အခန်း (၅၇၅) : အင်အားကြီးမားသော ဘာသာရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီး
ယန်ခယ့်ကျယ်က မှော်စွမ်းအင်များမှာ အဖိုးတန်သော်လည်း သူက ယူဆောင်မလာမိသောကြောင့် တုန်လှုပ်မိသွားသည်။ သို့သော် ကျန့်ရှန်းက လက်ရာမြောက် ပန်းထိုးအိတ်ကို လို့ယွဲ့ရွမ်းဆီ ပေးလိုက်ကာ “ ယွဲ့ရွမ်း ... ဆရာမဆီမှာ ဒီဟာတွေ အများကြီး ရှိတယ် ... ဒါက သမီးအတွက် ”
ယန်ခယ့်ကျယ်က မျက်လုံးမှိတ်ကာ လို့ယွဲ့ရွမ်းဆီ စာအုပ်တစ်အုပ် ပေးလိုက်ရင်း ပြောလိုက်သည် “ ယွဲ့ရွမ်း ... ဆရာ့ဆီမှာ မှော်စွမ်းအင် ကျောက်တုံးတော့ ပါမလာပေမဲ့ ဒီစာအုပ်ကို ပေးမယ် ”
“ ဆရာယန် ဒါက တကယ်ကြီး သူ့ကို ပေးတာလား ” လီကွမ်းယီက ယန်ခယ့်ကျယ် လို့ယွဲ့ရွမ်းကို ပေးသော စာအုပ်ကို တအံ့တဩ ကြည့်ကာ မေးလိုက်သည်။
လို့ယွဲ့ရွမ်းက လီကွမ်းယီ အမူအယာကို မြင်သည့်အခါ ရိုးရှင်းမည့်အရာ မဟုတ်မှန်း သိလိုက်၍ မြန်မြန် ငြင်းလိုက်ရသည် “ ဆရာယန် ... သမီး ဒါကို လက်မခံနိင်ပါဘူး ”
“ မင်းကို ယူစေချင်မှတော့ ယူလိုက်ပါ ” ယန်ခယ့်ကျယ်က လို့ယွဲ့ရွမ်း လက်ထဲ စာအုပ်ထည့်ပေးကာ ပြောလိုက်သည်။
ကျန့်ရှန်းက ထပ်ပြောလိုက်သည် “ ယွဲ့ရွမ်း .... ဆရာယန်လည်း သမီးရဲ့ ဆရာပဲလေ။ သူ့ဆီက လက်ဆောင်ဆိုတော့ လက်ခံထားလို့ ရပါတယ်။ ဆရာယန်နဲ့ ဆရာမတို့ နောင် သင်ပေးမဲ့ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေအတွက် ဆွေးနွေးတိုင်ပင်လိုက်ဦးမယ် ... သမီးက ပြန်ပြီးတော့ ပြင်ဆင်လိုက်နော် ”
“ ဟုတ်ကဲ့ ... ဆရာယန်နဲ့ ဆရာမကျန့်ကို ကျေးဇူးတင်ပါတယ် ” လို့ယွဲ့ရွမ်းက မထွက်သွားခင် လေးလေးစားစား ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
လို့ယွဲ့ရွမ်းက တခြားသူများအနေဖြင့် စစ်ဆေးမှု ဖြေရဦးမည် ဖြစ်ကြောင်း ကောင်းကောင်း သိထား၏။ သို့သော်ငြား သူမ စင်ပေါ်မှ ဆင်းလာသည်နှင့် စီးပွားရေးသမားများနှင့် ဂုဏ်သရေရှိ လူများက ရှေ့တိုးလာကြသည်။ လို့ယွဲ့ရွမ်း လက်ထဲ နာမည်ကတ်များကို နှင်းပွင့်များအလား ထိုးထည့်ပေးနေကာ ဂုဏ်ပြုစကားများနှင့် ဖိတ်ကြားချက်များ ပလူပျံနေသည်။ သူမကို စပွန်ဆာပေးရန် ထောက်ခံချက် ရရှိကြောင်း သေချာသွားလေ၏။
နောက်စစ်ဆေးမှုများကို သက်ရောက်မှု ရှိနေသောကြောင့် တက္ကသိုလ် အဖွဲ့ဝင်များက လူစု ပြန်ခွဲလိုက်ကြရသည်။
လို့ယွဲ့ရွမ်းက မှော်စွမ်းအင် ကျင့်ကြံရေးခန်းမမှ ထွက်သွာသည်နှင့် သူမနား ပတ်လည်ဝိုင်းနေသော စီးပွားရေးသမားများလည်း ရှင်းသွားတော့သည်။
စီးပွားရေးသမားအများစုအတွက် အဆင့်မြင့်အတန်းထဲမှ သူများမှာ လို့ယွဲ့ရွမ်း၏ အနာဂတ်နှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ယခု လို့ယွဲ့ရွမ်းကို ကောင်းကောင်း မိတ်ဆွေဖွဲ့ထားပါက နောင်အနာဂတ်၌ မှော်ဆရာ သို့မဟုတ် မှော်ဧကရာဇ် နှင့် မိတ်ဆွေ ဖြစ်နေနိုင်သည် မဟုတ်ပါလော။
လို့ယွဲ့ရွမ်း တစ်ယောက် မှော်စွမ်းအင် ကျင့်ကြံရေး ခန်းမမှ ထွက်သွားသည်ကို ကြည့်ကာ ယွင်မော့က လက်သီးဆုပ်ထားမိလိုက်၏။ သူမ အမြဲတမ်း အနိုင်ယူခဲ့သည့် ထိုမိန်းကလေးက ယခုအခါ လက်ခုပ်ဩဘာသံများကို ယူဆောင်သွားလေ၏။ လို့ယွဲ့ရွမ်းက သူမခေါင်းအထက် ရောက်လာသည့်အကြောင်းနှင့် သူမ စင်ပေါ်မှ ပြောခဲ့သောစကားများကို စဉ်းစားမိလျှင် နှလုံးမီးမြိုက်မတတ် မနာလိုဖြစ်နေမိသည်။ သူမက မှော်စွမ်းအင်ကို မြန်မြန် စုစည်းနိုင်ရန် အောက်လမ်းစုန်းပညာကို သင်ယူထားတာ ဖြစ်ရမည်။
ဘာသာရေး ဂိုဏ်းချုပ်သာ သိသွားလျှင် ဘယ်လို ဖြစ်သွားမလဲ ကြည့်ရသေးတာပေါ့ ....
“ ညီမယွဲ့ရွမ်းက မှော်စွမ်းအင် စုစည်းနည်းကို ကောင်းကောင်းနားလည်နေတာကို မယုံနိုင်ဘူး ” ဖန်းဟာက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ ဟုတ်တယ် သူမက ဘယ်လို ဖုံးကွယ်ထားရမလဲဆိုတာ ကောင်းကောင်း သိတာပဲ .... ” ယွင်မော့က ဖွင့်ဟပြောတော့မည့်ဆဲဆဲတွင် စကားလုံးများကို အတင်းကျပ် မျိုသိပ်လိုက်ရသည်။ သူမကို ဖန်းဟာက တမျိုးထင်သွားမည်ကို မလိုချင်ပေ။
ဖန်းဟာက ယွင်မော့ စကားများကို စိတ်ထဲ မထားဘဲ လို့ယွဲ့ရွမ်း နောက်ကျောပုံရိပ်ကိုသာ ဆက်ကြည့်နေသည်။ သူ့စိတ်ထဲ၌ လို့ယွဲ့ရွမ်း မှော်စွမ်းအင် စုစည်းပြီး စုပ်ယူနေသည့် မြင်ကွင်းသာ စွဲကျန်နေသည်။ အကယ်၍ သူ့တွင် လို့ယွဲ့ရွမ်းကဲ့သို့ စွမ်းရည်ပိုင်ဆိုင်ပြီး သူ့ဖန်းမျိုးနွယ်စု ပညာရပ်နှင့် ပူးပေါင်းလိုက်လျှင် သူက ချက်ချင်းဆိုသလို မှော်ပညာရှင် ဖြစ်လာလိမ့်မည်။
ထိုသို့အတွေးမျိုး ပေါ်လာသည်နှင့် သူ့စိတ်နှလုံးသားထဲ ကြီးထွားမလာခင် အပင်ပေါက်လာခါစ ဖြစ်သည့် မျိုးစေ့ သဖွယ် ဖြစ်၏။
…...........
လို့ယွဲ့ရွမ်းက လူအုပ်ကြားမှ မည်သို့ ထွက်လာနိုင်သည်ကို မသိတော့ဘဲ သူမအဆောင်သို့ ပြန်ရောက်သည့်အခါမှ သူမ လက်ထဲ၌ နာမည်ကတ်မျိုးစုံဖြင့် ပြည့်နေမှန်း သိလိုက်ရသည်။
“ အစ်ကိုကြီးမို ...” သူမ အဆောင်ဆီ ပြန်ရောက်လာသည့်အခါ လို့ယွဲ့ရွမ်းက အသိပြန်ကပ်လာပြီး သူမ အဆောင်တွင် နေနေသည့် အစ်ကိုကြီးမိုကို ပြောပြရမည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမကို တက္ကသိုလ်၌ နံပါတ်တစ် ပါရမီရှင်ဟု ခေါ်ဆိုခံလိုက်ရသည့် အဓိက အကြောင်းအရင်းမှာ မိုဝူကျီကြောင့်သာ ဖြစ်ပေသည်။ တခြားနည်းဖြင့်ဆိုရလျှင် အစ်ကိုကြီးမိုဆီက သင်ယူသူ မည်သူမဆို ပါရမီရှင် ဖြစ်လာလိမ့်မည်။
လို့ယွဲ့ရွမ်း တံခါးဖွင့်လိုက်ကတည်းက မိုဝူကျီက ကြားသော်လည်း မလှုပ်ရှားချင်သေးပေ။ ဤနေရာတွင် ဝိညာဉ်စွမ်းအားနှင့် ဆင်တူသည့် ပါးလွှာလွှာ စွမ်းအင်လေး ရှိနေ၏။ နှမြောစရာကောင်းသည်က သူက ထိုအရာကို သုံး၍ မကျင့်ကြံနိုင်ခြင်း ဖြစ်ပေသည်။
မိုဝူကျီက မှော်စွမ်းအင် ကျင့်ကြံခြင်းကို လေ့လာထားသည့်အတွက် မှော်စွမ်းအင် ကျင့်ကြံခြင်းမှာလည်း မှော်စွမ်းအားကို မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုခြင်း ဖြစ်ကြောင်း ကောင်းကောင်း သတိထားမိသည်။ ဤနေရာတွင် အသုံးပြုနေကြသော မှော်စွမ်းအင်လည်း မဟုတ်ပေ။
ယခု လို့ယွဲ့ရွမ်းက သူ့အား ခေါ်လိုက်သောကြောင့် သူမအနေဖြင့် စစ်ဆေးမှု အောင်မြင်သွားခြင်းသာ ဖြစ်ကြောင်း ယုံကြည်၏။ အမှန်တိုင်းပြောရလျှင် သူမ မအောင်မြင်မှသာ ထူးဆန်းနေပေလိမ့်မည်။
မိုဝူကျီက ပြုံးကာ ထွက်လာရင်း “ ယွဲ့ရွမ်း အဆင့်မြင့်အတန်း ကျောင်းသူတစ်ယောက် ဖြစ်လာတာ ဂုဏ်ယူပါတယ် ”
လို့ယွဲ့ရွမ်းက မြန်မြန် ပြန်ဖြေလိုက်သည် “ အစ်ကိုကြီးမို သင်ပေးလိုက်လို့ပါ။ ဒီနေ့ ညီမ စစ်ဆေးမှု အောင်မြင်ဖို့ အချိန်နည်းနည်းလေးပဲ လိုတယ်။ စစ်ဆေးမှု ပြီးသွားတော့ ဆရာယန်နဲ့ ဆရာမကျန့်တို့က သူတို့ရဲ့ တပည့်အဖြစ် လက်ခံချင်ကြတယ်။ ညီမရဲ့ ဆရာက အစ်ကိုကြီး ဖြစ်သင့်တာကို သိပါတယ် ... ”
မိုဝူကျီက ခေါင်းခါကာ “ မင်း မှန်တာကို လုပ်ခဲ့တာပဲ .... ကျုပ် ဒီမှာ ကြာကြာမနေဘူးဆိုတာ မင်းလည်း သိမှာပါ ”
“ အစ်ကိုကြီးမို .... ညီမ မှော်စွမ်းအင် ကျောက်တုံး ရလာတယ် ....” လို့ယွဲ့ရွမ်းက သူမလက်ထဲမှ နာမည်ကတ်အားလုံးကို တစ်ဖက် ထားလိုက်ပြီး ခါးမှာ ချိတ်ထားသည့် ပန်းထိုးအိတ်လေးကို ထုတ်ယူလိုက်သည်။
မိုဝူကျီက လို့ယွဲ့ရွမ်းထက် ပို၍ စိုးရိမ်နေမိသည်။ သူက ထိုအိတ်လေးကို ယူကြည့်လိုက်သည့်အခါ မီးခိုးရောင် မှော်စွမ်းအင် ကျောက်တုံးကို မြင်လိုက်ရသည်။
မိုဝူကျီက သူ့လက်ထဲ မှော်စွမ်းအင် ကျောက်တုံး ရလာသည်နှင့် နှလုံးသားက ခုန်ပေါက်လာသည်။ ထိုမှော်စွမ်းအင် ကျောက်တုံး၌ ဝိညာဉ်စွမ်းအား အရိပ်အယောင်လေး ပါဝင်နေပြီး ပို၍ အရေးကြီးသည်က ထိုမှ ထွက်ပေါ်နေသော မှော်စွမ်းအင် အငွေ့အသက်များ ဖြစ်သည်။ မိုဝူကျီက မှော်စွမ်အင် ခံစားမိသည်က ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယနေ့အထိ ထိုစွမ်းအင်ကို ဘာအမျိုးအစားမှန်း မသိခဲ့ပေ။
“ အစ်ကိုကြီးမို အသုံးဝင်ရဲ့လားဟင် ” လို့ယွဲ့ရွမ်းက စိုးရိမ်စွာ မေးလိုက်သည်။
မိုဝူကျီက လက်တစ်ဖက်မှ အိတ်လေးကို ကိုင်ထားပြီး တစ်ဖက်မှာ လို့ယွဲ့ရွမ်း၏ လက်ကို ဆွဲကာ ပြောလိုက်သည် “ အသုံးဝင်တယ် ... အရမ်း အသုံးဝင်တယ် ... ကျုပ် ခဏလောက် တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ် .. အယ် ကျုပ်ပြောချင်တာက ကျုပ်အနား ဘယ်သူမှ မလာအောင် ကျုပ်ကို ရက်အနည်းငယ်လောက် စောင့်ပေးပါဦး။ ဒါနဲ့ ကျုပ် မထွက်လာရင်လည်း အစားလာပို့ဖို့ မလိုဘူးနော်။ ကျုပ်ဆီမှာ ဘီစကစ်တွေပါတယ်။ ဆယ်ရက်ကျော်လောက်တော့ ဖူလုံမှာပါ ”
မိုဝူကျီက ကျင့်ကြံဆင့် မရှိသော်လည်း စားရန် မလိုအပ်ပေ။ ပုံမှန်အားဖြင့် လို့ယွဲ့ရွမ်းက ဆာလောင်နေမည်ကို စိုးရိမ်မိသောကြောင့် အလှည့်ကျ အစားအစာ လာပို့ပေးလေ့ ရှိသည်။ သူ့အား အထူးအဆန်း မထင်စေရန် ယခင်ရက်များ၌ မိုဝူကျီက အစားအစာကို လက်ခံခဲ့ရ၏။
“ ဟုတ် အစ်ကိုကြီးမို စိတ်ချနေပါ .... ညီမ ဘယ်သူမှ လာနှောင့်ယှက်ခွင့် ပြုမှာ မဟုတ်ဘူး ” ထိုသို့ ယုံကြည်ချက်ရှိစွာ ပြောပြီးနောက် သူမက မိုဝူကျီဆီ စာအုပ် ပေးလိုက်သည် “ အစ်ကိုကြီးမို ဒီဟာက ဆရာယန်ဆီက ရလာတာ ... ညီမထင်တာတော့ အတော်လေး အသုံးဝင်တယ် ထင်တယ်။ တစ်ချက်လောက် ကြည့်ကြည့်ပါဦး ”
“ ကောင်းပြီလေ” မိုဝူကျီက တံခါးကို မပိတ်ခင် စာအုပ်ကို လက်ခံလိုက်သည်။
သူက သိုလှောင်လက်စွပ်ကို မြန်မြန် ဖွင့်နိုင်ဖို့ရာ စိတ်အားထက်သန်နေမိသည်။ စောစောလေးမှ အိတ်လေးထဲကနေ မှော်စွမ်းအင် ကျောက်တုံး ကိုးတုံးကို တွေ့လိုက်ရသည်။ အများကြီး မဟုတ်သော်လည်း ဝိညာဉ်စွမ်းအား စုစည်းဖို့ရာ လုံလောက်လိမ့်မည်။
မိုဝူကျီတွင် ကျင့်ကြံဆင့် မရှိသည့်အတွက် ဝိညာဉ်စွမ်းအားများကို သူ့ချီသွေးကြောထဲ ပို့လွတ်ပြီး လှည့်ပတ်စေရုံမျှသာ အသုံးပြုနိုင်သည်။
မှော်စွမ်းအင် ကျောက်တုံး၌ ဝိညာဉ်စွမ်းအင် ပါးလွှာလွှာလေး ပါဝင်သော်လည်း မိုဝူကျီက ယုံကြည်ချက် အပြည့်ရှိသည်။ အဓိက အကြောင်းအရင်းမှာ သူ့တွင် သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်း ပိုင်ဆိုင်ထား၍ ဖြစ်ပေသည်။ မှော်စွမ်းအင် ကျောက်တုံး ကိုးတုံးက ဝိညာဉ်စွမ်းအား နည်းနည်းလေးသာ ထုတ်နိုင်သော်ငြား သူက ထိုစွမ်းအားများကို သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းထဲ စုစည်းနိုင်သရွေ့ သူ့အနေနှင့် တစ်ခါကြိုးစားရုံဖြင့် သိုလှောင်လက်စွပ်ကို ဖွင့်နိုင်လိမ့်မည်။ လက်စွပ် ဖွင့်နိုင်သည်နှင့် အရာအားလုံးက သူ့အတွက် ရိုးရှင်းသွားပေလိမ့်မည်။
မိုဝူကျီက တံခါးပိတ် ကျင့်ကြံရန် ဝင်သွားပြီးနောက် လို့ယွဲ့ရွမ်းလည်း စိတ်အားတက်ကြွမနေတော့ပေ။ ယခင် သူမတို့နယ်၌ နံပါတ်တစ်လည်း ဖြစ်ပေသော်ငြား အန်းကျင်းတက္ကသိုလ်၌ ရလဒ်အတော်သင့်ကောင်းသည့် ကျောင်းသူ တစ်ယောက်မျှသာ ဖြစ်၏။ အန်းကျင်းတက္ကသိုလ်သို့ ရောက်လာကြသူ အများစုမှာ သူတို့နယ်၌ နံပါတ်တစ်ရကြသူများ ဖြစ်ကြသည်။
အချိန်တိုလေးအတွင်း သူမက အန်းကျင်းတက္ကသိုလ်၏ နံပါတ်တစ် ပါရမီရှင် တစ်ယောက် ဖြစ်လာခဲ့ပြီး ဆရာယန်ခယ့်ကျယ်နှင့် ဆရာမကျန့်ရှန်းတို့၏ ကျောင်းသူလည်း ဖြစ်လာခဲ့သည်။
နာမည်ကတ်များကို ပြန်ကြည့်ပြီးနောက် လျန့်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ၊ မိမျိုးနွယ်စုနှင့် အန်းကျင်းမြို့၌ ဂုဏ်သရေရှိ နာမည်ကျော် ပုဂ္ဂိုလ်များ၏ အမည်ကတ်များကို တွေ့လိုက်ရသည်။
“ ဘုန်း ” တံခါးကို ချက်ချင်း ဆောင့်ကန်ဖွင့်လိုက်သောကြောင့် လို့ယွဲ့ရွမ်းက အတွေးနစ်မျှောနေရာမှ အသိပြန်ဝင်လာသည်။ သူမက အံ့ဩတကြီး ထရပ်ကာ တံခါးကို ဖြတ်ကာ ဝင်လာသည့် လူသုံးယောက်ကို ကြည့်လိုက်သည်။ ထိုသုံးယောက်အပြင် တံခါးအပြင်ဘက်၌ လူများစွာလည်း ရှိနေသေး၏။
“ဌာနမှူး ဂူ .....” အထဲ ဝင်လာသည့် သုံးယောက်၌ လို့ယွဲ့ရွမ်းက စိတ်ပျက်လက်ပျက် အမူအယာဖြင့် အသက်ကြီးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမအနေဖြင့် တက္ကသိုလ်၏ ဌာနမှူး ဂူက သူစိမ်းတွေကို တက္ကသိုလ်၏ နံပါတ်တစ် ပါရမီရှင်အခန်းကို အဘယ်ကြောင့် ဖျက်စီးခွင့် ပြုသည်ကို နားမလည်နိုင်ပေ။
ဌာနမှူးဂူက လို့ယွဲ့ရွမ်း၏ နားမလည်သော အမူအယာကို သတိပြုမိပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။ တက္ကသိုလ်၏ ဌာနမှူးက မည်မျှ ရာထူးကြီးပါစေ ဘာသာရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီးကိုတော့ မဆန့်ကျင်နိုင်ပေ။ ယခု ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ရောက်လာပြီ ဖြစ်ရာ သူ့အနေဖြင့် ဘာများ လုပ်နိုင်မည်နည်း။ အကယ်၍ သူ တစ်ယောက်တည်း ဖြစ်နေလျှင် သူ့အသက်ကို စွန့်လွတ်နိုင်လိုက်သော်လည်း သူ့တွင် စောင့်ရှောက်ပေးရမည့် အန်းကျင်းတက္ကသိုလ် ရှိနေသေး၏။
“ မင်းက လို့ယွဲ့ရွမ်းလား ... အချိန်တိုလေးအတွင်းမှာ မှော်စွမ်းအင်ကို စုစည်းနိုင်ပြီး စုပ်ယူနိုင်တယ်ဆိုတဲ့ တစ်ယောက်လား ” မျက်နှာရှည်ရှည် လူငယ်က ရှေိ့သို့ လျှောက်လှမ်းလာကာ လို့ယွဲ့ရွမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
လို့ယွဲ့ရွမ်းက နားမလည်သေး၍ ဖြေလိုက်သည် “ ဟုတ်ပါတယ် ကျမက လို့ယွဲ့ရွမ်းပါ ”
နောက်ထပ် မျက်နှာမည်း လူလတ်အမျိုးသားက လို့ယွဲ့ရွမ်း စကားကို ကြားသောအခါ ချက်ချင်း ပြောလိုက်သည် “ သူမကို ခေါ်သွားကြစမ်း ”
လို့ယွဲ့ရွမ်းက ပြန်မတုံ့ပြန်နိုင်ခင် ဒေါသထွက်နေသည့် အသံတစ်သံ ထွက်ပေါ်လာသည် “ မင်းတို့လူတွေက ဂိုဏ်းချုပ်ဘုန်းတော်ကြီး လက်အောက်က ဆိုရင်တောင် ငါ့တပည့်ကို အန်းကျင်းတက္ကသိုလ်ကနေ ခေါ်သွားလို့ မရဘူး ”
ဒေါသတကြီး ဖြစ်နေသည့် ကျန့်ရှန်းက လို့ယွဲ့ရွမ်းရှေ့ ရောက်လာသည်။
လို့ယွဲ့ရွမ်း၏ စိတ်ထဲ နွေးထွေးသွားမိသည်။ အဖြစ်အပျက်ကို နားမလည်သေးသော်လည်း ကိစ္စသေးသေးတော့ ဖြစ်မည် မဟုတ်ပေ။ အကြောင်းမှာ သူမကို ခေါ်သွားရန် အမိန့်ပေးသူမှာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး လက်အောက်မှ လူဖြစ်နေ၍ ဖြစ်သည်။ လို့ယွဲ့ရွမ်းက သူ့အင်္ကျီပေါ်မှ အမှတ်အသားကို ကြည့်၍ ပြောနိုင်၏။ ပုံမှန်အခြေအနေအောက်တွင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး လက်အောက်၌ အလုပ်လုပ်နေရသည့်သူကို ငြင်းပယ်နိုင်မည်နည်း။
ကျန့်ရှန်းက သူမ လက်ခံထားသည့် ဆရာတစ်ယောက် ဖြစ်သော်လည်း သူမကို ဤမျှကာကွယ်ပေးလေ၏။
“ ဆရာကျန့် သောင်းကြမ်းလို့ မရဘူးလေ။ ဒါက လျန့်နိုင်ငံမှာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး အုပ်ချုပ်သူ အရှင် ဖုန်းလူလေ ...” ဌာနမှူးဂူက လို့ယွဲ့ရွမ်းကို ဖမ်းရန် အမိန့်ပေးသည့် မျက်နှာမည်းလူကို ညွှန်ပြရင်း မြန်မြန် ဝင်ထောက်ကာ ပြောလိုက်ရသည်။ သူ့ကို မိတ်ဆက်ပေးပြီးနောက် ဌာနမှူးဂူက မျက်နှာခပ်ရှည်ရှည်နှင့် လူကို ညွှန်ပြကာ “ ဒါက ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ မှော်ဆရာ ပို့လောကျင်း လေ ”
ကျန့်ရှန်းက သူမအသံကို ထိန်းကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ဌာနမှူး ဂူ ... ဒီနေရာမှာ ဘယ်သူပဲ ဖြစ်ဖြစ် ကျမရဲ့ တပည့်ကို ခေါ်သွားနိုင်ခွင့် မပြုနိုင်ဘူး။ ဌာနမှူးတစ်ယောက်အနေနဲ့ ရှင် လုပ်သင့်တာက သူတို့ကို ခေါ်လာမဲ့အစား ကျမတို့ ကျောင်းသူ ခေါ်သွားတာကို တားရမှာလေ ”
“ ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ အမိန့်ကိုတောင် ဘယ်လို ပုန်ကန်ရဲတာလဲ ... သူမကိုပါ ခေါ်သွား ” အုပ်ချုပ်သူ အရှင် ဖုန်းလူက အသည်းအသန် အော်ပြောလိုက်သည်။
Zawgi##
အခန္း (၅၇၅) : အင္အားႀကီးမားေသာ ဘာသာေရး ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး
ယန္ခယ့္က်ယ္က ေမွာ္စြမ္းအင္မ်ားမွာ အဖိုးတန္ေသာ္လည္း သူက ယူေဆာင္မလာမိေသာေၾကာင့္ တုန္လႈပ္မိသြားသည္။ သို႔ေသာ္ က်န႔္ရွန္းက လက္ရာေျမာက္ ပန္းထိုးအိတ္ကို လို႔ယြဲ႔ရြမ္းဆီ ေပးလိုက္ကာ “ ယြဲ႔ရြမ္း ... ဆရာမဆီမွာ ဒီဟာေတြ အမ်ားႀကီး ရိွတယ္ ... ဒါက သမီးအတြက္ ”
ယန္ခယ့္က်ယ္က မ်က္လံုးမိွတ္ကာ လို႔ယြဲ႔ရြမ္းဆီ စာအုပ္တစ္အုပ္ ေပးလိုက္ရင္း ေျပာလိုက္သည္ “ ယြဲ႔ရြမ္း ... ဆရာ့ဆီမွာ ေမွာ္စြမ္းအင္ ေက်ာက္တံုးေတာ့ ပါမလာေပမဲ့ ဒီစာအုပ္ကို ေပးမယ္ ”
“ ဆရာယန္ ဒါက တကယ္ႀကီး သူ႔ကို ေပးတာလား ” လီကြမ္းယီက ယန္ခယ့္က်ယ္ လို႔ယြဲ႔ရြမ္းကို ေပးေသာ စာအုပ္ကို တအံ့တဩ ၾကၫ့္ကာ ေမးလိုက္သည္။
လို႔ယြဲ႔ရြမ္းက လီကြမ္းယီ အမူအယာကို ျမင္သၫ့္အခါ ရိုးရွင္းမၫ့္အရာ မဟုတ္မွန္း သိလိုက္၍ ျမန္ျမန္ ျငင္းလိုက္ရသည္ “ ဆရာယန္ ... သမီး ဒါကို လက္မခံနိင္ပါဘူး ”
“ မင္းကို ယူေစခ်င္မွေတာ့ ယူလိုက္ပါ ” ယန္ခယ့္က်ယ္က လို႔ယြဲ႔ရြမ္း လက္ထဲ စာအုပ္ထၫ့္ေပးကာ ေျပာလိုက္သည္။
က်န႔္ရွန္းက ထပ္ေျပာလိုက္သည္ “ ယြဲ႔ရြမ္း .... ဆရာယန္လည္း သမီးရဲ့ ဆရာပဲေလ။ သူ႔ဆီက လက္ေဆာင္ဆိုေတာ့ လက္ခံထားလို႔ ရပါတယ္။ ဆရာယန္နဲ႔ ဆရာမတို႔ ေနာင္ သင္ေပးမဲ့ သင္ခန္းစာေတြ၊ ေလ့က်င့္ခန္းေတြအတြက္ ေဆြးေနြးတိုင္ပင္လိုက္ဦးမယ္ ... သမီးက ျပန္ၿပီးေတာ့ ျပင္ဆင္လိုက္ေနာ္ ”
“ ဟုတ္ကဲ့ ... ဆရာယန္နဲ႔ ဆရာမက်န႔္ကို ေက်းဇူးတင္ပါတယ္ ” လို႔ယြဲ႔ရြမ္းက မထြက္သြားခင္ ေလးေလးစားစား ဦးၫႊတ္ကာ ႏႈတ္ဆက္လိုက္သည္။
လို႔ယြဲ႔ရြမ္းက တျခားသူမ်ားအေနျဖင့္ စစ္ေဆးမႈ ေျဖရဦးမည္ ျဖစ္ေၾကာင္း ေကာင္းေကာင္း သိထား၏။ သို႔ေသာ္ျငား သူမ စင္ေပၚမွ ဆင္းလာသည္ႏွင့္ စီးပြားေရးသမားမ်ားႏွင့္ ဂုဏ္သေရရိွ လူမ်ားက ေရ႔ွတိုးလာၾကသည္။ လို႔ယြဲ႔ရြမ္း လက္ထဲ နာမည္ကတ္မ်ားကို ႏွင္းပြင့္မ်ားအလား ထိုးထၫ့္ေပးေနကာ ဂုဏ္ျပဳစကားမ်ားႏွင့္ ဖိတ္ၾကားခ်က္မ်ား ပလူပ်ံေနသည္။ သူမကို စပြန္ဆာေပးရန္ ေထာက္ခံခ်က္ ရရိွေၾကာင္း ေသခ်ာသြားေလ၏။
ေနာက္စစ္ေဆးမႈမ်ားကို သက္ေရာက္မႈ ရိွေနေသာေၾကာင့္ တကၠသိုလ္ အဖြဲ႔ဝင္မ်ားက လူစု ျပန္ခြဲလိုက္ၾကရသည္။
လို႔ယြဲ႔ရြမ္းက ေမွာ္စြမ္းအင္ က်င့္ႀကံေရးခန္းမမွ ထြက္သြာသည္ႏွင့္ သူမနား ပတ္လည္ဝိုင္းေနေသာ စီးပြားေရးသမားမ်ားလည္း ရွင္းသြားေတာ့သည္။
စီးပြားေရးသမားအမ်ားစုအတြက္ အဆင့္ျမင့္အတန္းထဲမွ သူမ်ားမွာ လို႔ယြဲ႔ရြမ္း၏ အနာဂတ္ႏွင့္ ႏိႈင္းယွဉ္ႏိုင္မည္ မဟုတ္ေပ။ အကယ္၍ သူတို႔သာ ယခု လို႔ယြဲ႔ရြမ္းကို ေကာင္းေကာင္း မိတ္ေဆြဖြဲ႔ထားပါက ေနာင္အနာဂတ္၌ ေမွာ္ဆရာ သို႔မဟုတ္ ေမွာ္ဧကရာဇ္ ႏွင့္ မိတ္ေဆြ ျဖစ္ေနႏိုင္သည္ မဟုတ္ပါေလာ။
လို႔ယြဲ႔ရြမ္း တစ္ေယာက္ ေမွာ္စြမ္းအင္ က်င့္ႀကံေရး ခန္းမမွ ထြက္သြားသည္ကို ၾကၫ့္ကာ ယြင္ေမာ့က လက္သီးဆုပ္ထားမိလိုက္၏။ သူမ အၿမဲတမ္း အႏိုင္ယူခဲ့သၫ့္ ထိုမိန္းကေလးက ယခုအခါ လက္ခုပ္ဩဘာသံမ်ားကို ယူေဆာင္သြားေလ၏။ လို႔ယြဲ႔ရြမ္းက သူမေခါင္းအထက္ ေရာက္လာသၫ့္အေၾကာင္းႏွင့္ သူမ စင္ေပၚမွ ေျပာခဲ့ေသာစကားမ်ားကို စဉ္းစားမိလ်ွင္ ႏွလံုးမီးၿမိဳက္မတတ္ မနာလိုျဖစ္ေနမိသည္။ သူမက ေမွာ္စြမ္းအင္ကို ျမန္ျမန္ စုစည္းႏိုင္ရန္ ေအာက္လမ္းစုန္းပညာကို သင္ယူထားတာ ျဖစ္ရမည္။
ဘာသာေရး ဂိုဏ္းခ်ဳပ္သာ သိသြားလ်ွင္ ဘယ္လို ျဖစ္သြားမလဲ ၾကၫ့္ရေသးတာေပါ့ ....
“ ညီမယြဲ႔ရြမ္းက ေမွာ္စြမ္းအင္ စုစည္းနည္းကို ေကာင္းေကာင္းနားလည္ေနတာကို မယံုႏိုင္ဘူး ” ဖန္းဟာက အံ့ဩတႀကီး ေရရြတ္လိုက္သည္။
“ ဟုတ္တယ္ သူမက ဘယ္လို ဖံုးကြယ္ထားရမလဲဆိုတာ ေကာင္းေကာင္း သိတာပဲ .... ” ယြင္ေမာ့က ဖြင့္ဟေျပာေတာ့မၫ့္ဆဲဆဲတြင္ စကားလံုးမ်ားကို အတင္းက်ပ္ မ်ိဳသိပ္လိုက္ရသည္။ သူမကို ဖန္းဟာက တမ်ိဳးထင္သြားမည္ကို မလိုခ်င္ေပ။
ဖန္းဟာက ယြင္ေမာ့ စကားမ်ားကို စိတ္ထဲ မထားဘဲ လို႔ယြဲ႔ရြမ္း ေနာက္ေက်ာပံုရိပ္ကိုသာ ဆက္ၾကၫ့္ေနသည္။ သူ႔စိတ္ထဲ၌ လို႔ယြဲ႔ရြမ္း ေမွာ္စြမ္းအင္ စုစည္းၿပီး စုပ္ယူေနသၫ့္ ျမင္ကြင္းသာ စြဲက်န္ေနသည္။ အကယ္၍ သူ႔တြင္ လို႔ယြဲ႔ရြမ္းကဲ့သို႔ စြမ္းရည္ပိုင္ဆိုင္ၿပီး သူ႔ဖန္းမ်ိဳးႏြယ္စု ပညာရပ္ႏွင့္ ပူးေပါင္းလိုက္လ်ွင္ သူက ခ်က္ခ်င္းဆိုသလို ေမွာ္ပညာရွင္ ျဖစ္လာလိမ့္မည္။
ထိုသို႔အေတြးမ်ိဳး ေပၚလာသည္ႏွင့္ သူ႔စိတ္ႏွလံုးသားထဲ ႀကီးထြားမလာခင္ အပင္ေပါက္လာခါစ ျဖစ္သၫ့္ မ်ိဳးေစ့ သဖြယ္ ျဖစ္၏။
…...........
လို႔ယြဲ႔ရြမ္းက လူအုပ္ၾကားမွ မည္သို႔ ထြက္လာႏိုင္သည္ကို မသိေတာ့ဘဲ သူမအေဆာင္သို႔ ျပန္ေရာက္သၫ့္အခါမွ သူမ လက္ထဲ၌ နာမည္ကတ္မ်ိဳးစံုျဖင့္ ျပၫ့္ေနမွန္း သိလိုက္ရသည္။
“ အစ္ကိုႀကီးမို ...” သူမ အေဆာင္ဆီ ျပန္ေရာက္လာသၫ့္အခါ လို႔ယြဲ႔ရြမ္းက အသိျပန္ကပ္လာၿပီး သူမ အေဆာင္တြင္ ေနေနသၫ့္ အစ္ကိုႀကီးမိုကို ေျပာျပရမည္ ျဖစ္ေၾကာင္း သတိျပဳမိလိုက္သည္။ သူမကို တကၠသိုလ္၌ နံပါတ္တစ္ ပါရမီရွင္ဟု ေခၚဆိုခံလိုက္ရသၫ့္ အဓိက အေၾကာင္းအရင္းမွာ မိုဝူက်ီေၾကာင့္သာ ျဖစ္ေပသည္။ တျခားနည္းျဖင့္ဆိုရလ်ွင္ အစ္ကိုႀကီးမိုဆီက သင္ယူသူ မည္သူမဆို ပါရမီရွင္ ျဖစ္လာလိမ့္မည္။
လို႔ယြဲ႔ရြမ္း တံခါးဖြင့္လိုက္ကတည္းက မိုဝူက်ီက ၾကားေသာ္လည္း မလႈပ္ရွားခ်င္ေသးေပ။ ဤေနရာတြင္ ဝိညာဉ္စြမ္းအားႏွင့္ ဆင္တူသၫ့္ ပါးလႊာလႊာ စြမ္းအင္ေလး ရိွေန၏။ ႏွေျမာစရာေကာင္းသည္က သူက ထိုအရာကို သံုး၍ မက်င့္ႀကံႏိုင္ျခင္း ျဖစ္ေပသည္။
မိုဝူက်ီက ေမွာ္စြမ္းအင္ က်င့္ႀကံျခင္းကို ေလ့လာထားသၫ့္အတြက္ ေမွာ္စြမ္းအင္ က်င့္ႀကံျခင္းမွာလည္း ေမွာ္စြမ္းအားကို မဟုတ္ဘဲ ဝိညာဉ္စြမ္းအားကိုသာ အသံုးျပဳျခင္း ျဖစ္ေၾကာင္း ေကာင္းေကာင္း သတိထားမိသည္။ ဤေနရာတြင္ အသံုးျပဳေနၾကေသာ ေမွာ္စြမ္းအင္လည္း မဟုတ္ေပ။
ယခု လို႔ယြဲ႔ရြမ္းက သူ႔အား ေခၚလိုက္ေသာေၾကာင့္ သူမအေနျဖင့္ စစ္ေဆးမႈ ေအာင္ျမင္သြားျခင္းသာ ျဖစ္ေၾကာင္း ယံုၾကည္၏။ အမွန္တိုင္းေျပာရလ်ွင္ သူမ မေအာင္ျမင္မွသာ ထူးဆန္းေနေပလိမ့္မည္။
မိုဝူက်ီက ၿပံဳးကာ ထြက္လာရင္း “ ယြဲ႔ရြမ္း အဆင့္ျမင့္အတန္း ေက်ာင္းသူတစ္ေယာက္ ျဖစ္လာတာ ဂုဏ္ယူပါတယ္ ”
လို႔ယြဲ႔ရြမ္းက ျမန္ျမန္ ျပန္ေျဖလိုက္သည္ “ အစ္ကိုႀကီးမို သင္ေပးလိုက္လို႔ပါ။ ဒီေန့ ညီမ စစ္ေဆးမႈ ေအာင္ျမင္ဖို႔ အခ်ိန္နည္းနည္းေလးပဲ လိုတယ္။ စစ္ေဆးမႈ ၿပီးသြားေတာ့ ဆရာယန္နဲ႔ ဆရာမက်န႔္တို႔က သူတို႔ရဲ့ တပၫ့္အျဖစ္ လက္ခံခ်င္ၾကတယ္။ ညီမရဲ့ ဆရာက အစ္ကိုႀကီး ျဖစ္သင့္တာကို သိပါတယ္ ... ”
မိုဝူက်ီက ေခါင္းခါကာ “ မင္း မွန္တာကို လုပ္ခဲ့တာပဲ .... က်ဳပ္ ဒီမွာ ၾကာၾကာမေနဘူးဆိုတာ မင္းလည္း သိမွာပါ ”
“ အစ္ကိုႀကီးမို .... ညီမ ေမွာ္စြမ္းအင္ ေက်ာက္တံုး ရလာတယ္ ....” လို႔ယြဲ႔ရြမ္းက သူမလက္ထဲမွ နာမည္ကတ္အားလံုးကို တစ္ဖက္ ထားလိုက္ၿပီး ခါးမွာ ခ်ိတ္ထားသၫ့္ ပန္းထိုးအိတ္ေလးကို ထုတ္ယူလိုက္သည္။
မိုဝူက်ီက လို႔ယြဲ႔ရြမ္းထက္ ပို၍ စိုးရိမ္ေနမိသည္။ သူက ထိုအိတ္ေလးကို ယူၾကၫ့္လိုက္သၫ့္အခါ မီးခိုးေရာင္ ေမွာ္စြမ္းအင္ ေက်ာက္တံုးကို ျမင္လိုက္ရသည္။
မိုဝူက်ီက သူ႔လက္ထဲ ေမွာ္စြမ္းအင္ ေက်ာက္တံုး ရလာသည္ႏွင့္ ႏွလံုးသားက ခုန္ေပါက္လာသည္။ ထိုေမွာ္စြမ္းအင္ ေက်ာက္တံုး၌ ဝိညာဉ္စြမ္းအား အရိပ္အေယာင္ေလး ပါဝင္ေနၿပီး ပို၍ အေရးႀကီးသည္က ထိုမွ ထြက္ေပၚေနေသာ ေမွာ္စြမ္းအင္ အေငြ့အသက္မ်ား ျဖစ္သည္။ မိုဝူက်ီက ေမွာ္စြမ္အင္ ခံစားမိသည္က ပထမဆံုးအႀကိမ္ မဟုတ္ေသာ္လည္း ယေန့အထိ ထိုစြမ္းအင္ကို ဘာအမ်ိဳးအစားမွန္း မသိခဲ့ေပ။
“ အစ္ကိုႀကီးမို အသံုးဝင္ရဲ့လားဟင္ ” လို႔ယြဲ႔ရြမ္းက စိုးရိမ္စြာ ေမးလိုက္သည္။
မိုဝူက်ီက လက္တစ္ဖက္မွ အိတ္ေလးကို ကိုင္ထားၿပီး တစ္ဖက္မွာ လို႔ယြဲ႔ရြမ္း၏ လက္ကို ဆြဲကာ ေျပာလိုက္သည္ “ အသံုးဝင္တယ္ ... အရမ္း အသံုးဝင္တယ္ ... က်ဳပ္ ခဏေလာက္ တံခါးပိတ္ က်င့္ႀကံလိုက္ဦးမယ္ .. အယ္ က်ဳပ္ေျပာခ်င္တာက က်ဳပ္အနား ဘယ္သူမွ မလာေအာင္ က်ဳပ္ကို ရက္အနည္းငယ္ေလာက္ ေစာင့္ေပးပါဦး။ ဒါနဲ႔ က်ဳပ္ မထြက္လာရင္လည္း အစားလာပို႔ဖို႔ မလိုဘူးေနာ္။ က်ဳပ္ဆီမွာ ဘီစကစ္ေတြပါတယ္။ ဆယ္ရက္ေက်ာ္ေလာက္ေတာ့ ဖူလံုမွာပါ ”
မိုဝူက်ီက က်င့္ႀကံဆင့္ မရိွေသာ္လည္း စားရန္ မလိုအပ္ေပ။ ပံုမွန္အားျဖင့္ လို႔ယြဲ႔ရြမ္းက ဆာေလာင္ေနမည္ကို စိုးရိမ္မိေသာေၾကာင့္ အလွၫ့္က် အစားအစာ လာပို႔ေပးေလ့ ရိွသည္။ သူ႔အား အထူးအဆန္း မထင္ေစရန္ ယခင္ရက္မ်ား၌ မိုဝူက်ီက အစားအစာကို လက္ခံခဲ့ရ၏။
“ ဟုတ္ အစ္ကိုႀကီးမို စိတ္ခ်ေနပါ .... ညီမ ဘယ္သူမွ လာေနွာင့္ယွက္ခြင့္ ျပဳမွာ မဟုတ္ဘူး ” ထိုသို႔ ယံုၾကည္ခ်က္ရိွစြာ ေျပာၿပီးေနာက္ သူမက မိုဝူက်ီဆီ စာအုပ္ ေပးလိုက္သည္ “ အစ္ကိုႀကီးမို ဒီဟာက ဆရာယန္ဆီက ရလာတာ ... ညီမထင္တာေတာ့ အေတာ္ေလး အသံုးဝင္တယ္ ထင္တယ္။ တစ္ခ်က္ေလာက္ ၾကၫ့္ၾကၫ့္ပါဦး ”
“ ေကာင္းၿပီေလ” မိုဝူက်ီက တံခါးကို မပိတ္ခင္ စာအုပ္ကို လက္ခံလိုက္သည္။
သူက သိုေလွာင္လက္စြပ္ကို ျမန္ျမန္ ဖြင့္ႏိုင္ဖို႔ရာ စိတ္အားထက္သန္ေနမိသည္။ ေစာေစာေလးမွ အိတ္ေလးထဲကေန ေမွာ္စြမ္းအင္ ေက်ာက္တံုး ကိုးတံုးကို ေတြ့လိုက္ရသည္။ အမ်ားႀကီး မဟုတ္ေသာ္လည္း ဝိညာဉ္စြမ္းအား စုစည္းဖို႔ရာ လံုေလာက္လိမ့္မည္။
မိုဝူက်ီတြင္ က်င့္ႀကံဆင့္ မရိွသၫ့္အတြက္ ဝိညာဉ္စြမ္းအားမ်ားကို သူ႔ခ်ီေသြးေၾကာထဲ ပို႔လြတ္ၿပီး လွၫ့္ပတ္ေစရံုမ်ွသာ အသံုးျပဳႏိုင္သည္။
ေမွာ္စြမ္းအင္ ေက်ာက္တံုး၌ ဝိညာဉ္စြမ္းအင္ ပါးလႊာလႊာေလး ပါဝင္ေသာ္လည္း မိုဝူက်ီက ယံုၾကည္ခ်က္ အျပၫ့္ရိွသည္။ အဓိက အေၾကာင္းအရင္းမွာ သူ႔တြင္ သဘာဝ စြမ္းအား သိုေလွာင္ေရး လမ္းေၾကာင္း ပိုင္ဆိုင္ထား၍ ျဖစ္ေပသည္။ ေမွာ္စြမ္းအင္ ေက်ာက္တံုး ကိုးတံုးက ဝိညာဉ္စြမ္းအား နည္းနည္းေလးသာ ထုတ္ႏိုင္ေသာ္ျငား သူက ထိုစြမ္းအားမ်ားကို သဘာဝ စြမ္းအား သိုေလွာင္ေရး လမ္းေၾကာင္းထဲ စုစည္းႏိုင္သေရြ့ သူ႔အေနႏွင့္ တစ္ခါႀကိဳးစားရံုျဖင့္ သိုေလွာင္လက္စြပ္ကို ဖြင့္ႏိုင္လိမ့္မည္။ လက္စြပ္ ဖြင့္ႏိုင္သည္ႏွင့္ အရာအားလံုးက သူ႔အတြက္ ရိုးရွင္းသြားေပလိမ့္မည္။
မိုဝူက်ီက တံခါးပိတ္ က်င့္ႀကံရန္ ဝင္သြားၿပီးေနာက္ လို႔ယြဲ႔ရြမ္းလည္း စိတ္အားတက္ႂကြမေနေတာ့ေပ။ ယခင္ သူမတို႔နယ္၌ နံပါတ္တစ္လည္း ျဖစ္ေပေသာ္ျငား အန္းက်င္းတကၠသိုလ္၌ ရလဒ္အေတာ္သင့္ေကာင္းသၫ့္ ေက်ာင္းသူ တစ္ေယာက္မ်ွသာ ျဖစ္၏။ အန္းက်င္းတကၠသိုလ္သို႔ ေရာက္လာၾကသူ အမ်ားစုမွာ သူတို႔နယ္၌ နံပါတ္တစ္ရၾကသူမ်ား ျဖစ္ၾကသည္။
အခ်ိန္တိုေလးအတြင္း သူမက အန္းက်င္းတကၠသိုလ္၏ နံပါတ္တစ္ ပါရမီရွင္ တစ္ေယာက္ ျဖစ္လာခဲ့ၿပီး ဆရာယန္ခယ့္က်ယ္ႏွင့္ ဆရာမက်န႔္ရွန္းတို႔၏ ေက်ာင္းသူလည္း ျဖစ္လာခဲ့သည္။
နာမည္ကတ္မ်ားကို ျပန္ၾကၫ့္ၿပီးေနာက္ လ်န႔္ႏိုင္ငံ၏ ထိပ္တန္း စီးပြားေရး လုပ္ငန္းရွင္မ်ား၊ မိမ်ိဳးႏြယ္စုႏွင့္ အန္းက်င္းၿမိဳ႔၌ ဂုဏ္သေရရိွ နာမည္ေက်ာ္ ပုဂၢိုလ္မ်ား၏ အမည္ကတ္မ်ားကို ေတြ့လိုက္ရသည္။
“ ဘုန္း ” တံခါးကို ခ်က္ခ်င္း ေဆာင့္ကန္ဖြင့္လိုက္ေသာေၾကာင့္ လို႔ယြဲ႔ရြမ္းက အေတြးနစ္ေမ်ွာေနရာမွ အသိျပန္ဝင္လာသည္။ သူမက အံ့ဩတႀကီး ထရပ္ကာ တံခါးကို ျဖတ္ကာ ဝင္လာသၫ့္ လူသံုးေယာက္ကို ၾကၫ့္လိုက္သည္။ ထိုသံုးေယာက္အျပင္ တံခါးအျပင္ဘက္၌ လူမ်ားစြာလည္း ရိွေနေသး၏။
“ဌာနမွဴး ဂူ .....” အထဲ ဝင္လာသၫ့္ သံုးေယာက္၌ လို႔ယြဲ႔ရြမ္းက စိတ္ပ်က္လက္ပ်က္ အမူအယာျဖင့္ အသက္ႀကီးႀကီးတစ္ေယာက္ကို ျမင္လိုက္ရသည္။ သူမအေနျဖင့္ တကၠသိုလ္၏ ဌာနမွဴး ဂူက သူစိမ္းေတြကို တကၠသိုလ္၏ နံပါတ္တစ္ ပါရမီရွင္အခန္းကို အဘယ္ေၾကာင့္ ဖ်က္စီးခြင့္ ျပဳသည္ကို နားမလည္ႏိုင္ေပ။
ဌာနမွဴးဂူက လို႔ယြဲ႔ရြမ္း၏ နားမလည္ေသာ အမူအယာကို သတိျပဳမိၿပီး ရွက္ရြံ႔စြာ ေခါင္းငံု႔ထားလိုက္သည္။ တကၠသိုလ္၏ ဌာနမွဴးက မည္မ်ွ ရာထူးႀကီးပါေစ ဘာသာေရး ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီးကိုေတာ့ မဆန႔္က်င္ႏိုင္ေပ။ ယခု ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီးက ေရာက္လာၿပီ ျဖစ္ရာ သူ႔အေနျဖင့္ ဘာမ်ား လုပ္ႏိုင္မည္နည္း။ အကယ္၍ သူ တစ္ေယာက္တည္း ျဖစ္ေနလ်ွင္ သူ႔အသက္ကို စြန႔္လြတ္ႏိုင္လိုက္ေသာ္လည္း သူ႔တြင္ ေစာင့္ေရွာက္ေပးရမၫ့္ အန္းက်င္းတကၠသိုလ္ ရိွေနေသး၏။
“ မင္းက လို႔ယြဲ႔ရြမ္းလား ... အခ်ိန္တိုေလးအတြင္းမွာ ေမွာ္စြမ္းအင္ကို စုစည္းႏိုင္ၿပီး စုပ္ယူႏိုင္တယ္ဆိုတဲ့ တစ္ေယာက္လား ” မ်က္ႏွာရွည္ရွည္ လူငယ္က ေရိွ့သို႔ ေလ်ွာက္လွမ္းလာကာ လို႔ယြဲ႔ရြမ္းကို ေအးစက္စြာ စိုက္ၾကၫ့္လိုက္သည္။
လို႔ယြဲ႔ရြမ္းက နားမလည္ေသး၍ ေျဖလိုက္သည္ “ ဟုတ္ပါတယ္ က်မက လို႔ယြဲ႔ရြမ္းပါ ”
ေနာက္ထပ္ မ်က္ႏွာမည္း လူလတ္အမ်ိဳးသားက လို႔ယြဲ႔ရြမ္း စကားကို ၾကားေသာအခါ ခ်က္ခ်င္း ေျပာလိုက္သည္ “ သူမကို ေခၚသြားၾကစမ္း ”
လို႔ယြဲ႔ရြမ္းက ျပန္မတံု႔ျပန္ႏိုင္ခင္ ေဒါသထြက္ေနသၫ့္ အသံတစ္သံ ထြက္ေပၚလာသည္ “ မင္းတို႔လူေတြက ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ႀကီး လက္ေအာက္က ဆိုရင္ေတာင္ ငါ့တပၫ့္ကို အန္းက်င္းတကၠသိုလ္ကေန ေခၚသြားလို႔ မရဘူး ”
ေဒါသတႀကီး ျဖစ္ေနသၫ့္ က်န႔္ရွန္းက လို႔ယြဲ႔ရြမ္းေရ႔ွ ေရာက္လာသည္။
လို႔ယြဲ႔ရြမ္း၏ စိတ္ထဲ ေနြးေထြးသြားမိသည္။ အျဖစ္အပ်က္ကို နားမလည္ေသးေသာ္လည္း ကိစၥေသးေသးေတာ့ ျဖစ္မည္ မဟုတ္ေပ။ အေၾကာင္းမွာ သူမကို ေခၚသြားရန္ အမိန႔္ေပးသူမွာ ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး လက္ေအာက္မွ လူျဖစ္ေန၍ ျဖစ္သည္။ လို႔ယြဲ႔ရြမ္းက သူ႔အက်ႌေပၚမွ အမွတ္အသားကို ၾကၫ့္၍ ေျပာႏိုင္၏။ ပံုမွန္အေျခအေနေအာက္တြင္ ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး လက္ေအာက္၌ အလုပ္လုပ္ေနရသၫ့္သူကို ျငင္းပယ္ႏိုင္မည္နည္း။
က်န႔္ရွန္းက သူမ လက္ခံထားသၫ့္ ဆရာတစ္ေယာက္ ျဖစ္ေသာ္လည္း သူမကို ဤမ်ွကာကြယ္ေပးေလ၏။
“ ဆရာက်န႔္ ေသာင္းၾကမ္းလို႔ မရဘူးေလ။ ဒါက လ်န႔္ႏိုင္ငံမွာ ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး အုပ္ခ်ဳပ္သူ အရွင္ ဖုန္းလူေလ ...” ဌာနမွဴးဂူက လို႔ယြဲ႔ရြမ္းကို ဖမ္းရန္ အမိန႔္ေပးသၫ့္ မ်က္ႏွာမည္းလူကို ၫႊန္ျပရင္း ျမန္ျမန္ ဝင္ေထာက္ကာ ေျပာလိုက္ရသည္။ သူ႔ကို မိတ္ဆက္ေပးၿပီးေနာက္ ဌာနမွဴးဂူက မ်က္ႏွာခပ္ရွည္ရွည္ႏွင့္ လူကို ၫႊန္ျပကာ “ ဒါက ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီးရဲ့ ေမွာ္ဆရာ ပို႔ေလာက်င္း ေလ ”
က်န႔္ရွန္းက သူမအသံကို ထိန္းကာ တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္ “ ဌာနမွဴး ဂူ ... ဒီေနရာမွာ ဘယ္သူပဲ ျဖစ္ျဖစ္ က်မရဲ့ တပၫ့္ကို ေခၚသြားႏိုင္ခြင့္ မျပဳႏိုင္ဘူး။ ဌာနမွဴးတစ္ေယာက္အေနနဲ႔ ရွင္ လုပ္သင့္တာက သူတို႔ကို ေခၚလာမဲ့အစား က်မတို႔ ေက်ာင္းသူ ေခၚသြားတာကို တားရမွာေလ ”
“ ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီးရဲ့ အမိန႔္ကိုေတာင္ ဘယ္လို ပုန္ကန္ရဲတာလဲ ... သူမကိုပါ ေခၚသြား ” အုပ္ခ်ဳပ္သူ အရွင္ ဖုန္းလူက အသည္းအသန္ ေအာ္ေျပာလိုက္သည္။