သဏ္ဍာန်ဆန်း
By Saung_Nay_Chi
2.8M 312K 11.7K
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More
Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details
P_18 (Z)
5K 818 11
By Saung_Nay_Chi
"ဆန်း မင်းကိုငါ အကူအညီ တစ်ခုလောက် တောင်းစရာရှိလို့ ..."
အတန်းထဲမှာ စာထိုင်လုပ်နေတဲ့ သဏ္ဍာန်ဆန်းအနားကို ကြည်သာက လာကပ်ထိုင်ပြီး ပြောလိုက်တာဖြစ်သည်။ သူ့မျက်နှာက လိုတာထက်ပိုပြီး ပြုံးရယ်ပြနေ၏။ တောင်းဆိုစရာရှိလို့ မျက်နှာချိုသွေးတယ်ဆိုတာ ဒါမျိုး။
"ဘာလဲ ပိုက်ဆံကိစ္စဆိုရင်တော့ ဆောရီးပဲ ငါကငမွဲ ..."
သူငယ်ချင်းဆိုပြီး အားနာရ ကောင်းမှန်းလည်းမသိ။ ပြောချလိုက်တာ ဒဲ့ကြီး။ သဏ္ဍာန်ဆန်းဆိုတဲ့ကောင်က စိတ်ကောင်းလေးတော့ ရှိပေမယ့် တခါတလေ အဲ့ဒီ့လို အပေါက်ဆိုးဆိုး။
"ငါဘယ်တုန်းက ပိုက်ဆံကိစ္စ ပြောဖူးလို့လဲ မင်းကလည်း ...ဆက်ပြောမယ့် စကားတောင်မှ နင်သွားတယ် ..."
မှန်၏။ ကြည်သာက သူ့ဆီကနေ တခါမှ ပိုက်ဆံမချေးဖူးပါ။ မရှိမှန်းသိလို့ မချေးတာလား ဘာလားတော့မသိ။
"မင်းက အကူအညီ မတောင်းစဖူး ရုတ်တရက်ကြီး မျက်နှာချို လာသွေးပြနေတာကိုး...အဲ့တော့ ငါက ပိုက်ဆံကိစ္စလို့ ထင်တာပေါ့ကွ ..."
"ပိုက်ဆံချေးမလို့ မဟုတ်ဘူး ...အလုပ်ကိစ္စတစ်ခု ငါ့အစား မင်းဝင်ပေးလို့ရမလား ..."
ဆန်းက ကြည်သာ့မျက်နှာကို သေချာပြန်ကြည့်နေပြီးမှ ...
"လာပြန်ပြီ ...ငါက မင်းကို ဘယ်လို ယုံရမှာလဲ ..."
"ဟင် ဘာကိုလဲ ..."
"မင်းကို ဟိုအုပ်စုက ခိုင်းလိုက်ပြန်တာလား ..."
"ဘယ်အုပ်စုလဲ ..."
"ဆီဇာနေရဇ္ဇတို့ အုပ်စု ..."
"ဟမ် မဟုတ်ပါဘူးကွာ မင်းကလည်း ...ဒါက ငါ့ကိစ္စပါဟ ..."
"ပထမတခါတုန်းကလည်း မင်းငါ့ကို အလုပ်နဲ့နေစရာနေရာ ရှာပေးတာလေ ...အဲ့ဒီ့ကိစ္စက နီနီခိုင်းတာကို ဘာလို့ငါ့ကို ပြန်မပြောတာလဲ ..."
"ဟာ အဲ့ဒါကလေ ဒီလိုကွာ ..."
ကြည်သာ့မျက်နှာက စပ်ဖြီးဖြီး လုပ်နေပြီး ခေါင်းကုပ်နေလေရဲ့။
"သူတို့အုပ်စုက မင်းကို ကူညီချင်တယ် ...မင်းကလည်း သူများအကူအညီဆိုရင် အလွယ်တကူ လက်မခံတတ်ဘူးလေ ...အဲ့ဒါကြောင့် ငါက ကြားကနေ နှစ်ဖက်လုံး အဆင်ပြေသွားအောင်လို့ နှုတ်ပိတ်ပေးလိုက်တာပါ ...ဟီး ဟီး ..."
"ရယ်မနေနဲ့ ငါအခု အဲ့ဒီ့အိမ်မှာ သုံးလလုံး ဆက်နေရတော့မှာ ...မင်းငါ့ကို အမှန်တိုင်း မပြောလို့ ..."
သူပြောပြလို့ နီနီသစ်လွင်တို့အုပ်စု ပိုင်တဲ့အိမ်မှန်း  ကြည်သာလည်း သိထားပြီးပါပြီ။ သူတို့အကွက်ချထားတဲ့ ထောင်ချောက်ဆိုတာတော့ မပြောပြဖြစ်ခဲ့ပါ။
"နေပါဦး ငါမစပ်စုတတ်ပေမယ့် သိချင်လို့ တစ်ခုလောက် မေးပါဦးမယ် ...မင်းနဲ့ အဲ့ဒီ့အုပ်စုက ဘာတွေလဲ ..."
"ဘာကို ဘာတွေလဲ ..."
"ငါကြည့်ရ မြင်ရသလောက်ကတော့ ဟိုလေးယောက်က မင်းကိုဆို တော်တော်လေး ခင်ကြတဲ့ပုံပဲ ...မင်းအမှုဖြစ်တုန်းက အစအဆုံး ကူညီပေးတာရော... နေစရာနဲ့ အလုပ်လည်း ရှာပေးတာရော...ဒီလောက်ထိ ခင်နေကြတဲ့သူတွေကို မင်းဆက်ဆံတဲ့ ပုံက မပတ်သက်ချင်သလိုလို မကြည်သလိုလိုနဲ့ ...ဘာက ဘယ်လိုတွေလဲ မင်းတို့က ..."
ကြည်သာ အတော်လေး သိချင်နေတဲ့ပုံပါ။ တော်ရုံဆို ကြည်သာက မစပ်စုတတ်။ စကားတွေ ဟိုပို့ ဒီပို့ပြီး ဖွတတ်တဲ့သူမျိုးလည်း မဟုတ်။ ဒါကြောင့်လည်း ဆန်းက ကြည်သာနဲ့ ပေါင်းဖြစ်သွားတာဖြစ်သည်။
"ဒီလိုပါပဲ ငါတို့ စတွေ့တုန်းက နည်းနည်းပြဿနာလေးတွေ ရှိခဲ့လို့ ..."
ဆန်းက အကြောင်းရင်းကို သေချာမပြောဖြစ်။ ကြည့်သာကလည်း အတွင်းကျကျထိ ဆက်မမေးပါ။
"စတွေ့တုန်းက မပြေလည်ကြဘူးဆိုတော့ အခုကျတော့ရော ..."
"ဟင် ..."
ကြည်သာ့မေးခွန်းကို ချက်ချင်းပြန်မ‌ဖြေဘဲ စာအုပ်တွေ ကောက်သိမ်းနေတဲ့ ဆန်း။ အရင်ကတော့ လုံးဝမပတ်သက်ချင်ခဲ့ပါ။ အခုသူတို့အကြောင်း ပိုသိလာရ၍ အရင်ကလောက်တော့ ဆန့်ကျင်တာမျိုးတွေ မရှိတော့ပေ။ ဒါပေမယ့် သူငယ်ချင်းတွေအဖြစ် ခင်တွယ်သွားမိတာမျိုးလည်း မဟုတ်သေးပါ။
"အခုနောက်ပိုင်း မင်းကိုငါ သတိထားမိတယ် ...ဟိုအုပ်စုလာခေါ်ရင် တခါတလေ မင်းလိုက်သွားတယ်လေ ...တခါတလေ ထမင်းစားဆောင်မှာ မင်းတို့ကို တွေ့တွေ့နေရတာပဲ ...ပြီးတော့ နီနီသစ်လွင်နဲ့လည်း မင်းတအား ရင်းနှီးတဲ့ပုံမျိုး ..."
ဟိုသုံးယောက်ထက်စာရင် နီနီသစ်လွင်နဲ့ ဆန်းက ပို၍ စကားပြောရတာ အဆင်ပြေပြီး ရင်းနှီးကြပါ၏။ ကောင်းသစ်လွင်က သူနဲ့ကလပ်သွားဖို့ အမြဲလာခေါ်တတ်ပြီး ဆန်းက တခါမှ မလိုက်ဖြစ်ပေ။ ဝါသနာမတူတော့ ရင်းနှီးဖို့က သိပ်မလွယ်။
လင်းရဝေ ကျတော့လည်း သူ့အိမ်က သင်ခိုင်းတဲ့ အတတ်ပညာတခုခုကို အမြဲလေ့လာနေရတဲ့သူ။ သူ့မှာအားလပ်တယ်ဆိုတာ မရှိတာမို့ ဆန်းနဲ့ စကားပြောဖြစ်တာ နည်းပါသည်။
ဆီဇာနေရဇ္ဇကျတော့ သူကကိုယ့်အပေါ် စိတ်ဝင်စားနေတဲ့သူမို့ သိပ်မရောမိ။ ယောင်္ကျားလေး တစ်ယောက်က လာကြိုက်နေလို့ အမြင်ကတ်စွာ ရှောင်ဖယ်နေတာမျိုးတော့ မဟုတ်ပါ။ အနေရခက်၍ ရှောင်နေတာမျိုး။ ဆီဇာနေရဇ္ဇနဲ့ ဆုံလိုက်တိုင်း သူ့အကြည့်တွေနဲ့ သူ့အပြုအမူတွေက ဆန်းကို အနေရခက်စေ၏။
ဘာကြောင့် ဒီလိုဖြစ်နေမှန်းလည်း ကိုယ့်ကိုယ်ကိုယ် မသိနိုင်။ တကယ်ဆို ဘာခံစားချက်မှ မရှိရင် လျစ်လျူရှူ့ပစ်နိုင်ရမယ် မဟုတ်လား။
အခုကျတော့ ကိုယ်က စိတ်လှုပ်ရှားရတာနဲ့ အနေရခက်တာနဲ့။ ဘာမှန်းကို မသိ။
"မင်း မဟုတ်မှလွဲရော နီနီသစ်လွင်နဲ့ ..."
"အာ မဟုတ်ပါဘူးကွာ ...ငါတို့က ဒီတိုင်းပဲ အသိတွေပါ ..."
ဆက်ပြောမယ့်စကားကို ကြိုသိလိုက်တာမို့ ဆန်းက ပိတ်ပစ်လိုက်ပါသည်။
"ဒါဆို သူတို့အုပ်စုနဲ့ အခုကဘယ်လို ဆက်ဆံရေးလဲ ..."
ဆန်းက မဖြေ။ ဆက်၍ငြိမ်နေ၏။ ပြီးမှ ...
"မင်း ငါ့ကို စောစောက အကူအညီတောင်းမယ့် ကိစ္စကဘာလဲ ...အခုထိသေချာ မပြောရသေးဘူးနော် ..."
စကားလမ်းကြောင်း လွှဲမှုဟာ အောင်မြင်ပါ၏။ ကြည်သာက အခုမှသတိရသွားကာ ...
"အာ ဟုတ်တယ် ...ငါပြောမယ့်ကိစ္စက ဒီလိုကွာ...ဒီညနေ ငါ့အစား အချိန်ပိုင်း အလုပ်တစ်ခုကို မင်းသွားပေးလို့ရမလား ...ငါမအားလို့ ..."
"မင်းက ဘယ်သွားမလို့လဲ ..."
"ငါ့ကောင်မလေး မွေးနေ့လေ ဒီနေ့က ...အဲ့ဒါကြောင့် သူ့ကို မွေးနေ့ပွဲလုပ်ပေးရင်းနဲ့ ငါတို့ Dateကျမလို့ ..."
"ဒါဆိုလည်း အလုပ်ကနေ ခွင့်ယူလိုက်ပေါ့ဟ တစ်ရက်ပဲကို ..."
"မရလို့ပေါ့ကွာ ...နောက်အပတ်ကျရင် မေဂျာကသွားမယ့်ခရီးကို ငါလိုက်သွားမှာလေ ...အဲ့ဒီ့ရက်တွေကျရင် ခွင့်ရက်က သုံးလေးရက် ယူရဦးမှာ... အဲ့ဒါ အခုအပတ်တွေမှာ နားရက်မပြတ်ဘဲ လုပ်ပေးမြှဖစ်မယ် ..."
"‌မေဂျာကသွားမယ့် Trip က နောက်အပတ်လား ..."
"အေးလေ မင်းမသိသေးဘူးလား ..."
"အင်း မသိဘူး ..."
"မင်းရော မလိုက်ဘူးလား ဒီနှစ်...မနှစ်က ပင်လယ်ဘက် ခရီးထွက်တုန်းကတောင် မင်းလိုက်သေးတာပဲ ..."
"ဒီနှစ်က ဘယ်သွားမှာတဲ့လဲ ..."
"ဒီနှစ်က သစ်တောတွေနဲ့ တောင်တန်းတွေဘက်ကို သွားကြမှာ ...Trekking ခရီးပါတယ်တဲ့ တောင်ပေါ်မှာ Tent တွေထိုးပြီး ညအိပ်ကြမယ့် အစီအစဉ်လည်း ပါသေးတယ် ..."
ကြည်သာ့စကားကြောင့် သဏ္ဍာန်‌ဆန်းရဲ့ မျက်ဝန်းတွေဟာ အရောင်လက်သွားခဲ့လေသည်။
"Tripကို လိုက်ဖို့ စာရင်းပေးလို့ ရသေးတယ်မို့လား ..."
"အေး ရဦးမယ်ထင်တာပဲ ...ဘာလဲ မင်းလိုက်မို့လား ..."
"အင်း ...အဲ့ဒီ့ဘက်သွားမှာဆိုရင် ငါစိတ်ဝင်စားတယ် လိုက်ချင်တယ် ..."
"အဖွဲ့ခေါင်းဆောင် စီနီယာကိုစိုင်းနဲ့ မင်းသိတယ်မို့လား သူ့ကိုပြောကြည့်လေ... စာ‌ရင်းပေးလို့ ရဦးမှာပါ ..."
"မင်းရဲ့ အချိန်ပိုင်းအလုပ်ကို ငါအစားဝင်ပေးမယ် ဒီညနေ ..."
"တကယ်လား ..."
"အေး ... ခရီးမှာ သုံးဖို့အတွက် ပိုက်ဆံနည်းနည်း ရတာပေါ့ ...ဒီအပတ်ထဲ အချိန်ပိုင်းလေးတွေ လိုက်လုပ်ပြီး ပိုက်ဆံစုလိုက်ဦးမယ် ..."
"ဒါဆိုရင် ကျေးဇူးပဲ ဆန်း ...ငါဆိုင်ရှင်ကို ဖုန်းဆက်လိုက်ဦးမယ် လူအစားဝင်မယ့်အကြောင်း..."
"အင်း ..."
သဘာဝတရားတွေဟာ သဏ္ဍာန်ဆန်းကို အစဉ်အမြဲ ဆွဲဆောင်နေတတ်၏။ ခရီးအကြောင်းကို ကြားလိုက်တာနဲ့ စိတ်ကူးထဲ မျက်စိထဲမှာ သဘာဝတရားကြီးက အကျယ်တဝံ့ မြင်ယောင်လာရသည်။
သဘာဝတရားကြီးနဲ့ ဆက်နွှယ်နေတဲ့ အရာမှန်သမျှကို သူချစ်သည်။
****  *****  *****  *****  ***** 
24နာရီဖွင့်သော Mini market တစ်ခုမှာ အချိန်ပိုင်းအလုပ် အစားဝင်ပေးနေတဲ့ သဏ္ဍာန်ဆန်း။ ဒီည သူအိမ်မပြန်ဖြစ်ပါ။ သူ့ဂျူတီက ညဆိုင်းဖြစ်ပြီး မနက်6နာရီမှာ အဆုံးသတ်မှာ ဖြစ်၏။
"... .... ..."
ဆိုင်ထဲကို ဝယ်သူတစ်ယောက် ဝင်လာတာမို့ တံခါးဝမှာ တပ်ဆင်ထားတဲ့ အချက်ပေးသံ တီးလုံးလေးက ထွက်လာခဲ့သည်။ သူမော့ကြည့်လိုက်တော့ ဝင်လာသူက ကောင်းသစ်လွင် ဖြစ်နေပါ၏။
"ဟင် ဆန်း ..."
ကောင်းသစ်လွင်က ထင်မထားသော နေရာမှာ သူ့ကိုမြင်လိုက်တာမို့ အံ့ဩသွားတဲ့ပုံ။
"ငါ ဒီမှာရှိနေတာ မင်းဘယ်လိုသိလဲ ..."
"မသိပါဘူး ငါ့ဘာသာ ဆေးလိပ်ဘူး လာဝယ်တာ ...ငါ့အိမ်က ဒီရပ်ကွက်ထဲမှာလေ ..."
"အော် ..."
တိုက်ဆိုင်မှုမှန်း သိလိုက်တော့မှ ဆန်းက ဘာမှမဖြစ်သလို အမူအရာမျိုးနှင့် သူ့အလုပ်သူ ဆက်လုပ်နေလေရဲ့။
"ဆေးလိပ်ဘူးက ဘယ်တံဆိပ်ထဲက ယူမှာလဲ ..."
"(... ...) တံဆိပ်နဲ့ နှစ်ဘူးပေး ..."
ဆေးလိပ်ဘူးကို ဆန်းက ယူပေးလိုက်ပြီး စက်မှာတွက်ပေးလိုက်သည်။
"(... ...) ကျတယ် ပြေစာယူဦးမလား ..."
"ဟင့်အင်း ရတယ် မယူတော့ဘူး ..."
ပိုက်ဆံရှင်းတဲ့ ကောင်တာပေါ်တွင် ကောင်းသစ်လွင်က ဖုန်းကို ခဏတင်လိုက်ပြီး ပိုက်ဆံအိတ်ဖွင့်လိုက်သည်။ အိတ်ထဲကနေ ကတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ပိုက်ဆံရှင်း၏။
"မင်းကဘာလို့ ဒီမှာ အလုပ်လုပ်နေတာလဲ ...အချိန်ပိုင်းလား ..."
"အင်း သူငယ်ချင်း တစ်ယောက်ရဲ့အစား ခဏဝင်ပေးတာ ..."
"အော် ဒါဆို ဒီနေ့တစ်ရက်ထဲပေါ့ ..."
"အင်း ..."
"ဘယ်အချိန် အလုပ်ပြီးမှာလဲ ငါအိမ်ပြန်လိုက်ပို့ပေးရဦးမလား ..."
"မလိုပါဘူး ရတယ် ငါက ညဆိုင်းဆင်းနေတာ မနက်မှ အလုပ်ကပြီးမှာ ..."
သူငယ်ချင်းရဲ့ ကောင်လေးမို့ သူတို့မှာလည်း ဂရုစိုက်ပေးရမယ့် တာဝန်က ရှိနေသည်။ ပြီးတော့ ဆန်းကိုလည်း တကယ်ခင်မိတာမို့။
"ဒါဆို အပန်းဖြေအိမ်မှာက မိုင်းတစ်ယောက်ထဲပေါ့ ..."
"မသိဘူးလေ ငါထွက်လာတုန်းကတော့ သူအိမ်မှာမရှိဘူး ..."
"ဒီကောင် သူ့အိမ်ကို ပြန်တဲ့ရက်ထင်တယ် ...မဟုတ်ရင် အိမ်မှာမရှိစရာ အကြောင်းမရှိဘူး ...မင်းအဲ့ဒီ့ကို ပြောင်းနေထဲက သူကကျောင်းကပြန်ရင် အိမ်ကိုတန်းပြန်သွားတဲ့ ကောင်...အခုနောက်ပိုင်း မိုင်းက တော်တော်လေး အိမ်မြဲနေတာ ...အရင်ကဆို သူကအိမ်ကပ်တာမဟုတ်ဘူး လျောက်သွားနေတာ ..."
"အဲ့လိုလျောက်သွားနေတာ သူ့အိမ်က ဘာမှမပြောဘူးလား ...မင်းတို့တွေတောင် ညဆို အိမ်ကိုအမြဲပြန်ကြတာပဲ ..."
"မတူဘူးလေကွာ ...ငါတို့မှာက စောင့်ကြည့်နေမယ့်သူတွေ ရှိတယ် ...ငါတို့အိမ်တွေက တင်းကြပ်တယ် ...သူကျတော့ တစ်ဦးတည်းသောသား၊ အဖေပဲ ရှိတော့တဲ့အပြင် ...သူ့အ‌ဖေကလည်း သိတဲ့အတိုင်းပဲ KS ရဲ့ ဥက္ကဌကြီးလေ ...အလုပ်တွေက တအားများတာ ...မိုင်း အိမ်ပြန်လည်း အိမ်မှာ သူ့ကိုစောင့်မျှော်နေမယ့် မိသားစုဆိုတာ ရှိမှမရှိတာ ...အဲ့တော့ မိုင်းအိမ်မကပ်တာ မဆန်းဘူး ..."
အဖေပဲရှိတော့တာကို သိထားပေမယ့် အခြေအနေက ဒီလိုတွေ ရှိကြောင်း အခုမှပဲသိလိုက်ရတာ ဖြစ်သည်။ ဆီဇာနေရဇ္ဇသည်လည်း မပြည့်စုံတဲ့ အရာတွေ ရှိနေပါသေးသည်လား။
"ငါသွားပြီနော် သဏ္ဍာန်ဆန်း ..."
"အေး ..."
"ဒါနဲ့ ..."
ဆိုင်ထဲက ထွက်ဖို့ ခြေလှမ်းပြင်ထားပြီးမှ နောက်ပြန်လှည့်ကြည့်ကာ ...
"မနက်ဖြန် ငါနဲ့ ကလပ်လိုက်မလား ဆန်း ...သွားကကြမယ်လေ relaxပေါ့ ..."
"လာပြန်ပြီ ...ခဏခဏခေါ်နေတယ် ...မလိုက်ဘူး ...ငါအဲ့ဒါတွေ ဝါသနာမပါဘူး ..."
"ဘာလို့လဲ ကရုံပဲလေ ...အရက်လေးတော့ နည်းနည်းသောက်ပေါ့ ..."
"အရက်လည်းမသောက်ချင်ဘူး ...ကတာလည်း ဝါသနာမပါဘူး ..."
"ဒါဆိုရင် မိန်းခလေးတွေနဲ့ ရောချင်တာလား ...မင်းကိုခေါ်သွားပြီး မိန်းခလေးတွေနဲ့ ချိတ်ပေးရင် မိုင်းက ငါ့ကိုသတ်လိမ့်မယ် ...အဲ့ဒါတော့ မဖြစ်ဘူး ဟေ့ကောင် ..."
"မင်းကွာ ငါကောင်မလေးတွေနဲ့ ရောချင်တယ်လို့ ပြောမိလို့လား ..."
"ကလပ်ယဉ်ကျေးမှုက ဒါတွေပဲ ရှိတာလေ ...ယစ်မူးမှုတွေနဲ့ ပျော်ကြမယ် ကဲကြမယ် ပြီးတော့ မိန်းမလှလေးတွေရောပေါ့ ...မင်းက အရက်ရော ကတာရော မလုပ်ချင်ဘူးဆိုတော့ ဒါပဲရှိတော့တာလေ ..."
"မဟုတ်ဘူး ငါကလပ်သွားရတာ ဝါသနာမပါလို့ ..."
"အင်း အဲ့ဒါကတော့ မင်းက မိုင်းနဲ့တူသွားပြီ ..."
ပြန်တော့မယ်ဆိုပြီး စကားတွေရှည်နေတဲ့ ကောင်းသစ်လွင်ကို ဆန်းက မကြည်တော့ပေ။
"မိုင်းက ကလပ်တွေ သိပ်မသွားဘူး လူတွေတအား ရောနှောနေတာမျိုးတွေ သူမကြိုက်ဘူး ...အထူးသဖြင့် မသိတဲ့သူတွေ သူ့အနားအတင်းလာကပ်ပြီး ကကြ ပျော်ကြတာမျိုးကို သူက လုံးဝသဘောမကျဘူး ...သိတဲ့အတိုင်းပဲ မိုင်းကိုဆိုရင် ကောင်မလေးတွေက တအားလာရောကြတာလေ ..."
"အဲ့ဒါငါ့ကို ဘာလို့လာပြောပြနေတာလဲ ငါနဲ့ဘာဆိုင်လို့လဲ ..."
ခပ်ဆတ်ဆတ် ပြန်ပြောလာတဲ့ ဆန်းရဲ့စကားကြောင့် ကောင်းသစ်လွင်က ရယ်မိသွားရသည်။
"ဆိုင်တာပေါ့ကွ ...ငါတို့ကောင်က ဘယ်သူမှ သူ့အနားကို ကပ်တာမကြိုက်ပေမယ့် မင်းအနားကိုတော့ တအားကပ်ချင်နေတာနော် ..."
"တော်စမ်းပါ ...မင်းသွားမယ့် လမ်းကိုသာဆက်သွား ...ပြန်တော့မြန်မြန် ..."
ဈေးဝယ်သူကို မောင်းထုတ်နေတာက ဘယ်လိုအလုပ်သမားမျိုးပါလိမ့်။ သေချာတာကတော့ ကောင်းရဲ့ စကားတွေကြောင့် သူရှက်နေတာပဲ ဖြစ်ပါလိမ့်မည်။
ကောင်းသစ်လွင် ထွက်သွားပြီးမှ ကောင်တာပေါ်မှာ တင်ထားတဲ့ ဖုန်းကို သူမြင်လိုက်ရသည်။
"ဟာ ဒီကောင် ဖုန်းမေ့ကျန်ခဲ့ပြီ ..."
ဖုန်းကို ကောက်ယူလိုက်ပြီး အနောက်ကနေ လိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ အချိန်က ဘယ်လောက်မှ မကြာသေးတာမို့ ဒီအနီးအနားမှာပဲ ရှိနေပါဦးမည်။
Market အရှေ့မှာရပ်ပြီး လမ်းမကြီးပေါ် ဘယ်ညာ လိုက်ကြည့်မိ၏။ တွေ့ပါပြီ။
သူ့ဆိုင်နဲ့ သိပ်မဝေးသော တနေရာမှာ ကောင်းသစ်လွင် တစ်ယောက်ထဲ ရပ်နေလေသည်။ ကောင်းက လမ်းမကြီးရဲ့ဘေးက နောက်‌ဖေးလမ်းသွယ်လေးကြားကို ငြိမ်ပြီးရပ်ကြည့်နေတာမျိုး။ သူ့ပုံစံက ထူးခြားနေပါသည်။
တစုံတရာကို ပြုလုပ်ဖို့ တုံ့ဆိုင်းနေတဲ့ပုံ။
လမ်းကြားဘက်ကို ခြေဦးလှည့်လိုက် လမ်းမကြီးဘက်ကို လှည့်လိုက်နဲ့ တစ်ယောက်ထဲ တွေဝေနေလေရဲ့။
သူရှိနေတဲ့ဆီသို့ ဆန်းက လျောက်သွားလိုက်မိသည်။ အနားရောက်တော့မှ အခြေအနေကို သဘောပေါက်သွားရတော့၏။
"လုပ်စမ်း ဒီကောင့်ကို ...နောက်ဘယ်တော့မှ ငါတို့ကို အာမခံရဲတော့အောင် ..."
မီးရောင်နည်းပါးနေတဲ့ နောက်ဖေးလမ်းကြားထဲမှာ သုံးယောက်ခန့်ရှိတဲ့ အထက်တန်း ကျောင်းသားအုပ်စုဟာ နောက်ထပ်ကျောင်းသားလေး တစ်ယောက်ကို အနိုင်ကျင့်ထိုးကြိတ်နေတာပဲ ဖြစ်သည်။ ဒီမြင်ကွင်းကို ရပ်ကြည့်နေပြီး ကူညီဖို့ ဒွိဟဖြစ်နေပုံရတဲ့ ကောင်းသစ်လွင်။ သူ့ကိုကြည့်ပြီး ဆန်းက ခေါင်းတချက်ခါလိုက်ပါ၏။
"ရော့ ဒီမှာမင်းဖုန်း ရဲစခန်းကို ဖုန်းဆက်လိုက် ..."
အသံကြောင့် အလန့်တကြား သူ့ကိုလှည့်ကြည့်လာသော ကောင်း။ သူ့ကိုဖုန်းလှမ်းပေးပြီး ရန်ပွဲရှိရာဘက်ကို သွားဖို့ ခြေလှမ်းနေတဲ့ သဏ္ဍာန်ဆန်းကို ကောင်းက လှမ်းဆွဲထားလိုက်ကာ ...
"ဒါကဘယ်လဲ မသွားနဲ့လေ ..."
"ရဲတွေမရောက်လာခင် ဒီကောင်လေးတွေ ထွက်ပြေးသွားနိုင်တယ် ...ငါဝင်ပါပြီး သူတို့ကို အချိန်ဆွဲထားရမယ်လေ ...ဒါမှ ခံနေရတဲ့ ဟိုကလေးလည်း နည်းနည်းသက်သာမယ် ..."
"နေဦးလေ သုံးယောက်တစ်ယောက်ကို မင်းက ..."
"ဒါဆိုရင် မင်းလည်းလိုက်ခဲ့ပေါ့ ..."
"ငါ ..."
တွေဝေနေတဲ့ ကောင်းသစ်လွင်ကို ဆန်းက တချက်မဲ့ပြလိုက်ပြီး ...
"မတရားတာမြင်ရင် ရပ်ကြည့်မနေသင့်ဘူး ...ဒုက္ခရောက်နေတဲ့ သူတွေကိုမြင်ရင် အကူအညီပေးရတယ်...ဒါက ကလပ်တွေ သွားရတာထက် ငါပိုစိတ်ဝင်စားတယ် ..."
‌သဏ္ဍာန်ဆန်းက ပြောပြီးတာနဲ့ သူဦးတည်ချက်အတိုင်း ဆက်သွားလေသည်။
"ဟေ့ ..."
သဏ္ဍာန်ဆန်း အသံကြားတော့ အနိုင်ကျင့်ကျောင်းသားသုံးယောက်က လှည့်ကြည့်လာပြီး ...
"ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ အစ်ကိုကြီး ...ခင်ဗျားပါ ရောပြီး သူ့လိုခံချင်လို့လား ..."
ကြမ်းပြင်မှာ ငုပ်တုပ်လေး ယိုင်လဲနေတဲ့ ကျောင်းသားလေးက ဆန်းကို လှမ်းကြည့်နေရှာသည်။ ကူညီပါဆိုတဲ့ အကြည့်မျိုးတွေနဲ့ အားကိုးတကြီး ကြည့်နေတာမျိုး။ ကျောင်းသားလေးရဲ့ မျက်နှာမှာ ဖူးရောင်ကိုင်းနေပြီး သွေးတွေလည်း ပေပွနေ၏။
"သုံးယောက် တစ်ယောက်ဆိုရင်တော့ ငါလည်း သူ့လို ခံရမှာပေါ့ ...မင်းတို့က အုပ်စုလိုက် ဝိုင်းပြီးအနိုင်ကျင့်တာကိုး ..."
"ဘာလဲဟ ဒီလူ ...လေလာရှည်နေတယ် ...ဟိတ်ကောင်တွေ ..."
ခေါင်းဆောင်ဖြစ်ပုံရတဲ့ ကျောင်းသားက သူ့အဖော်နှစ်ယောက်ကို မျက်ရိပ်ပြပြီး ဆန်းဆီကို မေးဆတ်ပြလိုက်သည်။ ဦးတည်ချက်ဟာ သူဖြစ်ကြောင်း အမိန့်ပေးလိုက်တာမျိုး။
ပထမတော့ ဆန်းလည်း ပြန်ခုခံနေသေးသည်။ ကိုယ်ခံပညာဆိုတာ ကျောင်းတုန်းက အားကစားချိန်တွေမှာ သင်ခဲ့ဖူးတဲ့ တိုက်ကွမ်ဒို တစ်ကွက်နှစ်ကွက်သာရှိတာပါ။
သူလည်း ခဏအတွင်း တိုက်ခိုက်မှုတွေရဲ့ အောက်ကို ရောက်သွားခဲ့ရတော့သည်။ ကြမ်းပြင်ပေါ်မှာ ခြေကန်ချက်တွေကို လှိမ့်ခံနေရစဉ် တစုံတယောက်က အဲ့ဒီ့ခြေထောက်တွေကို ဖြတ်ကန်၍ ဝင်ရောက်လာခဲ့လေ၏။
သူက ကောင်းသစ်လွင်ပါပဲ။
"လာပြန်ပြီလား နောက်တစ်ယောက် မဆိုင်ဘဲ ဝင်ပါပြန်ပြီ ..."
"ဆိုင်တာပေါ့ကွ ဒါကငါ့သူငယ်ချင်း သူခံနေရတာကို ငါက ရပ်ကြည့်နေလို့ ဘယ်ဖြစ်မလဲ ..."
ကောင်းက ဆန်းကို လက်တစ်ဖက်ကမ်းပြီး ဆွဲထူလိုက်လေသည်။ ပြီးတော့ အနိုင်ကျင့်ခံထားရတဲ့ ကျောင်းသားလေးကိုပါ လှမ်းကြည့်လိုက်ပြီး ...
"ထလေ ဘာလုပ်နေတာလဲ မင်းတစ်ယောက်ထဲ မဟုတ်တော့ဘူး ...သုံးယောက် သုံးယောက်ဖြစ်သွားပြီ ..."
"ဟုတ် ဟုတ် အစ်ကို ..."
ကျောင်းသားလေးက ကောင်းသစ်လွင်ရဲ့ စကားကြောင့် အခုမှ အားတက်သွားပြီး တဖြေးဖြေး ထရပ်လာခဲ့သည်။
"ဘာလဲကွာ ..."
အနိုင်ကျင့် ကျောင်းသားသုံးယောက်က လူမျှသွားတော့ အနည်းငယ် တုံ့ဆိုင်းသွားတဲ့ပုံပါပဲ။
"ဟိုကောင်တွေ ကြောင်ကြည့်မနေကြနဲ့လေ မဆိုင်ဘဲ ဝင်ပါတဲ့ကောင်တွေကို အကုန်အရိုးတွေ ချိုးပစ်လိုက်ကြစမ်း ..."
ခေါင်းဆောင်ကျောင်းသားရဲ့ စကားအဆုံးမှာ ရန်ပွဲဟာ လူညီမျှစွာနဲ့ ဆက်၍ဖြစ်ပွားသွားရတော့သည်။
‌‌ကောင်းသစ်လွင်ဆိုတဲ့ သူဟာ ပြဿနာရှာတတ်တဲ့ အကျင့်‌ဆိုးလေးတွေရှိသော်လည်း ရန်ပွဲတွေထဲတော့ မပါဖြစ်အောင် ဆင်ခြင်တတ်သည်။ အထက်တန်းကျောင်းတုန်းက ဖြစ်ခဲ့ဖူးတဲ့ ပြဿနာကြီးမှာ သူက အစပြုလုပ်သူ ဖြစ်ခဲ့ဖူးသည်။ အဲ့ဒီ့တုန်းက ဖခင်ဖြစ်သူရဲ့ အပြစ်ပေးမှုသည် သူ့အတွက် နောင်ကျဉ်စရာ အမှတ်ရမှုတစ်ခု ဖြစ်နေခဲ့ပါ၏။
ကူညီပေးသင့်တာကို သိနေပေမယ့် နောက်ဆက်တွဲကိစ္စတွေကို တွေးပူပြီး လူက ငြိမ်သက်တွေဝေနေခဲ့ရသည်။ သူ့ရဲ့ တွေဝေမှုတွေကို လမ်းကြောင်း ရှင်းပေးလိုက်သူကတော့ သဏ္ဍာန်ဆန်းပါပဲ။
****  *****  *****  *****  ***** 
ကောင်းသစ်လွင် တိုင်ကြားထားတဲ့ ရဲတွေက ခပ်မြန်မြန် ရောက်လာခဲ့တာမို့ သူတို့အဆင်ပြေသွားခဲ့ရသည်။ အနိုင်ကျင့်ကျောင်းသား သုံးယောက်ကို ရဲတွေက ဖမ်းခေါ်သွားပြီး သူတို့သုံးယောက်ကိုတော့ ဆေးရုံကို ပို့ပေးလိုက်ကြ၏။
ကိုယ်ခံပညာ အနည်းငယ်တတ်တဲ့ ကောင်းသစ်လွင်က ပွန်းရုံပဲ့ရုံပဲ ဒဏ်ရာရပေမယ့် ဆန်းကတော့ ထိချက်များပါသည်။
"ချုပ်တာပြီးပါပြီ ...ခဏနေကျရင် သောက်ဆေးယူပြီး ဆေးရုံကနေ ဆင်းလို့ရပြီနော် ..."
တာဝန်ကျဆရာဝန်က သဏ္ဍာန်ဆန်းရဲ့ ကွဲသွားတဲ့ ပုခုံးစွန်းကို ချုပ်ပေးပြီး အကျိုးအကြောင်းပြောကာ ထွက်သွားလေသည်။ လိုက်ကာဖြူ ကန့်ထားတဲ့ ဆေးရုံကုတင်ပေါ်မှာ ဆန်းက ထိုင်လျက်သားနဲ့။ ကောင်းကတော့ သူ့ဘေးမှာ ရပ်နေတာဖြစ်သည်။
"ဘယ်လိုနေလဲ သက်သာလား ..."
"အင်း ..."
ပုခုံးစွန်းကွဲသွားပြီး လက်ကောက်ဝတ်လည်း အဆစ်လွဲသွားသည်။ မျက်နှာ‌မှာတော့ တချို့တလေ ပွန်းပဲ့ရာလေးတွေ ရှိနေ၏။ ဒါပေမယ့် အခြေအနေက အားလုံးကောင်းပါသည်။
"ဟိုကလေးရော ..."
သူတို့နဲ့အတူ ဆေးရုံရောက်လာတဲ့ ကျောင်းသားလေးကို ဆန်းက သတိရသွားပြီး မေးလိုက်တာပါ။ သူတို့ထက်စာရင် ဟိုကလေးက ဒဏ်ရာပိုများသည် မဟုတ်လား။
"ရဲတွေ အကြောင်းကြားထားလို့ သူ့မိဘတွေ ရောက်လာတယ်လေ ...အခု အထူးခန်းထဲကို ရွေ့လိုက်ကြပြီ ...အဲ့ဒီ့ကလေး ခြေထောက်ကျိုးသွားတယ် ပြီးတော့ ခေါင်းလည်း ထိထားတယ် ...အခြေအနေတော့ သိပ်မစိုးရိမ်ရပါဘူး ..."
"အင်း မင်းရော မပြန်သေးဘူးလား ..."
"ဟင့်အင်း မင်းနဲ့အတူတူ ပြန်မလို့လေ ..."
"ရပါတယ် ငါ့ဘာသာ ..."
"မရနဲ့ အတူတူပြန်မယ် ...မင်း ဒီပုံစံနဲ့ အိမ်ကိုဘယ်လို ပြန်မှာလဲ busစီးပြီး ပြန်ဖို့က မလွယ်ဘူးလေ ..."
တကယ်တော့ ကောင်းက မိုင်းတို့ကို ဖုန်းလှမ်းဆက်ပြီး ခေါ်ထားပြီးလေပြီ။ မကြာခင်ရောက်လာကြတော့မှာဖြစ်သည်။
"မင်း ဘာလို့ ဝင်ပါတာလဲ ..."
ဆန်းမေးတာကို ကောင်းက ပြုံးလိုက်ပြီး ...
"မင်းခံနေရတာကိုး ...မင်းက သူရဲကောင်းကျတော့ ဝင်လုပ်တယ် ပြီးတော့ ဘာမှလည်း မတတ်ဘူး ..."
"သူရဲကောင်းလုပ်တာမှ မဟုတ်တာ ...မျက်စိရှေ့မှာ မြင်နေရတာကို မကူညီဘဲ ရှောင်ထွက်မသွားနိုင်ဘူးလေ ..."
"ငါကတော့ ရှောင်ထွက်သွားဖို့နဲ့ ကူညီဖို့ကို တွေဝေနေခဲ့တာ ..."
ပြုံးနေတဲ့ ကောင်းသစ်လွင် မျက်နှာဟာ ငြိမ်သက်သွားပြီး တခုခုကို တွေးနေတဲ့ပုံ။
"ဘာလို့တွေဝေတာလဲ ဒါက တွေဝေစရာမှ မလိုတာ ..."
"ငါမင်းကို ပြောပြမယ် ...ဝဏ္ဏအောင်ကို မင်းမှတ်မိတယ် မဟုတ်လား ငါတို့နဲ့ အထက်တန်း‌ ကျောင်းတုန်းက ရန်စဆိုတာလေ ..."
"အေး မှတ်မိတယ် ..."
မမှတ်မိဘဲနေမလား။ သူ့ကို ချောက်ချသွားတဲ့ကောင်ပဲလေ။ ဒီတစ်ယောက်ကို ရှာတွေ့ရင် ဆန်းလည်း သေချာပေါက် လက်တုံ့ပြန်ဦးမှာပါ။
"ဝဏ္ဏအောင်က ကျောင်းတုန်းက တခြားကျောင်းသားတွေကို အုပ်စုနဲ့ အနိုင်ကျင့်တတ်တဲ့ကောင် ...သူ့အိမ်ရဲ့ backgroundကလည်း ချမ်းသာတဲ့ အသိုင်းအဝိုင်းက‌ဆိုတော့ ကျောင်းမှာထင်တိုင်းကြဲတာပေါ့ ...တစ်နေ့ ကျောင်းသားတစ်ယောက်ကို သူတို့အုပ်စု အနိုင်ကျင့်နေကြတာကို ငါမြင်သွားတယ် ...ပြောရရင် ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စလိုမျိုးပေါ့ ...ဒါပေမယ့် ငါဒီနေ့လိုမျိုးတော့ တွေဝေမနေခဲ့ဘူး ...ငါဝင်ပါမိသွားတယ် ..."
ကောင်းက စကားကို ခဏရပ်လိုက်ပြီး ဆန်းကို လှမ်းကြည့်နေသည်။ သေချာစိတ်ဝင်တစား ‌နားထောင်ပေးနေတဲ့ ဆန်းကြောင့် သူဆက်၍ ပြောဖြစ်သွား၏။
"အဲ့ဒီ့ကိစ္စကြောင့် ဝဏ္ဏအောင်က ငါ့ကို မကျေနပ်ဘူး ...သူချောက်ချမှုတစ်ခု လုပ်လိုက်တယ် ...အဲ့ဒါက ငါ‌ကျောင်းမှာ ဆေးလိပ်ခိုးသောက်နေတဲ့ ပုံကို အင်တာနက်မှာ တင်ပစ်လိုက်တာ ...ငါတို့တက်ခဲ့တဲ့ကျောင်းက လင်းရဝေတို့ပိုင်တဲ့ နာမည်ကြီးအထက်တန်းကျောင်း ...ကျောင်းအုပ်ရုံးခန်းကို တိုင်ရုံနဲ့ ငါအပြစ်ပေး မခံရဘူးဆိုတာကိုသိလို့ အင်တာနက်မှာ တမင်တင်လိုက်တာ ...ငါ့အဖေက အဲ့တုန်းက မြို့တော်ဝန်ရွေးကောက်ပွဲ ဝင်မပြိုင်သေးပေမယ့် နာမည်ကြီးနိုင်ငံရေးသမားပဲ ...သူ့ဂုဏ်သိက္ခာ ထိခိုက်သွားတာပေါ့ကွာ ...ပြဿနာတွေတက်ပြီး ငါကျောင်းနားရတော့မလိုတောင် ဖြစ်သွားတာ ...ကျောင်းမှာပဲ လူကြီးတွေ အချင်းချင်း ကြိတ်ဖြေရှင်းလို့ ရနိုင်မယ့် ကိစ္စတစ်ခုက အင်တာနက်ပေါ်မှာ လူတကာသိသွားတော့ ပြဿနာက ပိုကြီးသွားတာလေ ..."
"အဲ့ဒါကြောင့် မင်းတို့က ဝဏ္ဏအောင်ဆိုတဲ့ကောင်ကို ပြန်ပြီး လက်တုံ့ပြန်ခဲ့တာပေါ့ ..."
Barမှာ ၀ဏ္ဏအောင်နဲ့ ကောင်းသစ်လွင်တို့ ပြောတဲ့စကားတွေကို ကြားခဲ့ဖူးတာမို့ ဆန်းက ဆက်စပ်တွေးကြည့်လိုက်တာပဲ ဖြစ်သည်။
"အင်း ဟုတ်တယ် ...ငါဒီလို ခံလိုက်ရတော့ မိုင်းတို့က မကျေနပ်ဘူးလေ ...ဝဏ္ဏအောင်ကို မိုင်းက မခံချင်အောင် အရင်သွားစပြီးတော့ အနိုင်ကျင့်ခံလိုက်တယ် ...ပြီးတော့ ငါတို့ကို အဲ့ဒီ့အဖြစ်အပျက်ကို videoရိုက်ခိုင်းတယ် ...အဲ့ဒီ့ videoကို အင်တာနက်မှာတင်ပြီး သူ့ကိုပြဿနာတက်အောင် လုပ်လိုက်တယ် ...ဒါပေမယ့် ..."
စကားကို ခဏရပ်လိုက်ပြီး ကောင်းက သူ့ကို လှမ်းကြည့်နေပြန်သည်။
"ဒါပေမယ့် ဘာဖြစ်လဲ ..."
"ငါအခု ပြောပြမယ့် ကိစ္စကိုကြားရင် မိုင်းကို မင်း လူဆိုးကောင်လို့ မမြင်နဲ့နော် ..."
"ဘာအကြောင်းမို့လို့လဲ ..."
"မိုင်း ...မိုင်းက အဲ့ဒီ့ကောင် သောက်မယ့်အအေးထဲကို ဆေးခတ်ထားလိုက်တယ် ရန်မဖြစ်ခင်ထဲက ..."
"ဆေး ဘာဆေးလဲ မဟုတ်မှလွဲရော ...မူးယစ်ဆေးတွေလား ..."
"အင်း ဟုတ်တယ် ...ဒီကောင်ဆေးကွဲပြီး ကျောင်းသားတွေကို အနိုင်ကျင့်တယ်ဆိုပြီး နာမည်ပျက်နဲ့ ကျောင်းကနေ ထွက်ရအောင် မိုင်းက လုပ်ပစ်လိုက်တာ ..."
ဒီတော့မှ ဝဏ္ဏအောင်ဆိုတဲ့တစ်ယောက် သူ့ကိုဘာလို့ ဒီလိုမျိုး ချောက်ချရသလဲဆိုတာ နားလည်သွားရတော့သည်။
"ပြီးတော့ ဝဏ္ဏအောင်ကလည်း အဲ့ဒီ့အချိန်ထဲက တခါတလေ ဆေးသုံးတတ်တဲ့ကောင်...ဒါကို လူမိသွားအောင်လို့ မိုင်းက တမင်အကွက်ချလိုက်တာ ...
မိုင်း ဒီလိုလက်တုံ့ပြန်တယ်ဆိုတာက ဝဏ္ဏအောင်ကအရင် ယုတ်မာလို့နော် ...မိုင်းက အကြောင်းမဲ့သက်သက် သူများတွေကို ဒုက္ခမပေးတတ်ဘူး ...မင်းအထင်မှားနေမှာစိုးလို့ ပြောပြတာ ..."
သဏ္ဍာန်ဆန်း နားလည်ပါသည်။ ဒီလက်တုံ့ပြန်မှုဟာ အကြောင်းရှိ၍ အကျိုးဖြစ်လာခြင်းသာ။ လွန်တယ်လို့တော့ ပြောလို့မရပေ။ ဆီဇာနေရဇ္ဇဟာ သူငယ်ချင်းတွေကို အတော်လေး သံယောဇဉ်ကြီးကြောင်းလည်း သူသိလိုက်ရပါ၏။
"မင်း အဲ့ဒါကြောင့် ရန်ပွဲမှာ ပါရမှာ တွန့်ဆုတ်နေတာလား ..."
"အင်း ..."
ကောင်းက အင်းလို့ဖြေပြီး အကြည့်လွှဲ ခေါင်းငုံ့သွားလေသည်။
"အဲ့ဒီ့တုန်းက ငါဝင်ပါခဲ့မိတဲ့ ပြဿနာလေးကနေ ပြဿနာတွေက ဆင့်ပွားကြီးသွားတာ ...ငါလည်း အဖေရိုက်တာ ခံလိုက်ရသေးတယ် အခန်းတံခါး အပိတ်ခံထားရတာလည်း နှစ်ရက်သုံးရက် ..."
"မင်း Trauma ရသွားတာလား ..."
"မဟုတ်ပါဘူး အဲ့လောက်ကြီးတော့ ...ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်း ငါဆင်ခြင်ဖြစ်သွားတယ် ..."
"ငါမင်းကို တစ်ခုပြောလို့ရမလား ကောင်းသစ်လွင် ..."
"အင်း ပြောလေ ..."
"ပြဿနာတွေရဲ့ နောက်ဆက်တွဲတွေကို ကြောက်ရွံ့တာက ဖြစ်သင့်ပါတယ် ...ဒါပေမယ့် တခါတလေမှာ ငါတို့က မှန်ကန်တဲ့ကိစ္စတွေကို လုပ်ကြတဲ့အခါ ကြောက်ရွံ့မနေသင့်ဘူးလေ ...သတ္တိဆိုတာ အဲ့ဒီ့နေရာမှာ ဆွဲထုတ်လာသင့်တယ် ...
ဘာလို့လဲဆိုတော့ သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာက ကွာတယ်လေ ... သူများကို ကိုယ်တတ်နိုင်သလောက် ကူညီရမှာကို တွေဝေတွန့်ဆုတ်မနေသင့်ဘူး..."
သဏ္ဍာန်ဆန်းရဲ့ စကားတွေဟာ ကောင်းသစ်လွင်ကို အတွေးသစ်တွေရစေပါသည်။
"ငါပြောတာက နေရာတကာ ဝင်ပါပြီးတော့ ပြဿနာတွေ ရှာဖွေခိုင်းတာ မဟုတ်ဘူးနော် ...တကယ်လုပ်သင့်တာကို သတ္တိရှိရှိနဲ့ လုပ်ဖို့ တွေဝေမနေဖို့ပဲ ပြောချင်တာ ..."
"အင်းပါ မင်းပြောချင်တာကို ငါနားလည်ပါတယ် ...ကျေးဇူးပါ ဆန်း ...ငါ့ကို ဒီလိုလမ်းသစ်ပြပေးလို့ပါ ..."
နှစ်ယောက်သား စကားပြောနေတဲ့ အချိန်တွင် မိုင်းတို့သုံးယောက်လည်း ရောက်လာခဲ့ပါ၏။ သူတို့ရောက်နေတာက နည်းနည်းတော့ ကြာပါပြီ။ ကောင်းကို Trauma ရနေလားလို့ ဆန်းက မေးလိုက်တဲ့ အချိန်ထဲကပဲ ဖြစ်လေသည်။
လိုက်ကာဖြူကို ဆွဲဖွင့်ပစ်လိုက်တဲ့ မိုင်းတို့ကို မြင်တော့ ဆန်းက အံ့ဩသွားကာ ...
"မင်းသူတို့ကို ခေါ်လိုက်တာလား ..."
"အင်းလေ ငါတို့ပြန်ဖို့ ကားမှမပါလာတာ ...သူတို့ကို လာခေါ်ခိုင်းရတာပေါ့ ..."
တမင်သတင်းပေးခြင်းကို မပြောဘဲ ပြန်ဖို့ကားမရှိကြောင်းကိုသာ ပြောနေသည်။ ဒီအုပ်စုဟာ အလွန်သစ္စာရှိကြတာ သိသာပါ၏။ တခုခုဆို အုပ်စုလိုက် ရောက်ချလာတတ်ကြသည်။
"အဆင်ပြေရဲ့လား နှစ်ယောက်လုံး ..."
"ဘာမှသိပ်မဖြစ်ဘူးမို့လား ..."
"အင်း အားလုံးအိုကေတယ် ..."
ရဝေနဲ့ နီနီက နှစ်ယောက်လုံးရဲ့ အခြေအနေကို မေးနေတာဖြစ်ပြီး ကောင်းကလည်း ပြန်ဖြေနေ၏။
"ဘယ်နေရာ ဘာဖြစ်သွားတာလဲ ..."
ဆန်းရဲ့ ကိုယ်ပေါ်က ပတ်တီးတွေကို မြင်တော့ မိုင်းက မေးလေတော့သည်။ သူ့ပုံစံက စိုးရိမ်တကြီးနှင့်။
"ပုခုံးစွန်းကကွဲသွားလို့ သုံးချက်ချုပ်လိုက်ရတယ် ...လက်ကောက်ဝတ်ကတော့ အဆစ်လွဲသွားတယ် ..."
အမေးခံရတဲ့ ဆန်းက ပြန်မဖြေတာမို့ ကောင်းကသာ ဖြေလိုက်ရသည်။
"အဲ့ဒီ့ကောင်တွေ အခုဘယ်မှာလဲ ..."
"ဘယ်ကောင်တွေလဲ ..."
"ငါ့ဆန်းကို လုပ်သွားတဲ့ကောင်တွေ ..."
ဖုန်းဆက်ခေါ်လိုက်တုန်းက ဖြစ်ကြောင်းကုန်စင် ပြောပြထားပြီးသားမို့ ဆေးရုံရောက်နေရခြင်း ကိစ္စကို အားလုံးက သိနေပါသည်။ ဒါကြောင့် ဘယ်သူမှ မအံ့ဩတော့။ ဒါပေမယ့် မိုင်းဆီကနေ "ငါ့ဆန်း"ဆိုတဲ့ အသုံးအနှုန်းကြောင့် အကုန်လုံး ပြုံးစိစိတွေ ဖြစ်ကုန်ကြ၏။
သဏ္ဍာန်ဆန်းက လွဲ၍ပေါ့။
"သူတို့ကို ရဲစခန်းက ခေါ်သွားပြီလေ ..."
"ဘယ်ကျောင်းက ကောင်တွေလဲ ...ငါတရားစွဲပစ်မယ် ..."
"မလုပ်ပါနဲ့ကွာ ...အခုမှ ကျောင်းသားလေးတွေပဲ ရှိသေးတယ် ...ထောင်ကျပြီး ကျောင်းထွက်ရရင် အနာဂတ်ပျောက်ကုန်မှာပေါ့ဟ ..."
ဆန်းက မိုင်းရဲ့ ဒေါသကို သိနေတာမို့ မနေနိုင်တော့ဘဲ ဝင်ပြောရတော့၏။
"ဒါပေမယ့် မင်းကို လုပ်သွားတာလေ ငါလုံးဝမကျေနပ်နိုင်ဘူး ..."
"သူတစ်ယောက်ပဲ ခံလိုက်ရတာ မဟုတ်ဘူးလေ မိုင်း... ဒီမှာ ငါ့မောင်လည်း ပါသေးတယ်လေ နင် ငါ့မောင်ကိုကျတော့ မမြင်တာလား ..."
"အေးလေ ငါလည်း ခံရတာပါပဲကွာ ...မင်းက တစ်ယောက်ထဲပဲ ကွက်မြင်နေတယ် တကယ်ပါပဲ ..."
သစ်လွင်အမြွှာနှစ်ယောက်က ရယ်ကျဲကျဲနဲ့ ပြောနေကြလေသည်။ ရဝေကလည်း လိုက်ရယ်လို့။
"မင်းက ကိုယ်ခံပညာတတ်တယ်လေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲ ကောင်းကောင်းသိတယ် ...အခုတောင် မင်းမှာ ဘာဒဏ်ရာရှိလို့လဲ ...ဒီမှာ ဆန်းက ထိသွားတာ နည်းတာ မဟုတ်ဘူး ..."
"ငါဖြစ်တာ နည်းနည်းလေး ဟေ့ကောင် အပိုတွေလုပ်မနေနဲ့..."
ဆန်းက သူ့အနားမှာ ပိတ်ရပ်ပြီး စိုးရိမ်၍ပြာနေသော မိုင်းကို တွန်းဖယ်ကာ ကုတင်ပေါ်ကနေ ဆင်းလိုက်လေသည်။
"နောက်ဆို သူရဲကောင်းဝင်မလုပ်နဲ့ မင်းကကိုယ်ခံပညာ ဘာတစ်ခုမှ တတ်တာလည်း မဟုတ်ဘဲနဲ့ ..."
"ငါ့သဘောပဲ ..."
ဆန်းရဲ့ နှုတ်ဖျားကနေ မိုင်းပြောနေကြ စကားတစ်ခွန်းက ထွက်လာလေသည်။ အကျင့်ဆိုတာက ဒီလိုမျိုး ပေါင်းပါများလို့ ကူးသွားသလားပဲ။
"ဝင်မပါနဲ့ ငါစိတ်ပူတယ် ..."
စိတ်အပူလွန်ပြီး သေမယ်ဆို မိုင်းတို့က သေဖို့ထိပ်ဆုံးက ဖြစ်ပါလိမ့်မည်။ သဏ္ဍာန်ဆန်းတို့ကတော့ ပြန်မပြော နားမထောင်ပေ။
အခုလည်း ဘေးကနေ စိတ်ပူကြောင်း တစ်ယောက်က တတွတ်တွတ်ပြောနေပြီး ကျန်တစ်ယောက်ကတော့ အေးအေးလူလူ ပါးစပ်ပိတ်၍ လမ်းလျောက်နေလေရဲ့။
သူတို့နှစ်ယောက်ရဲ့ မြင်ကွင်းကို ကျန်တဲ့သုံးယောက်က အနောက်ကနေ ကြည့်ရင်း လျောက်လိုက်လာခဲ့ရ၏။
"ငါတို့ကောင်ရဲ့ အခြေအနေက တော်တော်လေးဆိုးနေပြီလို့ မထင်မိဘူးလား ..."
"ထင်ရုံမကဘူး တဖက်ကမ်းကိုတောင် လွန်သွားခဲ့ပြီ ...ဒီကောင် တော်တော်ဖြစ်နေတာ ..."
"အေးလေ ဘယ်သောအခါမှ ထင်မထားမိဘူး ...ငါတို့ရဲ့ သူငယ်ချင်း မိုင်းဆိုတဲ့ကောင်က ဒီလိုခယနေတာမျိုး ..."
"ကြိုက်မရှက် ငိုက်မရှက်ဆိုတာ ဒါမျိုးပေါ့ကွာ ..."
သုံးယောက်သား ရယ်မောကာ အတင်းပြောရင်း အနောက်ကနေ လျောက်လာခဲ့မိကြသည်။ အရှေ့မှာ သွားနေတဲ့ မိုင်းကတော့ ဘာမှမသိရှာပေ။ သူ့မှာက သူ့အာရုံနဲ့သူ ရောက်ယက်တွေကို ခတ်လို့။
****  *****  *****  *****  ***** 
(Author's note)
နောက်အပိုင်းတွေမှာ သဘာဝတရားကြီးဆီကို အလည်သွားကြစို့လား readerတို့ရေ 😆
အော် ...ပြီးတော့လေ ရိုမှုတစ်သိန်းကိုလည်း မြင်တွေ့ရဦးမှာပါ 😁
****  *****  *****  *****  ***** 
Continue Reading
You'll Also Like
1.2M 63.8K 50
340K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
9.4K 469 17
ငါက​ယောကျာ်း​လေးတစ်​ယောက်​လေ ​မောင် ​ယောကျာ်း​လေးတစ်​ယောက်ကို ချစ်လို့မရဘူး လက်ထပ်လို့်မရဘူးလို့ ငါထင်ခဲ့တာ တကယ်ချစ်မိသွားတဲ့အချိန်မှာ ​ မောင်ကငါ့ကို...
4.5K 130 11
"ခင်ဗျားပြန်လာတဲ့အထိ ဒီခရေပင်ကြီး အောက်မှာစောင့်နေပါမယ်လို့ ခရေတွေနဲ့အတူသစ္စာတည်ပါတယ်...." ကောင်းရိပ်ညို ခေရေ...