အပိုင်း ၄၄ ( သူနိုးလာတော့ အန်းလုကအနားမှာမရှိဘူး)
" အကုန်လုံးအသင့်ပြင်ထားတယ်မလား။ နယ်စပ်တွေကို သတင်းဖြန့်တာကရော ဘယ်လိုနေလဲ။ "
ရှန်ဖန်းက ပုလ္လင်ထက်တွင်သူ၏ဝတ်ရုံကိုတချက်ခါလိုက်ရင်း ထိုင်သည်။ ဝူနန်နယ်စားသည် သူ၏ရှေ့တွင် ခါးကိုကိုင်းကာ ရိုကျိုးစွာဖြေနေ၏။ ဘေးတွင် သူ၏သားသုံးယောက်ကလည်း သူ၏နောက်တွင် အလျားလိုက်တန်းစီးကာပင် ရပ်နေသည်။
" အားလုံးအဆင်သင့်ပြင်ထားပြီးပါပြီ။ တခြားလက်အောက်ခံ နယ်စားတစ်ချို့နဲ့ဘုရင်ခံတွေလည်းစုရုံးပြီးထားပြီမလို့ စစ်အင်အားကိုစောင့်နေဖို့ပဲလိုပါတော့တယ်။ "
လွန်ခဲ့သောလက ဝူနန်နယ်စားသည်အမှန်တကယ်ကိုပင် ပုန်ကန်လိမ့်မည်ဟူသောကောလဟာလကိုလွှင့်ကာ လီချီရှန်းအားဤနေရာသို့ရောက်အောင် မြှားခေါ်ခဲ့သည်။ အားလုံး၏အစသည် ရှန်ဖန်း၏အကြံဉာဏ်ဖြစ်သော်လည်း ဝူနန်နယ်စားသည်ကပင် ပုန်ကန်ချင်စိတ်ရှိနေသောကြောင့်လည်းဖြစ်သည်။
ထို့နောက်ရှန်ဖန်းက သူ့အားချိုက်အန်းကိုသိမ်းပေးမည်ဟူသောအပေးအယူလုပ်ခဲ့သည်။ သူ့ဘက်အပေးအယူသည်က လီချီရှန်းကိုသတ်ရန်တစ်ခုတည်းသာ။ ထို့ကြောင့် ယခုကဲ့သို့ ချိုက်အန်းအရှင်ဘုရင်က အသက်အန္တရာယ်နှင့်ကြုံတွေ့နေရချိန်တွင် သူအခွင့်ကောင်းယူကာ ချိုက်အန်းကို စစ်ချီလို့ရပါသော်လည်း အင်အားကရှိသေးတာမို့ ချန်ဖန်း၏အမိန့်အတိုင်း စောင့်ဆိုင်းနေခြင်းပင်။
နောက်ထပ်အပေးအယူအနေဖြင့် ရှန်ဖန်းက ဝူနန်နယ်စားအား သူ၏ရောဂါကိုသက်သာစေနိုင်သော ဆေးလုံးများကိုလည်း ပေးထားသေးသည်။
" ဒါပေမဲ့...."
ဝူနန်နယ်စား၏ အနည်းငယ်စိုးထိတ်နေသောအသံထပ်ထွက်လာသည်။ ရှန်းဖန်းက မျက်မှောင်ကြုတ်လိုက်ပြီး
" ဒါပေမဲ့ဘာဖြစ်လဲ။ မြန်မြန်ပြော..."
" ဘုရင်လီချီရှန်းရဲ့နောက်မှာ အင်အားတောင့်တင်းတဲ့စစ်တပ်အပြင် သူ့ရဲ့ယောက္ခမတော်ရဲ့ တိုင်းပြည်ဟာလည်း စစ်အင်အားမနည်းတဲ့ပမာဏမှာရှိပါတယ်။ အကယ်၍သူသာ အကူအညီတောင်းခဲ့ရင် ဆက်ဆံရေးကောင်းတဲ့သူရဲ့ယောက္ခမတော်က ပါဝင်လာမှာပါ။
အဲ့ဒီအခါကျရင် ကျွန်တော်...ကျွန်တော်မျိုး...တို့ရှုံးမှာ...."
"တိတ်စမ်း....!!!”
ရှန်ဖန်း၏အော်လိုက်သံကြောင့် ဝူနန်နယ်စားသည် တချက်တုန်ယင်ပြီး ခေါင်းကိုပို၍ပင်ငုံ့ကာသွားလေတော့သည်။ ရှန်ဖန်းက ဒေါသတကြီးဆိုသည်။
" မင်းငါ့ကိုဘာလို့ကြိုသတိမပေးတာလဲ။ ဒီတလလုံးဘာတွေလုပ်နေလဲ။ မင်းဦးနှောက်မရှိဘူးလား။ ငါတို့လုပ်ထားသမျှတွေ အကုန်လုံးက အကုန်သဲထဲရေသွန်ဖြစ်ကုန်တော့မှာပေါ့။"
" အဲ့...အဲ့တာက..."
"ထားလိုက်တော့ ။ ငါနောက်တနည်းစဥ်းစားမယ်။ "
ရှန်ဖန်းက သက်ပြင်းတချက်ချလိုက်သည်။ မည်သိူ့ပင်ဆိုစေကာမူ ချိုက်အန်း၏စစ်အင်အားသည်ကပင် အတော်ကြီးနေပြီမို့ အကယ်၍ လုံယွီပြည်နယ်ပါ ပါဝင်လာပါက ပို၍ပင်တောင့်တင်းကာ သူတို့ရှုံးနိမ့်မည်မှာ သေချာနေလေသည်။
" နေအုန်း....ငါ့မှာဒီလောက်တန်ဖိုးကြီးတဲ့အရာရှိနေတာကို........"
ရှန်ဖန်းသည် တစ်စုံတစ်ခုကိုသတိရလိုက်မိပြီးတဲ့နောက် ကျေနပ်စွာပြုံးလိုက်၏။
" အဲ့ဒီတစ်ချက်တည်းနဲ့တောင် သူ့ကိုလက်နက်ချအောင်လုပ်နိုင်တယ်။
ဝူနန်နယ်စား....အခုချိုက်အန်းကိုစစ်ကြေညာလိုက်။
ပြီးရင် သူလာမဲ့အချိန်ကိုပျော်ပျော်ကြီးစောင့်ကြတာပေါ့။ ဟားဟားဟား...."
"မှန်လှပါ။"
ဝူနန်နယ်စားသည် ခေါင်းကိုငုံ့ကာထားရင်းမှ ပုလ္လင်ပေါ်ရှိရှန်ဖန်းကိုလှမ်းကြည့်သည်။ သူတကယ်ပဲဘာကိုစီစဥ်နေမှန်း သူတကယ်နားလည်သဘောမပေါက်တော့ချေ။
.....................
" ခမည်းတော် ဘာလို့သူပြောသမျှကိုနာခံနေရတာလဲ။ "
"ဟုတ်တယ်။ မနေ့ကပြောတဲ့ အကြံစည်တွေအတိုင်းဆို ဒီစစ်ပွဲကဖြစ်ခဲ့ရင်လည်း ကျွန်တော်တို့ဘက်က အရေးနိမ့်နိုင်တယ်။ "
"ပြီးတော့ အဲ့ဒီသူဖမ်းခေါ်လာတဲ့တယောက်ကလည်း တကယ်ပဲ ဘုရင်လီချီရှန်းရဲ့အချစ်တော်သာဆိုရင် ပစ်မှတ်က ဝူနန်နယ်ကိုပဲအဓိကထားနေလိမ့်မယ်။"
"တိတ်ကြ!!!!!"
စားပွဲဝိုင်းပတ်ပတ်လည်တွင် ဝူနန်နယ်စားနှင့်သူ၏သားတော်သုံးပါးက ဝိုင်းကာထိုင်နေကြရင်း အငြင်းပွားနေကြသည်။ ယခုအချိန်ထိ ပြဿနာကိုမသိကြသေးသော သားတော်တို့က ဝူနန်နယ်စားအား ရှန်ဖန်း၏စကားတိုင်းအား ရိုကျိုးနေသောကြောင့် နားမလည်နိုင်ဖြစ်နေကြ၏။
ဝူနန်နယ်စားသည် ရုတ်တရက်ပင်သူ၏ရင်ဘတ်ဝတ်ရုံထဲမှာဆေးဘူးလေးအားထုတ်ကာစားပွဲပေါ်တွင် တင်လိုက်သည်။
" ဒါကဘာလဲ ခမည်းတော် "
သားဖြစ်သူကမေးတော့ ဝူနန်နယ်စားက သူ့အားကြည့်လိုက်သည်။ ပြီးနောက် သူ၏ထိုင်ခုံနေရာမှထ၍ သူ၏သားများကိုကျောခိုင်းကာရပ်လျက်
"လွန်ခဲ့တဲ့တစ်နှစ်ကျော်က ငါနှလုံးရောဂါဝေဒနာပိုအပြင်းအထန်ခံစားခဲ့ရတယ်။ သတင်းပြန့်ခဲ့ရင် ပြည်နယ်အတွက် ကိစ္စကြီးဖြစ်လာနိုင်တာမလို့ အတတ်နိုင်ဆုံးဖုံးကွယ်ထားခဲ့ရင်းပဲ တနေ့ကျတော့ အဲ့ဒီလူက ငါ့ရဲ့အိမ်မက်ထဲကိုဝင်လာပြီး အဲ့ဒီဆေးလုံးကို ပေးခဲ့တာ။ ဒီဟာက အိမ်မက်တစ်ခုသာသာပဲလို့တွေးခဲ့ပေမဲ့ ငါတကယ်တမ်း နိုးလာတဲ့အခါ ငါ့အိပ်ယာဘေးမှာ အဲ့ဒီဆေးလုံးတွေထည့်ထားတဲ့ အိတ်ကရောက်နေခဲ့တယ်။
သုံး၊ လေးရက်လောက်ထိ ငါမထိဖို့တွေးခဲ့ပေမဲ့ ရုတ်တရက်ငါ့နှလုံးရောက်ဂါက ဖောက်လာတဲ့အချိန်မှာ ငါလှမ်းအော်ဖို့တောင် အားမရှိတော့တာမလို့ ကုတင်ဘေးက အဲ့ဆေးလုံးအိတ်ကိုဖွင့်ပြီး တစ်လုံးကိုမြိုချလိုက်မိတယ်။
တကယ်ကိုထူးဆန်းစွာနဲ့ပဲ သောက်ပြီးတာနဲ့ချက်ချင်း ငါရဲ့ရောဂါကလည်း ချက်ချင်းပျောက်သွားတယ်။ အဲ့ဒီလိုနဲ့ ငါ့ရဲ့နှလုံးရောဂါက ပျောက်လုနီးပါးဖြစ်လာတယ်။ ဒါပေမဲ့ အဲ့ဒီဆေးကိုငါစွဲသွားပြီး တလတစ်ခါမသောက်ရဘူးဆိုရင် ငါ့ရဲ့တကိုယ်လုံးက သွေးကြောတွေကအမဲရောင်ကိုပြောင်းသွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်လာတယ်။ အဲ့တာက ငါထောင်ချောင်မိခဲ့ရတဲ့ဖြစ်စဥ်ပဲ။ ငါမသောက်ခဲ့ရင်လည်း အဲ့နေ့မှာတင် ငါသေခဲ့မှာ။ ငါ့မှာ မအောင်မြင်သေးတဲ့ကိစ္စတွေအများကြီးရှိတယ်။ ငါသေလို့မဖြစ်သေးဘူး။
အဲ့တာကြောင့် ငါသူ့ကိုလိုအပ်တယ်။ သူ့ဆီကဆေးကိုလိုအပ်တယ်။ ပြီးတော့ သူကငါ့ကိုချိုက်အန်းကိုလည်း ယူပေးအုန်းမှာလေ။ ငါ့အတွက်က အကျိုးရှိတဲ့အရာတွေချည်းပါပဲ။"
ညီအကိုသုံးယောက်စလုံးသည် ငြိမ်ကျသွားကြ၏။ ဖခင်၏ ဒုက္ခများကိုတယောက်မှမသိလောက်အောင်အထိ ဖခင်အားဂရုမစိုက်မိခဲ့ကြပါချေ။ သုံးယောက်လုံးသည် ချက်ချင်းပင်ခုံပေါ်မှ ထလိုက်ကြပြီး ၎င်းတို့အားကျောခိုင်းထားသော ဖခင်ဘက်သို့လှည့်ကာ ဒူးထောက်ထိုင်ချလိုက်ကြသည်။
" ခမည်းတော်ကို ဂရုမစိုက်ခဲ့မလို့ တကယ်ပဲတောင်းပန်ပါတယ်။ ခမည်းတော်သားတော်တို့ကို ခွင့်လွှတ်ပေးပါ။"
ဝူနန်နယ်စားသည် တဖက်သို့ပြန်လှည့်လာ၏။ပြီးနောက် အလည်ရှိတယောက်၏ ပုခုံးကို လှမ်းကိုင်ကာ သူ၏သားများကို ပြန်ထစေလိုက်သည်။
" မလိုဘူး။ ထကြ...ထကြ။"
မင်းသားသုံးပါးလုံးသည် ပြန်ထရပ်လိုက်ကြ၏။ သူ၏သားတော်သုံးပါးစလုံးသည် စိတ်မကောင်းဖြစ်နေသည့်အမူအရာဖြစ်နေတာကြောင့် ဝူနန်နယ်စားက ပြုံးလျက်ဆိုသည်။
" ဒါပေမဲ့ အခုချိန်မှာငါတို့ရဲ့ဆုံးဖြတ်ချက်ပြောင်းခဲ့မယ်ဆိုရင်တောင် မမှီနိုင်တော့ဘူး။"
ဝူနန်နယ်စားသည် သားတော်များ၏မျက်လုံးများကို စိုက်ကာကြည့်ရင်းဆို၏။ တခဏနေမှ သူကပြုံးလိုက်ပြီး မင်းသားသုံးဆီသို့ ဦးတည်ကာ ခြေလှမ်းလိုက်သည်။ ပုခုံးအား နှစ်ချက်ခန့်ပုတ်ရင်း
" ချင်းယာကို ရှာဖို့တာဝန်ပေးထားတာ။ ဘယ်လိုလဲ။ အကြောင်းထူးလား။"
မင်းသားသုံးကချက်ချင်းပင် ခေါင်းကိုငုံကာ
" ရှာနေပါတယ်။ မကြာခင်.... မကြာခင် သတင်းရတော့မှာပါ။"
" ကိုယ်လုပ်ခဲ့သမျှကို ကိုယ်တိုင်တာဝန်ယူဖို့ပြင်။"
" မှန်....မှန်လှပါ။"
မင်းသားသုံးသည် ထိတ်လန့်နေသောအသံဖြင့် ပင်ပြန်ဖြေနေလေ၏။ ဘေးရှိကျန်နှစ်ယောက်ကလည်း သူ့ကိုလှမ်းကြည့်နေကြသည်။ ဝူနန်နယ်စားက မင်းသားသုံးဆီမှ သူ၏လက်ကိုပြန်ဖယ်လိုက်ရင်းဆိုသည်။
" ချင်းယာက ငါနှစ်သက်တဲ့သမီးတော်တစ်ပါးဆိုပေမဲ့ တကယ်တမ်းသွေးသားရင်းချာနဲ့ယှဥ်လာရမယ်ဆိုရင် စွန့်လွှတ်သင့်တဲ့အခါ စွန့်လွှတ်ရမှာပဲ။
ဒါ့ကြောင့် တွေ့အောင်ရှာ၊ ပြီးရင် ကိုယ့်တာဝန်ကိုယ်ယူ။"
"......."
"......"
".........."
မင်းသားသုံးယောက်လုံးသည် ဝူနန်နယ်စားအားသေချာစွာကြည့်လိုက်မိကြသည်။ သူတို့ခမည်းတော်၏ ဆိုလိုရင်းကိုသဘောပေါက်သော်လည်း သူတို့အနည်းငယ်တော့စိုးရိမ်မိကြပါ၏။
................................................
မျက်ဝန်းနှစ်ဖက်ကို ခပ်ဖြည်းဖြည်ချင်းဖွင့်လိုက်တော့ မြင်နေကြအိပ်ယာရဲ့အပေါ်ဘက်မျက်နှာကျက်ကိုတွေ့ရသည်။ နှုတ်ခမ်းပါးတွေက ဖွင့်ဟဖို့တောင်မနည်းခက်ခဲစွာ အပေါ်နှုတ်ခမ်းနှင့်အောက်နှုတ်ခမ်းတို့ရဲ့ ခြောက်ကပ်စွာ ပူးကပ်နေကြသည်ကိုခံစားနေရ၏။
"ရေ..........ရေ......."
ချီရှန်းက သူ၏ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ စားပွဲဘေးရှိ ထိုင်ခုံတွင် လက်ကိုမေးတင်ကာ အိပ်ပျော်နေသော အားလော့သည် ထိုခပ်တိုးတိုးအသံကြောင့်ပင် လန့်နိုးလာ၏။ အိပ်ယာထက်ကိုကြည့်တော့ အမှန်တကယ်ပင် ချီရှန်းသည် သူ့ကိုမှေးစင်းနေသောမျက်ဝန်းများဖြင့်ကြည့်ကာ တစ်ခုခုကိုလှမ်းပြောနေ၏။ အားလော့က ချက်ချင်းပင်မျက်ဝန်းတို့ပြူးကျယ်လာပြီး မတ်တပ်ကောက်ရပ်လိုက်သည်။
" အရှင်...အရှင်နိုးလာပြီ။ အရှင်နိုးလာပြီ။
အမြန်စစ်သူကြီးရှောင်ရှင်းကို အကြောင်းကြား။ အမြန်...."
အားလော့ အော်လျက်ပင် ချီရှန်းအနားသို့ပြေးသွား၏။ ချီရှန်းက ခပ်တိုးတိုးအသံကိုပြောနေဆဲပင်။ ထိုအခါအားလော့ ချီရှန်းအနားသိူ့တိုးလာပြီး သေချာအာရုံစိုက်လိုက်သည်။
" အရှင်...အရှင်...ဘာလိုအပ်လို့ပါလဲ။"
"ရေ......."
အသက်တချက်ရှုလိုက်တိုင်း ဒဏ်ရာကနာတာကြောင့် ချီရှန်းစကားသံပင် ကျယ်ကျယ်မထွက်နိုင်ပါချေ။ အားလော့သည်အလိုက်သိစွာဖြင့်ပင် ချက်ချင်းဆိုသလို စားပွဲပေါ်ရှိ ရေနွေးအိုးထဲမှာ ရေခပ်ကာ ချီရှန်းဆီသို့ပြန်လာလိုက်သည်။ ရေခွက်အား ဘေးတွင်ခဏချလိုက်ပြီး ချီရှန်းကိုယ်အား ခေါင်းရင်းဘက်မှနေ၍ အနည်းငယ်မြှောက်ကာ သူ့ကိုယ်ပေါ်တွင် မှီစေလိုက်သည်။ ပြီးမှ ရေခွက်ကိုကိုင်ကာ တဖြည်းဖြည်းချင်းတိုက်လိုက်၏။
ချီရှန်းက ရေကိုတဖြည်းဖြည်းချင်းသောက်နေသည်။ နှုတ်ခမ်းနှင့် ပါးစပ်အတွင်းပြန်လည်စိုစွတ်သွားတော့မှ နေရအဆင်ပြေသလိုရှိသွားတော့၏။ အားလော့က ရေခွက်ကိုဘေးတွင် ပြန်ချရင်းဆိုသည်။
" အရှင် သက်သာပါရဲ့လား။ အားလော့ စစ်သူကြီးရှောင်ရှင်းကိုအခေါ်တော်လွှတ်ထားတာမလို့ ချက်ချင်းရောက်လာပါလိမ့်မယ်။"
ချီရှန်းသည် အသံမထွက်ပဲအားလော့ကိုမှီထားရင်းမှ ခေါင်းငြိမ့်ပြသည်။ သူ၏ရင်ဘတ်က ဒဏ်ရာကိုပင် သူငုံ့ကြည့်ရန်အားယူနေရ၏။ ထိုဒဏ်ရာကိုကြည့်ပြီးတော့ သူက ခပ်တိုးတိုးဆိုသည်။
" အန်း...လု...ရော......"
ချီရှန်း၏စကားကြောင့် အားလော့က အနည်းငယ်လန့်သွားသည်။ ကျောပေးထားသောအနေအထားကြောင့် သူဖြစ်သွားသောမျက်နှာကို လီချီရှန်းမြင်လိမ့်မည်တော့မဟုတ်ချေ။ ရှင်ဘုရင်၏အမေးဖြစ်တာကြောင့် အားလော့ထိုမေးခွန်းကို မဖြေဆိုရန် မဝံ့ရဲပါချေ။ ထို့ကြောင့် အားလော့က ထစ်ငေါ့စွာဖြေသည်။
"အန်း...အန်းလုက......."
အားလော့၏ စကားသံမှာ ဆက်ထွက်မလာနိုင်တာကြောင့် ချီရှန်းကစိတ်မရှည်တော့ချေ။ ထို့ကြောင့် သူစကားကိုများများပြောနိုင်ရင် အားယူကာ အားလော့ကိုထပ်မေးလိုက်ပြန်သည်။
"သူ....ဘယ်မှာလဲ။ သူ...ဘာလို့...ကိုယ်တော့်ကို....လာမတွေ့.....တာလဲ။"
~~~~~~~~~~~~~~~~~~~~~~~~
အပိုင္း ၄၄ ( သူနိုးလာေတာ့ အန္းလုကအနားမွာမရွိဘူး)
" အကုန္လုံးအသင့္ျပင္ထားတယ္မလား။ နယ္စပ္ေတြကို သတင္းျဖန္႔တာကေရာ ဘယ္လိုေနလဲ။ "
ရွန္ဖန္းက ပုလႅင္ထက္တြင္သူ၏ဝတ္႐ုံကိုတခ်က္ခါလိုက္ရင္း ထိုင္သည္။ ဝူနန္နယ္စားသည္ သူ၏ေရွ႕တြင္ ခါးကိုကိုင္းကာ ရိုက်ိဳးစြာေျဖေန၏။ ေဘးတြင္ သူ၏သားသုံးေယာက္ကလည္း သူ၏ေနာက္တြင္ အလ်ားလိုက္တန္းစီးကာပင္ ရပ္ေနသည္။
" အားလုံးအဆင္သင့္ျပင္ထားၿပီးပါၿပီ။ တျခားလက္ေအာက္ခံ နယ္စားတစ္ခ်ိဳ႕နဲ႔ဘုရင္ခံေတြလည္းစု႐ုံးၿပီးထားၿပီမလို႔ စစ္အင္အားကိုေစာင့္ေနဖို႔ပဲလိုပါေတာ့တယ္။ "
လြန္ခဲ့ေသာလက ဝူနန္နယ္စားသည္အမွန္တကယ္ကိုပင္ ပုန္ကန္လိမ့္မည္ဟူေသာေကာလဟာလကိုလႊင့္ကာ လီခ်ီရွန္းအားဤေနရာသို႔ေရာက္ေအာင္ ျမႇားေခၚခဲ့သည္။ အားလုံး၏အစသည္ ရွန္ဖန္း၏အႀကံဉာဏ္ျဖစ္ေသာ္လည္း ဝူနန္နယ္စားသည္ကပင္ ပုန္ကန္ခ်င္စိတ္ရွိေနေသာေၾကာင့္လည္းျဖစ္သည္။
ထို႔ေနာက္ရွန္ဖန္းက သူ႔အားခ်ိဳက္အန္းကိုသိမ္းေပးမည္ဟူေသာအေပးအယူလုပ္ခဲ့သည္။ သူ႔ဘက္အေပးအယူသည္က လီခ်ီရွန္းကိုသတ္ရန္တစ္ခုတည္းသာ။ ထို႔ေၾကာင့္ ယခုကဲ့သို႔ ခ်ိဳက္အန္းအရွင္ဘုရင္က အသက္အႏၲရာယ္ႏွင့္ၾကဳံေတြ႕ေနရခ်ိန္တြင္ သူအခြင့္ေကာင္းယူကာ ခ်ိဳက္အန္းကို စစ္ခ်ီလို႔ရပါေသာ္လည္း အင္အားကရွိေသးတာမို႔ ခ်န္ဖန္း၏အမိန္႔အတိုင္း ေစာင့္ဆိုင္းေနျခင္းပင္။
ေနာက္ထပ္အေပးအယူအေနျဖင့္ ရွန္ဖန္းက ဝူနန္နယ္စားအား သူ၏ေရာဂါကိုသက္သာေစနိုင္ေသာ ေဆးလုံးမ်ားကိုလည္း ေပးထားေသးသည္။
" ဒါေပမဲ့...."
ဝူနန္နယ္စား၏ အနည္းငယ္စိုးထိတ္ေနေသာအသံထပ္ထြက္လာသည္။ ရွန္းဖန္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
" ဒါေပမဲ့ဘာျဖစ္လဲ။ ျမန္ျမန္ေျပာ..."
" ဘုရင္လီခ်ီရွန္းရဲ့ေနာက္မွာ အင္အားေတာင့္တင္းတဲ့စစ္တပ္အျပင္ သူ႔ရဲ့ေယာကၡမေတာ္ရဲ့ တိုင္းျပည္ဟာလည္း စစ္အင္အားမနည္းတဲ့ပမာဏမွာရွိပါတယ္။ အကယ္၍သူသာ အကူအညီေတာင္းခဲ့ရင္ ဆက္ဆံေရးေကာင္းတဲ့သူရဲ့ေယာကၡမေတာ္က ပါဝင္လာမွာပါ။
အဲ့ဒီအခါက်ရင္ ကၽြန္ေတာ္...ကၽြန္ေတာ္မ်ိဳး...တို႔ရွုံးမွာ...."
"တိတ္စမ္း....!!!”
ရွန္ဖန္း၏ေအာ္လိုက္သံေၾကာင့္ ဝူနန္နယ္စားသည္ တခ်က္တုန္ယင္ၿပီး ေခါင္းကိုပို၍ပင္ငုံ႔ကာသြားေလေတာ့သည္။ ရွန္ဖန္းက ေဒါသတႀကီးဆိုသည္။
" မင္းငါ့ကိုဘာလို႔ႀကိဳသတိမေပးတာလဲ။ ဒီတလလုံးဘာေတြလုပ္ေနလဲ။ မင္းဦးေႏွာက္မရွိဘူးလား။ ငါတို႔လုပ္ထားသမၽွေတြ အကုန္လုံးက အကုန္သဲထဲေရသြန္ျဖစ္ကုန္ေတာ့မွာေပါ့။"
" အဲ့...အဲ့တာက..."
"ထားလိုက္ေတာ့ ။ ငါေနာက္တနည္းစဥ္းစားမယ္။ "
ရွန္ဖန္းက သက္ျပင္းတခ်က္ခ်လိုက္သည္။ မည္သိူ႔ပင္ဆိုေစကာမူ ခ်ိဳက္အန္း၏စစ္အင္အားသည္ကပင္ အေတာ္ႀကီးေနၿပီမို႔ အကယ္၍ လုံယြီျပည္နယ္ပါ ပါဝင္လာပါက ပို၍ပင္ေတာင့္တင္းကာ သူတို႔ရွုံးနိမ့္မည္မွာ ေသခ်ာေနေလသည္။
" ေနအုန္း....ငါ့မွာဒီေလာက္တန္ဖိုးႀကီးတဲ့အရာရွိေနတာကို........"
ရွန္ဖန္းသည္ တစ္စုံတစ္ခုကိုသတိရလိုက္မိၿပီးတဲ့ေနာက္ ေက်နပ္စြာျပဳံးလိုက္၏။
" အဲ့ဒီတစ္ခ်က္တည္းနဲ႔ေတာင္ သူ႔ကိုလက္နက္ခ်ေအာင္လုပ္နိုင္တယ္။
ဝူနန္နယ္စား....အခုခ်ိဳက္အန္းကိုစစ္ေၾကညာလိုက္။
ၿပီးရင္ သူလာမဲ့အခ်ိန္ကိုေပ်ာ္ေပ်ာ္ႀကီးေစာင့္ၾကတာေပါ့။ ဟားဟားဟား...."
"မွန္လွပါ။"
ဝူနန္နယ္စားသည္ ေခါင္းကိုငုံ႔ကာထားရင္းမွ ပုလႅင္ေပၚရွိရွန္ဖန္းကိုလွမ္းၾကည့္သည္။ သူတကယ္ပဲဘာကိုစီစဥ္ေနမွန္း သူတကယ္နားလည္သေဘာမေပါက္ေတာ့ေခ်။
.....................
" ခမည္းေတာ္ ဘာလို႔သူေျပာသမၽွကိုနာခံေနရတာလဲ။ "
"ဟုတ္တယ္။ မေန႔ကေျပာတဲ့ အႀကံစည္ေတြအတိုင္းဆို ဒီစစ္ပြဲကျဖစ္ခဲ့ရင္လည္း ကၽြန္ေတာ္တို႔ဘက္က အေရးနိမ့္နိုင္တယ္။ "
"ၿပီးေတာ့ အဲ့ဒီသူဖမ္းေခၚလာတဲ့တေယာက္ကလည္း တကယ္ပဲ ဘုရင္လီခ်ီရွန္းရဲ့အခ်စ္ေတာ္သာဆိုရင္ ပစ္မွတ္က ဝူနန္နယ္ကိုပဲအဓိကထားေနလိမ့္မယ္။"
"တိတ္ၾက!!!!!"
စားပြဲဝိုင္းပတ္ပတ္လည္တြင္ ဝူနန္နယ္စားႏွင့္သူ၏သားေတာ္သုံးပါးက ဝိုင္းကာထိုင္ေနၾကရင္း အျငင္းပြားေနၾကသည္။ ယခုအခ်ိန္ထိ ျပႆနာကိုမသိၾကေသးေသာ သားေတာ္တို႔က ဝူနန္နယ္စားအား ရွန္ဖန္း၏စကားတိုင္းအား ရိုက်ိဳးေနေသာေၾကာင့္ နားမလည္နိုင္ျဖစ္ေနၾက၏။
ဝူနန္နယ္စားသည္ ႐ုတ္တရက္ပင္သူ၏ရင္ဘတ္ဝတ္႐ုံထဲမွာေဆးဘူးေလးအားထုတ္ကာစားပြဲေပၚတြင္ တင္လိုက္သည္။
" ဒါကဘာလဲ ခမည္းေတာ္ "
သားျဖစ္သူကေမးေတာ့ ဝူနန္နယ္စားက သူ႔အားၾကည့္လိုက္သည္။ ၿပီးေနာက္ သူ၏ထိုင္ခုံေနရာမွထ၍ သူ၏သားမ်ားကိုေက်ာခိုင္းကာရပ္လ်က္
"လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္က ငါႏွလုံးေရာဂါေဝဒနာပိုအျပင္းအထန္ခံစားခဲ့ရတယ္။ သတင္းျပန္႔ခဲ့ရင္ ျပည္နယ္အတြက္ ကိစၥႀကီးျဖစ္လာနိုင္တာမလို႔ အတတ္နိုင္ဆုံးဖုံးကြယ္ထားခဲ့ရင္းပဲ တေန႔က်ေတာ့ အဲ့ဒီလူက ငါ့ရဲ့အိမ္မက္ထဲကိုဝင္လာၿပီး အဲ့ဒီေဆးလုံးကို ေပးခဲ့တာ။ ဒီဟာက အိမ္မက္တစ္ခုသာသာပဲလို႔ေတြးခဲ့ေပမဲ့ ငါတကယ္တမ္း နိုးလာတဲ့အခါ ငါ့အိပ္ယာေဘးမွာ အဲ့ဒီေဆးလုံးေတြထည့္ထားတဲ့ အိတ္ကေရာက္ေနခဲ့တယ္။
သုံး၊ ေလးရက္ေလာက္ထိ ငါမထိဖို႔ေတြးခဲ့ေပမဲ့ ႐ုတ္တရက္ငါ့ႏွလုံးေရာက္ဂါက ေဖာက္လာတဲ့အခ်ိန္မွာ ငါလွမ္းေအာ္ဖို႔ေတာင္ အားမရွိေတာ့တာမလို႔ ကုတင္ေဘးက အဲ့ေဆးလုံးအိတ္ကိုဖြင့္ၿပီး တစ္လုံးကိုၿမိဳခ်လိုက္မိတယ္။
တကယ္ကိုထူးဆန္းစြာနဲ႔ပဲ ေသာက္ၿပီးတာနဲ႔ခ်က္ခ်င္း ငါရဲ့ေရာဂါကလည္း ခ်က္ခ်င္းေပ်ာက္သြားတယ္။ အဲ့ဒီလိုနဲ႔ ငါ့ရဲ့ႏွလုံးေရာဂါက ေပ်ာက္လုနီးပါးျဖစ္လာတယ္။ ဒါေပမဲ့ အဲ့ဒီေဆးကိုငါစြဲသြားၿပီး တလတစ္ခါမေသာက္ရဘူးဆိုရင္ ငါ့ရဲ့တကိုယ္လုံးက ေသြးေၾကာေတြကအမဲေရာင္ကိုေျပာင္းသြားၿပီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္လာတယ္။ အဲ့တာက ငါေထာင္ေခ်ာင္မိခဲ့ရတဲ့ျဖစ္စဥ္ပဲ။ ငါမေသာက္ခဲ့ရင္လည္း အဲ့ေန႔မွာတင္ ငါေသခဲ့မွာ။ ငါ့မွာ မေအာင္ျမင္ေသးတဲ့ကိစၥေတြအမ်ားႀကီးရွိတယ္။ ငါေသလို႔မျဖစ္ေသးဘူး။
အဲ့တာေၾကာင့္ ငါသူ႔ကိုလိုအပ္တယ္။ သူ႔ဆီကေဆးကိုလိုအပ္တယ္။ ၿပီးေတာ့ သူကငါ့ကိုခ်ိဳက္အန္းကိုလည္း ယူေပးအုန္းမွာေလ။ ငါ့အတြက္က အက်ိဳးရွိတဲ့အရာေတြခ်ည္းပါပဲ။"
ညီအကိုသုံးေယာက္စလုံးသည္ ၿငိမ္က်သြားၾက၏။ ဖခင္၏ ဒုကၡမ်ားကိုတေယာက္မွမသိေလာက္ေအာင္အထိ ဖခင္အားဂ႐ုမစိုက္မိခဲ့ၾကပါေခ်။ သုံးေယာက္လုံးသည္ ခ်က္ခ်င္းပင္ခုံေပၚမွ ထလိုက္ၾကၿပီး ၎တို႔အားေက်ာခိုင္းထားေသာ ဖခင္ဘက္သို႔လွည့္ကာ ဒူးေထာက္ထိုင္ခ်လိုက္ၾကသည္။
" ခမည္းေတာ္ကို ဂ႐ုမစိုက္ခဲ့မလို႔ တကယ္ပဲေတာင္းပန္ပါတယ္။ ခမည္းေတာ္သားေတာ္တို႔ကို ခြင့္လႊတ္ေပးပါ။"
ဝူနန္နယ္စားသည္ တဖက္သို႔ျပန္လွည့္လာ၏။ၿပီးေနာက္ အလည္ရွိတေယာက္၏ ပုခုံးကို လွမ္းကိုင္ကာ သူ၏သားမ်ားကို ျပန္ထေစလိုက္သည္။
" မလိုဘူး။ ထၾက...ထၾက။"
မင္းသားသုံးပါးလုံးသည္ ျပန္ထရပ္လိုက္ၾက၏။ သူ၏သားေတာ္သုံးပါးစလုံးသည္ စိတ္မေကာင္းျဖစ္ေနသည့္အမူအရာျဖစ္ေနတာေၾကာင့္ ဝူနန္နယ္စားက ျပဳံးလ်က္ဆိုသည္။
" ဒါေပမဲ့ အခုခ်ိန္မွာငါတို႔ရဲ့ဆုံးျဖတ္ခ်က္ေျပာင္းခဲ့မယ္ဆိုရင္ေတာင္ မမွီနိုင္ေတာ့ဘူး။"
ဝူနန္နယ္စားသည္ သားေတာ္မ်ား၏မ်က္လုံးမ်ားကို စိုက္ကာၾကည့္ရင္းဆို၏။ တခဏေနမွ သူကျပဳံးလိုက္ၿပီး မင္းသားသုံးဆီသို႔ ဦးတည္ကာ ေျခလွမ္းလိုက္သည္။ ပုခုံးအား ႏွစ္ခ်က္ခန္႔ပုတ္ရင္း
" ခ်င္းယာကို ရွာဖို႔တာဝန္ေပးထားတာ။ ဘယ္လိုလဲ။ အေၾကာင္းထူးလား။"
မင္းသားသုံးကခ်က္ခ်င္းပင္ ေခါင္းကိုငုံကာ
" ရွာေနပါတယ္။ မၾကာခင္.... မၾကာခင္ သတင္းရေတာ့မွာပါ။"
" ကိုယ္လုပ္ခဲ့သမၽွကို ကိုယ္တိုင္တာဝန္ယူဖို႔ျပင္။"
" မွန္....မွန္လွပါ။"
မင္းသားသုံးသည္ ထိတ္လန္႔ေနေသာအသံျဖင့္ ပင္ျပန္ေျဖေနေလ၏။ ေဘးရွိက်န္ႏွစ္ေယာက္ကလည္း သူ႔ကိုလွမ္းၾကည့္ေနၾကသည္။ ဝူနန္နယ္စားက မင္းသားသုံးဆီမွ သူ၏လက္ကိုျပန္ဖယ္လိုက္ရင္းဆိုသည္။
" ခ်င္းယာက ငါႏွစ္သက္တဲ့သမီးေတာ္တစ္ပါးဆိုေပမဲ့ တကယ္တမ္းေသြးသားရင္းခ်ာနဲ႔ယွဥ္လာရမယ္ဆိုရင္ စြန္႔လႊတ္သင့္တဲ့အခါ စြန္႔လႊတ္ရမွာပဲ။
ဒါ့ေၾကာင့္ ေတြ႕ေအာင္ရွာ၊ ၿပီးရင္ ကိုယ့္တာဝန္ကိုယ္ယူ။"
"......."
"......"
".........."
မင္းသားသုံးေယာက္လုံးသည္ ဝူနန္နယ္စားအားေသခ်ာစြာၾကည့္လိုက္မိၾကသည္။ သူတို႔ခမည္းေတာ္၏ ဆိုလိုရင္းကိုသေဘာေပါက္ေသာ္လည္း သူတို႔အနည္းငယ္ေတာ့စိုးရိမ္မိၾကပါ၏။
................................................
မ်က္ဝန္းႏွစ္ဖက္ကို ခပ္ျဖည္းျဖည္ခ်င္းဖြင့္လိုက္ေတာ့ ျမင္ေနၾကအိပ္ယာရဲ့အေပၚဘက္မ်က္ႏွာက်က္ကိုေတြ႕ရသည္။ ႏွုတ္ခမ္းပါးေတြက ဖြင့္ဟဖို႔ေတာင္မနည္းခက္ခဲစြာ အေပၚႏွုတ္ခမ္းႏွင့္ေအာက္ႏွုတ္ခမ္းတို႔ရဲ့ ေျခာက္ကပ္စြာ ပူးကပ္ေနၾကသည္ကိုခံစားေနရ၏။
"ေရ..........ေရ......."
ခ်ီရွန္းက သူ၏ေခါင္းကိုအနည္းငယ္ေစာင္းလိုက္ၿပီး ခပ္တိုးတိုးေရရြတ္လိုက္သည္။ စားပြဲေဘးရွိ ထိုင္ခုံတြင္ လက္ကိုေမးတင္ကာ အိပ္ေပ်ာ္ေနေသာ အားေလာ့သည္ ထိုခပ္တိုးတိုးအသံေၾကာင့္ပင္ လန္႔နိုးလာ၏။ အိပ္ယာထက္ကိုၾကည့္ေတာ့ အမွန္တကယ္ပင္ ခ်ီရွန္းသည္ သူ႔ကိုေမွးစင္းေနေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္ကာ တစ္ခုခုကိုလွမ္းေျပာေန၏။ အားေလာ့က ခ်က္ခ်င္းပင္မ်က္ဝန္းတို႔ျပဴးက်ယ္လာၿပီး မတ္တပ္ေကာက္ရပ္လိုက္သည္။
" အရွင္...အရွင္နိုးလာၿပီ။ အရွင္နိုးလာၿပီ။
အျမန္စစ္သူႀကီးေရွာင္ရွင္းကို အေၾကာင္းၾကား။ အျမန္...."
အားေလာ့ ေအာ္လ်က္ပင္ ခ်ီရွန္းအနားသို႔ေျပးသြား၏။ ခ်ီရွန္းက ခပ္တိုးတိုးအသံကိုေျပာေနဆဲပင္။ ထိုအခါအားေလာ့ ခ်ီရွန္းအနားသိူ႔တိုးလာၿပီး ေသခ်ာအာ႐ုံစိုက္လိုက္သည္။
" အရွင္...အရွင္...ဘာလိုအပ္လို႔ပါလဲ။"
"ေရ......."
အသက္တခ်က္ရွုလိုက္တိုင္း ဒဏ္ရာကနာတာေၾကာင့္ ခ်ီရွန္းစကားသံပင္ က်ယ္က်ယ္မထြက္နိုင္ပါေခ်။ အားေလာ့သည္အလိုက္သိစြာျဖင့္ပင္ ခ်က္ခ်င္းဆိုသလို စားပြဲေပၚရွိ ေရေႏြးအိုးထဲမွာ ေရခပ္ကာ ခ်ီရွန္းဆီသို႔ျပန္လာလိုက္သည္။ ေရခြက္အား ေဘးတြင္ခဏခ်လိုက္ၿပီး ခ်ီရွန္းကိုယ္အား ေခါင္းရင္းဘက္မွေန၍ အနည္းငယ္ေျမႇာက္ကာ သူ႔ကိုယ္ေပၚတြင္ မွီေစလိုက္သည္။ ၿပီးမွ ေရခြက္ကိုကိုင္ကာ တျဖည္းျဖည္းခ်င္းတိုက္လိုက္၏။
ခ်ီရွန္းက ေရကိုတျဖည္းျဖည္းခ်င္းေသာက္ေနသည္။ ႏွုတ္ခမ္းႏွင့္ ပါးစပ္အတြင္းျပန္လည္စိုစြတ္သြားေတာ့မွ ေနရအဆင္ေျပသလိုရွိသြားေတာ့၏။ အားေလာ့က ေရခြက္ကိုေဘးတြင္ ျပန္ခ်ရင္းဆိုသည္။
" အရွင္ သက္သာပါရဲ့လား။ အားေလာ့ စစ္သူႀကီးေရွာင္ရွင္းကိုအေခၚေတာ္လႊတ္ထားတာမလို႔ ခ်က္ခ်င္းေရာက္လာပါလိမ့္မယ္။"
ခ်ီရွန္းသည္ အသံမထြက္ပဲအားေလာ့ကိုမွီထားရင္းမွ ေခါင္းၿငိမ့္ျပသည္။ သူ၏ရင္ဘတ္က ဒဏ္ရာကိုပင္ သူငုံ႔ၾကည့္ရန္အားယူေနရ၏။ ထိုဒဏ္ရာကိုၾကည့္ၿပီးေတာ့ သူက ခပ္တိုးတိုးဆိုသည္။
" အန္း...လု...ေရာ......"
ခ်ီရွန္း၏စကားေၾကာင့္ အားေလာ့က အနည္းငယ္လန္႔သြားသည္။ ေက်ာေပးထားေသာအေနအထားေၾကာင့္ သူျဖစ္သြားေသာမ်က္ႏွာကို လီခ်ီရွန္းျမင္လိမ့္မည္ေတာ့မဟုတ္ေခ်။ ရွင္ဘုရင္၏အေမးျဖစ္တာေၾကာင့္ အားေလာ့ထိုေမးခြန္းကို မေျဖဆိုရန္ မဝံ့ရဲပါေခ်။ ထို႔ေၾကာင့္ အားေလာ့က ထစ္ေငါ့စြာေျဖသည္။
"အန္း...အန္းလုက......."
အားေလာ့၏ စကားသံမွာ ဆက္ထြက္မလာနိုင္တာေၾကာင့္ ခ်ီရွန္းကစိတ္မရွည္ေတာ့ေခ်။ ထို႔ေၾကာင့္ သူစကားကိုမ်ားမ်ားေျပာနိုင္ရင္ အားယူကာ အားေလာ့ကိုထပ္ေမးလိုက္ျပန္သည္။
"သူ....ဘယ္မွာလဲ။ သူ...ဘာလို႔...ကိုယ္ေတာ့္ကို....လာမေတြ႕.....တာလဲ။"
~~~~~~~~~~~~~~~~~~~~~~~~