SCROLL DOWN FOR ZAWGYI
UNICODE
"ယွမ်တစ်သိန်းခွဲတန်နာရီယူမယ် အခုလာပို့ပေး "
တစ်စုံတစ်ယောက်မှ ထိုနာရီကိုလာမဝယ်ယူခင်နာရီဝက်မတိုင်ခင်အထိ နာရီလာရောင်းသွားသူ ဖန်းလီမှာ သူတို့အပေါင်ဆိုင်၏ Wechat Accountထဲတွင် ရှိနေခဲ့သည် ။
တန်ဖိုးကြီးသောနာရီတစ်ခုဖြစ်သည့်အတွက် ပစ္စည်းပို့ဆောင်သည့်ဖြစ်စဥ်အတွင်း တစ်ခုခုထိခိုက်မိ၍တောင်မဖြစ် ။ မေးမြန်းပြီးသည်နောက် ဝယ်သူကားတိုက်ဆိုင်စွာပင် ချင်းဝမ်မြို့သို့အလုပ်ကိစ္စနှင့်ရောက်ရှိနေပြီး ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတည်း လက်ရှိတည်းခိုနေသည်ကိုလုဖုန်းသိလိုက်ရသည် ။
ထိုဟိုတယ်မှာ လုဖုန်းအိမ်အပြန်လမ်းပေါ်တွင်ရှိသည်ဖြစ်ရာ လုဖုန်းကိုယ်တိုင်ပင် ပစ္စည်းကိုပို့ဆောင်မည်ဟု ဆုံးဖြတ်လိုက်တော့သည် ။
ယွမ်သိန်းကျော်တန်နာရီထံတွင် မတော်တဆတစ်ခုခုဖြစ်ခဲ့လျှင်ဆိုသောအတွေးနှင့် မြေအောက်ရထားကိုပင် လုဖုန်းမစီးရဲတော့ ။
ထို့ကြောင့် လုဖုန်းဟိုတယ်အထိ တက္ကစီးသွားဖို့ရန်သာ ဆုံးဖြတ်လိုက်တော့သည် ။ ကုန်ကျစရိတ်များကိုတော့ နောက်မှဝေ့ရှဲထံမှပြန်တောင်းရမည် ။
ဟိုတယ်သည်ကား အတော်ပင်မြင့်မားလှသော မိုးမျှော်အဆောက်အအုံဖြစ်ကာ မှန်သားတို့ဖြင့် အဆောက်အအုံတစ်ခုလုံးကို တန်ဆာဆင်ထား၏ ။ ညမီးရောင်အောက်ဝယ် ပြိုးပြိုးပျက်ပျက်တောက်ပလျက် ။
ဟိုတယ်၏ ခန်းမကျယ်ကြီးကား ပြစ်မျိုးမှည့်မထင်လောက်အောင် သန့်ရှင်းတောက်ပြောင်လျက် သေသပ်ကြော့ရှင်းသောဒီဇိုင်းနှင့်အတူ ပြန်လည်လန်းဆန်းခြင်း အငွေ့အသက်တို့ကိုပါ တစ်ပါတည်းဆောင်ယူလျက် ။
ဒီည ဒီဟိုတယ်၏ခန်းမတစ်ခုခုတွင် စားသောက်ဧည့်ခံပွဲရှိပုံရသည် ။ ကားများဆီမှဆင်းကာ ဝင်ပေါက်ဆီသို့ လှမ်းလာကြသောလူအများအပြားကို လုဖုန်းတွေ့နေရသည် ။
ပြစ်ချက်တစိမရှိသော ဝတ်စုံအမျိုးမျိုး သေသပ်တောက်ပနေသော ပွဲတက်ဂါဝန်အမျိုးမျိုးကို ဝတ်ဆင်လျက် ။
လူအဖွဲ့အစည်း အသိုင်းအဝိုင်းထဲမှ အထက်တန်းလွှာဟူသော ဂုဏ်ပုဒ်ကို ပုံဖော်နေကြဟန်တူသည် ။
လုဖုန်းဝတ်စားလာပုံကြောင့်လား သို့မဟုတ် ဤကဲ့သို့နေရာမျိုးကို ဖိတ်ခေါ်ခံရမည့်လူမျိုးပုံမပေါက်သောကြောင့်လာတော့မသိ ။ သူ ခန်းမကျယ်ထဲသို့ ခြေချမည်ပြင်သည်နှင့် လုံခြုံရေးကသူ့ကိုတားတော့သည် ။ ထို့နောက် အကူအညီလိုလားဘာလား မေးလာ၏ ။
"ကျွန်တော် တစ်ယောက်ယောက်ကိုရှာနေတာ"
လုဖုန်း နာရီမှာသူအား ဖုန်းဆက်ပြီး ရောက်နေပြီဖြစ်ကြောင်းပြောရတော့သည် ။ တစ်ဖက်မှ ဝယ်သူ တုံ့ပြန်လာသည်က အလျင်အမြန်ပင် ။ လုဖုန်းအား ခနစောင့်ပေးဖို့အကြောင်း အခုချက်ချင်းပင် သူအောက်ဆင်းလာမည့်ဖြစ်ကြောင်းပြောလာခဲ့၏ ။
လုဖုန်းလည်း လုံခြုံရေးကိုပြုံးပြကာ Receptionရှိ ဧည့်သည်နားနေခန်းသို့ လျှောက်လာခဲ့တော့သည် ။
လုဖုန်းထိုင်စောင့်မည်လုပ်နေဆဲမှာပင် ချောမွတ်တောက်ပြောင်နေသော ငွေဖြူရောင်ကားတစ်စီးက အပေါက်ဝရှေ့မှာလာရပ်၏ ။ လုဖုန်းတစ်ချက်လောက်မျှမကြည့်ဘဲမနေနိုင်တော့ ။
ညာဘက်ခုံတွင်ကား ကိုယ်လုံးကိုယ်ပေါက်လှပလှသော မိန်းမငယ်လေးတစ်ယောက်က စီးနင်းလိုက်ပါလာခဲ့၏ ။ ခန္ဓာကိုယ်တွင်ဆင်ယင်ထားသော အနီရောင်ဂါဝန်က သူမ၏ခါးသွယ်သွယ်ကို ပိုမိုပေါ်လွင်စေလျက် ။
ရာသီဥတုမှာ အေးစိမ့်စိမ့်နိုင်သည်ကြောင့်ထင့် ။
သူမပုခုံးတစ်ဝိုက်တွင် အနက်ရောင်မွေးပွတဘက်ကို ခြုံလွှမ်းထားလျက် ။ မပြေ့တပြေ ဆံပင်ခွေလိပ် ၊ အနီရောင်နှုတ်ခမ်းသားရဲရဲတို့ပေါင်းစပ်လိုက်သောအခါ သူမသည်ကား အလွန်တရာပင်လှသော မိန်းကလေးတစ်ဦး ။
သူမ ကားတံခါးကိုပိတ်ကာ ကားမောင်းနှင်သူနေရာဆီ ဦးတည်လျှောက်လာခဲ့သည် ။ ကားထဲမှသူတံခါးဖွင့်အလာကိုစောင့်နေဟန် ။ ကားထဲမှသူထွက်လာလာချင်းပင် ထိုသူ၏လက်မောင်းကို လက်တစ်ဖက်ဖြင့်ရစ်သိုင်းလိုက်သောသူမ ။
သူမကိုကြည့်ရသည်မှာ ယခုကဲ့သို့ပတ်ဝန်းကျင်အနေအထားနှင့် အတော့်ကိုမှနေသားကျနေဟန် ။
နှစ်ယောက်အတူယှဥ်တွဲကာ ဟိုတယ်တွင်းသို့လျှောက်လှမ်းလာကြသော သူတို့ ။ ဆုံလည်တံခါးပေါက်ကိုဖြတ်ကျော်ကာ တစ်လှမ်းချင်းကြွကြွရွရွလျှောက်လှမ်းလာသော သူမကား လေနတ်ဘုရားမတစ်ပါးသဖွယ် ။ စီးထားသောဒေါက်ချွန်နှင့် ကြမ်းပြင်တို့ထိခတ်သံတို့မှာကား ခြေလှမ်းတို့၏နောက်တွင် ကျန်ရစ်လျက် ။
လုဖုန်း အခုထိမထိုင်နိုင်သေးပဲ ယခင်ပုံစံအတိုင်းသာ ။ ထိုအခိုက် လုဖုန်းအကြည့်တို့ ထပ်မံဆင်းသက်ရာနေရာသည် တခြားမဟုတ် ။ ထိုမိန်းမလှလေး၏ဘေးမှ အမျိုးသားကိုပင် ။
လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် သည်လိုကိစ္စရပ်မျိုးဖြစ်ခဲ့သည် ။ အခုလည်း သူတို့နှစ်ယောက်ထပ်တွေ့ကြရပြန်ပြီ ။
တခြားသောအမျိုးသားများကဲ့သို့ပင် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားသောသူ ။ ထို့ပြင် အနက်ရောင်နက်ကတိုင်တစ်ခုခုကိုလည်း သပ်သပ်ရပ်ရပ်တပ်ဆင်ထားသေးသည် ။
ရင်ဘတ်အိတ်ကပ်တွင်ထား ဖြူဖွေးရှင်းသန့်သော အဝတ်စ၏ထောင့်စွန်းလေးသည် သေသေသပ်သပ်ထွက်ပေါ်နေလျက် ။
တခြားသောအမျိုးသားများနှင့် မတူသည်ကား သူ၏ကြည့်ကောင်းလှသော ကိုယ်လုံးကိုယ်ပေါက်ပင် ။ အနောက်တိုင်းဝတ်စုံကို ကြယ်သီးတစ်လုံးသာတပ်ရန် ရွေးချယ်ခဲ့သည်က သူ့ကိုပို၍ထင်ပေါ်စေသည်သာမက ကြည့်ကောင်းစေသည် ။
မနာလိုအားကျစရာကောင်းသော ကြည့်ကောင်းသည့်ကိုယ်လုံးကိုယ်ပေါက်အား ပိုင်ဆိုင်ထားသည်ကို သက်သေထူပြနေစရာပင်မလိုတော့။ ခြေလှမ်းတိုင်းကလည်း သူ၏ခြေတံရှည်များအကြောင်း ထုတ်ဖော်ကြွားဝါနေသယောင်။
သူတို့နှစ်ယောက် ဓာတ်လှေကားဆီသို့သွားမည်ဆိုလျှင် လုဖုန်းရှေ့မှဖြတ်လျှောက်ရမည် ။ ထိိုသို့ဆိုလျှင် ရှန့်မင်အော်အနေနှင့် လုဖုန်းအားမသိချင်ယောင်ဆောင်ဖို့ရန် လုံးဝမဖြစ်နိုင်တော့ ။
ထိုအခိုက်အတန့်တွင် ရှန့်မင်အော်ကား လုဖုန်းကို အမှန်တကယ်ပင်မြင်သွားချေပြီ ။ ထို့ပြင် သူ့ခြေလှမ်းများသည်လည်း အမှတ်မထင် ရပ်တန့်သွားခဲ့၏ ။
ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ရှန့်မင်အော်၏မရီမပြုံး အေးစက်စက်အကြည့်တို့မှတစ်ဆင့် မုန်းတီးသောအငွေ့အသက်တို့ကို လုဖုန်းထွင်းဖောက်မြင်လိုက်ရသည် ။ ထိုအငွေ့အသက်ကာ တပါးသူတစ်ယောက်ကိုပင် တဆတ်ဆတ်တုန်ရီစေနိုင်လောက်သည် ။
မည်သူတစ်ဦးတစ်ယောက်မှ မတွန်းလှန်မပုန်ကန်ရဲသော စရိုက်ကိုပိုင်ဆိုင်ထားသူတစ်ဦးက သူ့အိပ်ရာထက်တွင် ပိုးမွှားတစ်ကောင်ကိုတွေ့လိုက်ရသည့်နှယ် ။
ပိုးမွှားသည်ကား အလွန်သေးငယ်ပြီး စကားထဲထည့်ပြောရလောက်အောင် ထင်ရှားလှသည်မဟုတ် ။ သို့သော် မလိုအပ်ပဲရန်သွားစသင့်သည်ဟုလည်း မဆိုလို ။
ရှန့်မင်အော်၏အကြည့်မှတစ်ဆင့် လုဖုန်းအား မည်မျှလောက်ထိချေမှုန်းချင်နေမှန်း သိသာလှသည် ။ သူအထင်အမြင်သေးလှသည်ဆိုသော ထိုပိုးမွှားအား သူအစွမ်းရှိသလောက် ကြမ်းတမ်းလှသည့်စစ်မြေပြင်ထဲ အရောက်ပို့လိမ့်မည်ကို လုဖုန်းသိသည် ။
သို့သော် ထိုသို့သောအကြည့်တွေသည် တစ်စက္ကန့်စာမျှသာ ပြောရလျှင်မျက်တောင်တစ်ခတ်စာမျှသာ ၊ တင်းမာသောမျက်နှာကြောသည် ထိုခနအတွင်းမှာပင် ပျောက်ကွယ်သွားပြီး တစ်ဖန်လူသားအသွင်ဆက်ပြီး ပြုမူပေလိမ့်မည် ။
"ဒါက..."
နှုတ်ခမ်းနီရဲရဲနှင့်မိန်းမပျိုလေးက မေးလာသည် ။ ဝေခွဲမရသော အကြည့်တို့နှင့် လုဖုန်းကိုတစ်လှည့် ရှန့်မင်အော်ကိုတစ်လှည့်ကြည့်လျက် ။
ရှန့်မင်အော် သူမကိုကြည့်လိုက်သည် ။ ထို့နောက် နှုတ်ခမ်းကိုတွန့်ရုံပြုံးကာ တစ်ခုခုပြောဖို့ပြင်လေသည် ။ သို့သော်လုဖုန်းကား ရှန့်မင်အော်မပြောခင် အလျင်အမြန်ပင်ကြားဖြတ်ပြောလိုက်သည် ။
"အကို ဒါဘယ်သူလဲ ?"
လုဖုန်း အပြုံးတစ်ခုကိုဆင်မြန်းလျက် မေးလိုက်သည် ။
"အကို့ ချစ်သူကောင်မလေးလား"
ရှန့်မင်အော်မျက်နှာထက်ရှိ အပြုံးကားရေခဲတမျှအေးခဲသွားခဲ့၏ ။ လုဖုန်းအားကြည့်လာသော အကြည့်တို့မှာလည်း အေးစက်လျက် ။ မသိလျှင်ရေခဲတို့ဖုံးလွှမ်းသော အသူတရာချောက်နက်ထဲပြုတ်ကျသွားသလိုပင် ။
"သူက ကိုယ့်ညီလေး "
မိန်းမလှလေးမှာ တခဏမျှ တိတ်ဆိတ်သွားဟန်ရှိသည် ။ ထို့နောက်
"ရှင့်မှာညီလေးရှိတာလား ? ဘယ်လိုလုပ် တစ်ခါမှမကြားဖူးရတာလဲ"
"ဘာလို့ဆို လွန်ခဲ့တဲ့ဆယ်နှစ်လုံး ကျွန်တော်ထောင်ကျနေလို့ပါ"
လုဖုန်းမတွန့်မဆုတ်ပြောလိုက်ပြီးနောက် တွေ့လိုက်ရသည်က ရှန့်မင်အော်၏ ဓားမြှောင်ကဲ့သို့ချွန်ထက်လှသော အကြည့်တွေ ။
သူမ၏မျက်နှာမှာ ဖြူဖျော့သွားပြီး လုဖုန်းအားတုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ပင် စိုက်ကြည့်လာတော့သည် ။
ရှန့်မင်အော်၏မျက်နှာအမူအရာကား လုံးဝကိုအမှောင်ကျလျက် ။ ထို့နောက် မိန်းမလှလေး၏ တံတောင်ဆစ်မှ ဆွဲခေါ်ကာပြောလာခဲ့သည် ။
"မော့ယွီ မင်းအရင်သွားနှင့် ကိုယ် ကိုယ့်...ညီလေးနဲ့စကားပြောပြီးလိုက်ခဲ့မယ် "
သူမပုံစံကြည့်ရသည်မှာ မေးချင်သောအရာများရှိနေသေးသည့်ပုံ ။ သို့သော် ထိုအချိန်မှာပင် ဝတ်ကောင်းစားလှဝတ်ထားသော တခြားဧည့်သည်များလည်း ဝင်လာကြသည် ။
လူအများ၏အာရုံစူးစိုက်မှုကို ရရှိမှာတော့ စိုးရွံ့သည့်ဟန် ။ သူမချက်ချင်းပါးစပ်ပိတ်ကာ ရှန့််မင်အော်အား ခေါင်းအသာညိတ်ပြလာခဲ့သည် ။
သူမထွက်ခွာသွားပြီးနောက် ရှန့်မင်အော်မှာ သူ့အားတစ်ချက်ပင်ကြည့်မလာခဲ့ ။ တံခါးဆီသို့ဦးတည်ကာ လျှောက်လှမ်းသွားသောခြေလှမ်းတွေသည် လုဖုန်းသူ့နောက်ကိုလိုက်လာလိမ့်မည်မှန်းသေချာနေသည့်ဟန် ။
လုဖုန်း ရှန့်မင်အော်နောက် ပါးစပ်ရေငုံနှုတ်ပိတ်ကာ တိတ်တဆိတ်သာလိုက်လာခဲ့သည် ။
တစ်နေရာအရောက် ရှန့်မင်အော် ရပ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ဟိုတယ်နံရံများကိုမှီရပ်လာခဲ့သည် ။ ထို့နောက် လက်ဖြင့်အသာကွယ်၍ ပါးစပ်နားတေ့ထားသော စီးကရက်အားမီးညှိ၏ ။
အသက်ကိုပြင်းပြင်းရှူသွင်းကာ ဖြေးဖြေးချင်း ပြန်ရှူထုတ်နေသောရှန့်မင်အော် ။ မှောင်ပိန်းနေသောညအလယ်တွင် စီးကရက်မှ လိမ္မော်ရောင်မီးခဲတွေသည် တောက်ပလျက် ။
ဆေးလိပ်ကိုလက်ကြားညှပ်ကာ အငွေ့များက ကာဆီးထားသော အသွင်အပြင် ။ မြူငွေ့များကြားမှာ မြင်ရသောသူ့အကြည့်တွေသည် မသိလျှင် ပျောက်ကွယ်သွားချင်နေသူတစ်ယောက်လို ။
ယခုကဲ့သို့ ခပ်တိတ်တိတ် ပတ်ဝန်းကျင်အနေအထားကို ပြန်အသက်ဝင်အောင် လုဖုန်းကြိူးပမ်းလို့ရလိုရငြား ရှန့်မင်အော်ဆီတည့်တည့်လျှောက်သွားမိသည် ။
"အဲ့တော့ တကယ်ပဲအကို့ချစ်သူကောင်မလေးလား ?"
"လုဖုန်း...."
ထိုခပ်အုပ်အုပ်အသံသည် လုဖုန်းအားရိုက်ခတ်သွားသလိုပင် ။ ညလေညှင်းကသယ်ဆောင်လာသော ထိုအသံကို လုဖုန်းမျှော်လင့်မထားခဲ့ ။ မည်သို့မည်ပုံပြန်တုံ့ပြန်ရမည်ဆိုသည်ပင် သူမစဥ်းစားတတ်တော့ ။
ဆယ်နှစ်ပင်တိုင်ခဲ့ပြီ ။ ဒီဆယ်နှစ်အတွင်း ရှန့်မင်အော်သူ့နာမည်ကို ခေါ်လာခဲ့သည်မှာ ဒါပထမဆုံးအကြိမ် ။
ရှန့်မင်အော် သူ့ကိုကြည့်လာခဲ့သည် ။ နောက်ဆုံးတော့ သူ့မျက်လုံးများထဲမှ အေးစက်လှသောအကြင်နာမဲ့ခြင်းတွေကို ဖုံးကွယ်ထားခြင်းမရှိခဲ့ပြီ ။
"ငါနဲ့ ဝေးဝေးမှာသာနေ"
T/N -
အခုတလော volunteer ကိစ္စတွေနဲ့ အလုပ်နဲ့လက်မပြတ်လို့ တစ်ပိုင်းနဲ့တစ်ပိုင်းကြား ၅ရက်လောက်ကြာသွားတယ် :((
Sorry na
စောင့်ဖတ်တဲ့သူနည်းမှန်းသိပေမဲ့ အားနာလို့
ရှိတဲ့ OC တစ်ပုဒ်ဆို ပိုဆိုးသေး လှည့်ကို မလှည့်ဖြစ်
အခုလောလောဆယ်တော့ နောက်ဆုံးဒိုင်ယာလော့ဂ်မှာကြေကွဲနေ:((((
ZAWGYI
"ယြမ္တစ္သိန္းခြဲတန္နာရီယူမယ္ အခုလာပို႔ေပး "
တစ္စုံတစ္ေယာက္မွ ထိုနာရီကိုလာမဝယ္ယူခင္နာရီဝက္မတိုင္ခင္အထိ နာရီလာေရာင္းသြားသူ ဖန္းလီမွာ သူတို႔အေပါင္ဆိုင္၏ Wechat Accountထဲတြင္ ရွိေနခဲ့သည္ ။
တန္ဖိုးႀကီးေသာနာရီတစ္ခုျဖစ္သည့္အတြက္ ပစၥည္းပို႔ေဆာင္သည့္ျဖစ္စဥ္အတြင္း တစ္ခုခုထိခိုက္မိ၍ေတာင္မျဖစ္ ။ ေမးျမန္းၿပီးသည္ေနာက္ ဝယ္သူကားတိုက္ဆိုင္စြာပင္ ခ်င္းဝမ္ၿမိဳ႕သို႔အလုပ္ကိစၥႏွင့္ေရာက္ရွိေနၿပီး ၾကယ္ငါးပြင့္ဟိုတယ္တစ္ခုတည္း လက္ရွိတည္းခိုေနသည္ကိုလုဖုန္းသိလိုက္ရသည္ ။
ထိုဟိုတယ္မွာ လုဖုန္းအိမ္အျပန္လမ္းေပၚတြင္ရွိသည္ျဖစ္ရာ လုဖုန္းကိုယ္တိုင္ပင္ ပစၥည္းကိုပို႔ေဆာင္မည္ဟု ဆုံးျဖတ္လိုက္ေတာ့သည္ ။
ယြမ္သိန္းေက်ာ္တန္နာရီထံတြင္ မေတာ္တဆတစ္ခုခုျဖစ္ခဲ့လွ်င္ဆိုေသာအေတြးႏွင့္ ေျမေအာက္ရထားကိုပင္ လုဖုန္းမစီးရဲေတာ့ ။
ထို႔ေၾကာင့္ လုဖုန္းဟိုတယ္အထိ တကၠစီးသြားဖို႔ရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္ ။ ကုန္က်စရိတ္မ်ားကိုေတာ့ ေနာက္မွေဝ့ရွဲထံမွျပန္ေတာင္းရမည္ ။
ဟိုတယ္သည္ကား အေတာ္ပင္ျမင့္မားလွေသာ မိုးေမွ်ာ္အေဆာက္အအုံျဖစ္ကာ မွန္သားတို႔ျဖင့္ အေဆာက္အအုံတစ္ခုလုံးကို တန္ဆာဆင္ထား၏ ။ ညမီးေရာင္ေအာက္ဝယ္ ၿပိဳးၿပိဳးပ်က္ပ်က္ေတာက္ပလ်က္ ။
ဟိုတယ္၏ ခန္းမက်ယ္ႀကီးကား ျပစ္မ်ိဳးမွည့္မထင္ေလာက္ေအာင္ သန့္ရွင္းေတာက္ေျပာင္လ်က္ ေသသပ္ေၾကာ့ရွင္းေသာဒီဇိုင္းႏွင့္အတူ ျပန္လည္လန္းဆန္းျခင္း အေငြ႕အသက္တို႔ကိုပါ တစ္ပါတည္းေဆာင္ယူလ်က္ ။
ဒီည ဒီဟိုတယ္၏ခန္းမတစ္ခုခုတြင္ စားေသာက္ဧည့္ခံပြဲရွိပုံရသည္ ။ ကားမ်ားဆီမွဆင္းကာ ဝင္ေပါက္ဆီသို႔ လွမ္းလာၾကေသာလူအမ်ားအျပားကို လုဖုန္းေတြ႕ေနရသည္ ။
ျပစ္ခ်က္တစိမရွိေသာ ဝတ္စုံအမ်ိဳးမ်ိဳး ေသသပ္ေတာက္ပေနေသာ ပြဲတက္ဂါဝန္အမ်ိဳးမ်ိဳးကို ဝတ္ဆင္လ်က္ ။
လူအဖြဲ႕အစည္း အသိုင္းအဝိုင္းထဲမွ အထက္တန္းလႊာဟူေသာ ဂုဏ္ပုဒ္ကို ပုံေဖာ္ေနၾကဟန္တူသည္ ။
လုဖုန္းဝတ္စားလာပုံေၾကာင့္လား သို႔မဟုတ္ ဤကဲ့သို႔ေနရာမ်ိဳးကို ဖိတ္ေခၚခံရမည့္လူမ်ိဳးပုံမေပါက္ေသာေၾကာင့္လာေတာ့မသိ ။ သူ ခန္းမက်ယ္ထဲသို႔ ေျခခ်မည္ျပင္သည္ႏွင့္ လုံၿခဳံေရးကသူ႕ကိုတားေတာ့သည္ ။ ထို႔ေနာက္ အကူအညီလိုလားဘာလား ေမးလာ၏ ။
"ကြၽန္ေတာ္ တစ္ေယာက္ေယာက္ကိုရွာေနတာ"
လုဖုန္း နာရီမွာသူအား ဖုန္းဆက္ၿပီး ေရာက္ေနၿပီျဖစ္ေၾကာင္းေျပာရေတာ့သည္ ။ တစ္ဖက္မွ ဝယ္သူ တုံ႕ျပန္လာသည္က အလ်င္အျမန္ပင္ ။ လုဖုန္းအား ခနေစာင့္ေပးဖို႔အေၾကာင္း အခုခ်က္ခ်င္းပင္ သူေအာက္ဆင္းလာမည့္ျဖစ္ေၾကာင္းေျပာလာခဲ့၏ ။
လုဖုန္းလည္း လုံၿခဳံေရးကိုၿပဳံးျပကာ Receptionရွိ ဧည့္သည္နားေနခန္းသို႔ ေလွ်ာက္လာခဲ့ေတာ့သည္ ။
လုဖုန္းထိုင္ေစာင့္မည္လုပ္ေနဆဲမွာပင္ ေခ်ာမြတ္ေတာက္ေျပာင္ေနေသာ ေငြျဖဴေရာင္ကားတစ္စီးက အေပါက္ဝေရွ႕မွာလာရပ္၏ ။ လုဖုန္းတစ္ခ်က္ေလာက္မွ်မၾကည့္ဘဲမေနနိုင္ေတာ့ ။
ညာဘက္ခုံတြင္ကား ကိုယ္လုံးကိုယ္ေပါက္လွပလွေသာ မိန္းမငယ္ေလးတစ္ေယာက္က စီးနင္းလိုက္ပါလာခဲ့၏ ။ ခႏၶာကိုယ္တြင္ဆင္ယင္ထားေသာ အနီေရာင္ဂါဝန္က သူမ၏ခါးသြယ္သြယ္ကို ပိုမိုေပၚလြင္ေစလ်က္ ။
ရာသီဥတုမွာ ေအးစိမ့္စိမ့္နိုင္သည္ေၾကာင့္ထင့္ ။
သူမပုခုံးတစ္ဝိုက္တြင္ အနက္ေရာင္ေမြးပြတဘက္ကို ၿခဳံလႊမ္းထားလ်က္ ။ မေျပ့တေျပ ဆံပင္ေခြလိပ္ ၊ အနီေရာင္ႏႈတ္ခမ္းသားရဲရဲတို႔ေပါင္းစပ္လိုက္ေသာအခါ သူမသည္ကား အလြန္တရာပင္လွေသာ မိန္းကေလးတစ္ဦး ။
သူမ ကားတံခါးကိုပိတ္ကာ ကားေမာင္းႏွင္သူေနရာဆီ ဦးတည္ေလွ်ာက္လာခဲ့သည္ ။ ကားထဲမွသူတံခါးဖြင့္အလာကိုေစာင့္ေနဟန္ ။ ကားထဲမွသူထြက္လာလာခ်င္းပင္ ထိုသူ၏လက္ေမာင္းကို လက္တစ္ဖက္ျဖင့္ရစ္သိုင္းလိုက္ေသာသူမ ။
သူမကိုၾကည့္ရသည္မွာ ယခုကဲ့သို႔ပတ္ဝန္းက်င္အေနအထားႏွင့္ အေတာ့္ကိုမွေနသားက်ေနဟန္ ။
ႏွစ္ေယာက္အတူယွဥ္တြဲကာ ဟိုတယ္တြင္းသို႔ေလွ်ာက္လွမ္းလာၾကေသာ သူတို႔ ။ ဆုံလည္တံခါးေပါက္ကိုျဖတ္ေက်ာ္ကာ တစ္လွမ္းခ်င္းႂကြႂကြ႐ြ႐ြေလွ်ာက္လွမ္းလာေသာ သူမကား ေလနတ္ဘုရားမတစ္ပါးသဖြယ္ ။ စီးထားေသာေဒါက္ခြၽန္ႏွင့္ ၾကမ္းျပင္တို႔ထိခတ္သံတို႔မွာကား ေျခလွမ္းတို႔၏ေနာက္တြင္ က်န္ရစ္လ်က္ ။
လုဖုန္း အခုထိမထိုင္နိုင္ေသးပဲ ယခင္ပုံစံအတိုင္းသာ ။ ထိုအခိုက္ လုဖုန္းအၾကည့္တို႔ ထပ္မံဆင္းသက္ရာေနရာသည္ တျခားမဟုတ္ ။ ထိုမိန္းမလွေလး၏ေဘးမွ အမ်ိဳးသားကိုပင္ ။
လြန္ခဲ့သည့္ရက္အနည္းငယ္ကပင္ သည္လိုကိစၥရပ္မ်ိဳးျဖစ္ခဲ့သည္ ။ အခုလည္း သူတို႔ႏွစ္ေယာက္ထပ္ေတြ႕ၾကရျပန္ၿပီ ။
တျခားေသာအမ်ိဳးသားမ်ားကဲ့သို႔ပင္ အေနာက္တိုင္းဝတ္စုံျပည့္ ဝတ္ဆင္ထားေသာသူ ။ ထို႔ျပင္ အနက္ေရာင္နက္ကတိုင္တစ္ခုခုကိုလည္း သပ္သပ္ရပ္ရပ္တပ္ဆင္ထားေသးသည္ ။
ရင္ဘတ္အိတ္ကပ္တြင္ထား ျဖဴေဖြးရွင္းသန့္ေသာ အဝတ္စ၏ေထာင့္စြန္းေလးသည္ ေသေသသပ္သပ္ထြက္ေပၚေနလ်က္ ။
တျခားေသာအမ်ိဳးသားမ်ားႏွင့္ မတူသည္ကား သူ၏ၾကည့္ေကာင္းလွေသာ ကိုယ္လုံးကိုယ္ေပါက္ပင္ ။ အေနာက္တိုင္းဝတ္စုံကို ၾကယ္သီးတစ္လုံးသာတပ္ရန္ ေ႐ြးခ်ယ္ခဲ့သည္က သူ႕ကိုပို၍ထင္ေပၚေစသည္သာမက ၾကည့္ေကာင္းေစသည္ ။
မနာလိုအားက်စရာေကာင္းေသာ ၾကည့္ေကာင္းသည့္ကိုယ္လုံးကိုယ္ေပါက္အား ပိုင္ဆိုင္ထားသည္ကို သက္ေသထူျပေနစရာပင္မလိုေတာ့။ ေျခလွမ္းတိုင္းကလည္း သူ၏ေျခတံရွည္မ်ားအေၾကာင္း ထုတ္ေဖာ္ႂကြားဝါေနသေယာင္။
သူတို႔ႏွစ္ေယာက္ ဓာတ္ေလွကားဆီသို႔သြားမည္ဆိုလွ်င္ လုဖုန္းေရွ႕မွျဖတ္ေလွ်ာက္ရမည္ ။ ထိိုသို႔ဆိုလွ်င္ ရွန့္မင္ေအာ္အေနႏွင့္ လုဖုန္းအားမသိခ်င္ေယာင္ေဆာင္ဖို႔ရန္ လုံးဝမျဖစ္နိုင္ေတာ့ ။
ထိုအခိုက္အတန့္တြင္ ရွန့္မင္ေအာ္ကား လုဖုန္းကို အမွန္တကယ္ပင္ျမင္သြားေခ်ၿပီ ။ ထို႔ျပင္ သူ႕ေျခလွမ္းမ်ားသည္လည္း အမွတ္မထင္ ရပ္တန့္သြားခဲ့၏ ။
ထိုစကၠန့္ပိုင္းအတြင္းမွာပင္ ရွန့္မင္ေအာ္၏မရီမၿပဳံး ေအးစက္စက္အၾကည့္တို႔မွတစ္ဆင့္ မုန္းတီးေသာအေငြ႕အသက္တို႔ကို လုဖုန္းထြင္းေဖာက္ျမင္လိုက္ရသည္ ။ ထိုအေငြ႕အသက္ကာ တပါးသူတစ္ေယာက္ကိုပင္ တဆတ္ဆတ္တုန္ရီေစနိုင္ေလာက္သည္ ။
မည္သူတစ္ဦးတစ္ေယာက္မွ မတြန္းလွန္မပုန္ကန္ရဲေသာ စရိုက္ကိုပိုင္ဆိုင္ထားသူတစ္ဦးက သူ႕အိပ္ရာထက္တြင္ ပိုးမႊားတစ္ေကာင္ကိုေတြ႕လိုက္ရသည့္ႏွယ္ ။
ပိုးမႊားသည္ကား အလြန္ေသးငယ္ၿပီး စကားထဲထည့္ေျပာရေလာက္ေအာင္ ထင္ရွားလွသည္မဟုတ္ ။ သို႔ေသာ္ မလိုအပ္ပဲရန္သြားစသင့္သည္ဟုလည္း မဆိုလို ။
ရွန့္မင္ေအာ္၏အၾကည့္မွတစ္ဆင့္ လုဖုန္းအား မည္မွ်ေလာက္ထိေခ်မႈန္းခ်င္ေနမွန္း သိသာလွသည္ ။ သူအထင္အျမင္ေသးလွသည္ဆိုေသာ ထိုပိုးမႊားအား သူအစြမ္းရွိသေလာက္ ၾကမ္းတမ္းလွသည့္စစ္ေျမျပင္ထဲ အေရာက္ပို႔လိမ့္မည္ကို လုဖုန္းသိသည္ ။
သို႔ေသာ္ ထိုသို႔ေသာအၾကည့္ေတြသည္ တစ္စကၠန့္စာမွ်သာ ေျပာရလွ်င္မ်က္ေတာင္တစ္ခတ္စာမွ်သာ ၊ တင္းမာေသာမ်က္ႏွာေၾကာသည္ ထိုခနအတြင္းမွာပင္ ေပ်ာက္ကြယ္သြားၿပီး တစ္ဖန္လူသားအသြင္ဆက္ၿပီး ျပဳမူေပလိမ့္မည္ ။
"ဒါက..."
ႏႈတ္ခမ္းနီရဲရဲႏွင့္မိန္းမပ်ိဳေလးက ေမးလာသည္ ။ ေဝခြဲမရေသာ အၾကည့္တို႔ႏွင့္ လုဖုန္းကိုတစ္လွည့္ ရွန့္မင္ေအာ္ကိုတစ္လွည့္ၾကည့္လ်က္ ။
ရွန့္မင္ေအာ္ သူမကိုၾကည့္လိုက္သည္ ။ ထို႔ေနာက္ ႏႈတ္ခမ္းကိုတြန့္႐ုံၿပဳံးကာ တစ္ခုခုေျပာဖို႔ျပင္ေလသည္ ။ သို႔ေသာ္လုဖုန္းကား ရွန့္မင္ေအာ္မေျပာခင္ အလ်င္အျမန္ပင္ၾကားျဖတ္ေျပာလိုက္သည္ ။
"အကို ဒါဘယ္သူလဲ ?"
လုဖုန္း အၿပဳံးတစ္ခုကိုဆင္ျမန္းလ်က္ ေမးလိုက္သည္ ။
"အကို႔ ခ်စ္သူေကာင္မေလးလား"
ရွန့္မင္ေအာ္မ်က္ႏွာထက္ရွိ အၿပဳံးကားေရခဲတမွ်ေအးခဲသြားခဲ့၏ ။ လုဖုန္းအားၾကည့္လာေသာ အၾကည့္တို႔မွာလည္း ေအးစက္လ်က္ ။ မသိလွ်င္ေရခဲတို႔ဖုံးလႊမ္းေသာ အသူတရာေခ်ာက္နက္ထဲျပဳတ္က်သြားသလိုပင္ ။
"သူက ကိုယ့္ညီေလး "
မိန္းမလွေလးမွာ တခဏမွ် တိတ္ဆိတ္သြားဟန္ရွိသည္ ။ ထို႔ေနာက္
"ရွင့္မွာညီေလးရွိတာလား ? ဘယ္လိုလုပ္ တစ္ခါမွမၾကားဖူးရတာလဲ"
"ဘာလို႔ဆို လြန္ခဲ့တဲ့ဆယ္ႏွစ္လုံး ကြၽန္ေတာ္ေထာင္က်ေနလို႔ပါ"
လုဖုန္းမတြန့္မဆုတ္ေျပာလိုက္ၿပီးေနာက္ ေတြ႕လိုက္ရသည္က ရွန့္မင္ေအာ္၏ ဓားျမႇောင္ကဲ့သို႔ခြၽန္ထက္လွေသာ အၾကည့္ေတြ ။
သူမ၏မ်က္ႏွာမွာ ျဖဴေဖ်ာ့သြားၿပီး လုဖုန္းအားတုံ႕ဆိုင္းတုံ႕ဆိုင္းျဖင့္ပင္ စိုက္ၾကည့္လာေတာ့သည္ ။
ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာကား လုံးဝကိုအေမွာင္က်လ်က္ ။ ထို႔ေနာက္ မိန္းမလွေလး၏ တံေတာင္ဆစ္မွ ဆြဲေခၚကာေျပာလာခဲ့သည္ ။
"ေမာ့ယြီ မင္းအရင္သြားႏွင့္ ကိုယ္ ကိုယ့္...ညီေလးနဲ႕စကားေျပာၿပီးလိုက္ခဲ့မယ္ "
သူမပုံစံၾကည့္ရသည္မွာ ေမးခ်င္ေသာအရာမ်ားရွိေနေသးသည့္ပုံ ။ သို႔ေသာ္ ထိုအခ်ိန္မွာပင္ ဝတ္ေကာင္းစားလွဝတ္ထားေသာ တျခားဧည့္သည္မ်ားလည္း ဝင္လာၾကသည္ ။
လူအမ်ား၏အာ႐ုံစူးစိုက္မႈကို ရရွိမွာေတာ့ စိုး႐ြံ႕သည့္ဟန္ ။ သူမခ်က္ခ်င္းပါးစပ္ပိတ္ကာ ရွန့္္မင္ေအာ္အား ေခါင္းအသာညိတ္ျပလာခဲ့သည္ ။
သူမထြက္ခြာသြားၿပီးေနာက္ ရွန့္မင္ေအာ္မွာ သူ႕အားတစ္ခ်က္ပင္ၾကည့္မလာခဲ့ ။ တံခါးဆီသို႔ဦးတည္ကာ ေလွ်ာက္လွမ္းသြားေသာေျခလွမ္းေတြသည္ လုဖုန္းသူ႕ေနာက္ကိုလိုက္လာလိမ့္မည္မွန္းေသခ်ာေနသည့္ဟန္ ။
လုဖုန္း ရွန့္မင္ေအာ္ေနာက္ ပါးစပ္ေရငုံႏႈတ္ပိတ္ကာ တိတ္တဆိတ္သာလိုက္လာခဲ့သည္ ။
တစ္ေနရာအေရာက္ ရွန့္မင္ေအာ္ ရပ္လိုက္ၿပီး ေခါင္းကိုငုံ႕ကာ ဟိုတယ္နံရံမ်ားကိုမွီရပ္လာခဲ့သည္ ။ ထို႔ေနာက္ လက္ျဖင့္အသာကြယ္၍ ပါးစပ္နားေတ့ထားေသာ စီးကရက္အားမီးညွိ၏ ။
အသက္ကိုျပင္းျပင္းရႉသြင္းကာ ေျဖးေျဖးခ်င္း ျပန္ရႉထုတ္ေနေသာရွန့္မင္ေအာ္ ။ ေမွာင္ပိန္းေနေသာညအလယ္တြင္ စီးကရက္မွ လိေမၼာ္ေရာင္မီးခဲေတြသည္ ေတာက္ပလ်က္ ။
ေဆးလိပ္ကိုလက္ၾကားညွပ္ကာ အေငြ႕မ်ားက ကာဆီးထားေသာ အသြင္အျပင္ ။ ျမဴေငြ႕မ်ားၾကားမွာ ျမင္ရေသာသူ႕အၾကည့္ေတြသည္ မသိလွ်င္ ေပ်ာက္ကြယ္သြားခ်င္ေနသူတစ္ေယာက္လို ။
ယခုကဲ့သို႔ ခပ္တိတ္တိတ္ ပတ္ဝန္းက်င္အေနအထားကို ျပန္အသက္ဝင္ေအာင္ လုဖုန္းႀကိဴးပမ္းလို႔ရလိုရျငား ရွန့္မင္ေအာ္ဆီတည့္တည့္ေလွ်ာက္သြားမိသည္ ။
"အဲ့ေတာ့ တကယ္ပဲအကို႔ခ်စ္သူေကာင္မေလးလား ?"
"လုဖုန္း...."
ထိုခပ္အုပ္အုပ္အသံသည္ လုဖုန္းအားရိုက္ခတ္သြားသလိုပင္ ။ ညေလညွင္းကသယ္ေဆာင္လာေသာ ထိုအသံကို လုဖုန္းေမွ်ာ္လင့္မထားခဲ့ ။ မည္သို႔မည္ပုံျပန္တုံ႕ျပန္ရမည္ဆိုသည္ပင္ သူမစဥ္းစားတတ္ေတာ့ ။
ဆယ္ႏွစ္ပင္တိုင္ခဲ့ၿပီ ။ ဒီဆယ္ႏွစ္အတြင္း ရွန့္မင္ေအာ္သူ႕နာမည္ကို ေခၚလာခဲ့သည္မွာ ဒါပထမဆုံးအႀကိမ္ ။
ရွန့္မင္ေအာ္ သူ႕ကိုၾကည့္လာခဲ့သည္ ။ ေနာက္ဆုံးေတာ့ သူ႕မ်က္လုံးမ်ားထဲမွ ေအးစက္လွေသာအၾကင္နာမဲ့ျခင္းေတြကို ဖုံးကြယ္ထားျခင္းမရွိခဲ့ၿပီ ။
"ငါနဲ႕ ေဝးေဝးမွာသာေန"
T/N -
အခုတေလာ volunteer ကိစၥေတြနဲ႕ အလုပ္နဲ႕လက္မျပတ္လို႔ တစ္ပိုင္းနဲ႕တစ္ပိုင္းၾကား ၅ရက္ေလာက္ၾကာသြားတယ္ :((
Sorry na
ေစာင့္ဖတ္တဲ့သူနည္းမွန္းသိေပမဲ့ အားနာလို႔
ရွိတဲ့ OC တစ္ပုဒ္ဆို ပိုဆိုးေသး လွည့္ကို မလွည့္ျဖစ္
အခုေလာေလာဆယ္ေတာ့ ေနာက္ဆုံးဒိုင္ယာေလာ့ဂ္မွာေၾကကြဲေန:((((