(Unicode)
"မနက်ကလန့်သွားလား သက်လည်"
ကိတ်မုန့်ကို cream သုတ်ကာ အလှဆင်နေသော ခွန်နှောင်းကို သူသေချာလိုက်ကြည့်နေမိသည်။ ငိုထားပါသည်။ မျက်လုံးကလေးများ မို့အစ်လျက်။
"သက်လည်"
"ကိတ်မုန့်လုပ်နေတယ်"
အသံက ခြောက်အက်အက်ကွဲနေစွာ။
"သက်လည် စိတ်ဆိုးသွားသလား"
"ဟင့်အင်း"
"နှုတ်ခမ်းကို ကိုက်မထားနဲ့လေကွာ"
ဖြည်းညင်းစွာပင် ခွန်နှောင်း၏ အောက်နှုတ်ခမ်းကို ဖယ်တော့ မျက်ရည်ဝိုင်းနေသော မြင်လွှာများက သူ့ကို မော့ကြည့်လေ၏။
"ကျွန်တော်က အဲ့လောက်တန်သလား"
"ပိုလို့ သာလို့"
"လူကြီးတော့ သားမိုက်ဖြစ်တော့မှာပဲ"
"ရွေးချယ်ခွင့်မှမရှိတာပဲလေ၊ သားလိမ္မာလုပ်ပြီးပြီမို့ ယောကျ်ားကောင်း ခင်ပွန်းကောင်း လုပ်ချင်မိပါရဲ့၊ ပြီးတော့ သက်လည်ပဲ တွေးကြည့်၊ ကိုယ်ကဖျောင်းဖျမယ်ဆိုပြီး နေခဲ့မယ်ပဲထား၊ မယ်မယ်ဘုရားက သက်လည်ဆီကို ကိုယ့်ကို ပြန်လွှတ်မယ်ထင်သလား"
" .... "
"အိမ်မှာရှိတဲ့ သေနတ်စာ ဓါးစာ အကုန် ကိုယ်မိသွားနိုင်ရဲ့"
"နောင်တမရမှာ သေချာလား"
"ရချင်ရင်ဖြင့် သက်လည်ကို မှတ်မိကတည်းက ဟင့်အင်း ကျွန်တော် ဘာမှမသိဘူး ဘူးခံငြင်းမှာပေါ့"
"လူကြီးက သတ္တိရှိသလောက် ကျွန်တော်က ဖွင့်တောင် မပြောရသေးဘူး"
"မငိုနဲ့၊ ဒီတစ်ခါ ကိုယ့်အလှည့်၊ အသက်ထက်ဆုံး မြတ်နိုးသွားဖို့က ကိုယ့်အလှည့်"
သာတယ် နာတယ်ရယ်လို့မျှ အချစ်တွင်မရှိပဲ။ သာတယ် နာတယ် တွက်ရအောင်လည်း အချစ်က လောင်းကြေးစားကြေးမဟုတ်ပါပဲနဲ့။ ထိုညက သက်လည်နှင့်အတူတူထိုင်ကာ အချိန်ဖြုန်းခဲ့သေးသည်။
ကောင်းကင်ကြီးကို ကြည့်လျက်။ ကြယ်တွေကို ငေးလျက်။ အတူတူဖြတ်သန်းရမည့် နေ့ရက်တိုင်းကို တွေးလျက်။
အရာအားလုံးနီးပါး စွန့်လွှတ်လိုက်သူမလို့ ဆုံးရှုံးစရာ သိပ်ရှိမနေပါ။ ဖက်တွယ်ထားစရာမရှိသည့်အချိန်တွင်တောင် စဝ်စံဦးသာ တစ်ယောက်တည်းကို မော့ကြည့်ကာ ရှင်သန် သေဆုံးသွားခဲ့ရသည် သျှန်ခွန်နှောင်းတောင် ရှိခဲ့သေးသည်မို့ ဒီလောက်ကတော့ အသေးအဖွဲပင် မှု၍လည်း မနေတော့ပါ။
လက်ထဲတွင်တော့ အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာ ဖြတ်ပိုင်းလေးရှိနေလေသည်။ ဤသို့လုပ်လိုက်ခြင်းဖြင့် သက်လည်ကို သူကာကွယ်နိုင်ပေ၏။ အရင်ဘဝနှင့် မတူညီသော ဇာတ်လမ်းအဆုံး၌ ပျော်ရွှင်စွာ နေသွားကြလေသတည်းဟူသော စာတမ်းကလေးကို စဝ်စံဦးသာကရေးထိုးပါမည်။
~~~~~~~
မိုးလင်းလင်းချင်း မြည်လာသော ဖုန်းသံက သူ့ကို "ထလော့ ထလော့" ဟုနှိုးပါသည်။ Contact ကို ကြည့်လိုက်တော့ ကြီးကြီး။
"Hello ! ကြီးကြီး"
အိပ်မှုန်စုပ်ဖွားနှင့်ထပြီးကြည့်လိုက်တော့ ဘေးတွင် စဝ်စံဦးသာမရှိတော့ပါ။ အရှေ့ဘက် မီးဖိုချောင် corner မှ အသံများကြားနေရသောကြောင့် မနက်စာပြင်နေသည်ဖြစ်မည်။
"သားငယ်လေး၊ သားငယ်လေး ပြည်မှာမဟုတ်ဘူးမလား"
"ဗျာ"
"နိုးပြီလား သက်လည်"
ဗြုန်းစားကြီး အိပ်ခန်းထဲဝင်ကာ လာမေးသော စဝ်စံဦးသာကြောင့် လန့်သွားရသည်။ ထို့ပြင် ကြည်လင်ပြတ်သားသော စဝ်စံဦးသာ၏ အသံကလေလှိုင်းထဲမှတဆင့် ကြီးကြီးနားထဲသို့ ရောက်သွားလေပြီ။
"သားငယ်လေး"
"ဗျာ ဟုတ် ကြီးကြီး"
"အိမ်ပြန်လာတော့၊ သားဖေဖေတို့ ရန်ကုန်ရောက်နေတယ်၊ ရွှေတိဂုံဘုရားမှာ တွေ့လိုက်တယ်တဲ့"
တစ်နေ့နေ့တော့ ကြုံတွေ့လာရမည့် ကိစ္စရပ်ဖြစ်သည်။ သို့သော် သူခိုးလူမိသလိုခံစားချက်မျိုးနှင့်တော့ လက်တွဲဖော်အိမ်ထောင်ဖက်ကို အိမ်အရောက် မခေါ်သွားချင်သေးပါ။ ဤသည်က တစ်ဖက်လူကို အားနားစရာကောင်းလှသည်မလား။
"ဟုတ် ပြန်လာခဲ့ပါ့မယ်"
ဖုန်းချကာ စဝ်စံဦးသာဘက်လှည့်တော့ ထိုသူက သူ့အား ကြောင်ကြည့်နေလေသည်။
"ကိုယ်ဖုန်းပြောနေတာ မသိလိုက်ဘူး"
"အင်း"
"အိမ်ကလား ကြားသွားသေးသလား"
"အင်း လူကြီး ဒီနေ့ခွင့်ပြည့်ပြီမလား၊ ဆေးခန်းသွားထိုင်၊ ကျွန်တော် အိမ်ခဏပြန်ရမယ်"
"တူတူအိမ်ပြန်ရအောင်"
"ဟင့်အင်း၊ လူကြီးကအလုပ်သွား၊ ဒါ ကျွန်တော်ဖြေရှင်းလို့ရတယ်၊ ညနေ အလုပ်ဆင်းတဲ့အချိန်တော့ ကျွန်တော့်အိမ်လာခဲ့ ဟုတ်ပြီလား"
"သက်လည် အဆင်ပြေပါ့မလား"
"ပြေအောင်လုပ်ရမှာပေါ့၊ ပြီးတော့ လူကြီးတောင် အဆင်ပြေသေးတာ၊ ကျွန်တော်လည်း ယောကျ်ား၊ ကြောက်နေစရာမလိုတော့ပါဘူး"
မိခင်ဖခင်က ဂုဏ်ဒြပ်မက်မောသောသူများမဟုတ်ကြောင်း သျှန်ခွန်နှောင်းသိပါသည်။ အလွန်ဆုံး စိတ်ဆိုးရုံပဲမို့ သူကရော အဘယ်ကြောင့် အသိမပေးနိုင်အံ့နည်း။
ရဲရင့်မှဖြစ်မည့်လမ်းတွင် ရဲရင့်စွာလျှောက်ရမည်။ စွန့်စားမှဖြစ်မည့်နေရာတွင် ရဲရင့်စွာနေရမည်။ ထိုမှသာ ပန်းတိုင်သို့ရောက်မည်။ ခွန်နှောင်း၏ ဖခင်က ဤသို့ သင်ကြားပေးခဲ့ပါသည်။
~~~~~~~~
"သားငယ်က ဖေဖေတို့ကိုတောင် လိမ်တတ်နေပြီပဲ"
အိမ်ပြန်ရောက်ရောက်ချင်း ခြံဝတွင် ဖေဖေက ဆီးကြိုကာ ပြောသည်။ ဒေါသထွက်နေခြင်း အလျဉ်းမရှိ။ အရာအားလုံးက ခပ်အေးအေးပင်။
"အဲ့လိုမျိုးတော့ မဟုတ်ပါဘူး ဖေဖေ"
"လာ .. ဖေ့ဆီ၊ အိမ်ထဲမှာတော့ သားမေမေက သွေးတက်နေလေရဲ့"
"ဟုတ်ကဲ့"
ဖေဖေထိုင်နေသော ဒါန်းနားသို့ သွားကာထိုင်ချလိုက်တော့ ဖေဖေက ပြုံးကာ ကြည့်နေလေ၏။ သူကဖြင့် အနေခက်စွာပင် လက်နှစ်ဖက်ကို ပွတ်ချေလျက်။
"ဖေဖေတို့ ဘယ်လိုဖြစ်လို့ ပြန်လာကြတာလဲ"
"သားမေမေ ခွင့်ရက်ရတာနဲ့ ပြန်လာတာ၊ ရောက်ရောက်ချင်း ရွှေတိဂုံဘုရားကို ဦးတိုက်မယ်ဆိုပြီးအတက် စောင်းတန်းမှာ သားကိုတွေ့တာပဲ"
"အာ .. ဟုတ်"
"သားကြီးကြီးပြောတုန်းက သားပြည်ဘက်သွားတယ်တဲ့၊ အခုကျသားက ဘုရားပေါ်ရောက်နေတယ်၊ ပြီးတော့ ပြုံးလို့ ရွှင်လို့၊ အစကတော့ ဖေဖေတို့လည်း မတွေးမိပါဘူး၊ ဒါပေမယ့်လိမ်ပြီး ထွက်တယ်ဆိုကတည်းက သားတို့က မရိုးလို့ပေါ့"
"ဖေဖေတို့ကို သားပြောစရာရှိ"
"ခဏ ခဏလေး၊ အဲ့ကောင်လေး သားနဲ့ တူတူရှိနေတဲ့ကောင်လေးက သားတက္ကသိုလ်တက်တုန်းက အိမ်ကိုလာလည်နေကျ ကောင်လေးမလား၊ သားရဲ့ စီနီယာ ?"
"ဟုတ်ကဲ့"
"သူ့ကြောင့် သားသိပ်ပျော်သလား ?"
အလေးအနက်ထား၍ မေးနေသည့်ဟန်ပေါ်သော ဖေဖေ၏ မျက်နှာရိပ်မျက်နှာကဲက ဒီသားဖြစ်သူ၏ ဆုံးဖြတ်ချက်ကို မှန်သည်မှာသည် မပြင်ပေးပဲ ဘာကြောင့် ဤသို့ ဆုံးဖြတ်လိုက်သည်ကို ရှင်းပြစေချင်သော သဘောသာရှိ၏။
"ဟုတ်ကဲ့၊ သူက သားကို ပျော်စေတယ်ဖေဖေ၊ လွန်ခဲ့တဲ့ နှစ်တွေကနေစလို့ အခုအချိန်အထိ"
"အသိုင်းအဝိုင်းဆိုတဲ့အရာက ဝိုင်းပြောလာခဲ့ရရင်ရော"
"ကျွန်တော့်ကြောင့် သူ့မိသားစုကနေပါထွက်လာတဲ့ သူရယ်ပါ၊ ထပ်ပြီး ပြောစရာလူရှိပါဦးမလား"
"မိုက်မဲလိုက်ကြတာကွယ်"
ခေတ္တမျှ ငြိမ်သက်သွားသော အချိန်နောက်တွင် ဖေဖေ၏ သက်ပြင်းချသံကသာ ကြီးစိုးလေသည်။
"သားမေမေနဲ့ ဖေဖေက အချစ်ဆိုတာကို ဂုဏ်ဒြပ်တွေနဲ့ မသတ်မှတ်ခဲ့ဘူး သားရ၊ ကိုယ့်ကို ပျော်အောင် လုပ်ပေးနိုင်ရင် အချစ်ပဲ"
"သား တောင်းပန်ပါတယ်"
"တောင်းပန်စရာ ဘာရှိမလဲ၊ ဖေဖေတို့က ရှေးရိုးစွဲတွေလည်း မဟုတ်ပဲ သားရယ်၊ သားမေမေကတော့ အခု စိတ်မကောင်းဖြစ်နေတယ်၊ သားတက္ကသိုလ်တက်တုန်းက မိန်းကလေးရည်းစား ခေါ်မလာကတည်းက သားရဲ့ လိင်စိတ်ခံယူချက်ကို မေးခဲ့ရမှာဆိုပြီး"
"သား .. ဖေဖေတို့ စိတ်ပျက်သွားမယ်ထင်တာ"
"သားရယ် ကဲ အခုဖေဖေတို့က ကန့်ကွက်ပါပြီတဲ့၊ သားရော အဲ့ကောင်လေးရော ပျော်မတဲ့လား၊ မပျော်တော့ ဖေဖေတို့ကရော စိတ်ချမ်းသာနိုင်မလား"
"ကျေးဇူးတင်ပါတယ် ဖေဖေ"
"အဆုံးစွန်ထိ သားသမီးကို support လုပ်ပေးရမှာ မိဘတာဝန်ပါပဲ၊ သားဆိုးသမီးဆိုးပေမယ့် ပစ်ရိုးထုံးစံမရှိဘူးလေ၊ ပြီးတော့ ဖေ့သားက သားဆိုးမှ မဟုတ်တာ"
ဖေဖေ၏ ထိန်းကျောင်းသွန်သင်မှုက သျှန်ခွန်နှောင်း၏ အေးဆေးရာ စိတ်အစဉ်ကို အမြဲထိန်းပေးပါသည်။ ဤသို့သော မိဘမျိုးနှင့် တွေ့ဆုံရသည်မှာ သူကံကောင်းပါ၏။ လူကြီးသည်လည်း သူ့မိဘများနှင့် အဆင်ပြေပြေ အနေရမခက်ပဲ ကျန်ရှိနေသည့်ဘဝတစ်လျှောက်ဖြတ်သန်းနိုင်လျှင် မည်မျှကောင်းပါအံ့နည်း။
သို့သော်လည်း ကိစ္စတော့မရှိ ..
လူကြီးလိုအပ်နေသော မေတ္တာကို သူက ပို၍ တိုးပေးမည်။ လူကြီးကိုသာ ပို၍ ချစ်ပေးမည်။ လူကြီးကိုသာ အသက်ထက်ဆုံး လက်တွဲသွားချင်ပါသည်။
~~~~~~
(Next part will be final !)
(Zaw Gyi)
"မနက္ကလန္႔သြားလား သက္လည္"
ကိတ္မုန္႔ကို cream သုတ္ကာ အလွဆင္ေနေသာ ခြန္ေႏွာင္းကို သူေသခ်ာလိုက္ၾကည့္ေနမိသည္။ ငိုထားပါသည္။ မ်က္လုံးကေလးမ်ား မို႔အစ္လ်က္။
"သက္လည္"
"ကိတ္မုန္႔လုပ္ေနတယ္"
အသံက ေျခာက္အက္အက္ကြဲေနစြာ။
"သက္လည္ စိတ္ဆိုးသြားသလား"
"ဟင့္အင္း"
"ႏႈတ္ခမ္းကို ကိုက္မထားနဲ႔ေလကြာ"
ျဖည္းညင္းစြာပင္ ခြန္ေႏွာင္း၏ ေအာက္ႏႈတ္ခမ္းကို ဖယ္ေတာ့ မ်က္ရည္ဝိုင္းေနေသာ ျမင္လႊာမ်ားက သူ႔ကို ေမာ့ၾကည့္ေလ၏။
"ကြၽန္ေတာ္က အဲ့ေလာက္တန္သလား"
"ပိုလို႔ သာလို႔"
"လူႀကီးေတာ့ သားမိုက္ျဖစ္ေတာ့မွာပဲ"
"ေ႐ြးခ်ယ္ခြင့္မွမရွိတာပဲေလ၊ သားလိမၼာလုပ္ၿပီးၿပီမို႔ ေယာက်္ားေကာင္း ခင္ပြန္းေကာင္း လုပ္ခ်င္မိပါရဲ႕၊ ၿပီးေတာ့ သက္လည္ပဲ ေတြးၾကည့္၊ ကိုယ္ကေဖ်ာင္းဖ်မယ္ဆိုၿပီး ေနခဲ့မယ္ပဲထား၊ မယ္မယ္ဘုရားက သက္လည္ဆီကို ကိုယ့္ကို ျပန္လႊတ္မယ္ထင္သလား"
" .... "
"အိမ္မွာရွိတဲ့ ေသနတ္စာ ဓါးစာ အကုန္ ကိုယ္မိသြားႏိုင္ရဲ႕"
"ေနာင္တမရမွာ ေသခ်ာလား"
"ရခ်င္ရင္ျဖင့္ သက္လည္ကို မွတ္မိကတည္းက ဟင့္အင္း ကြၽန္ေတာ္ ဘာမွမသိဘူး ဘူးခံျငင္းမွာေပါ့"
"လူႀကီးက သတၱိရွိသေလာက္ ကြၽန္ေတာ္က ဖြင့္ေတာင္ မေျပာရေသးဘူး"
"မငိုနဲ႔၊ ဒီတစ္ခါ ကိုယ့္အလွည့္၊ အသက္ထက္ဆုံး ျမတ္ႏိုးသြားဖို႔က ကိုယ့္အလွည့္"
သာတယ္ နာတယ္ရယ္လို႔မွ် အခ်စ္တြင္မရွိပဲ။ သာတယ္ နာတယ္ တြက္ရေအာင္လည္း အခ်စ္က ေလာင္းေၾကးစားေၾကးမဟုတ္ပါပဲနဲ႔။ ထိုညက သက္လည္ႏွင့္အတူတူထိုင္ကာ အခ်ိန္ျဖဳန္းခဲ့ေသးသည္။
ေကာင္းကင္ႀကီးကို ၾကည့္လ်က္။ ၾကယ္ေတြကို ေငးလ်က္။ အတူတူျဖတ္သန္းရမည့္ ေန႔ရက္တိုင္းကို ေတြးလ်က္။
အရာအားလုံးနီးပါး စြန္႔လႊတ္လိုက္သူမလို႔ ဆုံးရႈံးစရာ သိပ္ရွိမေနပါ။ ဖက္တြယ္ထားစရာမရွိသည့္အခ်ိန္တြင္ေတာင္ စဝ္စံဦးသာ တစ္ေယာက္တည္းကို ေမာ့ၾကည့္ကာ ရွင္သန္ ေသဆုံးသြားခဲ့ရသည္ သွ်န္ခြန္ေႏွာင္းေတာင္ ရွိခဲ့ေသးသည္မို႔ ဒီေလာက္ကေတာ့ အေသးအဖြဲပင္ မႈ၍လည္း မေနေတာ့ပါ။
လက္ထဲတြင္ေတာ့ အေမြျပတ္စြန္႔လႊတ္ေၾကာင္း သတင္းစာ ျဖတ္ပိုင္းေလးရွိေနေလသည္။ ဤသို႔လုပ္လိုက္ျခင္းျဖင့္ သက္လည္ကို သူကာကြယ္ႏိုင္ေပ၏။ အရင္ဘဝႏွင့္ မတူညီေသာ ဇာတ္လမ္းအဆုံး၌ ေပ်ာ္႐ႊင္စြာ ေနသြားၾကေလသတည္းဟူေသာ စာတမ္းကေလးကို စဝ္စံဦးသာကေရးထိုးပါမည္။
~~~~~~~
မိုးလင္းလင္းခ်င္း ျမည္လာေသာ ဖုန္းသံက သူ႔ကို "ထေလာ့ ထေလာ့" ဟုႏႈိးပါသည္။ Contact ကို ၾကည့္လိုက္ေတာ့ ႀကီးႀကီး။
"Hello ! ႀကီးႀကီး"
အိပ္မႈန္စုပ္ဖြားႏွင့္ထၿပီးၾကည့္လိုက္ေတာ့ ေဘးတြင္ စဝ္စံဦးသာမရွိေတာ့ပါ။ အေရွ႕ဘက္ မီးဖိုေခ်ာင္ corner မွ အသံမ်ားၾကားေနရေသာေၾကာင့္ မနက္စာျပင္ေနသည္ျဖစ္မည္။
"သားငယ္ေလး၊ သားငယ္ေလး ျပည္မွာမဟုတ္ဘူးမလား"
"ဗ်ာ"
"ႏိုးၿပီလား သက္လည္"
ျဗဳန္းစားႀကီး အိပ္ခန္းထဲဝင္ကာ လာေမးေသာ စဝ္စံဦးသာေၾကာင့္ လန္႔သြားရသည္။ ထို႔ျပင္ ၾကည္လင္ျပတ္သားေသာ စဝ္စံဦးသာ၏ အသံကေလလႈိင္းထဲမွတဆင့္ ႀကီးႀကီးနားထဲသို႔ ေရာက္သြားေလၿပီ။
"သားငယ္ေလး"
"ဗ်ာ ဟုတ္ ႀကီးႀကီး"
"အိမ္ျပန္လာေတာ့၊ သားေဖေဖတို႔ ရန္ကုန္ေရာက္ေနတယ္၊ ေ႐ႊတိဂုံဘုရားမွာ ေတြ႕လိုက္တယ္တဲ့"
တစ္ေန႔ေန႔ေတာ့ ႀကဳံေတြ႕လာရမည့္ ကိစၥရပ္ျဖစ္သည္။ သို႔ေသာ္ သူခိုးလူမိသလိုခံစားခ်က္မ်ိဳးႏွင့္ေတာ့ လက္တြဲေဖာ္အိမ္ေထာင္ဖက္ကို အိမ္အေရာက္ မေခၚသြားခ်င္ေသးပါ။ ဤသည္က တစ္ဖက္လူကို အားနားစရာေကာင္းလွသည္မလား။
"ဟုတ္ ျပန္လာခဲ့ပါ့မယ္"
ဖုန္းခ်ကာ စဝ္စံဦးသာဘက္လွည့္ေတာ့ ထိုသူက သူ႔အား ေၾကာင္ၾကည့္ေနေလသည္။
"ကိုယ္ဖုန္းေျပာေနတာ မသိလိုက္ဘူး"
"အင္း"
"အိမ္ကလား ၾကားသြားေသးသလား"
"အင္း လူႀကီး ဒီေန႔ခြင့္ျပည့္ၿပီမလား၊ ေဆးခန္းသြားထိုင္၊ ကြၽန္ေတာ္ အိမ္ခဏျပန္ရမယ္"
"တူတူအိမ္ျပန္ရေအာင္"
"ဟင့္အင္း၊ လူႀကီးကအလုပ္သြား၊ ဒါ ကြၽန္ေတာ္ေျဖရွင္းလို႔ရတယ္၊ ညေန အလုပ္ဆင္းတဲ့အခ်ိန္ေတာ့ ကြၽန္ေတာ့္အိမ္လာခဲ့ ဟုတ္ၿပီလား"
"သက္လည္ အဆင္ေျပပါ့မလား"
"ေျပေအာင္လုပ္ရမွာေပါ့၊ ၿပီးေတာ့ လူႀကီးေတာင္ အဆင္ေျပေသးတာ၊ ကြၽန္ေတာ္လည္း ေယာက်္ား၊ ေၾကာက္ေနစရာမလိုေတာ့ပါဘူး"
မိခင္ဖခင္က ဂုဏ္ျဒပ္မက္ေမာေသာသူမ်ားမဟုတ္ေၾကာင္း သွ်န္ခြန္ေႏွာင္းသိပါသည္။ အလြန္ဆုံး စိတ္ဆိုး႐ုံပဲမို႔ သူကေရာ အဘယ္ေၾကာင့္ အသိမေပးႏိုင္အံ့နည္း။
ရဲရင့္မွျဖစ္မည့္လမ္းတြင္ ရဲရင့္စြာေလွ်ာက္ရမည္။ စြန္႔စားမွျဖစ္မည့္ေနရာတြင္ ရဲရင့္စြာေနရမည္။ ထိုမွသာ ပန္းတိုင္သို႔ေရာက္မည္။ ခြန္ေႏွာင္း၏ ဖခင္က ဤသို႔ သင္ၾကားေပးခဲ့ပါသည္။
~~~~~~~~
"သားငယ္က ေဖေဖတို႔ကိုေတာင္ လိမ္တတ္ေနၿပီပဲ"
အိမ္ျပန္ေရာက္ေရာက္ခ်င္း ၿခံဝတြင္ ေဖေဖက ဆီးႀကိဳကာ ေျပာသည္။ ေဒါသထြက္ေနျခင္း အလ်ဥ္းမရွိ။ အရာအားလုံးက ခပ္ေအးေအးပင္။
"အဲ့လိုမ်ိဳးေတာ့ မဟုတ္ပါဘူး ေဖေဖ"
"လာ .. ေဖ့ဆီ၊ အိမ္ထဲမွာေတာ့ သားေမေမက ေသြးတက္ေနေလရဲ႕"
"ဟုတ္ကဲ့"
ေဖေဖထိုင္ေနေသာ ဒါန္းနားသို႔ သြားကာထိုင္ခ်လိုက္ေတာ့ ေဖေဖက ၿပဳံးကာ ၾကည့္ေနေလ၏။ သူကျဖင့္ အေနခက္စြာပင္ လက္ႏွစ္ဖက္ကို ပြတ္ေခ်လ်က္။
"ေဖေဖတို႔ ဘယ္လိုျဖစ္လို႔ ျပန္လာၾကတာလဲ"
"သားေမေမ ခြင့္ရက္ရတာနဲ႔ ျပန္လာတာ၊ ေရာက္ေရာက္ခ်င္း ေ႐ႊတိဂုံဘုရားကို ဦးတိုက္မယ္ဆိုၿပီးအတက္ ေစာင္းတန္းမွာ သားကိုေတြ႕တာပဲ"
"အာ .. ဟုတ္"
"သားႀကီးႀကီးေျပာတုန္းက သားျပည္ဘက္သြားတယ္တဲ့၊ အခုက်သားက ဘုရားေပၚေရာက္ေနတယ္၊ ၿပီးေတာ့ ၿပဳံးလို႔ ႐ႊင္လို႔၊ အစကေတာ့ ေဖေဖတို႔လည္း မေတြးမိပါဘူး၊ ဒါေပမယ့္လိမ္ၿပီး ထြက္တယ္ဆိုကတည္းက သားတို႔က မ႐ိုးလို႔ေပါ့"
"ေဖေဖတို႔ကို သားေျပာစရာရွိ"
"ခဏ ခဏေလး၊ အဲ့ေကာင္ေလး သားနဲ႔ တူတူရွိေနတဲ့ေကာင္ေလးက သားတကၠသိုလ္တက္တုန္းက အိမ္ကိုလာလည္ေနက် ေကာင္ေလးမလား၊ သားရဲ႕ စီနီယာ ?"
"ဟုတ္ကဲ့"
"သူ႔ေၾကာင့္ သားသိပ္ေပ်ာ္သလား ?"
အေလးအနက္ထား၍ ေမးေနသည့္ဟန္ေပၚေသာ ေဖေဖ၏ မ်က္ႏွာရိပ္မ်က္ႏွာကဲက ဒီသားျဖစ္သူ၏ ဆုံးျဖတ္ခ်က္ကို မွန္သည္မွာသည္ မျပင္ေပးပဲ ဘာေၾကာင့္ ဤသို႔ ဆုံးျဖတ္လိုက္သည္ကို ရွင္းျပေစခ်င္ေသာ သေဘာသာရွိ၏။
"ဟုတ္ကဲ့၊ သူက သားကို ေပ်ာ္ေစတယ္ေဖေဖ၊ လြန္ခဲ့တဲ့ ႏွစ္ေတြကေနစလို႔ အခုအခ်ိန္အထိ"
"အသိုင္းအဝိုင္းဆိုတဲ့အရာက ဝိုင္းေျပာလာခဲ့ရရင္ေရာ"
"ကြၽန္ေတာ့္ေၾကာင့္ သူ႔မိသားစုကေနပါထြက္လာတဲ့ သူရယ္ပါ၊ ထပ္ၿပီး ေျပာစရာလူရွိပါဦးမလား"
"မိုက္မဲလိုက္ၾကတာကြယ္"
ေခတၱမွ် ၿငိမ္သက္သြားေသာ အခ်ိန္ေနာက္တြင္ ေဖေဖ၏ သက္ျပင္းခ်သံကသာ ႀကီးစိုးေလသည္။
"သားေမေမနဲ႔ ေဖေဖက အခ်စ္ဆိုတာကို ဂုဏ္ျဒပ္ေတြနဲ႔ မသတ္မွတ္ခဲ့ဘူး သားရ၊ ကိုယ့္ကို ေပ်ာ္ေအာင္ လုပ္ေပးႏိုင္ရင္ အခ်စ္ပဲ"
"သား ေတာင္းပန္ပါတယ္"
"ေတာင္းပန္စရာ ဘာရွိမလဲ၊ ေဖေဖတို႔က ေရွး႐ိုးစြဲေတြလည္း မဟုတ္ပဲ သားရယ္၊ သားေမေမကေတာ့ အခု စိတ္မေကာင္းျဖစ္ေနတယ္၊ သားတကၠသိုလ္တက္တုန္းက မိန္းကေလးရည္းစား ေခၚမလာကတည္းက သားရဲ႕ လိင္စိတ္ခံယူခ်က္ကို ေမးခဲ့ရမွာဆိုၿပီး"
"သား .. ေဖေဖတို႔ စိတ္ပ်က္သြားမယ္ထင္တာ"
"သားရယ္ ကဲ အခုေဖေဖတို႔က ကန္႔ကြက္ပါၿပီတဲ့၊ သားေရာ အဲ့ေကာင္ေလးေရာ ေပ်ာ္မတဲ့လား၊ မေပ်ာ္ေတာ့ ေဖေဖတို႔ကေရာ စိတ္ခ်မ္းသာႏိုင္မလား"
"ေက်းဇူးတင္ပါတယ္ ေဖေဖ"
"အဆုံးစြန္ထိ သားသမီးကို support လုပ္ေပးရမွာ မိဘတာဝန္ပါပဲ၊ သားဆိုးသမီးဆိုးေပမယ့္ ပစ္႐ိုးထုံးစံမရွိဘူးေလ၊ ၿပီးေတာ့ ေဖ့သားက သားဆိုးမွ မဟုတ္တာ"
ေဖေဖ၏ ထိန္းေက်ာင္းသြန္သင္မႈက သွ်န္ခြန္ေႏွာင္း၏ ေအးေဆးရာ စိတ္အစဥ္ကို အၿမဲထိန္းေပးပါသည္။ ဤသို႔ေသာ မိဘမ်ိဳးႏွင့္ ေတြ႕ဆုံရသည္မွာ သူကံေကာင္းပါ၏။ လူႀကီးသည္လည္း သူ႔မိဘမ်ားႏွင့္ အဆင္ေျပေျပ အေနရမခက္ပဲ က်န္ရွိေနသည့္ဘဝတစ္ေလွ်ာက္ျဖတ္သန္းႏိုင္လွ်င္ မည္မွ်ေကာင္းပါအံ့နည္း။
သို႔ေသာ္လည္း ကိစၥေတာ့မရွိ ..
လူႀကီးလိုအပ္ေနေသာ ေမတၱာကို သူက ပို၍ တိုးေပးမည္။ လူႀကီးကိုသာ ပို၍ ခ်စ္ေပးမည္။ လူႀကီးကိုသာ အသက္ထက္ဆုံး လက္တြဲသြားခ်င္ပါသည္။
~~~~~~
(Next part will be final !)