သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.8M 312K 11.7K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_22 (Z)

5K 771 24
By Saung_Nay_Chi

တစုံတယောက်ကို ယုံကြည်သက်ဝင်မိခြင်းက ...
ကျွန်တော်တို့ နှလုံးသားထဲကို ချစ်ခြင်းမေတ္တာ ‌စတင် ရောက်ရှိလာဖို့ အစပျိုးလိုက်ခြင်းပါပဲ ...။

****  *****  *****  *****  *****

ညက တစ်ညလုံး မိုင်း သိပ်မအိပ်လိုက်ရဘဲ မှေးခနဲ အိပ်ပျော်သွားမိတာက သန်းခေါင်ကျော်မှ။ နိုးလာတော့ မနက်ဝေလီဝေလင်း မြူတွေလည်း ဆိုင်းလို့ပေါ့။

မိုင်း အိပ်ယာက နိုးလာတော့ ဘေးမှာ သဏ္ဍာန်ဆန်းက မရှိတော့။ ဘယ်အချိန်ထဲက ထထွက်သွားသလဲမသိ‌ပေ။ သူ့ပစ္စည်းတွေလည်း ကျောပိုးအိတ်ထဲမှာ အဆင်သင့် သိမ်းဆည်းထားပြီးလေပြီ။ မိုင်းလည်း မျက်နှာထသစ် သန့်ရှင်းရေး လုပ်ပြီးနောက် ကိုယ့်ပစ္စည်းတွေနဲ့အတူ Tent ကိုပါ သိမ်းဆည်းလိုက်သည်။

ကျန်တဲ့သူတွေလည်း နေထွက်ချိန်ကို စောင့်ရင်းနဲ့ အထုတ်အပိုးတွေ အဆင်သင့်သိမ်းဆည်း နေကြပြီး စခန်းချခဲ့တဲ့ တောင်ပေါ်တဝိုက်ကို အမှိုက်ကောက် သန့်ရှင်းရေး လုပ်ပေးနေကြပါသည်။ သဘာဝတရားကို မြတ်နိုး၍ ခရီးထွက်လာကြသူတွေက သဘာဝတရားရဲ့ အလှကို ပျက်ဆီးစေမယ့် အမှိုက်တွေကိုတော့ မထားခဲ့သင့်ဘူး မဟုတ်လား။

တစ်ခါသုံး လက်အိတ်‌တွေနဲ့ အမှိုက်ကောက်နေကြသော သူ့သူငယ်ချင်း သုံးယောက်အနားကို မိုင်းက လျောက်သွားလိုက်သည်။ သုံးယောက်ကလည်း သူ့ကို မြင်တော့ ...

"နိုးလာပြီလား မိုင်း ..."

"အေး ..."

"မင်းမျက်နှာကလည်း မလန်းလိုက်တာ ...ဘယ်လိုဖြစ်တာလဲ ညက အိပ်ရေးမဝဘူးလား ..."

သူ့မျက်နှာ အခြေအနေက ဒီလောက်ထိတောင် သိသာနေသလားပဲ။

"အင်း ညက တော်တော်နဲ့ အိပ်မပျော်ဘူး ...သန်းခေါင်ကျော်မှ အိပ်ပျော်သွားတာ ..."

ပြောရင်းနဲ့ တစ်ချက်လောက် သန်းဝေနေတဲ့ မိုင်း။

"ဘယ်အိပ်ပျော်မလဲ ...ညက ရင်တခုန်ခုန်နဲ့ ဖြစ်နေလို့ နေမှာပေါ့ ..."

"ဘေးမှာက ကိုယ်ကြိုက်နေတဲ့ တစ်ယောက်က ရှိနေတာကိုး ..."

"မဟုတ်တာလုပ်ချင်တဲ့ စိတ်တွေက ကြီးစိုးနေတော့ အိပ်ပျော်ဖို့ ခက်ခဲနေမှာပေါ့ ...ဟုတ်တယ်မို့လား မိုင်း ...အဟား ..."

သုံးယောက်သားက တစ်ယောက်တစ်ပေါက်နဲ့ မိုင်းကို စွပ်စွဲ စနောက် နေကြလေရဲ့။

"မင်းတို့ကောင်တွေ မသိပါဘူး ...ညက ငါဘယ်လောက်တောင် ဒုက္ခပင်လယ် ဝေနေခဲ့ရသလဲ ဆိုတာ ..."

မိုင်းက ‌စကားပြောရင်းနဲ့ သူ့လည်ပင်းကို လက်နဲ့ တချက် ဖိပွတ်လိုက်လေသည်။ ဒါကို ဘေးကသုံးယောက်ကလည်း မြင်၏။ သူလက်ပြန်ရုတ်လိုက်တော့မှ တခုခုကို မြင်လိုက်ကြပြီး...

"မိုင်း မင်းလည်ပင်း ပိုးကောင်ကိုက်ခံထားရတာလား ..."

"ဟုတ်တယ် မိုင်း အနီရောင် အကွက်တွေ ဘာဖြစ်တာလဲဟ..."

သူငယ်ချင်းတွေပြောတော့မှ ဖုန်းကင်မရာနဲ့ ကိုယ့်လည်ပင်းကိုယ် ပြန်ကြည့်လိုက်ရသည်။ လည်ပင်းဘေး တခြမ်းမှာ အနီကွက်က နှစ်ခုသုံးခု။ သေချာပါတယ်။ ဒါက ညက ဟိုဟာလေးရဲ့ လက်ချက်တွေလေ။

"ဘာကောင်မှ ကိုက်သွားတာမဟုတ်ဘူး ...လူကိုက်သွားတာဟေ့ ..."

"ဟမ် ...ဘာ ...လူ ..."

"ဘယ်လူလဲ ..."

"ဘယ်လိုလူက မင်းလည်ပင်းကို ...အာ ...ငါသဘောပေါက်ပြီ ..."

လင်းရဝေက သဘောပေါက်သွားတဲ့ပုံပါပဲ။ ပြုံးစိစိလုပ်နေပြီး မိုင်းအနားကို တိုးကပ်လာလေသည်။ ပြီးတော့ ခပ်တိုးတိုး ကပ်ပြောလိုက်၏။

"မင်းတို့ တစ်ညထဲနဲ့ အဲ့ဒီ့အဆင့်ထိတောင် ရောက်သွားကြတာလား ..."

"ဟယ် တကယ်လား မိုင်း ...နင်တို့ ..."

"ဟာ ပေါက်ကရတွေ ဘာတွေတွေးနေကြတာလဲ ...သူညက မူးပြီး ငါ့ကို ပေါက်ကရတွေ လာလုပ်တာ ...သူကအရင် ..."

ညက သဏ္ဍာန်ဆန်း မွှေသမျှကို သူငယ်ချင်းတွေကို ပြန်ပြောပြရင်းနဲ့ မိုင်းက ခေါင်းကုတ်နေလေသည်။ သူ့အဖြစ် အစုံကို သိသွားကြတော့ သုံးယောက်သား အော်ရယ်တာ လူကြားလို့မကောင်း။ အမှိုက်ကောက်နေကြတဲ့ တခြား ကျောင်းသားတွေတောင်မှ သူတို့အုပ်စုကို လှမ်းကြည့်နေကြလေသည်။

"ဟာ ဘာလို့ အဲ့လောက်ထိတောင် အော်ရယ်နေကြတာလဲ ...မင်းတို့မရှက်ဘူးလား သူများတွေကြည့်နေကြတယ်လေ ..."

"ကြည့် ကြည့် မတတ်နိုင်ဘူး ..."

"ငါ ငါ မရယ် မရယ်ဘဲ မနေနိုင်ဘူး ...အမလေး အဟား ဟား ..."

ဗိုက်နှိပ်ပြီး အူ တက်မတတ် ရယ်နေတဲ့ ကောင်းသစ်လွင်ပါ။

"နင်တော်တော် ဒုက္ခများသွားမှာပဲ ..."

"အသေအချာပေါ့ ...ငါ့မှာ ရှိသမျှ စွမ်းအားတွေနဲ့ ထိန်းချုပ်ပြီး မိုးလင်းခဲ့ရတာ ကောင်းကောင်းတောင် အိပ်လို့မပျော်ဘူး ..."

"သနားစရာ ကောင်းလိုက်တဲ့ ငါ့သူငယ်ချင်းလေး ...ခစ် ခစ် ...အဲ့ဒါဆို ညက ငါပြောတာ မှားသွားတာပေါ့နော် ...ငါက နင့်ကို ယုတ်မာတဲ့အကြံအစည်တွေ လုပ်နေတယ်ဆိုပြီး စွပ်စွဲနေတာလေ ...တကယ်တမ်းကျတော့ နင်က ယုတ်မာခံလိုက်ရတာကိုး ...ခစ် ခစ် ..."

"ဟုတ်တယ် ငါက သနားဖို့ကောင်းတာ သူကတော့ လုပ်ချင်တိုင်း လုပ်ပြီး အိပ်ပျော်နေလိုက်တာ တစ်ညလုံး ...မနက်ကျတော့ ဘယ်ပျောက်သွားလဲ မသိဘူး မတွေ့ဘူး ..."

"စောစောကတော့ ဟိုဘက်အခြမ်းမှာ အမှိုက်ကောက်နေသေးတယ် ...ငါတို့နဲ့အတူတူ စကားတောင် ပြောသေးတယ် အစောပိုင်းတုန်းက ..."

"သူဘာပြောသေးလဲ ..."

"သူက ဘာမှမပြောဘူး ...ငါက မေးလိုက်တာ ...ညက နင်မူးသွားတယ် မဟုတ်လား ဆန်းလို့ ...သူက အဲ့တော့မှ ညက သူသောက်တာ အရက်တွေ မို့လားတဲ့... ငါနဲ့ မိုင်းက သိသိနဲ့ သူ့ကို တမင်တိုက်ကြတာလားတဲ့ ...စိတ်တိုသွားတဲ့ ပုံပဲ ...ငါ့ကိုတော့မဟုတ်ဘူး နင့်ကို ..."

နီနီက ရယ်နေလေသည်။

"ငါလိမ်ပြီးတိုက်လို့ စိတ်ဆိုးသွားမှာပေါ့ ...သူ့ကြောင့် ငါဒုက္ခများရတာကြတော့ ငါစိတ်မတိုရဘူးလား ...အရမ်းတကိုယ်ကောင်း ဆန်တဲ့ကောင် ..."

"အေးလေ မင်းအတိုင်းပဲ ..."

လင်းရဝေက သူ့ကို မျက်စပစ်ပြီး လှမ်းပြောနေလေသည်။ မိုင်းက ခြေထောက်နဲ့ လှမ်းကန်လိုက်သော်လည်း မထိ။ လင်းရဝေက ရှောင်လိုက်တာမို့။

"စိတ်ဆိုးသွားတယ်ဆိုတော့ ညကကိစ္စတွေ ပြန်မှတ်မိနေတဲ့ပုံပဲ ..."

နီနီက တွေးတွေးဆဆလေး ပြောနေသည်။

"မှတ်မိတာပေါ့ဟ ...ယိုင်ထိုးပြီး ပစ်စလက်ခတ် မူးကွဲနေတာမှ မဟုတ်တာ ...စကားတွေတောင် ညလယ်ထိ ထိုင်ပြောနေခဲ့သေးတာပဲ ..."

မိုင်းက ဆန်းရဲ့ မူးပုံမူးနည်းကို ပြောနေသည်။

"အဲ့ဒါဆို သူလုပ်ပြီး သူရှက်လို့ ‌မင်းကိုရှောင်နေတာ ဖြစ်မယ် ..."

"ဟုတ်မလားဘဲ အဲ့လို ..."

"ရောင်နီသန်းလာပြီ နေထွက်တော့မယ်ဟေ့ ..."

ကျောင်းသားတစ်စုရဲ့ အော်သံကိုကြားတော့ သူတို့အာရုံတွေက နေထွက်ရာ အရပ်ဆီသို့။

"ဆန်း ဘယ်သွားနေတာလဲ မသိဘူး နေထွက်တော့မယ် ..."

"မင်းက ဘာလို့စိတ်ပူနေတာလဲ သူတစ်နေရာသွားလို့ နေမှာပေါ့ ..."

"နေထွက်ချိန်ရော နေဝင်‌ချိန်ရော သူနဲ့အတူ ကြည့်ချင်တာ ငါက ..."

"ဖြစ်ရတယ် ရူးပါ့ကွာ ..."

"ကဲ အရူးရေ ဟိုမှာ နင့်ရဲ့ဆန်း လာနေပြီ ..."

နီနီ မေးဆတ်ပြတဲ့ဆီကို သူလှမ်းကြည့်လိုက်တော့ တောထဲဘက်ကနေ ထွက်လာတဲ့ အဖွဲ့ထဲမှာ ပါလာသော ဆန်းကို မြင်လိုက်ရ‌လေသည်။
ဆန်းက သူ့ကိုမြင်တော့ မျက်နှာတည်သွားပြီးအကြည့်လွှဲသွား၏။ ဒါက စိတ်ဆိုးနေတဲ့အမူအရာလား။

"ငါ သူနဲ့ စကား‌သွားပြောလိုက်ဦးမယ် ..."

သူငယ်ချင်း‌တွေကို ထားခဲ့ကာ ခြေလှမ်းတွေက သဏ္ဍာန်ဆန်း ရှိရာဆီသို့။

"ဆန်း လာ ငါနဲ့အတူတူ နေထွက်တာ ကြည့်ရအောင် ..."

ဆန်းရဲ့ လက်ကောက်ဝတ် တဖက်ကို လှမ်းဆွဲပြီး သူခေါ်လိုက်သည်။ ဆန်းက လက်ကိုပြန်ရုန်းလိုက်ပြီး ...

"ငါမလိုက်ချင်ဘူး ..."

"လာပါ မင်းကလည်း ..."

တစ်ယောက်ကလည်း အလျော့မပေးဘဲ ထပ်ဆွဲခေါ်နေသည်။ နောက်တစ်ယောက်ကလည်း တင်းခံနေပြီး ဆွဲလိုက်တိုင်း ရုန်းနေ၏။ ဘေးမှာ တခြားကျောင်းသားတွေ ရှိနေကြပေမယ့် သူတို့နှစ်ယောက်ကို ဘာဖြစ်နေတာလဲ ဆိုတဲ့ အကြည့်တွေနဲ့သာ ကြည့်နေကြပြီး ဘယ်သူမှ ဘာမှ ဝင်မပြောကြပေ။

"မင်းဘာသာ ကြည့်ပါလား ...ဘာလို့ငါ့ကို လာခေါ်နေတာလဲ ..."

"ငါက မင်းနဲ့ အတူတူ ကြည့်ချင်တာလေ ..."

"ငါမကြည့်ချင်ဘူး ..."

အခြေအနေက အရင်ကထက်တောင်မှ ပိုဆိုးသွားသလိုပင်။ အရင်ကဆို ခေါ်ရင် ဒီလောက်ထိ မငြင်းဆန်ပါ။ အသာတကြည် လိုက်လာတတ်သေးသည်။ အခုကျတော့ သူ့ကို တော်တော်လေး စိတ်ဆိုးနေတဲ့ပုံမျိုးနဲ့ အမူအရာတွေက။
မိုင်း သိလိုက်ပါသည်။ ချော့ပြော၍ မရတာမို့ ခြောက်၍ ပြောရပေတော့မည်။

"ဒီမှာ ..."

သူ့အင်္ကျီလည်ပင်းပေါက်ကို မိုင်းက အနည်းငယ်ဆွဲဟပြီး လည်ပင်းက အနီကွက်တွေကို မြင်သာအောင် ခေါင်းစောင်း ပြလိုက်လေသည်။

"ငါ့လည်ပင်းကိုလည်း ကြည့်ဦး ...ညက မင်း ..."

"ဟာ ဟိတ်ကောင် ..."

ဒါကျတော့ ဆန်းက လျင်သည်။ အင်္ကျီစ ကိုင်ထားတဲ့ သူ့လက်ကို လှမ်းဆွဲ၍ အဲ့ဒီ့နေရာကနေ ခေါ်ထုတ်လာခဲ့လိုက်၏။ နေရာမှာ ကျန်ခဲ့ကြတဲ့ တခြားကျောင်းသားတွေက ဘာဆိုဘာဖြစ်နေမှန်းပင် မသိလိုက်ကြ။ ထုံးစံအတိုင်း နှစ်ယောက်သား ရန်ဖြစ်နေကြ ပြန်ပြီလို့သာ ထင်နေကြတဲ့ပုံ။

လူရှင်းတဲ့ နေရာထိ ဆွဲခေါ်လာခဲ့ပြီး တောင်အစွန်းမှာ ပေါက်နေတဲ့ သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်လိုက်ကြသည်။ မိုင်းလက်ကို လွှတ်ပေးရင်း တဆက်ထဲမှာပဲ မိုင်း ပုခုံးစွန်း တဖက်ကို ပိတ်တွန်းပစ်လိုက်တဲ့ သဏ္ဍာန်ဆန်း။

"မင်း ဘာဖြစ်ချင်နေတာလဲ ..."

ကိုယ်တခြမ်းစောင်းပြီး ယိုင်သွားတဲ့ မိုင်းက ဆန်းကို နားမလည်စွာ ကြည့်လိုက်မိပါသည်။ သူတော်တော်လေး စိတ်ဆိုးနေသည်လား။

"မင်းကရော ဘာဖြစ်နေတာလဲ ...ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ ..."

"မင်းလုပ်ထားတာ မင်းသိသင့်တယ် ..."

"ငါဘာလုပ်ထားလို့လဲ ..."

"အဲ့ဒီ့ဟန်ဆောင်တတ်တဲ့ အကျင့်တွေကို ငါ့ရှေ့မှာ လာမလုပ်နဲ့ ဆီဇာနေရဇ္ဇ ..."

ညက မိုင်းလို့ လိုလိုချင်ချင် ညင်ညင်သာသာ ခေါ်တဲ့အသံလေးကို သူပြန်သတိရသွားသည်။ အခုတော့ ဆီဇာနေရဇ္ဇတဲ့လား သူစိမ်းဆန်တဲ့ လေပြေတွေရဲ့ အငွေ့အသက်ဟာ သူ့ဆီကို ဦးတည်နေလေပြီ။

"ညက ငါအဲ့ဒီ့လိုတွေ ဖြစ်အောင် မင်းတမင် အကွက်ချလိုက်တာမို့လား ...မင်းက မင်းဖြစ်ချင်သလိုမျိုး အကွက်ချတဲ့ နေရာမှာ သိပ်တော်တဲ့ ကောင်လေ ..."

ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် မူးသလဲဆိုတာတောင် မသိခဲ့ဘဲ ညကစကားဝိုင်းကနေ အိပ်တဲ့ တဲနေရာဆီကို တိတ်တိတ်လေး ပြန်လာခဲ့မိသည်။ တစ်ယောက်ထဲ ကြယ်တွေထိုင်ကြည့်နေရင်းနဲ့ လူက ပိုပိုမူးလာခဲ့ရ၏။

မနက်အိပ်ရာနိုးလာ‌တော့ မိုင်းကို ဖက်အိပ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်သည်။ ညက အကြောင်းတွေကို တဖြေးဖြေး ပြန်သတိရသွားတော့ လူက ရှက်မိသွားရသည်။ ငါတော့ မူးပြီးအမှားတွေ လုပ်မိပြီလို့ နောင်တတွေနဲ့။ နီနီသစ်လွင်ပြောပြတော့မှ ညက သူမူးရခြင်း အကြောင်းရင်းဟာ မိုင်းကြောင့်မှန်း သိလိုက်ရတာ့သည်။

ဒီကိစ္စက သူကြံစည်ထားလို့ ဖြစ်လာရခြင်းသာ။ ဒါက သူ့ကို စိတ်မဆိုးသင့်ဘူးလား။ ညက အသိစိတ်လွတ်ပြီး ပေါက်ကရတွေ လုပ်ခဲ့မိတာက တော်ရုံတန်ရုံမဟုတ်။ မိုင်းလည်ပင်းက အနီကွက်တွေကို မြင်တိုင်း လူကပို၍ အရှက်သည်းလာရသည်။

"မင်း ငါ့ကို မစွပ်စွဲနဲ့ ဆန်း ...ကြည်သာနဲ့ ငါနေရာလဲအိပ်တယ်ဆိုတာ ...မင်းနဲ့ ဒီလိုခရီး ဒီလိုပတ်ဝန်းကျင် ညမျိုးမှာ အတူရှိနေချင်ရုံလာက်ပဲ ငါရည်ရွယ်ခဲ့တာ ...ပြီးတော့ မင်းကို သစ်သီးဖျော်ရည်ဆိုပြီး လိမ်တိုက်တာကလည်း ငါက စနောက်ချင်ရုံလောက်ပဲ ...မင်းအဲ့လောက်ထိ ဖြစ်ပျက်သွားလိမ့်မယ်လို့ ငါမှမထင်ထားတာ ..."

"မင်းစကားတွေကို ငါက ယုံရမှာလား ...မင်းလိုကောင်ရဲ့ စကားတွေကိုလေ ..."

"သ ဏ္ဍာန် ဆန်း ..."

စိတ်တိုပြီး ပိတ်အော်ပစ်လိုက်တဲ့ အသံက အနည်းငယ်မာ၍ ကျယ်၏။ မျက်ခုံးတွေ စုကျုံ့နေတဲ့ မိုင်းရဲ့ ဒီမျက်နှာ အနေအထားဟာ ဒေါသထွက်နေပြီမှန်း သိသာနေလေပြီ။

"မင်း ငါ့ကို ဘယ်လိုကောင် ထင်နေတာလဲ ...မင်းငါ့ကို ဘာလို့ ဒီလောက်ထိတောင် အယုံအကြည်မဲ့နေရတာလဲ ...သဏ္ဍာန်ဆန်း ..."

"မယုံရတဲ့ ကောင်မို့လို့ မယုံကြည်တာ ...ဘာလို့လဲဆိုတော့ မင်းဘယ်လို ကောင်လဲဆိုတာ ငါက ကောင်းကောင်း သိနေပြီးသားပဲလေ ...မင်းက Angel အယောင်ဆောင်ထားတဲ့ Devil တစ်ကောင်ပဲ ...မျက်နှာနှစ်ဖက်နဲ့ လူလိမ် ..."

စကားလုံးတွေဟာ လက်နက်သဖွယ် ရင်ဘတ်ထဲထိ လာထိ၏။ ဤချစ်ရသူထံမှ သူ့ကို မယုံကြည်စွာ အထင်သေးပြီး ပြောလာခဲ့သော စကားတွေသည် မိုင်းကို ပို၍ နာကျင်စေပါသည်။ အဲ့ဒီ့အစား လက်သီးနဲ့ အထိုးခံလိုက်ရတာကမှ သက်သောင့်သက်သာ ဖြစ်စေလိမ့်ဦးမည်။
သဏ္ဍာန်ဆန်းရဲ့ အင်္ကျီ‌ရင်ဘတ် အစနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ကိုင်လိုက်ပြီး အံကြိတ်သံနဲ့ ခပ်တိုးတိုး ကပ်ပြောလာသော မိုင်း။

"ဆီဇာနေရဇ္ဇဆိုတဲ့ ကောင်ကို မင်းဒီလို မပြောသင့်ဘူး ...ငါမင်းကို သိပ်ချစ်လွန်းလို့ ငါ့အစွယ်တွေ လက်သည်းတွေကို ဖွက်ထားခဲ့တာ...ငါဆိုတဲ့ကောင်က မကျေနပ်လို့ လက်တုံ့ပြန်လိုက်ရင်... အဲ့ဒီ့တစ်ယောက်ရဲ့ ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားလိမ့်မယ် ...မင်းရှေ့မှာမှ ဝပ်ဆင်းပေးနေတဲ့ ငါ့ကို လျော့တော့မတွက်နဲ့ ..."

"အဲ့တော့ ငါက မင်းကို ကြောက်ရမှာလား ...မင်းလုပ်သမျှ ငြိမ်ခံပြီး မင်းပြုသမျှနုပေးရတော့မှာလား ...ငါဘာကိုမှ မကြောက်တတ်ဘူး ဆိုတာကိုလည်း မင်းသိထားသင့်တယ် ဆီဇာနေရဇ္ဇ ..."

အရှုံးမပေးသော တန်ပြန်ဒေါသတွေနဲ့ သဏ္ဍာန်ဆန်းပါပဲ။

"ညတုန်းက ပြုသမျှ နုခဲ့ရတဲ့ သူက ဘယ်သူလဲဆိုတာ မင်းသေချာ ပြန်စဉ်းစားကြည့်လိုက် ...ငါတကယ်ပဲ မင်းကို အကွက်ချခဲ့မိရင်တောင်မှ ယုတ်မာတဲ့ အကြံအစည် မရှိခဲ့ဘူး ...မင်းငါ့ကို လာနမ်းလို့ ငါ့အသွေးအသားတွေ ဆူပွက်ခဲ့တာကို ငါဝန်ခံတယ် ...ဒါပေမယ့် ငါ့ကိုယ်ငါ ထိန်းချုပ်ပြီး ဘာမှ မတုံ့ပြန်ခဲ့မိဘူး ...အဲ့ဒါကို မင်းနားလည်သင့်တယ် ..."

ကိုင်ထားတဲ့ အင်္ကျီစကို ဆောင့်၍ လွှတ်ပေးလိုက်ပြီး စကားကို အဆုံးသတ်လိုက်သည်။ နှစ်ယောက်သား ကိုယ်ချင်းကွာပြီး ရပ်နေမိရင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြ၏။ အဲ့ဒီ့အချိန်တွင် သူတို့အနားကို ကင်မရာတစ်လုံးနဲ့ ရောက်လာခဲ့သူက လင်းရဝေ။

"မိုင်း ...ဆန်း ..."

ခေါ်သံကြား၍ နှစ်ယောက်လုံး လှည့်အကြည့်တွင် ဖျတ်ခနဲ အရိုက်ခံလိုက်ရသော ဓာတ်ပုံတစ်ပုံ။

"ဘာလုပ်တာလဲ ..."
"ဘာလုပ်တာလဲ ..."

နှစ်ယောက်လုံးဆီကနေ တသံထဲ ထွက်လာခဲ့ လေသည်။ ဒီတော့မှ လင်းရဝေလည်း သတိထားမိတော့၏။ မျက်နှာတွေက တည်တင်းနေကြသည်လေ။ နှစ်ယောက်တွဲပုံ ရဖို့အတွက် လျပ်တပြက် အငိုက်ဖမ်းပြီး ရိုက်ဖို့ ခရီးစဉ် တလျောက်မှာ မိုင်းဆီကနေ သူအမိန့် ရထားပြီးသားပါ။ ဒါကြောင့် ဒီလိုအချိန်ကို တမင်ရိုက်လိုက်ပေမယ့် သူအချိန်မှားပြီး ရောက်လာခဲ့သည် ထင်ပါ၏။

"ဟို ...နေကလည်း ထွက်လာပြီလေ ...အနောက်မှာ တိမ်ပင်လယ်ကြီးကလည်း ရှိနေတယ် ...သစ်ပင်ကြီး အနားမှာ မင်းတို့နှစ်ယောက်က ရှိနေတော့ ... Viewက တအားလှနေလို့ ငါလည်း ..."

အပြစ်လုပ်ထားမိတဲ့ သူလိုမျိုး လင်းရဝေမှာ ရှင်းပြချက်တွေ ပေးနေရပါသည်။ တကယ်လည်း သူတို့နှစ်ယောက် ရပ်နေတဲ့ နေရာက View အတော်လေး မိုက်နေတာမို့။

"အခြေအနေ မကောင်းဘူး ထင်တယ် ...ငါသွားတော့မယ်နော် ..."

အခြေအနေကို အကဲခတ်မိပြီး သူလည်းကြာကြာဆက်မနေတော့ဘဲ ထွက်သွားခဲ့တော့သည်။
ကျန်ခဲ့တဲ့နှစ်ယောက်မှာလည်း လင်းရဝေပြောသွားတဲ့ ရှု့ခင်းကို အခုမှ လှည့်ကြည့်မိပြီး ငေးနေမိကြ၏။ တိတ်ဆိတ်စွာနဲ့ပေါ့။

တောင်တန်းတွေ ကြားကနေ, နေထွက်လာတဲ့ ရှု့ခင်းရယ် ...
ဖွေးဖွေးလှုပ်နေတဲ့ တိမ်ပင်လယ်ကြီးရယ် ...
သဘာဝတရားကြီးဟာ ဒီနှစ်ယောက်ရဲ့ ဒေါသတွေကို ခဏတာ မေ့သွားဖို့ရာ အကြံအစည်ရှိစွာနဲ့ ထွက်ပေါ်လာခဲ့လေသလား ...။

****  *****  *****  *****  *****

တစ်ယောက်က သူ့ကို မယုံကြည်ဘဲ အထင်သေးခံရတာကြောင့် စိတ်တိုဒေါသ ထွက်နေခဲ့သည်။
နောက်တစ်ယောက်ကတော့ အကွက်ချ ခံရတယ်လို့သာ ယုံကြည်နေပြီး အရှက်သည်း၍ စိတ်တိုဒေါသထွက်နေလေသည်။

မုန်တိုင်းငယ်လေးဟာ ဒီနေ့တစ်နေ့လုံး Trekking ခရီးတလျောက် လိုက်ပါလာခဲ့ပါ၏။ နှစ်ယောက်လုံး ဆုံလည်းမဆုံဖြစ်။ စကားလည်း မပြောဖြစ်ကြ။ တည်းခိုမယ့် KS groupအပိုင် Resort ကိုရောက်တဲ့အထိ နေ့တဝက်လုံးပါပဲ။ သစ်လွင်အမြွှာနဲ့ လင်းရဝေတို့လည်း မိုင်းဆီကနေ အခြေအနေ သိရပြီး သဏ္ဍာန်ဆန်းဆီ စကား သွားပြော ဖြစ်ကြပါသေးသည်။
ဒါပေမယ့် ဆန်းက သူတို့ကို အဖက်ပင် မလုပ်။ မိုင်းကလည်း ...

"မင်းတို့ သူ့ကို ဘာမှ သွားပြီး ခခယယ ရှင်းပြမနေကြနဲ့ ...လွှတ်ထားလိုက် ...သူထင်ချင်ရာ ထင်နေတဲ့ တယူသန်ကောင် ...သူ့နေရာမှာ တခြားတစ်ယောက်သာဆိုရင် လူတစ်ကိုယ်လုံးရော ဘဝတစ်ခုလုံးပါ စုတ်ပြတ်သတ်သွားအောင် ငါလုပ်ပစ်လိုက်မိမှာ ...မိုင်းဆိုတဲ့ကောင်ကို ဒီကောင် ဘာထင်နေလဲ မသိဘူး ...သိပ်ချစ်လွန်းလို့ ဒူးထောက်ပေးထားတာကို ငါ့ကို ‌အရှုံးသမားလို့ ထင်နေတဲ့ပုံပဲ ...တောက် ..."

ဒေါသက အရှိန်နှုန်းမြင့်၏။ တသက်နဲ့တကိုယ် ဘယ်သူမှ ဒီလိုမျိုး အထင်သေး အမြင်သေးစွာ ဆက်ဆံမခံခဲ့ရဖူးသော မိုင်း။ သူစိတ်ဆိုးမယ် ဆိုရင်လည်း ဆိုးချင်စရာပင်။ တမိုးအောက်မှာ တစ်ယောက်ထဲသာ ရှိသော ဆီဇာနေရဇ္ဇလို လူကိုမှ ရန်စမိလေခြင်း။

****  *****  *****  *****  *****

(Author's Note/ Paintball gun ကစားနည်းကို မသိတဲ့ သူတွေအတွက် အနည်းငယ် ရှင်းပြပါ့မယ်။ သိတဲ့သူတွေကတော့ ကျော်သွားပေါ့နော်။
အလွယ်ပြောရရင် အသင်းနှစ်ဖွဲ့ ခွဲပြီးတော့ စစ်တိုက်တမ်း ကစားကြတာမျိုးပါ။

ပြောက်ကျား စစ်ဝတ်စုံအပြည့်နဲ့ ကျည်ကာအင်္ကျီ၊ မျက်နှာကာဦးထုပ်တွေနဲ့ ကစားရပါတယ်။ သေနတ်အမျိုးအစားကတော့ ဆေးရောင်ခြယ် သေနတ်တြွေဖစ်ပါတယ်။ဆေးရောင်ပါဝင်တဲ့ ကျည်လုံးလေးတွေ ထည့်ပစ်ရတာပါ။ ပစ်မှန်ထိသွားရင် ဆေးစွန်းစေပြီး တိုက်ပွဲကျတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ကစားနည်းကတော့ သုံးမျိုးရှိပါတယ်။
(1)ကျည်မှန်သူထွက် ကစားနည်း
(2) အလံလုကစားနည်း
(3)အချက်ရေတွက်နည်းတို့ပါပဲ။)

****  *****  *****  *****  *****

Resort မှာ ခဏအနားယူကြပြီးနောက် Paintball gun ကစားပွဲကို စတင်ကြလေသည်။ တချို့က Trekking ကြောင့် လမ်းလျောက်ရလွန်းလို့ ကိုယ်လက်တွေ ကိုက်ခဲနေကြ၏။ အဲ့ဒီ့လူတွေကတော့ အခန်းမှာသာ အနားယူနေကြပြီး ကစားပွဲမှာ မပါဝင်ပေ။

ကစားပွဲကို Resort အနီးက တောင်ခြေသစ်တောထဲမှာ ကစားကြရမှာဖြစ်သည်။ တကယ့်စစ်တိုက်နေသလိုမျိုး ကစားလို့ရအောင် သစ်တောထဲမှာ ပစ်ကွင်းသတ်မှတ်ထားတာပဲ ဖြစ်သည်။
အဲ့ဒီ့ထဲမှာ စစ်တိုက်ရင်း ပုန်းခိုလို့ရတဲ့ ကားအပျက်တွေ ဗုံးခိုကျင်းတွေ စည်ပိုင်းတွေနဲ့ တာယာပုံတွေ သစ်သားအကာအရံတွေ တခြားအပြင်အဆင်တွေလည်း ထားပေးထား၏။

သတ်မှတ် နယ်နိမိတ်ထဲမှာပဲ ဆော့ကစားရန် အန္တရာယ် သတိပေး ဆိုင်းဘုတ်တွေလည်း ရှိနေသေးသည်။ တောနက်ကြီးထဲမှာ မဟုတ်သော်လည်း အန္တရာယ်ရှိတဲ့ ချောက်တွေကမ်းပါးတွေတော့ ရှိပါ၏။

"မိုင်း နင်ပြောတော့ ဘယ်သူနဲ့မှ စကားမပြောချင်ဘူးဆိုပြီးတော့ ...တချိန်လုံး အခန်းအောင်း‌နေတာလေ ...အခုမှ ဒီကစားပွဲကို ဝင်ပါမလို့လား ..."

"အေးလေ မင်းပဲ စိတ်ရှုပ်လို့ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးဆို အခုက ဘာဖြစ်တာလဲ..."

သစ်လွင်အမြွှာက သူ့ကို နားမလည်စွာ ပြောနေကြသည်။

"သဏ္ဍာန်ဆန်း ဒီပွဲမှာ ပါတယ်မဟုတ်လား ..."

ပြောက်ကျားစစ်ဝတ်စုံ အပေါ်ကနေ ကျည်ကာအင်္ကျီကို ထပ်၍ဝတ်လိုက်ပြီး သေနတ်ထဲက ‌ကျည်ကို စစ်နေတဲ့ မိုင်းက သဏ္ဍာန်ဆန်း နာမည်ကို ပြောလာသည်။

"အေးလေ ပါတယ် ...အဲ့ဒါနဲ့ မင်းက ဝင်ပါဦးမလို့လား ပြောတော့ သူ့ကိုစိတ်တိုနေတာဆို ..."

"စိတ်တိုနေလို့ကို ဝင်ပါတာပေါ့ ...ငါဒီနေ့ ဒီကောင့်ကို အနိုင်ယူပြမယ် ...သူပါတဲ့အဖွဲ့ ရှုံးကို ရှုံးစေရမယ် ..."

ဒေါသက ဂိမ်းကစားပွဲထဲမှာ အနိုင်ယူဖို့ရာ ပြင်ဆင်နေတဲ့ပုံပါပဲ။

"လွယ်တော့ မလွယ်ဘူးနော် မိုင်း... စီနီယာကိုစိုင်းကပြောတယ် မဟုတ်လား ဟိုညက ... paintball ကစားတဲ့နေရာမှာ သဏ္ဍာန်ဆန်းက ပရိုပဲတဲ့ ..."

"အဲ့ဒါဘာဖြစ်လဲ ငါကရော ညံ့တဲ့ကစားသမားမှ မဟုတ်တာ ..."

မိုင်းက မျက်နှာအကာကို စွပ်လိုက်ရင်း ပြောလိုက်သည်။ ပြီးတော့ တပ်စုတွေနေရာကို ထွက်သွားလေ၏။ ထွက်သွားတဲ့ သူ့ကိုကြည့်ပြီး ကောင်းသစ်လွင်က ...

"ဟုတ်တယ်လေ ... စစ်တိုက်တဲ့နေရာမှာ ငါတို့မိုင်းလောက် တော်တဲ့သူက ရှိဦးမတဲ့လား ...သူလည်း ပရိုပဲ ပရို ..."

"ပရို ပရိုချင်း ဘာတွေ ဖြစ်လာဦးမှာလဲ ..."

"အဲ့ဒါတွေမသိဘူး ...ငါတို့က ဘယ်အဖွဲ့ထဲမှာ နေရမှာလဲ ..."

သုံးယောက်သား စကားတပြောပြောနဲ့ မိုင်းရဲ့အနောက်ကနေ လိုက်လာခဲ့ကြလေသည်။ စုရပ်ရောက်တော့ စီနီယာတွေက အဖွဲ့ခွဲပေး၏။ စီနီယာကိုစိုင်းက မိုင်းနဲ့ ဆန်းကို တစ်ဖွဲ့ထဲ ထားပေးသော်လည်း ...

"ကျွန်တော် သူနဲ့ အဖွဲ့ မတူချင်ဘူး စီနီယာ..."

"ကျွန်တော့်ကိုလည်း အဖွဲ့ပြောင်းပေးပါ စီနီယာ ..."

နှစ်ယောက်လုံးက တိုင်ပင်ထားစရာ မလိုဘဲ အဖွဲ့ပြောင်းဖို့အတွက် တောင်းဆိုနေကြသည်။ စီနီယာကိုစိုင်းလည်း ဘာမှပြောမနေတော့ဘဲ အဖွဲ့ပြောင်းပေးလိုက်ပါ၏။ ဒီနှစ်ယောက်က သူငယ်ချင်းတွေဆိုပြီးတော့ ခဏခဏ စကားများနေတတ်တာကို သူလည်း သိနေပြီးသားမို့။ ထူးထူးထွေထွေ မေးမနေတော့ပေ။

"အခုကစားနည်းက ကျည်မှန်တဲ့သူ ထွက်ရမယ်...ပြိုင်ဘက်အသင်းက တစ်ယောက်မှ မကျန်တော့တဲ့အထိ နိုင်အောင် ကစားမယ်ဆိုရင် ဂိမ်းကပြီးပြီ ..."

"ရှုံးတဲ့အဖွဲ့ ပြစ်ဒဏ်က ဘာလုပ်ရမှာလဲ စီနီယာ ..."

ကျောင်းသားတစ်ယောက်က ထမေးလိုက်လေသည်။

"ရှုံးတဲ့အဖွဲ့ ပြစ်ဒဏ်က မိန်းခလေးဆိုရင် ယောင်္ကျားလေးလို ဝတ်ပြီး နိုင်တဲ့အဖွဲ့က မိန်းခလေးကို အာဘွားပေးရမယ် ...ယောင်္ကျားလေးဆိုရင်တော့ မိန်းခလေးလိုဝတ်ပြီးတော့ နိုင်တဲ့အဖွဲ့က ယောင်္ကျားလေးကို အာဘွားပေးရမယ် ..."

"ဟာ စီနီယာကလည်း အချင်းချင်းလား..."

"ဝူးးး ..."

"ဝေး ဝေး ..."

မကြိုက်သူက မကြိုက်။ သဘောကျတဲ့ သူတွေကကျ ဖြစ်ကုန်သည်။

"မိန်းမလို ယောင်္ကျားလို ဝတ်ရတာက ပြဿနာမဟုတ်ဘူးလေ ...အာဘွားက ဘာလို့ ပေးရမှာလဲ ..."

"အေးလေ မိန်းခလေး အချင်းချင်းက ထားတော့ ...ယောင်္ကျားလေး အချင်းချင်းက ဘယ်လိုပေးရမှာလဲ စီနီယာကလည်း ..."

"အဖွဲ့ထဲမှာ ပါတဲ့မိန်းခလေးက နည်းနည်းလေးလေ အဲ့တော့ ဒီနည်းလမ်းပဲ သင့်တော်တယ် ...
ပါးကို အာဘွား မပေးချင်ရင် နိုင်အောင် ဆော့ကြပေါ့ဟ ...ဒါက ပြစ်ဒဏ်ပါဆိုမှပဲ ...ဒီလောက်တော့ ပြင်းမှရမှာပေါ့ ..."

"ဒါဆို ကိုယ်နမ်းချင်တဲ့ သူကို နမ်းလို့ရလား ရှုံးတဲ့သူက ..."

"ဘယ်ရမလဲ ရှုံးတဲ့သူတွေပါဆိုမှ ...နိုင်တဲ့သူတွေကပဲ ခိုင်းရမှာပေါ့ ...အနိုင်ရတဲ့သူတွေက ရွေးချယ်ပေးရမှာ ..."

"ဟာ စီနီယာကလည်း ..."

"မသိဘူး မသိဘူး ဂိမ်းကို စမယ် နေရာယူကြတော့ ဒါပဲ ..."

မကျေနပ်သူက နည်းနည်း။ ကျေနပ်သူက များများနဲ့မို့ စီနီယာတွေက ဂိမ်းကစားပွဲကို စတင်ဖြစ်သွားရသည်။ မိုင်းနဲ့ ဆန်းကတော့ ဘာမှဝင်မပြောပေ။ ဒီပွဲမှာ သူတို့အနိုင်ရမယ်လို့ ကြိမ်းသေတွက်ထား ကြတာမို့။
ပြစ်ဒဏ်က အနည်းငယ်ကြမ်းတာမို့ စစ်တိုက်နေကြတဲ့ နှစ်ဖက်အသင်းရဲ့ တိုက်စစ် ခံစစ်တွေကလည်း ကြမ်းပါသည်။ စစ်မြေပြင်မှာ တဖက်ရန်သူကို အနိုင်ရရန် အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်နေကြပါ၏။

"ဖောက် ...ဖောက်...ဖောက် ..."

"ရှပ် ...ရှပ် ..."

"ဟာ လွဲသွားပြီ ..."

"ဟေ့ ဒီဘက်ကိုလိုက် ဒီဘက် ..."

"ဟိုမှာ ပြေးသွားပြီဟဲ့ ပစ် ပစ် ..."

"နင်ပုန်းနေတာ ငါမြင်ရတယ်နော် ..."

တောထဲမှာ ပြေးလွှားနေတဲ့ ခြေသံတွေ လှုပ်ရှားသံတွေ အားမလို အားမရ အော်ဟစ်သံတွေ ကျည်ပစ်လိုက်တဲ့ အသံတွေက ဆူလို့ ညံလို့။
ဆီဇာနေရဇ္ဇနဲ့ သဏ္ဍာန်ဆန်းကတော့ တခြားပစ်မှတ်ပေါင်း များစွာကို အလွယ်တကူပဲ ရှင်းထုတ် နိုင်နေပါသည်။
စီနီယာကိုစိုင်း၊ ကြည်သာ၊ နီနီသစ်လွင်နဲ့ သဏ္ဍာန်ဆန်းတို့က တဖက်။ မိုင်း၊ လင်းရဝေ၊ ကောင်းသစ်လွင်တို့က တဖက်ဖြစ်နေခဲ့သည်။

"နီနီ နင်အညံ့ခံလိုက်စမ်းပါ ...နင်ရှုံးရင် မိန်းခလေးချင်း နမ်းရမှာ ပြဿနာမရှိဘူး ...ငါရှုံးရင် ယောင်္ကျားလေးကို နမ်းရမှာ ငါ့ကို အလျော့ပေးလိုက်စမ်းပါ ငါ့အစ်မရယ် နော် ..."

အမြွှာနှစ်ယောက်က မျက်နှာချင်းဆိုင် စစ်မြေပြင်မှာ ဆုံမိကြတော့ မောင်ဖြစ်သူက အညံ့ခံခိုင်းနေလေရဲ့။

"အံမယ် ငါကဘာလို့ အရှုံးပေးရမှာလဲ နင်အဲ့လို ပြစ်ဒဏ်မျိုး ခံရမှာကို ငါက ပျော်ပျော်ကြီး ကြည့်ဦးမှာ ..."

"အေး အကျင့်မကောင်းတဲ့ အစ်မ နင်သေပြီ ..."

ပြောလည်းပြော တကယ်လည်း အနိုင်ယူပစ်လိုက်တဲ့ ကောင်းသစ်လွင်ပါ။ နီနီ့မှာ စိတ်တွေတိုပြီး သူ့မောင်ကို သေနတ်နဲ့ လိုက်ရိုက်နေလေတော့သည်။

"ခွေးကောင် နင်ငါ့ကို အသေပစ်သတ်တယ်ပေါ့ ဟုတ်လား ..."

အဲ့ဒီ့အချိန် နောက်တနေရာမှာလည်း စီနီယာကိုစိုင်း၊ လင်းရဝေ၊ ကြည်သာနဲ့ မိုင်း ဆန်းတို့လည်း တိုက်ပွဲဝင်နေကြရသည်။ စီနီယာကိုစိုင်းနဲ့ ကြည်သာက ဆန်းကိုသာ အားကိုးနေရပြီး လင်းရဝေနဲ့ မိုင်းကတော့ လက်ရည်က သိပ်မကွာတဲ့သူတွေမို့ အမှီအခိုကင်းကြ၏။

"အဲ့ဒီ့ မိုင်း ဘာဖြစ်နေတာလဲ ...ဘီလူးသရဲ ဝင်စီးနေသလိုပဲ ...ငါ့တို့ကို အသဲအသန်တွေ ဖိတိုက်နေပါလား ..."

ကြည်သာက ကျည်ထပ်ဖြည့်ရင်းနဲ့ ပွစိပွစိလုပ်နေလေသည်။ ပြောရင်လည်း ပြောချင်စရာပင်။ မိုင်းက တကယ်ကို အကွက်ကျကျ ကစားနေတာပါ။ သူငြှိုးနေတာက ဆန်းကို ဆိုပေမယ့် ကျန်တဲ့သူတွေကို အရင်အပြုတ်တိုက်နေတာမျိုး။

"လင်းရဝေကလည်း မညံ့ဘူးဟ ...ဒီတိုင်းဆို ငါတို့ ရှုံးတော့မလား ..."

"စိတ်မပူနဲ့ စီနီယာ ကျွန်တော် ဒီပွဲကို နိုင်အောင် ကစားပေးမယ် ..."

တဖက်အသင်းက သရဲဘီလူးကိုပဲ မြင်နေကြ၏။ သူတို့အသင်းထဲမှာလည်း သရဲဘီလူးတစ်ကောင်က ရှိနေပြီးသားပါ။ ပွဲစထဲက တွေ့သမျှ အလွတ်မပေးဘဲ နိုင်အောင် ပစ်နေတဲ့ သေနတ်သမားလေး ဆန်း။ အရင်ပွဲစဉ်တွေထက် အခုပွဲက ပို၍အရေးကြီးနေတာမို့။

"ကျွန်တော်တို့ သူတို့ကို ခြုံခိုတိုက်မယ် စီနီယာ ... "

"အင်း ဘယ်လိုလုပ်မှာလဲ အဲ့ဒါကို ..."

"ကျွန်တော် ဒီကောင်တွေကို ကာပစ်ပေးထားမယ် ...ကြည်သာနဲ့ စီနီယာတို့က လူခွဲပြီးပြေး ...ခြုံခိုတိုက်မယ့်နေရာကို သွား...ပြီးရင် ကျွန်တော် လိုက်လာခဲ့မယ် ...ဒီကောင်နှစ်ကောင် ကျွန်တော်တို့နောက် လိုက်လာပြီး ပစ်ကွင်းထဲ ဝင်လာရင် ပစ်သတ်လိုက် ..."

"အေး အဲ့ဒါကောင်းတယ် ...လုပ်..."

အကြံအစည်ပြီးတာနဲ့ ကြည်သာနဲ့ စီနီယာကိုစိုင်းက ထပြေးလေသည်။ ဆန်းက ကာ၍ပစ်ပေးနေခဲ့၏။ ဒါပေမယ့် ကြည်သာက လမ်းတဝက်မှာတင် မိုင်းရဲ့ ပစ်သတ်မှုကို ခံလိုက်ရတာကြောင့် ထွက်လိုက်ရလေသည်။ စီနီယာကိုစိုင်းသာ လွတ်မြောက်သွားခဲ့ရသည်။
ခဏနေတော့ ဆန်းလည်း စီနီယာကိုစိုင်းသွားတဲ့ ခြုံခိုနေရာသို့ တဖက်လမ်းကနေ ဝိုက်ပြီး ဆင်းသွားလေ၏။

"ရဝေ ငါသဏ္ဍာန်ဆန်း အနောက်ကို လိုက်မယ် ...မင်း စီနီယာ့အနောက်ကို လိုက်သွား ..."

"အေး ..."

"သတိတော့ထားနော် အဲ့ဒါ ထောင်ချောက်ပဲ ငါတို့ကို ခြုံခိုတိုက်ဖို့ မျှားခေါ်သွားတာ ..."

မိုင်းကလည်း ဆန်းရဲ့ ကစားကွက်ကို ရိပ်မိနေပါသည်။

"အေး ငါသိပြီ ..."

နှစ်ယောက်သား လမ်းခွဲလိုက်ပြီး သားကောင်နောက်ကို လိုက်ကြလေသည်။ ဆန်းက လျင်သလို မိုင်းကလည်း သွက်ပါသည်။ အချင်းချင်း ပစ်ခတ်နေတဲ့ ကျည်တွေကို ရှောင်ရှားရင်းနဲ့ စစ်မြေပြင်မှာ နှစ်ယောက်ထဲ။ သစ်ပင်အကွယ်ကိုယ်စီမှာ နေရာယူနေကြရင်းနဲ့ စကားလှမ်းပြောလိုက်ကြသေးသည်။

"သဏ္ဍာန်ဆန်း မင်း ဒီပွဲမှာ ငါ့ကိုအရှုံးပေးရလိမ့်မယ် ..."

"စဉ်းစားလေ ဖြစ်နိုင်တာကိုလည်း ပြော ...ငါပါတဲ့အသင်းက ရှုံးတယ်ဆိုတာ ထုံးစံမရှိဘူး ..."

"အေး ငါကလည်း ဘယ်တော့မှ ရှုံးခဲ့ဖူးတာ မရှိခဲ့ဖူးဘူး ...မင်းဒီည ဂိမ်းရှုံးပြီး ပြစ်ဒဏ်ကို ခံစားစေရမယ် ...မင်းငါ့ကို နမ်းကိုနမ်းရမယ် ..."

စကားတွေသာ ပြောနေတာပါ။ သေနတ်ပစ်နေခြင်းကတော့ ရပ်မသွားခဲ့ပေ။

"မင်းရှုံးပြီး တခြားတစ်ယောက်ကို နမ်းမှာကို ငါက ထိုင်ကြည့်နေဦးမှာ ..."

"မင်းငါ့ကို မဖြစ်မနေ နမ်းရမှာ ဒီည ..."

"မင်းပဲ ငါ့ကို အရှုံးပေးရလိမ့်မယ် ဆီဇာနေရဇ္ဇ ..."

"ဟင့်အင်း ငါနိုင်မှာ သေချာတယ် ...မင်းက ငါ့ကို တစ်ခါနမ်းခဲ့ဖူးပြီးပြီပဲ ...နောက်တစ်ခါ ထပ်နမ်းတော့ရော ဘာဖြစ်မှာလဲ ...အရသာက အတူတူပဲလေ ...မင်းပဲ ပြောတယ်မဟုတ်လား အဲ့ဒီ့ညက ...ငါ့လည်ပင်းလေးက ရေမွှေးနံ့လေးကို တအားကြိုက်တာပဲဆို ...အဟက် ..."

"တောက် ... ဆီဇာနေရဇ္ဇ ... မင်း..."

အလျော့မပေးခြင်းက ကျည်ဆံ ပစ်ချက်တွေမှာရော စကားတွေနဲ့ပါ မညှာတာကြပေ။ မိုင်းက တမင်အနိုင်ယူကာ စကားကို ပြောနေ၏။ ဆန်းက ဒါကို ပေါက်ကွဲနေလေသည်။ ပြန်တွေးမိပြီး အရှက်သည်းခြင်းက ပိုတိုးလာခဲ့ရသည်။

"ငါ ဒီကောင့်ကို အမှုန့်ကြိတ်ပစ်မယ် ..."

ဆန်းက တစ်ယောက်ထဲ ကြိမ်းဝါးပြီးနောက် ထောင်ချောက်ဆင်ရန် ကိုယ်ယောင်ဖျောက် ကစားကွက်ကို ရွှေ့ရန်ကြံစည်လိုက်၏။ စီစဉ်ထားတဲ့ ခြုံခိုနေရာကို မသွားတော့ဘဲ သူတစ်ယောက်ထဲ အကွက်ချဖို့ တခြားလမ်းကို ရွေးလိုက်သည်။ အဲ့ဒီ့လမ်းမှာ အန္တရာယ်သတိပေး ဆိုင်းဘုတ်ရှိနေပေမယ့် ဆန်းက မမြင်ပေ။
အနိုင်ရလိုစိတ် ပြင်းထန်နေသည်မို့။

"ဟာ ကျွတ်စ် ဒီကောင် ဘယ်လမ်းကို ဝင်သွားတာလဲ သေတော့မှာပဲ ..."

ဒါကိုမြင်လိုက်တဲ့ မိုင်းက ဆက်လိုက်ဖို့ ခဏရပ်သွားခဲ့ရသည်။

"ဒီတိုင်းလွှတ်ထားလို့ မဖြစ်ဘူး ငါလိုက်သွားရမယ်..."

ဘယ်‌လောက်ပဲ သဏ္ဍာန်ဆန်းကို စိတ်တိုနေသည် ပြောပြော စိုးရိမ်ပူပန်ခြင်းကတော့ ရှိနေပါ၏။ သူက ချစ်နေရတဲ့သူမို့။

"သဏ္ဍာန်ဆန်း ... သဏ္ဍာန်ဆန်း ..."

နာမည်ကို တကျော်ကျော် အော်ခေါ်၍ အနောက်ကနေ အပြေးလိုက်ရတော့သည်။ မြင်ကွင်းကနေ ပျောက်ထွက်သွားခဲ့တာ ချက်ချင်းပါပဲ။ လုံးဝမမြင်ရတော့ပေ။
အန္တရာယ်ရှိ နယ်မြေမို့ လမ်းကကြမ်းနေပြီး ကျောက်တုံးကြီးငယ်က နေရာမရွေးမှာ ထိုးထိုးထောင်ထောင်။ မိုင်းက သဏ္ဍာန်ဆန်းကိုသာ စိုးရိမ်လွန်ပြီး အော်ခေါ်နေမိတာမို့ မြေပြင်ကို သတိမထားမိဘဲ ခလုတ်တိုက်ရတော့သည်။

"အ ..."

လက်ဖျံက သစ်ချွန်စတစ်ခုနဲ့ ထိုးမိပြီး သွေးတွေက ဖြာခနဲပင်။ ဒဏ်ရာက နက်ပြီး ကွဲသွားတာကလည်း ကြီးသည်။ ဒီဒဏ်ရာနဲ့ သွေးစက်တွေကို သူအမှု့မထားနိုင်ပါ။

"ဆန်း ...ဟေ့ကောင် ဆန်း ...ဆန်းရေ ..."

"ငါ ...ငါ ...ဒီမှာ ..."

အသံသဲ့သဲ့ တချက်ကို သူနားထဲမှာ ကြားလိုက်ရပါ၏။ အသံလာရာကို နားစွင့် မှန်းဆပြီး သူလိုက်လာခဲ့လိုက်သည်။ ဒါပေမယ့် ချောက်ကမ်းတစ်ခုရဲ့ အစပ်မှာ လမ်းက ဆုံးနေလေပြီ။ သဏ္ဍာန်ဆန်းကိုတော့ မတွေ့ပေ။

"ဆန်း ... ဆန်းရေ ...မင်းဘယ်မှာလဲ ..."

"ငါ ဒီမှာ ...ငါအောက်ဘက်မှာ မိုင်း ..."

အသံက ချောက်ထဲဘက်က လာတာပါ။ သူသွားငုံ့ကြည့်လိုက်တော့ ဆန်းက ချောက်ကမ်းပါး အစွန်းရဲ့ လက်တကမ်းသာသာ အကွာအဝေးမှာပါ။ ကျောက်တုံးစွန်းတစ်ခုကို အားကုပ်ဆွဲကိုင်ထားခြင်းက လက်တစ်ဖက်ထဲနဲ့သာ။ ခြေချော်ပြုတ်ကျသွားတဲ့ အရှိန်နဲ့ တဖက်ထဲသာ ချိတ်မိပြီး ကိုင်မိသွားတဲ့ပုံပါပဲ။ ချောက်ကလည်း အတော်နက်ပါ၏။ အောက်ခြေမှာက ကျောက်တုံးတွေအပြည့်နှင့်။ ပြုတ်ကျသွားရင် ရှင်လမ်းက မမြင်ပေ။

"ဆန်း ငါ့လက်ကို ကိုင်ထားလိုက် ..."

ချောက်အစွန်အဖျားရဲ့ လက်တကမ်းသာသာ အောက်ဖက်မှာမို့ ရင်ညွှန့်လောက်ထိ ကိုယ်ကို ချောက်ထဲဘက် ကိုင်းညွှတ်လိုက်ပြီး ဆန်းကို လက်ကမ်းပေးလိုက်ပါသည်။ ဆန်းကို လက်တစ်ဖက်နဲ့ ကိုင်ထားပေးပြီး ကျန်တဲ့တစ်ဖက်က ချောက်နှုတ်ခမ်းအစွန်က သစ်ပင်တစ်ပင်ကို အားပြုကိုင်ထား ရသေး၏။
လက်နှစ်ဖက်လုံး အားပြုပြီး ဆန်းကို ဆွဲထားပါက နှစ်ယောက်လုံး ချောက်ထဲကို လျောကျသွားနိုင်ပါသည်။ ဟန်ချက်က မညီတာမို့။

"မိုင်း မင်းလက်က ဒဏ်ရာက ဘာဖြစ်လာတာလဲ ..."

ဒဏ်ရာရှိနေတဲ့ လက်နဲ့ လှမ်းဆွဲထားတာမို့ ဆန်းကလည်း မြင်သွားသည်။

"ငါချော်လဲလာလို့ အခုပဲ မင်းကိုလိုက်ရှာရင်းနဲ့ ...မင်းက သတိပေးဆိုင်းဘုတ်ကို မမြင်ဘဲ ဝင်သွားတာကိုး ..."

"ငါတောင်းပန်ပါတယ် ငါ့ကြောင့် ...ငါအနိုင်ယူချင်စိတ်များပြီး အမှားလုပ်မိတာ ..."

"တော်တော့ စကားတွေ များမနေနဲ့ ...ငါ မင်းကို ရအောင် အပေါ်ဆွဲတင်ပေးမယ် တောင်းပန်ချင်ရင် အပေါ်ကျမှ ပြော ..."

မျှခြေက လုံးဝမညီတာမို့ အားကုန်ဆွဲတင်လည်း အပေါ်ရောက်ဖို့က ခက်ခဲနေပါသည်။ မိနစ်များစွာ သူကြိုးစားနေခဲ့ပြီး သူ့လက်ဖျံမှ ဒဏ်ရာကနေ သွေးတွေက ပိုမိုစိမ့်ထွက်လာခဲ့ရ၏။ အဲ့ဒီ့သွေးတွေက ဆန်းရဲ့ လက်ဆီသို့ ကူး‌ပြောင်းစီးဆင်းသွားလေသည်။

"မိုင်း ...မင်းသွေးတွေ အများကြီး ထွက်နေပြီ ...ဒီတိုင်းဆို ငါတို့နှစ်ယောက်လုံး ပြုတ်ကျသွားလိမ့်မယ် ...ငါ့ကို ထားခဲ့လိုက်တော့ ..."

ဒီဒဏ်ရာကြီးနဲ့ ဒီလောက်ထိ အားအင်သုံးနေတာက နာကျင်မှုဟာ တော်ရုံမဟုတ်နိုင်မှန်း ဆန်းကလည်း ရိပ်မိနေသည်။

"ငါက ဘာလို့ မင်းကို ထားခဲ့ရမှာလဲ ...လုံးဝမထားခဲ့နိုင်ဘူး ..."

"ငါခဏ တောင့်ခံထားလိုက်မယ် ...မင်း တပ်စုကိုပြန်ပြီး အကူအညီသွားခေါ်လိုက် ..."

"မဖြစ်ဘူး အရမ်းဝေးတယ် ...အကူအညီ ရောက်မလာခင် မင်းအားလျော့ပြီး ပြုတ်ကျသွားလိမ့်မယ် ..."

"ဒီတိုင်းဆို ငါတို့နှစ်ယောက်လုံး ပြုတ်ကျသွားလိမ့်မယ် မိုင်းရဲ့ ...မင်းသေချင်နေတာလား ငါနဲ့အတူတူ ..."

"အေး သေချင်တယ် ...မင်းကို တစ်ယောက်ထဲ ပေးသေလိုက်ရမှာထက် နှစ်ယောက်အတူတူပဲ အသေခံလိုက်မယ် ..."

"မင်းကွာ ...ငါ့စကားကို နားထောင်စမ်းပါ ...ငါ့ကို လက်လွှတ်လိုက် ...ငါ့ကို ထားခဲ့လိုက်တော့..."

"ငါမင်းကို မနေ့ညက ပြောတဲ့စကားတွေ အကုန်မှတ်မိတယ်မို့လား ..."

"အေး ..."

"ငါမင်းကို ဘယ်တော့မှ စွန့်ပစ်မသွားဘူး ...အဲ့ဒါကြောင့် ငါ့ကို ယုံလိုက်ဆိုတဲ့ စကား မှတ်မိလား..."

"အင်း မှတ်မိတယ် ..."

မမှတ်မိဘဲ နေမလား။ ဒီစကားကြောင့် သူခဏတာ တွေဝေသွားခဲ့ ရသေးတယ်လေ။

"အခု အဲ့ဒီ့စကားကို ငါသက်သေပြပေးမယ် ...ငါမင်းကို လုံးဝလက်မလွှတ်ဘူး ...မင်းကို လုံးဝတစ်ယောက်ထဲ မထားခဲ့ဘူး ...ငါ့ကို ယုံလိုက် ...အ ..."

"မိုင်း ..."

သွေးတွေက ထပ်မံစိမ့်ထွက်လာခဲ့ပြီး မိုင်းဆီကနေ ညီးညူသံပါ ထွက်လာလေသည်။

"ငါ့ကို ယုံလား ဆန်း ..."

"အင်း ယုံတယ် ...ငါမင်းကို ယုံတယ် ..."

အပေါ်အောက် အကြည့်ချင်း ဆုံနေခြင်းမှာ ယုံကြည်သက်ဝင်မှုတွေက အပြည့်။ သူ့ဆီကနေ ယုံကြည်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ခွန်အားအသစ်တွေက ဘယ်ကဘယ်လို ရောက်လာသည်မသိ။

"အဲ့ဒါဆို ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေ မင်းကို အပေါ်ရောက်စေရမယ် ...ပြီးမှငါတို့ ရန်ဖြစ်ကြတာပေါ့ ..."

မိုင်းက တစ်ချက်ပြုံးလိုက်ပါသည်။ အဲ့ဒီ့အပြုံးဟာ သိပ်ကို ဆွဲဆောင်မှုရှိပါ၏။

"အား ..."

မျက်လုံးကိုစုံမှိတ်၍ အားကုန်သုံးပြီး ဆန်းကို ဆွဲတင်ပစ်လိုက်တာ ဆန်းရဲ့ အခြားလက်တဖက်သည် ချောက်ကမ်းပါးစွန်းက ကျောက်တုံးစွန်းကို ကိုင်မိသွားရ၏။ လက်နှစ်ဖက်လုံး ကျောက်တုံးစွန်းကို ကြိုးစားကိုင်ပြီး မိုင်းကလည်း ထပ်၍ဆွဲတင်နေတာမို့ တဖြေးဖြေး အပေါ်ရောက်လာခဲ့ရသည်။

"ဟူး ..."

နှစ်ယောက်သား သက်ပြင်းကို ခပ်ကြမ်းကြမ်းချလိုက်ပြီး ချောက်ထိပ်နားမှာ ပက်လက်လှဲပြီး အနားယူလိုက်ကြသည်။ ပြီးတော့ အရင်ဆုံးထလာသူက သဏ္ဍာန်ဆန်းပါ။

"မိုင်း မင်းလက် ... မင်းဒဏ်ရာ ဘယ်လိုနေလဲ ..."

စိုးရိမ်တကြီး မေးပြီး ဒဏ်ရာကို ကြည့်လိုက်မိသည်။ ဒဏ်ရာက အခြေအနေ အတော်ဆိုးနေပြီး မိုင်းသည်လည်း နှုတ်ခမ်းတွေ ဖြူဖတ်‌နေကာ တုန်ယင်နေပါ၏။

"ငါ ငါ အရမ်းနာတာပဲ သိတော့တယ် ဆန်း... ငါအရမ်းနာတယ် ..."

"မင်းခဏလောက်တော့ တောင့်ခံထားနော် မိုင်း... ငါမင်းကို ဆရာဝန်ဆီ ခေါ်သွားပေးမယ် သိလား..."

မိုင်းက ပြန်ဖြေဖို့တောင် အားမရှိတော့တဲ့ပုံပင်။ သွေးထွက်များနေခဲ့ပြီ ဖြစ်တာကြောင့် လူက အားအင်ပို၍ ယုတ်လျော့နေလေပြီ။ မိုင်းကို ကျောပိုး၍ ဆန်းတစ်ယောက် ဆရာဝန် ရှိရာအရပ်သို့ အပြေးသွားရတော့သည်။

ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ...။
ငါ့ကို မစွန့်ပစ်ခဲ့တဲ့မင်း ... ဘာမှမဖြစ်ပါစေနဲ့။
ငါ့မှာ နတ်ဘုရားတွေလို တန်ခိုးစွမ်းအင်တွေ မရှိပေမယ့် ... မင်းကိုတော့ စောင့်ရှောက်ပါရစေ။
ငါမင်းကို ယုံတယ် မိုင်း ...။
ငါအနားမှာပဲ နေပေးပါကွာ ...။

****  *****  *****  *****  *****




Continue Reading

You'll Also Like

341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
289K 24.1K 74
အချစ်.....အမုန်း အချစ်.....အမုန်း ZawGyi+Unicode
9.5K 469 17
ငါက​ယောကျာ်း​လေးတစ်​ယောက်​လေ ​မောင် ​ယောကျာ်း​လေးတစ်​ယောက်ကို ချစ်လို့မရဘူး လက်ထပ်လို့်မရဘူးလို့ ငါထင်ခဲ့တာ တကယ်ချစ်မိသွားတဲ့အချိန်မှာ ​ မောင်ကငါ့ကို...
323K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...