(Unicode)
ဧည့်ခန်းတွင် ဖဘုရားက ဆိုဖာကို နောက်ပစ်မှီကာ ထိုင်နေသည် ထိုရှေ့တွင်တော့ ခွန်နှောင်း။ စဝ်စံဦးသာမှာ မီးဖိုချောင် corner တွင် အအေးငှဲ့ထည့်နေဆဲ ..။
"သားနာမည်က ?"
"သျှန်ခွန်နှောင်းပါ ဦးလေး"
"အော်"
"ဟုတ်"
လေထုက အေးစက်စက်နှင့် ကျဉ်းကြပ်ကြပ်။
"သားကပြောပါတယ်၊ မိတ်ဆက်ပေးပါမယ်ဆိုပြီး"
"ဟင် .."
မီးဖိုချောင်ကို လှမ်းကြည့်တော့ စဝ်စံဦးသာက သူမဟုတ်သလို ပုခုံးတွန့်ပြသည်။
"သားကပြောထားတာ ကြာလှပါပြီ၊ မိတ်ဆက်ပေးဖို့ ခေါ်လာခဲ့ဖို့ပြောထားတာလည်း ကြာပြီ၊ ဦးလေးက မှတ်မိနေတာ"
"အာ .. ဟုတ်ကဲ့ဗျ"
"အဲ့တော့ ရည်ငံနေကြတာ ကြာပြီလား"
"7 နှစ်ကျော်ပြီ ခင်ဗျ"
"ဟေ အဲ့လောက်တောင်လား"
အအေးလာချသော စဝ်စံဦးသာက ရယ်ပါသည်။
"အဲ့လောက်တောင်ပါပဲ ဖဘုရားရဲ့၊ မယုံနိုင်သလိုပါ ဖြစ်နေတဲ့ပုံပဲ"
"ဖဘုရားကတော့ သားပဲ စိတ်ကစားတယ်ထင်ခဲ့တာ"
"စိတ်ကစားတဲ့အရွယ်မှာ ရည်ငံခဲ့ကြပေမယ့် စိတ်ကစားတာတော့ မဟုတ်ခဲ့ပါဘူးဗျ"
ခွန်နှောင်းက ဝင်ဖြေတော့ စဝ်စံဦးသာက ရယ်ပါသည်။ မက်မက်မောမောဖြစ်ရသည့် သက်လည်က ရဲတင်းလွန်းလှပါတကား။
"ဖဘုရားက ဘယ်လိုအကြောင်းကြောင့် .."
"သားမွေးနေ့မလို့ ပြန်လာတာ"
"အာ မယ်မယ်ဘုရားနဲ့ရော တွေ့ပြီးပြီလား"
"ညနေကျရင်တော့ တွေ့ဖြစ်ပါလိမ့်မယ်"
"အဆင်ပြေကြရဲ့လား ဖဘုရား"
"ဒီလိုပဲပေါ့ သားရာ၊ တစ်ခါတစ်ခါကျ အချစ်မပါတဲ့ အိမ်ထောင်ရေးက ဆားမပါတဲ့ဟင်းလိုပဲ၊ ပြန်ပြင်ရင်ပြင် မပြင်ရင် ကျိတ်မှိတ်ပြီးစားပေါ့၊ ဖဘုရားကတော့ အခုမှ ပြန်မပြင်နိုင်တော့တာ"
ခွန်နှောင်း၏လက်ကို ခပ်တင်းတင်းဆုပ်လိုက်တော့ ခွန်နှောင်းက ကျန်လက်တစ်ဖက်ဖြင့် ခပ်ဖွဖွ ပုတ်ပါသည်။ မျက်ဝန်းတို့ကတော့ နွေးထွေးသည့်အကြင်နာမျှဝေနေသည့်ဟန်။
မည်မျှပင် လောကသဘာဝကို ဆန့်ကျင်နေပါစေ၊ နှစ်ဦးသား ချစ်ခင်စုံမက်ကြလျှင် လောကဟူသော ဟင်းတစ်မယ်သည်လည်း နတ်သုဒ္ဓါပင်။
~~~~~~
"မအိပ်တော့ဘူးလား"
"ရုပ်ရှင်ကြည့်မယ်လေ"
"ဘာရုပ်ရှင်လဲ ?"
"Romeo Juliet "
"မကြည့်ချင်ပါဘူး မကြိုက်ဘူး"
"အခွေတွေမှ မရှိတာ လာတဲ့ကားပဲ ကြည့်ရမှာ လူကြီးရ၊ လာခဲ့ ဒီနား"
ပေါက်ပေါက်ဘူးကို ဘေးချကာ ထိုင်စရာနေရာပေးတော့ ခွန်နှောင်းဘေး သာသာကလေးဝင်ထိုင်လိုက်မိသည်။ နာရီကြည့်တော့ ၁၂ ထိုးတော့မည်။
"သက်လည်"
"ဟင်"
"ကိုယ် ပြောစရာရှိတယ်"
"ပြောလေ"
"အရေးကြီးတယ်"
ဆိုဖာပေါ်တွင် ထိုင်နေသော ကိုယ်အား စောင်းငဲ့ကာ ခွန်နှောင်းက သူ့ဘက်လှည့်လာလေသည်။
"အင်းပြော"
"မယ်မယ်ဘုရားကို အသိပေးလိုက်တော့မလို့"
ပြုံးထားသောကြောင့် ကွေးနေသော နှုတ်ခမ်းဖူးဖူးတို့က ပြေလျော့ကာ မျက်ဆံအိမ်တို့က မတည်ငြိမ်စွာ လှုပ်ရှားလျက်။
"ဖြစ်မယ်မထင်ဘူး၊ ဒီလိုလေးပဲနေတာ မကောင်းဘူးလား"
"ဟင့်အင်း သက်လည်ကလေးရဲ့၊ ချစ်မိပြီဆိုကတည်းက ပိုင်ဆိုင်ချင်လာရောလေ၊ မေတ္တာနဲ့ပဲ လိုချင်ချင် တဏှာရာဂဆိုတဲ့ စိတ်ကြောင့်ပဲလိုချင်ချင် ကိုယ်ဟာ သက်လည်ကို အပိုင်လိုချင်ပါတယ်၊ စဝ်စံမိသားစုက ဘယ်လိုပဲအရေးကြီးပါစေ သက်လည်ကို စဝ်စံမိသားစုထဲ သွင်းမရရင်တောင် ကိုယ်က စဝ်စံမိသားစုထဲက ထွက်လာခဲ့ပါ့မယ်၊ ကိုယ်ဟာ သက်လည်ကို အပိုင်လိုချင်ပါတယ်"
နာရီသံ ဆယ့်နှစ်ချက်က ဒေါင်ကနဲ မြည်ဟီးစွာ ထွက်ပေါ်လာသည်။ ညနက်သန်းခေါင် တိတ်ဆိတ်နေသည့်ကြားတွင် ရိုမီယို၏ စကားသံက ခပ်တိုးတိုးသာ ပျံ့လွင့်နေ၏။
"Happy Birthday ပါ စဝ်စံဦးသာ၊ အကောင်းဆုံး မွေးနေ့လက်ဆောင်ကိုပေးလိုပါတယ်၊ သေအတူ ရှင်မကွာ ဒီလူနဲ့ပဲ အတူရှိချင်တာမလို့ ဒီလူကိုပဲ အပိုင်အပ်နှင်းပါတယ်၊ စဝ်စံမိသားစုက မဟုတ်တော့ရင်တောင် သျှန်ခွန်နှောင်းရဲ့ အမျိုးသား လုပ်လို့ရတယ်မလား .. လက်ထပ်စို့"
အနမ်းနွေးလျလျက နဖူးပြင်သို့ သက်ဆင်းမြေခတော့ နှုတ်ခမ်း ဖူးဖူးကလေးက အပြုံးတို့ ခြွေချလေ၏။ အတူလက်တွဲလျှောက်ကြမည်ဆိုသောကတိ အပ်နှင်းခြင်းတွင် ဝမ်းနည်းစရာ တစိုးတစိမျှ မပါသော်ငြား စဝ်စံဦးသာ၏ မြင်လွှာတစ်စုံအား အရည်ကြည်တို့က ဖုံးကာထားပြန်ပါသည်။
ကြည်နူးရလွန်းလို့ ကြက်သီးများကလည်း တဖျင်းဖျင်းထရသည်။ နှလုံးသားကလည်း တဒိန်းဒိန်းခုန်ရသည်။
စဝ်စံဦးသာ၏ နှစ်ဘဝတိုင်တိုင် ပျောက်ဆုံးနေခဲ့သော နံရိုးတစ်ချောင်းက ကြင်သူသက်လျာ သက်လည်ကလေးသာဖြစ်သည်။ အကောင်းမွန်ဆုံးသော မွေးနေ့လက်ဆောင်ကလည်း စဝ်စံဦးသာ၏ သျှန်ခွန်နှောင်းသာဖြစ်သည်။
တည်မြဲသော ချစ်ခြင်းမေတ္တာတို့ကြောင့် မည်သည့်အကြောင်းကြောင်းနှင့်မှ မခွဲလိုတော့။ သူနှင့်သာမဟုတ်လျှင် ဖြစ်လေရာဘဝတိုင်း အထီးကျန်နေရပေလိမ့်မည်။ ဘဝတိုင်း တည်တံ့နိုင်သော သစ္စာတရားကို သျှန်ခွန်နှောင်းနှင့်သာ တည်ဆောက်လိုပါ၏။
~~~~~~
ရွှေတိဂုံဘုရား စောင်းတန်းမှ ဆင်းလာတော့ ပုတီးတစ်ကုံးဝယ်ခဲ့ရသေးသည်။ ကြီးကြီးကို ပြည်မှဝယ်လာသည်ဟုပြောကာ ချွေးသိပ်ရပေဦးမည်။
မွေးနေ့ရှင် စဝ်စံဦးသာမှာမူ ပုဆိုးတကားကားနှင့် ရှည်လျားလှသောအရပ်ကို အသုံးချကာ ခွန်နှောင်းကို တို့ထိတို့ထိစနေသည်မှာ မပြီးနိုင်တော့။ ဘုရားပေါ်တွင်လည်း ကောင်းမွန်စွာမနေရချေ။ အူမြူးနေသော ထိုသူက တစ်ကမ္ဘာလုံးကို အပိုင်စားရထားသည့်နှယ် မြောက်ကြွ မြောက်ကြွ။
မည်မျှပင် တန်ဖိုးထား၍ ချစ်ကြောင်း သိသော်ငြား ထိုသို့ ဖြစ်နေသောအခါ ခွန်နှောင်းပင် မျက်စိနောက်ချင်ချင်။ သို့သော် ထိုသို့သော အပြုအမူများက စဝ်စံအိမ်တော်ရှေ့ရောက်တော့ ပျောက်ကွယ်ကုန်သည်။
"အဆင်ပြေပါ့မလား"
"ပြေပါတယ်၊ ကိုယ်ပြောပါရော၊ ဘာမှမဖြစ်နိုင်ပါဘူး၊ အဆိုးဆုံး စဝ်စံအိမ်တော်က ထွက်လာရုံပဲပေါ့"
ကားပေါ်က ဆင်းဆင်းချင်း ခွန်နှောင်း၏ လက်ကို ဆုပ်ကိုင်ကာ ဦးသာက အားပေးစကားပြောကြားသည်။ အိမ်တော်ထဲမှ ဦးလေးတစ်ယောက်က ပြေးထွက်လာကာ ဦးသာကို ကြိုလေသည်။
"သခင်လေးကို သခင်မကြီး မျှော်နေတာ"
"ဟုတ်ကဲ့၊ မယ်မယ်ဘုရားရော"
"ဧည့်ခန်းထဲမှာပါ"
သျှန်ခွန်နှောင်း၏ လက်ကိုဆွဲကာ ဧည့်ခန်းထဲသို့ဝင်တော့ ဇရာကြောင့် အတော်လေး ရုပ်ရည်ကျသွားသော မယ်မယ်ဘုရားက ဆက်တီပေါ်တွင်ထိုင်နေလေ၏။ မျက်နှာပေါ်က မာန်မာနကတော့ မကျ။
"မယ်မယ်ဘုရား"
"ဧည့်ခန်းထဲကို ခြေတစ်လှမ်းတောင် မချစမ်းနဲ့ စဝ်စံဦးသာ၊ မင်းအဖေ ငါ့ကို ပြောပြီးပြီ"
အခြေအနေက လွန်စွာ တင်းမာနေ၏။ ပျော့ညံ့လို့ မရသောကြောင့် စဝ်စံဦးသာဘက်က သားလိမ္မာလုပ်နေ၍လည်းမရတော့ပါ။
"မိတ်လည်း မဆက်ပေးနဲ့၊ အရှက်မဲ့တဲ့သူတွေကို မျက်နှာတောင် မမြင်ချင်တာမို့"
"မယ်မယ်ဘုရား"
"ဒီ့ထက်ပိုပြီး ရှေ့ဆက်တိုးလာခဲ့ရင် မင်းက စဝ်စံမိသားစုဝင်မဟုတ်တော့ဘူး၊ အမွေပြတ်စွန့်လွှတ်ပစ်ဖို့လည်း ငါ့ဘက်က ဝန်မလေးဘူး"
ကိုင်ထားသော လက်တို့က တုန်ရီနေပြီ။ ခွန်နှောင်း၏ လက်က တုန်ရီနေပြီ။ အစိုးမရသော မျက်ဆံနက်တို့ကပါ တုန်ရီနေပြီ။
"ဒီ့ထက်ပိုပြီး နောက်မဆုတ်နိုင်တော့တဲ့အခါ ရှေ့ဆက်တိုးရပါလိမ့်မယ်၊ အသက်သုံးဆယ်ရောက်တဲ့အထိ ဆားမပါတဲ့ ဟင်းတစ်ခွက် မြည်းခဲ့ရတဲ့ သားဖြစ်သူက ဝမ်းနဲ့လွယ်မွေးပေးခဲ့တဲ့ မယ်မယ်ဘုရားကို ရှိခိုးကန်တော့ပါတယ်၊ ဒီနေ့ကစ .. စဝ်စံမိသားစု လောင်းရိပ်က ထွက်ပါတယ်"
နောက်နေ့တွင် အမွေပြတ်စွန့်လွှတ်ကြောင်းကို မယ်မယ်ဘုရားက လူသိအောင် ကြော်ငြာပေလိမ့်မည်။ စဝ်စံဦးသာ၏ ဂုဏ်သိက္ခာ ကျဆင်းပေလိမ့်မည်။ နှာခေါင်းရှုံ့မေးငေါ့ခြင်းကို ခံရပေလိမ့်မည်။
သို့သော် လက်တွဲရင်ဆိုင်ဖို့ ချစ်ရသူရှိသည်။ တစ်ခါတစ်ရံ ဘဝတွင် အချစ်ကြောင့် မူးမူးရူးရူး ရင်ဆိုင်လိုက်ပစ်သည့် လူတွေ၏ အကြောင်း တစ်ခေါက်တော့ မျက်စိမှိတ်ယုံပစ်ရမည်။
အလျော်အစားတွင် ..
အသက်ကိုပေးမည် ..။
ဂုဏ်သိက္ခာကိုပေးမည် ..။
ချစ်ရသူကိုတော့ ယူပါမည် ..။
စော်ဘွားငယ် တစ်ဖြစ်လည်း စဝ်စံဦးသာက ဤသို့သောလူသာဖြစ်သည် ..။
~~~~~~~
(Zaw Gyi)
ဧည့္ခန္းတြင္ ဖဘုရားက ဆိုဖာကို ေနာက္ပစ္မွီကာ ထိုင္ေနသည္ ထိုေရွ႕တြင္ေတာ့ ခြန္ေႏွာင္း။ စဝ္စံဦးသာမွာ မီးဖိုေခ်ာင္ corner တြင္ အေအးငွဲ႔ထည့္ေနဆဲ ..။
"သားနာမည္က ?"
"သွ်န္ခြန္ေႏွာင္းပါ ဦးေလး"
"ေအာ္"
"ဟုတ္"
ေလထုက ေအးစက္စက္ႏွင့္ က်ဥ္းၾကပ္ၾကပ္။
"သားကေျပာပါတယ္၊ မိတ္ဆက္ေပးပါမယ္ဆိုၿပီး"
"ဟင္ .."
မီးဖိုေခ်ာင္ကို လွမ္းၾကည့္ေတာ့ စဝ္စံဦးသာက သူမဟုတ္သလို ပုခုံးတြန္႔ျပသည္။
"သားကေျပာထားတာ ၾကာလွပါၿပီ၊ မိတ္ဆက္ေပးဖို႔ ေခၚလာခဲ့ဖို႔ေျပာထားတာလည္း ၾကာၿပီ၊ ဦးေလးက မွတ္မိေနတာ"
"အာ .. ဟုတ္ကဲ့ဗ်"
"အဲ့ေတာ့ ရည္ငံေနၾကတာ ၾကာၿပီလား"
"7 ႏွစ္ေက်ာ္ၿပီ ခင္ဗ်"
"ေဟ အဲ့ေလာက္ေတာင္လား"
အေအးလာခ်ေသာ စဝ္စံဦးသာက ရယ္ပါသည္။
"အဲ့ေလာက္ေတာင္ပါပဲ ဖဘုရားရဲ႕၊ မယုံႏိုင္သလိုပါ ျဖစ္ေနတဲ့ပုံပဲ"
"ဖဘုရားကေတာ့ သားပဲ စိတ္ကစားတယ္ထင္ခဲ့တာ"
"စိတ္ကစားတဲ့အ႐ြယ္မွာ ရည္ငံခဲ့ၾကေပမယ့္ စိတ္ကစားတာေတာ့ မဟုတ္ခဲ့ပါဘူးဗ်"
ခြန္ေႏွာင္းက ဝင္ေျဖေတာ့ စဝ္စံဦးသာက ရယ္ပါသည္။ မက္မက္ေမာေမာျဖစ္ရသည့္ သက္လည္က ရဲတင္းလြန္းလွပါတကား။
"ဖဘုရားက ဘယ္လိုအေၾကာင္းေၾကာင့္ .."
"သားေမြးေန႔မလို႔ ျပန္လာတာ"
"အာ မယ္မယ္ဘုရားနဲ႔ေရာ ေတြ႕ၿပီးၿပီလား"
"ညေနက်ရင္ေတာ့ ေတြ႕ျဖစ္ပါလိမ့္မယ္"
"အဆင္ေျပၾကရဲ႕လား ဖဘုရား"
"ဒီလိုပဲေပါ့ သားရာ၊ တစ္ခါတစ္ခါက် အခ်စ္မပါတဲ့ အိမ္ေထာင္ေရးက ဆားမပါတဲ့ဟင္းလိုပဲ၊ ျပန္ျပင္ရင္ျပင္ မျပင္ရင္ က်ိတ္မွိတ္ၿပီးစားေပါ့၊ ဖဘုရားကေတာ့ အခုမွ ျပန္မျပင္ႏိုင္ေတာ့တာ"
ခြန္ေႏွာင္း၏လက္ကို ခပ္တင္းတင္းဆုပ္လိုက္ေတာ့ ခြန္ေႏွာင္းက က်န္လက္တစ္ဖက္ျဖင့္ ခပ္ဖြဖြ ပုတ္ပါသည္။ မ်က္ဝန္းတို႔ကေတာ့ ေႏြးေထြးသည့္အၾကင္နာမွ်ေဝေနသည့္ဟန္။
မည္မွ်ပင္ ေလာကသဘာဝကို ဆန္႔က်င္ေနပါေစ၊ ႏွစ္ဦးသား ခ်စ္ခင္စုံမက္ၾကလွ်င္ ေလာကဟူေသာ ဟင္းတစ္မယ္သည္လည္း နတ္သုဒၶါပင္။
~~~~~~
"မအိပ္ေတာ့ဘူးလား"
"႐ုပ္ရွင္ၾကည့္မယ္ေလ"
"ဘာ႐ုပ္ရွင္လဲ ?"
"Romeo Juliet "
"မၾကည့္ခ်င္ပါဘူး မႀကိဳက္ဘူး"
"အေခြေတြမွ မရွိတာ လာတဲ့ကားပဲ ၾကည့္ရမွာ လူႀကီးရ၊ လာခဲ့ ဒီနား"
ေပါက္ေပါက္ဘူးကို ေဘးခ်ကာ ထိုင္စရာေနရာေပးေတာ့ ခြန္ေႏွာင္းေဘး သာသာကေလးဝင္ထိုင္လိုက္မိသည္။ နာရီၾကည့္ေတာ့ ၁၂ ထိုးေတာ့မည္။
"သက္လည္"
"ဟင္"
"ကိုယ္ ေျပာစရာရွိတယ္"
"ေျပာေလ"
"အေရးႀကီးတယ္"
ဆိုဖာေပၚတြင္ ထိုင္ေနေသာ ကိုယ္အား ေစာင္းငဲ့ကာ ခြန္ေႏွာင္းက သူ႔ဘက္လွည့္လာေလသည္။
"အင္းေျပာ"
"မယ္မယ္ဘုရားကို အသိေပးလိုက္ေတာ့မလို႔"
ၿပဳံးထားေသာေၾကာင့္ ေကြးေနေသာ ႏႈတ္ခမ္းဖူးဖူးတို႔က ေျပေလ်ာ့ကာ မ်က္ဆံအိမ္တို႔က မတည္ၿငိမ္စြာ လႈပ္ရွားလ်က္။
"ျဖစ္မယ္မထင္ဘူး၊ ဒီလိုေလးပဲေနတာ မေကာင္းဘူးလား"
"ဟင့္အင္း သက္လည္ကေလးရဲ႕၊ ခ်စ္မိၿပီဆိုကတည္းက ပိုင္ဆိုင္ခ်င္လာေရာေလ၊ ေမတၱာနဲ႔ပဲ လိုခ်င္ခ်င္ တဏွာရာဂဆိုတဲ့ စိတ္ေၾကာင့္ပဲလိုခ်င္ခ်င္ ကိုယ္ဟာ သက္လည္ကို အပိုင္လိုခ်င္ပါတယ္၊ စဝ္စံမိသားစုက ဘယ္လိုပဲအေရးႀကီးပါေစ သက္လည္ကို စဝ္စံမိသားစုထဲ သြင္းမရရင္ေတာင္ ကိုယ္က စဝ္စံမိသားစုထဲက ထြက္လာခဲ့ပါ့မယ္၊ ကိုယ္ဟာ သက္လည္ကို အပိုင္လိုခ်င္ပါတယ္"
နာရီသံ ဆယ့္ႏွစ္ခ်က္က ေဒါင္ကနဲ ျမည္ဟီးစြာ ထြက္ေပၚလာသည္။ ညနက္သန္းေခါင္ တိတ္ဆိတ္ေနသည့္ၾကားတြင္ ႐ိုမီယို၏ စကားသံက ခပ္တိုးတိုးသာ ပ်ံ႕လြင့္ေန၏။
"Happy Birthday ပါ စဝ္စံဦးသာ၊ အေကာင္းဆုံး ေမြးေန႔လက္ေဆာင္ကိုေပးလိုပါတယ္၊ ေသအတူ ရွင္မကြာ ဒီလူနဲ႔ပဲ အတူရွိခ်င္တာမလို႔ ဒီလူကိုပဲ အပိုင္အပ္ႏွင္းပါတယ္၊ စဝ္စံမိသားစုက မဟုတ္ေတာ့ရင္ေတာင္ သွ်န္ခြန္ေႏွာင္းရဲ႕ အမ်ိဳးသား လုပ္လို႔ရတယ္မလား .. လက္ထပ္စို႔"
အနမ္းေႏြးလ်လ်က နဖူးျပင္သို႔ သက္ဆင္းေျမခေတာ့ ႏႈတ္ခမ္း ဖူးဖူးကေလးက အၿပဳံးတို႔ ေႁခြခ်ေလ၏။ အတူလက္တြဲေလွ်ာက္ၾကမည္ဆိုေသာကတိ အပ္ႏွင္းျခင္းတြင္ ဝမ္းနည္းစရာ တစိုးတစိမွ် မပါေသာ္ျငား စဝ္စံဦးသာ၏ ျမင္လႊာတစ္စုံအား အရည္ၾကည္တို႔က ဖုံးကာထားျပန္ပါသည္။
ၾကည္ႏူးရလြန္းလို႔ ၾကက္သီးမ်ားကလည္း တဖ်င္းဖ်င္းထရသည္။ ႏွလုံးသားကလည္း တဒိန္းဒိန္းခုန္ရသည္။
စဝ္စံဦးသာ၏ ႏွစ္ဘဝတိုင္တိုင္ ေပ်ာက္ဆုံးေနခဲ့ေသာ နံ႐ိုးတစ္ေခ်ာင္းက ၾကင္သူသက္လ်ာ သက္လည္ကေလးသာျဖစ္သည္။ အေကာင္းမြန္ဆုံးေသာ ေမြးေန႔လက္ေဆာင္ကလည္း စဝ္စံဦးသာ၏ သွ်န္ခြန္ေႏွာင္းသာျဖစ္သည္။
တည္ၿမဲေသာ ခ်စ္ျခင္းေမတၱာတို႔ေၾကာင့္ မည္သည့္အေၾကာင္းေၾကာင္းႏွင့္မွ မခြဲလိုေတာ့။ သူႏွင့္သာမဟုတ္လွ်င္ ျဖစ္ေလရာဘဝတိုင္း အထီးက်န္ေနရေပလိမ့္မည္။ ဘဝတိုင္း တည္တံ့ႏိုင္ေသာ သစၥာတရားကို သွ်န္ခြန္ေႏွာင္းႏွင့္သာ တည္ေဆာက္လိုပါ၏။
~~~~~~
ေ႐ႊတိဂုံဘုရား ေစာင္းတန္းမွ ဆင္းလာေတာ့ ပုတီးတစ္ကုံးဝယ္ခဲ့ရေသးသည္။ ႀကီးႀကီးကို ျပည္မွဝယ္လာသည္ဟုေျပာကာ ေခြၽးသိပ္ရေပဦးမည္။
ေမြးေန႔ရွင္ စဝ္စံဦးသာမွာမူ ပုဆိုးတကားကားႏွင့္ ရွည္လ်ားလွေသာအရပ္ကို အသုံးခ်ကာ ခြန္ေႏွာင္းကို တို႔ထိတို႔ထိစေနသည္မွာ မၿပီးႏိုင္ေတာ့။ ဘုရားေပၚတြင္လည္း ေကာင္းမြန္စြာမေနရေခ်။ အူျမဴးေနေသာ ထိုသူက တစ္ကမာၻလုံးကို အပိုင္စားရထားသည့္ႏွယ္ ေျမာက္ႂကြ ေျမာက္ႂကြ။
မည္မွ်ပင္ တန္ဖိုးထား၍ ခ်စ္ေၾကာင္း သိေသာ္ျငား ထိုသို႔ ျဖစ္ေနေသာအခါ ခြန္ေႏွာင္းပင္ မ်က္စိေနာက္ခ်င္ခ်င္။ သို႔ေသာ္ ထိုသို႔ေသာ အျပဳအမူမ်ားက စဝ္စံအိမ္ေတာ္ေရွ႕ေရာက္ေတာ့ ေပ်ာက္ကြယ္ကုန္သည္။
"အဆင္ေျပပါ့မလား"
"ေျပပါတယ္၊ ကိုယ္ေျပာပါေရာ၊ ဘာမွမျဖစ္ႏိုင္ပါဘူး၊ အဆိုးဆုံး စဝ္စံအိမ္ေတာ္က ထြက္လာ႐ုံပဲေပါ့"
ကားေပၚက ဆင္းဆင္းခ်င္း ခြန္ေႏွာင္း၏ လက္ကို ဆုပ္ကိုင္ကာ ဦးသာက အားေပးစကားေျပာၾကားသည္။ အိမ္ေတာ္ထဲမွ ဦးေလးတစ္ေယာက္က ေျပးထြက္လာကာ ဦးသာကို ႀကိဳေလသည္။
"သခင္ေလးကို သခင္မႀကီး ေမွ်ာ္ေနတာ"
"ဟုတ္ကဲ့၊ မယ္မယ္ဘုရားေရာ"
"ဧည့္ခန္းထဲမွာပါ"
သွ်န္ခြန္ေႏွာင္း၏ လက္ကိုဆြဲကာ ဧည့္ခန္းထဲသို႔ဝင္ေတာ့ ဇရာေၾကာင့္ အေတာ္ေလး ႐ုပ္ရည္က်သြားေသာ မယ္မယ္ဘုရားက ဆက္တီေပၚတြင္ထိုင္ေနေလ၏။ မ်က္ႏွာေပၚက မာန္မာနကေတာ့ မက်။
"မယ္မယ္ဘုရား"
"ဧည့္ခန္းထဲကို ေျခတစ္လွမ္းေတာင္ မခ်စမ္းနဲ႔ စဝ္စံဦးသာ၊ မင္းအေဖ ငါ့ကို ေျပာၿပီးၿပီ"
အေျခအေနက လြန္စြာ တင္းမာေန၏။ ေပ်ာ့ညံ့လို႔ မရေသာေၾကာင့္ စဝ္စံဦးသာဘက္က သားလိမၼာလုပ္ေန၍လည္းမရေတာ့ပါ။
"မိတ္လည္း မဆက္ေပးနဲ႔၊ အရွက္မဲ့တဲ့သူေတြကို မ်က္ႏွာေတာင္ မျမင္ခ်င္တာမို႔"
"မယ္မယ္ဘုရား"
"ဒီ့ထက္ပိုၿပီး ေရွ႕ဆက္တိုးလာခဲ့ရင္ မင္းက စဝ္စံမိသားစုဝင္မဟုတ္ေတာ့ဘူး၊ အေမြျပတ္စြန္႔လႊတ္ပစ္ဖို႔လည္း ငါ့ဘက္က ဝန္မေလးဘူး"
ကိုင္ထားေသာ လက္တို႔က တုန္ရီေနၿပီ။ ခြန္ေႏွာင္း၏ လက္က တုန္ရီေနၿပီ။ အစိုးမရေသာ မ်က္ဆံနက္တို႔ကပါ တုန္ရီေနၿပီ။
"ဒီ့ထက္ပိုၿပီး ေနာက္မဆုတ္ႏိုင္ေတာ့တဲ့အခါ ေရွ႕ဆက္တိုးရပါလိမ့္မယ္၊ အသက္သုံးဆယ္ေရာက္တဲ့အထိ ဆားမပါတဲ့ ဟင္းတစ္ခြက္ ျမည္းခဲ့ရတဲ့ သားျဖစ္သူက ဝမ္းနဲ႔လြယ္ေမြးေပးခဲ့တဲ့ မယ္မယ္ဘုရားကို ရွိခိုးကန္ေတာ့ပါတယ္၊ ဒီေန႔ကစ .. စဝ္စံမိသားစု ေလာင္းရိပ္က ထြက္ပါတယ္"
ေနာက္ေန႔တြင္ အေမြျပတ္စြန္႔လႊတ္ေၾကာင္းကို မယ္မယ္ဘုရားက လူသိေအာင္ ေၾကာ္ျငာေပလိမ့္မည္။ စဝ္စံဦးသာ၏ ဂုဏ္သိကၡာ က်ဆင္းေပလိမ့္မည္။ ႏွာေခါင္းရႈံ႕ေမးေငါ့ျခင္းကို ခံရေပလိမ့္မည္။
သို႔ေသာ္ လက္တြဲရင္ဆိုင္ဖို႔ ခ်စ္ရသူရွိသည္။ တစ္ခါတစ္ရံ ဘဝတြင္ အခ်စ္ေၾကာင့္ မူးမူး႐ူး႐ူး ရင္ဆိုင္လိုက္ပစ္သည့္ လူေတြ၏ အေၾကာင္း တစ္ေခါက္ေတာ့ မ်က္စိမွိတ္ယုံပစ္ရမည္။
အေလ်ာ္အစားတြင္ ..
အသက္ကိုေပးမည္ ..။
ဂုဏ္သိကၡာကိုေပးမည္ ..။
ခ်စ္ရသူကိုေတာ့ ယူပါမည္ ..။
ေစာ္ဘြားငယ္ တစ္ျဖစ္လည္း စဝ္စံဦးသာက ဤသို႔ေသာလူသာျဖစ္သည္ ..။
~~~~~~~