"အကို...သားေလး ေနမေကာင္းဘူး"
"ဘယ္လိုျဖစ္တာလဲ"
ညေနအလုပ္က ျပန္လာျပီး အိတ္ေတာင္ မခ်ရေသးခင္မွာပဲ သားျဖစ္သူ သတင္းကို ျကားလိုက္ရသည္။
"ေက်ာင္းက ျပန္လာျပီးကတည္းကပဲ"
ဇနီးျဖစ္သူႏွင့္ လိုက္လာေတာ့ အိပ္ယာထဲတြင္ အိပ္ေနသည့္ သားကို ေတြ႕လိုက္ရသည္။
နဖူးကိုအသာထိကပ္ၿပီးေနာက္ ပူက်စ္ေနသည့္ Gunကိုယ္ေလးကို ေပြ႕ခ်ီလိုက္သည္။
ကားေနာက္ခန္းထဲ Gunေမေမက အလ်င္ဦးစြာ တက္ၿပီး ဝင္ထိုင္လိုက္ကာ Gunေဖေဖက သားငယ္ကို Sofaေပၚခ်လိုက္ၿပီး ဇနီးျဖစ္သူကို ေပြ႕ေစသည္။
"အင္း...အင္း...ေမေမ၊ Gun ေဆးရံုကို မသြားခ်င္ဘူး"
ျငီးသံသဲ့သဲ့ႏွင့္ သူမသြားခ်င္ေၾကာင္း မ်က္လံုးမပြင့္ဘဲ ေျပာေလသည္။
"သားရယ္... ခနေလးပါပဲ၊ ဆရာဝန္ႀကီးဆီေရာက္ရင္ ေနေကာင္းသြားမွာ၊ လိမၼာတယ္"
"အင္း...Gunက လိမၼာတယ္"
"ေမေမ့သားေလး"
Gunနဖူးကို ခပ္ဖြဖြနမ္းကာ ေခါင္းေပၚေမးတင္ရင္း Gunေမေမမွာ Gunကို တင္းၾကပ္စြာ ေပြ႕ဖက္လိုက္သည္။
#############
နာရီအနည္းငယ္ ၾကာၿပီးေနာက္။
"ဆရာ၊ အေျခအေန ဘယ္လိုလဲရွင္"
"ေသြးနီဥ ေလ်ာ့က်တဲ့ လကၡဏာပါ၊ ဆရာကေတာ့ ကုသမွဳ စေစခ်င္ၿပီ"
"ဒါဆို အခုပဲ ေဆးရံုတက္ဖို႔ လုပ္လိုက္ပါ့မယ္".
Gunေဖေဖက ေငြသြင္းရန္ ေဆးရံုေအာက္ထပ္ကို ျပန္ဆင္းသြားေလေတာ့သည္။
"Rose... ကၽြန္မကို သားေလး ေဆးရံုတက္ဖို႔ လိုအပ္တာေတြလုပ္ၿပီး လာပို႔ေပးပါ"
"ဟုတ္ကဲ့ မမႀကီး"
############
"A Off... မအိပ္ေသးဘူးလား"
ႏွစ္ထပ္ခုတင္ အေပၚထပ္တြင္ အိပ္ေပ်ာ္ေနေသာ Sunမွာ ညလည္ တေရးႏိုးလာေလသည္။
ထံုးစံအတိုင္း အလုပ္သရဲက စာၾကည့္မီးႀကီးဖြင့္ကာ စာအုပ္ဖတ္ေနေလသည္။
"အင္း...ခနေန အိပ္မွာ"
Sunတစ္ေယာက္ ခုတင္ေပၚမွ ကိုယ္တစ္ပိုင္း တြဲေလာင္းက်ကာ Offကို ငုံ႔ၾကည့္ေနၿပီးေနာက္ ဆင္းလာေလသည္။
"အိပ္ေလ၊ မင္းကပါ ဘာထလုပ္တာလဲ"
Offမွာ စာၾကည့္မ်က္မွန္ကို ပင့္တင္ရင္း အနားတြင္ မ်က္လံုးတို႔ကို ျပဴးက်ယ္ကာ လာရပ္ၾကည့္ေနသည့္ Sunကို ေမးလိုက္သည္။
"Off... မင္းတကယ္ႀကီး ရွာေနတာပဲ"
"အင္း... အေကာင္းဆံုး နည္းလမ္းေတြေပါ့၊ ဘယ္လိုမ်ိဳးက ပိုသက္သာမလဲဆိုတာ၊ ဆရာႀကီးကို ေမးၾကည့္ရမွာေတြပါ ထုတ္ထားတယ္၊ ဒီမွာ"
အခ်က္လက္ တခ်ိဳ႕ကို ေရးမွတ္ထားသည့္ စာအုပ္ငယ္ေလးကို Sunဆီ ထိုးေပးေလသည္။
"မင္းအေဖ ဆံုးသြားတုန္းက ငါတို႔ တကၠသိုလ္တက္တဲ့ ပထမဆံုးႏွစ္ပဲ ရွိေသးတယ္ေလ၊ မင္းအျပစ္မဟုတ္ပါဘူး၊ စိတ္မေကာင္း မျဖစ္ပါနဲ႔"
"ငါ၊ သူ႔ကို အေကာင္းဆံုး ဂ႐ုစိုက္ေပးခ်င္တယ္၊ ငါ ... ငါ... ေနာင္တမရခ်င္ဘူး"
"ဟုတ္ၿပီ၊ လုပ္ကြာ၊ ငါလည္း မင္းကိုကူမယ္"
Offရဲ႕စိတ္ကို သိေနသည့္ Sunကေတာ့ တားျမစ္ျခင္း မရွိေတာ့။ ဘာလို႔ဆို Offအေဖကလည္း တစ္ခ်ိန္လံုး ေဆးရံုေပၚမွာပဲ ကုန္ဆံုးခဲ့ၿပီး Off ေဆးတကၠသိုလ္ တက္တဲ့ႏွစ္မွာပဲ ေရာဂါစံုလင္စြာျဖင့္ ဆံုးပါးသြားေတာ့သည္။
ဖခင္ နာဖ်ားေနသည္ကို ဘာမွမလုပ္ေပးႏိုင္လိုက္တဲ့ Offက လူနာေတြကို အဲ့သည္ကတည္းက အေကာင္းဆံုး ဂ႐ုစိုက္ခဲ့သည္။
############
"သား...ဒါက တာဝန္က် ဆရာဝန္၊ သား ေဆးရံုတက္ေနစဥ္အတြင္း သားOffက ေစာင့္ေရွာက္ေပးမွာ"
ဂ်ဴတီကုတ္နဲ႔ လိုက္ဖက္လွစြာပင္ ရွည္လ်ားေသာ အရပ္က ထိုလူႀကီးကို ပိုၾကည့္ေကာင္းေစသည္။
ဆရာဝန္ေတြက ဒီေလာက္ေတာင္ ရွားကုန္ၿပီလား။ ပိုက္ဆံေတြ အမ်ားႀကီး ယူထားရလို႔ မ်က္ႏွာပူေနပါတယ္ဆို။ ဒီလူႀကီးက Gunရဲ႕ တာဝန္က်ဆရာဝန္ဆိုမွေတာ့ ေဆးရံုဆင္းတဲ့အထိ အၾကာႀကီး ျမင္ေနရေတာ့မည္။ ဟူး....။
"ဝူး....ဟုတ္ကဲ့"
စိတ္ထဲက သက္ျပင္းခ်သံက အေတာ္ေလးျပင္းကာ အျပင္ထိ ေရာက္လာပံုရသည္။ "ဝူး" ကနဲ ေလသံေလးကပါ ထြက္သြားေသးသည္။
အိပ္ယာထဲ လွဲေနရင္း အသံတိုးတိုးေလးျဖင့္ ျပန္ေျဖေနသည့္ အေကာင္ေပါက္က ဟိုေန႔ကလို စြာတာတာေလး မဟုတ္ေတာ့ေပ။
"အန္တီ၊ ကၽြန္ေတာ္ကို တစ္ခုခုဆို အားမနာပါနဲ႔ ေခၚပါ၊ တာဝန္က် နာ့စ္ေလးေတြက တစ္နာရီျခား တစ္ခါ လာပါလိမ့္မယ္"
"ေက်းဇူးတင္ပါတယ္ သားOffရယ္၊ အန္တီ တစ္ခုခုဆို ေခၚလိုက္ပါ့မယ္"
"ၿပီးေတာ့... ဒါက ကၽြန္ေတာ္သူငယ္ခ်င္း Sun၊ ကၽြန္ေတာ္ မရွိရင္ သူ႔ကိုေခၚလို႕ရတယ္"
"ေစာင့္ေရွာက္ေပးပါအံုး ဆရာ"
ေခါင္းေလးၫြတ္ရင္း ေဒၚCherry ေျပာေတာ့ Sunမွာ ျပာျပာသလဲလဲႏွင့္ တားျမစ္လိုက္ကာ ေျပာေလသည္။
"အန္တီရာ၊ ကၽြန္ေတာ္ ဝမ္းနည္းသြားၿပီ"
"ဘာျဖစ္လို႔ပါလဲ၊ ဆရာ"
"ဒီေကာင္ႀကီးကိုေတာ့ သားOffေခၚၿပီး၊ ကၽြန္ေတာ္ကိုေတာ့ သူစိမ္းဆန္ေနတာ၊ ကၽြန္ေတာ္ကိုလည္း သားလို သေဘာထားပါ"
"အဲ...ဒါကေတာ့"
ေဒၚCherryတစ္ေယာက္ အခုတေလာ မိမိရဲ႕ သားျဖစ္ခ်င္သူေတြ မ်ားလာၿပီလို႔ ေတြးေနေလေတာ့သည္။
"အန္တီက သားလို႔ အသိမွတ္ မျပဳခ်င္ဘူးေပါ့"
"အဲလို မဟုတ္ပါဘူးကြယ္... ဆရာ...အဲ... သားSun"
"အားးး ေပ်ာ္သြားၿပီ၊ ဒီေန႔ကစၿပီး Gunေလးကို ကၽြန္ေတာ္လက္ထဲ အပ္ထားလိုက္"
ရင္ဘတ္ကိုပုတ္ကာ ေျပာလိုက္တဲ့ Sunေၾကာင့္ အကုန္လံုး ရယ္ေမာမိသြားေလသည္။ Gunအပါအဝင္ေပါ့။
"ကၽြန္ေတာ္သူငယ္ခ်င္းက အဲ့လို ကေလးဆန္တက္တယ္ဗ်၊ အန္တီ စိတ္အေႏွာက္အယွက္ ျဖစ္သြားရင္ ကၽြန္ေတာ္ကပဲ ေတာင္းပန္ပါတယ္"
"မဟုတ္တာကြယ္... ခုလို အားကိုးရတဲ့ သားေတြထပ္ရေတာ့ အန္တီအတြက္ အားျဖစ္တာေပါ့"
"Gunေလး၊ ဒီေန႔ကစၿပီး Gunနဲ႔ အကိုSunက ညီအကိုေတြ ျဖစ္သြားၿပီေနာ္၊ ဘယ္ဟုတ္မလဲ၊ အကိုတို႕(၃)ေယာက္က ညီအကိုေတြေပါ့"
Gunေရွ႕ကို လက္သီဆုပ္ေလးတစ္ဖက္ တိုးကပ္သြားေတာ့ Gunကလည္း လက္သီးဆုပ္ေလးျဖင့္ ထိကပ္လိုက္ကာ အသိမွတ္ ျပဳလိုက္ေလသည္။
"ဒါဆို... ကိုယ္ကေရာ"
Offက ေျပာေလသည္။ ဟုတ္သည္ေလ... သူၾကေတာ့ အႀကိမ္မ်ားစြာ ေတြ႕ဖူးေနတာေတာင္၊ အိမ္အထိ လိုက္ပို႔ေပးဖူးတာေတာင္ အခုအထိ အသိမွတ္ျပဳ မခံရေသးေပ။ တစ္ႀကိမ္သာ ျမင္ဖူးသည့္ Sunႏွင့္ၾကေတာ့ ပနံကို သင့္ေနေလသည္မို႔ မေက်လည္စိတ္ေလး ျဖစ္မိသည္။
"ကိုယ္ကေရာ....လို႔"
"Gun ဆိုးခဲ့လို႔ ေတာင္းပန္ပါတယ္"
"....."
ယခုကဲ့သို႔ ေျပာလာမည္ဟု မထင္ထားတဲ့ Offတစ္ေယာက္ ေျပာစရာမဲ့ေနေလသည္။
လက္သီးဆုပ္ ေသးေသးေလးတစ္ဖက္က တဖန္ေလထဲ ေျမႇာက္လို႔လာသည္။
ထို႔ေနာက္... အခန္းထဲရွိ လူအသီးသီး၏ မ်က္ႏွာေပၚ အျပံဳးကိုယ္စီ ခ်ိတ္ဆြဲသြားပါေတာ့သည္။
_________Mine_________
ေက်းဇူးတင္စြာျဖင့္။
BLOOM
25/11/2020
Unicode
"အကို...သားလေး နေမကောင်းဘူး"
"ဘယ်လိုဖြစ်တာလဲ"
ညနေအလုပ်က ပြန်လာပြီး အိတ်တောင် မချရသေးခင်မှာပဲ သားဖြစ်သူ သတင်းကို ကြားလိုက်ရသည်။
"ကျောင်းက ပြန်လာပြီးကတည်းကပဲ"
ဇနီးဖြစ်သူနှင့် လိုက်လာတော့ အိပ်ယာထဲတွင် အိပ်နေသည့် သားကို တွေ့လိုက်ရသည်။
နဖူးကိုအသာထိကပ်ပြီးနောက် ပူကျစ်နေသည့် Gunကိုယ်လေးကို ပွေ့ချီလိုက်သည်။
ကားနောက်ခန်းထဲ Gunမေမေက အလျင်ဦးစွာ တက်ပြီး ဝင်ထိုင်လိုက်ကာ Gunဖေဖေက သားငယ်ကို Sofaပေါ်ချလိုက်ပြီး ဇနီးဖြစ်သူကို ပွေ့စေသည်။
"အင်း...အင်း...မေမေ၊ Gun ဆေးရုံကို မသွားချင်ဘူး"
ငြီးသံသဲ့သဲ့နှင့် သူမသွားချင်ကြောင်း မျက်လုံးမပွင့်ဘဲ ပြောလေသည်။
"သားရယ်... ခနလေးပါပဲ၊ ဆရာဝန်ကြီးဆီရောက်ရင် နေကောင်းသွားမှာ၊ လိမ္မာတယ်"
"အင်း...Gunက လိမ္မာတယ်"
"မေမေ့သားလေး"
Gunနဖူးကို ခပ်ဖွဖွနမ်းကာ ခေါင်းပေါ်မေးတင်ရင်း Gunမေမေမှာ Gunကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
#############
နာရီအနည်းငယ် ကြာပြီးနောက်။
"ဆရာ၊ အခြေအနေ ဘယ်လိုလဲရှင်"
"သွေးနီဥ လျော့ကျတဲ့ လက္ခဏာပါ၊ ဆရာကတော့ ကုသမှု စစေချင်ပြီ"
"ဒါဆို အခုပဲ ဆေးရုံတက်ဖို့ လုပ်လိုက်ပါ့မယ်".
Gunဖေဖေက ငွေသွင်းရန် ဆေးရုံအောက်ထပ်ကို ပြန်ဆင်းသွားလေတော့သည်။
"Rose... ကျွန်မကို သားလေး ဆေးရုံတက်ဖို့ လိုအပ်တာတွေလုပ်ပြီး လာပို့ပေးပါ"
"ဟုတ်ကဲ့ မမကြီး"
############
"A Off... မအိပ်သေးဘူးလား"
နှစ်ထပ်ခုတင် အပေါ်ထပ်တွင် အိပ်ပျော်နေသော Sunမှာ ညလည် တရေးနိုးလာလေသည်။
ထုံးစံအတိုင်း အလုပ်သရဲက စာကြည့်မီးကြီးဖွင့်ကာ စာအုပ်ဖတ်နေလေသည်။
"အင်း...ခနနေ အိပ်မှာ"
Sunတစ်ယောက် ခုတင်ပေါ်မှ ကိုယ်တစ်ပိုင်း တွဲလောင်းကျကာ Offကို ငုံ့ကြည့်နေပြီးနောက် ဆင်းလာလေသည်။
"အိပ်လေ၊ မင်းကပါ ဘာထလုပ်တာလဲ"
Offမှာ စာကြည့်မျက်မှန်ကို ပင့်တင်ရင်း အနားတွင် မျက်လုံးတို့ကို ပြူးကျယ်ကာ လာရပ်ကြည့်နေသည့် Sunကို မေးလိုက်သည်။
"Off... မင်းတကယ်ကြီး ရှာနေတာပဲ"
"အင်း... အကောင်းဆုံး နည်းလမ်းတွေပေါ့၊ ဘယ်လိုမျိုးက ပိုသက်သာမလဲဆိုတာ၊ ဆရာကြီးကို မေးကြည့်ရမှာတွေပါ ထုတ်ထားတယ်၊ ဒီမှာ"
အချက်လက် တချို့ကို ရေးမှတ်ထားသည့် စာအုပ်ငယ်လေးကို Sunဆီ ထိုးပေးလေသည်။
"မင်းအဖေ ဆုံးသွားတုန်းက ငါတို့ တက္ကသိုလ်တက်တဲ့ ပထမဆုံးနှစ်ပဲ ရှိသေးတယ်လေ၊ မင်းအပြစ်မဟုတ်ပါဘူး၊ စိတ်မကောင်း မဖြစ်ပါနဲ့"
"ငါ၊ သူ့ကို အကောင်းဆုံး ဂရုစိုက်ပေးချင်တယ်၊ ငါ ... ငါ... နောင်တမရချင်ဘူး"
"ဟုတ်ပြီ၊ လုပ်ကွာ၊ ငါလည်း မင်းကိုကူမယ်"
Offရဲ့စိတ်ကို သိနေသည့် Sunကတော့ တားမြစ်ခြင်း မရှိတော့။ ဘာလို့ဆို Offအဖေကလည်း တစ်ချိန်လုံး ဆေးရုံပေါ်မှာပဲ ကုန်ဆုံးခဲ့ပြီး Off ဆေးတက္ကသိုလ် တက်တဲ့နှစ်မှာပဲ ရောဂါစုံလင်စွာဖြင့် ဆုံးပါးသွားတော့သည်။
ဖခင် နာဖျားနေသည်ကို ဘာမှမလုပ်ပေးနိုင်လိုက်တဲ့ Offက လူနာတွေကို အဲ့သည်ကတည်းက အကောင်းဆုံး ဂရုစိုက်ခဲ့သည်။
############
"သား...ဒါက တာဝန်ကျ ဆရာဝန်၊ သား ဆေးရုံတက်နေစဉ်အတွင်း သားOffက စောင့်ရှောက်ပေးမှာ"
ဂျူတီကုတ်နဲ့ လိုက်ဖက်လှစွာပင် ရှည်လျားသော အရပ်က ထိုလူကြီးကို ပိုကြည့်ကောင်းစေသည်။
ဆရာဝန်တွေက ဒီလောက်တောင် ရှားကုန်ပြီလား။ ပိုက်ဆံတွေ အများကြီး ယူထားရလို့ မျက်နှာပူနေပါတယ်ဆို။ ဒီလူကြီးက Gunရဲ့ တာဝန်ကျဆရာဝန်ဆိုမှတော့ ဆေးရုံဆင်းတဲ့အထိ အကြာကြီး မြင်နေရတော့မည်။ ဟူး....။
"ဝူး....ဟုတ်ကဲ့"
စိတ်ထဲက သက်ပြင်းချသံက အတော်လေးပြင်းကာ အပြင်ထိ ရောက်လာပုံရသည်။ "ဝူး" ကနဲ လေသံလေးကပါ ထွက်သွားသေးသည်။
အိပ်ယာထဲ လှဲနေရင်း အသံတိုးတိုးလေးဖြင့် ပြန်ဖြေနေသည့် အကောင်ပေါက်က ဟိုနေ့ကလို စွာတာတာလေး မဟုတ်တော့ပေ။
"အန်တီ၊ ကျွန်တော်ကို တစ်ခုခုဆို အားမနာပါနဲ့ ခေါ်ပါ၊ တာဝန်ကျ နာ့စ်လေးတွေက တစ်နာရီခြား တစ်ခါ လာပါလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် သားOffရယ်၊ အန်တီ တစ်ခုခုဆို ခေါ်လိုက်ပါ့မယ်"
"ပြီးတော့... ဒါက ကျွန်တော်သူငယ်ချင်း Sun၊ ကျွန်တော် မရှိရင် သူ့ကိုခေါ်လို့ရတယ်"
"စောင့်ရှောက်ပေးပါအုံး ဆရာ"
ခေါင်းလေးညွတ်ရင်း ဒေါ်Cherry ပြောတော့ Sunမှာ ပြာပြာသလဲလဲနှင့် တားမြစ်လိုက်ကာ ပြောလေသည်။
"အန်တီရာ၊ ကျွန်တော် ဝမ်းနည်းသွားပြီ"
"ဘာဖြစ်လို့ပါလဲ၊ ဆရာ"
"ဒီကောင်ကြီးကိုတော့ သားOffခေါ်ပြီး၊ ကျွန်တော်ကိုတော့ သူစိမ်းဆန်နေတာ၊ ကျွန်တော်ကိုလည်း သားလို သဘောထားပါ"
"အဲ...ဒါကတော့"
ဒေါ်Cherryတစ်ယောက် အခုတလော မိမိရဲ့ သားဖြစ်ချင်သူတွေ များလာပြီလို့ တွေးနေလေတော့သည်။
"အန်တီက သားလို့ အသိမှတ် မပြုချင်ဘူးပေါ့"
"အဲလို မဟုတ်ပါဘူးကွယ်... ဆရာ...အဲ... သားSun"
"အားးး ပျော်သွားပြီ၊ ဒီနေ့ကစပြီး Gunလေးကို ကျွန်တော်လက်ထဲ အပ်ထားလိုက်"
ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်တဲ့ Sunကြောင့် အကုန်လုံး ရယ်မောမိသွားလေသည်။ Gunအပါအဝင်ပေါ့။
"ကျွန်တော်သူငယ်ချင်းက အဲ့လို ကလေးဆန်တက်တယ်ဗျ၊ အန်တီ စိတ်အနှောက်အယှက် ဖြစ်သွားရင် ကျွန်တော်ကပဲ တောင်းပန်ပါတယ်"
"မဟုတ်တာကွယ်... ခုလို အားကိုးရတဲ့ သားတွေထပ်ရတော့ အန်တီအတွက် အားဖြစ်တာပေါ့"
"Gunလေး၊ ဒီနေ့ကစပြီး Gunနဲ့ အကိုSunက ညီအကိုတွေ ဖြစ်သွားပြီနော်၊ ဘယ်ဟုတ်မလဲ၊ အကိုတို့(၃)ယောက်က ညီအကိုတွေပေါ့"
Gunရှေ့ကို လက်သီဆုပ်လေးတစ်ဖက် တိုးကပ်သွားတော့ Gunကလည်း လက်သီးဆုပ်လေးဖြင့် ထိကပ်လိုက်ကာ အသိမှတ် ပြုလိုက်လေသည်။
"ဒါဆို... ကိုယ်ကရော"
Offက ပြောလေသည်။ ဟုတ်သည်လေ... သူကြတော့ အကြိမ်များစွာ တွေ့ဖူးနေတာတောင်၊ အိမ်အထိ လိုက်ပို့ပေးဖူးတာတောင် အခုအထိ အသိမှတ်ပြု မခံရသေးပေ။ တစ်ကြိမ်သာ မြင်ဖူးသည့် Sunနှင့်ကြတော့ ပနံကို သင့်နေလေသည်မို့ မကျေလည်စိတ်လေး ဖြစ်မိသည်။
"ကိုယ်ကရော....လို့"
"Gun ဆိုးခဲ့လို့ တောင်းပန်ပါတယ်"
"....."
ယခုကဲ့သို့ ပြောလာမည်ဟု မထင်ထားတဲ့ Offတစ်ယောက် ပြောစရာမဲ့နေလေသည်။
လက်သီးဆုပ် သေးသေးလေးတစ်ဖက်က တဖန်လေထဲ မြှောက်လို့လာသည်။
ထို့နောက်... အခန်းထဲရှိ လူအသီးသီး၏ မျက်နှာပေါ် အပြုံးကိုယ်စီ ချိတ်ဆွဲသွားပါတော့သည်။
_________Mine_________
ကျေးဇူးတင်စွာဖြင့်။
BLOOM
25/11/2020