သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.9M 318K 11.9K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_15 (Z)

5.8K 755 16
By Saung_Nay_Chi

(Part - 15)

ဖိအားတွေကြားမှာ ရှင်သန်ပါ။
ကောင်းကင်ဟာ သဘာဝဆန်ဆန် ခမ်းနားကြောင်း အသိအမှတ်ပြုပါ။
လွတ်လပ်ခြင်းဟာ မင်းကို ပျော်ရွှင်စေမယ်ဆိုရင် ဥတ္တရအလင်းတန်းတွေဆီကို ခရီးထွက်ပါ။
လုပ်ချင်ရာ လုပ်ပြီး နေချင်သလို နေထိုင်ပါ။
အရာအားလုံးရဲ့ အဆုံးသတ်မှာ ချစ်ခြင်းမေတ္တာဟာ ငါ့အပေါ် ကို မိုးရေစက်တွေလို နေရာလပ်မကျန် စိုစွတ်လာပါစေ။

****  *****  *****  *****  ***** 

"ဆီဇာနေရဇ္ဇ ..."

ကျောင်းသွားဖို့ ကျောပိုးအိတ်တစ်လုံးနဲ့ ထွက်လာတဲ့သူက ဖခင်ဖြစ်သူရဲ့ ‌လှမ်းခေါ်သံကြောင့် ခြေလှမ်းက တုံ့ခနဲ ရပ်သွားရသည်။ ကြောက်ပြီးလန့်သွားတာမျိုး မဟုတ်။ အလိုမကျစွာ တုံ့ဆိုင်းသွားတာမျိုး။

"ခဏလာဦး ဒီကို ..."

မိုင်းရဲ့ အဖေ KS groupရဲ့ ဥက္ကဌကြီး ဦးဆီဇာမင်းထင်က ဧည့်ခန်းထဲမှာ ထိုင်နေလျက်နဲ့ ခေါ်လိုက်တာပဲ ဖြစ်သည်။ မိုင်းလည်း အိမ်တံခါးပေါက်ကို ‌ဦးတည်ထားတဲ့ ခြေလှမ်းတွေအား ဧည့်ခန်းဘက်ကို ရွေ့လိုက်ရလေ၏။

"ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ ဖေဖေ ..."

"မင်း အခုတလော အိမ်ပြန်အရမ်း နောက်ကျပြီး အိမ်ပြန်အိပ်တဲ့ ရက်တွေလည်း နည်းနေတယ်ဆို ..."

ဦးဆီဇာမင်းထင်က အလုပ်ကိစ္စတွေနဲ့ ဘယ်လောက်ပဲ ရှုပ်နေပါစေ။ တဦ်းတည်းသော သားဖြစ်သူရဲ့ လှုပ်ရှားမှုတွေကိုတော့ စောင့်ကြည့်နေခဲ့သည်သာ။ သူအိမ်မပြန်ဖြစ်တာကို အိမ်မှ အိမ်တော်ထိန်းတွေ ဆီကနေ သိသွားတဲ့ပုံပါပဲ။

"ကျွန်တော် ဘယ်တုန်းကရော အိမ်ကို စောစောပြန်လာဖူးလို့လဲ ...အပြင်မှာ အိပ်တာကလည်း အခုမှ မဟုတ်ဘူး ..."

"သိတယ်လေ ...ဒါပေမယ့် မင်းအခုတလော ပိုဆိုးလာသလိုပဲ ...တပတ်လုံး အိမ်ပြန်မလာတာတွေလည်း ရှိတယ်ဆို ..."

"ပြန်လာတော့ရော အိမ်မှာက ကျွန်တော့်ကို စောင့်မျှော်နေမယ့် မိသားစုတွေ ရှိတာမှ မဟုတ်တာ ..."

သားဖြစ်သူရဲ့ တဇွတ်ထိုးညာဉ်ကို ဦးဆီဇာမင်းထင်ကလည်း သိ၏။ မိန်းမဖြစ်သူ ဆုံးသွားပြီးနောက် တဦးတည်းသောသားကို ရင်အုပ်မကွာ စောင့်ရှောက်ဖို့ရာ သူမတတ်နိုင်ပါ။ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပြည်တွင်းပြည်ပ သွားလာနေရတာက တစ်လမှာ လဝက်ခန့်။
သူ့မှာ ပေးစရာဆိုလို့ စည်းစိမ်ဥစ္စာတွေပဲ ရှိသည်။ သာမန်ဖခင်တွေလိုမျိုး နွေးထွေးမှု ဂရုစိုက်မှုတွေတော့ မရှိ။

"အပြင်မှာကရော မင်းကို စောင့်မျှော်နေတဲ့ သူတွေ ရှိလို့လား ..."

"ရှိတာပေါ့ ကျွန်တော့် သူငယ်ချင်းတွေ‌ ..."

"သူငယ်ချင်း ..."

ဆီဇာနေရဇ္ဇက သူ့သူငယ်ချင်းတွေကို အတော်လေး ခင်တွယ်ပြီး သံယောဇဉ် ရှိ၏။ မိသားစုနည်းတဲ့ တဦးတည်းသော သားမို့လို့လည်း သူဒီလို အပေါင်းအသင်း မင်တာကို ဦးဆီဇာမင်းထင်က လက်ခံထားတာ ဖြစ်သည်။

"မင်းလုပ်သမျှတွေထဲမှာ အကောင်းဆုံးအရာက အဲ့ဒီ့သူငယ်ချင်းတွေပဲ ရှိတယ် ...မင်းက ကျန်တဲ့ ပြဿနာတွေကိုသာ ရှာတတ်တာ ...အပေါင်းအသင်းကျတော့ အဆင့်အတန်းတူတဲ့ သူတွေကိုပဲ ပေါင်းထားတာလေ ..."

ဒီလိုပြောတော့ မိုင်းက လက်မခံပါ။

"ဖေဖေမှားနေပြီ ...အဆင့်အတန်းဆိုတာ သူငယ်ချင်း အပေါင်းအသင်း ရွေးတဲ့အခါမှာ လိုတဲ့အရာ မဟုတ်ဘူး ...အဲ့ဒီ့ အဆင့်အတန်းဆိုတာ ချမ်းသာတဲ့ မိသားစု background တွေနဲ့ မဆိုင်ဘူး ...လူနဲ့ပဲဆိုင်တာ ...ကျွန်တော်က သူငယ်ချင်းတွေကို နောက်ခံ background ကြည့်ပြီး ပေါင်းထားတာ မဟုတ်ဘူး ..."

"မင်းကတော့ ဒီလိုတွေးပေမယ့် မင်းသူငယ်ချင်း သုံးယောက်ကရော အဲ့လိုအတွေးတွေ တကယ် ရှိတယ်လို့ သေချာလား ..."

"ဖေဖေ ဘာကို ပြောချင်နေတာလဲ ..."

"KS groupရဲ့ အမွေဆက်ခံသူ တစ်ယောက်နဲ့ အပေါင်းအသင်း ဖြစ်ဖို့အတွက် သူတို့မိသားစုတွေ ဘက်ကရော တွန်းအားပေးထားတာ မဖြစ်နိုင်ဘူးလား ..."

ဦးဆီဇာမင်းထင်က ဆိုဖာမှာ ထိုင်နေလျက်နဲ့ ခြေထောက်တွေကို ချိတ်လိုက်ရင်း ပြောနေသည်။ ပြီးတော့ သားဖြစ်သူကို စိုက်ကြည့်လျက်။

"အဲ့ဒါက လူကြီးတွေ အပိုင်းပါ ...သေချာတာကတော့ ကျွန်တော်တို့ ကြားမှာ အဲ့ဒါတွေ မရှိဘူး ..."

ဘယ်သောအခါမှ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံတဲ့ ဆီဇာနေရဇ္ဇ။ ဦးဆီဇာမင်းထင်လည်း ဆက်မပြောဖြစ်တော့ပေ။ သားဖြစ်သူ သူငယ်ချင်းတွေရဲ့ ဖခင်တွေနဲ့ သူက နိုင်ငံရေး၊ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုတွေ ရှိပါ၏။ ဒါက ကလေးတွေနဲ့ သိပ်တော့ မဆိုင်လှဘူး မဟုတ်လား။

"ထားပါတော့ အဲ့ဒီ့ကိစ္စ ...ဟိုတလောက ကိစ္စကိုပဲ ငါပြောမယ် ..."

ပြည်ပရုံးခွဲကို ခဏ သွားနေရာကနေ အခုမှ ပြန်ရောက်လာတာ ဖြစ်တဲ့ သူ့ထံကို ဆီဇာနေရဇ္ဇနဲ့ ပတ်သက်တဲ့ တင်ပြချက်တွေက တန်းစီလို့နေသည်။

"KS က ရှေ့နေ တစ်ယောက်ကို ဆေးမှုတစ်ခုအတွက် မင်းလိုက်ခိုင်းသေးတယ်ဆို ..."

မိုင်း မအံ့ဩပါ။ ဖခင်ဖြစ်သူထံ သတင်းရောက်သွားမယ်ဆိုတာ သူထင်ထားပြီးသား။

"ဟုတ်တယ် ..."

"မင်း ဆေးသမားတွေနဲ့ပါ ပေါင်းနေတာလား ဆီဇာနေရဇ္ဇ ..."

"မဟုတ်ပါဘူး ...ဘယ်က‌ ဆေးသမားနဲ့ ကျွန်တော် ပေါင်းနေလို့လဲ ..."

"အဲ့ဒီ့ ဆေးမှုနဲ့ စွပ်စွဲခံရတဲ့ ကောင်လေးက မင်းသူငယ်ချင်းဆို ..."

"သူက ဆေးသမား မဟုတ်ဘူး ...သူ့ကို သူများက ချောက်ချသွားတာ ..."

"‌ဒီလောက်ထိ အချုပ်ထဲရောက်အောင် ချောက်ချ ခံရတယ်ဆိုတော့ ...မင်းသူငယ်ချင်းက ရှုတ်ထွေးထားလို့ နေမှာပေါ့ ...ရန်ငြိးရန်စတွေ ရှိပုံကိုက မင်းနဲ့ အတူတူပဲ ...ဒီလိုလူတွေနဲ့ အပေါင်းအသင်း မလုပ်နဲ့ ...ငါက ငါ့သားရဲ့ အရှုပ်တွေကိုပဲ ရှင်းပေးနိုင်မယ် ...သူများရဲ့ အရှုပ်တွေပါ သယ်မလာနဲ့ ..."

"သူ့မှာ ဘာရန်ငြိုး ရန်စမှ မရှိဘူး ...ဒီပြဿနာကလည်း ကျွန်တော့်ကြောင့် ဖြစ်သွားတာ ...ကျွန်တော်နဲ့ ကျောင်းတုန်းက ရန်စရှိတဲ့ ကောင်တွေက သူ့ကို လုပ်သွားတာ ..."

"ကျောင်းတုန်းက ရန်စ ..."

ဦးဆီဇာမင်းထင် တချက်တော့ စဉ်းစားသွား၏။ နောက်မှ သတိရသွားကာ ...

"အထက်တန်းကျောင်းတုန်းက မင်းတို့အုပ်စုနဲ့ ပြဿနာဖြစ်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့ ဟိုကောင်လေးလား ..."

မိုင်းက ပါးစပ်ကနေ ပြန်မဖြေ။ ခေါင်းပဲ ညိတ်ပြလိုက်၏။

"အဲ့ဒါကြောင့် ငါမင်းကို ဘာပြောလဲ ...ရန်ငြိုးရန်စတွေ ရှိတာ မကောင်းဘူး ...မင်းရဲ့ လက်တုံ့ပြန်တတ်တဲ့ အကျင့်တွေကို ဖျောက်...ပတ်ဝန်းကျင်မှာ လူတွေရဲ့အမြင်မှာ  KS groupရဲ့ အမွေဆက်ခံသူတစ်ယောက်က  ပြီးပြည့်စုံနေရမယ် ...ငါပြောတာ ကြားလား ဆီဇာနေရဇ္ဇ ..."

မိုင်းက ဒီတစ်ခါတော့ ပြန်လည်းမဖြေ။ ခေါင်းလည်း မညိမ့်ပါ။

"ဖြေလေ ဆီဇာနေရဇ္ဇ ..."

"ကျွန်တော် ဒီအရွယ်ထိ အဲ့ဒီ့သတ်မှတ်ချက်‌တွေ အတိုင်း နေနေခဲ့ပေးတာပဲ ဖေဖေ ...ဒါတောင် အခုထိ မလုံလောက်သေးဘူးလား ..."

"ဘယ်သောအခါမှ လုံလောက်တယ်ဆိုတာ မရှိဘူး ဆီဇာနေရဇ္ဇ ...ဖခင်ရဲ့ အမွေကို သားဖြစ်သူက အချိန်တန်ရင် ရလိမ့်မယ်ဆိုတာ မှန်ပေမယ့် ... KS groupဆိုတာကတော့ မင်းမှာ ပစ်ချက်ရှိနေရင် မင်းဖြုတ်ချခံရမယ် ...ဥက္ကဌနေရာဆိုတာ လူတိုင်းနေလို့ရတဲ့ နေရာမဟုတ်ဘူး ...ဒီနေရာကို ရဖို့အတွက် တခြား ရှယ်ယာအဖွဲ့ဝင်တွေက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတာ ...စီးပွားရေးလုပ်ငန်းဆိုတာ စစ်ပွဲတွေလိုပဲ ...မင်းအဲ့ဒါတွေကို တချိန် ရင်ဆိုင်ရမယ် ..."

မိုင်းက ဖခင်ဖြစ်သူကို ဒီတိုင်း ရပ်ကြည့်နေပြီး မျက်နှာမှာ စိတ်ရှုပ်ထွေးခြင်းတွေက အပြည့်။ သားဖြစ်သူရဲ့ မျက်နှာ အရိပ်အကဲကို ကြည့်ပြီး ဆက်မပြောတော့ဘဲ နေလိုက်၏။ ဒီကလေးကို အတင်းအကြပ် ဖိအားတွေ ပေးနေရပေမယ့် ဒါက ကိုယ့်ရဲ့သွေးသား။ သူစိတ်ညစ်နေတာ မြင်တော့ စိတ်ကလျော့လိုက်ရသည်။

ဆီဇာနေရဇ္ဇဆိုတဲ့ သားတစ်ယောက်အား ဦးဆီဇာမင်းထင်က ဤကဲ့သို့ မွေးမြူထားခဲ့ရတာပါ။
မဖြစ်မနေ အကြောင်းတရားတွေကြောင့် ဖိအားပေးနေရပေမယ့်လည်း အလိုကတော့ လိုက်မြဲ လိုက်ဆဲ။ ဒါကြောင့် ဆီဇာနေရဇ္ဇတို့က ဆိုးချင်သည်။ မဟုတ်ဘူး။ ဆိုးကို ဆိုးပါ၏။

"ကျောင်းသွားတော့ ..."

သွားခွင့်ပေးလိုက်တော့ တုံ့ဆိုင်းမနေဘဲ ချက်ချင်းလှည့်ထွက် သွားလေသည်။

"အိမ်မှာ ပြန်အိပ်မယ်ဆိုရင်လည်း စောစောပြန်လာ ...အပြင်မှာ အိပ်မယ်ဆိုရင် တစ်ပတ်လုံးပြန်မလာဘဲ မနေနဲ့ ကြားလား ..."

"ကျွန်တော့် သဘောပါ ..."

ဖခင်ဖြစ်သူကို လှည့်မကြည့်ဘဲ ပြောပြီး ထွက်သွားလေတော့သည်။ စိတ်ဆိုးရအခက်။ ဆုံးမရအခက်။ ဆီဇာနေရဇ္ဇတို့က မိဘအပေါ်ကို ရိုင်းစိုင်းတာမျိုး မဟုတ်။ အလိုလိုက်ခံရလွန်းလို့ ဆိုးတာမှန်ပေမယ့် သူလုပ်သင့်တာနဲ့ သူလုပ်ချင်တာကိုတော့ ခွဲခြားတတ်တဲ့သူပါ။

သူ့ ညာဉ်အတိုင်း သူထင်ရာ စိုင်းချင်သည်။ ဒါပေမယ့် ဖခင်ဘက်ကိုလည်း ငဲ့သေးသည်။ ဖခင်ဖြစ်စေချင်သလို KS group ကို အမွေဆက်ခံဖို့အတွက် သူထိန်းချုပ်ထားတာတွေ အများကြီး။ ဒါကို ဦးဆီဇာမင်းထင် သိပါ၏။
ကိုယ့်သားသမီးမို့ ကိုယ်ချစ်ပါသည်။ အဲ့ဒါကြောင့်လည်း KS groupကို ဆက်ခံစေချင်၏။
သူ့ရဲ့ အတ္တက သားဖြစ်သူကို ပြီးပြည့်စုံစေချင်ရုံ သက်သက်သာ။

****  *****  *****  *****  ***** 

"မင်း အဲ့ဒါ ဘာလုပ်နေတာလဲ မိုင်း ..."

ရပ်ထားတဲ့ စက်ဘီးတစ်စီးရဲ့ ဘီးကို လေထိုင်လျော့နေတဲ့ မိုင်းအား လင်းရဝေက မေးလိုက်လေသည်။ သူ့ဘေးက ကောင်းသစ်လွင်ကလည်း နားမလည်စွာဖြင့် ...

"အဲ့ဒါ သဏ္ဍာန်ဆန်းရဲ့ စက်ဘီး မို့လား ..."

"အွန်း ဟုတ်တယ် ..."

"အဲ့ဒါကို သိရဲ့နဲ့ ဘာလို့လုပ်တာ ..."

"အေးလေ ဟိုကသိရင် စိတ်တိုပြီး ထိုးဦးမယ် ...မင်းဟာလေ အရမ်းစတာပဲ သူ့ကို ..."

ကျောင်းဝင်းထဲက သူတို့မေဂျာရဲ့ စက်ဘီးတွေ ဆိုင်ကယ်တွေ ထားတဲ့နေရာမှာ သူတို့သုံးယောက်ကလွဲရင် ဘယ်သူမှ ရှိမနေပေ။

"မင်းတို့ကောင်တွေ တိတ်တိတ်နေစမ်းပါ ...ငါ့ဘာသာ ဘာလုပ်လုပ် ..."

"မင်းခံရမှာစိုးလို့ ပြောနေတာလေ ..."

"အေးလေ ဟိုက လုပ်ရင် မင်းပဲခံလာရတာ ..."

"တော်စမ်းပါ ငါက ဘာလို့ခံလာရမှာလဲ ...မိုင်း ဆိုတဲ့ ငါကလေ ..."

"ခံလာရလို့ပဲ ဟိုတလောက နှုတ်ခမ်းတောင် ပေါက်သွားသေးတာပဲ ...မင်းပဲ သွားစလို့ဆို သူ့ကို ..."

မိုင်းက သူလုပ်နေတဲ့ စက်ဘီးလေလျော့တာ ပြီးသွားတော့ ထရပ်လိုက်လေ၏။ ပြီးတော့ နှုတ်ခမ်းတွေကို မဲ့ရင်း ...

"အဲ့ဒါက အဲ့ဒါပဲ ...အဲ့တုန်းက ငါလုပ်တာ လွန်သွားလို့ ...သူ့ကို တမင်အလျော့ပေးတဲ့ အနေနဲ့ အထိုးခံလိုက်တာ ..."

"မင်းက ဘယ်လောက်တောင် ဘာကို သွားလုပ်လိုက်လို့လဲ ..."

သူ့နားထင်ကို လက်ညှိုးနဲ့ ကုတ်ခြစ်နေပြီးမှ မိုင်းက ...

"ဒီလိုပဲ တခုခု လုပ်လိုက်မိတာ ..."

"အေးလေ အဲ့ဒါ ဘာလဲလို့ ..."

မိုင်းက ပြန်မဖြေဘဲ လှည့်ထွက်သွားလေသည်။ သူထွက်သွားတော့ အနောက်ကနေ ကျန်တဲ့နှစ်ယောက်ကလည်း လိုက်ရတော့၏။

"ဖြေလေ ..."

"မင်းဘာတွေ မဟုတ်တာ သွားလုပ်လိုက်လို့လဲ ..."

"ဟာ မင်းတို့ကောင်တွေကလည်း ငါ့ပဲ ပြောနေတယ် ...ငါက တချိန်လုံး မဟုတ်တာ လုပ်နေတဲ့ ကောင်မျိုးမို့လို့လား ..."

"ဟုတ်တယ်လေ မင်းက အဲ့လိုကောင်ပဲကို ..."

"အေးလေ အခုပဲကြည့် ...သူများစက်ဘီးကို လေသွားလျော့ပစ်လိုက်တယ် ...ဘာတွေ မဟုတ်တာ ကြံစည်နေပြန်တာလဲ ..."

လင်းရဝေနဲ့ ကောင်းသစ်လွင်တို့က သူ့ကို တရစပ်ပြောနေဆဲပင်။ မိုင်းက ပြုံးစိစိ လုပ်နေပြီး ...

"ညနေအိမ်ပြန်ရင် သူ့စက်ဘီး စီးလို့မရတော့ ...ငါ့ကားနဲ့ သူ့ကို တင်ခေါ်ပြီး အိမ်အတူတူ ပြန်မယ်လေ..."

"အော် ဖြစ်ရမယ် ...ဖြစ်နိုင်တာကိုလည်း ပြောဦး ငါ့ကောင် ...ဟိုက မင်းကားကို တက်စီးမယ်လို့ ထင်နေသလား ..."

ရဝေက သူ့ပုခုံးကို လှမ်းဖက်လိုက်ပြီး ပြောလိုက်လေသည်။

"သူ့ဟာသူ လမ်းလျောက်ပြန်ချင် ပြန်မှာ... မဟုတ်လည်း Bus နဲ့ ပြန်မှာပေါ့ ...သဏ္ဍာန်ဆန်းကို ဘာထင်နေလဲ မသိဘူး မိုင်းကတော့ ..."

ကောင်းကတော့ မိုင်း ကျောပြင်ကို တချက်ရိုက်လိုက်ပြီး ပြောနေသည်။ ဒီနှစ်ယောက် စကားကြောင့် သူပါ တွေဝေသွားရ၏။

"ငါ bus ကားကိစ္စကို မတွေးလိုက်မိဘူး ..."

"အေးပေါ့ မွှန်နေတာကိုး ဘယ်တွေးမိမလဲ ...သဏ္ဍာန်ဆန်း အနားကို ဘယ်လို ကပ်ရမလဲဘဲ တချိန်လုံး ကြံနေတာလေ ..."

"အကြံဆိုးတွေနဲ့လေ ..."

ကောင်းရဲ့စကားကို ရဝေကလည်း ထောက်ပံ့ပေးရှာ၏။ မိုင်းကတော့ ရှက်ကိုးရှက်ကန်းနဲ့ ရယ်နေဆဲ။

"မိုင်း မင်းအခုတလော သဏ္ဍန်ဆန်း ဟိုအိမ်မှာ ရှိထဲက အဲ့ဒီ့ကိုပဲ ခဏခဏ သွားနေတာမို့လား ...အိမ်လေး ဘာလေး ပြန်အိပ်ဦးလေ ..."

"ငါတို့ အဖေတွေလို မင်းအဖေက ဆူမှာမဟုတ်ဘူး ဆိုပေမယ့် ...ဖြစ်ချင်ရာဖြစ် ပြီးစလွယ် ပစ်ထားတဲ့ သူမှမဟုတ်တာ ...အိမ်မပြန်တာ များရင် ပြောနေဦးမယ်နော် ဟေ့ကောင် ..."

"ပြောတာတောင် နောက်ကျသွားပြီ ..."

"ဟမ် ..."

"မနက်ကပဲ အဆူခံလာရတာ ...အိမ်ပြန်မအိပ်တာ တစ်ပတ်လောက် ရှိပြီဆိုပြီး ..."

"အဲ့ဒါကြောင့် မနက်က မျက်နှာက သုန်မှုန်နေတာမဟုတ်လား ..."

"အွန်း ..."

မိုင်းက စိတ်မပါသလို ပြန်ဖြေပြီး သူ့ဆံပင်တွေကို လက်ချောင်းတွေနဲ့ တချက်လှန်တင်ပစ်လိုက်၏။ ပုံသွင်းခံထားရတဲ့ ဆံပင်တွေက ဒီလိုဖြစ်သလို ပြုမူလိုက်လည်း နေရာတကျ စမတ်ကျကျ ရှိနေလျက်ပါပဲ။

"သဏ္ဍာန်ဆန်း ရှိလို့ အဲ့ဒီ့မှာ သွားနေတာလည်း နေတာပေါ့ ...ဒါပေမယ့် တချိန်လုံး နေစရာမှ မလိုတာ ...မင်းကို ဟိုကလည်း အဖက်မှ မလုပ်တာ ..."

"အဖက်ကတော့ လုံးဝမလုပ်တာ ဟေ့ကောင်တွေရေ ...ငါနဲ့ နှစ်ယောက်ထဲ ရှိနေရင် သူ့အခန်းထဲကကို ထွက်မလာတော့ဘူး တချိန်လုံး ..."

"အေး ထင်တယ် ငါတို့သုံးယောက် လာရင်တောင်မှ သူက သူ့ဟာသူ နေနေတာ ...ငါတို့ ပြန်သွားပြီး မင်းတို့နှစ်ယောက်ပဲ ကျန်ခဲ့ရင်လေ... ငါတို့မှာ ပြန်ရတာ စိတ်မဖြောင့်ဘူးသိလား ..."

ရဝေက စိုးရိမ်သလိုလေး ပြောနေ၏။ ဒါပေမယ့် စကားတွေကသာ ဒီလို ဖြစ်နေတာပါ။ အမူအရာကတော့ ပြောင်စပ်စပ် ရွဲ့ချင်ချင်။

"ဘာလို့လဲ ..."

မိုင်း မေးလိုက်တော့ ...

"နှစ်ယောက်သား သတ်နေကြမှာစိုးလို့လေ ...မင်းက ပြဿနာ လိုက်ရှာမယ် ...ဟိုကရှောင်ဖယ်နေမယ် ...ဟိုက လုပ်လိုက်ရင် မင်းပဲ ခံရမယ် ..."

"အသိသာကြီးပဲ ..."

တစ်ယောက်ကပြော တစ်ယောက်က ထောက်ခံနှင့် ရယ်နေကြသေးသည်။ အဲ့ဒီ့နှစ်ယောက်ကို မိုင်းက ကြည့်မရတော့ပေ။

"ဒီမှာ ... ငါကဘယ်သူလဲ သိလား ..."

"ဘယ်သူလဲ ပြောပါဦး ..."

"မိုင်းလေ မိုင်းပါကွ ...ငါက ခံလိုက်ရတယ်ဆိုတာ ရာဇဝင်ကို မရှိတာ သိလား ..."

"ရာဇဝင်က ရှိသွားပြီလေ ဟိုတလောကပဲ အထိုးခံလိုက်ရတာကို ဟား ဟား ဟား..."

"အဲ့ဒါက အဲ့ဒါပါဆိုမှ ..."

"ဒီမှာမိုင်း မင်းဘာမှ ငြင်းမနေနဲ့ ...စချစ်ရတဲ့သူက လုံးဝအရှုံးပဲသိလား ...မင်းအခုတောင်မှ စက်ဘီးလေလျော့ခံရရင် bus နဲ့ပြန်မယ့်ကိစ္စကို မတွေးမိလောက်အောင်ထိ မွှန်နေတာလေ ...မင်းလို အရမ်းတော်ပါတယ်ဆိုတဲ့ ကောင်ကလေ ..."

"ကျွတ်စ် ..."

မိုင်းက စိတ်မရှည်သလိုမျိုး တချက်စုပ်သပ်လိုက်လေ၏။

"ငါသူ့ကို ခုထိ မချစ်သေးဘူး စိတ်ဝင်စားရုံလောက်ပဲ ..."

"စိတ်ဝင်စားရုံလောက်နဲ့တောင် ဒီလောက် ဖြစ်ပျက်နေတာ ...ချစ်များ ချစ်မိသွားရင်တော့ ဘယ်လောက်ထိတောင် အလဲလဲ အကွဲကွဲ ဖြစ်နေမလဲ မသိဘူး ..."

"ကျွတ်စ် ..ကျွတ်စ် ..ကျွတ်စ် ..မိုင်းရယ် မင်းအစား ငါတို့ သနားလိုက်တာကွာ ..."

သူ့ကို လှောင်ပြောင်ပြီး စနေကြတဲ့ နှစ်ယောက်အား မိုင်းက လက်သီးနဲ့ရွယ်ပြီး လက်မောင်းတွေကို လိုက်ထိုး ပစ်လေသည်။ ပြီးတော့ ခြေထောက်တွေနဲ့လည်း လိုက်ကန်နေ၏။

"ဟာ ဟာ ဟေ့ကောင် ..မလုပ်နဲ့..."

"ဖြေးဖြေးလုပ်ကွ နာတယ်ဟ ..."

"အချစ်က ဒီလိုပဲ အကြမ်းဖက်စေတယ်လား ..."

ဒါတောင်မှ ကောင်းသစ်လွင်က စနေတုန်းပါပဲ။
မိုင်းကလည်း ဆက်၍ လိုက်လုပ်နေဆဲ။

အချစ်က အကြမ်းဖက်စေတာ မဟုတ်။
အချစ်က စဉ်းစားချင့်ချိန် နိုင်စွမ်းတွေကို လျော့သွားစေတာပါ။
သူ့ကိုပဲ ငေးနေခဲ့ရတာမို့ တခြားအရာတွေကို ငဲ့ကြည့်ဖို့ရာ မေ့သွားသလိုမျိုးပေါ့ ...။

****  *****  *****  *****  ***** 

ထင်ထားတဲ့ အတိုင်းပင် ညနေကျောင်းကနေ အိမ်ပြန်တော့ သဏ္ဍာန်ဆန်းက Busနဲ့ ပြန်လေသည်။ မိုင်းကလည်း သူနဲ့အတူ အိမ်ပြန်ချင်တာမို့ သူ့ကားကို နီနီသစ်လွင်အား ပေးလိုက်‌၏။
အမြွှာနှစ်ယောက်က ကားတစ်စီးထဲ နှစ်ယောက် ပြန်နေကြ။ ဒါကြောင့် သူ့ကားကို မောင်းယူသွားဖို့က နီနီ့ကိုပဲ အကူအညီ တောင်းရတော့သည်။
ဆန်းက busကားပေါ် ရောက်တဲ့အထိ သူအနောက်ကနေ လိုက်လာခဲ့တာကို မရိပ်မိပေ။ ကားပေါ်ရောက်မှ နှစ်ယောက်တွဲခုံတွင် သဏ္ဍာန်ဆန်းဘေးမှာ သူဝင်ထိုင်လိုက်တော့...

"မင်း ..."

သူက ပြုံးပြလိုက်ပြီး ခပ်တည်တည်နဲ့ ဆက်ထိုင်နေလိုက်၏။

"ငါ့နောက် ဘာလိုက်လုပ်တာလဲ ..."

"မင်းနောက်လိုက်လာတာ မဟုတ်ပါဘူး ...ငါ့လမ်း ငါသွားနေတာလေ ...အပန်းဖြေ အိမ်ကိုပြန်မလို့ ..."

"ဖြစ်နိုင်တာကိုလည်း ပြော ...ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်နေတဲ့ ကောင်က busလာစီးတယ်ပေါ့ ...ပြီးတော့ ဒီနေ့ကျမှ ငါbusစီးတဲ့ နေ့မှ ..."

"ထင်ချင်သလို ထင် ..."

မိုင်းက ဆက်၍ မသိချင်ယောင် ဆောင်နေလိုက်၏။ ဆန်းကတော့ သူ့ကို မကြည်တဲ့အကြည့်တွေနဲ့ ဘေးကနေ လှမ်းကြည့်နေလေသည်။ ဒါပေမယ့် ဘာမှတော့ ဆက်မပြောပေ။
သူတနေရာကို ပြောင်းထိုင်လို့လည်း မရပါ။ ကားပေါ်မှာ ထိုင်ခုံတွေက ပြည့်နေပြီးပြီလေ။

ကားစီးနေစဉ် ခဏကြာတော့ ကားပေါ်ကို အသက်ကြီးကြီး အဘိုးအိုတစ်ယောက် တုတ်ကောက်နဲ့ တက်လာလေသည်။ သဏ္ဍာန်ဆန်းက ဒါကို မြင်တော့ သူ့နေရာကနေ ထပေးလိုက်ပြီး အဘိုးအိုကို ထိုင်စေ၏။ မိုင်းကလည်း နေရာဖယ်ပေးမလို့ ဖြစ်ပေမယ့် ဆန်းက အရင်ဦးသွားတာပဲ ဖြစ်သည်။

"ကျေးဇူးပါပဲ ကလေးရယ် ..."

အဘိုးအိုက သူ့ကိုကျေးဇူးတင်စကား ပြောနေပြီး ဆန်းကလည်း ပြန်၍ ပြုံးပြနေလေသည်။ အဲ့ဒီ့အပြုံးတွေကို မိုင်းက မြင်လိုက်ပါသည်။ ဆန်းရဲ့အပြုံးချိုချိုတွေဟာ ကောင်းကင်ကနေ ကြွကျေသွားတဲ့ ကြယ်တွေလိုပါပဲ။ ကြယ်ကြွတောမြင်ရင် ဆုတောင်းရသည်တဲ့။
သူ့ဆုတောင်းဟာ အဲ့ဒီ့အပြုံးတွေကို မကြာခဏ မြင်ခွင့်ရဖို့သာ ဖြစ်ပါလိမ့်မည်။

ဆန်းက အဘိုးအိုကို နေရာဖယ်ပေးပြီးတော့ သူကဘေးမှာ ရပ်ပြီးစီးနေသည်။ ဒီလိုကျတော့ မိုင်းက စိတ်ထဲမနေနိုင်ပါ။ ထိုင်နေရတာလည်း စိတ်ကမဖြောင့်။ တကယ်ဆိုရင် သဏ္ဍာန်ဆန်းကို အသေးအမွှားလေးကအစ လိုက်ဂရုစိုက်ပေးနေရလောက်အောင် အားပျော့တဲ့ မိန်းခလေးလည်း မဟုတ်။ bus ကို မတ်တပ်ရပ် စီးတာတောင်မှ တချက်‌လေး မယိုင်သွားဘဲ အေးအေးဆေးဆေး သက်သောင့်သက်သာပင်။

"ဒီမှာ လာထိုင် ..."

သူ့နေရာကို ဖယ်ပေးပြီး ထိုင်စေ၏။ ဒါပေမယ့် အနှီလူသားလေးက ထုံးစံအတိုင်း ...

"မလိုဘူး ..."

"ထိုင်ဆို ထိုင်ကွာ ..."

ဆန်းရဲ့လက်ကို စောင့်ဆွဲချပြီး ထိုင်စေလိုက်သည်။ သူကတော့ ဆန်းရဲ့အစား ဘေးမှာ မတ်တပ်ရပ်ပြီး စီးလိုက်လေ၏။
ဒါပေမယ့်လည်း မွေးထဲက ကိုယ်ပိုင်ကားပေါ်မှာပဲ ကျင်လည်လာခဲ့တာမို့ bus ကို မတ်တပ်စီးရတာဟာ သူ့ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ကားကလှုပ်တိုင်း သူ့မှာ ယိုင်နေရပါ၏။
အဲ့ဒီ့အဖြစ်အား အောက်ကနေ ထိုင်လျက်သားကြည့်နေတဲ့ ဆန်းက ကြိတ်ရယ်နေပါသည်။

"ပျော်နေလား ..."

မိုင်းက ခပ်တိုးတိုး လှမ်းပြောလိုက်လေသည်။ သဏ္ဍာန်ဆန်းက သူ့ကို ခေါင်းလေးညိတ်ပြပြီး ကြိတ်ရယ်နေပြန်၏။ သူ့ကို လှောင်ပြောင်နေတာဟာ စိတ်တိုစရာတော့ အကောင်းသား။
ဒါပေမယ့်လည်း အဲ့ဒီ့လို ဆန်းရဲ့ အမူအရာလေးက သဘောကျစရာလည်း ကောင်းနေပါသည်။ ပို၍ တိတိကျကျပြောရရင် အသဲယားစရာကောင်းနေတာမျိုး။

ဆီဇာ‌နေရဇ္ဇဆိုတဲ့ မိုင်းမှာ ဉာဉ်ဆိုးတွေ ရှိတတ်တာ ဖြစ်စဉ်တစ်ခုမို့ ဒီအသဲယားစရာ သတ္တဝါလေးအား ဒီအတိုင်း လွှတ်ထားဖို့က မဖြစ်နိုင်ပါ။
ရုတ်တရက် ရပ်နေရာကနေ ဆန်းရဲ့ ပေါင်ပေါ်မှာ ထိုင်ချပစ်လိုက်တဲ့ မိုင်း ...။

"ဟာ ဟေ့ကောင် ..."

ကားပေါ်ကလူတွေရဲ့ အကြည့်တချို့က သူတို့ထံရောက်လာကြလေသည်။ ဘေးက အဘိုးအိုသည်လည်း ထို့အတူ။

"ဘာလုပ်တာလဲ ဆင်းအခု ..."

ဆန်းက ဖယ်ချနေပေမယ့် မိုင်းက တမင်ကျောက်ချပြီး ထိုင်နေလေသည်။

"ငါတခါမှ bus မစီးဖူးဘူး ...မတ်တပ်ရပ်စီးရတာက ငါ့အတွက် အဆင်မပြေဘူး ..."

"အဲ့ဒါဆိုလည်း မင်းထိုင်ခုံမှာထိုင် ငါရပ်မယ် ..."

"Busက ခုံတွေက ဆိုဖာတွေက မာတယ် ငါမထိုင်နိုင်ဘူး ...မင်းပေါင်ပေါ်မှာကျတော့ အဆင်ပြေတယ် အိအိလေး ..."

"ဆီဇာနေရဇ္ဇ ...ကားပေါ်မှာ လူတွေအများကြီးပဲ မင်းမရှက်ဘူးလား ...ဖယ်စမ်း ..."

"ငါတို့ကို ဘယ်သူမှ အရေးတယူ လိုက်ကြည့်မနေဘူး ဘာကို ရှက်ရမှာလဲ ..."

မှန်သည်။ ပထမဆုံးတစ်ခါပဲ ကြည့်လိုက်ကြပြီး နောက်တော့ ဆက်မကြည့်ကြတော့ပါ။ ဘာလို့ဆို ဒီနိုင်ငံက LGBT ကိုထောက်ခံတဲ့ 60%ရှိနေတာမို့။ ဒီအခြေအနေလောက်ကို ဘယ်သူမှ အထူးအဆန်းသဖွယ် ပြူးပြဲကြည့်မနေပေ။ မြင်နေကြ မြင်ကွင်းတစ်ခုလိုပဲ အားလုံးက ပုံမှန်။

"ဖယ်ကွာ ..."

"သူငယ်ချင်း အချင်းချင်း ဒီလိုပုံစံထိုင်တာ ဘာဖြစ်သွားနိုင်လို့လဲ ...မဟုတ်ဘူးလားနော် အဘိုး ..."

မိုင်းက ဘေးမှာ ထိုင်နေတဲ့ အဘိုးအိုကိုပင် လှမ်းမေးလိုက်သေး၏။

"ဒါပေါ့ သူငယ်ချင်းကို သနားလိုက်ပါ ကလေးရယ် ...သူ့ကြည့်ရတာ busမစီးဖူးဘူးနဲ့ တူပါတယ် ...ယိမ်းယိုင်နေတာ မြင်မကောင်းဘူးလေ ..."

အဘိုးအိုက ပြောတော့ ဆန်းက အီလည်လည် မျက်နှာလေးနဲ့ ပြန်ကြည့်နေလေသည်။ ပြီးတော့ သူ့ပေါင်ပေါ်က မိုင်းကို တွန်းဖယ်နေဆဲ။ သူတို့နှစ်ယောက် လှုပ်လိုက်တိုင်း ဘေးနားက အဘိုးအိုကို ခဏခဏ သွားထိနေတာမို့ နောက်ဆုံးမှာ ဆန်းကပဲ အရှုံးပေးလိုက်ရတော့၏။
လူကြီးကို ထိခိုက်မိနေတာက မကောင်းတာမို့။

ဆန်းငြိမ်သွားတော့ မိုင်းက ပြုံးလိုက်သည်။ ပြီးတော့ ပေါင်ပေါ်မှာ အခန့်သား ထိုင်ပြီး နံဘေးက ကားပြတင်းပေါက်မှာ လက်တင်ခေါင်းမှီပြီး အပြင်ဘက်ကို လှမ်းငေးကြည့်လိုက်၏။ သူ့ကြည့်ရတာ ပျော်နေတဲ့ပုံ။ သူများပေါင်ပေါ် တက်ထိုင်နေပြီးတော့လေ...။

တဝက်ခန့် ဖွင့်ထားတဲ့ တံခါးပေါက်ဆီကနေ လေနုအေးတွေဟာ ဝင်ရောက်လာခဲ့သည်။
လေပြေတိုးဝှေ့ ကျီဆယ်မှုကြောင့် မိုင်းဆီက ရေမွှေးနံ့သင်းသင်းကို ဆန်းရနေပါ၏။
သူ့ကို ကျောခိုင်းပြီး သူ့ပေါင်ပေါ်မှာ ထိုင်နေတဲ့ ယောင်္ကျားလေး တစ်ယောက်ရဲ့ ကျောပြင်ကျယ်။ လေတိုးသွားတိုင်း လွင့်လွင့်သွားတဲ့ နောက်ပိုင်းက ဆံပင်‌လိုင်းလေးတွေ၊ ဖြူစွတ်နေတဲ့ လည်ပင်း ဂုတ်အစပ်တွေဟာ ကြည့်ကောင်းနေခဲ့သည်။
ဘေးက ကားပြတင်းပေါက်ဘက်ကို လှည့်လိုက်တိုင်း မြင်နေရတဲ့ ဆီဇာနေရဇ္ဇရဲ့ မေးကျောလိုင်း တွေကလည်း ထင်းပြီး ကြည့်ကောင်းလှ၏။

ဒီယောင်္ကျားဟာ ချောပါသည်။ ဒါကအမှန်တရား။ ဒါပေမယ့် အကျင့်ကတော့ မကောင်းပါ။ အခုတောင်မှ  သူများပေါင်ပေါ်မှာ မညှာမတာ ဖိထိုင်ထားဆဲ။ သုံးလေးမှတ်တိုင်ထိ သူလည်း ဒုက္ခခံရပါဦးမည်။

****  *****  *****  *****  ***** 

ကားပေါ်ကနေ ဆင်းလာကြတော့ အပန်းဖြေအိမ်ယာ ဂိတ်ပေါက်ကနေ ဝင်လာခဲ့ကြ၏။ ကိုယ်နေတဲ့ နေရာအထိ လမ်းလျောက်ဝင်ဖို့ ဆိုတာက နီးနီးနားနားတော့ မဟုတ်ပါ။ အိမ်ယာဝင်းတွေဟာ အကျယ်ကြီးတြွေဖစ်သည်။
နှစ်ယောက်သား စကားမပြောဖြစ်ဘဲ ခပ်သုတ်သုတ် လမ်းလျောက်နေမိကြ၏။ အကြောင်းက ကောင်းကင်မှာ ပြိုကျတော့မယ့် မိုးရိပ်ညိုတွေကို မြင်နေရတာမို့ ။ ဒါပေမယ့်လည်း မလွတ်ခဲ့ပါ။

ရွာချလာတဲ့ မိုး‌ရေစက်တွေကို အကာအကွယ် ယူဖို့ရာ တနေရာဆီသို့ ပြေးကြရလေသည်။ လမ်းမပေါ်မှာ သူတို့နှစ်ယောက်ထဲရယ်။ အနီးနားက ခြံကျယ်တွေမှာ လူရှိတဲ့အိမ် ရှိသလို မရှိတာက ပိုများ၏။ ပြီးတော့ ဒီနေရာက VIP အပန်းဖြေ အိမ်ယာဝင်းမို့ တော်ရုံ အပြင်ထွက်တဲ့သူကတော့ ရှားလှပါသည်။

လမ်းမဘေး တ‌လျောက်မှာ ထိုင်ခုံတန်းလေးတွေက ခပ်ကျဲကျဲ ထားပေးထား၏။ ခုံတန်းလေးတွေတိုင်းမှာ အမိုးအကာလည်း ရှိနေပါသည်။ အနည်းငယ်ကျယ်တဲ့ အမိုးအကာမို့ ခဏတာမိုးလွတ်အောင် ခိုဝင်လို့ကတော့ ရနိုင်နေ၏။
နှစ်ယောက်သား တံစပ်မြိတ် အမိုးစွန်းလေး အောက်ကို ခိုဝင်လိုက်ကြသည်။ ကိုယ်ပေါ်က ရေစက်အနည်းငယ်ကို ပုတ်ခါလိုက်ကြရင်း ...

"ဒီနေ့ ကံကိုမကောင်းဘူး စက်ဘီးကလည်း ဘယ်ခွေးကောင်က လက်ဆော့သွားမှန်း မသိဘူး ...လေ့လျော့နေတယ် ..."

ဆန်းရဲ့ စကားကြားတော့ မိုင်း မျက်ခုံးကျုံ့ပြီး ခေါင်းငဲ့ကြည့်လိုက်မိ၏။ သူအဆဲခံလိုက်ရတာပါ။ ဆန်းကတော့ သူလုပ်မှန်း သိပုံမရ။ သူ့ဟာသူ ဆက်ပြောနေဆဲ။

"busစီးပြန်တော့လည်း အေးဆေးမစီးရဘဲ ဒုက္ခရောက်... ထီးပါမလာတဲ့ အချိန်ကျမှ မိုးကထရွာ ...ဒီကြားထဲ မမြင်ချင်တဲ့သူနဲ့ပါ မိုးခိုနေရတယ် ..."

ဆန်းက ပေါက်ကွဲနေပုံရသည်။ တစ်ယောက်ထဲ မနားတမ်း ပြောနေလေရဲ့။

"မင်းဘာတွေ ရွတ်ပြီး ဘယ်သူ့ကို ပြောနေတာလဲ ..."

မိုင်းက သိရဲ့နဲ့ တမင်မေးနေတာမို့ ဆန်းက မျက်လုံးထောင့်ကပ်၍ လှမ်းကြည့်လာ၏။ ပြီးတော့ စကားဆက် မပြောချင်သလိုမျိုး တဖက်လွှဲနေလေသည်။ နှစ်ယောက်သား တိတ်ဆိတ်စွာနဲ့ ရွာသွန်းနေတဲ့ မိုးအေးအေးကို ရပ်ကြည့်နေမိကြ၏။

ခေါင်မိုး တံစပ်မြိတ်ကနေ ကျဆင်းနေတဲ့ မိုးရေစက်အချို့ကို ဆန်းက သူ့လက်လေးနဲ့ ခံယူပြီး ငေးမောနေလေသည်။ အဲ့ဒီ့မျက်နှာ ဘေးတိုက်လေးနဲ့ အဲ့ဒီ့အနေအထား ပုံစံလေးက ဓာတ်ပုံရိုက်၍ ယူထားချင်စရာ ကောင်းနေတာမို့ ။
အိတ်ကပ်ထဲက ဖုန်းကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး သဏ္ဍာန်ဆန်း မသိအောင် သူ့ပုံကို ခိုးရိုက်ထားလိုက်လေသည်။ ဆန်းက မိုးရေစက်တွေကိုသာ ငေးမောနေတာမို့ သူ့ဘေးက ပုံသူခိုးလေးကိုတော့ သတိမထားမိပေ။

"ဟိုတခါလို မိုးရေထဲ လမ်းမလျောက်တော့ဘူးလား မင်း ..."

သူ့စကားကြောင့် ဆန်းက နားမလည်သလိုမျိုး လှည့်ကြည့်လာလေရဲ့။

"ဘယ်တုန်းကလဲ ..."

ကျောင်းဝင်းထဲမှာ သူတွေ့ခဲ့ဖူးတာကို ထုတ်မပြောဖြစ်တော့။ ဆန်းကလည်း သိချင်တဲ့ပုံမရ။

"အကြိမ်ပေါင်းများစွာ လျောက်သွားဖူးတာ ထင်တယ် ...ဘယ်တုန်းကလဲ ပြန်မေးနေတယ် ဆိုတော့ ..."

"ဟုတ်တယ် စိတ်ထဲသွားချင်စိတ် ပေါက်လာရင်ပေါ့ ..."

ဆန်းက သူ့ကို မကြည့်ဘဲ ပြောနေလေသည်။

"အခုကရော ..."

"မင်းရှိနေလို့လေ ..."

"ငါနဲ့ဘာဆိုင်လို့လဲ ..."

"ငါမိုးရေထဲ လျောက်သွားရင် မင်းက နောက်ကနေ လိုက်လာမှာ မဟုတ်လား ..."

"အသေအချာပေါ့ ..."

"အဲ့ဒါကြောင့်ပဲလေ ...မင်းနဲ့အတူတူ မိုးရေထဲ လမ်းလျောက်ရတဲ့ ဖီလင်ကြီးကို အလိုမရှိလို့ ...ငါတစ်ယောက်ထဲပဲ ခံစားချင်တာ ..."

"ဪ တော်တော် တကိုယ်ကောင်းဆန်တဲ့ ကောင်ပဲ ..."

"မင်းလောက်တော့ မဟုတ်သေးဘူး ..."

နှစ်ယောက်သား အပြိုင်ပြောရင်းနဲ့ တစ်ခါထပ်၍ ငြိမ်သွားကြပြန်သည်။

"မင်းကိုငါ ပထမဆုံး တွေ့ဖူးတာ အားကစားကွင်းထဲမှာ ဘောလုံးပွဲရှိတဲ့နေ့က ..."

စကားက အစချီလိုက်ပေမယ့် ဆန်းကို ကြည့်ပြီး ပြောနေတာမျိုးမဟုတ်။ သူ့ဟာသူ မိုးရေတွေကို ငေးကြည့်ရင်း ပြောနေတာမျိုး။

"အဲ့ဒီ့နေ့က ဖိနပ်ချွတ်ပြီး မြက်ခင်းပေါ်မှာ ရပ်နေတဲ့မင်းကို ငါတွေ့တယ် ...မင်း နေရောင်ခြည် ခံယူနေတာလေ ..."

ဆန်းကလည်း သူပြောတာတွေကို နားတော့ထောင်နေပေမယ့် လှည့်မကြည့်။ နှစ်ယောက်လုံးက မိုးရေတွေကိုသာ ဆက်ငေးရင်း ပြောသူကတစ်ယောက် နားထောင်သူက တစ်ယောက်။

"နောက်တစ်ခါ ထပ်တွေ့တော့ မိုးရေထဲမှာ စက်ဘီးတစ်စီးနဲ့ မင်းလမ်းလျောက်နေတာ ...ဒီတိုင်းလျောက်နေတာမျိုး မဟုတ်ဘူး ...မိုးရေတွေကို တမင် ခံယူနေတာ..."

ဆန်းက သူပြောတဲ့ အချိန်တွေကို အားလုံးမှတ်မိနေပါသည်။ ဒါပေမယ့် ဘာမှတော့ ဝင်မပြောသေး။

"မင်းကိုငါ တွေ့လိုက်တိုင်း အဲ့ဒီ့လို လွတ်လပ်မှုတွေနဲ့ကြီးပဲ ...အဲ့ဒီ့လို စိတ်ထဲရှိတိုင်း လုပ်ချင်တာ လုပ်ခွင့်‌တွေ ရနေတဲ့ မင်းကို ငါသိပ်အားကျတယ် ..."

အဲ့ဒီ့စကားကြားတော့ ဆန်းက သူ့ဘက်ကို လှည့်လာလေသည်။ သူကလည်း လှမ်းကြည့်လိုက်မိ၏။ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားသည်။ အနည်းဆုံး စက္ကန့်ဝက်လောက်တော့ ကြာသွားလေရဲ့။
မျက်ဝန်းထဲက စာတွေကို ဖတ်ကြည့်လိုက်တော့ ဆီဇာနေရဇ္ဇရဲ့ မွန်းကြပ်မှုတွေကို ဆန်းက မြင်တွေ့သွားရသည်။

"အားကျတယ်ဆိုရင် မင်းရော ငါ့လို ဘာလို့ မလုပ်လဲ ..."

"လုပ်လို့မရဘူး... မဟုတ်ဘူး ...လုပ်ခွင့်မရှိတာ ..."

မိုင်းက ခပ်လေးလေး ပြောလိုက်ပြီး အကြည့်လွှဲလိုက်လေသည်။

"မင်းလုပ်ကြည့်ပြီးလို့လား ..."

"ဟမ် ...ဘာကို ..."

"လုပ်ကြည့်လိုက်မှ နောက်ဆက်တွဲကို သိမှာပေါ့ ...လုပ်ခွင့်မရှိဘူးဆိုပြီး ငြိမ်နေသမျှတော့ ဖြစ်လာမယ့် ပြဿနာ အတိမ်အနက်ကို မင်းဘယ်လို ခန့်မှန်းနိုင်မှာလဲ ...လုပ်ချင်ရင် တခါလောက်တော့ စမ်းကြည့်သင့်တယ် မဟုတ်လား ..."

"မင်းငါ့ကို လာမြှောက်ပေးနေတာလား ..."

"မြှောက်ပေးတယ်ဆိုတာ မင်းကျဆုံးနေလို့‌ပဲလေ ...အဲ့တော့ ကိုယ့်စိတ်ကိုယ် မေးကြည့်လိုက် ချောင်ထဲမှာ ပိတ်လှောင်ပြီး မွန်းကြပ်စွာ ကျဆုံးနေမလား ...သူများမြှောက်ပေးတဲ့အတိုင်း တစ်ခါလောက်တော့ အပြင်ဘက်ကမ္ဘာကို ထွက်ကြည့်မလားဆိုတာ ..."

ဒုတိယတခါ နှစ်ယောက်သား အကြည့်တွေ ထပ်ဆုံသွားရပြန်သည်။ ဆန်းရဲ့ မျက်ဝန်းတွေကို ဖတ်ကြည့်နေမိတဲ့ မိုင်း။ ဒီတစ်ယောက်ဟာ သူ့ကို တကယ်ပဲ လွတ်မြောက်စေချင်နေတဲ့ပုံ။
အဲ့ဒီ့အကြည့်တွေက ငါနဲ့အတူ လွတ်လပ်တဲ့ ပြင်ပကမ္ဘာ တစ်ခုဆီကို လိုက်ခဲ့မလားဟု ခေါ်နေသယောင်ယောင်။

အဲ့ဒီ့အချိန်မှာပဲ မိုးက ရွာသွန်းနေခြင်းကို ရပ်စဲသွားလေသည်။ အနည်းငယ် မိုးဖွဲပါးပါးလေးတွေသာ ကျန်ရစ်တော့သည်။
ညနေခင်း နေရောင်အချို့ကလည်း မိုးရွာအပြီးမှာ သူ့သဘောနဲ့သူ ထွက်လာလေရဲ့။

နေပူမိုးရွာ ဖြစ်သွားတဲ့ အခါတွင် ကောင်းကင်ပြင်မှာ လှပတဲ့ သက်တန့်ကြီးတစ်ခုက ပေါ်ထွက်လာလေ၏။ ရောင်စဉ်ဖြာနေတဲ့ သက်တန့်ကို ငေးမောကြည့်နေတဲ့ လူသားနှစ်ယောက်ဟာ တံစပ်မြိတ် အမိုးအောက်ကနေ ထွက်လာခဲ့ကြသည်။ ပြီးတော့ အချိန်အတန်ကြာ သက်တန့်ကို မော့ငေးကြည့်နေကြ၏။

"Northern Light တွေကို မင်းမြင်ဖူးလား ..."

ထူးထူးဆန်းဆန်း စိတ်လိုလက်ရနဲ့ သဏ္ဍာန်ဆန်းဆီကနေ အသံထွက်လာခဲ့တာပါ။
(Northern Light - ဥတ္တရအလင်းတန်း)

"ဟင့်အင်း ရိုက်ကူးထားတာတွေပဲ မြင်ဖူးတယ် အပြင်မှာတော့ တခါမှ မမြင်ဖူးဘူး ..."

"‌ငါတို့နေတဲ့ ဒီနိုင်ငံကနေ အဲ့ဒီ့အရာတွေကို မမြင်နိုင်ဘူး ...သူက ကမ္ဘာ့တောင်ဘက်စွန်းနဲ့ ကမ္ဘာ့မြောက်ဘက်စွန်း ဒေသတွေမှာပဲ ရှိတာ ..."

"အင်း ငါသိတယ်လေ ကနေဒါ နော်ဝေး ဂရင်းလန် အိုက်စလန် အဲ့ဒီ့နိုင်ငံတွေမှာဆို အလှဆုံးမြင်ရတယ်တဲ့ ..."

"ဟုတ်တယ် ...ငါ ဒီသက်တန့်တွေကို မြင်တိုင်း Northern Light တွေဆီ ခရီးထွက်ချင်တယ် ...ဆန်းကြယ်တဲ့ သဘာဝတရားကြီးကို မျက်မြင်တွေ့ချင်တယ် ..."

ဆန်းက သက်တန့်ကိုငေးရင်း ပြောနေ‌လေရဲ့။ သူ့ပုံစံက တကယ်ကို ဆန္ဒရှိနေတဲ့ ပုံစံမျိုးပါ။
နှစ်ယောက်သား ဘေးချင်းကပ် ယှဉ်ရပ်နေတာမို့ သူတို့နှစ်ယောက် ချထားတဲ့ လက်တွေဟာလည်း နီးကပ်လို့ပါပဲ။ လက်သန်းချင်း မထိတထိ ဖြစ်သွားတဲ့အခါမှ သတိဝင်လာကြပြီး တစ်ယောက်က ရှောင်ထွက်သွားလေ၏။
တစ်ယောက်ကတော့ ထွက်သွားတဲ့ သူအား အနောက်ကနေ လှမ်းကြည့်ပြီး ပြုံးနေလေသည်။

အဲ့ဒီ့နောက် သူ့အရှေ့ကနေ လမ်းလျောက်နေတဲ့ သူအား အနောက်ကနေ သဘောကျစွာ ကြည့်ရင်းနဲ့ တလှမ်းချင်း လျောက်လိုက်လာခဲ့ လေ၏။
ပြီးတော့ သူတစ်ယောက်ထဲ စကားတစ်ခွန်းကို ပြောလိုက်မိပါသည်။

"မင်းနဲ့အတူ Northern Light တွေဆီ သွားချင်ပါသေးတယ် ..."

****  *****  *****  *****  ***** 

(Author's note)

Northern Light (ဥတ္တရအလင်းတန်း)တွေ အကြောင်းက နောက်မှ အသေးစိတ် ပြောပြပါဦးမယ် 🤗
သူပါတဲ့ အဓိကအခန်းတွေ ရောက်မှပေါ့လေ 😁
Northern Light ပုံလေးတွေတော့ တင်ပေးထားပါတယ်နော် 🌈
Readerတွေတော့ မသိဘူး။ ဒီဒီတော့ part-15ရဲ့ ဇာတ်ကွက်လေးတွေကို ရေးရင်းနဲ့ကြွတေယ် 💛💙

****  *****  *****  *****  ***** 




Continue Reading

You'll Also Like

147K 6.8K 75
Unicode & Zawgyi အချစ်ကို ဘုရား တစ်ဆူလို မကိုးကွယ်တတ်ပေမဲ့..... စေ...မင်းကတော့ ကိုယ့်ရဲ့ကိုးကွယ်ရာပါ။ .....တောမင်...
365K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
549K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
602K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...