Chongfei Manual(Myanmar Trans...

By sweswexlaing

5.7K 321 19

Author: Feng He You Yue Zhao Jie & Wei Luo Rebirth လေးပါနော် Credit to all Author and Translator This story i... More

Intro
1
2
တောင်းပန်လွှာ
4
5(A)

3

185 33 5
By sweswexlaing

သူမ အထင်မှတ်မမှားဘူးဆိုရင် မီးပူဇော်ပြီး ဟူကော် ဘုရားကျောင်းက ပြန်လာရင် မဒမ်ဒူက သူမရဲ့ အစီအစဥ်တွေကို အကောင်ထည်ဖော်တော့မှာ။

အဲ့ဒီအချက်ကို ယုံမှားဖွယ်မရှိအောင် ဖုံးကွယ်ဖို့အတွက် မဒမ်ဒူက သူ ချိတ်ဆက်ထားတဲ့ အကျည်းတန်လှသော ကျွန်ကုန်သည် ယောကျာ်းတစ်ယောက် နဲ့ မိန်းမတစ်ယောက်ကို တွေ့ဖို့ဖြစ်လာစေတော့တယ်။ထိုအချိန်မှာတော့ မဒမ်ဒူက သူတို့ဆီက ဘာပိုက်ဆံ မရသေးပဲ သူမ(အားလော်)ကို မြန်နိုင်သမျှ မြန်မြန် ရောင်းဖို့်သာလျှင် တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။သူမ
(အားလော်)ဘဝ တစ်လျှောက်လုံး ဒီမြို့တော်ကို ပြန်မလာနိုင်တော့ခြင်းက အကောင်းဆုံးအရာပင်။

အားလော်သည် မဒမ်ဒူနောက်သို့ လိုက်စဥ်အတွင်း တစ်လှမ်းချင်းစီသွားရန်သာ အစီအစဥ်ဆွဲ၍ လိုက်လာတော့၏။

သူမ(မဒမ်ဒူ)က သူမ(အားလော်)ကို မရောင်းဘူးလား? အတော်ပဲ ဒါဆို သူမ ဘယ်လောက် ကျွမ်းကျင်လဲ ကြည့်လိုက်ရအောင်။

အဲ့ဒီအချိန်ရောက်လာခဲ့ရင် သူနာပြုရီကြောက် မသွားဖို့ သူမမျှော်လင့်တယ်။သူမ(သူနာပြုရီ)ရဲ့ နှလုံးသားမှာ သူမ(အားလော်)က အပြစ်ကင်းတဲ့ သခင်မငယ်လေး အဖြစ်လို့သာ အမြဲအမှတ်ရစေချင်တာ​ေပ။

ဝေ့လော်က သူမ(သူနာပြုရီ)ကို တကယ်ချစ်ခင်၏။

သူမ မှတ်မိနိုင်တဲ့ အရွယ်ကတည်းကပင် သူနာပြုရီက သူမကို စောင့်ရှောက်ပေးခဲ့တယ်။သူမရဲ့ ကလေးအရင်း ထက်တောင်မှ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့၏။ထို့အပြင် အတိတ်တုန်းက အားလော်သည် ဆွေမျိုးတွေကို ဝန်ခံကာ မြို့စားအိမ်တော်ကို ပြန်သွားချင်ခဲ့၏ ထို့နောက် မှာတော့ အမေနဲ့သမီး အတွဲက သူမကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်ခဲ့
တာကြောင့် သူနာပြုရီ တစ်ယောက်သာလျှင် သူမကိုသတိပြုမိပြီး ခေါ်သွားကာ ပြုစုစောင့်ရှောက်ပေးခဲ့ပြန်တယ်။ကံဆိုးချင်တော့လည်း ဝေ့လော်မှာ လုံလုံလောက် အားမရှိကာ အကြာကြီးမနေခဲ့ရပေ။ဝေ့လော်ရဲ့ နောက်ဆုံးအသက်ရှူချိန်တွင်ပင် အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့ရလေသည်။

မဒမ်ဒူရဲ့ ရည်ရွယ်ချက်တွေကို သူနာပြုရီသာ သိရှိခဲ့ရင် သူမ(အားလော်)ကို ရှေ့ကထွက်ပြီး သဘာဝကျကျ ကာကွယ်ပေးမှာ မှန်တယ်မလား?

ဝေ့လော် သနားစရာကောင်းလောက်အောင် သေ သွားခဲ့တာကို သူမ(မဒမ်ဒူ)မသိတာ ဆိုးတာပဲ။

ညဘက် သူမ (မဒမ်ဒူ) အိပ်တဲ့အခါမှာ သူမ(အားလော်)အကြောင်းတွေကို ဘာအိမ်မ က် မှ မမ က်ဘူးလားလို့ သူမ သိချင်မိတယ်။သူမ(မဒမ်ဒူ)က ဝေ့ကျန်းနဲ့ ပူပေါင်းပြီး ဝေ့လော်ရဲ့ မျက်နှာကို ဖျက်ဆီးခဲ့တုန်းက ပျော်နေကြတယ်မလား?တစ်ယောက်ယောက်ရဲ့ အရေပြားကို လှီးဖြတ်ရတဲ့ ခံစားချက်က တကယ်ပဲ ကောင်းနေလို့လား?ဝေ့လော်က သူမကိုယ်တိုင် ဒီလိုမျိုးကို ကြိုးစားကြည့်ဖို့အတွက် အနည်းငယ် စိတ်အားထက်သန်နေတယ်လို့ စဥ်းစားမိခဲ့၏။

သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အလိုလိုကွေးတက်သွားပြီး ရက်စက်တဲ့အရာတွေကို သူမ သိသိသာသာ စဥ်းစားနေသော်လည်း သူမမျက်နှာတွင်တော့ ချိုသာတဲ့ အပြုံးလေး တစ်ခုသာရှိနေလေသည်။

ဝေ့လော်က ပြတင်းပေါက်ကို ထပ်တလဲလဲကြည့်ကာ  သူမ မျက်လုံးတွေကတော့ ပတ်ဝန်းကျင်ကိုလှည်းကျင်းနေသလို ကြည့်ရှုနေတော့၏။

လမ်းပေါ်တွင် လူအများအပြား ရှိနေကြပြီး ချမ်းသာတဲ့ သူများက ဝတ်ကောင်းစားလှ ဝတ်ဆင်ကြ၍ သူတောင်းစားများကတော့ အဝတ်စုတ်တွေ ဝတ်ဆင်ကြ ကာ သူတို့စီးပွားရေးအတွက် သွားလိုက်လာလိုက်လုပ်နေကြသည်။လူတွေ အရမ်း ပြည့်ကျပ်နေတာ ကြောင့် ရထားလုံးက ဖြည်းညှင်းစွာ ရွှေ့လျားသွားကာ ဝေ့လော်ကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်၍ ကြည့်ရှုနေတော့၏။

လမ်းမကြီး တစ်လျှောက်တွင် ရထားလုံးက ရုတ်တရက် ရပ်တန့်သွားလေသည်။မဒမ်ဒူရဲ့ မိန်းမအစေခံ နင်းရွှယ်က အကြောင်းအရင်းကို မေးမြန်းရန် လိုက်ကာကို မတင်လိုက်လေသည်။ ကြည့်ရတာတော့ ရထားလုံးနှစ်ခု တိုက် မိပြီး လမ်းပိတ်နေခြင်းပင် ဒါကြောင့် ရထားမောင်းတဲ့သူမှာ မျက်နှာဖုံးရောင်းတဲ့ဆိုင်နားတွင် ယာယီရပ်လိုက်ရ၏။

နင်းရွှယ်က ပြော​ေလသည်"ကျွန်မတို့ ကံမကောင်းတာပဲ မဒမ် တစ်ခြားလမ်းက သွားလိုက်ရမလား?"

မဒမ်ဒူလည်း အချိန်မကုန်ချင်၍ ခေါင်း​ငြိမ့်ပြလိုက်ကာ "ဒါဆိုရင်လည်း...."

အခုထိ ဘာစကားမှ မပြောခဲ့သော ဝေ့လော်သည် သူမပါးစပ်ကို ဖွင့်ကာ ပြောလာ၏"မဒမ် ကြည့် အဲ့ဒီမှာ မျက်နှာဖုံးတွေ အများကြီးပဲ!အားလော် မျက်နှာဖုံး တစ်ခုလောက်ဝယ်ချင်တယ်"

မဒမ်ဒူမှာ အပြုံးမျက်နှာကို ဆက်လက်ထိန်းသိမ်းထားရ၏။အားလော်က သူမကို မဒမ်လို့ ခေါ်တဲ့ အချိန်တိုင်း သူမနှလုံးသားက မသက် မသာ ခံစားရလေတယ်။ဒီအချက်ကို သူမစိတ်ဆိုးချင်သော်လည်း ဒီမိန်းမငယ်လေးကို လှည့်ဖြားရဦးမှာဖြစ်လို့ သူမ စိတ်ကိုပြောင်းလဲလိုက်ရတယ်။ဒီကောင်မလေးက ပါးနပ်လွန်းပြီး တစ်စုံတစ်ခု တစ်လွဲတွေ ဖြစ်​ေန​တာကို သူမသာ ရှာဖွေတွေ့ရှိခဲ့ရင် သူမက ထွက်ပြေးသွားနိုင်ကာ အရာရာကို ခက်ခဲအောင်ပြုလုပ်လိမ့်မှာပင်။ထိုအကြောင်းကို တွေးမိတာနဲ့ သူမ(မဒမ်ဒူ)အားတင်း ပြုံးလိုက်ကာ "အားလော်က လိမ္မာပါတယ်၊အမေတို့ ဟူကော် ဘုရားကျောင်းကို သွားပြီး မီးပူဇော်ရမယ်လေ၊မျက်နှာဖုံးကို အမေတို့ ပြန်လာမှ ဝယ်ကြရအောင်နော်။"

အားလော်က အလျင်အမြန် ခေါင်းကို ခါယမ်း လိုက်ကာ "ဟင့်အင်း သမီး ဒါကို အခုဝယ်ချင်တယ်"

မဒမ်ဒူ ငြင်းဖို့ ရည်ရွယ်လိုက်တာကို သူမမြင်တာနဲ့ ဗျူဟာ ပြောင်းလိုက်ကာ "ခုန အိမ်မှာတုန်းက ကျတော့ မဒမ်က အားလော်အတွက် မျက်နှာဖုံး ဝယ်ပေးမယ်လို့ ပြောခဲ့တယ်လေ၊ကတိဆိုတာ တည်ရတယ်၊မဒမ်က သမီးကို လိမ်တာလား?သမီး အဖေကို ပြောပြရလိမ့်မယ်!"သူမက ခြိမ်းခြောက်ခြင်းနဲ့စည်းရုံးခြင်း နှစ်ခုလုံးကို ဘယ်လို အသုံးပြုရမလဲဆိုတာ သိလေတယ်။
မဒမ်ဒူရဲ့ အသားအရောင် မကောင်းတော့တာကို မြင်လိုက်တာနဲ့  သူမရဲ့တောက်ပတဲ့ မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ အနီးအနားမှာရှိတဲ့ မျက်နှာဖုံးဆိုင်ကို ထိုးပြလေပြီး "သမီးတစ်ခုတည်း ဝယ်မှာပါ...မဒမ်၊ တစ်ခုလောက် ဝယ်ပေးပါ၊မဒမ်သာ ဝယ်ပေးမယ်ဆိုရင် သမီး နာခံပါ့မယ်နော်"

မဒမ်ဒူကို ထပ်တလဲလဲ တောင်းဆိုမှုတွေက လွှမ်းမိုးသွားခြင်းကြောင့် သူမ ခဏတာတော့ စဥ်းစားလိုက်ရ၏။ဒါ့အပြင် လမ်းကလည်း အချိန်ခဏလောက်တော့ ပိတ်နေဦးမှာပဲ။ဝေ့လော်ရဲ့ တောင်းဆိုမှုကို လုပ်ပေးလိုက်တာလဲ ကောင်းတဲ့အရာပဲလေ၊ဒါဆို သူမလည်း နောက်ဆို ပြဿနာရှာမှာမဟုတ်လောက်ဘူး။ဒီအပြင် ဒီရထားလုံးထဲက လူတွေကလည်း သူမရဲ့လူတွေကြီးပဲကို ကျင်းလုနဲ့ သူနာပြုရီကတော့ သူတို့ရဲ့နောက် တစ်ခြား ရထားလုံးထဲမှာ ရှိနေကြတာပဲ။ဒီနေရာမှာ ဒီကောင်မလေး ဘယ်ကိုမှ ပြေးလို့မရဘူး ဒါကြောင့် သူမ ခွင့်ပြုလိုက်တော့တယ်။

မဒမ်ဒူက နင်းရွယ်ကို ပြောလေ၏ "စတုတၳ သခင်မလေးကို ကူညီပြီး သွားဝယ်ပေးလိုက်၊ဘယ်ကိုမှ လျှောက် မသွားနဲ့ ဝယ်ပြီးချက်ချင်း ပြန်လာခဲ့နော်"

နင်းရွှယ်က အမိန့်ကို နာခံကာ အားလော်ကို လှမ်းကို်င်ဖို့ စိတ်မပါစွာ လက်ကိုဆန့်ထုတ်လိုက်ပြီး
"သခင်မလေး ကျွန်မနဲ့ လိုက်ခဲ့ပါ"

ဝေ့လော်က သူမကို မမြင်ချင်ယောင်ဆောင်လိုက်ကာ လက်ကို ရှောင်တိမ်းလိုက်၏။သူမ ရထားလုံးမှ တိုက်ရိုက်ခုန်ချလိုက်ကာ မျက်နှာဖုံးဆိုင်သို့ ခုန်ပေါက်ပြေးတော့သည်။ခြေလှမ်း အနည်းငယ်နဲ့ သူမ အဲ့ကိုရောက်သွား၏။

နင်းရွှယ်က မဒမ်ဒူရဲ့ လူဖြစ်ပြီး မဒမ်ရဲ့ အစီအစဥ်တွေကို သူမသိသွားကတည်းက ဝေ့လော်ကို ကောင်းတဲ့ ထင်မြင်ချက် မပေးတော့ချေ။ဝေ့လော်ဆီမှ လျစ်လျူရှူမှုကို ရရှိလိုက်ရ၍ သူမ အင်္ကျီလက်ကို ခါယမ်းလိုက်ကာ မကျေနပ်ချက်တွေနဲ့အတူ သူမ(အားလော်)နောက်က လိုက်တော့၏။

ဝေ့လော်ရဲ့ခြေထောက်တွေက တိုသဖြင့် ဆိုင်ရှေ့မှာ ရပ်နေသော်လည်း သူမ ပျံကျစျေးကို မမြင်နိုင်ဘူး။သူမက အလောတကြီး မလုပ်ပေ။အမျိုးမျိုးသော မျက်နှာဖုံးတွေကို ကြည့်လိုက် ထိလိုက် လုပ်နေသည်မှာ သူမက ရွေးချယ်ဖို့အတွက် အချိန်ယူနေသလိုပင်။

အဆုံးမှာတော့ သူမ ဘေးမှာရပ်နေတဲ့ လူဘက်ကို လှည့်ပြီး ထိုသူရဲ့ မဲနယ်ရောင် ကုတ်အင်္ကျီကို အားစိုက် ဆွဲလိုက်တော့၏။သေးငယ်သော အသံလေးကို သုံး၍ သူမက ထိုသူကို တိုးတိုး  သက်သာ ခေါ်လိုက်ကာ "အစ်ကိုကြီး၊အစ်ကိုကြီး ကိုင်ထားတဲ့ မျက်နှာဖုံးကို သမီးကြိုက်လို့ ခဏလောက် ကြည့်ခွင့်ပေးပါလားဟင်"

တစ်ခြားတစ်ဖက်က လူမှာ ရပ်တန့်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကလေးငယ်လေး တစ်ယောက်သာ အဲ့ဒီနေရာမှာ ရပ်နေသည်ကို မြင်လိုက်ရတယ်။

ရွှေအဆင်တန်ဆာ ကွပ်ထားသည့် ပုလဲလုံးတစ်ခုနှင့် အလှဆင်ထားသော ပိုးချည်ကြိုးဖြင့် သူမ ဆံပင်တွေကို ထုပ်ပိုး စုချည်ထား၏။တည်သီးပုံစံ ပါသည့် ရွှေရောင် အချိတ်ပိုးထည်နှင့်အတူ နူးညံ့သော အစိမ်းရောင် အင်္ကျီကို သူမ ဝတ်ဆင်ထားလေတယ်။ဒီပုံစံအရဆိုရင်တော့ သူမက ချမ်းသာတဲ့ မိသားစုရဲ့ သမီး၊ အလိုလိုက်ခံရတဲ့ သခင်မငယ်လေး တစ်ယောက်ပင်။

သူက တစ်ချက် မျှ မကောင်းဆိုးဝါး မျက်နှာဖုံးကို ကြင်နာစွာ ပွတ်သပ်လိုက်ပြီးနောက် နက်ရှိုင်းပြီး ကြင်နာသော အသံနှင့် မေးလေ၏"မင်း လိုချင်လို့လား?"

သူက လူငယ်လေး တစ်ယောက်ဖြစ်သော်လည်း သူကို အထက်အောက်ကြည့်လိုက်ရင် အထက်တန်းကျတဲ့ လေထုက မဖြစ်နိုင်အောင် ရှိနေလေတယ်။ သူ့ရဲ့ ပုံစံက လှပခြင်းနဲ့ ရဲရင့်ခြင်းကို ပေးဆောင်နေ၏။ဆယ့်ငါး၊ဆယ့်ခြောက်နှစ်လောက်သာ ရှိသေးသော်လည်း တစ်ခြားတစ်ယောက်ရဲ့ တည်နေရာကို မုန်တိုင်းဒဏ်ကြောင့် လွင့်စင်သွားနိုင်လောက်အောင် လုပ်နိုင်စွမ်း သူ့မှာရှိတယ်။ငြိမ်ငြိမ်သက်သက်ဖြင့် တစ်သီး တစ်ခြား နေတတ်ပုံကို တစ်ခြားလူတွေက အတုမခိုးနိုင်လောက်ပေ။ ဒီလို အကြောင်းပြချက်တွေကြောင့် ဝေ့လော်က မျက်နှာဖုံးကို ဝယ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာပေါ့....ထင်တဲ့ အတိုင်း ဒါတွေကြောင့်ပဲ ထိုလူငယ်ရဲ့ နောက် မှာ စိတ်ပျက်ဖွယ်  ကိုယ်ရံတော်နှစ်ယောက် ရှိနေကြလေတယျ။သူတို့ပုံစံက ကိုယ်ခံပညာရပ်တွေမှာ ထူးကဲတဲ့ ပုံပေါက်နေကြ၏။

ဝေ့လော်က ခေါင်းငြိမ့်လိုက်ကာ "အင်း"

ကျောင်ကျဲက ဝူရုန်မှ အခုလေးတင် ပြန်လာတာဖြစ်ပြီး နန်းတော်သို့ သွားရန် လောချင်း မရှိပေ။သူက လမ်းမှာ လျှောက်သွားနေရင်း ဒီသေးငယ်တဲ့ မိန်းကလေးက သူ့ကို သူမကစပြီး စကားလာပြောမယ်လို့ မထင်ထားခဲ့လေဘူး။ကံဆိုးချင်တော့ သူကလည်း ကလေးတွေနဲ့ ပတ်သက်ရင် စိတ်ရှည်မှုမရှိဘူး...ဒါတောင် ဒီကောင်မလေးက လှပလွန်းလို့ပင်။သူက မျက်နှာဖုံးကို သူမအား လှမ်းပေး၍ ထွက်ခွာဖို့ ပြင်ဆင်တော့၏ "ဒီမှာ မင်းအတွက်"

ဒါပေမယ့် အားလော်က သူ့ကို လွယ်လွယ် လွှတ်ပေးမှာတဲ့လား?သူမက သူ့ကြောင့် ရထားလုံးကနေ ထွက်လာခဲ့တာလေ။

သူမရှေ့တွင် သူက မျက်နှာဖုံးကို ကိုင်ထားလေပြီး လက်ကို အခုထိ မရုတ်သိမ်းရသေးချေ။အားလော်က သူ့ရဲ့ လက်ကောက်ဝတ်ကို အမိအရ ဖမ်းဆုပ်လိုက်ရင်း သူမရဲ့ သေးငယ်၍ ပွင့်လွှာနဲ့တူတဲ့ ပါးစပ်မှ ချွန်မြတဲ့သွားတွေကို ထုတ်ဖော်ပြသကာ ကိုက်ချလိုက်တော့သည်။

သူမရဲ့ ကိုက်လိုက် မှုက ပြင်းထန်သွား၍ သူရဲ့ အရေပြားတွင် သွားများက နှစ်မြုပ်သွားလေ၏။မကြာခင်မှာတော့ လုံလုံလောက်လောက်ကို သူမပါးစပ်က သွေးများ ပြည့်သွားတယ်။
(သေရာပါ အမှတ်ကို ပေးလိုက်ပြီ lol)

ကျောင်ကျဲက မမျှော်လင့်ထားလေဘူး။သူ့ရဲ့ လက်ကို မြှောက်လိုက်၍ သူမကို ခါချသော်လည်း ဒီကလေးမငယ်လေးက စွဲစဲွဲ မြဲမြဲ
ကိုက်ထားကာ ခေါင်းမာစွာ သူ့လက်ကောက်ဝတ်မှာ တောက်တဲ့လိုကပ်နေလေ၏။သူ့မှာ ကြိုးကြိုးပမ်းပမ်း အားထုတ်၍ သူမကို ခါချပြန်
သော်လည်း မအောင်မြင်ချေ။အစောင့်တွေက သူတို့ရဲ့ ဓားရှည်တွေကို ဆွဲထုတ်၍ အရှေ့သို့တက်လာခဲ့ကြသည်မှာ သူတို့ သတိမထားမိလိုက်ချိန်မှာပဲ လူတွေ ရှုပ်ယှက်ခတ်နေသည့် လမ်းမကြီးရဲ့ အလယ်ကို ရောက်နေကြလေပြီ။နေရောင်အောက်တွင် တလက်လက်ထနေသည့် ဓားသွားများ၏ အရောင်တွေက အားလော်ရဲ့ကိုယ်ပေါ်သို့ ချောက်ချားဖွယ်ရာ ကျရောက်နေ၏။အားလော်က သူတို့ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး နင်းရွှယ်နောက်သို့ ဝင်ပုန်းကာ ရယ်သွမ်းနေသော မျက်လုံးတစ်စုံအား ပြသလေတယ်။

အဲ့ဒါဟာ တိတိကျကျကို စိန်ခေါ်တဲ့ အကြည့်ဖြစ်လေပြီး ထို မျက်လုံးတွေက ပြောနေသည်မှာ
"ငါ့ကို လာဖမ်းလေ"

ကျောင်ကျဲ၏ မျက်လုံး​ေတွှမှာ အေးစက်သော အလင်းတန်းက ဖျက်ခနဲလက်သွားလေတယ်။သူ အောက်သို့ ငုံ့လိုက်ကာ လက်ကောက်ဝတ်ပေါ်မှ နက်ရှိုင်း၍ သွေးစွန်းနေသော ဒဏ်ရာကို ကြည့်လိုက်တယ်။သူ သတိမမူမိလိုက်သည့်  ဒီအလိုလိုက်ခံရတဲ့ သခင်မငယ်လေးကို ဖြေရှင်းပေးဖို့ သူ စဥ်းစားနေလေ၏။ဒီမိန်းမငယ်လေးမှာ ရက်စက်ပြီး လူတွေကို ကိုက်ဖြတ်နိုင်လေတဲ့ တိရစ္ဆာန်အစွယ်တွေ ရှိနေမယ်လို့ သူ ဘယ်တော့မှ မထင်ထားဘူး။

ကိုယ်ရံတော်တွေက အမိန့်ပြောကြားမှုအတွက် စောင့်နေကြလျက် "သခင်လေး"

ကျောင်ကျဲ မျက်လုံးလှန်၍ နင်းရွှယ်နောက်တွင် ပုန်းနေသော ဝေ့လော်ကို စိုက်ကြည့်လိုက်ကာ
"သူမကို ငါ့ဆီခေါ်လာခဲ့၊သူမရဲ့ ချွန်ထက်တဲ့ သွားတွေ ဘယ်လိုကြီးထွားနေလဲဆိုတာ ငါသိချင်တယ်"

အစောင့်တွေက အမိန့်ကို ရလိုက်တာနဲ့ ဆောင်ရွက်ဖို့ ပြင်ဆင်ကြ​ေလ၏။အားလော်ကတော့ သူမမြန်မြန်သာ ပြေး​တော့သည်။သူမက သေးငယ်သော်လည်း သူမရဲ့ အရှိန်နှုန်းကို နိမ့်ကျတယ်လို့ ခန့်မှန်းလို့မရပေဘူး။​ခြေနင်းပေါ်သို့ လှမ်းလိုက်ပြီး ရထားလုံးသို့ တက်လိုက်ပြီး အနက်ရောင်လိုက်ကာကို ဆွဲချလိုက်ကာ ပြန်ထွက်ဖို့ကို ငြင်းဆန်နေတော့တယ်။

အစောင့်နှစ်ယောက်၏ နောက် မှာ ကျန်ခဲ့တဲ့ နင်းရွှယ်ကတော့ စိတ်ထဲတွင် အားလော်ကို မကျေမနပ်ပြောနေလေ၏။ထိုအရေးအား ဆက်လက် မရှုပ်ထွေးစေချင်တော့၍ သူတို့ကို နှစ်သိမ့်သည့်အနေဖြင့် အပြုံးတစ်ခုနှင့် "လေးစားရပါသော သခင်ငယ်လေးရှင့် ကျွန်မတို့မိသားစုရဲ့ သခင်မလေးက အသက် ခြောက်နှစ်သာ ရှိသေးပါတယ်၊ သခင်လေးကိုယ်တိုင် သူမနဲ့
အဆင့်တူတူ မနှိမ့်ချလိုက်ပါ....."

အနက်ရောင် အဝတ်တွေဝတ်ထားသည့် အစောင့်က မကျေမနပ်ဖြင့် "ခြောက်နှစ်?ခြောက်နှစ်က ဒီလို ရက်စက်ကလား?သူမက ငါတို့ သခင်လေးကို ပျက်ထွက်လုနီးပါး ကိုက်သွားတယ်လေ"

နင်းရွယ်မှာ သူမဘက်က မှားမှန်းသိတာကြောင့် ထပ်တလဲလဲ တောင်းပန်ရတော့၏။

နောက်ဆုံးမှာတော့ ရထားလုံးထဲမှ မဒမ်ဒူသည် စိတ်မရှည်တော့ပဲ သူမ(နင်းရွှယ်)ကို လာရန် ခေါ်လိုက်​ေတာ့တယ်။နင်းရွှယ်မှာ သက်သာရာရသွားတော့သည်။

အနက်ရောင်ခေါင်မိုးတပ်ထားသည့် ရထားလုံးက တစ်ဖြည်းဖြည်း သယ်ဆောင်သွားလေပြီး ဝေ့လော်သည် ပြတင်းပေါက်တွင် သူမရဲ့ သေးငယ်သော ခေါင်းလေးကိုထိုး၍ အနောက်သို့
ကြည့်လေတယ်။

ကျောင်ကျဲက သူမကို ကြည့်နေဆဲဖြစ်သည့်အတွက် သူမ ပါးစပ်မှ စကားလုံးများ တစ်လုံးချင်း ထွက်လာသည်ကို မြင်လိုက်ရ၏။

"နည်းနည်းလေးမှ အရသာ မကောင်းဘူး"

ကျောင်ကျဲရဲ့ အသားအရေမှာ ပြောင်းလဲသွားတော့၏။

လွန်ခဲ့တဲ့ အချိန်ခဏလောက်က စကားပြောခဲ့သော ကိုယ်ရံတော် ကျူကွန်းက မေးသည်
"မင်းသား ဒီနိမ့်ကျတဲ့ ကောင်မလေးကို ပြန်ခေါ် စေချင်လား ၊ သူမကို ကိုင်တွယ်ဖြေရှင်းဖို့ ခွင့်ပြုလား?"
(ခုနက နင်းရွှယ်နဲ့ ပြောနေတဲ့ ကိုယ်ရံတော်ပါ)

ကျောင်ကျဲက တိတ်ဆိတ်နေကာ ခွင့်မပြုသော်လည်း မငြင်းဆန်ပေ။

ထိုရထားလုံးက ဟူကော်ဘုရားကျောင်းသို့ ရောက်လာလေ၏။မဒမ်ဒူက ခမ်းနားလှတဲ့ ပင်မခန်းမကြီးကို ဝေ့လော်အား ဦးဆောင်လမ်းပြပြီး ဆီမီးပူဇော်၍ ရိုသေစွာ ကန်တော့ရင်း ဝတ်ပြုဆုတောင်းကြလေသည်။

သူမ(မဒမ်ဒူ)က သရုပ်ဆောင်မြဲ ဆောင်ဆဲပင်။မဒမ်ဒူက သောကရောက်နေသည့် အချိန်တွင်လည်း ဓလေ့ထုံးတမ်းတစ်ခုလို သူမရဲ့ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားလေတယ်။အားလုံးပြီးသွားတဲ့ အချိန်မှာတော့ သူတို့ ခရီးပြန်ထွက်ရန် ပြင်ဆင်ကြတော့သည်။ဝေ့လော်က ရုတ်တရက် သူနာပြုရီဘက်ကို ပြေးသွားပြီး သူမရဲ့ ခေါင်းကို မော့လိုက်ကာ ပြောလေ၏"သူနာပြု သမီး နေလို့မကောင်းဘူး.."

ကြောက်လန့်၍ သူနာပြုရီသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူမရဲ့ အခြေအနေကို စစ်ဆေးတော့တယ်"သခင်မလေး ဘယ်နားကများ မကောင်းလို့လဲ?သခင်မလေးရဲ့ အဖျားက ကောင်းမလာသေးဘူးလား?လေတိုက်လို့များ ပြန်အအေးမိလာတာများလားး?"

သူနာပြုရီက အသက်သုံးဆယ်ကျော်ဖြစ်ပြီး တစ်ခြားမိန်းမများထက် အကောင်းဆုံး သဘာဝကျသည့် ပုံမှန် မျက်နှာသွင်ပြင်ရှိကာ သင့်တင့်လျောက်ပတ်စွာ ထိန်းသိမ်းတတ်၏။

အားလော် အမေ ကျန်းမြောင်လန်က သူမလက်ထပ်ပြီးချိန်တွင် သူနာပြုရီကို ခေါ်လာခဲ့လေတယ်။မဒမ်ကျန်း ပျောက်ဆုံးသွားကတည်းက သူနာပြုရီသည် အားလော်ကို ပြုစု ပျိုးထောင်ခဲ့ပြီး သူမရဲ့ သမီးအရင်းတစ်ယောက်လို ဆက်ဆံလေသည်။အခုမှာတော့ ဒီကလေးဆီက နေလို့မကောင်းဘူးလို့  ကြားလိုက်ရတဲ့အတွက် သူမ နှလုံးသားက နာကျင်လာတယ်။

ဝေ့လော် နေမကောင်းဘူးဆိုတာ အမှန်မဟုတ်လေဘူး၊ရထားလုံးထဲမှာ မဒမ်ဒူနဲ့အတူတူ မစီးချင်၍သာ သူနာပြုရီကို သရုပ်ဆောင်ပြနေခြင်းဖြစ်၏။အဆုံးမှာတော့ သူနာပြုရီ နဲ့ ဒူယွဲ့ယင်းမှာ လက်လျှော့လိုက်ပြီး တောင်အောက် ဆင်းချိန်မှာ သူနာပြုရီနှင့် တူညီတဲ့ရထားတွဲကို စီးဖို့်
ခွင့်ပြုလိုက်ရတော့တယ်။

ရထားလုံးထဲမှာ ထိုင်လိုက်ရမှ ဝေ့လော်က စိတ်လျှော့ချလိုက်ပြီး သူနာပြုရီရဲ့ လက်ကောက်ဝတ်ကို ဖက်ကာ "သူနာပြု သမီးကို မထားခဲ့ပါနဲ့၊ အားလော်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့နော်"

ဒီမနက်တူတူ ရှိချိန်တုန်းက ဝေ့လော်က မဒမ်ဒူကို မကြိုက် မှန်း သူနာပြုရီ နားလည်သဘောပေါက်ခဲ့၏။ဒါဟာ အနည်းငယ် ထူးဆန်းနေမှန်း သူမသိလေတယ်။အရင်တုန်းကတော့ အားလော်နဲ့ မဒမ်ဒူက အရမ်းနီးကပ်လွန်းပြီး မနှစ်မြို့တဲ့ ခံစားချက်တွေ မရှိခဲ့ဘူးလေ။ဒါဆို ဒီနေ့ကျမှ ဘာတွေဖြစ်နေတာလဲ?

သူမ မကူညီနိုင်သော်လည်း ဒီမနက်က အားလော် ပြောသွားတဲ့ စကားလုံးတွေကို သတိရသွားတယ်။"လေးယောက် မြောက် အဒေါ်က ပြောတယ် သမီးမှာ အမေရှိတယ်တဲ့၊မဒမ်က သမီး အမေမဟုတ်ဘူးတဲ့"

သူမက သက်ပြင်းချလိုက်တော့သည်။ဒီ မိန်းမငယ်လေးက သူမအမေကို တကယ်ကို လွမ်းနေတာပဲ။

ထိုအတွေးတွေနဲ့အတူ သူမ ဝေ့လော်ရဲ့ ခေါင်းကို ချစ်မြတ်နိုးစွာ ထိလိုက်ကာ "အဒေါ် သမီးကို မထားခဲ့ပါဘူး၊သမီးကိုထားခဲ့ပြီး အဒေါ်က ဘယ်ကို သွားရမှာလဲ?သခင်မလေးက အရွယ်ရောက်လာပြီး အဒေါ် နေမကောင်းတဲ့ အချိန်ကျရင်တော့ အဒေါ် ထွက်သွားရလိမ့်မယ်"

ဝေ့လော်က မသဲမကွဲပြော၏"သမီး ဘယ်တော့မှ သူနာပြုကို နေမကောင်းစေမှာ မဟုတ်ဘူး"

သူနာပြုရီ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေလေသည်။

မြို့စား မိသားစု၏ ရထားလုံးသည် တောင်အောက်သို့ မောင်းနှင်လာခဲ့၏ ၊ လမ်းရဲ့ ဘေးနှစ်ဘက်တွင်တော့ တောအုပ်များရှိကြပြီး တစ်ဖက်မှ တစ်ဖက်သို့ ယိမ်းနေကြသော သစ်ပင်များက တရှဲရဲှဲမြည်နေကာ ထူထဲတဲ့ အရိပ်ကို ပေးကြသည်။သူတို့ သွားနေကြသည့် လမ်းကြောင်းမှာ ယခင်က သွားခဲ့သည့် လမ်းကြောင်းနှင့် မတူတော့ချေ။ကျင်းလုက လိုက်ကာစကို မလိုက်ပြီး ရထားလုံး ယာဥ်မောင်းကို မေး၏"ဒါ အိမ်ပြန်တဲ့ လမ်းမဟုတ်ဘူး၊ဘာဖြစ်လို့ ဒီလမ်းကြောင်းက သွားနေတာလဲ?"

ဒီယာဥ်မောင်းကို မဒမ်ဒူကခေါ်လာခဲ့ခြင်း ဖြစ်၏။သူက ခေါင်းကို ငုံ့လိုက်ကာ ဟိုလိုလိုသည်လိုလို မရေမရာ ပြောလေသည် "ဒါက
မဒမ်ရဲ့ အမိန့်ကြောင့်လေ၊မဒမ်က ဒီမှာ တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့ ရှိတယ်တဲ့"

ကျင်းလုရဲ့ မျက်ခုံးတွေက တစ်ဆက်တည်းဖြစ်သွားကာ မကျေနပ်ချက်တွေနဲ့အတူ လိုက်ကာကို ပြန်ချလိုက်ပြီး "ဘယ်လို လူမျိုးကို သူမက တွေ့ချင်နေရတာလဲ.....ဒါက ဝေးလံလှတဲ့ မြေရိုင်းကြီးလေ"

ရထားလုံးက နောက်ဆုံးမှာတော့ သစ်သားအိမ်ငယ်လေး၏ ရှေ့တွင် ရပ်လိုက်လေသည်။ခဏအကြာမှာတော့ မိန်းမအစေခံက မဒမ်ဒူ ဆင်းလာဖို့ အတွက် ကူညီပေး​နေသည်။ဝေ့လော်က ချောင်းကြည့်နေ​ခဲ့၏။အိမ်လေးနဲ့ မနီးမဝေးမှာတော့ မဒမ်ဒူချိန်းထားတဲ့ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်က ရပ်နေခဲ့ကြသည်။

_________________

Extra from the author's notes;

ကျောင်ကျဲ: ပထမဆုံးအချိန် ကိုယ်တို့တွေ့ခဲ့တဲ့တုန်းက ဇနီးလေးက ကိုယ့်ကို သူမရဲ့ အမှတ်အသား ချန်ခဲ့တယ်။

အားလော်: >_> ရှင်ဘာတွေတွေးနေတာလဲ? ဒုက္ခရောက်နေတာကို အချက်ပြတဲ့ နည်းတစ်ခုလေ ရှင် ဒါကို မခံစားမိခဲ့ဘူးလား?

..............................................................

(Zawgyi)

သူမ အထင္မွတ္မမွားဘူးဆိုရင္ မီးပူေဇာ္ၿပီး ဟူေကာ္ ဘုရားေက်ာင္းက ျပန္လာရင္ မဒမ္ဒူက သူမရဲ႕ အစီအစဥ္ေတြကို အေကာင္ထည္ေဖာ္ေတာ့မွာ။

အဲ့ဒီအခ်က္ကို ယုံမွားဖြယ္မရွိေအာင္ ဖုံးကြယ္ဖို႔အတြက္ မဒမ္ဒူက သူ ခ်ိတ္ဆက္ထားတဲ့ အက်ည္းတန္လွေသာ ကြၽန္ကုန္သည္ ေယာက်ာ္းတစ္ေယာက္ နဲ႕ မိန္းမတစ္ေယာက္ကို ေတြ႕ဖို႔ျဖစ္လာေစေတာ့တယ္။ထိုအခ်ိန္မွာေတာ့ မဒမ္ဒူက သူတို႔ဆီက ဘာပိုက္ဆံ မရေသးပဲ သူမ(အားေလာ္)ကို ျမန္နိုင္သမွ် ျမန္ျမန္ ေရာင္းဖို့္သာလွ်င္ ေတာင္းဆိုထားခဲ့ျခင္းျဖစ္သည္။သူမ
(အားေလာ္)ဘဝ တစ္ေလွ်ာက္လုံး ဒီၿမိဳ႕ေတာ္ကို ျပန္မလာနိုင္ေတာ့ျခင္းက အေကာင္းဆုံးအရာပင္။

အားေလာ္သည္ မဒမ္ဒူေနာက္သို႔ လိုက္စဥ္အတြင္း တစ္လွမ္းခ်င္းစီသြားရန္သာ အစီအစဥ္ဆြဲ၍ လိုက္လာေတာ့၏။

သူမ(မဒမ္ဒူ)က သူမ(အားေလာ္)ကို မေရာင္းဘူးလား? အေတာ္ပဲ ဒါဆို သူမ ဘယ္ေလာက္ ကြၽမ္းက်င္လဲ ၾကည့္လိုက္ရေအာင္။

အဲ့ဒီအခ်ိန္ေရာက္လာခဲ့ရင္ သူနာျပဳရီေၾကာက္ မသြားဖို႔ သူမေမွ်ာ္လင့္တယ္။သူမ(သူနာျပဳရီ)ရဲ႕ ႏွလုံးသားမွာ သူမ(အားေလာ္)က အျပစ္ကင္းတဲ့ သခင္မငယ္ေလး အျဖစ္လို႔သာ အၿမဲအမွတ္ရေစခ်င္တာေပ။

ေဝ့ေလာ္က သူမ(သူနာျပဳရီ)ကို တကယ္ခ်စ္ခင္၏။

သူမ မွတ္မိနိုင္တဲ့ အ႐ြယ္ကတည္းကပင္ သူနာျပဳရီက သူမကို ေစာင့္ေရွာက္ေပးခဲ့တယ္။သူမရဲ႕ ကေလးအရင္း ထက္ေတာင္မွ သူမကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးခဲ့၏။ထို႔အျပင္ အတိတ္တုန္းက အားေလာ္သည္ ေဆြမ်ိဳးေတြကို ဝန္ခံကာ ၿမိဳ႕စားအိမ္ေတာ္ကို ျပန္သြားခ်င္ခဲ့၏ ထို႔ေနာက္ မွာေတာ့ အေမနဲ႕သမီး အတြဲက သူမကို ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေအာင္လုပ္ခဲ့
တာေၾကာင့္ သူနာျပဳရီ တစ္ေယာက္သာလွ်င္ သူမကိုသတိျပဳမိၿပီး ေခၚသြားကာ ျပဳစုေစာင့္ေရွာက္ေပးခဲ့ျပန္တယ္။ကံဆိုးခ်င္ေတာ့လည္း ေဝ့ေလာ္မွာ လုံလုံေလာက္ အားမရွိကာ အၾကာႀကီးမေနခဲ့ရေပ။ေဝ့ေလာ္ရဲ႕ ေနာက္ဆုံးအသက္ရႉခ်ိန္တြင္ပင္ အမုန္းတရားမ်ားႏွင့္ ျပည့္ႏွက္ေနခဲ့ရေလသည္။

မဒမ္ဒူရဲ႕ ရည္႐ြယ္ခ်က္ေတြကို သူနာျပဳရီသာ သိရွိခဲ့ရင္ သူမ(အားေလာ္)ကို ေရွ႕ကထြက္ၿပီး သဘာဝက်က် ကာကြယ္ေပးမွာ မွန္တယ္မလား?

ေဝ့ေလာ္ သနားစရာေကာင္းေလာက္ေအာင္ ေသ သြားခဲ့တာကို သူမ(မဒမ္ဒူ)မသိတာ ဆိုးတာပဲ။

ညဘက္ သူမ (မဒမ္ဒူ) အိပ္တဲ့အခါမွာ သူမ(အားေလာ္)အေၾကာင္းေတြကို ဘာအိမ္မ က္ မွ မမ က္ဘူးလားလို႔ သူမ သိခ်င္မိတယ္။သူမ(မဒမ္ဒူ)က ေဝ့က်န္းနဲ႕ ပူေပါင္းၿပီး ေဝ့ေလာ္ရဲ႕ မ်က္ႏွာကို ဖ်က္ဆီးခဲ့တုန္းက ေပ်ာ္ေနၾကတယ္မလား?တစ္ေယာက္ေယာက္ရဲ႕ အေရျပားကို လွီးျဖတ္ရတဲ့ ခံစားခ်က္က တကယ္ပဲ ေကာင္းေနလို႔လား?ေဝ့ေလာ္က သူမကိုယ္တိုင္ ဒီလိုမ်ိဳးကို ႀကိဳးစားၾကည့္ဖို႔အတြက္ အနည္းငယ္ စိတ္အားထက္သန္ေနတယ္လို႔ စဥ္းစားမိခဲ့၏။

သူမရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းေတြ အလိုလိုေကြးတက္သြားၿပီး ရက္စက္တဲ့အရာေတြကို သူမ သိသိသာသာ စဥ္းစားေနေသာ္လည္း သူမမ်က္ႏွာတြင္ေတာ့ ခ်ိဳသာတဲ့ အၿပဳံးေလး တစ္ခုသာရွိေနေလသည္။

ေဝ့ေလာ္က ျပတင္းေပါက္ကို ထပ္တလဲလဲၾကည့္ကာ  သူမ မ်က္လုံးေတြကေတာ့ ပတ္ဝန္းက်င္ကိုလွည္းက်င္းေနသလို ၾကည့္ရႈေနေတာ့၏။

လမ္းေပၚတြင္ လူအမ်ားအျပား ရွိေနၾကၿပီး ခ်မ္းသာတဲ့ သူမ်ားက ဝတ္ေကာင္းစားလွ ဝတ္ဆင္ၾက၍ သူေတာင္းစားမ်ားကေတာ့ အဝတ္စုတ္ေတြ ဝတ္ဆင္ၾက ကာ သူတို႔စီးပြားေရးအတြက္ သြားလိုက္လာလိုက္လုပ္ေနၾကသည္။လူေတြ အရမ္း ျပည့္က်ပ္ေနတာ ေၾကာင့္ ရထားလုံးက ျဖည္းညွင္းစြာ ေ႐ႊ႕လ်ားသြားကာ ေဝ့ေလာ္ကေတာ့ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္၍ ၾကည့္ရႈေနေတာ့၏။

လမ္းမႀကီး တစ္ေလွ်ာက္တြင္ ရထားလုံးက ႐ုတ္တရက္ ရပ္တန့္သြားေလသည္။မဒမ္ဒူရဲ႕ မိန္းမအေစခံ နင္း႐ႊယ္က အေၾကာင္းအရင္းကို ေမးျမန္းရန္ လိုက္ကာကို မတင္လိုက္ေလသည္။ ၾကည့္ရတာေတာ့ ရထားလုံးႏွစ္ခု တိုက္ မိၿပီး လမ္းပိတ္ေနျခင္းပင္ ဒါေၾကာင့္ ရထားေမာင္းတဲ့သူမွာ မ်က္ႏွာဖုံးေရာင္းတဲ့ဆိုင္နားတြင္ ယာယီရပ္လိုက္ရ၏။

နင္း႐ႊယ္က ေျပာေလသည်"ကြၽန္မတို႔ ကံမေကာင္းတာပဲ မဒမ္ တစ္ျခားလမ္းက သြားလိုက္ရမလား?"

မဒမ္ဒူလည္း အခ်ိန္မကုန္ခ်င္၍ ေခါင္းၿငိမ့္ျပလိုက္ကာ "ဒါဆိုရင္လည္း...."

အခုထိ ဘာစကားမွ မေျပာခဲ့ေသာ ေဝ့ေလာ္သည္ သူမပါးစပ္ကို ဖြင့္ကာ ေျပာလာ၏"မဒမ္ ၾကည့္ အဲ့ဒီမွာ မ်က္ႏွာဖုံးေတြ အမ်ားႀကီးပဲ!အားေလာ္ မ်က္ႏွာဖုံး တစ္ခုေလာက္ဝယ္ခ်င္တယ္"

မဒမ္ဒူမွာ အၿပဳံးမ်က္ႏွာကို ဆက္လက္ထိန္းသိမ္းထားရ၏။အားေလာ္က သူမကို မဒမ္လို႔ ေခၚတဲ့ အခ်ိန္တိုင္း သူမႏွလုံးသားက မသက္ မသာ ခံစားရေလတယ္။ဒီအခ်က္ကို သူမစိတ္ဆိုးခ်င္ေသာ္လည္း ဒီမိန္းမငယ္ေလးကို လွည့္ျဖားရဦးမွာျဖစ္လို႔ သူမ စိတ္ကိုေျပာင္းလဲလိုက္ရတယ္။ဒီေကာင္မေလးက ပါးနပ္လြန္းၿပီး တစ္စုံတစ္ခု တစ္လြဲေတြ ျဖစ္ေနတာကို သူမသာ ရွာေဖြေတြ႕ရွိခဲ့ရင္ သူမက ထြက္ေျပးသြားနိုင္ကာ အရာရာကို ခက္ခဲေအာင္ျပဳလုပ္လိမ့္မွာပင္။ထိုအေၾကာင္းကို ေတြးမိတာနဲ႕ သူမ(မဒမ္ဒူ)အားတင္း ၿပဳံးလိုက္ကာ "အားေလာ္က လိမၼာပါတယ္၊အေမတို႔ ဟူေကာ္ ဘုရားေက်ာင္းကို သြားၿပီး မီးပူေဇာ္ရမယ္ေလ၊မ်က္ႏွာဖုံးကို အေမတို႔ ျပန္လာမွ ဝယ္ၾကရေအာင္ေနာ္။"

အားေလာ္က အလ်င္အျမန္ ေခါင္းကို ခါယမ္း လိုက္ကာ "ဟင့္အင္း သမီး ဒါကို အခုဝယ္ခ်င္တယ္"

မဒမ္ဒူ ျငင္းဖို႔ ရည္႐ြယ္လိုက္တာကို သူမျမင္တာနဲ႕ ဗ်ဴဟာ ေျပာင္းလိုက္ကာ "ခုန အိမ္မွာတုန္းက က်ေတာ့ မဒမ္က အားေလာ္အတြက္ မ်က္ႏွာဖုံး ဝယ္ေပးမယ္လို႔ ေျပာခဲ့တယ္ေလ၊ကတိဆိုတာ တည္ရတယ္၊မဒမ္က သမီးကို လိမ္တာလား?သမီး အေဖကို ေျပာျပရလိမ့္မယ္!"သူမက ၿခိမ္းေျခာက္ျခင္းနဲ႕စည္း႐ုံးျခင္း ႏွစ္ခုလုံးကို ဘယ္လို အသုံးျပဳရမလဲဆိုတာ သိေလတယ္။
မဒမ္ဒူရဲ႕ အသားအေရာင္ မေကာင္းေတာ့တာကို ျမင္လိုက္တာနဲ႕  သူမရဲ႕ေတာက္ပတဲ့ မ်က္လုံးေတြ ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ကာ အနီးအနားမွာရွိတဲ့ မ်က္ႏွာဖုံးဆိုင္ကို ထိုးျပေလၿပီး "သမီးတစ္ခုတည္း ဝယ္မွာပါ...မဒမ္၊ တစ္ခုေလာက္ ဝယ္ေပးပါ၊မဒမ္သာ ဝယ္ေပးမယ္ဆိုရင္ သမီး နာခံပါ့မယ္ေနာ္"

မဒမ္ဒူကို ထပ္တလဲလဲ ေတာင္းဆိုမႈေတြက လႊမ္းမိုးသြားျခင္းေၾကာင့္ သူမ ခဏတာေတာ့ စဥ္းစားလိုက္ရ၏။ဒါ့အျပင္ လမ္းကလည္း အခ်ိန္ခဏေလာက္ေတာ့ ပိတ္ေနဦးမွာပဲ။ေဝ့ေလာ္ရဲ႕ ေတာင္းဆိုမႈကို လုပ္ေပးလိုက္တာလဲ ေကာင္းတဲ့အရာပဲေလ၊ဒါဆို သူမလည္း ေနာက္ဆို ျပႆနာရွာမွာမဟုတ္ေလာက္ဘူး။ဒီအျပင္ ဒီရထားလုံးထဲက လူေတြကလည္း သူမရဲ႕လူေတြႀကီးပဲကို က်င္းလုနဲ႕ သူနာျပဳရီကေတာ့ သူတို႔ရဲ႕ေနာက္ တစ္ျခား ရထားလုံးထဲမွာ ရွိေနၾကတာပဲ။ဒီေနရာမွာ ဒီေကာင္မေလး ဘယ္ကိုမွ ေျပးလို႔မရဘူး ဒါေၾကာင့္ သူမ ခြင့္ျပဳလိုက္ေတာ့တယ္။

မဒမ္ဒူက နင္း႐ြယ္ကို ေျပာေလ၏ "စတုတၳ သခင္မေလးကို ကူညီၿပီး သြားဝယ္ေပးလိုက္၊ဘယ္ကိုမွ ေလွ်ာက္ မသြားနဲ႕ ဝယ္ၿပီးခ်က္ခ်င္း ျပန္လာခဲ့ေနာ္"

နင္း႐ႊယ္က အမိန့္ကို နာခံကာ အားေလာ္ကို လွမ္းကို္င္ဖို႔ စိတ္မပါစြာ လက္ကိုဆန့္ထုတ္လိုက္ၿပီး
"သခင္မေလး ကြၽန္မနဲ႕ လိုက္ခဲ့ပါ"

ေဝ့ေလာ္က သူမကို မျမင္ခ်င္ေယာင္ေဆာင္လိုက္ကာ လက္ကို ေရွာင္တိမ္းလိုက္၏။သူမ ရထားလုံးမွ တိုက္ရိုက္ခုန္ခ်လိဳက္ကာ မ်က္ႏွာဖုံးဆိုင္သို႔ ခုန္ေပါက္ေျပးေတာ့သည္။ေျခလွမ္း အနည္းငယ္နဲ႕ သူမ အဲ့ကိုေရာက္သြား၏။

နင္း႐ႊယ္က မဒမ္ဒူရဲ႕ လူျဖစ္ၿပီး မဒမ္ရဲ႕ အစီအစဥ္ေတြကို သူမသိသြားကတည္းက ေဝ့ေလာ္ကို ေကာင္းတဲ့ ထင္ျမင္ခ်က္ မေပးေတာ့ေခ်။ေဝ့ေလာ္ဆီမွ လ်စ္လ်ဴရႉမႈကို ရရွိလိုက္ရ၍ သူမ အကၤ်ီလက္ကို ခါယမ္းလိုက္ကာ မေက်နပ္ခ်က္ေတြနဲ႕အတူ သူမ(အားေလာ္)ေနာက္က လိုက္ေတာ့၏။

ေဝ့ေလာ္ရဲ႕ေျခေထာက္ေတြက တိုသျဖင့္ ဆိုင္ေရွ႕မွာ ရပ္ေနေသာ္လည္း သူမ ပ်ံက်ေစ်းကို မျမင္နိုင္ဘူး။သူမက အေလာတႀကီး မလုပ္ေပ။အမ်ိဳးမ်ိဳးေသာ မ်က္ႏွာဖုံးေတြကို ၾကည့္လိုက္ ထိလိုက္ လုပ္ေနသည္မွာ သူမက ေ႐ြးခ်ယ္ဖို႔အတြက္ အခ်ိန္ယူေနသလိုပင္။

အဆုံးမွာေတာ့ သူမ ေဘးမွာရပ္ေနတဲ့ လူဘက္ကို လွည့္ၿပီး ထိုသူရဲ႕ မဲနယ္ေရာင္ ကုတ္အကၤ်ီကို အားစိုက္ ဆြဲလိုက္ေတာ့၏။ေသးငယ္ေသာ အသံေလးကို သုံး၍ သူမက ထိုသူကို တိုးတိုး  သက္သာ ေခၚလိုက္ကာ "အစ္ကိုႀကီး၊အစ္ကိုႀကီး ကိုင္ထားတဲ့ မ်က္ႏွာဖုံးကို သမီးႀကိဳက္လို႔ ခဏေလာက္ ၾကည့္ခြင့္ေပးပါလားဟင္"

တစ္ျခားတစ္ဖက္က လူမွာ ရပ္တန့္သြားၿပီး ေအာက္သို႔ ငုံ႕ၾကည့္လိုက္ေသာအခါ ကေလးငယ္ေလး တစ္ေယာက္သာ အဲ့ဒီေနရာမွာ ရပ္ေနသည္ကို ျမင္လိုက္ရတယ္။

ေ႐ႊအဆင္တန္ဆာ ကြပ္ထားသည့္ ပုလဲလုံးတစ္ခုႏွင့္ အလွဆင္ထားေသာ ပိုးခ်ည္ႀကိဳးျဖင့္ သူမ ဆံပင္ေတြကို ထုပ္ပိုး စုခ်ည္ထား၏။တည္သီးပုံစံ ပါသည့္ ေ႐ႊေရာင္ အခ်ိတ္ပိုးထည္ႏွင့္အတူ ႏူးညံ့ေသာ အစိမ္းေရာင္ အကၤ်ီကို သူမ ဝတ္ဆင္ထားေလတယ္။ဒီပုံစံအရဆိုရင္ေတာ့ သူမက ခ်မ္းသာတဲ့ မိသားစုရဲ႕ သမီး၊ အလိုလိုက္ခံရတဲ့ သခင္မငယ္ေလး တစ္ေယာက္ပင္။

သူက တစ္ခ်က္ မွ် မေကာင္းဆိုးဝါး မ်က္ႏွာဖုံးကို ၾကင္နာစြာ ပြတ္သပ္လိုက္ၿပီးေနာက္ နက္ရွိုင္းၿပီး ၾကင္နာေသာ အသံႏွင့္ ေမးေလ၏"မင္း လိုခ်င္လို႔လား?"

သူက လူငယ္ေလး တစ္ေယာက္ျဖစ္ေသာ္လည္း သူကို အထက္ေအာက္ၾကည့္လိုက္ရင္ အထက္တန္းက်တဲ့ ေလထုက မျဖစ္နိုင္ေအာင္ ရွိေနေလတယ္။ သူ႕ရဲ႕ ပုံစံက လွပျခင္းနဲ႕ ရဲရင့္ျခင္းကို ေပးေဆာင္ေန၏။ဆယ့္ငါး၊ဆယ့္ေျခာက္ႏွစ္ေလာက္သာ ရွိေသးေသာ္လည္း တစ္ျခားတစ္ေယာက္ရဲ႕ တည္ေနရာကို မုန္တိုင္းဒဏ္ေၾကာင့္ လြင့္စင္သြားနိုင္ေလာက္ေအာင္ လုပ္နိုင္စြမ္း သူ႕မွာရွိတယ္။ၿငိမ္ၿငိမ္သက္သက္ျဖင့္ တစ္သီး တစ္ျခား ေနတတ္ပုံကို တစ္ျခားလူေတြက အတုမခိုးနိုင္ေလာက္ေပ။ ဒီလို အေၾကာင္းျပခ်က္ေတြေၾကာင့္ ေဝ့ေလာ္က မ်က္ႏွာဖုံးကို ဝယ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္တာေပါ့....ထင္တဲ့ အတိုင္း ဒါေတြေၾကာင့္ပဲ ထိုလူငယ္ရဲ႕ ေနာက္ မွာ စိတ္ပ်က္ဖြယ္  ကိုယ္ရံေတာ္ႏွစ္ေယာက္ ရွိေနၾကေလတယ်။သူတို႔ပုံစံက ကိုယ္ခံပညာရပ္ေတြမွာ ထူးကဲတဲ့ ပုံေပါက္ေနၾက၏။

ေဝ့ေလာ္က ေခါင္းၿငိမ့္လိုက္ကာ "အင္း"

ေက်ာင္က်ဲက ဝူ႐ုန္မွ အခုေလးတင္ ျပန္လာတာျဖစ္ၿပီး နန္းေတာ္သို႔ သြားရန္ ေလာခ်င္း မရွိေပ။သူက လမ္းမွာ ေလွ်ာက္သြားေနရင္း ဒီေသးငယ္တဲ့ မိန္းကေလးက သူ႕ကို သူမကစၿပီး စကားလာေျပာမယ္လို႔ မထင္ထားခဲ့ေလဘူး။ကံဆိုးခ်င္ေတာ့ သူကလည္း ကေလးေတြနဲ႕ ပတ္သက္ရင္ စိတ္ရွည္မႈမရွိဘူး...ဒါေတာင္ ဒီေကာင္မေလးက လွပလြန္းလို႔ပင္။သူက မ်က္ႏွာဖုံးကို သူမအား လွမ္းေပး၍ ထြက္ခြာဖို႔ ျပင္ဆင္ေတာ့၏ "ဒီမွာ မင္းအတြက္"

ဒါေပမယ့္ အားေလာ္က သူ႕ကို လြယ္လြယ္ လႊတ္ေပးမွာတဲ့လား?သူမက သူ႕ေၾကာင့္ ရထားလုံးကေန ထြက္လာခဲ့တာေလ။

သူမေရွ႕တြင္ သူက မ်က္ႏွာဖုံးကို ကိုင္ထားေလၿပီး လက္ကို အခုထိ မ႐ုတ္သိမ္းရေသးေခ်။အားေလာ္က သူ႕ရဲ႕ လက္ေကာက္ဝတ္ကို အမိအရ ဖမ္းဆုပ္လိုက္ရင္း သူမရဲ႕ ေသးငယ္၍ ပြင့္လႊာနဲ႕တူတဲ့ ပါးစပ္မွ ခြၽန္ျမတဲ့သြားေတြကို ထုတ္ေဖာ္ျပသကာ ကိုက္ခ်လိဳက္ေတာ့သည္။

သူမရဲ႕ ကိုက္လိုက္ မႈက ျပင္းထန္သြား၍ သူရဲ႕ အေရျပားတြင္ သြားမ်ားက ႏွစ္ျမဳပ္သြားေလ၏။မၾကာခင္မွာေတာ့ လုံလုံေလာက္ေလာက္ကို သူမပါးစပ္က ေသြးမ်ား ျပည့္သြားတယ္။
(ေသရာပါ အမွတ္ကို ေပးလိုက္ၿပီ lol)

ေက်ာင္က်ဲက မေမွ်ာ္လင့္ထားေလဘူး။သူ႕ရဲ႕ လက္ကို ျမႇောက္လိုက္၍ သူမကို ခါခ်ေသာ္လည္း ဒီကေလးမငယ္ေလးက စွဲစဲွဲ ၿမဲၿမဲ
ကိုက္ထားကာ ေခါင္းမာစြာ သူ႕လက္ေကာက္ဝတ္မွာ ေတာက္တဲ့လိုကပ္ေနေလ၏။သူ႕မွာ ႀကိဳးႀကိဳးပမ္းပမ္း အားထုတ္၍ သူမကို ခါခ်ျပန္
ေသာ္လည္း မေအာင္ျမင္ေခ်။အေစာင့္ေတြက သူတို႔ရဲ႕ ဓားရွည္ေတြကို ဆြဲထုတ္၍ အေရွ႕သို႔တက္လာခဲ့ၾကသည္မွာ သူတို႔ သတိမထားမိလိုက္ခ်ိန္မွာပဲ လူေတြ ရႈပ္ယွက္ခတ္ေနသည့္ လမ္းမႀကီးရဲ႕ အလယ္ကို ေရာက္ေနၾကေလၿပီ။ေနေရာင္ေအာက္တြင္ တလက္လက္ထေနသည့္ ဓားသြားမ်ား၏ အေရာင္ေတြက အားေလာ္ရဲ႕ကိုယ္ေပၚသို႔ ေခ်ာက္ခ်ားဖြယ္ရာ က်ေရာက္ေန၏။အားေလာ္က သူတို႔ကို လ်င္ျမန္စြာ ေရွာင္တိမ္းလိုက္ၿပီး နင္း႐ႊယ္ေနာက္သို႔ ဝင္ပုန္းကာ ရယ္သြမ္းေနေသာ မ်က္လုံးတစ္စုံအား ျပသေလတယ္။

အဲ့ဒါဟာ တိတိက်က်ကိဳ စိန္ေခၚတဲ့ အၾကည့္ျဖစ္ေလၿပီး ထို မ်က္လုံးေတြက ေျပာေနသည္မွာ
"ငါ့ကို လာဖမ္းေလ"

ေက်ာင္က်ဲ၏ မ်က္လုံးေတွှမှာ ေအးစက္ေသာ အလင္းတန္းက ဖ်က္ခနဲလက္သြားေလတယ္။သူ ေအာက္သို႔ ငုံ႕လိုက္ကာ လက္ေကာက္ဝတ္ေပၚမွ နက္ရွိုင္း၍ ေသြးစြန္းေနေသာ ဒဏ္ရာကို ၾကည့္လိုက္တယ္။သူ သတိမမူမိလိုက္သည့္  ဒီအလိုလိုက္ခံရတဲ့ သခင္မငယ္ေလးကို ေျဖရွင္းေပးဖို႔ သူ စဥ္းစားေနေလ၏။ဒီမိန္းမငယ္ေလးမွာ ရက္စက္ၿပီး လူေတြကို ကိုက္ျဖတ္နိုင္ေလတဲ့ တိရစ္ဆာန္အစြယ္ေတြ ရွိေနမယ္လို႔ သူ ဘယ္ေတာ့မွ မထင္ထားဘူး။

ကိုယ္ရံေတာ္ေတြက အမိန့္ေျပာၾကားမႈအတြက္ ေစာင့္ေနၾကလ်က္ "သခင္ေလး"

ေက်ာင္က်ဲ မ်က္လုံးလွန္၍ နင္း႐ႊယ္ေနာက္တြင္ ပုန္းေနေသာ ေဝ့ေလာ္ကို စိုက္ၾကည့္လိုက္ကာ
"သူမကို ငါ့ဆီေခၚလာခဲ့၊သူမရဲ႕ ခြၽန္ထက္တဲ့ သြားေတြ ဘယ္လိုႀကီးထြားေနလဲဆိုတာ ငါသိခ်င္တယ္"

အေစာင့္ေတြက အမိန့္ကို ရလိုက္တာနဲ႕ ေဆာင္႐ြက္ဖို႔ ျပင္ဆင္ၾကေလ၏။အားလော်ကတော့ သူမျမန္ျမန္သာ ေျပးေတာ့သည္။သူမက ေသးငယ္ေသာ္လည္း သူမရဲ႕ အရွိန္ႏႈန္းကို နိမ့္က်တယ္လို႔ ခန့္မွန္းလို႔မရေပဘူး။ေျခနင္းေပၚသို႔ လွမ္းလိုက္ၿပီး ရထားလုံးသို႔ တက္လိုက္ၿပီး အနက္ေရာင္လိုက္ကာကို ဆြဲခ်လိဳက္ကာ ျပန္ထြက္ဖို႔ကို ျငင္းဆန္ေနေတာ့တယ္။

အေစာင့္ႏွစ္ေယာက္၏ ေနာက္ မွာ က်န္ခဲ့တဲ့ နင္း႐ႊယ္ကေတာ့ စိတ္ထဲတြင္ အားေလာ္ကို မေက်မနပ္ေျပာေနေလ၏။ထိုအေရးအား ဆက္လက္ မရႈပ္ေထြးေစခ်င္ေတာ့၍ သူတို႔ကို ႏွစ္သိမ့္သည့္အေနျဖင့္ အၿပဳံးတစ္ခုႏွင့္ "ေလးစားရပါေသာ သခင္ငယ္ေလးရွင့္ ကြၽန္မတို႔မိသားစုရဲ႕ သခင္မေလးက အသက္ ေျခာက္ႏွစ္သာ ရွိေသးပါတယ္၊ သခင္ေလးကိုယ္တိုင္ သူမနဲ႕
အဆင့္တူတူ မႏွိမ့္ခ်လိဳက္ပါ....."

အနက္ေရာင္ အဝတ္ေတြဝတ္ထားသည့္ အေစာင့္က မေက်မနပ္ျဖင့္ "ေျခာက္ႏွစ္?ေျခာက္ႏွစ္က ဒီလို ရက္စက္ကလား?သူမက ငါတို႔ သခင္ေလးကို ပ်က္ထြက္လုနီးပါး ကိုက္သြားတယ္ေလ"

နင္း႐ြယ္မွာ သူမဘက္က မွားမွန္းသိတာေၾကာင့္ ထပ္တလဲလဲ ေတာင္းပန္ရေတာ့၏။

ေနာက္ဆုံးမွာေတာ့ ရထားလုံးထဲမွ မဒမ္ဒူသည္ စိတ္မရွည္ေတာ့ပဲ သူမ(နင္း႐ႊယ္)ကို လာရန္ ေခၚလိုက္ေတာ့တယ်။နင်းရွှယ်မှာ သက္သာရာရသြားေတာ့သည္။

အနက္ေရာင္ေခါင္မိုးတပ္ထားသည့္ ရထားလုံးက တစ္ျဖည္းျဖည္း သယ္ေဆာင္သြားေလၿပီး ေဝ့ေလာ္သည္ ျပတင္းေပါက္တြင္ သူမရဲ႕ ေသးငယ္ေသာ ေခါင္းေလးကိုထိုး၍ အေနာက္သို႔
ၾကည့္ေလတယ္။

ေက်ာင္က်ဲက သူမကို ၾကည့္ေနဆဲျဖစ္သည့္အတြက္ သူမ ပါးစပ္မွ စကားလုံးမ်ား တစ္လုံးခ်င္း ထြက္လာသည္ကို ျမင္လိုက္ရ၏။

"နည္းနည္းေလးမွ အရသာ မေကာင္းဘူး"

ေက်ာင္က်ဲရဲ႕ အသားအေရမွာ ေျပာင္းလဲသြားေတာ့၏။

လြန္ခဲ့တဲ့ အခ်ိန္ခဏေလာက္က စကားေျပာခဲ့ေသာ ကိုယ္ရံေတာ္ က်ဴကြန္းက ေမးသည္
"မင္းသား ဒီနိမ့္က်တဲ့ ေကာင္မေလးကို ျပန္ေခၚ ေစခ်င္လား ၊ သူမကို ကိုင္တြယ္ေျဖရွင္းဖို႔ ခြင့္ျပဳလား?"
(ခုနက နင္း႐ႊယ္နဲ႕ ေျပာေနတဲ့ ကိုယ္ရံေတာ္ပါ)

ေက်ာင္က်ဲက တိတ္ဆိတ္ေနကာ ခြင့္မျပဳေသာ္လည္း မျငင္းဆန္ေပ။

ထိုရထားလုံးက ဟူေကာ္ဘုရားေက်ာင္းသို႔ ေရာက္လာေလ၏။မဒမ္ဒူက ခမ္းနားလွတဲ့ ပင္မခန္းမႀကီးကို ေဝ့ေလာ္အား ဦးေဆာင္လမ္းျပၿပီး ဆီမီးပူေဇာ္၍ ရိုေသစြာ ကန္ေတာ့ရင္း ဝတ္ျပဳဆုေတာင္းၾကေလသည္။

သူမ(မဒမ္ဒူ)က သ႐ုပ္ေဆာင္ၿမဲ ေဆာင္ဆဲပင္။မဒမ္ဒူက ေသာကေရာက္ေနသည့္ အခ်ိန္တြင္လည္း ဓေလ့ထုံးတမ္းတစ္ခုလို သူမရဲ႕ပုံရိပ္ကို ဆက္လက္ထိန္းသိမ္းထားေလတယ္။အားလုံးၿပီးသြားတဲ့ အခ်ိန္မွာေတာ့ သူတို႔ ခရီးျပန္ထြက္ရန္ ျပင္ဆင္ၾကေတာ့သည္။ေဝ့ေလာ္က ႐ုတ္တရက္ သူနာျပဳရီဘက္ကို ေျပးသြားၿပီး သူမရဲ႕ ေခါင္းကို ေမာ့လိုက္ကာ ေျပာေလ၏"သူနာျပဳ သမီး ေနလို႔မေကာင္းဘူး.."

ေၾကာက္လန့္၍ သူနာျပဳရီသည္ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ သူမရဲ႕ အေျခအေနကို စစ္ေဆးေတာ့တယ္"သခင္မေလး ဘယ္နားကမ်ား မေကာင္းလို႔လဲ?သခင္မေလးရဲ႕ အဖ်ားက ေကာင္းမလာေသးဘူးလား?ေလတိုက္လို႔မ်ား ျပန္အေအးမိလာတာမ်ားလားး?"

သူနာျပဳရီက အသက္သုံးဆယ္ေက်ာ္ျဖစ္ၿပီး တစ္ျခားမိန္းမမ်ားထက္ အေကာင္းဆုံး သဘာဝက်သည့္ ပုံမွန္ မ်က္ႏွာသြင္ျပင္ရွိကာ သင့္တင့္ေလ်ာက္ပတ္စြာ ထိန္းသိမ္းတတ္၏။

အားေလာ္ အေမ က်န္းေျမာင္လန္က သူမလက္ထပ္ၿပီးခ်ိန္တြင္ သူနာျပဳရီကို ေခၚလာခဲ့ေလတယ္။မဒမ္က်န္း ေပ်ာက္ဆုံးသြားကတည္းက သူနာျပဳရီသည္ အားေလာ္ကို ျပဳစု ပ်ိဳးေထာင္ခဲ့ၿပီး သူမရဲ႕ သမီးအရင္းတစ္ေယာက္လို ဆက္ဆံေလသည္။အခုမွာေတာ့ ဒီကေလးဆီက ေနလို႔မေကာင္းဘူးလို႔  ၾကားလိုက္ရတဲ့အတြက္ သူမ ႏွလုံးသားက နာက်င္လာတယ္။

ေဝ့ေလာ္ ေနမေကာင္းဘူးဆိုတာ အမွန္မဟုတ္ေလဘူး၊ရထားလုံးထဲမွာ မဒမ္ဒူနဲ႕အတူတူ မစီးခ်င္၍သာ သူနာျပဳရီကို သ႐ုပ္ေဆာင္ျပေနျခင္းျဖစ္၏။အဆုံးမွာေတာ့ သူနာျပဳရီ နဲ႕ ဒူယြဲ႕ယင္းမွာ လက္ေလွ်ာ့လိုက္ၿပီး ေတာင္ေအာက္ ဆင္းခ်ိန္မွာ သူနာျပဳရီႏွင့္ တူညီတဲ့ရထားတြဲကို စီးဖို့္
ခြင့္ျပဳလိုက္ရေတာ့တယ္။

ရထားလုံးထဲမွာ ထိုင္လိုက္ရမွ ေဝ့ေလာ္က စိတ္ေလွ်ာ့ခ်လိဳက္ၿပီး သူနာျပဳရီရဲ႕ လက္ေကာက္ဝတ္ကို ဖက္ကာ "သူနာျပဳ သမီးကို မထားခဲ့ပါနဲ႕၊ အားေလာ္ကို တစ္ေယာက္တည္း မထားခဲ့ပါနဲ႕ေနာ္"

ဒီမနက္တူတူ ရွိခ်ိန္တုန္းက ေဝ့ေလာ္က မဒမ္ဒူကို မႀကိဳက္ မွန္း သူနာျပဳရီ နားလည္သေဘာေပါက္ခဲ့၏။ဒါဟာ အနည္းငယ္ ထူးဆန္းေနမွန္း သူမသိေလတယ္။အရင္တုန္းကေတာ့ အားေလာ္နဲ႕ မဒမ္ဒူက အရမ္းနီးကပ္လြန္းၿပီး မႏွစ္ၿမိဳ႕တဲ့ ခံစားခ်က္ေတြ မရွိခဲ့ဘူးေလ။ဒါဆို ဒီေန႕က်မွ ဘာေတြျဖစ္ေနတာလဲ?

သူမ မကူညီနိုင္ေသာ္လည္း ဒီမနက္က အားေလာ္ ေျပာသြားတဲ့ စကားလုံးေတြကို သတိရသြားတယ္။"ေလးေယာက္ ေျမာက္ အေဒၚက ေျပာတယ္ သမီးမွာ အေမရွိတယ္တဲ့၊မဒမ္က သမီး အေမမဟုတ္ဘူးတဲ့"

သူမက သက္ျပင္းခ်လိဳက္ေတာ့သည္။ဒီ မိန္းမငယ္ေလးက သူမအေမကို တကယ္ကို လြမ္းေနတာပဲ။

ထိုအေတြးေတြနဲ႕အတူ သူမ ေဝ့ေလာ္ရဲ႕ ေခါင္းကို ခ်စ္ျမတ္နိုးစြာ ထိလိုက္ကာ "အေဒၚ သမီးကို မထားခဲ့ပါဘူး၊သမီးကိုထားခဲ့ၿပီး အေဒၚက ဘယ္ကို သြားရမွာလဲ?သခင္မေလးက အ႐ြယ္ေရာက္လာၿပီး အေဒၚ ေနမေကာင္းတဲ့ အခ်ိန္က်ရင္ေတာ့ အေဒၚ ထြက္သြားရလိမ့္မယ္"

ေဝ့ေလာ္က မသဲမကြဲေျပာ၏"သမီး ဘယ္ေတာ့မွ သူနာျပဳကို ေနမေကာင္းေစမွာ မဟုတ္ဘူး"

သူနာျပဳရီ၏ မ်က္ႏွာေပၚတြင္ ႏြေးေထြးေသာ အၿပဳံးတစ္ခု ရွိေနေလသည္။

ၿမိဳ႕စား မိသားစု၏ ရထားလုံးသည္ ေတာင္ေအာက္သို႔ ေမာင္းႏွင္လာခဲ့၏ ၊ လမ္းရဲ႕ ေဘးႏွစ္ဘက္တြင္ေတာ့ ေတာအုပ္မ်ားရွိၾကၿပီး တစ္ဖက္မွ တစ္ဖက္သို႔ ယိမ္းေနၾကေသာ သစ္ပင္မ်ားက တရှဲရဲှဲမြည်နေကာ ထူထဲတဲ့ အရိပ္ကို ေပးၾကသည္။သူတို႔ သြားေနၾကသည့္ လမ္းေၾကာင္းမွာ ယခင္က သြားခဲ့သည့္ လမ္းေၾကာင္းႏွင့္ မတူေတာ့ေခ်။က်င္းလုက လိုက္ကာစကို မလိုက္ၿပီး ရထားလုံး ယာဥ္ေမာင္းကို ေမး၏"ဒါ အိမ္ျပန္တဲ့ လမ္းမဟုတ္ဘူး၊ဘာျဖစ္လို႔ ဒီလမ္းေၾကာင္းက သြားေနတာလဲ?"

ဒီယာဥ္ေမာင္းကို မဒမ္ဒူကေခၚလာခဲ့ျခင္း ျဖစ္၏။သူက ေခါင္းကို ငုံ႕လိုက္ကာ ဟိုလိုလိုသည္လိုလို မေရမရာ ေျပာေလသည္ "ဒါက
မဒမ္ရဲ႕ အမိန့္ေၾကာင့္ေလ၊မဒမ္က ဒီမွာ တစ္စုံတစ္ေယာက္နဲ႕ ေတြ႕ဖို႔ ရွိတယ္တဲ့"

က်င္းလုရဲ႕ မ်က္ခုံးေတြက တစ္ဆက္တည္းျဖစ္သြားကာ မေက်နပ္ခ်က္ေတြနဲ႕အတူ လိုက္ကာကို ျပန္ခ်လိဳက္ၿပီး "ဘယ္လို လူမ်ိဳးကို သူမက ေတြ႕ခ်င္ေနရတာလဲ.....ဒါက ေဝးလံလွတဲ့ ေျမရိုင္းႀကီးေလ"

ရထားလုံးက ေနာက္ဆုံးမွာေတာ့ သစ္သားအိမ္ငယ္ေလး၏ ေရွ႕တြင္ ရပ္လိုက္ေလသည္။ခဏအၾကာမွာေတာ့ မိန္းမအေစခံက မဒမ္ဒူ ဆင္းလာဖို႔ အတြက္ ကူညီေပးေနသည္။ေဝ့ေလာ္က ေခ်ာင္းၾကည့္ေနခဲ့၏။အိမ္ေလးနဲ႕ မနီးမေဝးမွာေတာ့ မဒမ္ဒူခ်ိန္းထားတဲ့ ေယာက်ာ္းတစ္ေယာက္နဲ႕ မိန္းမတစ္ေယာက္က ရပ္ေနခဲ့ၾကသည္။

_________________

Extra from the author's notes;

ေက်ာင္က်ဲ: ပထမဆုံးအခ်ိန္ ကိုယ္တို႔ေတြ႕ခဲ့တဲ့တုန္းက ဇနီးေလးက ကိုယ့္ကို သူမရဲ႕ အမွတ္အသား ခ်န္ခဲ့တယ္။

အားေလာ္: >_> ရွင္ဘာေတြေတြးေနတာလဲ? ဒုကၡေရာက္ေနတာကို အခ်က္ျပတဲ့ နည္းတစ္ခုေလ ရွင္ ဒါကို မခံစားမိခဲ့ဘူးလား?

Continue Reading

You'll Also Like

5.2M 464K 96
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
209K 2.3K 18
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
264K 18.3K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
537K 18K 127
Read and find out...