ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၄၈၄)
ၿပိဳင္ပြဲႀကီးရဲ႕အေျဖကို အမ်ားသိေအာင္ ေၾကျငာလိုက္ေတာ့ ကြင္းတစ္ကြင္းလံုး ထူးျခားစြာၿငိမ္က်သြားပါတယ္။
ဟုတ္ပါတယ္ အခုတိုက္ပြဲဟာ အင္မတိအင္မတန္ေျပာင္ေျမာက္လွေပမယ့္ ဒီလိုအေျဖကေတာ့ အားလံုးေမွ်ာ္လင့္ေနတာနဲ႔ တစ္ျခားစီျဖစ္ေနပါတယ္။
လင္းလက္တိုက္မွာ ရာစုခန္႔တိမ္ျမဳပ္ေပ်ာက္ကြယ္ေနတဲ့ ဆင့္ေခၚသူဟာ လူေတြေရွ႕ေမွာက္ကို တစ္ဖန္ျပန္လည္ေရာက္ရွိလာပါၿပီ။
ထို႔ျပင္တစ္၀ ေလာင္းရႊမ္ျပည္ရဲ႕ အႀကီးက်ယ္ဆံုးၿပိဳင္ပြဲမွာလည္း ခ်န္ပီယံျဖစ္လာပါေသးတယ္။
လူေတြစိတ္မွာ လြန္ဆြဲေနေပမယ့္ ဒီအခ်က္ကိုလည္း ျငင္းဆန္လို႔မရျပန္ပါဘူး။
ရွန္ယန္ေရွာင္က ပြဲသံုးပြဲလံုးကို မ်က္စိပြင့္နားပြင့္ျဖစ္သြားေစေအာင္ထိ တိုက္ခိုက္ျပသြားခဲ့ကာ ေကာက္က်စ္တဲ့လွည့္စားနည္းေတြကိုလည္း တစ္ခုမွအသံုးမျပဳခဲ့ပါဘူး။ ပြဲတိုင္းကို ၿပိဳင္ဖက္နဲ႔ထိပ္တိုက္ရင္ဆိုင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ၿပိဳင္ဖက္ေကာင္းနဲ႔ရင္ဆိုင္ခဲ့တာကို သူမရဲ႕ပင္ကိုယ္အစြမ္းနဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။
ၾကဴရွီယာနဲ႔ရွန္ယန္ေရွာင္တို႔ရဲ႕ တိုက္ပြဲအား လူေတြအေနျဖင့္ အခ်ိန္အၾကာႀကီးထိ မွတ္မွတ္ရရရွိေနၾကမွာပါ။ ခမ္းနားေျပာင္ေျမာက္လွေသာ ေမွာ္တိုက္ခိုက္မႈေတြနဲ႔ အသက္လုတိုက္ပြဲႀကီးက သူတို႔ႏွစ္ေယာက္လံုးအတြက္ လူေတြေခၽြးျပန္ေစတဲ့အထိ ျပင္းထန္လြန္းခဲ့ပါတယ္။
အေမွာင္ရိပ္ထဲမွာပဲ အၿမဲတစ္ေစပုန္းခိုေနၾကေသာ ဆင့္ေခၚသူေတြမွာလည္း ျပင္းထန္ထက္ျမက္ေသာ စြမ္းအားပိုင္ဆိုင္တာကို သူတို႔သေဘာေပါက္သြားပါသည္။
အမ်ိဳးမ်ိဳးအေထြေထြေသာ စြမ္းအားျမွင့္တင္က်ိန္စာေတြကို အသံုးခ်သြားပံုက ပိုင္ႏိုင္လြန္းကာ အဆိုပါက်ိန္စာေတြကို ေသသပ္ျပည့္စံုစြာ ေပါင္းစပ္အသံုးျပဳျပသြားခဲ့ၿပီး အျမင္တင့္လြန္းပါတယ္။
ေနာက္ဆံုးတိုက္ပြဲရဲ႕ ပံုတူကူးက်ိန္စာက ပိုလို႔ေတာင္ ဆန္းျပားခမ္းနားပါေသးတယ္။
ဆင့္ေခၚသူက ဒီေလာက္ေတာင္ အစြမ္းရွိႏိုင္ၿပီးေတာ့ ပြင့္လင္းမွ်တစြာေတာင္ တိုက္ခိုက္ႏိုင္ၾကတယ္ေပါ့...
ပြဲအေျဖကို ေၾကျငာလိုက္ခ်ိန္မွာ ယန္းခ်ီတစ္ေယာက္ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ဆင္းသြားပါတယ္။ ဆင့္ေခၚသူပညာရပ္ တိမ္ျမဳပ္လာတာကို သူကိုယ္တိုင္ျမင္ေတြ႔ ခံစားခဲ့ရတာျဖစ္ၿပီး ဆင့္ေခၚသူေတြရဲ႕ သနားစဖြယ္ေဘးဆိုးႀကီးကို ခံစားၾကံဳေတြ႔ခဲ့တဲ့ယန္းခ်ီဟာ ဒီေန႔ကိုေစာင့္စားေနခဲ့တာျဖစ္သည္။
သူ႔တပည့္ျဖစ္ေသာ ရွန္ယန္ေရွာင္က ကာလၾကာရွည္ၿပီျဖစ္ေသာ သူ႔ဆႏၵအား ျဖည့္ဆည္းေပးခဲ့ပါၿပီ။ သူ႔အေနနဲ႔ ဘာမွထပ္ေတာင္းဆိုစရာ မရွိေတာ့ပါဘူး။
ရွင္သန္ေနဆဲျဖစ္ေသာ ပုန္းေအာင္းေနရတဲ့ ဆင့္ေခၚသူေတြကို ရွန္ယန္ေရွာင္က ဦးေဆာင္ကာ ေနေရာင္ေအာက္သို႔ ျပန္လည္ေခၚေဆာင္ေပးမွာကို သူလံုး၀ယံုၾကည္ပါတယ္။
တစ္ျခားလူေတြရဲ႕ အထင္ေသးႏွိမ့္ခ်ေသာအၾကည့္ေတြ စက္ဆုပ္ရြံရွာေသာမ်က္၀န္းေတြကို ေၾကာက္လန္႔ဖို႔မလိုေတာ့တဲ့ ေန႔ရက္ေတြေရာက္လာမွာျဖစ္ၿပီး ဆင့္ေခၚသူေတြဟာလည္း လြတ္လပ္စြာရွင္သန္ေနထိုင္ခြင့္ ရရွိလာမွာပါ။
ရွန္ယန္ေရွာင္က ေျခေထာက္ေအာက္ကေက်ာက္တံုးေလးကို ကန္ထုတ္ပစ္လိုက္ပါတယ္။
ၾကဴရွီယာလည္း မူလအတိုင္း ျပန္လည္တည္ၿငိမ္သြားၿပီျဖစ္ကာ ရွန္ယန္ေရွာင္ကို ျပံဳးစစျဖင့္ၾကည့္ေနပါတယ္။
"မင္းရဲ႕ဆႏၵျပည့္၀သြားလို႔ ဂုဏ္ယူပါတယ္ကြာ"
"ေနာက္တစ္ခါ အခုလိုလူထူးဆန္းမလုပ္ပါနဲ႔လား"ဟု ရွန္ယန္ေရွာင္က ကိုယ္လံုးကိုတြန္႔ခါရင္းေျပာလိုက္သည္။
"..."
ၾကဴရွီယာပါးစပ္ လႈပ္စိလႈပ္စိျဖစ္သြားသည္။
"ဟားဟားဟား ေကာင္းတယ္ေကာင္းတယ္ မင္းတို႔ႏွစ္ေယာက္ ၿပီးသြားၾကၿပီပဲ။ ငါနဲ႔ယုေလးတို႔ႏွစ္ေယာက္သား ေၾကာက္လိုက္ရပံုမ်ားကြာ။ ၾကဴရွီယာ အဲ့လိုမ်ိဳး ေၾကာင္ေတာင္ေတာင္ျဖစ္သြားရင္ အရမ္းေၾကာက္ဖို႔ေကာင္းတာပဲဟ"
ယန္းရွီက သူတို႔ႏွစ္ေယာက္ဆီကို လာေနရင္းနဲ႔ေျပာလိုက္တာျဖစ္သည္။
ၾကဴရွီယာက ခပ္ယဲ့ယဲ့ျပံဳးလိုက္ကာ ေျပာလိုက္တာက "ငါ့ခံစားခ်က္ေတြကို ထိန္းကြပ္မရေအာင္ ေရွာင္ေလးကအျမဲလုပ္တာကိုးဟ"
"..."
ရွန္ယန္ေရွာင္ ဆြံ႔အသြားရပါတယ္။ ဒီေကာင္ကေတာ့ကြာ ဒါမ်ိဳးအေႏွာင့္အသြားမလြတ္တဲ့စကားမ်ိဳး မသံုးလို႔မရဘူးလားဟ။
ၿပိဳင္ပြဲကို စီစဥ္ႀကီးၾကပ္သူအဖိုးႀကီး ေရာက္လာပါတယ္။ သူ႔အမူအယာကေတာ့ တစ္မ်ိဳးတစ္ဖံုျဖစ္ကာ ထူးျခားေနပါတယ္။ လက္ထဲမွာ ေရႊတံဆိပ္တစ္ခုကို ကိုင္လာၿပီးေတာ့ ရွန္ယန္ေရွာင္ေရွ႕မွာ ရုပ္တည္ႀကီးနဲ႔ရပ္လိုက္ပါတယ္။
"ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တဲ့အတြက္ ဂုဏ္ယူပါတယ္။ ဒါက ဧကရာဇ္ကေနၿပီး ေက်ာင္းေပါင္းစံုၿပိဳင္ပြဲရဲ႕ ခ်န္ပီယံကို ခ်ီးေျမွာက္လိုက္တဲ့ ေရႊတံဆိပ္ပါပသဲ။ ေနျပည္ေတာ္ကို တစ္လအတြင္းေရာက္ေအာင္ မင္းသြားရမယ္။ ဧကရာဇ္ကိုယ္ေတာ္တိုင္ စြန္႔ပစ္ေျမက နယ္ေျမေဒသရဲ႕ ပိုင္ဆိုင္မႈအေထာက္အထားေတြကို မင္းကိုခ်ီးျမွင့္မွာျဖစ္တယ္။ ေနာက္ထပ္ႏွစ္လေနရင္ စြန္႔ပစ္နယ္ေျမကို မင္းသြားမွာျဖစ္လိမ့္မယ္ အဲ့လိုမဟုတ္ဘဲ သတ္မွတ္ရက္ေက်ာ္လြန္သြားတဲ့အထိ မင္းဘာမွမလုပ္ရေသးရင္ေတာ့ အေထာက္အထားေတြက အသက္၀င္မွာမဟုတ္ေတာ့ဘဲ ျဖစ္သြားမွာ"
အဖိုးႀကီးေလသံက သိပ္မေကာင္းလွပါဘူး။ သူဟာ ဆင့္ေခၚသူတစ္ေယာက္ အႏိုင္ရသြားမွာကို မလိုလားသူျဖစ္ေပမယ့္ စည္းကမ္းကစည္းကမ္းျဖစ္တာေၾကာင့္ သူမလုပ္ခ်င္ရင္ေတာင္ ရွန္ယန္ေရွာင္ကို ေပးရမွာပါပဲ။
တံဆိပ္ေပးၿပီးတာနဲ႔ အဖိုးႀကီးလည္း ျပန္လွည့္ထြက္သြားၿပီး ရွန္ယန္ေရွာင္ကို ျပန္လည္ေမးခြင့္ေတာင္ မျပဳခဲ့ပါဘူး။ ရွန္ယန္ေရွာင္လည္း မ်က္ခံုးပင့္လိုက္ေပမယ့္ ဘာမွေတာ့ အေရးစိုက္မေနေတာ့ပါ။
သူမလုပ္ရမယ့္ကိစၥကို လုပ္ကိုလုပ္ရမွာျဖစ္ၿပီး သူမ်ားေတြ ဘာထင္ထင္ သူမဂရုစိုက္ေနစရာမလိုပါဘူး။
တံဆိပ္ကိုကိုင္ထားတဲ့ ရွန္ယန္ေရွာင္မ်က္၀န္းထဲမွာ အျပံဳးရိပ္ထင္ဟပ္ေနပါတယ္။ မီးေတာက္ျမက္၊ နတ္ဆိုး၀ိဥာည္ပင္၊ အရိုးပန္းတို႔အျပင္ စြန္႔ပစ္နယ္ေျမက နယ္ေျမတစ္ေဒသတို႔ေပါင္းလိုက္ရင္ နတ္ဆိုးေတြကို ဖမ္းဆီးမယ့္ ရွဴရဲ႕စီမံကိန္းအတြက္ ဘာမွေၾကာင့္ၾကေနဖို႔ မလိုေတာ့ဘူးေလ။
"ေနျပည္ေတာ္တဲ့လား အင္း ဒီအခြင့္အေရးကိုအသံုးခ်ၿပီးေတာ့ အိမ္ကိုေတာ့ တစ္ေခါက္ေလာက္သြားဦးမွပဲ"လို႔ ေမးသပ္လိုက္ရင္းနဲ႔ ရွန္ယန္ေရွာင္ေျပာလိုက္ပါတယ္။
နဂိုကလည္း ၿပိဳင္ပြဲၿပီးရင္ ေတာ္၀င္ရိုလန္ေက်ာင္းကိုျပန္ဖို႔စိတ္ကူး သူမမွာမရွိပါဘူး။ ေက်ာင္းမွာ သူမသင္ယူစရာလည္း ထူးထူးေထြေထြမရွိေတာ့ဘူးေလ။ ေနာက္ၿပီးေတာ့လည္း အိုးယန္ဟြမ္းယူနဲ႔အနက္၀တ္စံု၀တ္လူရဲ႕ စကား၀ိုင္းကို သူမ ၾကားသိခဲ့ေတာ့ အခုအခ်ိန္မွာ သူမရဲ႕ ဇစ္ျမစ္က ေပၚသြားၿပီျဖစ္တာေၾကာင့္ အိုးယန္ဟြမ္းယူက ေသခ်ာေပါက္ လႈပ္ရွားေတာ့မွာေလ။
"ငါတို႔လည္း မင္းနဲ႔အတူျပန္ရင္ ေကာင္းမလားပဲ။ ေက်ာင္းမွာလည္း ငါတို႔လုပ္စရာဘာမွမွမရွိတာဆိုေတာ့ေလ"လို႔ ၾကဴရွီယာက အၾကံျပဳလိုက္သည္။
"မင္းတို႔ႀကိဳက္သလိုသာလုပ္ၾက"ဟု တံဆိပ္ကို လက္စြပ္ထဲထည့္လိုက္ၿပီးေနာက္ ရွန္ယန္ေရွာင္ဟာ စီမံကိန္းတစ္ခုကို ခ်မွတ္ေတြးေတာေနရင္း ေျပာလိုက္ပါတယ္။
သူမက ေတာ္၀င္ရိုလန္ေက်ာင္းကေန ထြက္သြားခ်င္ေပမယ့္လည္း ယန္းခ်ီအေပၚထားတဲ့ အိုးယန္ဟြမ္းယူရဲ႕အႀကံေၾကာင့္ သူမ စိတ္ပူေနပါတယ္။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၈၄)
ပြိုင်ပွဲကြီးရဲ့အဖြေကို အများသိအောင် ကြေငြာလိုက်တော့ ကွင်းတစ်ကွင်းလုံး ထူးခြားစွာငြိမ်ကျသွားပါတယ်။
ဟုတ်ပါတယ် အခုတိုက်ပွဲဟာ အင်မတိအင်မတန်ပြောင်မြောက်လှပေမယ့် ဒီလိုအဖြေကတော့ အားလုံးမျှော်လင့်နေတာနဲ့ တစ်ခြားစီဖြစ်နေပါတယ်။
လင်းလက်တိုက်မှာ ရာစုခန့်တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဆင့်ခေါ်သူဟာ လူတွေရှေ့မှောက်ကို တစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ။
ထို့ပြင်တစ်၀ လောင်းရွှမ်ပြည်ရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်လာပါသေးတယ်။
လူတွေစိတ်မှာ လွန်ဆွဲနေပေမယ့် ဒီအချက်ကိုလည်း ငြင်းဆန်လို့မရပြန်ပါဘူး။
ရှန်ယန်ရှောင်က ပွဲသုံးပွဲလုံးကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေအောင်ထိ တိုက်ခိုက်ပြသွားခဲ့ကာ ကောက်ကျစ်တဲ့လှည့်စားနည်းတွေကိုလည်း တစ်ခုမှအသုံးမပြုခဲ့ပါဘူး။ ပွဲတိုင်းကို ပြိုင်ဖက်နဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြိုင်ဖက်ကောင်းနဲ့ရင်ဆိုင်ခဲ့တာကို သူမရဲ့ပင်ကိုယ်အစွမ်းနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့ရဲ့ တိုက်ပွဲအား လူတွေအနေဖြင့် အချိန်အကြာကြီးထိ မှတ်မှတ်ရရရှိနေကြမှာပါ။ ခမ်းနားပြောင်မြောက်လှသော မှော်တိုက်ခိုက်မှုတွေနဲ့ အသက်လုတိုက်ပွဲကြီးက သူတို့နှစ်ယောက်လုံးအတွက် လူတွေချွေးပြန်စေတဲ့အထိ ပြင်းထန်လွန်းခဲ့ပါတယ်။
အမှောင်ရိပ်ထဲမှာပဲ အမြဲတစ်စေပုန်းခိုနေကြသော ဆင့်ခေါ်သူတွေမှာလည်း ပြင်းထန်ထက်မြက်သော စွမ်းအားပိုင်ဆိုင်တာကို သူတို့သဘောပေါက်သွားပါသည်။
အမျိုးမျိုးအထွေထွေသော စွမ်းအားမြှင့်တင်ကျိန်စာတွေကို အသုံးချသွားပုံက ပိုင်နိုင်လွန်းကာ အဆိုပါကျိန်စာတွေကို သေသပ်ပြည့်စုံစွာ ပေါင်းစပ်အသုံးပြုပြသွားခဲ့ပြီး အမြင်တင့်လွန်းပါတယ်။
နောက်ဆုံးတိုက်ပွဲရဲ့ ပုံတူကူးကျိန်စာက ပိုလို့တောင် ဆန်းပြားခမ်းနားပါသေးတယ်။
ဆင့်ခေါ်သူက ဒီလောက်တောင် အစွမ်းရှိနိုင်ပြီးတော့ ပွင့်လင်းမျှတစွာတောင် တိုက်ခိုက်နိုင်ကြတယ်ပေါ့...
ပွဲအဖြေကို ကြေငြာလိုက်ချိန်မှာ ယန်းချီတစ်ယောက် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျဆင်းသွားပါတယ်။ ဆင့်ခေါ်သူပညာရပ် တိမ်မြုပ်လာတာကို သူကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရတာဖြစ်ပြီး ဆင့်ခေါ်သူတွေရဲ့ သနားစဖွယ်ဘေးဆိုးကြီးကို ခံစားကြုံတွေ့ခဲ့တဲ့ယန်းချီဟာ ဒီနေ့ကိုစောင့်စားနေခဲ့တာဖြစ်သည်။
သူ့တပည့်ဖြစ်သော ရှန်ယန်ရှောင်က ကာလကြာရှည်ပြီဖြစ်သော သူ့ဆန္ဒအား ဖြည့်ဆည်းပေးခဲ့ပါပြီ။ သူ့အနေနဲ့ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပါဘူး။
ရှင်သန်နေဆဲဖြစ်သော ပုန်းအောင်းနေရတဲ့ ဆင့်ခေါ်သူတွေကို ရှန်ယန်ရှောင်က ဦးဆောင်ကာ နေရောင်အောက်သို့ ပြန်လည်ခေါ်ဆောင်ပေးမှာကို သူလုံးဝယုံကြည်ပါတယ်။
တစ်ခြားလူတွေရဲ့ အထင်သေးနှိမ့်ချသောအကြည့်တွေ စက်ဆုပ်ရွံရှာသောမျက်ဝန်းတွေကို ကြောက်လန့်ဖို့မလိုတော့တဲ့ နေ့ရက်တွေရောက်လာမှာဖြစ်ပြီး ဆင့်ခေါ်သူတွေဟာလည်း လွတ်လပ်စွာရှင်သန်နေထိုင်ခွင့် ရရှိလာမှာပါ။
ရှန်ယန်ရှောင်က ခြေထောက်အောက်ကကျောက်တုံးလေးကို ကန်ထုတ်ပစ်လိုက်ပါတယ်။
ကြူရှီယာလည်း မူလအတိုင်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်ကာ ရှန်ယန်ရှောင်ကို ပြုံးစစဖြင့်ကြည့်နေပါတယ်။
"မင်းရဲ့ဆန္ဒပြည့်ဝသွားလို့ ဂုဏ်ယူပါတယ်ကွာ"
"နောက်တစ်ခါ အခုလိုလူထူးဆန်းမလုပ်ပါနဲ့လား"ဟု ရှန်ယန်ရှောင်က ကိုယ်လုံးကိုတွန့်ခါရင်းပြောလိုက်သည်။
"..."
ကြူရှီယာပါးစပ် လှုပ်စိလှုပ်စိဖြစ်သွားသည်။
"ဟားဟားဟား ကောင်းတယ်ကောင်းတယ် မင်းတို့နှစ်ယောက် ပြီးသွားကြပြီပဲ။ ငါနဲ့ယုလေးတို့နှစ်ယောက်သား ကြောက်လိုက်ရပုံများကွာ။ ကြူရှီယာ အဲ့လိုမျိုး ကြောင်တောင်တောင်ဖြစ်သွားရင် အရမ်းကြောက်ဖို့ကောင်းတာပဲဟ"
ယန်းရှီက သူတို့နှစ်ယောက်ဆီကို လာနေရင်းနဲ့ပြောလိုက်တာဖြစ်သည်။
ကြူရှီယာက ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ ပြောလိုက်တာက "ငါ့ခံစားချက်တွေကို ထိန်းကွပ်မရအောင် ရှောင်လေးကအမြဲလုပ်တာကိုးဟ"
"..."
ရှန်ယန်ရှောင် ဆွံ့အသွားရပါတယ်။ ဒီကောင်ကတော့ကွာ ဒါမျိုးအနှောင့်အသွားမလွတ်တဲ့စကားမျိုး မသုံးလို့မရဘူးလားဟ။
ပြိုင်ပွဲကို စီစဉ်ကြီးကြပ်သူအဖိုးကြီး ရောက်လာပါတယ်။ သူ့အမူအယာကတော့ တစ်မျိုးတစ်ဖုံဖြစ်ကာ ထူးခြားနေပါတယ်။ လက်ထဲမှာ ရွှေတံဆိပ်တစ်ခုကို ကိုင်လာပြီးတော့ ရှန်ယန်ရှောင်ရှေ့မှာ ရုပ်တည်ကြီးနဲ့ရပ်လိုက်ပါတယ်။
"ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက ဧကရာဇ်ကနေပြီး ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ ချန်ပီယံကို ချီးမြှောက်လိုက်တဲ့ ရွှေတံဆိပ်ပါပသဲ။ နေပြည်တော်ကို တစ်လအတွင်းရောက်အောင် မင်းသွားရမယ်။ ဧကရာဇ်ကိုယ်တော်တိုင် စွန့်ပစ်မြေက နယ်မြေဒေသရဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေကို မင်းကိုချီးမြှင့်မှာဖြစ်တယ်။ နောက်ထပ်နှစ်လနေရင် စွန့်ပစ်နယ်မြေကို မင်းသွားမှာဖြစ်လိမ့်မယ် အဲ့လိုမဟုတ်ဘဲ သတ်မှတ်ရက်ကျော်လွန်သွားတဲ့အထိ မင်းဘာမှမလုပ်ရသေးရင်တော့ အထောက်အထားတွေက အသက်ဝင်မှာမဟုတ်တော့ဘဲ ဖြစ်သွားမှာ"
အဖိုးကြီးလေသံက သိပ်မကောင်းလှပါဘူး။ သူဟာ ဆင့်ခေါ်သူတစ်ယောက် အနိုင်ရသွားမှာကို မလိုလားသူဖြစ်ပေမယ့် စည်းကမ်းကစည်းကမ်းဖြစ်တာကြောင့် သူမလုပ်ချင်ရင်တောင် ရှန်ယန်ရှောင်ကို ပေးရမှာပါပဲ။
တံဆိပ်ပေးပြီးတာနဲ့ အဖိုးကြီးလည်း ပြန်လှည့်ထွက်သွားပြီး ရှန်ယန်ရှောင်ကို ပြန်လည်မေးခွင့်တောင် မပြုခဲ့ပါဘူး။ ရှန်ယန်ရှောင်လည်း မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှတော့ အရေးစိုက်မနေတော့ပါ။
သူမလုပ်ရမယ့်ကိစ္စကို လုပ်ကိုလုပ်ရမှာဖြစ်ပြီး သူများတွေ ဘာထင်ထင် သူမဂရုစိုက်နေစရာမလိုပါဘူး။
တံဆိပ်ကိုကိုင်ထားတဲ့ ရှန်ယန်ရှောင်မျက်ဝန်းထဲမှာ အပြုံးရိပ်ထင်ဟပ်နေပါတယ်။ မီးတောက်မြက်၊ နတ်ဆိုးဝိဉာည်ပင်၊ အရိုးပန်းတို့အပြင် စွန့်ပစ်နယ်မြေက နယ်မြေတစ်ဒေသတို့ပေါင်းလိုက်ရင် နတ်ဆိုးတွေကို ဖမ်းဆီးမယ့် ရှူရဲ့စီမံကိန်းအတွက် ဘာမှကြောင့်ကြနေဖို့ မလိုတော့ဘူးလေ။
"နေပြည်တော်တဲ့လား အင်း ဒီအခွင့်အရေးကိုအသုံးချပြီးတော့ အိမ်ကိုတော့ တစ်ခေါက်လောက်သွားဦးမှပဲ"လို့ မေးသပ်လိုက်ရင်းနဲ့ ရှန်ယန်ရှောင်ပြောလိုက်ပါတယ်။
နဂိုကလည်း ပြိုင်ပွဲပြီးရင် တော်ဝင်ရိုလန်ကျောင်းကိုပြန်ဖို့စိတ်ကူး သူမမှာမရှိပါဘူး။ ကျောင်းမှာ သူမသင်ယူစရာလည်း ထူးထူးထွေထွေမရှိတော့ဘူးလေ။ နောက်ပြီးတော့လည်း အိုးယန်ဟွမ်းယူနဲ့အနက်ဝတ်စုံဝတ်လူရဲ့ စကားဝိုင်းကို သူမ ကြားသိခဲ့တော့ အခုအချိန်မှာ သူမရဲ့ ဇစ်မြစ်က ပေါ်သွားပြီဖြစ်တာကြောင့် အိုးယန်ဟွမ်းယူက သေချာပေါက် လှုပ်ရှားတော့မှာလေ။
"ငါတို့လည်း မင်းနဲ့အတူပြန်ရင် ကောင်းမလားပဲ။ ကျောင်းမှာလည်း ငါတို့လုပ်စရာဘာမှမှမရှိတာဆိုတော့လေ"လို့ ကြူရှီယာက အကြံပြုလိုက်သည်။
"မင်းတို့ကြိုက်သလိုသာလုပ်ကြ"ဟု တံဆိပ်ကို လက်စွပ်ထဲထည့်လိုက်ပြီးနောက် ရှန်ယန်ရှောင်ဟာ စီမံကိန်းတစ်ခုကို ချမှတ်တွေးတောနေရင်း ပြောလိုက်ပါတယ်။
သူမက တော်ဝင်ရိုလန်ကျောင်းကနေ ထွက်သွားချင်ပေမယ့်လည်း ယန်းချီအပေါ်ထားတဲ့ အိုးယန်ဟွမ်းယူရဲ့အကြံကြောင့် သူမ စိတ်ပူနေပါတယ်။