《Unicode》
ထန်းယိုင် ရွာလေးအတွင်းမှာတော့ နံနက်ခင်းထန်းတက်သူကတက်၊ဈေးသွားသူကသွားနှင့်၊အိမ်း တချို့တလေကတော့ နေဖင်ထိုးတဲ့အထိတောင်မထဘဲရှိေလသတဲ့ ......
" ဟဲ့ ....! ပစ်တိုင်းထောင် အခုချက်ချင်းထစမ်း !!!
ဈေးကပြန်လာတာနဲ့ဈေးခြင်းဈေးခြင်းတောင်းမရှင်းဘဲ ဒင်းကိုအရင်နှိုးရတယ် အဲ့တာကလည်းအလုပ်တလုပ် ။သူ့အဘကလည်းဘယ်ရောက်လို့ရောက်နေမှန်းမသိဘူး။သားအဖနှစ်ယောက်လုံး အကူအညီကိုမရဘူး။ "
ထန်းယိုင်ရွာသူရွာသားမှန်လျှင်သိလိမ့်မည်။နံနက်ခင်းအချိန်အခါဟာ တခြားသူတွေအတွက်တော့ သာသာယာယာနှင့် ကျက်သရေရှိသလောက် အရီးလေးလှရီ အတွက်ကတော့ ....။
" သောက်ကောင်လေး ဗိုက်အနာခံပြီးမွေးရကျိူးတောင်မနပ်ဘူး။ ပြောစကားကလည်းနားမထောင် တစ်ခွန်းချင်းပြန်ပက်၊ ယောက်ျားလေးမို့ အားကိုးရမယ်မှတ်တယ် နွဲ့နွဲ့နှောင်းနှောင်း နဲ့ တကတဲ ပြောကိုမပြောချင်တော့ပါဘူးအေ။ "
" အရီးရေ အရီး "
ဒေါ်လှရီအိမ်ေရှ့မှေခါ်သံကြားသည်မို့ နောက်ဖေးမီးဖိုချောင်မှထွက်လာလေသည်။
" အော်သမီးသော်တာ လာလေအိမ်ပေါ်တက်ပါအုံး "
" မတက်တော့ဘူးအရီးရဲ့ အမေကအရီးေလးတို့အတွက်မုန့်လာပို့ခိုင်းလို့ "
" မုန့်ဟုတ်လား မမသော်။ "
ဘယ်အချိန်ကတည်းက နားစွင့်နေမှန်းမသိတဲ့ ပစ်တိုင်းထောင် အိမ်ရှေ့တံစက်မြိတ်အောက်ရှိကွပ်ပစ်ပေါ်သို့ တက်လာရင်းကပြောလိုက်ခြင်းဖြသ်သည်။
"ဟဲ့ ကောင်လေးမျက်နှာလည်းမသစ်ရသေးဘဲနဲ့တော် ....သွားစမ်းချက်ချင်းနောက်ဖေးကို "
" အာ မေမေကလည်း ဟောဒီကသားလေးတစ်ယောက်ပဲရှိတာကို မအော်ပါနဲ့...ပြီးတော့လေသားသားလေးကမျက်နှာမသစ်ရသေးလည်းသန့်ပြန့်မွှေးကြိုင်နေပြီးသားပါမေမေရဲ့ "
ပြောရင်းနှင့်ပင် လူရှေ့မရှောင်သူရှေ့မရှောင်ဘဲချွှဲနွဲ့ကာ မအေအားလှမ်းဖက်ပြီး ပါးစပ်ဟကာခံတွင်းနံ့အား ' အာ ' ဆိုပြီးရှုခိုင်းလေသောကြောင့်ဆိုပြီးဒေါ်လှရီခမျာ ရယ်ရခက်ငိုရခက်နှင့်ပင်။
" အမလေးနော် အရီးလှတို့များ ဘယ်လောက်ပဲဆူဆူငေါက်ငေါက် သားလေးကမေမေဆိုတာနဲ့အဟင်း "
သားအမိနှစ်ယောက်အားကြည့်ကာ မေသော်တာ သဘောမနောခွေ့ကာ ပြောလိုက်ချင်းဖြစ်ပေသည်။
ပစ်တိုင်းထောင်းကလည်းသဘောတွေကျကာ တဟိဟိနှင့် အာပုတ်ရည်တန်းလန်းတန်းလန်းနှင့် သူ၏သွားသုံးဆယ့်နှစ်ချောင်းအား ဖြဲပြလေတော့ ဒေါ်လှရီခမျာအရှက်မကွဲခင် မျက်နှာသစ်သွားတိုက်အိမ်နောက်ဖေးသို့ တွန်းပို့ရတော့သည်။
" ဒီလိုပဲ သမီးရေသမီးတကောင်ဖို့တစ်ထောင်မဟုတ်ဘူး သားတကောင်ဖို့တစ်ထောင်ဖြစ်နေပြီတော်ရေ "
" သွားအုံးမယ်အရီးလေးရေ အိမ်ကမောင်တော်ကြာနေရင် စိတ်လက်တဆစ်နဲ့ ထိပ်တုံးစာမိနေမှာစိုးလို့ တော့် "
" အေး အေးသွားသွား နှုတ်ဆက်တယ်လို့ပြောပေးအုံး တော့ "
" ဟုတ်ကဲ့ "
သော်တာလည်းသွားလေပြီ။ဒေါ်လှရီလည်း နောက်ဖေးသွားကာ ချက်ဖို့ပြုတ်ဖို့ပြင်ဆင်ရတော့သည်။
" မေမေ......လို့ "
မျက်နှာသစ်ပြီးအိမ်ပေါ်တက်လာသော သားတော်မောင်ကြောင့်ဒေါ်လှရီ ဟင်းအိုးအားရေထည့်အဖုံးဖုံးပြီးအိမ်ပေါ်တက်လာလေသည်။
" ဘာလဲ ပြော "
" ဖီဖီ လေ မုန့်မုန့်ကောပဲ "
ကော်ဖီမဖျော်ချင်သောကြောင့်
အရွယ်နှင့်မလိုက်ချွဲနေသော ပစ်တိုင်းထောင်အား ဒေါ်လှရီပြုံးလျက် ။သို့သော်ငြား အသက်ကားမငယ်တော့ပီမို့ ကိုယ့်အားကိုယ်ကိုးကာ လုပ်ကိုင်တတ်အောင်သင်ပေးရမှာ မိဘတာဝန်မို့လေပြေနှင့်ပြောရန်ဆုံးဖြတ်လိုက်သည်
" သားရယ်ကိုယ့်ဘာသာဖျော်ပါ့လား ...အရွယ်ကဖြင့်ကြီးနေပြီ "
" မေကလည်းသားဖျော်ရင် သကြားနဲ့ဆားမှားထည့်တာနဲ နို့ဆီအထည့်များသွားတာနဲ့ ရေထည့်တာများသွားတာနဲ့ .......အိုမကောင်းတာကတော့မကောင်းတာပါဘဲ ....နော် "
မဖျော်ချင်သောကြောင့် ပေါက်ကရလေးဆယ်ပြောရင်း။
မိမိလက်မောင်းအားလှမ်းချိတ်ကာ နှုတ်ခမ်းတထော်ထော်နှင့်ပြောနေသောကြောင့်.....
" ဒါဆိုလည်းဒီတစ်ခါပဲရမယ်နော် နောက်နေ့တွေ ဘာသာဖျော်ရမှာနော် ကြားလားသား "
" ဟိဟိ ...ဟုတ်ဟုတ် "
" အမယ် ပြောတော့လည်းမင်းပါပဲ လှရယ် မင်းသားရယ့် အချွဲတွေအောက်မှာမင်းနောက်ဆုံးတော့ကျ ရှုံးရမှာပဲကို ...ဟားဟားဟား "
လှေကားရင်းကနေအပေါ်တက်လာရင်းအော်ပြောလေသော ဖခင်ဖြစ်သူကြောင့် ...ပစ်တိုင်းထောင်ရယ်ကျဲကျဲနှင့်
"ဟိဟိ ... ေဖဖေကလည်း "
" ငါ့သားကလည်း လူတကာပတ်ချွဲနေတော့တာပဲကွာ လာပ့ါအုံးဒီကို "
လက်နှစ်ဖက်အားဆန့်တန်းရင်း ရင်ခွင်ကိုဖွင့်ကာလာရန်ပြောသောကြောင် ပစ်တိုင်းထောင်ခဖက်ချင်းလက်ငင်းပင် မအေလက်အားဖြုတ်ကာ ဒရောသောပါးပြေးသွားလေတော့သည်။
ဦးခင်မောင်လည်းသားချွဲစိန်အား ရယ်မောလျက်ပင် ခေါင်းကလေးပုတ်ကာ ချော့မြူနေတော့သည်။
မွေးထားတာသားလားသမီးလားပင်မကွဲတော့။ဆယ့်ရှစ်နှစ်ဟူေသာအသက်မှာ တခြားသူတွေအတွက်တော့ကြီးပေမဲ့ ဦးခင်မောင်နှင့်ဒေါ်လှရီတို့အတွက်တော့ ငယ်လွန်းသေးသည်။
အရီးလှရီမှာတော့ အသက်ကြီးမှကလေးရသည်။ပစ်တိုင်းေထာင်အားမမွေးမီ ရင်နှီးကျွမ်းဝင်သောအသိဗေဒင်ဆရာဆီ ထံသို့သွားရောက်တွက်ချက်ရာ ဆရာကမိန်းကလေးဟုအတန်တန်ပြောပေမယ့် တကယ်တန်းထွက်လာတာကတော့ ယောက်ျားလေးဖြစ်နေခဲ့သည်။
ယောကျာ်းလေးဖြစ်နေသော်လည်း အချစ်မလျော့ခဲ့ပါ။သို့သော်ငြား ပစ်တိုင်းထောင်လေးမှာလည်း မွေးကတည်းက ဆရာဝန်က ယောကျာ်းလေးဟုပြောသောကြောင့်သာ ယောကျာ်းလေးမှန်းလက်ခံနိုင်သည်။သေးသွယ်သောမျက်နှာ ၊ ဖြူဝင်းပြီးရွှေအဆင်းရှိသောအသားအရေ နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ရင်ဖုံးခါးတိုနှင့်ထဘီ ဝတ်ပေးပြီး ဆံပင်အတုသာတပ်လိုက်ပါက တစ်ရွာလုံးရှိမိန်းကလေးများသာမက မြောက်ဘက်ရွာကကွမ်းတောင်ကိုင်ပင်ထိုင်ငိုရလောက်သည်။
ရွာထဲရှိကာလသားများကလည်း မိန်းကလေးများကိုတောင် ထင်သလောက်မပိုးပန်း ယောကျာ်းလေး ဖြစ်သော ပစ်တိုင်းထောင်ရွာထဲ ပတ်ပြီဟေ့ဟုဆိုလျှင် အနောက်ကတကောက်ကောက်နှင့် ခွေးပင်မျက်စိနောက်လွန်း၍ ပြေးကိုက်ရသည်အထိပင်။
သို့ပေမယ့်လည်းပစ်တိုင်းထောင်တို့ကတော့ တပြားသားမှစိတ်မဝင်စားပေ။ သူသိတာ စားမယ်သောက်မယ်အိပ်မယ် ချွဲမယ်။ဒါပဲ။ ချစ်ခင်ဖွယ်ရာသူ့အဆင်းအဝါကြောင့်ရော အပြောအဆိုကြောင့်ပါ သူ့ဆွေမျိုးသားချင်းတွေသာမက ရွာထဲရှိ ကြီးကြီးငယ်ငယ်အကုန်လုံး သဲသဲလှုပ်ချစ်ခင်ကြသည်။မမွေးခင်ကတည်းကပင် လူချစ်လူခင်ပေါသော ပစ်တိုင်းထောင်လေးမှာ မွေးစကဆိုလျှင် အနှီးစပွန်ဆာ ၊ ပေါင်ဒါမှုန့်စပွန်ဆာ ၊နို့မှုန့်စပွန်ဆာသာမက ချိုလိမ်စပွန်ဆာအထိ ရှိလေသည်။ ထန်းယိုင်ရွာသည် နဂိုကတည်းကပင် ချမ်းသာကြွယ်ဝသူပေါများလေသည်။ ဆယ်အိမ်ခေါင်းဖြစ်သောဦးခင်မောင်နှင့် ဆယ်အိမ်ခေါင်းကတော်ငွေတိုးချေးစားသူ ဒေါ်လှရီတို့ဆိုလျှင်ရွာ၌မသိသူမရှိ ။ ထို့ေကြာင့်ပစ်တိုင်းထောင်ဆိုလျှင် ပြောမနေပါနဲ့တော့။
~~~~~~~~~~~~~
" မမသော်ရယ် ကြာလိုက်တာဗျာ ...."
" အမလေး အကိုတော်ချော သူများအိမ်သွားတာ ချက်ချင်းထပြန်လာလို့ရမလား အရီလေးနဲ့စကလေးဘာလေးလည်းပြောရတာပေါ့တော် "
" ဘာလဲအရီးလေးက ဟိုအမွှေစိန်အကြောင်းဖောက်သည်ချနေလို့လား "
" ဟဲ့ ...ဘုန်းမြတ်ဇေယျာ သူများတကာသားလေးကို သွားပြောပြန်ပြီ "
ဘုန်းမြတ်ဇေယျာအကြမ်းရည်ငှဲ့ရင်း ချောင်းတချက်ဟန့်ကာ ......
" အမွှေစိန်မို့အမွှေစိန်လို့ပြောရတာပေါ့ အပျိုကြီးမမရယ် ...ဟဟဟား "
သော်တာလည်း အကြမ်းသူ့မောင်ငှဲ့ပေးသော အကြမ်းရည်အား တဖူးဖူးမှုတ်ရင်းတချက်သောက်ကာ တင်ပြေခွေထိုင်ကာ မြက်ယပ်တောင်အားတဖျတ်ဖျတ်နှင့်ခပ်နေဆဲဖြစ်ရာ ဇေယျ၏စကားအား ကြားသော်ခပ်လက်စ မြက်ယပ်တောင်နှင့်ဇေယျကျောပြင်အားဖြန်းခနဲနေအောင်လှမ်းချလိုက်လေသည်။
" အား _____!! နာတယ်မမရဲ့ "
" ဘုန်းမြတ်နော် .......အေးနင်ကျပ်ကျပ်သတိထားသူကြီးဖြစ်ပြီးတော့ အစ်မကိုအပျိုကြီးလေးဘာလေးနဲ့ ငါကသုံးဆယ်ပြည့်ဖို့ တစ်နှစ်ကြီးများတောင်လိုသေးတာနော် "
" ဟုတ်ပါပြီဗျာ သုံးဆယ်ပြည့်ဖို့ တစ်နှစ်ကြီးများတောင်လိုသေးတဲ့အပျိုကြီးရဲ့ "
" ဟဲ့_____!ဘုန်းမြတ်ဇေယျာ "
"သူကြီးရေ....... သူကြီး...ဗျို့သူကြီး"
ဘုန်းမြတ်ဇေယျာ သူ၏အစ်မအသံကိုကျော်လွန်ကာအော်လာသောကြောင့် ချက်ချင်းရုပ်တည်ကာ ကွပ်ပျစ်ပေါ်မှဆင်းပြီး ခြံဝသို့ထသွားလေသည်။
ခြံရှေ့ရောက်သော် အော်လာသောအသံတိတ်ကာ ရွာဦးဘုန်းကြီးကျောင်းမှကပ္ပိယ ရေခဲအားတွေ့လေသည်။
" ကဲ ...ရေခဲ'ရေဆိုစမ်းပါအုံးဗျာ ဘာကိစ္စများရှိလို့လဲ "
ရေခဲလည်းလက်ထဲရှိ ဆွမ်းချိုင့်အားလက်ထဲထိုးပေးကာ ....
" ဘာကိစ္စရယ်လို့တော့ မဟုတ်ပါဘူးသူကြီးရဲ့ ဝါဝင်ပြီလေ... ဆရာတော်ဘုရားက ဆွမ်းချိုင်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ပို့ခိုင်းလိုက်လို့ပါ "
" ဒါဖြင့်ရင် ...တွန်းလှည်းကောတစ်ယောက်နဲ့ ဒီချိုင့်တွေအကုန်လုံး သွားလိုက်ပြန်လိုက်မနေတာ မဟုတ်ဘူးမဟုတ်လား "
"သူကြီးလေးကတော့ နောက်ပြီ။ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ဗလတို့ကုလားတို့က သူကြီးလေးကိုကြောက်လို့တဲ့ ...ဟိုတစ်ခါထိပ်တုံးစာမိ'ခတဲကပေါ့ဗျာ သူကြီးလေးကိုဒင်းတို့ကြောက်သွားတာ ဗျ "
" အော် ...ဒါကလည်း သူကြီးတစ်ယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါဗျာ "
" ဒါဖြင့်သွားအုံးမယ်သူကြီးရေ အရီးလေးလှရီတို့အိမ်ကျန်သေးလို့ ဗျ "
" ကောင်းပါပြီဗျာ "
ဘုန်းမြတ်ဇေယျာလည်းခြံတံခါးပိတ်ကာ အိမ်ထဲသို့ပြန်ဝင်လာတော့သည်။
___________________________________________
[ဇာတ်ကောင်တို့၏စကားဝိုင်းလေး]
ထောင်ထောင်လေး - ဘာလို့ သူကြီးကိုကြောက်နေကြတာလဲ တို့ကတော့မကြောက်(လျှာထုတ်လျက်)
ဗလ၊ကုလား - သူကြီးဟာကြီးကအကြီးကြီးပဲကို !!!!
ထောင်ထောင်လေး -" ဘာကြီးတုန်း !!??? ( အလန်တကြားဖြင့် )
ဗလ၊ကုလား - ထိပ်တုံးကိုပြောတာပါကွာ မင်းကအလန့်တကြား !
သူကြီးလေးဘုန်းမြတ် - တခြားဟာလည်းကြီးတယ်ဆိုတာတချိန်ထောင်ထောင်လေးသိလာမှာပါ ဟဟဟား (လူယုတ်မာလေသံဖြင့်) !!!
ထောင်ထောင်လေး - သဝါး !!! လူယုတ်မာသူကြီး !! (လက်တွေလိမ်ကာ)
ဗလ၊ကုလား - .................ထောင်ထောင်ေလးကတော့ထားပါတော့ သူကြီးကငါတို့သိတဲ့သူကြီးလေးစည်သူဇေယျမှဟုတ်ရဲ့လားကွာ !!!
သူကြီးလေးဘုန်းမြတ် - ဟုတ်တယ်ကျုပ်မှကျုပ်အစစ်ပါဗျာ!!!!
ဗလ၊ကုလား - ဆရာတော်ဘုရားရေ !!!!!!!
___________________________________________
မုန့်စိမ်းပေါင်းရဲ့စကားသံ -
ဒုတိယမြောက်ဖြစ်တဲ့ “သူကြီးကတော်” လေးကိုလည်း ဖတ်ရှုပေးကြပါအုံး လူကြီးမင်းလေးတို့ရေ။ မွမွ !!! >.<
စာဖတ်ရှူသူလူကြီးမင်းလေးတို့ကိုကျေးဇူးတင်ပါတယ်။
___________________________________________
Zawgyi
ထန္းယိုင္ ႐ြာေလးအတြင္းမွာေတာ့ နံနက္ခင္းထန္းတက္သူကတက္၊ေဈးသြားသူကသြားႏွင့္၊အိမ္း တခ်ိဳ႕တေလကေတာ့ ေနဖင္ထိုးတဲ့အထိေတာင္မထဘဲ႐ွိေလသတဲ့ ......
" ဟဲ့ ....! ပစ္တိုင္းေထာင္ အခုခ်က္ခ်င္းထစမ္း !!!
ေဈးကျပန္လာတာနဲ႔ေဈးျခင္းေတာင္းမ႐ွင္းဘဲ ဒင္းကိုအရင္ႏိႈးရတယ္ အဲ့တာကလည္းအလုပ္တလုပ္ ။သူ႕အဘကလည္းဘယ္ေရာက္လို႔ေရာက္ေနမွန္းမသိဘူး။သားအဖႏွစ္ေယာက္လုံး အကူအညီကိုမရဘူး။ "
ထန္းယိုင္႐ြာသူ႐ြာသားမွန္လွ်င္သိလိမ့္မည္။နံနက္ခင္းအခ်ိန္အခါဟာ တျခားသူေတြအတြက္ေတာ့ သာသာယာယာႏွင့္ က်က္သေရ႐ွိသေလာက္ အရီးေလးလွရီ အတြက္ကေတာ့ ....။
" ေသာက္ေကာင္ေလး ဗိုက္အနာခံၿပီးေမြးရက်ိဴးေတာင္မနပ္ဘူး။ ေျပာစကားကလည္းနားမေထာင္ တစ္ခြန္းခ်င္းျပန္ပက္၊ ေယာက်္ားေလးမို႔ အားကိုးရမယ္မွတ္တယ္ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္း နဲ႔ တကတဲ ေျပာကိုမေျပာခ်င္ေတာ့ပါဘူးေအ။ "
" အရီးေရ အရီး "
ေဒၚလွရီအိမ္ေ႐ွ႕မွေခၚသံၾကားသည္မို႔ ေနာက္ေဖးမီးဖိုေခ်ာင္မွထြက္လာေလသည္။
" ေအာ္သမီးေသာ္တာ လာေလအိမ္ေပၚတက္ပါအုံး "
" မတက္ေတာ့ဘူးအရီးရဲ႕ အေမကအရီးေလးတို႔အတြက္မုန္႔လာပို႔ခိုင္းလို႔ "
" မုန္႔ဟုတ္လား မမေသာ္။ "
ဘယ္အခ်ိန္ကတည္းက နားစြင့္ေနမွန္းမသိတဲ့ ပစ္တိုင္းေထာင္ အိမ္ေ႐ွ႕တံစက္ၿမိတ္ေအာက္႐ွိကြပ္ပ်စ္ေပၚသို႔ တက္လာရင္းကေျပာလိုက္ျခင္းျဖသ္သည္။
"ဟဲ့ ေကာင္ေလးမ်က္ႏွာလည္းမသစ္ရေသးဘဲနဲ႔ေတာ္ ....သြားစမ္းခ်က္ခ်င္းေနာက္ေဖးကို "
" အာ ေမေမကလည္း ေဟာဒီကသားေလးတစ္ေယာက္ပဲ႐ွိတာကို မေအာ္ပါနဲ႔...ၿပီးေတာ့ေလသားသားေလးကမ်က္ႏွာမသစ္ရေသးလည္းသန္႔ျပန္႔ေမႊးႀကိဳင္ေနၿပီးသားပါေမေမရဲ႕ "
ေျပာရင္းႏွင့္ပင္ လူေ႐ွ႕မေ႐ွာင္သူေ႐ွ႕မေ႐ွာင္ဘဲခႊၽဲႏြဲ႕ကာ မေအအားလွမ္းဖက္ၿပီး ပါးစပ္ဟကာခံတြင္းနံ႔အား ' အာ ' ဆိုၿပီး႐ႈခိုင္းေလေသာေၾကာင့္ဆိုၿပီးေဒၚလွရီခမ်ာ ရယ္ရခက္ငိုရခက္ႏွင့္ပင္။
" အမေလးေနာ္ အရီးလွတို႔မ်ား ဘယ္ေလာက္ပဲဆူဆူေငါက္ေငါက္ သားေလးကေမေမဆိုတာနဲ႔အဟင္း "
သားအမိႏွစ္ေယာက္အားၾကည့္ကာ ေမေသာ္တာ သေဘာမေနာေခြ႕ကာ ေျပာလိုက္ခ်င္းျဖစ္ေပသည္။
ပစ္တိုင္းေထာင္းကလည္းသေဘာေတြက်ကာ တဟိဟိႏွင့္ အာပုတ္ရည္တန္းလန္းတန္းလန္းႏွင့္ သူ၏သြားသုံးဆယ့္ႏွစ္ေခ်ာင္းအား ၿဖဲျပေလေတာ့ ေဒၚလွရီခမ်ာအ႐ွက္မကြဲခင္ မ်က္ႏွာသစ္သြားတိုက္အိမ္ေနာက္ေဖးသို႔ တြန္းပို႔ရေတာ့သည္။
" ဒီလိုပဲ သမီးေရသမီးတေကာင္ဖို႔တစ္ေထာင္မဟုတ္ဘူး သားတေကာင္ဖို႔တစ္ေထာင္ျဖစ္ေနၿပီေတာ္ေရ "
" သြားအုံးမယ္အရီးေလးေရ အိမ္ကေမာင္ေတာ္ၾကာေနရင္ စိတ္လက္တဆစ္နဲ႔ ထိပ္တုံးစာမိေနမွာစိုးလို႔ ေတာ့္ "
" ေအး ေအးသြားသြား ႏႈတ္ဆက္တယ္လို႔ေျပာေပးအုံး ေတာ့ "
" ဟုတ္ကဲ့ "
ေသာ္တာလည္းသြားေလၿပီ။ေဒၚလွရီလည္း ေနာက္ေဖးသြားကာ ခ်က္ဖို႔ျပဳတ္ဖို႔ျပင္ဆင္ရေတာ့သည္။
" ေမေမ......လို႔ "
မ်က္ႏွာသစ္ၿပီးအိမ္ေပၚတက္လာေသာ သားေတာ္ေမာင္ေၾကာင့္ေဒၚလွရီ ဟင္းအိုးအားေရထည့္အဖုံးဖုံးၿပီးအိမ္ေပၚတက္လာေလသည္။
" ဘာလဲ ေျပာ "
" ဖီဖီ ေလ မုန္႔မုန္႔ေကာပဲ "
ေကာ္ဖီမေဖ်ာ္ခ်င္ေသာေၾကာင့္
အ႐ြယ္ႏွင့္မလိုက္ခြၽဲေနေသာ ပစ္တိုင္းေထာင္အား ေဒၚလွရီျပဳံးလ်က္ ။သို႔ေသာ္ျငား အသက္ကားမငယ္ေတာ့ပီမို႔ ကိုယ့္အားကိုယ္ကိုးကာ လုပ္ကိုင္တတ္ေအာင္သင္ေပးရမွာ မိဘတာဝန္မို႔ေလေျပႏွင့္ေျပာရန္ဆုံးျဖတ္လိုက္သည္
" သားရယ္ကိုယ့္ဘာသာေဖ်ာ္ပါ့လား ...အ႐ြယ္ကျဖင့္ႀကီးေနၿပီ "
" ေမကလည္းသားေဖ်ာ္ရင္ သၾကားနဲ႔ဆားမွားထည့္တာနဲ ႏို႔ဆီအထည့္မ်ားသြားတာနဲ႔ ေရထည့္တာမ်ားသြားတာနဲ႔ .......အိုမေကာင္းတာကေတာ့မေကာင္းတာပါဘဲ ....ေနာ္ "
မေဖ်ာ္ခ်င္ေသာေၾကာင့္ ေပါက္ကရေလးဆယ္ေျပာရင္း။
မိမိလက္ေမာင္းအားလွမ္းခ်ိတ္ကာ ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ေျပာေနေသာေၾကာင့္.....
" ဒါဆိုလည္းဒီတစ္ခါပဲရမယ္ေနာ္ ေနာက္ေန႔ေတြ ဘာသာေဖ်ာ္ရမွာေနာ္ ၾကားလားသား "
" ဟိဟိ ...ဟုတ္ဟုတ္ "
" အမယ္ ေျပာေတာ့လည္းမင္းပါပဲ လွရယ္ မင္းသားရယ့္ အခြၽဲေတြေအာက္မွာမင္းေနာက္ဆုံးေတာ့က် ႐ႈံးရမွာပဲကို ...ဟားဟားဟား "
ေလွကားရင္းကေနအေပၚတက္လာရင္းေအာ္ေျပာေလေသာ ဖခင္ျဖစ္သူေၾကာင့္ ...ပစ္တိုင္းေထာင္ရယ္က်ဲက်ဲႏွင့္
"ဟိဟိ ... ေဖေဖကလည္း "
" ငါ့သားကလည္း လူတကာပတ္ခြၽဲေနေတာ့တာပဲကြာ လာပ့ါအုံးဒီကို "
လက္ႏွစ္ဖက္အားဆန္႔တန္းရင္း ရင္ခြင္ကိုဖြင့္ကာလာရန္ေျပာေသာေၾကာင္ ပစ္တိုင္းေထာင္ခ်က္ခ်င္းလက္ငင္းပင္ မေအလက္အားျဖဳတ္ကာ ဒေရာေသာပါးေျပးသြားေလေတာ့သည္။
ဦးခင္ေမာင္လည္းသားခြၽဲစိန္အား ရယ္ေမာလ်က္ပင္ ေခါင္းကေလးပုတ္ကာ ေခ်ာ့ျမဴေနေတာ့သည္။
ေမြးထားတာသားလားသမီးလားပင္မကြဲေတာ့။ဆယ့္႐ွစ္ႏွစ္ဟူေသာအသက္မွာ တျခားသူေတြအတြက္ေတာ့ႀကီးေပမဲ့ ဦးခင္ေမာင္ႏွင့္ေဒၚလွရီတို႔အတြက္ေတာ့ ငယ္လြန္းေသးသည္။
အရီးလွရီမွာေတာ့ အသက္ႀကီးမွကေလးရသည္။ပစ္တိုင္းေထာင္အားမေမြးမီ ရင္ႏွီးကြၽမ္းဝင္ေသာအသိေဗဒင္ဆရာဆီ ထံသို႔သြားေရာက္တြက္ခ်က္ရာ ဆရာကမိန္းကေလးဟုအတန္တန္ေျပာေပမယ့္ တကယ္တန္းထြက္လာတာကေတာ့ ေယာက်္ားေလးျဖစ္ေနခဲ့သည္။
ေယာက်ာ္းေလးျဖစ္ေနေသာ္လည္း အခ်စ္မေလ်ာ့ခဲ့ပါ။သို႔ေသာ္ျငား ပစ္တိုင္းေထာင္ေလးမွာလည္း ေမြးကတည္းက ဆရာဝန္က ေယာက်ာ္းေလးဟုေျပာေသာေၾကာင့္သာ ေယာက်ာ္းေလးမွန္းလက္ခံႏိုင္သည္။ေသးသြယ္ေသာမ်က္ႏွာ ၊ ျဖဴဝင္းၿပီးေ႐ႊအဆင္း႐ွိေသာအသားအေရ ႏွင့္ ကိုယ္လုံးကိုယ္ေပါက္မွာ ရင္ဖုံးခါးတိုႏွင့္ထဘီ ဝတ္ေပးၿပီး ဆံပင္အတုသာတပ္လိုက္ပါက တစ္႐ြာလုံး႐ွိမိန္းကေလးမ်ားသာမက ေျမာက္ဘက္႐ြာကကြမ္းေတာင္ကိုင္ပင္ထိုင္ငိုရေလာက္သည္။
႐ြာထဲ႐ွိကာလသားမ်ားကလည္း မိန္းကေလးမ်ားကိုေတာင္ ထင္သေလာက္မပိုးပန္း ေယာက်ာ္းေလး ျဖစ္ေသာ ပစ္တိုင္းေထာင္႐ြာထဲ ပတ္ၿပီေဟ့ဟုဆိုလွ်င္ အေနာက္ကတေကာက္ေကာက္ႏွင့္ ေခြးပင္မ်က္စိေနာက္လြန္း၍ ေျပးကိုက္ရသည္အထိပင္။
သို႔ေပမယ့္လည္းပစ္တိုင္းေထာင္တို႔ကေတာ့ တျပားသားမွစိတ္မဝင္စားေပ။ သူသိတာ စားမယ္ေသာက္မယ္အိပ္မယ္ ခြၽဲမယ္။ဒါပဲ။ ခ်စ္ခင္ဖြယ္ရာသူ႕အဆင္းအဝါေၾကာင့္ေရာ အေျပာအဆိုေၾကာင့္ပါ သူ႕ေဆြမ်ိဳးသားခ်င္းေတြသာမက ႐ြာထဲ႐ွိ ႀကီးႀကီးငယ္ငယ္အကုန္လုံး သဲသဲလႈပ္ခ်စ္ခင္ၾကသည္။မေမြးခင္ကတည္းကပင္ လူခ်စ္လူခင္ေပါေသာ ပစ္တိုင္းေထာင္ေလးမွာ ေမြးစကဆိုလွ်င္ အႏွီးစပြန္ဆာ ၊ ေပါင္ဒါမႈန္႔စပြန္ဆာ ၊ႏို႔မႈန္႔စပြန္ဆာသာမက ခ်ိဳလိမ္စပြန္ဆာအထိ ႐ွိေလသည္။ ထန္းယိုင္႐ြာသည္ နဂိုကတည္းကပင္ ခ်မ္းသာႂကြယ္ဝသူေပါမ်ားေလသည္။ ဆယ္အိမ္ေခါင္းျဖစ္ေသာဦးခင္ေမာင္ႏွင့္ ဆယ္အိမ္ေခါင္းကေတာ္ေငြတိုးေခ်းစားသူ ေဒၚလွရီတို႔ဆိုလွ်င္႐ြာ၌မသိသူမ႐ွိ ။ ထို႔ေၾကာင့္ပစ္တိုင္းေထာင္ဆိုလွ်င္ ေျပာမေနပါနဲ႔ေတာ့။
~~~~~~~~~~~~~
" မမေသာ္ရယ္ ၾကာလိုက္တာဗ်ာ ...."
" အမေလး အကိုေတာ္ေခ်ာ သူမ်ားအိမ္သြားတာ ခ်က္ခ်င္းထျပန္လာလို႔ရမလား အရီေလးနဲ႔စကေလးဘာေလးလည္းေျပာရတာေပါ့ေတာ္ "
" ဘာလဲအရီးေလးက ဟိုအေမႊစိန္အေၾကာင္းေဖာက္သည္ခ်ေနလို႔လား "
" ဟဲ့ ...ဘုန္းျမတ္ေဇယ်ာ သူမ်ားတကာသားေလးကို သြားေျပာျပန္ၿပီ "
ဘုန္းျမတ္ေဇယ်ာအၾကမ္းရည္ငွဲ႔ရင္း ေခ်ာင္းတခ်က္ဟန္႔ကာ ......
" အေမႊစိန္မို႔အေမႊစိန္လို႔ေျပာရတာေပါ့ အပ်ိဳႀကီးမမရယ္ ...ဟဟဟား "
ေသာ္တာလည္း အၾကမ္းသူ႕ေမာင္ငွဲ႔ေပးေသာ အၾကမ္းရည္အား တဖူးဖူးမႈတ္ရင္းတခ်က္ေသာက္ကာ တင္ေျပေခြထိုင္ကာ ျမက္ယပ္ေတာင္အားတဖ်တ္ဖ်တ္ႏွင့္ခပ္ေနဆဲျဖစ္ရာ ေဇယ်၏စကားအား ၾကားေသာ္ခပ္လက္စ ျမက္ယပ္ေတာင္ႏွင့္ေဇယ်ေက်ာျပင္အားျဖန္းခနဲေနေအာင္လွမ္းခ်လိုက္ေလသည္။
" အား _____!! နာတယ္မမရဲ႕ "
" ဘုန္းျမတ္ေနာ္ .......ေအးနင္က်ပ္က်ပ္သတိထားသူႀကီးျဖစ္ၿပီးေတာ့ အစ္မကိုအပ်ိဳႀကီးေလးဘာေလးနဲ႔ ငါကသုံးဆယ္ျပည့္ဖို႔ တစ္ႏွစ္ႀကီးမ်ားေတာင္လိုေသးတာေနာ္ "
" ဟုတ္ပါၿပီဗ်ာ သုံးဆယ္ျပည့္ဖို႔ တစ္ႏွစ္ႀကီးမ်ားေတာင္လိုေသးတဲ့အပ်ိဳႀကီးရဲ႕ "
" ဟဲ့_____!ဘုန္းျမတ္ေဇယ်ာ "
"သူႀကီးေရ....... သူႀကီး...ဗ်ိဳ႕သူႀကီး"
ဘုန္းျမတ္ေဇယ်ာ သူ၏အစ္မအသံကိုေက်ာ္လြန္ကာေအာ္လာေသာေၾကာင့္ ခ်က္ခ်င္း႐ုပ္တည္ကာ ကြပ္ပ်စ္ေပၚမွဆင္းၿပီး ျခံဝသို႔ထသြားေလသည္။
ျခံေ႐ွ႕ေရာက္ေသာ္ ေအာ္လာေသာအသံတိတ္ကာ ႐ြာဦးဘုန္းႀကီးေက်ာင္းမွကပၸိယ ေရခဲအားေတြ႕ေလသည္။
" ကဲ ...ေရခဲ'ေရဆိုစမ္းပါအုံးဗ်ာ ဘာကိစၥမ်ား႐ွိလို႔လဲ "
ေရခဲလည္းလက္ထဲ႐ွိ ဆြမ္းခ်ိဳင့္အားလက္ထဲထိုးေပးကာ ....
" ဘာကိစၥရယ္လို႔ေတာ့ မဟုတ္ပါဘူးသူႀကီးရဲ႕ ဝါဝင္ၿပီေလ... ဆရာေတာ္ဘုရားက ဆြမ္းခ်ိဳင္ေတြကို တစ္အိမ္တက္တစ္အိမ္ဆင္းလိုက္ပို႔ခိုင္းလိုက္လို႔ပါ "
" ဒါျဖင့္ရင္ ...တြန္းလွည္းေကာတစ္ေယာက္တည္းနဲ႔ ဒီခ်ိဳင့္ေတြအကုန္လုံး သြားလိုက္ျပန္လိုက္မေနတာ မဟုတ္ဘူးမဟုတ္လား "
"သူႀကီးေလးကေတာ့ ေနာက္ၿပီ။ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ပါဘူး။ဗလတို႔ကုလားတို႔က သူႀကီးေလးကိုေၾကာက္လို႔တဲ့ ...ဟိုတစ္ခါထိပ္တုံးစာမိ'ခတဲကေပါ့ဗ်ာ သူႀကီးေလးကိုဒင္းတို႔ေၾကာက္သြားတာ ဗ် "
" ေအာ္ ...ဒါကလည္း သူႀကီးတစ္ေယာက္အေနနဲ႔လုပ္သင့္လုပ္ထိုက္တာကို လုပ္တာပါဗ်ာ "
" ဒါျဖင့္သြားအုံးမယ္သူႀကီးေရ အရီးေလးလွရီတို႔အိမ္က်န္ေသးလို႔ ဗ် "
" ေကာင္းပါၿပီဗ်ာ "
ဘုန္းျမတ္ေဇယ်ာလည္းျခံတံခါးပိတ္ကာ အိမ္ထဲသို႔ျပန္ဝင္လာေတာ့သည္။
___________________________________________
[ဇာတ္ေကာင္တို႔၏စကားဝိုင္းေလး]
ေထာင္ေထာင္ေလး - ဘာလို႔ သူႀကီးကိုေၾကာက္ေနၾကတာလဲ တို႔ကေတာ့မေၾကာက္(လွ်ာထုတ္လ်က္)
ဗလ၊ကုလား - သူႀကီးဟာႀကီးကအႀကီးႀကီးပဲကို !!!!
ေထာင္ေထာင္ေလး -" ဘာႀကီးတုန္း !!??? ( အလန္႔တၾကားျဖင့္ )
ဗလ၊ကုလား - ထိပ္တုံးကိုေျပာတာပါကြာ မင္းကအလန္႔တၾကား !
သူႀကီးေလးဘုန္းျမတ္ - တျခားဟာလည္းႀကီးတယ္ဆိုတာတခ်ိန္ေထာင္ေထာင္ေလးသိလာမွာပါ ဟဟဟား (လူယုတ္မာေလသံျဖင့္) !!!
ေထာင္ေထာင္ေလး - သဝါး !!! လူယုတ္မာသူႀကီး !! (လက္ေတြလိမ္ကာ)
ဗလ၊ကုလား - .................ေထာင္ေထာင္ေလးကေတာ့ထားပါေတာ့ သူႀကီးကငါတို႔သိတဲ့သူႀကီးေလးစည္သူေဇယ်မွဟုတ္ရဲ႕လားကြာ !!!
သူႀကီးေလးဘုန္းျမတ္ - ဟုတ္တယ္က်ဳပ္မွက်ဳပ္အစစ္ပါဗ်ာ!!!!
ဗလ၊ကုလား - ဆရာေတာ္ဘုရားေရ !!!!!!!
___________________________________________
မုန္႔စိမ္းေပါင္းရဲ႕စကားသံ -
ဒုတိယေျမာက္ျဖစ္တဲ့ “သူႀကီးကေတာ္” ေလးကိုလည္း ဖတ္႐ႈေပးၾကပါအုံး လူႀကီးမင္းေလးတို႔ေရ။ မြမြ !!! >.<
စာဖတ္႐ွဴသူလူႀကီးမင္းေလးတို႔ကိုေက်းဇူးတင္ပါတယ္။