ထဒ္ ထဒ္ ထဒ္.....!
နာရီလက္တံ၏ စည္းခ်က္က်က် ေရြ႕လ်ားေနသည့္ အသံက တိတ္ဆိတ္တဲ့ အခန္းထဲ အခ်က္က်က် ထြက္ေပၚေနသည္။
ညမီးကိုဖြင့္ရန္ remoteကို ႏွိပ္လိုက္ေတာ့ မွိန္ျပျပ အလင္းေရာင္က Gunအျမင္အာရံုအတြက္ လံုေလာက္ေအာင္ ထြန္းလင္းေပးေလသည္။
ခုတင္ေဘး စားပြဲေပၚက ေရခြက္ဆီ လက္လွမ္းလိုက္ ေတာ့ ေရကုန္ေနေလသည္မို႔ အိပ္ယာထက္က ထလိုက္သည္။ တစ္ကိုယ္လံုးကိုက္ခဲကာ လူကနာက်ဥ္မႈဒါဏ္ကို မခ်ိမဆန္႔ ခံစားေနရသည္။
"ျမန္လိုက္တာ"
Gun ခပ္တိုးတိုးေလးသာ ထိုစကားကို ရြတ္ဆိုမိသည္။ သို႔ေပမဲ့ လူက ေရဆာေနသည္မို႔ ေရသြားယူရန္ပင္ အာရံုစိုက္လိုက္ကာ ထရပ္လိုက္သည္။
"ဒုန္း ဝ႐ုန္း...အ!"
"ကၽြတ္စ္ ကၽြတ္စ္... နာလိုက္တာဟာ"
ဘယ္သူမွ မႏိုးေလာက္ဘူးထင္လိုက္ေပမယ့္ တကယ္တမ္းက ထိုသူကိုေတာ့ ႏိုးေစခဲ့သည္။
"Gun ဘာျဖစ္သြားလဲ"
အေျပးအလႊား ေရာက္လာခဲ့သူက Gunတို႔အိမ္အကူေတြလည္း မဟုတ္ခဲ့သလို Gunမိဘလည္း မဟုတ္ခဲ့ဘူး။ Gunနဲ႔ အခန္းခ်င္းကပ္ေနသူ အကိုOFF ျဖစ္လို႔ေနသည္။
ညဝတ္ေဘာင္းဘီရွည္ကို ရင္ကြဲအက်ႌခါးခ်ည္ဒူးတိနဲ့ ျမင့္ျမင့္မားမားအရပ္ေျကာင့္ ညမီးေရာင္ေအာက္တြင္ တစ္မ်ိဳးတဖံု ထူးျခားခန့္ညားေနသည္။
"Gun ဘာမွမျဖစ္ဘူး အကိုOff"
ခုတင္ကို ကိုယ္တစ္ဝက္ မွီထားရသည့္ Gunကိုတြဲကာ ခုတင္ေပၚ ထိုင္ေစသည္။
"Gun...ဘာယူခ်င္လို႔လဲ"
"အာာာ Gunေရေသာက္ခ်င္...လို႔"
အသံေလးက အဖ်ားနားေရာက္ေတာ့ တိုးတိမ္ဝင္သြားေလသည္။
"အင္း အင္း၊ ကိုယ္ယူေပးမယ္"
အခန္းထဲမွ ထြက္ကာ Dining roomထဲသို႔ ဆင္းခ်သြားေလသည္။ ျပန္ေရာက္လာေတာ့ လက္ထဲတြင္ ေရဗူးအျပင္ ပူတင္းခြက္ေလးပါ ယူလာေလသည္။
"ေရနည္းနည္းပဲေသာက္၊ ပူတင္းေလးစားလိုက္၊ Gun ကိုယ္နည္းနည္း ပူေနတယ္၊ ကိုယ္ ေဆးတိုက္ခ်င္လို႕ "
"Gun... ကိုယ္လက္ေတြ နာေနလား"
"ကိုယ္ ဂ်ယ္လ္ေလး နည္းနည္းလိမ္းေပးမယ္"
စကားတို႔ကို ေတာက္ေလ်ာက္ေျပာၿပီး လက္ကလည္း ေရဗူးကိုဖြင့္ကာ ခြက္ထဲသို႔ အနည္းငယ္ထည့္ေပးၿပီးေနာက္ Gun ကိုတိုက္ေလသည္။
တဖန္ ပူတင္းခြက္တြင္ ဇြန္းတပ္ထားၿပီး Gunလက္ထဲ ထည့္ေပးေလသည္။
"ၿပီးရင္ ဒီေဆးေလး ေသာက္ရမယ္ေနာ္"
စတီးခြက္ေသးေလးထဲ ထည့္ထားသည့္ ေဆးတို႔ကို စားပြဲေပၚ တင္ေပးေလသည္။ စားေသာက္ၿပီးစီးသြားၿပီးေနာက္ Gun ကိုလွဲအိပ္ေစၿပီး ေစာင္ကို ရင္ဘတ္ေပၚထိ ျခံဳေပးကာ မီးကိုပိတ္လိုက္သည့္ေနာက္ မ်က္ႏွာက်က္ေပၚရွိ အႏုျမဴေရာင္ေျပးေနသည့္ ၾကယ္ေရာင္ လေရာင္တို႔က အစားထိုးဝင္ေရာက္လာပါေတာ့သည္။
ထိုညကေတာ့ Gunအခန္းငယ္ထဲက Sofaေပၚတြင္ အိပ္စက္ေနသည့္သူေၾကာင့္ အရင္ေန႔နဲ႔နဲ႔မတူ ထူးျခားစြာ ေႏြးေထြးလို႔ လာပါေတာ့သည္။
############
မနက္ပိုင္း Breakfast ဝိုင္းတြင္ ျဖစ္သည္။
"သား ညက အိပ္ေကာင္းရဲ႕လား"
"ဟုတ္ ေမေမ"
"မနက္ပိုင္း ကိုယ္လက္လႈပ္ရွားမႈကေရာ အဆင္ေျပလား၊ နာက်င္တာ ရွိေသးလား"
"နည္းနည္းပါ ေဖေဖ"
မိဘေတြရဲ႕ အေမးစကားကို ေသခ်ာစြာ ဂ႐ုတစိုက္ ေျဖေပးေနေလသည့္ Gunသည္ ကၽြန္ေတာ္ကိုလည္း သတိထားေနသလိုေလး လွမ္းၾကည့္ေသးသည္။
သို႔ေပမဲ့လည္း အန္တီတို႔ကို အေျခအေန ေျပာျပရမွာက ကၽြန္ေတာ္ပင္ျဖစ္သည္မို႔ ထိုအၾကည့္တို႔ကို လ်စ္လ်ဴရွဳလိုက္ရသည္။
ခဏၾကာေတာ့ ႀကီးႀကီးRoseနဲ႔အတူ Gun အေပၚထပ္ကို တက္သြားေလသည္။
"ကၽြန္ေတာ္ကို အခ်ိန္ခဏေပးပါ ဦး၊ အန္တီေရာေပါ့"
စာၾကည့္ခန္းဆိုသည္ထက္ ဦးရဲ႕ အေရးႀကီးဧည့္သည္ေတြ လာတဲ့အခါ ေဆြးေႏြးတက္တဲ့ Meeting roomလို သေဘာမ်ိဳးျဖစ္သည္။ နံရံကပ္စာအုပ္စင္ေပၚတြင္ စီးပြါးေရးႏွင့္ဆိုင္သည့္ စာအုပ္ေတြကို အမ်ားဆံုးေတြ႕ရသည္။ တစ္ဖက္တြင္ေတာ့ ထိုင္ခံု(၈)လံုးပါရွိသည့္ စားပြဲႀကီးတစ္ခုကို ေတြ႕ရသည္။ သီးသန္႔စာထိုင္ဖတ္ႏိုင္သည့္ စားပြဲႏွင့္ ကုလားထိုင္တစ္စံုလည္း စာအုပ္စင္၏ မနီးမေဝးတြင္ ရွိေသးသည္။ Offအတြက္ စာၾကည့္ခန္းကို ပထမဆံုးအႀကိမ္ ေရာက္ဖူးျခင္း ျဖစ္ေလသည္။
"သားOff... အန္တီ ရင္တုန္လိုက္တာကြယ္"
"ခြန္Off အားမနာပါနဲ႔၊ ေျပာပါ"
"ဟုတ္ကဲ့... Gunကို တစ္ေယာက္တည္း ထားဖို႔ မျဖစ္ႏိုင္ေတာ့ဘူး၊ မဟုတ္ရင္ ညကလို အေျခေနေတြ ထပ္ျဖစ္လာမွာဆိုးတယ္"
"ညက... ဘာျဖစ္လဲ၊ သားOff"
"Gun လဲသြားတယ္၊ ပထမဆံုး အႀကိမ္အျဖစ္ Gunလဲက်သြားတယ္ အန္တီ"
အခန္းထဲ တိတ္ဆိတ္မွဳက တိုးဝင္လာသည္။ ၿပီးေနာက္ Gunေဖေဖက ေမးေလသည္။
"ျဖစ္ ျဖစ္ေနၿပီလား"
"ကၽြန္ေတာ္သာ ညဘက္ မႏိုးခဲ့ရင္ Gunျပန္ထႏိုင္ မႏိုင္ မေသခ်ာဘူး ဦးနဲ႔အန္တီ၊ ဒါေၾကာင့္... ကၽြန္ေတာ္တို႔ Gunအနားမွာ အၿမဲရွိမွရေတာ့မယ္"
"အင္း သားOff ဘယ္လို လုပ္ခ်င္လဲ"
"ကၽြန္ေတာ္ Gunနဲ႔ အတူတူေနမယ္ အန္တီ"
"ဒါက... အားနာစရာပဲ ခြန္Off"
Gunေဖေဖက အားနာမႈ အျပည့္ျဖင့္ ေျပာေလသည္။
"ဟုတ္သားပဲ သားOff၊ အန္တီတို႔ Male nurseတစ္ေယာက္ ထပ္ေခၚလည္း ရတာပဲ"
"ဒါေပမဲ့ ကၽြန္ေတာ္ေလာက္ Gunအေၾကာင္းကို မသိသလို၊ ေနာက္ထပ္ ေရာက္လာတဲ့ nurseနဲ႔လည္း Gun အသားက်ဖို႔ ၾကာလိမ့္မယ္"
"အင္း၊ အဲ့လိုဆိုေတာ့လည္း သားOffကို အားနာရေတာ့မွာပဲ"
"ရပါတယ္ အန္တီ"
"ေက်းဇူးတင္တယ္ ခြန္Off၊ ဦးတို႔ အေကာင္းဆံုး ႀကိဳးစားၾကတာေပါ့"
"ဟုတ္ကဲ့"
###########
"ဟဲ့ ျမန္ျမန္ ေခၚလိုက္ေလ၊ ငါ ျပခ်င္ေနပါၿပီဆို"
"ေအးေလ ျမန္ျမန္"
စိမ္းစိုေနေသာ ပတ္ဝန္းက်င္အလွအပက ၿမိဳ႕ေနလူတန္းစားေတြအတြက္ ဆန္းသစ္ေနေလသည္။ Drone၊ Brauty၊ Pencialတို႔ (၃)ေယာက္ ေက်ာင္းေလ့လာေရးခရီးအျဖစ္ နယ္ၿမိဳ႔ေလးတစ္ခုကို ေရာက္လို႔ေနသည္။ အခုလည္း လွပတဲ့ စမ္းေခ်ာင္းႏွင့္ စမ္းေခ်ာင္းထဲကို ခုန္ေပါက္စီးဆင္းေနေသာ ေရတံခြန္ ျမင့္ျမင့္ႀကီးကိုလည္း vd callေခၚၿပီး Gunကို ျပခ်င္ေနေလသည္။
Beautyနဲ႔ Pencialမွာ ေရတံခြန္ကို ေနာက္ခံထားၿပီး ဓါတ္ဖမ္းေနသည္မို႔ အားေနသည့္ Droneကို Phေခၚခိုင္းျခင္း ျဖစ္ေလသည္။
"ဟယ္လို....အခ်စ္ကေလး... ေလး...Gun! ေနေကာင္းလား"
Ph screenထက္တြင္ ေပၚေနသည့္ Gunမ်က္ႏွာေလးက အနည္းငယ္ ေခ်ာင္က်ေနသလိုလို ထင္ရသည္။ ႏွဳတ္ဆက္ေနသည့္ စကားက Screenတြင္ ေပၚလာသည့္ ေနာက္ထပ္ မ်က္ႏွာတစ္ခုေျကာင့္ ရပ္သြားျပီး ထိုအစား နာမည္ကို ေခၚလိုက္ရသည္။ အခ်စ္ကေလးလို႔ေတာ့ မေခၚရဲ၊ လံုးဝ လံုးဝ မေခၚရဲ။
"N'Drone...အခ်စ္ကေလးဆိုတာ အမ်ိဳးသားေတြကို မသံုးသင့္တဲ့ စကားပဲ၊ ဒါ့အျပင္ N'တို႔ကို မသိတဲ့သူေတြက အထင္လြဲႏိုင္တယ္၊ တစ္ေန့ N'မွာ ခ်စ္ရသူရွိလာရင္ ပိုျပီးအထင္လြဲႏိုင္တယ္" Gunအိမ္၏ ေလွကားေထာင့္ခ်ိဳးတြင္ ထိုလူျကီးေျပာသည့္ စကားက နားထဲ ထပ္တလဲလဲ ျကားေယာင္ေနေတာ့သည္။
"အင္း ေကာင္းတယ္"
"မင္းကိုျပမယ္၊ Surprise!!!"
"ဝါးးးး လွလိုက္တာ Droneရ"
"Hi...Hello.... အလွေလးေတြ ကမ႓ာမွ ႀကိဳဆိုပါတယ္ရွင္"
Beauty၊ Pencialတို႔က ဂါဝန္စကို ကိုင္လိုက္ျပီး ဒူးတစ္ဖက္စီ ေကြးလိုက္ျပီး ႏႈတ္ဆက္ကာ ေနာက္ေျပာင္ေလသည္။
"မင္းကို ထပ္ျပေပးမယ္၊ ဟိုးဘက္မွာ ေတြ႕လား"
သစ္ပင္ႀကီးက လံုးပတ္အေတာ္ႀကီးကာ Gunမျမင္ဖူးသည့္ အသီးပြင့္ ေသးေသးေလးေတြ ေဖြးေဖြးလႈပ္ေနေလသည္။ အပင္ႀကီးရဲ႕ ေအာက္ေျခတြင္ေတာ့ အုပ္က်ိဳးျပားပိုင္းေလးေတြကို ထပ္ကာစီထားေလသည္။
"သေဘာက်လား"
"အင္း...အဲ့ဒါက ဘာလုပ္တဲ့ေနရာလဲ"
"ဆုေတာင္းျပည့္တယ္တဲ့... ငါတို႔ မင္းအတြက္ ဆုေတာင္းေပးခဲ့မယ္"
"အင္း၊ ေက်းဇူး"
Phခ်လိုက္တဲ့ေနာက္ ျပံဳးရႊင္ေနတဲ့မ်က္ႏွာေအာက္ ဝမ္းနည္းမႈ ခပ္ေငြ႕ေငြ႕ေျပာင္းသြားတဲ့ မ်က္ဝန္းတစ္စံုေၾကာင့္ Off မ်က္ေတာင္တို႔ လႈပ္ခတ္သြားသည္။
"Gun အဲ့ေနရာမ်ိဳး သေဘာက်ရင္ ကိုယ္တစ္ေနရာ ေခၚသြားမယ္"
"ဘယ္ကိုလဲ"
"Gunေပ်ာ္မယ့္ ေနရာေပါ့"
ေခါင္းတို႔ကို ညိတ္ျပသည့္ ကေလးငယ္ကို ၾကည့္ကာ Offျပံဳးမိသည္။
အကိုေခၚမယ့္ေနရာက Gunတကယ္ေပ်ာ္ရမယ္ဆိုတာ ယံုၾကည္ပါတယ္။ ဘာလို႔လဲလို႔ မေမးပါနဲ႔။ အကိုနဲ႔ရွိခဲ့တဲ့ အခ်ိန္တိုင္း Gunအထီးမက်န္ေတာ့တာ ၾကာပါၿပီ။
_______Mine_______
ေက်းဇူးတင္စြာျဖင့္။
BLOOM
28/11/2020
UNICODE
ထဒ် ထဒ် ထဒ်.....!
နာရီလက်တံ၏ စည်းချက်ကျကျ ရွေ့လျားနေသည့် အသံက တိတ်ဆိတ်တဲ့ အခန်းထဲ အချက်ကျကျ ထွက်ပေါ်နေသည်။
ညမီးကိုဖွင့်ရန် remoteကို နှိပ်လိုက်တော့ မှိန်ပြပြ အလင်းရောင်က Gunအမြင်အာရုံအတွက် လုံလောက်အောင် ထွန်းလင်းပေးလေသည်။
ခုတင်ဘေး စားပွဲပေါ်က ရေခွက်ဆီ လက်လှမ်းလိုက် တော့ ရေကုန်နေလေသည်မို့ အိပ်ယာထက်က ထလိုက်သည်။ တစ်ကိုယ်လုံးကိုက်ခဲကာ လူကနာကျဉ်မှုဒါဏ်ကို မချိမဆန့် ခံစားနေရသည်။
"မြန်လိုက်တာ"
Gun ခပ်တိုးတိုးလေးသာ ထိုစကားကို ရွတ်ဆိုမိသည်။ သို့ပေမဲ့ လူက ရေဆာနေသည်မို့ ရေသွားယူရန်ပင် အာရုံစိုက်လိုက်ကာ ထရပ်လိုက်သည်။
"ဒုန်း ဝရုန်း...အ!"
"ကျွတ်စ် ကျွတ်စ်... နာလိုက်တာဟာ"
ဘယ်သူမှ မနိုးလောက်ဘူးထင်လိုက်ပေမယ့် တကယ်တမ်းက ထိုသူကိုတော့ နိုးစေခဲ့သည်။
"Gun ဘာဖြစ်သွားလဲ"
အပြေးအလွှား ရောက်လာခဲ့သူက Gunတို့အိမ်အကူတွေလည်း မဟုတ်ခဲ့သလို Gunမိဘလည်း မဟုတ်ခဲ့ဘူး။ Gunနဲ့ အခန်းချင်းကပ်နေသူ အကိုOFF ဖြစ်လို့နေသည်။
ညဝတ်ဘောင်းဘီရှည်ကို ရင်ကွဲအကျႌခါးချည်ဒူးတိနဲ့ မြင့်မြင့်မားမားအရပ်ကြောင့် ညမီးရောင်အောက်တွင် တစ်မျိုးတဖုံ ထူးခြားခန့်ညားနေသည်။
"Gun ဘာမှမဖြစ်ဘူး အကိုOff"
ခုတင်ကို ကိုယ်တစ်ဝက် မှီထားရသည့် Gunကိုတွဲကာ ခုတင်ပေါ် ထိုင်စေသည်။
"Gun...ဘာယူချင်လို့လဲ"
"အာာာ Gunရေသောက်ချင်...လို့"
အသံလေးက အဖျားနားရောက်တော့ တိုးတိမ်ဝင်သွားလေသည်။
"အင်း အင်း၊ ကိုယ်ယူပေးမယ်"
အခန်းထဲမှ ထွက်ကာ Dining roomထဲသို့ ဆင်းချသွားလေသည်။ ပြန်ရောက်လာတော့ လက်ထဲတွင် ရေဗူးအပြင် ပူတင်းခွက်လေးပါ ယူလာလေသည်။
"ရေနည်းနည်းပဲသောက်၊ ပူတင်းလေးစားလိုက်၊ Gun ကိုယ်နည်းနည်း ပူနေတယ်၊ ကိုယ် ဆေးတိုက်ချင်လို့ "
"Gun... ကိုယ်လက်တွေ နာနေလား"
"ကိုယ် ဂျယ်လ်လေး နည်းနည်းလိမ်းပေးမယ်"
စကားတို့ကို တောက်လျောက်ပြောပြီး လက်ကလည်း ရေဗူးကိုဖွင့်ကာ ခွက်ထဲသို့ အနည်းငယ်ထည့်ပေးပြီးနောက် Gun ကိုတိုက်လေသည်။
တဖန် ပူတင်းခွက်တွင် ဇွန်းတပ်ထားပြီး Gunလက်ထဲ ထည့်ပေးလေသည်။
"ပြီးရင် ဒီဆေးလေး သောက်ရမယ်နော်"
စတီးခွက်သေးလေးထဲ ထည့်ထားသည့် ဆေးတို့ကို စားပွဲပေါ် တင်ပေးလေသည်။ စားသောက်ပြီးစီးသွားပြီးနောက် Gun ကိုလှဲအိပ်စေပြီး စောင်ကို ရင်ဘတ်ပေါ်ထိ ခြုံပေးကာ မီးကိုပိတ်လိုက်သည့်နောက် မျက်နှာကျက်ပေါ်ရှိ အနုမြူရောင်ပြေးနေသည့် ကြယ်ရောင် လရောင်တို့က အစားထိုးဝင်ရောက်လာပါတော့သည်။
ထိုညကတော့ Gunအခန်းငယ်ထဲက Sofaပေါ်တွင် အိပ်စက်နေသည့်သူကြောင့် အရင်နေ့နဲ့နဲ့မတူ ထူးခြားစွာ နွေးထွေးလို့ လာပါတော့သည်။
############
မနက်ပိုင်း Breakfast ဝိုင်းတွင် ဖြစ်သည်။
"သား ညက အိပ်ကောင်းရဲ့လား"
"ဟုတ် မေမေ"
"မနက်ပိုင်း ကိုယ်လက်လှုပ်ရှားမှုကရော အဆင်ပြေလား၊ နာကျင်တာ ရှိသေးလား"
"နည်းနည်းပါ ဖေဖေ"
မိဘတွေရဲ့ အမေးစကားကို သေချာစွာ ဂရုတစိုက် ဖြေပေးနေလေသည့် Gunသည် ကျွန်တော်ကိုလည်း သတိထားနေသလိုလေး လှမ်းကြည့်သေးသည်။
သို့ပေမဲ့လည်း အန်တီတို့ကို အခြေအနေ ပြောပြရမှာက ကျွန်တော်ပင်ဖြစ်သည်မို့ ထိုအကြည့်တို့ကို လျစ်လျူရှုလိုက်ရသည်။
ခဏကြာတော့ ကြီးကြီးRoseနဲ့အတူ Gun အပေါ်ထပ်ကို တက်သွားလေသည်။
"ကျွန်တော်ကို အချိန်ခဏပေးပါ ဦး၊ အန်တီရောပေါ့"
စာကြည့်ခန်းဆိုသည်ထက် ဦးရဲ့ အရေးကြီးဧည့်သည်တွေ လာတဲ့အခါ ဆွေးနွေးတက်တဲ့ Meeting roomလို သဘောမျိုးဖြစ်သည်။ နံရံကပ်စာအုပ်စင်ပေါ်တွင် စီးပွါးရေးနှင့်ဆိုင်သည့် စာအုပ်တွေကို အများဆုံးတွေ့ရသည်။ တစ်ဖက်တွင်တော့ ထိုင်ခုံ(၈)လုံးပါရှိသည့် စားပွဲကြီးတစ်ခုကို တွေ့ရသည်။ သီးသန့်စာထိုင်ဖတ်နိုင်သည့် စားပွဲနှင့် ကုလားထိုင်တစ်စုံလည်း စာအုပ်စင်၏ မနီးမဝေးတွင် ရှိသေးသည်။ Offအတွက် စာကြည့်ခန်းကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်လေသည်။
"သားOff... အန်တီ ရင်တုန်လိုက်တာကွယ်"
"ခွန်Off အားမနာပါနဲ့၊ ပြောပါ"
"ဟုတ်ကဲ့... Gunကို တစ်ယောက်တည်း ထားဖို့ မဖြစ်နိုင်တော့ဘူး၊ မဟုတ်ရင် ညကလို အခြေနေတွေ ထပ်ဖြစ်လာမှာဆိုးတယ်"
"ညက... ဘာဖြစ်လဲ၊ သားOff"
"Gun လဲသွားတယ်၊ ပထမဆုံး အကြိမ်အဖြစ် Gunလဲကျသွားတယ် အန်တီ"
အခန်းထဲ တိတ်ဆိတ်မှုက တိုးဝင်လာသည်။ ပြီးနောက် Gunဖေဖေက မေးလေသည်။
"ဖြစ် ဖြစ်နေပြီလား"
"ကျွန်တော်သာ ညဘက် မနိုးခဲ့ရင် Gunပြန်ထနိုင် မနိုင် မသေချာဘူး ဦးနဲ့အန်တီ၊ ဒါကြောင့်... ကျွန်တော်တို့ Gunအနားမှာ အမြဲရှိမှရတော့မယ်"
"အင်း သားOff ဘယ်လို လုပ်ချင်လဲ"
"ကျွန်တော် Gunနဲ့ အတူတူနေမယ် အန်တီ"
"ဒါက... အားနာစရာပဲ ခွန်Off"
Gunဖေဖေက အားနာမှု အပြည့်ဖြင့် ပြောလေသည်။
"ဟုတ်သားပဲ သားOff၊ အန်တီတို့ Male nurseတစ်ယောက် ထပ်ခေါ်လည်း ရတာပဲ"
"ဒါပေမဲ့ ကျွန်တော်လောက် Gunအကြောင်းကို မသိသလို၊ နောက်ထပ် ရောက်လာတဲ့ nurseနဲ့လည်း Gun အသားကျဖို့ ကြာလိမ့်မယ်"
"အင်း၊ အဲ့လိုဆိုတော့လည်း သားOffကို အားနာရတော့မှာပဲ"
"ရပါတယ် အန်တီ"
"ကျေးဇူးတင်တယ် ခွန်Off၊ ဦးတို့ အကောင်းဆုံး ကြိုးစားကြတာပေါ့"
"ဟုတ်ကဲ့"
###########
"ဟဲ့ မြန်မြန် ခေါ်လိုက်လေ၊ ငါ ပြချင်နေပါပြီဆို"
"အေးလေ မြန်မြန်"
စိမ်းစိုနေသော ပတ်ဝန်းကျင်အလှအပက မြို့နေလူတန်းစားတွေအတွက် ဆန်းသစ်နေလေသည်။ Drone၊ Brauty၊ Pencialတို့ (၃)ယောက် ကျောင်းလေ့လာရေးခရီးအဖြစ် နယ်မြို့လေးတစ်ခုကို ရောက်လို့နေသည်။ အခုလည်း လှပတဲ့ စမ်းချောင်းနှင့် စမ်းချောင်းထဲကို ခုန်ပေါက်စီးဆင်းနေသော ရေတံခွန် မြင့်မြင့်ကြီးကိုလည်း vd callခေါ်ပြီး Gunကို ပြချင်နေလေသည်။
Beautyနဲ့ Pencialမှာ ရေတံခွန်ကို နောက်ခံထားပြီး ဓါတ်ဖမ်းနေသည်မို့ အားနေသည့် Droneကို Phခေါ်ခိုင်းခြင်း ဖြစ်လေသည်။
"ဟယ်လို....အချစ်ကလေး... လေး...Gun! နေကောင်းလား"
Ph screenထက်တွင် ပေါ်နေသည့် Gunမျက်နှာလေးက အနည်းငယ် ချောင်ကျနေသလိုလို ထင်ရသည်။ နှုတ်ဆက်နေသည့် စကားက Screenတွင် ပေါ်လာသည့် နောက်ထပ် မျက်နှာတစ်ခုကြောင့် ရပ်သွားပြီး ထိုအစား နာမည်ကို ခေါ်လိုက်ရသည်။ အချစ်ကလေးလို့တော့ မခေါ်ရဲ၊ လုံးဝ လုံးဝ မခေါ်ရဲ။
"N'Drone...အချစ်ကလေးဆိုတာ အမျိုးသားတွေကို မသုံးသင့်တဲ့ စကားပဲ၊ ဒါ့အပြင် N'တို့ကို မသိတဲ့သူတွေက အထင်လွဲနိုင်တယ်၊ တစ်နေ့ N'မှာ ချစ်ရသူရှိလာရင် ပိုပြီးအထင်လွဲနိုင်တယ်" Gunအိမ်၏ လှေကားထောင့်ချိုးတွင် ထိုလူကြီးပြောသည့် စကားက နားထဲ ထပ်တလဲလဲ ကြားယောင်နေတော့သည်။
"အင်း ကောင်းတယ်"
"မင်းကိုပြမယ်၊ Surprise!!!"
"ဝါးးးး လှလိုက်တာ Droneရ"
"Hi...Hello.... အလှလေးတွေ ကမ်ဘာမှ ကြိုဆိုပါတယ်ရှင်"
Beauty၊ Pencialတို့က ဂါဝန်စကို ကိုင်လိုက်ပြီး ဒူးတစ်ဖက်စီ ကွေးလိုက်ပြီး နှုတ်ဆက်ကာ နောက်ပြောင်လေသည်။
"မင်းကို ထပ်ပြပေးမယ်၊ ဟိုးဘက်မှာ တွေ့လား"
သစ်ပင်ကြီးက လုံးပတ်အတော်ကြီးကာ Gunမမြင်ဖူးသည့် အသီးပွင့် သေးသေးလေးတွေ ဖွေးဖွေးလှုပ်နေလေသည်။ အပင်ကြီးရဲ့ အောက်ခြေတွင်တော့ အုပ်ကျိုးပြားပိုင်းလေးတွေကို ထပ်ကာစီထားလေသည်။
"သဘောကျလား"
"အင်း...အဲ့ဒါက ဘာလုပ်တဲ့နေရာလဲ"
"ဆုတောင်းပြည့်တယ်တဲ့... ငါတို့ မင်းအတွက် ဆုတောင်းပေးခဲ့မယ်"
"အင်း၊ ကျေးဇူး"
Phချလိုက်တဲ့နောက် ပြုံးရွှင်နေတဲ့မျက်နှာအောက် ဝမ်းနည်းမှု ခပ်ငွေ့ငွေ့ပြောင်းသွားတဲ့ မျက်ဝန်းတစ်စုံကြောင့် Off မျက်တောင်တို့ လှုပ်ခတ်သွားသည်။
"Gun အဲ့နေရာမျိုး သဘောကျရင် ကိုယ်တစ်နေရာ ခေါ်သွားမယ်"
"ဘယ်ကိုလဲ"
"Gunပျော်မယ့် နေရာပေါ့"
ခေါင်းတို့ကို ညိတ်ပြသည့် ကလေးငယ်ကို ကြည့်ကာ Offပြုံးမိသည်။
အကိုခေါ်မယ့်နေရာက Gunတကယ်ပျော်ရမယ်ဆိုတာ ယုံကြည်ပါတယ်။ ဘာလို့လဲလို့ မမေးပါနဲ့။ အကိုနဲ့ရှိခဲ့တဲ့ အချိန်တိုင်း Gunအထီးမကျန်တော့တာ ကြာပါပြီ။
_______Mine_______
ကျေးဇူးတင်စွာဖြင့်။
BLOOM
28/11/2020