ချည်တိုင်

By hAnn63

232K 22.1K 1.3K

ချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29 (Final Episode)
Episode : Zero : Tie Me Down
Author's noted.
Book publishing.
Book Order.
ချည်တိုင် Sec Edition

15

6.5K 676 59
By hAnn63

"အဲ့ဒါ အစပ်ဘူးကြီး Jane"

အစ်မသည် ပြောလဲပြောရင်း Jennie လက်ထဲမှ ခေါက်ဆွဲဘူးအား ဆွဲယူသည်။ Jongsuk နှင့်တကွ shooting လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်များက သူမနှင့်အစ်မကို အာရုံပေးလာကြသည်။

"ညီမစားချင်လို့ အစပ်"

Jennie သည် သူမလက်ထဲမှ ခေါက်ဆွဲဘူးကိုမလွှတ်။ အစ်မကလဲ မရရအောင်ဆွဲယူနေသည်။ Lunch brake time ၌ ပုံမှန်ဆိုလျှင် အရသာရှိရှိ အသားဘာညာစားဖြစ်ကြသော်ငြား ယနေ့တော့ဖြင့် သူမတို့တစ်ရုံးလုံး shooting တွေဆက်နေသည်။ အလုပ်အရှုပ်ဆုံးကလဲ သူမနှင့်အစ်မပင်ဖြစ်သည်။ ခေါက်ဆွဲဘူးလုနေရာမှ အစ်မသည် အလျှော့ပေးလိုက်ပုံပေါ်သည်။ သူ့အိတ်ထားထားရာနေရာကို သွားသည်။

"ဒါစား ရော့"

အစ်မသည် သူလွယ်နေကျ အိတ်ကြီးထဲမှ ဘူးတစ်ခုကိုထုတ်ယူလာပြီးပေးသည်။ Jennie အလုပ်ထဲမှလူများကို တစ်ချက်အကဲခတ်ကြည့်တော့ ထင်ထားသည့်အတိုင်း သူမနှင့်အစ်မကို အကဲခတ်ကြည့်နေသည်။

"မပြောဘူးလား? အစ်မနဲ့ရင်းနှီးဟန်ပြလိုက်တာနဲ့ Jane ကို အထင်လွဲကုန်ကြမှာပါလို့"

အစ်မ၏ခပ်တိုးတိုးပြောသံ၌ Jennie စိတ်တို့ မောဟိုက်သွားသည်။

"Jongsuk ဒီနေ့ shooting တွေ ရပ်လိုက်ကြရအောင်"

ချက်ချင်းကြီး ထပြောလိုက်တဲ့ Jennie ကြောင့် အကုန်ကြောင်ကုန်သည်။ မတတ်နိုင်။ သူမအနည်းငယ် စိတ်ဆတ်လာရသည်။

"ကျွန်မနဲ့ Jisoo ထမင်းအတူစားဖို့ပြောထားလို့ပါ။ မနက်ဖြန်ခပ်စောစော လာခဲ့မယ်နော်။ ဒီညနေတော့ ရုံးပြန်မတက်တော့ဘူး။ အကုန်လုံး ပြန်လို့ရပါပြီ"

ထိုလုပ်ပိုင်ခွင့်တို့ကို Jennie ဘယ်တုန်းကမှ အသုံးမချခဲ့ဖူးပေ။ Jongsuk က မတတ်သာသည့်အဆုံးတော့ Jennie နှင့် အငြင်းအခုံမဖြစ်ချင်သည့်အလျောက် အကုန်လုံးကို ရုံးဆင်းခွင့်ပေးလိုက်သည်။

"ညီမကားနဲ့ပဲလိုက်ခဲ့"

Jennie အရှေ့မှ ခပ်မြန်မြန်လျှောက်ပြီးသွားတော့ အစ်မက ပြေးလိုက်လာဟန်ရှိသည်။ အနောက်နားမှ ထိုခပ်မြန်မြန်ခြေသံတို့အား Jennie အသားကျနေပြီ။ အစ်မဟာအမြဲ Jennie ကို စိတ်မပျက်နိုင်စွာ အမြဲလိုလို .. အနောက်ကနေ ပြေးလိုက်နေကျပဲ။

"December တောင် ရောက်နေပြီပဲ"

ကားထဲအဝင် ခါးပတ်ပတ်ရင်းပြောလိုက်တဲ့အစ်မရဲ့စကား။ Jennie ဘာတစ်ခွန်းမှပြန်မပြောဖြစ်။ ကားထဲဝင်ထိုင်လိုက်သည့်တိုင် ရင်တွေခုန်နေသည်။ အစ်မနဲ့ပတ်သက်လာရင် အရာအားလုံးက ထူးဆန်းနေတော့တာပဲ။

"ခါးပတ်ပတ်ပေးမယ်နော်"

အစ်မသည် ခွင့်တောင်းခြင်းမဟုတ်ပဲ အသိပေးခြင်းဖြစ်သည်။ ခါးပတ်ကြိုးကိုကိုင်ပြီး Jennie ရှေ့တည့်တည့်သို့ နီးကပ်လာသည့် သူ့မျက်နှာကို Jennie စူးစိုက်ကြည့်လိုက်မိသည်။ ထိုနှုတ်ခမ်းလွှာတို့ကိုမြင်သည့်အခါ အရင်တစ်ပတ်ကမှ လောလောလတ်လတ်ပေးထားကြသည့် အနမ်းတို့ကို သတိရသွားသည်။ အဲ့တုန်းကဆို နှုတ်ခမ်းပေါက်မတတ် အစ်မက သူမကို ဖိကပ်နမ်းနေခဲ့တာ။ မျက်ရည်တွေကြားကနေ ဆက်တိုက်နမ်းခဲ့တာ။ အသက်ရှူသံအပြင်းဆုံးနဲ့ .. Jennie ရဲ့ ပုခုံးသားတွေကို သူ့လက်ဖဝါးတွေနဲ့ အတင်းဖြစ်ညှစ်ပြီး ဖက်ထားပြီးတော့ကိုနမ်းခဲ့တာ။

"Jane အခုစဉ်းစားနေတာကို အစ်မလဲစဉ်းစားနေတယ်"

ရုတ်တရက် နှုတ်ခမ်းကို ဖြတ်ခနဲနမ်းပြီး ပြောလိုက်တဲ့အစ်မကြောင့် Jennie ကျောများမတ်သွားသည်။ အစ်မက ခပ်ဖွဖွပြုံးပြီး သူ့နေရာမှာသူ သေချာပြန်ထိုင်သည်။

"အသားစားမလား? ညီမ အခုတလော ပဲခေါက်ဆွဲစားချင်နေတာ"

ကားကို ခပ်ဖြေးဖြေးမောင်းရင်း စကားစလိုက်သည်။ အစ်မနှင့်ဆက်ဆံရတာ အနည်းငယ်ပေါ့ပါးလာသည်ဟုဆိုရမည်။ အစ်မ၏ အခက်အခဲကို သိသွားသောကြောင့်လဲဖြစ်နိုင်သည်။ အစ်မက သိပ်ဆိုးတာပဲ။ ဟုတ်တယ်မလား? Jennie တစ်ယောက်တည်း နာကျင်ဝမ်းနည်းပြီး သူ့ကိုစိတ်တိုရအောင် အကုန်ဖုံးကွယ်ထားတယ်။ အစ်မက သိပ်ဆိုးတာပဲ။

"Jane စားချင်တာစားလေ။ အစ်မက Jane စားတာစားမယ်"

တည်တည်ငြိမ်ငြိမ်နှင့်ထိုအသံသည် သူ့အမေကိုမုန်းသည်ဟု အော်ဟစ်ပြောပြနေခဲ့တုန်းကလိုမျိုးအသံတွေမဟုတ်တော့။ အစ်မက ထိုကိစ္စကို Jennie နှင့် ထပ်၍ပြောချင်သည့်ပုံမပေါ်။ သူမကတော့ အခွင့်ရလျှင် အစ်မ၏ထိုအခက်အခဲကို ပြေပျောက်သွားစေချင်သည်။ သို့သော် ထိုအရာသည် ဖြစ်တည်မှု၊ ခံယူချက်များ၊ ခံစားချက်များနှင့်ပတ်သက်သည့်အပိုင်းမို့ Jennie ဘာမှ မတတ်နိုင်ပြန်။

"ပေကုန်ပြီ။ ဖြေးဖြေးစားမှပေါ့"

အစ်မသည် Jennie နှုတ်ခမ်းထောင့်မှ ပဲခေါက်ဆွဲအနှစ်တို့ကို သူ့လက်မနဲ့သုတ်ပြီးနောက် ထိုလက်မအား လျှာဖျားနှင့်တို့သည်။ တူအစုံကိုကိုင်ထားသည့်လက်တို့ မမြဲချင်။ ပဲခေါက်ဆွဲကိုသာ ငုံ့စားလိုက်သည်။

"Christmas ညကျရင် အစ်မဆီကိုလာအိပ်မလား?"

"အဟွတ်အဟွတ်!!!!!!"

ခေါက်ဆွဲအချောင်းလိုက်နင်သည့်အဖြစ်မျိုး ယခုမှကြုံဖူးသည်။ အစ်မဟာ အခုမှ ပျာပျာသလဲ ရေငှဲ့ပေးပြီး Jennie ကို စိုးရိမ်တကြီးကြည့်နေသည်။

"မျက်နှာတွေပါရဲသွားတာပဲ .. sorry sorry စားပြီးမှမေးလိုက်ရမှာကို"

Jisoo Kim သည် သူပီသစွာပဲ တည်ငြိမ်နေပြန်သည်။ ခေါက်ဆွဲများကုန်သွားသည့်အခါ အစ်မက တစ်သျှူးများကိုဆွဲထုတ်၍ Jennie ကိုကမ်းပေးသည်။

"ပွဲရှိလို့လား? ဆိုင်မှာ ပါတီဘာညာလေ"

Jennie စကားပြန်စတော့ အစ်မက Jennie ကို မေးထောက်ကြည့်ကာ ခေါင်းခါပြသည်။

"အကုန်ပြန်လွှတ်မှာ အဲ့ည ဆိုင်မှာတစ်ယောက်မှရှိမှာမဟုတ်ဘူး"

ကယောင်ကတမ်းဖြင့် ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဆံပင်တို့ကိုသပ်တင်ပြီး သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်။

"Jane"

ခပ်ဖွဖွခေါ်သံကြောင့် Jennie လှည့်ကြည့်တော့ အစ်မက သူ့လက်ညှိုးဖျားကို Jennie ဖက်သို့ ကမ်းထားသည်။

"Jane လက်ညှိုးအဖျားလေးနဲ့ထိကြည့်"

လက်ဖျားနှစ်ခုထိသွားသည့်အခါ နှလုံးခုန်သံတို့ လှပ်ခနဲဖြစ်သွားသည်။ အစ်မသည် ထိုလက်တို့ကိုစိုက်ကြည့်၍ ပြုံးနေသည်။ နှစ်လိုဖွယ်အပြုံးမျိုး၊ ကြည်နူးစိတ်တို့ပြည့်နေသည့်အပြုံးမျိုးဖြစ်သည်။

"ခံစားလို့ရလား"

"ဘာကိုလဲ"

သူမ ပြန်မေးတော့ အစ်မက အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ပြီး အံကိုကြိတ်သည်။ အပြုံးဟာ ပျောက်ကွယ်မသွား။

"ကြိုးတွေလေ .. ရစ်ပတ်နေတာ။ Jane ရဲ့ .. ဒီကနေ ..

အားနေသည့် ညာဘက်လက်တို့ဖြင့် အစ်မသည် Jennie ၏ ဝဲဘက်ရင်အုံကို ခပ်ဖြေးဖြေး လက်ညှိုးထိုးပြပြီးနောက် Jennie ၏ လက်မောင်းမှတစ်လျှောက် လက်ဖျားဆီအထိ ညွှန်ပြသည်။ အဆုံးသတ်ရာနေရာသည် အစ်မ၏ ဝဲဘက်ရင်အုံဖြစ်သည်။

"အစ်မရဲ့ ဒီနေရာကို ရစ်ပတ်နေတဲ့ ကြိုးတွေ"

သဘောကျစွာဖြင့် ခစ်ခနဲတစ်ချက်ရယ်ချလိုက်တော့ အစ်မကပါ ခပ်ဟဟရယ်မောသည်။ ထို့နောက်တော့ ဖြတ်ခနဲပင် Jennie ၏ လက်အား သူ့လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်လိုက်သည်။

မထင်မှတ်ထားသည်မှာ အစ်မသည် သူမ၏လက်ဖမိုးအား သူ့မျက်နှာထဲနစ်ဝင်မတတ် ငုံ့နမ်းနေခြင်းပင်။ သူမ၏ လက်ဖမိုးကိုနှာဖျားဖြင့်ထိ၍ အသက်ကို ပြင်းစွာရှိုက်သွင်းလိုက်သည့်အစ်မ၏အပြုအမူကြောင့် Jennie စိတ်တို့ ဦးတည်ရာမဲ့လာသည်။ ခေါင်းငုံ့ထားသည့်အစ်မဟာ မျက်လုံးတွေပါမှိတ်ထားဆဲ။

Jennie သည် ကျန်လက်တစ်ဖက်ဖြင့် အစ်မ၏ ပါးတစ်ဖက်သို့အုပ်ကိုင်လိုက်သည်။ မျက်လုံးများဖွင့်၍ မော့ကြည့်လာသည့် အစ်မ၏အကြည့်တို့နှင့် သူမမျက်ဝန်းတို့ဆုံသည့်အခါ ကြယ်ကြွေနှစ်ခုဝင်တိုက်သကဲ့သို့ ရင်ဘတ်အတွင်းမှ သတ္တဝါသည် ဝုန်းခနဲ ရုန်းကြွလာသည်။

အစ်မဟာ သိပ်ဆိုးတာပဲ။ Jennie လက်နှစ်ဖက်ကို သူ့ပါးတွေပေါ်တင်ပြီး သူ့မျက်နှာကို ပွတ်သပ်နေတယ်။ လက်ဖဝါးတွေကိုနမ်းတယ်။ လက်ဖမိုးတွေကိုနမ်းတယ်။ Jennie လက်ချောင်းတွေရဲ့အဖျားကို သူ့နှုတ်ခမ်းတွေအပေါ်တင်ပေးတယ်။

"Jane"

အသိစိတ်လွတ်မတတ်ဖြစ်နေတာ အစ်မတစ်ယောက်တည်းမဟုတ်ပါဘူးလို့ Jennie ဝန်ခံချင်သည်။ အစ်မ၏ခေါ်သံကို Jennie ပြန်ထူးနိုင်စွမ်းမရှိသေး။ စိတ်ကို အတင်းထိန်းချုပ်နေရသည်။

"Christmas ညမှာ လာမယ်မလား?"

တောင်းဆိုနေသည့်ထိုမျက်ဝန်းတို့သည် Christmas မတိုင်ခင် ဒီကာလကြားမှာတောင် သည်းခံနိုင်စွမ်းရှိရဲ့လားမသေချာတဲ့ မျက်ဝန်းများဖြစ်သည်။

Jennie ခေါင်းငြိမ့်ပြလိုက်မိသည်ထင်သည်။ အစ်မသည် နှုတ်ခမ်းတို့အား အားရပါးရတွန့်ကွေး၍ ပြုံးလိုက်ပြီးနောက် သူမ၏ လက်တို့ကို နောက်ဆုံးအကြိမ်အဖြစ် နစ်ဝင်မတတ်နမ်းရှိုက်နေပြန်ပါသည်။

TBC ...... 🧵
5 December 2020

•••

"အဲ့ဒါ အစပ္ဘူးႀကီး Jane"

အစ္မသည္ ေျပာလဲေျပာရင္း Jennie လက္ထဲမွ ေခါက္ဆြဲဘူးအား ဆြဲယူသည္။ Jongsuk ႏွင့္တကြ shooting လုပ္ေနသည့္ လုပ္ေဖာ္ကိုင္ဖက္မ်ားက သူမႏွင့္အစ္မကို အာ႐ုံေပးလာၾကသည္။

"ညီမစားခ်င္လို႔ အစပ္"

Jennie သည္ သူမလက္ထဲမွ ေခါက္ဆြဲဘူးကိုမလႊတ္။ အစ္မကလဲ မရရေအာင္ဆြဲယူေနသည္။ Lunch brake time ၌ ပုံမွန္ဆိုလၽွင္ အရသာရွိရွိ အသားဘာညာစားျဖစ္ၾကေသာ္ျငား ယေန႔ေတာ့ျဖင့္ သူမတို႔တစ္႐ုံးလုံး shooting ေတြဆက္ေနသည္။ အလုပ္အရွုပ္ဆုံးကလဲ သူမႏွင့္အစ္မပင္ျဖစ္သည္။ ေခါက္ဆြဲဘူးလုေနရာမွ အစ္မသည္ အေလၽွာ့ေပးလိုက္ပုံေပၚသည္။ သူ႔အိတ္ထားထားရာေနရာကို သြားသည္။

"ဒါစား ေရာ့"

အစ္မသည္ သူလြယ္ေနက် အိတ္ႀကီးထဲမွ ဘူးတစ္ခုကိုထုတ္ယူလာၿပီးေပးသည္။ Jennie အလုပ္ထဲမွလူမ်ားကို တစ္ခ်က္အကဲခတ္ၾကည့္ေတာ့ ထင္ထားသည့္အတိုင္း သူမႏွင့္အစ္မကို အကဲခတ္ၾကည့္ေနသည္။

"မေျပာဘူးလား? အစ္မနဲ႔ရင္းႏွီးဟန္ျပလိုက္တာနဲ႔ Jane ကို အထင္လြဲကုန္ၾကမွာပါလို႔"

အစ္မ၏ခပ္တိုးတိုးေျပာသံ၌ Jennie စိတ္တို႔ ေမာဟိုက္သြားသည္။

"Jongsuk ဒီေန႔ shooting ေတြ ရပ္လိုက္ၾကရေအာင္"

ခ်က္ခ်င္းႀကီး ထေျပာလိုက္တဲ့ Jennie ေၾကာင့္ အကုန္ေၾကာင္ကုန္သည္။ မတတ္နိုင္။ သူမအနည္းငယ္ စိတ္ဆတ္လာရသည္။

"ကၽြန္မနဲ႔ Jisoo ထမင္းအတူစားဖို႔ေျပာထားလို႔ပါ။ မနက္ျဖန္ခပ္ေစာေစာ လာခဲ့မယ္ေနာ္။ ဒီညေနေတာ့ ႐ုံးျပန္မတက္ေတာ့ဘူး။ အကုန္လုံး ျပန္လို႔ရပါၿပီ"

ထိုလုပ္ပိုင္ခြင့္တို႔ကို Jennie ဘယ္တုန္းကမွ အသုံးမခ်ခဲ့ဖူးေပ။ Jongsuk က မတတ္သာသည့္အဆုံးေတာ့ Jennie ႏွင့္ အျငင္းအခုံမျဖစ္ခ်င္သည့္အေလ်ာက္ အကုန္လုံးကို ႐ုံးဆင္းခြင့္ေပးလိုက္သည္။

"ညီမကားနဲ႔ပဲလိုက္ခဲ့"

Jennie အေရွ႕မွ ခပ္ျမန္ျမန္ေလၽွာက္ၿပီးသြားေတာ့ အစ္မက ေျပးလိုက္လာဟန္ရွိသည္။ အေနာက္နားမွ ထိုခပ္ျမန္ျမန္ေျခသံတို႔အား Jennie အသားက်ေနၿပီ။ အစ္မဟာအျမဲ Jennie ကို စိတ္မပ်က္နိုင္စြာ အျမဲလိုလို .. အေနာက္ကေန ေျပးလိုက္ေနက်ပဲ။

"December ေတာင္ ေရာက္ေနၿပီပဲ"

ကားထဲအဝင္ ခါးပတ္ပတ္ရင္းေျပာလိုက္တဲ့အစ္မရဲ့စကား။ Jennie ဘာတစ္ခြန္းမွျပန္မေျပာျဖစ္။ ကားထဲဝင္ထိုင္လိုက္သည့္တိုင္ ရင္ေတြခုန္ေနသည္။ အစ္မနဲ႔ပတ္သက္လာရင္ အရာအားလုံးက ထူးဆန္းေနေတာ့တာပဲ။

"ခါးပတ္ပတ္ေပးမယ္ေနာ္"

အစ္မသည္ ခြင့္ေတာင္းျခင္းမဟုတ္ပဲ အသိေပးျခင္းျဖစ္သည္။ ခါးပတ္ႀကိဳးကိုကိုင္ၿပီး Jennie ေရွ႕တည့္တည့္သို႔ နီးကပ္လာသည့္ သူ႔မ်က္ႏွာကို Jennie စူးစိုက္ၾကည့္လိုက္မိသည္။ ထိုႏွုတ္ခမ္းလႊာတို႔ကိုျမင္သည့္အခါ အရင္တစ္ပတ္ကမွ ေလာေလာလတ္လတ္ေပးထားၾကသည့္ အနမ္းတို႔ကို သတိရသြားသည္။ အဲ့တုန္းကဆို ႏွုတ္ခမ္းေပါက္မတတ္ အစ္မက သူမကို ဖိကပ္နမ္းေနခဲ့တာ။ မ်က္ရည္ေတြၾကားကေန ဆက္တိုက္နမ္းခဲ့တာ။ အသက္ရွူသံအျပင္းဆုံးနဲ႔ .. Jennie ရဲ့ ပုခုံးသားေတြကို သူ႔လက္ဖဝါးေတြနဲ႔ အတင္းျဖစ္ညႇစ္ၿပီး ဖက္ထားၿပီးေတာ့ကိုနမ္းခဲ့တာ။

"Jane အခုစဥ္းစားေနတာကို အစ္မလဲစဥ္းစားေနတယ္"

႐ုတ္တရက္ ႏွုတ္ခမ္းကို ျဖတ္ခနဲနမ္းၿပီး ေျပာလိုက္တဲ့အစ္မေၾကာင့္ Jennie ေက်ာမ်ားမတ္သြားသည္။ အစ္မက ခပ္ဖြဖြျပဳံးၿပီး သူ႔ေနရာမွာသူ ေသခ်ာျပန္ထိုင္သည္။

"အသားစားမလား? ညီမ အခုတေလာ ပဲေခါက္ဆြဲစားခ်င္ေနတာ"

ကားကို ခပ္ေျဖးေျဖးေမာင္းရင္း စကားစလိုက္သည္။ အစ္မႏွင့္ဆက္ဆံရတာ အနည္းငယ္ေပါ့ပါးလာသည္ဟုဆိုရမည္။ အစ္မ၏ အခက္အခဲကို သိသြားေသာေၾကာင့္လဲျဖစ္နိုင္သည္။ အစ္မက သိပ္ဆိုးတာပဲ။ ဟုတ္တယ္မလား? Jennie တစ္ေယာက္တည္း နာက်င္ဝမ္းနည္းၿပီး သူ႔ကိုစိတ္တိုရေအာင္ အကုန္ဖုံးကြယ္ထားတယ္။ အစ္မက သိပ္ဆိုးတာပဲ။

"Jane စားခ်င္တာစားေလ။ အစ္မက Jane စားတာစားမယ္"

တည္တည္ၿငိမ္ၿငိမ္ႏွင့္ထိုအသံသည္ သူ႔အေမကိုမုန္းသည္ဟု ေအာ္ဟစ္ေျပာျပေနခဲ့တုန္းကလိုမ်ိဳးအသံေတြမဟုတ္ေတာ့။ အစ္မက ထိုကိစၥကို Jennie ႏွင့္ ထပ္၍ေျပာခ်င္သည့္ပုံမေပၚ။ သူမကေတာ့ အခြင့္ရလၽွင္ အစ္မ၏ထိုအခက္အခဲကို ေျပေပ်ာက္သြားေစခ်င္သည္။ သို႔ေသာ္ ထိုအရာသည္ ျဖစ္တည္မွု၊ ခံယူခ်က္မ်ား၊ ခံစားခ်က္မ်ားႏွင့္ပတ္သက္သည့္အပိုင္းမို႔ Jennie ဘာမွ မတတ္နိုင္ျပန္။

"ေပကုန္ၿပီ။ ေျဖးေျဖးစားမွေပါ့"

အစ္မသည္ Jennie ႏွုတ္ခမ္းေထာင့္မွ ပဲေခါက္ဆြဲအႏွစ္တို႔ကို သူ႔လက္မနဲ႔သုတ္ၿပီးေနာက္ ထိုလက္မအား လၽွာဖ်ားႏွင့္တို႔သည္။ တူအစုံကိုကိုင္ထားသည့္လက္တို႔ မျမဲခ်င္။ ပဲေခါက္ဆြဲကိုသာ ငုံ႔စားလိုက္သည္။

"Christmas ညက်ရင္ အစ္မဆီကိုလာအိပ္မလား?"

"အဟြတ္အဟြတ္!!!!!!"

ေခါက္ဆြဲအေခ်ာင္းလိုက္နင္သည့္အျဖစ္မ်ိဳး ယခုမွၾကဳံဖူးသည္။ အစ္မဟာ အခုမွ ပ်ာပ်ာသလဲ ေရငွဲ႕ေပးၿပီး Jennie ကို စိုးရိမ္တႀကီးၾကည့္ေနသည္။

"မ်က္ႏွာေတြပါရဲသြားတာပဲ .. sorry sorry စားၿပီးမွေမးလိုက္ရမွာကို"

Jisoo Kim သည္ သူပီသစြာပဲ တည္ၿငိမ္ေနျပန္သည္။ ေခါက္ဆြဲမ်ားကုန္သြားသည့္အခါ အစ္မက တစ္သၽွဴးမ်ားကိုဆြဲထုတ္၍ Jennie ကိုကမ္းေပးသည္။

"ပြဲရွိလို႔လား? ဆိုင္မွာ ပါတီဘာညာေလ"

Jennie စကားျပန္စေတာ့ အစ္မက Jennie ကို ေမးေထာက္ၾကည့္ကာ ေခါင္းခါျပသည္။

"အကုန္ျပန္လႊတ္မွာ အဲ့ည ဆိုင္မွာတစ္ေယာက္မွရွိမွာမဟုတ္ဘူး"

ကေယာင္ကတမ္းျဖင့္ ဆိုင္အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္မိသည္။ ဆံပင္တို႔ကိုသပ္တင္ၿပီး သက္ျပင္းကို ခပ္ဖြဖြခ်လိုက္သည္။

"Jane"

ခပ္ဖြဖြေခၚသံေၾကာင့္ Jennie လွည့္ၾကည့္ေတာ့ အစ္မက သူ႔လက္ညႇိုးဖ်ားကို Jennie ဖက္သို႔ ကမ္းထားသည္။

"Jane လက္ညႇိုးအဖ်ားေလးနဲ႔ထိၾကည့္"

လက္ဖ်ားႏွစ္ခုထိသြားသည့္အခါ ႏွလုံးခုန္သံတို႔ လွပ္ခနဲျဖစ္သြားသည္။ အစ္မသည္ ထိုလက္တို႔ကိုစိုက္ၾကည့္၍ ျပဳံးေနသည္။ ႏွစ္လိုဖြယ္အျပဳံးမ်ိဳး၊ ၾကည္ႏူးစိတ္တို႔ျပည့္ေနသည့္အျပဳံးမ်ိဳးျဖစ္သည္။

"ခံစားလို႔ရလား"

"ဘာကိုလဲ"

သူမ ျပန္ေမးေတာ့ အစ္မက ေအာက္ႏွုတ္ခမ္းကိုခပ္ဖြဖြကိုက္ၿပီး အံကိုႀကိတ္သည္။ အျပဳံးဟာ ေပ်ာက္ကြယ္မသြား။

"ႀကိဳးေတြေလ .. ရစ္ပတ္ေနတာ။ Jane ရဲ့ .. ဒီကေန ..

အားေနသည့္ ညာဘက္လက္တို႔ျဖင့္ အစ္မသည္ Jennie ၏ ဝဲဘက္ရင္အုံကို ခပ္ေျဖးေျဖး လက္ညႇိုးထိုးျပၿပီးေနာက္ Jennie ၏ လက္ေမာင္းမွတစ္ေလၽွာက္ လက္ဖ်ားဆီအထိ ညႊန္ျပသည္။ အဆုံးသတ္ရာေနရာသည္ အစ္မ၏ ဝဲဘက္ရင္အုံျဖစ္သည္။

"အစ္မရဲ့ ဒီေနရာကို ရစ္ပတ္ေနတဲ့ ႀကိဳးေတြ"

သေဘာက်စြာျဖင့္ ခစ္ခနဲတစ္ခ်က္ရယ္ခ်လိုက္ေတာ့ အစ္မကပါ ခပ္ဟဟရယ္ေမာသည္။ ထို႔ေနာက္ေတာ့ ျဖတ္ခနဲပင္ Jennie ၏ လက္အား သူ႔လက္ႏွစ္ဖက္လုံးျဖင့္ ဆုပ္ကိုင္လိုက္သည္။

မထင္မွတ္ထားသည္မွာ အစ္မသည္ သူမ၏လက္ဖမိုးအား သူ႔မ်က္ႏွာထဲနစ္ဝင္မတတ္ ငုံ႔နမ္းေနျခင္းပင္။ သူမ၏ လက္ဖမိုးကိုႏွာဖ်ားျဖင့္ထိ၍ အသက္ကို ျပင္းစြာရွိုက္သြင္းလိုက္သည့္အစ္မ၏အျပဳအမူေၾကာင့္ Jennie စိတ္တို႔ ဦးတည္ရာမဲ့လာသည္။ ေခါင္းငုံ႔ထားသည့္အစ္မဟာ မ်က္လုံးေတြပါမွိတ္ထားဆဲ။

Jennie သည္ က်န္လက္တစ္ဖက္ျဖင့္ အစ္မ၏ ပါးတစ္ဖက္သို႔အုပ္ကိုင္လိုက္သည္။ မ်က္လုံးမ်ားဖြင့္၍ ေမာ့ၾကည့္လာသည့္ အစ္မ၏အၾကည့္တို႔ႏွင့္ သူမမ်က္ဝန္းတို႔ဆုံသည့္အခါ ၾကယ္ေႂကြႏွစ္ခုဝင္တိုက္သကဲ့သို႔ ရင္ဘတ္အတြင္းမွ သတၱဝါသည္ ဝုန္းခနဲ ႐ုန္းႂကြလာသည္။

အစ္မဟာ သိပ္ဆိုးတာပဲ။ Jennie လက္ႏွစ္ဖက္ကို သူ႔ပါးေတြေပၚတင္ၿပီး သူ႔မ်က္ႏွာကို ပြတ္သပ္ေနတယ္။ လက္ဖဝါးေတြကိုနမ္းတယ္။ လက္ဖမိုးေတြကိုနမ္းတယ္။ Jennie လက္ေခ်ာင္းေတြရဲ့အဖ်ားကို သူ႔ႏွုတ္ခမ္းေတြအေပၚတင္ေပးတယ္။

"Jane"

အသိစိတ္လြတ္မတတ္ျဖစ္ေနတာ အစ္မတစ္ေယာက္တည္းမဟုတ္ပါဘူးလို႔ Jennie ဝန္ခံခ်င္သည္။ အစ္မ၏ေခၚသံကို Jennie ျပန္ထူးနိုင္စြမ္းမရွိေသး။ စိတ္ကို အတင္းထိန္းခ်ဳပ္ေနရသည္။

"Christmas ညမွာ လာမယ္မလား?"

ေတာင္းဆိုေနသည့္ထိုမ်က္ဝန္းတို႔သည္ Christmas မတိုင္ခင္ ဒီကာလၾကားမွာေတာင္ သည္းခံနိုင္စြမ္းရွိရဲ့လားမေသခ်ာတဲ့ မ်က္ဝန္းမ်ားျဖစ္သည္။

Jennie ေခါင္းၿငိမ့္ျပလိုက္မိသည္ထင္သည္။ အစ္မသည္ ႏွုတ္ခမ္းတို႔အား အားရပါးရတြန့္ေကြး၍ ျပဳံးလိုက္ၿပီးေနာက္ သူမ၏ လက္တို႔ကို ေနာက္ဆုံးအႀကိမ္အျဖစ္ နစ္ဝင္မတတ္နမ္းရွိုက္ေနျပန္ပါသည္။

TBC ...... 🧵
5 December 2020

Continue Reading

You'll Also Like

17.9K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
135K 21.5K 44
Novelနှင့်သက်ဆိုင်သည့်အချက်အလက်အားလုံးကို Description တွင် ထည့်ထားပါသည်။ Start Date - 9.12.2022 End date - ~Just Fan translation ~
95.5K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
157K 10.8K 22
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။