"အဲ့ဒါ အစပ်ဘူးကြီး Jane"
အစ်မသည် ပြောလဲပြောရင်း Jennie လက်ထဲမှ ခေါက်ဆွဲဘူးအား ဆွဲယူသည်။ Jongsuk နှင့်တကွ shooting လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်များက သူမနှင့်အစ်မကို အာရုံပေးလာကြသည်။
"ညီမစားချင်လို့ အစပ်"
Jennie သည် သူမလက်ထဲမှ ခေါက်ဆွဲဘူးကိုမလွှတ်။ အစ်မကလဲ မရရအောင်ဆွဲယူနေသည်။ Lunch brake time ၌ ပုံမှန်ဆိုလျှင် အရသာရှိရှိ အသားဘာညာစားဖြစ်ကြသော်ငြား ယနေ့တော့ဖြင့် သူမတို့တစ်ရုံးလုံး shooting တွေဆက်နေသည်။ အလုပ်အရှုပ်ဆုံးကလဲ သူမနှင့်အစ်မပင်ဖြစ်သည်။ ခေါက်ဆွဲဘူးလုနေရာမှ အစ်မသည် အလျှော့ပေးလိုက်ပုံပေါ်သည်။ သူ့အိတ်ထားထားရာနေရာကို သွားသည်။
"ဒါစား ရော့"
အစ်မသည် သူလွယ်နေကျ အိတ်ကြီးထဲမှ ဘူးတစ်ခုကိုထုတ်ယူလာပြီးပေးသည်။ Jennie အလုပ်ထဲမှလူများကို တစ်ချက်အကဲခတ်ကြည့်တော့ ထင်ထားသည့်အတိုင်း သူမနှင့်အစ်မကို အကဲခတ်ကြည့်နေသည်။
"မပြောဘူးလား? အစ်မနဲ့ရင်းနှီးဟန်ပြလိုက်တာနဲ့ Jane ကို အထင်လွဲကုန်ကြမှာပါလို့"
အစ်မ၏ခပ်တိုးတိုးပြောသံ၌ Jennie စိတ်တို့ မောဟိုက်သွားသည်။
"Jongsuk ဒီနေ့ shooting တွေ ရပ်လိုက်ကြရအောင်"
ချက်ချင်းကြီး ထပြောလိုက်တဲ့ Jennie ကြောင့် အကုန်ကြောင်ကုန်သည်။ မတတ်နိုင်။ သူမအနည်းငယ် စိတ်ဆတ်လာရသည်။
"ကျွန်မနဲ့ Jisoo ထမင်းအတူစားဖို့ပြောထားလို့ပါ။ မနက်ဖြန်ခပ်စောစော လာခဲ့မယ်နော်။ ဒီညနေတော့ ရုံးပြန်မတက်တော့ဘူး။ အကုန်လုံး ပြန်လို့ရပါပြီ"
ထိုလုပ်ပိုင်ခွင့်တို့ကို Jennie ဘယ်တုန်းကမှ အသုံးမချခဲ့ဖူးပေ။ Jongsuk က မတတ်သာသည့်အဆုံးတော့ Jennie နှင့် အငြင်းအခုံမဖြစ်ချင်သည့်အလျောက် အကုန်လုံးကို ရုံးဆင်းခွင့်ပေးလိုက်သည်။
"ညီမကားနဲ့ပဲလိုက်ခဲ့"
Jennie အရှေ့မှ ခပ်မြန်မြန်လျှောက်ပြီးသွားတော့ အစ်မက ပြေးလိုက်လာဟန်ရှိသည်။ အနောက်နားမှ ထိုခပ်မြန်မြန်ခြေသံတို့အား Jennie အသားကျနေပြီ။ အစ်မဟာအမြဲ Jennie ကို စိတ်မပျက်နိုင်စွာ အမြဲလိုလို .. အနောက်ကနေ ပြေးလိုက်နေကျပဲ။
ВИ ЧИТАЄТЕ
ချည်တိုင်
Фанфікиချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...