(Zawgyi)🍀🍀🍀🍀🍀
Part-30
(ကိုယ္...ခ်စ္ေသာ clover..!!..)
"ကိုကို ဒီမွာထိုင္..။ ခဏေလးေနာ္ ရြက္စိမ္းေလး
ျပန္လာခ့ဲမယ္။ ဘယ္မွမသြားဘဲ ၿငိမ္ၿငိမ္ေလး ေန ေနရမယ္ေနာ္.."
သစ္မိုးအိမ္ မိမိကို ဧည့္ခန္းထဲ႐ွိဆိုဖာတြင္
ထိုင္ခိုင္းကာ လက္ညိဳးေလးတစ္ေထာင္ေထာင္
ႏွင့္မွာေနေသာ ရြက္စိမ္းေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္
ေတာ့ ခ်က္ခ်င္းပင္ ခ်စ္စရာေကာင္းေအာင္ ျပံဳး
ျပလာသည္။ ၿပီးသည္ႏွင့္ သူ၏ေသးေကြးကာ
လံုးတစ္ေနေသာ ကိုယ္ေလးကို လွိမ့္ကာ...
ေနရာမွ ထြက္သြားေတာ့သည္...။
ငါးမိနစ္ခန္႔ၾကာေသာအခါ ဖရဲသီးတစ္ျခမ္းကို
ပိုက္ကာ ျပန္ေရာက္လာသည္။ ဇြန္းတပ္ထား
ေသာ ဖရဲသီးျခမ္းကို သစ္မိုးအိမ္ ကိုေပးသည္။
သူကိုယ္တိုင္က် သစ္မိုးအိမ္ေဘး႐ွိ ဆိုဖာေနရာ
လြတ္တြင္ တင္ပလင္ေခြကာ ဝင္ထိုင္သည္။
လက္ကေလးႏွစ္ဖက္ကို ဆိုဖာေပၚတြင္ေထာက္
ကာ သစ္မိုးအိမ္ကို မ်က္လံုးဝိုင္းႀကီးမ်ားျဖင့္ ေမာ့ၾကည့္ေနသည္က အူယားဖြယ္အတိ..။
"clover..."
"ဗ်ာ.."
ခ်က္ခ်င္းပင္ တုန္႔ျပန္ကာထူးလာေသာ္လည္း
မ်က္လံုးဝိုင္းႀကီးမ်ားက သစ္မိုးအိမ္ မ်က္ႏွာမွ
မခြာ..။ အကဲခတ္ေနဟန္႐ွိသည္..။ သစ္မိုးအိမ္
ေျပာလိုက္သည္။
"ကိုကို ဖရဲသီး ခြံ႔ေကြၽးရမွာလား.."
"ဟုတ္ဘူးေလ ဒီဖရဲသီးက ကိုကို႔အတြက္
ရြက္စိမ္းေလးက ယူလာတာ။ ကိုကို ဝမ္းနည္း
ေနတယ္ဆို။ ရြက္စိမ္းေလး ဆိုရင္ေလ ဖရဲသီး
စားရင္ ေပ်ာ္သြားတာဘဲေရာ။ အ့ဲဒါေၾကာင့္..
ရြက္စိမ္းေလး ေလးေလးေကာင္း ဆီက
ယူလာတာ.."
သစ္မိုးအိမ္ မျပံဳးဘဲမေနႏိုင္ေတာ့။ ဖရဲသီးျခမ္း
ကို လက္ေသးေသးေလးထဲျပန္ထည့္ေပးလိုက္
ေတာ့ အူေၾကာင္ေၾကာင္ေလး ၾကည့္လာသည္။
"ကိုကို ေပ်ာ္ဖို႔အတြက္က ဖရဲသီးမလိုဘူး
အ႐ူးေလးရ႕ဲ..."
"အြင္..? ဒါဆို ဘာစားရင္ ေပ်ာ္မွာလဲဟင္
ရြက္စိမ္းေလး သြားယူေပးမယ္.."
သစ္မိုးအိမ္ ခပ္ဟဟရီမိေတာ့သည္။ ရြက္စိမ္း၏
ေခါင္းလံုးလံုးေလးထဲတြင္ အစားအေသာက္ႏွင့္
ပတ္သတ္တာမ်ားကိုသာ မွတ္တမ္းတင္ထားပံုရ
သည္။ မႏိုင္မနင္းျဖစ္ေနေသာ ပါးေဖာင္းေဖာင္း
ႀကီးမ်ား ႐ွိေနတာ အ့ံဩစရာေတာ့ မဟုတ္ ေတာ့။ ကိုယ္ေလးကို ဆြဲမကာ ေပါင္ေပၚတင္
ထားလိုက္သည္..။
"clover ႐ွိရင္ရၿပီေလ..။ သိတယ္မလား..
clover က ကိုကို႔ရဲ႕ ကံေကာင္းျခင္းေလးေလ။
ဒီေသးေသးေလးကို ဖက္ထားရင္ကို ရပါၿပီတ့ဲ
ဗ်ာ.."
"တကယ္ႀကီး ! ဒါဆို ရြက္စိမ္းေလးကို
ျမန္ျမန္ဖက္ထားေလ ကိုကို။ ရြက္စိမ္းက
ကိုကို႔ကို ဝမ္းမနည္းေစခ်င္ဘူးေရာ.."
"အဟား...ဒီကံေကာင္းမႈေလးရ႕ဲ ကာကြယ္မႈ
ေၾကာင့္ ဝမ္းနည္းေနတာေတြ ေပ်ာက္သြားပါ
ၿပီကြာ.."
"ေနာက္က်ရင္လည္း ရြက္စိမ္းေလးက ကိုကို႔
ကို ကာကြယ္ေပးမွာ.. မေၾကာက္န႔ဲသိလား.."
မ်က္ႏွာေသးေသးေလးတြင္ ေလးနက္မႈမ်ားက
အထင္းသား..။ သစ္မိုးအိမ္ကို ကာကြယ္ရန္မွာ
သူ႔တာဝန္ဟု တထစ္ခ်ေတြးထားပံုပင္။ ရြက္စိမ္း
၏ တက္ႂကြေသာ စိတ္ေလးကို မဖ်က္စီးခ်င္ပါ။
သစ္မိုးအိမ္ ေခါင္းၿငိမ့္ကာ ျပန္ေျဖလိုက္သည္။
"အင္း..ကိုကို မေၾကာက္ေတာ့ပါဘူး clover"
သစ္မိုးအိမ္ အေျဖကို ေက်နပ္သြားပံုေပၚေသာ
ရြက္စိမ္းက ေခါင္းေလးၿငိမ့္ကာ သူကိုကို႔အတြက္
ယူလာပါသည္ဟုေျပာေသာ ဖရဲသီးကို ပါးတလႈပ္
လႈပ္ျဖင့္ စားေနေတာ့သည္..။
ေနာက္ဆံုးဖရဲသီးဇြန္းေလးကို ပါးစပ္ထဲသြင္းၿပီး
ခ်ိန္တြင္ သစ္မိုးအိမ္ ေျပာလိုက္သည္..။
"clover.. ဖရဲသီးက ကိုကို႔ အတြက္ဆို.."
"ဟို..ဟို..မ႐ွိေတာ့ဘူးေရာ.."
မ်က္လံုးျပဴးေလးျဖင့္ ေမာ့ၾကည့္ကာ ေျပာလာ
ေသာ ရြက္စိမ္း..။ ၾကံရာမရျခင္းမ်ားက မ်က္ႏွာ
ေလးတြင္ အထင္းသား..။ လက္ေသးေသးေလး
က ေျမာက္တက္လာကာ သစ္မိုးအိမ္၏
ရင္ဘက္နားက အက်ႌစေလးကို လွမ္းဆြဲသည္..။
"ရြက္စိမ္းေလး ေမ့သြားလို႔ပါ.."
သစ္မိုးအိမ္ မ်က္ႏွာကို လက္တစ္ဖက္တြင္
အပ္ကာ ရီမိေတာ့သည္။ အသည္းယားလိုက္တာ
ဆိုေသာ ခံစားခ်က္မ်ားသာ သစ္မိုးအိမ္ စိတ္တြင္း
ျပည့္ေနေတာ့သည္။
အရင္တစ္ခ်ိန္က ေၾကာက္လန္႔စိုးရြံ႔ေနတတ္
ေသာ ကေလးငယ္၏ တစ္ဖက္ျခမ္းသည္
အခုက့ဲသို႔ လည္း ခ်စ္စရာေကာင္းေနေသး
သည္တ့ဲ။ ျဖစ္ႏိုင္တာက အရင္တစ္ခ်ိန္က
အသံုးမက်ေသာ သစ္မိုးအိမ္သည္ သတိမထား
ခ့ဲမိျခင္းသာ ျဖစ္ရမည္။ အျခားသူမ်ားကေတာ့ ကေလးငယ္၏..ခ်စ္စရာေကာင္းမႈမ်ားကိုသိၾက
ေလာက္သည္။ သစ္မိုးအိမ္ မ်က္ခံုးမ်ားတြန္႔ေကြး
သြားကာ.မေက်မနပ္ျဖစ္သြားရသည္..။
ယခုအခ်ိန္တြင္ ရြက္စိမ္း၏ ခ်စ္စရာေကာင္းမႈ
မ်ားသည္ မိမိတစ္ေယာက္ထဲအတြက္သာဟု..
ေတြးမိေသာအခါတြင္လည္း ေက်နပ္စြာ ျပံဳးမိ
ျပန္သည္။ ရြက္စိမ္းသည္ သစ္မိုးအိမ္၏ စိတ္
အေျခအေနကို စကၠန္႔ပိုင္းအတြင္း ေျပာင္းေအာင္
လုပ္ႏိုင္သည္။
____________
"သခင္ေလးေရ ထပါေတာ့ဟ...။
ဒီေရလိႈင္းေရ.. မင္း မထရင္ ငါေခါင္းအံုးန႔ဲ
ဖိသတ္ျပစ္မွာေနာ္... !!.."
ဒီေရလိႈင္း ဘယ္လိုမွ ဆက္အိပ္လို႔ရေတာ့မည္
မဟုတ္မွန္းသိေသာေၾကာင့္ မ်က္လံုးမ်ားကို
ဖြင့္လိုက္ရသည္။ အရင္ဆံုးျမင္ရသည္က
လင္းေန၏ ျဖတ္႐ိုက္ခ်င္စရာ ေကာင္းေသာ
မ်က္ႏွာကို အရင္ျမင္ရသည္။
ဒီေရလိႈင္း ကိုယ္တိုင္၏ ေခါင္းကဆံပင္မ်ားကို
စိတ္႐ႈပ္ေထြးစြာ ဆြဲဖြရင္းအိပ္ေနရာမွ ထထိုင္
လိုက္သည္။ အနီး႐ွိ ေခါင္းအံုးျဖင့္ လင္းေနကို
လွမ္း႐ိုက္ရန္လည္း မေမ့...။
"မင္း.. ေက်ာင္းပိတ္ရက္ေလးေတာင္...
ငါ့ကို အလြတ္မေပးဘူးလားကြာ။ ငါညက
အိပ္တာေနာက္က်တယ္ အိပ္ေရးမဝေသး
ဘူးကြ..!.."
"အယ္..အယ္ ညကဘာေတြမ်ားလုပ္ေနလို႔
လဲ။ ငါအထင္ေတာ့ မင္း......."
လင္းေန၏ ၿပီတီတီမ်က္ႏွာႏွင့္ အမူအရာေၾကာင့္
အနီး႐ွိဖက္လံုးကို ကိုင္ကာ ျပစ္ေပါက္ေပးလိုက္
သည္။ အျမဲၾကံဳေတြ႔ေနၾက လင္းေနက တဟား
ဟား..ရယ္ရင္း ေခါင္းငံု႔ကာ ေ႐ွာင္လိုက္သည္။
သို႔ေသာ္ ဘုန္းကနဲေနေအာင္ ျပစ္လွဲသြားေသာ
အသံထြက္လာေသာေၾကာင့္ ၾကည့္လိုက္ေတာ့
ၾကမ္းျပင္ေပၚတြင္ ပက္လက္ကေလးလွဲက်ေန
ေသာ တိမ္ငယ္။ ကိုယ္ေလးေပၚတြင္က အေစာ
က ဒီေရလိႈင္းျပစ္လိုက္ေသာ ဖက္လံုးက ပိေန
သည္။
ဒီေရလိႈင္းတစ္ေယာက္ အိပ္ခ်င္စိတ္မ်ားေပ်ာက္
သြားသလို လင္းေနကလည္း အရယ္ရပ္ကာ..
သူ႔ညီေလးကို အေျပးသြားထူေတာ့သည္..။
ထိုေကာင္ေလး ဘာမွမျဖစ္၍သာ ေတာ္ေတာ့
သည္။
"အာလူးေကာင္ ေစာေစာစီးစီး ငါ့အိမ္ဘာလာ
လုပ္တာလဲ.."
"ဘာကြ ! အာလူးေကာင္ မဟုတ္ဘူး...
ခ်စ္စရာ အာလူးေလးကြ။ မင္းကို ႐ွမ္းေခါက္ဆြဲ
သြားစားဖို႔ လာေခၚတာကြ င႐ုတ္သီးစိမ္းေကာင္
ရ..!!.."
"ဘာ !!! "
ဒီေရလိႈင္း ေဒါသထြက္သြားမွန္းသိသည္ႏွင့္...
လင္းေနက သူတို႔ရန္ျဖစ္ေနၾကသည္ကို...
မ်က္လံုးျပဴးေလးျဖင့္ ၾကည့္ေနေသာ တိမ္ငယ္
ေနာက္တြင္ ဝင္ပုန္းေတာ့သည္။
"ကေလးေ႐ွ႕မွာ မင္းရ႕ဲ အျပဳအမူကို..
ထိန္းစမ္းပါ င႐ုတ္သီးစိမ္း သခင္ေလး
ရယ္..ဟားဟား..!!.."
"မင္း !! "
ဒီေရလိႈင္း လိမ့္တက္လာေသာ ေဒါသမ်ားကို
ၿမိဳခ်ကာ ယဥ္ေက်းစြာပင္ လက္ခလယ္ေထာင္ျပ
လိုက္သည္။ မ်က္ႏွာသစ္ကာ ေရမိုးခ်ိဳးရန္...
ေရခ်ိဳးခန္းထဲ ေရာက္သည္ႏွင့္ တံခါးကို ေစာင့္ ပိတ္ျပစ္လိုက္သည္။ လင္းေနကေတာ့
အျမင္ကတ္စရာ ေကာင္းစြာ တဟားဟား
ေအာ္ရီေနဆဲပင္...။
.
.
.
ဒီေရလိႈင္း ေရခ်ိဳးခန္းထဲမွ ျပန္ထြက္လာေတာ့
အခန္းထဲတြင္ ဘယ္သူမွမ႐ွိေတာ့။ လင္းေနက
ေတာ့ အိမ္ေတာ္ထိန္းနားကပ္ကာ သူစားခ်င္
သည္မ်ား ခ်က္ခိုင္းေနျပန္ၿပီထင္..။
ဒီေရလိႈင္း ေခါင္းမွေရစိုေနေသာ ဆံပင္မ်ား
ကို သုတ္ေနရင္း အဝတ္အစားမ်ားခ်ိတ္ထား
ေသာ ဗီဒိုထဲမွ T-shirt တစ္ထည္ႏွင့္ ေပါ့ေပါ့
ပါးပါးျဖစ္ေစမည့္ ေဘာင္းဘီ႐ွည္တစ္ထည္ကို
ထုတ္လိုက္သည္။
T-shirt ကိုေတာ့ အနီး႐ွိ ကုတင္ေပၚသို႔
ျပစ္တင္လိုက္ကာ ခါးတြင္ပတ္ထားေသာ
ေရခ်ိဳးခန္း တပတ္ျဖဴကို ျဖည္ခ်ရန္လုပ္
လိုက္သည္..။
"ဟိဟိ အႀကီးႀကီးဘဲ ခ်စ္စရာေကာင္းလိုက္
တာ..။ ကိုင္ၾကည့္လို႔ရလားဟင္ ျဖည္းျဖည္းေလး
ဘဲ ကိုင္မယ္ေလ ေနာ္ ေနာ္..."
ဒီေရလိႈင္း ႐ုတ္တရက္ထြက္လာေသာ အသံ
ေၾကာင့္ ထဆဲမိမတတ္လန္႔သြားရသည္။
ခါးမွတပတ္အျဖဴကို တင္းတင္းဆုပ္ကိုင္ရင္း
အသံလာရာကို ၾကည့္လိုက္ေတာ့ တိမ္ငယ္
ဆိုေသာ ခရမ္းခ်ဥ္သီး..။
အခန္းေထာင့္တြင္ သူ႔ဘာသာအိပ္ေနေသာ
Sun အနားတြင္ သြားထိုင္ကာ စကားေျပာ
ေနျခင္းျဖစ္သည္။ လူစိမ္းကပ္တာမႀကိဳက္
ေသာ Sun ကလည္း ထိုကေလးကိုေတာ့
လ်ွာေလးထုတ္ကာ ခ်စ္စရာေကာင္းေအာင္
လုပ္ျပေနသည္။ ၾကည့္ရတာ Sun က
ခရမ္းခ်ဥ္သီးကို သေဘာက်ပံုပင္..။
ဒီေရလိႈင္း ေခ်ာင္းအသာဟမ့္လိုက္သည္။
"အဟမ္း..!.. ဟိုေကာင္ေလး မင္းအစ္ကိုေရာ"
Sun ကိုကိုင္ၾကည့္ရန္ လုပ္ေနေသာ တိမ္ငယ္
က ဒီေရလိႈင္းကို မ်က္လံုးျပဴးေလးျဖင့္ ၾကည့္
လာသည္။
"ကိုႀကီးက ေအာက္ဆင္းသြားၿပီ...
တိမ္ငယ္ကိုက် ဒီကကိုႀကီးသူငယ္ခ်င္း
န ့ဲတူတူဆင္းလာခိုင္းလို႔ပါ.."
"အင္း..ငါသိၿပီ.."
ဒီေရလိႈင္း လဲရမည့္အဝတ္အစားမ်ားကိုယူ
ကာ ေရခ်ိဳးခန္းထဲတြင္သာ လဲလိုက္သည္။
အဝတ္အစားလဲၿပီးသည္ႏွင့္ အဆင္သင့္ျဖစ္
သြားၿပီျဖစ္သည္။ ဆံပင္ကိုေတာ့ လက္ေခ်ာင္း
မ်ားကိုသာ သံုးကာသပ္တင္လိုက္သည္..။
"ခရမ္းခ်ဥ္သီး သြားမယ္.."
"ဟုတ္က့ဲ ကိုႀကီးသူငယ္ခ်င္း.."
အသံႏွင့္အတူ အနားသို႔အေျပးလာကာ
ဒီေရလိႈင္း၏ လက္တစ္ဖက္ကို လက္ေသးေသး
ေလးျဖင့္ ဆုပ္ကိုင္လာသည္။ ဒီေရလိႈင္း...
မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္ေတာ့
ေၾကာင္ေတာင္ေတာင္ေလး ျပန္ၾကည့္လာသည္။
ဒီေရလိႈင္း သက္ျပင္းသာခ်ကာ ထိုကေလးလက္
ကို တြဲလ်က္ပင္ အိမ္ေအာက္ထပ္သို႔ ဆင္းလာ
လိုက္သည္..။ တစ္သီးတစ္သန္႔သာ ေနတတ္
ေသာ ဒီေရလိႈင္းအတြက္ ခရမ္းခ်ဥ္သီးက...
ထူးဆန္းေနသည္ကေတာ့ အမွန္ပင္..။
ဧည့္ခန္းကို သန္႔႐ွင္းေရလုပ္ေနေသာ အလုပ္
သမားေကာင္ေလးကို အမိန္႔ေပးလိုက္သည္။
"ကားျပင္ထားလိုက္ ငါအျပင္သြားစရာ
႐ွိတယ္.."
"ဟုတ္က့ဲ သခင္ေလး.."
အလုပ္သမားေကာင္ေလးထြက္သြားေသာအခါ
လင္းေန ႐ွိေနမည္မွာ ေသခ်ာသည့္ စာဖိုးေဆာင္
သို႔ လာလိုက္သည္။ ဒီေရလိႈင္း ထင္သည့္အတိုင္း
ပင္ လင္းေနက အိမ္ေတာ္ထိန္းႀကီး ျပင္ဆင္ေပး
ထားေသာ မုန္႔မ်ားျဖင့္ သာယာေနသည္..။
ဝင္လာေသာ ဒီေရလိႈင္းႏွင့္ တိမ္ငယ္ကို
ေတြ႔ေတာ့ ရီျပကာ ႏႈတ္ဆက္လာေသးသည္။
ဒီေရလိႈင္း ခံုတစ္ခုတြင္ ဝင္ထိုင္လိုက္ကာ...
တိမ္ငယ္ကလည္း တစ္ခံုတြင္ ဝင္ထိုင္သည္။
"အ့ဲတာက ခရမ္းခ်ဥ္သီးအတြက္ မေကာင္းဘူး။ အိမ္ေတာ္ထိန္း မိုင္လိုတစ္ခြက္ ေဖ်ာ္ေပး လိုက္ပါ"
တိမ္ငယ္အတြက္ ေကာ္ဖီထည့္ေပးရန္ လုပ္ေန
ေသာ လင္းေနက ဒီေရလိႈင္းကို လက္မေထာင္ျပ
လာသည္..။
"သခင္ေလးက အရမ္းေတာ္တာပဲ.."
ဒီေရလိႈင္းကေတာ့ လင္းေနကို အဖတ္ပင္မလုပ္
အိမ္ေတာ္ထိန္းေပးလာေသာ မိုင္လိုခြက္ကိုယူကာ
တိမ္ငယ္ေ႐ွ႕တြင္ ခ်ေပးသည္။ သူကိုယ္တိုင္က်
ေကာ္ဖီတစ္ခြက္ထည့္ကာ ေသာက္ေနေလသည္။
ကိတ္မုန္႔ တစ္ခ်ိဳ႕ကိုပါ တိမ္ငယ္လက္လွမ္းမွီႏိုင္
ေသာ ေနရာသို႔ ေရြ႔ေပးသည္။ တစ္ဆက္တည္း
တြင္လည္း လင္းေနကို ေျပာလိုက္သည္။
"မင္း.. ခရမ္းခ်ဥ္သီး ငါ့ခရမ္းခ်ဥ္သီးမဟုတ္ဘူး။
အစားအေသာက္ကိုဘဲ ငတ္ျပတ္မေနန႔ဲ နည္း
နည္းပါးပါး အဖက္လုပ္လိုက္ဦး.."
"ဟမ့္.. ႏွစ္ေယာက္ထဲ႐ွိခ်ိန္ဆို ငါ့ညီေလးကို
ငါက ဂ႐ုစိုက္ၿပီးသား..။ အခုက မင္း႐ွိတာဘဲ
မင္းဂ႐ုစိုက္လိုက္ေလ.."
"မင္းဟာက အထီးေလးကြ ေကာင္မေလးဆို
ရင္လဲ တစ္ခါထဲ ကိုယ္ဖိရင္ဖိေစာင့္ေ႐ွာက္ၿပီး
အသက္ျပည့္ရင္ မိန္းမေတာ္ျပစ္မယ္.."
"ဟဟ.. ဒီသခင္ငယ္မွာ ညီမမ႐ွိတာ
သိပ္ဝမ္းသာတာဘဲ။ ငါက ငါ့ညီေလးကို
အိက်ိအိက်ိအႀကီးႀကီးပါတ့ဲ အလွေလးကို
႐ွာေပးစားမွာ..။ မင္းလို အားေနေဒါသႀကီးေန
တ့ဲ င႐ုတ္သီးစိမ္း ေကာင္န႔ဲေတာ့ မဟုတ္ဘူး.."
ဒီေရလိႈင္း နဖူးေၾကာမ်ားပင္ ေထာင္ထလာရ
သည္။ အက်င့္မေကာင္းေသာ အာလူးေကာင္
သည္ မိမိအိမ္ေပၚတြင္ မိမိအိမ္မွ အစားအစာ
မ်ားစားကာ မိမိကို ရန္စေနသည္..။
"မင္း... ေစာင့္ေနလိုက္.."
ဒီေရလိႈင္း၏ အံႀကိတ္သံႀကီးႏွင့္ ေျပာလာေသာ
စကားကို လင္းေနက ပုခံုးႏွစ္ဖက္ကို တြန္႔ကာ
တုန္႔ျပန္သည္..။ အလယ္က တိမ္ငယ္ကေတာ့
မိုင္လိုခြက္ေလးပိုက္ကာ ဟိုၾကည့္သည္ၾကည့္
ျဖစ္ေနရသည္..။
_____________
"ဟမ္ ! သူမေသသြားၿပီ ဟုတ္လား.."
ဦးထက္ေနာင္၏ တအ့ံတျသေရရြတ္သံသည္
CEO ရံုးခန္းထဲတြင္ ပီသစြာထြက္ေပၚလာသည္။
ဦးထက္ေနာင္ မိုးေဝကိုထပ္ေမးလိုက္သည္..။
"ဘယ္လိုျဖစ္ရတာလဲ.. ဘာျဖစ္လို႔ အတြင္းေရးမႉး အမ်ိဳးသမီးက အသတ္ခံရတာလဲ..။ ရဲေတြဘက္
ကေရာ ဘာေျပာလဲ.."
"သူတို႔က အတြင္းေရးမႉးအမ်ိဳးသမီးအေၾကာင္း
ကို ေမးျမန္းခ်င္လို႔ Boss ကို အကူအညီေတာင္း
ထားပါတယ္.."
"ကူညီရမွာေပါ့..ငါ့တို႔ဘက္က တတ္ႏိုင္တာ
မွန္သမ်ွကို ပူးေပါင္းေဆာင္ရြက္ပါ့မယ္လို႔..
ေျပာလိုက္ပါ.."
"ဟုတ္က့ဲ Boss.."
"သူမက ရည္မြန္တ့ဲအမ်ိဳးသမီးပါ ဘယ္လိုျဖစ္လို႔
မ်ား ဒီလိုမ်ိဳးၾကံဳရပါ့လိမ့္..။ မေန႔ကေတာင္ ငါ့ကို
ဖုန္းဆက္...."
ဦးထက္ေနာင္ ခ်က္ခ်င္းပင္ computer
ဖြင့္ကာ mail စစ္လိုက္သည္။ အတြင္းေရးမႉး
အမ်ိဳးသမီးနာမည္ျဖင့္ ဝင္ေနေသာ mail ကို
ခ်က္ခ်င္းပင္ ဖြင့္ဖတ္လိုက္သည္..။
..Satan...
ဆိုေသာ စာႏွင့္အတူ ဓာတ္ပံုတစ္ခ်ိဳ႕ပါေသာ
mail ကိုစစ္ၿပီးေနာက္ ဦးထက္ေနာင္....
မ်က္ေမွာင္ၾကဳတ္သြားရသည္...။
"ေသာ္ထက္..? ဘာလို႔သူမက ေသာ္ထက္ပံုေတြ
ပို႔ေပးရတာလဲ..။ ဓာတ္ပံုထဲလူက ျမင္ဖူးေနက်
ေသာ္ထက္ပံုစံန႔ဲ ကြဲျပားေနလိုက္တာ..။ မိုးေဝ
လာၾကည့္ၾကည့္..."
ဆံပင္႐ွည္ကို အေနာက္တြင္ စုခ်ည္ထားေသာ
ေသာ္ထက္ပံုစံက ဦးထက္ေနာင္ ျမင္ေနၾက...
ခပ္႐ွင္း႐ွင္းဆံပင္ကို အေျပာင္းသိမ္းကာ ၿဖီးထား
တတ္ေသာ ပံုစံႏွင့္ ကြဲလြဲလြန္းသည္..။
"သူမက ဘာလို႔ ေသာ္ထက္ပံုေတြ ပို႔သြားတာ
ပါလိမ့္..။ Satan ဆိုတ့ဲ စာန႔ဲအတူေလ..."
Screen တြင္ေပၚေနေသာ ဓာတ္ပံုကို..
စူးစိုက္ၾကည့္ေနေသာ မိုးေဝက သူ၏..
ေရႊေရာင္မ်က္မွန္ေလးကို အသာပင့္တင္
ရင္း...။
"Boss.. ဒီ tatoo ကို ကြၽန္ေတာ္ျမင္ဖူးတယ္"
ဦးထက္ေနာင္ မိုးေဝေျပာသည့္အတိုင္း...
ေသာ္ထက္ ပုခံုးတစ္ဖက္မွ tatoo ကို
ၾကည့္လိုက္သည္..။ အနက္ေရာင္ သေဘာၤ
တစ္စင္း ပံုစံ tatooကို ဦးထက္ေနာင္လဲ
ျမင္ဖူးသည္...။
"ဒါက တ႐ုတ္ႏိုင္ငံမွာ ႐ွိတ့ဲ ဂိုဏ္းတစ္ခုရ႕ဲ
သေကၤတမလား..။ ငါ့မိတ္ေဆြတစ္ေယာက္
ေျပာဖူးတာေတာ့ သူတို႔ဂိုဏး္ရ႕ဲ ေစာင့္ေ႐ွာက္မႈ
ေအာက္မွာ႐ွိတ့ဲ လုပ္ငန္း႐ွင္ေတြဆို တ႐ုတ္အစိုးရ
ကေတာင္ မထိရဲဘူးတ့ဲ..။ ဒါေၾကာင့္ သူတို႔ဂိုဏ္း
ရ့ဲ ေစာင့္ေ႐ွာက္မႈလိုခ်င္ေနၾကတ့ဲ လုပ္ငန္း႐ွင္ေတြ မေရမတြက္ႏိုင္ေအာင္ ႐ွိတယ္တ့ဲ..။ အထူးသျဖင့္
တရားမဝင္တာ လုပ္ခ်င္ၾကတ့ဲသူေတြေပါ့.."
ဦးထက္ေနာင္ ဆက္ေျပာလိုက္သည္..။
"ေသာ္ထက္မွာ ဘာလို႔ ဒီ Tatoo ႐ွိေနရတာ
လဲ..။ နည္းနည္းဆင္တူတာလား။ ေသာ္ထက္
ကဘဲ အ့ဲဒီဂိုဏ္းန႔ဲ ပတ္သတ္ေနတာလား.."
"Boss ကိုေသာ္ထက္က တ႐ုတ္မွာ...
ေက်ာင္းသြားတက္ေသးတယ္မလား..။
ႏွစ္အေတာ္ၾကာတယ္ေလ..."
"ဟုတ္တယ္.. ၾကည့္ရတာ အတြင္းေရးမႉး
အမ်ိဳးသမီးန႔ဲ ေသာ္ထက္ၾကားက ပတ္သတ္မႈ
ကို အရင္႐ွာရမယ့္ပံုဘဲ..။ ၿပီးေတာ့ ေသာ္ထက္
တ႐ုတ္မွာ ေက်ာင္းသြားတက္တ့ဲအခ်ိန္ကို...
ထပ္ၿပီးစံုစမ္းရမယ္..။ ဒီေန႔ အစည္းအေဝး ႐ွိ
တယ္မလား ဘယ္အခ်ိန္လဲ မိုးေဝ..."
" ေန႔လယ္ ၁နာရီပါ Boss.."
"အင္း..ျပင္ဆင္ထားလိုက္ေတာ့...
အတြင္းေရးမႉးအမ်ိဳးသမီး ေသဆံုးမႈမွာ
တတ္ႏိုင္သေလာက္ အကုန္လံုးကူညီရမယ္
လို႔ ေၾကာ္ျငာလိုက္..။ သူမအိမ္ကိုလဲ...
ကုမၸဏီဘက္က ေထာက္ပ့ံေၾကးေပးဖို႔..
ျပင္ဆင္လိုက္ပါ..."
"ဟုတ္က့ဲ Boss.."
မိုးေဝ ထြက္သြားေသာအခါ ရံုးခန္းထဲတြင္
ဦးထက္ေနာင္ တစ္ေယာက္သာက်န္ခ့ဲေတာ့
သည္။ အတန္ၾကာ အေတြးလြန္ေနေသာ..
ဦးထက္ေနာင္ သည္ တံခါးေခါက္သံၾကားမွသာ
သတိဝင္ေတာ့သည္..။
ပြင့္လာေသာ ရံုးခန္းတံခါးႏွင့္အတူ အထဲ
ဝင္လာေသာ ေဒၚႏွင္းဆီနီ..။ ကုမၸဏီ ကို
မၾကာခဏလာတတ္ေသာ သူမေၾကာင့္...
ဝန္ထမ္းမ်ားပင္ သူမကိုသိေနၿပီျဖစ္သည္။
ထို႔ေၾကာင့္လည္း သူမ CEO ရံုးခန္းထဲဝင္
လာသည္ကို ဘယ္သူမွ မတားၾကျခင္းျဖစ္
သည္။
"မႏွင္းဆီနီ ပါလား.. ဘာကိစၥမ်ား႐ွိလို႔လဲ"
"ကိုထက္ေနာင္ကေတာ့ေလ ႏွင္းဆီက..
ကိစၥ႐ွိမွ လာရမွာလားလို႔..။ သူစိမ္းဆန္
လိုက္တာ႐ွင္..။ ႏွင္းဆီက ဒီနားမွာ အလုပ္
ကိစၥတစ္ခုေၾကာင့္လာတာ လမ္းၾကံဳတာန႔ဲ
ကိုထက္ေနာင္ဆီ ဝင္လာတာေလ..."
ေဒၚႏွင္းဆီနီက သူမလက္တြင္ပတ္ထားေသာ
နာရီကို တစ္ခ်က္ၾကည့္ကာ ဆက္ေျပာလာ
သည္။
"ေန႔လယ္စာ စားခ်ိန္ေတာင္ေရာက္ေနၿပီ..။
ကိုထက္ေနာင္ ႏွင္းဆီန႔ဲေန႔လယ္စာတူတူ
စားရေအာင္ေနာ္.."
"ကြၽန္ေတာ္ အေရးႀကီးအစည္းအေဝး႐ွိလို႔
မလိုက္ေတာ့ပါဘူး မႏွင္းဆီနီ..."
"အေဝးႀကီးမဟုတ္ပါဘူး ကိုထက္ေနာင္ ရယ္
ကုမၸဏီ အေ႐ွ႕က စားေသာက္ဆိုင္မွာဘဲ စား
လိုက္မယ္ေလ..။ အလုပ္ေတြႀကီးဘဲ ဖိလုပ္ေန
တယ္။ ကိုယ့္ကိုယ္ကို လဲ ဂ႐ုစိုက္ပါဦး႐ွင္...။
ကိုထက္ေနာင္ရ႕ဲ သားေတြအတြက္ဘဲ ျဖစ္ျဖစ္
ေပါ့.."
မရမကေျပာေနေသာ ေဒၚႏွင္းဆီနီ ေၾကာင့္
ေန႔လယ္စာတူတူစားရန္ လက္ခံလိုက္သည္။
ေဒၚႏွင္းဆီနီ ကေတာ့ ဇနီးမယား တစ္ေယာက္
က ခင္ပြန္းကို စိုးရိမ္သလို ေျပာလိုက္သည့္
ကိုယ္တိုင္၏ လုပ္ရပ္ႏွင့္ ဦးထက္ေနာင္ႏွင့္
အတူတြဲကာ သြားသည္ကို ၾကည့္ေနၾကေသာ
ဝန္ထမ္းမ်ားေၾကာင့္ ေက်နပ္သြားရသည္..။
ဒီအမ်ိဳးသား၏ ေဘးတြင္ယွဥ္ရပ္ရန္ ထိုက္တန္
သူမွာ မိမိသာ႐ွိသည္။ ဦးထက္ေနာင္ သည္
ကိုင္တြယ္ရခက္ေသာ အမ်ိဳးသားျဖစ္ေသာ္
လည္း ေဒၚႏွင္းဆီနီ လက္မေလ်ာ့ပါ..။
ခိုင္ခ့ံေသာ မိမိ၏ ပ်ားရည္ေထာင္ေခ်ာက္မွ...
ထိုသူ လြတ္ႏိုင္မည္ဆိုသည္မွာ မျဖစ္ႏိုင္
ေသာ ကိစၥပင္ ျဖစ္သည္ေလ..။
____________
"တာဝန္ေက်တယ္.. ဘာေျခရာလက္ရာမွ
မက်န္ခ့ဲေစန႔ဲ။ ကမၻာႀကီးကို အက်ိဳးျပဳမယ့္
ေျမဩဇာအျဖစ္ တာဝန္မယူခ်င္ဘူး ဆိုရင္
ေပါ့..။ အင္း..ငါသိၿပီ ၂ရက္ေနရင္ ငါျပန္လာ
ခ့ဲမယ္.."
မိုင္း..ဖုန္းေခၚဆိုမႈကို အဆံုးသတ္ကာ ဖုန္းကို
စားပြဲေပၚတင္လိုက္သည္။ မနက္စာ ထမင္းေၾကာ္
ကို ပန္းကန္ထဲထည့္ကာ ျပင္ဆင္ၿပီးခ်ိန္တြင္...
ႏိုင္း ကေရာက္လာသည္..။ ႏွစ္ေယာက္သား..
မနက္စာကို စားလိုက္ၾကသည္။
"ႏိုင္း ဒီရက္ပိုင္းအတြင္ ငါခရီးတစ္ခုထြက္စရာ
႐ွိတယ္။ ၿပီးၿပီးခ်င္းျပန္လာမွာဆိုေတာ့ မၾကာ ဘူး။ တစ္ရက္ေလာက္ဘဲ..."
"အင္းပါ ငါအဆင္ေျပပါတယ္ စိတ္မပူန႔ဲ.."
မိုင္း ေခါင္းၿငိမ့္လိုက္ေသာ္လည္း အတတ္ႏိုင္
ဆံုး အျမန္ျပန္လာရန္ တိတ္တဆိတ္ဆံုးျဖတ္
လိုက္သည္။
ေနာက္တစ္ေန႔မနက္တြင္ပင္ ခ်က္ခ်င္းခရီးထြက္
သြားေသာ မိုင္းက ႏိုင္း အတြက္ဟင္းတစ္ခ်ိဳ႕ကို
ခ်က္ကာ ျပင္ဆင္ေပးသြားေသးသည္။ တစ္ကယ္
ဆို ရက္ပိုင္းသာၾကာမည္ကို မိုင္း တစ္ေယာက္ကို
ေတာ့ တစ္ကယ္ကို မႏိုင္ေတာ့...။
ႏိုင္း ဆြဲလက္စပန္းခ်ီကားကို လက္စသတ္ေန
စဥ္ ျမည္လာေသာ ဖုန္းသံေၾကာင့္ ေခၚဆိုသူ
အား ၾကည့္လိုက္ေတာ့ ကိုထက္ေနာင္...။
ႏိုင္း ဖုန္းကိုင္လိုက္သည္..။
"ဟုတ္က့ဲ ကိုထက္ေနာင္..."
"ထမင္းစားဖိတ္တာလား.. မနက္ျဖန္ေပါ့.."
"ဟုတ္က့ဲ ကြၽန္ေတာ္လာခ့ဲပါမယ္...။
တူေလး သစ္မိုးအိမ္ကိုလဲ ေတြ႕ခ်င္ေနတာ
န့ဲ အေတာ္ဘဲဗ်ာ...."
"ဟုတ္က့ဲပါ ကိုထက္ေနာင္ ကြၽန္ေတာ္...
ဆက္ဆက္လာခ့ဲပါမယ္ဗ်ာ..."
ဖုန္းေခၚဆိုမႈကို အဆံုးသတ္ကာ
စားပြဲေပၚတင္ရင္း ဆြဲလက္စပန္းခ်ီကား
တြင္သာ အာရံုစိုက္လိုက္သည္..။
တစ္ဖက္မွ ဦးထက္ေနာင္ကလည္း...
ဖုန္းေခၚဆိုမႈကို အဆံုးသတ္ၿပီးသည္ႏွင့္
ေဘးက မိုးေဝကို ေျပာလိုက္သည္..။
"ငါတို႔ စီစဥ္ထားတာ အလုပ္ျဖစ္ပါေစလို႔ဘဲ
ဆုေတာင္းရမွာဘဲ..."
_____________
(A/N-😚 Love ya..!..)
JM(29.12.2020)
Next>>>>>>
(Unicode)🍀🍀🍀🍀🍀
Part-30
(ကိုယ်...ချစ်သော clover..!!..)
"ကိုကို ဒီမှာထိုင်..။ ခဏလေးနော် ရွက်စိမ်းလေး
ပြန်လာခဲ့မယ်။ ဘယ်မှမသွားဘဲ ငြိမ်ငြိမ်လေး နေ နေရမယ်နော်.."
သစ်မိုးအိမ် မိမိကို ဧည့်ခန်းထဲရှိဆိုဖာတွင်
ထိုင်ခိုင်းကာ လက်ညိုးလေးတစ်ထောင်ထောင်
နှင့်မှာနေသော ရွက်စိမ်းကြောင့် ခေါင်းငြိမ့်ပြလိုက်
တော့ ချက်ချင်းပင် ချစ်စရာကောင်းအောင် ပြုံး
ပြလာသည်။ ပြီးသည်နှင့် သူ၏သေးကွေးကာ
လုံးတစ်နေသော ကိုယ်လေးကို လှိမ့်ကာ...
နေရာမှ ထွက်သွားတော့သည်...။
ငါးမိနစ်ခန့်ကြာသောအခါ ဖရဲသီးတစ်ခြမ်းကို
ပိုက်ကာ ပြန်ရောက်လာသည်။ ဇွန်းတပ်ထား
သော ဖရဲသီးခြမ်းကို သစ်မိုးအိမ် ကိုပေးသည်။
သူကိုယ်တိုင်ကျ သစ်မိုးအိမ်ဘေးရှိ ဆိုဖာနေရာ
လွတ်တွင် တင်ပလင်ခွေကာ ဝင်ထိုင်သည်။
လက်ကလေးနှစ်ဖက်ကို ဆိုဖာပေါ်တွင်ထောက်
ကာ သစ်မိုးအိမ်ကို မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်နေသည်က အူယားဖွယ်အတိ..။
"clover..."
"ဗျာ.."
ချက်ချင်းပင် တုန့်ပြန်ကာထူးလာသော်လည်း
မျက်လုံးဝိုင်းကြီးများက သစ်မိုးအိမ် မျက်နှာမှ
မခွာ..။ အကဲခတ်နေဟန်ရှိသည်..။ သစ်မိုးအိမ်
ပြောလိုက်သည်။
"ကိုကို ဖရဲသီး ခွံ့ကျွေးရမှာလား.."
"ဟုတ်ဘူးလေ ဒီဖရဲသီးက ကိုကို့အတွက်
ရွက်စိမ်းလေးက ယူလာတာ။ ကိုကို ဝမ်းနည်း
နေတယ်ဆို။ ရွက်စိမ်းလေး ဆိုရင်လေ ဖရဲသီး
စားရင် ပျော်သွားတာဘဲရော။ အဲ့ဒါကြောင့်..
ရွက်စိမ်းလေး လေးလေးကောင်း ဆီက
ယူလာတာ.."
သစ်မိုးအိမ် မပြုံးဘဲမနေနိုင်တော့။ ဖရဲသီးခြမ်း
ကို လက်သေးသေးလေးထဲပြန်ထည့်ပေးလိုက်
တော့ အူကြောင်ကြောင်လေး ကြည့်လာသည်။
"ကိုကို ပျော်ဖို့အတွက်က ဖရဲသီးမလိုဘူး
အရူးလေးရဲ့..."
"အွင်..? ဒါဆို ဘာစားရင် ပျော်မှာလဲဟင်
ရွက်စိမ်းလေး သွားယူပေးမယ်.."
သစ်မိုးအိမ် ခပ်ဟဟရီမိတော့သည်။ ရွက်စိမ်း၏
ခေါင်းလုံးလုံးလေးထဲတွင် အစားအသောက်နှင့်
ပတ်သတ်တာများကိုသာ မှတ်တမ်းတင်ထားပုံရ
သည်။ မနိုင်မနင်းဖြစ်နေသော ပါးဖောင်းဖောင်း
ကြီးများ ရှိနေတာ အံ့ဩစရာတော့ မဟုတ် တော့။ ကိုယ်လေးကို ဆွဲမကာ ပေါင်ပေါ်တင်
ထားလိုက်သည်..။
"clover ရှိရင်ရပြီလေ..။ သိတယ်မလား..
clover က ကိုကို့ရဲ့ ကံကောင်းခြင်းလေးလေ။
ဒီသေးသေးလေးကို ဖက်ထားရင်ကို ရပါပြီတဲ့
ဗျာ.."
"တကယ်ကြီး ! ဒါဆို ရွက်စိမ်းလေးကို
မြန်မြန်ဖက်ထားလေ ကိုကို။ ရွက်စိမ်းက
ကိုကို့ကို ဝမ်းမနည်းစေချင်ဘူးရော.."
"အဟား...ဒီကံကောင်းမှုလေးရဲ့ ကာကွယ်မှု
ကြောင့် ဝမ်းနည်းနေတာတွေ ပျောက်သွားပါ
ပြီကွာ.."
"နောက်ကျရင်လည်း ရွက်စိမ်းလေးက ကိုကို့
ကို ကာကွယ်ပေးမှာ.. မကြောက်နဲ့သိလား.."
မျက်နှာသေးသေးလေးတွင် လေးနက်မှုများက
အထင်းသား..။ သစ်မိုးအိမ်ကို ကာကွယ်ရန်မှာ
သူ့တာဝန်ဟု တထစ်ချတွေးထားပုံပင်။ ရွက်စိမ်း
၏ တက်ကြွသော စိတ်လေးကို မဖျက်စီးချင်ပါ။
သစ်မိုးအိမ် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
"အင်း..ကိုကို မကြောက်တော့ပါဘူး clover"
သစ်မိုးအိမ် အဖြေကို ကျေနပ်သွားပုံပေါ်သော
ရွက်စိမ်းက ခေါင်းလေးငြိမ့်ကာ သူကိုကို့အတွက်
ယူလာပါသည်ဟုပြောသော ဖရဲသီးကို ပါးတလှုပ်
လှုပ်ဖြင့် စားနေတော့သည်..။
နောက်ဆုံးဖရဲသီးဇွန်းလေးကို ပါးစပ်ထဲသွင်းပြီး
ချိန်တွင် သစ်မိုးအိမ် ပြောလိုက်သည်..။
"clover.. ဖရဲသီးက ကိုကို့ အတွက်ဆို.."
"ဟို..ဟို..မရှိတော့ဘူးရော.."
မျက်လုံးပြူးလေးဖြင့် မော့ကြည့်ကာ ပြောလာ
သော ရွက်စိမ်း..။ ကြံရာမရခြင်းများက မျက်နှာ
လေးတွင် အထင်းသား..။ လက်သေးသေးလေး
က မြောက်တက်လာကာ သစ်မိုးအိမ်၏
ရင်ဘက်နားက အကျႌစလေးကို လှမ်းဆွဲသည်..။
"ရွက်စိမ်းလေး မေ့သွားလို့ပါ.."
သစ်မိုးအိမ် မျက်နှာကို လက်တစ်ဖက်တွင်
အပ်ကာ ရီမိတော့သည်။ အသည်းယားလိုက်တာ
ဆိုသော ခံစားချက်များသာ သစ်မိုးအိမ် စိတ်တွင်း
ပြည့်နေတော့သည်။
အရင်တစ်ချိန်က ကြောက်လန့်စိုးရွံ့နေတတ်
သော ကလေးငယ်၏ တစ်ဖက်ခြမ်းသည်
အခုကဲ့သို့ လည်း ချစ်စရာကောင်းနေသေး
သည်တဲ့။ ဖြစ်နိုင်တာက အရင်တစ်ချိန်က
အသုံးမကျသော သစ်မိုးအိမ်သည် သတိမထား
ခဲ့မိခြင်းသာ ဖြစ်ရမည်။ အခြားသူများကတော့ ကလေးငယ်၏..ချစ်စရာကောင်းမှုများကိုသိကြ
လောက်သည်။ သစ်မိုးအိမ် မျက်ခုံးများတွန့်ကွေး
သွားကာ.မကျေမနပ်ဖြစ်သွားရသည်..။
ယခုအချိန်တွင် ရွက်စိမ်း၏ ချစ်စရာကောင်းမှု
များသည် မိမိတစ်ယောက်ထဲအတွက်သာဟု..
တွေးမိသောအခါတွင်လည်း ကျေနပ်စွာ ပြုံးမိ
ပြန်သည်။ ရွက်စိမ်းသည် သစ်မိုးအိမ်၏ စိတ်
အခြေအနေကို စက္ကန့်ပိုင်းအတွင်း ပြောင်းအောင်
လုပ်နိုင်သည်။
____________
"သခင်လေးရေ ထပါတော့ဟ...။
ဒီရေလှိုင်းရေ.. မင်း မထရင် ငါခေါင်းအုံးနဲ့
ဖိသတ်ပြစ်မှာနော်... !!.."
ဒီရေလှိုင်း ဘယ်လိုမှ ဆက်အိပ်လို့ရတော့မည်
မဟုတ်မှန်းသိသောကြောင့် မျက်လုံးများကို
ဖွင့်လိုက်ရသည်။ အရင်ဆုံးမြင်ရသည်က
လင်းနေ၏ ဖြတ်ရိုက်ချင်စရာ ကောင်းသော
မျက်နှာကို အရင်မြင်ရသည်။
ဒီရေလှိုင်း ကိုယ်တိုင်၏ ခေါင်းကဆံပင်များကို
စိတ်ရှုပ်ထွေးစွာ ဆွဲဖွရင်းအိပ်နေရာမှ ထထိုင်
လိုက်သည်။ အနီးရှိ ခေါင်းအုံးဖြင့် လင်းနေကို
လှမ်းရိုက်ရန်လည်း မမေ့...။
"မင်း.. ကျောင်းပိတ်ရက်လေးတောင်...
ငါ့ကို အလွတ်မပေးဘူးလားကွာ။ ငါညက
အိပ်တာနောက်ကျတယ် အိပ်ရေးမဝသေး
ဘူးကွ..!.."
"အယ်..အယ် ညကဘာတွေများလုပ်နေလို့
လဲ။ ငါအထင်တော့ မင်း......."
လင်းနေ၏ ပြီတီတီမျက်နှာနှင့် အမူအရာကြောင့်
အနီးရှိဖက်လုံးကို ကိုင်ကာ ပြစ်ပေါက်ပေးလိုက်
သည်။ အမြဲကြုံတွေ့နေကြ လင်းနေက တဟား
ဟား..ရယ်ရင်း ခေါင်းငုံ့ကာ ရှောင်လိုက်သည်။
သို့သော် ဘုန်းကနဲနေအောင် ပြစ်လှဲသွားသော
အသံထွက်လာသောကြောင့် ကြည့်လိုက်တော့
ကြမ်းပြင်ပေါ်တွင် ပက်လက်ကလေးလှဲကျနေ
သော တိမ်ငယ်။ ကိုယ်လေးပေါ်တွင်က အစော
က ဒီရေလှိုင်းပြစ်လိုက်သော ဖက်လုံးက ပိနေ
သည်။
ဒီရေလှိုင်းတစ်ယောက် အိပ်ချင်စိတ်များပျောက်
သွားသလို လင်းနေကလည်း အရယ်ရပ်ကာ..
သူ့ညီလေးကို အပြေးသွားထူတော့သည်..။
ထိုကောင်လေး ဘာမှမဖြစ်၍သာ တော်တော့
သည်။
"အာလူးကောင် စောစောစီးစီး ငါ့အိမ်ဘာလာ
လုပ်တာလဲ.."
"ဘာကွ ! အာလူးကောင် မဟုတ်ဘူး...
ချစ်စရာ အာလူးလေးကွ။ မင်းကို ရှမ်းခေါက်ဆွဲ
သွားစားဖို့ လာခေါ်တာကွ ငရုတ်သီးစိမ်းကောင်
ရ..!!.."
"ဘာ !!! "
ဒီရေလှိုင်း ဒေါသထွက်သွားမှန်းသိသည်နှင့်...
လင်းနေက သူတို့ရန်ဖြစ်နေကြသည်ကို...
မျက်လုံးပြူးလေးဖြင့် ကြည့်နေသော တိမ်ငယ်
နောက်တွင် ဝင်ပုန်းတော့သည်။
"ကလေးရှေ့မှာ မင်းရဲ့ အပြုအမူကို..
ထိန်းစမ်းပါ ငရုတ်သီးစိမ်း သခင်လေး
ရယ်..ဟားဟား..!!.."
"မင်း !! "
ဒီရေလှိုင်း လိမ့်တက်လာသော ဒေါသများကို
မြိုချကာ ယဉ်ကျေးစွာပင် လက်ခလယ်ထောင်ပြ
လိုက်သည်။ မျက်နှာသစ်ကာ ရေမိုးချိုးရန်...
ရေချိုးခန်းထဲ ရောက်သည်နှင့် တံခါးကို စောင့် ပိတ်ပြစ်လိုက်သည်။ လင်းနေကတော့
အမြင်ကတ်စရာ ကောင်းစွာ တဟားဟား
အော်ရီနေဆဲပင်...။
.
.
.
ဒီရေလှိုင်း ရေချိုးခန်းထဲမှ ပြန်ထွက်လာတော့
အခန်းထဲတွင် ဘယ်သူမှမရှိတော့။ လင်းနေက
တော့ အိမ်တော်ထိန်းနားကပ်ကာ သူစားချင်
သည်များ ချက်ခိုင်းနေပြန်ပြီထင်..။
ဒီရေလှိုင်း ခေါင်းမှရေစိုနေသော ဆံပင်များ
ကို သုတ်နေရင်း အဝတ်အစားများချိတ်ထား
သော ဗီဒိုထဲမှ T-shirt တစ်ထည်နှင့် ပေါ့ပေါ့
ပါးပါးဖြစ်စေမည့် ဘောင်းဘီရှည်တစ်ထည်ကို
ထုတ်လိုက်သည်။
T-shirt ကိုတော့ အနီးရှိ ကုတင်ပေါ်သို့
ပြစ်တင်လိုက်ကာ ခါးတွင်ပတ်ထားသော
ရေချိုးခန်း တပတ်ဖြူကို ဖြည်ချရန်လုပ်
လိုက်သည်..။
"ဟိဟိ အကြီးကြီးဘဲ ချစ်စရာကောင်းလိုက်
တာ..။ ကိုင်ကြည့်လို့ရလားဟင် ဖြည်းဖြည်းလေး
ဘဲ ကိုင်မယ်လေ နော် နော်..."
ဒီရေလှိုင်း ရုတ်တရက်ထွက်လာသော အသံ
ကြောင့် ထဆဲမိမတတ်လန့်သွားရသည်။
ခါးမှတပတ်အဖြူကို တင်းတင်းဆုပ်ကိုင်ရင်း
အသံလာရာကို ကြည့်လိုက်တော့ တိမ်ငယ်
ဆိုသော ခရမ်းချဉ်သီး..။
အခန်းထောင့်တွင် သူ့ဘာသာအိပ်နေသော
Sun အနားတွင် သွားထိုင်ကာ စကားပြော
နေခြင်းဖြစ်သည်။ လူစိမ်းကပ်တာမကြိုက်
သော Sun ကလည်း ထိုကလေးကိုတော့
လျှာလေးထုတ်ကာ ချစ်စရာကောင်းအောင်
လုပ်ပြနေသည်။ ကြည့်ရတာ Sun က
ခရမ်းချဉ်သီးကို သဘောကျပုံပင်..။
ဒီရေလှိုင်း ချောင်းအသာဟမ့်လိုက်သည်။
"အဟမ်း..!.. ဟိုကောင်လေး မင်းအစ်ကိုရော"
Sun ကိုကိုင်ကြည့်ရန် လုပ်နေသော တိမ်ငယ်
က ဒီရေလှိုင်းကို မျက်လုံးပြူးလေးဖြင့် ကြည့်
လာသည်။
"ကိုကြီးက အောက်ဆင်းသွားပြီ...
တိမ်ငယ်ကိုကျ ဒီကကိုကြီးသူငယ်ချင်း
န့ဲတူတူဆင်းလာခိုင်းလို့ပါ.."
"အင်း..ငါသိပြီ.."
ဒီရေလှိုင်း လဲရမည့်အဝတ်အစားများကိုယူ
ကာ ရေချိုးခန်းထဲတွင်သာ လဲလိုက်သည်။
အဝတ်အစားလဲပြီးသည်နှင့် အဆင်သင့်ဖြစ်
သွားပြီဖြစ်သည်။ ဆံပင်ကိုတော့ လက်ချောင်း
များကိုသာ သုံးကာသပ်တင်လိုက်သည်..။
"ခရမ်းချဉ်သီး သွားမယ်.."
"ဟုတ်ကဲ့ ကိုကြီးသူငယ်ချင်း.."
အသံနှင့်အတူ အနားသို့အပြေးလာကာ
ဒီရေလှိုင်း၏ လက်တစ်ဖက်ကို လက်သေးသေး
လေးဖြင့် ဆုပ်ကိုင်လာသည်။ ဒီရေလှိုင်း...
မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့
ကြောင်တောင်တောင်လေး ပြန်ကြည့်လာသည်။
ဒီရေလှိုင်း သက်ပြင်းသာချကာ ထိုကလေးလက်
ကို တွဲလျက်ပင် အိမ်အောက်ထပ်သို့ ဆင်းလာ
လိုက်သည်..။ တစ်သီးတစ်သန့်သာ နေတတ်
သော ဒီရေလှိုင်းအတွက် ခရမ်းချဉ်သီးက...
ထူးဆန်းနေသည်ကတော့ အမှန်ပင်..။
ဧည့်ခန်းကို သန့်ရှင်းရေလုပ်နေသော အလုပ်
သမားကောင်လေးကို အမိန့်ပေးလိုက်သည်။
"ကားပြင်ထားလိုက် ငါအပြင်သွားစရာ
ရှိတယ်.."
"ဟုတ်ကဲ့ သခင်လေး.."
အလုပ်သမားကောင်လေးထွက်သွားသောအခါ
လင်းနေ ရှိနေမည်မှာ သေချာသည့် စာဖိုးဆောင်
သို့ လာလိုက်သည်။ ဒီရေလှိုင်း ထင်သည့်အတိုင်း
ပင် လင်းနေက အိမ်တော်ထိန်းကြီး ပြင်ဆင်ပေး
ထားသော မုန့်များဖြင့် သာယာနေသည်..။
ဝင်လာသော ဒီရေလှိုင်းနှင့် တိမ်ငယ်ကို
တွေ့တော့ ရီပြကာ နှုတ်ဆက်လာသေးသည်။
ဒီရေလှိုင်း ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ကာ...
တိမ်ငယ်ကလည်း တစ်ခုံတွင် ဝင်ထိုင်သည်။
"အဲ့တာက ခရမ်းချဉ်သီးအတွက် မကောင်းဘူး။ အိမ်တော်ထိန်း မိုင်လိုတစ်ခွက် ဖျော်ပေး လိုက်ပါ"
တိမ်ငယ်အတွက် ကော်ဖီထည့်ပေးရန် လုပ်နေ
သော လင်းနေက ဒီရေလှိုင်းကို လက်မထောင်ပြ
လာသည်..။
"သခင်လေးက အရမ်းတော်တာပဲ.."
ဒီရေလှိုင်းကတော့ လင်းနေကို အဖတ်ပင်မလုပ်
အိမ်တော်ထိန်းပေးလာသော မိုင်လိုခွက်ကိုယူကာ
တိမ်ငယ်ရှေ့တွင် ချပေးသည်။ သူကိုယ်တိုင်ကျ
ကော်ဖီတစ်ခွက်ထည့်ကာ သောက်နေလေသည်။
ကိတ်မုန့် တစ်ချို့ကိုပါ တိမ်ငယ်လက်လှမ်းမှီနိုင်
သော နေရာသို့ ရွေ့ပေးသည်။ တစ်ဆက်တည်း
တွင်လည်း လင်းနေကို ပြောလိုက်သည်။
"မင်း.. ခရမ်းချဉ်သီး ငါ့ခရမ်းချဉ်သီးမဟုတ်ဘူး။
အစားအသောက်ကိုဘဲ ငတ်ပြတ်မနေနဲ့ နည်း
နည်းပါးပါး အဖက်လုပ်လိုက်ဦး.."
"ဟမ့်.. နှစ်ယောက်ထဲရှိချိန်ဆို ငါ့ညီလေးကို
ငါက ဂရုစိုက်ပြီးသား..။ အခုက မင်းရှိတာဘဲ
မင်းဂရုစိုက်လိုက်လေ.."
"မင်းဟာက အထီးလေးကွ ကောင်မလေးဆို
ရင်လဲ တစ်ခါထဲ ကိုယ်ဖိရင်ဖိစောင့်ရှောက်ပြီး
အသက်ပြည့်ရင် မိန်းမတော်ပြစ်မယ်.."
"ဟဟ.. ဒီသခင်ငယ်မှာ ညီမမရှိတာ
သိပ်ဝမ်းသာတာဘဲ။ ငါက ငါ့ညီလေးကို
အိကျိအိကျိအကြီးကြီးပါတဲ့ အလှလေးကို
ရှာပေးစားမှာ..။ မင်းလို အားနေဒေါသကြီးနေ
တဲ့ ငရုတ်သီးစိမ်း ကောင်နဲ့တော့ မဟုတ်ဘူး.."
ဒီရေလှိုင်း နဖူးကြောများပင် ထောင်ထလာရ
သည်။ အကျင့်မကောင်းသော အာလူးကောင်
သည် မိမိအိမ်ပေါ်တွင် မိမိအိမ်မှ အစားအစာ
များစားကာ မိမိကို ရန်စနေသည်..။
"မင်း... စောင့်နေလိုက်.."
ဒီရေလှိုင်း၏ အံကြိတ်သံကြီးနှင့် ပြောလာသော
စကားကို လင်းနေက ပုခုံးနှစ်ဖက်ကို တွန့်ကာ
တုန့်ပြန်သည်..။ အလယ်က တိမ်ငယ်ကတော့
မိုင်လိုခွက်လေးပိုက်ကာ ဟိုကြည့်သည်ကြည့်
ဖြစ်နေရသည်..။
_____________
"ဟမ် ! သူမသေသွားပြီ ဟုတ်လား.."
ဦးထက်နောင်၏ တအံ့တသြရေရွတ်သံသည်
CEO ရုံးခန်းထဲတွင် ပီသစွာထွက်ပေါ်လာသည်။
ဦးထက်နောင် မိုးဝေကိုထပ်မေးလိုက်သည်..။
"ဘယ်လိုဖြစ်ရတာလဲ.. ဘာဖြစ်လို့ အတွင်းရေးမှူး အမျိုးသမီးက အသတ်ခံရတာလဲ..။ ရဲတွေဘက်
ကရော ဘာပြောလဲ.."
"သူတို့က အတွင်းရေးမှူးအမျိုးသမီးအကြောင်း
ကို မေးမြန်းချင်လို့ Boss ကို အကူအညီတောင်း
ထားပါတယ်.."
"ကူညီရမှာပေါ့..ငါ့တို့ဘက်က တတ်နိုင်တာ
မှန်သမျှကို ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့..
ပြောလိုက်ပါ.."
"ဟုတ်ကဲ့ Boss.."
"သူမက ရည်မွန်တဲ့အမျိုးသမီးပါ ဘယ်လိုဖြစ်လို့
များ ဒီလိုမျိုးကြုံရပါ့လိမ့်..။ မနေ့ကတောင် ငါ့ကို
ဖုန်းဆက်...."
ဦးထက်နောင် ချက်ချင်းပင် computer
ဖွင့်ကာ mail စစ်လိုက်သည်။ အတွင်းရေးမှူး
အမျိုးသမီးနာမည်ဖြင့် ဝင်နေသော mail ကို
ချက်ချင်းပင် ဖွင့်ဖတ်လိုက်သည်..။
..Satan...
ဆိုသော စာနှင့်အတူ ဓာတ်ပုံတစ်ချို့ပါသော
mail ကိုစစ်ပြီးနောက် ဦးထက်နောင်....
မျက်မှောင်ကြုတ်သွားရသည်...။
"သော်ထက်..? ဘာလို့သူမက သော်ထက်ပုံတွေ
ပို့ပေးရတာလဲ..။ ဓာတ်ပုံထဲလူက မြင်ဖူးနေကျ
သော်ထက်ပုံစံနဲ့ ကွဲပြားနေလိုက်တာ..။ မိုးဝေ
လာကြည့်ကြည့်..."
ဆံပင်ရှည်ကို အနောက်တွင် စုချည်ထားသော
သော်ထက်ပုံစံက ဦးထက်နောင် မြင်နေကြ...
ခပ်ရှင်းရှင်းဆံပင်ကို အပြောင်းသိမ်းကာ ဖြီးထား
တတ်သော ပုံစံနှင့် ကွဲလွဲလွန်းသည်..။
"သူမက ဘာလို့ သော်ထက်ပုံတွေ ပို့သွားတာ
ပါလိမ့်..။ Satan ဆိုတဲ့ စာနဲ့အတူလေ..."
Screen တွင်ပေါ်နေသော ဓာတ်ပုံကို..
စူးစိုက်ကြည့်နေသော မိုးဝေက သူ၏..
ရွှေရောင်မျက်မှန်လေးကို အသာပင့်တင်
ရင်း...။
"Boss.. ဒီ tatoo ကို ကျွန်တော်မြင်ဖူးတယ်"
ဦးထက်နောင် မိုးဝေပြောသည့်အတိုင်း...
သော်ထက် ပုခုံးတစ်ဖက်မှ tatoo ကို
ကြည့်လိုက်သည်..။ အနက်ရောင် သဘောၤ
တစ်စင်း ပုံစံ tatooကို ဦးထက်နောင်လဲ
မြင်ဖူးသည်...။
"ဒါက တရုတ်နိုင်ငံမှာ ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့
သင်္ကေတမလား..။ ငါ့မိတ်ဆွေတစ်ယောက်
ပြောဖူးတာတော့ သူတို့ဂိုဏ်းရဲ့ စောင့်ရှောက်မှု
အောက်မှာရှိတဲ့ လုပ်ငန်းရှင်တွေဆို တရုတ်အစိုးရ
ကတောင် မထိရဲဘူးတဲ့..။ ဒါကြောင့် သူတို့ဂိုဏ်း
ရဲ့ စောင့်ရှောက်မှုလိုချင်နေကြတဲ့ လုပ်ငန်းရှင်တွေ မရေမတွက်နိုင်အောင် ရှိတယ်တဲ့..။ အထူးသဖြင့်
တရားမဝင်တာ လုပ်ချင်ကြတဲ့သူတွေပေါ့.."
ဦးထက်နောင် ဆက်ပြောလိုက်သည်..။
"သော်ထက်မှာ ဘာလို့ ဒီ Tatoo ရှိနေရတာ
လဲ..။ နည်းနည်းဆင်တူတာလား။ သော်ထက်
ကဘဲ အဲ့ဒီဂိုဏ်းနဲ့ ပတ်သတ်နေတာလား.."
"Boss ကိုသော်ထက်က တရုတ်မှာ...
ကျောင်းသွားတက်သေးတယ်မလား..။
နှစ်အတော်ကြာတယ်လေ..."
"ဟုတ်တယ်.. ကြည့်ရတာ အတွင်းရေးမှူး
အမျိုးသမီးနဲ့ သော်ထက်ကြားက ပတ်သတ်မှု
ကို အရင်ရှာရမယ့်ပုံဘဲ..။ ပြီးတော့ သော်ထက်
တရုတ်မှာ ကျောင်းသွားတက်တဲ့အချိန်ကို...
ထပ်ပြီးစုံစမ်းရမယ်..။ ဒီနေ့ အစည်းအဝေး ရှိ
တယ်မလား ဘယ်အချိန်လဲ မိုးဝေ..."
" နေ့လယ် ၁နာရီပါ Boss.."
"အင်း..ပြင်ဆင်ထားလိုက်တော့...
အတွင်းရေးမှူးအမျိုးသမီး သေဆုံးမှုမှာ
တတ်နိုင်သလောက် အကုန်လုံးကူညီရမယ်
လို့ ကြော်ငြာလိုက်..။ သူမအိမ်ကိုလဲ...
ကုမ္ပဏီဘက်က ထောက်ပံ့ကြေးပေးဖို့..
ပြင်ဆင်လိုက်ပါ..."
"ဟုတ်ကဲ့ Boss.."
မိုးဝေ ထွက်သွားသောအခါ ရုံးခန်းထဲတွင်
ဦးထက်နောင် တစ်ယောက်သာကျန်ခဲ့တော့
သည်။ အတန်ကြာ အတွေးလွန်နေသော..
ဦးထက်နောင် သည် တံခါးခေါက်သံကြားမှသာ
သတိဝင်တော့သည်..။
ပွင့်လာသော ရုံးခန်းတံခါးနှင့်အတူ အထဲ
ဝင်လာသော ဒေါ်နှင်းဆီနီ..။ ကုမ္ပဏီ ကို
မကြာခဏလာတတ်သော သူမကြောင့်...
ဝန်ထမ်းများပင် သူမကိုသိနေပြီဖြစ်သည်။
ထို့ကြောင့်လည်း သူမ CEO ရုံးခန်းထဲဝင်
လာသည်ကို ဘယ်သူမှ မတားကြခြင်းဖြစ်
သည်။
"မနှင်းဆီနီ ပါလား.. ဘာကိစ္စများရှိလို့လဲ"
"ကိုထက်နောင်ကတော့လေ နှင်းဆီက..
ကိစ္စရှိမှ လာရမှာလားလို့..။ သူစိမ်းဆန်
လိုက်တာရှင်..။ နှင်းဆီက ဒီနားမှာ အလုပ်
ကိစ္စတစ်ခုကြောင့်လာတာ လမ်းကြုံတာနဲ့
ကိုထက်နောင်ဆီ ဝင်လာတာလေ..."
ဒေါ်နှင်းဆီနီက သူမလက်တွင်ပတ်ထားသော
နာရီကို တစ်ချက်ကြည့်ကာ ဆက်ပြောလာ
သည်။
"နေ့လယ်စာ စားချိန်တောင်ရောက်နေပြီ..။
ကိုထက်နောင် နှင်းဆီနဲ့နေ့လယ်စာတူတူ
စားရအောင်နော်.."
"ကျွန်တော် အရေးကြီးအစည်းအဝေးရှိလို့
မလိုက်တော့ပါဘူး မနှင်းဆီနီ..."
"အဝေးကြီးမဟုတ်ပါဘူး ကိုထက်နောင် ရယ်
ကုမ္ပဏီ အရှေ့က စားသောက်ဆိုင်မှာဘဲ စား
လိုက်မယ်လေ..။ အလုပ်တွေကြီးဘဲ ဖိလုပ်နေ
တယ်။ ကိုယ့်ကိုယ်ကို လဲ ဂရုစိုက်ပါဦးရှင်...။
ကိုထက်နောင်ရဲ့ သားတွေအတွက်ဘဲ ဖြစ်ဖြစ်
ပေါ့.."
မရမကပြောနေသော ဒေါ်နှင်းဆီနီ ကြောင့်
နေ့လယ်စာတူတူစားရန် လက်ခံလိုက်သည်။
ဒေါ်နှင်းဆီနီ ကတော့ ဇနီးမယား တစ်ယောက်
က ခင်ပွန်းကို စိုးရိမ်သလို ပြောလိုက်သည့်
ကိုယ်တိုင်၏ လုပ်ရပ်နှင့် ဦးထက်နောင်နှင့်
အတူတွဲကာ သွားသည်ကို ကြည့်နေကြသော
ဝန်ထမ်းများကြောင့် ကျေနပ်သွားရသည်..။
ဒီအမျိုးသား၏ ဘေးတွင်ယှဉ်ရပ်ရန် ထိုက်တန်
သူမှာ မိမိသာရှိသည်။ ဦးထက်နောင် သည်
ကိုင်တွယ်ရခက်သော အမျိုးသားဖြစ်သော်
လည်း ဒေါ်နှင်းဆီနီ လက်မလျော့ပါ..။
ခိုင်ခံ့သော မိမိ၏ ပျားရည်ထောင်ချောက်မှ...
ထိုသူ လွတ်နိုင်မည်ဆိုသည်မှာ မဖြစ်နိုင်
သော ကိစ္စပင် ဖြစ်သည်လေ..။
____________
"တာဝန်ကျေတယ်.. ဘာခြေရာလက်ရာမှ
မကျန်ခဲ့စေနဲ့။ ကမ္ဘာကြီးကို အကျိုးပြုမယ့်
မြေဩဇာအဖြစ် တာဝန်မယူချင်ဘူး ဆိုရင်
ပေါ့..။ အင်း..ငါသိပြီ ၂ရက်နေရင် ငါပြန်လာ
ခဲ့မယ်.."
မိုင်း..ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ကာ ဖုန်းကို
စားပွဲပေါ်တင်လိုက်သည်။ မနက်စာ ထမင်းကြော်
ကို ပန်းကန်ထဲထည့်ကာ ပြင်ဆင်ပြီးချိန်တွင်...
နိုင်း ကရောက်လာသည်..။ နှစ်ယောက်သား..
မနက်စာကို စားလိုက်ကြသည်။
"နိုင်း ဒီရက်ပိုင်းအတွင် ငါခရီးတစ်ခုထွက်စရာ
ရှိတယ်။ ပြီးပြီးချင်းပြန်လာမှာဆိုတော့ မကြာ ဘူး။ တစ်ရက်လောက်ဘဲ..."
"အင်းပါ ငါအဆင်ပြေပါတယ် စိတ်မပူနဲ့.."
မိုင်း ခေါင်းငြိမ့်လိုက်သော်လည်း အတတ်နိုင်
ဆုံး အမြန်ပြန်လာရန် တိတ်တဆိတ်ဆုံးဖြတ်
လိုက်သည်။
နောက်တစ်နေ့မနက်တွင်ပင် ချက်ချင်းခရီးထွက်
သွားသော မိုင်းက နိုင်း အတွက်ဟင်းတစ်ချို့ကို
ချက်ကာ ပြင်ဆင်ပေးသွားသေးသည်။ တစ်ကယ်
ဆို ရက်ပိုင်းသာကြာမည်ကို မိုင်း တစ်ယောက်ကို
တော့ တစ်ကယ်ကို မနိုင်တော့...။
နိုင်း ဆွဲလက်စပန်းချီကားကို လက်စသတ်နေ
စဉ် မြည်လာသော ဖုန်းသံကြောင့် ခေါ်ဆိုသူ
အား ကြည့်လိုက်တော့ ကိုထက်နောင်...။
နိုင်း ဖုန်းကိုင်လိုက်သည်..။
"ဟုတ်ကဲ့ ကိုထက်နောင်..."
"ထမင်းစားဖိတ်တာလား.. မနက်ဖြန်ပေါ့.."
"ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါမယ်...။
တူလေး သစ်မိုးအိမ်ကိုလဲ တွေ့ချင်နေတာ
နဲ့ အတော်ဘဲဗျာ...."
"ဟုတ်ကဲ့ပါ ကိုထက်နောင် ကျွန်တော်...
ဆက်ဆက်လာခဲ့ပါမယ်ဗျာ..."
ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ကာ
စားပွဲပေါ်တင်ရင်း ဆွဲလက်စပန်းချီကား
တွင်သာ အာရုံစိုက်လိုက်သည်..။
တစ်ဖက်မှ ဦးထက်နောင်ကလည်း...
ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးသည်နှင့်
ဘေးက မိုးဝေကို ပြောလိုက်သည်..။
"ငါတို့ စီစဉ်ထားတာ အလုပ်ဖြစ်ပါစေလို့ဘဲ
ဆုတောင်းရမှာဘဲ..."
_____________
(A/N-😚 Love ya..!..)
JM(29.12.2020)
Next>>>>>>