ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.8K 978 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter-5(U+Z)

352 28 3
By mg-yoe-shin

စနေ ၊တနင်္ဂနွေကျောင်းပိတ်ရက်ဆို
နောင်ရိုးသစ်အိမ်မှာ ရှိမနေတတ်ပေ။ဘေးအိမ်မှဘကြီး‌ေကျာ်တို့နှင့်  နွေစပါးစိုက်ရန် ပျိုးကြဲလိုက်ရသည်။အမေက မလိုက်‌ေစချင်သော်လည်း နောင်ရိုးသစ် အမေ့ဆီ မရမက ခွင့်တောင်းထားသောကြောင့် ခွင့်ပြုထားခြင်းဖြစ်သည်။

နောင်နှစ်ဆို ကိုးတန်းတက်ရတော့မည်။
ရှစ်တန်းထိသာ ဖွင့်ထားသော ရွာကျောင်းလေးတွင် ကျောင်းဆက်တက်လို့ရတော့မည် မဟုတ်ပေ။ ရွာနှင့်၂မိုင်ခန့်ဝေးသော ဟိုဘက်ရွာရှိ အထင်တန်းကျောင်းသို့ နေ့ချင်းပြန် ကျောင်းတက်ရမည်ဖြစ်သည်။ ကျောင်းတက်လျှင် ပိုက်ဆံကလိုလာတော့မည်ဖြစ်သည်။‌အတန်းကြီးလာသည်နှင့်အမျှ ကျောင်းစရိတ်ကလည်း ပိုကုန်လာတော့မည်ဖြစ်သည်။စာအုပ်စာတန်းဖိုးကလည်း ပို၍ပင်ကုန်လာတော့မည်မှာအသေအချာပင်ဖြစ်သည်။ထို့ကြောင့် နောင်ရိုးသစ် ကျောင်းစရိတ်၊စာအုပ်ဖိုးကြိုစုထားချင်သည်။နောက်ပြီး အမေ့ကိုတစ်ဖက်တစ်လမ်းမှ ကူညီပေးချင်သည်။

"မဟုတ်ပါဘူး ကျွန်မတကယ် နေမကောင်းဖြစ်နေလို့ပါရှင်"

"ရှင်တို့က ယူတုန်းက ယူပြီးကတိတည်ရမှာပေါ့"

ပျိုးကြဲပြီး ပြန်လာခါစ ရေမိုးချိုး၍ အိမ်ထဲတွင် စာဖတ်နေခိုက် အိမ်ရှေ့မှ ဆူညံညံ အသံကြားတာကြောင့် နောင်ရိုးသစ် ဖတ်လက်စစာအုပ်အား ခဏထားကာ အိမ်‌ေရှ့သို့ ထွက်လာခဲ့လိုက်သည်။

"ဘာဖြစ်လို့လဲ အမေ.."

အမေ မျက်စိမျက်နှာပျက်သည်။ မျက်နှာလေးက ညိုးငယ်နေကာ ရှိရင်းစွဲအသက်ထက်ပင် ကြီးနေသယောင်ထင်ရသည်။မျက်နှာမှ အရေးအကြောင်းများမှာလည်း ဒီနှစ်မှ ပိုသိသာလာသည်။

"ဘာမှမဖြစ်ပါဘူး သားရယ်"

"ဘာလို့ ဘာမဖြစ်ရမှာလဲ ရှင် ပလီပလာတွေလုပ်နေတာ မဟုတ်ဘူးလား။ ပိုက်ဆံယူတုန်းက လာယူပြီးတော့ လုပ်အားခေါ်တော့မလိုက်ချင်ဘူး အမျိုးမျိုးပဲ တတ်ပဲတတ်နိုင်လွန်းတယ်"

ရင့်သီးသည့်စကားလုံးများနှင့် ပြောနေသော အမျိုးသမီးကို နောင်ရိုးသစ် မရဲတရဲ ကြည့်လိုက်မိသည်။ထိန်လင်းအောင်၏
အမေဒေါ်မြမြရီဖြစ်သည်။ မျက်နှာမှာ လိုအပ်သည်ထက်ပင် တင်းမာနေသည်။ပိုက်ဆံရှိ မြေရှင်၊ အကြွေးရှင်တွေဆိုတာဟာ အမြဲဒီလိုပါပဲလေ။

"ကျွန်မ ညာနေတာမဟုတ်ပါဘူး မမြရယ်။
ညကတည်းက ကျွန်မကိုယ်လက်တွေ ကိုက်ခဲပြီးနေမကောင်းဖြစ်နေလို့ပါ နောက်ရက်မှ ကျွန်မလိုက်ခဲ့ပါ့မယ်"

"နေမကောင်းတာနဲ့ ငါက ညည်းဆီ ရ ရမယ့်ငွေကို ဒီအတိုင်းထားပေးရမှာလားဟဲ့ ညည်းတို့လိုဟာတွေက အမြဲဒီလိုပဲ ယူတုန်းကဖြင့် မျက်နှာကတစ်မျိုး ဟော လုပ်အားလာခေါ်တော့ တစ်မျိုး တကယ်တည်း ညည်းလိုက်မှာလား မလိုက်ဘူးလားပဲ ပြော"

"အမေ့အစား ကျွန်တော်ပဲလိုက်ခဲ့ပါမယ်"

"သား မလိုက်ပါနဲ့ကွယ်.."

"ရှင် သားလည်း အလုပ်လုပ်တတ်တဲ့အရွယ်ရောက်နေပြီပဲ ဘယ်သူလိုက်လိုက်ရတယ်။ပဲရွေးမှာ ဘာမှခက်ခဲတဲ့ အလုပ်မဟုတ်ဘူး ဟိုကောင်လေးလိုက်ခဲ့ ငါသွားနှင့်ပြီ"

ဒေါ်မြမြရီ၏ ရင့်သီးလှသည့်စကားများအတွက် စိတ်မကောင်းဖြစ်နေစရာ နောင်ရိုးသစ်မှာ အချိန်မရှိပါပေ။

"အမေ ဒီနေ့တော့ ဆေးသောက်ပြီး
အိမ်မှာပဲ နားနေလိုက်ပါနော်။ဒီနေ့ ကျွန်တော်လည်း ကျောင်းမှ မတက်ရတာ လိုက်သွားမယ်နော် အမေ"

"သားရယ် သားကခုမှတောထဲက ပြန်လာတာလေ"

"ရပါတယ်အမေရဲ့ သားလိုက်သွားမယ်နော်"

နောင်ရိုးသစ် အမေ့ကို ခွင့်တောင်းလိုက်သည်။ထို့နောက် အမေ့ဆီက အဖြေကို
စောင့်မနေတော့ပဲ အိမ်ထဲက ထွက်လာခဲ့ပြီး
"အိမ်ကိုလာခဲ့ဟု" မာမာထန်ထန်ပြောကာ ထွက်သွားသော ထိန်လင်း၏အမေနောက်သို့ လိုက်လာခဲ့သည်။

ထိန်လင်းအောင်တို့ အိမ်ကြီးသည် ပျဥ်‌ေထာင်နှစ်ထပ်အိမ်ကြီးဖြစ်သည်။ပျဉ်ချပ်များကို ရေနံများ မဲနက်နေအောင် သုတ်ထားသည်။အမိုးကို သွပ်များဖြင့်မိုးထားသည်။နောင်ရိုးတို့ အိမ်နှင့်တော့ အများကြီးကွာခြားလှပါသည်။

"ဟဲ့ ကောင်လေး ဟိုဘက်ကိုသွား အဲ့ဘက်မှာ ပဲရွေးနေတဲ့လူတွေရှိတယ် သွားရွေးချေ"

တင်းမာခက်ထန်လှသောမျက်နှာဖြင့် ထိန်လင်းအောင်၏အမေ ညွှန်ပြသော ‌အိမ်နောက်ဖေးကွက်လပ်ဆီသို့ နောင်ရိုးသစ် သွားလိုက်သည်။

အိမ်နောက်ဖေးရှိ သလင်းမြေပြင်ပေါ်တွင် ရွာထဲမှ တခြားသော အမျိုးသမီးကြီးများကလည်း မြေပဲရွေးနေကြသည်။ထိုအမျိုးသမီးကြီးများ၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။လုပ်ရမည့်အလုပ်က ပဲရွေးခြင်းဖြစ်သည်။မြေပဲဆံများကို ကောင်းမွန်သော မြေပဲများနှင့် သေးလှီနေသော မြေပဲဆံများ သပ်သပ်ဆီ ခွဲရွေးရခြင်း ဖြစ်သည်။တစ်တင်းပြည့်မှသာ ခုနစ်ကျပ်ရမည်ဖြစ်သည်။တစ်မနက်လုံး ဇက်ကြောတက်အောင် လုပ်ရင်တောင် တစ်တင်းပြည့်မည် မဟုတ်ပေ။ပေ ဖြစ်တုန်းတော့ ခံရဦးမပေါ့။

"ဟူး"
နောင်ရိုးသစ် ‌ေလပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အနီးအနားတွင်ရှိသော တင်းတောင်းတစ်ခုကို ယူကာ ကောင်းမွန်သော မြေပဲဆံလေးများကို  ရွေးချယ်ကာ ထည့်လိုက်သည်။သေးလှီးလှသော မြေပဲစေ့အပိန်များအား ဘေးတွင် ပုံထားလိုက်သည်။အရှေ့မှာ ပုံထားသည် ပဲပုံကြီးကိုကြည့်ကာ နောင်ရိုးသစ်စဉ်းစားမိရလေသည်။ ချမ်းသာတဲ့သူများကျ ချမ်းသာပြီးရင် ချမ်းသာနေကြတာဘာကြောင့်များပါလိမ့်။ပြည့်ပြီးသားအိုးများက လျှံကျနေဆဲဖြစ်ပြီး မပြည့်သည့်အိုးများကတော့ ဘောင်ဘင်ခတ်နေဆဲ....။

"မမြက ပိုက်ဆံရှိတော့ အထက်စီးကပြောနိုင်တာပေါ့အေ ကျုပ်တို့က ရှိတဲ့သူမှမဟုတ်တာ ပြောသမျှငြိမ်ခံနေရတာပေါ့...နို့ ငြိမ်မခံဘဲ ပြန်ခွပ်ကြည့်ပါလား နောက် ကျုပ်တို့ငွေလိုရင် ဘယ်သူ့ဆီပြေးမလဲ"

"ဒီလိုပါပဲတော် လူအောက်ကျို့လို့ လူပိမသေပါဘူး"

ဘေးနားရှိ မိန်းမကြီးများသည် ပဲရွေးရင်းဖြင့်ဒေါ်မြမြရီနှင့် ပတ်သတ်၍ ဝေဖန်နေကြသည်။ထိုစကားဝိုင်းတွင်တော့ နောင်ရိုးသစ်မပါချေ။သို့သော် ပြောသည့်စကားများက နားထဲတွင် အတိုင်းသား ကြားနေရသည်။

အင်းလေ။သူတို့ပြောနေတာလည်း ဟုတ်တာပဲ။ပိုက်ဆံမရှိရင် ဂုဏ်ကြီးရှင်တွေရဲ့ ပြောသမျှ ငုံ့ခံနေရသည်မှာ ဓမ္မတာပင်ဖြစ်နေလေပြီ။

"ဟေ့ကောင် နောင်ရိုး"

ဘယ်လိုမှ ထင်မှတ်မထားသည့်အသံက နားထဲဝင်လာတာကြောင့် နောင်ရိုးသစ်လန့်သွားသည်။လှည့်ကြည့်လိုက်တော့ ဟိုတစ်ကောင့်သား ထိန်လင်းအောင်။ဒီကောင်  ပဲရွေးတဲ့နားဘာလာလုပ်သည်မသိ။

"ဘာလဲ"

"မင်း ဘာလာလုပ်တာလဲ"

"မင်း မမြင်ဘူးလား ငါ ပဲရွေးနေတာ"
မြေပဲဆံလေးများကို  တောင်းထဲ ရွေးထည့်ရင်း ပြောလိုက်သည်။

"ဟောဗျာ ပဲရွေးနေတာတော့ မြင်တာပေါ့ကွာ။အရင်နေ့တွေက အရီးခင်လာတာလေ ဒီနေ့ မင်းရောက်လာလို့ ဘာလို့ မင်းလာရတာလဲ အရီးခင်နေမကောင်းလိုလား ဒါမှတ်မဟုတ်"

ဒီကောင်ထိန်လင်းကိုသာ စကားပြန်ပြောနေလျှင် နေမွန်းတည့်တောင် တစ်တင်းတောင်ပြည့်မည်မဟုတ်။

"‌မင်း လုပ်ပုံနဲ့ ဒီနေ့ တစ်တင်းတောင်ပြည့်မှာမဟုတ်ဘူး မင်း အ‌ေတာ်အမေးအမြန်းထူတာပဲ"

"မင်းကလဲကွာ"

"ဒါနဲ့ မင်း ကျူရှင်မသွားဘူးလား"

"အင်း မသွားရဘူး ဒီနေ့ပိတ်တယ်လေ။"

"ဪ အေး"

ကျူရှင်မတက်ရသည့်အတွက်
ကျူရှင်ပိတ်သည်၊ဖွင့်သည်ကို နောင်ရိုးသစ်
မသိပါချေ။ထို့ကြောင့် မေးလိုက်မိခြင်းဖြစ်သည်။

"သားရေ"

"ဗျာ မေမေ"

"သား ဘယ်ကလဲ"

"အိမ်နောက်ဖေးကပါ မေမေ"

ထိန်လင်း၏အမေနှင့် ထိန်လင်း၏ အမေးအဖြေက ပဲရွေးနေသူတိုင်း အတိုင်းသားကြားနေရသည်။ခဏကြာတော့ ထိန်လင်း၏အမေသည် ပဲရွေးသော အိမ်နောက်ဖေးသို့ ရောက်ချလာသည်။

"သား ဒီကို ဘာလာလုပ်နေတာလဲ ဒီနေရာက သားနေရမယ့်နေရာ မဟုတ်ဘူးလေ"

"ဘာမှမလုပ်ပါဘူး မေမေရဲ့ နောင်ရိုးက သားသူငယ်ချင်းလေ...။သူ့ကို တေွ့လို့ လာနှုတ်ဆက်တာပါ.."

"မင်းကို မေမေ ဘယ်လိုပြောထားလဲ ထိန်လင်း။ ကိုယ်နဲ့အဆင့်အတန်းမတူတဲ့ဟာတွေနဲ့ မပေါင်းပါနဲ့လို့ မေမေပြောထားတာတွေ မမှတ်မိဘူးလား ကြည့်ပါဦး သားပေါင်းသင်းတဲ့ သားသူငယ်ချင်းကိုလည်း"

နှုတ်ခမ်းများမဲ့ကာ ရွဲ့ကာဖြင့် လူတစ်ယောက်အား မတူမတန်သည့်အလား ပြောဆိုနေသည့် ထိန်လင်းအမေဒေါ်မြမြရီကို ကြည့်ပြီး နောင်ရိုး ရင်တစ်ခုလုံးမွန်းကြပ် ပူလောင်သွားရသည်။နှိမ့်ချခွဲခြားသည့် မျက်လုံးအကြည့်အောက်မှာ နောင်ရိုး၏ စိတ်နှင့်ကိုယ် ကျုံ့ဝင်သွားရသည်။ ဖြစ်နိုင်လျှင် နေရာမှထကာ ထွက်ပြေးချင်လာသည်။အထင်သေးပြီးကြည့်သည့် အကြည့်တွေကို နောင်ရိုးသစ် မခံနိုင်ပါ။

"မေမေ သားသူငယ်ချင်းကို အဲ့လို မပြောပါနဲ့ မေမေရာ...။ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာအဓိကမဟုတ်ဘူးလို့ ဖေဖေပြောထားတာ မေမေမေ့နေပြီလား။ပြီးတော့ သား သူငယ်ချင်းက မေမေထင်တဲ့ လူမျိုးမဟုတ်ဘူး"

"ဟင် မင်း..မင်း ဘာမဟုတ်တဲ့ကောင်လေးကြောင့် မေမေ့ကို ပြန်ခံပြောနေတယ်ပေါ့လေဟုတ်လား အိမ်ထဲလိုက်ခဲ့ ပြီးရင် မေမေနဲ့ မင်းနဲ့တွေ့မယ်"

"မလိုက်ဘူးဗျာ မေမေက အမြဲတမ်း
အဲ့လိုပဲ...သားသူငယ်ချင်းကို ပြောတာ သားကို ပြောသလိုပဲ"

"ထိန်လင်း မေမေ ဒီထက်ပိုပြီး ဒေါသမထွက်ခင် အိမ်ထဲလိုက်ခဲ့"

"မလိုက်ဘူးဗျာ"

ထိန်လင်း၏ မေမေသည် ဒေါသကြောင့် လက်များပင် တဆတ်ဆတ်တုန်နေသည်။ လူကြားထဲတွင် သားဖြစ်သူက ပြန်ခံပြောသောကြောင့် ပို၍ပင် မခံမရပ်နိုင်ဖြင့် ဒေါသထွက်နေ‌ေလသည်။

"မင်း ခုချက်ချင်း ငါ့နောက်ကလိုက်ခဲ့"ဟုဆိုကာ အနားမှ ချာခနဲနေအောင် လှည့်ထွက်သွားသည်။

"လိုက်သွားလိုက်ပါ ထိန်လင်းရာ ငါတောင်းပန်ပါတယ်.."

နောင်ရိုးသစ် တောင်းပန်ရိုကျိုးသော အကြည့်များဖြင့် ထိန်လင်းကို ပြောလိုက်သည်။
ငါ တောင်းပန်ပါတယ် ထိန်လင်းရာ။
"သားသူငယ်ချင်းကို ပြောတာ သားကိုပြောသလိုပဲ"တဲ့။ ဒီစကားတစ်ခွန်းနဲ့တင် မင်း အမေရဲ့ စကားသမုဒ္ဒရာမှာ ငါ
ပျော်ပျော်ကြီးမျောလို့ရပါပြီကွာ။

"ငါ.."

"မင်း ငါ့ကို တကယ်ခင်ရင် အိမ်ထဲလိုက်သွားပါ"

နောင်ရိုးသစ်နှစ်ခါပင် ထပ်မပြောရ။"အေးပါကွာ"ဟူ၍ ခေါင်းညိတ်ကာ စိတ်မချမ်းမြေ့လှသောမျက်နှာဖြင့် အနားမှထွက်သွားလေသည်။

အိမ်ထဲမှာ ထိန်လင်းကို ရိုက်၍ ဆုံးမနေမည်လား။ဒါမှမဟုတ် ကျွန်တော်နှင့် ဆက်မပေါင်းဖို့ ဆူငေါက်နေပြီလား ကျွန်တော် မသိချင်တော့ပါ။တစ်ချို့သောအကြောင်းအရာတွေက မသိချင်ယောင်ဆောင်နေတာပဲ ကောင်းတယ်။

ဖြစ်နိုင်ရင် ဘဝမှာ မပြည့်စုံမှုတွေ မရှိချင်တော့ဘူး။ အနှိမ့်ခံ ဘဝကလည်း လွတ်မြောက်ချင်တယ် ပြီးတော့ကိုယ့်ချစ်ရတဲ့သူတွေနဲ့ ဂုဏ်ဒြပ်တွေကြောင့် မဝေးချင်ဘူး။

ဝမ်းနည်းအားငယ်မှုနှင့်အတူ မျက်ဝန်းအိမ်မှ မျက်ရည်များက တလိမ့်လိမ့်ဆင်းကျလာသည်။ရင်ထဲတွင် လှိုက်တက်လာသော ဝမ်းနည်းမှုကြောင့် မငိုမိအောင် ထိန်းထားသည့်ကြားကပင် မျက်ရည်စက်များ သွန်ချသလိုပင် ပါးပြင်ထက်တွင် ကျလာသည်။

"ဟဲ့ ကောင်လေး။ငိုမနေနဲ့ အလုပ်ပြီး
‌ေအာင်လုပ်တော်ကြာ တစ်တင်းတောင်မပြီးလို့ နောက်နေ့ မင်းအမေ မခင်တစ်ယောက်တည်း သိမ်းကျုံးလုပ်နေရဦးမယ်"

ဘေးနားမှ အမျိုးသမီးကြီးတစ်ယောက်၏ သတိပေးမှုကြောင့်အသိပြန်ဝင်လာသည်။ တလိမ့်လိမ့် စီးကျနေသော မျက်ရည်‌ေလးများကိုလက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ပြီးနောက် မြေပဲဆံအသန့်လေးများကို ရွေးကာ အနီးတွင် ရှိသော တောင်းလေးထဲ ထည့်လိုက်သည်။

နေမွန်းလွဲချိန်ရောက်မှ တစ်တင်းပြည့်သွားသည်။

အလုပ်ပြီးသည်နှင့် နောင်ရိုးသစ် အိမ်ပြန်လာခဲ့သည်။ဤခြံဝန်းထဲမှ ထွက်သွားချင်တာကြာခဲ့ပြီမို့ အလုပ်ပြီးချိန်တွင် နောက်ပြန်မလှည့်ဘဲ သူ ထွက်လာခဲ့လိုက်သည်။

"နောင်ရိုး ဟေ့ကောင် နောင်ရိုး"

အိမ်ခြံဝန်းထဲမှအထွက် အနောက်ကျောဘက်ဆီမှ မိမိ၏နာမည်အား ခေါ်သံကို ကြားသော်လည်း နောင်ရိုးသစ်ပြန်မထူးမိပေ။အသံပိုင်ရှင်သည် ကျွန်တော်နှင့် လုံးဝစိမ်းမနေခဲ့သော သူဖြစ်သည်။

ဒီလို အချိန်မှာ ကျွန်တော် ထိန်လင်းကို
မတွေ့ချင်ပါ။ကျွန်တော့်ကို ချော့မော့နေလျှင် သူ့ရှေ့မှာ ငိုမိမှာစိုးသည်။
"ယောကျာ်းဆိုတာ မငိုရဘူး"တဲ့။ ကျွန်တော် ဘယ်သူ့ရှေ့မှာမှ ငိုမပြချင်တော့ဘူး။အထူးသဖြင့် ကျွန်တော် ချစ်ရတဲ့သူတွေရဲ့ ရှေ့မှာပေါ့။

"သား ပင်ပန်းသွားပြီလား"
အိမ်ထဲဝင်ဝင်ချင်း အမေ၏ ကရုဏာသံဖြင့် အမေးစကားကြောင့် ပင်ပန်းမှုတွေပျောက်ကာ တစ်ခဏ ကြည်နူးသွားရသည်။

"မပင်ပန်းပါဘူး အမေရဲ့"
နောင်ရိုးသစ် မျက်နှာပေါ်တွင် လှပသော အပြုံးလေးအား အမြန်ဆင်ကာ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ညာပြောလိုက်မိသည့်အတွက် ‌အမေ့ခွင့်လွှတ်နိုင်မည်ထင်သည်။

"ကဲ သား ရေသွားချိုး။ခဏနေ အမေတို့ထမင်းစားရအောင်နော်"

"ဟုတ်"

အမေ့ကို ထိန်လင်းတို့အိမ်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာများ ပြန်မပြောပြချင်ပါ။
အမေ စိတ်မကောင်းမှာစိုးသည်။နောင်ရိုးသစ် ၅နှစ်သားအရွယ်ကတည်းကအဖေသေသွားခဲ့တာဖြစ်သည်။အဖေဆိုတာ ပုံပြင်တစ်ပုဒ်လောက်သာ သိကျွမ်းခဲ့ရသည်။ယခုချိန်ထိ အမေကပဲ မငြီးမငြူပြုစုစောင့်ရှောက်နေခဲ့တာဖြစ်သည်။ဘာမှမဟုတ်သည့်ကိစ္စလေးကြောင့် အမေ့ကို စိတ်မဆင်းရဲစေချင်ပါ။

"အမေ"

"ဟေ"

"အမေ့ကိုသားမေးစရာရှိလို့"

"ဒီကောင်လေးနှယ် ရေချိုးပါဆို ကဲ ‌ဘာမေးမှာတုန်း မေးပါတော် အမေသိရင်ဖြေပါ့မယ်"

"မပြည့်စုံတဲ့ဘဝက အတော်လည်း ကြမ်းတမ်းတယ်။သူတစ်ပါးပြောဆိုခံနေရတာတောင် ပြန်ခံပြောခွင့်မရှိဘူး ပြီးတော့ ဒီလိုဘဝကြီးနဲ့ နေရတဲ့သူတွေက  တစ်သက်လုံးပဲ ဖြစ်နေတော့မှာလားဟင် အမေ.."

နောင်ရိုးသစ် မချိတင်ကဲလေသံဖြင့် ပြောလိုက်မိသည်။ ဒီလို အရာရာမှာ မပြည့်စုံတဲ့ ဘဝကြီးကို စိတ်ထဲတွင် ညည်းညူနေမိသည်။မပြည့်စုံတဲ့ ဘဝကြောင့် ကျွန်တော်ချစ်ခင်ရတဲ့သူတွေနဲ့ မဝေးချင်ဘူး အမေ။

"သားရယ် ဘဝဆိုတာ အမြဲတမ်း တသမတ်တည်းသွားနေတာ မဟုတ်ပါဘူးတဲ့။
မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်တဲ့ ကံအပြောင်းအလဲတွေရှိတတ်တယ်။ကံဆိုတာ ကြိုတင်တွက်ဆပြောလို့ရတာမဟုတ်ဘူးလို့ ရွာဦးကျောင်းဆရာတော်က
ပြောဖူးတယ်။ဒီတော့ ဘဝဆိုတာ ဒီအတိုင်း တစ်ဖြောင့်သွားနေမှာမဟုတ်ဘူးပေါ့ သားရဲ့လှံထမ်းလာတာမြင်ရတယ် ကံထမ်းလာတာမမြင်ရဘူးဆိုတဲ့ စကားလည်း ရှိသေးတာပဲလေ ပစ္စည်းရှိတယ် မရှိဘူး ဂုဏ်ရှိတယ် မရှိဘူး စတာတွေက သင်္ခါရတွေပဲတဲ့"

အမေပြောသည့် ကံထမ်းလာတာမမြင်ရဘူးဆိုသည့် စကားကို နောင်ရိုးသစ်ကြားဖူးပါသည်။သို့သော် ကံကို မယုံပါ။ အမေပြောသည့် ဘဝဆိုတာတသမတ်တည်းသွားနေတာ မဟုတ်ဘူးဆိုသည့် စကားကိုတော့ နောင်ရိုးသစ်နားမလည်ပေ။

"ကျွန်တော်တော့ ကံဆိုတာကို မယုံဘူး အမေ နောက်ပြီး ပစ္စည်းသင်္ခါရဆို လူတွေက ဘာကြောင့် မက်မော တွယ်တာနေကြတာလဲ"

"အမေက စာမှမတတ်ပဲသားရယ် သားနားလည်အောင် ဘယ်လိုလုပ်ရှင်းပြပေးရမလဲကွယ်။ကဲပါ နောက်မှ ရွာဦးကျောင်းဆရာတော်ကိုသားသိချင်တာမေး ခုတော့ထမင်းစားရအောင် ရေသွားချိုးချေ ဒီနေ့ သားကြိုက်တဲ့ ဘဲဥချဉ်ဟင်းချက်‌လေး အမေချက်ထားတယ်"

"ဟုတ်"

နောင်ရိုးသစ် အမေ့နှင့် စကားစဖြတ်ပြီး အိမ်‌ေရှ့ရှိ စဉ့်အိုးနားတွင် ထိုင်ချကာ ကပျာကယာရေချိုး၊ အဝတ်အစားအမြဲလဲလိုက်ရပြန်သည်။ထို့နောက် စားပွဲဝိုင်းပုလေးပေါ်တွင် တင်ထားသော ထမင်းဝိုင်းလေးနားတွင် နေရာယူလိုက်သည်။

"အမေ နေလို့ရော ကောင်းရဲ့လား.."

"ကောင်းပါတယ် သားရဲ့ ငန်းဆေးလေးသောက်ထားတယ် ခဏနေ ပျောက်မှာပါ သားရဲ့"

အမေပြောသည့် ငန်းဆေးဆိုသည်မှာရောဂါစွယ်စုံပျောက်သလား မသိ။အမေ တစ်ခါတစ်ခါ နေမကောင်းဖြစ်တိုင်း၊ကိုယ်လက်ကိုက်ခဲတိုင်း သောက်တတ်သည်။ တစ်ထုပ်မှ ၂ကျပ်သာ ရှိသည်။

"ဟုတ် အမေနေမကောင်းရင် ပြောနော်"

"အေးပါကွယ် ရော့ ဒီမှာ သားအတွက် သားကြိုက်တဲ့ ဘဲဥချဉ်ဟင်း"

"ဟာ ကျွန်တော် ဘဲဥကြီးမစားချင်ပါဘူး အမေပဲစားပါ ကျွန်တော်က ဟင်းအနှစ်နဲ့နယ်စားလည်းရပါတယ်"

နောင်ရိုးသစ် ထမင်းပန်းကန်ထဲတွင်ရှိ‌ေန‌ေသာဘဲဥလေးအား အမေ့ပန်းကန်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ဘဲဥချဉ်ဟင်းတွင် ဘဲဥက တစ်လုံးတည်းသာရှိသည်။ နောင်ရိုးသစ်မစားချင်ပါ။အမေ့ကိုပဲ ‌စားစေချင်သည်။အမေက နေမကောင်းနေတဲ့လူလေ။

နောင်ရိုးသစ် ဘဲဥချဉ်ဟင်းအနှစ်လေးများဖြင့် နယ်ကာ ထမင်းကို ကပျာကယာ စားလိုက်သည်။

ထမင်းစားပြီးတာနှင့် စာကြည့်ဖို့လုပ်ရသည်။မနက်ဖြန်ဆို ကျောင်းဖွင့်ပြီဖြစ်သည်။ ကျောင်းပိတ်ရက်အတွက် အိမ်စာကျက်ရန်ပေးလိုက်သည့် The Greatest Inventor၏ Meaningစာလုံးများကို ကျက်လိုက်သည်။

စာကျက်ပြီးသည်နှင့် စာအုပ်ကို ကျောင်းလွယ်အိတ်လေးထဲ ထိုးထည့်လိုက်သည်။
ထိန်လင်းတစ‌်‌ေယာက် မိမိကြောင့် အရိုက်ခံခဲ့သည့်နေ့မှစ၍ နောင်ရိုးသစ်ကျောင်းသွားတိုင်း စာအုပ်စစ်သည်။စာအုပ်များ အချိန်ဇယားအတိုင်းစုံပြီဆိုမှ ကျောင်းကို ခြေသုတ်တင်ပြေးတတ်တော့သည်။ယခုဆို စာအုပ်များကို ဂရုတစိုက် စစ်တတ်သည့် အကျင့်လေးရှိလာခဲ့ပြီဖြစ်သည်။

အကျင့်တစ်ခုကို ၂၁ရက်ကြာအောင် သေချာလေ့ကျင့်ပြောင်းလဲပေးရင် အဲဒီအကျင့်ဟာ ပျောက်သွားရောတဲ့။စာကျက်ပြီးတိုင်း စာအုပ်မစစ်တတ်တဲ့အကျင့်ကို ကျွန်တော်ပြုပြင်နေပါပြီ။

ကျွန်တော့်ကြောင့်နဲ့ကျွန်တော့်အနားက
သူတွေ အနာတရမဖြစ်ချင်စေချင်ဘူး။
သူတို့နာကျင်ရင် ကျွန်တော့်စိတ်ဟာလည်းတွေးတိုင်း တဆစ်ဆစ်နဲ့ထပ်တူထက်မျှနာကျင်ရပါတယ်။

_အပိုင်း၅အထိ ဖတ်ပြီးတဲ့ အခြေအနေလေးတွေ ပြောခဲ့စေချင်ပါတယ်ခင်ဗျာ။၁၉၉၄ခုနှစ်ရဲ့ ငွေကြေးဆိုင်ရာအသုံးအနှုန်းများအတွက် တစ်စုံတစ်ရာမှားယွင်းခဲ့သည်ရှိသော် ကျွန်တော်၏ ပေါ့ဆမှုသည်သာ။

Zawgyi Version—

စေန ၊တနဂၤႏြေေက်ာင္းပိတ္ရက္ဆို
ေနာင္ရိုးသစ္အိမ္မွာ ရွိမေနတတ္ေပ။ေဘးအိမ္မွဘႀကီးေကျာ်တို့နှင့် ႏြေစပါးစိုက္ရန္ ပ်ိဳးႀကဲလိုက္ရသည္။အေမက မလိုက္ေစချင်သော်လည်း ေနာင္ရိုးသစ္ အေမ့ဆီ မရမက ခြင့္ေတာင္းထားေသာေၾကာင့္ ခြင့္ျပဳထားျခင္းျဖစ္သည္။

ေနာင္ႏွစ္ဆို ကိုးတန္းတက္ရေတာ့မည္။
ရွစ္တန္းထိသာ ဖြင့္ထားေသာ ႐ြာေက်ာင္းေလးတြင္ ေက်ာင္းဆက္တက္လို႔ရေတာ့မည္ မဟုတ္ေပ။ ႐ြာႏွင့္၂မိုင္ခန့္ေဝးေသာ ဟိုဘက္႐ြာရွိ အထင္တန္းေက်ာင္းသို႔ ေန႕ခ်င္းျပန္ ေက်ာင္းတက္ရမည္ျဖစ္သည္။ ေက်ာင္းတက္လွ်င္ ပိုက္ဆံကလိုလာေတာ့မည္ျဖစ္သည္။အတန္းႀကီးလာသည္ႏွင့္အမွ် ေက်ာင္းစရိတ္ကလည္း ပိုကုန္လာေတာ့မည္ျဖစ္သည္။စာအုပ္စာတန္းဖိုးကလည္း ပို၍ပင္ကုန္လာေတာ့မည္မွာအေသအခ်ာပင္ျဖစ္သည္။ထို႔ေၾကာင့္ ေနာင္ရိုးသစ္ ေက်ာင္းစရိတ္၊စာအုပ္ဖိုးႀကိဳစုထားခ်င္သည္။ေနာက္ၿပီး အေမ့ကိုတစ္ဖက္တစ္လမ္းမွ ကူညီေပးခ်င္သည္။

"မဟုတ္ပါဘူး ကြၽန္မတကယ္ ေနမေကာင္းျဖစ္ေနလို႔ပါရွင္"

"ရွင္တို႔က ယူတုန္းက ယူၿပီးကတိတည္ရမွာေပါ့"

ပ်ိဳးႀကဲၿပီး ျပန္လာခါစ ေရမိုးခ်ိဳး၍ အိမ္ထဲတြင္ စာဖတ္ေနခိုက္ အိမ္ေရွ႕မွ ဆူညံညံ အသံၾကားတာေၾကာင့္ ေနာင္ရိုးသစ္ ဖတ္လက္စစာအုပ္အား ခဏထားကာ အိမ္ေရှ့သို့ ထြက္လာခဲ့လိုက္သည္။

"ဘာျဖစ္လို႔လဲ အေမ.."

အေမ မ်က္စိမ်က္ႏွာပ်က္သည္။ မ်က္ႏွာေလးက ညိုးငယ္ေနကာ ရွိရင္းစြဲအသက္ထက္ပင္ ႀကီးေနသေယာင္ထင္ရသည္။မ်က္ႏွာမွ အေရးအေၾကာင္းမ်ားမွာလည္း ဒီႏွစ္မွ ပိုသိသာလာသည္။

"ဘာမွမျဖစ္ပါဘူး သားရယ္"

"ဘာလို႔ ဘာမျဖစ္ရမွာလဲ ရွင္ ပလီပလာေတြလုပ္ေနတာ မဟုတ္ဘူးလား။ ပိုက္ဆံယူတုန္းက လာယူၿပီးေတာ့ လုပ္အားေခၚေတာ့မလိုက္ခ်င္ဘူး အမ်ိဳးမ်ိဳးပဲ တတ္ပဲတတ္နိုင္လြန္းတယ္"

ရင့္သီးသည့္စကားလုံးမ်ားႏွင့္ ေျပာေနေသာ အမ်ိဳးသမီးကို ေနာင္ရိုးသစ္ မရဲတရဲ ၾကည့္လိုက္မိသည္။ထိန္လင္းေအာင္၏
အေမေဒၚျမျမရီျဖစ္သည္။ မ်က္ႏွာမွာ လိုအပ္သည္ထက္ပင္ တင္းမာေနသည္။ပိုက္ဆံရွိ ေျမရွင္၊ အေႂကြးရွင္ေတြဆိုတာဟာ အၿမဲဒီလိုပါပဲေလ။

"ကြၽန္မ ညာေနတာမဟုတ္ပါဘူး မျမရယ္။
ညကတည္းက ကြၽန္မကိုယ္လက္ေတြ ကိုက္ခဲၿပီးေနမေကာင္းျဖစ္ေနလို႔ပါ ေနာက္ရက္မွ ကြၽန္မလိုက္ခဲ့ပါ့မယ္"

"ေနမေကာင္းတာနဲ႕ ငါက ညည္းဆီ ရ ရမယ့္ေငြကို ဒီအတိုင္းထားေပးရမွာလားဟဲ့ ညည္းတို႔လိုဟာေတြက အၿမဲဒီလိုပဲ ယူတုန္းကျဖင့္ မ်က္ႏွာကတစ္မ်ိဳး ေဟာ လုပ္အားလာေခၚေတာ့ တစ္မ်ိဳး တကယ္တည္း ညည္းလိုက္မွာလား မလိုက္ဘူးလားပဲ ေျပာ"

"အေမ့အစား ကြၽန္ေတာ္ပဲလိုက္ခဲ့ပါမယ္"

"သား မလိုက္ပါနဲ႕ကြယ္.."

"ရွင္ သားလည္း အလုပ္လုပ္တတ္တဲ့အ႐ြယ္ေရာက္ေနၿပီပဲ ဘယ္သူလိုက္လိုက္ရတယ္။ပဲေ႐ြးမွာ ဘာမွခက္ခဲတဲ့ အလုပ္မဟုတ္ဘူး ဟိုေကာင္ေလးလိုက္ခဲ့ ငါသြားႏွင့္ၿပီ"

ေဒၚျမျမရီ၏ ရင့္သီးလွသည့္စကားမ်ားအတြက္ စိတ္မေကာင္းျဖစ္ေနစရာ ေနာင္ရိုးသစ္မွာ အခ်ိန္မရွိပါေပ။

"အေမ ဒီေန႕ေတာ့ ေဆးေသာက္ၿပီး
အိမ္မွာပဲ နားေနလိုက္ပါေနာ္။ဒီေန႕ ကြၽန္ေတာ္လည္း ေက်ာင္းမွ မတက္ရတာ လိုက္သြားမယ္ေနာ္ အေမ"

"သားရယ္ သားကခုမွေတာထဲက ျပန္လာတာေလ"

"ရပါတယ္အေမရဲ႕ သားလိုက္သြားမယ္ေနာ္"

ေနာင္ရိုးသစ္ အေမ့ကို ခြင့္ေတာင္းလိုက္သည္။ထို႔ေနာက္ အေမ့ဆီက အေျဖကို
ေစာင့္မေနေတာ့ပဲ အိမ္ထဲက ထြက္လာခဲ့ၿပီး
"အိမ္ကိုလာခဲ့ဟု" မာမာထန္ထန္ေျပာကာ ထြက္သြားေသာ ထိန္လင္း၏အေမေနာက္သို႔ လိုက္လာခဲ့သည္။

ထိန္လင္းေအာင္တို႔ အိမ္ႀကီးသည္ ပ်ဥ္ေထာင်နှစ်ထပ်အိမ်ကြီးဖြစ်သည်။ပျဉ်ချပ်များကို ေရနံမ်ား မဲနက္ေနေအာင္ သုတ္ထားသည္။အမိုးကို သြပ္မ်ားျဖင့္မိုးထားသည္။ေနာင္ရိုးတို႔ အိမ္ႏွင့္ေတာ့ အမ်ားႀကီးကြာျခားလွပါသည္။

"ဟဲ့ ေကာင္ေလး ဟိုဘက္ကိုသြား အဲ့ဘက္မွာ ပဲေ႐ြးေနတဲ့လူေတြရွိတယ္ သြားေ႐ြးေခ်"

တင္းမာခက္ထန္လွေသာမ်က္ႏွာျဖင့္ ထိန္လင္းေအာင္၏အေမ ၫႊန္ျပေသာ အိမ္ေနာက္ေဖးကြက္လပ္ဆီသို႔ ေနာင္ရိုးသစ္ သြားလိုက္သည္။

အိမ္ေနာက္ေဖးရွိ သလင္းေျမျပင္ေပၚတြင္ ႐ြာထဲမွ တျခားေသာ အမ်ိဳးသမီးႀကီးမ်ားကလည္း ေျမပဲေ႐ြးေနၾကသည္။ထိုအမ်ိဳးသမီးႀကီးမ်ား၏ ေဘးနားတြင္ ဝင္ထိုင္လိုက္သည္။လုပ္ရမည့္အလုပ္က ပဲေ႐ြးျခင္းျဖစ္သည္။ေျမပဲဆံမ်ားကို ေကာင္းမြန္ေသာ ေျမပဲမ်ားႏွင့္ ေသးလွီေနေသာ ေျမပဲဆံမ်ား သပ္သပ္ဆီ ခြဲေ႐ြးရျခင္း ျဖစ္သည္။တစ္တင္းျပည့္မွသာ ခုနစ္က်ပ္ရမည္ျဖစ္သည္။တစ္မနက္လုံး ဇက္ေၾကာတက္ေအာင္ လုပ္ရင္ေတာင္ တစ္တင္းျပည့္မည္ မဟုတ္ေပ။ေပ ျဖစ္တုန္းေတာ့ ခံရဦးမေပါ့။

"ဟူး"
ေနာင္ရိုးသစ္ ေလပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အနီးအနားတြင္ရွိေသာ တင္းေတာင္းတစ္ခုကို ယူကာ ေကာင္းမြန္ေသာ ေျမပဲဆံေလးမ်ားကို ေ႐ြးခ်ယ္ကာ ထည့္လိုက္သည္။ေသးလွီးလွေသာ ေျမပဲေစ့အပိန္မ်ားအား ေဘးတြင္ ပုံထားလိုက္သည္။အေရွ႕မွာ ပုံထားသည္ ပဲပုံႀကီးကိုၾကည့္ကာ ေနာင္ရိုးသစ္စဥ္းစားမိရေလသည္။ ခ်မ္းသာတဲ့သူမ်ားက် ခ်မ္းသာၿပီးရင္ ခ်မ္းသာေနၾကတာဘာေၾကာင့္မ်ားပါလိမ့္။ျပည့္ၿပီးသားအိုးမ်ားက လွ်ံက်ေနဆဲျဖစ္ၿပီး မျပည့္သည့္အိုးမ်ားကေတာ့ ေဘာင္ဘင္ခတ္ေနဆဲ....။

"မျမက ပိုက္ဆံရွိေတာ့ အထက္စီးကေျပာနိုင္တာေပါ့ေအ က်ဳပ္တို႔က ရွိတဲ့သူမွမဟုတ္တာ ေျပာသမွ်ၿငိမ္ခံေနရတာေပါ့...နို႔ ၿငိမ္မခံဘဲ ျပန္ခြပ္ၾကည့္ပါလား ေနာက္ က်ဳပ္တို႔ေငြလိုရင္ ဘယ္သူ႕ဆီေျပးမလဲ"

"ဒီလိုပါပဲေတာ္ လူေအာက္က်ိဳ႕လို႔ လူပိမေသပါဘူး"

ေဘးနားရွိ မိန္းမႀကီးမ်ားသည္ ပဲေ႐ြးရင္းျဖင့္ေဒၚျမျမရီႏွင့္ ပတ္သတ္၍ ေဝဖန္ေနၾကသည္။ထိုစကားဝိုင္းတြင္ေတာ့ ေနာင္ရိုးသစ္မပါေခ်။သို႔ေသာ္ ေျပာသည့္စကားမ်ားက နားထဲတြင္ အတိုင္းသား ၾကားေနရသည္။

အင္းေလ။သူတို႔ေျပာေနတာလည္း ဟုတ္တာပဲ။ပိုက္ဆံမရွိရင္ ဂုဏ္ႀကီးရွင္ေတြရဲ႕ ေျပာသမွ် ငုံ႕ခံေနရသည္မွာ ဓမၼတာပင္ျဖစ္ေနေလၿပီ။

"ေဟ့ေကာင္ ေနာင္ရိုး"

ဘယ္လိုမွ ထင္မွတ္မထားသည့္အသံက နားထဲဝင္လာတာေၾကာင့္ ေနာင္ရိုးသစ္လန႔္သြားသည္။လွည့္ၾကည့္လိုက္ေတာ့ ဟိုတစ္ေကာင့္သား ထိန္လင္းေအာင္။ဒီေကာင္ ပဲေ႐ြးတဲ့နားဘာလာလုပ္သည္မသိ။

"ဘာလဲ"

"မင္း ဘာလာလုပ္တာလဲ"

"မင္း မျမင္ဘူးလား ငါ ပဲေ႐ြးေနတာ"
ေျမပဲဆံေလးမ်ားကို ေတာင္းထဲ ေ႐ြးထည့္ရင္း ေျပာလိုက္သည္။

"ေဟာဗ်ာ ပဲေ႐ြးေနတာေတာ့ ျမင္တာေပါ့ကြာ။အရင္ေန႕ေတြက အရီးခင္လာတာေလ ဒီေန႕ မင္းေရာက္လာလို႔ ဘာလို႔ မင္းလာရတာလဲ အရီးခင္ေနမေကာင္းလိုလား ဒါမွတ္မဟုတ္"

ဒီေကာင္ထိန္လင္းကိုသာ စကားျပန္ေျပာေနလွ်င္ ေနမြန္းတည့္ေတာင္ တစ္တင္းေတာင္ျပည့္မည္မဟုတ္။

"မင္း လုပ္ပုံနဲ႕ ဒီေန႕ တစ္တင္းေတာင္ျပည့္မွာမဟုတ္ဘူး မင္း အေတာ်အမေးအမြန်းထူတာပဲ"

"မင္းကလဲကြာ"

"ဒါနဲ႕ မင္း က်ဴရွင္မသြားဘူးလား"

"အင္း မသြားရဘူး ဒီေန႕ပိတ္တယ္ေလ။"

"ဪ ေအး"

က်ဴရွင္မတက္ရသည့္အတြက္
က်ဴရွင္ပိတ္သည္၊ဖြင့္သည္ကို ေနာင္ရိုးသစ္
မသိပါေခ်။ထို႔ေၾကာင့္ ေမးလိုက္မိျခင္းျဖစ္သည္။

"သားေရ"

"ဗ်ာ ေမေမ"

"သား ဘယ္ကလဲ"

"အိမ္ေနာက္ေဖးကပါ ေမေမ"

ထိန္လင္း၏အေမႏွင့္ ထိန္လင္း၏ အေမးအေျဖက ပဲေ႐ြးေနသူတိုင္း အတိုင္းသားၾကားေနရသည္။ခဏၾကာေတာ့ ထိန္လင္း၏အေမသည္ ပဲေ႐ြးေသာ အိမ္ေနာက္ေဖးသို႔ ေရာက္ခ်လာသည္။

"သား ဒီကို ဘာလာလုပ္ေနတာလဲ ဒီေနရာက သားေနရမယ့္ေနရာ မဟုတ္ဘူးေလ"

"ဘာမွမလုပ္ပါဘူး ေမေမရဲ႕ ေနာင္ရိုးက သားသူငယ္ခ်င္းေလ...။သူ႕ကို တေွ့လို့ လာႏႈတ္ဆက္တာပါ.."

"မင္းကို ေမေမ ဘယ္လိုေျပာထားလဲ ထိန္လင္း။ ကိုယ္နဲ႕အဆင့္အတန္းမတူတဲ့ဟာေတြနဲ႕ မေပါင္းပါနဲ႕လို႔ ေမေမေျပာထားတာေတြ မမွတ္မိဘူးလား ၾကည့္ပါဦး သားေပါင္းသင္းတဲ့ သားသူငယ္ခ်င္းကိုလည္း"

ႏႈတ္ခမ္းမ်ားမဲ့ကာ ႐ြဲ႕ကာျဖင့္ လူတစ္ေယာက္အား မတူမတန္သည့္အလား ေျပာဆိုေနသည့္ ထိန္လင္းအေမေဒၚျမျမရီကို ၾကည့္ၿပီး ေနာင္ရိုး ရင္တစ္ခုလုံးမြန္းၾကပ္ ပူေလာင္သြားရသည္။ႏွိမ့္ခ်ခြဲျခားသည့္ မ်က္လုံးအၾကည့္ေအာက္မွာ ေနာင္ရိုး၏ စိတ္ႏွင့္ကိုယ္ က်ဳံ႕ဝင္သြားရသည္။ ျဖစ္နိုင္လွ်င္ ေနရာမွထကာ ထြက္ေျပးခ်င္လာသည္။အထင္ေသးၿပီးၾကည့္သည့္ အၾကည့္ေတြကို ေနာင္ရိုးသစ္ မခံနိုင္ပါ။

"ေမေမ သားသူငယ္ခ်င္းကို အဲ့လို မေျပာပါနဲ႕ ေမေမရာ...။ဆင္းရဲတယ္ ခ်မ္းသာတယ္ဆိုတာအဓိကမဟုတ္ဘူးလို႔ ေဖေဖေျပာထားတာ ေမေမေမ့ေနၿပီလား။ၿပီးေတာ့ သား သူငယ္ခ်င္းက ေမေမထင္တဲ့ လူမ်ိဳးမဟုတ္ဘူး"

"ဟင္ မင္း..မင္း ဘာမဟုတ္တဲ့ေကာင္ေလးေၾကာင့္ ေမေမ့ကို ျပန္ခံေျပာေနတယ္ေပါ့ေလဟုတ္လား အိမ္ထဲလိုက္ခဲ့ ၿပီးရင္ ေမေမနဲ႕ မင္းနဲ႕ေတြ႕မယ္"

"မလိုက္ဘူးဗ်ာ ေမေမက အၿမဲတမ္း
အဲ့လိုပဲ...သားသူငယ္ခ်င္းကို ေျပာတာ သားကို ေျပာသလိုပဲ"

"ထိန္လင္း ေမေမ ဒီထက္ပိုၿပီး ေဒါသမထြက္ခင္ အိမ္ထဲလိုက္ခဲ့"

"မလိုက္ဘူးဗ်ာ"

ထိန္လင္း၏ ေမေမသည္ ေဒါသေၾကာင့္ လက္မ်ားပင္ တဆတ္ဆတ္တုန္ေနသည္။ လူၾကားထဲတြင္ သားျဖစ္သူက ျပန္ခံေျပာေသာေၾကာင့္ ပို၍ပင္ မခံမရပ္နိုင္ျဖင့္ ေဒါသထြက္ေနေလသည်။

"မင္း ခုခ်က္ခ်င္း ငါ့ေနာက္ကလိုက္ခဲ့"ဟုဆိုကာ အနားမွ ခ်ာခနဲေနေအာင္ လွည့္ထြက္သြားသည္။

"လိုက္သြားလိုက္ပါ ထိန္လင္းရာ ငါေတာင္းပန္ပါတယ္.."

ေနာင္ရိုးသစ္ ေတာင္းပန္ရိုက်ိဳးေသာ အၾကည့္မ်ားျဖင့္ ထိန္လင္းကို ေျပာလိုက္သည္။
ငါ ေတာင္းပန္ပါတယ္ ထိန္လင္းရာ။
"သားသူငယ္ခ်င္းကို ေျပာတာ သားကိုေျပာသလိုပဲ"တဲ့။ ဒီစကားတစ္ခြန္းနဲ႕တင္ မင္း အေမရဲ႕ စကားသမုဒၵရာမွာ ငါ
ေပ်ာ္ေပ်ာ္ႀကီးေမ်ာလို႔ရပါၿပီကြာ။

"ငါ.."

"မင္း ငါ့ကို တကယ္ခင္ရင္ အိမ္ထဲလိုက္သြားပါ"

ေနာင္ရိုးသစ္ႏွစ္ခါပင္ ထပ္မေျပာရ။"ေအးပါကြာ"ဟူ၍ ေခါင္းညိတ္ကာ စိတ္မခ်မ္းေျမ့လွေသာမ်က္ႏွာျဖင့္ အနားမွထြက္သြားေလသည္။

အိမ္ထဲမွာ ထိန္လင္းကို ရိုက္၍ ဆုံးမေနမည္လား။ဒါမွမဟုတ္ ကြၽန္ေတာ္ႏွင့္ ဆက္မေပါင္းဖို႔ ဆူေငါက္ေနၿပီလား ကြၽန္ေတာ္ မသိခ်င္ေတာ့ပါ။တစ္ခ်ိဳ႕ေသာအေၾကာင္းအရာေတြက မသိခ်င္ေယာင္ေဆာင္ေနတာပဲ ေကာင္းတယ္။

ျဖစ္နိုင္ရင္ ဘဝမွာ မျပည့္စုံမႈေတြ မရွိခ်င္ေတာ့ဘူး။ အႏွိမ့္ခံ ဘဝကလည္း လြတ္ေျမာက္ခ်င္တယ္ ၿပီးေတာ့ကိုယ့္ခ်စ္ရတဲ့သူေတြနဲ႕ ဂုဏ္ျဒပ္ေတြေၾကာင့္ မေဝးခ်င္ဘူး။

ဝမ္းနည္းအားငယ္မႈႏွင့္အတူ မ်က္ဝန္းအိမ္မွ မ်က္ရည္မ်ားက တလိမ့္လိမ့္ဆင္းက်လာသည္။ရင္ထဲတြင္ လွိုက္တက္လာေသာ ဝမ္းနည္းမႈေၾကာင့္ မငိုမိေအာင္ ထိန္းထားသည့္ၾကားကပင္ မ်က္ရည္စက္မ်ား သြန္ခ်သလိုပင္ ပါးျပင္ထက္တြင္ က်လာသည္။

"ဟဲ့ ေကာင္ေလး။ငိုမေနနဲ႕ အလုပ္ၿပီး
ေအာင်လုပ်တော်ကြာ တစ္တင္းေတာင္မၿပီးလို႔ ေနာက္ေန႕ မင္းအေမ မခင္တစ္ေယာက္တည္း သိမ္းက်ဳံးလုပ္ေနရဦးမယ္"

ေဘးနားမွ အမ်ိဳးသမီးႀကီးတစ္ေယာက္၏ သတိေပးမႈေၾကာင့္အသိျပန္ဝင္လာသည္။ တလိမ့္လိမ့္ စီးက်ေနေသာ မ်က္ရည္ေလးများကိုလက်ခုံဖြင့် ခပ္ၾကမ္းၾကမ္းသုတ္လိုက္သည္။ၿပီးေနာက္ ေျမပဲဆံအသန႔္ေလးမ်ားကို ေ႐ြးကာ အနီးတြင္ ရွိေသာ ေတာင္းေလးထဲ ထည့္လိုက္သည္။

ေနမြန္းလြဲခ်ိန္ေရာက္မွ တစ္တင္းျပည့္သြားသည္။

အလုပ္ၿပီးသည္ႏွင့္ ေနာင္ရိုးသစ္ အိမ္ျပန္လာခဲ့သည္။ဤၿခံဝန္းထဲမွ ထြက္သြားခ်င္တာၾကာခဲ့ၿပီမို႔ အလုပ္ၿပီးခ်ိန္တြင္ ေနာက္ျပန္မလွည့္ဘဲ သူ ထြက္လာခဲ့လိုက္သည္။

"ေနာင္ရိုး ေဟ့ေကာင္ ေနာင္ရိုး"

အိမ္ၿခံဝန္းထဲမွအထြက္ အေနာက္ေက်ာဘက္ဆီမွ မိမိ၏နာမည္အား ေခၚသံကို ၾကားေသာ္လည္း ေနာင္ရိုးသစ္ျပန္မထူးမိေပ။အသံပိုင္ရွင္သည္ ကြၽန္ေတာ္ႏွင့္ လုံးဝစိမ္းမေနခဲ့ေသာ သူျဖစ္သည္။

ဒီလို အခ်ိန္မွာ ကြၽန္ေတာ္ ထိန္လင္းကို
မေတြ႕ခ်င္ပါ။ကြၽန္ေတာ့္ကို ေခ်ာ့ေမာ့ေနလွ်င္ သူ႕ေရွ႕မွာ ငိုမိမွာစိုးသည္။
"ေယာက်ာ္းဆိုတာ မငိုရဘူး"တဲ့။ ကြၽန္ေတာ္ ဘယ္သူ႕ေရွ႕မွာမွ ငိုမျပခ်င္ေတာ့ဘူး။အထူးသျဖင့္ ကြၽန္ေတာ္ ခ်စ္ရတဲ့သူေတြရဲ႕ ေရွ႕မွာေပါ့။

"သား ပင္ပန္းသြားၿပီလား"
အိမ္ထဲဝင္ဝင္ခ်င္း အေမ၏ က႐ုဏာသံျဖင့္ အေမးစကားေၾကာင့္ ပင္ပန္းမႈေတြေပ်ာက္ကာ တစ္ခဏ ၾကည္ႏူးသြားရသည္။

"မပင္ပန္းပါဘူး အေမရဲ႕"
ေနာင္ရိုးသစ္ မ်က္ႏွာေပၚတြင္ လွပေသာ အၿပဳံးေလးအား အျမန္ဆင္ကာ အၿပဳံးေလးျဖင့္ ျပန္ေျဖလိုက္သည္။ညာေျပာလိုက္မိသည့္အတြက္ အေမ့ခြင့္လႊတ္နိုင္မည္ထင္သည္။

"ကဲ သား ေရသြားခ်ိဳး။ခဏေန အေမတို႔ထမင္းစားရေအာင္ေနာ္"

"ဟုတ္"

အေမ့ကို ထိန္လင္းတို႔အိမ္တြင္ ျဖစ္ခဲ့သည့္ အေၾကာင္းအရာမ်ား ျပန္မေျပာျပခ်င္ပါ။
အေမ စိတ္မေကာင္းမွာစိုးသည္။ေနာင္ရိုးသစ္ ၅ႏွစ္သားအ႐ြယ္ကတည္းကအေဖေသသြားခဲ့တာျဖစ္သည္။အေဖဆိုတာ ပုံျပင္တစ္ပုဒ္ေလာက္သာ သိကြၽမ္းခဲ့ရသည္။ယခုခ်ိန္ထိ အေမကပဲ မၿငီးမျငဴျပဳစုေစာင့္ေရွာက္ေနခဲ့တာျဖစ္သည္။ဘာမွမဟုတ္သည့္ကိစၥေလးေၾကာင့္ အေမ့ကို စိတ္မဆင္းရဲေစခ်င္ပါ။

"အေမ"

"ေဟ"

"အေမ့ကိုသားေမးစရာရွိလို႔"

"ဒီေကာင္ေလးႏွယ္ ေရခ်ိဳးပါဆို ကဲ ဘာေမးမွာတုန္း ေမးပါေတာ္ အေမသိရင္ေျဖပါ့မယ္"

"မျပည့္စုံတဲ့ဘဝက အေတာ္လည္း ၾကမ္းတမ္းတယ္။သူတစ္ပါးေျပာဆိုခံေနရတာေတာင္ ျပန္ခံေျပာခြင့္မရွိဘူး ၿပီးေတာ့ ဒီလိုဘဝႀကီးနဲ႕ ေနရတဲ့သူေတြက တစ္သက္လုံးပဲ ျဖစ္ေနေတာ့မွာလားဟင္ အေမ.."

ေနာင္ရိုးသစ္ မခ်ိတင္ကဲေလသံျဖင့္ ေျပာလိုက္မိသည္။ ဒီလို အရာရာမွာ မျပည့္စုံတဲ့ ဘဝႀကီးကို စိတ္ထဲတြင္ ညည္းၫူေနမိသည္။မျပည့္စုံတဲ့ ဘဝေၾကာင့္ ကြၽန္ေတာ္ခ်စ္ခင္ရတဲ့သူေတြနဲ႕ မေဝးခ်င္ဘူး အေမ။

"သားရယ္ ဘဝဆိုတာ အၿမဲတမ္း တသမတ္တည္းသြားေနတာ မဟုတ္ပါဘူးတဲ့။
မထင္မွတ္ထားတဲ့အခ်ိန္မွာ မထင္မွတ္တဲ့ ကံအေျပာင္းအလဲေတြရွိတတ္တယ္။ကံဆိုတာ ႀကိဳတင္တြက္ဆေျပာလို႔ရတာမဟုတ္ဘူးလို႔ ႐ြာဦးေက်ာင္းဆရာေတာ္က
ေျပာဖူးတယ္။ဒီေတာ့ ဘဝဆိုတာ ဒီအတိုင္း တစ္ေျဖာင့္သြားေနမွာမဟုတ္ဘူးေပါ့ သားရဲ႕လွံထမ္းလာတာျမင္ရတယ္ ကံထမ္းလာတာမျမင္ရဘူးဆိုတဲ့ စကားလည္း ရွိေသးတာပဲေလ ပစၥည္းရွိတယ္ မရွိဘူး ဂုဏ္ရွိတယ္ မရွိဘူး စတာေတြက သခၤါရေတြပဲတဲ့"

အေမေျပာသည့္ ကံထမ္းလာတာမျမင္ရဘူးဆိုသည့္ စကားကို ေနာင္ရိုးသစ္ၾကားဖူးပါသည္။သို႔ေသာ္ ကံကို မယုံပါ။ အေမေျပာသည့္ ဘဝဆိုတာတသမတ္တည္းသြားေနတာ မဟုတ္ဘူးဆိုသည့္ စကားကိုေတာ့ ေနာင္ရိုးသစ္နားမလည္ေပ။

"ကြၽန္ေတာ္ေတာ့ ကံဆိုတာကို မယုံဘူး အေမ ေနာက္ၿပီး ပစၥည္းသခၤါရဆို လူေတြက ဘာေၾကာင့္ မက္ေမာ တြယ္တာေနၾကတာလဲ"

"အေမက စာမွမတတ္ပဲသားရယ္ သားနားလည္ေအာင္ ဘယ္လိုလုပ္ရွင္းျပေပးရမလဲကြယ္။ကဲပါ ေနာက္မွ ႐ြာဦးေက်ာင္းဆရာေတာ္ကိုသားသိခ်င္တာေမး ခုေတာ့ထမင္းစားရေအာင္ ေရသြားခ်ိဳးေခ် ဒီေန႕ သားႀကိဳက္တဲ့ ဘဲဥခ်ဥ္ဟင္းခ်က္ေလး အေမခ်က္ထားတယ္"

"ဟုတ္"

ေနာင္ရိုးသစ္ အေမ့ႏွင့္ စကားစျဖတ္ၿပီး အိမ္ေရှ့ရှိ စဉ့္အိုးနားတြင္ ထိုင္ခ်ကာ ကပ်ာကယာေရခ်ိဳး၊ အဝတ္အစားအၿမဲလဲလိုက္ရျပန္သည္။ထို႔ေနာက္ စားပြဲဝိုင္းပုေလးေပၚတြင္ တင္ထားေသာ ထမင္းဝိုင္းေလးနားတြင္ ေနရာယူလိုက္သည္။

"အေမ ေနလို႔ေရာ ေကာင္းရဲ႕လား.."

"ေကာင္းပါတယ္ သားရဲ႕ ငန္းေဆးေလးေသာက္ထားတယ္ ခဏေန ေပ်ာက္မွာပါ သားရဲ႕"

အေမေျပာသည့္ ငန္းေဆးဆိုသည္မွာေရာဂါစြယ္စုံေပ်ာက္သလား မသိ။အေမ တစ္ခါတစ္ခါ ေနမေကာင္းျဖစ္တိုင္း၊ကိုယ္လက္ကိုက္ခဲတိုင္း ေသာက္တတ္သည္။ တစ္ထုပ္မွ ၂က်ပ္သာ ရွိသည္။

"ဟုတ္ အေမေနမေကာင္းရင္ ေျပာေနာ္"

"ေအးပါကြယ္ ေရာ့ ဒီမွာ သားအတြက္ သားႀကိဳက္တဲ့ ဘဲဥခ်ဥ္ဟင္း"

"ဟာ ကြၽန္ေတာ္ ဘဲဥႀကီးမစားခ်င္ပါဘူး အေမပဲစားပါ ကြၽန္ေတာ္က ဟင္းအႏွစ္နဲ႕နယ္စားလည္းရပါတယ္"

ေနာင္ရိုးသစ္ ထမင္းပန္းကန္ထဲတြင္ရွိေနေသာဘဲဥလေးအား အေမ့ပန္းကန္ထဲသို႔ ျပန္ထည့္ေပးလိုက္သည္။ဘဲဥခ်ဥ္ဟင္းတြင္ ဘဲဥက တစ္လုံးတည္းသာရွိသည္။ ေနာင္ရိုးသစ္မစားခ်င္ပါ။အေမ့ကိုပဲ စားေစခ်င္သည္။အေမက ေနမေကာင္းေနတဲ့လူေလ။

ေနာင္ရိုးသစ္ ဘဲဥခ်ဥ္ဟင္းအႏွစ္ေလးမ်ားျဖင့္ နယ္ကာ ထမင္းကို ကပ်ာကယာ စားလိုက္သည္။

ထမင္းစားၿပီးတာႏွင့္ စာၾကည့္ဖို႔လုပ္ရသည္။မနက္ျဖန္ဆို ေက်ာင္းဖြင့္ၿပီျဖစ္သည္။ ေက်ာင္းပိတ္ရက္အတြက္ အိမ္စာက်က္ရန္ေပးလိုက္သည့္ The Greatest Inventor၏ Meaningစာလုံးမ်ားကို က်က္လိုက္သည္။

စာက်က္ၿပီးသည္ႏွင့္ စာအုပ္ကို ေက်ာင္းလြယ္အိတ္ေလးထဲ ထိုးထည့္လိုက္သည္။
ထိန္လင္းတစ္ေယာက် မိမိေၾကာင့္ အရိုက္ခံခဲ့သည့္ေန႕မွစ၍ ေနာင္ရိုးသစ္ေက်ာင္းသြားတိုင္း စာအုပ္စစ္သည္။စာအုပ္မ်ား အခ်ိန္ဇယားအတိုင္းစုံၿပီဆိုမွ ေက်ာင္းကို ေျခသုတ္တင္ေျပးတတ္ေတာ့သည္။ယခုဆို စာအုပ္မ်ားကို ဂ႐ုတစိုက္ စစ္တတ္သည့္ အက်င့္ေလးရွိလာခဲ့ၿပီျဖစ္သည္။

အက်င့္တစ္ခုကို ၂၁ရက္ၾကာေအာင္ ေသခ်ာေလ့က်င့္ေျပာင္းလဲေပးရင္ အဲဒီအက်င့္ဟာ ေပ်ာက္သြားေရာတဲ့။စာက်က္ၿပီးတိုင္း စာအုပ္မစစ္တတ္တဲ့အက်င့္ကို ကြၽန္ေတာ္ျပဳျပင္ေနပါၿပီ။

ကြၽန္ေတာ့္ေၾကာင့္နဲ႕ကြၽန္ေတာ့္အနားက
သူေတြ အနာတရမျဖစ္ခ်င္ေစခ်င္ဘူး။
သူတို႔နာက်င္ရင္ ကြၽန္ေတာ့္စိတ္ဟာလည္းေတြးတိုင္း တဆစ္ဆစ္နဲ႕ထပ္တူထက္မွ်နာက်င္ရပါတယ္။

_အပိုင္း၅အထိ ဖတ္ၿပီးတဲ့ အေျခအေနေလးေတြ ေျပာခဲ့ေစခ်င္ပါတယ္ခင္ဗ်ာ။၁၉၉၄ခုႏွစ္ရဲ႕ ေငြေၾကးဆိုင္ရာအသုံးအႏႈန္းမ်ားအတြက္ တစ္စုံတစ္ရာမွားယြင္းခဲ့သည္ရွိေသာ္ ကြၽန္ေတာ္၏ ေပါ့ဆမႈသည္သာ။

Continue Reading

You'll Also Like

38.9K 7.1K 107
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
325K 32.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.9M 156K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
1.1M 61.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...