(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

712K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ

4K 903 58
By Xiao_Yiii

Unicode

အခန်း(၂၁၇) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ

ရှန်ရူပင်းရဲ့အမူအယာကမဲမှောင် သွားပြီးအော်ဟစ်လိုက်သည်။

"ရှင်ကသေချင်နေတာပဲ!"

သူမလက်ထဲမှာရှည်လျားတဲ့ကြာပွတ် တစ်ခုကိုကိုင်ထားလိုက်ပြီဆိုတာကို လူတိုင်းမြင်နိုင်ပြီးရှုပ်ထွေးကာလှပသည့် စည်းတံဆိပ်တစ်ခုဖော်ဆောင်နေသလို မျိုးလေထဲမှာကခုန်နေသည်။ရုတ်တရက် ခမ်းနားထည်ဝါသောဝိဉာဏ်ချီအင်အားစု တစ်ခုထွက်ပေါ်လာပြီးကောင်းကင်မှ ကျလာသည့်တူနှင့်ထိပ်တိုက်တွေ့ဆုံ သွားလေသည်။

ဘုန်း---

ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ကလေထဲမှာထွက်ပေါ်လာသည်။လူ အများစုမှာပြင်းထန်သောလှိုင်းလုံး ကြောင့်သွေးများအန်ကြပြီးလင်ရွှမ်းဇီ တစ်ယောက်တည်းသာလျင်မြန်စွာ တုန့်ပြန်၍အချိန်ကိုက်ကာကွယ်ရေး ရတနာကိုထုတ်ယူလိုက်နိုင်ပြီးသူ့ကိုယ် သူနှင့်သူ့နောက်မှာရပ်နေသောလင်ဇီဂျီ ကိုကာကွယ်ပေးထားလိုက်သည်။

ဖုန်များရွှံများကနေရာတိုင်းပျံ့နှံ့နေပြီး ကမ္ဘာကြီးက,ကမောက်ကမဖြစ်မှုကို တိုက်ဖျက်ဖို့ခြိမ်းခြောက်နေသလိုပင်။ ထိတ်လန့်တုန်လှုပ်မှုတွေကုန်ဆုံးသွား တဲ့အချိန်မှာလင်ရွှမ်းဇီနှင့်လင်ဇီဂျီတို့ သာလုံးဝအထိအခိုက်မရှိကျန်နေခဲ့ တာဖြစ်သည်။ကျန်တဲ့သူများကတော့ အတိုင်းအတာတစ်ခုထိဒဏ်ရာရသွား ကြသည်။

"သေစမ်း!"

မိသားစုတစ်ရာမှတပည့်သည်သူ့ ထိုးနှက်မှုကထိခိုက်ခြင်းမရှိပဲဆက်ပြီး တည်ငြိမ်နေသည်ကိုမြင်လိုက်သော အခါအရှိန်အဝါနဲ့တင်ဖိနှိပ်နိုင်သည့် ရွှေရောင်အလင်းတောက်နေသော နောက်ထပ်တူအကြီးတစ်ခုကိုထပ် ထုတ်လိုက်သည်။ထိုတူကတကယ် ကိုအထက်တန်းအဆင့်မှော်ကိရိယာပဲ!

ရှန်ရူပင်းရဲ့အမူအရာကအနည်းငယ် ပြောင်းလဲသွားခဲ့သည်။သူမကခက်ခဲတဲ့ ခန္တာအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ် သော်လည်းလက်ရှိမှာသူ့ကျင့်ကြံဆင့် ကိုအခြေတည်အဆင့်တတိယအလွှာ ထိဖိနှိပ်ထားတာဖြစ်သည်။သူမစုဆောင်း နိုင်သည့်စွမ်းအားသည်လက်ရှိသုံးခဲ့တာ ကအများဆုံးဖြစ်သည်။အကယ်၍သူမ ထိုအပြစ်သားကောင်အားဖယ်ရှားလိုက် နိုင်ရင်တောင်ကျန်တဲ့ခရီးတစ်လျှောက် လုံးသူမအနေနဲ့တစ်ခြားသူများကိုမှီခိုနေ ရလိမ့်မည်။

ရှန်ရူပင်းတွန့်ဆုတ်နေသည့်တစ်ခဏမှာ ပိုပြီးအင်အားပြင်းသည့်တိုက်ခိုက်မှုက သူမရဲ့မျက်စိရှေ့ကိုရောက်လာခဲ့ပြီဖြစ်၏။

ရှန်ရူပင်းကအလျင်အမြန်တိုက်ခိုက် ရန်ပြင်ဆင်လိုက်သော်လည်းသူမရဲ့ နည်းစနစ်ကအစပြုအဆင့်မှာပဲရှိနေ သေးသည်။ထိုတိုက်ခိုက်မှုကြောင့် သူမဒဏ်ရာရတော့မယ့်ပုံပေါ်နေသည်။

မိသားစုတစ်ရာမှတပည့်ကသူ့ရဲ့အောင် ပွဲသေချာသွားတာကြောင့်စိတ်ကျေနပ် သွားသည့်အပြုံးတစ်ခုပြသလာသည်။ သူကမျက်လုံးအနီရောင်ဖြစ်နေပြီဖြစ် ပြီးလင်ရွှမ်းဇီနှင့်ရှန်ရူပင်းအားသတ်ကာ သူတို့ရဲ့ရတနာများအားသိမ်းယူနိုင်ဖို့ မစောင့်နိုင်တော့ပေ။

Ring—

ပြင်းထန်ပြီးထည်ဝါလှသည့်ဝိဉာဏ်ချီ တိုက်ခိုက်မှုအောက်တွင်ခေါင်းလောင်း တစ်ခု၏ခပ်တိုးတိုးကလင်ကလင်အသံ ထွက်ပေါ်လာခဲ့ပြီးလင်ရွှမ်းဇီကလွဲရင် ဘယ်သူမှမကြားလိုက်ကြပေ။

လင်ဇီဂျီကလင်ရွှမ်းဇီနောက်မှာရပ်နေ ခဲ့တာဖြစ်သော်လည်းအရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

လင်ရွှမ်းဇီရဲ့ရှည်သွယ်သည့်လက်ချောင်း များကလက်ဖဝါးအရွယ်ရှိခေါင်းလောင်း လေးအားညှစ်ထားသည်။ခေါင်းလောင်းရဲ့ ကိုယ်ထည်ကအနုစိတ်စည်းတံဆိပ်များ ဖြင့်ထွင်းထုထားလေသည်။သူကအဲ့ဒါကို ခပ်ဖွဖွလှုပ်ခါလိုက်သောအခါခေါင်း လောင်းရဲ့မည်သံကနက်ရှိုင်းလှသည့် အဓိပ္ပါယ်ဖြင့်ထွက်ပေါ်လာပြီးပြင်းထန် လှသည့်လေကြမ်းများနှင့်အကန့်အသတ် မရှိသည့်တိုက်ခိုက်မှုကလမ်းညွှန်မှုတစ်ခု ကိုရရှိလိုက်သလိုမျိုးလင်ရွှမ်းဇီရဲ့ခေါင်း လောင်းအတွင်းသို့တိုးဝင်သွားကြသည်။

"အာ......"

လင်ဇီဂျီရဲ့အံ့အားသင့်သွားသည့် အသံကလုံးဝမသေဆုံးသွားခင်မှာ အရာအားလုံးတိတ်ဆိတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ကျဆင်းနေသည့် မိုးစက်များရဲ့တစ်ဖြောက်ဖြောက် အသံသာကျန်ရှိခဲ့သည်။

လင်ဇီဂျီကဗလာဖြစ်စွာစိုက်ကြည့်နေ မိပြီးသူ့ပါးစပ်ကတော့ထိတ်လန့်မှုကြောင့် ပွင်ဟနေမိဆဲပင်။

ဘယ်သူမှမတုန့်ပြန်နိုင်ခင်မှာပဲ လင်ရွှမ်းဇီကသူ့လက်စည်းတံဆိပ် ကိုအလျင်အမြန်ပြီးဆုံးစေလိုက်ပြီ ဖြစ်ပြီးခေါင်းလောင်းအားလေထဲသို့ ပစ်ထုတ်လိုက်ပြီးမှော်စည်းတံဆိပ် တစ်ခုဖော်ဆောင်နေရင်းဖြင့်မှော် စာလုံးတစ်ချို့ကိုရေရွတ်လိုက်သည်။ သူကအမြင့်မှာအမြန်နှုန်းနဲ့လည်နေ သည့်ထိုခေါင်းလောင်းအားအမှန် တကယ်ကိုမိသားစုတစ်ရာမှတပည့် ဆီသို့ပစ်ထုတ်လိုက်ခြင်းပင်!

တူညီသည့်လှုပ်ရှားမှုကပိုင်ရှင်ထံသို့ ပြန်ခုန်ဝင်သွားခဲ့ပြီးမိသားစုတစ်ရာမှ တပည့်ကပြန်မတုန့်ပြန်နိုင်သေးခင်မှာ တင်ပြင်းထန်သည့်စွမ်းအားတစ်ခုနှင့် ပစ်ထုတ်လိုက်ခြင်းအားခံလိုက်ရသည်။

သွေးများကမိုးရေနှင့်ရောနှောသွားခဲ့ပြီး ရလဒ်ကတော့သွေးမိုးရွာသွားခဲ့ကာမြေ ပေါ်သို့လုံးဝကျဆင်းသွား၍အနီရောင် နှင့်ဆေးခြယ်လိုက်တော့သည်။

ခဏတစ်ဖြုတ်ဧရိယာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီးမည်သူမျှ စကားမပြောကြတော့ပေ။

လင်ရွှမ်းဇီရဲ့မြန်ဆန်ပြီးအထင်ကြီးစရာ တိုက်ခိုက်မှုကမိုးကြိုးမှုန်တိုင်းလို အစွမ်းများအားဖော်ပြနေသည်။ ထိုအချက်များအားသူ့ရဲ့ရက်စက် ကြမ်းကြုတ်ပြီးအရေးယူဆောင်ရွက် တတ်သည့်လုပ်ရပ်နှင့်ယှဉ်တွဲလိုက် သည့်အခါလူများအားသူတို့ရင်ထဲမှ လေးစားကြောက်ရွံ့မှုများကိုမဖိနှိပ် နိုင်အောင် ဖြစ်သွားစေသည်။

တပည့်တော်တော်များများရဲ့ လင်ရွှမ်းဇီအပေါ်ကြည့်တဲ့အကြည့် များသည်လည်းပြောင်းလဲသွားခဲ့ပြီး သူတို့ရင်ထဲမှာတွေးတောင်တွေးမိကြသည်။

ကံကောင်းလို့အဲ့ဒီလူကိုငါအရင် ကရန်မစခဲ့မိတာ ဟူ၍

တွေးသင့်သည့်အတွေးများရော မတွေးသင့်သည့်အတွေးများရော အားလုံးအနားယူလိုက်ကြရတော့ သည်။မူလကတော့လင်ရွှမ်းဇီနဲ့ မိသားစုတစ်ရာကသနားစရာ တပည့်လေးတိုက်ခိုက်ကြရင် သူတို့ကျဆုံးတဲ့အချိန်နှစ်ဖက်လုံးမှာ အကျိုးအမြတ်များအားအချောင် လိုချင်နေကြသည့်သူများလည်းရှိနေ သည်။သို့သော်ဒီအချိန်မှာတော့ထို တိုက်ခိုက်မှုမှသူတို့အားလုံးကြောက် လန့်တုန်လှုပ်မှုကိုသာခံစားလိုက်ကြ ရပြီးတစ်ခြားမသင့်တော်တဲ့အတွေး များမတွေးတော့ပဲရိုးရိုးသားသားနှင့် မထင်မရှားသာနေလိုကြတော့၏။

တစ်စုံတစ်ယောက်ကဦးဆောင်ပြီး စကားစပြောလာသည်။

"လက်မှုပညာရှင်လင်ကတကယ်ကို အံ့အားသင့်စရာကောင်းတာပဲကျုပ်တို့ သူ့အပေါ်လေးစားတာနောက်ထပ်မြင့် မားတဲ့အဆင့်ကိုတက်သွားပြီ"

ချက်ချင်းပင်တစ်ခြားတစ်ယောက် ကလည်းတစ်လေးတစ်စားဝင်ပြောလာ၏။

"တကယ်ကိုပါပဲ...လက်မှုပညာရှင်လင်ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကအခြေတည် အဆင့်တတိယအလွှာကျင့်ကြံသူ ထက်တောင်မနိမ့်ဘူး...အဲ့ဒီမှော်ရတနာ တွေနဲ့ပါဆိုတော့ကျုပ်တို့ခရီးတစ်လျှောက် လုံးလက်မှုပညာရှင်လင်ကိုပဲမှီခိုရမှာကို တောင်စိုးမိတယ်ဗျာ"

"လက်မှုပညာရှင်..အခုလေးတင် ခင်ဗျားသုံးလိုက်တဲ့လက်နက်က ဘာများလဲဗျာ?"

တစ်စုံတစ်ယောက်ကမေးလိုက်သည်။

တစ်ခြားသူများလည်းထိုအရာကို အသိချင်ဆုံးအရာဖြစ်နေသည်ပင်။

လင်ရွှမ်းဇီကလည်းဖုန်းကွယ်မထားပေ။ သူ့လက်ထဲမှာကခေါင်းလောင်းကို ကိုင်ထားဆဲဖြစ်သည်။သူကအနည်း ငယ်သာယမ်းခါလိုက်သော်လည်း ခေါင်းလောင်းကပဲ့တင်ထပ်နေသည့် လှိုင်းများနှင့်ပြည့်နေသောကြည်လင် သည့်အသံကိုထုတ်လွှင့်လာလေသည်။

သူထိုသို့လုပ်လိုက်သည့်အချိန်မှာပဲ လင်ရွှမ်းဇီရှေ့တည့်တည့်မှာရပ်နေ ကြသည့်လူတော်တော်များများမှာ ကြောက်စရာကောင်းသည့်အရာ တစ်ခုခုဖြစ်ပေါ်မှာစိုးသလိုမျိုးတစ်ခြား ဦးတည်ရာဘက်သို့ပြေးကြတော့၏။ သို့သော်သူတို့ခြေလှမ်းအနည်းငယ် သာလှမ်းလိုက်ရပြီးအဲ့ဒါကဒီအတိုင်း ခေါင်းလောင်းလေးတစ်ခုသက်သက် သာဖြစ်ကာသူကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းရည်မရှိဘူးဆိုတာနားလည်သွား ကြရသည်။

"ခစ်ခစ်ခစ်......"

တိမ်လွှာကျောက်စိမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများဆီမှ သူတို့ရဲ့ရှက်ရွံ့စရာမြင်ကွင်းကို ကြည့်ပြီးဆည်းလည်းသံလို ရယ်သံလေးများထွက်လာကာ လေးလံနေသည့်ခံစားချက်များကို သက်သာသွားစေသည်။

လင်ရွှမ်းဇီကရှင်းပြပေးသည်။

"ဒီပစ္စည်းကChaotic Sky ခေါင်းလောင်းလို့ခေါ်တယ်အဲ့ဒါက အခြေတည်အဆင့်ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုအလုံးစုံကိုစုပ်ယူနိုင်ပြီး အဲ့ဒီလူဆီစွမ်းအားအပြည့်ပြန်သွား စေနိုင်တယ်...ဒါကထိတ်တန်းအဆင့် မှော်ကိရိယာအမျိုးအစားထဲမှာပါပြီး ရွှေနဲ့ကမ္ဘာမြေဂုဏ်သတ္တိကိုပိုင်ဆိုင် ထားတယ်လေ"

"ဟင့်"ရှန်ရူပင်းကနေရာမှာပဲ နှာခေါင်းရှုံ့လိုက်သည်။

"အဲ့ဒီဟွမ့်မိသားစုကကောင်စုတ် ကတော့မပြစ်မှားသင့်တဲ့သူကိုပြစ်မှား မိတဲ့အတွက်သူ့ရဲ့ကံမကောင်းမှုကို သူ့ကိုယ်သူပဲအပြစ်တင်ရမှာပဲ... တစ်စုံတစ်ယောက်ရဲ့စွမ်းရည်ကို စုပ်ယူပြီးအဲ့ဒီလူကိုပြန်တိုက်ခိုက် နိုင်တဲ့မှော်ရတနာအများစုက တိုက်ခိုက်မှုအလုံးစုံကိုမစုပ်ယူနိုင် ကြတာဒါမှမဟုတ်ပိုင်ရှင်ဆီစွမ်းအား အပြည့်ပြန်မတိုက်နိုင်တာတွေကြီးပဲ ..သူတို့တွေကတိုက်ခိုက်မှုအနည်းငယ် လျော့ကျတာဒါမှမဟုတ်စွမ်းအား ယိုစိမ့်တာတွေတော့ဖြစ်ကြတယ် ဒါပေမဲ့သူကဒီလိုထိတ်တန်းအဆင့် မှော်ကိရိယာမျိုးနဲ့မှတွေ့သွားတော့ သူနဲ့ထပ်တူထပ်မျှအစွမ်းကိုပြန်ရင် ဆိုင်လိုက်ရတာအဲ့ဒါကြောင့်ဒါက လုံးဝကိုကိုယ်ပြုတဲ့ကံကိုယ့်ထံပြန်ပဲ"

"အမှန်ပဲ" လင်ဇီဂျီကသဘောတူစွာခေါင်း ညိမ့်ပြလိုက်သော်လည်းခေါင်းညိမ့် အပြီးမှာရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားသည်။

"အဲ့ဒီလူက..သူ့မျိုးနွယ်နာမည်ဟွမ့်လား?"

မိသားစုတစ်ရာစုဝေးပွဲထဲမှာ မိသားစုအနည်းငယ်မှာပုံတူကွဲမျိုးနွယ် နာမည်တွေရှိတာကြောင့်သူတို့ရဲ့မျိုးနွယ် နာမည်တစ်ခုထဲနှင့်ထိုလူကဘယ်မိသားစု ကလဲဆိုတာပြောနိုင်သည်။

ရှန်ရူပင်းကလင်ဇီဂျီအား တစ်ချက်ကြည့်လိုက်သည်။

"အဲ့ဒီကဒီအတိုင်းပထမအဆင့်မိသားစု လေးပါ....သူတို့ထဲကတပည့်တစ် ယောက်လောက်သေသွားတာဘာကိစ္စမှ မရှိဘူး.....သူ့မိသားစုကဒီဂိုဏ်းသခင် မလေးကိုပြဿနာလာရှာရဲမယ်လို့ များပြောချင်တာလား?"

ခါးသီးသည့်ရယ်ချင်စိတ်တစ်ခု ကလင်ဇီဂျီရဲ့ရင်ထဲမှာချက်ချင်း မြင့်တက်လာရသည်။

ဟွမ့်မိသားစုကအရှေ့တိုက်မကြီးရဲ့ အဓိကမိသားစုတစ်ခုဖြစ်သည်။ ထိုဟွမ့်မိသားစုကသေချာပေါက် ရှန်ရူပင်းကိုတော့ပြဿနာသွားရှာ ရဲမှာမဟုတ်ပေမယ့်လင်မိသားစုကရော?

ဒါ့အပြင်နောက်ဆုံးတိုက်ခိုက်မှုကို အဆုံးသတ်လိုက်သည့်သူက လင်ရွှမ်းဇီဖြစ်ပြီးရှန်ရူပင်းမဟုတ်ပေ။

"အကယ်၍သူကဘေးဌာနခွဲက မထင်မရှားဆိုရင်......"လင်ဇီဂျီမှာေ မျှော်လင့်ချက်ကြိုးတစ်ချောင်းကို ကိုင်ဆောင်ထားဆဲပင်။

"သူကပင်မမိသားစုက" လင်ရွှမ်းဇီကပြောလိုက်သည်။

လင်ဇီဂျီကလင်ရွှမ်းဇီအားကြည့်မိတော့၏။

"အရင်ကသိုင်းပညာယှဉ်ပြိုင်ပွဲမှာ သူ့ကိုယ်သူမိတ်ဆက်သေးတယ် ပြီးတော့သူကဟွမ့်မိသားစုရဲ့ ပင်မဌာနကတစ်ယောက်တည်း သောအမွေဆက်ဆံသူဆိုတာကို လည်းအလေးပေးပြီးပြောခဲ့တာ"

လင်ဇီဂျီ , "....."

သူ့မှာဘာမှမတတ်နိုင်ပဲ နာကျင်လာသလိုခံစားရသည်။

လင်ဇီဂျီကတံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်ကာပြောလိုက်သည်။

"ဒီမျိုးဆက်မှာဟွမ့်မိသားစုထဲ တရားဝင်သားတစ်ယောက်ပဲ ရှိတယ်လို့ကြားဘူးသလိုပဲ"

"ကျုပ်လည်းကြားဘူးတယ်"

"ဒါဆို......"

လင်ဇီဂျီမှာစိတ်ရှုပ်ထွေးနေမိသည်။ ဟွမ့်မိသားစုအကြီးအကဲများကသူတို့ အိမ်တံခါးအားလာခေါက်သည့်ဝမ်းနည်း ဖွယ်မြင်ကွင်းကိုပင်သူမြင်တွေ့နေရသလိုပင်။

လင်ရွှမ်းဇီကလက်ကိုဝှေ့ယမ်းလိုက်သည်။

"သူအသတ်ခံရပြီးပြီဆိုတော့လည်း အသတ်ခံလိုက်ရပြီပေါ့...ပြီးတော့ လည်းငါတို့ကအရင်စတိုက်ခိုက် တာမှမဟုတ်တာ...လူတွေကမကောင်း တဲ့ရည်ရွယ်ချက်တွေကိုသူတို့ရင်ထဲမှာ သိုးမှီးထားလို့မရဘူးလို့ပြောပေမယ့် သူတို့လည်းတစ်ခြားသူတွေကိုထိခိုက် နာကျင်အောင်ဆန့်ကျင်လို့မရပါဘူး ..ဟွမ့်မိသားစုမှာအကြီးအကဲတွေ ရှိလိမ့်မယ်ဒါပေမဲ့လင်မိသားစုမှာ လည်းမရှိတာမှမဟုတ်တာ"

လင်ဇီဂျီရဲ့အမူအယာကတော့အလွန် စိတ်သောကရောက်နေပုံရသည်။ သူ့အမေနဲ့တတိယအကြီးအကဲတို့သာ သူဒီလိုပြဿနာကြီးနဲ့ဆက်နွယ်ပတ် သတ်သွားတာကိုသာသိရင်ဒီလင်ဇီဂျီ, မသန့်ရှင်းတဲ့သံကသံမဏီမြန်မြန်မဖြစ် လာဘူးဆိုတဲ့အဖြစ်မှန်ကိုမုန်းတီးပြီးသူ့ ကိုသင်ခန်းစာပေးမည်အားတွေးကြည့် မိတော့သည်။ထိုအကြောင်းကိုစဉ်းစား မိတာနဲ့တင်ချက်ချင်းနာကျင်လာသလို ခံစားရသည်လေ။

ဒါပေမဲ့လည်းလက်ရှိမှာကိစ္စက ဒီလောက်ထိတောင်ရောက်နေပြီ ဆိုမှတော့သူ့အေ့နနဲ့စကားတစ်ခွန်း သာပြောနိုင်တော့သည်။

"ဟွမ့်မိသားစုကဒီကိစ္စကို မလိုက်ဖို့ပဲမျှော်လင့်ရမှာပဲ"

လင်ရွှမ်းဇီကတော့တိတ်တဆိတ် လေးတွေးမိ၏။

ဒီလင်ဇီဂျီကနုံအပြီးရိုးရှင်းတဲ့လူငယ် လေးပဲဖြစ်နေဦးမယ်လို့ဘယ်သူက သိမှာလဲ...ဟွမ့်မိသားစုရဲ့တစ်ယောက် တည်းသောဆက်ခံသူသေသွားတဲ့ ဟာကို...ဒါကဘယ်သူ့အမှားပဲဖြစ်နေ ပါစေဟွမ့်မိသားစုကတော့ဒီကိစ္စကို သေချောပေါက်စုံစမ်းလိမ့်မယ်..

ဒါ့အပြင်ဒီကိစ္စကသေချာပေါက် ဒီမှာပဲပြီးမှာမဟုတ်တာကိုစိုးမိသည်။

လင်ရွှမ်းဇီကပေါ့ပေါ့ပါးပါး သာပြောလေသည်။

"ကောင်းကင်ကြီးပြိုကျ သွားရင်တောင်အဲ့ဒါကိုကိုင်ပေးထား မယ့်တစ်စုံတစ်ယောက်ကတော့ရှိမှာပဲ အကယ်၍ဟွမ့်မိသားစုကငါတို့အိမ် တံခါးဝကိုလာခေါက်ရင်ငါတာဝန်ကို ရှောင်ရှားမှာမဟုတ်ဘူး...သူတို့မင်းတို့ ဆီပြဿနာလာမရှာစေရပါဘူး"

လင်ဇီဂျီမှာချက်ချင်းပင်ရှက်ရွံ့မှုကို ခံစားလိုက်ရသော်လည်းတစ်ချိန် တည်းမှာစိတ်သက်သာရာရစွာ သက်ပြင်းချမိပြန်သည်။

သူ့မှာဘာမှမတတ်နိုင်ပဲလင်ရွှမ်းဇီ ကိုပိုလို့လေးစားလာမိတော့သည်။

လင်ရွှမ်းဇီရဲ့Chaotic Skyခေါင်းလောင်းကလူအများ ရဲ့ချီးမွမ်းမှုကိုခံရသည်။လူတိုင်းက ခံစားချက်တွေနဲ့သက်ပြင်းချကြပြီး Chaotic Skyခေါင်းလောင်းကဘယ်လောက်ေ တောင်အံ့အာသင့်ဖွယ်ကောင်းကြောင်း ချီးကျူးကြကာတစ်ချိန်တည်းမှာပဲ လင်ရွှမ်းဇီကသူတို့ကိုဒီခေါင်းလောင် ရောင်းနိုင်မလားဆိုတာအားသွယ်ဝိုက် မေးမြန်းကြလေသည်။

ဒီတစ်ခေါက်လင်ရွှမ်းဇီလက်ထဲမှာ ဒီခေါင်းလောင်းတစ်ခုသာရှိသည် ထို့ကြောင့်သူ့အနေနဲ့အဲ့ဒါကိုပိုက်ဆံ နဲ့မရောင်းချနိုင်ပေ။သို့သော်လင်ရွှမ်းဇီ ကသူတို့အပေါ်မှာအလွန်အမင်းအေး စက်ခြင်းလည်းမရှိပဲဒီအတိုင်းစကား အနည်းငယ်သာပြန်ပြောသည်။

"အကယ်၍လူတိုင်းတစ်ခုလိုချင်တယ် ဆိုရင်နာမည်ချန်ထားလိုက်လေကျုပ် ဒီကထွက်တာနဲ့Chaotic Skyခေါင်းလောင်းတစ်ချို့လုပ်ပေးမယ်"

တစ်ယောက်ပြီးတစ်ယောက်လူတိုင်း 'အစွန်းရောက်တဲ့အထိအံ့အားသင့် စရာကောင်းတယ်'ဟူသည့်အမူအယာ ကိုဖော်ပြကြတော့သည်။တိမ်လွှာ ကျောက်စိမ်းဂိုဏ်းမှဝူရှစ်ယင်တစ် ယောက်တည်းကသာအရှေ့ထွက် လာပြီးပြောလာသည်။

"အကိုကြီးရွှမ်းဇီ...ကျွန်မစိုးမိတာတော့ ရှင့်ဆီမှာတိုက်ခိုက်နိုင်တဲ့တစ်ခြားမှော် ရတနာတွေအများကြီးရှိနေသေးတယ် မှတ်လား?ရှင်လည်းChaotic Sky ခေါင်းလောင်းတစ်ခုလောက်ကမချို့ ဘူးပဲဟာကျွန်မရဲ့ရူပင်းရှစ်ကျဲကိုရှင့်ရဲ့ ရိုးသားမှုဖော်ပြတဲ့အနေနဲ့ပထမဆုံး တွေ့ဆုံခြင်းလက်ဆောင်အဖြစ်ပေး လိုက်ပါလား"

ရှန်ရူပင်းကဝူရှစ်ယင်အားတစ်ချက်ကြည့် လိုက်ပြီးထီးအားတောက်ပတဲ့မျက်လုံး များနဲ့ကိုင်ထားသော်လည်းသူမက ဝူရှစ်ယင်ရဲ့စကားများမည်သည့် မကျေနပ်မှုမှမဖော်ပြပေ။

လင်ရွှမ်းဇီကတော့ဝူရှစ်ယင်အား ပေါ့ပေါ့ပါးပါးသာတစ်ချက်ကြည့် လိုက်သည်။

"ဒီChaotic Sky ခေါင်းလောင်းကမူလကကျုပ်ရဲ့ ညီငယ်လေးကိုလက်ဆောင်အဖြစ် ပေးဖို့ထွင်းထုထားတဲ့ပစ္စည်းပါ... သခင်မလေးရှန်ကတစ်ခြားယောကျာ်း လေးတစ်ယောက်အသုံးပြုမယ့် ပစ္စည်းကိုတော့သုံးချင်မယ်မထင်ပါဘူး"

ရှန်ရူပင်းကကြီးကြီးမားမားထိန်းချုပ် ထားရတဲ့ပုံနဲ့ခေါင်းညိမ့်ပြသည်။

"အကယ်၍ရွှမ်းဇီအသုံးပြုထားတဲ့ အရာဆိုရင်တော့အဆင်ပြေပါတယ် ဒါပေမဲ့တစ်ခြားယောကျာ်းလေးတစ် ယောက်အသုံးပြုပြီးသားဆိုရင်တော့ ကျွန်မအဲ့ဒါကိုမသုံးချင်ဘူး"

ဝူရှစ်ယင်ကချက်ချင်းပင်အနည်းငယ် စိတ်ပူပန်လာပြီးခြေထောက်ကိုစောင့် ကာပြောလေသည်။

"ရှစ်ကျဲ..ဘာဖြစ်လို့စိတ်ထဲဒီလောက် ထားနေတာလဲ?ဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေထဲမရေမတွက်နိုင်တဲ့ အန္တာရယ်ဘယ်လောက်တောင်များနေ လဲဘယ်သူသိမှာလဲ?ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့်ကာကွယ်ရေးမှော် ရတနာတစ်ခုပိုပြီးရှိတာကအသက်ရှင် နိုင်မယ့်အခွင့်အရေးပိုပြီးတိုးလာမယ်ဆို တဲ့သဘောပဲလေအကယ်၍အမ,မသုံးဘူး ဆိုရင်တောင်ကျွန်မကိုပေးလို့ရတာပဲကို!"

ဝူရှစ်ယင်ရဲ့ပေါက်ကွဲမှုကိုချိုးလုက အနည်းငယ်ရှက်ရွံ့သလိုခံစားရပြီး သူမရဲ့မျက်နှာကရှက်ရွံ့မှုကြောင့် ရဲတက်လာရသည်။သူမကမျက်မှောင် ကျုံ့လိုက်ပြီးဝူရှစ်ယင်ထံလျှောက်သွား လိုက်လေသည်။

"အဲ့ဒီပစ္စည်းကိုဆက်ပြီးတွေးမနေနဲ့တော့ ရူပင်းရှစ်ကျဲရယ်ပြီးတော့ငါ့အင်အားရယ် ဆိုရင်နင်တစ်ယောက်ကိုစောင့်ရှောက်ဖို့ တော့ဘာပြဿနာမှမရှိဘူး..ပြီးတော့ လည်းငါတို့ဆီမှာမှော်ရတနာတော်တေ်ာ များများရှိနေပြီးသားပဲဟာကို"

အတော်လေးနည်းပါးတယ်လေ... ဒါပေမဲသူတို့ဘယ်လိုလုပ်လင်ရွှမ်းဇီ ပစ္စည်းတွေရဲ့စွမ်းအင်နဲ့ရှားပါးမှုကို နှိုင်းယှဉ်လို့ရမှာလဲ?

ဝူရှစ်ယင်ကအဆူခံရပြီးတဲ့အခါ ထပ်ပြီးစကားမပြောရဲတော့ပေ။ သူမကမျက်စောင်းသာထိုးတော့သည်။

လူအုပ်စုကမိုးရေကိုဖြတ်၍ပုခုံးချင်း ယှဉ်လျှောက်ရင်းစိမ်းစိုနေသည့် တောင်ရှိရာသို့ဆက်သွားနေကြသည်။

ယန်ထျန်းဟန်ရဲ့ဘက်မှာတော့ လင်ရွှမ်းဇီနှင့်ဒေါသတကြီးလမ်းခွဲ ပြီးနောက်တစ်ခြားဦးတည်ရာဘက် သို့လျှောက်သွားနေတာဖြစ်သည်။ သွမ့်ယွီယန်နှင့်ယွမ်ထျန်းဝမ်တို့က နီးနီးကပ်ကပ်လိုက်နေကြသည်။ ကျားပေါက်လေးနှစ်ကောင်သည် လည်းယန်ထျန်းဟန်နှင့်အတူလျှောက် နေကြပြီးသူတို့ရဲ့မျက်နှာပေါ်မှာ 'သခင်ဘယ်သွားသွားလိုက်မယ်' ဆိုတဲ့အမူအယာလေးများရှိနေကြသည်။

သိပ်မကြာခင်မှာပဲယန်ထျန်းဟန် ဆက်မလျှောက်နိုင်တော့ပေ။

သူ့ကိုယ်ကိုရိုက်ခတ်နေသည့်မိုးရေ များကသူ့ကြွက်သားအကြောတွေ ကိုဆေးကြောနေပြီးသူ့ရဲ့အသွေး အသားတွေကိုဖြတ်တောက်နေ သလိုမျိုးသူ့တစ်ကိုယ်လုံးအတွင်းမှ အပြင်ထိပုရွက်ဆိတ်များကတစ် လက်မခြင်းဖြေးညှင်းစွာကိုက်ဖြတ် နေသလိုမျိုးခံစားရသည်။သူ့မျက်နှာ သေးသေးလေးကဖြူဖျော့ပြီးသွေးမဲ့ လာကာသူ့အမြင်အာရုံသည်လည်း စတင်မှုန်ဝါးလာသည်။

"အားဟန်,အားဟန်!" သွမ့်ယွီယန်ကနောက်နေပြေးလိုက် လာပြီးအတော်လေးစိတ်ပူပန်နေ ဟန်ဖြင့်ပြောလာသည်။

"မိုးကသည်းသထက်သည်းလာပြီ ငါတို့မိုးခိုနိုင်မယ့်နေရာကိုရှာရမယ်!"

ယန်ထျန်းဟန်ကနေရာမှာပဲရပ်လိုက် ပြီးမိုးရေထဲမှာခဏမျှရပ်တန့်နေသည်။ သူကနောက်သို့လှည့်ကြည့်လိုက်သော် လည်းလင်ရွှမ်းဇီနှင့်တစ်ခြားသူများရဲ့ သဲလွန်စတစ်စုံတစ်ရာပင်မတွေ့ပေ။

လင်ရွှမ်းဇီကသူ့နောက်ကိုလိုက်မလာ ဘူးပြီးတော့သူသေလားရှင်လား ဆိုတာတောင်ဂရုမစိုက်ဘူး

ယန်ထျန်းဟန်ရဲ့နှလုံးသားတစ်ခုလုံး အေးခဲနေမိပြီးတစ်ချိန်တည်းမှာ တစ်ခြားသူတွေကသူနဲ့လင်ရွှမ်းဇီရဲ့ ဟာသကိုမြင်စေမိခဲ့ခြင်းအားနောင်တ ရနေမိသည်။

ယန်ထျန်းဟန်ကနုှုတ်ခမ်းကိုကိုက် လိုက်ပြီးမိုးရေများအားသူ့ကိုယ်ပေါ် ကျဆင်းစေလိုက်ကာတည်ငြိမ်စွာပြော လိုက်သည်။

"ဟိုနားမှာတောင်တစ်လုံးကျွန်တော် တွေ့တယ်အဲ့ဒီမှာဂူလည်းရှိလိမ့်မယ် အဲ့ဒီကိုသွားပြီးမိုးသွားခိုကြတာပေါ့"

သူကရှေ့သို့လက်ညှိုးထိုးပြလိုက် သောအခါယွမ်ထျန်းဝမ်နှင့်သွမ့်ယွီယန် တို့ကသူထိုးပြသည့်ဦးတည်ရာကို လိုက်ကြည့်လိုက်ကြပြီးသေချာပေါက် ပင်ထိုနေရာမှာတောင်တစ်လုံးရှိနေ သည်ကိုမြင်လိုက်ရသည်။

ယွမ်ထျန်းဝမ်ကပြောလိုက်သည်။

"မိုးရေကတစ်ခုခုမှားနေမှာစိုးတယ် အရင်ဆုံးမြန်မြန်သွားကြတာပေါ့"

သုံးယောက်သားစိမ်းစိုနေသည့် တောင်ရှိရာသို့အလျင်အမြန် လျှောက်သွားလိုက်ကြသည်။

လမ်းပေါ်မှာသွမ့်ယွီယန်ကယန်ထျန်းဟန် အားအကြိမ်တော်တော်များများ စကားပြောပြီးနှစ်သိမ့်ပေးလိုသော် လည်းအေးစက်နေသည့်ယန်ထျန်းဟန် ရဲ့မျက်နှာသေးသေးလေးအားကြည့်ပြီး သူ့စကားများကိုအတင်းအကြပ်ပြန်မျို ချနေရသည်။

.......................................................

Next Episode

ဖန့်ဖေးနှင့်လင်းဟွား

.......................................................
Zawgyi

အခန္း(၂၁၇) - Chaotic Sky ေခါင္းေလာင္းထြက္ေပၚလာၿပီ

ရွန္႐ူပင္းရဲ႔အမူအယာကမဲေမွာင္ သြားၿပီးေအာ္ဟစ္လိုက္သည္။

"ရွင္ကေသခ်င္ေနတာပဲ!"

သူမလက္ထဲမွာရွည္လ်ားတဲ့ၾကာပြတ္ တစ္ခုကိုကိုင္ထားလိုက္ၿပီဆိုတာကို လူတိုင္းျမင္ႏိုင္ၿပီးရႈပ္ေထြးကာလွပသည့္ စည္းတံဆိပ္တစ္ခုေဖာ္ေဆာင္ေနသလို မ်ိဳးေလထဲမွာကခုန္ေနသည္။႐ုတ္တရက္ ခမ္းနားထည္ဝါေသာဝိဉာဏ္ခ်ီအင္အားစု တစ္ခုထြက္ေပၚလာၿပီးေကာင္းကင္မွ က်လာသည့္တူႏွင့္ထိပ္တိုက္ေတြ႕ဆံု သြားေလသည္။

ဘုန္း---

က်ယ္ေလာင္ေသာေပါက္ကြဲသံတစ္ခု ကေလထဲမွာထြက္ေပၚလာသည္။လူ အမ်ားစုမွာျပင္းထန္ေသာလႈိင္းလံုး ေၾကာင့္ေသြးမ်ားအန္ၾကၿပီးလင္ရႊမ္းဇီ တစ္ေယာက္တည္းသာလ်င္ျမန္စြာ တုန္႔ျပန္၍အခ်ိန္ကိုက္ကာကြယ္ေရး ရတနာကိုထုတ္ယူလိုက္ႏိုင္ၿပီးသူ႔ကိုယ္ သူႏွင့္သူ႔ေနာက္မွာရပ္ေနေသာလင္ဇီဂ်ီ ကိုကာကြယ္ေပးထားလိုက္သည္။

ဖုန္မ်ားရႊံမ်ားကေနရာတိုင္းပ်ံ႔ႏွံ႔ေနၿပီး ကမာၻႀကီးက,ကေမာက္ကမျဖစ္မႈကို တိုက္ဖ်က္ဖို႔ၿခိမ္းေျခာက္ေနသလိုပင္။ ထိတ္လန္႔တုန္လွဳပ္မႈေတြကုန္ဆံုးသြား တဲ့အခ်ိန္မွာလင္ရႊမ္းဇီႏွင့္လင္ဇီဂ်ီတို႔ သာလံုးဝအထိအခိုက္မရွိက်န္ေနခဲ့ တာျဖစ္သည္။က်န္တဲ့သူမ်ားကေတာ့ အတိုင္းအတာတစ္ခုထိဒဏ္ရာရသြား ၾကသည္။

"ေသစမ္း!"

မိသားစုတစ္ရာမွတပည့္သည္သူ႔ ထိုးႏွက္မႈကထိခိုက္ျခင္းမရွိပဲဆက္ၿပီး တည္ၿငိမ္ေနသည္ကိုျမင္လိုက္ေသာ အခါအရွိန္အဝါနဲ႔တင္ဖိႏွိပ္ႏိုင္သည့္ ေရႊေရာင္အလင္းေတာက္ေနေသာ ေနာက္ထပ္တူအႀကီးတစ္ခုကိုထပ္ ထုတ္လိုက္သည္။ထိုတူကတကယ္ ကိုအထက္တန္းအဆင့္ေမွာ္ကိရိယာပဲ!

ရွန္႐ူပင္းရဲ႔အမူအရာကအနည္းငယ္ ေျပာင္းလဲသြားခဲ့သည္။သူမကခက္ခဲတဲ့ ခႏာၱအဆင့္က်င့္ၾကံသူတစ္ေယာက္ျဖစ္ ေသာ္လည္းလက္ရွိမွာသူ႔က်င့္ၾကံဆင့္ ကိုအေျခတည္အဆင့္တတိယအလႊာ ထိဖိႏွိပ္ထားတာျဖစ္သည္။သူမစုေဆာင္း ႏိုင္သည့္စြမ္းအားသည္လက္ရွိသံုးခဲ့တာ ကအမ်ားဆံုးျဖစ္သည္။အကယ္၍သူမ ထိုအျပစ္သားေကာင္အားဖယ္ရွားလိုက္ ႏိုင္ရင္ေတာင္က်န္တဲ့ခရီးတစ္ေလွ်ာက္ လံုးသူမအေနနဲ႔တစ္ျခားသူမ်ားကိုမွီခိုေန ရလိမ့္မည္။

ရွန္႐ူပင္းတြန္႔ဆုတ္ေနသည့္တစ္ခဏမွာ ပိုၿပီးအင္အားျပင္းသည့္တိုက္ခိုက္မႈက သူမရဲ႔မ်က္စိေရွ႕ကိုေရာက္လာခဲ့ၿပီျဖစ္၏။

ရွန္႐ူပင္းကအလ်င္အျမန္တိုက္ခိုက္ ရန္ျပင္ဆင္လိုက္ေသာ္လည္းသူမရဲ႔ နည္းစနစ္ကအစျပဳအဆင့္မွာပဲရွိေန ေသးသည္။ထိုတိုက္ခိုက္မႈေၾကာင့္ သူမဒဏ္ရာရေတာ့မယ့္ပံုေပၚေနသည္။

မိသားစုတစ္ရာမွတပည့္ကသူ႔ရဲ႔ေအာင္ ပြဲေသခ်ာသြားတာေၾကာင့္စိတ္ေက်နပ္ သြားသည့္အျပံဳးတစ္ခုျပသလာသည္။ သူကမ်က္လံုးအနီေရာင္ျဖစ္ေနၿပီျဖစ္ ၿပီးလင္ရႊမ္းဇီႏွင့္ရွန္႐ူပင္းအားသတ္ကာ သူတို႔ရဲ႔ရတနာမ်ားအားသိမ္းယူႏိ္ုင္ဖို႔ မေစာင့္ႏိုင္ေတာ့ေပ။

Ring—

ျပင္းထန္ၿပီးထည္ဝါလွသည့္ဝိဉာဏ္ခ်ီ တိုက္ခိုက္မႈေအာက္တြင္ေခါင္းေလာင္း တစ္ခု၏ခပ္တိုးတိုးကလင္ကလင္အသံ ထြက္ေပၚလာခဲ့ၿပီးလင္ရႊမ္းဇီကလြဲရင္ ဘယ္သူမွမၾကားလိုက္ၾကေပ။

လင္ဇီဂ်ီကလင္ရႊမ္းဇီေနာက္မွာရပ္ေန ခဲ့တာျဖစ္ေသာ္လည္းအရာအားလံုးကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္။

လင္ရႊမ္းဇီရဲ႔ရွည္သြယ္သည့္လက္ေခ်ာင္း မ်ားကလက္ဖဝါးအရြယ္ရွိေခါင္းေလာင္း ေလးအားၫွစ္ထားသည္။ေခါင္းေလာင္းရဲ႔ ကိုယ္ထည္ကအႏုစိတ္စည္းတံဆိပ္မ်ား ျဖင့္ထြင္းထုထားေလသည္။သူကအဲ့ဒါကို ခပ္ဖြဖြလႈပ္ခါလိ္ုက္ေသာအခါေခါင္း ေလာင္းရဲ႔မည္သံကနက္႐ွိဳင္းလွသည့္ အဓိပၸါယ္ျဖင့္ထြက္ေပၚလာၿပီးျပင္းထန္ လွသည့္ေလၾကမ္းမ်ားႏွင့္အကန္႔အသတ္ မရွိသည့္တိုက္ခိုက္မႈကလမ္းၫႊန္မႈတစ္ခု ကိုရရွိလိုက္သလိုမ်ိဳးလင္ရႊမ္းဇီရဲ႔ေခါင္း ေလာင္းအတြင္းသို႔တိုးဝင္သြားၾကသည္။

"အာ......"

လင္ဇီဂ်ီရဲ႔အံ့အားသင့္သြားသည့္ အသံကလံုးဝမေသဆံုးသြားခင္မွာ အရာအားလံုးတိတ္ဆိတ္သြားခဲ့ၿပီး ေျမျပင္ေပၚသို႔က်ဆင္းေနသည့္ မိုးစက္မ်ားရဲ႔တစ္ေျဖာက္ေျဖာက္ အသံသာက်န္ရွိခဲ့သည္။

လင္ဇီဂ်ီကဗလာျဖစ္စြာစိုက္ၾကည့္ေန မိၿပီးသူ႔ပါးစပ္ကေတာ့ထိတ္လန္႔မႈေၾကာင့္ ပြင္ဟေနမိဆဲပင္။

ဘယ္သူမွမတုန္႔ျပန္ႏိုင္ခင္မွာပဲ လင္ရႊမ္းဇီကသူ႔လက္စည္းတံဆိပ္ ကိုအလ်င္အျမန္ၿပီးဆံုးေစလိုက္ၿပီ ျဖစ္ၿပီးေခါင္းေလာင္းအားေလထဲသို႔ ပစ္ထုတ္လိုက္ၿပီးေမွာ္စည္းတံဆိပ္ တစ္ခုေဖာ္ေဆာင္ေနရင္းျဖင့္ေမွာ္ စာလံုးတစ္ခ်ိဳ႔ကိုေရရြတ္လိုက္သည္။ သူကအျမင့္မွာအျမန္ႏႈန္းနဲ႔လည္ေန သည့္ထိုေခါင္းေလာင္းအားအမွန္ တကယ္ကိုမိသားစုတစ္ရာမွတပည့္ ဆီသို႔ပစ္ထုတ္လိုက္ျခင္းပင္!

တူညီသည့္လွဳပ္ရွားမႈကပိုင္ရွင္ထံသို႔ု ျပန္ခုန္ဝင္သြားခဲ့ၿပီးမိသားစုတစ္ရာမွ တပည့္ကျပန္မတုန္႔ျပန္ႏိုင္ေသးခင္မွာ တင္ျပင္းထန္သည့္စြမ္းအားတစ္ခုႏွင့္ ပစ္ထုတ္လိုက္ျခင္းအားခံလိုက္ရသည္။

ေသြးမ်ားကမိုးေရႏွင့္ေရာေႏွာသြားခဲ့ၿပီး ရလဒ္ကေတာ့ေသြးမိုးရြာသြားခဲ့ကာေျမ ေပၚသို႔လံုးဝက်ဆင္းသြား၍အနီေရာင္ ႏွင့္ေဆးျခယ္လိုက္ေတာ့သည္။

ခဏတစ္ျဖဳတ္ဧရိယာတစ္ခုလံုး တိတ္ဆိတ္သြားခဲ့ၿပီးမည္သူမွ် စကားမေျပာၾကေတာ့ေပ။

လင္ရႊမ္းဇီရဲ႔ျမန္ဆန္ၿပီးအထင္ႀကီးစရာ တိုက္ခိုက္မႈကမိုးႀကိဳးမႈန္တိုင္းလို အစြမ္းမ်ားအားေဖာ္ျပေနသည္။ ထိုအခ်က္မ်ားအားသူ႔ရဲ႔ရက္စက္ ၾကမ္းၾကဳတ္ၿပီးအေရးယူေဆာင္ရြက္ တတ္သည့္လုပ္ရပ္ႏွင့္ယွဥ္တြဲလိုက္ သည့္အခါလူမ်ားအားသူတို႔ရင္ထဲမွ ေလးစားေၾကာက္ရြံ႕မႈမ်ားကိုမဖိႏွိပ္ ႏိုင္ေအာင္ ျဖစ္သြားေစသည္။

တပည့္ေတာ္ေတာ္မ်ားမ်ားရဲ႔ လင္ရႊမ္းဇီအေပၚၾကည့္တဲ့အၾကည့္ မ်ားသည္လည္းေျပာင္းလဲသြားခဲ့ၿပီး သူတို႔ရင္ထဲမွာေတြးေတာင္ေတြးမိၾကသည္။

ကံေကာင္းလို႔အဲ့ဒီလူကိုငါအရင္ ကရန္မစခဲ့မိတာ ဟူ၍

ေတြးသင့္သည့္အေတြးမ်ားေရာ မေတြးသင့္သည့္အေတြးမ်ားေရာ အားလံုးအနားယူလိုက္ၾကရေတာ့ သည္။မူလကေတာ့လင္ရႊမ္းဇီနဲ႔ မိသားစုတစ္ရာကသနားစရာ တပည့္ေလးတိုက္ခိ္ုက္ၾကရင္ သူတို႔က်ဆံုးတဲ့အခ်ိန္ႏွစ္ဖက္လံုးမွာ အက်ိဳးအျမတ္မ်ားအားအေခ်ာင္ လိုခ်င္ေနၾကသည့္သူမ်ားလည္းရွိေန သည္။သို႔ေသာ္ဒီအခ်ိန္မွာေတာ့ထို တိုက္ခိုက္မႈမွသူတို႔အားလံုးေၾကာက္ လန္႔တုန္လွဳပ္မႈကိုသာခံစားလိုက္ၾက ရၿပီးတစ္ျခားမသင့္ေတာ္တဲ့အေတြး မ်ားမေတြးေတာ့ပဲ႐ိုး႐ိုးသားသားႏွင့္ မထင္မရွားသာေနလိုၾကေတာ့၏။

တစ္စံုတစ္ေယာက္ကဦးေဆာင္ၿပီး စကားစေျပာလာသည္။

"လက္မႈပညာရွင္လင္ကတကယ္ကို အံ့အားသင့္စရာေကာင္းတာပဲက်ဳပ္တို႔ သူ႔အေပၚေလးစားတာေနာက္ထပ္ျမင့္ မားတဲ့အဆင့္ကိုတက္သြားၿပီ"

ခ်က္ခ်င္းပင္တစ္ျခားတစ္ေယာက္ ကလည္းတစ္ေလးတစ္စားဝင္ေျပာလာ၏။

"တကယ္ကိုပါပဲ...လက္မႈပညာရွင္လင္ရဲ႔ တိုက္ခိုက္မႈစြမ္းရည္ကအေျခတည္ အဆင့္တတိယအလႊာက်င့္ၾကံသူ ထက္ေတာင္မနိမ့္ဘူး...အဲ့ဒီေမွာ္ရတနာ ေတြနဲ႔ပါဆိုေတာ့က်ဳပ္တို႔ခရီးတစ္ေလွ်ာက္ လံုးလက္မႈပညာရွင္လင္ကိုပဲမွီခိုရမွာကို ေတာင္စိုးမိတယ္ဗ်ာ"

"လက္မႈပညာရွင္..အခုေလးတင္ ခင္ဗ်ားသံုးလိုက္တဲ့လက္နက္က ဘာမ်ားလဲဗ်ာ?"

တစ္စံုတစ္ေယာက္ကေမးလိုက္သည္။

တစ္ျခားသူမ်ားလည္းထိုအရာကို အသိခ်င္ဆံုးအရာျဖစ္ေနသည္ပင္။

လင္ရႊမ္းဇီကလည္းဖုန္းကြယ္မထားေပ။ သူ႔လက္ထဲမွာကေခါင္းေလာင္းကို ကိုင္ထားဆဲျဖစ္သည္။သူကအနည္း ငယ္သာယမ္းခါလိုက္ေသာ္လည္း ေခါင္းေလာင္းကပဲ့တင္ထပ္ေနသည့္ လႈိင္းမ်ားႏွင့္ျပည့္ေနေသာၾကည္လင္ သည့္အသံကိုထုတ္လႊင့္လာေလသည္။

သူထိုသို႔လုပ္လိုက္သည့္အခ်ိန္မွာပဲ လင္ရႊမ္းဇီေရွ႕တည့္တည့္မွာရပ္ေန ၾကသည့္လူေတာ္ေတာ္မ်ားမ်ားမွာ ေၾကာက္စရာေကာင္းသည့္အရာ တစ္ခုခုျဖစ္ေပၚမွာစိုးသလိုမ်ိဳးတစ္ျခား ဦးတည္ရာဘက္သို႔ေျပးၾကေတာ့၏။ သို႔ေသာ္သူတို႔ေျခလွမ္းအနည္းငယ္ သာလွမ္းလိုက္ရၿပီးအဲ့ဒါကဒီအတိုင္း ေခါင္းေလာင္းေလးတစ္ခုသက္သက္ သာျဖစ္ကာသူကိုယ္ပိုင္တိုက္ခိုက္ေရး စြမ္းရည္မရွိဘူးဆိုတာနားလည္သြား ၾကရသည္။

"ခစ္ခစ္ခစ္......"

တိမ္လႊာေက်ာက္စိမ္းဂိုဏ္းမွ အမ်ိဳးသမီးက်င့္ၾကံသူမ်ားဆီမွ သူတို႔ရဲ႔ရွက္ရြံ႔စရာျမင္ကြင္းကို ၾကည့္ၿပီးဆည္းလည္းသံလို ရယ္သံေလးမ်ားထြက္လာကာ ေလးလံေနသည့္ခံစားခ်က္မ်ားကို သက္သာသြားေစသည္။

လင္ရႊမ္းဇီကရွင္းျပေပးသည္။

"ဒီပစၥည္းကChaotic Sky ေခါင္းေလာင္းလို႔ေခၚတယ္အဲ့ဒါက အေျခတည္အဆင့္က်င့္ၾကံသူရဲ႔ တိုက္ခိုက္မႈအလံုးစံုကိုစုပ္ယူႏိုင္ၿပီး အဲ့ဒီလူဆီစြမ္းအားအျပည့္ျပန္သြား ေစႏိုင္တယ္...ဒါကထိတ္တန္းအဆင့္ ေမွာ္ကိရိယာအမ်ိဳးအစားထဲမွာပါၿပီး ေရႊနဲ႔ကမာၻေျမဂုဏ္သတၱိကိုပိုင္ဆိုင္ ထားတယ္ေလ"

"ဟင့္"ရွန္႐ူပင္းကေနရာမွာပဲ ႏွာေခါင္းရွံဳ႔လိုက္သည္။

"အဲ့ဒီဟြမ့္မိသားစုကေကာင္စုတ္ ကေတာ့မျပစ္မွားသင့္တဲ့သူကိုျပစ္မွား မိတဲ့အတြက္သူ႔ရဲ႔ကံမေကာင္းမႈကို သူ႔ကိုယ္သူပဲအျပစ္တင္ရမွာပဲ... တစ္စံုတစ္ေယာက္ရဲ႔စြမ္းရည္ကို စုပ္ယူၿပီးအဲ့ဒီလူကိုျပန္တိုက္ခိုက္ ႏိုင္တဲ့ေမွာ္ရတနာအမ်ားစုက တိုက္ခိုက္မႈအလံုးစံုကိုမစုပ္ယူႏိုင္ ၾကတာဒါမွမဟုတ္ပိုင္ရွင္ဆီစြမ္းအား အျပည့္ျပန္မတိုက္ႏိုင္တာေတြႀကီးပဲ ..သူတို႔ေတြကတိုက္ခိုက္မႈအနည္းငယ္ ေလ်ာ့က်တာဒါမွမဟုတ္စြမ္းအား ယိုစိမ့္တာေတြေတာ့ျဖစ္ၾကတယ္ ဒါေပမဲ့သူကဒီလိုထိတ္တန္းအဆင့္ ေမွာ္ကိရိယာမ်ိဳးနဲ႔မွေတြ႕သြားေတာ့ သူနဲ႔ထပ္တူထပ္မွ်အစြမ္းကိုျပန္ရင္ ဆိုင္လိုက္ရတာအဲ့ဒါေၾကာင့္ဒါက လံုးဝကိုကိုယ္ျပဳတဲ့ကံကိုယ့္ထံျပန္ပဲ"

"အမွန္ပဲ" လင္ဇီဂ်ီကသေဘာတူစြာေခါင္း ညိမ့္ျပလိုက္ေသာ္လည္းေခါင္းညိမ့္ အၿပီးမွာ႐ုတ္တရက္တစ္စံုတစ္ခုကို သတိရသြားသည္။

"အဲ့ဒီလူက..သူ႔မ်ိဳးႏြယ္နာမည္ဟြမ့္လား?"

မိသားစုတစ္ရာစုေဝးပြဲထဲမွာ မိသားစုအနည္းငယ္မွာပံုတူကြဲမ်ိဳးႏြယ္ နာမည္ေတြရွိတာေၾကာင့္သူတို႔ရဲ႔မ်ိဳးႏြယ္ နာမည္တစ္ခုထဲႏွင့္ထိုလူကဘယ္မိသားစု ကလဲဆိုတာေျပာႏိုင္သည္။

ရွန္႐ူပင္းကလင္ဇီဂ်ီအား တစ္ခ်က္ၾကည့္လိုက္သည္။

"အဲ့ဒီကဒီအတိုင္းပထမအဆင့္မိသားစု ေလးပါ....သူတို႔ထဲကတပည့္တစ္ ေယာက္ေလာက္ေသသြားတာဘာကိစၥမွ မရွိဘူး.....သူ႔မိသားစုကဒီဂိုဏ္းသခင္ မေလးကိုျပႆနာလာရွာရဲမယ္လို႔ မ်ားေျပာခ်င္တာလား?"

ခါးသီးသည့္ရယ္ခ်င္စိတ္တစ္ခု ကလင္ဇီဂ်ီရဲ႔ရင္ထဲမွာခ်က္ခ်င္း ျမင့္တက္လာရသည္။

ဟြမ့္မိသားစုကအေရွ႕တိုက္မႀကီးရဲ႔ အဓိကမိသားစုတစ္ခုျဖစ္သည္။ ထိုဟြမ့္မိသားစုကေသခ်ာေပါက္ ရွန္႐ူပင္းကိုေတာ့ျပႆနာသြားရွာ ရဲမွာမဟုတ္ေပမယ့္လင္မိသားစုကေရာ?

ဒါ့အျပင္ေနာက္ဆံုးတိုက္ခိုက္မႈကို အဆံုးသတ္လိုက္သည့္သူက လင္ရႊမ္းဇီျဖစ္ၿပီးရွန္႐ူပင္းမဟုတ္ေပ။

"အကယ္၍သူကေဘးဌာနခြဲက မထင္မရွားဆိုရင္......"လင္ဇီဂ်ီမွာေ ေမွ်ာ္လင့္ခ်က္ႀကိဳးတစ္ေခ်ာင္းကို ကိုင္ေဆာင္ထားဆဲပင္။

"သူကပင္မမိသားစုက" လင္ရႊမ္းဇီကေျပာလိုက္သည္။

လင္ဇီဂ်ီကလင္ရႊမ္းဇီအားၾကည့္မိေတာ့၏။

"အရင္ကသိုင္းပညာယွဥ္ၿပိဳင္ပြဲမွာ သူ႔ကိုယ္သူမိတ္ဆက္ေသးတယ္ ၿပီးေတာ့သူကဟြမ့္မိသားစုရဲ႔ ပင္မဌာနကတစ္ေယာက္တည္း ေသာအေမြဆက္ဆံသူဆိုတာကို လည္းအေလးေပးၿပီးေျပာခဲ့တာ"

လင္ဇီဂ်ီ , "....."

သူ႔မွာဘာမွမတတ္ႏိုင္ပဲ နာက်င္လာသလိုခံစားရသည္။

လင္ဇီဂ်ီကတံေတြးကိုခက္ခက္ခဲခဲ မ်ိဳခ်လိုက္ကာေျပာလိုက္သည္။

"ဒီမ်ိဳးဆက္မွာဟြမ့္မိသားစုထဲ တရားဝင္သားတစ္ေယာက္ပဲ ရွိတယ္လို႔ၾကားဘူးသလိုပဲ"

"က်ဳပ္လည္းၾကားဘူးတယ္"

"ဒါဆို......"

လင္ဇီဂ်ီမွာစိတ္ရႈပ္ေထြးေနမိသည္။ ဟြမ့္မိသားစုအႀကီးအကဲမ်ားကသူတို႔ အိမ္တံခါးအားလာေခါက္သည့္ဝမ္းနည္း ဖြယ္ျမင္ကြင္းကိုပင္သူျမင္ေတြ႕ေနရသလိုပင္။

လင္ရႊမ္းဇီကလက္ကိုေဝွ႕ယမ္းလိုက္သည္။

"သူအသတ္ခံရၿပီးၿပီဆိုေတာ့လည္း အသတ္ခံလိုက္ရၿပီေပါ့...ၿပီးေတာ့ လည္းငါတို႔ကအရင္စတိုက္ခိုက္ တာမွမဟုတ္တာ...လူေတြကမေကာင္း တဲ့ရည္ရြယ္ခ်က္ေတြကိုသူတို႔ရင္ထဲမွာ သိုးမွီးထားလို႔မရဘူးလို႔ေျပာေပမယ့္ သူတို႔လည္းတစ္ျခားသူေတြကိုထိခိုက္ နာက်င္ေအာင္ဆန္႔က်င္လို႔မရပါဘူး ..ဟြမ့္မိသားစုမွာအႀကီးအကဲေတြ ရွိလိမ့္မယ္ဒါေပမဲ့လင္မိသားစုမွာ လည္းမရွိတာမွမဟုတ္တာ"

လင္ဇီဂ်ီရဲ႔အမူအယာကေတာ့အလြန္ စိတ္ေသာကေရာက္ေနပံုရသည္။ သူ႔အေမနဲ႔တတိယအႀကီးအကဲတို႔သာ သူဒီလိုျပႆနာႀကီးနဲ႔ဆက္ႏြယ္ပတ္ သတ္သြားတာကိုသာသိရင္ဒီလင္ဇီဂ်ီ, မသန္႔ရွင္းတဲ့သံကသံမဏီျမန္ျမန္မျဖစ္ လာဘူးဆိုတဲ့အျဖစ္မွန္ကိုမုန္းတီးၿပီးသူ႔ ကိုသင္ခန္းစာေပးမည္အားေတြးၾကည့္ မိေတာ့သည္။ထိုအေၾကာင္းကိုစဥ္းစား မိတာနဲ႔တင္ခ်က္ခ်င္းနာက်င္လာသလို ခံစားရသည္ေလ။

ဒါေပမဲ့လည္းလက္ရွိမွာကိစၥက ဒီေလာက္ထိေတာင္ေရာက္ေနၿပီ ဆိုမွေတာ့သူ႔အေ႔နနဲ႔စကားတစ္ခြန္း သာေျပာႏိ္ုင္ေတာ့သည္။

"ဟြမ့္မိသားစုကဒီကိစၥကို မလိုက္ဖို႔ပဲေမွ်ာ္လင့္ရမွာပဲ"

လင္ရႊမ္းဇီကေတာ့တိတ္တဆိတ္ ေလးေတြးမိ၏။

ဒီလင္ဇီဂ်ီကနံုအၿပီး႐ိုးရွင္းတဲ့လူငယ္ ေလးပဲျဖစ္ေနဦးမယ္လို႔ဘယ္သူက သိမွာလဲ...ဟြမ့္မိသားစုရဲ႔တစ္ေယာက္ တည္းေသာဆက္ခံသူေသသြားတဲ့ ဟာကို...ဒါကဘယ္သူ႔အမွားပဲျဖစ္ေန ပါေစဟြမ့္မိသားစုကေတာ့ဒီကိစၥကို ေသေခ်ာေပါက္စံုစမ္းလိမ့္မယ္..

ဒါ့အျပင္ဒီကိစၥကေသခ်ာေပါက္ ဒီမွာပဲၿပီးမွာမဟုတ္တာကိုစိုးမိသည္။

လင္ရႊမ္းဇီကေပါ့ေပါ့ပါးပါး သာေျပာေလသည္။

"ေကာင္းကင္ႀကီးၿပိဳက် သြားရင္ေတာင္အဲ့ဒါကိုကိုင္ေပးထား မယ့္တစ္စံုတစ္ေယာက္ကေတာ့ရွိမွာပဲ အကယ္၍ဟြမ့္မိသားစုကငါတို႔အိမ္ တံခါးဝကိုလာေခါက္ရင္ငါတာဝန္ကို ေရွာင္ရွားမွာမဟုတ္ဘူး...သူတို႔မင္းတို႔ ဆီျပႆနာလာမရွာေစရပါဘူး"

လင္ဇီဂ်ီမွာခ်က္ခ်င္းပင္ရွက္ရြံ႔မွဳကို ခံစားလိုက္ရေသာ္လည္းတစ္ခ်ိန္ တည္းမွာစိတ္သက္သာရာရစြာ သက္ျပင္းခ်မိျပန္သည္။

သူ႔မွာဘာမွမတတ္ႏိုင္ပဲလင္ရႊမ္းဇီ ကိုပိုလို႔ေလးစားလာမိေတာ့သည္။

လင္ရႊမ္းဇီရဲ႔Chaotic Skyေခါင္းေလာင္းကလူအမ်ား ရဲ႔ခ်ီးမြမ္းမႈကိုခံရသည္။လူတိုင္းက ခံစားခ်က္ေတြနဲ႔သက္ျပင္းခ်ၾကၿပီး Chaotic Skyေခါင္းေလာင္းကဘယ္ေလာက္ေ ေတာင္အံ့အာသင့္ဖြယ္ေကာင္းေၾကာင္း ခ်ီးက်ဴးၾကကာတစ္ခ်ိန္တည္းမွာပဲ လင္ရႊမ္းဇီကသူတို႔ကိုဒီေခါင္းေလာင္ ေရာင္းႏိုင္မလားဆိုတာအားသြယ္ဝိုက္ ေမးျမန္းၾကေလသည္။

ဒီတစ္ေခါက္လင္ရႊမ္းဇီလက္ထဲမွာ ဒီေခါင္းေလာင္းတစ္ခုသာရွိသည္ ထို႔ေၾကာင့္သူ႔အေနနဲ႔အဲ့ဒါကိုပိုက္ဆံ နဲ႔မေရာင္းခ်ႏိုင္ေပ။သို႔ေသာ္လင္ရႊမ္းဇီ ကသူတို႔အေပၚမွာအလြန္အမင္းေအး စက္ျခင္းလည္းမရွိပဲဒီအတိုင္းစကား အနည္းငယ္သာျပန္ေျပာသည္။

"အကယ္၍လူတိုင္းတစ္ခုလိုခ်င္တယ္ ဆိုရင္နာမည္ခ်န္ထားလိုက္ေလက်ဳပ္ ဒီကထြက္တာနဲ႔Chaotic Skyေခါင္းေလာင္းတစ္ခ်ိဳ႔လုပ္ေပးမယ္"

တစ္ေယာက္ၿပီးတစ္ေယာက္လူတိုင္း 'အစြန္းေရာက္တဲ့အထိအံ့အားသင့္ စရာေကာင္းတယ္'ဟူသည့္အမူအယာ ကိုေဖာ္ျပၾကေတာ့သည္။တိမ္လႊာ ေက်ာက္စိမ္းဂိုဏ္းမွဝူရွစ္ယင္တစ္ ေယာက္တည္းကသာအေရွ႕ထြက္ လာၿပီးေျပာလာသည္။

"အကိုႀကီးရႊမ္းဇီ...ကၽြန္မစိုးမိတာေတာ့ ရွင့္ဆီမွာတိုက္ခိုက္ႏိုင္တဲ့တစ္ျခားေမွာ္ ရတနာေတြအမ်ားႀကီးရွိေနေသးတယ္ မွတ္လား?ရွင္လည္းChaotic Sky ေခါင္းေလာင္းတစ္ခုေလာက္ကမခ်ိဳ႔ ဘူးပဲဟာကၽြန္မရဲ႔႐ူပင္းရွစ္က်ဲကိုရွင့္ရဲ႔ ႐ိုးသားမႈေဖာ္ျပတဲ့အေနနဲ႔ပထမဆံုး ေတြ႕ဆံုျခင္းလက္ေဆာင္အျဖစ္ေပး လိုက္ပါလား"

ရွန္႐ူပင္းကဝူရွစ္ယင္အားတစ္ခ်က္ၾကည့္ လိုက္ၿပီးထီးအားေတာက္ပတဲ့မ်က္လံုး မ်ားနဲ႔ကိုင္ထားေသာ္လည္းသူမက ဝူရွစ္ယင္ရဲ႔စကားမ်ားမည္သည့္ မေက်နပ္မႈမွမေဖာ္ျပေပ။

လင္ရႊမ္းဇီကေတာ့ဝူရွစ္ယင္အား ေပါ့ေပါ့ပါးပါးသာတစ္ခ်က္ၾကည့္ လိုက္သည္။

"ဒီChaotic Sky ေခါင္းေလာင္းကမူလကက်ဳပ္ရဲ႔ ညီငယ္ေလးကိုလက္ေဆာင္အျဖစ္ ေပးဖို႔ထြင္းထုထားတဲ့ပစၥည္းပါ... သခင္မေလးရွန္ကတစ္ျခားေယာက်ာ္း ေလးတစ္ေယာက္အသံုးျပဳမယ့္ ပစၥည္းကိုေတာ့သံုးခ်င္မယ္မထင္ပါဘူး"

ရွန္႐ူပင္းကႀကီးႀကီးမားမားထိန္းခ်ဳပ္ ထားရတဲ့ပံုနဲ႔ေခါင္းညိမ့္ျပသည္။

"အကယ္၍ရႊမ္းဇီအသံုးျပဳထားတဲ့ အရာဆိုရင္ေတာ့အဆင္ေျပပါတယ္ ဒါေပမဲ့တစ္ျခားေယာက်ာ္းေလးတစ္ ေယာက္အသံုးျပဳၿပီးသားဆို၇င္ေတာ့ ကၽြန္မအဲ့ဒါကိုမသံုးခ်င္ဘူး"

ဝူရွစ္ယင္ကခ်က္ခ်င္းပင္အနည္းငယ္ စိတ္ပူပန္လာၿပီးေျခေထာက္ကိုေစာင့္ ကာေျပာေလသည္။

"ရွစ္က်ဲ..ဘာျဖစ္လို႔စိတ္ထဲဒီေလာက္ ထားေနတာလဲ?ေဆးလံုးကန္႔သတ္ လ်ိဳ႔ဝွက္နယ္ေျမထဲမေရမတြက္ႏိ္ုင္တဲ့ အႏာၱရယ္ဘယ္ေလာက္ေတာင္မ်ားေန လဲဘယ္သူသိမွာလဲ?ကိုယ့္ကိုကိုယ္ ကာကြယ္ႏိုင္မယ့္ကာကြယ္ေရးေမွာ္ ရတနာတစ္ခုပိုၿပီးရွိတာကအသက္ရွင္ ႏိုင္မယ့္အခြင့္အေရးပိုၿပီးတိုးလာမယ္ဆို တဲ့သေဘာပဲေလအကယ္၍အမ,မသံုးဘူး ဆိုရင္ေတာင္ကၽြန္မကိုေပးလို႔ရတာပဲကို!"

ဝူရွစ္ယင္ရဲ႔ေပါက္ကြဲမႈကိုခ်ိဳးလုက အနည္းငယ္ရွက္ရြံ႔သလိုခံစားရၿပီး သူမရဲ႔မ်က္ႏွာကရွက္ရြံ႔မႈေၾကာင့္ ရဲတက္လာရသည္။သူမကမ်က္ေမွာင္ က်ဳံ႔လိုက္ၿပီးဝူရွစ္ယင္ထံေလွ်ာက္သြား လိုက္ေလသည္။

"အဲ့ဒီပစၥည္းကိုဆက္ၿပီးေတြးမေနနဲ႔ေတာ့ ႐ူပင္းရွစ္က်ဲရယ္ၿပီးေတာ့ငါ့အင္အားရယ္ ဆိုရင္နင္တစ္ေယာက္ကိုေစာင့္ေရွာက္ဖို႔ ေတာ့ဘာျပႆနာမွမရွိဘူး..ၿပီးေတာ့ လည္းငါတို႔ဆီမွာေမွာ္ရတနာေတာ္ေတ္ာ မ်ားမ်ားရွိေနၿပီးသားပဲဟာကို"

အေတာ္ေလးနည္းပါးတယ္ေလ... ဒါေပမဲသူတို႔ဘယ္လိုလုပ္လင္ရႊမ္းဇီ ပစၥည္းေတြရဲ႔႔စြမ္းအင္နဲ႔ရွားပါးမႈကို ႏွိုင္းယွဥ္လို႔ရမွာလဲ?

ဝူရွစ္ယင္ကအဆူခံရၿပီးတဲ့အခါ ထပ္ၿပီးစကားမေျပာရဲေတာ့ေပ။ သူမကမ်က္ေစာင္းသာထိုးေတာ့သည္။

လူအုပ္စုကမိုးေရကိုျဖတ္၍ပုခံုးခ်င္း ယွဥ္ေလွ်ာက္ရင္းစိမ္းစိုေနသည့္ ေတာင္ရွိရာသို႔ဆက္သြားေနၾကသည္။

ယန္ထ်န္းဟန္ရဲ႔ဘက္မွာေတာ့ လင္ရႊမ္းဇီႏွင့္ေဒါသတႀကီးလမ္းခြဲ ၿပီးေနာက္တစ္ျခားဦးတည္ရာဘက္ သို႔ေလွ်ာက္သြားေနတာျဖစ္သည္။ သြမ့္ယြီယန္ႏွင့္ယြမ္ထ်န္းဝမ္တို႔က နီးနီးကပ္ကပ္လိုက္ေနၾကသည္။ က်ားေပါက္ေလးႏွစ္ေကာင္သည္ လည္းယန္ထ်န္းဟန္ႏွင့္အတူေလွ်ာက္ ေနၾကၿပီးသူတို႔ရဲ႔မ်က္ႏွာေပၚမွာ 'သခင္ဘယ္သြားသြားလိုက္မယ္' ဆိုတဲ့အမူအယာေလးမ်ားရွိေနၾကသည္။

သိပ္မၾကာခင္မွာပဲယန္ထ်န္းဟန္ ဆက္မေလွ်ာက္ႏိုင္ေတာ့ေပ။

သူ႔ကိုယ္ကို႐ိုက္ခတ္ေနသည့္မိုးေရ မ်ားကသူ႔ႂကြက္သားအေၾကာေတြ ကိုေဆးေၾကာေနၿပီးသူ႔ရဲ႔အေသြး အသားေတြကိုျဖတ္ေတာက္ေန သလိုမ်ိဳးသူ႔တစ္ကိုယ္လံုးအတြင္းမွ အျပင္ထိပုရြက္ဆိတ္မ်ားကတစ္ လက္မျခင္းေျဖးၫွင္းစြာကိုက္ျဖတ္ ေနသလိုမ်ိဳးခံစားရသည္။သူ႔မ်က္ႏွာ ေသးေသးေလးကျဖဴေဖ်ာ့ၿပီးေသြးမဲ့ လာကာသူ႔အျမင္အာရံုသည္လည္း စတင္မႈန္ဝါးလာသည္။

"အားဟန္,အားဟန္!" သြမ့္ယြီယန္ကေနာက္ေနေျပးလိုက္ လာၿပီးအေတာ္ေလးစိတ္ပူပန္ေန ဟန္ျဖင့္ေျပာလာသည္။

"မိုးကသည္းသထက္သည္းလာၿပီ ငါတို႔မိုးခိုႏိုင္မယ့္ေနရာကိုရွာရမယ္!"

ယန္ထ်န္းဟန္ကေနရာမွာပဲရပ္လိုက္ ၿပီးမိုးေရထဲမွာခဏမွ်ရပ္တန္႔ေနသည္။ သူကေနာက္သို႔လွည့္ၾကည့္လိုက္ေသာ္ လည္းလင္ရႊမ္းဇီႏွင့္တစ္ျခားသူမ်ားရဲ႔ သဲလြန္စတစ္စံုတစ္ရာပင္မေတြ႕ေပ။

လင္ရႊမ္းဇီကသူ႔ေနာက္ကိုလိုက္မလာ ဘူးၿပီးေတာ့သူေသလားရွင္လား ဆိုတာေတာင္ဂ႐ုမစိုက္ဘူး

ယန္ထ်န္းဟန္ရ႔ဲႏွလံုးသားတစ္ခုလံုး ေအးခဲေနမိၿပီးတစ္ခ်ိန္တည္းမွာ တစ္ျခားသူေတြကသူနဲ႔လင္ရႊမ္းဇီရဲ႔ ဟာသကိုျမင္ေစမိခဲ့ျခင္းအားေနာင္တ ရေနမိသည္။

ယန္ထ်န္းဟန္ကႏုႈတ္ခမ္းကိုကိုက္ လိုက္ၿပီးမိုးေရမ်ားအားသူ႔ကိုယ္ေပၚ က်ဆင္းေစလိုက္ကာတည္ၿငိမ္စြာေျပာ လိုက္သည္။

"ဟိုနားမွာေတာင္တစ္လံုးကၽြန္ေတာ္ ေတြ႕တယ္အဲ့ဒီမွာဂူလည္းရွိလိမ့္မယ္ အဲ့ဒီကိုသြားၿပီးမိုးသြားခိုၾကတာေပါ့"

သူကေရွ႕သို႔လက္ၫွိဳးထိုးျပလိုက္ ေသာအခါယြမ္ထ်န္းဝမ္ႏွင့္သြမ့္ယြီယန္ တို႔ကသူထိုးျပသည့္ဦးတည္ရာကို လိုက္ၾကည့္လိုက္ၾကၿပီးေသခ်ာေပါက္ ပင္ထိုေနရာမွာေတာင္တစ္လံုးရွိေန သည္ကိုျမင္လိုက္ရသည္။

ယြမ္ထ်န္းဝမ္ကေျပာလိုက္သည္။

"မိုးေရကတစ္ခုခုမွားေနမွာစိုးတယ္ အရင္ဆံုးျမန္ျမန္သြားၾကတာေပါ့"

သံုးေယာက္သားစိမ္းစိုေနသည့္ ေတာင္ရွိရာသို႔အလ်င္အျမန္ ေလွ်ာက္သြားလိုက္ၾကသည္။

လမ္းေပၚမွာသြမ့္ယြီယန္ကယန္ထ်န္းဟန္ အားအႀကိမ္ေတာ္ေတာ္မ်ားမ်ား စကားေျပာၿပီးႏွစ္သိမ့္ေပးလိုေသာ္ လည္းေအးစက္ေနသည့္ယန္ထ်န္းဟန္ ရဲ႔မ်က္ႏွာေသးေသးေလးအားၾကည့္ၿပီး သူ႔စကားမ်ားကိုအတင္းအၾကပ္ျပန္မ်ိဳ ခ်ေနရသည္။

.................................................................

Next Episode

ဖန္႔ေဖးႏွင့္လင္းဟြား

.................................................................

Continue Reading

You'll Also Like

2.3M 168K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
458K 65.1K 46
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
328K 53.8K 139
Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from...