// သေနတ်သံဟ...ဘယ်သူ့ကိုပစ်တာလဲ !!! //
//ပြေးတော့..ပြေးတော့ !!!!! //
ပန်းခြံအတွင်းရှိလူများရုတ်ရုတ်သဲသဲဖြစ်နေကာ
ထွက်ပြေးနေကြလေပြီလုံခြုံရေးဝန်ထမ်းများလည်း
လူတွေကိုဘေးလွတ်ရာသို့ပို့ပေးကာ ရဲကား နှင့်
ဆေးရုံကားများခေါ်နေလေသည်...
လုရွှယ် : ထို့...ထို့...ထို့အာ { အသံများတုန်လျက် }
ထို့အာ : ငါဘာမှမဖြစ်ဘူး.မငိုပါနဲ့.အဆင်ပြေတယ်
နောက်ဆုံးတော့ငါနင့်ကိုကယ်လိုက်နိုင်ပြီပဲ
{ တဖြည်းဖြည်းပြုံးလျက် }
လုရွှယ် : ထို့အာ.နင်ဘာတွေပြောနေတာလဲ
နင်လုံးဝမသေရဘူး...ဆေးရုံကား
လာနေပြီ..ခဏတောင့်ထား....နော်...
ဆေးရုံကားသံကြားတော့မှာလုရွှယ်မှာ
သက်သာရာရသော်လည်း ထို့အာ နာမည်ကိုတော့
ဆက်တိုက်အော်ခေါ်နေမိသည်...
လုရွှယ် : ထို့အာ!!!!! ထို့အာ!!!!! ထို့အာ!!!!!
ထို့အာကိုဆေးရုံကားပေါ်ကာထွက်ခွာလာပြီ...
ဟဲရန်လည်းကြားကြားချင်းဆေးရုံသို့လိုက်လာသည်
လုရွှယ်ကိုပဲနှစ်သိမ့်နေမိသည်...
ဆရာဝန် : လူနာရှင်ကဘယ်သူလဲ....
လုရွှယ် : ကျွန်တော်ပါခင်ဗျ...
ဆရာဝန် : ဘာမှတော့မဖြစ်တော့ပေမယ့်
မှာစရာလေးတွေရှိနေသေးလို့
လိုက်ခဲ့ပေးပါလား...
ဟဲရန် : ငါထို့အာကိုစောင့်နေပေးခဲ့မယ်...
လုရွှယ် : အာ့...အာ့ဆိုလည်းခဏအပ်ခဲ့မယ်နော်...
ဟဲရန် : အင်း..ရတယ်...
ဟဲရန်လည်းအခန်းထဲသို့ဝင်လိုက်ရာ..
ထို့အာနိုးနေသည်ကိုတွေ့လိုက်ရသည်..
ထို့အာ : ဟဲရန်...နင်ဟုတ်တယ်မလား
ဟဲရန်၏ခြေလှမ်းများရပ်တန့်ခါနီးမှဆက်၍
လျှောက်လာခဲ့ပြန်သည်...
ဟဲရန် : အေး....ငါရောက်လာတာ..လုရွှယ်က..
ထို့အာ : သေနတ်ကိစ္စ....နင်မလား
ဟဲရန် : ...........ဟင်..နင်ဘာကိုပြောချင်တာလဲ
ထို့အာ : ငါ..ဒါမှမဟုတ်..လုရွှယ်ကိုသေနတ်နဲ့
ပစ်ခိုင်းထားတာနင်မလား...
ဟဲရန် : အေး...ဟုတ်တယ်
ထို့အာ : ထင်သားပဲ...နင်ကမပြောင်းလဲဘူးပဲ
ဟဲရန် : ဘာကမပြောင်းလဲတာလဲ..
ထို့အာ : နင်လိုချင်တာမရရင်ဖျက်ဆီးပစ်တာ
ဟဲရန် : ဒီတစ်ခါတော့လက်လွှတ်လိုက်ပြီ
နင်သူ့ကိုငါ့ထက်ပိုသာအောင်
စောင့်ရှောက်ပေးနော်..မဟုတ်ရင်
ငါထပ်ပြီးလာသတ်မယ်
ထို့အာ : စိတ်ချပါ...ငါသေချာစောင့်ရှောက်ပေးမယ်
လုရွှယ်မှာဆရာဝန်၏စကားနားထောင်ပြီး
ထို့အာဆီသို့ပြန်လာလေပြီ
လုရွှယ် : မင်းတို့ဘာတွေပြောနေကြတာလဲ
ထို့အာ & ဟဲရန် : ဘာမှမဟုတ်ဘူး
ရောက်မိရောက်ရာပြောနေတာ
လုရွှယ် : ငါထို့အာစားဖို့တစ်ခုခုသွားဝယ်ဦးမယ်
ဟဲရန်..မင်းရောဘာစားဦးမလဲ
ဟဲရန် : မင်းသဘော....ကြိုက်တာဝယ်ခဲ့
လုရွှယ် : အော်...အွန်းးး
လုရွှယ်သွားပြီးခဏအကြာ.....
ဟဲရန် : လုရွှယ်ကိုမပြောပြပါနဲ့...ငါဆိုတာ
ထို့အာ : ဘယ်ဟာကိုလဲ
ဟဲရန် : သေနတ်ကိစ္စကငါလုပ်တာလို့မပြောပါနဲ့
ထို့အာ : စိတ်ချပါ...လုံးဝမပြောဘူး
ဟဲရန် : နင်တို့မင်္ဂလာဆောင်မှာ
ငါစန္ဒယားတီးပေးချင်တယ်
ထို့အာ : တကယ်လား...ရတာပေါ့
ဟဲရန် : အင်း.....ငါအရင်ပြန်တော့မယ်
ထို့အာ : သူ့ကိုမစောင့်တော့ဘူးလား
ထို့အာလည်းအခန်းထဲမှာတစ်ယောက်တည်း
ထိုင်နေရင်းတွေးလိုက်သည်...အရင်ဘဝတုန်းက
ကျူရှန်းထွက်ခွာသွားပြီးစူးလီကဟဲရန်နောက်သို့လိုက်ကပ်သည်
သို့သော်ဟဲရန်ကသူ့ကိုပြန်မကြိုက်သဖြင့်
ကျူရှန်းသူ့ဆီကဘာကြောင့်ထွက်သွားတယ်ဆိုတဲ့
အကြောင်းကိုပြောပြလိုက်လေသည်..
《A|n : Part-3 မှာကျူရှန်းအကြောင်းရှိပါတယ်
မသိသူများသွားရောက်ဖတ်နိုင်ပါတယ်😉》
ဟဲရန်ကဒေါသတွေထွက်ကာလုရွှယ်၏အိမ်ကို
မီးရှို့လိုက်လေသည်..မထင်မှတ်ထားဘဲ
ထို့အာသေခဲ့ရသည်..ကျူရှန်းကထိုကိစ္စကိုသိ၍
တားရန်လုပ်သော်လည်း..လုရွှယ်နှင့်အတူ
ရေနစ်ကာ...အချိန်ခရီးသွားလိုက်ရလေသည်
ဘာပဲဖြစ်ဖြစ်အခုကဘယ်သူမှမသေရတော့ဘူး
အားလုံးဟာအဆင်ပြေခဲ့ပြီလေ.........
3 years later..........
လုရွှယ်နှင့်ထို့အာတို့၏မင်္ဂလာဆောင်အခမ်းအနား
// ကြွရောက်ပေးလို့ကျေးဇူးပါ....ဒီဘက်ကိုကြွပါ //
မင်္ဂလာခန်းမတစ်ခုလုံးမင်္ဂလာရှိသောအသံများဖြင့်
သာယာနေသည် .... ထိုအချိန်တွင်အခမ်းအနားမှူးမှ
" သတို့သားနှင့်သတို့သမီးတို့ခန်းမတွင်းနေရာ
ယူတော့မှာဖြစ်သဖြင့်မင်္ဂလာရှိဧည့်သည်များ
အသီးသီးနေရာယူပေးကြပါရန်
ပန်ကြားအပ်ပါသည် "
ထိုသို့ပြောကြားပြီးခနအကြာ၌
" သတို့သားလုရွှယ်ခန်းမတွင်းနေရာယူပေးပါ "
မင်္ဂလာစန္ဒယားသံလေးလည်းကြားနေရပြန်သည်
တီးနေသူမှာဟဲရန်ပင်...နေရာယူရန်ပြင်နေသော
လုရွှယ်ကိုကြည့်ကာပြုံးရင်းတီးနေသည်...
ဧည့်သည်များမှာလည်းအပြုံးပန်းများဝေဆာလျက်
လက်ခုပ်များသောင်းသောင်းဖြဖြတီးကာ
စန္ဒယားသံနှင့်အတူသတို့သားကိုကြိုဆိုနေကြသည်
မျက်မှန်တပ်ထားသောသတို့သားလုရွှယ်...
အနောက်တိုင်းသတို့သားဝတ်စုံနှင့်...နှုတ်ခမ်းမှာ
နားရွက်တက်ချိတ်တော့မည့်ပုံဖြင့်လျှောက်လှမ်းကာ
နေရာယူလေတော့သည်....
" သတို့သမီးခန်းမတွင်းနေရာယူပေးပါ "
ခန်းမတွင်းရှိလူများအားလုံးသတို့သမီး၏လှပမှုကို
မှင်သက်ရှုမောနေသည်..သတို့သားမှာပို၍ဆိုးသည်
သတို့သမီးထို့အာ...ဆံပင်ကိုတဝက်စည်းတဝက်ချ
နှင်းဆီအဖြူလေးကိုပန်ဆင်ထားသည်....
ဂါဝန်အဖြူဒူးဖုံးကားကားလေးနှင့်...ခြေအိတ်အဖြူ
ဖိနပ်အဖြူလေးစီးကာ..နတ်သမီးလေးအလား....
မင်္ဂလာပွဲ၌သတို့သမီးထင်လှမည့်သူမရှိဆိုသည်မှာ
အမှန်ပေ.....
အခမ်းအနားမှူး၏အစီအစဥ်အတိုင်း
လက်ထပ်လက်စွပ်များလဲလှယ်ကာသစ္စာစကားများ
အချင်းချင်းဆိုကြလေသည်...ထို့အာ၏မိဘများကို
အတူတူဂါရဝပြုကာ မင်္ဂလာအရက်ကိုအတူတူ
သောက်သုံးကြလေသည်....
မင်္ဂလာအခမ်းအနားပြီးဆုံးခါနီး၌
ပန်းစည်းပစ်ရန်အချိန်ကျရောက်လာပြီ
သတို့သမီးလည်းအနောက်သို့မကြည့်ဘဲပစ်လိုက်ရာ
ဇယ်ကျွင်းဟုခေါ်သောသူဆီသို့ရောက်ရှိသွားသည်
ဇယ်ကျွင်းလည်းပန်းစည်းရသည်နှင့်မုဆိုးထိုင်ထိုင်၍
ဇယ်ကျွင်း : ကျူရှန်း.ကိုယ့်နဲ့လက်ထပ်ပေးနိုင်မလား
အကုန်လုံးကတဝိုးဝိုးတဝါးဝါးနှင့်လက်ခံလိုက်ဟု
ပျော်ရွှင်စွာပြိုင်တူဟစ်အော်နေကြသည်...
ကျူရှန်း : အင်း...ငါသဘောတူတယ်
{ မျက်နှာကိုလက်ဖြင့်အုပ်ကာပျော်ရွှင်စွာ
ပြန်ပြောလိုက်သည် }
// ရေး .... ဒီနေ့တော့မင်္ဂလာတွေကဆက်တိုက်ပဲ //
လုရွှယ် : ဟဲရန်...မင်းတစ်ယောက်ပဲကျန်တော့တယ်
ရည်းစားလေးဘာလေးရှာဦးကွ...Haha
ဟဲရန် : မင်းသောက်ပူပါလား...အခမ်းအနားပြီးပြီ
မင်းတို့လည်းအဝတ်အစားလဲပြီးထွက်ဖို့
ပြင်ကြတော့..
ထို့အာ : အင်း..ပြင်ကြတာပေါ့
ကျူရှန်း : ငါတို့လည်းသွားတော့မယ်
ဇယ်ကျွင်း : ဘိုင့်ဘိုင်
လုရွှယ် : ဘိုင်
အကုန်လုံးလက်ပြပြီးနှုတ်ဆက်ခဲ့ကြသည်
လုရွှယ်နှင့်ထို့အာတို့လည်းဟန်းနီးမွန်းထွက်ရန်
ကားဖြင့်သွားကြလေပြီ...ကားထဲ၌
လုရွှယ် : ထို့အာ....အာ့တုန်းကကိုယ့်ကိုသေနတ်နဲ့
ပစ်ခဲ့တဲ့ကိစ္စဘာလို့ကျေအေးလိုက်တာလဲ
သိနေခဲ့တဲ့သူမလို့လား...
ထို့အာ : စိတ်ထိန်းချုပ်ဖို့ခက်ခဲ့တဲ့လူတစ်ယောက်ရဲ့
လုပ်ရပ်ပါ..ထားလိုက်တော့..ငါတို့လည်းခု
ပျော်ရွှင်နေရပြီလေ
လုရွှယ် : ဘာလို့ငါတို့လဲ .... မိန်းမ..ယောကျ်ားလို့
ခေါ်လေ... { စပ်ဖြီးဖြီးဖြင့် }
ထို့အာ : လူဆိုး...ခုချက်ချင်းကွာရှင်းမယ်
လုရွှယ် : ဟန်းနီးမွန်းတော့ထွက်ပါရစေဦးမိန်းမရယ်
HAHAHA....
* ငါတို့ရဲ့ကံကြမ္မာလည်းပြောင်းလဲခဲ့ပြီးပျော်နေရပြီ..
ကျူရှန်းလည်းသူရဲ့အချစ်နဲ့တွေ့နေပြီ...ဟဲရန်လည်း
သူလက်လျှော့သင့်တာမသင့်တာတွေကိုသိမှာပါ
နောက်ထပ်ကံကြမ္မာမပြောင်းချင်တော့ဘူး
ဒီလိုလေးနဲ့အကုန်လုံးပျော်ရွှင်နေကြပြီလေ *
ဟဲရန်တစ်ယောက်တော့ Bar မှာတင်အချိန်ကုန်သည်
* လုရွှယ်..မင်းတို့ပျော်ရွှင်ပါစေကွာ..ငါကအချစ်နဲ့
မထိုက်တန်ခဲ့ပါဘူး...ငါလက်လျှော့လိုက်ပြီ *
........ : ညီလေး ... ဒီနေရာမှာအစ်ကိုထိုင်လို့ရလား
ဟဲရန် : ဟုတ်ကဲ့...ရပါတယ်
သူတို့နှစ်ယောက်လည်းအရက်အတူသောက်
ရင်တွင်းဖြစ်များအချင်းချင်းပြောကာ
ရယ်မောခဲ့ကြလေသည်
@@@@@@@@@@@@@@@@@@@@
ပြီးသွားပါပြီ 😘😘😘 နောက်ထပ်အသစ်လေး
တစ်ပုဒ်ရေးဖို့စဥ်းစားထားပါတယ်....
ဖတ်ချင်ရင် Acc ကို Follow ထားနော် 😘