SCROLL DOWN FOR ZAWGYI
UNICODE
CH5- A FLAG WAVING THROUGH THE BLOODY HAZE
Warning ပိစိ: သွေးထွက်သံယိုပုံဖော်ချက်တွေပါမှာမို့ မခံစားနိုင်တဲ့သူကျော်ဖတ်ကြဖို့ ပြောချင်ပါတယ် ၊ အရမ်းမဆိုးပေမဲ့ မကြည့်ရဲမဖတ်ရဲတဲ့သူတွေ အတွက်ပါ ၊ အဲ့အပိုင်းရောက်ရင် warning ထပ်ပေးပါမယ် ။
လုဖုန်း ရှန့်မင်အော်ငှားထားသောအခန်းသို့ ရောက်သောအခါ သူ့အား အရင်ဆုံးထိုင်ရန်ပြော၏ ။ အခန်းထဲမှမီးအလင်းရောင်ကား ဆိုးသည့်အထဲပါပေသည် ။ ထို့ကြောင့် ရှန့်မင်အော်တစ်ယောက် ဝရန်တာသို့ထွက်ပြီးမှသာ အမေဖြစ်သူကို ဖုန်းလှမ်းခေါ်ရတော့သည် ။
ရှန့်မင်အော်ငှားရမ်းထားသော နေရာကား ကျောင်းမှနေ၍ နှစ်ကီလိုမီတာအတွင်းရှိပြီး အတော်ဟောင်းနွမ်းသော ပတ်ဝန်းကျင်တွင်တည်ရှိ၏ ။
အခန်းပတ်ပတ်လည် အကျယ်အဝန်းမှာ မီတာနှစ်ဆယ်ဝန်းကျင်ရှိပေ၏ ။ ကုတင်ကိုဖယ်၍ အခန်းတွင်း နေရာအယူထားဆုံးအရာကိုပြပါဆိုလျှင်ကား စာအုပ်စင်ပင် ။
အထင်ကြီးစရာကောင်းလောက်သော စာအုပ်ပမာဏက စာအုပ်စင်၌ ပြည့်ကျပ်နေသည် ။ ထို့ပြင် တခြားစာအုပ်အတော်များများကိုလည်း ကြမ်းပြင်ပေါ်တွင် ထပ်စီထားသေး၏ ။ စာအုပ်အရွယ်အစားအလိုက် အမျိုးအစားခွဲလျက်။
အခန်းကား သန့်ရှင်းသပ်ရပ်နေပေ၏ ။ သို့သော် ပိုးသတ်ဆေးနံ့အနည်းငယ်ကို တစ်ချက်တစ်ချက် ရတတ်သေးသည် ။
လုဖုန်းအခန်းထဲ တစ်ချက်လှည့်ပတ်ကြည့်မိသည် ။ သို့သော် ၎င်း၏သေးငယ်လှသော အရွယ်အစားကြောင့် အခန်းတစ်ခန်းလုံးကြည့်ရန် အချိန်ပင်သိပ်မယူလိုက်ရ ။ နောက်ဆုံးတွင်ကား အခန်းထဲရှိ တစ်ခုတည်းသောထိုင်ခုံတွင် လုဖုန်းထိုင်ချလိုက်တော့သည် ။
ရှန့်မင်အော်၏စားပွဲကား သန့်ရှင်းသပ်ရပ်ကာ ပစ္စည်းများကိုလည်း စနစ်တကျစုစည်းထား၏ ။
အရမ်းကြီး မသစ်လွင်တော့သော လပ်တော့ပ် တစ်လုံး ၊ အဖုံးမပါသော ဘောပင်တစ်ချောင်းအပြင် သေသပ်စွာစီထားသော နိုင်ငံခြားဘာသာစကားစာအုပ်အချို့ရှိပေ၏ ။
လုဖုန်း ဝရန်တာကို တစ်ချက်ချောင်းကြည့်မိသည် ။ ရှန့်မင်အော်ကား ဖုန်းပြောနေဆဲပင် ။ ထို့ကြောင့် အပျင်းပြေလိုပြေငြား စားပွဲပေါ်တွင်တင်ထားသော စာအုပ်အချို့ကို လှန်လှောကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။
စာအုပ်များကို ဖွင့်ကြည့်ဖို့ရန် လက်လှမ်းရုံရှိသေးသည် ။ စားပွဲပေါ်ရှိ အဖုံးထူစာအုပ်တစ်အုပ်ကို မတော်တဆနှင့် ဝင်တိုက်မိတော့သည် ။ ထိုစာအုပ်မှာဖိုင်များသဖွယ် စာရွက်များကိုကဏ္ဍအလိုက် သေချာစီကာ အပေါ်မှစာအုပ်အဖုံးအမာနှင့် ပြန်ချုပ်ထားသော စာအုပ်မျိုးဖြစ်သည် ။ အခုတော့ လုဖုန်းလက်ချက်ကြောင့် အထဲမှ စာရွက်များမှ ကြမ်းပြင်ပေါ် တစစီပြန့်ကျဲလျက် ။
လုဖုန်း ထိုစာရွက်များကိုအလျင်အမြန်လိုက်ကောက်ရတော့သည် ။ သူလုပ်ခဲ့သည်ကို ရှန့်မင်အော်သိသွားကာ ဒေါသထပ်ထွက်လေမလားဟုတွေးမိသောအခါ ခဏတာပင် တုံ့ဆိုင်းသွားရ၏ ။
ရှန့်မင်အော်လိုလူမျိုးသည် ဒေါသထွက်လျှင် သူ့ကို အပြစ်တင်ဆုံးမမည့်သူမျိုးမဟုတ် ။ ထိုအစား နောက်တစ်ခါ အခန်းထဲသို့ ဝင်ခွင့်ပေးလိမ့်တော့မည်မဟုတ် ။
စာရွက်များအပြင် ပြန့်ကျဲသွားသောဓာတ်ပုံအချို့ကိုပါ လိုက်ကောက်ရင်း စာအုပ်ထဲသို့ပြန်ညှပ်ရန် လုဖုန်းပြင်ကာရှိသေး ။
မတော်တဆ ထိုဓာတ်ပုံများအပေါ် စွဲကျန်မိသောအကြည့်များသည် မေ့နိုင်ဖွယ်ရာမရှိ။ တကယ်ဆို ထိုအချိန်တုန်းက ဓာတ်ပုံများကိုမကြည့်ဘဲ စာအုပ်ထဲသာညှပ်လိုက်သင့်သည် ။ အခုချိန်ထိ ကြည့်မိသည်ကို နောင်တရမိသည်ဆိုလည်း မမှား ။
* Warning *
လုဖုန်း အမြင်အာရုံမြင်ကွင်းတစ်ခုလုံး သွေးတို့ဖြင့်ဖုံးလွှမ်းသွားသကဲ့သို့ ။ သွေးစွန်းကာ ရစရာမရှိလောက်အောင် ဒဏ်ရာကွက်တို့ထနေသော လူ့အရေပြား ။ ဖြူဖျော့သော ခြေလက်အင်္ဂါတို့နှင့် အပြင်းအထန် ဒဏ်ရာရနေသောခြေလက်အင်္ဂါအစိတ်အပိုင်းတို့သည် ယှဥ်ကြည့်လိုက်ပါက လုံးဝအထင်းသား ကွဲထွက်နေလျက် ။
အလောင်းကောင်တို့၏ မျက်နှာထက်တွင် မဲ့ရွဲ့နေသော အမူအရာများ ။ မချိမဆံ့သောဝေဒနာကြောင့် ပုံပန်းပျက်လျက် ။ နို့နှစ်ရောင်ဖြူဝင်းသော အဆီလွှာတို့သည် သွေးစွန်းပုံပျက်နေသော ကိုယ်တွင်းအင်္ဂါတို့နှင့်အတူ အပြင်ဘက်သို့ယိုစိမ့်ထွက်လျက် ။
အလောင်းမှငေါထွက်နေသော အရိုးတို့သည် တစ်မျိုးတစ်ဖုံ အော်ဂလီဆန်စရာကောင်းလှ၏ ။ ကပ်ငြိနေသေးသော သပွတ်အူသဖွယ် ရှုပ်ရှက်ခတ်နေသည့် အရွတ်တို့အပြင် အသားစိုင်ကြီးကြီးမားမားတစ်ချို့ကတော့ ထိုအရိုးများတွင် ကပ်တွယ်နေကြသေး၏ ။
ထိုအကြည့်တစ်ချက်နှင့်ပင် ငရဲပြည်၏ဟိုးအောက်ဆုံးအနက်ထိ ခုန်ဆင်းသွားရသကဲ့သို့ ။
အလောင်းကောင်များစုပုံထားသောတောင်ထိပ်တွင် ရပ်နေရသကဲ့သို့ ။ ထိုတောင်ထိပ်တွင်ကား သွေးသံရဲရဲမြူမှုန်တို့ကြား အလံတစ်ခုက လေနှင့်အတူ တလူလူလွင့်နေလျက် ။
ဤကဲ့သို့သော အနုစိတ်ပုံမျိုးသည် လုဖုန်းအားခြောက်ခြားစေသည်တော့အမှန်ပင် ။ ကျောဘက်မှ ချွေးအေးများစီးကျလာသလားပင်မှတ်ရသည် ။ အစာအိမ်ထံမှ ပျို့အန်ချင်မှုသည် လှိမ့်တက်လာလျက် ။
ကြောက်ရွံ့ခြင်းကိုခံစားရခြင်းထက် ထိတ်လန့်အံ့သြရသည်ဆို ပိုမှန်လိမ့်မည် ။
ရှန့်မင်အော် ဘာကြောင့်ဒီလိုပုံတွေကို ကြည့်နေရသနည်း ? သူ့ကျောင်းအိမ်စာအတွက်ပေပဲလား ? ယခုလောလောဆယ် ရှန့်မင်အော်မှာ ဥပဒေပညာကို လေ့လာသင်ယူနေသည်ဖြစ်ရာ ဤကဲ့သို့သောမှုခင်းဖြစ်ရပ်မျိုးကို လေ့လာနေရခြင်းမျိုးဖြစ်လိမ့်မည် ။ သို့သော် ဒီပုံတွေသည်...ဒီပုံတွေရဲ့နောက်ကွယ်မှာ တစ်စုံတစ်ခုသောရည်ရွယ်ချက်များ ရှိနေလေမလား ...?
ထိုစဥ် ဝရန်တာမှ တံခါးဖွင့်သံကိုကြားလိုက်ရတော့၏ ။ လုဖုန်းချက်ချင်းပင် ဓာတ်ပုံများကိုစာအုပ်ထဲသို့ပြန်ထည့်ကာ ယခင်နေရာတွင်ပြန်ထားလိုက်တော့သည် ။ ထို့ပြင် နေရာရွေ့နေသောအချို့စာအုပ်များကိုလည်း နေရာတကျပြန်စီထားလိုက်၏ ။
"မင်း ဘာလုပ်နေတာလဲ ?"
ရှန့်မင်အော်ကား လုဖုန်း၏လှုပ်ရှားမှုကို ချက်ချင်းပင် ဖမ်းမိသွားချေပြီ ။ ထို့နောက် လက်တစ်ဖက်ရှေ့ကိုဆန့်တန်းလျက် လုဖုန်းဆီသို့ ဦးတည်ကာလျှောက်လာတော့၏ ။
ရှန့်မင်အော်၏ သွယ်လျသောလက်ချောင်းတို့ လုဖုန်းအားထိလုထိခင်ဖြစ်တော့မည့်အချိန် ။ လုဖုန်းနှလုံးခုန်သံတို့သည် ဗြောင်းဆန်နေကာ အသက်ကိုပါမရှူပဲ အောင့်ထားမိသည် ။ သို့သော် ရှန့်မင်အော်လက်ချောင်းတွေသည် လုဖုန်းကိုထိမလာခဲ့ ။ အမှန်တကယ် ဦးတည်ရာနေရာကား စားပွဲပေါ်ရှိ အုပ်များဆီသို့သာ ။
"ကျွန်...ကျွန်တော် အကို့ရဲ့စားပွဲကို ကူရှင်းပေးရုံပါ"
လုဖုန်း အပြုံးတစ်ခု ကြိုးစားပြုံးပြပြီးနောက် ကိုးရိုးကားရားနိုင်စွာ ပြောမိသည် ။
ရှန့်မင်အော် စာအုပ်ကိုင်ထားကာ လုဖုန်းအား တစ်ချက်စောင်းကြည့်လာခဲ့သည် ။
"နောက်တစ်ခါ ငါ့ပစ္စည်းတွေကို မထိနဲ့"
လုဖုန်းကျောဘက်မှ အမွေးများပင် ဆတ်ခနဲထောင်သွားရသလို ။ တုံ့ဆိုင်းတုံ့ဆိုင်းနှင့်ပင် ခေါင်းညိတ်ပြမိသည် ။
ရှန့်မင်အော် ထိုစာအုပ်အား စာအုပ်စင်၏အမြင့်ဆုံးနေရာတွင် တင်ထားလိုက်၏ ။ ထိုလောက် အမြင့်ဆိုလျှင် လုဖုန်းအတွက် မှီဖို့ခက်ခဲလေသည် ။
ထို့နောက် ရှန့်မင်အော် တွေ့ရာစာအုပ်တစ်အုပ်ကို ကောက်ယူကာ အိပ်ရာထက်တွင် လှဲလျောင်းရင်းဖတ်နေတော့၏ ။
လုဖုန်းထိုင်ခုံမှာ ပြန်ထိုင်ရင်း ကျောနောက်မှီတွင် လက်ကိုတင်ကာ ရှန့်မင်အော်ကိုမေး၏ ။
"အကို ဘာလို့အဆောင်ကနေ ပြောင်းသွားတာလဲ ? အပြင်မှာ ငှားနေတာက ပိုစျေးကြီးတယ်မဟုတ်လား ? အိမ်ကို ပြန်ပြောင်းလာတာတောင် ပိုအဆင်ပြေချင်ပြေမှာနော် "
ရှန့်မင်အော် စာမျက်နှာတစ်ခုကိုလှန်ရင်း လုဖုန်းအား အမှုမထားသလို အေးဆေးတည်ငြိမ်စွာပင် ပြန်ဖြေလာခဲ့သည် ။ သူ၏အာရုံအလုံးစုံသည် စာအုပ်အပေါ်တွင်သာ ။
"အဆောင်က သိပ်အဆင်မပြေဘူး ၊ အိမ်ကဝေးလွန်းတယ် ၊ အဲ့တော့ ဒီမှာနေတာက အဆင်ပြေတယ် "
"အကို့မှာ အခန်းငှားဖို့ ပိုက်ဆံရှိတယ်ပေါ့"
"အင်း "
"အဲ့ပိုက်ဆံတွေ ဘယ်ကရလဲ"
လုဖုန်း ဖျတ်ခနဲအတွေးတစ်ခုအနေနှင့် ထုတ်မေးလိုက်ခြင်းသာ ။ ရှန့်မင်အော်၏ ပုဂ္ဂိုလ်ရေးရာလျှို့ဝှက်ချက်ကို တူးဖော်လိုသည့်ရည်ရွယ်ချက် အလျဥ်းမရှိပါပေ ။ သို့သော် ရှန့်မင်အော်ကား သူ၏ရည်ရွယ်ချက်ကို အဓိပ္ပာယ်ကောက်လွဲသွားပြီဆိုတာတော့ ကျိန်းသေလှသည် ။
ရှန့်မင်အော်ခေါင်းမော့လာခဲ့သည် ။ မျက်လုံးထဲတွင်ကား ပျက်ရယ်ပြုခြင်း ရယ်သွမ်းသွေးခြင်း အကြည့်တွေသည် တဖျတ်ဖျတ်လက်လျက် ။
"စိတ်ပူမနေနဲ့ အဲ့ပိုက်ဆံတွေက မင်းအမေဆီကမဟုတ်ဘူး "
အတိတ်ကာလများတွင် လုဖုန်းမိဘများသည် ရှန့်မင်အော်ကြောင့် ရန်ဖြစ်ခဲ့ကြရသည်မလား ။ ရန်ဖြစ်ရသည့် အကြောင်းရင်းများထဲမှ အချို့သည် အနာဂတ်တွင် အမွေခွဲဝေရေးကိစ္စများနှင့် စပ်လျဥ်းသည့်အရာများပင် ။
လုဖုန်းအမေကား လုဖုန်းတစ်ယောက်တည်းအပိုင်ဖြစ်သင့်သော အိမ်ယာ ပိုင်ဆိုင်မှု အမွေဝေစုအတွက် ရှန့်မင်အော်က တိုက်ခိုက်လာမည်ကို အမြဲစိုးရိမ်နေမိသည် ။ မသိလျှင် အမွေခွဲဝေဖို့ရန် ယွမ်သန်းရာချီရှိနေသည့်အတိုင်း ။
မိဘနှစ်ပါးကြားမှ ကတောက်ကဆဖြစ်မှုများသည် အိမ်၏နံရံပါးများကိုဖြတ်ကျော်၍ ရှန့်မင်အော်နှင့် လုဖုန်း၏နားထဲသို့ ရောက်လာတတ်စမြဲ ။ ထိုအချိန်တုန်းက ရှန့်မင်အော်သည် ထိုကိစ္စများထံမှ သီးခြားနေခဲ့သည် ၊ လုဖုန်းကသာ အချိန်တိုင်း ပို၍ စိုးရိမ်ကြောင့်ကြခဲ့ရ၏ ။
အခြေအနေတစ်ခုလုံးနှင့် ပတ်သက်၍ စိတ်မဝင်စား မသက်ဆိုင်သလိုနေလိုသည့်ပုံပေါ်သော်ငြား တကယ်တမ်း ရှန့်မင်အော်သည် သူ့အားပြောခဲ့သောစကားလုံးတိုင်းကို အလေးဂရုပြု၍နားထောင်ခဲ့သည်သာမက စကားလုံးတိုင်းကို မှတ်မိနေခဲ့၏ ။
"အကို ခုနကမေးခွန်းကို မဖြေချင်ရင်မဖြေပါနဲ့ ကျွန်တော်က ကိစ္စမရှိပါဘူး "
လုဖုန်းအနေနှင့် ရှန့်မင်အော်၏ သရော်ဟန်ဆန်သော ဝေဖန်ချက်များကို ကျင့်သားရနေပြီဖြစ်ရာ ယခုဆိုလျှင် အတော်အတန်ကိုပင် ခံနိုင်ရည်ရှိခဲ့ပြီဖြစ်လေသည် ။
ရှန့်မင်အော် သူ့ကိုတုံ့ပြန်စကားမဆိုလာခဲ့ပေ ။ လုဖုန်း ရှန့်မင်အော်ထံမှ မျက်နှာလွှဲကာ လက်ပေါ်မေးထောက်လျက် သူ့ရှေ့မှနံရံကိုသာငေးနေမိရင်း အတွေးနယ်ချဲ့မိ၏ ။
စောစောက ဓာတ်ပုံတွေ၏ နောက်ကွယ်မှရည်ရွယ်ချက်သည် ဘာအတွက်နည်း ? အဘယ်ကြောင့် ရှန့်မင်အော်ထံရှိနေရသနည်းကို သူဘယ်တော့မှမမေးဖြစ်ခဲ့ ။ ရှန့်မင်အော်လေ့လာနေသော ဘာသာရပ်အတွက် အမှန်တကယ်ပင်လိုအပ်သည်လား ?
ဤသို့သောမေးခွန်းမျိုးသည် မေးလို့ကောင်းသောမေးခွန်းမျိုးတော့မဟုတ်မှန်း လုဖုန်းအတွင်းစိတ်၏နက်နက်ရှိုင်းရှိုင်း တစ်နေရာမှပင် အတပ်သိနေခဲ့ပါ၏ ။
လုဖုန်း အမှန်တရားကို သိနိုင်ဖို့ရန် အခွင့်အရေးကို လက်လွှတ်ခဲ့၏ ။ သို့သော် ချီးယန်ကတော့ ထိုသို့မဟုတ်ခဲ့ ။
သူ့ထက်အရင် ချီးယန်နားလည်သိရှိခဲ့ပေ၏ ။ ရှန့်မင်အော်၏ အလိုဆန္ဒများ လှဲလျောင်းတည်ရှိနေရာကို ။
"ကြိုဆိုပါတယ်ရှင် ~"
လုဖုန်း ကိုယ်ကလေး အနည်းငယ်တုန်သွား၏ ။ မျက်နှာထက်တင်ထားခဲ့သော မဂ္ဂဇင်းမှာကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး သူသည်လည်း တရေးတမောအိပ်နေရာမှ လန့်နိုးလာခဲ့၏။
မျက်နှာကို ပွတ်သပ်လိုက်ပြီး ဆိုင်ထဲဝင်လာသူကို ကြည့်မိသည် ။ ထိုသူ၏ပုံပန်းသွင်ပြင်က လုဖုန်းအား အနည်းငယ်ပင်အံ့အားသင့်စေ၏ ။
တခြားသူမဟုတ် ။ ဖန်းလီ ပင် ။ ဒီတစ်လထဲမှာ သူအပေါင်ဆိုင်ကိုလာတာ သည်အကြိမ်နဲ့ပါဆိုလျှင် သုံးခေါက်ရှိလေပြီ ။
(T/N -ဖန်းလီကို မှတ်မိကြမယ်ထင်ပါတယ် Chap 3 မှာတုန်းက ယွမ်၂သိန်းတန်နာရီလာပေါင်သွားတဲ့ ပန်းပွင့်ဆင်ရှပ်နဲ့ကောင်ချောလေးလေ
ಡ ͜ ʖ ಡ )
ဒီတစ်ခေါက် ဖန်းလီယူဆောင်လာသည်ကား စိန်စီထားသောရင်ထိုးတစ်ခု ။ တဖိတ်ဖိတ်တောက်နေသည်မှာ ကြယ်များနှင့်ပြည့်နှက်နေသော ညကောင်းကင်ကဲ့သို့ ။ ပစ္စည်းစျေးဖြတ်ရန် စောင့်နေစဥ်အတွင်းမှာလည်း သူ့အားလက်ဆောင်ပေးသွားသော အမျိုးသမီးဖောက်သည်အကြောင်း ဖန်းလီတစ်ယောက် ကြွားလုံးထုတ်နေသေး၏ ။
"သူမက ငါ့ကိုတကယ်သဘောကျတာကွာ ၊ ပြောရရင် နည်းနည်းစိတ်မကောင်းစရာပဲ ငါကတော့သူမကို တကယ်မချစ်နိုင်ခဲ့ဘူး "
နေကာမျက်မှန်အစွန်းကို အသာကိုက်ထားရင်း ဖန်းလီညည်းညူသည် ။ ဖန်းလီ၏မျက်နှာကို အနီးကပ်ကြည့်မည်ဆိုပါက မျက်လုံးနှင့်မျက်ခုံးတစ်ဝိုက်တွင် မိတ်ကပ် အလွှာပါးပါးကိုတွေ့မြင်နိုင်ပေလိမ့်မည် ။
"သူမ အခုလက်ရှိစေ့စပ်ထားတဲ့သူက သူမအဖေသဘောတူထားတဲ့သူ ၊ ပြောရရင် သူမအဖေက အတင်းအကျပ်စီစဥ်ခဲ့တာ ၊ သူမစကားကို ကိုးကားပြီးပြောရတာဆိုပေမဲ့ အဲ့လူရဲ့ ဘွဲ့ဒီဂရီနဲ့ ရုပ်ရည်ကလွဲရင် တခြားကောင်းတာတစ်ခုမှမရှိဘူးတဲ့လေ ၊ အဆင့်နိမ့်တဲ့မိသားစုကမွေးလာတာ အသာထားဦး သူမကို လုံးဝကောင်းကောင်းမဆက်ဆံဘူးတဲ့ ၊ ပြီးတော့ အဲ့လူကြည့်ရတာ အိပ်ယာပေါ်ကကိစ္စတွေနဲ့ ပတ်သက်လာရင် လုံးဝစိတ်မဝင်စားတဲ့ပုံပဲတဲ့ "
နောက်ဆုံးစာကြောင်းကိုပြောရင်းနှင့်ပင် ဖန်းလီတချက် ထရယ်သေးသည် ။
ဒီလို၂၁ရာစုတွင် တစ်ခြားသူတစ်ယောက်အား အဆင့်နိမ့်မိသားစုမှ မွေးဖွားလာသူဟု သုံးနှုန်းတတ်သည့် သူမသည် မာနကြီးသော တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်ဖြစ်ဖို့သေချာသည် ။ ထို့ပြင် သူမကိုယ်သူမ အထင်ကြီးနေသူတစ်ဦးဖြစ်နေမည်မှာ မလွဲမသွေပင် ။ သည်လိုဆိုလျှင် သူမအနေနှင့် ဖန်းလီလိုလူမျိုးကို ဆွဲဆောင်မှုရှိလှပါသည်ဟု အဘယ်ကြောင့်ထင်နေရသနည်း ။
"အကိုကြီး ဒီပစ္စည်းတွေအကုန်လုံး သူမတစ်ယောက်တည်းပေးခဲ့တာချည်းပဲလား "
ရှန်းရှောင်ရှဲကား စကားပြောချိုသာသူဖြစ်ရာ တွေ့သမျှသူတိုင်းကို အကိုကြီးဟုခေါ်ပေလိမ့်မည် ။
ယခုလည်း ကောင်တာကိုပျော့တိပျော့တွဲမှီလျက် ဖန်းလီအား စိတ်ဝင်စားမှုအလျှံပယ်နှင့် ကြည့်နေသည် ။ သူတွေးနေသည့်အရာမှန်သမျှ မကြာမီ အတင်းအဖျင်းစကားကြီးတစ်ခုဖြစ်တော့မည်ကို သူ့မျက်နှာတွင်ပေါ်နေသော စိတ်အားထက်သန်မှုမှတစ်ဆင့်မြင်နေရသည် ။
"ဒါပေါ့ ဒါတွေအကုန်လုံး သူမတစ်ယောက်တည်းကပဲပေးထားတာ ပြီးတော့ပြောသေးတယ် မကြာခင်ရက်အတွင်း ငါ့ကိုကားဝယ်ပေးမယ်တဲ့ မင်းတို့အပေါင်ဆိုင်မှာကားရောလက်ခံလား ?"
"ဒါတွေ အကုန်ပေါင်းရင်တောင် ယွမ်တစ်သန်းလောက်ဖြစ်နေပြီမလား အကိုကြီး?"
ရှန်းရှောင်ရှဲစဥ်းစားသလိုပြောလာသည် ။
"ကားကတော့ စျေးဖြတ်ဖို့ခက်မယ် အဲ့တော့ ကျွန်တော်ကတော့ အကိုကြီးဘယ်လောက်နဲ့ပေါင်ချင်လဲဆိုတာပေါ် မူတည်တယ်လို့ထင်တာပဲ "
5.2 ဆက်ဖတ်ရန် >>
ZAWGYI
CH5-A FLAG WAVING THROUGH THE BLOODY HAZE
Warning ပိစိ: ေသြးထြက္သံယိုပုံေဖာ္ခ်က္ေတြပါမွာမို႔ မခံစားနိုင္တဲ့သူေက်ာ္ဖတ္ၾကဖို႔ ေျပာခ်င္ပါတယ္ ၊ အရမ္းမဆိုးေပမဲ့ မၾကည့္ရဲမဖတ္ရဲတဲ့သူေတြ အတြက္ပါ ၊ အဲ့အပိုင္းေရာက္ရင္ warning ထပ္ေပးပါမယ္ ။
လုဖုန္း ရွန့္မင္ေအာ္ငွားထားေသာအခန္းသို႔ ေရာက္ေသာအခါ သူ႕အား အရင္ဆုံးထိုင္ရန္ေျပာ၏ ။ အခန္းထဲမွမီးအလင္းေရာင္ကား ဆိုးသည့္အထဲပါေပသည္ ။ ထို႔ေၾကာင့္ ရွန့္မင္ေအာ္တစ္ေယာက္ ဝရန္တာသို႔ထြက္ၿပီးမွသာ အေမျဖစ္သူကို ဖုန္းလွမ္းေခၚရေတာ့သည္ ။
ရွန့္မင္ေအာ္ငွားရမ္းထားေသာ ေနရာကား ေက်ာင္းမွေန၍ ႏွစ္ကီလိုမီတာအတြင္းရွိၿပီး အေတာ္ေဟာင္းႏြမ္းေသာ ပတ္ဝန္းက်င္တြင္တည္ရွိ၏ ။
အခန္းပတ္ပတ္လည္ အက်ယ္အဝန္းမွာ မီတာႏွစ္ဆယ္ဝန္းက်င္ရွိေပ၏ ။ ကုတင္ကိုဖယ္၍ အခန္းတြင္း ေနရာအယူထားဆုံးအရာကိုျပပါဆိုလွ်င္ကား စာအုပ္စင္ပင္ ။
အထင္ႀကီးစရာေကာင္းေလာက္ေသာ စာအုပ္ပမာဏက စာအုပ္စင္၌ ျပည့္က်ပ္ေနသည္ ။ ထို႔ျပင္ တျခားစာအုပ္အေတာ္မ်ားမ်ားကိုလည္း ၾကမ္းျပင္ေပၚတြင္ ထပ္စီထားေသး၏ ။ စာအုပ္အ႐ြယ္အစားအလိုက္ အမ်ိဳးအစားခြဲလ်က္။
အခန္းကား သန့္ရွင္းသပ္ရပ္ေနေပ၏ ။ သို႔ေသာ္ ပိုးသတ္ေဆးနံ႕အနည္းငယ္ကို တစ္ခ်က္တစ္ခ်က္ ရတတ္ေသးသည္ ။
လုဖုန္းအခန္းထဲ တစ္ခ်က္လွည့္ပတ္ၾကည့္မိသည္ ။ သို႔ေသာ္ ၎၏ေသးငယ္လွေသာ အ႐ြယ္အစားေၾကာင့္ အခန္းတစ္ခန္းလုံးၾကည့္ရန္ အခ်ိန္ပင္သိပ္မယူလိုက္ရ ။ ေနာက္ဆုံးတြင္ကား အခန္းထဲရွိ တစ္ခုတည္းေသာထိုင္ခုံတြင္ လုဖုန္းထိုင္ခ်လိဳက္ေတာ့သည္ ။
ရွန့္မင္ေအာ္၏စားပြဲကား သန့္ရွင္းသပ္ရပ္ကာ ပစၥည္းမ်ားကိုလည္း စနစ္တက်စဳစည္းထား၏ ။
အရမ္းႀကီး မသစ္လြင္ေတာ့ေသာ လပ္ေတာ့ပ္ တစ္လုံး ၊ အဖုံးမပါေသာ ေဘာပင္တစ္ေခ်ာင္းအျပင္ ေသသပ္စြာစီထားေသာ နိုင္ငံျခားဘာသာစကားစာအုပ္အခ်ိဳ႕ရွိေပ၏ ။
လုဖုန္း ဝရန္တာကို တစ္ခ်က္ေခ်ာင္းၾကည့္မိသည္ ။ ရွန့္မင္ေအာ္ကား ဖုန္းေျပာေနဆဲပင္ ။ ထို႔ေၾကာင့္ အပ်င္းေျပလိုေျပျငား စားပြဲေပၚတြင္တင္ထားေသာ စာအုပ္အခ်ိဳ႕ကို လွန္ေလွာၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္ ။
စာအုပ္မ်ားကို ဖြင့္ၾကည့္ဖို႔ရန္ လက္လွမ္း႐ုံရွိေသးသည္ ။ စားပြဲေပၚရွိ အဖုံးထူစာအုပ္တစ္အုပ္ကို မေတာ္တဆႏွင့္ ဝင္တိုက္မိေတာ့သည္ ။ ထိုစာအုပ္မွာဖိုင္မ်ားသဖြယ္ စာ႐ြက္မ်ားကိုက႑အလိုက္ ေသခ်ာစီကာ အေပၚမွစာအုပ္အဖုံးအမာႏွင့္ ျပန္ခ်ဳပ္ထားေသာ စာအုပ္မ်ိဳးျဖစ္သည္ ။ အခုေတာ့ လုဖုန္းလက္ခ်က္ေၾကာင့္ အထဲမွ စာ႐ြက္မ်ားမွ ၾကမ္းျပင္ေပၚ တစစီျပန့္က်ဲလ်က္ ။
လုဖုန္း ထိုစာ႐ြက္မ်ားကိုအလ်င္အျမန္လိုက္ေကာက္ရေတာ့သည္ ။ သူလုပ္ခဲ့သည္ကို ရွန့္မင္ေအာ္သိသြားကာ ေဒါသထပ္ထြက္ေလမလားဟုေတြးမိေသာအခါ ခဏတာပင္ တုံ႕ဆိုင္းသြားရ၏ ။
ရွန့္မင္ေအာ္လိုလူမ်ိဳးသည္ ေဒါသထြက္လွ်င္ သူ႕ကို အျပစ္တင္ဆုံးမမည့္သူမ်ိဳးမဟုတ္ ။ ထိုအစား ေနာက္တစ္ခါ အခန္းထဲသို႔ ဝင္ခြင့္ေပးလိမ့္ေတာ့မည္မဟုတ္ ။
စာ႐ြက္မ်ားအျပင္ ျပန့္က်ဲသြားေသာဓာတ္ပုံအခ်ိဳ႕ကိုပါ လိုက္ေကာက္ရင္း စာအုပ္ထဲသို႔ျပန္ညွပ္ရန္ လုဖုန္းျပင္ကာရွိေသး ။
မေတာ္တဆ ထိုဓာတ္ပုံမ်ားအေပၚ စြဲက်န္မိေသာအၾကည့္မ်ားသည္ ေမ့နိုင္ဖြယ္ရာမရွိ။ တကယ္ဆို ထိုအခ်ိန္တုန္းက ဓာတ္ပုံမ်ားကိုမၾကည့္ဘဲ စာအုပ္ထဲသာညွပ္လိုက္သင့္သည္ ။ အခုခ်ိန္ထိ ၾကည့္မိသည္ကို ေနာင္တရမိသည္ဆိုလည္း မမွား ။
* Warning *
လုဖုန္း အျမင္အာ႐ုံျမင္ကြင္းတစ္ခုလုံး ေသြးတို႔ျဖင့္ဖုံးလႊမ္းသြားသကဲ့သို႔ ။ ေသြးစြန္းကာ ရစရာမရွိေလာက္ေအာင္ ဒဏ္ရာကြက္တို႔ထေနေသာ လူ႕အေရျပား ။ ျဖဴေဖ်ာ့ေသာ ေျခလက္အဂၤါတို႔ႏွင့္ အျပင္းအထန္ ဒဏ္ရာရေနေသာေျခလက္အဂၤါအစိတ္အပိုင္းတို႔သည္ ယွဥ္ၾကည့္လိုက္ပါက လုံးဝအထင္းသား ကြဲထြက္ေနလ်က္ ။
အေလာင္းေကာင္တို႔၏ မ်က္ႏွာထက္တြင္ မဲ့႐ြဲ႕ေနေသာ အမူအရာမ်ား ။ မခ်ိမဆံ့ေသာေဝဒနာေၾကာင့္ ပုံပန္းပ်က္လ်က္ ။ နို႔ႏွစ္ေရာင္ျဖဴဝင္းေသာ အဆီလႊာတို႔သည္ ေသြးစြန္းပုံပ်က္ေနေသာ ကိုယ္တြင္းအဂၤါတို႔ႏွင့္အတူ အျပင္ဘက္သို႔ယိုစိမ့္ထြက္လ်က္ ။
အေလာင္းမွေငါထြက္ေနေသာ အရိုးတို႔သည္ တစ္မ်ိဳးတစ္ဖုံ ေအာ္ဂလီဆန္စရာေကာင္းလွ၏ ။ ကပ္ၿငိေနေသးေသာ သပြတ္အူသဖြယ္ ရႈပ္ရွက္ခတ္ေနသည့္ အ႐ြတ္တို႔အျပင္ အသားစိုင္ႀကီးႀကီးမားမားတစ္ခ်ိဳ႕ကေတာ့ ထိုအရိုးမ်ားတြင္ ကပ္တြယ္ေနၾကေသး၏ ။
ထိုအၾကည့္တစ္ခ်က္ႏွင့္ပင္ ငရဲျပည္၏ဟိုးေအာက္ဆုံးအနက္ထိ ခုန္ဆင္းသြားရသကဲ့သို႔ ။
အေလာင္းေကာင္မ်ားစုပုံထားေသာေတာင္ထိပ္တြင္ ရပ္ေနရသကဲ့သို႔ ။ ထိုေတာင္ထိပ္တြင္ကား ေသြးသံရဲရဲျမဴမႈန္တို႔ၾကား အလံတစ္ခုက ေလႏွင့္အတူ တလူလူလြင့္ေနလ်က္ ။
ဤကဲ့သို႔ေသာ အႏုစိတ္ပုံမ်ိဳးသည္ လုဖုန္းအားေျခာက္ျခားေစသည္ေတာ့အမွန္ပင္ ။ ေက်ာဘက္မွ ေခြၽးေအးမ်ားစီးက်လာသလားပင္မွတ္ရသည္ ။ အစာအိမ္ထံမွ ပ်ိဳ႕အန္ခ်င္မႈသည္ လွိမ့္တက္လာလ်က္ ။
ေၾကာက္႐ြံ႕ျခင္းကိုခံစားရျခင္းထက္ ထိတ္လန့္အံ့ၾသရသည္ဆို ပိုမွန္လိမ့္မည္ ။
ရွန့္မင္ေအာ္ ဘာေၾကာင့္ဒီလိုပုံေတြကို ၾကည့္ေနရသနည္း ? သူ႕ေက်ာင္းအိမ္စာအတြက္ေပပဲလား ? ယခုေလာေလာဆယ္ ရွန့္မင္ေအာ္မွာ ဥပေဒပညာကို ေလ့လာသင္ယူေနသည္ျဖစ္ရာ ဤကဲ့သို႔ေသာမႈခင္းျဖစ္ရပ္မ်ိဳးကို ေလ့လာေနရျခင္းမ်ိဳးျဖစ္လိမ့္မည္ ။ သို႔ေသာ္ ဒီပုံေတြသည္...ဒီပုံေတြရဲ႕ေနာက္ကြယ္မွာ တစ္စုံတစ္ခုေသာရည္႐ြယ္ခ်က္မ်ား ရွိေနေလမလား ...?
ထိုစဥ္ ဝရန္တာမွ တံခါးဖြင့္သံကိုၾကားလိုက္ရေတာ့၏ ။ လုဖုန္းခ်က္ခ်င္းပင္ ဓာတ္ပုံမ်ားကိုစာအုပ္ထဲသို႔ျပန္ထည့္ကာ ယခင္ေနရာတြင္ျပန္ထားလိုက္ေတာ့သည္ ။ ထို႔ျပင္ ေနရာေ႐ြ႕ေနေသာအခ်ိဳ႕စာအုပ္မ်ားကိုလည္း ေနရာတက်ျပန္စီထားလိုက္၏ ။
"မင္း ဘာလုပ္ေနတာလဲ ?"
ရွန့္မင္ေအာ္ကား လုဖုန္း၏လႈပ္ရွားမႈကို ခ်က္ခ်င္းပင္ ဖမ္းမိသြားေခ်ၿပီ ။ ထို႔ေနာက္ လက္တစ္ဖက္ေရွ႕ကိုဆန့္တန္းလ်က္ လုဖုန္းဆီသို႔ ဦးတည္ကာေလွ်ာက္လာေတာ့၏ ။
ရွန့္မင္ေအာ္၏ သြယ္လ်ေသာလက္ေခ်ာင္းတို႔ လုဖုန္းအားထိလုထိခင္ျဖစ္ေတာ့မည့္အခ်ိန္ ။ လုဖုန္းႏွလုံးခုန္သံတို႔သည္ ေျဗာင္းဆန္ေနကာ အသက္ကိုပါမရႉပဲ ေအာင့္ထားမိသည္ ။ သို႔ေသာ္ ရွန့္မင္ေအာ္လက္ေခ်ာင္းေတြသည္ လုဖုန္းကိုထိမလာခဲ့ ။ အမွန္တကယ္ ဦးတည္ရာေနရာကား စားပြဲေပၚရွိ အုပ္မ်ားဆီသို႔သာ ။
"ကြၽန္...ကြၽန္ေတာ္ အကို႔ရဲ႕စားပြဲကို ကူရွင္းေပး႐ုံပါ"
လုဖုန္း အၿပဳံးတစ္ခု ႀကိဳးစားၿပဳံးျပၿပီးေနာက္ ကိုးရိုးကားရားနိုင္စြာ ေျပာမိသည္ ။
ရွန့္မင္ေအာ္ စာအုပ္ကိုင္ထားကာ လုဖုန္းအား တစ္ခ်က္ေစာင္းၾကည့္လာခဲ့သည္ ။
"ေနာက္တစ္ခါ ငါ့ပစၥည္းေတြကို မထိနဲ႕"
လုဖုန္းေက်ာဘက္မွ အေမြးမ်ားပင္ ဆတ္ခနဲေထာင္သြားရသလို ။ တုံ႕ဆိုင္းတုံ႕ဆိုင္းႏွင့္ပင္ ေခါင္းညိတ္ျပမိသည္ ။
ရွန့္မင္ေအာ္ ထိုစာအုပ္အား စာအုပ္စင္၏အျမင့္ဆုံးေနရာတြင္ တင္ထားလိုက္၏ ။ ထိုေလာက္ အျမင့္ဆိုလွ်င္ လုဖုန္းအတြက္ မွီဖို႔ခက္ခဲေလသည္ ။
ထို႔ေနာက္ ရွန့္မင္ေအာ္ ေတြ႕ရာစာအုပ္တစ္အုပ္ကို ေကာက္ယူကာ အိပ္ရာထက္တြင္ လွဲေလ်ာင္းရင္းဖတ္ေနေတာ့၏ ။
လုဖုန္းထိုင္ခုံမွာ ျပန္ထိုင္ရင္း ေက်ာေနာက္မွီတြင္ လက္ကိုတင္ကာ ရွန့္မင္ေအာ္ကိုေမး၏ ။
"အကို ဘာလို႔အေဆာင္ကေန ေျပာင္းသြားတာလဲ ? အျပင္မွာ ငွားေနတာက ပိုေစ်းႀကီးတယ္မဟုတ္လား ? အိမ္ကို ျပန္ေျပာင္းလာတာေတာင္ ပိုအဆင္ေျပခ်င္ေျပမွာေနာ္ "
ရွန့္မင္ေအာ္ စာမ်က္ႏွာတစ္ခုကိုလွန္ရင္း လုဖုန္းအား အမႈမထားသလို ေအးေဆးတည္ၿငိမ္စြာပင္ ျပန္ေျဖလာခဲ့သည္ ။ သူ၏အာ႐ုံအလုံးစုံသည္ စာအုပ္အေပၚတြင္သာ ။
"အေဆာင္က သိပ္အဆင္မေျပဘူး ၊ အိမ္ကေဝးလြန္းတယ္ ၊ အဲ့ေတာ့ ဒီမွာေနတာက အဆင္ေျပတယ္ "
"အကို႔မွာ အခန္းငွားဖို႔ ပိုက္ဆံရွိတယ္ေပါ့"
"အင္း "
"အဲ့ပိုက္ဆံေတြ ဘယ္ကရလဲ"
လုဖုန္း ဖ်တ္ခနဲအေတြးတစ္ခုအေနႏွင့္ ထုတ္ေမးလိုက္ျခင္းသာ ။ ရွန့္မင္ေအာ္၏ ပုဂၢိဳလ္ေရးရာလွ်ို႔ဝွက္ခ်က္ကို တူးေဖာ္လိုသည့္ရည္႐ြယ္ခ်က္ အလ်ဥ္းမရွိပါေပ ။ သို႔ေသာ္ ရွန့္မင္ေအာ္ကား သူ၏ရည္႐ြယ္ခ်က္ကို အဓိပၸာယ္ေကာက္လြဲသြားၿပီဆိုတာေတာ့ က်ိန္းေသလွသည္ ။
ရွန့္မင္ေအာ္ေခါင္းေမာ့လာခဲ့သည္ ။ မ်က္လုံးထဲတြင္ကား ပ်က္ရယ္ျပဳျခင္း ရယ္သြမ္းေသြးျခင္း အၾကည့္ေတြသည္ တဖ်တ္ဖ်တ္လက္လ်က္ ။
"စိတ္ပူမေနနဲ႕ အဲ့ပိုက္ဆံေတြက မင္းအေမဆီကမဟုတ္ဘူး "
အတိတ္ကာလမ်ားတြင္ လုဖုန္းမိဘမ်ားသည္ ရွန့္မင္ေအာ္ေၾကာင့္ ရန္ျဖစ္ခဲ့ၾကရသည္မလား ။ ရန္ျဖစ္ရသည့္ အေၾကာင္းရင္းမ်ားထဲမွ အခ်ိဳ႕သည္ အနာဂတ္တြင္ အေမြခြဲေဝေရးကိစၥမ်ားႏွင့္ စပ္လ်ဥ္းသည့္အရာမ်ားပင္ ။
လုဖုန္းအေမကား လုဖုန္းတစ္ေယာက္တည္းအပိုင္ျဖစ္သင့္ေသာ အိမ္ယာ ပိုင္ဆိုင္မႈ အေမြေဝစုအတြက္ ရွန့္မင္ေအာ္က တိုက္ခိုက္လာမည္ကို အၿမဲစိုးရိမ္ေနမိသည္ ။ မသိလွ်င္ အေမြခြဲေဝဖို႔ရန္ ယြမ္သန္းရာခ်ီရွိေနသည့္အတိုင္း ။
မိဘႏွစ္ပါးၾကားမွ ကေတာက္ကဆျဖစ္မႈမ်ားသည္ အိမ္၏နံရံပါးမ်ားကိုျဖတ္ေက်ာ္၍ ရွန့္မင္ေအာ္ႏွင့္ လုဖုန္း၏နားထဲသို႔ ေရာက္လာတတ္စၿမဲ ။ ထိုအခ်ိန္တုန္းက ရွန့္မင္ေအာ္သည္ ထိုကိစၥမ်ားထံမွ သီးျခားေနခဲ့သည္ ၊ လုဖုန္းကသာ အခ်ိန္တိုင္း ပို၍ စိုးရိမ္ေၾကာင့္ၾကခဲ့ရ၏ ။
အေျခအေနတစ္ခုလုံးႏွင့္ ပတ္သက္၍ စိတ္မဝင္စား မသက္ဆိုင္သလိုေနလိုသည့္ပုံေပၚေသာ္ျငား တကယ္တမ္း ရွန့္မင္ေအာ္သည္ သူ႕အားေျပာခဲ့ေသာစကားလုံးတိုင္းကို အေလးဂ႐ုျပဳ၍နားေထာင္ခဲ့သည္သာမက စကားလုံးတိုင္းကို မွတ္မိေနခဲ့၏ ။
"အကို ခုနကေမးခြန္းကို မေျဖခ်င္ရင္မေျဖပါနဲ႕ ကြၽန္ေတာ္က ကိစၥမရွိပါဘူး "
လုဖုန္းအေနႏွင့္ ရွန့္မင္ေအာ္၏ သေရာ္ဟန္ဆန္ေသာ ေဝဖန္ခ်က္မ်ားကို က်င့္သားရေနၿပီျဖစ္ရာ ယခုဆိုလွ်င္ အေတာ္အတန္ကိုပင္ ခံနိုင္ရည္ရွိခဲ့ၿပီျဖစ္ေလသည္ ။
ရွန့္မင္ေအာ္ သူ႕ကိုတုံ႕ျပန္စကားမဆိုလာခဲ့ေပ ။ လုဖုန္း ရွန့္မင္ေအာ္ထံမွ မ်က္ႏွာလႊဲကာ လက္ေပၚေမးေထာက္လ်က္ သူ႕ေရွ႕မွနံရံကိုသာေငးေနမိရင္း အေတြးနယ္ခ်ဲ့မိ၏ ။
ေစာေစာက ဓာတ္ပုံေတြ၏ ေနာက္ကြယ္မွရည္႐ြယ္ခ်က္သည္ ဘာအတြက္နည္း ? အဘယ္ေၾကာင့္ ရွန့္မင္ေအာ္ထံရွိေနရသနည္းကို သူဘယ္ေတာ့မွမေမးျဖစ္ခဲ့ ။ ရွန့္မင္ေအာ္ေလ့လာေနေသာ ဘာသာရပ္အတြက္ အမွန္တကယ္ပင္လိုအပ္သည္လား ?
ဤသို႔ေသာေမးခြန္းမ်ိဳးသည္ ေမးလို႔ေကာင္းေသာေမးခြန္းမ်ိဳးေတာ့မဟုတ္မွန္း လုဖုန္းအတြင္းစိတ္၏နက္နက္ရွိုင္းရွိုင္း တစ္ေနရာမွပင္ အတပ္သိေနခဲ့ပါ၏ ။
လုဖုန္း အမွန္တရားကို သိနိုင္ဖို႔ရန္ အခြင့္အေရးကို လက္လႊတ္ခဲ့၏ ။ သို႔ေသာ္ ခ်ီးယန္ကေတာ့ ထိုသို႔မဟုတ္ခဲ့ ။
သူ႕ထက္အရင္ ခ်ီးယန္နားလည္သိရွိခဲ့ေပ၏ ။ ရွန့္မင္ေအာ္၏ အလိုဆႏၵမ်ား လွဲေလ်ာင္းတည္ရွိေနရာကို ။
"ႀကိဳဆိုပါတယ္ရွင္ ~"
လုဖုန္း ကိုယ္ကေလး အနည္းငယ္တုန္သြား၏ ။ မ်က္ႏွာထက္တင္ထားခဲ့ေသာ မဂၢဇင္းမွာၾကမ္းျပင္ေပၚျပဳတ္က်သြားၿပီး သူသည္လည္း တေရးတေမာအိပ္ေနရာမွ လန့္နိုးလာခဲ့၏။
မ်က္ႏွာကို ပြတ္သပ္လိုက္ၿပီး ဆိုင္ထဲဝင္လာသူကို ၾကည့္မိသည္ ။ ထိုသူ၏ပုံပန္းသြင္ျပင္က လုဖုန္းအား အနည္းငယ္ပင္အံ့အားသင့္ေစ၏ ။
တျခားသူမဟုတ္ ။ ဖန္းလီ ပင္ ။ ဒီတစ္လထဲမွာ သူအေပါင္ဆိုင္ကိုလာတာ သည္အႀကိမ္နဲ႕ပါဆိုလွ်င္ သုံးေခါက္ရွိေလၿပီ ။
(T/N -ဖန္းလီကို မွတ္မိၾကမယ္ထင္ပါတယ္ Chap 3 မွာတုန္းက ယြမ္၂သိန္းတန္နာရီလာေပါင္သြားတဲ့ ပန္းပြင့္ဆင္ရွပ္နဲ႕ေကာင္ေခ်ာေလးေလ
ಡ ͜ ʖ ಡ )
ဒီတစ္ေခါက္ ဖန္းလီယူေဆာင္လာသည္ကား စိန္စီထားေသာရင္ထိုးတစ္ခု ။ တဖိတ္ဖိတ္ေတာက္ေနသည္မွာ ၾကယ္မ်ားႏွင့္ျပည့္ႏွက္ေနေသာ ညေကာင္းကင္ကဲ့သို႔ ။ ပစၥည္းေစ်းျဖတ္ရန္ ေစာင့္ေနစဥ္အတြင္းမွာလည္း သူ႕အားလက္ေဆာင္ေပးသြားေသာ အမ်ိဳးသမီးေဖာက္သည္အေၾကာင္း ဖန္းလီတစ္ေယာက္ ႂကြားလုံးထုတ္ေနေသး၏ ။
"သူမက ငါ့ကိုတကယ္သေဘာက်တာကြာ ၊ ေျပာရရင္ နည္းနည္းစိတ္မေကာင္းစရာပဲ ငါကေတာ့သူမကို တကယ္မခ်စ္နိုင္ခဲ့ဘူး "
ေနကာမ်က္မွန္အစြန္းကို အသာကိုက္ထားရင္း ဖန္းလီညည္းၫူသည္ ။ ဖန္းလီ၏မ်က္ႏွာကို အနီးကပ္ၾကည့္မည္ဆိုပါက မ်က္လုံးႏွင့္မ်က္ခုံးတစ္ဝိုက္တြင္ မိတ္ကပ္ အလႊာပါးပါးကိုေတြ႕ျမင္နိုင္ေပလိမ့္မည္ ။
"သူမ အခုလက္ရွိေစ့စပ္ထားတဲ့သူက သူမအေဖသေဘာတူထားတဲ့သူ ၊ ေျပာရရင္ သူမအေဖက အတင္းအက်ပ္စီစဥ္ခဲ့တာ ၊ သူမစကားကို ကိုးကားၿပီးေျပာရတာဆိုေပမဲ့ အဲ့လူရဲ႕ ဘြဲ႕ဒီဂရီနဲ႕ ႐ုပ္ရည္ကလြဲရင္ တျခားေကာင္းတာတစ္ခုမွမရွိဘူးတဲ့ေလ ၊ အဆင့္နိမ့္တဲ့မိသားစုကေမြးလာတာ အသာထားဦး သူမကို လုံးဝေကာင္းေကာင္းမဆက္ဆံဘူးတဲ့ ၊ ၿပီးေတာ့ အဲ့လူၾကည့္ရတာ အိပ္ယာေပၚကကိစၥေတြနဲ႕ ပတ္သက္လာရင္ လုံးဝစိတ္မဝင္စားတဲ့ပုံပဲတဲ့ "
ေနာက္ဆုံးစာေၾကာင္းကိုေျပာရင္းႏွင့္ပင္ ဖန္းလီတခ်က္ ထရယ္ေသးသည္ ။
ဒီလို၂၁ရာစုတြင္ တစ္ျခားသူတစ္ေယာက္အား အဆင့္နိမ့္မိသားစုမွ ေမြးဖြားလာသူဟု သုံးႏႈန္းတတ္သည့္ သူမသည္ မာနႀကီးေသာ တစ္ကိုယ္ေကာင္းဆန္သူတစ္ေယာက္ျဖစ္ဖို႔ေသခ်ာသည္ ။ ထို႔ျပင္ သူမကိုယ္သူမ အထင္ႀကီးေနသူတစ္ဦးျဖစ္ေနမည္မွာ မလြဲမေသြပင္ ။ သည္လိုဆိုလွ်င္ သူမအေနႏွင့္ ဖန္းလီလိုလူမ်ိဳးကို ဆြဲေဆာင္မႈရွိလွပါသည္ဟု အဘယ္ေၾကာင့္ထင္ေနရသနည္း ။
"အကိုႀကီး ဒီပစၥည္းေတြအကုန္လုံး သူမတစ္ေယာက္တည္းေပးခဲ့တာခ်ည္းပဲလား "
ရွန္းေရွာင္ရွဲကား စကားေျပာခ်ိဳသာသူျဖစ္ရာ ေတြ႕သမွ်သူတိုင္းကို အကိုႀကီးဟုေခၚေပလိမ့္မည္ ။
ယခုလည္း ေကာင္တာကိုေပ်ာ့တိေပ်ာ့တြဲမွီလ်က္ ဖန္းလီအား စိတ္ဝင္စားမႈအလွ်ံပယ္ႏွင့္ ၾကည့္ေနသည္ ။ သူေတြးေနသည့္အရာမွန္သမွ် မၾကာမီ အတင္းအဖ်င္းစကားႀကီးတစ္ခုျဖစ္ေတာ့မည္ကို သူ႕မ်က္ႏွာတြင္ေပၚေနေသာ စိတ္အားထက္သန္မႈမွတစ္ဆင့္ျမင္ေနရသည္ ။
"ဒါေပါ့ ဒါေတြအကုန္လုံး သူမတစ္ေယာက္တည္းကပဲေပးထားတာ ၿပီးေတာ့ေျပာေသးတယ္ မၾကာခင္ရက္အတြင္း ငါ့ကိုကားဝယ္ေပးမယ္တဲ့ မင္းတို႔အေပါင္ဆိုင္မွာကားေရာလက္ခံလား ?"
"ဒါေတြ အကုန္ေပါင္းရင္ေတာင္ ယြမ္တစ္သန္းေလာက္ျဖစ္ေနၿပီမလား အကိုႀကီး?"
ရွန္းေရွာင္ရွဲစဥ္းစားသလိုေျပာလာသည္ ။
"ကားကေတာ့ ေစ်းျဖတ္ဖို႔ခက္မယ္ အဲ့ေတာ့ ကြၽန္ေတာ္ကေတာ့ အကိုႀကီးဘယ္ေလာက္နဲ႕ေပါင္ခ်င္လဲဆိုတာေပၚ မူတည္တယ္လို႔ထင္တာပဲ "