Buddy [Completed]

By Hayzel_Minn

28.3K 2.9K 388

Kim Seokjin X OC We are so close yet so far.... More

1
2
3
4
5
6
7
8
10
Final
Extra
Advertisement

9

1.7K 225 11
By Hayzel_Minn

Zawgyi

"သက္သာသြားၿပီးလား ဂ်ဴဝန္း"

"ဟုတ္ကဲ့ ဆန္းေဘး ေတာ္ေတာ္သက္သာသြားပါၿပီ"

"ကိုယ့္ဆီကေနအျပန္ျဖစ္သြားတာဆိုေတာ့ ေတာ္ေတာ္စိတ္ပူ
သြားတာ.....ေတာ္ပါေသးတယ္ သက္သာေနၿပီဆိုလို႔"

ပန္းစည္းရယ္ အသီးျခင္းရယ္ကိုလက္ေဆာင္အျဖစ္ယူလာၿပီး
လူနာသတင္းလာေမးတဲ့သူကိုဂ်ဴဝန္းသာမက ဂ်ဴဝန္းအေမက
ပါလိႈက္လိႈက္လွဲလွဲႀကိဳဆိုၿပီးစကားေျပာၾကသည္။

မႀကိဳဆိုသူတစ္ဦးကေတာ့အခန္းေထာင့္ကေနလက္ပိုက္ရင္း
ဆူပုတ္ကာ မ်က္ေထာင့္နီႀကီးနဲ႔စိုက္ၾကည့္ေနတဲ့ေဆာ့ဂ်င္ပါ
ေလ။ဒါေပမဲ့ သားအမိႏွစ္ေယာက္လံုးကထယ္ေယာင္းနဲ႔ ေရ
ပက္မဝင္စကားေျပာေနၾကတာမို႔ သူ႔ကိုသတိမထားမိၾကေပ။

"ဒါဆိုေအးေဆးစကားေျပာၾကဦးေနာ္ မာမားသမီးစားဖို႔တစ္
ခုခုသြားဝယ္လိုက္ဦးမယ္"

"ဟုတ္ကဲ့ အန္တီ ဂ႐ုစိုက္ၿပီးသြားပါ"

ထယ္ေယာင္းကဂ်ဴဝန္းရဲ႕အေမျဖစ္သူကိုအ႐ိုအေသးေပးရင္း
ႏႈတ္ဆက္သည္။မစၥစ္ယူ စိတ္ထဲမွာလည္းဒီေကာင္ေလးဟာ
ေတာ္လည္းေတာ္ ယဥ္ေက်းၿပီးေဖာ္ေရြတတ္တဲ့လူငယ္တစ္
ေယာက္ဟုေတြးမိကာ သေဘာေခြ႔ေနသည္။

မားထြက္သြားတာကိုၾကည့္ရင္းအခန္းတံခါးနားမွာရပ္ၾကည့္
ေနတဲ့ေဆာ့ဂ်င္ကိုသူမေတြ႔သည္။ဘာရပ္လုပ္ေနမွန္းမသိ
တကယ္ကိုသတိမထားမိခဲ့ဘူး။

"ေဆာ့ဂ်င္ ခဏေလာက္အျပင္ထြက္ေပးလို႔ရမလား ငါတို႔
စကားေျပာမလို႔"

"မရဘူး...."

ဂ်ဴဝန္းရဲ႕စကားကိုတံုးတိျဖတ္ကာ ေဆာ့ဂ်င္ျငင္းသည္။

"နင္ဧည့္သည့္႐ွိေနတာကိုအားမနာတတ္ဘူးလား??"

"မနာတတ္ဘူး...မားကသူအျပင္သြားရင္နင့္ကိုေသခ်ာၾကည့္
ဖို႔မွာထားတယ္ ေနလည္းေသခ်ာျပန္မေကာင္းေသးပဲနဲ႔"

"ဒါေတာ့စိတ္မပူနဲ႔ငါ့ညီ ကိုယ္ဂ်ဴဝန္းကိုအစားၾကည့္ေပးပါမယ္
မင္းသြားလို႔ရတယ္"

ဒီတစ္ခါေတာ့ ႏွစ္ေယာက္သားေျပာသမ်ွကိုဘာမွဝင္မေျပာပဲ
ၾကည့္ေနတဲ့ထယ္ေယာင္းကဝင္ေျပာလို႔လာေတာ့သည္။သူမပါလို႔မျဖစ္ေတာ့ဘူးေလ။ေဆာ့ဂ်င္ဆိုတဲ့တစ္ေယာက္က
တစ္ဖက္သတ္ႀကီးျငင္းေနသလိုပဲမို႔။

ထယ္ေယာင္းေျပာၿပီးတဲ့ေနာက္မွာေတာ့ ​ေဆာ့ဂ်င္လည္းဘာမွထပ္မေျပာေတာ့ပဲအျပင္ဘက္ကိုထြက္သြားေတာ့သည္။

ဒုန္း💥

တံခါးကိုေဆာင့္ပိတ္လိုက္တဲ့ေဆာ့ဂ်င္ေၾကာင့္ ဂ်ဴဝန္းမွာသူ႔
ရဲ႕အေ႐ွ႕မွာ႐ွိတဲ့ထယ္ေယာင္းကိုအားနာမိေတာ့သည္။

"အားနာလိုက္တာ သူကနည္းနည္း အဲ့လိုပဲမို႔လို႔"

"ရပါတယ္...ဂ်ဴဝန္းသူငယ္ခ်င္းပဲဟာ ကိုယ္နားလည္ပါတယ္
သူ႔သူငယ္ခ်င္းကို သူစိမ္းနဲ႔စိတ္ပူလို႔ျဖစ္တာေနမွာပါ"

ရယ္သံေႏွာၿပီးေျပာလာတဲ့စကားေတြကို ဂ်ဴဝန္းအျပံဳးတစ္ခုနဲ႔
သာတံု႔ျပန္လိုက္သည္။သူမနဲ႔ေဆာ့ဂ်င္ဆက္ဆံေရးကျပန္စဖို႔
မျဖစ္ႏိုင္ဘူးဆိုေပမယ့္ အခ်ိန္တိုင္းျငင္းမေနခ်င္ေတာ့လို႔သာ
ျဖစ္သည္။

.

.

.

"ဝန္း...ငါတို႔ငယ္ငယ္တုန္းကalbumေလး မာမားျပလို႔ယူ
လာတာ တူတူၾကည့္ၾကမလား"

ဂ်ဴဝန္းေဆးရံုကဆင္းကတည္းက ေဆာ့ဂ်င္ဟာသူမတို႔အိမ္
ဘက္ကိုအေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ေရာက္လာေလ့႐ွိသည္။
မနက္ပိုင္းတိုင္းမွာလဲ ေဆာ့ဂ်င္မာမားရဲ႕တိုက္တြန္းမႈေၾကာင့္
သူေက်ာင္းသြားတာနဲ႔တစ္ခါတည္းဂ်ဴဝန္းကိုပါေခၚသြာခိုင္းတာ
ေၾကာင့္ မျငင္းသာေတာ့တာမို႔လိုက္ရသည္။

အခုလည္းသူမဘာမွျပန္ေျပာတာကိုေတာင္ စားၾကည့္စားပြဲခံု
ေဘးကကုတင္ေျခရင္းမွာ အက်အနထိုင္ရင္း album ကို
ဖြင့္လို႔လာေတာ့သည္။

ဝင္ခ်င္တိုင္းဝင္လာေနတာမ်ား သူမ်ားprivacy ကိုလည္း
နားမလည္ဘူး တကယ္ပဲ။

"ဒါကေမြးကင္းစတုန္းကထင္တယ္ ဟားဟား ဝန္း နင္ကနီရဲ
ေနတာပဲဟဲ့ ငါ့မ်က္လံုးကလည္းျပဴးေနတာပဲၾကည့္ဦး"

စာလုပ္ေနရင္းအသံက်ယ္က်ယ္စကားေတြေျပာရင္း ထရယ္
ေတာ့ လူကအာရံုမရေတာ့ေပ။ဘယ္လိုထြက္သြားေအာင္
လုပ္ရမလဲဆိုတာကိုပင္စိတ္ထဲကေတြးမိေနသည္။

"ဒီအခ်ိန္တုန္းကလမ္းေလ်ွာက္တတ္ေနၿပီထင္တယ္ ငါ့ပါးကုိကုပ္ဆြဲထားတာၾကည့္ဦး နင္ငယ္ငယ္ကေတာ္ေတာ္ဆိုးတာပဲ ဝန္း ဟိုအရင္ကလည္းငါ့ပါးကိုကိုက္လိုက္လို႔ဖ်ားသြားေသးတယ္ေလ မွတ္မိလား"

ကိုယ္ဘက္ကလည္းဘာမွျပန္မေျဖေပမဲ့ သူတစ္ေယာက္ထဲ
ေျပာလိုက္ ရယ္လိုက္နဲ႔ဓာတ္ပံုေတြျပန္ၾကည့္လို႔ေနသည္။
ဓာတ္ပံုအေဟာင္းေတြကိုျပန္မၾကည့္ျဖစ္တာလည္းၾကာၿပီမို႔
အနည္းငယ္စိတ္ဝင္စားမိေပမယ့္ အတူတူသြားၿပီးမၾကည့္ခ်င္
တာေၾကာင့္ ေျပာေနတာေတြကိုပဲမသိမသာနားေထာင္ေနမိ
သည္။

"ဒါက မူႀကိဳတတ္တုန္းကထင္တယ္ အေ႐ွ႕ကဆံပင္ဆံၿမိတ္
ကရယ္စရာႀကီး ကစားကြင္းသြားတဲ့ပံုလည္း႐ွိတယ္...အမ်ား
ႀကီးေလ်ွာက္သြားထားၾကတာပဲ အလယ္တန္းေရာက္သြားႁပီ
ထင္တယ္ ဒီဟာက"

".........."

"နင္ၾကည့္ဦးမလား ဒီပံုက--"

"မၾကည့္ဘူး!"

ဘုတ္💥

ဘုတ္ခနဲျပဳတ္က်သြားတဲ့ album ေၾကာင့္ သူမအားနာမိ
သြားသည္။တမင္သက္သက္လုပ္လိုက္တာမဟုတ္ေပမယ့္
ျပဳတ္က်သြားလိမ့္မယ္လို႔မထင္ခဲ့ပါ။

"ဟင္း~"

သူ႔သက္ျပင္းခ်သံေၾကာင့္ ကိုယ့္မွာလည္းဘာျပန္ေျပာလို႔ေျပာ
ရမွန္းကိုမသိ။

"ဒီဓာတ္ပံုက ငါတို႔ႏွစ္ေယာက္ေနာက္ဆံုး႐ိုက္ခဲ့တာျဖစ္မယ္
ေနာ္"

ကိုယ္ၾကည့္မိေတာ့ မ်က္ႏွာခ်င္းဆိုင္ႏွစ္ကန္႔တြဲဓာတ္ပံုထည့္
တဲ့အကြက္ေလးေတြမွာ အဲ့တစ္ပံုကလြဲရင္ က်န္တဲ့သံုးေနရာ
ကလြတ္လို႔ေနသည္။

ေသခ်ာမွတ္မိပါေသးသည္။ဟာဂြၽန္းဖြင့္ေျပာတဲ့ကိစၥ မာမားတို႔ကိုတိုင္ေျပာမွာဆိုးလို႔ ေက်ာင္းကအျပန္ေတာ့ပိုကီဝယ္ေကြၽးရတာ။ၿပီးေတာ့ မတည္ႏိုင္တဲ့စကားေတြေျပာသြားခဲ့တာ..

"နင္ငါ့ကိုမေျပာပဲရည္းစားမထားနဲ႔...ၾကားလား??"

"ဘာဆိုင္လို႔ေျပာရမွာလဲ??"

"ဆိုင္တာေပါ့ ဝန္း...နင္နဲ႔ငါကအဆိုင္ဆံုးပဲေလ"

"အဖ်ားပိုးကဦးေႏွာက္ထဲဝင္ေနၿပီထင္တယ္ ေပါက္ကရေတြပါးစပ္ကထြက္လာၿပီ--ဟဲ့!!"

ေနာက္ေတာ့သူပဲ အရင္ဆံုးကိုယ့္ကိုခ်န္ထားခဲ့ၿပီးေတာ့။

"ဘာလို႔အဲ့အခ်ိန္က မဟုတ္တဲ့အေတြးေတြဝင္ၿပီး ဘာေတြ
ေျပာခဲ့မွန္းမသိဘူးေနာ္ နင္မ႐ွိရင္အဆင္မေျပဘူးဆိုတာကို
ငါသိရဲ႕သားနဲ႔..."

သူေျပာတဲ့အဲ့အခ်ိန္ဆိုတာက သူမတို႔ဆက္ဆံေရးကိုေနာက္
ဆံုးပဆံုးသတ္ခဲ့တဲ့အခ်ိန္ျဖစ္မည္။မဟုတ္တဲ့အေတြးေတြလို႔
ေျပာတာပဲ ကုိယ္မ႐ွိရဂ္လည္းအဆင္မေျပဘူးတဲ့။

"ဝန္း? နင္ငိုေနတယ္?"

"ဟင္?"

မ်က္နွာေပၚကစိုစြတ္တဲ့အထိအေတြ႔ေၾကာင့္ ကုိယ္မ်က္ရည္
က်ေနတယ္ဆိုတာကိုသိလိုက္သည္။သိူု႔ေသာ္ လက္လွမ္းဖို႔လုပ္လိုက္တဲ့အခ်ိန္မွာတင္ ႏူးညံတဲ့လက္ေခ်ာင္း႐ွည္႐ွည္ေတြက
ေနရာယူလို႔လာေတာ့သည္။

"မငိုပါနဲ႔ ငါအမ်ားႀကီးေတာင္းပန္ပါတယ္"

သူမေဆာ့ဂ်င္ကမ်က္ရည္ေတြဖြဖြသုတ္ေပးေနသည္ကိုမတြန္း
ထုတ္မိပဲ မလႈပ္မယွက္ပဲျကည့္ေနမိသည္။သူမကေရာဘာလို႔
မ်က္ရည္က်မိသြားတာလဲ??

"ငါ့ကိုခြင့္လႊတ္ေပးမလား ဝန္း ေနာက္တစ္ႀကိမ္နင့္ရဲ႕ဂ်င္ဂ်င္
ျပန္ျဖစ္ခ်င္လို႔ပါဟာ ေနာ္?"

သူမနဲ႔ထပ္တူေဆာ့ဂ်င္ရဲ႕မ်က္ဝန္းေတြမွာလည္း စိုစြတ္လို႔ေန
သည္။အခ်ိန္ေတြၾကါသြားတာေတာင္ သူမေနာက္တစ္ႀကိမ္
ဆံုးျဖတ္ခ်က္ခ်ဖို႔ကိူ မဝံမရဲျဖစ္ေနေသးသည္။

အကယ္၍

အကယ္၍မ်ား

ေနာက္တစ္ႀကိမ္ထပ္ၿပီးခ်န္ထားခဲ့ရင္ဆိုတဲ့အေတြးကိုေတြးမိ
ရင္ေတာင္ သူမခံစားရလြန္းလို႔ ထပ္ၿပီးေတာ့ ထပ္ၿပီးေတာ့...

"ငါလည္းေတာင္းပန္တယ္ ေနာက္တစ္ေခါက္ဆိုတာထပ္ၿပီး
မျဖစ္ႏိုင္ေတာ့လို႔ ငါ့အတြက္လံုေလာက္ေအာင္ခံစားခဲ့ရၿပီးၿပီ"

"........."

"ငါအဆင္ေျပေနတယ္လို႔ညာခဲ့တယ္ ငါတကယ္ျဖစ္ခဲ့တာကို
အသိဆံုးပဲမို႔ ေနာက္တစ္ေခါက္ထပ္ၿပီး---"

"နင့္ကိုေနာက္တစ္ေခါက္ထပ္ၿပီးဒီလိုလုပ္ဖို႔ဆိုတာမ႐ွိေတာ့
ဘူးဝန္းရယ္ ငါ့ကိုယံုေပးပါေနာ္ မွားခဲ့တယ္ဆိုတာကိုငါသိပါ
တယ္..."

ဒီတစ္ႀကိမ္မွာေတာ့ ေဆာ့ဂ်င္ဟာဂ်ဴဝန္းရဲ႕လက္ေတြကိုခပ္
တင္းတင္းဆုပ္ရင္းမ်က္ရည္ေတြက်ေနခဲ့သည္။

သူ႔အတြက္ေနာက္တစ္ေယာက္ထပ္မ႐ွိနိုင္ေတာ့မယ့္အရာရာကိုလက္လႊတ္လိုက္ရမွာကိုသိေနသလိုမ်ိဳး နာက်င္ေနခဲ့သည္။

လႊတ္ခ်လိုက္ရင္ေတာင္ သူ႔ဘက္ကျပန္ဆုပ္ကိုင္ထားမယ္ဆို
တဲ့ေမ်ွာ္လင့္ခ်က္နဲ႔သူမကိုၾကည့္မိသည္။သို႔ေသာ္

"ဟင့္အင္း....ငါမယံုခ်င္ေတာ့ဘူး"

သူ႔လက္ေတြကိုျဖည္ခ်ရင္းထြက္သြားတဲ့ဝန္းကိုၾကည့္ရင္းေတြး
မိလာသည္။ဘယ္ကစၿပီး ငါတို႔ေတြလြဲခဲ့ၾကတာလဲ???

တကယ္တမ္းဆြဲထားဖို႔ေတြးခဲ့တာေတာင္
ငါ့မွာျပန္ဆုပ္ကိုင္ႏိုင္ခြင့္ေတြမ႐ွိခဲ့.....

~~~~~~~~~~~

"ယြန္းဂီ...ဆိုအင္းက ငါဝန္းနဲ႔သူငယ္ခ်င္းျဖစ္ေနတာကိုမႀကိဳက္ဘူးထင္တယ္ ျဖစ္ႏိုင္ရင္သူနဲ႔အတူ႐ွိေနတာကိုမ်ိဳးကုိမျမင္ခ်င္ဘူးတဲ့...."

"ဟင္း...မိန္းကေလးသူငယ္ခ်င္းနဲ႔ခ်စ္သူၾကားမွာဒီလိုေတြ႐ွိ
လာမယ္လို႔ငါထင္သားပဲ ဒီလိုအခ်ိန္ၾကရင္အထင္လြဲတာေတြ
ျဖစ္ၿပီးတစ္ေယာက္ေယာက္နဲ႔အဆံုးသတ္သြားလိမ့္မယ္ ဂ်င္"

ပံုမွန္ဆိုသူေျပာတာေတြကိုသိပ္ၿပီးအၾကံေပးေလ့မ႐ွိတဲ့
ယြန္းဂီဟာ ဒီတစ္ခါမွာေတာ့ေလးေလးနက္နက္စကားေတြကို
ေျပာလို႔လာသည္။

"ၿပီးေတာ့ ငါေျပာတာဘယ္သူမွမေျပာနဲ႔ေနာ္ ဆိုအင္းကငါ့ကို
ဂ်ဴဝန္းေၾကာင့္အေျဖမေပးတာတဲ့ သူနဲ႔ငါကအရမ္းတတြဲတြဲ
ျဖစ္လြန္းေတာ့ ငါသူ႔ကိုေပါ့ပ်က္ပ်က္ပဲသေဘာထားတယ္လို႔
ထင္ခဲ့တာတဲ့ အဲ့ဒါေၾကာင့္ငါတို႔ၾကားကဆက္ဆံေရးကိုအဆင္
ေျပခ်င္ဆိုရင္ ဝန္းနဲ႔ခင္တာကိုရပ္လိုက္ေတာ့ဖို႔ေျပာတယ္"

"အဲ့ေတာ့??"

"ဆိုအင္းအတြက္ဆိုရင္ေတာ့ ငါ ဝန္းနဲ႔ခင္တာကိုရပ္လိုက္ရင္
ေကာင္းမယ့္လို႔ထင္တယ္ကြာ သူ႔ေနရာမွာဆိုရင္ကိုယ့္ေကာင္
ေလးကတျခားမိန္းကေလးတစ္ေယာက္နဲ႔တတြဲတြဲျဖစ္ေနတာ
မ်ိဳးကိုႀကိဳက္မွာမဟုတ္ဘူးေလ..."

"အဟင့္~"

"ေခ်ာက္💢"

"ဘာသံလဲ? ယြန္းဂီမင္းတံခါးပိတ္ခဲ့တယ္မလား??"

"ပိတ္ခဲ့တယ္ေလ ဘာသံၾကားလို႔လဲ?"

"ဟင့္အင္း အသံၾကားလိုက္သလိုပဲမို႔"

ရိႉက္သံတိုးတိုးနဲ႔အတူ တံခါးေလာ့ခ္ပိတ္တဲ့အသံၾကားလိုက္
တာမို႔ႏွစ္ေယာက္လံုးအာရံုေရာက္သြားေပမယ့္ ခဏအၾကာမွာပဲ ေျပာလက္စစကားေတြကိုဆက္ျဖစ္ၾကသည္။

တကယ္တမ္း ဂ်ဴဝန္းကေဆာ့ဂ်င္အားကစားအခ်ိန္မွာေလ့က်င့္ေနတာသိလို႔ အခ်ိဳရည္ဘူးနဲ႔ေရာက္ခ်လာၿပီးၾကားခဲ့ရတာေတြေၾကာင့္ ငိုၿပီးလွည့္ထြက္သြားခဲ့တာကိုသတိမထားမိခဲ့ၾက
ေပ။

"ေျပာစရာ႐ွိတာဆက္ေျပာစမ္းပါကြာ"

"အင္း...ငါ့အတြက္ဆိုရင္ေတာ့ဝန္းနဲ႔ခင္တာကိုမရပ္ပစ္ခ်င္
ဘူး..ဒီလိုအေတြးမ်ိဳးကိုတစ္ခါမွေတာင္မေတြးဖူးဘူး"

"ဆိုအင္းကိုမဟုတ္ပဲယူဂ်ဴဝန္းကိုမ်ားႀကိဳက္ေနတာလား
ေဆာ့ဂ်င္ရယ္ မင္းဆိုအင္းကိုတကယ္ခ်စ္ရင္တျခားဘာမွ
ထပ္ၿပီးေတြေဝေနစရာမလိုဘူးေလ~"

"မဟုတ္ဘူး!!ငါ့အတြက္ဝန္းလိုသူငယ္ခ်င္းမ်ိဳးေနာက္တစ္ေယာက္ထပ္မ႐ွိဘူး ယြန္းဂီ ဆိုအင္းနဲ႔တြဲရဖို႔အတြက္ ဝန္းနဲ႔
ဆက္ဆံေရးကိုဖ်က္လိုက္ဖို႔အထိငါမ႐ူးေသးဘူး"

"အဲ့ဒါဆို ဆိုအင္းနဲ႔ဖ်က္မွာလားေျပာ"

"ငါမသိဘူး ယြန္းဂီ တစ္ခုခုကငါ့အတြက္ေသခ်ာေနေပမယ့္
ဘာလဲဆိုတာကိုငါစဥ္းစားလို႔မရေတာ့ဘူး..."

"ေသခ်ာစဥ္းစားၾကည့္ေပါ့ ငါေတာ့မင္းအတြက္ဘယ္ဟာကပို
ေသခ်ာေနတယ္ဆိုတာကိုခံစားမိသလိုပဲ ဒါေပမဲ့မင္းကိုယ္
တိုင္ေသခ်ာဖို႔လိုတယ္ ေဆာ့ဂ်င္"

ဂ်ဴဝန္းတစ္ပိုင္းတစ္စၾကားၿပီးငိုေနခဲ့တာကိုလည္း ေဆာ့ဂ်င္
ဟာ အခ်ိန္ေတြၾကာတဲ့အထိလံုးဝမသိခဲ့ပါဘူးတဲ့....

Tbc

ၾကားထဲမွာကိစၥေလးေတြ႐ႈပ္သြားလို႔ update ေနာက္က်
သြားတဲ့အတြက္အားနာမိပါတယ္။

စေရးတည္းက အပိုင္းနည္းနည္းနဲ့အဆံုးသတ္ဖို့လုပ္ထားတာကိုေျပာျပဖူးပါတယ္ေနာ္။Final ကိုအျမန္ဆံုးေရးၿပီးတင္ေပးမွာမို႔လို႔ ေမ်ွာ္ေနေပးၾကပါဦး႐ွင္💜💜

Unicode

"သက်သာသွားပြီးလား ဂျူဝန်း"

"ဟုတ်ကဲ့ ဆန်းဘေး တော်တော်သက်သာသွားပါပြီ"

"ကိုယ့်ဆီကနေအပြန်ဖြစ်သွားတာဆိုတော့ တော်တော်စိတ်ပူ
သြားတာ.....တော်ပါသေးတယ် သက်သာနေပြီဆိုလို့"

ပန်းစည်းရယ် အသီးခြင်းရယ်ကိုလက်ဆောင်အဖြစ်ယူလာပြီး
လူနာသတင်းလာမေးတဲ့သူကိုဂျူဝန်းသာမက ဂျူဝန်းအမေက
ပါလှိုက်လှိုက်လှဲလှဲကြိုဆိုပြီးစကားပြောကြသည်။

မကြိုဆိုသူတစ်ဦးကတော့အခန်းထောင့်ကနေလက်ပိုက်ရင်း
ဆူပုတ္ကာ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတဲ့ဆော့ဂျင်ပါ
လေ။ဒါပေမဲ့ သားအမိနှစ်ယောက်လုံးကထယ်ယောင်းနဲ့ ရေ
ပက်မဝင်စကားပြောနေကြတာမို့ သူ့ကိုသတိမထားမိကြပေ။

"ဒါဆိုအေးဆေးစကားပြောကြဦးနော် မာမားသမီးစားဖို့တစ်
ခုခုသွားဝယ်လိုက်ဦးမယ်"

"ဟုတ်ကဲ့ အန္တီ ဂရုစိုက်ပြီးသွားပါ"

ထယ်ယောင်းကဂျူဝန်းရဲ့အမေဖြစ်သူကိုအရိုအသေးပေးရင်း
နှုတ်ဆက်သည်။မစ္စစ်ယူ စိတ်ထဲမှာလည်းဒီကောင်လေးဟာတော်လည်းတော် ယဉ်ကျေးပြီးဖော်ရွေတတ်တဲ့လူငယ်တစ်ယောက်ဟုတွေးမိကာ သဘောခွေ့နေသည်။

မားထွက်သွားတာကိုကြည့်ရင်းအခန်းတံခါးနားမှာရပ်ကြည့်
နေတဲ့ဆော့ဂျင်ကိုသူမတွေ့သည်။ဘာရပ်လုပ်နေမှန်းမသိ
တကယ္ကိုသတိမထားမိခဲ့ဘူး။

"ဆော့ဂျင် ခဏလောက်အပြင်ထွက်ပေးလို့ရမလား ငါတို့
စကားပြောမလို့"

"မရဘူး...."

ဂျူဝန်းရဲ့စကားကိုတုံးတိဖြတ်ကာ ဆော့ဂျင်ငြင်းသည်။

"နင်ဧည့်သည့်ရှိနေတာကိုအားမနာတတ်ဘူးလား??"

"မနာတတ္ဘူး...မားကသူအပြင်သွားရင်နင့်ကိုသေချာကြည့်
ဖို့မှာထားတယ် နေလည်းသေချာပြန်မကောင်းသေးပဲနဲ့"

"ဒါတော့စိတ်မပူနဲ့ငါ့ညီ ကိုယ်ဂျူဝန်းကိုအစားကြည့်ပေးပါမယ်မင်းသွားလို့ရတယ်"

ဒီတစ်ခါတော့ နှစ်ယောက်သားပြောသမျှကိုဘာမှဝင်မပြောပဲကြည့်နေတဲ့ထယ်ယောင်းကဝင်ပြောလို့လာတော့သည်။သူမပါလို့မဖြစ်တော့ဘူးလေ။ဆော့ဂျင်ဆိုတဲ့တစ်ယောက်က
တစ်ဖက်သတ်ကြီးငြင်းနေသလိုပဲမို့။

ထယ်ယောင်းပြောပြီးတဲ့နောက်မှာတော့ ဆော့ဂျင်လည်းဘာမှထပ်မပြောတော့ပဲအပြင်ဘက်ကိုထွက်သွားတော့သည်။

ဒုန်း💥

တံခါးကိုဆောင့်ပိတ်လိုက်တဲ့ဆော့ဂျင်ကြောင့် ဂျူဝန်းမှာသူ့
ရဲ့အရှေ့မှာရှိတဲ့ထယ်ယောင်းကိုအားနာမိတော့သည်။

"အားနာလိုက္တာ သူကနည်းနည်း အဲ့လိုပဲမို့လို့"

"ရပါတယ်...ဂျူဝန်းသူငယ်ချင်းပဲဟာ ကိုယ်နားလည်ပါတယ်
သူ့သူငယ်ချင်းကို သူစိမ်းနဲ့စိတ်ပူလို့ဖြစ်တာနေမှာပါ"

ရယ်သံနှောပြီးပြောလာတဲ့စကားတွေကို ဂျူဝန်းအပြုံးတစ်ခုနဲ့
သာတုံ့ပြန်လိုက်သည်။သူမနဲ့ဆော့ဂျင်ဆက်ဆံရေးကပြန်စဖို့
မဖြစ်နိုင်ဘူးဆိုပေမယ့် အချိန်တိုင်းငြင်းမနေချင်တော့လို့သာ
ဖြစ်သည်။

.

.

.

"ဝန်း...ငါတို့ငယ်ငယ်တုန်းကalbumလေး မာမားပြလို့ယူ
လာတာ တူတူကြည့်ကြမလား"

ဂျူဝန်းဆေးရုံကဆင်းကတည်းက ဆော့ဂျင်ဟာသူမတို့အိမ်
ဘက်ကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ရောက်လာလေ့ရှိသည်။
မနက်ပိုင်းတိုင်းမှာလဲ ဆော့ဂျင်မာမားရဲ့တိုက်တွန်းမှုကြောင့်သူကျောင်းသွားတာနဲ့တစ်ခါတည်းဂျူဝန်းကိုပါခေါ်သွာခိုင်းတာကြောင့် မငြင်းသာတော့တာမို့လိုက်ရသည်။

အခုလည်းသူမဘာမှပြန်ပြောတာကိုတောင် စားကြည့်စားပွဲခုံ
ဘေးကကုတင်ခြေရင်းမှာ အကျအနထိုင်ရင်း album ကို
ဖွင့်လို့လာတော့သည်။

ဝင်ချင်တိုင်းဝင်လာနေတာများ သူမ်ားprivacy ကိုလည်း
နားမလည်ဘူး တကယ်ပဲ။

"ဒါကမွေးကင်းစတုန်းကထင်တယ် ဟားဟား ဝန်း နင်ကနီရဲနေတာပဲဟဲ့ ငါ့မျက်လုံးကလည်းပြူးနေတာပဲကြည့်ဦး"

စာလုပ်နေရင်းအသံကျယ်ကျယ်စကားတွေပြောရင်း ထရယ်
တော့ လူကအာရုံမရတော့ပေ။ဘယ်လိုထွက်သွားအောင်
လုပ်ရမလဲဆိုတာကိုပင်စိတ်ထဲကတွေးမိနေသည်။

"ဒီအချိန်တုန်းကလမ်းလျှောက်တတ်နေပြီထင်တယ် ငါ့ပါးကိုကုပ်ဆွဲထားတာကြည့်ဦး နင်ငယ်ငယ်ကတော်တော်ဆိုးတာပဲ ဝန်း ဟိုအရင်ကလည်းငါ့ပါးကိုကိုက်လိုက်လို့ဖျားသွားသေးတယ်လေ မှတ်မိလား"

ကိုယ်ဘက်ကလည်းဘာမှပြန်မဖြေပေမဲ့ သူတစ်ယောက်ထဲ
ပြောလိုက် ရယ်လိုက်နဲ့ဓာတ်ပုံတွေပြန်ကြည့်လို့နေသည်။
ဓာတ်ပုံအဟောင်းတွေကိုပြန်မကြည့်ဖြစ်တာလည်းကြာပြီမို့
အနည်းငယ်စိတ်ဝင်စားမိပေမယ့် အတူတူသွားပြီးမကြည့်ချင်
တာကြောင့် ပြောနေတာတွေကိုပဲမသိမသာနားထောင်နေမိ
သည်။

"ဒါက မူကြိုတတ်တုန်းကထင်တယ် အရှေ့ကဆံပင်ဆံမြိတ်
ကရယ်စရာကြီး ကစားကွင်းသွားတဲ့ပုံလည်းရှိတယ်...အမ်ား
ကြီးလျှောက်သွားထားကြတာပဲ အလယ်တန်းရောက်သွားပြီထင်တယ် ဒီဟာက"

".........."

"နင်ကြည့်ဦးမလား ဒီပုံက--"

"မကြည့်ဘူး!"

ဘုတ်

ဘုတ်ခနဲပြုတ်ကျသွားတဲ့ album ကြောင့် သူမအားနာမိ
သွားသည်။တမင်သက်သက်လုပ်လိုက်တာမဟုတ်ပေမယ့်
ပြုတ်ကျသွားလိမ့်မယ်လို့မထင်ခဲ့ပါ။

"ဟင်း~"

သူ့သက်ပြင်းချသံကြောင့် ကိုယ့်မှာလည်းဘာပြန်ပြောလို့ပြော
ရမှန်းကိုမသိ။

"ဒီဓာတ်ပုံက ငါတို့နှစ်ယောက်နောက်ဆုံးရိုက်ခဲ့တာဖြစ်မယ်
နော်"

ကိုယ်ကြည့်မိတော့ မျက်နှာချင်းဆိုင်နှစ်ကန့်တွဲဓာတ်ပုံထည့်တဲ့အကွက်လေးတွေမှာ အဲ့တစ်ပုံကလွဲရင် ကျန်တဲ့သုံးနေရာကလွတ်လို့နေသည်။

သေချာမှတ်မိပါသေးသည်။ဟာဂျွန်းဖွင့်ပြောတဲ့ကိစ္စ မာမားတို့ကိုတိုင်ပြောမှာဆိုးလို့ ကျောင်းကအပြန်တော့ပိုကီဝယ်ကျွေးရတာ။ပြီးတော့ မတည်နိုင်တဲ့စကားတွေပြောသွားခဲ့တာ..

"နင်ငါ့ကိုမပြောပဲရည်းစားမထားနဲ့...ကြားလား??"

"ဘာဆိုင်လို့ပြောရမှာလဲ??"

"ဆိုင်တာပေါ့ ဝန်း...နင်နဲ့ငါကအဆိုင်ဆုံးပဲလေ"

"အဖျားပိုးကဦးနှောက်ထဲဝင်နေပြီထင်တယ် ပေါက်ကရတွေပါးစပ်ကထွက်လာပြီ--ဟဲ့!!"

နောက်တော့သူပဲ အရင်ဆုံးကိုယ့်ကိုချန်ထားခဲ့ပြီးတော့။

"ဘာလို့အဲ့အချိန်က မဟုတ်တဲ့အတွေးတွေဝင်ပြီး ဘာတွေ
ပြောခဲ့မှန်းမသိဘူးနော် နင်မရှိရင်အဆင်မပြေဘူးဆိုတာကို
ငါသိရဲ့သားနဲ့..."

သူပြောတဲ့အဲ့အချိန်ဆိုတာက သူမတို့ဆက်ဆံရေးကိုနောက်
ဆုံးပဆုံးသတ်ခဲ့တဲ့အချိန်ဖြစ်မည်။မဟုတ်တဲ့အတွေးတွေလို့
ပြောတာပဲ ကိုယ်မရှိရဂ်လည်းအဆင်မပြေဘူးတဲ့။

"ဝန်း? နင်ငိုနေတယ်?"

"ဟင်?"

မျက်နှာပေါ်ကစိုစွတ်တဲ့အထိအတွေ့ကြောင့် ကိုယ်မျက်ရည်
ကျနေတယ်ဆိုတာကိုသိလိုက်သည်။သိူု့သော် လက်လှမ်းဖို့လုပ်လိုက်တဲ့အချိန်မှာတင် နူးညံတဲ့လက်ချောင်းရှည်ရှည်တွေကနေရာယူလို့လာတော့သည်။

"မငိုပါနဲ့ ငါအများကြီးတောင်းပန်ပါတယ်"

သူမဆော့ဂျင်ကမျက်ရည်တွေဖွဖွသုတ်ပေးနေသည်ကိုမတွန်းထုတ်မိပဲ မလှုပ်မယှက်ပဲကြည့်နေမိသည်။သူမကရောဘာလို့မျက်ရည်ကျမိသွားတာလဲ??

"ငါ့ကိုခွင့်လွှတ်ပေးမလား ဝန်း နောက်တစ်ကြိမ်နင့်ရဲ့ဂျင်ဂျင်ပြန်ဖြစ်ချင်လို့ပါဟာ နော်?"

သူမနဲ့ထပ်တူဆော့ဂျင်ရဲ့မျက်ဝန်းတွေမှာလည်း စိုစွတ်လို့နေသည်။အချိန်တွေကြါသွားတာတောင် သူမနောက်တစ်ကြိမ်ဆုံးဖြတ်ချက်ချဖို့ကိူ မဝံမရဲဖြစ်နေသေးသည်။

အကယ်၍

အကယ်၍များ

နောက်တစ်ကြိမ်ထပ်ပြီးချန်ထားခဲ့ရင်ဆိုတဲ့အတွေးကိုတွေးမိ
ရင်တောင် သူမခံစားရလွန်းလို့ ထပ်ပြီးတော့ ထပ်ပြီးတော့...

"ငါလည်းတောင်းပန်တယ် နောက်တစ်ခေါက်ဆိုတာထပ်ပြီး
မဖြစ်နိုင်တော့လို့ ငါ့အတွက်လုံလောက်အောင်ခံစားခဲ့ရပြီးပြီ"

"........."

"ငါအဆင်ပြေနေတယ်လို့ညာခဲ့တယ် ငါတကယ်ဖြစ်ခဲ့တာကို
အသိဆုံးပဲမို့ နောက်တစ်ခေါက်ထပ်ပြီး---"

"နင့်ကိုနောက်တစ်ခေါက်ထပ်ပြီးဒီလိုလုပ်ဖို့ဆိုတာမရှိတော့
ဘူးဝန်းရယ် ငါ့ကိုယုံပေးပါနော် မွားခဲ့တယ္ဆိုတာကိုငါသိပါ
တယ်..."

ဒီတစ်ကြိမ်မှာတော့ ဆော့ဂျင်ဟာဂျူဝန်းရဲ့လက်တွေကိုခပ်
တင်းတင်းဆုပ်ရင်းမျက်ရည်တွေကျနေခဲ့သည်။

သူ့အတွက်နောက်တစ်ယောက်ထပ်မရှိနိုင်တော့မယ့်အရာရာကိုလက်လွှတ်လိုက်ရမှာကိုသိနေသလိုမျိုး နာကျင်နေခဲ့သည်။

လွှတ်ချလိုက်ရင်တောင် သူ့ဘက်ကပြန်ဆုပ်ကိုင်ထားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့သူမကိုကြည့်မိသည်။သို့သော်

"ဟင့်အင်း....ငါမယုံချင်တော့ဘူး"

သူ့လက်တွေကိုဖြည်ချရင်းထွက်သွားတဲ့ဝန်းကိုကြည့်ရင်းတွေးမိလာသည်။ဘယ်ကစပြီး ငါတို့တွေလွဲခဲ့ကြတာလဲ???

တကယ်တမ်းဆွဲထားဖို့တွေးခဲ့တာတောင်
ငါ့မှာပြန်ဆုပ်ကိုင်နိုင်ခွင့်တွေမရှိခဲ့.....

~~~~~~~~~~~

"ယွန်းဂီ...ဆိုအင်းက ငါဝန်းနဲ့သူငယ်ချင်းဖြစ်နေတာကိုမကြိုက်ဘူးထင်တယ် ဖြစ်နိုင်ရင်သူနဲ့အတူရှိနေတာကိုမျိုးကိုမမြင်ချင်ဘူးတဲ့...."

"ဟင်း...မိန်းကလေးသူငယ်ချင်းနဲ့ချစ်သူကြားမှာဒီလိုတွေရှိ
လာမယ်လို့ငါထင်သားပဲ ဒီလိုအချိန်ကြရင်အထင်လွဲတာတွေ
ဖြစ်ပြီးတစ်ယောက်ယောက်နဲ့အဆုံးသတ်သွားလိမ့်မယ် ဂျင်"

ပုံမှန်ဆိုသူပြောတာတွေကိုသိပ်ပြီးအကြံပေးလေ့မရှိတဲ့
ယွန်းဂီဟာ ဒီတစ်ခါမှာတော့လေးလေးနက်နက်စကားတွေကိုပြောလို့လာသည်။

"ပြီးတော့ ငါပြောတာဘယ်သူမှမပြောနဲ့နော် ဆိုအင်းကငါ့ကို
ဂျူဝန်းကြောင့်အဖြေမပေးတာတဲ့ သူနဲ့ငါကအရမ်းတတွဲတွဲ
ဖြစ်လွန်းတော့ ငါသူ့ကိုပေါ့ပျက်ပျက်ပဲသဘောထားတယ်လို့
ထင်ခဲ့တာတဲ့ အဲ့ဒါကြောင့်ငါတို့ကြားကဆက်ဆံရေးကိုအဆင်
ပြေချင်ဆိုရင် ဝန်းနဲ့ခင်တာကိုရပ်လိုက်တော့ဖို့ပြောတယ်"

"အဲ့တော့??"

"ဆိုအင်းအတွက်ဆိုရင်တော့ ငါ ဝန်းနဲ့ခင်တာကိုရပ်လိုက်ရင်ကောင်းမယ့်လို့ထင်တယ်ကွာ သူ့နေရာမှာဆိုရင်ကိုယ့်ကောင်လေးကတခြားမိန်းကလေးတစ်ယောက်နဲ့တတွဲတွဲဖြစ်နေတာမျိုးကိုကြိုက်မှာမဟုတ်ဘူးလေ..."

"အဟင့်~"

"ချောက်💢"

"ဘာသံလဲ? ယွန်းဂီမင်းတံခါးပိတ်ခဲ့တယ်မလား??"

"ပိတ်ခဲ့တယ်လေ ဘာသံကြားလို့လဲ?"

"ဟင့်အင်း အသံကြားလိုက်သလိုပဲမို့"

ရှိူက်သံတိုးတိုးနဲ့အတူ တံခါးလော့ခ်ပိတ်တဲ့အသံကြားလိုက်
တာမို့နှစ်ယောက်လုံးအာရုံရောက်သွားပေမယ့် ခဏအကြာမှာပဲ ပြောလက်စစကားတွေကိုဆက်ဖြစ်ကြသည်။

တကယ်တမ်း ဂျူဝန်းကဆော့ဂျင်အားကစားအချိန်မှာလေ့ကျင့်နေတာသိလို့ အချိုရည်ဘူးနဲ့ရောက်ချလာပြီးကြားခဲ့ရတာတွေကြောင့် ငိုပြီးလှည့်ထွက်သွားခဲ့တာကိုသတိမထားမိခဲ့ကြပေ။

"ပြောစရာရှိတာဆက်ပြောစမ်းပါကွာ"

"အင်း...ငါ့အတွက်ဆိုရင်တော့ဝန်းနဲ့ခင်တာကိုမရပ်ပစ်ချင်
ဘူး..ဒီလိုအတွေးမျိုးကိုတစ်ခါမှတောင်မတွေးဖူးဘူး"

"ဆိုအင်းကိုမဟုတ်ပဲယူဂျူဝန်းကိုများကြိုက်နေတာလား
ဆော့ဂျင်ရယ် မင်းဆိုအင်းကိုတကယ်ချစ်ရင်တခြားဘာမှ
ထပ်ပြီးတွေဝေနေစရာမလိုဘူးလေ~"

"မဟုတ္ဘူး!!ငါ့အတွက်ဝန်းလိုသူငယ်ချင်းမျိုးနောက်တစ်ယောက်ထပ်မရှိဘူး ယွန်းဂီ ဆိုအင်းနဲ့တွဲရဖို့အတွက် ဝန်းနဲ့
ဆက်ဆံရေးကိုဖျက်လိုက်ဖို့အထိငါမရူးသေးဘူး"

"အဲ့ဒါဆို ဆိုအင်းနဲ့ဖျက်မှာလားပြော"

"ငါမသိဘူး ယွန်းဂီ တစ်ခုခုကငါ့အတွက်သေချာနေပေမယ့်
ဘာလဲဆိုတာကိုငါစဉ်းစားလို့မရတော့ဘူး..."

"သေချာစဉ်းစားကြည့်ပေါ့ ငါတော့မင်းအတွက်ဘယ်ဟာကပို
သေချာနေတယ်ဆိုတာကိုခံစားမိသလိုပဲ ဒါပေမဲ့မင်းကိုယ်
တိုင်သေချာဖို့လိုတယ် ဆော့ဂျင်"

ဂျူဝန်းတစ်ပိုင်းတစ်စကြားပြီးငိုနေခဲ့တာကိုလည်း ဆော့ဂျင်
ဟာ အချိန်တွေကြာတဲ့အထိလုံးဝမသိခဲ့ပါဘူးတဲ့....

Tbc

ကြားထဲမှာကိစ္စလေးတွေရှုပ်သွားလို့ update နောက်ကျသွားတဲ့အတွက်အားနာမိပါတယ်။

စရေးတည်းက အပိုင်းနည်းနည်းနဲ့အဆုံးသတ်ဖို့လုပ်ထားတာကိုပြောပြဖူးပါတယ်နော်။Final ကိုအမြန်ဆုံးရေးပြီးတင်ပေးမှာမို့လို့ မျှော်နေပေးကြပါဦးရှင်💜💜







Continue Reading

You'll Also Like

118K 11.1K 28
α€žα€­α€•α€Ία€α€»α€…α€Ία€α€²α€·α€™α€­α€•α€«α€žα€Šα€Ία‹ α€žα€­α€―α€·α€žα€±α€¬α€Ί... ________________ α€žα€­α€•α€Ήα€α€Ία€…α€Ήα€α€²α€·α€™α€­α€•α€«α€žα€Šα€Ήα‹ α€žα€­α€―α‚”α€±α€žα€¬α€Ή... A Jeon Jungkook FanFiction. Cremie's first completed fiction. Apri...
644 59 6
**Completed** α€α€€α€šα€Ία€•α€«...α€žα€°α€™α€‘α€•α€±α€«α€Ία€€α€­α€― ထဖြူစင်ဆုဢးထချစ်နဲ့ α€α€»α€…α€Ία€α€šα€Ία€†α€­α€―α€α€¬ α€α€€α€šα€Ία€•α€«.. α€˜α€±α€Έα€œα€°α€α€½α€±α€€α€α€±α€¬α€· α€α€Άα€…α€¬α€Έα€™α€­α€•α€«α€œα€­α€™α€·α€Ία€™α€šα€Ί.. ဒါပေမဲ့ α€žα€°α€™α€α€±α€¬α€· α€™α€žα€­α€α€²α€·α€•α€«... α€™α€Ÿα€―α€α€Ία€˜α€°α€Έ...
11K 223 15
one shot book 2 all one shots here are mine enjoy! β™₯︎ #3 in hawksilver (5/17/22) #1 in hawksilver (2/21/23) β˜† Β© -junmyeons
714K 26.3K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! πŸ˜‚πŸ’œ my first fanfic...