FINAL [ part - 1 ]

8.1K 751 14
                                    

ရိပေါ် ကိုကြီးနှင့်မတွေ့ရသည်မှာ သုံးရက်တိတိရှိနေပြီဖြစ်သည် ။ ထိုအလိုက်မသိသည့် ကိုကြီးမှာဖုန်းလေးတစ်ခါလောက်တောင်မဆက်ခဲ့ ။ အလကားကိုကြီး ။

"အမယ်...ဝမ်ရိပေါ်က လင်းတမှိုင်မှိုင်နေပါလား"

"ငါ့ကို လာမစမ်းနဲ့ ဝမ်ဟောက်ရွှမ်းရာ"

"ဘာဖြစ်နေတာလဲ"

"မင်းကြောင့်ပေါ့"

"ငါ ဘာလုပ်လို့လဲ"

"မင်းကဘာလို့ အဲ့ club ကိုသွားလဲ မဟုတ်သေးဘူး ဘာလို့ ငါ့ကိုဖုန်းဆက်ခေါ်လဲ"

ရိပေါ် စကားကြောင့် ဟောက်ရွှမ်းမှာ သွေးအန်မတတ်ပင်ဖြစ်သွားရသည် ။ သူ့သူငယ်ချင်းလေးဟာ ဘာကြောင့်များ စီနီယာရှောင်းကို မျက်ကန်းတစ်ယောက်လိုမျိုး ဘာကိုမှမမြင်နိုင်ပဲ ဒီလူမှဒီလူဖြစ်နေတဲ့အထိချစ်နေရသလဲ သူမတွေးတတ်တော့ပေ ။

"ဖေ့သားလေး...မစော်ကားနဲ့ ။ ငါဖုန်းဆက်ပေးလို့ မင်းဘဲကြီး ကောင်လေးတစ်ပွေနဲ့ပျော်မြူးနေတာကို မြင်ရတာနော်"

"အေးလေ...မင်းခေါ်လို့ ငါ့မှာကိုကြီးနဲ့ခွဲနေရတာလေ"

"မင်းဘာသာမင်း ဖင်ရှည်ပြီး အိမ်ကဆင်းသွားတာမလား"

"မင်း ဘယ်လိုသိတာလဲ"

ရိပေါ် ဟောက်ရွှမ်းကို မျက်မှောင်ကြုတ်ကာမေးလိုက်သည် ။ သူ အိမ်ကဆင်းတာ ပါးတို့တောင်သိတာမဟုတ်ဘူး ။ မှတ်မိသလောက်ဆို ဟောက်ရွှမ်းကို သူအိမ်ကဆင်းသွားတဲ့အကြောင်းမပြောဖူးပေ ။ ဒါကို ဒီကောင်က ဘယ်လိုသိတာလဲ ။

"ဪ...ဒါကလေ...ဘယ်ကသိသိ မင်းအပူလား ။ ပြီးတော့ ကျောင်းဆင်းရင် ငါနဲ့အတူ တစ်နေရာလိုက်ခဲ့ပေးဦး"

"မလိုက်ချင်ဘူး"

"မလိုက်ရင် မင်း နောင်တရမှာသေချာတယ်"

"မလိုက်ဘူး"

"မင်းကိုကြီးကို တွေ့ရမယ်ဆိုရင်ရော"

"တကယ်လား...လိုက်မယ်"

ဟောက်ရွှမ်း မဲ့ရွဲ့ကာ စိတ်ထဲကနေမေတ္တာပို့လိုက်သည် ။ ကိုကြီးဆိုတာနဲ့ အချိုးကိုပြောင်းသွားတာပဲ ။

သိပ်ဖြောင့်တဲ့ CRUSH ကြီးလည်း ကွေးရမည် [ Completed] Where stories live. Discover now