ကူတစ်သောင်းရဲ့ အလင်္ကာ

By Darli_Henituse

14.4K 1.2K 19

Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publis... More

ဇာတ်လမ်းအကျဉ်းချုပ်
ဇာတ်လမ်းအကျဉ်းချုပ်
နိဒါန်း
နိဒါန်း
အပိုင်း - ၁
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၃
နိဂုံး
နိဂုံး

အပိုင်း - ၂

458 31 0
By Darli_Henituse

ကျွန်ုပ်စားပွဲခုံရှေ့တွင် ထိုင်လိုက်ပြီး ကျွန်ုပ်နှင့်စုပိုင်၏ တစ်ခုတည်းသော တွေ့ဆုံမှုအကြောင်းကို ယွဲ့ချီအား ဖြည်းဖြည်းချင်း ပြန်လည်ပြောပြနေသည်။

ယွဲ့ချီက ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီး သူ့မျက်နှာအမူအရာသည် ရေသေကန်ကဲ့သို့ ခံစားချက်ကင်းမဲ့လျက်ရှိသည်။ မျှော်စင်အောက်မှ သူမ၏ဝမ်းနည်းဖွယ်ငိုကြွေးမှုအကြောင်း ကျွန်ုပ်ပြောပြသည်ကို ကြားရသောအခါမှသာ သူရုတ်တရက်တွန့်ဆုတ်သွားလေ၏။

ထို့နောက် ကျွန်ုပ်သူ့အား ပြောလိုက်သည်။

"ငါသူမအတွက် အိပ်မက်တစ်ခု လုပ်ပေးခဲ့ဖူးတယ်။ မင်းသူမကို တကယ်တွေ့ချင်ရင် ငါမင်းကို သူမအိပ်မက်ထဲ ထည့်ပေးလို့ရတယ်။ အဲ့ဒါကို သူမရဲ့အတိတ်အဖြစ် ပြောင်းလိုက်ပြီး မှတ်ဉာဏ်တွေထဲကနေ ငါတို့သူမကို ရှာလို့ရတယ်။ အဲ့လိုဆိုရင်တော့ သူမကို တွေ့လောက်မှာပါ"

"ခင်ဗျားရော ဘာလိုချင်လဲ"

သူခေါင်းမော့ကာ မေးခွန်းထုတ်လာ၏။

ကျွန်ုပ်ခဏမျှစဉ်းစားကြည့်ပြီးနောက် ဘာမှမလိုချင်သောကြောင့် သူ့ကိုသာ မေးလိုက်သည်။

"မင်းသူမကို ချစ်ခဲ့လား"

သူသည် သူ့အကြည့်ထဲမှ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လုံးများကို အောက်ဘက်သို့ စိုက်ချထား၏။ အချိန်အတော်ကြာသွားပြီး နောက်ဆုံးတွင် သူပြန်ဖြေလာခဲ့သည်။

"လွန်ခဲ့တဲ့သုံးနှစ် သူမပျောက်သွားပြီးတော့ ကျွန်တော်သူမကို လိုက်ရှာနေခဲ့တာ။ အားလိုင်ပြောတာကတော့ သူမက ကျွန်တော့်အမိန့်တွေကို မနာခံချင်တော့လို့ ထွက်ပြေးသွားတာတဲ့။ ကျွန်တော့်ကို ထပ်မြင်နေရတာထက် အသေပဲခံလိုက်မယ်လို့ ဆိုလောက်တဲ့အထိ သူမကကျွန်တော့်ကို မုန်းနေလို့တဲ့"

"ဒါပေမယ့်..."

သူခဏရပ်ဆိုင်းလိုက်သည်။ သူ့အသံသည် ခံစားချက်ကင်းမဲ့နေဆဲဖြစ်သော်လည်း ၎င်း၌ သေချာမှုတစ်စိတ်တစ်ပိုင်းပါဝင်နေသည်။

"ကျွန်တော်မယုံဘူး"

"မင်းက ဘာလို့မယုံရတာလဲ"

အကြောင်းပြချက်မရှိပါဘဲ ထိုသူ၏ ယုံကြည်မှုလွန်ကဲနေခြင်းကြောင့် ကျွန်ုပ်ဒေါသထွက်သွားပြီး ဒေါသအလျောက် ဆက်မပြောဘဲ မနေနိုင်တော့။

"ငါ့ဆရာသာ မင်းလိုလူမျိုးဖြစ်နေရင် ဝေးဝေးပြေးနိုင်သလောက် ငါထွက်ပြေးမှာပဲ။ ပြီးတော့ မင်းအစား သေခြင်းတရားကိုပဲ ရွေးမိလိမ့်မယ်"

"ခင်ဗျားက သူမနဲ့ ကွာတယ်လေ"

ကျွန်ုပ်စကားကို ကြားပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်လာကာ အပြုံးခပ်ဖျော့ဖျော့တစ်ခုဖြစ်တည်လာ၏။

"သူမက ကျွန်တော့်ကမ္ဘာမှာရှိတဲ့ တစ်ဦးတည်းသောသူပဲ။ ဆယ်နှစ်ကျော်ကြာအောင် သူမကြီးပြင်းလာတာကို ကျွန်တော်စောင့်ကြည့်ခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ သူမကို ကျွန်တော့်ထက်ပိုပြီး နားလည်တဲ့သူမရှိဘူး။ သူမက ကျွန်တော့်ကို ချစ်တယ်။ သူမ,သေရင်တောင် ကျွန်တော့်ဘေးမှာပဲသေဖို့ ရွေးချယ်မှာ"

ထိုသူသည် သံသယအရိပ်အမြွက်မျှပင် မရှိဘဲ ပြောဆိုနေလေ၏။ ဒေါသူပုန်ထသွားသော ကျွန်ုပ်သည်လည်း အံကြိတ်ကာ စုပိုင်အတွက် ခံပြင်းမိသွားသည်။ သို့သော် မျက်ဆံကိုသာ လှန်လိုက်ပြီး သည်းခံရင်း ပြောလိုက်သည်။

"ဒီနေ့ညငါတို့ သူမအိပ်မက်ထဲဝင်ကြမယ်"

"ကောင်းပါပြီ"

သူကား တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလေ၏။

ထိုည၌ အစီအစဉ်များကို ကျွန်ုပ်ပြုလုပ်ပြီးနောက် သူနှင့်အတူပါလာသော သူ၏စွမ်းအားအကြီးဆုံးကူသတ္တဝါ'ကျွယ်ရှား'တစ်ဖြစ်လဲ ထိုမိန်းကလေးအား တံခါးပေါက်ကို စောင့်ကြပ်ခိုင်းရန် ယွဲ့ချီအား တောင်းဆိုလိုက်သည်။

ပြီးနောက် သူ့ကို လဲလျောင်းစေပြီး အနီရောင်ကြိုးလေးဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ရစ်ပတ်လိုက်ပြီး ကြိုး၏အခြားတစ်ဖက်ကို ကျွန်ုပ်ကိုယ်ပတ်လည်၌ တွဲချည်လိုက်သည်။ ကျွန်ုပ်တို့နှစ်ယောက်လုံး ဝါးကွပ်ပျစ်ပေါ်တွင် အိပ်စက်ပြီး မျက်လုံးများကို မှိတ်ထားကြ၏။

များမကြာမီ ကျွန်ုပ်ရှေ့တည့်တည့်တွင် စူးရှသောအလင်းတစ်ခုကို တွေ့ရသောကြောင့် ၎င်းဆီသို့ လမ်းလျှောက်သွားလေရာ ကျွန်ုပ်ရောက်လာမှုကို စောင့်ဆိုင်းနေသော ယွဲ့ချီကို တွေ့လိုက်ရသည်။ သူ့နားသို့ ကျွန်ုပ်ရောက်သောအခါ ထိုနေရာသည် စစ်မြေပြင်အဖြစ် ပြောင်းလဲသွားပြီး ကျွန်ုပ်သည်လည်း ဦးတည်ရာမျိုးစုံမှလာသော စစ်သည်များ၏ စစ်ညာသံများ၊ စစ်မြင်းများ၏ သဲသဲမဲမဲဟီသံများဖြင့် ရုတ်ချည်းဝန်းရံခံလိုက်ရ၏။

ထိတ်လန့်သွားသောကြောင့် ကျွန်ုပ်သည် တုန်လှုပ်မိပြီး ယွဲ့ချီအား ချက်ချင်းမေးမြန်းလိုက်လေသည်။

"ဒါဘယ်နေရာလဲ"

ယွဲ့ချီသည် ခွန်းတုံ့မပြန်ဘဲ သူ့အကြည့်ကမူ အဝေးတစ်နေရာသို့ အာရုံစူးစိုက်လျက်ရှိသည်။

သူငေးကြည့်ရာသို့ ကျွန်ုပ်လိုက်ကြည့်မိသောအခါ စုပိုင်ကိုသာ တွေ့လိုက်ရလေ၏။

၎င်းသည် ကျွန်ုပ်သူမအား နောက်ဆုံးတွေ့ခဲ့သောနေ့ဖြစ်သည်။ မျှော်စင်အောက်ခြေ၌ သူမသည် စစ်သူကြီး၏ ခန္ဓာကိုယ်အား ပွေ့ဖက်ကာ ငိုကြွေးနေ၏။

သူမ၏ ရှိုက်သံများသည် မရပ်မနားထွက်ပေါ်နေပြီး ကျွန်ုပ်နှင့် ယွဲ့ချီသည်လည်း တိတ်တဆိတ်အနားကပ်သွားကြသည်။ အိပ်မက်ထဲတွင် ကျွန်ုပ်တို့နှစ်ယောက်လုံးသည် ဝိဉာည်များကဲ့သို့ ဖြစ်နေသောကြောင့် အခြားသူများက ကျွန်ုပ်တို့အား မမြင်နိုင်သလို ကျွန်ုပ်တို့ကလည်း သူတို့အား ထိတွေ့၍မရနိုင်ပေ။

ယွဲ့ချီနှင့် ကျွန်ုပ်သည် ထိုသူနှစ်ယောက်၏ဘေး၌ မတ်တပ်ရပ်နေပြီး မကြာမီ စစ်သူကြီးပြောသည်များကို ကြားလိုက်ရ၏။

"သခင်မလေးစု ငါတို့တွေ တစ်ချိန်လုံး... တစ်ချိန်လုံး မင်းကို လိုက်ရှာနေခဲ့ကြတာ။ ဒုက္ခပေးတဲ့ အဲ့ဒီအမတ်ချုပ်ကြီးက စစ်သူကြီးစုကို မုန်းလို့... မင်းကို... မင်းကို သတ်ချင်နေတာ။ ဒါပေမယ့် စုမိသားစုရဲ့ ကျန်တဲ့စစ်သူကြီးတွေအားလုံး ဒီစစ်ပွဲမှာ... အသတ်ခံလိုက်ရပြီ..."

စုပိုင်သည် ထိုနေရာတွင် ဒယီးဒယိုင်မတ်တပ်ရပ်လိုက်သည်။ ထိုခဏ၌ မြားပေါင်းများစွာသည် ကောင်းကင်ယံကို ဖောက်ထွင်းလာကြလေရာ စုပိုင်သည်လည်း မြားများ၏ သည်းကြီးမဲကြီးတိုက်ခိုက်မှုကို ပိတ်ဆို့ရန် သူမလက်မှ အဆိပ်ရှိကူပိုးကောင်များကို လျင်မြန်စွာ လွှတ်ထုတ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်လေ၏။

စစ်သူကြီး၏ ခန္ဓာကိုယ်အား သူမလက်မောင်းများကြား တင်းကြပ်စွာ ပွေ့ဖက်ထားရင်း မြေပြင်ပေါ်တွင် တစ်ပတ်လှည့်လိုက်သည်။ ထို့နောက် ကြီးမားသော သူမမြွေကြီး၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်ပြီး စစ်မြေပြင်ကိုဖြတ်ရန် မြွေကြီးအား လျင်မြန်စွာ လမ်းညွှန်၍ ထွက်ပြေးသွားလေ၏။

သူမပြုလုပ်လိုက်သော အမြန်နှုန်းသည် အလွန်တရာလျင်မြန်လေရာ ယွဲ့ချီသည် ကျွန်ုပ်အား မြဲမြံစွာဆုပ်ကိုင်ထားရင်း သူမနောက်သို့ လိုက်သွားကြသည်။ သူမသည်လည်း ကျွန်ုပ်တို့မျက်မှောက်၌ပင် လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

စုပိုင်သည် လမ်းတစ်လျှောက်လုံး ရပ်နားခြင်းမရှိဘဲ ထွက်ပြေးနေပြီး နောက်ဆုံး၌ လိုက်လာကြသော စစ်သည်များထံမှ ရှောင်တိမ်းပြီး တောင်ကုန်းထိပ်သို့ ရောက်သွားလေ၏။ သူမမောပန်းစွာ အသက်ရှူနေစဉ် ခဏအတွင်း မြင်းသည်တော်အနည်းငယ်သည် တစ်ဖက်တစ်ချက်မှ ထွက်ပေါ်လာကြသည်။ ထိုအသစ်ရောက်လာသူများအားလုံးသည် တောင်ပိုင်းကျောက်ပြည်၏ အဝတ်အစားများဝတ်ဆင်ထားကြသည်။

စုပိုင်သည် သူတို့အားကြည့်ပြီး အသက်ပြင်းပြင်းရှူနေရင်း မေးလိုက်သည်။

"ခုနက ရှင်တို့ကျွန်မကို ဘာလို့လာမကူညီတာလဲ"

"စစ်ပွဲက မကြာခင်ပြီးတော့မယ်"

အခြားတစ်ဖက်မှ နားလည်ရခက်သော အဖြေတစ်ခု ပြန်ပြောလာခြင်းဖြစ်သည်။

စုပိုင်သည် ကြက်သေသေသွားပြီး ထိုသူက သူမအား ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။

"မင်းလို ဟန်လူမျိုးတစ်ယောက်က တောင်ပိုင်းကျောက်ပြည်ကို တကယ်ကူညီမှာတဲ့လား။ မင်းသမီးအားလိုင်က ငါတို့ကို အကုန်ပြောပြပြီးသွားပြီ။ မင်းက ကူအဆိပ်သခင်ကို ဖြားယောင်းချင်ရုံပဲမို့ အနာဂတ်မှာ တောင်ပိုင်းကျောက်ပြည်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်တယ်"

ထိုစကားများကို ပြောနေရင်းဖြင့် သူသည် ဓားကိုဆွဲထုတ်ပြီး သူမထံသို့ တဖြည်းဖြည်းလျှောက်လာသည်။

စုပိုင်ပြုံးလိုက်သည်။ သူမလက်ချောင်းများသည် စစ်သူကြီး၏ ရေခဲတမျှအေးစက်နေသော ခန္ဓာကိုယ်အား မြဲမြံစွာဆုပ်ကိုင်ထားပြီး လက်ဆစ်များမှာ ဖြူဖျော့လျက် သူမအပြုံးသည်လည်း မှေးမှိန်လျက်ရှိသည်။

"ဒါဆို ရှင်က တကယ်အဲ့လိုထင်တယ်ပေါ့"

သူမစတင်ရယ်မောလေသည်။

"တောင်ပိုင်းကျောက်ပြည်အတွက် ကျွန်မအသက်ကိုရင်းခဲ့တယ်။ တောင်ပိုင်းကျောက်ပြည်အတွက် ကျွန်မတိုင်းပြည်ကလူတွေကို သတ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒါက ရှင်တို့ကျွန်မကို တကယ်ထင်နေကြတဲ့ပုံစံပေါ့လေ"

နောက်ဆုံးတွင် သူမအင်္ကျီလက်အတွင်းမှ ကူပိုးကောင်များကို လွှတ်ထုတ်ကာ သူမ၏ စပါးအုံးမြွေကြီးကိုမူ ၎င်းတို့အတွက် လမ်းကြောင်းဖွင့်ပေးရန် သုံးလိုက်ပြီး သူမကို ဝိုင်းရံထားသမျှသူတို့အား တဖြည်းဖြည်းတိုက်ခိုက်လေ၏။ မြားမိုးများသည် သူမထံသို့ ဦးတည်ရွာသွန်းလာကြပြီး သူမ၏ အကာအကွယ်မဲ့သော နောက်ကျောသည် မြားများဖြင့် ဖောက်ထွင်းခံရသော ပစ်မှတ်ဖြစ်နေသည်။ သူမပါးစပ်အပြည့်ဖြင့် ပြင်းထန်စွာ သွေးများအန်ထွက်လာသော်လည်း မြွေကိုယ်ထည်အား ဆုပ်ကိုင်ထားမှုကို မလျှော့ပစ်ဘဲ ဆက်ရှိနေပြီး အခြားလက်တစ်ဖက်ကမူ ရုပ်အလောင်းအား တင်းကြပ်စွာပွေ့ဖက်ထားလေ၏။

သူမမျက်နှာကို ထိုလူသေဆီသို့ နီးကပ်စွာ ငုံ့ချလိုက်ရင်း ပြောနေသည်။

"စုစန်း နင်ပြောတာကို ငါမယုံဘူး"

"စုစန်း မဟာယွဲ့ပြည်ကို ငါဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုရင်တောင်၊ တောင်ပိုင်းကျောက်ပြည်ရဲ့လူထုက ငါ့ကို သူလျှိုလို့ ယုံနေကြတယ်ဆိုရင်တောင်မှ ငါ့မှာ နေစရာအိမ်ရှိနေသေးတယ်"

"စုစန်း ငါ့ဆရာက ပြောဖူးတယ်။ သူငါ့အတွက် နေစရာအိမ်ဖြစ်ပေးမယ်တဲ့။ ငါသူ့ကိုယုံတယ်"

ထိုစကားများကို ပြောနေရင်း သူမမျက်ရည်များသည် စုစန်း၏ ဖြူရော်နေသော မျက်နှာပေါ်သို့ စီးကျသွားပြီး သူ့ပါးပေါ်ရှိ သွေးများဖြင့် ရောနှောသွားကြသည်။

ကျွန်ုပ်လည်း ကျွန်ုပ်ဘေးတွင်ရပ်နေသော ယွဲ့ချီအား ဖျတ်ခနဲလှည့်မကြည့်ဘဲ မနေနိုင်တော့။

သူ့အား ကျွန်ုပ်မေးလိုက်သည်။

"နောက်တော့ မင်းဘာလုပ်ခဲ့တာလဲ"

သူသည် ပြန်မဖြေဘဲ ကျွန်ုပ်အား ဆွဲခေါ်လာသောကြောင့် ကျွန်ုပ်တို့လည်း စုပိုင်နောက်သို့ နီးကပ်စွာ လိုက်သွားကြလေ၏။

ကောင်းကင်ယံတွင် ထိန်ထိန်သာနေသော လမင်းသည် တောက်ပလျက်ရှိသည်။ မြေပြင်ပေါ်သို့ ဖြာကျနေသော ၎င်း၏အလင်းရောင်သည် ခံစားချက်ကင်းမဲ့ပြီး ရေတွင်းပျက်တစ်ခု၏ ရေသေများကဲ့သို့ အသက်မဲ့လျက်ရှိသော ယွဲ့ချီမျက်ဝန်းများ၏ ကြည်လင်ပြတ်သားမှုကို ကျွန်ုပ်အား မြင်ရစေ၏။

Continue Reading

You'll Also Like

850K 14.9K 12
"ငါ အိပ်​မက်​တစ်​ခု မက်​ခဲ့တယ်​... အတော်​ အတော့်​ကို ရှည်​တဲ့ အိပ်​မက်​... အချစ်​ဆိုတဲ့ အရာအကြောင်း အိပ်​မက်​..." "ငါ့ အိပ်​မက်​ထဲမှာ အဲ့ဒီ့လူဟာ အေ...
259K 459 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
122K 18.5K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...