ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်...

By jue_iroiro

127K 18.3K 576

ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 က်ပ္မျပည့္တဲ့အေဖနဲ႔ က်... More

Description
အပိုင်း-၁ (ညီမလေး...မင်းကသေပြီးသွားပြီ)
အပိုင်း-၂ (သင် ဘယ်မှာသေချင်ပါသလဲ)
အပိုင်း-၃ (မင်းရဲ့နောက်ဆုံးဆန္ဒကိုပြောပါ)
အပိုင်း-၄ (အပြစ်မဲ့ပွဲကြည့်ပရိသတ်လေး)
အပိုင်း-၅ (ဂြိုဟ်ကြီးတစ်လုံးပြိုကွဲခြင်း)
အပိုင်း-၆ (အမျိုးသမီးသွေးစုပ်ဖုတ်ကောင်)
အပိုင်း-၇ (မျိုးသုဉ်းနိုင်တဲ့အန္တရာယ် ရင်ဆိုင်နေရတဲ့မျိုးနွယ်)
အပိုင်း-၈ (ကလေးလေးမပျော်တော့ဘူး)
အပိုင်း-၉ (စကြဝဠာကြီး၏ အစားသောင်းကျန်းသူတို့သမိုင်း)
အပိုင်း-၁၀ (နိုးထလာသော အားနည်းသူလေး)
အပိုင်း-၁၁ (မတူကွဲပြားနေတဲ့ စကြဝဠာ)
အပိုင်း-၁၂ (ပညာအလင်းပြခြင်းကျောင်း)
အပိုင်း-၁၃ (ဖက်တီးကောင်နှင့် ရန်ဖြစ်ခြင်း)
အပိုင်း-၁၄ (သင်ယူရန်အလို့ငှာ)
အပိုင်း-၁၅ (သေခြင်းတရားနဲ့ ချစ်ကျွမ်းတဝင်)
အပိုင်း-၁၆ (သခင်မလေးရဲ့ ဝါသနာ)
အပိုင်း-၁၇ (ရှင်လိုချင်နေတဲ့ ယုန်တွေ)
အပိုင်း-၁၈ (ဘယ်လိုလူယုတ်မာမကြီးလဲ??!)
အပိုင်း-၁၉ (ငါ့ရဲ့ဓားကို အရင်မြည်းကြည့်လိုက်လေ)
အပိုင်း-၂၀ (စကြဝဠာအများသုံးဘာသာစကား)
အပိုင်း-၂၁ (အိမ်တော်ထိန်း အဘိုးကြီး)
အပိုင်း-၂၂ (အကြီးအကဲခေါင်းဆောင် ရောက်လာပြီ)
အပိုင်း-၂၃ (အရင်ဆုံး ဒီကသခင်မလေးကိုလှည့်စားပါရစေ)
အပိုင်း-၂၄ (ရှင်အခုပဲ ထာဝရအိပ်စက်နိုင်ပါပြီ)
အပိုင်း-၂၅ (ငါသူ့ကို နောက်တစ်ခါထပ်ထိုးချင်လို့ရသေးလား)
အပိုင်း-၂၆ (ငါကနင့်ရဲ့ အဘိုးငယ်ပဲ)
အပိုင်း-၂၇ (အခြားသူကို သွားအနိုင်ကျင့်နေပါ့လား)
အပိုင်း-၂၈ (သက်တမ်းအရင့်ဆုံးစောင်FA)
အပိုင်း-၂၉ (ဘုရင်ကြီးရယ် အသိတရားရပါတော့)
အပိုင်း-၃၀ (မျိုးနွယ်နှစ်ခုအကြားမှတိုက်ပွဲ)
အပိုင်း-၃၂ (ငါ...သူတို့မိဘတွေနဲ့တွေ့ချင်တယ်)
အပိုင်း-၃၃ (လျှောက်လည်ကြရအောင်)
အပိုင်း-၃၄ (ငါယိုးမကြော်ငြာတွေ)
အပိုင်း-၃၅ (အလိုလိုက်တဲ့ ရှူးဂါးဒယ်ဒီ)
အပိုင်း-၃၆ (VIP customerကြီး)
အပိုင်း-၃၇ (ဓားစာခံကို သတ်ပစ်လိုက်မှာနော်)
အပိုင်း-၃၈ (သင်ခန်းစာ-ကောင်းကောင်းနေပါ ကောင်းတာပဲလုပ်ပါ)
အပိုင်း-၃၉ (ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ)
အပိုင်း-၄၀ (တစ်ခါသုံးအစွမ်း)
အပိုင်း-၄၁ (အစွမ်းကို စမ်းသပ်ခြင်း)
အပိုင်း-၄၂ (ပြောင်းပြန်အစွမ်း)
အပိုင်း-၄၃ (စကြဝဠာသားရဲကြီး)
အပိုင်း-၄၄ (fanနှစ်ဦးတွေ့ဆုံခြင်း)
အပိုင်း-၄၅ (နတ်ဘုရားမူရဲ့fanအကြီးစား)
အပိုင်း-၄၆ (နှုတ်ဆက်ပါတယ် ပေါက်ဖတ်ကြီး)
အပိုင်း-၄၇ (ဂြိုဟ်ကြီးကိုYo-Yoလိုဆော့ကြမယ်)
အပိုင်း - ၄၈ (စကြဝဠာတက္ကသီလာရဲ့ ဝင်ခွင့်စာမေးပွဲ)
အပိုင်း - ၄၉ (တက္ကသီလာဝင်ပေါက်ကိုဖြတ်သန်း၍)
အပိုင်း(၅၀) ကျောင်းသားခေါင်းဆောင်ကော်မတီ ရွေးကောက်တင်မြောက်ခြင်း
အပိိုင်း(၅၁) တမင်အကွက်ချစီစဉ်ထားသလိုပေါ်လာသောပြဿနာများ
အအခန်း(၅၂)ကံကောင်းစေတဲ့အဆောင်ယတြာလေး
အပိုင်း(၅၃) ကျောင်းသားခေါင်းဆောင်ကော်မတီ၏ ပထမအကြိမ်မြောက်အစည်းအဝေး
အပိုင်း(၅၄) တူလေးကု ပျောက်ဆုံးနေခြင်း
အပိုင်း(၅၅) ရန်သူ့ထံသို့
အပိုင်း(၅၆) စိတ်ဖတ်ခြင်းရဲ့ပြောင်းပြန်
အပိုင်း(၅၇) ဒိဗ္ဗစက္ခု ပိတ်သွားပြီ
အပိုင်း(၅၈) သုတေသနစမ်းသပ်ခန်း
အပိုင်း(၅၉) ကျူးကျော်သူတွေဝင်လာပြီ

အပိုင်း-၃၁ (ကယ်ပါဦး...ဘုရားသခင်ရေ)

1.7K 311 4
By jue_iroiro

Unicode

ဘယ်လောက်ပဲသူတို့ဘုရင်ကြီးရဲ့ စွမ်းအားကိုသိထားတယ်ဆိုပေမယ့် မူရွှမ်ရဲ့အစွမ်းကိုမျက်စိနဲ့တပ်အပ်မြင်လိုက်ရတော့ အကြီးအကဲတွေတောင်မလန့်ပဲမနေနိုင်ဘူး။

ချက်ချင်းပဲ ဂုဏ်ယူမှု ဝံ့ကြွားမှုတွေနဲ့ရောပြွမ်းနေတဲ့မျက်နှာထားတွေနဲ့အတူ လူအုပ်လိုက်ကြီးက သူတို့ရဲ့ဘုရင်ကြီးနောက်ကနေ နန်းတော်ထဲကိုလိုက်ဝင်လာခဲ့ကြတယ်
ယောင်စစ်လည်းအတူလိုက်ဝင်ရင်းကနေ အရှိန်လျော့လိုက်ပြီး ယောင်ချမ့်ကိုလှမ်းပုတ်ရင်းမေးလိုက်တယ် "ငါ...ငါ့မျက်လုံးတွေမှားနေတာလား...မူရွှမ်ကတကယ်ကြီး အဲ့ဂြိုဟ်ကြီးကိုတစ်ချက်ထဲနဲ့ ထက်ပိုင်းခွဲပစ်လိုက်တာလား"

"ဟုတ်ပါတယ် သခင်မလေး" ယောင်ချမ့်ကြည့်ရတာ ဘာမှအထူးအဆန်းမဟုတ်သလိုပဲ။ ထပ်တောင်ဖြည့်ပြောလိုက်သေး "စိတ်မပူပါနဲ့...မိုးကြိုးသစ်တောအရှင်က တော်တော်အသက်ပြင်းပါတယ်။ ဒီလိုဂြိုဟ်ကြီးနှစ်ပိုင်းကွဲသွားရင်တောင် အမြစ်တွေကမသေနိုင်ပါဘူး"

'ငါမေးတဲ့ထဲ အဲ့တာမပါဘူးလေကွာ..နင်တို့မေတ္တာတရားကြီးကြမှန်းငါသိပါတယ်'

"မူရွှမ်က တကယ်ကြီး စတုတ္ထမျိုးဆက်လား" လက်လေးတစ်ချက်ဝှေ့လိုက်တာနဲ့ ဒီလိုဂြိုဟ်ကြီးတစ်ခုလုံးကို ထက်ပိုင်းခွဲပစ်နိုင်တာက ပထမမျိုးဆက် ဒုတိယမျိုးဆက်တွေတောင်လုပ်နိုင်မယ်မထင်ဘူး။ သူမအိပ်မပျော်သွားခင်တုန်းက အချင်းချင်းကိုက်နေကြတဲ့ ဒုတိယမျိုးဆက်တွေဆို အလွန်ဆုံးလုပ်နိုင်လှ သူမ ပြုတ်ကျခဲ့တဲ့ပက်ကြားအက်လေးလောက်ကို ခွဲနိုင်ရုံလောက်ပေါ့

"ဟုတ်တယ်လေ"

"....." ဘာလဲဟ အဲ့တာဆို စတုတ္ထမျိုးဆက်သွေးစုပ်ဖုတ်ကောင်တွေကပဲ ဝုန်းဆိုထစွမ်းကုန်တာလား။ ကြည့်ရတာ သွေးစုပ်ဖုတ်ကောင်တွေအကြောင်း သူမဘာမှမသိသေးဘူးပဲ။

"ဒါပေမယ့်...." ယောင်ချမ့်ကြည့်ရတာ တစ်ခုခုကိုသတိရသွားတဲ့ပုံပဲ "ကျွန်တော်တို့ဘုရင်ကြီးက နည်းနည်းတော့ထူးခြားတယ်"

"ထူးခြားတယ်?" ဘယ်လိုမျိုးလဲ

"ဘုရင်ကြီးက ကျွန်တော်တို့မျိုးနွယ်ထဲမှာ တစ်ဦးထဲသော မူလဘိုးဘေးသွေး နိုးထနိုင်တဲ့သူပဲ။ အဲ့တော့ပြောရမယ်ဆိုရင် သူ့အစွမ်းအရ စတုတ္ထမျိုးဆက်လို့တော့ပြောလို့မရဘူး"

"မူလဘိုးဘေးသွေး..?" အဲ့တာဘာကြီးလဲဟ "အဲ့တာဆို သူက..."

"ပထမမျိုးဆက်ပဲ!"

"...."

'ငါ ဘာမှမသိတဲ့စောက်တုံးတစ်ယောက်ကို လာမေးမိနေတာများလား။ အဲ့လိုဟာကတကယ်ရှိလို့လား'

____

"ဒီကိုလာ"

လူအုပ်ကြီးကိုဦးဆောင်ပြီး နန်းတော်ထဲဝင်လာတဲ့မူရွှမ်ကတော့ သူ့နောက်ကလူအုပ်ကြီးကို ကြိုဆိုဖို့နေနေသာသာ မြင်တယ်လို့တောင်ထင်ရဲ့လားမသိဘူး။ လူအုပ်ကြီးထဲက ယောင်စစ်ကိုပဲတန်းတန်းမတ်မတ်ကြည့်ပြီး လက်ယပ်ခေါ်လိုက်တယ်။ ယောင်စစ်လေးသူ့ဘေးကခုံမှာထိုင်ပြီးတာလည်းမြင်ရရော သူမအတွက်ခေါက်ဆွဲတစ်ပန်းကန်ယူလာပြီး လှမ်းပေးလိုက်တယ်

"ပူတုန်းလေးစား"

"အမ်.." ယောင်စစ်ပန်းကန်လုံးကိုလှမ်းယူလိုက်ပေမယ့် ဘယ်လိုလုပ်ဒီလိုအခြေအနေကြီးမှာစားနိုင်မှာလဲ
သူမရှေ့မှာ လူအုပ်လိုက်ကြီးက ညီညီညာညာစီတန်းပြီး မူရွှမ်ကိုအရိုအသေပေးရင်း ရပ်နေကြတယ်လေ။ ရှေ့ဆုံးမှာ ထင်းထွက်နေတဲ့လူကတော့ မိုးကြိုးသစ်တောအရှင်ကြီးဆိုတဲ့လူပဲ

သူရဲ့လူအသွင်က ရည်ရည်မွန်မွန်နဲ့အတော်ချောတယ်ဆိုရမယ်။ ဆံပင်တွေကတော့ သစ်ပင်ကြီးလို့မဆိုရဘူး စိမ်းတောက်နေတာပဲ။ မျက်နှာလေးကတော့ ဖြူဖွေးနုဖတ်နေတယ်။ သူ့ကြည့်ရတာ မျက်စိကိုအေးနေတာပဲ။

==!

မူရွှမ်ကတော့ သူတို့ရှိတယ်ဆိုတာ လုံးလုံးမေ့နေပုံရတယ်။ တစ်ချက်လေးတောင်လှမ်းမကြည့်ဘူး။ အဲ့တော့ တစ်ယောက်မှစကားမစရဲကြပဲ နေရာမှာတင်ကျောက်တိုင်ကြီးလိုရပ်ပြီး အပြစ်ဒဏ်ခံယူဖို့စောင့်နေကြသလို ခေါင်းတွေငုံ့ထားကြတယ်။ အဲ့ဒီတစ်ခဏမှာပဲ ယောင်စစ် ကျောင်းအုပ်ကြီးရုံးခန်းထဲမှားပြီးဝင်လာတာလားလို့တောင် တွေးမိသွားတယ်

"အမ်..."

မူရွှမ်ကသူမရဲ့ခေါင်းကို အသာအယာပွတ်ပေးလိုက်ရင်း နောက်တစ်ခေါက်သတိပေးလိုက်ပြန်တယ် "စားလေ ပူတုန်းလေးစားမှကောင်းတာ"

ယောင်စစ် လူတွေအများကြီးရှေ့မှာ စားဖို့ရှက်ပေမယ့် သူမ မစားရင်လည်း မူရွှမ်က အဲ့ဒီလူအုပ်ကြီးကို စောက်ဖက်လုပ်မယ့်ပုံမပေါ်ဘူး။ အဲ့တာနဲ့ပဲဘာမှမတတ်နိုင်ပဲ ခေါင်းငုံ့ပြီး ပန်ကန်လုံးကိုအမြန်မော့ချလိုက်တယ်။ အဲ့ဒီအချိန်မှာ တစ်ခန်းလုံးအပ်ကျသံကြားရတော့မတတ် တိတ်ဆိတ်နေတော့ သူမရဲ့ဟင်းရည်မော့သောက်နေတဲ့အသံကြီးက ဟိန်းထွက်လာတယ်

'ဂလု...ဂလု...ဂလု...'

'ထင်ထားတဲ့အတိုင်း သောက်ရမ်းရှက်ဖို့ကောင်းတာပဲကွား'

'ငါစွပ်ပြုတ်သောက်နေတာကို နားထောင်ခိုင်းဖို့ ဒီလူအုပ်ကြီးကိုခေါ်ထားတာလား'

(╯﹏╰)

ယောင်စစ်လည်း သုံးလုပ်ထဲနဲ့အပြီးသောက်ပြီး ပန်းကန်ကိုပြန်ချလိုက်တယ်။ ပြီးတော့တစ်ဆက်ထဲ မူရွှမ်မေးတာကိုမစောင့်တော့ပဲဖြေလိုက်တယ် "ဗိုက်တင်းပြီ"

မူရွှမ် သူ့ဘေဘီလေးကို ကျေနပ်စွာနဲ့ တစ်ချက်လှမ်းကြည့်လိုက်ရင်း သူ့ရှေ့ကစားပွဲကို တစ်ချက်ထိလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ရှေ့က စားစရာတွေ...မဟုတ်သေးဘူး..ပန်းကန်ခွက်ယောက်တွေ အကုန်ပျောက်သွားတယ်။ ပြီးတော့ မူရွှမ်ခဏစဉ်းစားနေလိုက်တယ်။ ခဏအတွင်းမှာပဲ ယောင်စစ်အတွက်ကြိုးစားပမ်းစားစီစဉ်ပေးထားတဲ့ ရှေးဟောင်းကမ္ဘာပေါ်က ပစ္စည်းတွေပျောက်သွားပြီး လက်ရှိစကြဝဠာခေတ်က ပစ္စည်းတွေပြန်ရောက်လာတယ်။ ယောင်စစ်ထိုင်နေခဲ့တဲ့ ခုံပုလေးတောင် ချက်ချင်းပဲ နှစ်ဝင်နေအောင်ဇိမ်ရှိလှတဲ့ သလင်းကျောက်ထိုင်ခုံကြီးဖြစ်သွားတယ်

မူရွှမ် သူ့ရှေ့မှာစုဝေးနေတဲ့လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး အားပါးတရမျက်မှောင်ကြုံ့ရင်း တစ်ခွန်းပဲပြောလိုက်တယ်

"ကိုယ့်ဘာသာကိုယ် ဖြေရှင်းကြ"

ပြောလည်းပြောပြီးရော လူအုပ်ကြီးကို နောက်ထပ်တစ်ချက်လေးတောင်ထပ်မကြည့်တော့ဘဲ သူ့လက်ကကွန်ပျူတာလက်ပတ်ကိုဖွင့်ပြီး ယောင်စစ်ကွန်ပျူတာလက်ပတ်ထဲကို သွေးစုပ်ဖုတ်ကောင်တွေရဲ့သမိုင်းကြောင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေပို့ပေးနေတယ်။ သူ့ကြည့်ရတာ ချက်ချင်းပဲ ဘုရင်ကြီးmodeကနေ ဖေဖေကြီးmodeကိုပြန်ပြောင်းသွားတဲ့ပုံပဲ

ယောင်စစ် ငြိမ်ြငိမ်လေးနဲ့ သူ့ရှေ့ကသူကို ကြောင်ပြီးကြည့်နေမိတယ်။ ကြည့်ရတာ အထဲမှာသူ့ဆက်ခံသူလေးကို သင်ကြားပေးဖို့လုပ်နေတုန်း အပြင်မှာရန်ဖြစ်နေတာကြောင့် အရမ်းနားငြီးလို့ စကားနဲ့ပဲဆွေးနွေးကြဆိုပြီး အထဲကိုခေါ်လာတဲ့ပုံပဲ။ သူကိုယ်တိုင်ဝင်ဖြေရှင်းပေးဖို့ စိတ်ကူးရှိပုံမရဘူး

အမ်...တကယ်ပဲ မူရွှမ်ပီသပါပေတယ်

"အ...အရှင်...မူရွှမ်..?" မိုးကြိုးသစ်တောအရှင်ကြီးက အကြောက်လွန်ပြီးတဆတ်ဆတ်တုန်နေပေမယ့် မူရွှမ်ကသူ့ကို နည်းနည်းလေးတောင်စောက်ဖက်မလုပ်တာလည်းမြင်ရော သက်ပြင်းတစ်ချက်ချလိုက်တယ်။ မူရွှမ်ရဲ့ ဒီလိုဆိတ်ဆိတ်နေတာကြီးကို ထိုင်ကြည့်နေတာထက် ကျားမြီးသွားဆွဲရတာမှ ပျော်ဖို့ကောင်းဦးမယ်။ အဲ့လိုတွေးရင်းနဲ့ ဘေးမှာရပ်နေတဲ့အကြီးအကဲတွေကိုတစ်ချက်ငဲ့ကြည့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူကာ စရှင်းပြလိုက်တယ်

"တကယ်တော့..ကျွန်တော်အခုလို သွေးစုပ်ဖုတ်ကောင်တွေနဲ့ တိုက်ဖို့ နည်းနည်းမှမရည်ရွယ်ခဲ့ပါဘူး" ဟုတ်တယ်လေ အခုလိုသွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးသာ နိုးထနေကြောင်း စောစောထဲကသိခဲ့ရင် ဒီအနီရောင်ဂြိုဟ်နားလေး ယောင်လို့တောင်ဖြတ်သွားရဲမှာမဟုတ်ဘူး။ "ကျွန်တော်ဒီကိုလာတာက ခင်ဗျားတို့ထဲကတစ်ယောက် ကျွန်တော့်ရဲ့ တော်ဝင်မျိုးစေ့ကို ခိုးယူသွားလို့ပါ"

"အဓိပ္ပာယ်မရှိလိုက်တာ" ဒုတိယအကြီးအကဲက ထအော်လိုက်တယ် "ကျုပ်တို့မျိုးနွယ်က သွေးကလွဲပြီး အခြားဘာမှမစားတာ စကြဝဠာတစ်ခုလုံးသိတယ်။ အဲ့တော့ အဲ့ဒီတော်ဝင်မျိုးစေ့ကို ခိုးယူပြီး ဘာလုပ်ရမှာလဲ။"

"ကျွန်တော်လည်း ဘယ်သိမလဲ" မိုးကြိုးသစ်တောအရှင်ကြီးက ပြန်ခံပြီးအော်လိုက်တယ်။ "ဒါပေမယ့် ခင်ဗျားတို့မျိုးနွယ်ထဲက ချွီကျဲ့ ခိုးယူသွားတာ ကျွန်တော့်မျက်စိနဲ့အတပ်မြင်လိုက်တယ်။ သူ့နောက်ကို ကြယ်အစုအဝေးပေါင်းများစွာ လိုက်ခဲ့ပြီးတဲ့နောက် ဒီကိုရောက်လာတာပဲ။ ခုနလေးကတင်ပဲ ကျွန်တော့်ရဲ့ တော်ဝင်မျိုးစေ့လေး ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးနေတာ အာရုံခံမိလိုက်တယ်"

ပြီးတော့ ဆက်ပြောပြတယ် "ကျွန်တော်တို့မျိုးနွယ်က တော်ဝင်သစ်ပင်ကနေမွေးဖွားလာကြတယ်ဆိုတာ စကြဝဠာတစ်ခုလုံးအသိပဲ။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်စီကလည်း ဆက်ခံသူတစ်ယောက်ပဲမွေးဖွားနိုင်တယ်။ အဲ့တာတော်ဝင်မျိုးစေ့ပဲ" မိုးကြိုးသစ်တောအရှင်ကြီးရဲ့ အသံတွေတုန်ယင်လာပြီး မျက်ရည်တွေတသွင်သွင်ကျလာတယ်။ သူ့မျက်နှာမှာ ပူပန်သောကတွေနဲ့ စိတ်ဓာတ်ကျနေတာပေါ်လွင်နေတယ်

"အခုတော့ ခင်ဗျားတို့မျိုးနွယ်က ကျွန်တော်ရဲ့တစ်ခုထဲသော တော်ဝင်မျိုစေ့လေးကို ဖျက်ဆီးပစ်လိုက်ကြပြီ။ အဲ့ဒီတော့ ကျွန်တော့်တစ်မျိုးနွယ်လုံးကိုဖျက်စီးပစ်တာနဲ့ ဘာကွာသေးလို့လဲဗျာ"

"ချွီကျဲ့..." အကြီးအကဲတွေအကုန် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ငြိမ်ကျသွားတယ်။ အခြားသူတွေဆိုရင် မဟုတ်ဘူးလို့ခံငြင်းပေးဦးမလိုပဲ။ ဒါပေမယ့်...အခုကချွီကျဲ့ဆိုတော့ သူတကယ်ခိုးသွားတယ်ဆိုတာ ဖြစ်နိုင်တယ်

"ခင်ဗျားတို့မျိုးနွယ် ဘယ်လောက်စွမ်းတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ အဲ့တော့ ခင်ဗျားတို့ကိုဒီလိုမစွပ်စွဲချင်ပေမယ့်လည်း မတတ်နိုင်ဘူး" သူ့ခမျာ ချက်ချင်းဆက်မပြောနိုင်ဘဲ ရင်ထဲမှာဆို့နေတယ် ပြီးတော့မှ"အခုတော့ ကျွန်တော့်ရဲ့တော်ဝင်မျိူးစေ့လေးကို ပြန်ပေးကြပါဗျာ။ ကျွန်တော်တောင်းပန်ပါတယ်။ အခွံကစပြီး ရစရာမရှိအောင်ပျက်စီးနေရင်တောင် ကျွန်တော်ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ မျိုးစေ့ကိုပဲယူပြီးချက်ချင်းထွက်သွားပါ့မယ်။ မကျေနပ်သေးဘူးဆိုရင် အနီရောင်ဂြိုဟ်မှာဖြစ်ခဲ့သမျှ အပျက်အစီးတွေအတွက် ၁၀ဆပြန်လျော်ဆိုတောင် ပျော်ပျော်ကြီးပြန်လျော်ပါ့မယ်"

အခွံပျက်စီးနေတယ်..? ယောင်စစ်ရဲ့နှလုံးသားလေး ချောက်ထဲကိုထိုးဆင်းသွားတယ်။ ခုနက ခရမ်းရောင်အလုံးလေးကိုထုတ်ပြလိုက်ရင်း "နင်ပြောတာ...ဒီဟာလား"

မိုးကြိုးသစ်တောအရှင်ကြီးဆိုသူက ယောင်စစ်ပြတဲ့အရာကိုလှမ်းကြည့်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေဝိုင်းကျယ်သွားပြီး စူးစူးရှရှနဲ့ အက်ကွဲနေတဲ့ရင်ခေါင်းသံကြီးက လေထုကိုခွင်းပြီးထွက်လာတယ် "သား...သားလေး!"

ပြီးတော့ မူရွှမ်ရှိနေတာတောင် သတိမရနိုင်တော့ပဲ ယောင်စစ်ဆီ ချက်ချင်းတန်းတန်းမတ်မတ်ပြေးလာပြီး သူမလက်ထဲက အလုံးလေးကိုလုယူလိုက်တယ်။ အလုံးလေးကို ဖျင်ပြန်ခေါင်းပြန် သေသေချာချာကြည့်နေရင်း မျက်ရည်တွေဒလဟောစီးကျလာပြန်တယ်။ "သားလေး..သားလေးရယ်...ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ထိခိုက်သွားရတာလဲ" ပြီးတော့ ဆတ်ခနဲယောင်စစ်ကို စူးစူးရှရှလှမ်းကြည့်လိုက်ရင်း

"မင်းလက်ချက်ကိုး!"

ယောင်စစ် သူ့ရဲ့ လူသတ်ချင်စိတ်ပြည့်နှက်နေတဲ့ မျက်ဝန်းအစုံနဲ့ စိုက်ကြည့်တာခံရတော့ တစ်ချက်တုန်သွားရင်း နောက်ကိုဆုတ်မိလိုက်တယ်။ အဲ့ဒီတစ်ခဏအတွင်းမှာပဲ သူမလက်ကိုတစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်တာခံစားလိုက်ရတယ်။ မူရွှမ်က သူမကို သူ့နောက်ကိုပို့လိုက်ပြီးရှေ့ကကွယ်ထားပေးရင်း မိုးကြိုးသစ်တောအရှင်ကို လှမ်းကြည့်လိုက်တယ်။ "ငါ့ကလေးက...ဘာဖြစ်သလဲ"

ဖြည်းဖြည်းအေးအေးလေးပြောလိုက်ပေမယ့် စကားတစ်လုံးချင်းစီတိုင်းဟာ ရေခဲချွန်တွေနဲ့ဆောင့်ထိုးနေသလို အေးစက်နေတယ်။ သူ့ဘေးကလေတွေတောင် ခဲသွားသလိုပဲ

တစ်ခန်းလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားပြန်တယ်

မိုးကြိုးသစ်တောအရှင်ကြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်လာတယ်။ ဒူးတွေမခိုင်တော့ဘဲ မြေပေါ်လဲကျတော့မတတ်ဖြစ်နေတယ်။ မျက်ရည်တွေကျလာတာတောင် သတိမထားနိုင်တော့ဘူး။ သောက်ကျိုးနည်း သွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးနိုးလာတာကိုပဲ မသိတာမှတ်နေတာ သူ့မှာကလေးတစ်ယောက်ရှိတာကိုပါ ဘာလို့မသိခဲ့ရတာလဲ

"အာ...ငါ အဲ့တာကိုခုလေးတင်မှရလာတာ",ယောင်စစ်ရှင်းပြလိုက်တယ် "ပြီးတော့ ငါဘာမှမလုပ်ဘူး။ သူ့ဟာသူကွဲသွားတာ"

"မဖြစ်နိုင်တာ" မိုးကြိုးသစ်တောအရှင်ကြီးက ခေါင်းခါပြလိုက်တယ်။ သူ့အသံလေးက ဖျင်ခေါင်းထဲဝင်တော့မတတ်ပဲ။ "SSSအဆင့် မျိုးနွယ်ကလူတစ်ယောက်တောင် တော်ဝင်မျိုးစေ့ကို ပွန်းရာထင်အောင်လုပ်လို့မရဘူး။ သူ့ဟာသူကွဲသွားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

"ငါလည်းဘယ်လိုသိမလဲ" ယောင်စစ်မျက်မှောင်ကြုံ့လိုက်တယ် "ငါ့ကိုချွီကျဲ့ပေးသွားတာ။ အဲ့အလုံးကြီးက နင့်ရဲ့တော်ဝင်အစေ့ဆိုတဲ့ဟာကြီးမှန်းတောင်မသိဘူး။ အဲ့တော့အသေးစိတ်သိချင်ရင် သူ့သွားမေးချည်"

'ဟုတ်တယ်လေ..လခွီးနဲ့မှပဲ အဲ့ဒီကျပ်မပြည့်တဲ့ကောင်လုပ်သွားတာ ငါနဲ့ဘာဆိုင်လို့လဲ။ အဲ့ဒီချွီကျဲ့ဆိုတဲ့ကောင်ကလည်း ဘယ်အချိန်ထိများ ငါ့ကိုဒုက္ခပေးဖို့ကြံနေတာလဲ'

"သနားဖို့ကောင်းလိုက်တဲ့..ငါ့ရဲ့သားလေး" မိုးကြိုးသစ်တောအရှင်ကြီးက အလုံးလေးကိုထွေးပိုက်ထားရင်း မျက်ရည်တွေကျလာပြန်တယ်။ ခုနက ရန်လိုနေတဲ့ဒေါသထွက်နေတဲ့အရှိန်အဝါတွေအကုန်ပျောက်သွားပြီး စိတ်ဓာတ်ကျနေတဲ့ သောကရောက်နေတဲ့ သားသည်အမေပုံစံပဲပေါက်နေတော့တယ်

"အကြီးအကဲခေါင်းဆောင်က ဘယ်မလဲ" ဒုတိယအကြီးအကဲက ဆက်မကြည့်ရက်တော့ဘဲ လှည့်မေးလိုက်တယ်

"ဒီမနက်ကပဲ ဂြိုဟ်ပေါ်ကထွက်သွားပြီလေ"

"နေ့တစ်ဝက်တောင်မရှိသေးဘူးပဲ..ဒီကြယ်အစုအဝေးထဲက မထွက်သွားသေးလောက်ဘူး။ နယ်စပ်ကအာကာသစခန်းကို ပြန်ပို့ပေးဖို့ သတင်းပို့လိုက်"

"ဟုတ်ကဲ့" တတိယအကြီးအကဲက သူ့ရဲ့ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်တယ်။ တစ်ခုနအတွင်းမှာပဲ မျက်နှာကသွေးမရှိတော့သလို ဖြူဖပ်သွားတယ် "အကြီးအကဲခေါင်းဆောင်ပါသွားတဲ့အာကာသယာဉ်က ကျွန်တော်တို့ကြယ်အစုအဝေးကနေ ထွက်သွားပြီ"

"ဘာ..! သူ့တည်နေရာကိုချက်ချင်းရှာပြီး လိုက်ဖမ်းစမ်း"

"ယာဉ်က ဒီကြယ်အစုအဝေးကထွက်ခွာသွားတာနဲ့ ခြေရာဖျောက်သွားပါတယ်"

"...."

ဒုတိအကြီးအကဲတစ်ယောက် ဒေါသကြောင့်ပဲလား ဘေးမှာမရပ်မနားတရှုံ့ရှုံ့ငိုနေတဲ့ မိုးကြိုးသစ်တောအရှင်ကြီးကြောင့်ပဲလားမသိ ခေါင်းတွေပါထိုးကိုက်လာတယ်။ ခဏလောက်စဉ်းစားပြီးတဲ့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အလေးအနက်ပြောလိုက်တယ် "မိုးကြိုးသစ်တောအရှင်ကြီး...ဒီကိစ္စသာအမှန်ဆိုရင် ကျွန်တော်တို့မျိုးနွယ်က အပြည့်အဝတာဝန်ယူပါ့မယ်။ ကျွန်တော်တို့အကြီးအကဲခေါင်းဆောင်ကို အမြန်ဆုံးဆက်သွယ်ပြီး ဒီကိစ္စကိုစုံစမ်းပေးပါ့မယ်"

"ဟင့်အင်း!" မိုးကြိုးသစ်တောအရှင်ကြီးတောင် ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ မူရွှမ်က လူအုပ်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း ဖြတ်ပြောလိုက်တယ်။"မင်းတို့အရမ်း အလုပ်ရှုပ်တာပဲ"

မူရွှမ်လက်တစ်ချက်ဝှေ့လိုက်တယ်ဆိုရင်ပဲ အနားကလေထုက တစ်နေရာထဲကိုစုပ်ယူခံလိုက်ရသလိုဖြစ်သွားပြီး အနက်ရောင်အပေါက်တစ်ခု ရုတ်တရက်ပေါ်လာတယ်။ အဲ့ဒီအပေါက်ထဲကနေ မကြာခင်မှာပဲ အရိပ်တစ်ခုပေါ်လာတယ်

"စကြဝဠာဆင့်ခေါ်ခြင်း..!" ဒုတိယအကြီးအကဲက ရိုသေလေးစားမှုအပြည့်နဲ့ထအော်လိုက်တယ်

မူရွှမ် သူ့ရဲ့လက်ကိုအနည်းငယ်နှိမ့်ချလိုက်တဲ့အခါ အဲ့ဒီအနက်ရောင်အပေါက်ထဲက ပုံရိပ်က အပြင်ကိုထွက်ကျလာတယ်

"အားးး" အဲ့ဒီအရာရဲ့ စူးစူးဝါးဝါးအော်လိုက်တဲ့အသံနဲ့အတူ ခုနကပဲ အလင်းနှစ်ထောင်ပေါင်းများစွာဝေးကွာနေတဲ့နေရာကို ထွက်ပြေးပြီးပျောက်သွားပြီလို့ ပြောနေခဲ့ကြတဲ့ တစ်စုံတစ်ယောက်သော တရားခံက ကြမ်းခင်းပေါ်ကိုကျလာတယ်

တစ်ခန်းလုံးတိတ်ဆိတ်သွားပြီး ငေးကြည့်နေမိကြတယ်

"အဖေ?"

"mmh?"

"သမီးကိုအဲ့ဟာရောသင်ပေး"

"ရတာပေါ့"

__________

Zawgyi

ဘယ္ေလာက္ပဲသူတို႔ဘုရင္ႀကီးရဲ႕ စြမ္းအားကိုသိထားတယ္ဆိုေပမယ့္ မူ႐ႊမ္ရဲ႕အစြမ္းကိုမ်က္စိနဲ႔တပ္အပ္ျမင္လိုက္ရေတာ့ အႀကီးအကဲေတြေတာင္မလန႔္ပဲမေနႏိုင္ဘူး။

ခ်က္ခ်င္းပဲ ဂုဏ္ယူမႈ ဝံ့ႂကြားမႈေတြနဲ႔ေရာႁပြမ္းေနတဲ့မ်က္ႏွာထားေတြနဲ႔အတူ လူအုပ္လိုက္ႀကီးက သူတို႔ရဲ႕ဘုရင္ႀကီးေနာက္ကေန နန္းေတာ္ထဲကိုလိုက္ဝင္လာခဲ့ၾကတယ္
ေယာင္စစ္လည္းအတူလိုက္ဝင္ရင္းကေန အရွိန္ေလ်ာ့လိုက္ၿပီး ေယာင္ခ်မ့္ကိုလွမ္းပုတ္ရင္းေမးလိုက္တယ္ "ငါ...ငါ့မ်က္လုံးေတြမွားေနတာလား...မူ႐ႊမ္ကတကယ္ႀကီး အဲ့ၿဂိဳဟ္ႀကီးကိုတစ္ခ်က္ထဲနဲ႔ ထက္ပိုင္းခြဲပစ္လိုက္တာလား"

"ဟုတ္ပါတယ္ သခင္မေလး" ေယာင္ခ်မ့္ၾကည့္ရတာ ဘာမွအထူးအဆန္းမဟုတ္သလိုပဲ။ ထပ္ေတာင္ျဖည့္ေျပာလိုက္ေသး "စိတ္မပူပါနဲ႔...မိုးႀကိဳးသစ္ေတာအရွင္က ေတာ္ေတာ္အသက္ျပင္းပါတယ္။ ဒီလိုၿဂိဳဟ္ႀကီးႏွစ္ပိုင္းကြဲသြားရင္ေတာင္ အျမစ္ေတြကမေသႏိုင္ပါဘူး"

'ငါေမးတဲ့ထဲ အဲ့တာမပါဘူးေလကြာ..နင္တို႔ေမတၱာတရားႀကီးၾကမွန္းငါသိပါတယ္'

"မူ႐ႊမ္က တကယ္ႀကီး စတုတၳမ်ိဳးဆက္လား" လက္ေလးတစ္ခ်က္ေဝွ႔လိုက္တာနဲ႔ ဒီလိုၿဂိဳဟ္ႀကီးတစ္ခုလုံးကို ထက္ပိုင္းခြဲပစ္ႏိုင္တာက ပထမမ်ိဳးဆက္ ဒုတိယမ်ိဳးဆက္ေတြေတာင္လုပ္ႏိုင္မယ္မထင္ဘူး။ သူမအိပ္မေပ်ာ္သြားခင္တုန္းက အခ်င္းခ်င္းကိုက္ေနၾကတဲ့ ဒုတိယမ်ိဳးဆက္ေတြဆို အလြန္ဆုံးလုပ္ႏိုင္လွ သူမ ျပဳတ္က်ခဲ့တဲ့ပက္ၾကားအက္ေလးေလာက္ကို ခြဲႏိုင္႐ုံေလာက္ေပါ့

"ဟုတ္တယ္ေလ"

"....." ဘာလဲဟ အဲ့တာဆို စတုတၳမ်ိဳးဆက္ေသြးစုပ္ဖုတ္ေကာင္ေတြကပဲ ဝုန္းဆိုထစြမ္းကုန္တာလား။ ၾကည့္ရတာ ေသြးစုပ္ဖုတ္ေကာင္ေတြအေၾကာင္း သူမဘာမွမသိေသးဘူးပဲ။

"ဒါေပမယ့္...." ေယာင္ခ်မ့္ၾကည့္ရတာ တစ္ခုခုကိုသတိရသြားတဲ့ပုံပဲ "ကြၽန္ေတာ္တို႔ဘုရင္ႀကီးက နည္းနည္းေတာ့ထူးျခားတယ္"

"ထူးျခားတယ္?" ဘယ္လိုမ်ိဳးလဲ

"ဘုရင္ႀကီးက ကြၽန္ေတာ္တို႔မ်ိဳးႏြယ္ထဲမွာ တစ္ဦးထဲေသာ မူလဘိုးေဘးေသြး ႏိုးထႏိုင္တဲ့သူပဲ။ အဲ့ေတာ့ေျပာရမယ္ဆိုရင္ သူ႔အစြမ္းအရ စတုတၳမ်ိဳးဆက္လို႔ေတာ့ေျပာလို႔မရဘူး"

"မူလဘိုးေဘးေသြး..?" အဲ့တာဘာႀကီးလဲဟ "အဲ့တာဆို သူက..."

"ပထမမ်ိဳးဆက္ပဲ!"

"...."

'ငါ ဘာမွမသိတဲ့ေစာက္တုံးတစ္ေယာက္ကို လာေမးမိေနတာမ်ားလား။ အဲ့လိုဟာကတကယ္ရွိလို႔လား'

____

"ဒီကိုလာ"

လူအုပ္ႀကီးကိုဦးေဆာင္ၿပီး နန္းေတာ္ထဲဝင္လာတဲ့မူ႐ႊမ္ကေတာ့ သူ႔ေနာက္ကလူအုပ္ႀကီးကို ႀကိဳဆိုဖို႔ေနေနသာသာ ျမင္တယ္လို႔ေတာင္ထင္ရဲ႕လားမသိဘူး။ လူအုပ္ႀကီးထဲက ေယာင္စစ္ကိုပဲတန္းတန္းမတ္မတ္ၾကည့္ၿပီး လက္ယပ္ေခၚလိုက္တယ္။ ေယာင္စစ္ေလးသူ႔ေဘးကခုံမွာထိုင္ၿပီးတာလည္းျမင္ရေရာ သူမအတြက္ေခါက္ဆြဲတစ္ပန္းကန္ယူလာၿပီး လွမ္းေပးလိုက္တယ္

"ပူတုန္းေလးစား"

"အမ္.." ေယာင္စစ္ပန္းကန္လုံးကိုလွမ္းယူလိုက္ေပမယ့္ ဘယ္လိုလုပ္ဒီလိုအေျခအေနႀကီးမွာစားႏိုင္မွာလဲ
သူမေရွ႕မွာ လူအုပ္လိုက္ႀကီးက ညီညီညာညာစီတန္းၿပီး မူ႐ႊမ္ကိုအ႐ိုအေသေပးရင္း ရပ္ေနၾကတယ္ေလ။ ေရွ႕ဆုံးမွာ ထင္းထြက္ေနတဲ့လူကေတာ့ မိုးႀကိဳးသစ္ေတာအရွင္ႀကီးဆိုတဲ့လူပဲ

သူရဲ႕လူအသြင္က ရည္ရည္မြန္မြန္နဲ႔အေတာ္ေခ်ာတယ္ဆိုရမယ္။ ဆံပင္ေတြကေတာ့ သစ္ပင္ႀကီးလို႔မဆိုရဘူး စိမ္းေတာက္ေနတာပဲ။ မ်က္ႏွာေလးကေတာ့ ျဖဴေဖြးႏုဖတ္ေနတယ္။ သူ႔ၾကည့္ရတာ မ်က္စိကိုေအးေနတာပဲ။

==!

မူ႐ႊမ္ကေတာ့ သူတို႔ရွိတယ္ဆိုတာ လုံးလုံးေမ့ေနပုံရတယ္။ တစ္ခ်က္ေလးေတာင္လွမ္းမၾကည့္ဘူး။ အဲ့ေတာ့ တစ္ေယာက္မွစကားမစရဲၾကပဲ ေနရာမွာတင္ေက်ာက္တိုင္ႀကီးလိုရပ္ၿပီး အျပစ္ဒဏ္ခံယူဖို႔ေစာင့္ေနၾကသလို ေခါင္းေတြငုံ႔ထားၾကတယ္။ အဲ့ဒီတစ္ခဏမွာပဲ ေယာင္စစ္ ေက်ာင္းအုပ္ႀကီး႐ုံးခန္းထဲမွားၿပီးဝင္လာတာလားလို႔ေတာင္ ေတြးမိသြားတယ္

"အမ္..."

မူ႐ႊမ္ကသူမရဲ႕ေခါင္းကို အသာအယာပြတ္ေပးလိုက္ရင္း ေနာက္တစ္ေခါက္သတိေပးလိုက္ျပန္တယ္ "စားေလ ပူတုန္းေလးစားမွေကာင္းတာ"

ေယာင္စစ္ လူေတြအမ်ားႀကီးေရွ႕မွာ စားဖို႔ရွက္ေပမယ့္ သူမ မစားရင္လည္း မူ႐ႊမ္က အဲ့ဒီလူအုပ္ႀကီးကို ေစာက္ဖက္လုပ္မယ့္ပုံမေပၚဘူး။ အဲ့တာနဲ႔ပဲဘာမွမတတ္ႏိုင္ပဲ ေခါင္းငုံ႔ၿပီး ပန္ကန္လုံးကိုအျမန္ေမာ့ခ်လိုက္တယ္။ အဲ့ဒီအခ်ိန္မွာ တစ္ခန္းလုံးအပ္က်သံၾကားရေတာ့မတတ္ တိတ္ဆိတ္ေနေတာ့ သူမရဲ႕ဟင္းရည္ေမာ့ေသာက္ေနတဲ့အသံႀကီးက ဟိန္းထြက္လာတယ္

'ဂလု...ဂလု...ဂလု...'

'ထင္ထားတဲ့အတိုင္း ေသာက္ရမ္းရွက္ဖို႔ေကာင္းတာပဲကြား'

'ငါစြပ္ျပဳတ္ေသာက္ေနတာကို နားေထာင္ခိုင္းဖို႔ ဒီလူအုပ္ႀကီးကိုေခၚထားတာလား'

(╯﹏╰)

ေယာင္စစ္လည္း သုံးလုပ္ထဲနဲ႔အၿပီးေသာက္ၿပီး ပန္းကန္ကိုျပန္ခ်လိုက္တယ္။ ၿပီးေတာ့တစ္ဆက္ထဲ မူ႐ႊမ္ေမးတာကိုမေစာင့္ေတာ့ပဲေျဖလိုက္တယ္ "ဗိုက္တင္းၿပီ"

မူ႐ႊမ္ သူ႔ေဘဘီေလးကို ေက်နပ္စြာနဲ႔ တစ္ခ်က္လွမ္းၾကည့္လိုက္ရင္း သူ႔ေရွ႕ကစားပြဲကို တစ္ခ်က္ထိလိုက္တယ္။ မ်က္စိတစ္မွိတ္အတြင္းမွာပဲ သူတို႔ေရွ႕က စားစရာေတြ...မဟုတ္ေသးဘူး..ပန္းကန္ခြက္ေယာက္ေတြ အကုန္ေပ်ာက္သြားတယ္။ ၿပီးေတာ့ မူ႐ႊမ္ခဏစဥ္းစားေနလိုက္တယ္။ ခဏအတြင္းမွာပဲ ေယာင္စစ္အတြက္ႀကိဳးစားပမ္းစားစီစဥ္ေပးထားတဲ့ ေရွးေဟာင္းကမာၻေပၚက ပစၥည္းေတြေပ်ာက္သြားၿပီး လက္ရွိစၾကဝဠာေခတ္က ပစၥည္းေတြျပန္ေရာက္လာတယ္။ ေယာင္စစ္ထိုင္ေနခဲ့တဲ့ ခုံပုေလးေတာင္ ခ်က္ခ်င္းပဲ ႏွစ္ဝင္ေနေအာင္ဇိမ္ရွိလွတဲ့ သလင္းေက်ာက္ထိုင္ခုံႀကီးျဖစ္သြားတယ္

မူ႐ႊမ္ သူ႔ေရွ႕မွာစုေဝးေနတဲ့လူအုပ္ႀကီးကိုတစ္ခ်က္ၾကည့္လိုက္ၿပီး အားပါးတရမ်က္ေမွာင္ႀကဳံ႔ရင္း တစ္ခြန္းပဲေျပာလိုက္တယ္

"ကိုယ့္ဘာသာကိုယ္ ေျဖရွင္းၾက"

ေျပာလည္းေျပာၿပီးေရာ လူအုပ္ႀကီးကို ေနာက္ထပ္တစ္ခ်က္ေလးေတာင္ထပ္မၾကည့္ေတာ့ဘဲ သူ႔လက္ကကြန္ပ်ဴတာလက္ပတ္ကိုဖြင့္ၿပီး ေယာင္စစ္ကြန္ပ်ဴတာလက္ပတ္ထဲကို ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕သမိုင္းေၾကာင္းနဲ႔ပက္သက္တဲ့ အခ်က္အလက္ေတြပို႔ေပးေနတယ္။ သူ႔ၾကည့္ရတာ ခ်က္ခ်င္းပဲ ဘုရင္ႀကီးmodeကေန ေဖေဖႀကီးmodeကိုျပန္ေျပာင္းသြားတဲ့ပုံပဲ

ေယာင္စစ္ ၿငိမ္ၿငိမ္ေလးနဲ႔ သူ႔ေရွ႕ကသူကို ေၾကာင္ၿပီးၾကည့္ေနမိတယ္။ ၾကည့္ရတာ အထဲမွာသူ႔ဆက္ခံသူေလးကို သင္ၾကားေပးဖို႔လုပ္ေနတုန္း အျပင္မွာရန္ျဖစ္ေနတာေၾကာင့္ အရမ္းနားၿငီးလို႔ စကားနဲ႔ပဲေဆြးေႏြးၾကဆိုၿပီး အထဲကိုေခၚလာတဲ့ပုံပဲ။ သူကိုယ္တိုင္ဝင္ေျဖရွင္းေပးဖို႔ စိတ္ကူးရွိပုံမရဘူး

အမ္...တကယ္ပဲ မူ႐ႊမ္ပီသပါေပတယ္

"အ...အရွင္...မူ႐ႊမ္..?" မိုးႀကိဳးသစ္ေတာအရွင္ႀကီးက အေၾကာက္လြန္ၿပီးတဆတ္ဆတ္တုန္ေနေပမယ့္ မူ႐ႊမ္ကသူ႔ကို နည္းနည္းေလးေတာင္ေစာက္ဖက္မလုပ္တာလည္းျမင္ေရာ သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္။ မူ႐ႊမ္ရဲ႕ ဒီလိုဆိတ္ဆိတ္ေနတာႀကီးကို ထိုင္ၾကည့္ေနတာထက္ က်ားၿမီးသြားဆြဲရတာမွ ေပ်ာ္ဖို႔ေကာင္းဦးမယ္။ အဲ့လိုေတြးရင္းနဲ႔ ေဘးမွာရပ္ေနတဲ့အႀကီးအကဲေတြကိုတစ္ခ်က္ငဲ့ၾကည့္လိုက္ၿပီး အသက္ျပင္းျပင္းတစ္ခ်က္ရွဴကာ စရွင္းျပလိုက္တယ္

"တကယ္ေတာ့..ကြၽန္ေတာ္အခုလို ေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ တိုက္ဖို႔ နည္းနည္းမွမရည္႐ြယ္ခဲ့ပါဘူး" ဟုတ္တယ္ေလ အခုလိုေသြးစုပ္ဖုတ္ေကာင္ဘုရင္ႀကီးသာ ႏိုးထေနေၾကာင္း ေစာေစာထဲကသိခဲ့ရင္ ဒီအနီေရာင္ၿဂိဳဟ္နားေလး ေယာင္လို႔ေတာင္ျဖတ္သြားရဲမွာမဟုတ္ဘူး။ "ကြၽန္ေတာ္ဒီကိုလာတာက ခင္ဗ်ားတို႔ထဲကတစ္ေယာက္ ကြၽန္ေတာ့္ရဲ႕ ေတာ္ဝင္မ်ိဳးေစ့ကို ခိုးယူသြားလို႔ပါ"

"အဓိပၸာယ္မရွိလိုက္တာ" ဒုတိယအႀကီးအကဲက ထေအာ္လိုက္တယ္ "က်ဳပ္တို႔မ်ိဳးႏြယ္က ေသြးကလြဲၿပီး အျခားဘာမွမစားတာ စၾကဝဠာတစ္ခုလုံးသိတယ္။ အဲ့ေတာ့ အဲ့ဒီေတာ္ဝင္မ်ိဳးေစ့ကို ခိုးယူၿပီး ဘာလုပ္ရမွာလဲ။"

"ကြၽန္ေတာ္လည္း ဘယ္သိမလဲ" မိုးႀကိဳးသစ္ေတာအရွင္ႀကီးက ျပန္ခံၿပီးေအာ္လိုက္တယ္။ "ဒါေပမယ့္ ခင္ဗ်ားတို႔မ်ိဳးႏြယ္ထဲက ခြၽီက်ဲ႕ ခိုးယူသြားတာ ကြၽန္ေတာ့္မ်က္စိနဲ႔အတပ္ျမင္လိုက္တယ္။ သူ႔ေနာက္ကို ၾကယ္အစုအေဝးေပါင္းမ်ားစြာ လိုက္ခဲ့ၿပီးတဲ့ေနာက္ ဒီကိုေရာက္လာတာပဲ။ ခုနေလးကတင္ပဲ ကြၽန္ေတာ့္ရဲ႕ ေတာ္ဝင္မ်ိဳးေစ့ေလး ဆိုးဆိုးဝါးဝါးထိခိုက္ပ်က္စီးေနတာ အာ႐ုံခံမိလိုက္တယ္"

ၿပီးေတာ့ ဆက္ေျပာျပတယ္ "ကြၽန္ေတာ္တို႔မ်ိဳးႏြယ္က ေတာ္ဝင္သစ္ပင္ကေနေမြးဖြားလာၾကတယ္ဆိုတာ စၾကဝဠာတစ္ခုလုံးအသိပဲ။ ၿပီးေတာ့ ေခါင္းေဆာင္တစ္ေယာက္စီကလည္း ဆက္ခံသူတစ္ေယာက္ပဲေမြးဖြားႏိုင္တယ္။ အဲ့တာေတာ္ဝင္မ်ိဳးေစ့ပဲ" မိုးႀကိဳးသစ္ေတာအရွင္ႀကီးရဲ႕ အသံေတြတုန္ယင္လာၿပီး မ်က္ရည္ေတြတသြင္သြင္က်လာတယ္။ သူ႔မ်က္ႏွာမွာ ပူပန္ေသာကေတြနဲ႔ စိတ္ဓာတ္က်ေနတာေပၚလြင္ေနတယ္

"အခုေတာ့ ခင္ဗ်ားတို႔မ်ိဳးႏြယ္က ကြၽန္ေတာ္ရဲ႕တစ္ခုထဲေသာ ေတာ္ဝင္မ်ိဳေစ့ေလးကို ဖ်က္ဆီးပစ္လိုက္ၾကၿပီ။ အဲ့ဒီေတာ့ ကြၽန္ေတာ့္တစ္မ်ိဳးႏြယ္လုံးကိုဖ်က္စီးပစ္တာနဲ႔ ဘာကြာေသးလို႔လဲဗ်ာ"

"ခြၽီက်ဲ႕..." အႀကီးအကဲေတြအကုန္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ၿငိမ္က်သြားတယ္။ အျခားသူေတြဆိုရင္ မဟုတ္ဘူးလို႔ခံျငင္းေပးဦးမလိုပဲ။ ဒါေပမယ့္...အခုကခြၽီက်ဲ႕ဆိုေတာ့ သူတကယ္ခိုးသြားတယ္ဆိုတာ ျဖစ္ႏိုင္တယ္

"ခင္ဗ်ားတို႔မ်ိဳးႏြယ္ ဘယ္ေလာက္စြမ္းတယ္ဆိုတာလည္း ကြၽန္ေတာ္သိပါတယ္။ အဲ့ေတာ့ ခင္ဗ်ားတို႔ကိုဒီလိုမစြပ္စြဲခ်င္ေပမယ့္လည္း မတတ္ႏိုင္ဘူး" သူ႔ခမ်ာ ခ်က္ခ်င္းဆက္မေျပာႏိုင္ဘဲ ရင္ထဲမွာဆို႔ေနတယ္ ၿပီးေတာ့မွ"အခုေတာ့ ကြၽန္ေတာ့္ရဲ႕ေတာ္ဝင္မ်ိဴးေစ့ေလးကို ျပန္ေပးၾကပါဗ်ာ။ ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ အခြံကစၿပီး ရစရာမရွိေအာင္ပ်က္စီးေနရင္ေတာင္ ကြၽန္ေတာ္ဘယ္သူ႔ကိုမွအျပစ္မတင္ပါဘူး။ မ်ိဳးေစ့ကိုပဲယူၿပီးခ်က္ခ်င္းထြက္သြားပါ့မယ္။ မေက်နပ္ေသးဘူးဆိုရင္ အနီေရာင္ၿဂိဳဟ္မွာျဖစ္ခဲ့သမွ် အပ်က္အစီးေတြအတြက္ ၁၀ဆျပန္ေလ်ာ္ဆိုေတာင္ ေပ်ာ္ေပ်ာ္ႀကီးျပန္ေလ်ာ္ပါ့မယ္"

အခြံပ်က္စီးေနတယ္..? ေယာင္စစ္ရဲ႕ႏွလုံးသားေလး ေခ်ာက္ထဲကိုထိုးဆင္းသြားတယ္။ ခုနက ခရမ္းေရာင္အလုံးေလးကိုထုတ္ျပလိုက္ရင္း "နင္ေျပာတာ...ဒီဟာလား"

မိုးႀကိဳးသစ္ေတာအရွင္ႀကီးဆိုသူက ေယာင္စစ္ျပတဲ့အရာကိုလွမ္းၾကည့္လိုက္တယ္။ သူ႔ရဲ႕မ်က္လုံးေတြဝိုင္းက်ယ္သြားၿပီး စူးစူးရွရွနဲ႔ အက္ကြဲေနတဲ့ရင္ေခါင္းသံႀကီးက ေလထုကိုခြင္းၿပီးထြက္လာတယ္ "သား...သားေလး!"

ၿပီးေတာ့ မူ႐ႊမ္ရွိေနတာေတာင္ သတိမရႏိုင္ေတာ့ပဲ ေယာင္စစ္ဆီ ခ်က္ခ်င္းတန္းတန္းမတ္မတ္ေျပးလာၿပီး သူမလက္ထဲက အလုံးေလးကိုလုယူလိုက္တယ္။ အလုံးေလးကို ဖ်င္ျပန္ေခါင္းျပန္ ေသေသခ်ာခ်ာၾကည့္ေနရင္း မ်က္ရည္ေတြဒလေဟာစီးက်လာျပန္တယ္။ "သားေလး..သားေလးရယ္...ဘယ္လိုျဖစ္လို႔ ဒီေလာက္ေတာင္ထိခိုက္သြားရတာလဲ" ၿပီးေတာ့ ဆတ္ခနဲေယာင္စစ္ကို စူးစူးရွရွလွမ္းၾကည့္လိုက္ရင္း

"မင္းလက္ခ်က္ကိုး!"

ေယာင္စစ္ သူ႔ရဲ႕ လူသတ္ခ်င္စိတ္ျပည့္ႏွက္ေနတဲ့ မ်က္ဝန္းအစုံနဲ႔ စိုက္ၾကည့္တာခံရေတာ့ တစ္ခ်က္တုန္သြားရင္း ေနာက္ကိုဆုတ္မိလိုက္တယ္။ အဲ့ဒီတစ္ခဏအတြင္းမွာပဲ သူမလက္ကိုတစ္စုံတစ္ေယာက္က ဆုပ္ကိုင္လိုက္တာခံစားလိုက္ရတယ္။ မူ႐ႊမ္က သူမကို သူ႔ေနာက္ကိုပို႔လိုက္ၿပီးေရွ႕ကကြယ္ထားေပးရင္း မိုးႀကိဳးသစ္ေတာအရွင္ကို လွမ္းၾကည့္လိုက္တယ္။ "ငါ့ကေလးက...ဘာျဖစ္သလဲ"

ျဖည္းျဖည္းေအးေအးေလးေျပာလိုက္ေပမယ့္ စကားတစ္လုံးခ်င္းစီတိုင္းဟာ ေရခဲခြၽန္ေတြနဲ႔ေဆာင့္ထိုးေနသလို ေအးစက္ေနတယ္။ သူ႔ေဘးကေလေတြေတာင္ ခဲသြားသလိုပဲ

တစ္ခန္းလုံး ေၾကာက္စရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္သြားျပန္တယ္

မိုးႀကိဳးသစ္ေတာအရွင္ႀကီး တစ္ကိုယ္လုံးတဆတ္ဆတ္တုန္လာတယ္။ ဒူးေတြမခိုင္ေတာ့ဘဲ ေျမေပၚလဲက်ေတာ့မတတ္ျဖစ္ေနတယ္။ မ်က္ရည္ေတြက်လာတာေတာင္ သတိမထားႏိုင္ေတာ့ဘူး။ ေသာက္က်ိဳးနည္း ေသြးစုပ္ဖုတ္ေကာင္ဘုရင္ႀကီးႏိုးလာတာကိုပဲ မသိတာမွတ္ေနတာ သူ႔မွာကေလးတစ္ေယာက္ရွိတာကိုပါ ဘာလို႔မသိခဲ့ရတာလဲ

"အာ...ငါ အဲ့တာကိုခုေလးတင္မွရလာတာ",ေယာင္စစ္ရွင္းျပလိုက္တယ္ "ၿပီးေတာ့ ငါဘာမွမလုပ္ဘူး။ သူ႔ဟာသူကြဲသြားတာ"

"မျဖစ္ႏိုင္တာ" မိုးႀကိဳးသစ္ေတာအရွင္ႀကီးက ေခါင္းခါျပလိုက္တယ္။ သူ႔အသံေလးက ဖ်င္ေခါင္းထဲဝင္ေတာ့မတတ္ပဲ။ "SSSအဆင့္ မ်ိဳးႏြယ္ကလူတစ္ေယာက္ေတာင္ ေတာ္ဝင္မ်ိဳးေစ့ကို ပြန္းရာထင္ေအာင္လုပ္လို႔မရဘူး။ သူ႔ဟာသူကြဲသြားတယ္ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ"

"ငါလည္းဘယ္လိုသိမလဲ" ေယာင္စစ္မ်က္ေမွာင္ႀကဳံ႔လိုက္တယ္ "ငါ့ကိုခြၽီက်ဲ႕ေပးသြားတာ။ အဲ့အလုံးႀကီးက နင့္ရဲ႕ေတာ္ဝင္အေစ့ဆိုတဲ့ဟာႀကီးမွန္းေတာင္မသိဘူး။ အဲ့ေတာ့အေသးစိတ္သိခ်င္ရင္ သူ႔သြားေမးခ်ည္"

'ဟုတ္တယ္ေလ..လခြီးနဲ႔မွပဲ အဲ့ဒီက်ပ္မျပည့္တဲ့ေကာင္လုပ္သြားတာ ငါနဲ႔ဘာဆိုင္လို႔လဲ။ အဲ့ဒီခြၽီက်ဲ႕ဆိုတဲ့ေကာင္ကလည္း ဘယ္အခ်ိန္ထိမ်ား ငါ့ကိုဒုကၡေပးဖို႔ႀကံေနတာလဲ'

"သနားဖို႔ေကာင္းလိုက္တဲ့..ငါ့ရဲ႕သားေလး" မိုးႀကိဳးသစ္ေတာအရွင္ႀကီးက အလုံးေလးကိုေထြးပိုက္ထားရင္း မ်က္ရည္ေတြက်လာျပန္တယ္။ ခုနက ရန္လိုေနတဲ့ေဒါသထြက္ေနတဲ့အရွိန္အဝါေတြအကုန္ေပ်ာက္သြားၿပီး စိတ္ဓာတ္က်ေနတဲ့ ေသာကေရာက္ေနတဲ့ သားသည္အေမပုံစံပဲေပါက္ေနေတာ့တယ္

"အႀကီးအကဲေခါင္းေဆာင္က ဘယ္မလဲ" ဒုတိယအႀကီးအကဲက ဆက္မၾကည့္ရက္ေတာ့ဘဲ လွည့္ေမးလိုက္တယ္

"ဒီမနက္ကပဲ ၿဂိဳဟ္ေပၚကထြက္သြားၿပီေလ"

"ေန႔တစ္ဝက္ေတာင္မရွိေသးဘူးပဲ..ဒီၾကယ္အစုအေဝးထဲက မထြက္သြားေသးေလာက္ဘူး။ နယ္စပ္ကအာကာသစခန္းကို ျပန္ပို႔ေပးဖို႔ သတင္းပို႔လိုက္"

"ဟုတ္ကဲ့" တတိယအႀကီးအကဲက သူ႔ရဲ႕ကြန္ပ်ဴတာလက္ပတ္ကိုဖြင့္လိုက္တယ္။ တစ္ခုနအတြင္းမွာပဲ မ်က္ႏွာကေသြးမရွိေတာ့သလို ျဖဴဖပ္သြားတယ္ "အႀကီးအကဲေခါင္းေဆာင္ပါသြားတဲ့အာကာသယာဥ္က ကြၽန္ေတာ္တို႔ၾကယ္အစုအေဝးကေန ထြက္သြားၿပီ"

"ဘာ..! သူ႔တည္ေနရာကိုခ်က္ခ်င္းရွာၿပီး လိုက္ဖမ္းစမ္း"

"ယာဥ္က ဒီၾကယ္အစုအေဝးကထြက္ခြာသြားတာနဲ႔ ေျခရာေဖ်ာက္သြားပါတယ္"

"...."

ဒုတိအႀကီးအကဲတစ္ေယာက္ ေဒါသေၾကာင့္ပဲလား ေဘးမွာမရပ္မနားတရႈံ႕ရႈံ႕ငိုေနတဲ့ မိုးႀကိဳးသစ္ေတာအရွင္ႀကီးေၾကာင့္ပဲလားမသိ ေခါင္းေတြပါထိုးကိုက္လာတယ္။ ခဏေလာက္စဥ္းစားၿပီးတဲ့ေနာက္ အသက္ျပင္းျပင္းတစ္ခ်က္ရွဴသြင္းလိုက္ၿပီး အေလးအနက္ေျပာလိုက္တယ္ "မိုးႀကိဳးသစ္ေတာအရွင္ႀကီး...ဒီကိစၥသာအမွန္ဆိုရင္ ကြၽန္ေတာ္တို႔မ်ိဳးႏြယ္က အျပည့္အဝတာဝန္ယူပါ့မယ္။ ကြၽန္ေတာ္တို႔အႀကီးအကဲေခါင္းေဆာင္ကို အျမန္ဆုံးဆက္သြယ္ၿပီး ဒီကိစၥကိုစုံစမ္းေပးပါ့မယ္"

"ဟင့္အင္း!" မိုးႀကိဳးသစ္ေတာအရွင္ႀကီးေတာင္ ဘာမွျပန္မေျပာႏိုင္ေသးခင္မွာပဲ မူ႐ႊမ္က လူအုပ္ႀကီးကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ရင္း ျဖတ္ေျပာလိုက္တယ္။"မင္းတို႔အရမ္း အလုပ္ရႈပ္တာပဲ"

မူ႐ႊမ္လက္တစ္ခ်က္ေဝွ႔လိုက္တယ္ဆိုရင္ပဲ အနားကေလထုက တစ္ေနရာထဲကိုစုပ္ယူခံလိုက္ရသလိုျဖစ္သြားၿပီး အနက္ေရာင္အေပါက္တစ္ခု ႐ုတ္တရက္ေပၚလာတယ္။ အဲ့ဒီအေပါက္ထဲကေန မၾကာခင္မွာပဲ အရိပ္တစ္ခုေပၚလာတယ္

"စၾကဝဠာဆင့္ေခၚျခင္း..!" ဒုတိယအႀကီးအကဲက ႐ိုေသေလးစားမႈအျပည့္နဲ႔ထေအာ္လိုက္တယ္

မူ႐ႊမ္ သူ႔ရဲ႕လက္ကိုအနည္းငယ္ႏွိမ့္ခ်လိုက္တဲ့အခါ အဲ့ဒီအနက္ေရာင္အေပါက္ထဲက ပုံရိပ္က အျပင္ကိုထြက္က်လာတယ္

"အားးး" အဲ့ဒီအရာရဲ႕ စူးစူးဝါးဝါးေအာ္လိုက္တဲ့အသံနဲ႔အတူ ခုနကပဲ အလင္းႏွစ္ေထာင္ေပါင္းမ်ားစြာေဝးကြာေနတဲ့ေနရာကို ထြက္ေျပးၿပီးေပ်ာက္သြားၿပီလို႔ ေျပာေနခဲ့ၾကတဲ့ တစ္စုံတစ္ေယာက္ေသာ တရားခံက ၾကမ္းခင္းေပၚကိုက်လာတယ္

တစ္ခန္းလုံးတိတ္ဆိတ္သြားၿပီး ေငးၾကည့္ေနမိၾကတယ္

"အေဖ?"

"mmh?"

"သမီးကိုအဲ့ဟာေရာသင္ေပး"

"ရတာေပါ့"

__________

Continue Reading

You'll Also Like

194K 1.4K 7
18+ Fic ဖြစ်လို့ အသက်ပြည့်သူ ဝါသနာပါသူများသာဖက်ရန်
830K 71.1K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
140K 7.4K 21
Shar ရဲ႕ ပထမဆံုး GL fic ေလးပါ အားေပးၾကပါဦးေနာ္ Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁
738K 59.7K 49
DaddyZ စာနှစ်ကြောင်း ပေါက်ကရ ဝတ္ထုတိုများ စုစည်းမှု