သိပ္ေျဖာင့္တဲ့ CRUSH ၾကီးလည္း...

Af _AgathaChan

129K 13.9K 508

ဝမ္ေလး ၏ crush အား ေကြးေအာင္လုပ္နည္း အျဖာျဖာ ။ သံုးဆယ့္တစ္ဘံု အေပါခ်ာဆံုး fanfic! ဝမ်လေး ၏ crush အား ကွေးအောင... Mere

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
FINAL [ part - 1 ]
FINAL [ part - 2 ]

Chapter (14)

7.5K 806 18
Af _AgathaChan

"ဘာေတြျဖစ္ေနတာလဲ ေ႐ွာင္းက်န္႔"

က်ိရန္ သူ႔ေ႐ွ႕တြင္႐ွိေနသည့္ ေ႐ွာင္းက်န္႔ကိုၾကည့္ကာေမးလိုက္သည္ ။

"ငါ့ကို္ယ္ငါလည္းမသိဘူး"

"မင္း အခုတေလာတမိႈင္မိႈင္ျဖစ္ေနကိုသိရဲ႕လား"

ေ႐ွာင္းက်န္႔သည္ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ ဘာမွဆက္မေျပာပဲၿငိမ္ေနၿပီး ခဏအၾကာမွာစကားျပန္ေျပာလာခဲ့သည္ ။

"ရိေပၚေၾကာင့္ျဖစ္မယ္ထင္တယ္"

"ရိေပၚေၾကာင့္ ?"

ေ႐ွာင္းက်န္႔သည္ က်ိရန္၏ ေရရြတ္သည္လား ၊ ျပန္ေမးသည္လားမသဲကြဲစကားကို ေခါင္းၿငိမ့္ျပကာျပန္ေျဖသည္ ။

"ငါ့ခံစားခ်က္ေတြ႐ႈပ္ေထြးေနတယ္ ။ ရိေပၚ ကငါနဲ႔ငယ္ငယ္တည္းကအတူ႐ွိခဲ့တာ ။ ငါသူ႔ကို ညီေလးတစ္ေယာက္လိုပဲ သေဘာထားတာ ။ ဒါေပမယ့္ သူနဲ႔တျခားတစ္ေယာက္ကုိတြဲျမင္ရင္ စိတ္တိုလာသလိုလို အလိုမက်ဘူးကြာ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းေတြ အရမ္းနမ္းလို႔ေကာင္းတယ္"

ေနာက္ဆံုးစကားစုကိုေတာ့ ေ႐ွာင္းက်န္႔ျပံဳးျပံဳးႀကီးေျပာလိုက္ျခင္းျဖစ္သည္ ။

က်ိရန္ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ကာ ေ႐ွာင္းက်န္႔၏ပခံုးကိုလွမ္းပုတ္လိုက္ၿပီး...

"ဂုဏ္ယူပါတယ္ ငါ့ေကာင္ေရ ။ ေနာက္ဆံုးေတာ့ မင္းေကြးသြားခဲ့ပါၿပီ"

"မျဖစ္ႏိုင္တာ "

"ရိေပၚ ကိုတျခားတစ္ေယာက္နဲ႔တြဲျမင္ရင္အလိုမက်တာက သဝန္တိုတာ ၊ ရိေပၚကိုနမ္းတာကေတာ့ မင္းသူ႔ကိုခ်စ္ေနလို႔ေပါ့"

"ငါ မခ်စ္လည္းနမ္းဖူးပါတယ္"

"ရိေပၚကိုလား ? "

"မဟုတ္ဘူး ကလပ္ကေကာင္မေလးေတြကို"

"ေဘာ ! တူမလားကြ "

"ဒါေပမယ့္ ငါ သိခ်င္တယ္"

"ဘာကိုလဲ "

" ငါ ေကြးသြားတာ ရိေပၚတစ္ေယာက္တည္းအေပၚလား ဒါမွမဟုတ္ တျခားေယာက္်ားေလးေတြအေပၚမွာေရာလားဆိုတာ"

"အဲ့ေတာ့ မင္းကဘာလုပ္မလို႔လဲ"

ေ႐ွာင္းက်န္႔ ျပန္မေျဖပဲ ျပံဳးရံုသာျပံဳးသည္ ။ ေ႐ွာင္းက်န္႔၏ အျပံဳးကိုၾကည့္၍ က်ိရန္ ဘုရားသာတ,လုိက္မိသည္ ။

ဘုရားသိၾကားမ,လို႔ ေ႐ွာင္းက်န္႔ ေပါက္ကရေတြမလုပ္ပါေစနဲ႔ ။

.............

မီးေရာင္ ၿပိဳးၿပိဳးျပက္ျပက္မ်ားအၾကားခုန္ေပါက္ေနသူမ်ား႐ွိသကဲ့သို႔ ၊ ေသာက္စားေပ်ာ္ပါးေနၾကသူမ်ားလည္း ႐ွိသည္ ။ ေ႐ွာင္းက်န္႔သည္ ေထာင့္အက်ဆံုးေသာဝိုင္းကို ေရြးခ်ယ္၍ထုိင္ကာ ေဘးတြင္လည္းေကာင္ေလးႏွစ္ေယာက္ကုိေခၚထားေသးသည္ ။

"ေ႐ွာင္းက်န္႔ မင္းဘာလုပ္ေနတာလဲ"

"ငါ သိခ်င္လို႔"

"မင္း သိခ်င္တာ ဒါလား"

က်ိရန္သည္ သူ႔ရင္ဘတ္အားပြတ္သပ္လာသည့္ ေကာင္ေလးတစ္ေယာက္၏လက္ကိုပုတ္ခ်လုိက္ကာဆို၏ ။ သူအေတာ္ေလး ေဒါသထြက္ေနၿပီျဖစ္သည္ ။ ေ႐ွာင္းက်န္႔က တစ္ခုခုလုပ္ေတာ့မယ္ဆိုတာကို သိေနေပမယ့္ ဒီလိုမ်ိဳး gay club အထိေရာက္လာမယ္လို႔ေတာ့ မထင္ထားဘူးေလ ။

ေ႐ွာင္းက်န္႔ကေတာ့ သာယာေနၿပီျဖစ္သည္ ။

"မင္း မျပန္ေသးရင္ ငါ ရိေပၚကိုဖုန္းဆက္ေခၚလိုက္မယ္"

"ဟာ...မလုပ္နဲ႔ေလ ။ ကြဲကုန္မွာေပါ့"

"ဒါဆို ျပန္မယ္"

ေ႐ွာင္းက်န္႔ ထကာျပန္ဖို႔ျပင္ရသည္ ။ ရိေပၚကို တကယ္ဖုန္းဆက္ၿပီးသြားေခၚေနမွ ကြာ႐ွင္းခံေနရဦးမည္ ။ မျဖစ္ေပ ။

"ကိုႀကီး ! "

"WTF! ဘယ္ကေန ေရာက္လာတာလဲဟ"

ေ႐ွာင္းက်န္႔သည္ သူ႔ေဘးကက်ိရန္ကို မ်က္ေစာင္းထိုးကာၾကည့္လိုက္သည္ ။ က်ိရန္ကလည္း ေ႐ွာင္းက်န္႔ကို ျပန္ၾကည့္ကာေခါင္းခါျပလိုက္သည္ ။

မင္းဟာေလးကို ငါေခၚလိုက္တာ မဟုတ္ရပါဘူးေနာ္ !

..............

ရိေပၚ သူမယံုေပမယ့္ ေဟာက္ရႊမ္းက ဖုန္းဆက္ကာလွမ္းေျပာသည္မလို႔ေရာက္သြားခဲ့ျခင္းသာ ။ သူ႔က်ေတာ့ 8ႏွစ္ေက်ာ္ၾကာေအာင္ ျငင္းေနခဲ့တဲ့ ကိုႀကီးက တျခားေကာင္ေလးႏွစ္ေယာက္နဲ႔က်ေတာ့ club မွာ ပူးပူးကပ္ကပ္နဲ႔ေပ်ာ္ေနသတဲ့ ။ ဒါဟာ ဘယ္ေလာက္ေတာင္ ခံျပင္းစရာေကာင္းတဲ့ကိစၥလဲ ။

ဘီ႐ိုထဲမွအဝတ္အခ်ိဴ႕ကိုယူကာ အိတ္ထဲကိုထည့္လိုက္သည္ ။ သူ႔ပဲ ျငင္းဆန္ေနတဲ့လူရဲ႕အနား ဘာေၾကာင့္တြယ္ကပ္ကာေနရဦးမွာလဲ ။

အဝတ္အိတ္ႀကီးကိုဆြဲကာ အျပင္ကိုထြက္လာသည့္ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔မွာ အိတ္ႀကီးကိုအျမန္ေျပးဆြဲရသည္ ။

"ရိေပၚ...ဘယ္သြားမလို႔လဲ"

"အိမ္ျပန္မယ္ ။ ကိုႀကီးနဲ႔မေနဘူး ။ club မွာပဲ အေကာင္ေတြနဲ႔သြားေပ်ာ္ေနစမ္းပါ"

"ဘယ္အေကာင္နဲ႔မွ မေပ်ာ္ခ်င္ဘူး ။ ရိေပၚေလးအနားမွာပဲ ေပ်ာ္ေနခ်င္တာ မသြားပါနဲ႔ကြာေနာ္"

ႏႈတ္ခမ္းကိုေထာ္ကာ ကေလးေတြမုန္႔ပူဆာသလိုမ်ိဴးေျပာေနသည့္ ကိုႀကီးေၾကာင့္ ရိေပၚမွာ ေပ်ာ့ခ်င္လာတဲ့ စိတ္ကေလးကိုျပန္ဆြဲတင္းလိုက္ရသည္ ။

"ကြၽန္ေတာ္တို႔က ဘာဆုိင္လို႔လဲ ။ မသိဘူး ျပန္မယ္"

"ကိုယ္​က ရိေပၚေလး ေယာက္်ားေလ ။ မျပန္ပါနဲ႔ဆို ေနာ္..ေနာ္"

"ဆက္ဆြဲထားရင္ ကြာ႐ွင္းပစ္လိုက္မယ္"

ကြာ႐ွင္းခံရမွာစိုးလို႔ ေ႐ွာင္းက်န္႔မွာ သူဆြဲထားသည့္ အိတ္ကေလးကိုလက္လႊတ္ေပးလိုက္ရသည္ ။

ရိေပၚ အိတ္ႀကီးကိုဆြဲကာ အိမ္ေ႐ွ႕ထြက္လာၿပီး Taxi ငွါးကာ ကားေပၚတက္လိုက္သည္ ။ ကားကုိ မထြက္ပဲခဏေလာက္ေတာ့ ေစာင့္လိုက္ပါေသးသည္ ။ သို႔ေပမယ့္ ေစာင့္ေနသူသည္ထြက္မလာခဲ့ ။

ငလူးကိုႀကီး ထြက္ေခၚရင္ မျပန္ပဲေနမလို႔ဟာ !

.............

အိမ္ကိုအထုတ္ႀကီးဆြဲကာ ျပန္ေရာက္လာသည့္ သားေတာ္ေမာင္ေၾကာင့္ ဝမ္ပါးပါးေခါင္းကိုက္ရေခ်ၿပီ ။

"ရန္ျဖစ္လာတာလား "

"မဟုတ္ပါဘူး"

"ဒါဆို ဟိုေကာင္ေဖာက္ျပန္ေနလို႔လား"

"အာ..မဟုတ္ပါဘူး ပါးကလည္း"

"ဒါဆုိ ေနာက္မိန္းမခိုးသြားလို႔လား"

"မဟုတ္ပါဘူးဆို"

"အဲ့ဒါဆုိ မင္းကဘာလို႔အထုတ္ႀကီးနဲ႔ျပန္ေရာက္လာတာတုန္း"

"ပါးနဲ႔မားကို လြမ္းလုိ႔တစ္ပတ္ေလာက္ေနမယ္ဆိုၿပီးျပန္လာတာ"

"ဟုိေကာင္က မင္းကိုလိုက္မပို႔ဘူးလား"

"သား လိုက္မပို႔ခိုင္းတာ ။ ပါးကလည္း တစ္ဦးတည္းေသာသားေလးအိမ္ျပန္လာတာကို ဝမ္းသာရမွာမဟုတ္ဘူးလား"

"မသိဘူးေလ ။ မင္းပံုစံက ေယာက္်ားနဲ႔စိတ္ဆိုးၿပီး အိမ္ကဆင္းလာတဲ့သူလိုျဖစ္ေနတာကိုး..."

ပါး ေျပာတဲ့စကားထဲ အမွန္တရားေတြပါဝင္ေနတာမလို႔ ရိေပၚ သူ႔အိတ္ႀကီးကိုဆြဲကာ အေပၚက သူ႔အခန္းဆီသာျမန္ျမန္ တက္သြားလိုက္ေတာ့သည္ ။

ရိေပၚ အခန္းထဲေရာက္တာနဲ႔ ဖုန္းကိုဖြင့္ၾကည့္လိုက္သည္ ။

ငလူးကိုႀကီး message မပို႔တတ္ဘူးလား !

ထို႔ေနာက္ အိပ္ယာေပၚသို႔ကန္႔လန္႔လွဲခ်ကာ ဖုန္းကိုထပ္ဖြင့္ၾကည့္လိုက္သည္ ။

ဖုန္းေခၚရေကာင္းမွန္းလည္းမသိ ။ ေရခဲတံုးလို ေယာက္်ား ခင္ဗ်ားကုိ မေခၚဘူး ! ။
.
.
.
ထိုစဥ္ တစ္ဖက္က ေ႐ွာင္းက်န္႔ မွာလည္း ဖုန္းကိုကိုင္ကာ ေခၚသင့္ ၊ မေခၚသင့္ စဥ္းစားေနရသည္ ။ ဖုန္းေခၚလို႔ မကိုင္မွာလည္းစိုးသည္ ။ မကုိင္တာထက္ ကြာ႐ွင္းမယ္လို႔မ်ားထပ္အေျပာခံရရင္ သူ႔အျဖစ္ကေတာ့မေတြးရဲစရာပင္ ။

အကုန္လံုးက လ်ွာ႐ွည္ကာ club သြားမိတဲ့ သူ႔အမွားေတြခ်ည္းပါပင္ ။

ဒီညေတာ့ ေဘးနားကအေႏြးဓာတ္ေလးမ႐ွိပဲ အိပ္ယာဝင္ရေတာ့မည္ ။

🌱🌱🌱

ေ႐ွာင္းက်န္႔: အေႏြးဓာတ္မ႐ွိပဲ အိပ္ရေတာ့မည္

ကုတင္ေပၚကေစာင္ be like : * :-) *

_______________________
UNICODE
========

"ဘာတွေဖြစ်နေတာလဲ ရှောင်းကျန့်"

ကျိရန် သူ့ရှေ့တွင်ရှိနေသည့် ရှောင်းကျန့်ကိုကြည့်ကာမေးလိုက်သည် ။

"ငါ့ကို်ယ်ငါလည်းမသိဘူး"

"မင်း အခုတလောတမှိုင်မှိုင်ဖြစ်နေကိုသိရဲ့လား"

ရှောင်းကျန့်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ ဘာမှဆက်မပြောပဲငြိမ်နေပြီး ခဏအကြာမှာစကားပြန်ပြောလာခဲ့သည် ။

"ရိပေါ်ကြောင့်ဖြစ်မယ်ထင်တယ်"

"ရိပေါ်ကြောင့် ?"

ရှောင်းကျန့်သည် ကျိရန်၏ ရေရွတ်သည်လား ၊ ပြန်မေးသည်လားမသဲကွဲစကားကို ခေါင်းငြိမ့်ပြကာပြန်ဖြေသည် ။

"ငါ့ခံစားချက်တွေရှုပ်ထွေးနေတယ် ။ ရိပေါ် ကငါနဲ့ငယ်ငယ်တည်းကအတူရှိခဲ့တာ ။ ငါသူ့ကို ညီလေးတစ်ယောက်လိုပဲ သဘောထားတာ ။ ဒါပေမယ့် သူနဲ့တခြားတစ်ယောက်ကိုတွဲမြင်ရင် စိတ်တိုလာသလိုလို အလိုမကျဘူးကွာ ပြီးတော့ သူ့နှုတ်ခမ်းတွေ အရမ်းနမ်းလို့ကောင်းတယ်"

နောက်ဆုံးစကားစုကိုတော့ ရှောင်းကျန့်ပြုံးပြုံးကြီးပြောလိုက်ခြင်းဖြစ်သည် ။

ကျိရန် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ရှောင်းကျန့်၏ပခုံးကိုလှမ်းပုတ်လိုက်ပြီး...

"ဂုဏ်ယူပါတယ် ငါ့ကောင်ရေ ။ နောက်ဆုံးတော့ မင်းကွေးသွားခဲ့ပါပြီ"

"မဖြစ်နိုင်တာ "

"ရိပေါ် ကိုတခြားတစ်ယောက်နဲ့တွဲမြင်ရင်အလိုမကျတာက သဝန်တိုတာ ၊ ရိပေါ်ကိုနမ်းတာကတော့ မင်းသူ့ကိုချစ်နေလို့ပေါ့"

"ငါ မချစ်လည်းနမ်းဖူးပါတယ်"

"ရိပေါ်ကိုလား ? "

"မဟုတ်ဘူး ကလပ်ကကောင်မလေးတွေကို"

"ဘော ! တူမလားကွ "

"ဒါပေမယ့် ငါ သိချင်တယ်"

"ဘာကိုလဲ "

" ငါ ကွေးသွားတာ ရိပေါ်တစ်ယောက်တည်းအပေါ်လား ဒါမှမဟုတ် တခြားယောက်ျားလေးတွေအပေါ်မှာရောလားဆိုတာ"

"အဲ့တော့ မင်းကဘာလုပ်မလို့လဲ"

ရှောင်းကျန့် ပြန်မဖြေပဲ ပြုံးရုံသာပြုံးသည် ။ ရှောင်းကျန့်၏ အပြုံးကိုကြည့်၍ ကျိရန် ဘုရားသာတ,လိုက်မိသည် ။

ဘုရားသိကြားမ,လို့ ရှောင်းကျန့် ပေါက်ကရတွေမလုပ်ပါစေနဲ့ ။

.............

မီးရောင် ပြိုးပြိုးပြက်ပြက်များအကြားခုန်ပေါက်နေသူများရှိသကဲ့သို့ ၊ သောက်စားပျော်ပါးနေကြသူများလည်း ရှိသည် ။ ရှောင်းကျန့်သည် ထောင့်အကျဆုံးသောဝိုင်းကို ရွေးချယ်၍ထိုင်ကာ ဘေးတွင်လည်းကောင်လေးနှစ်ယောက်ကိုခေါ်ထားသေးသည် ။

"ရှောင်းကျန့် မင်းဘာလုပ်နေတာလဲ"

"ငါ သိချင်လို့"

"မင်း သိချင်တာ ဒါလား"

ကျိရန်သည် သူ့ရင်ဘတ်အားပွတ်သပ်လာသည့် ကောင်လေးတစ်ယောက်၏လက်ကိုပုတ်ချလိုက်ကာဆို၏ ။ သူအတော်လေး ဒေါသထွက်နေပြီဖြစ်သည် ။ ရှောင်းကျန့်က တစ်ခုခုလုပ်တော့မယ်ဆိုတာကို သိနေပေမယ့် ဒီလိုမျိုး gay club အထိရောက်လာမယ်လို့တော့ မထင်ထားဘူးလေ ။

ရှောင်းကျန့်ကတော့ သာယာနေပြီဖြစ်သည် ။

"မင်း မပြန်သေးရင် ငါ ရိပေါ်ကိုဖုန်းဆက်ခေါ်လိုက်မယ်"

"ဟာ...မလုပ်နဲ့လေ ။ ကွဲကုန်မှာပေါ့"

"ဒါဆို ပြန်မယ်"

ရှောင်းကျန့် ထကာပြန်ဖို့ပြင်ရသည် ။ ရိပေါ်ကို တကယ်ဖုန်းဆက်ပြီးသွားခေါ်နေမှ ကွာရှင်းခံနေရဦးမည် ။ မဖြစ်ပေ ။

"ကိုကြီး ! "

"WTF! ဘယ်ကနေ ရောက်လာတာလဲဟ"

ရှောင်းကျန့်သည် သူ့ဘေးကကျိရန်ကို မျက်စောင်းထိုးကာကြည့်လိုက်သည် ။ ကျိရန်ကလည်း ရှောင်းကျန့်ကို ပြန်ကြည့်ကာခေါင်းခါပြလိုက်သည် ။

မင်းဟာလေးကို ငါခေါ်လိုက်တာ မဟုတ်ရပါဘူးနော် !

..............

ရိပေါ် သူမယုံပေမယ့် ဟောက်ရွှမ်းက ဖုန်းဆက်ကာလှမ်းပြောသည်မလို့ရောက်သွားခဲ့ခြင်းသာ ။ သူ့ကျတော့ 8နှစ်ကျော်ကြာအောင် ငြင်းနေခဲ့တဲ့ ကိုကြီးက တခြားကောင်လေးနှစ်ယောက်နဲ့ကျတော့ club မှာ ပူးပူးကပ်ကပ်နဲ့ပျော်နေသတဲ့ ။ ဒါဟာ ဘယ်လောက်တောင် ခံပြင်းစရာကောင်းတဲ့ကိစ္စလဲ ။

ဘီရိုထဲမှအဝတ်အချိူ့ကိုယူကာ အိတ်ထဲကိုထည့်လိုက်သည် ။ သူ့ပဲ ငြင်းဆန်နေတဲ့လူရဲ့အနား ဘာကြောင့်တွယ်ကပ်ကာနေရဦးမှာလဲ ။

အဝတ်အိတ်ကြီးကိုဆွဲကာ အပြင်ကိုထွက်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အိတ်ကြီးကိုအမြန်ပြေးဆွဲရသည် ။

"ရိပေါ်...ဘယ်သွားမလို့လဲ"

"အိမ်ပြန်မယ် ။ ကိုကြီးနဲ့မနေဘူး ။ club မှာပဲ အကောင်တွေနဲ့သွားပျော်နေစမ်းပါ"

"ဘယ်အကောင်နဲ့မှ မပျော်ချင်ဘူး ။ ရိပေါ်လေးအနားမှာပဲ ပျော်နေချင်တာ မသွားပါနဲ့ကွာနော်"

နှုတ်ခမ်းကိုထော်ကာ ကလေးတွေမုန့်ပူဆာသလိုမျိူးပြောနေသည့် ကိုကြီးကြောင့် ရိပေါ်မှာ ပျော့ချင်လာတဲ့ စိတ်ကလေးကိုပြန်ဆွဲတင်းလိုက်ရသည် ။

"ကျွန်တော်တို့က ဘာဆိုင်လို့လဲ ။ မသိဘူး ပြန်မယ်"

"ကိုယ်​က ရိပေါ်လေး ယောက်ျားလေ ။ မပြန်ပါနဲ့ဆို နော်..နော်"

"ဆက်ဆွဲထားရင် ကွာရှင်းပစ်လိုက်မယ်"

ကွာရှင်းခံရမှာစိုးလို့ ရှောင်းကျန့်မှာ သူဆွဲထားသည့် အိတ်ကလေးကိုလက်လွှတ်ပေးလိုက်ရသည် ။

ရိပေါ် အိတ်ကြီးကိုဆွဲကာ အိမ်ရှေ့ထွက်လာပြီး Taxi ငှါးကာ ကားပေါ်တက်လိုက်သည် ။ ကားကို မထွက်ပဲခဏလောက်တော့ စောင့်လိုက်ပါသေးသည် ။ သို့ပေမယ့် စောင့်နေသူသည်ထွက်မလာခဲ့ ။

ငလူးကိုကြီး ထွက်ခေါ်ရင် မပြန်ပဲနေမလို့ဟာ !

.............

အိမ်ကိုအထုတ်ကြီးဆွဲကာ ပြန်ရောက်လာသည့် သားတော်မောင်ကြောင့် ဝမ်ပါးပါးခေါင်းကိုက်ရချေပြီ ။

"ရန်ဖြစ်လာတာလား "

"မဟုတ်ပါဘူး"

"ဒါဆို ဟိုကောင်ဖောက်ပြန်နေလို့လား"

"အာ..မဟုတ်ပါဘူး ပါးကလည်း"

"ဒါဆို နောက်မိန်းမခိုးသွားလို့လား"

"မဟုတ်ပါဘူးဆို"

"အဲ့ဒါဆို မင်းကဘာလို့အထုတ်ကြီးနဲ့ပြန်ရောက်လာတာတုန်း"

"ပါးနဲ့မားကို လွမ်းလို့တစ်ပတ်လောက်နေမယ်ဆိုပြီးပြန်လာတာ"

"ဟိုကောင်က မင်းကိုလိုက်မပို့ဘူးလား"

"သား လိုက်မပို့ခိုင်းတာ ။ ပါးကလည်း တစ်ဦးတည်းသောသားလေးအိမ်ပြန်လာတာကို ဝမ်းသာရမှာမဟုတ်ဘူးလား"

"မသိဘူးလေ ။ မင်းပုံစံက ယောက်ျားနဲ့စိတ်ဆိုးပြီး အိမ်ကဆင်းလာတဲ့သူလိုဖြစ်နေတာကိုး..."

ပါး ပြောတဲ့စကားထဲ အမှန်တရားတွေပါဝင်နေတာမလို့ ရိပေါ် သူ့အိတ်ကြီးကိုဆွဲကာ အပေါ်က သူ့အခန်းဆီသာမြန်မြန် တက်သွားလိုက်တော့သည် ။

ရိပေါ် အခန်းထဲရောက်တာနဲ့ ဖုန်းကိုဖွင့်ကြည့်လိုက်သည် ။

ငလူးကိုကြီး message မပို့တတ်ဘူးလား !

ထို့နောက် အိပ်ယာပေါ်သို့ကန့်လန့်လှဲချကာ ဖုန်းကိုထပ်ဖွင့်ကြည့်လိုက်သည် ။

ဖုန်းခေါ်ရကောင်းမှန်းလည်းမသိ ။ ရေခဲတုံးလို ယောက်ျား ခင်ဗျားကို မခေါ်ဘူး ! ။
.
.
.
ထိုစဉ် တစ်ဖက်က ရှောင်းကျန့် မှာလည်း ဖုန်းကိုကိုင်ကာ ခေါ်သင့် ၊ မခေါ်သင့် စဉ်းစားနေရသည် ။ ဖုန်းခေါ်လို့ မကိုင်မှာလည်းစိုးသည် ။ မကိုင်တာထက် ကွာရှင်းမယ်လို့များထပ်အပြောခံရရင် သူ့အဖြစ်ကတော့မတွေးရဲစရာပင် ။

အကုန်လုံးက လျှာရှည်ကာ club သွားမိတဲ့ သူ့အမှားတွေချည်းပါပင် ။

ဒီညတော့ ဘေးနားကအနွေးဓာတ်လေးမရှိပဲ အိပ်ယာဝင်ရတော့မည် ။

🌱🌱🌱

ရှောင်းကျန့်: အနွေးဓာတ်မရှိပဲ အိပ်ရတော့မည်

ကုတင်ပေါ်ကစောင် be like : * :-) *

________________________


Fortsæt med at læse

You'll Also Like

576K 37.1K 31
story description>>>>> start-5/10/2021 end-1/1/2022
30K 3.8K 13
Zhanyi || Mystery || Romance
152K 9.4K 41
ကျွန်တော့်ကို ကျော့ကွင်းထောင်ပြီး အမိဖမ်းခဲ့မှန်းသိရဲ့နဲ့ ကျွန်တော်... သူ့ကို ချစ်မိသွားတယ်
2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023