💜 Secret Love 💜 (Completed)

By JeonTaeMon

222K 16.4K 481

နာမည္ႀကီး Idol ေတြမလို့ လ်ိႈ႔ဝွက္စြာတြဲၾကမလားေဟ်ာင္း🐰🐯 ေဟ်ာင္းနဲ႔ပတ္သက္ရင္အတၲႀကီးတဲ့ကြၽန္ေတာ့္ကို ေဟ်ာင္းကခ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part -6
Part-7
Part-8
Part-9
Part-10
Part-12
Part-13
Part-14
Part-15
Part -16
Part-19
Part-17
Part-18
ေၾကညာခ်က္
Part-20 ( 👨‍❤️‍💋‍👨)
Part-21 (Final)

Part-11

7.6K 688 6
By JeonTaeMon

"ေဟ်ာင္း... ေဟ်ာင္း.."

"ဟင္"

ထယ္ေယာင္းအိပ္ေနရာမွ နားထဲေဂ်ာင္ကုေခၚသံလိုလိုၾကားမိေတာ့ နိုးလာခဲ့သည္.. ဘယ္အခ်ိန္ရွိေနၿပီလည္း ဒီအခ်ိန္ႀကီး ေဂ်ာင္ကုက ဘယ္လိုလာမွာလည္း.. ဟိုေန႔ကစိတ္တိုသြားကတည္းက Ent မွာေတြ႕လည္းစကားမေျပာေပ.. အခုေဂ်ာင္ကုသူ႔ကိုေရွာင္ေနတာ တစ္ပတ္ေက်ာ္ပင္ၾကာခဲ့ၿပီ..

ေဒါက္.. ေဒါက္

"ေဟ်ာင္း ကြၽန္ေတာ္ပါ.. တံခါးဖြင့္ေပးပါဗ်ာ ေဟ်ာင္းကိုေျပာမွျဖစ္မွာမလို႔ "

တကယ္ပဲေဂ်ာင္ကု သူ႔အခန္းေရွ႕ေရာက္လာျခင္းပင္..ထယ္ေယာင္းကုတင္ေပၚမွဆင္းလိုက္ကာအေျပးေလးသြားဖြင့္မိေတာ့ ေထာင္းခနဲထြက္လာေသာ အရက္နံ႔ေတြနဲ႔ ေခါင္းငိုက္စိုက္က်ေနေသာ ေဂ်ာင္ကုရယ္ပါ..

"ကုကီ ဘယ္လိုေတြျဖစ္လာတာလည္း ဒီအခ်ိန္ႀကီး ဘာလို႔တအားမူးေနတာလည္းဟမ္ "

ေဂ်ာင္ကုမူးေနေပမယ့္ အခုသူ႔ေရွ႕မွာ ျမတ္နိုးရတဲ့ပံုရိပ္ေလးရွိေနတာေတာ့သိေသးသည္..

"ေဟ်ာင္း ေဟ်ာင္းရယ္..."

ထယ္ေယာင္းပါးအိအိေလးေတြအား လက္နွစ္ဖက္ျဖင့္ဆုပ္ကိုင္ကာ နႈတ္ဖ်ားမွတဖြဖြေခၚေနမိသည္..

"အင္း အင္း ေဟ်ာင္းပါ လာ ျမန္ျမန္ဝင္ ေအာ္မေနနဲ႔ေတာ့ နမ္ဂြၽန္းေဟ်ာင္းတို႔နိုးသြားမယ္"

ယိုင္နဲ႔ေသာေျခလွမ္းနဲ႔အခန္းထဲဝင္လာေသာ ေဂ်ာင္ကု..ထယ္ေယာင္းကတြဲေပးရင္း ကုတင္နားေခၚလာသည္..

ထယ္ေယာင္းေဂ်ာင္ကုကိုကုတင္ေပၚခ်ေပးကာအမူးေျပေအာင္ ဘာလုပ္ေပးရမလည္းစဥ္းစားေနမိသည္...

"ကုကီ ... ကုကီ"

"ဟမ္"

"ခနအိပ္လိုက္ေနာ္ နိုးလာမွ စကားေျပာမယ္ေလေနာ္ ေဟ်ာင္းခနေရခ်ိဳးလိုက္ဦးမယ္ "

"မရဘူး  စကားေျပာမွာကြာ အခု "

"ကုကီကလည္း အမူးေျပမွေဟ်ာင္းနဲ႔စကားေျပာၾကမယ္ေနာ္"

"အာ ေဟ်ာင္းကြာ..."

"မရဘူး အိပ္ေတာ့ "

ထယ္ေယာင္းက ေရခ်ိဳးခန္းထဲဝင္သြားသည္.. ေဂ်ာင္ကုမွာ ေဟ်ာင္းေပါက္စအလိုက် အိပ္ေနရင္း ေဟ်ာင္းေပါက္စကို မူးေနသလိုနဲ႔ဂ်စ္တိုက္ၿပီး ဘယ္ေလာက္လြမ္းေနေၾကာင္းေျပာမလို႔စီစဥ္ထားေပမယ့္ လြဲကုန္ၿပီ...

ထယ္ေယာင္းေရခ်ိဳးရင္းစဥ္းစားေနမိသည္.. ဘယ္လိုလုပ္မလဲ ကုကီကျပန္မယ့္ပံုမေပၚ ဘာေတြကမ်ား ဒီလိုမူးရူးေနတဲ့အထိ ကုကီကိုခံစားရေအာင္လုပ္ေနသလဲမေျပာတတ္ အရင္ကလိမၼာတဲ့ကေလးက အခုသူလုပ္ခ်င္ရာကိုတဇြတ္ထိုးလုပ္တတ္လာခဲ့သည္..

ေရခ်ိဳးၿပီးထြက္လာေတာ့ကုတင္ေပၚမွာအိပ္ေမာက်ေနတဲ့ကုကီ.. အိပ္ေနေတာ့လည္းတကယ့္ကေလးေလးလိုပင္ခ်စ္စရာေကာင္းလွသည္..ကုကီသူ႔ကိုအရမ္းခ်စ္တာကိုလည္းသိတယ္သူလည္းကုကီကိုအရမ္းခ်စ္ေပမယ့္ သူတို႔သာတြဲေနရင္ ပရိသတ္ေတြေဒါသထြက္ၾကမွာမလြဲ.. သူတို႔နွစ္ေယာက္အတြက္နဲ႔ေတာ့ ေဟ်ာင္းတို႔အိမ္မက္လမ္းကိုမယိုင္နဲ႔ေစခ်င္ပါ..

ေတြးၾကည့္ရင္ ကုကီေလးမွာလည္းအျပစ္မရွိေပ.. အခ်စ္စိတ္ဆိုတာတားရတာမွမဟုတ္ဘဲေလ...အခုလိုေလးျမင္ေနရတာနဲ႔တင္ ဒီကေလးေလးဟာထယ္ေယာင္းကိုတကယ္စိတ္ခ်မ္းသာေစသည္ပင္..

ညအိပ္ဝတ္စံုကာတြန္းရုပ္ဝမ္းဆက္ေလးထုတ္ဝတ္ကာ ညလိမ္း Cream ကိုလိမ္းၿပီး ကုကီနားလာကာအိပ္ရန္ျပင္လိုက္သည္.. နိႈးလည္းမနိႈးခ်င္ေတာ့ သူ႔ေၾကာင့္မ်က္နွာေလးပင္အနည္းငယ္ေခ်ာင္က်ေနတဲ့ေကာင္ေလးကိုမနိႈးရက္ေပ..

ေဂ်ာင္ကု ထယ္ေယာင္းေရခ်ိဳးခန္းထဲကထြက္လာကတည္းကရင္း နိုးေနခဲ့သည္.. ေဟ်ာင္းေပါက္စက သူ႔ကိုအခန္းထဲျပန္အိပ္ခိုင္းမွာစိုးလို႔ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္.. သူအိပ္ေနၿပီအထင္နဲ႔ အဝတ္ကိုေအးေဆးေလးလဲေနတဲ့ေဟ်ာင္းေပါက္စေၾကာင့္ အိပ္ခ်င္ေယာင္ေဆာင္ကာခိုးၾကည့္ေနတဲ့ေဂ်ာင္ကုမွာ နွာေခါင္းေသြးပင္လ်ွံခ်င္လာသည္..

အရင္ကတည္းကေဟ်ာင္းကမိန္းကေလးရံႈးေအာင္ေခ်ာလွၿပီးသားကို အခုလိုေရခ်ိဳးၿပီးစ ၾကည္လင္ရွင္းသန္႔ေနတာေလးကလည္း တစ္မ်ိဳးေလးခ်စ္စရာေကာင္းေနေတာ့ ေဂ်ာင္ကုတို႔ဘယ္သူမွမေတြ႕ေအာင္ဖြက္ထားခ်င္စိတ္ေတြတဖြားဖြား...ေသခ်ာၾကည့္မွ လံုးက်စ္ေနသည့္မက္မြန္သီးေလးက ကိုက္စားခ်င္စရာ..အသားအေရျဖဴျဖဴေဖြးေဖြးေလးနဲ႔မို႔ ေျခသလံုးသားတို႔တံေတာင္ဆစ္ကအဆစ္ေလးေတြထိရဲတြတ္ေနေလသည္..

အရာအားလံုးျမတ္နိုးစရာပါလားအသက္ရယ္...ေက်ာေပးကာအဝတ္အစားလဲေနတာေၾကာင့္ မျမင္အပ္သည့္အရာေတြေတာ့မျမင္ရေပမယ့္ အေနာက္ပိုင္းေလးနဲ႔ပင္ နွာေခါင္းေသြးလ်ွံေနေတာ့သည္...

အခုလည္းၾကည့္ေလ ကာတြန္းရုပ္ဝမ္းဆက္ေလးနဲ႔ တကယ့္ကိုလူႀကီးေယာင္ေဆာင္ထားတဲ့ကေလးေလး.. Strawberry အနံ႔ Cream ေလးလိမ္းထားတာေၾကာင့္ ေမႊးပ်ံ့ေသာကိုယ္သင္းရနံ႔ေလးမွာ နိုးကာစေနာက္ေနေသာေခါင္းတို႔ပင္ၾကည္သြားရသည္...

ေဘးနားကိုဖြဖြေလးတက္လာၿပီး လာလွဲေသာေၾကာင့္ ေဂ်ာင္ကုဆက္ၿပီးဟန္မေဆာင္နိုင္ေတာ့ ကိုယ္ေသးေသးေလးအားဆြဲဖက္ကာ ရင္ခြင္ထဲထည့္မိေတာ့သည္

"အို႔ အေမ့ ကု.. ကုကီ "

"ဟမ္..."

"မအိပ္ေသးဘူးလား အိပ္ေနၿပီမွတ္တာ "

ရင္ခြင္ထဲကေနမ်က္နွာေလးေမာ့ကာေမးေနေသာ ခ်စ္မဝေလးအားၾကည့္ကာအသည္းယားတာေၾကာင့္ကိုယ္ေသးေသးေလးအားဖ်စ္ညႇစ္မိေတာ့တအင့္အင့္နဲ႔ရုန္းေနေတာ့သည္..

"အိပ္ေနတာပါဗ်ာ ကြၽန္ေတာ့္အသက္ဆီကရတဲ့ကိုယ္သင္းနံ႔ေလးေၾကာင့္နိုးလာတာ "

"အာ"

ရွက္သြားတာေၾကာင့္ ပါးေဖာင္းေဖာင္းေလးမွာ ရဲခနဲ..အသည္းယားစြာ နွာေခါင္းထိပ္ကမွဲ႔နက္ေလးတည္ရွိရာကို လ်ွာနဲ႔ဖြဖြေလးလ်ွက္လိုက္ေတာ့

"ကုကီ အဲ့လို မလုပ္နဲ႔ေလ ၿပီးေတာ့ လႊတ္.. လႊတ္ဦး အသက္ရွဴက်ပ္တယ္ "

"ရွဴးး ဒီတိုင္းေလးပဲေနခ်င္တယ္...မရုန္းစမ္းနဲ႔အခ်စ္ရယ္"

ေဂ်ာင္ကုရဲ႕အျပဳအမူေတြေၾကာင့္ ထယ္ေယာင္းရင္ေတြထိန္းမရေအာင္ခုန္ေနေတာ့သည္..ဒါဘာလည္း ခ်စ္သူမွမဟုတ္ေသးဘဲ သူ႔ကိုဘာေတြလုပ္ေနတာလည္း..ေခၚတာလည္းၾကည့္ဦး အသက္တဲ့အခ်စ္တဲ့ ဒီေကာင္ေလးဘာျဖစ္ေနတာလည္းမသိ..

"အခ်စ္ကို ကြၽန္ေတာ္ေျပာစရာရွိတယ္"

ရုန္းလည္းရမွာမဟုတ္တာေၾကာင့္ ေဂ်ာင္ကုရင္ခြင္က်ယ္ႀကီးထဲၿငိမ္ၿငိမ္ေလးေနရင္း သူ႔ထက္ပင္အသံအက်ယ္ႀကီးနဲ႔ရင္ခုန္ေနေသာ ေဂ်ာင္ကုရင္ခုန္သံေတြအားနားေထာင္ေနမိရင္း..

"ေျပာေလ"

"ဘာလို႔ မူးေအာင္ေသာက္ေနတာလည္းသိလား "

"ဟင့္အင္း "

ေဂ်ာင္ကု ထယ္ေယာင္းရဲ႕ဆံႏြယ္ေလးေတြထဲနွာေခါင္းနဲ႔တိုးတိုက္နမ္းရိႈက္ကာ

"မူးေနရင္ အခ်စ္ကိုသတိမရေအာင္မ်ားလုပ္ေပးနိုင္မလားလို႔ ေန႔တိုင္းမူးေအာင္ေသာက္တယ္"

ရင္ခြင္ထဲကေကာင္ေလးက နႈတ္ခမ္းေလးဆူကာ

"အဲ့ေတာ့ မရေရာ႕လား "

"ထင္လို႔လား ပိုေတာင္သတိရေသးတယ္"

"ဘာလို႔ ေရွာင္ေနခဲ့တာလည္းအာ့ဆို လာစကားေျပာပါ့လား လာျပန္အိပ္ပါ့လား ဘယ္သူမွေမာင္းမထုတ္ဘူး သူ႔ဘာသူထြက္သြားၿပီးေတာ့ "

"ျပန္လာရင္ အခ်စ္ဆီကစိမ္းကားတဲ့စကားေတြကိုၾကားနိုင္စြမ္းမွမရွိတာ "

"အာ့ဆို အခုလည္းေသာက္ၿပီးဘာလို႔လာလည္း မလာနဲ႔ေပါ့ "

ေဂ်ာင္ကုသူ႔အားရန္ေတြ႕ေနေသာလူႀကီးေယာင္ေဆာင္ကေလးေပါက္စေလးအားၾကည့္ကာ ရင္ထဲၾကည္ႏူးမႈတို႔ေၾကာင့္မ်က္နွာႀကီးၿပံဳးအီေနတာမွာ အထင္းသား

"မလာေအာင္ႀကိဳးစားတာေပါ့ဗ်ာ အရင္ရက္ေတြလည္းအရမ္းလာခ်င္တာ ဒီေန႔ဘယ္လိုျဖစ္တယ္မသိပါဘူး ကားေတာင္ေမာင္းၿပီးမျပန္နိုင္လို႔ Taxi ငွားစီးလာတာ တိုက္ခန္းေရာက္ၿပီဆိုၿပီးဆင္းေတာ့မွ အခ်စ္ရွိတဲ့အိမ္ေရွ႕ျဖစ္ေနတယ္ေလ ကဲ "

ထယ္ေယာင္းဘာရယ္မဟုတ္ အခုလိုေဂ်ာင္ကုရွင္းျပေနတာေလးေတြနားေထာင္ရင္း ေပ်ာ္႐ႊင္ေနမိသည္..

"အခ်စ္ အခ်စ္နဲ႔ ဘယ္သူကမင္းကို ခ်စ္ပါတယ္ေျပာမိလို႔လည္း ပိုင္စိုးပိုင္နင္းနဲ႔ "

"ေဟာဗ်ာ အေျဖမွမလိုေတာ့တာ အခ်စ္အခုလို ရင္ခြင္ထဲမွာၿငိမ္ၿငိမ္ေလးအဖက္ခံေနတာကိုက ကြၽန္ေတာ္အခ်စ္ကိုပိုင္ပါတယ္လို႔ ေျပာေနတာပဲေလ "

"ဟာ မင္းေနာ္ "

ထယ္ေယာင္းေဂ်ာင္ကုရင္ဘတ္အားထုမိေတာ့ ဘာလ ည္းမဟုတ္ဘူးလားဆိုတဲ့မ်က္နွာေပးနဲ႔ ဒီေကာင္ေလးဟာေလ ထုသတ္ခ်င္စရာရုပ္ကိုက ..ဒါေပမယ့္ ဒီရုပ္ေလးကိုပဲကေလးေလးဆိုၿပီး သူတို႔ေျခာက္ေယာက္လံုးသည္းသည္းလႈပ္ခဲ့ၾကတာမလား ....

"အခ်စ္ကိုေမးစရာရွိတယ္ ယူနာ႔အိမ္ကိုဘာလို႔ထမင္းစားသြားတာလည္း "

"ဟင္ ဘယ္လိုသိ.."

"က်စ္ ေမးတာေျဖပါအခ်စ္ရာ "

"သူဖိတ္လို႔ေလ "

"ဖိတ္တာနဲ႔သြားစရာလား ၿပီးေတာ့အခ်စ္က ကြၽန္ေတာ့္ကိုမေခၚခ်င္ဘူး ကြၽန္ေတာ္ပါရင္ အခ်စ္တို႔ၾကားအေနွာက္အယွက္ျဖစ္တယ္လို႔ေျပာတာဆို ဘာလို႔ အဲ့မိန္းမကိုမ်က္နွာသာေပးေနရတာလည္း "

"မေျပာမိပါဘူးအဲ့လို သူကဇာတ္ကားရိုက္ေနကတည္းကဖိတ္ေနတာ အေၾကာင္းျပၿပီးေ႐ႊ့ရင္းနဲ႔ အခုသူ႔အေမပါဖိတ္ေတာ့ျငင္းမေကာင္းလို႔ တစ္ေယာက္တည္းဖိတ္တာပါ ဒါမယ့္ ဟိုေဆာ့ေဟ်ာင္းနဲ႔သြားတာသူတို႔အိမ္ကို "

ေဂ်ာင္ကုသိလိုက္ၿပီ ဒီမိန္းမသက္သက္သူ႔ကိုထယ္ေယာင္းကိုအထင္လြဲေအာင္ေသြးထိုးတယ္ဆိုတာ.. ဟား ေတာ္ေတာ္ ပလီပလာနိုင္တဲ့မိန္းမပဲ..

ထယ္ေယာင္းမ်က္နွာမွာရႈပ္ေထြးသြားဟန္ေပၚေနတဲ့ေဂ်ာင္ကုကိုၾကည့္ကာ သူသိခ်င္ေနတဲ့အရာအားေမးလိုက္မိသည္

"အဲ့တာဆို ယူနာ႔ကိုအရက္နဲ႔ပက္လိုက္တာက ဒီကိစၥေၾကာင့္လား "

"အင္း ပါတယ္ဒီကိစၥလည္း အခ်စ္ကကြာ ကြၽန္ေတာ္ပါလာရင္အေနွာင့္အယွက္ျဖစ္တယ္ေျပာေတာ့ စိတ္ကတိုေနေရာ မူးလည္းမူးေနတာနဲ႔ "

"အဲ့တာနဲ႔ အဲ့မိန္းမစကားကိုယံုၿပီး ပက္လိုက္ေရာ႕လား "

"မဟုတ္ပါဘူး အခ်စ္ရဲ႕ ကြၽန္ေတာ္ကအခ်စ္ကိုခ်စ္တဲ့သူဆိုေတာ့ ကြၽန္ေတာ့္ကို ေသာက္ေျခာက္လို႔မခံခ်င္ေအာင္ေျပာလို႔ပါ "

သူ႔စကားအဆံုး မ်က္နွာေလးညိဳးကာ ရင္ခြင္ထဲဖြက္သြားေသာ  ခ်စ္မဝေလးေၾကာင့္ ေဂ်ာင္ကုဘာမ်ားျဖစ္သြားလဲဟုစိုးရိမ္ကာ ပ်ာပ်ာသလဲေမးဖ်ားေလးကဆြဲေမာ့ၿပီး

"အခ်စ္ ဘာျဖစ္သြားတာလည္းဟင္ စိတ္ညစ္သြားတာလား ကြၽန္ေတာ္ကတကယ္ပဲ အခ်စ္ကိုခ်စ္မိေတာ့ Gay သြားလို႔ေလ "

သူ႔နႈတ္ခမ္းေလးေတြအား လက္ေခ်ာင္းသြယ္သြယ္ေလးနဲ႔အလန္႔တၾကားပိတ္ကာ

"မဟုတ္ပါဘူး ေဟ်ာင္းေၾကာင့္ ကုကီကို အေျခာက္လို႔အေခၚခံလိုက္ရလို႔ေလ ဝမ္းနည္းလို႔ပါ "

"ဝမ္းမနည္းပါနဲ႔အခ်စ္ရယ္ တစ္နည္းအားျဖင့္သူေျပာတာလည္းဟုတ္တာပဲ ကြၽန္ေတာ္ကအခ်စ္တစ္ေယာက္ထဲအတြက္ ကြက္ Gay ေနတာေလ "

ေဂ်ာင္ကုစကားအဆံုးထယ္ေယာင္းရင္ထဲဝမ္းနည္းလာမိသည္... ေဂ်ာင္ကုသူ႔ကိုခ်စ္သေလာက္သူကေဂ်ာင္ကုလိုသတၲိမရွိ.. အခုက ယူနာတစ္ေယာက္ပဲအဲ့လိုေခၚေသးတာ သူတို႔နွစ္ေယာက္တြဲလိုက္ရင္ လူေပါင္းမ်ားစြာက အဲ့လိုေခၚၾကေတာ့မည္..သူအဲ့လိုအျဖစ္မခံနိုင္ေပ...

"ဒါေပမယ့္.. ေဟ်ာင္း မင္းကို ဟိုလိုမခ်စ္တာ သိ.. သိတယ္မလား အဲ့တာေၾကာင့္ အခ်စ္လို႔ မေခၚနဲ႔ေနာ္ မႀကိဳက္ဘူး "

ေဂ်ာင္ကုရင္ထဲဆစ္ခနဲ သူသိတာပဲ ဒီကိုျပန္လာၿပီး ဒီလူသားနဲ႔စကားေျပာမိရင္ ဒီလိုေတြရင္နာရမွာသူသိၿပီးသားပဲ..ဒီလူသားရဲ႕နႈတ္ခမ္းေလးကထြက္က်လာတဲ့စကားလံုးေတြဟာ သူ႔ကိုေပ်ာ္႐ႊင္နိုင္ေစသလို စိတ္ဓာတ္ေတြက်ကာေမ်ွာ္လင့္ခ်က္မဲ့တဲ့လူတစ္ေယာက္လို ခံစားရေစနိုင္သည္အထိအစြမ္းကုန္ျပဳစားထားေလသည္..

"အင္းပါ မႀကိဳက္ရင္ မေခၚေတာ့ပါဘူး ေဟ်ာင္း "

ေျပာရင္းနဲ႔ ဖက္ထားေသာကိုယ္ေလးအားလႊတ္ေပးကာ ေက်ာေပးအိပ္လိုက္မိေတာ့သည္...

ထယ္ေယာင္းလည္းဝမ္းနည္းစြာေက်ာခိုင္းထားမိရင္း

"ေတာင္းပန္ပါတယ္ ေဟ်ာင္းေၾကာင့္ မင္းထပ္ၿပီးစကားေတြနဲ႔အေစာ္ကားခံရလို႔မျဖစ္ဘူး ေကာင္ေလး"

.............

Unicode....

"ဟျောင်း... ဟျောင်း.."

"ဟင်"

ထယ်ယောင်းအိပ်နေရာမှ နားထဲဂျောင်ကုခေါ်သံလိုလိုကြားမိတော့ နိုးလာခဲ့သည်.. ဘယ်အချိန်ရှိနေပြီလည်း ဒီအချိန်ကြီး ဂျောင်ကုက ဘယ်လိုလာမှာလည်း.. ဟိုနေ့ကစိတ်တိုသွားကတည်းက Ent မှာတွေ့လည်းစကားမပြောပေ.. အခုဂျောင်ကုသူ့ကိုရှောင်နေတာ တစ်ပတ်ကျော်ပင်ကြာခဲ့ပြီ..

ဒေါက်.. ဒေါက်

"ဟျောင်း ကျွန်တော်ပါ.. တံခါးဖွင့်ပေးပါဗျာ ဟျောင်းကိုပြောမှဖြစ်မှာမလို့ "

တကယ်ပဲဂျောင်ကု သူ့အခန်းရှေ့ရောက်လာခြင်းပင်..ထယ်ယောင်းကုတင်ပေါ်မှဆင်းလိုက်ကာအပြေးလေးသွားဖွင့်မိတော့ ထောင်းခနဲထွက်လာသော အရက်နံ့တွေနဲ့ ခေါင်းငိုက်စိုက်ကျနေသော ဂျောင်ကုရယ်ပါ..

"ကုကီ ဘယ်လိုတွေဖြစ်လာတာလည်း ဒီအချိန်ကြီး ဘာလို့တအားမူးနေတာလည်းဟမ် "

ဂျောင်ကုမူးနေပေမယ့် အခုသူ့ရှေ့မှာ မြတ်နိုးရတဲ့ပုံရိပ်လေးရှိနေတာတော့သိသေးသည်..

"ဟျောင်း ဟျောင်းရယ်..."

ထယ်ယောင်းပါးအိအိလေးတွေအား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ နှုတ်ဖျားမှတဖွဖွခေါ်နေမိသည်..

"အင်း အင်း ဟျောင်းပါ လာ မြန်မြန်ဝင် အော်မနေနဲ့တော့ နမ်ဂျွန်းဟျောင်းတို့နိုးသွားမယ်"

ယိုင်နဲ့သောခြေလှမ်းနဲ့အခန်းထဲဝင်လာသော ဂျောင်ကု..ထယ်ယောင်းကတွဲပေးရင်း ကုတင်နားခေါ်လာသည်..

ထယ်ယောင်းဂျောင်ကုကိုကုတင်ပေါ်ချပေးကာအမူးပြေအောင် ဘာလုပ်ပေးရမလည်းစဉ်းစားနေမိသည်...

"ကုကီ ... ကုကီ"

"ဟမ်"

"ခနအိပ်လိုက်နော် နိုးလာမှ စကားပြောမယ်လေနော် ဟျောင်းခနရေချိုးလိုက်ဦးမယ် "

"မရဘူး  စကားပြောမှာကွာ အခု "

"ကုကီကလည်း အမူးပြေမှဟျောင်းနဲ့စကားပြောကြမယ်နော်"

"အာ ဟျောင်းကွာ..."

"မရဘူး အိပ်တော့ "

ထယ်ယောင်းက ရေချိုးခန်းထဲဝင်သွားသည်.. ဂျောင်ကုမှာ ဟျောင်းပေါက်စအလိုကျ အိပ်နေရင်း ဟျောင်းပေါက်စကို မူးနေသလိုနဲ့ဂျစ်တိုက်ပြီး ဘယ်လောက်လွမ်းနေကြောင်းပြောမလို့စီစဉ်ထားပေမယ့် လွဲကုန်ပြီ...

ထယ်ယောင်းရေချိုးရင်းစဉ်းစားနေမိသည်.. ဘယ်လိုလုပ်မလဲ ကုကီကပြန်မယ့်ပုံမပေါ် ဘာတွေကများ ဒီလိုမူးရူးနေတဲ့အထိ ကုကီကိုခံစားရအောင်လုပ်နေသလဲမပြောတတ် အရင်ကလိမ္မာတဲ့ကလေးက အခုသူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ်လာခဲ့သည်..

ရေချိုးပြီးထွက်လာတော့ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ကုကီ.. အိပ်နေတော့လည်းတကယ့်ကလေးလေးလိုပင်ချစ်စရာကောင်းလှသည်..ကုကီသူ့ကိုအရမ်းချစ်တာကိုလည်းသိတယ်သူလည်းကုကီကိုအရမ်းချစ်ပေမယ့် သူတို့သာတွဲနေရင် ပရိသတ်တွေဒေါသထွက်ကြမှာမလွဲ.. သူတို့နှစ်ယောက်အတွက်နဲ့တော့ ဟျောင်းတို့အိမ်မက်လမ်းကိုမယိုင်နဲ့စေချင်ပါ..

တွေးကြည့်ရင် ကုကီလေးမှာလည်းအပြစ်မရှိပေ.. အချစ်စိတ်ဆိုတာတားရတာမှမဟုတ်ဘဲလေ...အခုလိုလေးမြင်နေရတာနဲ့တင် ဒီကလေးလေးဟာထယ်ယောင်းကိုတကယ်စိတ်ချမ်းသာစေသည်ပင်..

ညအိပ်ဝတ်စုံကာတွန်းရုပ်ဝမ်းဆက်လေးထုတ်ဝတ်ကာ ညလိမ်း Cream ကိုလိမ်းပြီး ကုကီနားလာကာအိပ်ရန်ပြင်လိုက်သည်.. နှိုးလည်းမနှိုးချင်တော့ သူ့ကြောင့်မျက်နှာလေးပင်အနည်းငယ်ချောင်ကျနေတဲ့ကောင်လေးကိုမနှိုးရက်ပေ..

ဂျောင်ကု ထယ်ယောင်းရေချိုးခန်းထဲကထွက်လာကတည်းကရင်း နိုးနေခဲ့သည်.. ဟျောင်းပေါက်စက သူ့ကိုအခန်းထဲပြန်အိပ်ခိုင်းမှာစိုးလို့ အိပ်ချင်ယောင်ဆောင်နေလိုက်သည်.. သူအိပ်နေပြီအထင်နဲ့ အဝတ်ကိုအေးဆေးလေးလဲနေတဲ့ဟျောင်းပေါက်စကြောင့် အိပ်ချင်ယောင်ဆောင်ကာခိုးကြည့်နေတဲ့ဂျောင်ကုမှာ နှာခေါင်းသွေးပင်လျှံချင်လာသည်..

အရင်ကတည်းကဟျောင်းကမိန်းကလေးရှုံးအောင်ချောလှပြီးသားကို အခုလိုရေချိုးပြီးစ ကြည်လင်ရှင်းသန့်နေတာလေးကလည်း တစ်မျိုးလေးချစ်စရာကောင်းနေတော့ ဂျောင်ကုတို့ဘယ်သူမှမတွေ့အောင်ဖွက်ထားချင်စိတ်တွေတဖွားဖွား...သေချာကြည့်မှ လုံးကျစ်နေသည့်မက်မွန်သီးလေးက ကိုက်စားချင်စရာ..အသားအရေဖြူဖြူဖွေးဖွေးလေးနဲ့မို့ ခြေသလုံးသားတို့တံတောင်ဆစ်ကအဆစ်လေးတွေထိရဲတွတ်နေလေသည်..

အရာအားလုံးမြတ်နိုးစရာပါလားအသက်ရယ်...ကျောပေးကာအဝတ်အစားလဲနေတာကြောင့် မမြင်အပ်သည့်အရာတွေတော့မမြင်ရပေမယ့် အနောက်ပိုင်းလေးနဲ့ပင် နှာခေါင်းသွေးလျှံနေတော့သည်...

အခုလည်းကြည့်လေ ကာတွန်းရုပ်ဝမ်းဆက်လေးနဲ့ တကယ့်ကိုလူကြီးယောင်ဆောင်ထားတဲ့ကလေးလေး.. Strawberry အနံ့ Cream လေးလိမ်းထားတာကြောင့် မွှေးပျံ့သောကိုယ်သင်းရနံ့လေးမှာ နိုးကာစနောက်နေသောခေါင်းတို့ပင်ကြည်သွားရသည်...

ဘေးနားကိုဖွဖွလေးတက်လာပြီး လာလှဲသောကြောင့် ဂျောင်ကုဆက်ပြီးဟန်မဆောင်နိုင်တော့ ကိုယ်သေးသေးလေးအားဆွဲဖက်ကာ ရင်ခွင်ထဲထည့်မိတော့သည်

"အို့ အမေ့ ကု.. ကုကီ "

"ဟမ်..."

"မအိပ်သေးဘူးလား အိပ်နေပြီမှတ်တာ "

ရင်ခွင်ထဲကနေမျက်နှာလေးမော့ကာမေးနေသော ချစ်မဝလေးအားကြည့်ကာအသည်းယားတာကြောင့်ကိုယ်သေးသေးလေးအားဖျစ်ညှစ်မိတော့တအင့်အင့်နဲ့ရုန်းနေတော့သည်..

"အိပ်နေတာပါဗျာ ကျွန်တော့်အသက်ဆီကရတဲ့ကိုယ်သင်းနံ့လေးကြောင့်နိုးလာတာ "

"အာ"

ရှက်သွားတာကြောင့် ပါးဖောင်းဖောင်းလေးမှာ ရဲခနဲ..အသည်းယားစွာ နှာခေါင်းထိပ်ကမှဲ့နက်လေးတည်ရှိရာကို လျှာနဲ့ဖွဖွလေးလျှက်လိုက်တော့

"ကုကီ အဲ့လို မလုပ်နဲ့လေ ပြီးတော့ လွှတ်.. လွှတ်ဦး အသက်ရှူကျပ်တယ် "

"ရှူးး ဒီတိုင်းလေးပဲနေချင်တယ်...မရုန်းစမ်းနဲ့အချစ်ရယ်"

ဂျောင်ကုရဲ့အပြုအမူတွေကြောင့် ထယ်ယောင်းရင်တွေထိန်းမရအောင်ခုန်နေတော့သည်..ဒါဘာလည်း ချစ်သူမှမဟုတ်သေးဘဲ သူ့ကိုဘာတွေလုပ်နေတာလည်း..ခေါ်တာလည်းကြည့်ဦး အသက်တဲ့အချစ်တဲ့ ဒီကောင်လေးဘာဖြစ်နေတာလည်းမသိ..

"အချစ်ကို ကျွန်တော်ပြောစရာရှိတယ်"

ရုန်းလည်းရမှာမဟုတ်တာကြောင့် ဂျောင်ကုရင်ခွင်ကျယ်ကြီးထဲငြိမ်ငြိမ်လေးနေရင်း သူ့ထက်ပင်အသံအကျယ်ကြီးနဲ့ရင်ခုန်နေသော ဂျောင်ကုရင်ခုန်သံတွေအားနားထောင်နေမိရင်း..

"ပြောလေ"

"ဘာလို့ မူးအောင်သောက်နေတာလည်းသိလား "

"ဟင့်အင်း "

ဂျောင်ကု ထယ်ယောင်းရဲ့ဆံနွယ်လေးတွေထဲနှာခေါင်းနဲ့တိုးတိုက်နမ်းရှိုက်ကာ

"မူးနေရင် အချစ်ကိုသတိမရအောင်များလုပ်ပေးနိုင်မလားလို့ နေ့တိုင်းမူးအောင်သောက်တယ်"

ရင်ခွင်ထဲကကောင်လေးက နှုတ်ခမ်းလေးဆူကာ

"အဲ့တော့ မရရော့လား "

"ထင်လို့လား ပိုတောင်သတိရသေးတယ်"

"ဘာလို့ ရှောင်နေခဲ့တာလည်းအာ့ဆို လာစကားပြောပါ့လား လာပြန်အိပ်ပါ့လား ဘယ်သူမှမောင်းမထုတ်ဘူး သူ့ဘာသူထွက်သွားပြီးတော့ "

"ပြန်လာရင် အချစ်ဆီကစိမ်းကားတဲ့စကားတွေကိုကြားနိုင်စွမ်းမှမရှိတာ "

"အာ့ဆို အခုလည်းသောက်ပြီးဘာလို့လာလည်း မလာနဲ့ပေါ့ "

ဂျောင်ကုသူ့အားရန်တွေ့နေသောလူကြီးယောင်ဆောင်ကလေးပေါက်စလေးအားကြည့်ကာ ရင်ထဲကြည်နူးမှုတို့ကြောင့်မျက်နှာကြီးပြုံးအီနေတာမှာ အထင်းသား

"မလာအောင်ကြိုးစားတာပေါ့ဗျာ အရင်ရက်တွေလည်းအရမ်းလာချင်တာ ဒီနေ့ဘယ်လိုဖြစ်တယ်မသိပါဘူး ကားတောင်မောင်းပြီးမပြန်နိုင်လို့ Taxi ငှားစီးလာတာ တိုက်ခန်းရောက်ပြီဆိုပြီးဆင်းတော့မှ အချစ်ရှိတဲ့အိမ်ရှေ့ဖြစ်နေတယ်လေ ကဲ "

ထယ်ယောင်းဘာရယ်မဟုတ် အခုလိုဂျောင်ကုရှင်းပြနေတာလေးတွေနားထောင်ရင်း ပျော်ရွှင်နေမိသည်..

"အချစ် အချစ်နဲ့ ဘယ်သူကမင်းကို ချစ်ပါတယ်ပြောမိလို့လည်း ပိုင်စိုးပိုင်နင်းနဲ့ "

"ဟောဗျာ အဖြေမှမလိုတော့တာ အချစ်အခုလို ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးအဖက်ခံနေတာကိုက ကျွန်တော်အချစ်ကိုပိုင်ပါတယ်လို့ ပြောနေတာပဲလေ "

"ဟာ မင်းနော် "

ထယ်ယောင်းဂျောင်ကုရင်ဘတ်အားထုမိတော့ ဘာလ ည်းမဟုတ်ဘူးလားဆိုတဲ့မျက်နှာပေးနဲ့ ဒီကောင်လေးဟာလေ ထုသတ်ချင်စရာရုပ်ကိုက ..ဒါပေမယ့် ဒီရုပ်လေးကိုပဲကလေးလေးဆိုပြီး သူတို့ခြောက်ယောက်လုံးသည်းသည်းလှုပ်ခဲ့ကြတာမလား ....

"အချစ်ကိုမေးစရာရှိတယ် ယူနာ့အိမ်ကိုဘာလို့ထမင်းစားသွားတာလည်း "

"ဟင် ဘယ်လိုသိ.."

"ကျစ် မေးတာဖြေပါအချစ်ရာ "

"သူဖိတ်လို့လေ "

"ဖိတ်တာနဲ့သွားစရာလား ပြီးတော့အချစ်က ကျွန်တော့်ကိုမခေါ်ချင်ဘူး ကျွန်တော်ပါရင် အချစ်တို့ကြားအနှောက်အယှက်ဖြစ်တယ်လို့ပြောတာဆို ဘာလို့ အဲ့မိန်းမကိုမျက်နှာသာပေးနေရတာလည်း "

"မပြောမိပါဘူးအဲ့လို သူကဇာတ်ကားရိုက်နေကတည်းကဖိတ်နေတာ အကြောင်းပြပြီးရွှေ့ရင်းနဲ့ အခုသူ့အမေပါဖိတ်တော့ငြင်းမကောင်းလို့ တစ်ယောက်တည်းဖိတ်တာပါ ဒါမယ့် ဟိုဆော့ဟျောင်းနဲ့သွားတာသူတို့အိမ်ကို "

ဂျောင်ကုသိလိုက်ပြီ ဒီမိန်းမသက်သက်သူ့ကိုထယ်ယောင်းကိုအထင်လွဲအောင်သွေးထိုးတယ်ဆိုတာ.. ဟား တော်တော် ပလီပလာနိုင်တဲ့မိန်းမပဲ..

ထယ်ယောင်းမျက်နှာမှာရှုပ်ထွေးသွားဟန်ပေါ်နေတဲ့ဂျောင်ကုကိုကြည့်ကာ သူသိချင်နေတဲ့အရာအားမေးလိုက်မိသည်

"အဲ့တာဆို ယူနာ့ကိုအရက်နဲ့ပက်လိုက်တာက ဒီကိစ္စကြောင့်လား "

"အင်း ပါတယ်ဒီကိစ္စလည်း အချစ်ကကွာ ကျွန်တော်ပါလာရင်အနှောင့်အယှက်ဖြစ်တယ်ပြောတော့ စိတ်ကတိုနေရော မူးလည်းမူးနေတာနဲ့ "

"အဲ့တာနဲ့ အဲ့မိန်းမစကားကိုယုံပြီး ပက်လိုက်ရော့လား "

"မဟုတ်ပါဘူး အချစ်ရဲ့ ကျွန်တော်ကအချစ်ကိုချစ်တဲ့သူဆိုတော့ ကျွန်တော့်ကို သောက်ခြောက်လို့မခံချင်အောင်ပြောလို့ပါ "

သူ့စကားအဆုံး မျက်နှာလေးညိုးကာ ရင်ခွင်ထဲဖွက်သွားသော  ချစ်မဝလေးကြောင့် ဂျောင်ကုဘာများဖြစ်သွားလဲဟုစိုးရိမ်ကာ ပျာပျာသလဲမေးဖျားလေးကဆွဲမော့ပြီး

"အချစ် ဘာဖြစ်သွားတာလည်းဟင် စိတ်ညစ်သွားတာလား ကျွန်တော်ကတကယ်ပဲ အချစ်ကိုချစ်မိတော့ Gay သွားလို့လေ "

သူ့နှုတ်ခမ်းလေးတွေအား လက်ချောင်းသွယ်သွယ်လေးနဲ့အလန့်တကြားပိတ်ကာ

"မဟုတ်ပါဘူး ဟျောင်းကြောင့် ကုကီကို အခြောက်လို့အခေါ်ခံလိုက်ရလို့လေ ဝမ်းနည်းလို့ပါ "

"ဝမ်းမနည်းပါနဲ့အချစ်ရယ် တစ်နည်းအားဖြင့်သူပြောတာလည်းဟုတ်တာပဲ ကျွန်တော်ကအချစ်တစ်ယောက်ထဲအတွက် ကွက် Gay နေတာလေ "

ဂျောင်ကုစကားအဆုံးထယ်ယောင်းရင်ထဲဝမ်းနည်းလာမိသည်... ဂျောင်ကုသူ့ကိုချစ်သလောက်သူကဂျောင်ကုလိုသတ္တိမရှိ.. အခုက ယူနာတစ်ယောက်ပဲအဲ့လိုခေါ်သေးတာ သူတို့နှစ်ယောက်တွဲလိုက်ရင် လူပေါင်းများစွာက အဲ့လိုခေါ်ကြတော့မည်..သူအဲ့လိုအဖြစ်မခံနိုင်ပေ...

"ဒါပေမယ့်.. ဟျောင်း မင်းကို ဟိုလိုမချစ်တာ သိ.. သိတယ်မလား အဲ့တာကြောင့် အချစ်လို့ မခေါ်နဲ့နော် မကြိုက်ဘူး "

ဂျောင်ကုရင်ထဲဆစ်ခနဲ သူသိတာပဲ ဒီကိုပြန်လာပြီး ဒီလူသားနဲ့စကားပြောမိရင် ဒီလိုတွေရင်နာရမှာသူသိပြီးသားပဲ..ဒီလူသားရဲ့နှုတ်ခမ်းလေးကထွက်ကျလာတဲ့စကားလုံးတွေဟာ သူ့ကိုပျော်ရွှင်နိုင်စေသလို စိတ်ဓာတ်တွေကျကာမျှော်လင့်ချက်မဲ့တဲ့လူတစ်ယောက်လို ခံစားရစေနိုင်သည်အထိအစွမ်းကုန်ပြုစားထားလေသည်..

"အင်းပါ မကြိုက်ရင် မခေါ်တော့ပါဘူး ဟျောင်း "

ပြောရင်းနဲ့ ဖက်ထားသောကိုယ်လေးအားလွှတ်ပေးကာ ကျောပေးအိပ်လိုက်မိတော့သည်...

ထယ်ယောင်းလည်းဝမ်းနည်းစွာကျောခိုင်းထားမိရင်း

"တောင်းပန်ပါတယ် ဟျောင်းကြောင့် မင်းထပ်ပြီးစကားတွေနဲ့အစော်ကားခံရလို့မဖြစ်ဘူး ကောင်လေး"

.............

Continue Reading

You'll Also Like

38.6K 2.7K 72
ဖတ်ကြည့်နော်😉😉
286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
62.2K 8.4K 33
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
44.7K 3.2K 19
#Jeon Jungkook& Kim taehyung #Park jimin & Min Yoongi