။ စဝ်စံဦးသာက သျှန်ခွန်နှောင်း၏ သက်ရှိ အားဖြည့်စက်ကလေးဖြစ်သည်။

"လူကြီး ဘာဝတ်မှာလဲ"

"သက်လည် အဆင်ပြေတာ"

"ဟာ လာရွေးဗျာ၊ အဆင်ပြေတာဆို ကြောင်တောင်ကြားတားတွေ ထုတ်ပေးလိုက်မှာ"

"သက်လည် ဘာဝတ်မှာလဲ"

"အဖြူ"

"အဲ့ဒါဆို ကိုယ်လည်းအဖြူ"

"ဟား သူများဝတ်တာလိုက်မဝတ်နဲ့လေ"

"သူများမှမဟုတ်တာ၊ သက်လည်က ကိုယ့်ရဲ့ ချစ်သူလေ"

မျက်မှောင်ကုတ်ကာ အလိုမကျဖြစ်နေသော စဝ်စံဦးသာက လွန်စွာပင် ပြည့်စုံလှသော သက်ရှိနတ်ဘုရားတစ်ပါးအလား။ တွန့်ချိုးနေသော မျက်ခုံးတို့ကို လက်ချောင်းကလေးများဖြင့် အသာအယာဖျန်ဖြေလျှော့တော့ လေဖျော့ဖျော့က လက်ဖမိုးကျော့သို့ နွေးလျလျ ခုန်ဆင်းလေသည်။ စဝ်စံဦးသာက သူ၏ လက်ကို နမ်းလိုက်လေခြင်း။

"အချိန်တိုင်း၊ နေ့ရက်တိုင်း၊ ဘဝတိုင်း သက်လည်က ကိုယ့်အပိုင်"

တဏှာရာဂမပါသော အိမ်ထောင်တစ်ခုကို သူတို့ တည်ဆောက်နိုင်ခဲ့လေပြီ။ မျက်ရည်ကျမတတ် ကြည်နူးရသော ချစ်ခရီးလမ်းပေါ် သူတို့ ရောက်နှင့်နေပြီ။ ဘဝအဆက်ဆက်တည်သော ချစ်ခြင်းမေတ္တာတို့ကို သူတို့ ဖန်တီးခဲ့ပြီးပြီ။ "မေတ္တာတည်စေအံ့"ဟုရေးထိုးသော မိသားစုဝင်စာရွက်ကလေးနေရာတွင် သူတို့ နာမည်ကလေးကို အစားထိုးမည်။

နှောင်း နှင့် ဦး အသက်ဆက်တိုင်း တည်စေအံ့။

~~~~~~~~

နှစ် (၅၀) ခန့်အကြာ။

အခန်းထဲတွင် အောက်စီဂျင်ပိုက်နှင့် အသက်ရှူနေရသော အဘိုးအိုတစ်ဦးက လဲလျောင်းနေပါ၏။

"ဖြစ်နိုင်တာကတော့ အဘိုး စိတ်ကိုလျှော့ထားလိုက်ပါ၊ ဒီနေ့တော့ မကူးတော့ပါဘူး

အပြင်တွင်ရှိသော အဘိုးက မျက်ရည်ဥကလေး မကျတကျဖြစ်သည်အထိ ငိုင်နေပါသည်။ Nurse မိန်းကလေးအား အပြင်သို့ ခေတ္တထွက်ခိုင်းပြီးနောက် အဆိုပါအဘိုးကြီး လှဲနေသော အဘိုးနားသို့သွားကာ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါ၏။

လှဲနေသော အဘိုးသည် ဇရာ၏ ထုထောင်းခြင်းကို ခံရပြီးသော်ငြား ပါးချိုင့်ထင်းထင်းတို့က ရှိနေသေးသည်။

"လူကြီး"

"..."

"ဒီအရွယ်ရောက်မှ ဝက်သားချဉ် ကောက်ညှင်းကင်လည်း မစားချင်တော့သလို လောဘလည်း မတက်ချင်တော့ပါဘူး"

ကိုင်ထားသောလက်ကလှုပ်ရှားလာပါသည်။ ဤလက်ဖြင့် လူကြီးက သူ့ကို ဖေးမခဲ့ဖူးသည်။ ဤလက်ဖြင့် လူကြီးက သူ့ကို ပွေ့ဖက်နှစ်သိမ့်ခဲ့ဖူးသည်။

"လူကြီးသာမရှိတော့ရင် ကျွန်တော်လည်း ရှိတော့မှာမဟုတ်ဘူးဗျ၊ နှလုံးကလည်း မကောင်းတော့ပါဘူးလေ"

" .... "

အမောထဖောက်လာသော အဘိုးအိုကြောင့် စက်တို့က တတီတီမြည်လာလျက်။ အပြင်က Nurse လေးတို့က ပြန်ဝင်လာပြီး ဟိုစမ်းဒီစမ်းလုပ်ကြမည့်အချိန် ခွန်နှောင်းက စဝ်စံဦးသာ၏ နားနားကပ်ကာ သေသေချာချာ အားယူ၍ ပြောရှာသည်။

"ဟဝ်းဟတ်ဆူ စဝ်စံဦးသာ၊ ဟဝ်းဟတ်ဆူ"

ထို့နောက် .. ထို့နောက် သူဘာမျှမကြားတော့ပါ။ နှလုံးတစ်နေရာက ဖြစ်ညှစ်လိုက်သလို ခံစားရပြီး စိတ်နှင့် ခန္ဓာက ကွဲထွက်သွားသလို ခံစားရသည်။

သျှန်ခွန်နှောင်း သေဆုံးခဲ့ပြီ။ ထိုနည်းတူ စဝ်စံဦးသာလည်း သေဆုံးခဲ့ပြီ။

~~~~~~~

စိတ်ဝိဉာဉ်က လွတ်ထွက်သွားသည်ဆိုသောငြား ခံစားမှုက ရှိနေသေးပါသလား။ ပန်ကာမှ ထွက်လာသော လေအေးအေးက စောင်ကြမ်းကိုဖြတ်ကာ သူ့ကို အေးနေစေသည်။ မျက်လုံးတို့ကို ဖွင့်လိုက်တော့ မျက်နှာကြက်တွင် တွဲလောင်းချိတ်ထားသော ပန်ကာကိုတွေ့ရသည်။

ဘေးဘီကို မျက်လုံးဝဲကြည့်တော့ ရေအိုးစင်ကလေးတွင် ရေးထားသည်က မိုင်းပွန်တိုက်နယ်ဆေးရုံ။ မည်သည်က မည်သို့ဖြစ်သွားသည်နည်း။

ထိုစဉ် ..ရှမ်းဝတ်စုံကို သားနားစွာဝတ်ဆင်ထားသော စော်ဘွားငယ်က သူ့ဘေးလျှောက်လာပါသည်။

"ဟဝ်းဟတ်ဆူ သက်လည် ...
မိုင်းပွန်မှ ပြန်လည်ကြိုဆိုပါတယ်။"

စော်ဘွားငယ်က သက်လည်ကလေးကို ...
အမြဲ ကြိုဆိုနေရော့ပါတယ်။

~The End~

(Zaw Gyi)

ကံအားေလ်ာ္စြာပင္ ေမေမႏွင့္ ႀကီးႀကီးက နားလည္ေပးပါသည္ ႀကီးႀကီးကေတာ့ အေစာကတည္းက စဝ္စံဦးသာ၏ ဘက္ေတာ္သားမို႔ သိပ္ေတာ့ ကိစၥမရွိေသာ္ျငား ေမေမကေတာ့ ခြန္ေႏွာင္းကို ဖက္၍ ငိုပါသည္.

"သားေ႐ြးခ်ယ္မႈပါပဲ .." ဟုထပ္ကာထပ္ကာေျပာေသာ္လည္း အဘယ္၌ ေျဖဆည္ႏိုင္မည္နည္း။
တစ္ဦးတည္းေသာ သားေပမို႔ ေခြၽးမကေလးလည္း ရခ်င္သည္။ ေျမးကေလးလည္း ခ်ီခ်င္ေပလိမ့္မည္။ မိခင္၏ စိတ္ႏွလုံးသားကို နားလည္သည္မို႔ ငိုေနသည္ကို ႏွစ္သိမ့္ေပး႐ုံမွလြဲ ဘာမွ်မတတ္ႏိုင္ပါ။

ႀကီးႀကီးကေတာ့ ဘာစကားမွမဆို။ အရင္အတိုင္းပင္။ နဂိုတည္းက ရိပ္မိေနခဲ့ဟန္တူပါသည္။

"ဟိုေက်ာင္းတူအကိုပဲမလား"

"ႀကီးႀကီး သိေနခဲ့တာလား"

"အ႐ူးကေလး ဘယ္ေယာက်္ားေလးက တျခားသူစိမ္းစိတ္ဆိုးမွာစိုးရိမ္လို႔ မိုးေရထဲမွာ ရပ္ေစာင့္ၿပီး ဖက္ငိုမတုန္း၊ မေန႔တေန႔ကမဟုတ္ေတာ့ပါဘူး၊ ခုႏွစ္ႏွစ္ေလာက္ၾကာလည္း ႀကီးႀကီးက မွတ္မိေနတုန္းပါပဲ၊ အလြမ္းသယ္ေနၾကတာကိုေလ"

ရွင္မေတာင္ သနပ္ခါးမ်ား မ်က္ႏွာအျပည့္လူးထားေသာ ႀကီးႀကီးက အမွန္ေတာ့ အသက္ႀကီးရွာၿပီ။ သို႔ေသာ္ျငား ခြန္ေႏွာင္းကို အဆိုပါစကားမ်ားေျပာေနရင္း ႀကီးႀကီးမ်က္ႏွာေပၚက ႏုနယ္မႈမ်ားကို ျမင္ေနရသည္။

အခ်စ္က ႏုနယ္ေစပါသည္ေလ။
စိတ္ကိုေရာ .. ကိုယ္ကိုေရာ ..
မိမိေဘးပတ္ဝန္းက်င္ကိုေရာ ..
မိမိကိုယ္တိုင္ကိုေရာ။

~~~~~~

"ဒါ စဝ္စံဦးသာပါ .. ေဖေဖနဲ႔ ေမေမ"

ခြန္ေႏွာင္းက ေဘးတြင္ထိုင္ေနေသာ စဝ္စံဦးသာကို မိတ္ဆက္ေပးေတာ့ ေဖေဖက ၿပဳံး၍သာၾကည့္ၿပီး ေမေမကေတာ့ ခပ္တည္တည္ပင္။

"ေအာ္ ေက်ာင္းတူအကို၊ သက္သက္သာသာ ထိုင္ပါကြယ္၊ ႀကီးႀကီးတို႔က ဘာမွမလုပ္ပါဘူး"

"ဟုတ္ကဲ့ပါဗ်"

မတ္ထားေသာခါးကို အခုမွသာ အနည္းငယ္ျပန္ေလွ်ာ့ႏိုင္သည္။ စိတ္ကေတာ့မေလွ်ာ့ႏိုင္ေသး။

"မင္းကို မင္းအိမ္က မိသားစုစာရင္းထဲကထုတ္လိုက္တယ္ဆို၊ အဆင္ေျပရဲ႕လား ?"

ေဖေဖက စကားလမ္းေၾကာင္းေပးေတာ့ လူႀကီးက လက္ႏွစ္ဖက္ကိုဆုပ္ေခ်ကာေျပာရွာသည္။

"ကြၽန္ေတာ္က ထြက္လာတာပါ၊ ခြန္ေႏွာင္း .. စိတ္ေအးလက္ေအး ေနရေအာင္ စိတ္အေႏွာင့္အယွက္မျဖစ္ရေအာင္ ထြက္လာလိုက္တာပါ၊ ၿပီးေတာ့ ခြန္ေႏွာင္း စိတ္မေကာင္း မျဖစ္ရေအာင္ ကြၽန္ေတာ္ လိုက္လာတာပါ၊ သူ႔မိဘေတြ ကြၽန္ေတာ့္ကို မႀကိဳက္ရင္ သူလည္း ဘယ္စိတ္ေကာင္းမလဲ"

ခြန္ေႏွာင္း၏ မိခင္က ေရေမာ့ေသာက္ရင္းနဲ႔မွ ဦးသာကို လွမ္းၾကည့္ပါသည္။ မိဘေရွ႕တြင္ ပိုလြန္းသည္ဟု ေတြးၾကမလား မေျပာတတ္။ သို႔ေသာ စဝ္စံဦးသာ၏ ခြန္ေႏွာင္းအေပၚထားရွိသည့္ ခ်စ္ျခင္းေမတၱာတရားက အခုထက္ပင္ ပိုလွသည္မလား။

အနႏၲ။ အတိုင္းအဆ အကန္႔အသတ္မဲ့။
ယခင္ဘဝ၊ ယခုဘဝ၊ ေနာင္ဘဝေပါင္းမ်ားစြာ ..
သက္လည္က ဦးသာ၏ အပိုင္ျဖစ္သည္။
ဦးသာက သက္လည္၏ အပိုင္ျဖစ္သည္။

~~~~~~~

ေဆး႐ုံႏွင့္ အတန္ငယ္ေဝးေသာေနရာတြင္ေနေသာ ခြန္ေႏွာင္းကို အသြားအျပန္ အပို႔အႀကိဳလုပ္ရာတြင္ အရင္ကထက္ ပို၍ ပြင့္လင္းလာသည္။ မနက္အေစာႀကီး ခြန္ေႏွာင္းအိမ္သို႔လာကာ ခြန္ေႏွာင္း ေဖေဖႏွင့္ ႏိုင္ငံေရးေဆြးေႏြးၿပီး မနက္စာ လာစားတတ္ေသာ ဦးသာကို လအနည္းငယ္အတြင္း ခြန္ေႏွာင္းမိသားစုက ရင္းႏွီးေနၿပီ။

အိမ္သို႔ျပန္ပို႔တိုင္း ေမေမႏွင့္ႀကီးႀကီးခ်က္ထားေသာ ညစာကို ညာတာပါေတးစားတတ္ေသာ ဦးသာကို အိမ္က အိမ္အကူမိန္းကေလးမ်ားကပါ စိမ္းသက္မေနေတာ့။

"ဦးသာ ဒီအိမ္မွာ လာေနပါလား"

ထမင္းစားေနရင္း ခြန္ေႏွာင္းေမေမက ႐ုတ္တရက္ ထေျပာလိုက္ေတာ့ ေၾကာင္သြားသူက ဦးသာ။

"အာ .. အန္တီတို႔ အဆင္မေျပမွာစိုး"

"ေဆး႐ုံသြား ေဆး႐ုံျပန္က ခြန္ေႏွာင္းႀကိဳရင္းနဲ႔ ဒီကေန တစ္ခါတည္းသြားၾကေပါ့၊ မဟုတ္လည္း လာလာႀကိဳေနရတာ ပင္ပန္းတာပဲ"

ဤသည္က သူတို႔ကို မီးစိမ္းျပလိုက္သည္မဟုတ္ပါလား။ ႏွစ္ဦးသား အတူတူေနရဖို႔အတြက္ကိုေလ။

ခြန္ေႏွာင္း ေဖေဖက ၿပဳံး၍သာၾကည့္ေနသည္။ ႀကီးႀကီးကေတာ့ ဘာစကားမွ်မဆို။ ခြန္ေႏွာင္းကေတာ့ စားပြဲေအာက္က သူ၏လက္ကို ဆုပ္ကိုင္လ်က္။

ယခုထက္ ပို၍ ေဝးစရာမရွိေတာ့ပါ။ အနီးစပ္ဆုံးျဖစ္ေနသည့္ ႏွလုံးသားတစ္စုံက ဘယ္အရာကို ထပ္တမ္းတရမည္နည္း။

~~~~~~

ေန႔ရက္တိုင္းဟာ ေပ်ာ္စရာအတိၿပီးပါသည္။ ႏိုးထလာေသာအခါ ခ်စ္ရသူ၏ မ်က္ႏွာကို ေတြ႕ျမင္ရသည္။ အိပ္စက္ရေသာအခါ ခ်စ္ရသူ၏ ပုခုံးက်ယ္ထဲ တိုးေဝွ႔ကာ အေႏြးဓါတ္ကေလး ေမတၱာေပါင္း၍ ရယူႏိုင္သည္။ စဝ္စံဦးသာက သွ်န္ခြန္ေႏွာင္း၏ သက္ရွိ အားျဖည့္စက္ကေလးျဖစ္သည္။

"လူႀကီး ဘာဝတ္မွာလဲ"

"သက္လည္ အဆင္ေျပတာ"

"ဟာ လာေ႐ြးဗ်ာ၊ အဆင္ေျပတာဆို ေၾကာင္ေတာင္ၾကားတားေတြ ထုတ္ေပးလိုက္မွာ"

"သက္လည္ ဘာဝတ္မွာလဲ"

"အျဖဴ"

"အဲ့ဒါဆို ကိုယ္လည္းအျဖဴ"

"ဟား သူမ်ားဝတ္တာလိုက္မဝတ္နဲ႔ေလ"

"သူမ်ားမွမဟုတ္တာ၊ သက္လည္က ကိုယ့္ရဲ႕ ခ်စ္သူေလ"

မ်က္ေမွာင္ကုတ္ကာ အလိုမက်ျဖစ္ေနေသာ စဝ္စံဦးသာက လြန္စြာပင္ ျပည့္စုံလွေသာ သက္ရွိနတ္ဘုရားတစ္ပါးအလား။ တြန္႔ခ်ိဳးေနေသာ မ်က္ခုံးတို႔ကို လက္ေခ်ာင္းကေလးမ်ားျဖင့္ အသာအယာဖ်န္ေျဖေလွ်ာ့ေတာ့ ေလေဖ်ာ့ေဖ်ာ့က လက္ဖမိုးေက်ာ့သို႔ ေႏြးလ်လ် ခုန္ဆင္းေလသည္။ စဝ္စံဦးသာက သူ၏ လက္ကို နမ္းလိုက္ေလျခင္း။

"အခ်ိန္တိုင္း၊ ေန႔ရက္တိုင္း၊ ဘဝတိုင္း သက္လည္က ကိုယ့္အပိုင္"

တဏွာရာဂမပါေသာ အိမ္ေထာင္တစ္ခုကို သူတို႔ တည္ေဆာက္ႏိုင္ခဲ့ေလၿပီ။ မ်က္ရည္က်မတတ္ ၾကည္ႏူးရေသာ ခ်စ္ခရီးလမ္းေပၚ သူတို႔ ေရာက္ႏွင့္ေနၿပီ။ ဘဝအဆက္ဆက္တည္ေသာ ခ်စ္ျခင္းေမတၱာတို႔ကို သူတို႔ ဖန္တီးခဲ့ၿပီးၿပီ။ "ေမတၱာတည္ေစအံ့"ဟုေရးထိုးေသာ မိသားစုဝင္စာ႐ြက္ကေလးေနရာတြင္ သူတို႔ နာမည္ကေလးကို အစားထိုးမည္။

ေႏွာင္း ႏွင့္ ဦး အသက္ဆက္တိုင္း တည္ေစအံ့။

~~~~~~~~

ႏွစ္ (၅၀) ခန္႔အၾကာ။

အခန္းထဲတြင္ ေအာက္စီဂ်င္ပိုက္ႏွင့္ အသက္ရွဴေနရေသာ အဘိုးအိုတစ္ဦးက လဲေလ်ာင္းေနပါ၏။

"ျဖစ္ႏိုင္တာကေတာ့ အဘိုး စိတ္ကိုေလွ်ာ့ထားလိုက္ပါ၊ ဒီေန႔ေတာ့ မကူးေတာ့ပါဘူး

အျပင္တြင္ရွိေသာ အဘိုးက မ်က္ရည္ဥကေလး မက်တက်ျဖစ္သည္အထိ ငိုင္ေနပါသည္။ Nurse မိန္းကေလးအား အျပင္သို႔ ေခတၱထြက္ခိုင္းၿပီးေနာက္ အဆိုပါအဘိုးႀကီး လွဲေနေသာ အဘိုးနားသို႔သြားကာ လက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ပါ၏။

လွဲေနေသာ အဘိုးသည္ ဇရာ၏ ထုေထာင္းျခင္းကို ခံရၿပီးေသာ္ျငား ပါးခ်ိဳင့္ထင္းထင္းတို႔က ရွိေနေသးသည္။

"လူႀကီး"

"..."

"ဒီအ႐ြယ္ေရာက္မွ ဝက္သားခ်ဥ္ ေကာက္ညႇင္းကင္လည္း မစားခ်င္ေတာ့သလို ေလာဘလည္း မတက္ခ်င္ေတာ့ပါဘူး"

ကိုင္ထားေသာလက္ကလႈပ္ရွားလာပါသည္။ ဤလက္ျဖင့္ လူႀကီးက သူ႔ကို ေဖးမခဲ့ဖူးသည္။ ဤလက္ျဖင့္ လူႀကီးက သူ႔ကို ေပြ႕ဖက္ႏွစ္သိမ့္ခဲ့ဖူးသည္။

"လူႀကီးသာမရွိေတာ့ရင္ ကြၽန္ေတာ္လည္း ရွိေတာ့မွာမဟုတ္ဘူးဗ်၊ ႏွလုံးကလည္း မေကာင္းေတာ့ပါဘူးေလ"

" .... "

အေမာထေဖာက္လာေသာ အဘိုးအိုေၾကာင့္ စက္တို႔က တတီတီျမည္လာလ်က္။ အျပင္က Nurse ေလးတို႔က ျပန္ဝင္လာၿပီး ဟိုစမ္းဒီစမ္းလုပ္ၾကမည့္အခ်ိန္ ခြန္ေႏွာင္းက စဝ္စံဦးသာ၏ နားနားကပ္ကာ ေသေသခ်ာခ်ာ အားယူ၍ ေျပာရွာသည္။

"ဟဝ္းဟတ္ဆူ စဝ္စံဦးသာ၊ ဟဝ္းဟတ္ဆူ"

ထို႔ေနာက္ .. ထို႔ေနာက္ သူဘာမွ်မၾကားေတာ့ပါ။ ႏွလုံးတစ္ေနရာက ျဖစ္ညႇစ္လိုက္သလို ခံစားရၿပီး စိတ္ႏွင့္ ခႏၶာက ကြဲထြက္သြားသလို ခံစားရသည္။

သွ်န္ခြန္ေႏွာင္း ေသဆုံးခဲ့ၿပီ။ ထိုနည္းတူ စဝ္စံဦးသာလည္း ေသဆုံးခဲ့ၿပီ။

~~~~~~~

စိတ္ဝိဉာဥ္က လြတ္ထြက္သြားသည္ဆိုေသာျငား ခံစားမႈက ရွိေနေသးပါသလား။ ပန္ကာမွ ထြက္လာေသာ ေလေအးေအးက ေစာင္ၾကမ္းကိုျဖတ္ကာ သူ႔ကို ေအးေနေစသည္။ မ်က္လုံးတို႔ကို ဖြင့္လိုက္ေတာ့ မ်က္ႏွာၾကက္တြင္ တြဲေလာင္းခ်ိတ္ထားေသာ ပန္ကာကိုေတြ႕ရသည္။

ေဘးဘီကို မ်က္လုံးဝဲၾကည့္ေတာ့ ေရအိုးစင္ကေလးတြင္ ေရးထားသည္က မိုင္းပြန္တိုက္နယ္ေဆး႐ုံ။ မည္သည္က မည္သို႔ျဖစ္သြားသည္နည္း။

ထိုစဥ္ ..ရွမ္းဝတ္စုံကို သားနားစြာဝတ္ဆင္ထားေသာ ေစာ္ဘြားငယ္က သူ႔ေဘးေလွ်ာက္လာပါသည္။

"ဟဝ္းဟတ္ဆူ သက္လည္ ...
မိုင္းပြန္မွ ျပန္လည္ႀကိဳဆိုပါတယ္။"

ေစာ္ဘြားငယ္က သက္လည္ကေလးကို ...
အၿမဲ ႀကိဳဆိုေနေရာ့ပါတယ္။

~The End~

Continue Reading

You'll Also Like

4.5K 244 6
ဟဲ....ဟဲ.... နောက်တာပါဗျာ
835K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
7K 584 38
Love Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)