Buddy [Completed]

By Hayzel_Minn

28.7K 3K 388

Kim Seokjin X OC We are so close yet so far.... More

1
2
4
5
6
7
8
9
10
Final
Extra
Advertisement

3

1.9K 259 25
By Hayzel_Minn

Zawgyi

"ဂ်င္!....ဟာဂြၽန္းကငါ့ကိုသေဘာက်ေနလို႔ အႏိုင္က်င့္မိတာ
လို႔လာေျပာတယ္ ၿပီးေတာ့ေတာင္းပန္ပါတယ္တဲ့.."

ေက်ာင္းကိုလမ္းေလ်ွာက္သြားေနတဲ့လမ္းမွာဂ်ဴဝန္းကမရဲတရဲ
ေျပာလာတဲ့စကားေၾကာင့္ေဆာ့ဂ်င္ဒီအတိုင္းပဲနားေထာင္ေနလိုက္သည္။

"အဲ့တာသူ႔ကိုစဥ္းစားေပးပါလို႔လည္းေျပာတယ္ နင္တို႔က
ေယာက်ာ္းေလးအခ်င္းခ်င္းဆိုေတာ့ၾကည့္တတ္မွာပဲ ငါလက္
ခံေပးရမလား...ျငင္းရမလားစဥ္းစားၾကည့္ေနတာ"

ဒီတစ္ခါမွာေတာ့ သူျပန္ေျပာဖို႔စကားစလိုက္မိေတာ့သည္။ဒီ
ေကာင္မေလးက လက္ခံဖို႔ ျငင္းဖို႔ေတြအထိပါစဥ္းစားေနတာ
ေၾကာင့္ပင္ျဖစ္သည္။

"သေဘာက်လို႔အႏိုင္က်င့္တယ္ဆိုတာ႐ွိလား??"

"႐ွိရင္လည္း႐ွိမွာေပါ့..."

"Yrr....နင္သူ႔ကိုသေဘာက်ေနတာလို႔ပဲေျပာလိုက္ေတာ့"

သူမစိတ္ေတြကဟာဂြၽန္းဆီကိုယိမ္းယိုင္ေနၿပီဆိုတာကို ေျပာ
ေနတဲ့ပံုစံေတြကိုၾကည့္တာနဲ႔ေဆာ့ဂ်င္သိသည္။ဘာမွမေျပာရ
ေသးခင္မွာေတာင္ ဟာဂြၽန္းဘက္ကိုလိုက္ေပးခ်င္ေနတာမို႔
ဆက္မေျပာေတာ့ပဲေ႐ွ႕ကိုဦးေအာင္သာေလ်ွာက္လိုက္သည္။

"ငါကဒီတိုင္းေျပာတာေလ...နင္ကလည္း ေမးတာကိုေသခ်ာ
မေျဖေပးဘူး ကိုယ့္သူငယ္ခ်င္းကိုမေကာင္းတဲ့လူလက္ထဲကို
ထည့္ေပးေတာ့မလို႔လား??"

ေနာက္ကေနအမွီလိုက္လာၿပီးသူလက္ေမာင္းကိုလာခ်ိတ္ေပ
မယ့္ဘာမွျပန္ေျပာခ်င္စိတ္မ႐ွိ။​ေျပာေနတဲ့စကားေတြကိုနား
ေထာင္ရင္းစိတ္ေတြသာေနာက္က်ိလို႔လာေတာ့သည္။

ဟိုေန႔ကအဖ်ားပိုးကအ႐ွင္းမေပ်ာက္ေသးတာမ်ားလား...

"ဂ်င္!! ငါေမးတာေျဖဦးေလ"

"မသိဘူး...နင္လုပ္ခ်င္သလိုလုပ္ ငါကေတာ့နင္ရည္းစားစ
ထားတာနဲ႔မာမားတို႔ကိုသြားေျပာပစ္မွာပဲ အထက္တန္းေတာင္
မေရာက္ေသးဘူး...ရည္းစားထားခ်င္ေနၿပီ"

"ဟဲ့..အဲ့လိုမေျပာနဲ႔ နင္သူငယ္ခ်င္းေတြထဲမွာေတာင္အတြဲေတြ႐ွိေသးတယ္ေနာ္"

အဲ့ဒါကအမွန္ဆိုေပမယ့္ အခုကဟာဂြၽန္းကိုအခြင့္အေရးေပး
ခ်င္လို႔ဆင္ေျခေတြေပးေနတာပဲမလား။

"ဆင္ေျခေတြေပးမေနနဲ႔ နင္ႀကိဳက္တာမလား သြားတြဲလိုက္ ငါ့တာဝန္ကေတာ့သြားတိုင္ေျပာဖို႔ပဲ....နင္သိပါတယ္
ဂိမ္းဆိုင္လစ္တာနဲ႔ ရည္းစားထားတာနဲ႔ ဘယ္ဟာကအျပစ္ပို
ႀကီးတယ္ဆိုတာကို...."

ဒီတစ္ခါကိုယ္ကိုယ္တိုင္အက်ပ္ကိုင္ခံလိုက္ရေတာ့ ဟိုတစ္
ေန႔ကေဆာ့ဂ်င္ဘယ္ေလာက္အက်ပ္႐ိုက္ခဲ့လဲဆိုတာကိုကိုယ္
ခ်င္းစာမိလာသည္။

သူမလည္းဟာဂြၽန္းကိုသေဘာက်ေနတာမဟုတ္ေပမယ့္ ႐ုတ္
တရက္ႀကီးဖြင့္ေျပာလာတာကိုခံလိုက္ရေတာ့စိတ္ကစားခ်င္
လာတာပဲျဖစ္မည္။

စိတ္ကစားရမွာထက္ မာမားကိုတိုင္ေျပာလိုက္ရင္ေသခ်ာေပါက္ျပႆနာအႀကီးႀကီးတတ္ႏိုင္တာမို႔ ေပါက္ကရေတြေလ်ွာက္မေျပာဖို႔ကိုသာေဆာ့ဂ်င္ေနာက္ကပ္လို႔မ်က္ႏွာခ်ိဳေသြးရေတာ့သည္။

သိတဲ့အတိုင္းဂ်ဴဝန္းကမာမားကင္မ္ရဲ႕ေခြးေပါက္ေလးဆိုရင္
ေဆာ့ဂ်င္ကလည္းသူ႔မာမားရဲ႕အသည္းေက်ာ္ေလးျဖစ္တာ
ေၾကာင့္ပင္။

~~~~~~~~
"ဂ်ဳဝန္း...နင္စဥ္းစားၿပီးသြားၿပီလား??"

မထင္မွတ္ထားပါပဲအခန္းထဲဝင္ရံု႐ွိေသးႏွင္းဆီပန္းတစ္ပြင့္နဲ႔
သူမေ႐ွ႕ေရာက္လာတဲ့ဟာဂြၽန္းေၾကာင့္ေဆာ့ဂ်င္အနည္းငယ္
အံ့အားသင့္သြားရသည္။ဒီေကာင္က ေတာ္ေတာ္ရဲတင္းေနပါလား။

ဂ်ဴဝန္းကိုေတာ့လမ္းမွာတည္းကၿခိမ္းေျခာက္ထားလို႔ထင္သည္။ဘာျပန္ေျပာရမွန္းမသိပဲ သူ႔ကိုပဲျပန္လာၾကည့္ေနတာ
ေၾကာင့္ဂ႐ုမစိုက္ပဲအခန္းထဲကိုသာဝင္သြားလိုက္သည္။

သူလည္းဘာမွဝင္ေျပာစရာမ႐ွိဘူးမလား။ဂ်ဴဝန္းကိုယ္တိုင္
ဆံုးျဖန္ရမယ့္ကိစၥပဲေလ။

"ငါ..ငါတို႔မျဖစ္ႏိုင္ဘူးထင္တယ္ သူငယ္ခ်င္းပဲဆက္ၿပီးလုပ္
တာပိုေကာင္းမယ္ထင္တယ္...."

ဂ်ဴဝန္းစကားေၾကာက့္အနည္းငယ္ေတြေဝသြားတဲ့ဟာဂြၽန္းပံုစံ
ကိုသူေတြ႔လိုက္ရသည္။ဘာဆက္ေျပာဦးမလဲဆိုတာကိုသိခ်င္
တာေၾကာင့္မသိမသာနားစြင့္ေနလိုက္သည္။

"ငါေစာင့္ေနမယ္ေလ....နင္အတြက္ျဖစ္ႏိုင္တဲ့အခ်ိန္ေရာက္
တဲ့အထိ ဒါေလးကိုေတာ့နင့္အတြက္ယူလာတာမို႔လို႔လက္ခံ
ေပးေနာ္"

ဂ်ဴဝန္းကဘာမွျပန္မေျပာပဲ ေပးလာတဲ့ႏွင္းဆီပန္းကိုအျမန္ယူ
လိုက္ၿပီးသူထိုင္တဲ့ေနရာကိုခပ္သြက္သြက္ေလ်ွာက္သြားသည္။
တစ္ခ်က္တစ္ခ်က္လည္းသူ႔ဘက္ကိုလွည့္လွည့္ၾကည့္ေနတာ
ကိုေဆာ့ဂ်င္သတိထားမိပါသည္။

ေသခ်ာတာေတာ့ သူမဟာဂြၽန္းကိုျငင္းလိုက္တာေပမယ့္
ႏွင္းဆီပန္းလက္ခံလိုက္တဲ့အေၾကာင္းကိုေဆာ့ဂ်င္တိုင္ေျပာမွာ
ကိုပဲစိတ္ပူေနတာျဖစ္မည္။

အတန္းပိုင္ဆရာဝင္လာတဲ့အခ်ိန္မွာေတာ့ သူမလြင့္ေနတဲ့
အာရံုေတြကိုစုစည္းၿပီးသင္ခန္းစာေတြကိုသာအာရံုစိုက္လိုက္
ေတာ့သည္။ဒါေပမဲ့ မသိစိတ္ကေတာ့ေၾကာက္ေနမိသည္။

.

.

.

"ဂ်င္ဂ်င္...ညက်ရင္ဆူရီွစားမလား ငါဝယ္ေကြၽးမွာေနာ္"

တစ္ေန႔လံုးသူ႔အရိပ္အေျခကိုလိုက္ၾကည့္ေနတဲ့ဂ်ဴဝန္းက
ညေနအိမ္ျပန္ခ်ိန္ေရာက္ခါနီးမွာလည္း အခုလိုပဲေလာကြတ္
ေခ်ာ္ေနေတာ့သည္။

"မစားခ်င္ပါဘူး...ငါအိပ္ခ်င္ေနလို႔ျမန္ျမန္ျပန္ခ်င္ေနၿပီ"

"အိပ္ခ်င္ေနတာဆို တစ္ခုခုဝယ္တိုက္ရမလား??"

"ဝန္း...နင္ဘာျဖစ္ေနတာလဲ အတင္းႀကီးပဲ"

သူျဖစ္ေနတာကိုကိုယ္သိေပမယ့္နည္းနည္းေဟာက္လိုက္ေတာ့သူကိုယ္တိုင္လည္းအတင္းႀကီးျဖစ္ေနတာကိုသိပံုရသည္။ဘာမွမေျပာပဲၿငိမ္လို႔သြားေတာ့သည္။

"နင္မာမားကိုဒီေန႔ကိစၥျပန္မေျပာဘူးမလား..."

ထင္တဲ့အတိုင္းပါပဲ။ဒီကိစၥကျပန္ေရာက္လာျပန္ၿပီ။

"ျပန္ေျပာမွာဆိုးလို႔ငါ့ကိုမုန္႔ေတြအတင္းဝယ္ေကြၽးေနတာလား
ေအာ္...ယူဂ်ဴဝန္း...ငါ့ကိုတကယ္ေစတနာ႐ွိတာမဟုတ္ဘူးပဲ"

ေဆာ့ဂ်င္ရဲ႕ေခါင္းတခါခါျဖစ္ေနတဲ့ပံုစံကိုၾကည့္ၿပီးဂ်ဴဝန္းလည္း
ဘာဆက္လုပ္ရမယ္ကိုမသိေတာ့ပါ။

"အဲ့လိုမဟုတ္ပါဘူး...."

"အဲ့လိုမဟုတ္ရင္ ဟိုဆိုင္မွာထိုင္ၾကမယ္ နင္ေကြၽးမွာေနာ္"

သူမလက္ကိုဆြဲသြားၿပီးဆိုင္ထဲကိုဦးတည္ေနတဲ့ေဆာ့ဂ်င္
ေၾကာင့္ ဘာမွမေျပာေတာ့ပဲအတူတူသာလိုက္လာခဲ့ေတာ့
သည္။

အက်င့္ယုတ္ၿပီးစားခ်င္တာေတြတစ္ပံုတစ္ေခါင္းမွာမယ္လို႔
ထင္ထားေပမယ့္ တကယ္တမ္းေတာ့ပိုကီတစ္ပြဲရယ္ အေအး
ႏွစ္ခြက္ရယ္သာဝယ္လိုက္တာေၾကာင့္ အနည္းငယ္ေတာ့စိတ္
ေအးသြားသည္။

အုပ္စုအုပ္စုေလးေတြနဲ႔ျဖစ္ေနတဲ့စားပြဲေတြမွာဆူလို႔မထိုင္ခ်င္
ဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ဆိုင္ရဲ႕ေထာင့္က်က်အျပင္ဘက္
ကိုလွမ္းျမင္ရေအာင္မွန္ကာထားတဲ့ေနရာမွာ႐ွိတဲ့ခံုတန္း႐ွည္
ဘက္မွာဝင္ထိုင္ျဖစ္ၾကသည္။

"နင့္ေၾကာင့္အဖ်ားမေပ်ာက္ေသးတာသံုးရက္႐ွိၿပီေနာ္"

အေအးေသာက္လိုက္မုန္႔စားလိုက္နဲ႔ ၾကည့္ရတာလည္းအဖ်ား
႐ွိတဲ့သူလို႔ကိုသူမမ်က္လံုးထဲမွာမျမင္ပါ။နဖူးေပၚကိုလက္သြား
တင္ၾကည့္လိုက္ေတာ့ အနည္းငယ္ေႏြးသလို႐ွိေပမယ့္အဲ့
ေလာက္ဆိုးမေနပါ။

"အဲ့ေလာက္လည္းမဟုတ္ပဲနဲ႔"

"နင္ငါ့ကိုမေျပာပဲရည္းစားမထားနဲ႔...ၾကားလား??"

အေျခအေနနဲ႔မဆီမဆိုင္ထြက္လာတဲ့စကားေၾကာင္႔ သူမ
မ်က္ေမွာင္ၾကံဳ႕မိသြားသည္။

"ဘာဆိုင္လို႔ေျပာရမွာလဲ??"

"ဆိုင္တာေပါ့ ဝန္း...နင္နဲ႔ငါကအဆိုင္ဆံုးပဲေလ"

"အဖ်ားပိုးကဦးေႏွာက္ထဲဝင္ေနၿပီထင္တယ္ ေပါက္ကရေတြပါးစပ္ကထြက္လာၿပီ--ဟဲ့!!"

ထိုင္ေနတဲ့ခံုကိုဆတ္ခနဲေဘးကိုဆြဲလိုက္ရင္းပုခံုးေပၚကိုေခါင္း
မွီခ်လာတာေၾကာင့္ အလန္႔တၾကားၾကည့္လိုက္မိသည္။ေျပာ
ေနတဲ့စကားေတြကအစ လုပ္ေနတဲ့အျပဳအမူေတြအဆံုးအကုန္အထူးအဆန္းေတြႀကီးပဲ။

"ၿငိမ္ၿငိမ္ေနေနာ္ ငါေခါင္းမူးေနတာ"

ၿငိမ္ၿငိမ္ထိုင္ေနတာဆိုေပမယ့္ တစ္ခါမွမျဖစ္ဖူးတဲ့အေနအထားေၾကာင့္ဗိုက္ထဲမွာရထားအစင္းႏွစ္ဆယ္ေလာက္ျဖတ္
သြားေနသလိုလို။

"ဂ်င္..ငါ-ငါ အဲ့လိုႀကီးမေနတတ္ဘူး"

မသိမသာလက္ညိဳးကိုသံုးကာျပန္တြန္းထုတ္ေပမယ့္ နည္း
နည္းမွမလႈပ္႐ွားေပ။

"ဝန္း..."

"Hmm...."

"ေခါင္းကိုပြတ္ေပးလို႔ရလား"

ရမလားလို႔သာေမးလိုက္ေပမယ့္ ေဆာ့ဂ်င္လက္ကဂ်ဴဝန္းရဲ႕
လက္ကိုဆြဲယူၿပီးသူ႔ေခါင္းေပၚကိုတင္လိုက္ၿပီျဖစ္သည္။

"ခဏပဲေနာ္...အိမ္ျပန္ေနာက္က်ရင္မာမားကင္မ္ဆူလိမ့္မယ္"

ေနရခက္ေနေပမယ့္လည္းစကားေတြထပ္မမ်ားခ်င္ေတာ့တာ
ေၾကာင့္အလိုက္သင့္ပဲေဆာ့ဂ်င္ရဲ႕ဆံပင္ေတြကိုခပ္ဖြဖြပြတ္သပ္ရင္းက်န္ေနေသးတဲ့အေအးတို႔ကိုဆက္ေသာက္ေနလိုက္သည္။

ေဆာ့ဂ်င္ကေတာ့တကယ့္ကိုသက္ေတာင့္သက္သာျဖစ္ေနတဲ့
ပံုစံနဲ႔မ်က္လံုးတို႔ကိုမွိတ္ထားေတာ့သည္။

ထူးဆန္းတဲ့ေတာင္းဆိုမႈပါပဲ။ေထြေထြထူးထူးလည္းမဟုတ္
ပါပဲ သူမမွာတြန္႔ဆုတ္ေနရျပန္ပါတယ္။ခံစားခ်က္ေတြေရာမ
ေထြးေစဖို႔ကို ဦးေႏွာက္ကအလ်င္အျမန္သတိေပးေနျပန္တာ
ေၾကာင့္ ဘယ္လိုပဲအေျခအေနေတြေျပာင္းလဲလည္း သူမတို႔
ႏွစ္ေယာက္ဟာသူငယ္ခ်င္းေတြပဲဆိုတာကိုအေသမွတ္ယူ
ထားမိပါေတာ့တယ္။

Tbc
သေဘာက်ၾကရဲ႕လားဟင္👀

Unicode

"ဂျင်!....ဟာဂျွန်းကငါ့ကိုသဘောကျနေလို့ အနိုင်ကျင့်မိတာ
လို့လာပြောတယ် ပြီးတော့တောင်းပန်ပါတယ်တဲ့.."

ကျောင်းကိုလမ်းလျှောက်သွားနေတဲ့လမ်းမှာဂျူဝန်းကမရဲတရဲပြောလာတဲ့စကားကြောင့်ဆော့ဂျင်ဒီအတိုင်းပဲနားထောင်နေလိုက်သည်။

"အဲ့တာသူ့ကိုစဉ်းစားပေးပါလို့လည်းပြောတယ် နင်တို့က
ယောကျာ်းလေးအချင်းချင်းဆိုတော့ကြည့်တတ်မှာပဲ ငါလက်ခံပေးရမလား...ငြင်းရမလားစဉ်းစားကြည့်နေတာ"

ဒီတစ်ခါမှာတော့ သူပြန်ပြောဖို့စကားစလိုက်မိတော့သည်။ဒီ
ကောင်မလေးက လက်ခံဖို့ ငြင်းဖို့တွေအထိပါစဉ်းစားနေတာ
ကြောင့်ပင်ဖြစ်သည်။

"သဘောကျလို့အနိုင်ကျင့်တယ်ဆိုတာရှိလား??"

"ရှိရင်လည်းရှိမှာပေါ့..."

"Yrr....နင်သူ့ကိုသဘောကျနေတာလို့ပဲပြောလိုက်တော့"

သူမစိတ်တွေကဟာဂျွန်းဆီကိုယိမ်းယိုင်နေပြီဆိုတာကို ပြော
နေတဲ့ပုံစံတွေကိုကြည့်တာနဲ့ဆော့ဂျင်သိသည်။ဘာမှမပြောရ
သေးခင်မှာတောင် ဟာဂျွန်းဘက်ကိုလိုက်ပေးချင်နေတာမို့
ဆက်မပြောတော့ပဲရှေ့ကိုဦးအောင်သာလျှောက်လိုက်သည်။

"ငါကဒီတိုင်းပြောတာလေ...နင်ကလည်း မေးတာကိုသေချာ
မဖြေပေးဘူး ကိုယ့်သူငယ်ချင်းကိုမကောင်းတဲ့လူလက်ထဲကို
ထည့်ပေးတော့မလို့လား??"

နောက်ကနေအမှီလိုက်လာပြီးသူလက်မောင်းကိုလာချိတ်ပေ
မယ့်ဘာမှပြန်ပြောချင်စိတ်မရှိ။ပြောနေတဲ့စကားတွေကိုနား
ထောင်ရင်းစိတ်တွေသာနောက်ကျိလို့လာတော့သည်။

ဟိုနေ့ကအဖျားပိုးကအရှင်းမပျောက်သေးတာများလား...

"ဂျင်!! ငါမေးတာဖြေဦးလေ"

"မသိဘူး...နင်လုပ်ချင်သလိုလုပ် ငါကတော့နင်ရည်းစားစ
ထားတာနဲ့မာမားတို့ကိုသွားပြောပစ်မှာပဲ အထက်တန်းတောင်မရောက်သေးဘူး...ရည်းစားထားချင်နေပြီ"

"ဟဲ့..အဲ့လိုမပြောနဲ့ နင်သူငယ်ချင်းတွေထဲမှာတောင်အတွဲတွေရှိသေးတယ်နော်"

အဲ့ဒါကအမှန်ဆိုပေမယ့် အခုကဟာဂျွန်းကိုအခွင့်အရေးပေး
ချင်လို့ဆင်ခြေတွေပေးနေတာပဲမလား။

"ဆင်ခြေတွေပေးမနေနဲ့ နင်ကြိုက်တာမလား သွားတွဲလိုက် ငါ့တာဝန်ကတော့သွားတိုင်ပြောဖို့ပဲ....နင်သိပါတယ်
ဂိမ်းဆိုင်လစ်တာနဲ့ ရည်းစားထားတာနဲ့ ဘယ်ဟာကအပြစ်ပို
ကြီးတယ်ဆိုတာကို...."

ဒီတစ်ခါကိုယ်ကိုယ်တိုင်အကျပ်ကိုင်ခံလိုက်ရတော့ ဟိုတစ်
နေ့ကဆော့ဂျင်ဘယ်လောက်အကျပ်ရိုက်ခဲ့လဲဆိုတာကိုကိုယ်ချင်းစာမိလာသည်။

သူမလည်းဟာဂျွန်းကိုသဘောကျနေတာမဟုတ်ပေမယ့် ရုတ်တရက်ကြီးဖွင့်ပြောလာတာကိုခံလိုက်ရတော့စိတ်ကစားချင်လာတာပဲဖြစ်မည်။

စိတ်ကစားရမှာထက် မာမားကိုတိုင်ပြောလိုက်ရင်သေချာပေါက်ပြဿနာအကြီးကြီးတတ်နိုင်တာမို့ ပေါက်ကရတွေလျှောက်မပြောဖို့ကိုသာဆော့ဂျင်နောက်ကပ်လို့မျက်နှာချိုသွေးရတော့သည်။

သိတဲ့အတိုင်းဂျူဝန်းကမာမားကင်မ်ရဲ့ခွေးပေါက်လေးဆိုရင်
ဆော့ဂျင်ကလည်းသူ့မာမားရဲ့အသည်းကျော်လေးဖြစ်တာ
ကြောင့်ပင်။

~~~~~~~~
"ဂျုဝန်း...နင်စဉ်းစားပြီးသွားပြီလား??"

မထင်မှတ်ထားပါပဲအခန်းထဲဝင်ရုံရှိသေးနှင်းဆီပန်းတစ်ပွင့်နဲ့သူမရှေ့ရောက်လာတဲ့ဟာဂျွန်းကြောင့်ဆော့ဂျင်အနည်းငယ်အံ့အားသင့်သွားရသည်။ဒီကောင်က တော်တော်ရဲတင်းနေပါလား။

ဂျူဝန်းကိုတော့လမ်းမှာတည်းကခြိမ်းခြောက်ထားလို့ထင်သည်။ဘာပြန်ပြောရမှန်းမသိပဲ သူ့ကိုပဲပြန်လာကြည့်နေတာကြောင့်ဂရုမစိုက်ပဲအခန်းထဲကိုသာဝင်သွားလိုက်သည်။

သူလည်းဘာမှဝင်ပြောစရာမရှိဘူးမလား။ဂျူဝန်းကိုယ်တိုင်
ဆုံးဖြန်ရမယ့်ကိစ္စပဲလေ။

"ငါ..ငါတို့မဖြစ်နိုင်ဘူးထင်တယ် သူငယ်ချင်းပဲဆက်ပြီးလုပ်
တာပိုကောင်းမယ်ထင်တယ်...."

ဂျူဝန်းစကားကြောက့်အနည်းငယ်တွေဝေသွားတဲ့ဟာဂျွန်းပုံစံ
ကိုသူတွေ့လိုက်ရသည်။ဘာဆက်ပြောဦးမလဲဆိုတာကိုသိချင်
တာကြောင့်မသိမသာနားစွင့်နေလိုက်သည်။

"ငါစောင့်နေမယ်လေ....နင်အတွက်ဖြစ်နိုင်တဲ့အချိန်ရောက်
တဲ့အထိ ဒါလေးကိုတော့နင့်အတွက်ယူလာတာမို့လို့လက်ခံ
ပေးနော်"

ဂျူဝန်းကဘာမှပြန်မပြောပဲ ပေးလာတဲ့နှင်းဆီပန်းကိုအမြန်ယူလိုက်ပြီးသူထိုင်တဲ့နေရာကိုခပ်သွက်သွက်လျှောက်သွားသည်။တစ်ချက်တစ်ချက်လည်းသူ့ဘက်ကိုလှည့်လှည့်ကြည့်နေတာကိုဆော့ဂျင်သတိထားမိပါသည်။

သေချာတာတော့ သူမဟာဂျွန်းကိုငြင်းလိုက်တာပေမယ့်
နှင်းဆီပန်းလက်ခံလိုက်တဲ့အကြောင်းကိုဆော့ဂျင်တိုင်ပြောမှာကိုပဲစိတ်ပူနေတာဖြစ်မည်။

အတန်းပိုင်ဆရာဝင်လာတဲ့အချိန်မှာတော့ သူမလွင့်နေတဲ့
အာရုံတွေကိုစုစည်းပြီးသင်ခန်းစာတွေကိုသာအာရုံစိုက်လိုက်
တော့သည်။ဒါပေမဲ့ မသိစိတ်ကတော့ကြောက်နေမိသည်။

.

.

.

"ဂျင်ဂျင်...ညကျရင်ဆူရှီစားမလား ငါဝယ်ကျွေးမှာနော်"

တစ်နေ့လုံးသူ့အရိပ်အခြေကိုလိုက်ကြည့်နေတဲ့ဂျူဝန်းက
ညနေအိမ်ပြန်ချိန်ရောက်ခါနီးမှာလည်း အခုလိုပဲလောကွတ်
ချော်နေတော့သည်။

"မစားချင်ပါဘူး...ငါအိပ်ချင်နေလို့မြန်မြန်ပြန်ချင်နေပြီ"

"အိပ်ချင်နေတာဆို တစ်ခုခုဝယ်တိုက်ရမလား??"

"ဝန်း...နင်ဘာဖြစ်နေတာလဲ အတင်းကြီးပဲ"

သူဖြစ်နေတာကိုကိုယ်သိပေမယ့်နည်းနည်းဟောက်လိုက်တော့သူကိုယ်တိုင်လည်းအတင်းကြီးဖြစ်နေတာကိုသိပုံရသည်။ဘာမှမပြောပဲငြိမ်လို့သွားတော့သည်။

"နင်မာမားကိုဒီနေ့ကိစ္စပြန်မပြောဘူးမလား..."

ထင်တဲ့အတိုင်းပါပဲ။ဒီကိစ္စကပြန်ရောက်လာပြန်ပြီ။

"ပြန်ပြောမှာဆိုးလို့ငါ့ကိုမုန့်တွေအတင်းဝယ်ကျွေးနေတာလားအော်...ယူဂျူဝန်း...ငါ့ကိုတကယ်စေတနာရှိတာမဟုတ်ဘူးပဲ"

ဆော့ဂျင်ရဲ့ခေါင်းတခါခါဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးဂျူဝန်းလည်း
ဘာဆက်လုပ်ရမယ်ကိုမသိတော့ပါ။

"အဲ့လိုမဟုတ်ပါဘူး...."

"အဲ့လိုမဟုတ်ရင် ဟိုဆိုင်မှာထိုင်ကြမယ် နင်ကျွေးမှာနော်"

သူမလက်ကိုဆွဲသွားပြီးဆိုင်ထဲကိုဦးတည်နေတဲ့ဆော့ဂျင်
ကြောင့် ဘာမှမပြောတော့ပဲအတူတူသာလိုက်လာခဲ့တော့
သည်။

အကျင့်ယုတ်ပြီးစားချင်တာတွေတစ်ပုံတစ်ခေါင်းမှာမယ်လို့
ထင်ထားပေမယ့် တကယ်တမ်းတော့ပိုကီတစ်ပွဲရယ် အေအးနှစ်ခွက်ရယ်သာဝယ်လိုက်တာကြောင့် အနည်းငယ်တော့စိတ်အေးသွားသည်။

အုပ်စုအုပ်စုလေးတွေနဲ့ဖြစ်နေတဲ့စားပွဲတွေမှာဆူလို့မထိုင်ချင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ရဲ့ထောင့်ကျကျအပြင်ဘက်ကိုလှမ်းမြင်ရအောင်မှန်ကာထားတဲ့နေရာမှာရှိတဲ့ခုံတန်းရှည်ဘက်မှာဝင်ထိုင်ဖြစ်ကြသည်။

"နင့်ကြောင့်အဖျားမပျောက်သေးတာသုံးရက်ရှိပြီနော်"

အအေးသောက်လိုက်မုန့်စားလိုက်နဲ့ ကြည့်ရတာလည်းအဖျားရှိတဲ့သူလို့ကိုသူမမျက်လုံးထဲမှာမမြင်ပါ။နဖူးပေါ်ကိုလက်သွားတင်ကြည့်လိုက်တော့ အနည်းငယ်နွေးသလိုရှိပေမယ့်အဲ့လောက်ဆိုးမနေပါ။

"အဲ့လောက်လည်းမဟုတ်ပဲနဲ့"

"နင်ငါ့ကိုမပြောပဲရည်းစားမထားနဲ့...ကြားလား??"

အခြေအနေနဲ့မဆီမဆိုင်ထွက်လာတဲ့စကားကြောင့် သူမ
မျက်မှောင်ကြုံ့မိသွားသည်။

"ဘာဆိုင်လို့ပြောရမှာလဲ??"

"ဆိုင်တာပေါ့ ဝန်း...နင်နဲ့ငါကအဆိုင်ဆုံးပဲလေ"

"အဖျားပိုးကဦးနှောက်ထဲဝင်နေပြီထင်တယ် ပေါက်ကရတွေပါးစပ်ကထွက်လာပြီ--ဟဲ့!!"

ထိုင်နေတဲ့ခုံကိုဆတ်ခနဲဘေးကိုဆွဲလိုက်ရင်းပုခုံးပေါ်ကိုခေါင်း
မှီချလာတာကြောင့် အလန့်တကြားကြည့်လိုက်မိသည်။ပြော
နေတဲ့စကားတွေကအစ လုပ်နေတဲ့အပြုအမူတွေအဆုံးအကုန်အထူးအဆန်းတွေကြီးပဲ။

"ငြိမ်ငြိမ်နေနော် ငါခေါင်းမူးနေတာ"

ငြိမ်ငြိမ်ထိုင်နေတာဆိုပေမယ့် တစ်ခါမှမဖြစ်ဖူးတဲ့အနေအထားကြောင့်ဗိုက်ထဲမှာရထားအစင်းနှစ်ဆယ်လောက်ဖြတ်သွားနေသလိုလို။

"ဂျင်..ငါ-ငါ အဲ့လိုကြီးမနေတတ်ဘူး"

မသိမသာလက်ညိုးကိုသုံးကာပြန်တွန်းထုတ်ပေမယ့် နည်း
နည်းမှမလှုပ်ရှားပေ။

"ဝန်း..."

"Hmm...."

"ခေါင်းကိုပွတ်ပေးလို့ရလား"

ရမလားလို့သာမေးလိုက်ပေမယ့် ဆော့ဂျင်လက်ကဂျူဝန်းရဲ့
လက်ကိုဆွဲယူပြီးသူ့ခေါင်းပေါ်ကိုတင်လိုက်ပြီဖြစ်သည်။

"ခဏပဲနော်...အိမ်ပြန်နောက်ကျရင်မာမားကင်မ်ဆူလိမ့်မယ်"

နေရခက်နေပေမယ့်လည်းစကားတွေထပ်မများချင်တော့တာကြောင့်အလိုက်သင့်ပဲဆော့ဂျင်ရဲ့ဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်ရင်းကျန်နေသေးတဲ့အအေးတို့ကိုဆက်သောက်နေလိုက်သည်။

ဆော့ဂျင်ကတော့တကယ့်ကိုသက်တောင့်သက်သာဖြစ်နေတဲ့
ပုံစံနဲ့မျက်လုံးတို့ကိုမှိတ်ထားတော့သည်။

ထူးဆန်းတဲ့တောင်းဆိုမှုပါပဲ။ထွေထွေထူးထူးလည်းမဟုတ်
ပါပဲ သူမမှာတွန့်ဆုတ်နေရပြန်ပါတယ်။ခံစားချက်တွေရောမ
ထွေးစေဖို့ကို ဦးနှောက်ကအလျင်အမြန်သတိပေးနေပြန်တာကြောင့် ဘယ်လိုပဲအခြေအနေတွေပြောင်းလဲလည်း သူမတို့နှစ်ယောက်ဟာသူငယ်ချင်းတွေပဲဆိုတာကိုအသေမှတ်ယူထားမိပါတော့တယ်။

Tbc
သဘောကျကြရဲ့လားဟင်👀



Continue Reading

You'll Also Like

163K 11.6K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
3.3K 282 20
แ€กแ€แ€นแ€แ€€แ€ผแ€ฎแ€ธแ€žแ€œแ€ญแ€ฏแ€–แ€ผแ€…แ€บแ€žแ€ฝแ€ฌแ€ธแ€›แ€„แ€บ แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€šแ€บ แ€’แ€ซแ€•แ€ฑแ€™แ€šแ€ทแ€บ แ€€แ€ปแ€ฝแ€”แ€บแ€™แ€›แ€พแ€„แ€บแ€แ€ญแ€ฏแ€ทแ€‘แ€ฒแ€€ แ€˜แ€šแ€บแ€žแ€ฐแ€ทแ€€แ€ญแ€ฏแ€™แ€พ แ€›แ€ฝแ€ฑแ€ธแ€”แ€ญแ€ฏแ€„แ€บแ€™แ€พแ€ฌแ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธแ‹
2.7K 199 5
Min Yoon Gi ร— Oc แ€‚แ€ฏแ€แ€บแ€‘แ€ฑแ€ฌแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€†แ€ถแ€•แ€„แ€บแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€œแ€Šแ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บแ‹ แ€‚แ€ฏแ€แ€นแ€ฑแ€‘แ€ฌแ€€แ€นแ€ฑแ€”แ€แ€ฒแ€ท แ€†แ€ถแ€•แ€„แ€นแ€ฑแ€œแ€ธแ€ฑแ€แ€ผแ€€แ€ญแ€ฏแ€œแ€Šแ€นแ€ธแ€แ€บแ€…แ€นแ€แ€šแ€นแ‹
89.2K 9.5K 29
If I could change the fact that I love you... Jk x Nabi Taehyung x Jiae Cremie's third completed fiction. August 24, 2020 - January 4, 2021 #cremie