Unicode
အခန်း(၂၂၀) - သူဆန္ဒမရှိဘူး
ယန်ထျန်းဟန်ရဲ့နှလုံးသားကအေး စက်သွားသလိုခံစားလိုက်ရသည်။ သူကအရမ်းကိုစိုးရိမ်ပူပန်မိပြီးငိုယို ကာတောင်းပန်ချင်သော်လည်းစကား တစ်လုံးပင်မပြောနိုင်ဖြစ်နေသည်။ သူ့လည်ချောင်းကအရမ်းကိုပျက်စီးနေ လို့မြေပြင်အားပွတ်တိုက်နေသည့်စက္ကူ လိုမျိုး'အအအ'အသံပဲထုတ်လွှင့်နိုင်ကာ နားထောင်ရတာဆိုးဆိုးဝါးဝါးကိုမနှစ် မြို့ဖွယ်ဖြစ်နေသည်။
လင်ရွှမ်းဇီကပျောက်ကွယ်သွားတဲ့ စွန်လေးတစ်ခုလိုယန်ထျန်းဟန်ကို ကျောပေးပြီးထွက်ခွာသွားခဲ့သည်။
သူသည်အလွန်စိတ်ပျက်အားငယ်စွာ လိုက်လံဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း လင်ရွှမ်းဇီကပိုလို့ပိုလို့ပင်ဝေးကွာသွားသည်။
အဆုံးမှာတော့သူ့နောက်ကိုလိုက်ရ တာပင်ပန်းလွန်းလို့လက်လျော့လိုက် ချင်ပြီးအရမ်းကိုဝမ်းနည်းလွန်းလို့ သေသာသေလိုက်ချင်တော့သည်။ သို့သော်တစ်ခဏအတွင်းလင်ရွှမ်းဇီ ကသူ့ရှေ့မှာပြန်ပေါ်လာပြန်သည်။
ယန်ထျန်းဟန်ဆီမှာမျှော်လင့်ချက် လေးတစ်ခုပြန်တောက်ပလာသည်။
သို့သော်လင်ရွှမ်းဇီပြောလိုက်သည့် စကားကသူ့ကိုငရဲတံခါးဆီတိုက်ရိုက် ပစ်ထုတ်လိုက်ပြန်သည်။
"ထွက်သွား"
****
"အားဟန်အခုအဆင်ပြေပြီနော်.. အဆင်ပြေသွားပြီမကြောက်နဲ့တော့...."
ညင်သာပြီးရင်းနှီးနေသည့်အသံတစ်ခု ကသူ့နားနားကိုရောက်ရှိလာသည်။ ယန်ထျန်းဟန်ကရှုပ်ထွေးနေသည့် ခေါင်းဖြင်မျက်လုံးဖွင့်ကြည့်လိုက် သည့်အခါသူ့ပါးကိုစိတ်သောက ရောက်နေသည့်အမူအယာနှင့်ထိ နေသည့်လင်ရွှမ်းဇီရဲ့မျက်နှာကိုတွေ့ လိုက်ရ၏။
စိတ်သောကရောက်နေတာလား?
ယန်ထျန်းဟန်ကအနည်းငယ်ကြောင် အနေသလိုခံစားရသည်။သူ့တစ်ကိုယ် လုံးကအေးစက်ပြီးနာကျင်နေကာ မူးနောက်နောက်လည်းဖြစ်နေသည်။ အဲ့ဒါအားလုံးကအနည်းငယ်ခံစားရ ခက်စေသည်။
"အကိုကြီး....."ယန်ထျန်းဟန်က စကားစပြောလိုက်သည်နှင့်သူ့အသံ ကရှိုက်ငိုနေသလိုဖြစ်နေသည်။သူက လင်ရွှမ်းဇီရင်ခွင်ထဲသူ့ကိုယ်သူနစ်မြှုပ် လိုက်ပြီးအိမ်မက်မက်နေဆဲလို့ထင် တာကြောင့်တောင်းပန်တိုးလျိုးလိုက်၏။
"ကျွန်တောကိုမစွန့်ပစ်ပါနဲ့..အားဟန် မှားတာကိုသိပါတယ်အားဟန်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့.. ကျွန်တော်အဖေ့ကိုမသေစေချင်ခဲ့ ပါဘူးအဲ့ဒီအစားကျွန်တော်ပဲသေ လိုက်ရမှာတောင်းပန်ပါတယ် အကိုကြီး..ကျွန်တော်တောင်းပန်ပါ တယ်..ကျွန်တော့ကိုထွက်သွားဖို့ မပြောပါနဲ့ကျွန်တော်မသွားချင်ဘူး....."
ယန်ထျန်းဟန်ကလင်ကျန်ရဲ့သေဆုံးမှု ကိုပြောမယ်လို့လင်ရွှမ်းဇီဘယ်လိုလုပ် ထင်ထားမိမှာလဲ?သူကအံ့အားသင့် သွားမိပြီးချက်ချင်းသူ့ကိုချော့မော့ပြီး စိတ်ချအောင်လုပ်ပေးမိသည်။
"အကိုကြီးမင်းကိုတစ်ယောက်တည်း မထားခဲ့ဘူးနော်ပြီးတော့အနာဂတ်မှာ လည်းဘယ်တော့မှထွက်သွားခွင့်ပြု မှာမဟုတ်ဘူး......"
သို့သော်ယန်ထျန်းဟန်ကဆက်တိုက် ဆက်ပြောနေပြီးသူ့မျက်နှာကိုကုတ် ခြစ်ချင်ပေမယ့်သူ့တစ်ကိုယ်လုံးက လင်ရွှမ်းဇီရဲ့ရင်ခွင်ထဲမှာတင်းတင်း ကြပ်ကြပ်ဖက်ထားခံရပြီးသူ့လက် များပင်ချည်နှောင်ခံထားရသည်။
ယန်ထျန်းဟန်တစ်ကိုယ်လုံးပူလောင် နေတာကိုလင်ရွှမ်းဇီခံစားလို့ရနေသည်။ သူကယန်ထျန်းဟန်ဆီဒီဆေးမိုးကြောင့် ရရှိမယ့်အကျိုးအမြတ်များကိုသာ စဉ်းစားခဲ့မိပြီးဒီလောက်ထိနာကျင်မှု ကိုခံစားရမယ်လို့သူမမျှော်လင့်ခဲ့ တာကြောင့်သူလုပ်ခဲ့တာကိုနောင်တ ရနေမိသည်။
အကယ်၍သူသာစောစောသိခဲ့ရင်, အကယ်၍သူသာစောစောသိခဲ့မိရင်.........
လင်ရွှမ်းဇီကရုတ်တရက်အသက် ကိုပြင်းပြင်းရှုလိုက်ပြီးလက်သီး ကိုဆုပ်လိုက်သည်။
လင်ရွှမ်းဇီကယန်ထျန်းဟန်အား ခဏမျှညင်ညင်သာသာချော့မြူနေ လိုက်သည်။ယန်ထျန်းဟန်ကငိုယို ဆူပူပြီးနောက်ပင်ပန်းပြီးပြန်အိပ် ပျော်သွားပြန်သည်။
သူကတစ်နေ့လုံးတစ်ညလုံးအိပ်ပျော် သွားခဲ့ပြီးယန်ထျန်းဟန်ဘယ်လိုနေလဲ ဆိုတာကိုလာကြည့်သည့်ယွမ်ထျန်းဝမ် နဲ့သွမ့်ယွီယန်တို့သည်လည်းလင်ရွှမ်းဇီ မောင်းထုတ်သည်ကိုခံလိုက်ကြရသည်။ ကျန်တဲ့သူများကိုတော့လင်ရွှမ်းဇီက ဘယ်သူ့ကိုမှချဉ်းကပ်ခွင့်မပြုဘူးဟု ပွင့်ပွင့်လင်းလင်းပဲပြောထားသည်။ အကြိမ်ပေါင်းများစွာလာကြည့်တဲ့ ရှန်ရူပင်းသည်ပင်မောင်းထုတ်ခံရပြီး လင်ရွှမ်းဇီကဘယ်သူမှထပ်မဝင်လာ စေရန်အပြင်ဘက်မှာမှော်ကိရိယာ တစ်ခုထားထားလိုက်တော့သည်။
ယန်ထျန်းဟန်ကနောက်တစ်နေ့ ညမှသာနိုးလာခဲ့၏။
တကယ်တော့ဒီတောင်ပေါ်မှာနေ့နဲ့ည ကိုခွဲခြားလို့မရပေ။ထူးဆန်းတဲ့လက ကောင်းကင်မှာအမြဲတမ်းချိတ်ဆွဲထား ပြီးကောင်းကင်ရဲ့အရောင်ကလည်း သွေးနီလိုဖြူဖျော့ဖျော့အဝါရောင် သာဖြစ်နေသည်။
ယန်ထျန်းဟန်ကသူ့မျက်လုံးကိုဖွင့် လိုက်သည်။သူ့'လင်းထိုင်'ကရှင်းလင်း နေပြီးသူ့တစ်ကိုယ်လုံးကသက်တောင့် သက်သာဖြစ်နေသည်။ပိတ်ဆို့ခံထားရ သည့်ဒီဂရီမျဉ်းတော်တော်များများ သည်လည်းတစ်ညတာအတွင်း ရှင်းလင်းစီးဆင်းသွားပုံပေါ်သည်။
သို့သော်သူ့အာရုံကအဲ့ဒီအပေါ်မှာ မရှိဘူးဖြစ်သည်။သူ့မျက်လုံးကို ဖွင့်လိုက်သည့်တစ်ခဏမှာသူ့ကို လက်မောင်းကြားထဲပွေ့ထားသည့် လင်ရွှမ်းဇီကိုမြင်လိုက်ရသည်။
ယန်ထျန်းဟန်ကအတော်လေး အံ့အားသင့်သွားမိသည်။သူက ပျော်ရွှင်စွာဖြင့်အကိုကြီးဟုခေါ်ဖို့ ပြင်လိုက်ပြီးမှဘာဖြစ်ခဲ့လဲဆိုတာ သတိရသွားမိ၏။
ယန်ထျန်းဟန်ကချက်ချင်းပင် မျက်လုံးများမှိတ်ပြီးပြန်လည် ကောင်းမွန်ဖို့တရားထိုင်နေသည့် လင်ရွှမ်းဇီအားတွန်းထုတ်လိုက် ကာသူ့အပေါ်ကခုန်ချ၍သူနဲ့သုံးမီတာ အကွာမှာမတ်တပ်ရပ်လိုက်သည်။
လင်ရွှမ်းဇီကသူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ကာအဝတ် အစားများကိုပြင်ပြင်ဆင်ပြီးမတ် တပ်ထရပ်သည်။
"မင်းဘယ်လောက်ရွှင်ပြနေလဲဆို တာကိုကြည့်ရတာတော့အခုအဆင် ပြေသွားပြီထင်တယ်"
ယန်ထျန်းဟန်ကအနည်းငယ် ခက်ခက်ခဲခဲပြောလိုက်သည်။
"ဘာ..ဘာဖြစ်လို့ကျွန်တော်နဲ့ အတူတူရှိနေရတာလဲ?"
လင်ရွှမ်းဇီကမေးလိုက်သည်။
"မဟုတ်ရင်ငါကဘယ်မှာရှိနေ ရမယ်လို့ထင်လို့လဲ?"
ယန်ထျန်းဟန်သည်လင်ရွှမ်းဇီ တစ်ခုခုဖြစ်နေသည်ဟုခံစားရ သော်လည်းအတိအကျဘာဖြစ်နေ လဲဆိုတာမပြောတတ်ဘူးဖြစ်နေ သည်။ကြောက်ရွံ့ခဲ့ရသည့်သူ့နှလုံး သားကတည်ငြိမ်နေပြီဖြစ်တာကြောင့် ဒေါသကခေါင်းထဲတိုးဝင်လာခဲ့ကာ လင်ရွှမ်းဇီအားကြည့်လိုက်သည်။
"ဘာလို့ကျွန်တော့ကိုဖက်ထားရ တာလဲ?ကျွန်တော်တို့တစ်ယောက်နဲ့ တစ်ယောက်ဘာမှပတ်သတ်စရာမရှိ တော့ဘူးပြီးတော့အခုချိန်ကစပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်!"
လင်ရွှမ်းဇီကသူ့ဆီသို့လျှောက် လာနေတာဖြစ်သည်။
ယန်ထျန်းဟန်ကနောက်သို့ခြေ နှစ်လှမ်းမျှဆုတ်လိုက်၏။
"ကိုယ့်လမ်းကိုလျှောက်ကြမယ်?" လင်ရွှမ်းဇီကရပ်တန့်သွားသည်။
"မင်းတကယ်ပဲအဲ့ဒီလိုတွေးထားတာလား?"
ယန်ထျန်းဟန်ရဲ့လည်ပင်းက တောင့်တင်းသွားသည်။
"အဲ့ဒါကအတုဖြစ်မှာမှမဟုတ်တာ?"
လင်ရွှမ်းဇီကခေါင်းညိမ့်ပြသည်
"ကောင်းပြီ"
ယန်ထျန်းဟန်ကတစ်စုံတစ်ခုပြော ဖို့ပြင်လိုက်တဲ့အချိန်မှာသူ့တစ်ကိုယ် လုံးကရုတ်တရက်တင်းကြပ်သွား သလိုခံစားလိုက်ရသည်-သူ့ရဲ့ခြေလက်အဂါၤများပင်လှုပ်ရှား လို့မရတော့ပေ။အောက်သို့ငုံ့ကြည့် လိုက်သည့်အခါသူ့ကိုယ်ကကြိုး တစ်ချောင်းနဲ့တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရသည်ကိုနားလည် လိုက်ရသည်!
ယန်ထျန်းဟန် , "..."
ဒါကအရမ်းကိုလွန်လွန်းနေပြီ မဟုတ်ဘူးလား?
လင်ရွှမ်းဇီဘာလုပ်ချင်နေတာလဲ?
သူ့ကိုသစ်ပင်မှာချိတ်ဆွဲထားပြီး ကောင်းကောင်းလေးရိုက်ချင်နေ လို့တော့မဟုတ်ပါဘူးနော်?
"ဘာ...ဘာလုပ်ချင်လို့လဲ?" ယန်ထျန်းဟန်ကသူ့သတ္တိလေးကို အနိုင်နိုင်ထုတ်ပြီးလင်ရွှမ်းဇီအား ကြည့်ကာမေးလိုက်သည်။
သို့သော်လည်းသူ့ယုံကြည်ချက် ကလျော့နည်းနေရ၏။
လင်ရွှမ်းဇီကထိုနေရာသို့လျှောက် လာပြီးသူ့လက်ကိုမြှောက်ကာ ယန်ထျန်းဟန်ရဲ့မေးကိုညင်သာစွာ ပင့်မညှစ်လိုက်ပြီးပြုံးလိုက်သည်။
"အားဟန်...ငါအလေးအနက် စဉ်းစားမိတယ်မင်းအပေါ်မှာ စိတ်ပျက်အောင်တစ်ခါမှမလုပ် ဘူးဘူးလားလို့...ကောင်းတဲ့အရာ တစ်ခုခုတွေ့တိုင်းမင်းအတွက်ပဲ အမြဲတမ်းဦးစားပေးစဉ်းစားခဲ့တယ် ..ငါမင်းကိုအလိုလိုက်ပေးတယ်၊ ကာကွယ်ပေးတယ်ပြီးတော့မင်း ကြိုက်သလိုလုပ်ချင်တာလုပ်နိုင်ဖို့ အတွက်သန်မာအောင်အတတ်နိုင် ဆုံးအစွမ်းကုန်ကြိုးစားခဲ့တယ်... အကိုကြီးကမင်းကိုလုံလုံလောက် လောက်ကောင်းကောင်းမဆက်ဆံ ခဲ့မိဘူးလား?"
လင်ရွှမ်းဇီကဒါတွေအားလုံးပြော လာမယ်လို့ယန်ထျန်းဟန်မထင် ထားခဲ့မိပေ။သူကခဏမျှအံ့အား သင့်သွားပြီးစကားပြောဖို့ခက်ခဲ သွားမိသည်အကြောင်းကတော့ လင်ရွှမ်းဇီပြောသမျှအရာအားလုံး ကမှန်နေသည်လေ။
သူတို့ဘာကိုစကားများကြတာပါလိမ့်?
အိုး,ဟုတ်သားပဲ...အဲ့ဒါကအဂ္ဂီရတ် ပညာရှင်ကျုံးလီကတောင်ပေါ်တက် ဖို့တောင်းဆိုခဲ့တဲ့ကိစ္စပဲ
ယန်ထျန်းဟန်ကချဉ်သလိုခံစားရသည်။
"ခင်ဗျားကျွန်တော့ကိုအဂ္ဂီရတ် ပညာရှင်ကျုံးလီလက်အောက်မှာ ပညာသင်ကြားခွင့်မပေးဘူးလေ ပြီးတော့ကျွန်တော်ပြောတာကို လည်းနားမထောင်ပေးဘူး"
လင်ရွှမ်းဇီရဲ့အကြည့်က နက်မှောင်သွားသည်။သူက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး တည်ငြိမ်စွာမေးလိုက်၏
"မင်းငါ့ဆီကနေအဲ့ဒီလောက် တောင်ထွက်သွားချင်နေတာလား?"
ယန်ထျန်းဟန်ကခေါင်းကိုခါယမ်း ပြချင်သော်လည်းအံကိုကြိတ်လိုက်သည်။
"ကျွန်တော့ကိုထွက်သွား လို့ပြောတာခင်ဗျားပဲလေ"
"ငါစကားတွေအများကြီးပြောခဲ့ တယ်ပြီးတော့အများကြီးလုပ်ဆောင် ပေးခဲ့တယ်အဲ့ဒါကိုမင်းကဒီတစ်ခေါက် ငါပြောခဲ့တဲ့'ထွက်သွား'ဆိုတဲ့စကား တစ်လုံးကိုပဲမှတ်မိတယ်"လင်ရွှမ်းဇီ ကသူ့လက်ကိုဖြေးညှင်းစွာမြှောက် လိုက်ပြီးယန်ထျန်းဟန်ရဲ့နှဖူးအလည် ကိုညင်သာစွာထိလိုက်တာကြောင့် ယန်ထျန်းဟန်မှာအနည်းငယ်တုန်ယင် သွားမိသည်။
"မင်းကငါ့ဆီကနေထွက်သွား ချင်နေတာပဲမှတ်လား?"
လာပြန်ပြီ
ယန်ထျန်းဟန်ကသူ့ပါးစပ်ကိုဖွင့်လိုက် ပိတ်လိုက်လုပ်ပြီးမှားယွင်းခံရသလို ခံစားရသည်။ဘာလို့ဒီကိစ္စကသူ လင်ရွှမ်းဇီဆီကနေထွက်သွားချင် တယ်လို့ဖြစ်သွားရတာလဲ?ဒါဟာ အပြစ်သားကပြန်ပြီးမတရားစွပ်စွဲ တာပဲ!သူလင်ရွှမ်းဇီနဲ့တစ်နေကုန် တွယ်ကပ်နေပြီးသူ့အမြီးလေးဖြစ် ချင်နေတာလင်ရွှမ်းဇီကမမြင်ဘူးလား?
သူတိတ်ဆိတ်နေတာကိုလင်ရွှမ်းဇီ မြင်သောအခါသူခန့်မှန်းတာမှန်နေ တာပဲလို့တွေးလိုက်မိသည်။
သူကအတော်လေးမူးနောက်နောက် ဖြစ်သွားမိသော်လည်းခဏမျှအကြာ မှာနူးနူးညံ့ညံ့ပြောဆဲပင်။
"ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ ကနေထွက်သွားပြီးရင်ငါမင်းကို တောင်ပေါ်လိုက်ပို့ပေးမယ်...အဂ္ဂီရတ် ပညာရှင်ကျုံးလီကဆရာကောင်း တစ်ယောက်ဖြစ်မှာပါ...သူ့နောက် ကလိုက်ပြီးအဂ္ဂီရတ်ပညာကိုကောင်း ကောင်းသင်နော်ပြီးရင်တော့....ပြီးရင် တော့မင်းသွားချင်တဲ့နေရာကိုသွားပြီး လုပ်ချင်တာလုပ်လို့ရပြီ"
ယန်ထျန်းဟန်ကတစ်ခါတည်း အံ့အားသင့်သွားမိသည်။
သူ့နှလုံးသားကမသက်မသာ လိမ်ဖယ်နေမိ၏။လင်ရွှမ်းဇီရဲ့ အခုလိုပုံစံမျိုးကိုမြင်ရတာထက် လင်ရွှမ်းဇီကသူ့ကိုစိတ်ဆိုးသွား တာကသာကောင်းဦးမယ်!
လင်ရွှမ်းဇီကယန်ထျန်းဟန်ကိုယ်ပေါ် ကနတ်ဆိုးချည်ကြိုးကိုဖြေလျော့ပေး လိုက်ပြီးတစ်ဖက်သို့လှည့်ကာထွက် ခွာရန်ပြင်လိုက်သော်လည်းယန်ထျန်း ဟန်ကရုတ်တရက်သူ့ဆီပြေးဝင်ကာ သူ့ကျောကုန်းကိုအနောက်ကဖက်ထား လိုက်သည်။
ယန်ထျန်းဟန်ရဲ့မကျေနပ်ချက်များ ကလွတ်ထွက်လုနီးပါးဖြစ်နေပြီး မျက်ရည်များကျဆင်းနေသည်ကို မတားဆီးနိုင်ပေ။
"အကိုကြီးကျွန်တော်မှားတာ ကျွန်တော်သိပါပြီကျွန်တော့ကို မောင်းမထုတ်ပါနဲ့..ကျွန်တော့ကို မစွန့်ပစ်ပါနဲ့ကျွန်တော်တောင်ပေါ် မတက်ချင်တော့ပါဘူး..ကျွန်တော် တောင်ပေါ်ကိုတက်ဖို့ဆန္ဒမရှိတော့ ပါဘူး...အဲ့ဒီကြောက်စရာကောင်း တဲ့စကားတွေကလည်းကျွန်တော် ရည်ရွယ်ပြီးပြောတာမဟုတ်ဘူး ..မဟုတ်ဘူး,ကျွန်တော်အဲ့ဒီကြောက် စရာစကားတွေကိုအကိုကြီးစိတ် မကောင်းဖြစ်အောင်တမင်သက် သက်ပြောတာ...ဝုဝုဝု...အကိုကြီး ကျွန်တော်တောင်းပန်ပါတယ်... အကိုကြီးကျွန်တော့ကိုမလိုချင် မဖြစ်ပါနဲ့....အားဟန်အကိုကြီး ဆီကနေမထွက်သွားချင်ပါဘူး.. အားဟန်ကအကိုကြီးတစ်ယောက် ကိုပဲလိုချင်တာတစ်ခြားဘာကိုမှ မလိုချင်ဘူး......ဝါးးးး"
ယန်ထျန်းဟန်ကဆူညံစွာအော်ဟစ်ငို ကြွေးနေပြီးလင်ရွှမ်းဇီကထိုစကားများ ကိုကြားတော့ကူကယ်ရာမဲ့မှုရော ဝမ်းနည်းမှုကိုပါခံစားရသည်။ ယန်ထျန်းဟန်နဲ့ရင်ဆိုင်ရတိုင်းသူ့ရဲ့ တည်ငြိမ်ပြီးလျစ်လျူရှုတတ်တဲ့ အပြုအမူကိုမထိန်းထားနိုင်တော့ဘူး...
ယန်ထျန်းဟန်ကလင်ရွှမ်းဇီဆီက ဘာတုန့်ပြန်မှုမှမရတဲ့အခါသူက ထိတ်လန့်လာမိပြီးဆက်ပြောလိုက်သည်။
"အိုးဟုတ်သားပဲ..အဖေကကျွန်တော့ ကိုဂရုစိုက်ပေးဖို့အကိုကြီးကိုပြော ထားတယ်လေ..အကိုကြီးကျွန်တော့ ကိုအပြင်လူတစ်ယောက်လို၊အစေခံ တစ်ယောက်လိုဒါမှမဟုတ်ဝန်ထုတ် ဝန်ပိုးတစ်ယောက်လိုဆက်ဆံမယ် ဆိုရင်တောင်အကိုကြီးအဖေ့စကား ကိုတော့နားထောင်ရမှာပဲ..အကိုကြီး ကျွန်တော့ကိုပစ်ထုတ်လို့မရဘူး! မဟုတ်ရင်အဖေကတမလွန်မှာ ဆိုရင်တောင်သူအရမ်းစိတ်ဆိုးလိမ့်မယ်!"
"အစေခံ,ပြီးတော့ဝန်ထုတ်ဝန်ပိုး?" လင်ရွှမ်းဇီရဲ့မျက်လုံးထဲမှာအနက် ရောင်အလင်းတစ်ချက်ဖြတ်ပြေး သွားရပြီးတစ်ဖက်သို့လှည့်လိုက် ကာမျက်ရည်စများမျက်တောင်မှာ တွဲခိုနေသည့်ယန်ထျန်းဟန်အားငုံ့ ကြည့်လိုက်သည်။သူကပြုံးလိုက်ပြီး သူ့ကိုယ်သူလှောင်ပြောင်နေသလိုပင်။
"မင်းကငါ့ရင်ထဲမှာအတိအကျ ဘယ်လိုလူမျိုးလဲဆိုတာမင်းသိရဲ့လား?"
လင်ရွှမ်းဇီရဲ့ဒီလိုပုံစံမျိုးကလူတွေရဲ့ ဝိဉာဏ်ကိုအဝေးသို့ယူဆောင်သွား နိုင်သည်ဟုယန်ထျန်းဟန်ခံစားလိုက် ရသော်လည်းသူကအရမ်းကိုကြည့် ကောင်းနေတာကြောင့်လူတွေကသူတို့ အကြည့်ကိုလွှဲဖယ်ပြီးလွတ်မြောက် ရန်မဖြစ်နိင်ပေ
ယန်ထျန်းဟန်ကအနည်းငယ်စိုးရိမ်စွ ာပြောလိုက်သည် "ကျွန်တော်မသိဘူး"
"သေချာပေါက်မင်းမသိဘူးပေါ့" လင်ရွှမ်းဇီကနောက်ထပ်ခြေတစ် ဝက်ထပ်လှမ်းလိုက်ပြီးယန်ထျန်းဟန်ရဲ့ ခေါင်းနောက်အားဆွဲရန်ကြိုးစားလိုက်သည်။
လင်ရွှမ်းဇီကသူ့ကိုဖက်ချင်တယ်လို့ ယန်ထျန်းဟန်ထင်လိုက်တာကြောင့် လင်ရွှမ်းဇီရဲ့ခါးကိုပြန်ဖက်ဖို့ပြင်လိုက် တဲ့အချိန်မှာအရိပ်ကရုတ်တရက် ကျဆင်းလာကာသူ့ရဲ့နှုတ်ခမ်းက နောက်ထပ်နူးညံ့တဲ့အရာတစ်ခုနှင့် ထိတွေ့သွားသည်။
ယန်ထျန်းဟန်ရဲ့စိတ်တစ်ခုလုံး ချက်ချင်းဗလာဖြစ်သွားသည်။ ခဏလောက်တော့သူဘာမှ မတွေးနိုင်တော့ပေ။
လင်ရွှမ်းဇီကသူ့ကိုနမ်းတယ်
လင်ရွှမ်းဇီကသူ့နှုတ်ခမ်းကိုနမ်းတယ်
အဖေပြောတော့စုံတွဲတွေပဲတစ်ယောက် နှုတ်ခမ်းတစ်ယောက်နမ်းလို့ရတာဆို
"ငါကမင်းကိုတာအိုအဖော် အဖြစ်မှတ်ယူထားတာ" လင်ရွှမ်းဇီကနက်နက်ရှိုင်းရှိုင်းထိ မသွားပေ။သူကယန်ထျန်းဟန်နဲ့ မျက်လုံးတစ်တန်းထဲရောက်သည် အထိငုံ့ချလိုက်ပြီးကြောင်ငေးနေ သည့်လှပသောမျက်လုံးများကို ကြည့်လိုက်ပြီးဆက်ပြောလာသည်။
"ငါမင်းကိုငါ့ဘေးမှာသော့ခတ်ပြီး သိမ်းထားချင်တယ်အဲ့ဒါမှမင်းငါနဲ့ တစ်လက်မလောက်အဝေးကိုတောင် သွားဖို့ခက်ခဲသွားမှာငါမင်းကိုနမ်းချင် တယ်၊ဖက်ချင်တယ်၊မင်းကိုလိုချင်တယ် ...ငါမင်းရဲ့အကိုကြီးပဲဖြစ်ချင်တာ မဟုတ်ဘူးမင်းရဲ့ခင်ပွန်း၊မင်းရဲ့လူ ဖြစ်ချင်တာနားလည်ရဲ့လား?"
ယန်ထျန်းဟန်ရဲ့မျက်နှာကချက်ချင်း နီရဲသွားသည်။သေချာပေါက်လင်ရွှမ်းဇီ ပြောနေတာတွေကိုသူနားလည်တာပေါ့! ကနဦးကထိတ်လန့်နေပြီးအခုတော့ လင်ရွှမ်းဇီဘာကိုဖော်ပြဖို့ကြိုးစားနေ လဲဆိုတာသူတစ်ဖြည်းဖြည်းနားလည် လာခဲ့ပြီ!
ဒါပေမဲ့....ဒါပေမဲ့သူတို့ကညီအစ်ကို တွေမဟုတ်ဘူးလား?
အကယ်၍ညီအစ်ကိုတွေအဲ့ဒီလိုဖြစ် ရင်အဲ့ဒါ...အဲ့ဒါကသွေးရင်းချင်းဖြစ် တယ်လို့သတ်မှတ်တာမဟုတ်ဘူးလား?
ယန်ထျန်းဟန်ရဲ့မျက်နှာကချက်ချင်း ဖြူဖျော့သွားပြန်သည်။ဒီလိုရန်လိုပြီး စွဲမက်ဖွယ်ကောင်းတဲ့လင်ရွှမ်းဇီရဲ့ ဖိအားကြောင့်အသက်ရှုရတာပင် ခက်ခဲလာသည်။သူဘယ်ကအင်အား ရမှန်းမသိလိုက်ပဲသွေးတွေကသူ့ဦး နှောက်သို့စောင့်တိုးလာကာသူ့လက် နှစ်ဖက်လုံးကိုပြန်ဆွဲယူ၍လင်ရွှမ်းဇီ အားပြင်းပြင်းထန်ထန်တွန်းထုတ် လိုက်ပြီးပြန်လှည့်မကြည့်ပဲပြေး ထွက်သွားတော့သည်။
လင်ရွှမ်းဇီကသူ့နောက်လိုက်မသွားပေ။
သူကယန်ထျန်းဟန်ရဲ့နောက်ကျောပုံ ကိုကြည့်ပြီးအမြဲတမ်းလျစ်လျူရှူပြီး လှပတင့်တယ်သည့်ဟန်သာရှိသည့် မျက်နှာမှာနာကျင်ပြီးဝမ်းနည်းကြေ ကွဲနေသည့်အမူအယာကဖြည်းညှင်း စွာပေါ်လာခဲ့သည်။
"သူငါ့ကိုတွန်းထုတ်သွားတာပဲ" လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ပြော လိုက်သည်"သူဆန္ဒမရှိဘူး"
ဝိဉာဉ်ပုတီးစေ့လေးသည်လည်း အလွန်ကြီးမားသည့်ကြောက်စိတ် ကိုခံစားလိုက်ကာနေ့တစ်ဝက်လောက် ကုန်မှပြောလာသည်။
[ဘာလို့မင်းသူ့ကိုရုတ်တရက်ကြီး နမ်းလိုက်ရတာလဲ?အနည်းဆုံးတော့ နောက်နှစ်နှစ်လောက်စောင့်သင့်တာ ပေါ့...မင်းက,ကလေးကိုအနိုင်ကျင့် လိုက်တာပဲအဲ့ဒါကြောင့်သူကမင်းကို သတိနဲ့စောင့်ကြည့်တော့မယ်မင်း တကယ်ပဲအချိန်ကောင်းရွေးချယ် တဲ့နေရာမှာဆိုးဝါးတယ်]
"ကျုပ်ဆက်ပြီးသည်းမခံနိုင်တော့ဘူး" လင်ရွှမ်းဇီကသူ့မျက်လုံးများကို မှိတ်လိုက်ပြီးခါးသက်စွာပြုံးကာ သက်ပြင်းချလိုက်သည်။
"ခင်ဗျားသိရဲ့လား?သူအိပ်ပျော်နေ တုန်းကသူ့အတိတ်ဘဝတုန်းက အဖြစ်အပျက်တော်တော်များများ ကိုပြန်ပြောခဲ့တယ်"
ယန်ထျန်းဟန်ရဲ့ပြတ်တောင်းပြတ် တောင်းစကားများကလင်ကျန်တစ် ယောက်တည်းနဲ့သာသက်ဆိုင်တာ မဟုတ်ပဲသူက'ကျွန်တော်လန်ဂျီရွှယ် ကိုမသတ်ခဲ့ဘူး'ဟူသည့်စကားကို လည်းထပ်ခါတလဲလဲပြောခဲ့တာဖြစ်သည်။
လင်ရွှမ်းဇီမှာရေခဲဂူထဲချက်ချင်း ပြုတ်ကျသွားသလိုပင်ခံစားရသည်။
ဝိဉာဉ်ပုတီးစေ့လေးကအံ့အားသင့်သွား၏။
[သူပြောနေတဲ့အိမ်မက်ဆိုးတွေက အရင်တုန်းကတကယ်ဖြစ်ပျက်ခဲ့ တာတွေလား?]
"ကျုပ်ရဲ့အတိတ်ဘဝမှာတုန်းက ကျုပ်သူ့ကိုအရမ်းဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့မိတာ" လင်ရွှမ်းဇီကသူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"တစ်နေ့မှာသူအရာအားလုံးပြန် သတိရသွားပြီးကျုပ်ကိုသေအောင် မုန်းတီးသွားမှာကြောက်တယ်..ကျုပ် ဒီထက်ပိုပြီးမစောင့်နိုင်တော့ဘူး"
[ဒါပေမဲ့မင်းရဲ့ခံစားချက်တွေကို အခုချိန်မှာသူ့ကိုပြောပြလို့ရော သူကလက်ခံနိုင်မယ်လို့ထင်နေလား?]
ဝိဉာဉ်ပုတီးစေ့လေးမှာလင်ရွှမ်းဇီက ထိုကလေးကိုဒီလောက်အစောကြီး ကြောက်လန့်အောင်လုပ်လိုက်သည် အားလက်မခံနိုင်သေးပေ။
..................................
Translator's Note
ဒီအပိုင်းကသူတို့ပြန်ပြေလည်? တဲ့အပိုင်းလို့တော့သတ်မှတ်လို့ ရတယ်ပေါ့နော်😁အဲ့ဒါကြောင့် ဒီအပိုင်းမှာဒီနေ့နားပါမယ်။နောက် အပိုင်းကတော့မနက်ဖြန်မှလာမယ်🥰
*လင်းထိုင် = ကျောကုန်းနောက်ဘက်ကျောရိုး
Next Episode
ကြေးမုံထဲကအသွင်အပြင်
..................................
Zawgyi
အခန္း(၂၂၀) - သူဆႏၵမရွိဘူး
ယန္ထ်န္းဟန္ရဲ႔ႏွလံုးသားကေအး စက္သြားသလိုခံစားလိုက္ရသည္။ သူကအရမ္းကိုစိုးရိမ္ပူပန္မိၿပီးငိုယို ကာေတာင္းပန္ခ်င္ေသာ္လည္းစကား တစ္လံုးပင္မေျပာႏိုင္ျဖစ္ေနသည္။ သူ႔လည္ေခ်ာင္းကအရမ္းကိုပ်က္စီးေန လို႔ေျမျပင္အားပြတ္တိုက္ေနသည့္စကၠဴ လိုမ်ိဳး'အအအ'အသံပဲထုတ္လႊင့္ႏိုင္ကာ နားေထာင္ရတာဆိုးဆိုးဝါးဝါးကိုမႏွစ္ ၿမိဳ႔ဖြယ္ျဖစ္ေနသည္။
လင္ရႊမ္းဇီကေပ်ာက္ကြယ္သြားတ့ဲ စြန္ေလးတစ္ခုလိုယန္ထ်န္းဟန္ကို ေက်ာေပးၿပီးထြက္ခြာသြားခဲ့သည္။
သူသည္အလြန္စိတ္ပ်က္အားငယ္စြာ လိုက္လံဖမ္းဆီးရန္ႀကိဳးစားခဲ့ေသာ္လည္း လင္ရႊမ္းဇီကပိုလို႔ပိုလို႔ပင္ေဝးကြာသြားသည္။
အဆံုးမွာေတာ့သူ႔ေနာက္ကိုလိုက္ရ တာပင္ပန္းလြန္းလို႔လက္ေလ်ာ့လိုက္ ခ်င္ၿပီးအရမ္းကိုဝမ္းနည္းလြန္းလို႔ ေသသာေသလိုက္ခ်င္ေတာ့သည္။ သို႔ေသာ္တစ္ခဏအတြင္းလင္ရႊမ္းဇီ ကသူ႔ေရွ႕မွာျပန္ေပၚလာျပန္သည္။
ယန္ထ်န္းဟန္ဆီမွာေမွ်ာ္လင့္ခ်က္ ေလးတစ္ခုျပန္ေတာက္ပလာသည္။
သို႔ေသာ္လင္ရႊမ္းဇီေျပာလိုက္သည့္ စကားကသူ႔ကိုငရဲတံခါးဆီတိုက္႐ိုက္ ပစ္ထုတ္လိုက္ျပန္သည္။
"ထြက္သြား"
****
"အားဟန္အခုအဆင္ေျပၿပီေနာ္.. အဆင္ေျပသြားၿပီမေၾကာက္နဲ႔ေတာ့...."
ညင္သာၿပီးရင္းႏွီးေနသည့္အသံတစ္ခု ကသူ႔နားနားကိုေရာက္ရွိလာသည္။ ယန္ထ်န္းဟန္ကရႈပ္ေထြးေနသည့္ ေခါင္းျဖင္မ်က္လံုးဖြင့္ၾကည့္လိုက္ သည့္အခါသူ႔ပါးကိုစိတ္ေသာက ေရာက္ေနသည့္အမူအယာႏွင့္ထိ ေနသည့္လင္ရႊမ္းဇီရဲ႔မ်က္ႏွာကိုေတြ႕ လိုက္ရ၏။
စိတ္ေသာကေရာက္ေနတာလား?
ယန္ထ်န္းဟန္ကအနည္းငယ္ေၾကာင္ အေနသလိုခံစားရသည္။သူ႔တစ္ကိုယ္ လံုးကေအးစက္ၿပီးနာက်င္ေနကာ မူးေနာက္ေနာက္လည္းျဖစ္ေနသည္။ အဲ့ဒါအားလံုးကအနည္းငယ္ခံစားရ ခက္ေစသည္။
"အကိုႀကီး....."ယန္ထ်န္းဟန္က စကားစေျပာလိုက္သည္ႏွင့္သူ႔အသံ က႐ွိဳက္ငိုေနသလိုျဖစ္ေနသည္။သူက လင္ရႊမ္းဇီရင္ခြင္ထဲသူ႔ကိုယ္သူနစ္ႁမွဳပ္ လိုက္ၿပီးအိမ္မက္မက္ေနဆဲလို႔ထင္ တာေၾကာင့္ေတာင္းပန္တိုးလ်ိဳးလိုက္၏။
"ကၽြန္ေတာကိုမစြန္႔ပစ္ပါနဲ႔..အားဟန္ မွားတာကိုသိပါတယ္အားဟန္ကို တစ္ေယာက္တည္းမထားခဲ့ပါနဲ႔.. ကၽြန္ေတာ္အေဖ့ကိုမေသေစခ်င္ခဲ့ ပါဘူးအဲ့ဒီအစားကၽြန္ေတာ္ပဲေသ လိုက္ရမွာေတာင္းပန္ပါတယ္ အကိုႀကီး..ကၽြန္ေတာ္ေတာင္းပန္ပါ တယ္..ကၽြန္ေတာ့ကိုထြက္သြားဖို႔ မေျပာပါနဲ႔ကၽြန္ေတာ္မသြားခ်င္ဘူး....."
ယန္ထ်န္းဟန္ကလင္က်န္ရဲ႔ေသဆံုးမႈ ကိုေျပာမယ္လို႔လင္ရႊမ္းဇီဘယ္လိုလုပ္ ထင္ထားမိမွာလဲ?သူကအံ့အားသင့္ သြားမိၿပီးခ်က္ခ်င္းသူ႔ကိုေခ်ာ့ေမာ့ၿပီး စိတ္ခ်ေအာင္လုပ္ေပးမိသည္။
"အကိုႀကီးမင္းကိုတစ္ေယာက္တည္း မထားခဲ့ဘူးေနာ္ၿပီးေတာ့အနာဂတ္မွာ လည္းဘယ္ေတာ့မွထြက္သြားခြင့္ျပဳ မွာမဟုတ္ဘူး......"
သို႔ေသာ္ယန္ထ်န္းဟန္ကဆက္တိုက္ ဆက္ေျပာေနၿပီးသူ႔မ်က္ႏွာကိုကုတ္ ျခစ္ခ်င္ေပမယ့္သူ႔တစ္ကိုယ္လံုးက လင္ရႊမ္းဇီရဲ႔ရင္ခြင္ထဲမွာတင္းတင္း ၾကပ္ၾကပ္ဖက္ထားခံရၿပီးသူ႔လက္ မ်ားပင္ခ်ည္ေႏွာင္ခံထားရသည္။
ယန္ထ်န္းဟန္တစ္ကိုယ္လံုးပူေလာင္ ေနတာကိုလင္ရႊမ္းဇီခံစားလို႔ရေနသည္။ သူကယန္ထ်န္းဟန္ဆီဒီေဆးမိုးေၾကာင့္ ရရွိမယ့္အက်ိဳးအျမတ္မ်ားကိုသာ စဥ္းစားခဲ့မိၿပီးဒီေလာက္ထိနာက်င္မႈ ကိုခံစားရမယ္လို႔သူမေမွ်ာ္လင့္ခဲ့ တာေၾကာင့္သူလုပ္ခဲ့တာကိုေနာင္တ ရေနမိသည္။
အကယ္၍သူသာေစာေစာသိခဲ့ရင္, အကယ္၍သူသာေစာေစာသိခဲ့မိရင္.........
လင္ရႊမ္းဇီက႐ုတ္တရက္အသက္ ကိုျပင္းျပင္းရႈလိုက္ၿပီးလက္သီး ကိုဆုပ္လိုက္သည္။
လင္ရႊမ္းဇီကယန္ထ်န္းဟန္အား ခဏမွ်ညင္ညင္သာသာေခ်ာ့ျမဴေန လိုက္သည္။ယန္ထ်န္းဟန္ကငိုယို ဆူပူၿပီးေနာက္ပင္ပန္းၿပီးျပန္အိပ္ ေပ်ာ္သြားျပန္သည္။
သူကတစ္ေန႔လံုးတစ္ညလံုးအိပ္ေပ်ာ္ သြားခဲ့ၿပီးယန္ထ်န္းဟန္ဘယ္လိုေနလဲ ဆိုတာကိုလာၾကည့္သည့္ယြမ္ထ်န္းဝမ္ နဲ႔သြမ့္ယြီယန္တို႔သည္လည္းလင္ရႊမ္းဇီ ေမာင္းထုတ္သည္ကိုခံလိုက္ၾကရသည္။ က်န္တဲ့သူမ်ားကိုေတာ့လင္ရႊမ္းဇီက ဘယ္သူ႔ကိုမွခ်ဥ္းကပ္ခြင့္မျပဳဘူးဟု ပြင့္ပြင့္လင္းလင္းပဲေျပာထားသည္။ အႀကိမ္ေပါင္းမ်ားစြာလာၾကည့္တဲ့ ရွန္႐ူပင္းသည္ပင္ေမာင္းထုတ္ခံရၿပီး လင္ရႊမ္းဇီကဘယ္သူမွထပ္မဝင္လာ ေစရန္အျပင္ဘက္မွာေမွာ္ကိရိယာ တစ္ခုထားထားလိုက္ေတာ့သည္။
ယန္ထ်န္းဟန္ကေနာက္တစ္ေန႔ ညမွသာႏိုးလာခဲ့၏။
တကယ္ေတာ့ဒီေတာင္ေပၚမွာေန႔နဲ႔ည ကိုခြဲျခားလို႔မရေပ။ထူးဆန္းတဲ့လက ေကာင္းကင္မွာအၿမဲတမ္းခ်ိတ္ဆြဲထား ၿပီးေကာင္းကင္ရဲ႔အေရာင္ကလည္း ေသြးနီလိုျဖဴေဖ်ာ့ေဖ်ာ့အဝါေရာင္ သာျဖစ္ေနသည္။
ယန္ထ်န္းဟန္ကသူ႔မ်က္လံုးကိုဖြင့္ လိုက္သည္။သူ႔'လင္းထိုင္'ကရွင္းလင္း ေနၿပီးသူ႔တစ္ကိုယ္လံုးကသက္ေတာင့္ သက္သာျဖစ္ေနသည္။ပိတ္ဆို႔ခံထားရ သည့္ဒီဂရီမ်ဥ္းေတာ္ေတာ္မ်ားမ်ား သည္လည္းတစ္ညတာအတြင္း ရွင္းလင္းစီးဆင္းသြားပံုေပၚသည္။
သို႔ေသာ္သူ႔အာရံုကအဲ့ဒီအေပၚမွာ မရွိဘူးျဖစ္သည္။သူ႔မ်က္လံုးကို ဖြင့္လိုက္သည့္တစ္ခဏမွာသူ႔ကို လက္ေမာင္းၾကားထဲေပြ႕ထားသည့္ လင္ရႊမ္းဇီကိုျမင္လိုက္ရသည္။
ယန္ထ်န္းဟန္ကအေတာ္ေလး အံ့အားသင့္သြားမိသည္။သူက ေပ်ာ္ရႊင္စြာျဖင့္အကိုႀကီးဟုေခၚဖို႔ ျပင္လိုက္ၿပီးမွဘာျဖစ္ခဲ့လဲဆိုတာ သတိရသြားမိ၏။
ယန္ထ်န္းဟန္ကခ်က္ခ်င္းပင္ မ်က္လံုးမ်ားမွိတ္ၿပီးျပန္လည္ ေကာင္းမြန္ဖို႔တရားထိုင္ေနသည့္ လင္ရႊမ္းဇီအားတြန္းထုတ္လိုက္ ကာသူ႔အေပၚကခုန္ခ်၍သူနဲ႔သံုးမီတာ အကြာမွာမတ္တပ္ရပ္လိုက္သည္။
လင္ရႊမ္းဇီကသူ႔မ်က္လံုးမ်ားကို ျဖည္းၫွင္းစြာဖြင့္လိုက္ကာအဝတ္ အစားမ်ားကိုုျပင္ျပင္ဆင္ၿပီးမတ္ တပ္ထရပ္သည္။
"မင္းဘယ္ေလာက္ရႊင္ျပေနလဲဆို တာကိုၾကည့္ရတာေတာ့အခုအဆင္ ေျပသြားၿပီထင္တယ္"
ယန္ထ်န္းဟန္ကအနည္းငယ္ ခက္ခက္ခဲခဲေျပာလိုက္သည္။
"ဘာ..ဘာျဖစ္လို႔ကၽြန္ေတာ္နဲ႔ အတူတူရွိေနရတာလဲ?"
လင္ရႊမ္းဇီကေမးလိုက္သည္။
"မဟုတ္ရင္ငါကဘယ္မွာရွိေန ရမယ္လို႔ထင္လို႔လဲ?"
ယန္ထ်န္းဟန္သည္လင္ရႊမ္းဇီ တစ္ခုုခုျဖစ္ေနသည္ဟုခံစားရ ေသာ္လည္းအတိအက်ဘာျဖစ္ေန လဲဆိုတာမေျပာတတ္ဘူးျဖစ္ေန သည္။ေၾကာက္ရြံ႔ခဲ့ရသည့္သူ႔ႏွလံုး သားကတည္ၿငိမ္ေနၿပီျဖစ္တာေၾကာင့္ ေဒါသကေခါင္းထဲတိုးဝင္လာခဲ့ကာ လင္ရႊမ္းဇီအားၾကည့္လိုက္သည္။
"ဘာလို႔ကၽြန္ေတာ့ကိုဖက္ထားရ တာလဲ?ကၽြန္ေတာ္တို႔တစ္ေယာက္နဲ႔ တစ္ေယာက္ဘာမွပတ္သတ္စရာမရွိ ေတာ့ဘူးၿပီးေတာ့အခုခ်ိန္ကစၿပီး ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကမယ္!"
လင္ရႊမ္းဇီကသူ႔ဆီသို႔ေလွ်ာက္ လာေနတာျဖစ္သည္။
ယန္ထ်န္းဟန္ကေနာက္သို႔ေျခ ႏွစ္လွမ္းမွ်ဆုတ္လိုက္၏။
"ကိုယ့္လမ္းကိုေလွ်ာက္ၾကမယ္?" လင္ရႊမ္းဇီကရပ္တန္႔သြားသည္။
"မင္းတကယ္ပဲအဲ့ဒီလိုေတြးထားတာလား?"
ယန္ထ်န္းဟန္ရဲ႔လည္ပင္းက ေတာင့္တင္းသြားသည္။
"အဲ့ဒါကအတုျဖစ္မွာမွမဟုတ္တာ?"
လင္ရႊမ္းဇီကေခါင္းညိမ့္ျပသည္
"ေကာင္းၿပီ"
ယန္ထ်န္းဟန္ကတစ္စံုတစ္ခုေျပာ ဖို႔ျပင္လိုက္တဲ့အခ်ိန္မွာသူ႔တစ္ကိုယ္ လံုးက႐ုတ္တရက္တင္းၾကပ္သြား သလိုခံစားလိုက္ရသည္-သူ႔ရဲ႔ေျခလက္အဂါၤမ်ားပင္လွဳပ္ရွား လို႔မရေတာ့ေပ။ေအာက္သို႔ငံု႔ၾကည့္ လိုက္သည့္အခါသူ႔ကိုယ္ကႀကိဳး တစ္ေခ်ာင္းနဲ႔တင္းတင္းၾကပ္ၾကပ္ ခ်ည္ေႏွာင္ခံထားရသည္ကိုနားလည္ လိုက္ရသည္!
ယန္ထ်န္းဟန္ , "..."
ဒါကအရမ္းကိုလြန္လြန္းေနၿပီ မဟုတ္ဘူးလား?
လင္ရႊမ္းဇီဘာလုပ္ခ်င္ေနတာလဲ?
သူ႔ကိုသစ္ပင္မွာခ်ိတ္ဆြဲထားၿပီး ေကာင္းေကာင္းေလး႐ိုက္ခ်င္ေန လို႔ေတာ့မဟုတ္ပါဘူးေနာ္?
"ဘာ...ဘာလုပ္ခ်င္လို႔လဲ?" ယန္ထ်န္းဟန္ကသူ႔သတၱိေလးကို အႏိုင္ႏိုင္ထုတ္ၿပီးလင္ရႊမ္းဇီအား ၾကည့္ကာေမးလိုက္သည္။
သို႔ေသာ္လည္းသူ႔ယံုၾကည္ခ်က္ ကေလ်ာ့နည္းေနရ၏။
လင္ရႊမ္းဇီကထိုေနရာသို႔ေလွ်ာက္ လာၿပီးသူ႔လက္ကိုေႁမွာက္ကာ ယန္ထ်န္းဟန္ရဲ႔ေမးကိုညင္သာစြာ ပင့္မၫွစ္လိုက္ၿပီးျပံဳးလိုက္သည္။
"အားဟန္...ငါအေလးအနက္ စဥ္းစားမိတယ္မင္းအေပၚမွာ စိတ္ပ်က္ေအာင္တစ္ခါမွမလုပ္ ဘူးဘူးလားလို႔...ေကာင္းတဲ့အရာ တစ္ခုခုေတြ႕တိုင္းမင္းအတြက္ပဲ အၿမဲတမ္းဦးစားေပးစဥ္းစားခဲ့တယ္ ..ငါမင္းကိုအလိုလိုက္ေပးတယ္၊ ကာကြယ္ေပးတယ္ၿပီးေတာ့မင္း ႀကိဳက္သလိုလုပ္ခ်င္တာလုပ္ႏိ္ုင္ဖို႔ အတြက္သန္မာေအာင္အတတ္ႏိုင္ ဆံုးအစြမ္းကုန္ႀကိဳးစားခဲ့တယ္... အကိုႀကီးကမင္းကိုလံုလံုေလာက္ ေလာက္ေကာင္းေကာင္းမဆက္ဆံ ခဲ့မိဘူးလား?"
လင္ရႊမ္းဇီကဒါေတြအားလံုးေျပာ လာမယ္လို႔ယန္ထ်န္းဟန္မထင္ ထားခဲ့မိေပ။သူကခဏမွ်အံ့အား သင့္သြားၿပီးစကားေျပာဖို႔ခက္ခဲ သြားမိသည္အေၾကာင္းကေတာ့ လင္ရႊမ္းဇီေျပာသမွ်အရာအားလံုး ကမွန္ေနသည္ေလ။
သူတို႔ဘာကိုစကားမ်ားၾကတာပါလိမ့္?
အိုး,ဟုတ္သားပဲ...အဲ့ဒါကအဂၢီရတ္ ပညာရွင္က်ံဳးလီကေတာင္ေပၚတက္ ဖို႔ေတာင္းဆိုခဲ့တဲ့ကိစၥပဲ
ယန္ထ်န္းဟန္ကခ်ဥ္သလိုခံစားရသည္။
"ခင္ဗ်ားကၽြန္ေတာ့ကိုအဂၢီရတ္ ပညာရွင္က်ံဳးလီလက္ေအာက္မွာ ပညာသင္ၾကားခြင့္မေပးဘူးေလ ၿပီးေတာ့ကၽြန္ေတာ္ေျပာတာကို လည္းနားမေထာင္ေပးဘူး"
လင္ရႊမ္းဇီရဲ႔အၾကည့္က နက္ေမွာင္သြားသည္။သူက အသက္ကိုျပင္းျပင္းရႈလိုက္ၿပီး တည္ၿငိမ္စြာေမးလိုက္၏
"မင္းငါ့ဆီကေနအဲ့ဒီေလာက္ ေတာင္ထြက္သြားခ်င္ေနတာလား?"
ယန္ထ်န္းဟန္ကေခါင္းကိုခါယမ္း ျပခ်င္ေသာ္လည္းအံကိုႀကိတ္လိုက္သည္။
"ကၽြန္ေတာ့ကိုထြက္သြား လို႔ေျပာတာခင္ဗ်ားပဲေလ"
"ငါစကားေတြအမ်ားႀကီးေျပာခဲ့ တယ္ၿပီးေတာ့အမ်ားႀကီးလုပ္ေဆာင္ ေပးခဲ့တယ္အဲ့ဒါကိုမင္းကဒီတစ္ေခါက္ ငါေျပာခဲ့တဲ့'ထြက္သြား'ဆိုတဲ့စကား တစ္လံုးကိုပဲမွတ္မိတယ္"လင္ရႊမ္းဇီ ကသူ႔လက္ကိုေျဖးၫွင္းစြာေႁမွာက္ လိုက္ၿပီးယန္ထ်န္းဟန္ရဲ႔ႏွဖူးအလည္ ကိုညင္သာစြာထိလိုက္တာေၾကာင့္ ယန္ထ်န္းဟန္မွာအနည္းငယ္တုန္ယင္ သြားမိသည္။
"မင္းကငါ့ဆီကေနထြက္သြား ခ်င္ေနတာပဲမွတ္လား?"
လာျပန္ၿပီ
ယန္ထ်န္းဟန္ကသူ႔ပါးစပ္ကိုဖြင့္လိုက္ ပိတ္လိုက္လုပ္ၿပီးမွားယြင္းခံရသလို ခံစားရသည္။ဘာလို႔ဒီကိစၥကသူ လင္ရႊမ္းဇီဆီကေနထြက္သြားခ်င္ တယ္လို႔ျဖစ္သြားရတာလဲ?ဒါဟာ အျပစ္သားကျပန္ၿပီးမတရားစြပ္စြဲ တာပဲ!သူလင္ရႊမ္းဇီနဲ႔တစ္ေနကုန္ တြယ္ကပ္ေနၿပီးသူ႔အၿမီးေလးျဖစ္ ခ်င္ေနတာလင္ရႊမ္းဇီကမျမင္ဘူးလား?
သူတိတ္ဆိတ္ေနတာကိုလင္ရႊမ္းဇီ ျမင္ေသာအခါသူခန႔္မွန္းတာမွန္ေန တာပဲလို႔ေတြးလိုက္မိသည္။
သူကအေတာ္ေလးမူးေနာက္ေနာက္ ျဖစ္သြားမိေသာ္လည္းခဏမွ်အၾကာ မွာႏူးႏူးညံ့ညံ့ေျပာဆဲပင္။
"ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္နယ္ေျမ ကေနထြက္သြားၿပီးရင္ငါမင္းကို ေတာင္ေပၚလိုက္ပို႔ေပးမယ္...အဂၢီရတ္ ပညာရွင္က်ံဳးလီကဆရာေကာင္း တစ္ေယာက္ျဖစ္မွာပါ...သူ႔ေနာက္ ကလိုက္ၿပီးအဂၢီရတ္ပညာကိုေကာင္း ေကာင္းသင္ေနာ္ၿပီးရင္ေတာ့....ၿပီးရင္ ေတာ့မင္းသြားခ်င္တဲ့ေနရာကိုသြားၿပီး လုပ္ခ်င္တာလုပ္လို႔ရၿပီ"
ယန္ထ်န္းဟန္ကတစ္ခါတည္း အံ့အားသင့္သြားမိသည္။
သူ႔ႏွလံုးသားကမသက္မသာ လိမ္ဖယ္ေနမိ၏။လင္ရႊမ္းဇီရဲ႔ အခုလိုပံုစံမ်ိဳးကိုျမင္ရတာထက္ လင္ရႊမ္းဇီကသူ႔ကိုစိတ္ဆိုးသြား တာကသာေကာင္းဦးမယ္!
လင္ရႊမ္းဇီကယန္ထ်န္းဟန္ကိုယ္ေပၚ ကနတ္ဆိုးခ်ည္ႀကိဳးကိုေျဖေလ်ာ့ေပး လိုက္ၿပီးတစ္ဖက္သို႔လွည့္ကာထြက္ ခြာရန္ျပင္လိုက္ေသာ္လည္းယန္ထ်န္း ဟန္က႐ုတ္တရက္သူ႔ဆီေျပးဝင္ကာ သူ႔ေက်ာကုန္းကိုအေနာက္ကဖက္ထား လိုက္သည္။
ယန္ထ်န္းဟန္ရဲ႔မေက်နပ္ခ်က္မ်ား ကလြတ္ထြက္လုနီးပါးျဖစ္ေနၿပီး မ်က္ရည္မ်ားက်ဆင္းေနသည္ကို မတားဆီးႏိုင္ေပ။
"အကိုႀကီးကၽြန္ေတာ္မွားတာ ကၽြန္ေတာ္သိပါၿပီကၽြန္ေတာ့ကို ေမာင္းမထုတ္ပါနဲ႔..ကၽြန္ေတာ့ကို မစြန္႔ပစ္ပါနဲ႔ကၽြန္ေတာ္ေတာင္ေပၚ မတက္ခ်င္ေတာ့ပါဘူး..ကၽြန္ေတာ္ ေတာင္ေပၚကိုတက္ဖို႔ဆႏၵမရွိေတာ့ ပါဘူး...အဲ့ဒီေၾကာက္စရာေကာင္း တဲ့စကားေတြကလည္းကၽြန္ေတာ္ ရည္ရြယ္ၿပီးေျပာတာမဟုတ္ဘူး ..မဟုတ္ဘူး,ကၽြန္ေတာ္အဲ့ဒီေၾကာက္ စရာစကားေတြကိုအကိုႀကီးစိတ္ မေကာင္းျဖစ္ေအာင္တမင္သက္ သက္ေျပာတာ...ဝုဝုဝု...အကိုႀကီး ကၽြန္ေတာ္ေတာင္းပန္ပါတယ္... အကိုႀကီးကၽြန္ေတာ့ကိုမလိုခ်င္ မျဖစ္ပါနဲ႔....အားဟန္အကိုႀကီး ဆီကေနမထြက္သြားခ်င္ပါဘူး.. အားဟန္ကအကိုႀကီးတစ္ေယာက္ ကိုပဲလိုခ်င္တာတစ္ျခားဘာကိုမွ မလိုခ်င္ဘူး......ဝါးးးး"
ယန္ထ်န္းဟန္ကဆူညံစြာေအာ္ဟစ္ငို ေျကြးေနၿပီးလင္ရႊမ္းဇီကထိုစကားမ်ား ကိုၾကားေတာ့ကူကယ္ရာမဲ့မႈေရာ ဝမ္းနည္းမႈကိုပါခံစားရသည္။ ယန္ထ်န္းဟန္နဲ႔ရင္ဆိုင္ရတိုင္းသူ႔ရဲ႕ တည္ၿငိမ္ၿပီးလ်စ္လ်ဴရႈတတ္တဲ့ အျပဳအမူကိုမထိန္းထားႏိုင္ေတာ့ဘူး...
ယန္ထ်န္းဟန္ကလင္ရႊမ္းဇီဆီက ဘာတုန္႔ျပန္မႈမွမရတဲ့အခါသူက ထိတ္လန္႔လာမိၿပီးဆက္ေျပာလိုက္သည္။
"အိုးဟုတ္သားပဲ..အေဖကကၽြန္ေတာ့ ကိုဂ႐ုစိုက္ေပးဖို႔အကိုႀကီးကိုေျပာ ထားတယ္ေလ..အကိုႀကီးကၽြန္ေတာ့ ကိုအျပင္လူတစ္ေယာက္လို၊အေစခံ တစ္ေယာက္လိုဒါမွမဟုတ္ဝန္ထုတ္ ဝန္ပိုးတစ္ေယာက္လိုဆက္ဆံမယ္ ဆိုရင္ေတာင္အကိုႀကီးအေဖ့စကား ကိုေတာ့နားေထာင္ရမွာပဲ..အကိုႀကီး ကၽြန္ေတာ့ကိုပစ္ထုတ္လို႔မရဘူး! မဟုတ္ရင္အေဖကတမလြန္မွာ ဆိုရင္ေတာင္သူအရမ္းစိတ္ဆိုးလိမ့္မယ္!"
"အေစခံ,ၿပီးေတာ့ဝန္ထုတ္ဝန္ပိုး?" လင္ရႊမ္းဇီရဲ႔မ်က္လံုးထဲမွာအနက္ ေရာင္အလင္းတစ္ခ်က္ျဖတ္ေျပး သြားရၿပီးတစ္ဖက္သို႔လွည့္လိုက္ ကာမ်က္ရည္စမ်ားမ်က္ေတာင္မွာ တြဲခိုေနသည့္ယန္ထ်န္းဟန္အားငုံ႔ ၾကည့္လိုက္သည္။သူကျပံဳးလိုက္ၿပီး သူ႔ကိုယ္သူေလွာင္ေျပာင္ေနသလိုပင္။
"မင္းကငါ့ရင္ထဲမွာအတိအက် ဘယ္လိုလူမ်ိဳးလဲဆိုတာမင္းသိရဲ႔လား?"
လင္ရႊမ္းဇီရဲ႔ဒီလိုပံုစံမ်ိဳးကလူေတြရဲ႔ ဝိဉာဏ္ကိုအေဝးသို႔ယူေဆာင္သြား ႏိုင္သည္ဟုယန္ထ်န္းဟန္ခံစားလိုက္ ရေသာ္လည္းသူကအရမ္းကိုၾကည့္ ေကာင္းေနတာေၾကာင့္လူေတြကသူတို႔ အၾကည့္ကိုလႊဲဖယ္ၿပီးလြတ္ေျမာက္ ရန္မျဖစ္နိင္ေပ
ယန္ထ်န္းဟန္ကအနည္းငယ္စိုးရိမ္စြ ာေျပာလိုက္သည္ "ကၽြန္ေတာ္မသိဘူး"
"ေသခ်ာေပါက္မင္းမသိဘူးေပါ့" လင္ရႊမ္းဇီကေနာက္ထပ္ေျခတစ္ ဝက္ထပ္လွမ္းလိုက္ၿပီးယန္ထ်န္းဟန္ရဲ႔ ေခါင္းေနာက္အားဆြဲရန္ႀကိဳးစားလိုက္သည္။
လင္ရႊမ္းဇီကသူ႔ကိုဖက္ခ်င္တယ္လို႔ ယန္ထ်န္းဟန္ထင္လိုက္တာေၾကာင့္ လင္ရႊမ္းဇီရဲ႔ခါးကိုျပန္ဖက္ဖို႔ျပင္လိုက္ တဲ့အခ်ိန္မွာအရိပ္က႐ုတ္တရက္ က်ဆင္းလာကာသူ႔ရဲ႔ႏႈတ္ခမ္းက ေနာက္ထပ္ႏူးညံ့တဲ့အရာတစ္ခုႏွင့္ ထိေတြ႕သြားသည္။
ယန္ထ်န္းဟန္ရဲ႔စိတ္တစ္ခုလုံုး ခ်က္ခ်င္းဗလာျဖစ္သြားသည္။ ခဏေလာက္ေတာ့သူဘာမွ မေတြးႏိုင္ေတာ့ေပ။
လင္ရႊမ္းဇီကသူ႔ကိုနမ္းတယ္
လင္ရႊမ္းဇီကသူ႔ႏႈတ္ခမ္းကိုနမ္းတယ္
အေဖေျပာေတာ့စုံတြဲေတြပဲတစ္ေယာက္ ႏႈတ္ခမ္းတစ္ေယာက္နမ္းလို႔ရတာဆို
"ငါကမင္းကိုတာအိုအေဖာ္ အျဖစ္မွတ္ယူထားတာ" လင္ရႊမ္းဇီကနက္နက္႐ွိဳင္း႐ွိဳင္းထိ မသြားေပ။သူကယန္ထ်န္းဟန္နဲ႔ မ်က္လံုးတစ္တန္းထဲေရာက္သည္ အထိငံု႔ခ်လိုက္ၿပီးေၾကာင္ေငးေန သည့္လွပေသာမ်က္လံုးမ်ားကို ၾကည့္လိုက္ၿပီးဆက္ေျပာလာသည္။
"ငါမင္းကိုငါ့ေဘးမွာေသာ့ခတ္ၿပီး သိမ္းထားခ်င္တယ္အဲ့ဒါမွမင္းငါနဲ႔ တစ္လက္မေလာက္အေဝးကိုေတာင္ သြားဖို႔ခက္ခဲသြားမွာငါမင္းကိုနမ္းခ်င္ တယ္၊ဖက္ခ်င္တယ္၊မင္းကိုလိုခ်င္တယ္ ...ငါမင္းရဲ႔အကိုႀကီးပဲျဖစ္ခ်င္တာ မဟုတ္ဘူးမင္းရဲ႔ခင္ပြန္း၊မင္းရဲ႔လူ ျဖစ္ခ်င္တာနားလည္ရဲ႔လား?"
ယန္ထ်န္းဟန္ရဲ႔မ်က္ႏွာကခ်က္ခ်င္း နီရဲသြားသည္။ေသခ်ာေပါက္လင္ရႊမ္းဇီ ေျပာေနတာေတြကိုသူနားလည္တာေပါ့! ကနဦးကထိတ္လန္႔ေနၿပီးအခုေတာ့ လင္ရႊမ္းဇီဘာကိုေဖာ္ျပဖို႔ႀကိဳးစားေန လဲဆိုတာသူတစ္ျဖည္းျဖည္းနားလည္ လာခဲ့ၿပီ!
ဒါေပမဲ့....ဒါေပမဲ့သူတို႔ကညီအစ္ကို ေတြမဟုတ္ဘူးလား?
အကယ္၍ညီအစ္ကိုေတြအဲ့ဒီလိုျဖစ္ ရင္အဲ့ဒါ...အဲ့ဒါကေသြးရင္းခ်င္းျဖစ္ တယ္လို႔သတ္မွတ္တာမဟုတ္ဘူးလား?
ယန္ထ်န္းဟန္ရဲ႔မ်က္ႏွာကခ်က္ခ်င္း ျဖဴေဖ်ာ့သြားျပန္သည္။ဒီလိုရန္လိုၿပီး စြဲမက္ဖြယ္ေကာင္းတဲ့လင္ရႊမ္းဇီရဲ႔ ဖိအားေၾကာင့္အသက္ရႈရတာပင္ ခက္ခဲလာသည္။သူဘယ္ကအင္အား ရမွန္းမသိလိုက္ပဲေသြးေတြကသူ႔ဦး ေႏွာက္သို႔ေစာင့္တိုးလာကာသူ႔လက္ ႏွစ္ဖက္လံုးကိုျပန္ဆြဲယူ၍လင္ရႊမ္းဇီ အားျပင္းျပင္းထန္ထန္တြန္းထုတ္ လိုက္ၿပီးျပန္လွည့္မၾကည့္ပဲေျပး ထြက္သြားေတာ့သည္။
လင္ရႊမ္းဇီကသူ႔ေနာက္လိုက္မသြားေပ။
သူကယန္ထ်န္းဟန္ရဲ႔ေနာက္ေက်ာပံု ကိုၾကည့္ၿပီးအၿမဲတမ္းလ်စ္လ်ဴရႉၿပီး လွပတင့္တယ္သည့္ဟန္သာရွိသည့္ မ်က္ႏွာမွာနာက်င္ၿပီးဝမ္းနည္းေၾက ကြဲေနသည့္အမူအယာကျဖည္းၫွင္း စြာေပၚလာခဲ့သည္။
"သူငါ့ကိုတြန္းထုတ္သြားတာပဲ" လင္ရႊမ္းဇီကခပ္ေဖ်ာ့ေဖ်ာ့ေျပာ လိုက္သည္"သူဆႏၵမရွိဘူး"
ဝိဉာဥ္ပုတီးေစ့ေလးသည္လည္း အလြန္ႀကီးမားသည့္ေၾကာက္စိတ္ ကိုခံစားလိုက္ကာေန႔တစ္ဝက္ေလာက္ ကုန္မွေျပာလာသည္။
[ဘာလို႔မင္းသူ႔ကို႐ုတ္တရက္ႀကီး နမ္းလိုက္ရတာလဲ?အနည္းဆံုးေတာ့ ေနာက္ႏွစ္ႏွစ္ေလာက္ေစာင့္သင့္တာ ေပါ့...မင္းက,ကေလးကိုအႏိုင္က်င့္ လိုက္တာပဲအဲ့ဒါေၾကာင့္သူကမင္းကို သတိနဲ႔ေစာင့္ၾကည့္ေတာ့မယ္မင္း တကယ္ပဲအခ်ိန္ေကာင္းေရြးခ်ယ္ တဲ့ေနရာမွာဆိုးဝါးတယ္]
"က်ဳပ္ဆက္ၿပီးသည္းမခံႏိုင္ေတာ့ဘူး" လင္ရႊမ္းဇီကသူ႔မ်က္လံုးမ်ားကို မွိတ္လိုက္ၿပီးခါးသက္စြာျပံဳးကာ သက္ျပင္းခ်လိုက္သည္။
"ခင္ဗ်ားသိရဲ႔လား?သူအိပ္ေပ်ာ္ေန တုန္းကသူ႔အတိတ္ဘဝတုန္းက အျဖစ္အပ်က္ေတာ္ေတာ္မ်ားမ်ား ကိုျပန္ေျပာခဲ့တယ္"
ယန္ထ်န္းဟန္ရဲ႔ျပတ္ေတာင္းျပတ္ ေတာင္းစကားမ်ားကလင္က်န္တစ္ ေယာက္တည္းနဲ႔သာသက္ဆိုင္တာ မဟုတ္ပဲသူက'ကၽြန္ေတာ္လန္ဂ်ီရႊယ္ ကိုမသတ္ခဲ့ဘူး'ဟူသည့္စကားကို လည္းထပ္ခါတလဲလဲေျပာခဲ့တာျဖစ္သည္။
လင္ရႊမ္းဇီမွာေရခဲဂူထဲခ်က္ခ်င္း ျပဳတ္က်သြားသလိုပင္ခံစားရသည္။
ဝိဉာဥ္ပုတီးေစ့ေလးကအံ့အားသင့္သြား၏။
[သူေျပာေနတဲ့အိမ္မက္ဆိုးေတြက အရင္တုန္းကတကယ္ျဖစ္ပ်က္ခဲ့ တာေတြလား?]
"က်ဳပ္ရဲ႔အတိတ္ဘဝမွာတုန္းက က်ဳပ္သူ႔ကိုအရမ္းဆိုးဆိုးဝါးဝါး ဆက္ဆံခဲ့မိတာ" လင္ရႊမ္းဇီကသူ႔မ်က္လံုးမ်ားကို ျဖည္းၫွင္းစြာဖြင့္လိုက္သည္။
"တစ္ေန႔မွာသူအရာအားလံုးျပန္ သတိရသြားၿပီးက်ဳပ္ကိုေသေအာင္ မုန္းတီးသြားမွာေၾကာက္တယ္..က်ဳပ္ ဒီထက္ပိုၿပီးမေစာင့္ႏိုင္ေတာ့ဘူး"
[ဒါေပမဲ့မင္းရဲ႔ခံစားခ်က္ေတြကို အခုခ်ိန္မွာသူ႔ကိုေျပာျပလို႔ေရာ သူကလက္ခံႏိုင္မယ္လို႔ထင္ေနလား?]
ဝိဉာဥ္ပုတီးေစ့ေလးမွာလင္ရႊမ္းဇီက ထိုကေလးကိုဒီေလာက္အေစာႀကီး ေၾကာက္လန္႔ေအာင္လုပ္လိုက္သည္ အားလက္မခံႏိုင္ေသးေပ။
..................................
Translator's Note
ဒီအပိုင္းကသူတို႔ျပန္ေျပလည္? တဲ့အပိုင္းလို႔ေတာ့သတ္မွတ္လို႔ ရတယ္ေပါ့ေနာ္😁အဲ့ဒါေၾကာင့္ ဒီအပိုင္းမွာဒီေန႔နားပါမယ္။ေနာက္ အပိုင္းကေတာ့မနက္ျဖန္မွလာမယ္🥰
*လင္းထိုင္ = ေက်ာကုန္းေနာက္ဘက္ေက်ာ႐ိုး
Next Episode
ေၾကးမံုထဲကအသြင္အျပင္
..................................