🐱အချစ်ရဲ့နည်းလမ်း🐰{Complet...
By thethmue1005
281K 18.7K 557
သည်းခံနိုင်သလောက်သည်းခံပီး ချစ်ပေးမယ်ကိုကို သည်းမခံနိုင်ရင်တော့ ကျွန်တော်က အရွဲ့တိုက်တတ်တယ် More
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29(Final)
Part 25
8.3K 570 8
By thethmue1005
"ကျွန်တော် အနားယူချင်ပြီ အကိုရိပေါ် "
ကိုကို့ရဲ့ အဲ့လူကို ချစ်လို့လားဆိုတဲ့ မေးခွန်းကိုတော့ ကျန့်မဖြေချင် လိမ်ပြီးလည်းမဖြေ ချင်တာကြောင့် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက စကားလမ်းကြောင်းပြောင်းဖို့ပင်
"ဒါဆိုလည်း နားတော့လေ ကျန့်
အလုပ်ကိစ္စကို တော့ ကျန့် manager နဲ့ပဲ ပြောထားလိုက်တော့မယ်"
ကျန့်သူမေးတာကို မဖြေချင်လို့ တမင်ပြောမှန်း သူသိတယ် ဒါပေမယ့် ကျန့်ကို  စိတ်မရှုပ်စေချင်တာကြောင့် ထပ်မမေးဖို့ပဲ ဆုံးဖြတ်လိုက်တယ် လောစရာမလိုဘူး
ကျန့်အချစ်ကို ​ဖြေးဖြေးချင်းပဲ သိမ်းပိုက်ယူမယ်
"ဟုတ် အကိုရိပေါ် "
ကို​ကို ထွက်သွားမှပဲ တင်းထားတဲ့ ကျန့်ရဲ့ စိတ်တွေကို လျှော့ချပြီး
နီးရာ ကုတင်ပေါ်ထိုင်ချမိတယ်
သူ့ဘဝက လိုတာမရ ရတာမလို ဆိုတဲ့ ဘဝမျိုး
သူကိုကို့ကိ​ု အရမ်းချစ်နေချိန်တုန်းကတော့ ကိုကိုက သူ့ကို မချစ်ခဲ့ဘူး
ကိုကိုက ပြန်ချစ်လာတဲ့ အချိန်ကျတော့​လည်း အရွဲ့တိုက်ချင်စိတ်နဲ့ ထားခဲ့လိုက်တယ် ဒီကိစ္စအတွက် ငါးနှစ်လုံးလုံး နောင်တမရခဲ့ဘူး
ကိုယ့်စိတ်ကိုယ် အဆုံးထိလျစ်လျူရှုခဲ့တာမို့
ကိုကို့ရဲ့အချစ်ကိုလည်း ခနတာအတွက်ပဲ ထင်ခဲ့မိတာ
ခုတော့နောင်တရချင်လာပြီ
ကိုကိုရော သူရော နှစ်​ေယာက်လုံးက ချစ​်နေသေးပေမယ့်
တစ်ချိန်လုံး ဂရုစိုက်ပေးလာတဲ့ မားနဲ့ ကောကို လျစ်လျူရှုထားလို့ မရပြန်ဘူး
သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ ဒီလိုရှုပ်ထွေးတဲ့ အခြေအနေတွေကို သူကိုယ်တိုင် ဖန်တီးခဲ့မိတာလေ
  သူရွေးချယ်မှုတွေပဲ လွဲမှားခဲ့တာလား ဆုံးဖြတ်ချက်တွေပဲ မှားယွင်းခဲ့တာလား မသိပေမယ့်
အခုချိန်က အရာအားလုံးကို သေချာစဥ်းစားပြီးမှ လုပ်သင့်တဲ့ အချိန်ရောက်နေပြီ
နောက်ဆုံးမှာတော့ အကောင်းဆုံးအရာကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်မိတာပဲ
ရိပေါ် ကျန့်ရဲ့ အခန်းက ထွက်လာပြီး
ယန်ယန်က တဆင့်
လုချင်ဖေး ကို အလုပ်ခန်းထဲ လွှတ်ဖို့ ပြောပြီး
အလုပ်ခန်းကိုပဲလာလိုက်တယ်
လုချင်ဖေးဆိုတာ ဝမ်အိမ်တော်ထိန်းရဲ့ တူ
လုချင်ဖေးရဲ့ ပညာရေးကို ဝမ်အိမ်ကပဲ တာဝန်ယူခဲ့တာ ရည်ရွယ်ချက်ကတော့ ဝမ်ပါးက ဝမ်ရိပေါ် ရဲ့ လူယုံ အဖြစ်ထားဖို့ရည်ရွယ်ခဲ့တာ ရိပေါ်ကို company လွှဲပြောင်းပေးတဲ့အချိန် ပညာတွေ စုံနေပြီဖြစ်တဲ့ လုချင်ဖေးကို ပါ အတွင်းရေးမှူးအဖြစ် တခါတည်း ထည့်ပေးခဲ့တာ
ဝမ်ပါး ကိုယ်တိုင်ရွေးချယ်ထားတဲ့ သူမို့ အရည်အချင်းပြည့်ဝ တဲ့ လူတစ်ယောက်ဖြစ်သလို
အလုပ်လုပ်တာစေ့စပ်သေချာပြီး ယုံကြည်ရတဲ့ ချင်ဖေးကိ​ု တစ်နှစ်အကြာမှာပဲ
ကျန့်အနား ရောက်အောင်ပို့ပေးခဲ့တယ်
အရည်အချင်းပြည့်ဝနေတဲ့ လုချင်ဖေးလို
managerမျိုးကို စိတ်သ​ဘောထားကောင်းလှတဲ့ တက်သစ်စ idolလေးကလည်း လက်လွတ်မခံခဲ့ဘူး
ကျန့်ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ
လုချင်ဖေးက တစ်ဦးတည်​းသော manager မို့ ကျန့်ရဲ့ အကြောင်းတွေ သည်၏မရွေးသိရဖို့က မခက်ခဲခဲ့ဘူး
လုချင်ဖေးကလည်း သစ္စာရှိပြီး ယုံကြည်ရတဲ့သူမျိုးမို့ ကျန့်အနားထားဖို့ စိတ်ချခဲ့တာ
ခနအကြာတော့ ဝင်ခွင့်တောင်းတဲ့ အသံနဲ့ အတူ ရောက်လာခဲ့သည်က လုချင်ဖေး
"ဝင်ခဲ့ "
"ဘာကိစ္စများရှိလို့လဲ သခင်လေး "
"နောက်နှစ်ရက်နေရင် လူရွေးပွဲရှိတယ် ကျန့်ရဲ့ အလုပ်စပြီ "
"ဟုတ်သခင်လေး သိထားပါတယ် "
"ကျန့် ရဲ့ stylistကို သေချာစီစဥ်ပေး
သိပ်ပြီး ဆွဲဆောင်မှုရှိတာမျိုးဆို အ​ဆင်မပြေဘူး အကျီကို ပါးတဲ့ဟာမျိုးမဖြစ်စေနဲ့ အသားကိုလည်း မလိုအပ်ဘဲ မပေါ်စေနဲ့ "
ကျန့်ကို သူများ​တွေကြည့်နေရင် ပြသနာရှာမိမှာဆိုးလို့ ကြိုမှာနေရတာ ကိုယ့်စိတ်ကိုယ် ကိုယ်ပဲသိတယ် ကျန့်နဲ့ပတ်သက်ရင်
သေးသေးလေးတောင် သဝန်တိုတတ်တာ
ခက်တာက ကျန့်ရဲ့ ဝါသနာကိုက လူအများ
အာရုံစိုက်ခံရတဲ့ အနုပညာအလုပ်ဖြစ်နေတာ
"ကျွန်တော်​ သေချာစီစဥ်လိုက်ပါ့မယ် သ​ခင်လေး "
"ပြီးတော့ ကျန့်ကို စိတ်အနှောက်အယှက် ဖြစ်စေမယ့် အရာတွေ့ရင် ချက်ချင်းလာပြော
တတ်နိုင်သလောက်ဂရုစိုက်ပေး"
"ဟုတ်ကဲ့  သခင်လေး "
"အထူးအထွေ ကိစ္စမရှိရင်တော့
ပုံမှန်အတိုင်း ဖုန်းနဲ့ ပြော​တော့
ကျန့် ရိပ်မိသွားမှာမျိုး မဖြစ်စေနဲ့"
"ကျွန်တော်ဂရုစိုက်ပါ့မယ် "
"အော် ကျန်သေးတယ် ကျန့်ဘေးမှာ security များများထားပေး
fanတွေနဲ့တွေ့ရင် ကျန့်ထိခိုက်မှာဆိုးလို့ "
"အားလုံး အဆင်ပြေအောင်လုပ်ထားလိုက်ပါ့မယ် သခင်လေး ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး အလုပ်လေးတွေမပြီးပြတ်သေးလို့ "
xiao di အတွက်ဆို အမြဲ မှာစရာတွေတန်းစီနေတဲ့သခင်လေး က xiao diအတွက် ဘယ်လောက်ဂရုစိုက်ပေးလဲဆိုတာ
xiao diမသိပေမယ့် သူကသိနေတာကြောင့် သခင်လေး မချစ်ကို မလေးစားပဲ မနေနိုင်
ငါးနှစ်လုံးလုံး ဘေးနားမရှိတာတောင် အချစ်မလျော့ဘဲ နောက်ကွယ်ကနေဂရုစိုက်ပေးနေတဲ့ သခင်လေးကြောင့် အနေဝေးလို့ သွေးအေးတယ်ဆိုတဲ့ စကားတွေ​ကြားရင် ရီချင်လာသလိုလို
သခင်လေးက ချစ်တတ်လိုက်တာ
xiao di ကလည်းဘာထူးလဲ တူတူပဲ သူ့ကို ဂရုစိုက်ပေးတဲ့ကောကောဆိုသူတဲ့ စေ့စပ်ရမှာကြောက်လို့ ပတ်ပြေးနေတာ
ဒီလေးနှစ်အတွင်းမှာ ကောကောဆိုတဲ့သူတင်မဟုတ်ဘူး နာမည် ကြီး မင်းသမီး တစ်ချို့နဲ့
မင်းသားတွေ လုပ်ငန်းရှင် သူဌေးအချို့လည်း xiao di ကိုချဥ်းကပ်ခဲ့ကြပေမယ့် အကုန်ငြင်းခဲ့တာ
ဘာလို့လဲ မေးရင် သူ့အချစ်က တစ်ယောက်သောသူ့ဆ​ီမှာ အဆုံးသတ်သွားပီတဲ့ အချစ် မရှိတော့ဘူးတဲ့လေ
ပြောသာပြောနေတာ တစ်ခါတစ်လေ စိတ်လွတ်လက်လွတ်ငေးနေတတ်တာ သူအသိဆုံး
ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်အဆင်ပြေသွားဖို့
လုချင်ဖေးက အကောင်းဆုံးစီစဥ်ပေးရမှာပေါ့
နှစ်ယောက်လုံးက သူ့အပေါ်တကယ်ကောင်းတဲ့အလုပ်ရှင်တွေလေ
🐰Xiao Paing 🐰
🐇Zawgyi 🐇
"ဟုတ် အကိုရိပေါ် "
ကိုကိုရော သူရော နှစ်​ယောက်လုံးက ချစ်နေသေးပေမယ့်
ယန်ယန်က တဆင့်
"ဝင်ခဲ့ "
"ဟုတ်ကဲ့  သခင်လေး "
🐰Xiao Paing 🐰
Continue Reading
You'll Also Like
52.1K 3K 44
101K 8.6K 29
စိတ်ကူးရသလောက်ချိုချင်ပါတယ်
74K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
28.5K 3.7K 21
ရှဲ့ယွင်×ရှစ်ယင် ZSWW❗❗ ZHANYI❗❗❗ ပေါက်ကရReading List တွေထဲမထည့်ကြပါနဲ့