Want to ascend ? Then fall in...

By yourOnigiri

10.6K 781 58

想飞升就谈恋爱 Author Long Qi 龙柒 Chapter 214 + 10 extra https://www.novelupdates.com/series/want-to-ascend-then-fa... More

မိတ်ဆက်
ကြီးမြတ်သောအရှင်သခင်
ကောင်းကင်ဘုံအောက်တစ်ဦးတည်းသော
နူးညံ့တဲ့တိမ်ကလကိုဖုံးကွယ်ထားတယ် နှင်းပွင့်တွေရဲ့လေကြောင့်လှုပ်ခတ်မှုနဲ့အတူ
အမတများ​၏တိုက်ပွဲ(အပြန်အလှန်ကျီစယ်ခြင်း)
ကောင်းကင်ဘုံလမ်းကြောင်းရဲ့နံပါတ်တစ်အချောအလှလေး
လရောင်တည်ခင်းလျှိုဝှက်လောက
အားတင်းထား မက်မွန်ပန်းလေး
သူယခုထိတိုင်သည်းခံနိုင်သောအရာအချို့
အရမ်း အရမ်း အရမ်း ချစ်စရာကောင်းတယ်
မင်းရဲ့လူ*
အေးလား ငါတော့နည်းနည်းအေးတယ်

မကောင်းဆိုးဝါးဧကရာဇ်အားထပ်ခါထပ်ခါအရှက်ခွဲခြင်း(ဆွဲဆောင်ခြင်း)

253 38 0
By yourOnigiri

အရင်တုန်းက Shen QingXian  ဆိုကြိုတင်အစီအစဉ်ဆွဲထားမှာဖြစ်တယ်
ဒါပင်မယ့် ယခုအချိန်မှာတော့
အကယ်၍သူကထောင်ခြောက်ဆင်ဖို့တယွယွဖြစ်
နေရင်တောင်မှ "၄ ။ မင်းGu JianShen ကိုသတ်ဖို့မရည်ရွယ်ရဘူး " ဆိုတဲ့ကျောက်စိမ်းစာလိပ်ပါအကြောင်းအရာကြောင့် ၊
ထိုအရာကအခုထိတိုင်အောင်မှေးမိန်ခြင်းမရှိသေးဘဲ တောက်ပနေဆဲဖြစ်နေသည်။ ထို့ကြောင့်
သူ့တွင်လုပ်နိုင်စွမ်းမရှိပေ ။

ထို့အပြင်ကို အလေးအနက်သေချာစဉ်းစားကြည့်မယ်ဆိုရင် ယခုအချိန်၌သူ့တွင် Gu JianShen အားထိခိုက်အောင်ပြုဖို့ဆန္ဒမရှိပေ ။

ထို့ကြောင့် သူ့ရဲ့နှုတ်ခမ်းပေါ်တွင် တမ်းတမ်းဆွဲထားသည့် သူ့​၏အပြုံးသည် သန့်ရှင်းစင်ကြယ်ပြီး
စန္ဒာလမင်းက ကောင်းကင်ကြီးမှာလှပစွာထွန်းလင်းနေသလိုမျိုး
"အရှင်မင်းကြီး အဆုံးမရှိသောအသက်ရှည်ခြင်းမှာပျော်မွေ့နိုင်ပါစေ"

ဝန်ခံရမည်ဆိုရင် ဒီဒေသယိစကားသည် ယုတ်မာဆိုးညစ်မှုတွင်သုံးသောဥပစာစကားဖြစ်သည်။
သို့သော်ငြားလည်း လောကီရေးရာတွင်မှု
တစ်ယောက်ယောက်အားအသက်ရှည်ဖို့ဆုတောင်းပေးခြင်းသည်ကောင်းချီးစကားဖြစ်ပြီး
ကျင့်ကြံခြင်းနယ်နိမိတ်တွင်တော့
သာမာန်လူကိုနှစ် ၆၀ နေနိုင်ဖို့ရာအတွက်ဆုတောင်းပေးနေသလိုမျိုး  နှုတ်ဖြင့်ပြောနေစရာမလိုသောအကြောင်းအရာဖြစ်သည် ။
သူတို့က နှစ် ၆၀ လောက်နေထိုင်ရမည်မှာ
​လုံးဝသေချာပေါက်ဖြစ်သည် !

ကံကောင်းစွာဖြင့် Gu JianShen ကထိုအရာပေါ်၌ငြင်းခုံခြင်းအလျင်းမပြုဘဲ သဘောကျနေသလိုမျိုး "ကျွန်တော်လည်းယုံကြည်ပါတယ် "

Shen QingXian ရဲ့စကားလုံးတွေက သတ်ဖို့ရည်ရွယ်ချက်တွေနှင့်နစ်မဝင်နေသမျှသူကကျေနပ်နေသည် ။

Shen QingXian ကသူအားတစ်ချက်ကြည့်မိသည်။
နှလုံးသားပိုက်နက်ရဲ့ကောလာဟလအဆိုရ
ဒီမိစ္ဆာဘုရင်ကပြဿနာတွေကိုတော်တော်လေးအကြင်နာမဲ့စွာနဲ့ကိုင်တွယ်တယ် ။
သူရဲ့အလုပ်လုပ်ပုံကစည်းကမ်းမဲ့ပြီး
သူ့ရဲ့ရည်မှန်းချက်တွေကို တရားမျှတတဲ့နည်းစနစ်
ဒါမှမဟုတ်ဆိုးရွာတာနဲ့ပဲဖြစ်ဖြစ် ကြိုးပမ်းရယူစေတယ်။ ပြီးတော့သူကရက်စက်ပြီး တစ်ဦးတည်း
ခေါင်းမာနေသည့်စရိုက်နဲ့လူဖြစ်သည် ။

ယခုအချိန်မှာတော့ သူက ကြက်သွေးရောင်ပန်းနဝါရဲ့ထောင်ချီသောပွင့်ဖက်တွေရှိတဲ့ပန်းရဲ့အလှမျိုးနှင့်အလားသဏ္ဍာန်ဆင်တူနေသည်။
သူပြုံးလိုက်လျှင်ဖြင့် ထိုပွင့်ဖွက်တွေက မိုးပေါက်
လေးတွေအဖြစ်ပြောင်းသွားပြီး ကျက်သရေရှိစွာလောင်းချလိုက်သလိုမျိုး ။

Shen QingXian  ဟာဒီမြင်ကွင်းကသူ့အတွက်အတော်အတန်လေးလှပတယ်လို့တွေးထင်မိပြီး
သူ့​၏လက်ဖြင့်ဖိတ်ခေါ်ခြင်းလက်ဟန်ကိုပြလျှက်
"ကျေးဇူးပြုပြီး"

Gu JianShen ကလည်းသူ့အား "ယုံကြည်"ကာ
သူတို့နှစ်ဦးလုံးအထက်ပင်လယ်သို့ပထမဦးစွာ
ဦးတည်လိုက်သည်။


ဒီမိစ္ဆာဘုရင်ကကြိုတင်ပြင်ဆင်ထားတာလား
ဒါမှမဟုတ် သူ့ကိုပဲတကယ်ယုံကြည်တာလားဆိုတာ
ဘယ်သူကသိနိုင်မှာလဲ ။
သို့သော်သူအထက်ပင်လယ်သို့လျှောက်လှမ်းချိန်မှာတော့သူ့ထံတွင်တုန်လှုပ်ခြင်းအနည်းတောင်မရှိ။

သူ့ခြေချလိုက်သည်နှင့်ချက်ချင်းဆိုသလို
အနီရောင်ရောင်ခြည်တန်းများကပြိုးပျက်စွာဖြင့်
အေးမြသောမိုးပြာရောင်ပင်လယ်ရဲ့မျက်နှာပြင်နှင့်
ကွဲလွဲစွာတောက်ပလို့နေ​၏
နှစ်သက်ကြည်နူးဖွယ်ကောင်းတဲ့ပြဇာတ်တစ်ခုတင်ဆက်ပြသနေသလိုမျိုး

Gu JianShen ကShen QingXian အားဖျက်ခနဲကြည့်လျက် " ကြီးမြတ်သောအရှင်သခင် ?"

Shen QingXian ဟာမေ့လျော့နေရာမှပြန်သတိဝင်လာပြီးတည်ငြိမ်အေးဆေးစွာဖြင့်ဆိုသည်။
"နန်းတော်အနီးမှာ ခေါင်ရမ်းပန်းများပွင့်လန်းနေပြီး
ရေပေါ်မှာလေပြေများကရွှင်မြူးသွက်လက်စွာသွားလာနေတယ်"

( မူရင်းစာရေးသူကဗျာစားသားကိုတိုအောင်ဖျတ်လိုက်တာပါ
အဓိပ္ပာယ်က - မိန်းမတစ်ယောက်ရဲ့အလှကခေါင်ရမ်းပန်းထက်ပိုကြည့်ကောင်းပြီး လေပြေနှင့်အတူသယ်ဆောင်လာသောရနံ့တွေကနန်းတွင်းရေကန်အနားမှာဝဲလို့နေတယ် ။

Cotton rose လို့ရေးထားတာပါ အိမ်ကလူတွေကိုမေးတော့ခေါင်ရမ်းပန်းလို့ပြောတယ် 🧐
ပြီးတော့သူကအဓိပ္ပာယ်လည်းရှိသေးတယ်တဲ့
အဆင်းသာလှပြီးအချင်းမရှိတဲ့ ဒီမှာတော့အနည်းငယ်ကွဲလွဲတယ်ထင်တယ်  )

// အိုင်ပြောတာ နားမလည်မှာစိုးလို့ 🥲
the author has cut the original poem short. Basically it means that, the woman's beauty is way better looking than the blooming cotton roses and the scent that the breeze carries around near the water of the palace something like that //

Gu JianShen ကရပ်လိုက်သည်။
ကံကောင်းစွာဖြင့် နှလုံးသားပိုင်နက်ရဲ့နောက်လိုက်အပေါင်းအဖော်တွေကဒီနေရာမှာရှိမနေဘူး
မဟုတ်ရင် သူတို့ကအငွေ့တွေအဖြစ်ပေါက်ကွဲထွက်လာပြီးတစ်နေ့လုံးမီးလောင်တိုက်သွင်းနေမှာဖြစ်တယ်။

ဒီကြာဖြူပန်း Shen က ငါတို့ဧက္ကရာဇ်ကိုထပ်ပြီးအရှက်ခွဲ(ဆွဲဆောင်)နေတာပဲ  !

Gu JianShen ကယောကျာ်းတစ်ဦး !!!
ပြီးတော့သူကအောင်မြင်ပြီးအထွတ်အထိပ်မှာရှိနေတဲ့သူ ၊ နှလုံးသားပိုင်နက်ရဲ့ပြိုင်ဘက်တွေအားလုံးကိုချေမှုန်းနိုင်တဲ့သူ ၊
သို့သော်လည်းသူကခဏခဏမိန်းကလေးတွေနဲ့နှိုင်းယှဉ်ခံနေရတယ် !!
အဲ့တာကိုသူတို့ကဘယ်လိုသည်းခံရမှာလဲ ?
လက်နှစ်ဖက်လုံးသုံးပြီး အဲ့ Shen ကြာပန်းဖြူကို
​ဆုတ်ဖြဲပစ်ရင်တောင်မလုံလောက်ဘူး !

ရွတ်ပြပြီးနောက်မှာတော့ Shen QingXian ကတစ်မျိုးတစ်ဖုံအားဖြင့် နောင်တရသလိုခံစားမိသွားသည်။
ပြီးနောက်တောင်းပန်ကာ "ခွင့်လွှတ်ပေးပါ မင်းကို
စိတ်အနှောက်အယှက်ဖြစ်စေမိပြီ "

Gu JianShen  ရဲ့နှုတ်ခမ်းများကအနည်းငယ်ပွင့်ဟသွားပြီး "ဘယ်တုန်းကစိတ်အနှောက်အယှက်ပေးမိသွားတာပါလိမ့် ?  ကြီးမြတ်တဲ့အရှင်သခင်ရဲ့ချီးမွမ်းခြင်းခံရတာက ကောင်းမွန်တဲ့ကံကြမ္မာတစ်ခုပဲလေ "

Shen QingXian  ဟာဖျော့တော့စွာရယ်သွမ်းလိုက်ပြီး ခေါင်းစဉ်ပြောင်းကာ "သွားကြစို့ ငါမင်းကိုဦးဆောင်လမ်းပြပေးပါ့မယ် "

အထက်ပင်လယ်ကစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်တယ်။ သူ့ကို "ပင်လယ်" ဒါမှမဟုတ် "အထက်" လို့ဖော်ပြခြင်း ကတိတိကျကျရေရေရာ
ရာမရှိလှဘူး ။

ဖျော့တော့လှပသောအပြာရောင်ကုန်းမြေတစ်ခုလုံးသည် တန်ဖိုးကြီးများသောတွင်းထွက်ပစ္စည်းများဖြင့်ပြုလုပ်ထားသည်။
ထို့အပြင်ကို ရေများပြည့်လျှမ်းလျက်ရှိကာ
ကျင့်ကြံခြင်းအဆင့်နိမ့်သူများကသာခြေချမိလိုက်သည်နှင့်တပြိုင်နက်အောက်သို့ဆွဲခေါ်ခြင်းခံရပြီးတွင်းထွက်ပစ္စည်းများနှင့်အတူတကွပေါင်းစပ်ခြင်းခံရလိမ့်မည်။

သေချာတာပေါ့ Shen QingXian နှင့်  Gu JianShen
အတွက်တော့ထိုအရာကဘာပြဿနာမှမပေးနိုင်ဘူး။
အထက်ပင်လယ်သည်လူမနေသောပင်လယ်တစ်ခုပင်ဖြစ်သည်။ အသက်ရှိသတ္တဝါတွေတောင်ဒီတန်ဖိုးကြီးမားလှတဲ့ကုန်းမြေကိုမပိုင်ဆိုင်ဘူး။
အသက်ရှုမှားလောက်အောင်လှပတဲ့မြင်ကွင်းတစ်ခုဆိုတာငြင်းဖွယ်ရာမရှိသော်လည်းဟင်းလင်းပြင်
ကြီးဖြစ်နေပုံမှာနှမြောစရာကောင်းလှသည်။

လူနှစ်ယောက်သည်လည်းစကားစမြည်ပြောဆိုခြင်း
သိပ်မရှိ။.
သူတို့နှစ်ဦးလုံး​၏နှလုံးသားအတွင်းမည်သည့်အရာတွေကိုအလေးအနက်စဉ်းစားနေလဲဆိုတာ အဘယ်သူမျှသိနိုင်မည်မဟုတ် ပေ။

Shen QingXian  ကကျောက်စိမ်းစာလိပ်ကိုထပ်ခါထပ်ခါ စစ်ဆေးနေပြီး သူတို့အထက်ပင်လယ်၌ဘယ်လောက်ထိတိုင်အောင်ဗာရာဏသီချဲ့နေရအုန်းမည်နည်းဆိုတာကိုစဉ်းစားနေသည်။

အဓိကအချက်လို့ခေါ်တဲ့ "အတူတကွလည်ပတ်ပါ"
က"လည်ပတ်ပါ" ပြီးတော့ "အတူတကွ"

စကားလုံး"လည်ပတ်" ဆိုတာနှင့်ပတ်သက်ပြီးစကားအနက်အဓိပ္ပာယ်များစွာရှိသည်။

ဒါပင်မယ့် ဒီလောက်ဆိုလုံလောက်သင့်ပြီး
သူတို့လျှောက်လာပြီးရှုခင်းကိုလည်ပတ်ကြည့်ရှုနေတာလည်းကြာနေပြီ။

သူတို့နှစ်ဦးလုံးအချိန်တော်တော်ကြာခြေဆန့်ပြီးနောက် Shen QingXian က "အထက်ပင်လယ်ကအေးမြပြီးတိတ်ဆိတ်ခြောက်ကပ်တယ် မီးသွေးပြာကုန်းမြေကိုလည်ပတ်ကြမလား ?"

Gu JianShen ကလည်း "အေးစိမ့်စိမ့်ဖြစ်ပင်မယ့်
အရှင်သခင်နဲ့အတူတကွလည်ပတ်နေရတော့တကယ့်ကိုသာယာကြည်နူးဖွယ်ကောင်းပါတယ်
အထက်ပင်လယ်မှာထပ်ပြီးလျှောက်လှမ်းကြည့်ဖို့မျှော်လင့်နေပါတယ် "

ထိုစကားဝိုင်းစကားစုများသည်နားသောတဆင်သူများအား စိတ်ကြည်နူးစေသည်။ မည်သို့ပင်ဆိုစေကာမှု Shen QingXian ကတော့နှလုံးသားထဲအရေးတယူထည့်မနေပေ။

အထက်ပင်လယ်ကိုဆုတ်ခွာပြီးနောက်ဆန်းကြယ်သောမီးသွေးပြာကုန်းမြေသို့ရောက်ရှိလာသည်။

အထက်ပင်လယ်ကဲ့သို့ပင် ဆန်းကြယ်သောမီးသွေးပြာကုန်းမြေသည်လည်း ထူးခြားဆန်းပြားသော
တွင်းထွက်ပစ္စည်းများဖြင့်ဖွဲ့စည်းထားသည်။

အမဲလိုက်ခွေးအငယ်များကအလယ်တွင်တိုးဝှေ့နေကြပြီး တဖက်နဲ့တဖက်လမ်းများရှောင်ဖယ်ခြင်းမရှိပေ။ သေချာအာရုံစိုက်ကြည့်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်း​၏။

အထက်ပင်လယ်ကကြည်လင်သန့်ရှင်းနေစဉ်မှာပဲ
ဆန်းကြယ်သောမီးသွေးပြာကုန်းမြေက မှောင်မိုက်
လို့နေသည်။

သို့သော်လည်းပဲ သက်ရောက်မှုကတော့အတူတူပင်
ဖြစ်သည်။ တစ်ကြိမ်လောက်ထိလိုက်သည်ဆိုတာဖြင့်အနိမ့်ပိုင်းကျင့်ကြံသူများအားဝါးမြိုသွာလိမ့်မည်။

Shen QingXian က Gu JianShen အားမယုံကြည်ပေ။သို့သော်လည်းစိတ်ထင့်နေတာမျိုးမရှိ။
အဘယ့်ကြောင့်ဆိုသောမီးသွေးပြာကုန်းမြေ၌ရုတ်တရက်ချောင်းမြောင်းတိုက်ခိုက်မှုကသူ့အားမခြိမ်းခြောက်နိုင်ပေ။ အကယ်၍သူကသာလက်ထိပ်ခက်ခံရမည်ဆိုလျှင်တောင် ထိုအရာကအတော်လေးအထူးအဆန်းဖြစ်နေပေလိမ့်မည်။

သူရဲ့ပထမဆုံးခြေလှမ်း လှမ်းလိုက်ပြီးနောက်
သူ​​၏လက်ကောက်ဝတ်သည်ချုပ်ကိုင်ခြင်းခံလိုက်ရ​၏

Shen QingXian ဟာရုတ်တရက်လန့်သွားပြီး
Gu JianShen အားတချက်ကြည့်ရန်
သူ့​၏ဦးခေါင်းအားလှည့်လိုက်​၏

Gu JianShen ဟာတောင်းပန်သံဖြင့်
"အရှင်သခင် ခဏလောက်စောင့်ပေးပါအုန်း"

သူ့စကားလုံးများထွက်ကြလာပြီးနောက်မှာပဲ
နီတျာတျာတိမ်များပေါ်ထွက်လာပြီး
ထိုအရာကလျှမ်းလျှမ်းတောက်သူရိန်နေမင်းကြီး
ကိုညနက်သန်းခေါင်းယံအချိန်မှာချိတ်ဆွဲထားသလိုမျိုး ။ အရောင်စိုပြီးညှို့ဓာတ်ပါတဲ့ရောင်ခြည်တန်းများကမြင်ကွင်းအားဖမ်းစားထားသလိုမျိုး ၊
မြောက်ဝင်ရိုးစွန်းအနီး ကောင်းကင်၌ ညအခါတွေ့မြင်ရသည့် လှပသည့် အနီ၊ အစိမ်းရောင်တန်းများ
ဖြစ်ပေါ်နေသလိုမျိုးမြင်ကွင်းအားဖြစ်ပေါ်စေသည်။

Shen QingXian ကထိုပုံပန်းသွင်ပြင်ကြောင့်စိတ်မရှုပ်ဘဲမနေနိုင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော သူသည်ထိုနီမြန်းနေသောအရာထဲရွှေရောင်သမ်းသောအရာကိုသတိမူမိသွားသောကြောင့်ဖြစ်သည်။

နဂါး​၏ညည်းသံသည်ကောင်းကွင်တခွင်လုံးပျံနှံလို့သွားသည်။
အလွန်ကြီးမားလှသောရွှေရောင်နဂါးကြီးသည်လေထုအလယ်တွင်လွင့်ပါးလို့နေ​၏။
သူ့ရဲ့သူငယ်အိမ်သည်ပင်လယ်ပြင်ကဲ့သို့နက်နဲ
သိမ်မွေ့ပြီး ကြမ်းကြုတ် ၊ မာကျောသောခြေသည်းများကိုဝင့်ကြွားစွာဖော်ပြထားသည်။

ထိုကဲ့သို့ဒဏ္ဍာရီလာသတ္တဝါရိုင်းသည်လူများအားအမှန်တကယ်ပင်ကြောက်ရွံစေနိုင်သည်။

သို့သော်လည်း Shen QingXian ရဲ့မျက်နှာတွင်အနည်းငယ်လေးတောင်မှပြောင်းလဲသွားခြင်းမရှိဘဲ
မျက်လုံးများကသာတလက်လက်တောက်ပလို့နေ​၏

သူကဒီလိုအရောင်မျိုးတွေကိုတကယ်သဘောကျတယ်

ဖျော့ပလွန်းတဲ့နွေးထွေးမှု....ဒီလိုရွှေရောင်နဲ့အနီရောင်   အရောင်အနု၊အရင့်နှစ်မျိုးလုံးကိုသူသဘောခွေ့သည်။

Gu JianShen ကထပ်ပေါင်းပြော​၏
"ဒီအရာကအထက်ပင်လယ်ထဲမဝင်နိုင်ပင်မယ့်
မီးသွေးပြာကုန်းမြေပေါ်မှာတော့ပျံသန်းနိုင်တယ် "

ပြောပြီးနောက်မှာတော့ သူသည် Shen QingXian အားဖမ်းကိုင်ထားပြီး ထိုရွှေရောင်နဂါးအပေါ်သို့ခုန်တက်လိုက်​၏

ထိုမာနကြီးပြီးရက်စက်ကြမ်းကြုတ်သည့်ရွှေရောင်
နဂါးသည် Gu JianShen အပေါ်တွင်တော့သိမ်မွေ့ကျိုးနွံလို့နေသည် ။ သူက တအီအီအသံပြုပြီး
ကပ်ဖားရပ်ဖားတောင်လုပ်လို့နေလေသေးသည်။

Gu JianShen ကသူ့အားလျစ်လျူရှုထားပြီး
သူ့ရဲ့မျက်လုံးများကတော့ Shen QingXian ဆီတွင်သာအာရုံစိုက်ထား​၏

Shen QingXian က ရွှေရောင်နဂါး​၏ရွှေရောင်နဂါးချိန်ခွင်ကိုစစ်ဆေးလို့နေသည်။

Gu JianShen ကအမေးပြု​၏ "အကြိုက်တွေ့ရဲ့လား "

Shen QingXian ကလည်းပြန်ဖြေ​၏ "အင်း အရမ်းလှပတဲ့အရာတစ်ခုပဲ "

Gu JianShen က " နှမြောစရာပဲ သူကအထက်ပင်လယ်ကိုဝင်ခွင့်မရှိဘူး " ဟုပြောကာ

Shen QingXian ကလည်းထောက်ခံ​၏ "တကယ့်ကို
ကြေကွဲဝမ်းနည်းဖွယ်ရာပဲ "

Gu JianShen ကအဓိပ္ပာယ်ရှိစွာအကြံပြု​၏
"အကယ်၍ အရှင်သခင်က မီးသွေးပြာကုန်းမြေကိုမကြာမခဏလာလည်မယ်ဆိုရင်ရော"

Shen QingXian ကသူ့​၏လက်အားဝှေ့လျက်ပြုံးကာဘာစကားမှထပ်မဆိုတော့ချေ။

Gu JianShen ကလည်းအပြင်းအထန်တောင်းဆိုခြင်းမပြုတော့ဘဲ သူ့​၏လက်များအားမြှောက်လိုက်​၏ ကျောက်စိမ်းစားပွဲနှင့်ကူရှင်နှစ်ခုဟာရုတ်တရက်ဆိုသလိုနဂါး​၏နောက်ကျောပေါ်၌ထွက်ပေါ်လို့လာသည်။

"ကြီးမြတ်သော အရှင် ကျေးဇူးပြုပြီး "

Shen QingXian ကလည်းအလိုက်ထိုက်စွာဖြင့် ကျေးဇူးတင်ကြောင်းဆိုကာ "အရှင်မင်းကြီးကို
အနှောက်အယှက်ပေးမိစေပြီ "

Gu JianShen ကအခိုင်အမာဖြင့် "ဘာမှမဟုတ်တဲ့အရာလေးပါ " ဟုဆို​၏

နီမြန်းသောဝိုင်နှင့်လိမ္မော်သီး အသီးအနှံ များသည်ကျောက်စိမ်းစားပွဲပေါ်၌ခမ်းနားကြီးကျယ်စွာတည့်ခင်းထား​၏

Shen QingXian ကလည်းဣန္ဒြေသမ္ပတ္တိမထိန်းတော့ချေ ။ သူသည်အသီးတစ်ခုအားလက်မ
လက်ညိုးဖြင့်ဖိညပ်ယူလိုက်​၏
ထိုအသီးမှ ကောင်းမွန်လှသောအရည်များထွက်နိုင်
သည်ဆိုသည့်အကြောင်းအားသူသင်ကြားခဲ့ရသည်။

Gu JianShen ကမိတ်ဆက်ခြင်းပြု​၏
"ဒါကနှလုံးသားပိုင်နက်ရဲ့အထူးခြားဆုံးအရာ ချောင်ဟွား သီး "

( chenghua: orange flower/blossom/colored
တကယ့်လက်တွေ့မှာဆိုရင် အဲ့အသီးကအရမ်းအရည်မရွှမ်းဘူး ၊  အရောင်ဆိုပြီးလှတယ် နေသေးသေးလေးနဲ့တူတယ် ။
ပျားလိမ္မော်သီးကိုပဲပြောတာလို့ထင်တယ် ပုံရှာတာလည်းမတွေ့ဘူး😹 )

Shen QingXian ကထိုအသီးလေးများကသာကြည့်နေမိ​၏ သူ့​၏မျက်လုံးများသည်မရွေ့လျားနိုင်တော့ပဲသူတို့​၏တောက်ပသောအရောင်များကြားဖမ်းစားထားခံနေရသလိုမျိုး

Gu JianShen ကပြုံးရုံပဲပြုံးနေမိပြီးဘာကိုမျှအသံထွက်ဆိုခြင်းမပြုတော့ချေ။

ရွှေရောင်နဂါးကြီးသည်လျင်မြန်စွာဖြင့်မရပ်မနားပျံသန်းလို့နေ​၏
သူ့ကျောပြင်၌ထိုင်နေရသည်မှာမြေပြင်ပေါ်တွင်ထိုင်ကာအေးဆေးသောက်စားနေရသလိုမျိုး တိုက်မိဆောင့်မိခြင်း ၊ အဆင်မပြေမသက်သာတာမျိုးမရှိချေ။

Gu JianShen ကမီးသွေးပြာကုန်းမြေရဲ့ထင်ရှားကျော်ကြားတဲ့အရာများအားစကားလုံးအနည်းငယ်
ဖြင့်မိတ်ဆက်ပေးနေ​၏
သို့သော်လည်း Shen QingXian ကသူ့အားဂရုမထားချေ ။ သူသည်ထို "သေးငယ်သောနေ" များကိုသာစေ့စပ်ကြည့်ရှုစေ့စစ်နေရသည့်အတွက်ကြောင့်ဖြစ်သည်။

ဒီလည်ပတ်ခြင်းသည်တကယ့်ကိုသဘောရိုးဖြင့်
အလည်ပတ်ခြင်းဖြစ်သည်။
ထိုရွှေရောင်နဂါးသည်မီးသွေးပြာကုန်းမြေတစ်လျှောက်ပျံသန်းလို့နေ​၏။
သူတို့နဂိုမူလအစနေရာသို့ပြန်ရောက်ချိန်၌
Shen QingXian ကသူသည်ကျောက်စိမ်းစာလိပ်ပေါ်၌ရေးထားသည့် "အတူတကွလည်ပတ်ပါ" ကိုအဓိပ္ပာယ်ကောက်လွဲသွားကြောင်းသတိရသွား​၏

ကြည့်ရသလောက် "လည်ပတ်" ဆိုသည်မှာ "နေရာစုံလည်ပတ်" ပါ​၏အတိုချုံးစကားဖြစ်သည်။

နှစ်ဖက်စလုံးသို့သူလည်ပတ်ပြီးသွားခဲ့သော်လည်း
ထိုတာဝန်သည်ပြီးမြောက်သည့်ပုံမပေါ်ပေ။

ထို့ကြောင့်သူ Gu JianShen အား
နောက်တစ်ခေါက်အထက်ပင်လယ်သို့အပန်းဖြေလျှောက်ဖို့ထပ်ခေါ်သင့်လား ?

Shen QingXian ကသူ့​၏ပါးစပ်များအားမဖွင့်ဟ
ချင်ပေ။ အကယ်၍သူမလုပ်ချင်ဘူးဆိုရင်တောင်သူလိုက်နာရမည်မှာမလွဲဧကန်ဖြစ်သည်။
အဲ့ဒီအပြင်ကို သူထပ်ပြီးသူ့အားမမေးမြန်းဘူးဆိုရင်ဒါကအရမ်းကိုထူးဆန်းနေမှာ ။

ထို့ကြောင့် Shen QingXian ကဆိုလိုက်​၏
"အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ ရိုးသားမှုက
ကျွန်တော့ကိုမျက်နှာပူစေမိတယ် အထက်ပင်လယ်က်ိုနောက်တစ်ခေါက်လျှောက်ပတ်ကြည့်ရင်ဘယ်လိုသဘောရလဲ ? ဒီအချိန်မှာတော့ ကျွန်..."

သူသည်စကားဆုံးအောင်တောင်မပြောနိုင်တော့ဘဲရုတ်ချည်းဆိုသလိုတံ့သွား​၏

သူတို့နှစ်ဦးလုံးကသူတို့ရဲ့မျက်နှာများအား
"လမ်းကြောင်း စကားစစ်ထိုးပွဲ" ရှိနေသည့်နေရာအားမျက်နှာမူမိလိုက်သည်။


Gu JianShen ကသတိပြုမိပြီး "
ကြည့်ရတာအရင်ဆုံးကျွန်တော်တို့ပြန်ဖို့လိုနေပြီထင်တယ် "

Shen QingXian ကကူကဲရာမဲ့စွာခံစားသွားရသည်။

နန်းတွင်းခန်းမဆောင်တွင်း၌တွင်တော့ ကောင်းကင်ဘုံလမ်းကြောင်းနှင့်နှလုံးသားပိုင်နက်​၏တပည့်များကလုံးထွေးသတ်ပုံနေကြ​၏

အကြောင်းအရာကလား ?

သေရည်အမူးပြေပြီးနောက် သူတို့အားလုံးသည်သူတို့​၏ အကြီးအကဲ ကိုမတွေ့ရတော့သောကြောင့်ဖြစ်သည်။

Kawaiiiii \(//∇//)\.    နဂါးနဲ့ပျားလိမ္မော်🤣
                                       ဟင်းချက်အိုးနှင့်အိုးအဖုံး





စာရေးဆရာမှာပြောစရာလေးတွေရှိတယ် :

ကောင်းကင်ဘုံလမ်းကြောင်းနှင့်နှလုံးသားပိုင်နက် :
ကျွန်တော်တို့နိုးလာလာခြင်းမှာပဲ အကြီးအကဲတွေက ဖမ်းဆီးခံလိုက်ရပြီ !

ကြက်သေသေနေမိ !!!!!

ငါအပြစ်ရှိသလိုခံစားနေရတယ်
ငါ့ဟင်းချက်အိုးအဖုံးကထွက်ပြေးသွားတယ်
(ဟင်းချက်အိုးက ဇနီးမယားဖြစ်ပြီး
အဖုံးက လင်ယောကျာ်းပါ သူရဲ့ဆိုလိုရင်းကဒါလ်ို့ထင်ပါတယ် ဂလူးဂလူးမှာမနည်းခေါက်လိုက်ရပါတယ် ဟင်းချက်နည်းတွေလာပေးနေလို့😒 )

အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်

Zawgyi

မေကာင္းဆိုးဝါးဧကရာဇ္အားထပ္ခါခါခါအရွက္ခြဲျခင္း(ဆြဲေဆာင္ျခင္း)

အရင္တုန္းက Shen QingXian  ဆိုႀကိဳတင္အစီအစဥ္ဆြဲထားမွာျဖစ္တယ္
ဒါပင္မယ့္ ယခုအခ်ိန္မွာေတာ့
အကယ္၍သူကေထာင္ေျခာက္ဆင္ဖို႔တယြယြျဖစ္
ေနရင္ေတာင္မွ "၄ ။ မင္းGu JianShen ကိုသတ္ဖို႔မရည္ရြယ္ရဘူး " ဆိုတဲ့ေက်ာက္စိမ္းစာလိပ္ပါအေၾကာင္းအရာေၾကာင့္ ၊
ထိုအရာကအခုထိတိုင္ေအာင္ေမွးမိန္ျခင္းမရွိေသးဘဲ ေတာက္ပေနဆဲျဖစ္ေနသည္။ ထို႔ေၾကာင့္
သူ႔တြင္လုပ္နိုင္စြမ္းမရွိေပ ။

ထို႔အျပင္ကို အေလးအနက္ေသခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ ယခုအခ်ိန္၌သူ႔တြင္ Gu JianShen အားထိခိုက္ေအာင္ျပဳဖို႔ဆႏၵမရွိေပ ။

ထို႔ေၾကာင့္ သူ႔ရဲ့ႏွုတ္ခမ္းေပၚတြင္ တမ္းတမ္းဆြဲထားသည့္ သူ႔​၏အျပဳံးသည္ သန႔္ရွင္းစင္ၾကယ္ၿပီး
စႏၵာလမင္းက ေကာင္းကင္ႀကီးမွာလွပစြာထြန္းလင္းေနသလိုမ်ိဳး
"အရွင္မင္းႀကီး အဆုံးမရွိေသာအသက္ရွည္ျခင္းမွာေပ်ာ္ေမြ႕နိုင္ပါေစ"

ဝန္ခံရမည္ဆိုရင္ ဒီေဒသယိစကားသည္ ယုတ္မာဆိုးညစ္မွုတြင္သုံးေသာဥပစာစကားျဖစ္သည္။
သို႔ေသာ္ျငားလည္း ေလာကီေရးရာတြင္မွု
တစ္ေယာက္ေယာက္အားအသက္ရွည္ဖို႔ဆုေတာင္းေပးျခင္းသည္ေကာင္းခ်ီးစကားျဖစ္ၿပီး
က်င့္ႀကံျခင္းနယ္နိမိတ္တြင္ေတာ့
သာမာန္လူကိုႏွစ္ ၆၀ ေနနိုင္ဖို႔ရာအတြက္ဆုေတာင္းေပးေနသလိုမ်ိဳး ႏွုတ္ျဖင့္ေျပာေနစရာမလိုေသာအေၾကာင္းအရာျဖစ္သည္ ။
သူတို႔က ႏွစ္ ၆၀ ေလာက္ေနထိုင္ရမည္မွာ
​လုံးဝေသခ်ာေပါက္ျဖစ္သည္ !

ကံေကာင္းစြာျဖင့္ Gu JianShen ကထိုအရာေပၚ၌ျငင္းခုံျခင္းအလ်င္းမျပဳဘဲ သေဘာက်ေနသလိုမ်ိဳး "ကၽြန္ေတာ္လည္းယုံၾကည္ပါတယ္ "

Shen QingXian ရဲ့စကားလုံးေတြက သတ္ဖို႔ရည္ရြယ္ခ်က္ေတြႏွင့္နစ္မဝင္ေနသမၽွသူကေက်နပ္ေနသည္ ။

Shen QingXian ကသူအားတစ္ခ်က္ၾကည့္မိသည္။
ႏွလုံးသားပိုက္နက္ရဲ့ေကာလာဟလအဆိုရ
ဒီမိစၧာဘုရင္ကျပႆနာေတြကိုေတာ္ေတာ္ေလးအၾကင္နာမဲ့စြာနဲ႔ကိုင္တြယ္တယ္ ။
သူရဲ့အလုပ္လုပ္ပုံကစည္းကမ္းမဲ့ၿပီး
သူ႔ရဲ့ရည္မွန္းခ်က္ေတြကို တရားမၽွတတဲ့နည္းစနစ္
ဒါမွမဟုတ္ဆိုးရြာတာနဲ႔ပဲျဖစ္ျဖစ္ ႀကိဳးပမ္းရယူေစတယ္။ ၿပီးေတာ့သူကရက္စက္ၿပီး တစ္ဦးတည္း
ေခါင္းမာေနသည့္စရိုက္နဲ႔လူျဖစ္သည္ ။

ယခုအခ်ိန္မွာေတာ့ သူက ၾကက္ေသြးေရာင္ပန္းနဝါရဲ့ေထာင္ခ်ီေသာပြင့္ဖက္ေတြရွိတဲ့ပန္းရဲ့အလွမ်ိဳးႏွင့္အလားသ႑ာန္ဆင္တူေနသည္။
သူျပဳံးလိုက္လၽွင္ျဖင့္ ထိုပြင့္ဖြက္ေတြက မိုးေပါက္
ေလးေတြအျဖစ္ေျပာင္းသြားၿပီး က်က္သေရရွိစြာေလာင္းခ်လိုက္သလိုမ်ိဳး ။

Shen QingXian  ဟာဒီျမင္ကြင္းကသူ႔အတြက္အေတာ္အတန္ေလးလွပတယ္လို႔ေတြးထင္မိၿပီး
သူ႔​၏လက္ျဖင့္ဖိတ္ေခၚျခင္းလက္ဟန္ကိုျပလၽွက္
"ေက်းဇူးျပဳၿပီး"

Gu JianShen ကလည္းသူ႔အား "ယုံၾကည္"ကာ
သူတို႔ႏွစ္ဦးလုံးအထက္ပင္လယ္သို႔ပထမဦးစြာ
ဦးတည္လိုက္သည္။


ဒီမိစၧာဘုရင္ကႀကိဳတင္ျပင္ဆင္ထားတာလား
ဒါမွမဟုတ္ သူ႔ကိုပဲတကယ္ယုံၾကည္တာလားဆိုတာ
ဘယ္သူကသိနိုင္မွာလဲ ။
သို႔ေသာ္သူအထက္ပင္လယ္သို႔ေလၽွာက္လွမ္းခ်ိန္မွာေတာ့သူ႔ထံတြင္တုန္လွုပ္ျခင္းအနည္းေတာင္မရွိ။

သူ႔ေျခခ်လိုက္သည္ႏွင့္ခ်က္ခ်င္းဆိုသလို
အနီေရာင္ေရာင္ျခည္တန္းမ်ားကၿပိဳးပ်က္စြာျဖင့္
ေအးျမေသာမိုးျပာေရာင္ပင္လယ္ရဲ့မ်က္ႏွာျပင္ႏွင့္
ကြဲလြဲစြာေတာက္ပလို႔ေန​၏
ႏွစ္သက္ၾကည္ႏူးဖြယ္ေကာင္းတဲ့ျပဇာတ္တစ္ခုတင္ဆက္ျပသေနသလိုမ်ိဳး

Gu JianShen ကShen QingXian အားဖ်က္ခနဲၾကည့္လ်က္ " ႀကီးျမတ္ေသာအရွင္သခင္ ?"

Shen QingXian ဟာေမ့ေလ်ာ့ေနရာမွျပန္သတိဝင္လာၿပီးတည္ၿငိမ္ေအးေဆးစြာျဖင့္ဆိုသည္။
"နန္းေတာ္အနီးမွာ ေခါင္ရမ္းပန္းမ်ားပြင့္လန္းေနၿပီး
ေရေပၚမွာေလေျပမ်ားကရႊင္ျမဴးသြက္လက္စြာသြားလာေနတယ္"

( မူရင္းစာေရးသူကဗ်ာစားသားကိုတိုေအာင္ဖ်တ္လိုက္တာပါ
အဓိပၸာယ္က - မိန္းမတစ္ေယာက္ရဲ့အလွကေခါင္ရမ္းပန္းထက္ပိုၾကည့္ေကာင္းၿပီး ေလေျပႏွင့္အတူသယ္ေဆာင္လာေသာရနံ႔ေတြကနန္းတြင္းေရကန္အနားမွာဝဲလို႔ေနတယ္ ။

Cotton rose လို႔ေရးထားတာပါ အိမ္ကလူေတြကိုေမးေတာ့ေခါင္ရမ္းပန္းလို႔ေျပာတယ္ 🧐
ၿပီးေတာ့သူကအဓိပၸာယ္လည္းရွိေသးတယ္တဲ့
အဆင္းသာလွၿပီးအခ်င္းမရွိတဲ့ ဒီမွာေတာ့အနည္းငယ္ကြဲလြဲတယ္ထင္တယ္  )

// အိုင္ေျပာတာ နားမလည္မွာစိုးလို႔ 🥲
the author has cut the original poem short. Basically it means that, the woman's beauty is way better looking than the blooming cotton roses and the scent that the breeze carries around near the water of the palace something like that //

Gu JianShen ကရပ္လိုက္သည္။
ကံေကာင္းစြာျဖင့္ ႏွလုံးသားပိုင္နက္ရဲ့ေနာက္လိုက္အေပါင္းအေဖာ္ေတြကဒီေနရာမွာရွိမေနဘူး
မဟုတ္ရင္ သူတို႔ကအေငြ႕ေတြအျဖစ္ေပါက္ကြဲထြက္လာၿပီးတစ္ေန႔လုံးမီးေလာင္တိုက္သြင္းေနမွာျဖစ္တယ္။

ဒီၾကာျဖဴပန္း Shen က ငါတို႔ဧကၠရာဇ္ကိုထပ္ၿပီးအရွက္ခြဲ(ဆြဲေဆာင္)ေနတာပဲ  !

Gu JianShen ကေယာက်ာ္းတစ္ဦး !!!
ၿပီးေတာ့သူကေအာင္ျမင္ၿပီးအထြတ္အထိပ္မွာရွိေနတဲ့သူ ၊ ႏွလုံးသားပိုင္နက္ရဲ့ၿပိဳင္ဘက္ေတြအားလုံးကိုေခ်မွုန္းနိုင္တဲ့သူ ၊
သို႔ေသာ္လည္းသူကခဏခဏမိန္းကေလးေတြနဲ႔ႏွိုင္းယွဥ္ခံေနရတယ္ !!
အဲ့တာကိုသူတို႔ကဘယ္လိုသည္းခံရမွာလဲ ?
လက္ႏွစ္ဖက္လုံးသုံးၿပီး အဲ့ Shen ၾကာပန္းျဖဴကို
​ဆုတ္ျဖဲပစ္ရင္ေတာင္မလုံေလာက္ဘူး !

ရြတ္ျပၿပီးေနာက္မွာေတာ့ Shen QingXian ကတစ္မ်ိဳးတစ္ဖုံအားျဖင့္ ေနာင္တရသလိုခံစားမိသြားသည္။
ၿပီးေနာက္ေတာင္းပန္ကာ "ခြင့္လႊတ္ေပးပါ မင္းကို
စိတ္အေႏွာက္အယွက္ျဖစ္ေစမိၿပီ "

Gu JianShen  ရဲ့ႏွုတ္ခမ္းမ်ားကအနည္းငယ္ပြင့္ဟသြားၿပီး "ဘယ္တုန္းကစိတ္အေႏွာက္အယွက္ေပးမိသြားတာပါလိမ့္ ?  ႀကီးျမတ္တဲ့အရွင္သခင္ရဲ့ခ်ီးမြမ္းျခင္းခံရတာက ေကာင္းမြန္တဲ့ကံၾကမၼာတစ္ခုပဲေလ "

Shen QingXian  ဟာေဖ်ာ့ေတာ့စြာရယ္သြမ္းလိုက္ၿပီး ေခါင္းစဥ္ေျပာင္းကာ "သြားၾကစို႔ ငါမင္းကိုဦးေဆာင္လမ္းျပေပးပါ့မယ္ "

အထက္ပင္လယ္ကစိတ္ဝင္စားဖို႔ေကာင္းတဲ့ေနရာတစ္ခုျဖစ္တယ္။ သူ႔ကို "ပင္လယ္" ဒါမွမဟုတ္ "အထက္" လို႔ေဖာ္ျပျခင္း ကတိတိက်က်ေရေရရာ
ရာမရွိလွဘူး ။

ေဖ်ာ့ေတာ့လွပေသာအျပာေရာင္ကုန္းေျမတစ္ခုလုံးသည္ တန္ဖိုးႀကီးမ်ားေသာတြင္းထြက္ပစၥည္းမ်ားျဖင့္ျပဳလုပ္ထားသည္။
ထို႔အျပင္ကို ေရမ်ားျပည့္လၽွမ္းလ်က္ရွိကာ
က်င့္ႀကံျခင္းအဆင့္နိမ့္သူမ်ားကသာေျခခ်မိလိုက္သည္ႏွင့္တၿပိဳင္နက္ေအာက္သို႔ဆြဲေခၚျခင္းခံရၿပီးတြင္းထြက္ပစၥည္းမ်ားႏွင့္အတူတကြေပါင္းစပ္ျခင္းခံရလိမ့္မည္။

ေသခ်ာတာေပါ့ Shen QingXian ႏွင့္  Gu JianShen
အတြက္ေတာ့ထိုအရာကဘာျပႆနာမွမေပးနိုင္ဘူး။
အထက္ပင္လယ္သည္လူမေနေသာပင္လယ္တစ္ခုပင္ျဖစ္သည္။ အသက္ရွိသတၱဝါေတြေတာင္ဒီတန္ဖိုးႀကီးမားလွတဲ့ကုန္းေျမကိုမပိုင္ဆိုင္ဘူး။
အသက္ရွုမွားေလာက္ေအာင္လွပတဲ့ျမင္ကြင္းတစ္ခုဆိုတာျငင္းဖြယ္ရာမရွိေသာ္လည္းဟင္းလင္းျပင္
ႀကီးျဖစ္ေနပုံမွာႏွေျမာစရာေကာင္းလွသည္။

လူႏွစ္ေယာက္သည္လည္းစကားစျမည္ေျပာဆိုျခင္း
သိပ္မရွိ။.
သူတို႔ႏွစ္ဦးလုံး​၏ႏွလုံးသားအတြင္းမည္သည့္အရာေတြကိုအေလးအနက္စဥ္းစားေနလဲဆိုတာ အဘယ္သူမၽွသိနိုင္မည္မဟုတ္ ေပ။

Shen QingXian  ကေက်ာက္စိမ္းစာလိပ္ကိုထပ္ခါထပ္ခါ စစ္ေဆးေနၿပီး သူတို႔အထက္ပင္လယ္၌ဘယ္ေလာက္ထိတိုင္ေအာင္ဗာရာဏသီခ်ဲ့ေနရအုန္းမည္နည္းဆိုတာကိုစဥ္းစားေနသည္။

အဓိကအခ်က္လို႔ေခၚတဲ့ "အတူတကြလည္ပတ္ပါ"
က"လည္ပတ္ပါ" ၿပီးေတာ့ "အတူတကြ"

စကားလုံး"လည္ပတ္" ဆိုတာႏွင့္ပတ္သက္ၿပီးစကားအနက္အဓိပၸာယ္မ်ားစြာရွိသည္။

ဒါပင္မယ့္ ဒီေလာက္ဆိုလုံေလာက္သင့္ၿပီး
သူတို႔ေလၽွာက္လာၿပီးရွုခင္းကိုလည္ပတ္ၾကည့္ရွုေနတာလည္းၾကာေနၿပီ။

သူတို႔ႏွစ္ဦးလုံးအခ်ိန္ေတာ္ေတာ္ၾကာေျခဆန႔္ၿပီးေနာက္ Shen QingXian က "အထက္ပင္လယ္ကေအးျမၿပီးတိတ္ဆိတ္ေျခာက္ကပ္တယ္ မီးေသြးျပာကုန္းေျမကိုလည္ပတ္ၾကမလား ?"

Gu JianShen ကလည္း "ေအးစိမ့္စိမ့္ျဖစ္ပင္မယ့္
အရွင္သခင္နဲ႔အတူတကြလည္ပတ္ေနရေတာ့တကယ့္ကိုသာယာၾကည္ႏူးဖြယ္ေကာင္းပါတယ္
အထက္ပင္လယ္မွာထပ္ၿပီးေလၽွာက္လွမ္းၾကည့္ဖို႔ေမၽွာ္လင့္ေနပါတယ္ "

ထိုစကားဝိုင္းစကားစုမ်ားသည္နားေသာတဆင္သူမ်ားအား စိတ္ၾကည္ႏူးေစသည္။ မည္သို႔ပင္ဆိုေစကာမွု Shen QingXian ကေတာ့ႏွလုံးသားထဲအေရးတယူထည့္မေနေပ။

အထက္ပင္လယ္ကိုဆုတ္ခြာၿပီးေနာက္ဆန္းၾကယ္ေသာမီးေသြးျပာကုန္းေျမသို႔ေရာက္ရွိလာသည္။

အထက္ပင္လယ္ကဲ့သို႔ပင္ ဆန္းၾကယ္ေသာမီးေသြးျပာကုန္းေျမသည္လည္း ထူးျခားဆန္းျပားေသာ
တြင္းထြက္ပစၥည္းမ်ားျဖင့္ဖြဲ႕စည္းထားသည္။

အမဲလိုက္ေခြးအငယ္မ်ားကအလယ္တြင္တိုးေဝွ႕ေနၾကၿပီး တဖက္နဲ႔တဖက္လမ္းမ်ားေရွာင္ဖယ္ျခင္းမရွိေပ။ ေသခ်ာအာ႐ုံစိုက္ၾကည့္မယ္ဆိုရင္ စိတ္ဝင္စားဖို႔ေကာင္း​၏။

အထက္ပင္လယ္ကၾကည္လင္သန႔္ရွင္းေနစဥ္မွာပဲ
ဆန္းၾကယ္ေသာမီးေသြးျပာကုန္းေျမက ေမွာင္မိုက္
လို႔ေနသည္။

သို႔ေသာ္လည္းပဲ သက္ေရာက္မွုကေတာ့အတူတူပင္
ျဖစ္သည္။ တစ္ႀကိမ္ေလာက္ထိလိုက္သည္ဆိုတာျဖင့္အနိမ့္ပိုင္းက်င့္ႀကံသူမ်ားအားဝါးၿမိဳသြာလိမ့္မည္။

Shen QingXian က Gu JianShen အားမယုံၾကည္ေပ။သို႔ေသာ္လည္းစိတ္ထင့္ေနတာမ်ိဳးမရွိ။
အဘယ့္ေၾကာင့္ဆိုေသာမီးေသြးျပာကုန္းေျမ၌႐ုတ္တရက္ေခ်ာင္းေျမာင္းတိုက္ခိုက္မွုကသူ႔အားမၿခိမ္းေျခာက္နိုင္ေပ။ အကယ္၍သူကသာလက္ထိပ္ခက္ခံရမည္ဆိုလၽွင္ေတာင္ ထိုအရာကအေတာ္ေလးအထူးအဆန္းျဖစ္ေနေပလိမ့္မည္။

သူရဲ့ပထမဆုံးေျခလွမ္း လွမ္းလိုက္ၿပီးေနာက္
သူ​​၏လက္ေကာက္ဝတ္သည္ခ်ဳပ္ကိုင္ျခင္းခံလိုက္ရ​၏

Shen QingXian ဟာ႐ုတ္တရက္လန႔္သြားၿပီး
Gu JianShen အားတခ်က္ၾကည့္ရန္
သူ႔​၏ဦးေခါင္းအားလွည့္လိုက္​၏

Gu JianShen ဟာေတာင္းပန္သံျဖင့္
"အရွင္သခင္ ခဏေလာက္ေစာင့္ေပးပါအုန္း"

သူ႔စကားလုံးမ်ားထြက္ၾကလာၿပီးေနာက္မွာပဲ
နီတ်ာတ်ာတိမ္မ်ားေပၚထြက္လာၿပီး
ထိုအရာကလၽွမ္းလၽွမ္းေတာက္သူရိန္ေနမင္းႀကီး
ကိုညနက္သန္းေခါင္းယံအခ်ိန္မွာခ်ိတ္ဆြဲထားသလိုမ်ိဳး ။ အေရာင္စိုၿပီးညႇို႔ဓာတ္ပါတဲ့ေရာင္ျခည္တန္းမ်ားကျမင္ကြင္းအားဖမ္းစားထားသလိုမ်ိဳး ၊
ေျမာက္ဝင္ရိုးစြန္းအနီး ေကာင္းကင္၌ ညအခါေတြ႕ျမင္ရသည့္ လွပသည့္ အနီ၊ အစိမ္းေရာင္တန္းမ်ား
ျဖစ္ေပၚေနသလိုမ်ိဳးျမင္ကြင္းအားျဖစ္ေပၚေစသည္။

Shen QingXian ကထိုပုံပန္းသြင္ျပင္ေၾကာင့္စိတ္မရွုပ္ဘဲမေနနိုင္ေတာ့ေပ။
အဘယ့္ေၾကာင့္ဆိုေသာ သူသည္ထိုနီျမန္းေနေသာအရာထဲေရႊေရာင္သမ္းေသာအရာကိုသတိမူမိသြားေသာေၾကာင့္ျဖစ္သည္။

နဂါး​၏ညည္းသံသည္ေကာင္းကြင္တခြင္လုံးပ်ံႏွံလို႔သြားသည္။
အလြန္ႀကီးမားလွေသာေရႊေရာင္နဂါးႀကီးသည္ေလထုအလယ္တြင္လြင့္ပါးလို႔ေန​၏။
သူ႔ရဲ့သူငယ္အိမ္သည္ပင္လယ္ျပင္ကဲ့သို႔နက္နဲ
သိမ္ေမြ႕ၿပီး ၾကမ္းၾကဳတ္ ၊ မာေက်ာေသာေျခသည္းမ်ားကိုဝင့္ႂကြားစြာေဖာ္ျပထားသည္။

ထိုကဲ့သို႔ဒ႑ာရီလာသတၱဝါရိုင္းသည္လူမ်ားအားအမွန္တကယ္ပင္ေၾကာက္ရြံေစနိုင္သည္။

သို႔ေသာ္လည္း Shen QingXian ရဲ့မ်က္ႏွာတြင္အနည္းငယ္ေလးေတာင္မွေျပာင္းလဲသြားျခင္းမရွိဘဲ
မ်က္လုံးမ်ားကသာတလက္လက္ေတာက္ပလို႔ေန​၏

သူကဒီလိုအေရာင္မ်ိဳးေတြကိုတကယ္သေဘာက်တယ္

ေဖ်ာ့ပလြန္းတဲ့ေႏြးေထြးမွု....ဒီလိုေရႊေရာင္နဲ႔အနီေရာင္   အေရာင္အႏု၊အရင့္ႏွစ္မ်ိဳးလုံးကိုသူသေဘာေခြ႕သည္။

Gu JianShen ကထပ္ေပါင္းေျပာ​၏
"ဒီအရာကအထက္ပင္လယ္ထဲမဝင္နိုင္ပင္မယ့္
မီးေသြးျပာကုန္းေျမေပၚမွာေတာ့ပ်ံသန္းနိုင္တယ္ "

ေျပာၿပီးေနာက္မွာေတာ့ သူသည္ Shen QingXian အားဖမ္းကိုင္ထားၿပီး ထိုေရႊေရာင္နဂါးအေပၚသို႔ခုန္တက္လိုက္​၏

ထိုမာနႀကီးၿပီးရက္စက္ၾကမ္းၾကဳတ္သည့္ေရႊေရာင္
နဂါးသည္ Gu JianShen အေပၚတြင္ေတာ့သိမ္ေမြ႕က်ိဳးႏြံလို႔ေနသည္ ။ သူက တအီအီအသံျပဳၿပီး
ကပ္ဖားရပ္ဖားေတာင္လုပ္လို႔ေနေလေသးသည္။

Gu JianShen ကသူ႔အားလ်စ္လ်ဴရွုထားၿပီး
သူ႔ရဲ့မ်က္လုံးမ်ားကေတာ့ Shen QingXian ဆီတြင္သာအာ႐ုံစိုက္ထား​၏

Shen QingXian က ေရႊေရာင္နဂါး​၏ေရႊေရာင္နဂါးခ်ိန္ခြင္ကိုစစ္ေဆးလို႔ေနသည္။

Gu JianShen ကအေမးျပဳ​၏ "အႀကိဳက္ေတြ႕ရဲ့လား "

Shen QingXian ကလည္းျပန္ေျဖ​၏ "အင္း အရမ္းလွပတဲ့အရာတစ္ခုပဲ "

Gu JianShen က " ႏွေျမာစရာပဲ သူကအထက္ပင္လယ္ကိုဝင္ခြင့္မရွိဘူး " ဟုေျပာကာ

Shen QingXian ကလည္းေထာက္ခံ​၏ "တကယ့္ကို
ေၾကကြဲဝမ္းနည္းဖြယ္ရာပဲ "

Gu JianShen ကအဓိပၸာယ္ရွိစြာအႀကံျပဳ​၏
"အကယ္၍ အရွင္သခင္က မီးေသြးျပာကုန္းေျမကိုမၾကာမခဏလာလည္မယ္ဆိုရင္ေရာ"

Shen QingXian ကသူ႔​၏လက္အားေဝွ႕လ်က္ျပဳံးကာဘာစကားမွထပ္မဆိုေတာ့ေခ်။

Gu JianShen ကလည္းအျပင္းအထန္ေတာင္းဆိုျခင္းမျပဳေတာ့ဘဲ သူ႔​၏လက္မ်ားအားေျမႇာက္လိုက္​၏ ေက်ာက္စိမ္းစားပြဲႏွင့္ကူရွင္ႏွစ္ခုဟာ႐ုတ္တရက္ဆိုသလိုနဂါး​၏ေနာက္ေက်ာေပၚ၌ထြက္ေပၚလို႔လာသည္။

"ႀကီးျမတ္ေသာ အရွင္ ေက်းဇူးျပဳၿပီး "

Shen QingXian ကလည္းအလိုက္ထိုက္စြာျဖင့္ ေက်းဇူးတင္ေၾကာင္းဆိုကာ "အရွင္မင္းႀကီးကို
အေႏွာက္အယွက္ေပးမိေစၿပီ "

Gu JianShen ကအခိုင္အမာျဖင့္ "ဘာမွမဟုတ္တဲ့အရာေလးပါ " ဟုဆို​၏

နီျမန္းေသာဝိုင္ႏွင့္လိေမၼာ္သီး အသီးအႏွံ မ်ားသည္ေက်ာက္စိမ္းစားပြဲေပၚ၌ခမ္းနားႀကီးက်ယ္စြာတည့္ခင္းထား​၏

Shen QingXian ကလည္းဣေျႏၵသမၸတၱိမထိန္းေတာ့ေခ် ။ သူသည္အသီးတစ္ခုအားလက္မ
လက္ညိဳးျဖင့္ဖိညပ္ယူလိုက္​၏
ထိုအသီးမွ ေကာင္းမြန္လွေသာအရည္မ်ားထြက္နိုင္
သည္ဆိုသည့္အေၾကာင္းအားသူသင္ၾကားခဲ့ရသည္။

Gu JianShen ကမိတ္ဆက္ျခင္းျပဳ​၏
"ဒါကႏွလုံးသားပိုင္နက္ရဲ့အထူးျခားဆုံးအရာ ေခ်ာင္ဟြား သီး "

( chenghua: orange flower/blossom/colored
တကယ့္လက္ေတြ႕မွာဆိုရင္ အဲ့အသီးကအရမ္းအရည္မရႊမ္းဘူး ၊  အေရာင္ဆိုၿပီးလွတယ္ ေနေသးေသးေလးနဲ႔တူတယ္ ။
ပ်ားလိေမၼာ္သီးကိုပဲေျပာတာလို႔ထင္တယ္ ပုံရွာတာလည္းမေတြ႕ဘူး😹 )

Shen QingXian ကထိုအသီးေလးမ်ားကသာၾကည့္ေနမိ​၏ သူ႔​၏မ်က္လုံးမ်ားသည္မေရြ႕လ်ားနိုင္ေတာ့ပဲသူတို႔​၏ေတာက္ပေသာအေရာင္မ်ားၾကားဖမ္းစားထားခံေနရသလိုမ်ိဳး

Gu JianShen ကျပဳံး႐ုံပဲျပဳံးေနမိၿပီးဘာကိုမၽွအသံထြက္ဆိုျခင္းမျပဳေတာ့ေခ်။

ေရႊေရာင္နဂါးႀကီးသည္လ်င္ျမန္စြာျဖင့္မရပ္မနားပ်ံသန္းလို႔ေန​၏
သူ႔ေက်ာျပင္၌ထိုင္ေနရသည္မွာေျမျပင္ေပၚတြင္ထိုင္ကာေအးေဆးေသာက္စားေနရသလိုမ်ိဳး တိုက္မိေဆာင့္မိျခင္း ၊ အဆင္မေျပမသက္သာတာမ်ိဳးမရွိေခ်။

Gu JianShen ကမီးေသြးျပာကုန္းေျမရဲ့ထင္ရွားေက်ာ္ၾကားတဲ့အရာမ်ားအားစကားလုံးအနည္းငယ္
ျဖင့္မိတ္ဆက္ေပးေန​၏
သို႔ေသာ္လည္း Shen QingXian ကသူ႔အားဂ႐ုမထားေခ် ။ သူသည္ထို "ေသးငယ္ေသာေန" မ်ားကိုသာေစ့စပ္ၾကည့္ရွုေစ့စစ္ေနရသည့္အတြက္ေၾကာင့္ျဖစ္သည္။

ဒီလည္ပတ္ျခင္းသည္တကယ့္ကိုသေဘာရိုးျဖင့္
အလည္ပတ္ျခင္းျဖစ္သည္။
ထိုေရႊေရာင္နဂါးသည္မီးေသြးျပာကုန္းေျမတစ္ေလၽွာက္ပ်ံသန္းလို႔ေန​၏။
သူတို႔နဂိုမူလအစေနရာသို႔ျပန္ေရာက္ခ်ိန္၌
Shen QingXian ကသူသည္ေက်ာက္စိမ္းစာလိပ္ေပၚ၌ေရးထားသည့္ "အတူတကြလည္ပတ္ပါ" ကိုအဓိပၸာယ္ေကာက္လြဲသြားေၾကာင္းသတိရသြား​၏

ၾကည့္ရသေလာက္ "လည္ပတ္" ဆိုသည္မွာ "ေနရာစုံလည္ပတ္" ပါ​၏အတိုခ်ဳံးစကားျဖစ္သည္။

ႏွစ္ဖက္စလုံးသို႔သူလည္ပတ္ၿပီးသြားခဲ့ေသာ္လည္း
ထိုတာဝန္သည္ၿပီးေျမာက္သည့္ပုံမေပၚေပ။

ထို႔ေၾကာင့္သူ Gu JianShen အား
ေနာက္တစ္ေခါက္အထက္ပင္လယ္သို႔အပန္းေျဖေလၽွာက္ဖို႔ထပ္ေခၚသင့္လား ?

Shen QingXian ကသူ႔​၏ပါးစပ္မ်ားအားမဖြင့္ဟ
ခ်င္ေပ။ အကယ္၍သူမလုပ္ခ်င္ဘူးဆိုရင္ေတာင္သူလိုက္နာရမည္မွာမလြဲဧကန္ျဖစ္သည္။
အဲ့ဒီအျပင္ကို သူထပ္ၿပီးသူ႔အားမေမးျမန္းဘူးဆိုရင္ဒါကအရမ္းကိုထူးဆန္းေနမွာ ။

ထို႔ေၾကာင့္ Shen QingXian ကဆိုလိုက္​၏
"အရွင္မင္းႀကီး အရွင္မင္းႀကီးရဲ့ ရိုးသားမွုက
ကၽြန္ေတာ့ကိုမ်က္ႏွာပူေစမိတယ္ အထက္ပင္လယ္က္ိုေနာက္တစ္ေခါက္ေလၽွာက္ပတ္ၾကည့္ရင္ဘယ္လိုသေဘာရလဲ ? ဒီအခ်ိန္မွာေတာ့ ကၽြန္..."

သူသည္စကားဆုံးေအာင္ေတာင္မေျပာနိုင္ေတာ့ဘဲ႐ုတ္ခ်ည္းဆိုသလိုတံ့သြား​၏

သူတို႔ႏွစ္ဦးလုံးကသူတို႔ရဲ့မ်က္ႏွာမ်ားအား
"လမ္းေၾကာင္း စကားစစ္ထိုးပြဲ" ရွိေနသည့္ေနရာအားမ်က္ႏွာမူမိလိုက္သည္။


Gu JianShen ကသတိျပဳမိၿပီး "
ၾကည့္ရတာအရင္ဆုံးကၽြန္ေတာ္တို႔ျပန္ဖို႔လိုေနၿပီထင္တယ္ "

Shen QingXian ကကူကဲရာမဲ့စြာခံစားသြားရသည္။

နန္းတြင္းခန္းမေဆာင္တြင္း၌တြင္ေတာ့ ေကာင္းကင္ဘုံလမ္းေၾကာင္းႏွင့္ႏွလုံးသားပိုင္နက္​၏တပည့္မ်ားကလုံးေထြးသတ္ပုံေနၾက​၏

အေၾကာင္းအရာကလား ?

ေသရည္အမူးေျပၿပီးေနာက္ သူတို႔အားလုံးသည္သူတို႔​၏ အႀကီးအကဲ ကိုမေတြ႕ရေတာ့ေသာေၾကာင့္ျဖစ္သည္။

Kawaiiiii \(//∇//)\.    နဂါးနဲ႔ပ်ားလိေမၼာ္🤣
                                       ဟင္းခ်က္အိုးႏွင့္အိုးအဖုံး





စာေရးဆရာမွာေျပာစရာေလးေတြရွိတယ္ :

ေကာင္းကင္ဘုံလမ္းေၾကာင္းႏွင့္ႏွလုံးသားပိုင္နက္ :
ကၽြန္ေတာ္တို႔နိုးလာလာျခင္းမွာပဲ အႀကီးအကဲေတြက ဖမ္းဆီးခံလိုက္ရၿပီ !

ၾကက္ေသေသေနမိ !!!!!

ငါအျပစ္ရွိသလိုခံစားေနရတယ္
ငါ့ဟင္းခ်က္အိုးအဖုံးကထြက္ေျပးသြားတယ္
(ဟင္းခ်က္အိုးက ဇနီးမယားျဖစ္ၿပီး
အဖုံးက လင္ေယာက်ာ္းပါ သူရဲ့ဆိုလိုရင္းကဒါလ္ို႔ထင္ပါတယ္ ဂလူးဂလူးမွာမနည္းေခါက္လိုက္ရပါတယ္ ဟင္းခ်က္နည္းေတြလာေပးေနလို႔😒 )

အားေပးမွုအတြက္ေက်းဇူးတင္ပါတယ္

Continue Reading

You'll Also Like

754K 83K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...
496K 50K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
86.2K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
41.2K 3K 25
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...