သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.9M 318K 11.9K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_4 (Z)

6.3K 961 8
By Saung_Nay_Chi

(အားကစားကွင်းထဲမှ ပြဿနာ ဖြစ်ပြီး နှစ်ပတ်ကျော်အကြာ ...)

အတန်းချိန် စောနေသေးတာမို့ ဆရာ မဝင်သေးတဲ့အချိန်။ ကျောင်းသားတွေတော့ အခန်းထဲ ရှိနေကြ၏။ သူ့အစုနဲ့သူ စကားပြောနေကြသလို တချို့ကျတော့လည်း စာလုပ်နေကြသည်။ သဏ္ဍာန်ဆန်း ကတော့ မိုးရွာနေတဲ့ ဖြစ်စဉ်ကို ပြတင်းပေါက်က‌ တဆင့် လှမ်းငေး ကြည့်နေ၏။

သူထိုင်နေတဲ့ နေရာက ပြတင်းပေါက်တွေနဲ့ နီးနေပြီး သူ့ဘေးမှာ ကြည်သာက ထိုင်နေ၏။ ကြည်သာကတော့ အနောက်ခုံက ကျောင်းသားတွေနဲ့ စကား ဖောင်ဖွဲ့နေလေရဲ့။ မိုးတွေ ရွာနေတာက သူ့အတွက်တော့ တခြား အရာတွေထက် စိတ်ဝင်စားစရာ ကောင်းနေသည်လား မသိ။ စိတ်လွတ် ကိုယ်လွတ်ကို ငေးမော ထိုင်ကြည့်နေတာမျိုး။

"မင်းတို့ ဟိုသတင်း ကြားပြီးပြီလား ..."

"ဘာ သတင်းလဲ ..."

ကြည်သာနဲ့ အနောက်ခုံက ကျောင်းသားတွေ ပြောနေတဲ့ စကားသံတွေက တိုးတိုး ကြိတ်ကြိတ် ပြောနေတာမျိုး မဟုတ်။ အတိုင်းအတာ တစ်ခုထိ ကျယ်၏။ သဏ္ဍာန်ဆန်းလည်း အတိုင်းသား ကြားနေရပါသည်။

"ငါတို့ မေဂျာက ကိုခန့်သော်ကြီး သူ့ကောင်မလေးနဲ့ ပြတ်သွားပြီတဲ့ ..."

"ဘယ်သူလဲ ကိုခန့်သော်က ..."

"ဟာ ...ဟို‌တစ်နေ့က အားကစားကွင်းထဲမှာ ဆီဇာနေရဇ္ဇကို ထိုးလိုက်တဲ့ တစ်ယောက်လေ ..."

သဏ္ဍာန်ဆန်းရဲ့ အာရုံက မိုးရေစက်တွေ ဆီမှာ မဟုတ်တော့။ သတင်းကို ပြောနေတဲ့ အနောက်က တစ်ယောက်ကို လှည့်မကြည့် ဖြစ်သော်လည်း သူနားထောင် နေမိ၏။

"ဟမ် သူလား ..."

"အေး ..."

"ဘယ်လိုဖြစ်တာလဲ ...ဆီဇာနေရဇ္ဇကို သွားစွပ်စွဲပြီး ပြဿနာရှာလို့ သူ့ကောင်မလေးက ဖြတ်လိုက်တာလား ..."

"မဟုတ်ဘူး ...ကိုခန့်သော်ကြီးက သူ့ကောင်မလေးကို ဖြတ်လိုက်တာတဲ့ ...အခု သူက နီနီသစ်လွင်ကို အတင်း လိုက်ကပ်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေတာ ..."

"ဟမ် နီနီသစ်လွင်က ဘယ်လို ပါလာတာလဲ ..."

"လက်ရှိရည်းစားကို ချက်ချင်း ဖြတ်ပြီး နီနီသစ်လွင် နောက်ကို လိုက်တယ်ပေါ့... ဒါက ဘယ်လို အမြှီးအမောက် မတည့်တာကြီးလဲ ..."

"အဲ့ဒါပြောတာပေါ့ ရုတ်တရက်ကြီး သူက နီနီသစ်လွင်ကို တမ်းတမ်းစွဲ လိုက်ကပ်နေတာ ...နီနီသစ်လွင် နောက်ကို တကောက်ကောက် လိုက်တယ် ...ပန်းစည်းတွေ လက်ဆောင်‌ ပစ္စည်းတွေ နေ့တိုင်း သွားပေးတယ်တဲ့ ..."

"နီနီသစ်လွင် ဘက်ကရော သူ့ကို လက်ခံလား ..."

"အလိုက်အထိုက်တော့ ဆက်ဆံမှာပေါ့ဟ ...သူ့ကို လိုက်နေတဲ့ ကောင်တွေကို ဒီလိုပဲ ဆက်ဆံနေကြပဲလေ သူက ...fanတစ်ယောက်ကို celeတစ်ယောက်က လက်ခံတာထက်တော့ ပိုမှာမဟုတ်ဘူး ..."

"အေးလေ ကျောင်းရဲ့ အလှနတ်ဖုရားမကို လွယ်လွယ် လိုက်လို့ ရနိုင်မယ်ဆိုရင် ကိုခန့်သော်ကြီးက ဒီကျောင်းမှာ ဆရာတဆူ အဖြစ် တင်မြှောက်ခံရလိမ့်မယ် ..."

မေဂျာရဲ့ နတ်သမီး နီနီသစ်လွင်ကို လိုက်လို့ရတဲ့ ကျောင်းသားဆိုတာ အခုထိ မရှိသေးပေ။

"နီနီသစ်လွင်က သူ့ကို လိုက်နေတဲ့ ကောင်တွေကို ဘယ်ငဲ့ကြည့်မလဲဟ ...သူ့ဘေးမှာက ဆီဇာနေရဇ္ဇတို့ လင်းရဝေတို့လို လူတွေ ရှိနေတာကို ...ငါထင်တာ နီနီသစ်လွင်က အဲ့ဒီ့ နှစ်ယောက်ထဲက တစ်ယောက်နဲ့ အချိန်တန်ရင် တွဲလိမ့်မယ် ထင်တယ် ..."

"သူတို့ တွေက သူငယ်ချင်းတွေလေ... သူငယ်ချင်း အချင်းချင်း ပြန်တွဲမလားဟ ..."

"သူငယ်ချင်း အချင်းချင်း မတွဲရဘူးလို့ ဘယ်ဥပဒေက ထုတ်ထားလို့လဲ ..."

"အေးလေ ဒီလောက်လှတဲ့ ကျောင်းရဲ့ နတ်သမီးကို မကြွဘေူးဆိုရင် အဲ့ဒီ့နှစ်ယောက်က gay နေတာပဲ ဖြစ်မယ် ..."

ခန့်သော်အကြောင်း ပြောနေရာကနေ နီနီသစ်လွင်တို့ အကြောင်းကို ရောက်သွားတဲ့ စကားဝိုင်း။

"Gay နေတယ် ဆိုရင်လည်း လင်းရဝေနဲ့ ကောင်းသစ်လွင် တို့ပဲ ဖြစ်လိမ့်မယ် ...ဆီဇာနေရဇ္ဇတော့ လုံးဝ မဖြစ်နိုင်ဘူး ..."

"ဘာလို့ အတိအကျလဲ ..."

"ဒီရုပ်ရည် ဒီအရပ်အမောင်း ဒီခန္ဓာကိုယ် အချိုးအစားမျိုးနဲ့ gay မယ်ဆိုတာ မဖြစ်နိုင်ဘူး ..."

ယောင်္ကျားလေးချင်း ချီးမွမ်းပြောဆို ရလောက်အောင် ဆီဇာနေရဇ္ဇရဲ့ ဖြစ်တည်မှု အစိတ်အပိုင်းတွေက ဒီလို ထူးကဲနေခဲ့လျက်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ gay တယ်ဆိုတာ အဲ့ဒီ့လို အချက်တွေနဲ့ သက်ဆိုင်နေတာမှ မဟုတ်တာ ..."

"ဆိုင်ပါတယ်ဆို ..."

"မဆိုင်ဘူးဟ ..."

ငြင်းခုံနေကြတဲ့ ပွဲကို လျစ်လျူရှု့ပြီး မိုးရေစက်တွေကို ဆက်ငေးလိုက်၏။ အတွေးတွေကတော့ အားကစားကွင်း ထဲမှာ မြင်ခဲ့ရတဲ့ ဆီဇာနေရဇ္ဇရဲ့ အပြုံးတွေ ဆီမှာ။

"အဲ့ဒီ့ အပြုံးတွေနဲ့ တစ်ခုခု ပတ်သက်နေမလား ..."

သူ့ရဲ့ ခပ်တိုးတိုး ရေရွတ်လိုက်မှုက ကြည်သာ့ကို ကြားသွားစေသည်။

"ဟင် ဘာလဲ ဘယ်အပြုံးလဲ ..."

"ဘာမှ မဟုတ်ဘူး ..."

"မင်း တစ်ခုခု ပြောလိုက်တယ် မဟုတ်ဘူးလား ..."

ဆန်းက ကြည်သာ့ကို ခေါင်းခါပြလိုက်သည်။ ဒီတော့ ကြည်သာလည်း ဘာမှ ဆက်မပြောတော့ပေ။

"မိုးကလည်း ရွာလိုက်တာ ... ဆန်း မင်း ဒီအတန်း ပြီးရင် ပြန်မှာ မဟုတ်လား ..."

"အေး ..."

"ထီးရော ပါရဲ့လား ..."

"မပါဘူး ..."

"ငါ့မှာ ပါတယ် အပြန်ကျရင် ငါလိုက်ပို့ ပေးရမလား ..."

"ငါက စက်ဘီးနဲ့ ပြန်မှာကို မင်းက ဘယ်လို လိုက်ပို့ မှာလဲ ..."

ဆန်းက ကိုယ်ပိုင်ကား မရှိသလို ဘတ်စ်ကားလည်း မစီးတဲ့သူ။ ကျောင်းကို စက်ဘီးစီးပြီး လာတက်တဲ့ သူတွေထဲမှာ သဏ္ဍာန်ဆန်း သည်လည်း အပါအဝင် ဖြစ်သည်။

"ဒီနေ့ မိုးရွာနေတာပဲ စက်ဘီးကို ကျောင်းမှာပဲ ထားခဲ့လိုက်လေ bus car နဲ့ ပြန်ပေါ့ ...ငါ ကားမှတ်တိုင် အထိ လိုက်ပို့ပေးမယ် ..."

"ရတယ် ငါ စက်ဘီးနဲ့ပဲ ပြန်မှာ ..."

"စာအုပ်တွေ ဘယ်လို လုပ်မလဲ ..."

"ကျောင်းက locker ထဲမှာ ထားခဲ့မယ် ..."

"မင်း မိုးရေထဲ လျောက်သွားချင်‌ နေပြန်ပြီလား ဆန်း ..."

"အေး ငါမိုးရေထဲ လမ်းလျောက် ချင်လာလို့ ..."

သဏ္ဍာန်ဆန်းနဲ့ သိလာတဲ့ နှနှစ်အတွင်းမှာ မိုးရေထဲ လျောက်သွားနေတတ်တဲ့ နေ့စွဲတွေလည်း ရှိခဲ့သည်။ ဒါကြောင့် ကြည်သာ တစ်ယောက် အရိပ်ပြရုံနဲ့ အကောင်လိုက်ကို မြင်နေခဲ့လေပြီ။

*****  *****  *****  *****  ***** 

ကျောင်းဝင်းထဲက လမ်းမ တစ်နေရာမှာ ကားကို ခဏရပ်ထားပြီး လင်းရဝေကို သူ စောင့်နေမိ၏။ "ခဏလေး ငါအခု လာ‌နေပြီ ခဏလေးပဲ စောင့်နေ" တဲ့။ သကောင့်သား ကိုတော့ အခုထိ အရိပ်ပင် မမြင်ရသေးပါ။

အပြင်ဘက်မှာ အေးအေး ငြိမ့်ငြိမ့်လေး ရွာသွန်းနေတဲ့ မိုးရေစက်တွေကို ကားထဲကနေ မိုင်း တစ်ယောက် ထိုင်ကြည့် နေမိ၏။ ထိုအချိန်တွင် ကျောင်းဆောင် လမ်းချိုး ဘက်ကနေ ထွက်လာတဲ့ စက်ဘီး တစ်စီးနဲ့ ကောင်လေး။ သူက မိုင်းနဲ့ မျက်နှာချင်းဆိုင်က လူသွားလမ်း ပလက်ဖောင်း ပေါ်ကနေ သွားနေတာ ဖြစ်သည်။

"ဟို တစ်ယောက်ပဲ ..."

မိုင်းက မြင်လိုက်တာနဲ့ ဘယ်သူမှန်း တန်းပြီး မှတ်မိ နေခဲ့လေပြီ။ သူ့ကို ပထမဆုံး စတွေ့ခဲ့ဖူးတဲ့ ရက်က လိုပါပဲ။ အခုလည်း အနေအထားက အနည်းငယ် ခွဲထွက် နေတဲ့သူ။

စက်ဘီးကို မစီးဘဲ လက်ကနေ တွန်းလာသည်။ ထီးမပါလို့ မိုးရေထဲ လမ်းလျောက် ပြန်တာ ဖြစ်နိုင် ပါ‌သော်လည်း သူ့ပုံစံက မိုးမိလို့ စိတ်ရှုပ် နေတာမျိုးတော့ မဟုတ်။

မိုးရေတွေထဲ ကျေကျေနပ်နပ် လမ်းလျောက်နေရလို့ ပျော်ရွှင်နေတာမျိုး။ လမ်းလျောက်နေရင်းနဲ့ ခဏလောက် ရပ်လိုက်ပြီး ကောင်းကင်ကို မျက်နှာမူကာ ခေါင်းကို အနည်းငယ် မော့လိုက်သေး၏။ ဒါက ဟိုနေ့ကလိုမျိုး ပုံစံနဲ့ တထပ်ထဲ။

"ခဏနေ ပြုံးတော့မယ် ... 1 2 3 ..."

မိုင်းက အကြားအမြင် ရနေသူလိုမျိုး တစ်ယောက်ထဲ ရေရွတ်လိုက်၏။ မိုင်း ပြောသလိုပင် တကယ်ပဲ မိုးရေထဲမှ သူ့ရဲ့ မျက်နှာတွင် သုံးစက္ကန့် အတွင်း အပြုံးတွေ နေရာယူ လာခဲ့ပါသည်။

အရွယ်ရောက်ပြီးသား ယောင်္ကျားလေး တစ်ယောက်ရဲ့ အပြုံးက အဲ့ဒီ့လိုမျိုး အပြစ် ကင်းစင်တဲ့ ကလေးတစ်ယောက်လို ဖြစ်နေနိုင်လို့လား။ အဲ့ဒီ့ မေးခွန်းအတွက် အဖြေက‌တော့ အခုထိ သူ့မှာ ရေရေရာရာ မရှိသေးပေ။

မိုင်းက ကားတံခါးမှန် ပေါ်တွင် လက်ညှိုးလေး ထောက်လိုက်၏။ ပြီးတော့ သူ့မျက်လုံး တစ်ဖက်ကိုလည်း မှိတ်လိုက်‌ သေးသည်။ မိုးရေထဲက ကောင်လေးရဲ့ ပါးပြင်ကို မှန်ပြင်ကနေ တဆင့် လှမ်းထိ လိုက်တာမျိုး။
အပြင်က ကြည့်ရင် မှန်အနက်တွေပဲ မြင်ရသည့် ကားမို့ မိုင်း လုပ်သမျှကို ဘယ်သူမှ မမြင်နိုင်ပေ။

သူ့ဆံပင်တွေက မိုးရေတို့ကြောင့် စိုကပ်ပြီး ဖြစ်သလို နိုင်နေပေမယ့် တမျိုး ကြည့်ကောင်းနေ၏။ လေးထောင့်ဆန်ဆန် မေးရိုးတွေ မရှိဘဲ သွယ်မယောင်နဲ့ ဝိုင်းသွားသည့် မေးရိုးတွေသာ ရှိသည်။ မျက်လုံး မျက်ခုံး နှာခေါင်း နှုတ်ခမ်း အားလုံးက ထူးချွန်ပြီး လှပနေတာမျိုး မရှိ။ သာမန် အစိတ်အပိုင်းတွေ ဆိုပေမယ့် အားလုံး ခြုံကြည့် လိုက်ရင်တော့ ကြည့်ကောင်းတဲ့ ရုပ်ရည်မျိုးသာ။

"ဆောရီး ...စောင့်နေရတာကြာ သွားပြီလား ဟဲဟဲ ..."

ကားတံခါး ဖွင့်သံနဲ့ အတူ အနားမှာ လာထိုင်သူက လင်းရဝေ။ မိုင်းက သူ့လက်ကို ပြန်ချ ထားလိုက်ပြီး လင်းရဝေကို လှည့်ကြည့်လိုက်၏။

"မင်း ဘာလုပ်နေတာလဲ မိုင်း ..."

"ဟင် ...ငါဘာမှ မလုပ်ပါဘူး ..."

"လုပ်ပါတယ် ကားမှန်ကို လက်ညှိုးနဲ့ ပွတ်နေတာလေ ..."

အချိန်ခဏလေး အတွင်းမှာကို မြင်လည်း မြင်နိုင်သည့် မျက်စိ။ မိုင်းက သူခိုးလူမိ သွားပေမယ့်  ဘာမှ ပြန်မဖြေဘဲ ကားစတီယာရင်ကို ကိုင်လိုက်၏။ ထွက်ခွာရန် အဆင်သင့်။

"ဖြေဦးလေ မင်း ဘာလုပ်နေတာလဲလို့ ..."

"ပွတ်နေတာ မြင်ရင် ပွတ်နေတယ် လို့သာ မှတ်ကွာ ...အရမ်း စကားများတာပဲ မင်း ..."

"ပွတ်တယ် ဆိုတာ အကြောင်းရှိလို့ ပွတ်တာပေါ့ အကြောင်း မရှိဘဲ မနေဘူး ...မင်း တစ်ခုခု လုပ်နေတာ သေချာတယ် ... ဘာလဲ မဟုတ်မှ လွဲရော နှာခေါင်း နှိုက်ပြီး မှန်မှာ သုတ်နေတာလား ..."

"အေး ဟုတ်တယ် ..."

မိုင်းက ရယ်ကျဲကျဲနှင့် လင်းရဝေကို စလိုက်၏။ လင်းရဝေကတော့ ဘေးကနေ ပြောမဆုံးတော့ပေ။

"မင်းကွာ ရုပ်လေးနဲ့မှ မလိုက် အရမ်း ညစ်ပတ်တာပဲ ...နောက် ငါ မင်းကားကို မစီးတော့ဘူး ...ဒီနေ့ ငါ့ကားလေး ပျက်နေလို့ မင်းနဲ့ ကပ်လိုက်တာ ...နောက် ဘယ်တော့မှ လိုက်မစီးတော့ဘူး ဟေ့ကောင် ..."

မိုင်းက ဘာမှ ပြန်မပြောဘဲ ရယ်‌မောရင်းနဲ့ ကားကို မောင်းထွက် လာခဲ့တော့သည်။ အနောက်မှာ ကျန်ရစ်ခဲ့တဲ့ မိုးရေထဲမှ ကောင်လေးကိုလည်း ကားဘက်မှန်ကနေ တဆင့် သူလှမ်းကြည့် လိုက်ပါသေး၏။

တွေ့ဆုံမှုတိုင်းက အပြုအမူ အထူးအဆန်းတွေနဲ့သူ။ မြင်လိုက်ရတိုင်းမှာ တစ်ခုခု စွဲထင် ကျန်နေခဲ့စေ၏။ ယောင်္ကျားလေး တစ်ယောက်ရဲ့ အာရုံကို ဖမ်းစားနိုင်တာက ပုံမှန်ဆိုရင် မိန်းခလေး တစ်ယောက် ဖြစ်နိုင်သည်။ အခုကျတော့ မိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်တာက ဖြူဖြူ သွယ်သွယ် ကောင်လေး တစ်ယောက်။

ပြီးတော့ သူက သာမန်မကျတဲ့ ကောင်လေး ...။

*****  *****  *****  *****  ***** 

Continue Reading

You'll Also Like

449K 25.4K 78
သံမဏိနှင်း‌ဆီ-Book Announcement
141K 6.6K 23
-ငေးကြည့်နေရုံနှင့်ကျေနပ်နေခဲ့သည့်သူ့ဘဝက နောင်တစ်ချိန်ငေးကြည့်ခွင့်တောင် မရနိုင်တော့မှန်း သိသည့်အချိန်မှာ ထိုသူ့အပေါ်ထားသည့် သူ့ရဲ့အချစ်တွေက နယ္ကြၽံေ...
227K 21.2K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .
1M 109K 41
သူ့နာမည်က လမင်းခကြွေ.... king အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ.. ကျောက်မျတ်ရတနာလောကမှာတော့ဘုရင်တစ်ပါးလိုပဲ... အားလုံးက တင်စားကြတာတော့ သူကငယ်င...