အထူးကုေဆးရံုျကီး၏ ေျကာ္ျငာဘုတ္ေရွ႔တြင္ လူမ်ားစုရံုးကာ တီးတိုးစကားဆိုေနျကသည္။ ေျပာင္းေရႊ႕စာရင္း၊ ရာထူးတိုးစာရင္းကို (၆)လတစ္ႀကိမ္ ေၾကျငာၿပီး၊ ပညာသင္ဆုစာရင္းကို (၂)ႏွစ္ တစ္ျကိမ္ ေျကျငာသည္မို႔ ယေန့က ထူးထူးျခားျခား စည္ကားေနေလသည္။
"ဟယ္...၊ ငါ အဲ့ဌာနမွဴးနဲ႔ အတူက်တာေပါ့ေလ၊ ေပ်ာ္ေပ်ာ္ႀကီးကို ေျပာင္းလိုက္အံုးမယ္၊ ဌာနမွဴးမ်က္ႏွာၾကည့္ၿပီး ေန႔တိုင္း အားျပည့္ေနေတာ့မွာပဲ"
"အားယား၊ နင့္ကို အားက်လိုက္တာဟယ္"
"ဒီတစ္ခါလည္း ငါမပါျပန္ဘူးဟ"
"ေနာက္တစ္ခါေပါ့ကြာ"
"အားယား ဒီတစ္ေခါက္ ပညာသင္ဆု(၅)ေယာက္ထဲ ပါတယ္"
"သားရီးရာ၊ ဂုဏ္ယူပါတယ္"
အားလံုးရဲ႕ ဝမ္းနည္းဝမ္းသာ စကားသံေတြက ကၽြတ္စီကၽြတ္စီ ညံေနေလသည္။
အထူးကုဆရာဝန္ႀကီး၏ ရံုးခန္း၌ ဆရာဝန္ႀကီး၏ ေခၚယူမႈေၾကာင့္ ဆရာဝန္ငယ္ေလးတစ္ဦး ေရာက္ရွိလို႕လာသည္။
"ဆရာ၊ ကၽြန္ေတာ္ကို ေခၚတယ္ဆို"
"ေအး၊ ဆရာေျပာထားတဲ့ လိပ္စာအတိုင္း သြားလိုက္"
"ဒါဆို ဆရာTumcialကေရာ"
"သူ ဒီႏွစ္ေတာ့ သြားရမယ္"
"ဒါေပမဲ့၊ ဆရာ Patientက"
"ရတယ္၊ Patientနဲ႔ အုပ္ထိန္းသူေတြကို ဆရာေျပာၿပီးၿပီ"
"ဟုတ္ကဲ့၊ဆရာ"
###########
Flash back...!
"ဟဲ့ အခန္းနံပါတ္ (၂၂၄)က လူနာက ငယ္ငယ္ေလးေနာ္"
"ဟုတ္ပါ့ဟယ္၊ ငါျဖင့္ သနားလို႔ မဆံုးဘူး"
"အေျခေန ဆိုးလို႔လား၊ ဒီတစ္ႏွစ္အတြင္း ေဆးရံုတက္လိုက္ ဆင္းလိုက္နဲ႔ေလ"
"ေသြးေရာဂါဌာနက ဆရာႀကီးနဲ့ ငါ့ဆရာနဲ႔ ေျပာေနတုန္းမွာ ၾကားလိုက္တာဟ၊ (____)ပဲ ခံေတာ့မွာတဲ့"
"ဘာ....တကယ္"
ဆရာမေလးႏွစ္ေယာက္ ေျပာေနသည္ကို တစြန္းတစ ၾကားလိုက္ယံုနဲ႔ ကၽြန္ေတာ္က မသိဘဲ ေနမတဲ့လား။
ေမေမနဲ႔ေဖေဖတို႔ ကၽြန္ေတာ္ကို မေျပာခဲ့တာကို ကၽြန္ေတာ္ နားလည္ပါတယ္။ လူနာကို ေရာဂါအေၾကာင္း မေျပာျပတက္တာဟာ ေဆးရံုမွာ ရွိေနၿပီးတဲ့ လုပ္႐ိုးလုပ္စဥ္ႀကီး တစ္ခုဆိုတာ ကၽြန္ေတာ္လက္ခံပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္က ခုမွ ဆယ္ေက်ာ္သက္ အရြယ္ေလးပဲ ရွိေသးတာေလ။ ဘယ္သူကေရာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ႏွဳတ္ဆက္ခ်င္မွာလဲ။ ေသမွာကို သိေနတဲ့ ကၽြန္ေတာ္ကလည္း ေပ်ာ္မေနပါဘူးေနာ္။ ကၽြန္ေတာ္ ျဖစ္ခ်င္တာေတြ၊ လုပ္ခ်င္တာေတြ၊ ဘာဆို ဘာမွ မစဥ္းစားရေသးဘူး။ ယုတ္စြအဆံုး ကၽြန္ေတာ္ခ်စ္တဲ့သူနဲ႔ေတာင္ ေလွ်ာက္မလည္ရေသးဘူးေလ။ ဒါနဲ႔ပဲ.....။
"ေဖေဖ၊ ေမေမ၊ Gun ေျပာစရာရွိပါတယ္"
"ေျပာေလ၊ သားေလး"
အဲ့ဒါနဲ႔ပဲ ကၽြန္ေတာ္ရဲ႕ ဘယ္တုန္းက ခ်စ္မိသြားမွန္း မသိတဲ့ ခ်စ္လွစြာေသာ အကိုနဲ႔ ခရီးထြက္ခ်င္ေၾကာင္း ခြင့္ေတာင္းခဲ့တယ္။ ထံုးစံအတိုင္း ေမေမနဲ႔ေဖေဖက ခြင့္မျပဳဘူးေပါ့။ ဒါနဲ႔ပဲ ကၽြန္ေတာ္ ေရာဂါအေျခေနကို စ/လယ္/ဆံုး သိေနၿပီ ျဖစ္တဲ့အေၾကာင္း ေျပာျပလိုက္ေတာ့ ေမေမက အရမ္းကို ငိုေနခဲ့တာေပါ့။ ေနာက္ဆံုးမွာေတာ့ ေဖေဖတို႔က ခြင့္ျပဳခဲ့လို႔ ခရီးသြားဖို႔ျဖစ္လာခဲ့တာ။
flash back end!
##########
ယခုအျပန္ခရီးတြင္ေတာ့ Sunစီစဥ္ေပးတဲ့အတိုင္းကၽြန္ေတာ္တို႔ ကားကို ေမာင္းဖို႔ driverတစ္ေယာက္ ေရာက္လို႔လာသည္။ အျပန္ခရီးေလးက အသြားတုန္းကထက္ ပိုေပ်ာ္ဖို႔ ေကာင္းေနေလေတာ့သည္။ ဟုတ္သည္ေလ၊ အသြားတုန္းက ကၽြန္ေတာ္ေကာင္ေလးကို ကၽြန္ေတာ္က လိုက္ေနတုန္း၊ အခုအျပန္ၾကေတာ့ ကၽြန္ေတာ္ေကာင္ေလးနဲ႔ကၽြန္ေတာ္က အတည္ႀကီး ခ်စ္သူေတြ ျဖစ္ေနၾကၿပီ။ ကဲ ေပ်ာ္စရာမေကာင္းဘူးလား။
"အကို ဒီမွာပါခင္ဗ်"
ကားေမာင္းသူ အကိုရဲ့လက္ထဲ ေသာ့ကို လႊဲအပ္လိုက္ျပီးေနာက္ က်ြန္ေတာ္လည္း Gunနဲ့အတူတူ ကားေနာက္ထဲတြင္ ဇိမ္ရွိရွိ လိုက္လာခဲ့သည္။
"အကိုOff...ဒါေလးစားၾကည့္"
strawberry နီရဲရဲေလးေတြကို ကၽြန္ေတာ္ဆီ ကမ္းေပးရင္း ကိုယ္တိုင္ကလည္း တျမံဳ႕ျမံဳ႕ ဝါးေနေလသည္။ လႈပ္စိလႈပ္စိ ျဖစ္ေနသည့္ ႏွဳတ္ခမ္းတစ္စံုေၾကာင့္ ကၽြန္ေတာ္အၾကည့္တို႔က မလႊဲႏိုင္ျဖစ္ေနရသည္။
"ဒါေလး စားၾကည့္ဆို...အြတ္!!!"
အခ်ိန္တစ္ခု ၾကားၿပီးေနာက္၊ ခပ္ရဲရဲ ႏွဳတ္ခမ္းတို႔က ပို၍ပို၍ ရဲတက္သြားသည္ကို ၾကည့္ရင္း Offမိမိႏွဳတ္ခမ္းကို လွ်ာဖ်ားေလးျဖင့္သပ္လိုက္သည္။
"အရသာ ရွိလိုက္တာ"
"အကိုOff... အကိုက ကေလးလား၊ Gunကို ကိုက္စရာလား"
"အင္း၊ ခုမွ သြားေပါက္ခါစေလးဆိုေတာ့ အဟား"
တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည္စယ္သံေတြက ကားထဲပ်ံ႕လြင့္လို႔ လာေနေတာ့သည္။
###########
Gunကို အိမ္အထိပို႔ေပးၿပီးေနာက္ ေဆးရံုက phေၾကာင့္ မနားဘဲ တန္းလာလိုက္သည္။ ေဆးရံုေရာက္ေတာ့လည္း တစ္လမ္းလံုး သိသမွ် ေဆးရံုဝန္ထမ္းေတြက Off ကို ႏွဳတ္ဆက္ၾကသည္။ ေတာ္ေတာ္မ်ားမ်ားက ဂုဏ္ျပဳစကားဆိုၾကသည္။
"ဂုဏ္ျပဳပါတယ္ ဆရာေရ"
"ဂုဏ္ယူပါတယ္ သူငယ္ခ်င္းရာ"
အားလံုးကို ျပံဳးျပႏႈတ္ဆက္ရင္းသာ ဆရာႀကီးရွိရာ ရံုးခန္းဆီသို႔ လာလိုက္ရသည္။ အေျခေနတစ္ခုလံုးကို Offအေနနဲ႔ ရိပ္မိသိရွိျခင္း မရွိေသးပါ။
"ဆရာႀကီး၊ ကၽြန္ေတာ္ေရာက္ပါၿပီ"
"ေအးကြာ ၊ ထိုင္ပါအံုး"
"ဟုတ္ကဲ့"
ထိုင္ခံုမွာ ဝင္ထိုင္လိုက္ရင္း ဆရာႀကီးေျပာလာမည့္စကားကို ေစာင့္ေနေလသည္။
"ဒါေလး"
မ်က္စိေရွ႕ကို တြန္းပို႔လိုက္တဲ့ စာရြက္စာတမ္းေတြကို ယူၾကည့္လိုက္ေတာ့ တစ္လအတြင္း လိုက္ပါစီးနင္းရမည့္ ေလေၾကာင္းလိုင္းႏွင့္ တက္ေရာက္ရမည့္ ေက်ာင္း၏ အခ်က္အလက္တို႔ကို အက်ယ္တဝင့္ ရွင္းျပထားေလသည္။ သင္တန္းကာလက (၂)ႏွစ္။
"ဆရာ...ဒါက"
"ဆရာကေတာ့ သြားေစခ်င္တယ္"
"ဒါေပမဲ့...ကၽြန္ေတာ္ မသြားခ်င္ဘူး ဆရာ"
ကၽြန္ေတာ္ မသြားခ်င္ဘူး။ ခ်စ္ရသူနဲ႔ အခ်ိန္ေကာင္းေတြ ကုန္ဆံုးရမယ့္ ေန႔ရက္ေတြကိုပဲ ကၽြန္ေတာ္ေမွ်ာ္လင့္တယ္။ ကၽြန္ေတာ္ သြားလိုက္ရင္၊ Gunကေရာ၊ ကေလးကေရာ၊ ကေလးက ဘယ္လိုလုပ္မလဲ။ မက်န္းမာတဲ့ ကၽြန္ေတာ္ေကာင္ေလးကို တစ္ေယာက္တည္း မထားခဲ့ႏိုင္ပါ။ ျမတ္ႏိုးပါတယ္၊ ေစာင့္ေရွာက္ခ်င္ပါတယ္ ေျပာထားၿပီး ေနာက္ဆံုးေတာ့ ကၽြန္ေတာ္က ခ်စ္သူကိုပစ္ၿပီး လူေတြရဲ႕ အတၱအတိုင္း ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ေအာင္သြားတဲ့ လူယုတ္မာႀကီး ျဖစ္ေနေတာ့မွာ။
"ဟင့္အင္း၊ ကၽြန္ေတာ္ မသြားဘူး၊ဆရာ ၊ တျခားသူကို အစားထိုးလိုက္ပါ"
Offသည္ ျပတ္ျပတ္သားသား ျငင္းဆိုလိုက္ပါေတာ့သည္။
_______Mine______
ေက်းဇူးတင္စြာျဖင့္။
BLOOM
4/12/2020
Unicode
အထူးကုဆေးရုံကြီး၏ ကြော်ငြာဘုတ်ရှေ့တွင် လူများစုရုံးကာ တီးတိုးစကားဆိုနေကြသည်။ ပြောင်းရွှေ့စာရင်း၊ ရာထူးတိုးစာရင်းကို (၆)လတစ်ကြိမ် ကြေငြာပြီး၊ ပညာသင်ဆုစာရင်းကို (၂)နှစ် တစ်ကြိမ် ကြေငြာသည်မို့ ယနေ့က ထူးထူးခြားခြား စည်ကားနေလေသည်။
"ဟယ်...၊ ငါ အဲ့ဌာနမှူးနဲ့ အတူကျတာပေါ့လေ၊ ပျော်ပျော်ကြီးကို ပြောင်းလိုက်အုံးမယ်၊ ဌာနမှူးမျက်နှာကြည့်ပြီး နေ့တိုင်း အားပြည့်နေတော့မှာပဲ"
"အားယား၊ နင့်ကို အားကျလိုက်တာဟယ်"
"ဒီတစ်ခါလည်း ငါမပါပြန်ဘူးဟ"
"နောက်တစ်ခါပေါ့ကွာ"
"အားယား ဒီတစ်ခေါက် ပညာသင်ဆု(၅)ယောက်ထဲ ပါတယ်"
"သားရီးရာ၊ ဂုဏ်ယူပါတယ်"
အားလုံးရဲ့ ဝမ်းနည်းဝမ်းသာ စကားသံတွေက ကျွတ်စီကျွတ်စီ ညံနေလေသည်။
အထူးကုဆရာဝန်ကြီး၏ ရုံးခန်း၌ ဆရာဝန်ကြီး၏ ခေါ်ယူမှုကြောင့် ဆရာဝန်ငယ်လေးတစ်ဦး ရောက်ရှိလို့လာသည်။
"ဆရာ၊ ကျွန်တော်ကို ခေါ်တယ်ဆို"
"အေး၊ ဆရာပြောထားတဲ့ လိပ်စာအတိုင်း သွားလိုက်"
"ဒါဆို ဆရာTumcialကရော"
"သူ ဒီနှစ်တော့ သွားရမယ်"
"ဒါပေမဲ့၊ ဆရာ Patientက"
"ရတယ်၊ Patientနဲ့ အုပ်ထိန်းသူတွေကို ဆရာပြောပြီးပြီ"
"ဟုတ်ကဲ့၊ဆရာ"
###########
Flash back...!
"ဟဲ့ အခန်းနံပါတ် (၂၂၄)က လူနာက ငယ်ငယ်လေးနော်"
"ဟုတ်ပါ့ဟယ်၊ ငါဖြင့် သနားလို့ မဆုံးဘူး"
"အခြေနေ ဆိုးလို့လား၊ ဒီတစ်နှစ်အတွင်း ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့လေ"
"သွေးရောဂါဌာနက ဆရာကြီးနဲ့ ငါ့ဆရာနဲ့ ပြောနေတုန်းမှာ ကြားလိုက်တာဟ၊ (____)ပဲ ခံတော့မှာတဲ့"
"ဘာ....တကယ်"
ဆရာမလေးနှစ်ယောက် ပြောနေသည်ကို တစွန်းတစ ကြားလိုက်ယုံနဲ့ ကျွန်တော်က မသိဘဲ နေမတဲ့လား။
မေမေနဲ့ဖေဖေတို့ ကျွန်တော်ကို မပြောခဲ့တာကို ကျွန်တော် နားလည်ပါတယ်။ လူနာကို ရောဂါအကြောင်း မပြောပြတက်တာဟာ ဆေးရုံမှာ ရှိနေပြီးတဲ့ လုပ်ရိုးလုပ်စဉ်ကြီး တစ်ခုဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်က ခုမှ ဆယ်ကျော်သက် အရွယ်လေးပဲ ရှိသေးတာလေ။ ဘယ်သူကရော ငယ်ငယ်ရွယ်ရွယ်နဲ့ နှုတ်ဆက်ချင်မှာလဲ။ သေမှာကို သိနေတဲ့ ကျွန်တော်ကလည်း ပျော်မနေပါဘူးနော်။ ကျွန်တော် ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ၊ ဘာဆို ဘာမှ မစဉ်းစားရသေးဘူး။ ယုတ်စွအဆုံး ကျွန်တော်ချစ်တဲ့သူနဲ့တောင် လျှောက်မလည်ရသေးဘူးလေ။ ဒါနဲ့ပဲ.....။
"ဖေဖေ၊ မေမေ၊ Gun ပြောစရာရှိပါတယ်"
"ပြောလေ၊ သားလေး"
အဲ့ဒါနဲ့ပဲ ကျွန်တော်ရဲ့ ဘယ်တုန်းက ချစ်မိသွားမှန်း မသိတဲ့ ချစ်လှစွာသော အကိုနဲ့ ခရီးထွက်ချင်ကြောင်း ခွင့်တောင်းခဲ့တယ်။ ထုံးစံအတိုင်း မေမေနဲ့ဖေဖေက ခွင့်မပြုဘူးပေါ့။ ဒါနဲ့ပဲ ကျွန်တော် ရောဂါအခြေနေကို စ/လယ်/ဆုံး သိနေပြီ ဖြစ်တဲ့အကြောင်း ပြောပြလိုက်တော့ မေမေက အရမ်းကို ငိုနေခဲ့တာပေါ့။ နောက်ဆုံးမှာတော့ ဖေဖေတို့က ခွင့်ပြုခဲ့လို့ ခရီးသွားဖို့ဖြစ်လာခဲ့တာ။
flash back end!
##########
ယခုအပြန်ခရီးတွင်တော့ Sunစီစဉ်ပေးတဲ့အတိုင်းကျွန်တော်တို့ ကားကို မောင်းဖို့ driverတစ်ယောက် ရောက်လို့လာသည်။ အပြန်ခရီးလေးက အသွားတုန်းကထက် ပိုပျော်ဖို့ ကောင်းနေလေတော့သည်။ ဟုတ်သည်လေ၊ အသွားတုန်းက ကျွန်တော်ကောင်လေးကို ကျွန်တော်က လိုက်နေတုန်း၊ အခုအပြန်ကြတော့ ကျွန်တော်ကောင်လေးနဲ့ကျွန်တော်က အတည်ကြီး ချစ်သူတွေ ဖြစ်နေကြပြီ။ ကဲ ပျော်စရာမကောင်းဘူးလား။
"အကို ဒီမှာပါခင်ဗျ"
ကားမောင်းသူ အကိုရဲ့လက်ထဲ သော့ကို လွှဲအပ်လိုက်ပြီးနောက် ကျွန်တော်လည်း Gunနဲ့အတူတူ ကားနောက်ထဲတွင် ဇိမ်ရှိရှိ လိုက်လာခဲ့သည်။
"အကိုOff...ဒါလေးစားကြည့်"
strawberry နီရဲရဲလေးတွေကို ကျွန်တော်ဆီ ကမ်းပေးရင်း ကိုယ်တိုင်ကလည်း တမြုံ့မြုံ့ ဝါးနေလေသည်။ လှုပ်စိလှုပ်စိ ဖြစ်နေသည့် နှုတ်ခမ်းတစ်စုံကြောင့် ကျွန်တော်အကြည့်တို့က မလွှဲနိုင်ဖြစ်နေရသည်။
"ဒါလေး စားကြည့်ဆို...အွတ်!!!"
အချိန်တစ်ခု ကြားပြီးနောက်၊ ခပ်ရဲရဲ နှုတ်ခမ်းတို့က ပို၍ပို၍ ရဲတက်သွားသည်ကို ကြည့်ရင်း Offမိမိနှုတ်ခမ်းကို လျှာဖျားလေးဖြင့်သပ်လိုက်သည်။
"အရသာ ရှိလိုက်တာ"
"အကိုOff... အကိုက ကလေးလား၊ Gunကို ကိုက်စရာလား"
"အင်း၊ ခုမှ သွားပေါက်ခါစလေးဆိုတော့ အဟား"
တစ်ယောက်နှင့်တစ်ယောက် ကြည်စယ်သံတွေက ကားထဲပျံ့လွင့်လို့ လာနေတော့သည်။
###########
Gunကို အိမ်အထိပို့ပေးပြီးနောက် ဆေးရုံက phကြောင့် မနားဘဲ တန်းလာလိုက်သည်။ ဆေးရုံရောက်တော့လည်း တစ်လမ်းလုံး သိသမျှ ဆေးရုံဝန်ထမ်းတွေက Off ကို နှုတ်ဆက်ကြသည်။ တော်တော်များများက ဂုဏ်ပြုစကားဆိုကြသည်။
"ဂုဏ်ပြုပါတယ် ဆရာရေ"
"ဂုဏ်ယူပါတယ် သူငယ်ချင်းရာ"
အားလုံးကို ပြုံးပြနှုတ်ဆက်ရင်းသာ ဆရာကြီးရှိရာ ရုံးခန်းဆီသို့ လာလိုက်ရသည်။ အခြေနေတစ်ခုလုံးကို Offအနေနဲ့ ရိပ်မိသိရှိခြင်း မရှိသေးပါ။
"ဆရာကြီး၊ ကျွန်တော်ရောက်ပါပြီ"
"အေးကွာ ၊ ထိုင်ပါအုံး"
"ဟုတ်ကဲ့"
ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ဆရာကြီးပြောလာမည့်စကားကို စောင့်နေလေသည်။
"ဒါလေး"
မျက်စိရှေ့ကို တွန်းပို့လိုက်တဲ့ စာရွက်စာတမ်းတွေကို ယူကြည့်လိုက်တော့ တစ်လအတွင်း လိုက်ပါစီးနင်းရမည့် လေကြောင်းလိုင်းနှင့် တက်ရောက်ရမည့် ကျောင်း၏ အချက်အလက်တို့ကို အကျယ်တဝင့် ရှင်းပြထားလေသည်။ သင်တန်းကာလက (၂)နှစ်။
"ဆရာ...ဒါက"
"ဆရာကတော့ သွားစေချင်တယ်"
"ဒါပေမဲ့...ကျွန်တော် မသွားချင်ဘူး ဆရာ"
ကျွန်တော် မသွားချင်ဘူး။ ချစ်ရသူနဲ့ အချိန်ကောင်းတွေ ကုန်ဆုံးရမယ့် နေ့ရက်တွေကိုပဲ ကျွန်တော်မျှော်လင့်တယ်။ ကျွန်တော် သွားလိုက်ရင်၊ Gunကရော၊ ကလေးကရော၊ ကလေးက ဘယ်လိုလုပ်မလဲ။ မကျန်းမာတဲ့ ကျွန်တော်ကောင်လေးကို တစ်ယောက်တည်း မထားခဲ့နိုင်ပါ။ မြတ်နိုးပါတယ်၊ စောင့်ရှောက်ချင်ပါတယ် ပြောထားပြီး နောက်ဆုံးတော့ ကျွန်တော်က ချစ်သူကိုပစ်ပြီး လူတွေရဲ့ အတ္တအတိုင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားတဲ့ လူယုတ်မာကြီး ဖြစ်နေတော့မှာ။
"ဟင့်အင်း၊ ကျွန်တော် မသွားဘူး၊ဆရာ ၊ တခြားသူကို အစားထိုးလိုက်ပါ"
Offသည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတော့သည်။
_______Mine______
ကျေးဇူးတင်စွာဖြင့်။
BLOOM
4/12/2020