သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.9M 318K 11.9K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_14 (Z)

5.2K 803 7
By Saung_Nay_Chi

ခင်ဗျားတို့ရဲ့ ဘဝမှာ ...
ကိုယ့်ကို အလိုမရှိတော့လို့ စွန့်ပစ်ခံလိုက်ရတာမျိုး ကြုံခဲ့ရဖူးပြီလား ...။
တစုံတယောက်ရဲ့ စွန့်ပစ်လိုက်ခြင်းကိုလေ ...။
အဲ့ဒီ့လူဟာ ကျွန်တော့်အတွက်တော့ ကမ္ဘာကြီးတစ်ခု ဖြစ်ခဲ့ဖူးရဲ့ ...။
ကျွန်တော် သိပ်ချစ်ရတဲ့ လူသားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးရဲ့ ...။
ကျွန်တော် သိပ်ကြောက်တယ်။
နောက်ထပ်တစ်ခါ စွန့်ပစ်ခံရမှာကိုလေ ...။
ကျွန်တော့် ဘဝထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ သံယောဇဉ် အမြစ်တွေ တွယ်မနေစေချင်တော့ဘူး။
အထူးသဖြင့် နှလုံးသားထဲမှာပေါ့ ...။

****  *****  *****  *****  ***** 

မိဘမဲ့ဂေဟာဆိုတဲ့ အဆောက်အအုံ အသိုက်အမြုံ တစ်ခုရဲ့ အရှေ့မှာ အသက်(10)နှစ်အရွယ် ဖြူဖြူသေးသေး ကောင်လေးတစ်ယောက် ရပ်နေလေရဲ့။ ပြီးတော့ အဲ့ဒီ့ကလေးငယ်လေးဟာ မပျော်ရွှင်နေဘူး။ သူ့မျက်နှာပေါ်မှာ ထိပ်လန့်ကြောက်ရွံ့ခြင်းတွေနဲ့ ဝမ်းနည်းအားငယ်ခြင်းတွေ ရှိနေခဲ့တယ်။

သူ့ဘေးမှာတော့ သူနဲ့ မျက်နှာချင်း ဆင်တူလှတဲ့ အမျိုးသမီးတစ်ယောက်လည်း ရပ်နေပါသည်။ ကလေးငယ်လေးက အဲ့ဒီ့အမျိုးသမီးရဲ့ လက်ကို ဆွဲထားပြီး မျက်ရည်တွေ စီးကျနေ၏။

"မေမေ သားကို မထားခဲ့ပါနဲ့နော် ...သား ဒီမှာ တစ်ယောက်ထဲ မနေခဲ့ချင်ဘူး ...ကြောက်တယ် ...သား မေမေနဲ့ပဲ အတူနေချင်တယ် နော် မေမေ နော် ..."

"မရဘူး သဏ္ဍာန်ဆန်း ...မင်း ငါနဲ့ ပြန်လိုက်လို့ မရဘူး ...မင်း ဒီမှာပဲ နေခဲ့ရမယ် ..."

မိခင်ဖြစ်သူက (10)နှစ်အရွယ် ကောင်လေး အားကိုးတကြီး ဆွဲထားတဲ့ လက်တွေကို အတင်းဖြုတ်ချရင်း လေသံမာမာနဲ့ ပြောနေတာပါ။

"သား လိမ်လိမ်မာမာ နေပါ့မယ် မေမေ ...အဲ့ဒီ့ဦးလေးကြီးနဲ့လည်း သားအဆင်ပြေအောင် နေပါ့မယ် အီး ဟီး ..."

သူတို့သားအမိနဲ့ မလှမ်းမကမ်း နေရာတွင် ရပ်နေတဲ့ ယောင်္ကျားတစ်ယောက်ကို လက်ညှိုးလှမ်းထိုးပြီး ပြောနေ‌တာဖြစ်သည်။ အဲ့ဒီ့ယောင်္ကျားက ရပ်ထားတဲ့ ကားတစ်စီးဘေးမှာ ရှိနေတာပါ။

"သဏ္ဍာန်ဆန်း ...ငါ့ကိုကြည့်စမ်း ..."

မိခင်က သူ့လက်မောင်း နှစ်ဖက်ကို ဆွဲဆုပ်ကိုင်ပြီး တစ်ချက်စောင့်ခါလိုက်၏။

"မင်းကို သူက လုံးဝ လက်မခံဘူး ...မင်း ငါနဲ့အတူ ရှိနေသ၍ သူက ငါ့ကို လက်ထပ်ယူမှာ မဟုတ်ဘူး ..."

မိခင်ရဲ့ စကားတွေကို နားထောင်ရင်းနဲ့ ကားအနားမှ ယောင်္ကျားကိုလည်း သူလှမ်းကြည့်လိုက်၏။ ဒီလူကြီးဟာ သူ့မိခင်နဲ့ ‌လက်ထပ်မယ့်သူ။ သူ့ကို အလိုမရှိတဲ့သူ။ ဒီလူကြောင့် သူ့အမေဟာ သူ့ကို အလိုမရှိတော့တာပဲ ဖြစ်သည်။

"မင်းရဲ့ ဖြစ်တည်မှုက ငါ့အတွက် အနှောင့်အယှက် တစ်ခုပဲ သဏ္ဍာန်ဆန်း ...
ငါ မင်းကို အလိုမရှိတော့ဘူး ...မင်းကို စွန့်ပစ်လိုက်ပြီ ...မင်းဒီမှာပဲ မဖြစ်မနေ နေခဲ့ရမယ် ..."

အရွယ်နဲ့မလိုက်အောင် အပြောခံလိုက်ရတဲ့ စကားတွေက နာကျင်စရာ။ ဒီအရွယ်မှာ လူတိုင်းဟာ မိဘကိုသာ အားကိုးရာအဖြစ်၊ ကမ္ဘာကြီးတစ်ခုအဖြစ် ထင်မှတ်ထားကြတာ ဖြစ်သည်။ လောကကြီးမှာ သူအချစ်ဆုံး လူတစ်ယောက်ဖြစ်တဲ့ မိခင်က ဒီလိုမျိုး စကားတွေနဲ့ သူ့ကို စွန့်ပစ်လိုက်တာပါ။

ကျောခိုင်း လှည့်ထွက်သွားတဲ့ မိခင်ရဲ့ ပုံရိပ်ဟာ သူ့ကို အဆုံးစွန်ထိ ဝမ်းနည်းစေသည်။ ကြောက်ရွံ့စေသည်။ မိခင်နောက် သူပြေးလိုက်မိ၏။ ဒါပေမယ့် မိခင်ဖြစ်သူဟာ ရပ်ထားတဲ့ ကားပေါ်ကို အဲ့ဒီ့ယောင်္ကျားနဲ့အတူ တက်သွားခဲ့ပါသည်။ သူ့ကို တချက်လေးမှ သနားငဲ့ညှာခြင်းမရှိဘဲ ကားလေးဟာ မောင်းထွက်သွားခဲ့လေ၏။

"မေမေ မေမေ သားကိုမထားခဲ့ပါနဲ့ မေမေ ..."

အလိုမရှိတော့လို့ အစွန့်ပစ်ခံလိုက်ရတဲ့ ဘဝတစ်ခုဟာ စိတ်ဒဏ်ရာတစ်ခု အနေနဲ့ စွဲထင်ကျန်နေ ခဲ့စေပါတယ်။
ဘယ်လောက်ပဲ လွတ်လပ်ပေါ့ပါးစွာ နေနေတဲ့သူ ဖြစ်ပါစေ။ ဒီစိတ်ဒဏ်ရာ ဟောင်းဟာ အိမ်မက်ဆိုးတစ်ခု အနေနဲ့ ‌မကြာခဏ ရောက်ရောက်လာလေ့ ရှိလေရဲ့ ...။

****  *****  *****  *****  ***** 

"မေမေ မေမေ ...မသွားပါနဲ့ ကျွန်တော့်ကို မထားခဲ့ပါနဲ့ ..."

ခပ်တိုးတိုး ပလုံးပထွေး အော်ညည်းသံလေး တစ်ခုကြောင့် အိပ်နေတဲ့ မိုင်းတစ်ယောက် လန့်နိုးလာခဲ့လေသည်။ သူကြည့်လိုက်တော့ အနားမှာ သူနဲ့အတူ အိပ်နေတဲ့ သဏ္ဍန်ဆန်းဆီမှ ဖြစ်နေ၏။ အိပ်မက်ယောင်ပြီး အော်နေခြင်း ဖြစ်ပုံရပါသည်။

ပင်လက်အိပ်နေတဲ့ ဆန်းရဲ့ မျက်ဝန်းထောင့်ကနေ မျက်ရည်တွေက စီးကျနေခဲ့ပြီး သူ့လက်တွေကလည်း တစ်ယောက်ယောက်ကို လိုက်ဆွဲနေသလိုမျိုး လှုပ်လှုပ်ရှားရှား။ အဲ့ဒီ့လှုပ်ရှားနေတဲ့ လက်တွေကို မိုင်းက ဖမ်းယူဆုပ်ကိုင် ထားပေးလိုက်လေသည်။
ဒီတော့မှ လှုပ်ရှားမှုတွေဟာ ငြိမ်သက်သွားပြီး မိုင်းလက်ကို အားကိုးတကြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်နေခဲ့၏။ ဒါပေမယ့် ဆန်းရဲ့ မျက်ဝန်းတွေကတော့ ပိတ်လျက်သားပင်။

လက်တွေရဲ့ အထိအတွေ့ကြောင့်လား အိပ်မက်ကပဲ နိုးထ လာနိုင်ခဲ့တာလားတော့ မသိ။ ခဏအကြာမှာ ဆန်းရဲ့ မျက်ဝန်းတွေက ဖွင့်လာခဲ့သည်။ မျက်ဝန်းတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း အိပ်ခန်းမျက်နှာကျက်နဲ့ အိပ်ခန်းဝန်းကျင်ကို တချက် လိုက်ဝေ့ကြည့်နေ၏။ ဆန်းရဲ့ အပြုအမူ အစအဆုံးကို မိုင်းက ဘေးမှာ လှဲအိပ်နေရင်းနဲ့ အသံမထွက်ဘဲ ကြည့်နေဆဲ။
နောက်မှ သဏ္ဍာန်ဆန်းက ဆုပ်ကိုင်ထားမိတဲ့ လက်တွေကို သတိထားမိသွားပြီး သူ့ဘက်ကို လှည့်ကြည့်လာလေ၏။

"ဟင် မင်း ..."

ကိုင်ထားတဲ့ သူ့လက်ကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး လူကလည်း ဆတ်ခနဲ ထထိုင်လိုက်လေရဲ့။ ကုတင်ပေါ်မှာ တစ်ယောက်က ထိုင်နေလျက်။ တစ်ယောက်ကတော့ လှဲနေလျက်ကနေ ထမလာသေး။

"ဒါ ငါ့အခန်း မဟုတ်ဘူး ..."

အိပ်ခန်းရဲ့ အပြင်အဆင်တွေကို လိုက်ကြည့်ပြီးတာမို့ အောက်ထပ်က ကိုယ့်အခန်း မဟုတ်မှန်း သိလိုက်၏။

"ငါ့အခန်းလေ ..."

မိုင်းက သူ့ဦးခေါင်း အောက်ထဲကို လက်နှစ်ဖက်လုံး ထည့်ပြီး ခုလိုက်ရင်း ပြန်ဖြေ၏။ ပြောနေပုံက အေးဆေးလွန်းလှသည်။

"ဘာလို့ မင်းအခန်းထဲ ခေါ်ထားတာလဲ ...မင်းကရော ဘာလို့ ငါ့ဘေးမှာ လာအိပ်နေတာလဲ ..."

ဆံပင်အချို့ ပွနေပြီး မျက်လုံးအနေအထားအရ ဆီဇာနေရဇ္ဇ ဆိုတဲ့တစ်ယောက် အိပ်နေရာကနေ နိုးလာတာမှန်း ဆန်းရိပ်မိလိုက်သည်။

"ဖြေးဖြေးမေး ငါအကုန် ဖြေပေးမယ် ... မင်းနိုးလာတာနဲ့ ဒီလိုမျိုး သောင်းကျန်းတော့မယ်ဆိုတာ ငါသိသားပဲ ..."

ရေထဲကျပြီးနောက် ဆန်း ခဏလေး သတိရလာမိသေးသည်။ ပြီးတော့ လူက သိပ်မလှုပ်နိုင်တဲ့ အချိန်မှာ ဆီဇာနေရဇ္ဇရဲ့ ကျောပိုးသယ်သွားခြင်းကို သူမှတ်မိလိုက်သေး၏။ နောက်ထပ် သူဘာမှ ရေရေရာရာ မမှတ်မိတော့ပေ။

"မနေ့က မင်းကောင်းကောင်း သတိမလည်လာဘူး ...သတိက ရတချက် မရတချက်နဲ့ ...ဆရာဝန်က ဆေးသွင်းပေးခဲ့ပြီးတော့ အနားယူခိုင်းသွားတယ် ...အဲ့ဒါကြောင့် မင်းတညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ..."

"အဲ့ဒါနဲ့ ငါက ဒီအခန်း ဒီကုတင်ပေါ် ရောက်နေတာ ဘယ်လို သက်ဆိုင်လို့လဲ ...ငါ့အခန်းထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား ..."

"ဆရာဝန်က မှာသွားတယ်လေ ...မင်း အအေးမိပြီး ညဘက် ဖျားလာနိုင်မလား စောင့်ကြည့်ရမယ်ဆိုလို့ ...ငါက စောင့်ပေးနေရတာ ...
မင်းအခန်းထဲက ကုတင်က သေးတယ် နှစ်ယောက်အိပ်လို့ မရဘူး ...အဲ့ဒါကြောင့် ဒီကို ရွေ့ထားတာ ..."

ဆီဇာနေရဇ္ဇပြောတာတွေက ဆက်နွယ်မှု ရှိသလိုလိုဆိုပေမယ့် မဆိုင်တာတွေလည်း ပါနေ၏။

"ဘာဆိုင်လို့လဲ ငါ့ကို စောင့်ကြည့်တာ ဆိုရင်လည်း တနေရာမှာ အိပ်ပြီးစောင့်ကြည့်လေ... ဘာလို့ ငါ့ဘေးနားမှာ လာအိပ်နေရတာလဲ ..."

"မင်းဟာလေ ...တကယ်ပဲ ...ငါ့ကို ကျေးဇူးတင်ရကောင်းမှန်းတောင် မသိဘူး နိုးလာတာနဲ့ ပြောဆိုနေတော့တာပဲနော် ..."

မိုင်းက လှဲနေရာကနေ ထထိုင်လိုက်ပြီး ပြောနေသည်။ ပြီးတော့ ခေါင်းဦးတစ်လုံးကိုလည်း ကုတင်ခေါင်းရင်းမှာ ထောင်လိုက်ကာ သူက မှီ၍ ထိုင်လိုက်သေး၏။
သူ့ဆံပင်တွေကို လှန်တင်ဖိသပ်၍ အနည်းငယ် ပြုပြင်လိုက်ရင်း ပြောနေလေသည်။

"ငါက ဘာလို့ ကျေးဇူးတင်ရမှာလဲ ...ငါဒီလို ဖြစ်အောင် လုပ်တာ မင်းလေ ...မင်း ငါ့ကို ရေထဲ ပစ်ချလိုက်တာလေ ..."

"မင်းက ငါ့ကို လွှတ်ချလိုက်ဖို့ တွန်းအားပေးတာလေ ...မင်းသာ ငါပြောတာကို အသာတကြည် ခေါင်းညိတ်ရင် ငါဒီလို လုပ်မလား ..."

ဆီဇာနေရဇ္ဇတို့က စကားကို ကတ်၍ပြောနေလေသည်။ ဆန်း စိတ်မရှည်တော့ ...

"အဲ့ဒါဆိုလည်း ငါ့ကို ဒီတိုင်း ပစ်ထားလိုက်ပါလား ဘာလို့ လာပြန်ကယ်နေသေးလဲ ..."

"အဲ့ဒါ ငါ့သဘောပဲ ..."

"ငါ့သဘောပဲ ...ငါ့စိတ်တိုင်းကျ... ငါဖြစ်ချင်သလို ငါလုပ်မယ်နဲ့ ...မင်းမှာ အရမ်း အတ္တတွေ များတယ် ဆီဇာနေရဇ္ဇ ...လူတိုင်းကို လွှမ်းမိုးလို့ မရဘူး ...အထူးသဖြင့် ငါဆိုတဲ့ ကောင်ကို ..."

"ငါကလည်း လူတိုင်းကို လွှမ်းမိုးဖို့ မကြိုးစားပါဘူး ...လူတွေကသာ ငါလွှမ်းမိုးတာကို ခံချင်နေကြတာ ...ဒါပေမယ့် ငါကတော့ မင်းကိုပဲ လွှမ်းမိုးချင်တာ ...မင်းတစ်ယောက်ထဲကိုပဲ ..."

အနှောင့်အသွား မလွတ်တဲ့ စကားတွေက ဆန်းကို စိုက်ကြည့်ရင်း ပြောလာ၏။ အဲ့ဒီ့မျက်ဝန်းတွေမှာ မာယာတွေပါနေသည်။ "ငါ့ရဲ့ညှို့ချက်အောက်မှာ မင်းကျရှုံးစမ်း" ဆိုတဲ့ မာယာတွေ။

တော်ရုံမိန်းခလေးတွေဆိုရင် ရှက်ရွံ့ပြီး ခေါင်းလေးငုံ့ အကြည့်လွှဲသွား နိုင်လောက်အောင်ကို ဆီဇာနေရဇ္ဇရဲ့ အကြည့်တွေက ညှို့ငင်မှုတစ်သိန်းနဲ့ စူးစူးရဲရဲ။ ဆန်းကတော့ တန်ပြန် တိုက်စစ်လိုမျိုး အကြည့်မလွှဲဘဲ ပြန်စိုက်ကြည့်နေလိုက်ပါသည်။
တစ်ယောက်က ညှို့ယူနေပြီး တစ်ယောက်ကတော့ တွန်းကန်နေလေရဲ့။

"ငါနဲ့ တွဲရအောင် ..."

ရုတ်တရက် ထပြောလိုက်တဲ့ စကားကြောင့် ဆန်းက အနားမှ ခေါင်းဦးတစ်လုံးကို ဆွဲယူပြီး သူ့ထံပစ်ပေါက် လိုက်၏။ မိုင်းက လက်တစ်ဖက်ထဲနဲ့ ပြန်ပုတ်ထုတ်လိုက်တာမို့ သူ့ကိုမထိ။

"မင်း ဂေးလား ..."

ဆန်းက သိချင်လို့ မေးတာမျိုး မဟုတ်။ တမင်ရွဲ့ပြောနေတာမျိုး။

"မဟုတ်ဘူး ဒါပေမယ့် ငါမင်းနဲ့ တွဲချင်တယ် ..."

"ငါ မတွဲချင်ဘူး ..."

"အဲ့ဒါဆိုရင်လည်း ငါတို့ အဖွဲ့ထဲကိုဝင် ..."

"မဝင်ချင်ဘူး ..."

"အဲ့ဒါဆိုရင်တော့ မင်း ဒီအိမ်မှာပဲ အလုပ်ဆက်လုပ်နေရမှာပဲ ..."

"မလုပ်ဘူး မနေဘူး ..."

"တဘူးဘူးနဲ့ မင်းဘာဖြစ်နေတာလဲ ..."

"မင်း ပြောနေတာတွေကရော လက်ခံချင်စရာ ကောင်းနေလို့လား ..."

တချိန်လုံး မျက်စိရှေ့မှာထိုင်ပြီး ငြင်းနေတဲ့ ဒီသတ္တဝါလေးအား မိုင်းက စိတ်မရှည်တော့ပေ။ ကုတင်ပေါ်ကနေ ဆင်းသွားပြီး ခန်းစီးလိုက်ကာစတွေကို သွားဖွင့်လေ၏။ အလင်းရောင်ဟာ အခန်းထဲကို ဖြာကျလာခဲ့‌သည်။

"မင်း သူငယ်ချင်းတွေရော ..."

ဆန်းက ထမေးလိုက်၏။ လူကတော့ ကုတင်ပေါ် မှာ ငုပ်တုပ်။

"ဟိုနှစ်ယောက်က ညထဲက ပြန်သွားပြီ ...လင်းရဝေက ဟိုဘက် အခန်းမှာ အိပ်နေတယ် ..."

မိုင်းရဲ့ အဖြေကို နားထောင်ပြီး ဆန်းက ဘာမှ ဆက်မပြောတော့ဘဲ သူ့ကိုယ်‌ပေါ်က ဝတ်ထားတဲ့ ညဝတ်အင်္ကျီကို သတိထားမိသွားလေ၏။

"ငါ့ကို ဘယ်သူ အင်္ကျီလဲပေးထားတာလဲ ..."

"သေချာတာကတော့ နီနီမဟုတ်ဘူး ..."

"မရွဲ့နဲ့ အကောင်းမေးနေတာ ..."

"အေးလေ ငါပြောတာကရော မဟုတ်လို့လား ယောင်္ကျားလေး တစ်ယောက်ကို အဝတ်အစားလဲပေးတာက မိန်းခလေး ဖြစ်မှာတဲ့လား မင်းစဉ်းစားလေ ..."

ပြောပုံက ယောင်္ကျားလေးချင်း ဆိုတဲ့သဘော။

"ဒါဆိုရင် ..."

"ကောင်းသစ်လွင်နဲ့ လင်းရဝေလည်း မဟုတ်ဘူး ..."

လေးယောက်ရှိတာ သုံးယောက်မဟုတ်ဘူး ဆိုမှတော့ သူပဲပေါ့။ ဒါကို ဒဲ့မပြောဘဲ အရစ်ရှည်နေသော မိုင်း။

"မင်းလား ..."

"မင်းလား"ဟု ဆိုပြီး သူ့ကိုယ်ပေါ်မှာ ကိုယ်တပိုင်း ခြုံထားတဲ့ စောင်ကို ဆန်းက လှန်ကြည့်နေသေးသည်။ ဘာတွေ ငုံ့ကြည့်ပြီး ဘာတွေစမ်းစစ်နေသည် မသိ။ ဒါကို ကြည့်နေတဲ့ မိုင်းဆီကနေ ရယ်သံအချို့ ထွက်လာလေသည်။

"ဟား ဟား ဟား ...သဏ္ဍာန်ဆန်း ...သဏ္ဍာန်ဆန်း မင်းအခု ဘာတွေတွေးနေလဲ ငါသိနေတယ်နော် ..."

သူမတွေးဘဲ နေမလား။ ဆီဇာနေရဇ္ဇဆိုတဲ့ ကောင်က သူ့ကို စိတ်ဝင်စားပါတယ်။ တွဲရအောင်ဆိုပြီး ပြောနေတဲ့သူ။ ပြီးတော့ သူ့ကိုလည်း လာနမ်းဖူးသေး၏။ အရှေ့မှာ ဒီအခြေအနေမျိုးတွေ ရှိခဲ့ပြီးမှ အဝတ်အစားလဲပေးတာ သူဆိုတော့ ...။

"မင်းငါ့ကို ဘာထင်နေတာလဲ သဏ္ဍာန်ဆန်း ...မင်းအိပ်‌ပျော်နေတုန်း ငါတခုခု လုပ်မယ် ထင်နေတာလား ...အဟက် ..."

မိုင်းက ပြတင်းပေါက်နားမှာ ကျောခိုင်းရပ်ပြီး သူ့ကို လက်ပိုက်ကြည့်နေလေသည်။ မနက်ခင်းရဲ့ နေရောင်ခြည်ဟာ မိုင်းရဲ့ မျက်နှာတခြမ်းနဲ့ ဆံပင်တွေကို လာ၍ နမ်း‌နေ၏။
ညအိပ်ဝတ်စုံနဲ့ ဆံပင်တွေကလည်း အနည်းငယ်ပွနေသည်။ ခါတိုင်းမြင်နေကြလို သပ်ရပ်ရှင်းသန့်နေတာမျိုး မဟုတ်ပေမယ့် ဒီလို အိမ်နေရင်းပုံစံကလည်း ဆီဇာနေရဇ္ဇကို ကြည့်ကောင်း နေစေသည်သာ။

"ထင်စရာပဲလေ ...ငါ့ကို တွဲရအောင်လို့ ပြောနေတဲ့ သူတစ်ယောက်က ငါ့အဝတ်အစားတွေကို လဲပေးထားတယ်ဆိုတော့ ..."

"ငါ တဏှာရူးမှ မဟုတ်တာ ...ပြီးတော့ ငါမင်းကို စိတ်ဝင်စားတာ sexပိုင်းဆိုင်ရာ အဆင့်ထိ မရောက်သေးဘူး ..."

"အဲ့ဒါဆို စာချုပ်ဖျက်ပေး ..."

"ဘာဆိုင်လဲ ..."

"ဆိုင်ဆိုင် မဆိုင်ဆိုင် ငါဒီမှာ မင်းတို့နဲ့ မနေချင်ဘူး ..."

"ဘယ်သူကရော နေခိုင်းနေလို့လဲ ...ငါတို့က ဒီမှာ အမြဲနေတာမှ မဟုတ်တာ ..."

"မင်းတို့နဲ့ကို မပတ်သက်ချင်တာ ..."

"ငါတို့က အဲ့ဒီ့လောက်တောင် ဆိုးတဲ့ကောင်တွေလား ..."

ဒါကျတော့ သဏ္ဍာန်ဆန်းဆီကနေ အဖြေက ထွက်မလာပေ။ ဘာမှ ပြန်မဖြေဘဲ သူ့ကို လှမ်းကြည့်နေပြီး ကုတင်ပေါ်ကနေ ဆင်းလာလေသည်။

"ဘာပဲဖြစ်ဖြစ် ...ငါ ဒီကနေ ထွက်သွားမှာ ..."

"စာချုပ်နဲ့ဆိုတာ မင်းမမေ့နဲ့ ..."

"ငါမလုပ်ချင်တာကို အတင်းဆက်လုပ်နေစရာမှ မလိုတာ ...ဥပဒေအရ ဒါက အကျုံးမဝင်ဘူး ‌သဘောတူညီမှု စာချုပ်တစ်ခု အရပဲ ...ဒါပေမယ့် ငါကြိုထုတ်ထားတဲ့ သုံးလစာ အတွက်တော့ ငါ့မှာတာဝန်ရှိတယ် ...အဲ့ဒါကြောင့် သုံးလပြည့်တဲ့ထိ ငါအလုပ်လုပ်ပေးမယ် ...
ကျန်တာ ငါနဲ့ ဘာမှ လာမဆက်နွှယ်ကျနဲ့ ...မင်းတို့ အဖွဲ့ထဲကို ဝင်ဖို့ရော ...မင်းနဲ့ တွဲဖို့ရော ..."

ဆန်းက ဒါပဲ ပြောပြီး အခန်းထဲကနေ ထွက်သွားလေတော့သည်။ ထွက်သွားတဲ့ သူ့ကိုကြည့်ပြီး မိုင်းရဲ့ စိတ်ထဲမှာ ပိုင်ဆိုင်လိုစိတ်က ပြင်းပြင်းပြပြ။

"ဘာလို့ ဒီလောက်တောင် နည်းနည်းလေးမှ လွယ်ကူ မနေရတာလဲ ...ပိုပြီးပိုင်ဆိုင်ချင်လာအောင် ခက်ခဲနေတာက ငါ့အတွက် စိမ်ခေါ်မှုတစ်ခုလိုပဲ ...အဲ့ဒီ့စိမ်ခေါ်မှုတွေကို အရမ်း သဘောကျတယ် ..."

မိုင်းက တစ်ယောက်ထဲပြောပြီး တစ်ယောက်ထဲ ပြုံးနေလေ၏။
မနက်ဖြန်တိုင်းဟာ ပျော်ရွှင်စရာတွေကြီးပဲ ဖြစ်လာတော့မည်။
စိမ်ခေါ်မှုတွေ ရှိနေတဲ့ နေ့သစ်တိုင်းဟာ စိတ်လှုပ်ရှား ပျော်ရွှင်စေတတ်သည် မဟုတ်ပါလား။

****  *****  *****  *****  ***** 

"သဏ္ဍာန်ဆန်း ..."

ကျောင်းဆောင် အပေါ်ထပ်ကို တက်ဖို့ ခြေလှမ်းလိုက်ပြီးမှ နာမည်ခေါ်သံကြောင့် ဆက်မသွားဖြစ်ဘဲ လှည့်ကြည့်လိုက်မိ၏။ သူ့ကို ခေါ်လိုက်တာက မေဂျာက ကျောင်းသားခေါင်းဆောင် စီနီယာကိုစိုင်းတို့ အဖွဲ့ထဲမှ နှစ်ယောက်။

"စီနီယာတို့ ဘာကိစ္စ ရှိလို့လဲ ခင်ဗျ ..."

"ပြောစရာရှိလို့ ခဏလေး မသွားနဲ့ဦး ..."

"ဟုတ် ..."

သူခေါင်းညိတ်ပြလိုက်ပြီး လှေကားခြေရင်းနားမှာပဲ ရပ်နေလိုက်လေသည်။ လှေကားအတက်အဆင်းမှာ လူသွားလူလာ ရှိနေတာမို့ ဘေးကပ်ရပ်ပြီး သုံးယောက်သား စကားရပ်ပြောဖြစ်ကြ၏။

"မိုင်းတို့အုပ်စုနဲ့ မင်း အရမ်းခင်တယ်ဆို ..."

"ဗျာ မဟုတ်ပါဘူး ...ဘယ်သူ ပြောလို့လဲ ..."

ဆန်းက ငြင်းလိုက်လေသည်။

"ဟိုနေ့ကတောင် မိုင်းက မင်းကို ပုခုံးဖက်ပြီး ကျွန်တော်တို့က သူငယ်ချင်းတွေလို့ ပြောသွားတာ မဟုတ်လား..."

"အေးလေ ...မင်းရှိတဲ့ အတန်းတွေ နားမှာလည်း သူတို့လေးယောက် ရောက်ရောက်လာတာ မြင်နေတာပဲ ...သူများတွေက ပြောနေကြတယ် မင်းသူတို့အုပ်စုနဲ့ တော်တော်ရင်းနှီးတယ်တဲ့ ..."

အတိအကျ မသိရဘဲနဲ့ ကောလဟလတွေကို အမြင်နဲ့တင် ဆုံးဖြတ်လိုက်ကြပုံပါပဲ။ သူတို့ရဲ့ ဆက်နွှယ်မှုက ထင်သလောက် မရိုးရှင်းကြောင်း ဘယ်သူမှ မသိခဲ့ကြ။

"စီနီယာတို့က ဘာပြောချင်တာလဲ ..."

"ဒီလိုကွာ ...ဒီလကုန်မှာ သွားကြမယ့် tripမှာ သူတို့အုပ်စုကို ပါလာအောင် မင်းစည်းရုံးပေးပါလားလို့ ..."

"ဟုတ်တယ် သဏ္ဍာန်ဆန်း ကူညီပေးလို့ရမလား ..."

"ဘာအတွက်လဲ ..."

"ဟမ် ..."

"ကျွန်တော် ပြောချင်တာက ဘာလို့ သူတို့အုပ်စုကို tripမှာ လိုက်ဖို့ မဖြစ်မနေ လိုအပ်နေတာလဲ ဆိုတာ..."

"ပြောရရင် အဓိကက မိုင်းပဲပေါ့ ...မိုင်းသာ ဒီခရီးမှာ ပါလာခဲ့ရင် ငါတို့အတွက် ရန်ပုံငွေအတော်လေး သက်သာသွားမှာ ..."

"ဟုတ်တယ် ...ခရီးသွားနေရာတွေ တော်တော်များများမှာ KS group အပိုင် စခန်းချနေရာတွေနဲ့ ဟိုတယ်တွေ စားသောက်ဆိုင်တွေက နေရာတိုင်းမှာ ရှိတယ်လေ ...အဲ့လို အဲ့လိုကွာ..."

စီနီယာတွေ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ဆန်းရိပ်မိပါသည်။ အလိုရှိ၍ လိုက်စေချင်သည်။ ဒါမျိုးပါပဲ။

"ကျွန်တော် သဘောပေါက်ပြီ ...ဒါပေမယ့် ကျွန်တော် ပြောပေးနိုင်မယ် မထင်ဘူး ..."

"ဘာလို့လဲ ..."

သူပြောလိုက်တော့ စီနီယာတွေက သိပ်လက်မခံချင်။ သူ့ပုခုံးကိုတောင် တစ်ယောက်က လှမ်းကိုင်လိုက်ပြီး ပြောနေ၏။

"ကျွန်တော် သူတို့နဲ့ အဲ့ဒီ့လောက် မရင်းနှီးဘူး ...ပြီးတော့ ခရီးကို သူတို့မလိုက်ချင်လို့ မလိုက်တာဘဲ ...အတင်းသွားခေါ်နေလည်း အပိုပဲလေ ...ဆန္ဒမရှိတာကို ဘာလို့ အတင်းအကြပ် သွားပြောနေရမှာလဲ မဟုတ်ဘူးလား ..."

စီနီယာနှစ်ယောက်မှာ သဏ္ဍာန်ဆန်း စကားကြောင့် မျက်နှာတွေပင် ပျက်သွားကြ၏။ သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးဟာ သူတို့တွေ ကြားဖူးတဲ့ ကောလဟလတွေ အတိုင်းပါပဲ။ အရမ်းကို ဂျစ်တစ်တစ်နိုင်ပြီး ထော်လော်ကန့်လန့်နဲ့ ပြန်မပြော နားမထောင်လေးတဲ့။

"အေးပါ မင်းမပြောပေး ချင်တော့လည်း ဘယ်တတ်နိုင်မလဲ ...ထားလိုက်ပါတော့ ..."

စီနီယာနှစ်ယောက်က သိပ်တော့ မကျေနပ်ပေမယ့် ဆက်မပြောတော့ပါ။ လာရာလမ်းအတိုင်း ပြန်ထွက်သွားကြလေသည်။
ဆန်းလည်း သူဆက်သွားမယ့် အပေါ်ထပ် လှေကားတွေကို တက်လာလိုက်သည်။ လှေကားတဆင့်ချိုး အကွေ့ထောင့်မှာ လူတစ်ယောက် ရပ်နေတာကို သူမြင်လိုက်ရပါသည်။ အဲ့ဒီ့လူက ဆီဇာနေရဇ္ဇ ဖြစ်နေခဲ့၏။
ဒီတစ်ယောက်က ဒီနေရာမှာ ဘယ်အချိန်ထဲက ရှိနေခဲ့သည်လဲ။
ဆီဇာနေရဇ္ဇကို တချက်ပဲကြည့်ပြီး သူ့လမ်းသူ ဆက်သွားဖို့ ဘေးကနေ ဖြတ်သွားစဉ်။

"ကျေးဇူးပဲ ..."

"ဘာကိုလဲ ..."

"စီနီယာတွေ ခိုင်းတာ မင်းမလုပ်ဘူး ပြောလို့လေ ..."

"ငါမလုပ်ချင်လို့ မလုပ်တာဘဲ ...မင်းကျေးဇူးတင်စရာမှ မလိုတာ..."

"ငါ့သဘောနဲ့ငါ တင်တာကွာ ဘာဖြစ်လဲ ..."

ဒီသဏ္ဍာန်ဆန်းဟာ ဘယ်တော့မှ စကားကို အကောင်းပြောလို့ မရတာမို့ မိုင်းကလည်း တမင်ရွဲ့လေ၏။

"လုပ်နေလိုက် အဲ့ဒီ့မှာ ..."

ဆန်းက ဂျစ်ကန်ကန် ထပြောပြီး ဆက်သွားဖို့ လုပ်လိုက်သည်။ ဒါပေမယ့် မိုင်းက သူ့လက်ကို ဆွဲထားလိုက်ပြီး ...

"ငါတို့အုပ်စု လူတွေကို ဘာလို့ အပေါ်ယံပဲ ဆက်ဆံတာလဲ မင်းသိပြီလား ..."

ပထမတော့ အဆွဲခံထားရတဲ့ လက်ကို ရုန်းဖို့တွေးလိုက်ပေမယ့်လည်း မိုင်းရဲ့ စကားကြောင့် လူက မလှုပ်ဖြစ်။

"ငါတို့နဲ့ လာပတ်သက်ချင်ကြတဲ့ လူတွေတော်တော်များများက အဲ့ဒီ့လို လူတွေကြီးပဲ ...ငါတို့ဆီက တခုခုကို ရဖို့ မျှော်လင့်နေတဲ့ ရည်ရွယ်ချက်တွေနဲ့ ရောက်လာတဲ့ သူတွေ ..."

"လူတိုင်းတော့ မဟုတ်ဘူးလေ ..."

"ငါပြောတာကလည်း အကုန်လုံးလို့ မပြောဘူးလေ အများစုက ဒီလိုလူတွေပဲ ..."

"အဲ့ဒါ ငါ့ကို ဘာလို့ လာပြောပြနေတာလဲ ..."

"မင်းကို သိစေချင်တာလေ ...ငါတို့အုပ်စုက ဘာလို့ အပေါ်ယံ ဟန်ဆောင်မှုတွေကြား နေနေရသလဲဆိုတာ ...အစစ်အမှန်တွေ မရှိတဲ့ လူတွေကြားထဲမှာမို့လို့ ငါတို့ကလည်း အပြုံးမျက်နှာဖုံးတွေ တပ်ထားရတယ်ဆိုတာ ..."

သဏ္ဍာန်ဆန်းက သူ့စကားကြောင့် မျက်ဝန်းတွေကို ငေးကြည့်မိသွားရသည်။ ဒါက ဖြစ်သင့်တာပဲ မဟုတ်လား။ အစစ်အမှန်တွေ မဟုတ်လို့ ဟန်ဆောင်မှုတွေနဲ့ တုံ့ပြန်ခဲ့သည်။ ဆန်း ဒါကို နားလည်ပါ၏။ ဒါပေမယ့်လည်း သူပြန်ပြောလိုက်တဲ့ စကားကတော့ တခြား ...

"ငါသိဖို့ မဖြစ်မနေ လိုအပ်နေလို့လား ..."

"လိုအပ်တာပေါ့ ...မင်းက ငါတို့ကို လူဆိုးတွေလို့ ထင်နေတာလေ ...ငါတို့ဆိုးတယ်ဆိုတာ လူတွေက မကောင်းလို့ဘဲ မဟုတ်လား ..."

"မကောင်းရင် မကောင်းသလိုဘဲ ပြန်ဆက်ဆံလိုက်ပေါ့ ပေါ်တင်... နောက်ကွယ်ကျမှ လက်တုံ့ပြန်တာမျိုး မဟုတ်ဘဲနဲ့ ..."

"မင်းမသိပါဘူး ..."

မိုင်းက ဒါပဲပြောပြီး သူ့လက်တွေကို လွှတ်ပေးလိုက်သည်။ "မင်းမသိပါဘူး"ရဲ့ အနောက်မှာ တစုံတရာ အကြောင်းတရားတွေ ရှိနေကြောင်း ဆန်းကလည်း သတိထားမိလိုက်ပါ၏။

တွေဝေငေးငိုင်သွားတဲ့ ဘေးတိုက်မျက်နှာ visual ကို တချက်တော့ ဆန်းငေးကြည့်လိုက်သည်။ ပြီးတော့ သူ့အနားကနေ ထွက်ခွာဖြစ်၏။

"ငါနဲ့ တွဲဖို့ စဉ်းစားပြီးပြီလား ..."

ဒါတောင်မှ ဖြတ်သွားဖြတ်လာ ကျောင်းသားတွေ မကြားအောင် မကြားတကြား ခပ်တိုးတိုး လှမ်းပြောလိုက်သေးတဲ့ ဆီဇာနေရဇ္ဇ။
သဏ္ဍာန်ဆန်းက သူ့ကို လှည့်ကြည့်ပြီး ခေါင်းခါလည်ခါနဲ့ သက်ပြင်းတွေလည်း ချသွားသေးရဲ့။ သဏ္ဍာန်ဆန်း ပုံစံလေးက ချစ်စရာတော့ အကောင်းသား။ သူ့မျက်ဝန်းထဲမှာပေါ့လေ...။

****  *****  *****  *****  ***** 

(Author's note)

ဒီဒီ သဏ္ဍာန်ဆန်းရဲ့ ခံစားချက်တချို့ကို videoလေး လုပ်ပေးထားပါတယ်နော် 🤗
ကျနော့် အသံက သိပ်တော့နားထောင်လို့ မကောင်းပါဘူး။
ဒါပေမယ့် ချစ်တဲ့စိတ်နဲ့လည်း ရူးရပါတယ်။
သဏ္ဍာန်ဆန်းရယ်။ 💛💙

****  *****  *****  *****  ***** 

Continue Reading

You'll Also Like

547K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 109K 41
သူ့နာမည်က လမင်းခကြွေ.... king အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ.. ကျောက်မျတ်ရတနာလောကမှာတော့ဘုရင်တစ်ပါးလိုပဲ... အားလုံးက တင်စားကြတာတော့ သူကငယ်င...
59.8K 3.7K 36
ကလေးဘဝတည်းက ကိုရီးယားရောက်သွားပြီး Idol တစ်ယောက်ရဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အကပညာရှင် ငွေရောင်ဆံပင်တွေနဲ့ကောင်လေး 👱 မိန်းကလေးတွေရဲ့ စိတ်ကူးထဲကချစ...
916K 86.2K 45
လောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9