Part 26

7.9K 571 15
                                    

Wang company ရဲ့ CEOကြီးက ရှိသမျှအလုပ်တွေကို ပစ်လို့
WXရဲ့ programmeအတွက် လူရွေးတာကို ကိုယ်တိုင် လာကြည့်​နေတာကြောင့် staffတွေမှာ အလုပ်တောင်ထြဖာင့်ဖြောင့်မလုပ်ရဲ CEO ရှေ့ အမှား လုပ်မိရင် ပြုတ်မှာကြောက်လို့
ပြော​သာပြောရတာပါ CEOရဲ့ မျက်လုံးတွေက ရောက်ကတည်းက Xiao Zhan ဆိုတဲ့ မင်းသားချောချောလေးဆီမှာသာ
ဒါကို အကြည့်ခံနေရတဲ့ မင်းသားလေးက ရိပ်မိပုံ မပေါ် ပြိုင်ပွဲဝင်​တွေရဲ့ အသံလေးတွေကို အာရုံစိုက်ပြီး နားထောင်လိုက် ဘေးနားက
မင်းသား ဝမ်ကျိုးချန်ကို တိုးတိုး တိုးတိုးနဲ့ ကပ်ပြောလိုက် အလုပ်ရှုပ်နေပုံရတယ်

CEOကြီးကလည်း မင်းသားလေးကို ကြည့်နေတဲ့ အကြည့်တွေထဲမှာ မြတ်နိုးမှု အပြည့်ပါတယ်ဆို ဘေးနားက ကြည့်နေတဲ့
သူတို့တောင် သိတာမို့ CEO နဲ့ မင်းသားXiao Zhan ကတစ်ခုခုပဲ ဆိုတဲ့ ကောလဟာလက
staff တွေကြားမှာ အပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်လာတယ်

ရိပေါ် တစ်လျှောက်လုံးကျန့်ကိုပဲကြည့်နေခဲ့တာ ပုံမှန်ဆိုချစ်ဖို့ကောင်းတဲ့ ကျန့်က
အလုပ်ထဲအာရုံ စိုက်နေချိန်ကျတော့လည်း တစ်မျိုးလေးဆွဲဆောင်မှုရှိနေပြန်ရော
ကျန့်ကို စိတ်မချတာကြောင့် ရော
ကျန့်အနားနေချင်တာကြောင့်ပါ ရှိသမျှ
အလုပ်တွေကို အတွင်းရေးမှူးနဲ့ လွှဲထားခဲ့ပြီး
ကျန့်ရှိတဲ့ နေရာဆီရောက်လာခဲ့တာ
လူရွေးပွဲပြီးတော့ နားနေခန်းမှာ ထိုင်ပြီး မျက်လုံးလေးမှိတ်ထားတဲ့ ကျန့်က ပင်ပန်းနေပုံ သူရောက်လာတာကို သတိမထားဘူး
ဒါကြောင့် နားနေခန်းမှာရှိတဲ့ လုချင်ဖေးနဲ့ တခြားstaffတွေကို အပြင်ထွက်​ဖု့ိ အချက်ပြလိုက်ပြီး သူကတော့ ကျန့်ဘေးနား ဝင်ထိုင်​လိုက်တယ်
ကျန့်အတွက်နားနေခန်းသက်သက်စီစဥ်ပေးမိတာ အရမ်းမှန်တာပဲလို့ တွေးပြီး ပြုံးလိုက်မိတယ်
ကျန့်ရဲ့ မျက်နှာနုနုလေးကို ကြည့်ပြီး နူးညံ့တဲ့ ပါးပြင်လေးကို မနေနိုင်စွာ နမ်းလိုက်မိတော့
မျက်လုံးလေး ပြန်ဖွင့်လာတဲ့ ကျန့်
အံ့သြပြီး အလန့်တကြားမေးလာတာက

"ဘာလုပ်တာလဲ အကို​ရိပေါ်
ကျွန်တော့ manager ရော "

"ကျန့်managerက stylist နဲ့ စကားပြောစရာရှိလို့တဲ့ အပြင်ထွက်သွားပြီ
ကိုယ်ကျန့်ကို နမ်းတာကတော့ ချစ်လို့ "

 🐱အချစ်ရဲ့နည်းလမ်း🐰{Completed}Where stories live. Discover now