Mine (Completed)
بواسطة Tokebloom
14.2K 1K 190
OffGun (Completed) Zawgyi & Unicode 18/11/2020 to 7/12/2020 المزيد
ep_1
Introduction
ep_2
ep_3
ep_4
ep_5
ep_6
ep_7
ep_8
ep_9
ep_11
ep_12
ep_13
The end
ep_10
566 54 15
بواسطة Tokebloom
"Gun...Gun"
"ဟုတ်ကဲ့ အန်တီ"
"Gun... ညီရေ..."
"Gun...Gun....!!!"
##############
"အင်း"
"ဟမ်"
"ကျေးဇူးပဲ သားရီးရာ"
"ပြောရမယ့် သူတွေလား"
#########
တစ်ပတ်ကြာပြီးနောက်။
"စိတ်ချပါ အန်တီ"
"ဟုတ်ကဲ့ ကြီးကြီး"
________Mine_________
ကျေးဇူးတင်စွာဖြင့်။
BLOOM
30/10/2020
Unicode
"Gun...Gun"
"ဒီကလေး ဘယ်ရောက်နေတာလည်း မသိဘူး"
"ကျွန်တော် ခြံထဲ သွားကြည့်လိုက်မယ် အန်တီ"
"ဒါဆို သားOffတို့ အတွက် စတော်ဘယ်ရီဖျော်ရည်လေး သွားလုပ်လိုက်မယ်၊ မနေ့က သားတို့ကြီးကြီး Roseက အသီးခြံဘက်ရောက်တုန်း ဝယ်လာခဲ့တယ်တဲ့"
"ဟုတ်ကဲ့ အန်တီ"
Gunကို အပေါ်ထပ်အခန်းထဲ မတွေ့သည့်အခိုက် Offသည် အောက်ထပ်ကို ဆင်းကာ ရှာလိုက်သည်။ နေ့လည်ခင်း တရေးတမော အိပ်နေသည်ဟု ထင်လိုက်ပေမဲ့ အခန်းထဲ ရှိမနေခဲ့ပေ။
အောက်ထပ်ရောက်တော့ နားနေခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်းမကျန် လိုက်ရှာလိုက်သည်။ ဘယ်မှာမှ မတွေ့တာမို့ ခြံအနောက်က Garden အသေးစားလေးထဲ ရောက်နေပြန်တာဖြစ်မည်မို့ အန်တီကိုပြောကာ ခြံထဲ ဆင်းလာလိုက်သည်။
"Gun... ညီရေ..."
"Gun...Gun....!!!"
ဘယ်သူက ထင်မတဲ့လဲ။ အဲ့ဒီနေ့က သစ်ပင်တွေ ပန်းပင်တွေကြား ပျော်ရွှင်နေမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော် မျှော်လင့်ခဲ့ပေမယ့် အဲ့ဒီအစား Gardenလေးထဲမှာ မှောက်ရက်လဲနေသည့် Gunကိုသာ တွေ့ခဲ့ရသည်။
ထိုကလေးအတွက် ဒုတိယအကြိမ် ပစ်လဲခြင်း ဖြစ်သလို ကျွန်တော်အတွက်လည်း စိုးရိမ်မှုဒီရေတက်ရက်ပေါ့။
##############
"အကိုOff... အကို့ရည်မှန်းချက်က ဘာလဲ"
ဆေးပိုက်တွေ တွယ်ချိတ်ထားတဲ့ ထိုကလေးငယ်က ကျွန်တော်ကို မေးခဲ့သည်။
"Gunရော ရည်မှန်းချက်က ဘာလဲ"
ခပ်ယဲ့ယဲ့ အပြုံးလေးကို နှုတ်ခမ်းထပ် ချိတ်ဆွဲရင်း Gunက ဖြေလေသည်။
"Gunက အရွယ်ရောက်ရင် ဘာဖြစ်ချင်တယ်လို့တောင် မစဉ်းစားရသေးဘူး၊ ဒါပေမဲ့..... "
"မဟုတ်တာ၊ ညီရာ... Gunဖြစ်ချင်တာ အကုန် ဖြည့်ဆည်းပေးမယ့် Gun မိဘတွေရှိသလို၊ ကိုယ်လည်းရှိတယ်လေ"
Gunကို ဆိုးဝါးလှတဲ့ အတွေးတွေ မဝင်စေချင်တာမို့ Gun စကားမဆုံးခင်မှာဘဲ စကားကိုဖြတ်လိုက်ရသည်။
"အကို၊ ကျွန်တော် မေးတာလည်း မဖြေဘူး"
"ဟင်၊ ကိုယ့်ရည်မှန်းချက်က အခုဖြစ်နေပြီလေ"
"နောက်ထပ် ဘွဲ့တွေ ဒီဂရီတွေ ထပ်ယူပြီး ပါရဂူကြီး ဖြစ်အောင် မလုပ်ချင်ဘူးလား"
"ဘာလဲ၊ Gunက ကိုယ့်ကို ပါရဂူကြီး ဖြစ်စေချင်တာလား"
"အင်း"
ခေါင်းတို့ကို ညိတ်ပြပြီး ပြုံးပြလာပြန်သည့် ထိုကောင်လေးကို ကျွန်တော်မှာ ချစ်မဝ ဖြစ်ရပါသည်။ အရင်က ကျွန်တော်နဲ့ အခု ကျွန်တော် မတူတော့ဘူးထင်ပါတယ်။ ကျွန်တော်နဲ့ ဒီကလေးရဲ့ တွေ့ဆုံမှုက မချောမွေ့ခဲ့ပေမယ့်လည်း ကျွန်တော်ရဲ့ နှလုံးသား၊ ကျွန်တော်ရဲ့ ခန္ဓာကိုယ်၊ ကျွန်တော်ရဲ့ အတွေး၊ ကျွန်တေ်ရဲ့ စိတ်အာရုံတို့က Gunတစ်ယောက်ကိုသာ တွေးတောနေသည်။ ကျွန်တော် ချစ်သည့် ထိုလူသားက မိန်းကလေး မဟုတ်ပေမယ့်လည်း မြတ်နိုးချင်သည်။ ယုယချင်သည်။ စောင့်ရှောက်ချင်သည်။
"ဒါဆို ကိုယ် ပါရဂူကြီး ဖြစ်အောင်လုပ်မယ်၊ Gunက ကိုယ့်ရဲ့ အားဆေးလေးဖြစ်ပေး"
"ဟမ်"
"ဒီလိုလေ၊ ကိုယ်က ကြိုးစားတာက ကြိုးစားလို့ ရပါတယ်၊ ကိုယ် စာလေ့လာတဲ့အခါ၊ examဖြေတဲ့အခါ ၊ အဲ့လိုအချိန်တွေကို Gunလေးက ကိုယ့်ကို အားပေးစကားလေးတွေ ပြောပေးပေါ့"
ထိုအချိန်တွင် အခန်းထဲသို့ အချိန်အခါ မဟုတ် အလည်လာသည့် ဧည့်သည် အစုတ်အပျက်ကောင်က ရောက်ရှိလို့ လာပါတော့သည်။
"အဟွတ်၊ ဟွတ်....Sorr...Sorryကွာ...ငါ လည်ချောင်း ယားသွားလို့...Hi....ကိုယ့်ညီလေးGun ၊ နေရတာ ဘယ်လိုလဲ၊ သက်သာလား"
ကျွန်တော်ဆိုသည်မှာလည်း သူငယ်ချင်းလေးက လူငယ်လေးကို အားကြိုးမာန်တက် လိုက်နေချိန်မှ အလိုက်မသိ ရောက်သွားရသည့် ကျွန်တော်ပါပဲ။ ဒါ့ကြောင့် သူငယ်ချင်းကို မသိဟန်ဆောင်ကာ baby gunလေးကိုပဲ စကားပြောလိုက်တော့ Gunလေးက ပြုံးပြုံးရွှင်ရွှင်လေး ပြန်ဖြေလေသည်။
"ဟုတ်၊ အကိုSun၊ Gunနေကောင်းတယ်"
မျက်နှာလေးက သွေးရောင် လွှမ်းလာတာမို့ မဆိုးဘူး ပြောရမည်။
"ကိုယ့်ညီလေးက စိတ်ဓါတ်အသန်မာဆုံးပဲ၊ တစ်လအတွင်း ကောင်းသွားပြီ၊ ဆေးရုံဆင်းရမှာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကိုကိုက ညီညီလေးကို ညစာကောင်းကောင်းနဲ့ ဧည့်ခံပါ့မယ်ဗျာ"
"ချီး.. ကို...ကိုကို...ညီညီ လာလုပ်နေ၊ ပုံမှန်နေစမ်း၊ ဒါနဲ့ ကလေးက ဒီနေ့ ဆေးရုံဆင်းရမှာလား"
တိုကို တိုနိုင်လွန်းသည့် သူငယ်ချင်းကောင်ကိုတော့ ဘာမှကို မပြောချင်တော့တာမို့ လိုရင်းသာ ဆက်ရသည်။
"အေး၊ ဆေးရုံဆင်းမယ့် ကိစ္စတွေအကုန် ငါလုပ်ပြီးပြီ၊ အခု အိမ်ပြန်လို့ရပြီလို့ လာပြောတာ"
"အန်တီတို့ရော သိပြီးပြီလား"
"အင်း၊ လာနေပြီ၊ ဆေးရုံက အကြောင်းကြားလိုက်တယ်"
"ကျေးဇူးပဲ သားရီးရာ"
Offက Sunပုခုံးကို ပုတ်ကာ ကျေးဇူးတင်စကား ဆိုလေသည်။
"ပြောရမယ့် သူတွေလား"
#########
တစ်ပတ်ကြာပြီးနောက်။
""""အကိုOff... Gun ပျော်မယ့်နေရာကို ခေါ်သွားပေးမယ်ဆို"""" ဆိုသည့် သတိပေးချက်နောက်မှာတော့ ဤခရီးလေး စတင်ခဲ့သည်။
"သား လိုတာတွေ မေမေ အကုန်ထည့်ထားတယ်၊ တစ်ခုခုဆိုတာနဲ့ အန်တီကို အရင်ဆုံးဆက်သွယ်လိုက်နော် သားOff"
"စိတ်ချပါ အန်တီ"
"Gunအကြိုက် ဟင်းအမယ်တွေ အကုန် ကြီးကြီး ချက်ပေးလိုက်တယ် စားချိန်ကြရင် နွှေးစားနော်၊ အသီးတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားတယ်၊ ချက်စားချင်တာရှိလည်း အသားတွေ အစုံထည့်ပေးထားတယ်နော် ဆရာOff... ချက်နေရင်း တစ်ခုခု သိချင်ရင် လှမ်းမေးနော်"
"ဟုတ်ကဲ့ ကြီးကြီး"
"ဆရာOff ကားပေါ်က အိပ်ယာကိုလည်း အခင်းတွေ အကုန်လဲပြီးပါပြီ"
"ကျေးဇူးပဲ Jasmine၊ နယ်ဘက်ဆိုတော့ လမ်းကြမ်းရင် Gunလေး နာမယ်စိုးလို့"
ခရီးလေး တစ်ခါထွက်ပါတယ် ။ အိမ်ရှိ လူအကုန် မနေရ။ ဖေဖေက ကားစီစဉ်ပေးသည်။ မေမေနဲ့ ကြီးကြီးတို့က လိုအပ်တာတွေ အကုန်ထည့်ပေးသည်။ အကိုOffက ကျွန်တော်အတွက် ကျန်းမာရေး စောင့်ရှောက်ရန် လိုက်ပါလာသလို အကိုSunကလည်း သူငယ်ချင်းဖြစ်သူ အကူညီရရန်နှင့် သူ၏အားလပ်ရက်ကို ကုန်ဆုံးရန် ဒီခရီးတွင် ပါဝင်ခဲ့သည်။ Beauty၊ Pencial ၊ Droneတို့ (၃)ယောက်ကတော့ ကျောင်းကနေကို ခွင့်ယူပြီး ပျော်ပျော်ရွှင်ရွှင် လိုက်လာကြသည်။
Gunလား ပိုပျော်တာပေါ့။ Gunချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်တချို့ကို အတူတူ ဖြတ်သန်းခွင့် ရတဲ့အတွက် ပျော်ရွှင်သည်။
လူ(၆)ယောက်၊ Vanကား(၃)စီးသည် ရှေ့နောက် မောင်းနှင်ရင်း ကျယ်ဝန်းလှသည့် ခြံကျယ်ကြီးထဲမှ ထွက်ခွာသွားလေတော့သည်။
________Mine_________
(AN note) _Tripထွက်ရင် စီးတဲ့ Vanကားပုံလေးတွေ ထည့်ပေးလိုက်ပါတယ်ရှင်။ ကားအတွင်းပိုင်းမှာက Sofa၊ Bed၊ Kitchen အသေးစားလေးတွေ ပါရှိပါတယ်။
ကျေးဇူးတင်စွာဖြင့်။
BLOOM
30/10/2020
واصل القراءة
ستعجبك أيضاً
1M 38.7K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
861K 52.9K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 19.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
434 55 9
2023.4.21တွင်စတင်ရေးသားသည် Supernatural seriesထဲကအချက်အလတ်အချို့အားလေ့လာရေးသားသည်။