💜 Secret Love 💜 (Completed)

By JeonTaeMon

222K 16.4K 481

နာမည်ကြီး Idol တွေမလို့ လျှို့ဝှက်စွာတွဲကြမလားဟျောင်း🐰🐯 ဟျောင်းနဲ့ပတ်သက်ရင်အတ္တကြီးတဲ့ကျွန်တော့်ကို ဟျောင်းကခ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part -6
Part-7
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part -16
Part-19
Part-17
Part-18
ကြေညာချက်
Part-20 ( 👨‍❤️‍💋‍👨)
Part-21 (Final)

Part-8

7.8K 721 6
By JeonTaeMon



"PD Nim "




"ဘာဖြစ်လို့လည်း"



"ဗျာ"


"PD က လွန်လွန်းတယ်ဗျာ ဟျောင်းကိုထိခိုက်ရင်ရော ဟိုမိန်းမ Ent က CEO နဲ့ကျွနှ်တော်သွားတွေ့မယ်"




"မဖြစ်နိုင်ဘူး ဘာလို့ကျွနှ်တော်တို့ နှစ်ယောက်ကိုခွင့်မပြုရတာလည်း"


"အခုထိမဖြစ်သေးပေမယ့် ကျွနှ်တော့်ခံစားချက်ကို ဟျောင်းသိတယ် မကြာခင်တရားဝင်ဖွင့်ပြောဖို့စဉ်းစားထားတာ "






........




















.............






"လွမ်းတယ် ဂျောင်ကုကီ"

..............





















.........


Unicode....

ဂျောင်ကု PD အားတွေ့ရန် ဟျောင်းတို့နဲ့လေ့ကျင့်နေရင်းထွက်လာခဲ့သည် ... ထင်သည့်အတိုင်းပင် ဟျောင်းပေါက်စကို ဟိုယူနာဆိုတဲ့မိန်းမ တကယ်နမ်းလိုက်လို့ သတင်းတိုင်း ဟျောင်းနဲ့ယူနာကိုဘာလိုလိုရေးနေကြတာ Media တစ်ခွင်လုံးလည်းပျံ့နေတော့သည်...

ဟိုမိန်းမဘက်က Ent ကလည်း‌ဖြေရှင်းချက်မထုတ်ပေ..ဟျောင်းပေါက်စနဲ့လည်း မတွေ့ရသေး မနေ့ကရိုက်ကွင်းက ဘူဆန်ဘက်မှာမို့ ဟျောင်းပြန်မလာတာပဲဖြစ်သည် သူ ph ဆက်တော့လည်းမကိုင်တာကြောင့် ဂျောင်ကု PD ကိုပဲပြောရန်ထွက်လာခဲ့သည်

"PD Nim "

အခန်းထဲဝင်လာသော PD ‌ကြောင့်ဂျောင်ကုထကာနှုတ်ဆက်လိုက်သည်..

"အင်း ဂျောင်ကု ဘာကိစ္စရှိလို့လည်း "

"ထယ်ယောင်းဟျောင်းကိစ္စ "

"ဘာဖြစ်လို့လည်း"

"ယူနာနဲ့သတင်းတြွေပန့်နေတာလေ အဲ့ဒါကိုယူနာ့ဘက်က Ent ကလည်းအခုထိမငြင်းဆိုဘူး အဲ့တာ PD က ကောလဟာလဆိုတဲ့သတင်းထုတ်ပေးပါ "

"ဂျောင်ကု ငါထုတ်ပေးမှာမဟုတ်ဘူး "

"ဗျာ"

"မင်းတို့သတင်းကိုဖုံးချင်လို့ ထယ်ယောင်းဇာတ်ကားရိုက်တဲ့ကိစ္စ အခုလည်းမင်းတို့သတင်းကို အာရုံမစိုက်ပဲယူနာ့ဘက်လှည့်သွားတာက ငါလိုချင်တဲ့အရာပဲ အဲ့တာကြောင့် ငါငြင်းမှာမဟုတ်ဘူး "

"PD က လွန်လွန်းတယ်ဗျာ ဟျောင်းကိုထိခိုက်ရင်ရော ဟိုမိန်းမ Ent က CEO နဲ့ကျွန်ှတော်သွားတွေ့မယ်"

"မမိုက်ချင်စမ်းပါနဲ့ကွာ သူတို့ကပိုတောင်မငြင်းချင်သေး မင်းတို့နဲ့ Dating new ထွက်လေ လူပိုသိတယ်ဆိုပြီး ကြိုက်လေပဲ"

"ဒါဆိုဘယ်လိုလုပ်မှာလည်း လကားနေလကား ဟျောင်းကရည်းစားတစ်ယောက်ကောက်ရသလိုဖြစ်နေပြီ "

"လွယ်ပါတယ် မင်းထယ်ယောင်းကိုရည်းစားမရစေချင်ရင် မင်း IU ကိုလိုက်လိုက်လေ "

"မဖြစ်နိုင်ဘူး ဘာလို့ကျွန်ှတော်တို့ နှစ်ယောက်ကိုခွင့်မပြုရတာလည်း"

"ဘာ မင်းတို့က ချစ်သူတေြွဖစ်နေကြပြီလား "

"အခုထိမဖြစ်သေးပေမယ့် ကျွန်ှတော့်ခံစားချက်ကို ဟျောင်းသိတယ် မကြာခင်တရားဝင်ဖွင့်ပြောဖို့စဉ်းစားထားတာ "

PD ကအလန့်တကြားကြည့်လာရင်း

"မဖြစ်နိုင်ဘူး ဂျောင်ကု မင်းက BT7 ပြိုလဲတာမြင်ချင်လို့လားဟမ် မင်းတို့ကိုမလိုတဲ့ Hater တွေက မင်းတို့အားနည်းချက်ကိုရှာနေတာကွ အချင်းချင်းကြိုက်နေတာသိရင် BT7 အဖွဲ့ထပ်ပြီးအောင်မြင်မှုကိုဆက်ထိန်းထားနိုင်မယ်လို့ထင်နေတာလား ဟမ် "

"PD သဘောမကျလည်းရတယ် ကျွန်တော်က ဘာပဲဖြစ်ဖြစ် ဟျောင်းကို ကာကွယ်မှာမလို့  ခွင့်ပြုပါဦး "

"မင်းသိထားဖို့က မင်းတို့လုံးဝတွဲလို့မဖြစ်ဘူးနော် "

ဂျောင်ကုလက်သီးကိုသာ ကျစ်ကျစ်ဆုပ်မိရင်း အနောက်က PD စကားသံကိုမကြားသလိုထွက်ခဲ့သည်..

........

တိတ်ဆိတ်ငြိမ်သက်တဲ့ကော်ဖီဆိုင်ထဲသို့ဝင်လာသော မိန်းမလှတစ်ယောက်ကြောင့် ဂျောင်ကုပြုံးလိုက်မိသည်။ သူမက သူ့အရှေ့ကမျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ရင်း ‌ခြေတစ်ဖက်ကိုဟန်ပါပါပင်ချိတ်လိုက်သေးသည်

"တွေ့ရတာဝမ်းသာပါတယ် ဂျောင်ကုရှီး"

"လိုရင်းပဲပြောရအောင် ယူနာရှီး"

သူမမျက်ခုံးတစ်ဖက်ပင့်တက်သွားကာ ခပ်ဖွဖွပြုံးလိုက်ရင်း

"ဂျောင်ကုလို့ပဲခေါ်မယ်နော် ဂျောင်ကုက ကျွန်မကိုတွေ့ချင်တာဘာကိစ္စလဲ"

"ကျွန်တော် တည့်ပဲပြောပါ့မယ် အခုဟျောင်းနဲ့ထွက်နေတဲ့ကောလဟာလတွေကို ယူနာ့ဘက်ကငြင်းပေးပါ "

"အိုး ထယ်ယောင်းနဲ့ကိစ္စကိုတော့ ငြင်းပေးဖို့အစီအစဉ်မရှိပါဘူး "

"ဘာလို့လည်း ခင်ဗျားကမိန်းကလေးလေ ဒီလိုမဟုတ်မမှန်ကောလဟာလတေကြောင့်သိက္ခာကျမှာမစိုးရိမ်ဘူးလား"

"ဂျောင်ကုကအရမ်းပူပန်နေတာပဲ ဘာကြောင့်ကျွန်မက သိက္ခာကျရမှာလဲ ထယ်ယောင်းနဲ့ Dating New ထွက်တာ ကျွန်မအတွက်ပိုတောင်ကောင်းသေးတယ် ပြီးတော့ထယ်ယောင်းကိုကျွန်မကစိတ်ဝင်စားနေတာလေ "

ဂျောင်ကု ထိုမိန်းမအား အံ့ဩစွာကြည့်မိသည်..သူမက လုံးဝမျက်နှာပြောင်တိုက်တာပဲ..သူလည်းဒါဆိုအားနာစရာမလိုတော့ဘူးပေါ့ ..

"မင်း မရှက်ဘူးလား ယူနာ ဟျောင်းကတောင်ဘာမှမဖြစ်တာ မင်းကဒီသတင်းကိုအစစ်အမှန်လို့ ပရိသတ်တွေယုံဖို့မျှော်လင့်နေတာလား စိတ်ချပါ မင်းနဲ့ဟျောင်းဘာမှမဟုတ်ဘူးဆိုတာကို ငါသက်သေပြမယ်"

"ဂျောင်ကုကရော ဘာလို့ဝင်ပါတာလည်း Dating ထွက်တာ ရှင်နဲ့မှမဟုတ်တာ"

ဂျောင်ကု ဒေါသထွက်လာရသည် တော်တော်မလွယ်တဲ့မိန်းမပဲ

"ဘာလို့မဆိုင်ရမှာလည်း ဟျောင်းကငါ့ဟျောင်း မဆိုင်ဘူးလို့ပြောနေရအောင်မင်းရူးနေလား "

"ရှင် ထယ်ယောင်းအပေါ်ရိုးမှရိုးသားရဲ့လား"

ဂျောင်ကု သူမအားလျှော့မတွက်သင့်တော့ပေ

"မင်းကိစ္စမဟုတ်ဘူး ရတယ်လေ မင်းကြိုက်သလိုလုပ် ငါကဒီကောလဟာလတွေကြားကဟျောင်းကိုသေချာပေါက်ဆွဲထုတ်မှာ "

ပြောပြီး ထိုမိန်းမမျက်နှာအားဆက်မမြင်စေရန်ထထွက်လာခဲ့တော့သည်..စိတ်ရှုတ်စရာကောင်းလှသည် ဘယ်လိုမိန်းမမျိုးပါလိမ့်...

ယူနာထွက်သွားသောဂျောင်ကုအားကြည့်ကာ မဲ့ပြုံးတို့ပြုံးလိုက်ရင်း ထယ်ယောင်းကိုသူမတစ်ဦးတည်းပိုင်ဆိုင်စေရမည်..အခုထွက်တဲ့ ထယ်ယောင်းရဲ့ချစ်သူဆိုတဲ့ကောလဟာလကိုသူမအမှန်ပဲဖြစ်စေချင်မိသည်..

.............

ချစ်ခြင်းတွေကိုမသိကျိုးကျွန်ပြုရတာ ဝမ်းနည်းစရာကောင်းလှသည်.. အချစ်ကလေပြေဆို လေမုန်တိုင်းတွေပြီးဆုံးတဲ့အခါ လေ‌ပြေလေးတွေတိုက်လာမှာလား ဂျောင်ကုအချစ်တွေကလေ‌ပြေဆို သူကလေနှင်ရာလွင့်နေတဲ့တိမ်ဆိုင်လေး..

ဂျောင်ကုအတူလာအိပ်ပြီး First Kiss ယူသွားတဲ့ညက ဂျောင်ကုသူ့ကိုပွင့်လင်းစွာဝန်ခံပြီး သူ့သဘောထားကိုမေးလာတော့မှာကြောင့် မသိကျိုးကျွန်ပြုခဲ့ရသည်..ချစ်နေတာသိပေမယ့် တကယ်တမ်းအဖြေတောင်းခံရရင် BT7 ကိုတွေးမိပြီး ဘယ်လိုမှခေါင်းငြိမ့်လို့မရတဲ့အခြေအနေ..

ထယ်ယောင်းညို့မှိုင်းနေသောကောင်းကင်ကြီးကိုကြည့်ပြီး အတွေးများနေရသည် ..ဆိုးလ်ကိုလည်းမပြန်ချင်သေးပေ ယူနာနဲ့ထွက်နေတဲ့လတ်တလောကောလဟာလတွေကိုရင်မဆိုင်ချင်သေး ငြင်းလို့လည်းမဖြစ်တဲ့အခြေအနေမို့ မွန်းကျပ်လှသည်..PD ဆီက Ph ဝင်လာတော့ ဂျောင်ကုကလာကန့်ကွက်တယ်တဲ့လေ..အဲ့တာ ဂျောင်ကုဘာမှမလုပ်ပဲငြိမ်အောင်လို့ မိမိကပဲထိန်းသိမ်းပေးပါတဲ့..

အဟက် တရားလိုက်တာလောကကြီး အောင်မြင်နေတဲ့လမ်းကြောင်းပေါ်ရောက်နေတဲ့လူတွေကရော ခံစားချက်မရှိရတော့ဘူးလား ထယ်ယောင်းတို့အဖြစ်က‌ခြေတစ်လှမ်းမှားတာနဲ့နက်မှောင်လှတဲ့ချောက်ထဲပြုတ်ကြတော့မယ့်သူတွေလို မမြင်ရတဲ့ တိုက်ခိုက်မှုတွေကိုကြောက်ပြီး တစ်ဖွဲ့တည်းသားချင်း Dating ထွက်မှာထက် မိန်းကလေးတစ်ယောက်နဲ့ Dating ကိုပိုအလေးပေးခဲ့တဲ့ PD ဟာ တစ်ခုခုလွဲမှားနေသလားလေ..

တစ်ဖွဲဖွဲကျဆင်းလာသောမိုးစက်မိုးပေါက်‌များထဲ ‌ပြေးကာရင်ထဲကမွန်းကျပ်မှုတွေကိုအော်ဟစ်လိုက်ချင်မိသည်....ဆုတောင်းတွေသာပြည့်မယ်ဆိုရင် ချစ်ချင်မိတဲ့သူအ‌ပေါ်ဘယ်အဟန့်အတားမှမရှိပဲချစ်ခွင့်ရချင်မိပါရဲ့..

"လွမ်းတယ် ဂျောင်ကုကီ"

..............

ဆုပေးပွဲသို့တက်ရောက်လာသော BT7 အဖွဲ့သားတွေရဲ့ ချောမောမှုတွေနဲ့အတူ တစ်ဖျတ်ဖျတ်လက်နေသော ကင်မရာမီးရောင်များကြား တောက်ပနေသောအပြုံးကိုယ်စီနဲ့ နိုင်ငံ့ရတနာလေးတွေမှာ ခန့်ညားထည်ဝါနေ‌သည်..

ဂျောင်ကုမှာ အဖွဲ့ရဲ့အစွန်ဆုံးမှာရပ်နေသော  သူတစ်ဦးတည်းသာပိုင်ဆိုင်လိုသော နတ်သားလေးတစ်ဖြစ်လဲ သူ့ဟျောင်းပေါက်စအားကြည့်ကာ ပြုံးလိုက်ရင်း

...စိတ်ချဟျောင်း ဒီနေ့ည ဟျောင်းရဲ့ကောလဟာလတွေကိုကျွန်တော်ရှင်းပေးမှာ....

"ထယ်ယောင်းရှီး အခုတလောထွက်ပေါ်နေတဲ့ မင်းသမီးယူနာနဲ့တွဲနေတယ်ဆိုတဲ့သတင်းကအမှန်ပါလား "
သတင်းထောက်တစ်ယောက်အော်မေးသော စကားသံအဆုံးတွင် ခန်းမတစ်ခုလုံးငြိမ်သက်လျှက်..ထယ်ယောင်းမှာမသိမသာမျက်နှာပျက်သွားကာ ဂျောင်ကုကတော့လက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ပြီး

"ဒါက ကျွန်တော်တို့ Personal ကိစ္စမလို့ မေးခွင့်မရှိပါဘူး ဒါပေမယ့် "

ဂျောင်ကုထပ်‌ပြောလာမယ့်စကားအား လူအပေါင်းမျက်နှာမှာအာရုံစိုက်မှုအပြည့်နဲ့‌နားထောင်နေကြလျှက်

"Social Media မှာထွက်သမျှ ကျွန်တော်တို့နဲ့ပတ်သတ်တဲ့ ပေါက်ကရသတင်းတွေကိုကြည့်ပြီး တစ်မျိုးမထင်ကြဖို့‌ပြောပါရစေ ကျွန်‌တော်တို့နှုတ်ကနေတစ်ကူးတစ်ကဝန်ခံတာမျိုးမဟုတ်တဲ့ ပေါက်ကရသတင်းတွေကိုမယုံကြဖို့ပြောချင်ပါတယ်"

"ဲဒါဆို ဘာလို့ Ent ဘက်ကဖြေရှင်းချက်မထုတ်တာလည်းရှင့် သိခွင့်ရမလား Media လောကမှာနာမည်ကြီးနေတဲ့သတင်းတစ်ပုဒ်ကို Ent ဘက်ကဘာမှမတုံ့ပြန်ဘူးဆိုတာ 90% က‌အဲ့သတင်းအတည်မို့လို့ဆိုတာ အားလုံးသဘောပေါက်ကြပါတယ်"

ထယ်ယောင်းငြိမ်နေရာမှ စကား‌ပြောရင်ပြင်လိုက်တော့ နမ်ဂျွန်းကလှမ်းတားသည်... ဝင်မပါနဲ့ဆိုသောသဘော..ဂျောင်ကုကပင်ဆက်လက်ပြီး..

"မဖြေရှင်းဘူးဆိုတာနဲ့အဲ့သတင်းကအမှန်ဖြစ်သွားရောလား ဒါဆို ငါနဲ့ ထယ်ယောင်းဟျောင်းနဲ့ ချစ်သူတွေလားဆိုတဲ့သတင်းထွက်တုန်းက Ent ဘက်ကတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိတော့ ငါတို့ကတကယ့်ချစ်သူတွေလို့မင်းတို့လက်ခံလိုက်သလား "

သတင်းထောက်အားလုံးမှာပါးစပ်အဟောင်းသား

"ဒါဆိုရင် မေးပါရစေ ဂျောင်ကုမှာရော ရည်ရွယ်ထားတဲ့သူရှိပြီလားခင်ဗျ"

ဘယ်ကထွက်လာသောအသံမှန်းမသိပေမယ့် အားလုံးတိတ်နေသောအခြေအနေမလို့ဖြေရမည်ဖြစ်သည် ဟျောင်းတွေလည်း PD က‌ပြောလို့သာငြိမ်နေတာ ယောင်းငယ်ဟိုမင်းသမီးနဲ့ သတင်းထွက်တာကိုလုံးဝမနှစ်မျို့တာကြောင့် အခုအခြေအနေမှာ ငယ်လေးဘာ‌ပြော‌ပြော ကျေနပ်သည်ဆိုသော မျက်နှာတွေနဲ့သာ..

ထယ်ယောင်းမှာ ‌ခြေဖျားလက်ဖျားတွေပင်အေးလာသည် မထင်မှတ်ပဲ ဆုပေးပွဲရဲ့ပစ်မှတ်ဟာ မိမိကနေ ကုကီဆီသို့‌ပြောင်းလဲသွားကာ ကုကီဖြေလိုက်သည့်အ‌ဖြေဟာ PD နဲ့လုံးဝထိပ်တိုက်တွေ့မည့်အ‌ခြေအနေတြွေဖစ်နေတာကြောင့် ချွေးလေးတွေပင်ပျံနေတော့သည်..

ဂျောင်ကုပြုံးလိုက်ကာ

"ရှိပါတယ် ရည်ရွယ်ထားတဲ့သူ တစ်သက်လုံးအနားမှာအရိပ်တစ်ကြည့်ကြည့် ကြည့်နေခဲ့ပြီး ပိုင်ဆိုင်ချင်တဲ့လူသားပါ.."

ဂျောင်ကုမျက်လုံးရဲ့အကြည့်တွေက ထယ်ယောင်းကိုကြည့်ကာပြောနေတာကြောင့် ထယ်ယောင်းပါးလေးတွေပင်ရဲကာရှက်နေခဲ့မိသည်...

"ကျွန်တော်တို့အဖွဲ့ဝင်တွေအကုန်လုံးဟာ ပရိသတ်အပေါ် ရှိရင်ရှိတယ် ဟုတ်ရင်ဟုတ်တယ်တိုက်ရိုက်‌ပြောမှာဖြစ်တာ‌ကြောင့် ဘာသတင်းပဲထွက်ထွက် ကျွန်တော်တို့ နှုတ်ကဖွင့်ဟဝန်မခံမချင်း မဟုတ်မမှန်ကောလဟာလတွေလို့ပဲ သိထားပေးပါ ကျေးဇူးတင်ပါတယ် "

ဟျောင်းတွေမျက်နှာမှာ ဒါမှငယ်လေးကွဆိုပြီး ဂုဏ်ယူတဲ့အပြုံးတွေနဲ့ ချစ်ရတဲ့လူသားလေးကိုကြည့်မိတော့ ခေါင်းငုံ့ကာချစ်စဖွယ်ရယ်မောနေခဲ့ပါသည်

....ချစ်တယ်ဟျောင်း ဘာတွေပဲဖြစ်ဖြစ် ဟျောင်းဘက်ကကျွန်တော်ရှိနေမှာမလို့ ကျွန်တော့်ကိုပဲရွေးချယ်‌ပေးပါ...

.........

မ up တာကြာသွားတယ် ဟီး 😁 အခုတလောစိတ်ညစ်စရာလေးတွေရှိနေလို့ Fic ရေးတဲ့ဘက်မလှည့်နိုင်တာ ဖတ်ပေးတဲ့ reader လေးတွေအကုန်လုံးကျေးဇူးပါနော် 💜

Continue Reading

You'll Also Like

30.8K 4.8K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
77.9K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
39.4K 2.8K 72
ဖတ်ကြည့်နော်😉😉
228K 21.2K 33
သက်ဆုံးတိုင် ကိုကို့တစ်ယောက်တည်းကိုပဲချစ်နေပါ့မယ် မပိုင်ဆိုင်ရပေမဲ့ပေါ့ #Kim Taehyung ကိုယ့်အမှားတစ်ခုကြောင့် နာကျင်စေခဲ့တဲ့အတွက် ခွင့်မလွှတ်ပါနဲ့...