တဖြည်းဖြည်းဗိုက်လေးက စူလာပေမဲ့..
လွန်းကတော့ ပေါ့ပေါ့ပါးပါးလေးပဲ..
ဗိုက်ကြီးနဲ့ဆိုတာတောင် သူ့ကိုယ်သူမေ့နေပုံ..
ကြီးမေက အနားမှာရှိလို့သာပေါ့..မဟုတ်ရင် လွန်းကိုသူ စိတ်ချနိုင်မှာမဟုတ်ပါ။
ပိုင်းမှူးကအခု နိုင်ငံခြားခဏရောက်နေတာ..တပတ်တိတိ ပင်ရှိပြီ။
အကြောင်းကတော့ အလုပ်ကိစ္စပဲပေါ့။
ဒါပေမဲ့ တရက်မှမပျက်ကွက်ပဲ video call
ပြောဖြစ်တယ်.. လွန်းနဲ့လေ..
ကိုကိုဗိုက်လေးက မျက်နှာပြည့်ပြည့်လေးနဲ့ နုဖက်နေတာပဲ။သနပ်ခါးကလည်းကြိုက်ပါ့ လိမ်းထားလိုက်တာ ကျောက်ပျင်ပေါ်ချော်လဲထားသလားမေးရမလိုပဲ။
ခုဆိုရင် အင်ကျီဖားဖားကြီးတောင်ဝတ်လို့...ဗိုက်လေးကလုံးတုံတုံလေးနဲ့ပါ။
အိမ်ထဲနေတဲ့အတွက် အဝတ်ကို အဆင်ပြေတဲ့အဝတ်သာ ဝတ်ထားတဲ့လွန်းကချစ်စရာတမျိုးလေးကောင်းနေပြန်တယ်။
''ကိုပိုင်..ပြန်မလာသေးဘူးလား..
လွန်းနေမကောင်းဘူးနော်။''(နှုတ်ခမ်းကြီးထော်ပြီးမေးနေခြင်းပါ)
'အူယားလိုက်တာကွာ..'
''ဟော်ဗျာ.. ကိုယ့်ရဲ့မိန်းမက ဘာတွေများနေမကောင်းဖြစ်ပါလိမ့်။''
''မသိဘူးကွာ..မသိဘူး..မနက်ဖြန်ပြန်လာခဲ့
ဒါပဲ..''
''ဒီမှာ မွေးခါနီးလူကို ပြစ်ထားပြီး ဟိုမှာအသစ်ရှာနေတာလား။အချိုးတွေပြင်ထားရင်ကောင်းမယ်နော် ဟွင်းဟွင်း..''
'မဟုတ်ရပါဘူးဗျာ.. Ok.
မနက်ဖြန် ကိုယ်ပြန်လာခဲ့မယ်။''
''ပြီးရော..ကိုပိုင်ပြန်မလာရင် လွန်းအိမ်ကနေထွက်သွားမယ်မှတ်။''
''ဟော်ဗျာ..မလုပ်လိုက်ပါနဲ့ဗျာ ကျွန်တော်မျိုးကြီး အလုပ်ပြီးတာနဲ့မှီရာ flight နဲ့ပြန်လာခဲ့မယ်။ဘယ်မှတော့ ထွက်မသွားပါနဲ့ မိန်းမရာ..''
'ဟီးဟီး.. ချစ်ရင်အလိုလိုက် ဒါပဲ။
ပိစိလေးအတွက် တခုခုဝယ်လာခဲ့ပေး
လူကြီးတွက်မဟုတ်ဘူးနော်...''
''ကောင်းပါပြီဗျာ...
ကိုယ်ပြန်လာရင် နှစ်ယောက်စလုံးအတွက်ဝယ်ခဲ့ပေးမယ် ကျေနပ်တော့နော်။''
''အင်းအင်း..''ပါးစပ်ထဲက အချဥ်သီးတွေက
အရှင်းသားမြင်နေရတယ် တမြုံ့မြုံ့နဲ့ဝါးနေတဲ့ပါးစပ်လေးက အချဥ်အတော်ကြိုက်နေရှာတာ ကိုယ်တောင်ကြည့်ရင်းသွားတွေကြိမ်းစက်နေပြီ။
''လွန်း..စောစောအိပ်အုံး..ပြီးတော့ လမ်းလည်းရှောက်ပေးအုံးနော်..နွားနို့သောက်ဖို့နဲ့အားဆေးသောက်ဖို့မမေ့နဲ့အုံးနော်။
ကိုယ်ပြောတာကြားလား..အချဥ်တွေအရမ်းမစားနဲ့...''
မျက်စောင်းကြီးနဲ့ စားမှာပဲဆိုပြီး ဖုန်းကိုချသွားပါလေရော..
လွန်းနဲ့တော့ ခက်ပါပြီ..ဘယ်တတ်နိုင်မလဲ
ကိုယ်က အခုသူ့ရဲ့အဝေးမှာဆိုတော့..
အနားနားရှိရင် ဘေးက စောင့်ရှောက်လို့ရသေး..ဟူးးးး မလွယ်ပါလားနော်...
ဒါနဲ့ပဲပိုင်မှူးတစ်ယောက် အလုပ်တွေကို
လက်စဖြတ်စရာရှိတာအပြီးသတ်ရင်း..
ဒီည မြန်မာပြည်ပြန်ရန်စီစဥ်ထားပြန်တယ်။
နယ်စပ်ဘက်ကနေ ပန်းဝါမြို့က အိမ်ဟောင်းရှိရာဆီ ပြောင်းရွေ့နေနေခဲ့တဲ့ မဟူရာ.. အခုဆိုရင် သုတက သတိပြန်ရနေပြီမို့.. နောက်ထပ်ဘာပြသနာမှ သူမလုပ်ချင်တော့..
ဒါကြောင့် အရင်ကသူလုပ်ခဲ့သမျှမကောင်းမှုတွေကို စွန့်လွှတ်ကာ သုတအနားမှာပဲအဖော်ပြုပြီးနေနေခဲ့တာ..
ခုဆိုရင် နှစ်ဝက်ပင်ရှိပြီဖြစ်သည်။
သုတကတော့ မဟူရာရဲ့မကောင်းတဲ့အလုပ်အကြောင်းတွေ သူဘာမှမသိပေ။
လွန်းခေတ်ဆိုတဲ့ သူ့ရဲ့အကိုဆီကို မဟူရာကိုလိုက်ပို့ခိုင်းနေတဲ့ သုတကြောင့်..
မဟူရာအနည်းငယ် အကြပ်ရိုက်နေပြန်တယ်။
''ငယ်လေး ကိုယ်ဒီရက်ပိုင်းအတွင်း ငယ်လေးရဲ့အကိုသတင်း စုံစမ်းပေးထါးမယ်
ကျန်းမာရေးတော့ကောင်းအောင်နေပါကွာ
ငယ်လေးပုံကြည့်ရတာ အားနည်းနေသလိုပဲ။''
''အင်း..ဂရုစိုက်ပါ့မယ် ဒီရက်ပိုင်းအရမ်းအေးလာသလားလို့ ကိုကို။''
''ကောင်းပြီ..အခုဆေးသောက်ပြီး အနားယူလိုက်နော် ကိုယ်အလုပ်တွေ လက်စသတ်ပြီးရင် ငယ်လေးဆီလာခဲ့မယ်။''
''ဟုတ်..''
ဒီဇင်ဘာလကိုရောက်ရင် အေးခဲမတတ်ချမ်းတာမို့ ပန်းဝါမြို့လေးကနေ ဘယ်မှမထွက်ချင်ပြန်ဘူး။
စားချင်တာစားပြီးရင် ကျေနပ်နေတတ်တဲ့လွန်း..ခုတလော သူနေရထိုင်ရ သိပ်မကောင်းချင် လေးလေးစိုးငယ်က သူ့ရဲ့ကိုယ်ဝန်ကို စမ်းသပ်ပေးပြီးကတည်းက
လွန်းနေရခက်နေတာ။
မွေးခါနီးနေပြီလေ..ဒါကြောင့် ဆီးစပ်က
ကိုက်သလိုလိုမျိုးကြီးခံစားနေရတာ။
ဗိုက်ထဲကအကောင်ပေါက်လေးကလည်း
တချက်တချက်ကန်နေသေးတယ်။
အဲ့ဒီအခိုက်အတန့်ဆိုရင် ရင်ထဲကြည်နူးသလိုလိုနဲ့ တစ်ယောက်သောသူကို သတိရမိပြန်တယ်။
'ကိုကိုရှိနေရင် လွန်းနဲ့ကလေးကို သေချာစွာဂရုစိုက်ပေးမှာ..ပြီးတော့ ကလေးနဲ့လည်း စကားတွေပြောပြီး ဗိုက်နားနားကပ်ပြီးချစ်နေပေးမှာမြင်ယောင်မိတယ်။'
''ကိုကို..လွန်းအရမ်းသတိရအောက်မေ့တာပဲ။''
ဒါနဲ့ ဒီညမှာ လွန်းရဲ့ခေါင်းအုံးလေးမျက်ရည်တွေနဲ့အိပ်စက်ရအုံးမယ်ထင်တယ်။ပိုင်ရှင်လေးက ငိုနေမှတော့ခေါင်းအုံးလေးက အဖော်ပြုပေးရုံပေါ့လွန်းရဲ့မျက်ရည်တွေနဲ့လေ...
'ကိုပိုင်က လွန်းကို ဂရုစိုက်ပါတယ်..
ဒါပေမဲ့လည်း ရင်ထဲတမ်းတလိုချင်မိတာက ကိုယ့်အနားမှာမရှိတော့တဲ့ ချစ်ရသူကိုပါ။
လွမ်းတိုင်း ဒီမျက်ရည်တွေက ပင်လယ်အဖြစ်ပြောင်းလဲသွားတာပဲ။
ဒီည လမင်းကြီးနဲ့ကြယ်စင်တွေက ကောင်းကင်ပြင်မှာ အစုံအညီထွက်ပေါ်နေကြပြီ...
လွန်းရဲ့အိပ်ယာဆီမှ လှမ်းမြင်နေရတဲ့ ပြတင်းတံခါးရဲ့မြင်ကွင်းက ကြည့်လို့လှတယ်။
ကိုကိုက အဲ့ဒီကြယ်စင်တွေထဲကနေ လွန်း
ကိုကြည့်နေမလား။ဒါမှမဟုတ် လွန်းရဲ့အနီးအနားမှာပဲလားဟင်...
တခါတရံစဥ်းစားမိတာ မကျွတ်လွတ်တဲ့ဘဝကြီးနဲ့ လွန်းနဲ့ကလေးကို စိတ်စွဲပြီး
ကောင်းမွန်တဲ့ဘဝကို မကူးပြောင်းနိုင်မှာကိုပဲစိုးရိမ်မိတယ်။
ကိုကိုစိတ်ချပါ..လွန်းက မမြင်ရသေးတဲ့ကလေးအတွက် အကောင်းဆုံးမိဘဖြစ်အောင် သွန်သင်ဆုံးမသွားမှာမို့...
စိတ်ချပါနော်။'
'မနက်ဖြန်..ကိုကိုအိပ်စက်ရာဆီ လွန်းလာခဲ့ပါအုံးမယ် လွမ်းလို့လေ။
လွမ်းတယ်..ကျွန်တော် ကိုကို့ကိုအရမ်းလွမ်းတယ်..ဒါကြောင့် နောက်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် ဒီအဖြစ်ဆိုးကနေ ကင်းလွတ်ပါစေလို့ လွန်းဆုတောင်းပါတယ် ကိုကို။'
Mp Rockeain
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
Zawgyi
တျဖည္းျဖည္းဗိုက္ေလးက စူလာေပမဲ့..
လြန္းကေတာ့ ေပါ့ေပါ့ပါးပါးေလးပဲ..
ဗိုက္ႀကီးနဲ႕ဆိုတာေတာင္ သူ႕ကိုယ္သူေမ့ေနပုံ..
ႀကီးေမက အနားမွာရွိလို႔သာေပါ့..မဟုတ္ရင္ လြန္းကိုသူ စိတ္ခ်နိဳင္မွာမဟုတ္ပါ။
ပိုင္းမႉးကအခု နိုင္ငံျခားခဏေရာက္ေနတာ..တပတ္တိတိ ပင္ရွိၿပီ။
အေၾကာင္းကေတာ့ အလုပ္ကိစၥပဲေပါ့။
ဒါေပမဲ့ တရက္မွမပ်က္ကြက္ပဲ video call
ေျပာျဖစ္တယ္.. လြန္းနဲ႕ေလ..
ကိုကိုဗိုက္ေလးက မ်က္ႏွာျပည့္ျပည့္ေလးနဲ႕ ႏုဖက္ေနတာပဲ။သနပ္ခါးကလည္းႀကိဳက္ပါ့ လိမ္းထားလိုက္တာ ေက်ာက္ပ်င္ေပၚေခ်ာ္လဲထားသလားေမးရမလိုပဲ။
ခုဆိုရင္ အင္က်ီဖားဖားႀကီးေတာင္ဝတ္လို႔...ဗိုက္ေလးကလုံးတုံတုံေလးနဲ႕ပါ။
အိမ္ထဲေနတဲ့အတြက္ အဝတ္ကို အဆင္ေျပတဲ့အဝတ္သာ ဝတ္ထားတဲ့လြန္းကခ်စ္စရာတမ်ိဳးေလးေကာင္းေနျပန္တယ္။
''ကိုပိုင္..ျပန္မလာေသးဘူးလား..
လြန္းေနမေကာင္းဘူးေနာ္။''(ႏႈတ္ခမ္းႀကီးေထာ္ၿပီးေမးေနျခင္းပါ)
'အူယားလိုက္တာကြာ..'
''ေဟာ္ဗ်ာ.. ကိုယ့္ရဲ႕မိန္းမက ဘာေတြမ်ားေနမေကာင္းျဖစ္ပါလိမ့္။''
''မသိဘူးကြာ..မသိဘူး..မနက္ျဖန္ျပန္လာခဲ့
ဒါပဲ..''
''ဒီမွာ ေမြးခါနီးလူကို ျပစ္ထားၿပီး ဟိုမွာအသစ္ရွာေနတာလား။အခ်ိဳးေတြျပင္ထားရင္ေကာင္းမယ္ေနာ္ ဟြင္းဟြင္း..''
'မဟုတ္ရပါဘူးဗ်ာ.. Ok.
မနက္ျဖန္ ကိုယ္ျပန္လာခဲ့မယ္။''
''ၿပီးေရာ..ကိုပိုင္ျပန္မလာရင္ လြန္းအိမ္ကေနထြက္သြားမယ္မွတ္။''
''ေဟာ္ဗ်ာ..မလုပ္လိုက္ပါနဲ႕ဗ်ာ ကြၽန္ေတာ္မ်ိဳးႀကီး အလုပ္ၿပီးတာနဲ႕မွီရာ flight နဲ႕ျပန္လာခဲ့မယ္။ဘယ္မွေတာ့ ထြက္မသြားပါနဲ႕ မိန္းမရာ..''
'ဟီးဟီး.. ခ်စ္ရင္အလိုလိုက္ ဒါပဲ။
ပိစိေလးအတြက္ တခုခုဝယ္လာခဲ့ေပး
လူႀကီးတြက္မဟုတ္ဘူးေနာ္...''
''ေကာင္းပါၿပီဗ်ာ...
ကိုယ္ျပန္လာရင္ ႏွစ္ေယာက္စလုံးအတြက္ဝယ္ခဲ့ေပးမယ္ ေက်နပ္ေတာ့ေနာ္။''
''အင္းအင္း..''ပါးစပ္ထဲက အခ်ဥ္သီးေတြက
အရွင္းသားျမင္ေနရတယ္ တၿမဳံ႕ၿမဳံ႕နဲ႕ဝါးေနတဲ့ပါးစပ္ေလးက အခ်ဥ္အေတာ္ႀကိဳက္ေနရွာတာ ကိုယ္ေတာင္ၾကည့္ရင္းသြားေတြႀကိမ္းစက္ေနၿပီ။
''လြန္း..ေစာေစာအိပ္အုံး..ၿပီးေတာ့ လမ္းလည္းေရွာက္ေပးအုံးေနာ္..ႏြားနို႔ေသာက္ဖို႔နဲ႕အားေဆးေသာက္ဖို႔မေမ့နဲ႕အုံးေနာ္။
ကိုယ္ေျပာတာၾကားလား..အခ်ဥ္ေတြအရမ္းမစားနဲ႕...''
မ်က္ေစာင္းႀကီးနဲ႕ စားမွာပဲဆိုၿပီး ဖုန္းကိုခ်သြားပါေလေရာ..
လြန္းနဲ႕ေတာ့ ခက္ပါၿပီ..ဘယ္တတ္နိုင္မလဲ
ကိုယ္က အခုသူ႕ရဲ႕အေဝးမွာဆိုေတာ့..
အနားနားရွိရင္ ေဘးက ေစာင့္ေရွာက္လို႔ရေသး..ဟူးးးး မလြယ္ပါလားေနာ္...
ဒါနဲ႕ပဲပိုင္မႉးတစ္ေယာက္ အလုပ္ေတြကို
လက္စျဖတ္စရာရွိတာအၿပီးသတ္ရင္း..
ဒီည ျမန္မာျပည္ျပန္ရန္စီစဥ္ထားျပန္တယ္။
နယ္စပ္ဘက္ကေန ပန္းဝါၿမိဳ႕က အိမ္ေဟာင္းရွိရာဆီ ေျပာင္းေ႐ြ႕ေနေနခဲ့တဲ့ မဟူရာ.. အခုဆိုရင္ သုတက သတိျပန္ရေနၿပီမို႔.. ေနာက္ထပ္ဘာျပသနာမွ သူမလုပ္ခ်င္ေတာ့..
ဒါေၾကာင့္ အရင္ကသူလုပ္ခဲ့သမွ်မေကာင္းမႈေတြကို စြန့္လႊတ္ကာ သုတအနားမွာပဲအေဖာ္ျပဳၿပီးေနေနခဲ့တာ..
ခုဆိုရင္ ႏွစ္ဝက္ပင္ရွိၿပီျဖစ္သည္။
သုတကေတာ့ မဟူရာရဲ႕မေကာင္းတဲ့အလုပ္အေၾကာင္းေတြ သူဘာမွမသိေပ။
လြန္းေခတ္ဆိုတဲ့ သူ႕ရဲ႕အကိုဆီကို မဟူရာကိုလိုက္ပို႔ခိုင္းေနတဲ့ သုတေၾကာင့္..
မဟူရာအနည္းငယ္ အၾကပ္ရိုက္ေနျပန္တယ္။
''ငယ္ေလး ကိုယ္ဒီရက္ပိုင္းအတြင္း ငယ္ေလးရဲ႕အကိုသတင္း စုံစမ္းေပးထါးမယ္
က်န္းမာေရးေတာ့ေကာင္းေအာင္ေနပါကြာ
ငယ္ေလးပုံၾကည့္ရတာ အားနည္းေနသလိုပဲ။''
''အင္း..ဂ႐ုစိုက္ပါ့မယ္ ဒီရက္ပိုင္းအရမ္းေအးလာသလားလို႔ ကိုကို။''
''ေကာင္းၿပီ..အခုေဆးေသာက္ၿပီး အနားယူလိုက္ေနာ္ ကိုယ္အလုပ္ေတြ လက္စသတ္ၿပီးရင္ ငယ္ေလးဆီလာခဲ့မယ္။''
''ဟုတ္..''
ဒီဇင္ဘာလကိုေရာက္ရင္ ေအးခဲမတတ္ခ်မ္းတာမို႔ ပန္းဝါၿမိဳ႕ေလးကေန ဘယ္မွမထြက္ခ်င္ျပန္ဘူး။
စားခ်င္တာစားၿပီးရင္ ေက်နပ္ေနတတ္တဲ့လြန္း..ခုတေလာ သူေနရထိုင္ရ သိပ္မေကာင္းခ်င္ ေလးေလးစိုးငယ္က သူ႕ရဲ႕ကိုယ္ဝန္ကို စမ္းသပ္ေပးၿပီးကတည္းက
လြန္းေနရခက္ေနတာ။
ေမြးခါနီးေနၿပီေလ..ဒါေၾကာင့္ ဆီးစပ္က
ကိုက္သလိုလိုမ်ိဳးႀကီးခံစားေနရတာ။
ဗိုက္ထဲကအေကာင္ေပါက္ေလးကလည္း
တခ်က္တခ်က္ကန္ေနေသးတယ္။
အဲ့ဒီအခိုက္အတန့္ဆိုရင္ ရင္ထဲၾကည္ႏူးသလိုလိုနဲ႕ တစ္ေယာက္ေသာသူကို သတိရမိျပန္တယ္။
'ကိုကိုရွိေနရင္ လြန္းနဲ႕ကေလးကို ေသခ်ာစြာဂ႐ုစိုက္ေပးမွာ..ၿပီးေတာ့ ကေလးနဲ႕လည္း စကားေတြေျပာၿပီး ဗိုက္နားနားကပ္ၿပီးခ်စ္ေနေပးမွာျမင္ေယာင္မိတယ္။'
''ကိုကို..လြန္းအရမ္းသတိရေအာက္ေမ့တာပဲ။''
ဒါနဲ႕ ဒီညမွာ လြန္းရဲ႕ေခါင္းအုံးေလးမ်က္ရည္ေတြနဲ႕အိပ္စက္ရအုံးမယ္ထင္တယ္။ပိုင္ရွင္ေလးက ငိုေနမွေတာ့ေခါင္းအုံးေလးက အေဖာ္ျပဳေပး႐ုံေပါ့လြန္းရဲ႕မ်က္ရည္ေတြနဲ႕ေလ...
'ကိုပိုင္က လြန္းကို ဂ႐ုစိုက္ပါတယ္..
ဒါေပမဲ့လည္း ရင္ထဲတမ္းတလိုခ်င္မိတာက ကိုယ့္အနားမွာမရွိေတာ့တဲ့ ခ်စ္ရသူကိုပါ။
လြမ္းတိုင္း ဒီမ်က္ရည္ေတြက ပင္လယ္အျဖစ္ေျပာင္းလဲသြားတာပဲ။
ဒီည လမင္းႀကီးနဲ႕ၾကယ္စင္ေတြက ေကာင္းကင္ျပင္မွာ အစုံအညီထြက္ေပၚေနၾကၿပီ...
လြန္းရဲ႕အိပ္ယာဆီမွ လွမ္းျမင္ေနရတဲ့ ျပတင္းတံခါးရဲ႕ျမင္ကြင္းက ၾကည့္လို႔လွတယ္။
ကိုကိုက အဲ့ဒီၾကယ္စင္ေတြထဲကေန လြန္း
ကိုၾကည့္ေနမလား။ဒါမွမဟုတ္ လြန္းရဲ႕အနီးအနားမွာပဲလားဟင္...
တခါတရံစဥ္းစားမိတာ မကြၽတ္လြတ္တဲ့ဘဝႀကီးနဲ႕ လြန္းနဲ႕ကေလးကို စိတ္စြဲၿပီး
ေကာင္းမြန္တဲ့ဘဝကို မကူးေျပာင္းနိုင္မွာကိုပဲစိုးရိမ္မိတယ္။
ကိုကိုစိတ္ခ်ပါ..လြန္းက မျမင္ရေသးတဲ့ကေလးအတြက္ အေကာင္းဆုံးမိဘျဖစ္ေအာင္ သြန္သင္ဆုံးမသြားမွာမို႔...
စိတ္ခ်ပါေနာ္။'
'မနက္ျဖန္..ကိုကိုအိပ္စက္ရာဆီ လြန္းလာခဲ့ပါအုံးမယ္ လြမ္းလို႔ေလ။
လြမ္းတယ္..ကြၽန္ေတာ္ ကိုကို႔ကိုအရမ္းလြမ္းတယ္..ဒါေၾကာင့္ ေနာက္ဘဝဆိုတာရွိခဲ့မယ္ဆိုရင္ ဒီအျဖစ္ဆိုးကေန ကင္းလြတ္ပါေစလို႔ လြန္းဆုေတာင္းပါတယ္ ကိုကို။'
Mp Rockeain