𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍...

By Ora_Belle35

35K 4.7K 1K

အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း... More

Me & He-1
Me & He-2
Me & He-3
Me & He-4
Me & He-5
Me & He-6
Me & He -7
Me & He-8
Me & He-9
Me & He-10
Me & He-11
Me & He-12
Me & He - 13
Me & He -14
Me & He -16
Me & He - 17
Me & He-18
Me & He -19
Me & He - 20
Me & He - 21
Me & He - 22
Me & He - 23
Me & He - 24 ( Final )
Fic Symbiosis & Author's Note

Me & He -15

1.1K 193 20
By Ora_Belle35

ကံကြမ္မာ က ဆန်းကြယ်တာလား
ကံကြမ္မာ ကို ဖန်တီးတဲ့သူကပဲ ရက်စက်
တတ်တာလား

ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့ မျှော်လင့်တောင့်တနေတဲ့အရာတွေကို သူတို့က
ကျတော်တို့နဲ့ အဝေးဆုံးကို ပို့ပစ်တတ်ကြပြီး
ကျတော်တို့ လုံး၀မမျှော်လင့်ထားတဲ့ အရာတွေကိုတော့ မလိုချင်ပါဘူးဘယ်လောက်ပြောပြော
အဲ့ဒီ အခြေအနေတွေနဲ့ နီးစပ်အောင်
တမင်ဖန်တီးပေးနေသလိုပဲမလို့

အရင်ကဆို ပြောစရာစကားပေါင်း သောင်းခြောက်ထောင် မကုန်နိုင်ဖြစ်နေတဲ့
ကျတော်တို့ နှစ်ယောက် က အခုတော့ အတူတူရှိတဲ့ အချိန်တွေမှာ ပြောစရာစကားတစ်ခွန်းမှ
ကုန်းကောက်စရာမရှိလောက်အောင် ပျောက်ရှနေသလို

ဒီအခြေအနေကြီးကို ကျတော် တကယ်ပဲ
မနှစ်မြို့မိပါ
ကျတော်လိုချင်ခဲ့တာ Taehyung ကို အရင်ကထက် ပိုပြီး ပျော်ရွှင်စေချင်တာလေ
သူ့အနားမှာနေချင်ပြီး သူပျော်ရွှင်စေမယ့်အရာတွေကို ကျတော်တစ်ယောက်တည်းကပဲ
အမြဲတမ်းလုပ်ပေးချင်တာ

ကျတော် က ပိုချစ်တဲ့သူက ပိုပြီးခံစားရတယ်ဗျ
Taehyung မျက်နှာညှိုးနေရင်တောင်
အဲ့တာ ကျတော့်ကြောင့်များလား
ကျတော် တစ်ခုခုလုပ်ပေးလိုက်ရင် သူ
အဆင်ပြေသွားမလားဆိုပြီး
အမြဲစဉ်းစားနေတာ

ကျတော်ကတော့ သူ့ရဲ့လျစ်လျုရှုမှုတွေကို
မခံစားနိုင်လို့ သူ့ကို စကားသွားပြောဖို့ကြံလိုက်တယ်

ကြည့်ပါ့လား ဟက်!!!
နောက်ဆုံးတော့ ကျတော့်ကို မြူမှုန်လောက်တောင်ရှိတယ်လို့မထင်တဲ့ သူ့ကို မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စကားသွားပြောတာ အမှတ်မရှိတဲ့ ဒီကောင်ပါပဲ

"Taehyung မင်း ဒီနေ့ အလုပ်ရှာတာ
အဆင်ပြေလား"

"အင်း ပြေတယ် မနက်ဖြန်ဆို တန်းပြီး အလုပ်ဆင်းရတော့မှာ"

"အော် ဟုတ်လား ကောင်းသားပဲ အလုပ်ရတာ မြန်လိုက်တာ"

"အင်း ငါ့အသိတစ်ယောက်ရဲ့‌ဆိုင်မလို့လေ"

"အော်...."

"မင်းကော တော်တော်ပျော်နေတယ်မလား"

"အမ်.... Taehyung မင်းဘာကိုဆိုလိုချင်တာလဲ"

"ဟက်!!! ထားပါတော့ အလုပ်မှာပျော်တယ်မလားလို့ မေးတာပါ"

"အင်း အဆင်ပြေပါတယ်"

ငါ မေးတာတခြား မင်း ဖြေနေတာတခြား
ကောင်းတယ် Jung Hoseok ရေ
စကားလမ်းကြောင်းတွေလွဲနေလိုက်ဟ!!

"အဲ့တာဆိုလည်း ပြီးတာပဲ"

ကုတင်ပေါ်မှာထိုင်နေရာကနေ ရုတ်တရက် ထဖို့
ဟန်ပြင်လိုက်တဲ့ Taehyung ကို Hoseok
တစ်ယောက် သူ့ရဲ့ အင်္ကျီစ‌လေးကို လှမ်းဆွဲလိုက်ပြီး တားလိုက်တော့

"ဘာပြောမလို့လဲ..."

"မဟုတ်ပါဘူး...ဟို အပြင်မှာသွားအိပ်မလို့လား"

"အပြင်မှာတော့ မအိပ်ပါဘူး
မနေ့ကကိစ္စတောင် အမေ မိသွားတော့မလို့လေ
ဘာလဲ ငါ့ကို အပြောခံစေချင်နေတာလား"

"ဟာ...မဟုတ်ပါဘူး Taehyung ရယ်
ငါ က မင်းကို အပြောခံစေချင်ပါ့မလား"

"ဒီနေ့တော့ ငါ ဟိုဘေးက ဆိုဖာပေါ်မှာသွားအိပ်လိုက်မယ်
မင်းကတော့ ကုတင်ပေါ်မှာပဲအိပ်လိုက်ပါ"

"ဘာဖြစ်လို့လဲ ကုတင်က အကျယ်ကြီးလေ
နှစ်ယောက်အိပ်လို့ရပါတယ်
အဲ့တာကြောင့် မင်း ဆိုဖာပေါ်မှာသွားအိပ်စရာ
မလိုပါဘူး"

"ကျစ်!!! ငါ ဆိုဖာပေါ်မှာပဲ အိပ်မယ်
မင်းနဲ့မအိပ်ချင်လို့"

"ဟင်...."

သူ ကျတော်နဲ့ မအိပ်ချင်ဘူးဆိုတာ မဟုတ်လောက်ပါဘူးဆိုပြီး စိတ်ထဲမှာပဲ ဖြေသိမ့်နေရတာ
သူ့ဆီက ဒီလိုစကားမျိုးကြားရလိမ့်လို့ ထင်မထားမိတာအမှန်ပါ

"ဘာဖြစ်လို့လည်း... ဘာလို့ ငါနဲ့ မအိပ်ချင်ရတာလဲ ငါက ဘာဖြစ်နေလို့လဲ"

"ဟက်! မအိပ်ချင်ပါဘူးဆိုကွာ အကြောင်းပြချက်ကအစပြောနေရမှာလား မင်းက ဘာမလို့လည်း"

"ဘာ....ငါ က ဘာမလို့လည်း ဟုတ်လား
ငါ က မင်း အိမ်ထောင်ဖက်လေ
မင်း ဘာဖြစ်လို့ ဒီလိုမျိုးတွေလုပ်နေရတာလဲ
ငါ့ကို ဘာလို့ မုန်းနေရတာလဲ Taehyung
ငါ့ကို ဆက်ဆံ‌တဲ့အမူအရာတွေက ဘာဖြစ်လို့
ဒီလောက်တောင်ပြောင်းလဲသွားရတာလဲ"

Taehyung က ကျတော့်စကားတွေကို လျစ်လျူ
ရှုပြီး ဆိုဖာဘက်ကို သွားဖို့ပြင်လိုက်ပေမယ့်
ကျတော်က ချက်ချင်းထ လိုက်ကာ သူ့ရဲ့
လက်တစ်ဖက်ကို ခက်ကြမ်းကြမ်းဆွဲလိုက်ပြီး

"ဘယ်သွားမလို့လဲ ငါစကားပြောတာမပြီးသေးဘူးလေ"

"....."

"Taehyungnna... မင်း အရင်တုန်းက ငါနဲ့အတူတူအိပ်တယ်လေ
ငါရှိနေရင် ငါ့ကို မဖက်ပဲ မအိပ်တတ်ဘူးလို့
ပြောခဲ့တာလည်း မင်းပဲ
ငါ့ရဲ့ အနံ့ကိုကြိုက်လို့ဆိုပြီး ငါနဲ့အတူတူအိပ်ချင်တယ်လို့ပြောခဲ့တာလည်း မင်းပဲလေ
ဘာဖြစ်လို့အခုမှ....အခုမှ ဒါတွေကို ပြောင်းလဲဖို့
ကြိုးစားချင်ယောင် ဆောင်နေရတာလဲ
မင်း ငါ့ကို မုန်းနေတာလားဟင် Taehyung..."

"ဟက် အဲ့တုန်းကနဲ့ အခုနဲ့ မတူတော့ဘူးလေ
အဲ့တုန်း က ငါတို့က သူငယ်ချင်းတွေမလား
တကယ်လို့ အခုချိန်ထိသာ ငါတို့ သူငယ်ချင်း
တွေဆက်ဖြစ်နေအုံးမယ်ဆိုရင်
ငါ ဒီလိုပဲဆက်လုပ်နေအုံးမှာပဲ ဒါပေမယ့်
အခုက....."

"တစ်ခါ သူငယ်ချင်းဖြစ်လိုက်တာနဲ့
အမြဲတမ်း သူငယ်ချင်းပဲဖြစ်နေရတော့မှာလား
Once a Friend, Always Friend တော့
ငါ မလုပ်နိုင်ဘူး Taehyung"

"ဒါကတော့ မင်းအပိုင်းပဲလေ Hoseok
ငါစိတ်မ၀င်စားဘူး
အခု မင်း လက်ကိုဖယ်တော့
ငါ သွားအိပ်တော့မယ်"

"ဟင့်အင်း မင်း ငါနဲ့ပဲ အတူတူအိပ်ရမယ်"

"Hoseok ငါပြောနေတယ်လေ မင်းလက်ကိုဖယ်လို့ !!!!"

"Taehyung..."

"မုန်းတယ်.... ငါ မင်းကို မုန်းလို့
ငါ့ကို အတင်းလက်ထက်ယူခဲ့တဲ့ မင်းကို
မုန်းလို့"

"Taehyung....မင်း....မင်း ဘယ်လိုပြောလိုက်တာလဲ
ဒီစကားတွေကို ဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲ
ငါ့ဘက်ကိုကော ထည့်မတွေးဘူးလား
နည်းနည်းလေးတောင် မင်းစဉ်းစားပေးခဲ့လားဆိုတာပြောပါ
ဟက်!! ငါ က မင်းကို အတင်းလက်ထပ်ယူတယ်
ဒါဆို မင်း ငါ့ကို ဘာဖြစ်လို့ကျူးလွန်ခဲ့လဲ"

"ငါပြောပြီးပြီလေ အဲ့နေ့က မူးနေလို့ ဘာတွေဖြစ်ခဲ့မှန်း တစ်ခုမှမမှတ်မိဘူးလို့"

"မမှတ်မိလို့ရမလား ဟမ်!!!
မမှတ်မိလည်း ငါ့ဘ၀က ပျက်စီးသွားပြီလေ
အဲ့တာတွေကို မင်းပဲလုပ်ခဲ့တာပဲ
မင်းတာ၀န်မယူလို့ ငါက ဘယ်သူ့ကို သွားပြီး
တာ၀န်ယူခိုင်းရမှာလဲ
မင်း အရမ်းကို တစ်ဖက်သက်မဆန်ဘူးလား
မင်း က ငါ ငယ်ငယ်တုန်းက ခင်ခဲ့ရတဲ့
Taehyung မဟုတ်တော့ဘူး
မင်း ဘာကြောင့် ဒီလောက်တောင်ပြောင်းလဲသွားရတာလဲ"

"ငါပြောပြီးပြီလေ
အဲ့တာ မင်းကြောင့်
အဲ့ဝာာတွေ အကုန်လုံး မင်းကြောင့်လို့"

"မဟုတ်တာ‌တွေ ဆက်ပြီး ပြောမနေတော့နဲ့
Taehyung
မပြောင်းလဲသင့်တဲ့အရာတွေကိုပါ အတင်းတွေ
ပြောင်းလဲဖို့ ကြိုးစားနေတဲ့ မင်းက အရမ်းကို
အတ္တကြီးတာပါပဲလား"

"ဟုတ်တယ် ငါအတ္တကြီးတယ် ဘာဖြစ်လည်း
ဖယ်စမ်းကွာ!!!!"

Taehyung က သူ့ ရဲ့ ဒေါသ‌တွေနဲ့ အတူ
ကျတော့်လက်ကို ခပ်ကြမ်းကြမ်းပုတ်ထုတ်လိုက်
တယ်

"ငါ မင်းကို မုန်းတယ် Hoseok...."

သွားပြီ...
Taehyung ထွက်သွားပြီ

ဒါပေမယ့် မုန်းတယ် ဆိုတဲ့စကားကို
ကျတော့်မျက်နှာကို လုံး၀မကြည့်ပဲ သူ ပြောသွားခဲ့တယ်

ဟက်!!! ဘာပဲဖြစ်ဖြစ် ဒီလောက်ဆို သူ
ကျတော့်ကို တကယ်မုန်းသေးတာမှမဟုတ်ပဲ
အဲ့ဒီလိုမှတ်ယူလို့ရတယ်မလား

ကျတော်လည်း မျက်လုံးထဲ က ထွက်ကျလုဆဲဆဲ
မျက်ရည်တွေကို ထိန်းချုပ်လိုက်ပြီး ကုတင်ပေါ်သို့ သွားကာ အိပ်စက်ရန်ကြိုးစားလိုက်တယ်

ဒါပေမယ့် အိပ်မပျော်ဘူး....
ကျတော် ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး
ပျော့ညံ့တဲ့ သင်္ကေတအဖြစ်နဲ့ မှတ်ယူထားတဲ့
မျက်ရည်တွေကို ကျတော်ချစ်ရသူရှေ့မှာ
ထုတ်ပြဖို့ အဲ့ဒီ့လောက် သတ္တိမရှိသေးဘူး

မာန တွေအားလုံးခဝါချပြီးလေ
ကျတော်ဘယ်လိုခံစားနေရပါတယ်
ကျတော့်မှာ ဘာကြောင့် ဒီလောက်ခံစားနေရ
ပါတယ် ဆိုတာကို မချွင်းမချန် ရင်ဖွင့်ပြီး အမြဲတမ်း မှေးစက်ခွင့်ရမယ့် ပခုံးတစ်စုံ
ကျတော့်မှာ မရှိသေးပါလား

မင်းပြောင်းလဲသွားခဲ့မယ်ဆိုရင်တောင် မင်း
ကို ငါသေချာပေါက်နားလည်ပေးမယ်လို့ပြောခဲ့တာ အရမ်းစောလွန်းသွားလားဟင်

Beautifully Illustrated: Me and He

"Hoseokka ငါ့ညီ မျက်နှာလည်း မကောင်းပါ့လား"

"မဟုတ်ပါဘူး ကျတော်...."

"ဘာဖြစ်လို့လည်း အိပ်ရေးမ‌၀တာလား
မျက်ကွင်းတွေလည်းညိုလို့ပါ့ကော"

"ဟုတ်တယ် Jaemin Hyung
မနေ့ညက ကျတော် အိပ်မပျော်လို့ပါ"

"အော်.... Hoseok တစ်ခုခုဆို ငါ့ကိုရင်ဖွင့်လို့ရတယ်နော်
မင်း က အမြဲတမ်း ငါ့ညီလေးမလို့"

Taehyung မင်းသိလား
ငါလည်း မင်းဆီကနေ အဲ့လိုစကားလေးတွေ
ကြားချင်တယ်ဆိုတာ

ငါ့ကို နည်းနည်းလေးလောက်ပဲ ဂရုစိုက်မယ်
ဆိုရင်တောင် ငါသိပ်ကိုပျော်နေမိမှာ
မင်း ကြားရင်တော့ ငါ့ကို လှောင်ရယ်နေအုံးမှာပဲ
မလား

"ကျေးဇူးတင်ပါတယ် Jaemin Hyung"

"ဒါနဲ့ မနေ့က New Product လေးတွေအကြောင်းကို ပြောပြပြီးပြီဆိုတော့ ဒီနေ့ အဲ့တာလေးတွေကို
Excel ထဲမှာ စနစ်တကျ သေချာလေးစဉ်ပေးထားပါ့လား Hoseok"

"အာ...ဟုတ်ကဲ့ Jaemin Hyung ကျတော်အခု လုပ်လိုက်မယ်လေ"

"ပြီးတော့ ညနေကြရင် Hyung နဲ့ အတူတူ
ဖက်ထုပ် သွားစရအောင် Hoseok
ဆိုဂျူလေးသောက်ရင်းနဲ့ပေါ့"

"အယ်..... ဘယ်အချိန်လောက်လဲ Hyung"

"ညနေ 5 နာရီလောက်ပေါ့ ရုံးဆင်းတာနဲ့ သွားကြမယ်လေ
ဟားးဟားး ဘာဖြစ်လို့လည်း ညနေကျရင် မိသားစု ထမင်းစားဝိုင်းမမှီမှာစိုးလို့လား"

"အာ...မဟုတ်တာပဲ အဲ့တာက 7 နာရီမှပါ
Hyung နဲ့ အတူတူလိုက်ခဲ့မယ်လေ"

"အမလေး တော်သေးဝာာပေါ့
ငါ့ညီက ငါ့ကို စိမ်းကားသွားပြီထင်နေတာ
အိမ်ထောင်ကျသွားလို့ ငါ့ကို အရင်က‌လောက်
မခင်တော့ဘူးဆိုပြီး တွေးနေတာ
ဟားးဟားး ငါ့အတွေးက နည်းနည်းတော့
ကလေးဆန်တယ်မဟုတ်လား"

"Hyung က ကျတော့် အတွက် အမြဲတမ်း
အကို အရင်းလိုပါပဲဗျာ
ကျတော်က ဘာကြောင့်စိမ်းကားရမှာလဲ
ဟုတ်တယ်မလား"

Lee Jaemin က Hoseok ကျောကို နှစ်ချက်လောက်ပုတ်လိုက်ကာ ပခုံးကို ဖက်လိုက်ပြီး-

"ဟားး ဒါမှ ငါ့ညီကွ"

----

"ဘာ!! ဒါဆို ငယ်ငယ်လေးကတည်းက
ကြိုက်ကြိုက်လာရတဲ့သူနဲ့ အခု လက်ထက်ဖြစ်သွားတယ်ဆိုပါတော့"

"ဟာ Hyung ကလည်း ငယ်ငယ်လေးကတည်းကကြိုက်လာတာတော့ မဟုတ်ပါဘူး
တက္ကသိုလ်တက်မှ‌ပါ"

"ဘယ်လိုပဲဖြစ်ဖြစ်ကွာ ငါတော့ မင်းအတွက်
၀မ်းသာပါတယ်
ဘယ်လိုလဲ သူနဲ့အဆင်ပြေတယ်မလား"

"အင်း...အဆင်....အဆင်ပြေပါတယ်"

"သူနဲ့အဆင်မပြေဖြစ်နေလည်း Hyungဆီက
အကြံဉာဏ်တွေတောင်းလို့ရတယ်နော်
တစ်ခါတည်း အချစ်တွေပိုသွားစေရမယ် ဟဲဟဲ"

"ဟာ... Hyung ကလည်း တကယ်ပါပဲ
ဒီလိုပဲ သူများတွေကို ကူညီပေးနေတော့မှာလား
လက်ထက်ဖို့ကော စိတ်ကူးမရှိတော့ဘူးလား"

"ဟားးဟားး ငါတို့က အဖေတစ်ခုသားတစ်ခု
ဆိုတာ မင်းလည်းသိသားနဲ့ကွာ
လက်ထက်ဖို့ ကိစ္စကိုတော့ ငါအချိန်ယူစဉ်းစားရအုံးမယ်ထင်တယ်"

"အင်းပါလေ ဒါက Hyung သဘောပါ
ဦးလေး ကော နေကောင်းတယ်မလား"

"ဘယ်လိုပြောရမလဲ သူ က ‌ဒီတစ်လော ခဏခဏ ဗိုက်အောင့်တယ်လို့တော့ပြောသံကြားတယ်"

"ဟာ ဟုတ်လား ဆေးမသောက်ခိုင်းဘူးလား"

"အဲ့အခါကြရင်တော့ ဆေးသောက်ခိုင်းတာပေ့ါကွ ဒါပေမယ့် ခဏခဏ အဲ့ဒီလိုဖြစ်နေရင်
မကောင်းဘူးလားလို့‌လေ"

"ဟုတ်တာပေါ့ ဦးလေး က အစာအိမ်ယောင်တာတို့ ဘာတို့ ဖြစ်နေအုံးမယ်နော် Hyung
ဆေးခန်းဖြစ်ဖြစ်ကြိုပြီး သွားပြသင့်တယ်လို့
ကျ‌တော် ကတော့ ထင်တယ်"

"အေး ငါလဲ အဲ့လိုစဉ်းစားထားပါတယ်
ဒါပေမယ့် ခုတစ်လော ငါ အဖေ့ကို အချိန်မပေးနိုင်ဘူးဖြစ်နေတာ
အလုပ်တွေများတော့ သူ့ကို ဂရုမစိုက်နိုင်ပဲ
ပစ်ထားသလိုဖြစ်သွားတယ်"

"Hyung အပြစ်လဲမဟုတ်ပါဘူး
လာမယ့် စနေ တနင်္ဂနွေ တစ်ရက်လောက်
ဖြစ်ဖြစ် Toking Number ယူပြီး သွားပြ
လိုက်ပေါ့"

"အေးနော် ငါလည်း အဲ့ဒီလိုလုပ်ရင်ကောင်းမယ်တူတယ်"

ထိုစဉ် Lee Jaemin ဆီသို့ ဖုန်း၀င်လာသဖြင့်-

"Hello....ဟုတ်ပါတယ် ကျတော် Lee Jonha
ရဲ့ သားပါ"

"........."

"ဗျာ"

"......"

"ဟုတ်ကဲ့ ကျတော်အခုလာခဲ့ပါမယ်"

"......."

"Jung-gu ဆေးရုံနော်
ဟုတ်ကဲ့ပါ ကျတော့်ကို ဆက်သွယ်ပေးလို့ကျေးဇူးတင်ပါတယ်"

Phone ကို ကမန်းကတမ်းပြောရင်း ရုတ်တရက်စိုးရိမ်စိတ်‌တွေတစ်သီကြီးဖြစ်ပေါ်လာတဲ့
Jaemin Hyung ကိုကြည့်ရင်း အခြေအနေတစ်ခုခုမဟန်တော့တာကိုတော့ ကျတော်
သတိထားမိလိုက်၏

"Hyung ဘာဖြစ်လို့လဲ"

"အဖေလေ ရုတ်တရက်ကြီး အူအတက်ပေါက်လို့
အဲ့တာ အိမ်နီးနားချင်းတွေကဆေးရုံပို့ထားကြတယ်တဲ့
အဲ့တာ Hyung ကို ဆက်သွယ်လာလို့"

"ဟာ ဟုတ်လား ဒါဆို အခုပဲလိုက်သွားရမှာပေါ့"

"ဟုတ်တယ် Hoseok ၊ Hyung တောင်းပန်ပါတယ် နောက်နေ့မှ ထပ်တွေ့ကြတာပေါ့
အခုတော့ သွားခွင့်ပြုပါအုံးနော်"

"အာ...မဟုတ်တာပဲ Hyung ကလည်း
ဒါနဲ့ ကျတော်ပါလိုက်ခဲ့လို့ရမလား"

"ဖြစ်ပါ့မလား Hoseok ရဲ့
နေပါစေ Hyung ပဲသွားလိုက်ပါ့မယ်"

"Hyung တစ်ယောက်တည်းအဆင်ပြေပါ့မလား
ပြီးတော့ ဦးလေးကိုလည်း ကျတော်တွေ့ချင်လို့ပါ"

"အေးပါ အဲ့တာဆိုလည်း အခုသွားကြရအောင်"

"ဟုတ်ကဲ့ Hyung"

______

ညစာထမင်းစားဝိုင်းတွင် Mrs.Sue နှင့်
Taehyung တစ်ယောက် ထမင်းစားနေသော်လည်း
အရင်နေ့ကလောက် မျက်နှာသိပ်မလန်းကြ

အကြောင်းမှာ Hoseok တစ်ယောက် ယနေနေ့ထမင်းစားချိန်အမှီ အိမ်ကိုရောက်မလာသောကြောင့်ဖြစ်၏
အစကတော့ ခဏနောက်ကျတာဖြစ်မယ်ဟုဆိုကာ နာရီ၀က်ကြာအောင်စောင့်နေသေးသော်လည်း နောက်ဆုံးတော့ မနေနိုင်ပဲ ထမင်းစားလိုက်ကြခြင်းဖြစ်သည်

Mrs.Sue ကတော့ Company ကို နေ့ကင်းပိုင်းရောက်ရင် အိမ်အပြီးပြန်သူမလို့ Hoseok ကိုအခြေအနေကိုတော့ ညနေထိလိုက်မကြည့်ဖြစ်
သူစိတ်ချရတဲ့ Manager Lee Jaemin လည်းရှိနေသည့်အတွက်လည်းပါ၏

အရင်တုန်းကဆို ညနေ 7 နာရီ အမှီ သူတို့ 3
ယောက်ထမင်းလက်ဆုံ စားကြတာက
အိမ်စည်းကမ်းတစ်ခုလိုပင်

မိသားစု၀င်သုံးယောက်တည်း ဒီအချိန်လေး
ထမင်းစားကာ စကားစမြည်ပြောကြတာကိုတော့
အိမ်ကြီးရှင်ဖြစ်သူ Mrs.Sue တစ်ယောက်ကတော့ တန်ဖိုးထားသည်

သို့သော် ဒီနေ့ကတော့ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် Hoseok အရေးကြီးတဲ့ အကြောင်းတစ်ခုခုရှိလို့နေမှာပါဟုသာ နားလည်ပေးရင်း
ထိုကိစ္စအားမသိချင်ယောင်ဆောင်နေပေမယ့်
သူ့သားဖြစ်သူ Taehyung ကတော့ ထိုသို့မဟုတ်
ထမင်းစားနေသည်သာ ပြောတယ် စိတ်တွေက
ဟိုလွင့်ဒီလွင့်
မျက်နှာကြီးတစ်ခုလုံးကလည်း ဒေါသကြောင့် နီမြန်းနေသယောင်

"ဟဲ့ Taehyung ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

Taehyung ဟာ သူမရဲ့ ရင်နှစ်သည်းချာချစ်ရတဲ့သားတစ်ယောက်ပဲလေ
ဒီလောက်ကတော့ မိခင်တစ်ယောက်အနေဖြင့်
သူ့သား ဘာတွေအလိုမကျဖြစ်နေမှန်း
ရိပ်စားမိဟန်ရှိပါ၏

"Hoseok ကိစ္စဆိုရင်တော့ စိတ်ပူမနေပါနဲ့
သူ အရေးကြီးကိစ္စတစ်ခုခုဖြစ်လို့နေပါ့မယ်"

"အရေးကြီးတယ်ဆိုလည်း အိမ်သားတွေစိတ်မပူအောင် ဖုန်းဆက်ပြီး အသိပေးသင့်တယ်မဟုတ်လား"

Mrs.Sue ကို စကားပြောရာ၌ သူ့ အသံအနည်းငယ် မာ သွားသည်ကို Taehyung ကိုယ်တိုင်လည်းသတိထားမိသဖြင့်

"အာ...တောင်းပန်ပါတယ် မေမေ"

တွေ့တယ်မလား
သူထင်နေတာတွေမှန်နေတာပဲ
Hoseok ရှိမနေလို့ ‌ဒေါသထွက်နေခြင်းတွေက
အခုစကားလုံးတွေထဲမှာ ခံစားချက်အနေနှင့်
ရောပြွန်း၍ ပါလာခြင်းပင်

"သူ က ကလေးမဟုတ်တော့ပါဘူး Taehyung ရယ်
မင်းနဲ့တောင် လက်ထပ်ပြီးသွားပြီပဲလေ
အမှား/အမှန် ကိုတော့ Hoseok ကောင်းကောင်းဝေခွဲတတ်ပါတယ်"

"မေမေ မသိပါဘူး သူက တကယ့်ငတုံး
ရိုးလိုက် အလိုက်တာလဲပြောမနေပါနဲ့
တစ်ခုခုဖြစ်နေရင် တစ်ယောက်တည်း
ကူရာကယ်မဲ့ဖြစ်နေမှာ
ဘာမှလုပ်တတ်တာလည်းမဟုတ်ဘူး
သူ တော်တဲ့နေရာဆိုလို့ စာပဲရှ်ိမယ်"

အို....အခု သူ့သားက Hoseok ကို စိတ်ပူနေသည်တဲ့လား
လက်ထပ် တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး Hoseok ကို
အခဲမကြေဖြစ်နေတဲ့ ကလေးဟာ‌လေ

ငယ်ငယ်လေးတုန်းက Hoseok ခင်မင်လာခဲ့တဲ့
သံယောဇဉ်တွေက အခုထိဘယ်လိုမှ မပြတ်နိုင်သေးတာပဲ ငါ့သားရယ်
သံယောဇဉ်တွေက လွယ်လွယ်နဲ့ဖြတ်လို့မရဘူး
မင်း အ‌ပေါ်ယံမှာ လိမ်ညာနေပေမယ့်လည်းပေါ့

"သူ ပြန်လာပါလိမ့်မယ်
အခု ဘယ်နှနာရီရှိသေးလို့လည်း
ည 9 နာရီမတိုင်ခင်တော့ Hoseok ပြန်လာပါလိမ့်မယ်
အဲ့လောက်ကြီး စိတ်ပူမနေပါနဲ့"

"ဟုတ်ကဲ့ပါ"

"ထမင်းစားပြီးရင် ဖုန်းတစ်ချက်‌‌လောက် ဆက်ကြည့်အုံး‌လေ"

"ဟုတ် မေမေ"

အခန်းထဲရောက်ပြီးနောက်လည်း ဂဏာမငြိမ်
ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသူမှာ
ကျတော် Kim Taehyung ပါပင်

ဖုန်းဆက်တာ 5 ခေါက်မကရှိနေသော်ငြား
ကိုယ်တော်လေးက စက်ပိတ်ထားလားမသိ

"အယ်...."

Taehyung တစ်ခုခုကို သတိရသွားဟန်ဖြင့်
ကုတင်ဘက်သို့ သွားဟန်ပြင်နေတဲ့ သူရဲ့ ခြေလှမ်းတွေတောင် ရပ်ဆိုင်းသွား၏

နေပါအုံး... အခု ငါက စိတ်ပူနေတာလား...?
Hoseok ကိုလေ... စိတ်ပူနေတာ

သူ့စိတ်ကိုသူပြန်ဖတ်ရင်း ထိုကောင်လေးက မလုံမလဲလည်း ဖြစ်သေး၏

စိတ်ပူတာက ရိုးရိုးသားသားပါ
သူတစ်ခုခုဖြစ်ရင် ငါ နဲ့ မေမေ ပြီးတော့ အန်တီ
ဆွန်းဟွာပါ ဒုက္ခရောက်မယ်လေ
ငါတို့လည်း အလုပ်ရှုပ်မယ် စိတ်သောကလည်း
ရောက်မယ် မဟုတ်ဘူးလား

ဟက်!! တကယ်ပါပဲ ငါလည်းဘာတွေတွေးနေတာလဲမသိပါဘူး
စိတ်ပူတာနဲ့ ချစ်သွားတာ မှမဟုတ်ပဲ
ငါအဲ့လောက်လည်း မညံ့သေးပါဘူး

အော်...ငါကလည်းလေ
ငါ့ကို ဘယ်သူကမှ မယုံသင်္ကာမဖြစ်ပဲနဲ့ အတင်းတွေ ကိုယ့်ဘာကိုယ်ပြန်ရှင်းပြနေရတယ်
ဟားးးဟားးး

အခန်းတွင်း၀ယ် ကောင်လေးတစ်ယောက်ရဲ့
အသက်မပါသော ရီသံတွေက ပျံ့လွင့်လျက်

စိတ်ပူတာနဲ့ ချစ်တယ် ဖြစ်သွားရအောင်
ငါက ငတုံးမှ မဟုတ်တာ
အနည်းဆုံးတော့ သံယောဇဉ်တွယ်တာ နဲ့ ချစ်တယ်ဆိုတာကို မသဲကွဲတဲ့ မင်းလိုတော့ မဟုတ်ဘူးပေါ့ Hoseok





Ayo!!! ပြန်လာပါပြီလို့
အော်ရာ အခက်အခဲရှိနေတုန်း အခြေအနေကို နားလည်ပေးကြတဲ့ Reader တိုင်းကို ကျေးဇူးတင်ပါတယ်
Announcement နဲ့ ပတ်သတ်လို့
Readers တွေပေးတဲ့ Ment လေးတစ်ခုချင်းစီတိုင်းကို ရင်ဘတ်ထဲမှာထည့်ထားပါတယ်
အော်ရာ ကို အများကြီးနှစ်သိမ့်အားပေးထားတာလည်းတွေ့ရတော့ တကယ်လည်း ၀မ်းသာမိ
ပါတယ်
အားလုံးကိုကျေးဇူးတင်လျက်🙆💜💜

ကံၾကမၼာ က ဆန္းၾကယ္တာလား
ကံၾကမၼာ ကို ဖန္တီးတဲ့သူကပဲ ရက္စက္
တတ္တာလား

ဘာျဖစ္လို႔လဲဆိုေတာ့ က်ေတာ္တို႔ ေမွ်ာ္လင့္ေတာင့္တေနတဲ့အရာေတြကို သူတို႔က
က်ေတာ္တို႔နဲ႕ အေဝးဆုံးကို ပို႔ပစ္တတ္ၾကၿပီး
က်ေတာ္တို႔ လုံး၀မေမွ်ာ္လင့္ထားတဲ့ အရာေတြကိုေတာ့ မလိုခ်င္ပါဘူးဘယ္ေလာက္ေျပာေျပာ
အဲ့ဒီ အေျခအေနေတြနဲ႕ နီးစပ္ေအာင္
တမင္ဖန္တီးေပးေနသလိုပဲမလို႔

အရင္ကဆို ေျပာစရာစကားေပါင္း ေသာင္းေျခာက္ေထာင္ မကုန္နိုင္ျဖစ္ေနတဲ့
က်ေတာ္တို႔ ႏွစ္ေယာက္ က အခုေတာ့ အတူတူရွိတဲ့ အခ်ိန္ေတြမွာ ေျပာစရာစကားတစ္ခြန္းမွ
ကုန္းေကာက္စရာမရွိေလာက္ေအာင္ ေပ်ာက္ရွေနသလို

ဒီအေျခအေနႀကီးကို က်ေတာ္ တကယ္ပဲ
မႏွစ္ၿမိဳ႕မိပါ
က်ေတာ္လိုခ်င္ခဲ့တာ Taehyung ကို အရင္ကထက္ ပိုၿပီး ေပ်ာ္႐ႊင္ေစခ်င္တာေလ
သူ႕အနားမွာေနခ်င္ၿပီး သူေပ်ာ္႐ႊင္ေစမယ့္အရာေတြကို က်ေတာ္တစ္ေယာက္တည္းကပဲ
အၿမဲတမ္းလုပ္ေပးခ်င္တာ

က်ေတာ္ က ပိုခ်စ္တဲ့သူက ပိုၿပီးခံစားရတယ္ဗ်
Taehyung မ်က္ႏွာညွိုးေနရင္ေတာင္
အဲ့တာ က်ေတာ့္ေၾကာင့္မ်ားလား
က်ေတာ္ တစ္ခုခုလုပ္ေပးလိုက္ရင္ သူ
အဆင္ေျပသြားမလားဆိုၿပီး
အၿမဲစဥ္းစားေနတာ

က်ေတာ္ကေတာ့ သူ႕ရဲ႕လ်စ္လ်ဳရႈမႈေတြကို
မခံစားနိုင္လို႔ သူ႕ကို စကားသြားေျပာဖို႔ႀကံလိုက္တယ္

ၾကည့္ပါ့လား ဟက္!!!
ေနာက္ဆုံးေတာ့ က်ေတာ့္ကို ျမဴမႈန္ေလာက္ေတာင္ရွိတယ္လို႔မထင္တဲ့ သူ႕ကို မေနနိုင္မထိုင္နိုင္ျဖစ္ၿပီး စကားသြားေျပာတာ အမွတ္မရွိတဲ့ ဒီေကာင္ပါပဲ

"Taehyung မင္း ဒီေန႕ အလုပ္ရွာတာ
အဆင္ေျပလား"

"အင္း ေျပတယ္ မနက္ျဖန္ဆို တန္းၿပီး အလုပ္ဆင္းရေတာ့မွာ"

"ေအာ္ ဟုတ္လား ေကာင္းသားပဲ အလုပ္ရတာ ျမန္လိုက္တာ"

"အင္း ငါ့အသိတစ္ေယာက္ရဲ႕‌ဆိုင္မလို႔ေလ"

"ေအာ္...."

"မင္းေကာ ေတာ္ေတာ္ေပ်ာ္ေနတယ္မလား"

"အမ္.... Taehyung မင္းဘာကိုဆိုလိုခ်င္တာလဲ"

"ဟက္!!! ထားပါေတာ့ အလုပ္မွာေပ်ာ္တယ္မလားလို႔ ေမးတာပါ"

"အင္း အဆင္ေျပပါတယ္"

ငါ ေမးတာတျခား မင္း ေျဖေနတာတျခား
ေကာင္းတယ္ Jung Hoseok ေရ
စကားလမ္းေၾကာင္းေတြလြဲေနလိုက္ဟ!!

"အဲ့တာဆိုလည္း ၿပီးတာပဲ"

ကုတင္ေပၚမွာထိုင္ေနရာကေန ႐ုတ္တရက္ ထဖို႔
ဟန္ျပင္လိုက္တဲ့ Taehyung ကို Hoseok
တစ္ေယာက္ သူ႕ရဲ႕ အကၤ်ီစ‌ေလးကို လွမ္းဆြဲလိုက္ၿပီး တားလိုက္ေတာ့

"ဘာေျပာမလို႔လဲ..."

"မဟုတ္ပါဘူး...ဟို အျပင္မွာသြားအိပ္မလို႔လား"

"အျပင္မွာေတာ့ မအိပ္ပါဘူး
မေန႕ကကိစၥေတာင္ အေမ မိသြားေတာ့မလို႔ေလ
ဘာလဲ ငါ့ကို အေျပာခံေစခ်င္ေနတာလား"

"ဟာ...မဟုတ္ပါဘူး Taehyung ရယ္
ငါ က မင္းကို အေျပာခံေစခ်င္ပါ့မလား"

"ဒီေန႕ေတာ့ ငါ ဟိုေဘးက ဆိုဖာေပၚမွာသြားအိပ္လိုက္မယ္
မင္းကေတာ့ ကုတင္ေပၚမွာပဲအိပ္လိုက္ပါ"

"ဘာျဖစ္လို႔လဲ ကုတင္က အက်ယ္ႀကီးေလ
ႏွစ္ေယာက္အိပ္လို႔ရပါတယ္
အဲ့တာေၾကာင့္ မင္း ဆိုဖာေပၚမွာသြားအိပ္စရာ
မလိုပါဘူး"

"က်စ္!!! ငါ ဆိုဖာေပၚမွာပဲ အိပ္မယ္
မင္းနဲ႕မအိပ္ခ်င္လို႔"

"ဟင္...."

သူ က်ေတာ္နဲ႕ မအိပ္ခ်င္ဘူးဆိုတာ မဟုတ္ေလာက္ပါဘူးဆိုၿပီး စိတ္ထဲမွာပဲ ေျဖသိမ့္ေနရတာ
သူ႕ဆီက ဒီလိုစကားမ်ိဳးၾကားရလိမ့္လို႔ ထင္မထားမိတာအမွန္ပါ

"ဘာျဖစ္လို႔လည္း... ဘာလို႔ ငါနဲ႕ မအိပ္ခ်င္ရတာလဲ ငါက ဘာျဖစ္ေနလို႔လဲ"

"ဟက္! မအိပ္ခ်င္ပါဘူးဆိုကြာ အေၾကာင္းျပခ်က္ကအစေျပာေနရမွာလား မင္းက ဘာမလို႔လည္း"

"ဘာ....ငါ က ဘာမလို႔လည္း ဟုတ္လား
ငါ က မင္း အိမ္ေထာင္ဖက္ေလ
မင္း ဘာျဖစ္လို႔ ဒီလိုမ်ိဳးေတြလုပ္ေနရတာလဲ
ငါ့ကို ဘာလို႔ မုန္းေနရတာလဲ Taehyung
ငါ့ကို ဆက္ဆံ‌တဲ့အမူအရာေတြက ဘာျဖစ္လို႔
ဒီေလာက္ေတာင္ေျပာင္းလဲသြားရတာလဲ"

Taehyung က က်ေတာ့္စကားေတြကို လ်စ္လ်ဴ
ရႈၿပီး ဆိုဖာဘက္ကို သြားဖို႔ျပင္လိုက္ေပမယ့္
က်ေတာ္က ခ်က္ခ်င္းထ လိုက္ကာ သူ႕ရဲ႕
လက္တစ္ဖက္ကို ခက္ၾကမ္းၾကမ္းဆြဲလိုက္ၿပီး

"ဘယ္သြားမလို႔လဲ ငါစကားေျပာတာမၿပီးေသးဘူးေလ"

"....."

"Taehyungnna... မင္း အရင္တုန္းက ငါနဲ႕အတူတူအိပ္တယ္ေလ
ငါရွိေနရင္ ငါ့ကို မဖက္ပဲ မအိပ္တတ္ဘူးလို႔
ေျပာခဲ့တာလည္း မင္းပဲ
ငါ့ရဲ႕ အနံ႕ကိုႀကိဳက္လို႔ဆိုၿပီး ငါနဲ႕အတူတူအိပ္ခ်င္တယ္လို႔ေျပာခဲ့တာလည္း မင္းပဲေလ
ဘာျဖစ္လို႔အခုမွ....အခုမွ ဒါေတြကို ေျပာင္းလဲဖို႔
ႀကိဳးစားခ်င္ေယာင္ ေဆာင္ေနရတာလဲ
မင္း ငါ့ကို မုန္းေနတာလားဟင္ Taehyung..."

"ဟက္ အဲ့တုန္းကနဲ႕ အခုနဲ႕ မတူေတာ့ဘူးေလ
အဲ့တုန္း က ငါတို႔က သူငယ္ခ်င္းေတြမလား
တကယ္လို႔ အခုခ်ိန္ထိသာ ငါတို႔ သူငယ္ခ်င္း
ေတြဆက္ျဖစ္ေနအုံးမယ္ဆိုရင္
ငါ ဒီလိုပဲဆက္လုပ္ေနအုံးမွာပဲ ဒါေပမယ့္
အခုက....."

"တစ္ခါ သူငယ္ခ်င္းျဖစ္လိုက္တာနဲ႕
အၿမဲတမ္း သူငယ္ခ်င္းပဲျဖစ္ေနရေတာ့မွာလား
Once a Friend, Always Friend ေတာ့
ငါ မလုပ္နိုင္ဘူး Taehyung"

"ဒါကေတာ့ မင္းအပိုင္းပဲေလ Hoseok
ငါစိတ္မ၀င္စားဘူး
အခု မင္း လက္ကိုဖယ္ေတာ့
ငါ သြားအိပ္ေတာ့မယ္"

"ဟင့္အင္း မင္း ငါနဲ႕ပဲ အတူတူအိပ္ရမယ္"

"Hoseok ငါေျပာေနတယ္ေလ မင္းလက္ကိုဖယ္လို႔ !!!!"

"Taehyung..."

"မုန္းတယ္.... ငါ မင္းကို မုန္းလို႔
ငါ့ကို အတင္းလက္ထက္ယူခဲ့တဲ့ မင္းကို
မုန္းလို႔"

"Taehyung....မင္း....မင္း ဘယ္လိုေျပာလိုက္တာလဲ
ဒီစကားေတြကို ဘယ္လိုလုပ္ၿပီးေျပာနိုင္ရတာလဲ
ငါ့ဘက္ကိုေကာ ထည့္မေတြးဘူးလား
နည္းနည္းေလးေတာင္ မင္းစဥ္းစားေပးခဲ့လားဆိုတာေျပာပါ
ဟက္!! ငါ က မင္းကို အတင္းလက္ထပ္ယူတယ္
ဒါဆို မင္း ငါ့ကို ဘာျဖစ္လို႔က်ဴးလြန္ခဲ့လဲ"

"ငါေျပာၿပီးၿပီေလ အဲ့ေန႕က မူးေနလို႔ ဘာေတြျဖစ္ခဲ့မွန္း တစ္ခုမွမမွတ္မိဘူးလို႔"

"မမွတ္မိလို႔ရမလား ဟမ္!!!
မမွတ္မိလည္း ငါ့ဘ၀က ပ်က္စီးသြားၿပီေလ
အဲ့တာေတြကို မင္းပဲလုပ္ခဲ့တာပဲ
မင္းတာ၀န္မယူလို႔ ငါက ဘယ္သူ႕ကို သြားၿပီး
တာ၀န္ယူခိုင္းရမွာလဲ
မင္း အရမ္းကို တစ္ဖက္သက္မဆန္ဘူးလား
မင္း က ငါ ငယ္ငယ္တုန္းက ခင္ခဲ့ရတဲ့
Taehyung မဟုတ္ေတာ့ဘူး
မင္း ဘာေၾကာင့္ ဒီေလာက္ေတာင္ေျပာင္းလဲသြားရတာလဲ"

"ငါေျပာၿပီးၿပီေလ
အဲ့တာ မင္းေၾကာင့္
အဲ့ဝာာေတြ အကုန္လုံး မင္းေၾကာင့္လို႔"

"မဟုတ္တာ‌ေတြ ဆက္ၿပီး ေျပာမေနေတာ့နဲ႕
Taehyung
မေျပာင္းလဲသင့္တဲ့အရာေတြကိုပါ အတင္းေတြ
ေျပာင္းလဲဖို႔ ႀကိဳးစားေနတဲ့ မင္းက အရမ္းကို
အတၱႀကီးတာပါပဲလား"

"ဟုတ္တယ္ ငါအတၱႀကီးတယ္ ဘာျဖစ္လည္း
ဖယ္စမ္းကြာ!!!!"

Taehyung က သူ႕ ရဲ႕ ေဒါသ‌ေတြနဲ႕ အတူ
က်ေတာ့္လက္ကို ခပ္ၾကမ္းၾကမ္းပုတ္ထုတ္လိုက္
တယ္

"ငါ မင္းကို မုန္းတယ္ Hoseok...."

သြားၿပီ...
Taehyung ထြက္သြားၿပီ

ဒါေပမယ့္ မုန္းတယ္ ဆိုတဲ့စကားကို
က်ေတာ့္မ်က္ႏွာကို လုံး၀မၾကည့္ပဲ သူ ေျပာသြားခဲ့တယ္

ဟက္!!! ဘာပဲျဖစ္ျဖစ္ ဒီေလာက္ဆို သူ
က်ေတာ့္ကို တကယ္မုန္းေသးတာမွမဟုတ္ပဲ
အဲ့ဒီလိုမွတ္ယူလို႔ရတယ္မလား

က်ေတာ္လည္း မ်က္လုံးထဲ က ထြက္က်လဳဆဲဆဲ
မ်က္ရည္ေတြကို ထိန္းခ်ဳပ္လိုက္ၿပီး ကုတင္ေပၚသို႔ သြားကာ အိပ္စက္ရန္ႀကိဳးစားလိုက္တယ္

ဒါေပမယ့္ အိပ္မေပ်ာ္ဘူး....
က်ေတာ္ ဘယ္လိုမွ အိပ္မေပ်ာ္ခဲ့ဘူး
ေပ်ာ့ညံ့တဲ့ သေကၤတအျဖစ္နဲ႕ မွတ္ယူထားတဲ့
မ်က္ရည္ေတြကို က်ေတာ္ခ်စ္ရသူေရွ႕မွာ
ထုတ္ျပဖို႔ အဲ့ဒီ့ေလာက္ သတၱိမရွိေသးဘူး

မာန ေတြအားလုံးခဝါခ်ၿပီးေလ
က်ေတာ္ဘယ္လိုခံစားေနရပါတယ္
က်ေတာ့္မွာ ဘာေၾကာင့္ ဒီေလာက္ခံစားေနရ
ပါတယ္ ဆိုတာကို မခြၽင္းမခ်န္ ရင္ဖြင့္ၿပီး အၿမဲတမ္း ေမွးစက္ခြင့္ရမယ့္ ပခုံးတစ္စုံ
က်ေတာ့္မွာ မရွိေသးပါလား

မင္းေျပာင္းလဲသြားခဲ့မယ္ဆိုရင္ေတာင္ မင္း
ကို ငါေသခ်ာေပါက္နားလည္ေပးမယ္လို႔ေျပာခဲ့တာ အရမ္းေစာလြန္းသြားလားဟင္

Beautifully Illustrated: Me and He

"Hoseokka ငါ့ညီ မ်က္ႏွာလည္း မေကာင္းပါ့လား"

"မဟုတ္ပါဘူး က်ေတာ္...."

"ဘာျဖစ္လို႔လည္း အိပ္ေရးမ‌၀တာလား
မ်က္ကြင္းေတြလည္းညိုလို႔ပါ့ေကာ"

"ဟုတ္တယ္ Jaemin Hyung
မေန႕ညက က်ေတာ္ အိပ္မေပ်ာ္လို႔ပါ"

"ေအာ္.... Hoseok တစ္ခုခုဆို ငါ့ကိုရင္ဖြင့္လို႔ရတယ္ေနာ္
မင္း က အၿမဲတမ္း ငါ့ညီေလးမလို႔"

Taehyung မင္းသိလား
ငါလည္း မင္းဆီကေန အဲ့လိုစကားေလးေတြ
ၾကားခ်င္တယ္ဆိုတာ

ငါ့ကို နည္းနည္းေလးေလာက္ပဲ ဂ႐ုစိုက္မယ္
ဆိုရင္ေတာင္ ငါသိပ္ကိုေပ်ာ္ေနမိမွာ
မင္း ၾကားရင္ေတာ့ ငါ့ကို ေလွာင္ရယ္ေနအုံးမွာပဲ
မလား

"ေက်းဇူးတင္ပါတယ္ Jaemin Hyung"

"ဒါနဲ႕ မေန႕က New Product ေလးေတြအေၾကာင္းကို ေျပာျပၿပီးၿပီဆိုေတာ့ ဒီေန႕ အဲ့တာေလးေတြကို
Excel ထဲမွာ စနစ္တက် ေသခ်ာေလးစဥ္ေပးထားပါ့လား Hoseok"

"အာ...ဟုတ္ကဲ့ Jaemin Hyung က်ေတာ္အခု လုပ္လိုက္မယ္ေလ"

"ၿပီးေတာ့ ညေနၾကရင္ Hyung နဲ႕ အတူတူ
ဖက္ထုပ္ သြားစရေအာင္ Hoseok
ဆိုဂ်ဴေလးေသာက္ရင္းနဲ႕ေပါ့"

"အယ္..... ဘယ္အခ်ိန္ေလာက္လဲ Hyung"

"ညေန 5 နာရီေလာက္ေပါ့ ႐ုံးဆင္းတာနဲ႕ သြားၾကမယ္ေလ
ဟားးဟားး ဘာျဖစ္လို႔လည္း ညေနက်ရင္ မိသားစု ထမင္းစားဝိုင္းမမွီမွာစိုးလို႔လား"

"အာ...မဟုတ္တာပဲ အဲ့တာက 7 နာရီမွပါ
Hyung နဲ႕ အတူတူလိုက္ခဲ့မယ္ေလ"

"အမေလး ေတာ္ေသးဝာာေပါ့
ငါ့ညီက ငါ့ကို စိမ္းကားသြားၿပီထင္ေနတာ
အိမ္ေထာင္က်သြားလို႔ ငါ့ကို အရင္က‌ေလာက္
မခင္ေတာ့ဘူးဆိုၿပီး ေတြးေနတာ
ဟားးဟားး ငါ့အေတြးက နည္းနည္းေတာ့
ကေလးဆန္တယ္မဟုတ္လား"

"Hyung က က်ေတာ့္ အတြက္ အၿမဲတမ္း
အကို အရင္းလိုပါပဲဗ်ာ
က်ေတာ္က ဘာေၾကာင့္စိမ္းကားရမွာလဲ
ဟုတ္တယ္မလား"

Lee Jaemin က Hoseok ေက်ာကို ႏွစ္ခ်က္ေလာက္ပုတ္လိုက္ကာ ပခုံးကို ဖက္လိုက္ၿပီး-

"ဟားး ဒါမွ ငါ့ညီကြ"

----

"ဘာ!! ဒါဆို ငယ္ငယ္ေလးကတည္းက
ႀကိဳက္ႀကိဳက္လာရတဲ့သူနဲ႕ အခု လက္ထက္ျဖစ္သြားတယ္ဆိုပါေတာ့"

"ဟာ Hyung ကလည္း ငယ္ငယ္ေလးကတည္းကႀကိဳက္လာတာေတာ့ မဟုတ္ပါဘူး
တကၠသိုလ္တက္မွ‌ပါ"

"ဘယ္လိုပဲျဖစ္ျဖစ္ကြာ ငါေတာ့ မင္းအတြက္
၀မ္းသာပါတယ္
ဘယ္လိုလဲ သူနဲ႕အဆင္ေျပတယ္မလား"

"အင္း...အဆင္....အဆင္ေျပပါတယ္"

"သူနဲ႕အဆင္မေျပျဖစ္ေနလည္း Hyungဆီက
အႀကံဉာဏ္ေတြေတာင္းလို႔ရတယ္ေနာ္
တစ္ခါတည္း အခ်စ္ေတြပိုသြားေစရမယ္ ဟဲဟဲ"

"ဟာ... Hyung ကလည္း တကယ္ပါပဲ
ဒီလိုပဲ သူမ်ားေတြကို ကူညီေပးေနေတာ့မွာလား
လက္ထက္ဖို႔ေကာ စိတ္ကူးမရွိေတာ့ဘူးလား"

"ဟားးဟားး ငါတို႔က အေဖတစ္ခုသားတစ္ခု
ဆိုတာ မင္းလည္းသိသားနဲ႕ကြာ
လက္ထက္ဖို႔ ကိစၥကိုေတာ့ ငါအခ်ိန္ယူစဥ္းစားရအုံးမယ္ထင္တယ္"

"အင္းပါေလ ဒါက Hyung သေဘာပါ
ဦးေလး ေကာ ေနေကာင္းတယ္မလား"

"ဘယ္လိုေျပာရမလဲ သူ က ‌ဒီတစ္ေလာ ခဏခဏ ဗိုက္ေအာင့္တယ္လို႔ေတာ့ေျပာသံၾကားတယ္"

"ဟာ ဟုတ္လား ေဆးမေသာက္ခိုင္းဘူးလား"

"အဲ့အခါၾကရင္ေတာ့ ေဆးေသာက္ခိုင္းတာေပ့ါကြ ဒါေပမယ့္ ခဏခဏ အဲ့ဒီလိုျဖစ္ေနရင္
မေကာင္းဘူးလားလို႔‌ေလ"

"ဟုတ္တာေပါ့ ဦးေလး က အစာအိမ္ေယာင္တာတို႔ ဘာတို႔ ျဖစ္ေနအုံးမယ္ေနာ္ Hyung
ေဆးခန္းျဖစ္ျဖစ္ႀကိဳၿပီး သြားျပသင့္တယ္လို႔
က်‌ေတာ္ ကေတာ့ ထင္တယ္"

"ေအး ငါလဲ အဲ့လိုစဥ္းစားထားပါတယ္
ဒါေပမယ့္ ခုတစ္ေလာ ငါ အေဖ့ကို အခ်ိန္မေပးနိုင္ဘူးျဖစ္ေနတာ
အလုပ္ေတြမ်ားေတာ့ သူ႕ကို ဂ႐ုမစိုက္နိုင္ပဲ
ပစ္ထားသလိုျဖစ္သြားတယ္"

"Hyung အျပစ္လဲမဟုတ္ပါဘူး
လာမယ့္ စေန တနဂၤႏြေ တစ္ရက္ေလာက္
ျဖစ္ျဖစ္ Toking Number ယူၿပီး သြားျပ
လိုက္ေပါ့"

"ေအးေနာ္ ငါလည္း အဲ့ဒီလိုလုပ္ရင္ေကာင္းမယ္တူတယ္"

ထိုစဥ္ Lee Jaemin ဆီသို႔ ဖုန္း၀င္လာသျဖင့္-

"Hello....ဟုတ္ပါတယ္ က်ေတာ္ Lee Jonha
ရဲ႕ သားပါ"

"........."

"ဗ်ာ"

"......"

"ဟုတ္ကဲ့ က်ေတာ္အခုလာခဲ့ပါမယ္"

"......."

"Jung-gu ေဆး႐ုံေနာ္
ဟုတ္ကဲ့ပါ က်ေတာ့္ကို ဆက္သြယ္ေပးလို႔ေက်းဇူးတင္ပါတယ္"

Phone ကို ကမန္းကတမ္းေျပာရင္း ႐ုတ္တရက္စိုးရိမ္စိတ္‌ေတြတစ္သီႀကီးျဖစ္ေပၚလာတဲ့
Jaemin Hyung ကိုၾကည့္ရင္း အေျခအေနတစ္ခုခုမဟန္ေတာ့တာကိုေတာ့ က်ေတာ္
သတိထားမိလိုက္၏

"Hyung ဘာျဖစ္လို႔လဲ"

"အေဖေလ ႐ုတ္တရက္ႀကီး အူအတက္ေပါက္လို႔
အဲ့တာ အိမ္နီးနားခ်င္းေတြကေဆး႐ုံပို႔ထားၾကတယ္တဲ့
အဲ့တာ Hyung ကို ဆက္သြယ္လာလို႔"

"ဟာ ဟုတ္လား ဒါဆို အခုပဲလိုက္သြားရမွာေပါ့"

"ဟုတ္တယ္ Hoseok ၊ Hyung ေတာင္းပန္ပါတယ္ ေနာက္ေန႕မွ ထပ္ေတြ႕ၾကတာေပါ့
အခုေတာ့ သြားခြင့္ျပဳပါအုံးေနာ္"

"အာ...မဟုတ္တာပဲ Hyung ကလည္း
ဒါနဲ႕ က်ေတာ္ပါလိုက္ခဲ့လို႔ရမလား"

"ျဖစ္ပါ့မလား Hoseok ရဲ႕
ေနပါေစ Hyung ပဲသြားလိုက္ပါ့မယ္"

"Hyung တစ္ေယာက္တည္းအဆင္ေျပပါ့မလား
ၿပီးေတာ့ ဦးေလးကိုလည္း က်ေတာ္ေတြ႕ခ်င္လို႔ပါ"

"ေအးပါ အဲ့တာဆိုလည္း အခုသြားၾကရေအာင္"

"ဟုတ္ကဲ့ Hyung"

______

ညစာထမင္းစားဝိုင္းတြင္ Mrs.Sue ႏွင့္
Taehyung တစ္ေယာက္ ထမင္းစားေနသော်လည်း
အရင္ေန႕ကေလာက္ မ်က္ႏွာသိပ္မလန္းၾက

အေၾကာင္းမွာ Hoseok တစ္ေယာက္ ယေနေန႕ထမင္းစားခ်ိန္အမွီ အိမ္ကိုေရာက္မလာေသာေၾကာင့္ျဖစ္၏
အစကေတာ့ ခဏေနာက္က်တာျဖစ္မယ္ဟုဆိုကာ နာရီ၀က္ၾကာေအာင္ေစာင့္ေနေသးေသာ္လည္း ေနာက္ဆုံးေတာ့ မေနနိုင္ပဲ ထမင္းစားလိုက္ၾကျခင္းျဖစ္သည္

Mrs.Sue ကေတာ့ Company ကို ေန႕ကင္းပိုင္းေရာက္ရင္ အိမ္အၿပီးျပန္သူမလို႔ Hoseok ကိုအေျခအေနကိုေတာ့ ညေနထိလိုက္မၾကည့္ျဖစ္
သူစိတ္ခ်ရတဲ့ Manager Lee Jaemin လည္းရွိေနသည့္အတြက္လည္းပါ၏

အရင္တုန္းကဆို ညေန 7 နာရီ အမွီ သူတို႔ 3
ေယာက္ထမင္းလက္ဆုံ စားၾကတာက
အိမ္စည္းကမ္းတစ္ခုလိုပင္

မိသားစု၀င္သုံးေယာက္တည္း ဒီအခ်ိန္ေလး
ထမင္းစားကာ စကားစျမည္ေျပာၾကတာကိုေတာ့
အိမ္ႀကီးရွင္ျဖစ္သူ Mrs.Sue တစ္ေယာက္ကေတာ့ တန္ဖိုးထားသည္

သို႔ေသာ္ ဒီေန႕ကေတာ့ ပထမဆုံးအႀကိမ္ျဖစ္သည့္အတြက္ Hoseok အေရးႀကီးတဲ့ အေၾကာင္းတစ္ခုခုရွိလို႔ေနမွာပါဟုသာ နားလည္ေပးရင္း
ထိုကိစၥအားမသိခ်င္ေယာင္ေဆာင္ေနေပမယ့္
သူ႕သားျဖစ္သူ Taehyung ကေတာ့ ထိုသို႔မဟုတ္
ထမင္းစားေနသည္သာ ေျပာတယ္ စိတ္ေတြက
ဟိုလြင့္ဒီလြင့္
မ်က္ႏွာႀကီးတစ္ခုလုံးကလည္း ေဒါသေၾကာင့္ နီျမန္းေနသေယာင္

"ဟဲ့ Taehyung ဘာျဖစ္ေနတာလဲ"

"ဘာမွမျဖစ္ပါဘူး"

Taehyung ဟာ သူမရဲ႕ ရင္ႏွစ္သည္းခ်ာခ်စ္ရတဲ့သားတစ္ေယာက္ပဲေလ
ဒီေလာက္ကေတာ့ မိခင္တစ္ေယာက္အေနျဖင့္
သူ႕သား ဘာေတြအလိုမက်ျဖစ္ေနမွန္း
ရိပ္စားမိဟန္ရွိပါ၏

"Hoseok ကိစၥဆိုရင္ေတာ့ စိတ္ပူမေနပါနဲ႕
သူ အေရးႀကီးကိစၥတစ္ခုခုျဖစ္လို႔ေနပါ့မယ္"

"အေရးႀကီးတယ္ဆိုလည္း အိမ္သားေတြစိတ္မပူေအာင္ ဖုန္းဆက္ၿပီး အသိေပးသင့္တယ္မဟုတ္လား"

Mrs.Sue ကို စကားေျပာရာ၌ သူ႕ အသံအနည္းငယ္ မာ သြားသည္ကို Taehyung ကိုယ္တိုင္လည္းသတိထားမိသျဖင့္

"အာ...ေတာင္းပန္ပါတယ္ ေမေမ"

ေတြ႕တယ္မလား
သူထင္ေနတာေတြမွန္ေနတာပဲ
Hoseok ရွိမေနလို႔ ‌ေဒါသထြက္ေနျခင္းေတြက
အခုစကားလုံးေတြထဲမွာ ခံစားခ်က္အေနႏွင့္
ေရာႁပြန္း၍ ပါလာျခင္းပင္

"သူ က ကေလးမဟုတ္ေတာ့ပါဘူး Taehyung ရယ္
မင္းနဲ႕ေတာင္ လက္ထပ္ၿပီးသြားၿပီပဲေလ
အမွား/အမွန္ ကိုေတာ့ Hoseok ေကာင္းေကာင္းေဝခြဲတတ္ပါတယ္"

"ေမေမ မသိပါဘူး သူက တကယ့္ငတုံး
ရိုးလိုက္ အလိုက္တာလဲေျပာမေနပါနဲ႕
တစ္ခုခုျဖစ္ေနရင္ တစ္ေယာက္တည္း
ကူရာကယ္မဲ့ျဖစ္ေနမွာ
ဘာမွလုပ္တတ္တာလည္းမဟုတ္ဘူး
သူ ေတာ္တဲ့ေနရာဆိုလို႔ စာပဲရွ္ိမယ္"

အို....အခု သူ႕သားက Hoseok ကို စိတ္ပူေနသည္တဲ့လား
လက္ထပ္ တဲ့ ကိစၥနဲ႕ ပတ္သတ္ၿပီး Hoseok ကို
အခဲမေၾကျဖစ္ေနတဲ့ ကေလးဟာ‌ေလ

ငယ္ငယ္ေလးတုန္းက Hoseok ခင္မင္လာခဲ့တဲ့
သံေယာဇဥ္ေတြက အခုထိဘယ္လိုမွ မျပတ္နိုင္ေသးတာပဲ ငါ့သားရယ္
သံေယာဇဥ္ေတြက လြယ္လြယ္နဲ႕ျဖတ္လို႔မရဘူး
မင္း အ‌ေပၚယံမွာ လိမ္ညာေနေပမယ့္လည္းေပါ့

"သူ ျပန္လာပါလိမ့္မယ္
အခု ဘယ္ႏွနာရီရွိေသးလို႔လည္း
ည 9 နာရီမတိုင္ခင္ေတာ့ Hoseok ျပန္လာပါလိမ့္မယ္
အဲ့ေလာက္ႀကီး စိတ္ပူမေနပါနဲ႕"

"ဟုတ္ကဲ့ပါ"

"ထမင္းစားၿပီးရင္ ဖုန္းတစ္ခ်က္‌‌ေလာက္ ဆက္ၾကည့္အုံး‌ေလ"

"ဟုတ္ ေမေမ"

အခန္းထဲေရာက္ၿပီးေနာက္လည္း ဂဏာမၿငိမ္
ေခါက္တုန႔္ေခါက္ျပန္ လမ္းေလွ်ာက္ေနသူမွာ
က်ေတာ္ Kim Taehyung ပါပင္

ဖုန္းဆက္တာ 5 ေခါက္မကရွိေနေသာ္ျငား
ကိုယ္ေတာ္ေလးက စက္ပိတ္ထားလားမသိ

"အယ္...."

Taehyung တစ္ခုခုကို သတိရသြားဟန္ျဖင့္
ကုတင္ဘက္သို႔ သြားဟန္ျပင္ေနတဲ့ သူရဲ႕ ေျခလွမ္းေတြေတာင္ ရပ္ဆိုင္းသြား၏

ေနပါအုံး... အခု ငါက စိတ္ပူေနတာလား...?
Hoseok ကိုေလ... စိတ္ပူေနတာ

သူ႕စိတ္ကိုသူျပန္ဖတ္ရင္း ထိုေကာင္ေလးက မလုံမလဲလည္း ျဖစ္ေသး၏

စိတ္ပူတာက ရိုးရိုးသားသားပါ
သူတစ္ခုခုျဖစ္ရင္ ငါ နဲ႕ ေမေမ ၿပီးေတာ့ အန္တီ
ဆြန္းဟြာပါ ဒုကၡေရာက္မယ္ေလ
ငါတို႔လည္း အလုပ္ရႈပ္မယ္ စိတ္ေသာကလည္း
ေရာက္မယ္ မဟုတ္ဘူးလား

ဟက္!! တကယ္ပါပဲ ငါလည္းဘာေတြေတြးေနတာလဲမသိပါဘူး
စိတ္ပူတာနဲ႕ ခ်ျစ်သွားတာ မွမဟုတ္ပဲ
ငါအဲ့ေလာက္လည္း မညံ့ေသးပါဘူး

ေအာ္...ငါကလည္းေလ
ငါ့ကို ဘယ္သူကမွ မယုံသကၤာမျဖစ္ပဲနဲ႕ အတင္းေတြ ကိုယ့္ဘာကိုယ္ျပန္ရွင္းျပေနရတယ္
ဟားးးဟားးး

အခန္းတြင္း၀ယ္ ေကာင္ေလးတစ္ေယာက္ရဲ႕
အသက္မပါေသာ ရီသံေတြက ပ်ံ့လြင့္လ်က္

စိတ္ပူတာနဲ႕ ခ်စ္တယ္ ျဖစ္သြားရေအာင္
ငါက ငတုံးမွ မဟုတ္တာ
အနည္းဆုံးေတာ့ သံေယာဇဥ္တြယ္တာ နဲ႕ ခ်စ္တာ
နဲ႕ မသဲကြဲတဲ့ မင္းလိုေတာ့ မဟုတ္ဘူးေပါ့ Hoseok




Ayo!!! ျပန္လာပါၿပီလို႔
ေအာ္ရာ အခက္အခဲရွိေနတုန္း အေျခအေနကို နားလည္ေပးၾကတဲ့ Reader တိုင္းကို ေက်းဇူးတင္ပါတယ္
Announcement နဲ႕ ပတ္သတ္လို႔
Readers ေတြေပးတဲ့ Ment ေလးတစ္ခုခ်င္းစီတိုင္းကို ရင္ဘတ္ထဲမွာထည့္ထားပါတယ္
ေအာ္ရာ ကို အမ်ားႀကီးႏွစ္သိမ့္အားေပးထားတာလည္းေတြ႕ရေတာ့ တကယ္လည္း ၀မ္းသာမိ
ပါတယ္
အားလုံးကိုေက်းဇူးတင္လ်က္🙆💜💜

Continue Reading

You'll Also Like

677K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
874K 40.6K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
311K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
3.3K 664 14
🎶Can I go where you go? Can we always be this close forever and ever? And ah, take me out, and take me home (forever and ever) You're my, my, my, my...