Chongfei Manual(Myanmar Trans...

De sweswexlaing

5.6K 321 19

Author: Feng He You Yue Zhao Jie & Wei Luo Rebirth လေးပါနော် Credit to all Author and Translator This story i... Mais

Intro
1
3
တောင်းပန်လွှာ
4
5(A)

2

219 34 0
De sweswexlaing

နောက်နေ့မှာတော့ အားလော် ဟောကိန်းထုတ်သည့်အတိုင်း နှစ်ပတ်လောက် ကြာရှည်မြင့်စွာ ရွာခဲ့သော မိုးသည် နောက်ဆုံးမှာတော့ အဆုံးသတ်သွားခဲ့ပြီ။ကောင်းကင်ကလည်း ကြည်လင်လာခဲ့သည်။

နေရောင်ခြည်က မြို့စားယင်း အိမ်တော်၏ အိမ်မိုး အုတ်ကျွတ်ပြားကို ထိခတ်နေသည်။၎င်းသည် ဝင်းထဲတွင် ပုံရိပ်ကျနေပြီး သစ်ပင်များ၏ အရိပ်အပြောက် များသည်လည်း ထိုအပေါ်သို့ ကျရောက်နေသည်မှာ လှပသော ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေခြင်း ဖြစ်သည်။

ထင်းရှူးဝင်း(စုန့်ယွမ်)၏ မိန်းမအစေခံများသည် သခင်များကို အလုပ်အကျွေးပြုပြီးတဲ့အခါ အရောင်စုံသော ခုန်ကြိုးများကို ယူ၍ ပန်းခြံထဲမှာ ကစားဖို့ရန် မစောင့်နိုင်ကြတော့လေဘူး။ပန်းရောင် အပေါ် အင်္ကျီ နှင့် မိုးပြာရောင် စကတ်များသည် ကြိုးများနှင့် အတူ အရှေ့အနောက် ယိမ်းနေကြလျက် ပန်းခြံတွင် ရယ်မောသံများနှင့် ပျော်ရွှင်နေကြသော အသံများဖြင့် ပြည့်နှက်နေလေ၏။မိန်းမအစေခံ တစ်ယောက်သည် ကြိုးခုန်ခြ​င်းနှင့် ကြက်တောင် ကန်​ြခင်း နှစ်ခုလုံး ကျွမ်းကျင်ပေသည်။သူမက လေထဲသို့ ကြက်တောင်ကို ကန်လိုက်ကာ ကြိုးခုန်၏ ထို့နောက်တွင် သူမ၏ရှည်လျားသော ခြေထောက် များကို တဖြည်းဖြည်း ဆန့်ထုတ်လိုက်ပြီးနောက် ထိုအရာကို ဖမ်းလိုက်လေသည်။

လူများက ညီညွတ်စွာ အားပေးကြ၏။မြို့စား၏ စံအိမ်တွင် အစေခံများကို စည်းကမ်းတင်းကြပ်ခြင်း မရှိပေ။သူတို့၏ အလုပ်များပြီးမြောက်သွားသည်ကို သူတို့ သခင်များက သိ၍ ခွင့်ပြုလျှင် သူတို့က ကစားနိုင်ကြသလို သူတို့ ကိစ္စများကိုလည်း ဂရုစိုက်နိုင်ကြသည်။

မိန်းမအစေခံများက ရွှင်ရွှင်ပြပြကစား နေကျအချိန်တွင် ကြောက်စရာကောင်းသည့် မျက်နှာဖုံး ဝတ်ထားသော မိန်းမငယ်လေးက အရိပ်ရ သစ်ပင်အောက် မှ ရုတ်တရက်ခုန်ထွက်လာကာ သူတို့ဆီသို့ လက်တွေ ဆန့်တန်းပြီး ပြေးလာလေ၏ "ဘူး...."

အစေခံတစ်ဦးချင်းစီလိုက် အငိုက် မိသွားကြပြီး သူမ အရူးလုပ်တာကို ခံလိုက်ရကြသည်။ကြောက်လန့်တတ်သော တစ်ယောက် မှာတော့ သူမ ဦးခေါင်းနှင့် ပြုတ်ကျသွားပြီး သူမမျက်နှာက ဝိဉာဉ်လို ဖြူလျော်နေခဲ့၏။

မျက်နှာဖုံးအောက် မှ ကြည်လင်သော တခစ်ခစ်ရယ်မောသံကို ကြားနိုင်ကြသည်။ဝေ့လော်သည် လဲကျသွားသော အစေခံကို ညွှန်ပြရင်း ကျယ်လောင်စွာ ရယ်မောကာ ပင့်သက်ရှိုက်လိုက်၏
"အစ်မကြီးကျင်းကဲက သူရဲဘောကြောင်သူ တစ်ယောက်ပဲ!"

ကျင်းကဲသည် မြေပြင်မှ နှေးကွေးစွာ ထလာကာ သူမ အင်္ကျီပေါ်မှ အညစ်အကြေးများကို ခါကာ ရှက်နေသော မျက်နှာဖြင့် ပြောလေ၏" စတုတၳ သခင်မလေးက လူတွေကို အနိုင်ကျင့်နေတယ်...."

ကောင်မလေးက ကြိုးများကို ဖြည်ရန် လက်ကိုမြှောက်လိုက်ပြီး မျက်နှာဖုံးကို ချွတ်လိုက်ကာ ပထမဆုံး အရောင်စိုလက်နေသော အနက်ရောင် မျက်လုံးနှစ်စုံ၊ သိမ်မွေ့ကောင်းမွန်သော နှာခေါင်း၊နူးညံ့သော ပန်းရောင် နှုတ်ခမ်း၊ကျောက်စိမ်းကို တုံးဖြတ်ထားသလို အနီရောင် ပါးများကို ထုတ်ဖော်ပြသလာသည်။သူမက ရွှေရောင်ခြည်များဖြင့် ယက်လုပ်ထားသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရိပ်ရသော သစ်ပင်အောက်တွင် အားပါးတရ ပြုံးရင်းရပ်နေခဲ့သည်။အောင်မြင်သွား၍ တက်ကြွ ပျော်မြူးနေသော သူမပေါ်သို့ ပန်းလေးတစ်ပွင့် ဆင်းသက်လာလေ၏။လက်တွေကို ခါးမှာ ထားလိုက်ရင်း သူမကမေးသည်
"အရင်အချိန်တွေတုန်းက အစ်မလည်း တူညီတဲ့ မျက်နှာဖုံးနဲ့ လုပ်လို့ ညီမလည်း ကြောက်ခဲ့ရတယ်လေ အခု ဒီတစ်ချိန်မှာတော့ အစ်မက ကြောက်တယ်ပေါ့။အစ်မ ညီမကို ပြော။ညီမက အစ်မကို အနိုင်ကျင့်ခဲ့တာလား မဟုတ်ရင် အစ်မက တုံးတာလား?"

အတိအကျကို သူမက ခြောက်နှစ်သာရှိသေးသော်လည်း သူမရဲ့ စကားလုံးတွေက ဖိနှိပ်
ညှဥ်းပန်း နိုင်လွန်းပြီး ဘယ်သူ့ကိုမှ လမ်ကြောင်း  ပေးချင်း မရှိချေ။

ပြောစရာ စကားကင်းမဲ့နေသော ကျင်းကဲသည် ရှက်စိတ်ကြောင့် မျက်နှာနီမြန်းလာပြီး အဝေးကို ထွက်ပြေးတော့၏။

ဝေ့လော်သည် တံစက် မြိတ်အောက်တွင် ရပ်နေကာ သူမရဲ့ပြီးဆုံးခဲ့သည့်အချိန်များကို စဥ်းစားနေခဲ့သည်။

အတိတ်က ကလေးဆန်ခဲ့ခြင်း နှင့် ဘဝ အတွေ့အကြုံများသာ ဖြစ်သည်။

ဒီနေ့ အဖြစ်အပျက်ကို သူမ သေချာ မှတ်မိ၏။သူမက လူအုပ်စုလိုက်ကို ခြောက်လှန့်ရန် မျက်နှာဖုံးကို ဝတ်ဆင်ခဲ့ပြီး သူမ အဖေနှင့် မဒမ်ဒူက နောက် မှ လာခဲဲ့ကြသည်။ မဒမ်ဒူက သူမကို စကားလုံး အနည်းငယ်ဖြင့် ချော့ကာ စံအိမ်မှ တစ်ယောက်တည်း ထွက်လာရန် ဦးဆောင်လမ်းပြခဲ့၏။ဝေ့ကျန်းကတော့ အိမ်တွင်နေခဲ့လေသည်။ ထိုအချိန်တုန်းက ဒါဟာ ထူးဆန်းနေတာကို သူမသိခဲ့သင့်သည်။မဒမ်ဒူက ဝေ့ကျန်းကို အရမ်း ချစ်သည် ဒါနဲ့များ ဘာကြောင့် ပွဲတော်ကို သူမ(ဝေ့ကျန်း)ကို ခေါ်မသွားပဲ ထားခဲ့ရတာလဲ?

ပထမနေရာမှာ ဒါအကြံအစည် တစ်ခုဖြစ်၏။ သူမ အဖေကော ဒီအကြောင်းကို သိခဲ့ရဲ့လား?အတိတ်တုန်းက သူမ(ဝေ့လော်)ကို မဒမ်ဒူက သေလုနီးပါး လုပ်ခဲ့လေသည်။ သူဘာတွေ တုံ့ပြန်ခဲ့သေးလဲ?

ဝေ့လော်က ဘာမှမသိဘူး ဒါပေမယ့် ဒီအခြေအနေမှာတော့ သူမ ဝေ့ခွန်ကို မုန်းသည်။သူက ဒုတိယ ဇနီးကို စောစော လက်ထပ်ခဲ့တဲ့အတွက် မုန်းတယ်၊သူမရဲ့ အမေအရင်းကို မခေါ်နိုင်ပဲ ရက်စက်ပြီး စာနာစိတ်မရှိတဲ့ မိန်းမကို အမေလို့ ခေါ်ရလို့ မုန်းတယ်။သူမ လက်တွေကို မြှောက်လိုက်ကာ မျက်နှာဖုံးကို လှေကားပေါ်သို့ပစ်လိုက်သည့်အတွက် ၎င်းမှာ အက်ရာ နှစ်ခုရသွားခဲ့၏။

ဝင်းထဲရှိ အစေခံများက ထိုဆူညံသံကြောင့် ထိတ်လန့်သွားကာ တစ်ယောက်ပြီး တစ်ယောက် လှုပ်ရှားမှုများ ရပ်တန့်သွားကြကာ သူမကို ကြည့်လာကြသည်။

ရပ်တန့်ရမည့်အစား သူမက သဘောကျသွားကာ ကျိုးပဲ့နေသော မျက်နှာဖုံးကို အပိုင်းအစများ ခွဲထွက်သွားအောင်ကို တက်ခုန်နေခဲ့၏။ဒီမျက်နှာဖုံးကို သူမအ​ေဖက မီးအိမ်ပွဲတော်မှ ဝယ်ပေးခဲ့တာဖြစ်ပြီး သူမအတွက် ရတနာတစ်ခုလိုဖြစ်သည်။ဒီမျက်နှာဖုံးက သူမအကြိုက် ပုံစံအတိုင်းဖြစ်ပြီး ကလေးတစ်ယောက်လို လူတွေကိုခြောက်လှန့်ရန် သူမက ထိုအရာကို အပြင်သို့ အမြဲ ယူလာလေ့ရှိသည်။အခုတော့ သူမ ဒါကို မလိုချင်တော့ဘူး ဖျက်ပဲဖျက်စီးချင်တော့တယ်။

"အားလော် ဘာလို့ မျက်နှာဖုံးကို ပစ်လိုက်တာလဲ?"

အလေးအနက် မေးခွန်းက နောက် မှလာပေသည်။ ဝေ့လော် သူမခေါင်းကို လှည့်လိုက်၏။သူမနှင့် ဘယ်လောက် မှ မဝေးသော အကွာအဝေး ဝရန်တာအောက်တွင် လူနှစ်ယောက် ရပ်နေသည်ကို သူမ မြင်လိုက်ရပေသည်။တစ်ယောက်ကတော့ သူမအဖေ ဝေ့ခွန်၊တစ်ခြားလူမှာ.....သူမ မိထွေး မဒမ်ဒူ တို့ဖြစ်ကြသည်။မကြာသေးသော အခိုက်တန့်က စကားပြောသူမှာ ဝေ့ခွန်ပင်။

ဝေ့ခွန်က အနက်ရောင်ဝါးရွက်ပုံစံပါသည့် ဇီးရောင် ဝတ်ရုံရှည်ကို လျော့ရဲရဲ ဝတ်ဆင်ထား၏။သူ့မျက်နှာက ခက်ထန်တင်းမာသော်လည်း မျက်လုံးများကတော့ တုန်နေအောင်ချစ်သောအမူအရာကို ထုတ်ဖော်ပြသနေသည်။သူက ရှေ့ကို လျှောက်လာပြီး "သမီး ဒီမျက်နှာဖုံးကို မကြိုက်ဘူးလား?"

ဝေ့လော်က အာရုံစိုက် မှု မပေးချေ။သူ့ရဲ့ မေးခွန်းကို သူမမကြားပဲ မျက်နှာဖုံးကို တက်နင်းရင်းသာ ခေါင်းကို ငုံ့ထားခဲ့လေသည်။

ဝေ့ခွန်က သူမကို ဖက်ရန် ငုံ့လိုက်၏။နှုတ်ခမ်းများက ကွေးနေရင်း အပြုံးတစ်ခုနှင့် သူက မေးသည် " ငါတို့အားလော်ကို ဘယ်သူဘစိတ်ဆိုးအောင် လုပ်တာလဲ? အဖေကိုပြော။အဖေ သမီးအတွက် သွားပြီး လက်စားချေပေးမယ်။"

မဒမ်ဒူက နောက် မှ လျှောက်လာခဲ့သည်။သူမက ခေါင်ရမ်းပန်း ထိုးထားသော ကုတ်အင်္ကျီကို အပေါ်တွင်ထပ်ပြီး အထဲတွင်တော့ လိုက်ဖက်သည့် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားကာ ပုလဲကုံး၊ကျောက်စိမ်းများဖြင့် ဖုံးအုပ်ထားလေသည်။သူမမျက်နှာတွင် အပြုံးတစ်ခု ရှိနေ၏ သို့သော်လည်း ဝေ့ခွန်က ဝေ့လော်ကို ဘယ်လောက်တောင် မျက်နှာသာပေးကြောင်း ကြည့်ပြီးနောက် မှာတော့ ပြုံးနေသည့် အမူအရာကနေ လှည့်သွားကာ အနည်းငယ် အေးစိမ့်နိုင်သွားတော့၏။

ဝေ့ခွန်ရဲ့ ပုခုံးပေါ်မှာ လဲလျောင်းနေရင်း ဝေ့လော်သည် ပြောင်းလဲသွားသည့် မျက်နှာအမူအရာအား မြင်ခဲ့ရလေသည်။

ယခင်က သူမကငယ်သေး၍ လူတွေကို မဖတ်နိုင်ဘူး။သူမမြင်လိုက်ရရင်တောင်မှ သူမက အများကြီးတွေးလေ့မရှိဘူး။ဒါပေမယ့် အခုတော့ မတူဘူးလေ။သူမ မဒမ်ဒူကို ကြည့်တဲ့အခါတိုင်း အတုအယောင် ဟန်ဆောင်မှုကို သူမခံစားနေရသည်။

ဝေ့လော်က ဝေ့ခွန်၏ ပုခုံးတွင် သူမမျက်နှာကို ညင်သာစွာ ပွတ်ကာ နူးည့ံသောအသံကို သုံးရင်း သနားစရာကောင်းလောက်အောင် မကျေမနပ်ပြောသည် "အားလော် နေမကောင်းဘူးလေ ဒါပေမယ့် ဖေဖေက သမီးကို လာတောင်မကြည့်ဘူး။ဖေဖေက အားလော်ကို မချစ်ဘူး..."

အကြောင်းပြချက်က ဒီလို ထွက်လာခဲ့လေပြီ။

ဝေ့ခွန်က သူမကို ဘာလို့ မချစ်ရမှာလဲ?သူမကို မြတ်နိုးလွန်းတာကြောင့် သူမ နေမကောင်းတဲ့ အချိန် သူ တစ်ညလုံး သူမ အိပ်ရာပေါ်မှာ ထိုင်နေခဲ့ပြီး သူမ မနိုးလာခင်မှာ ထွက်လာခဲ့တာ။သနားစရာကောင်းတဲ့ အရာကတော့ သူမ နိုးလာတဲ့အချိန်မှာ သူ့ကို မမြင်ရတာ တစ်ခုပဲသိတယ်၊ သူမ အိပ်ပျော်နေတဲ့ အချိန်တွေမှာ သူ တကယ်ကို သူမဆီ လာလည်တာတွေကျတော့ မသိဘူး။ဝေ့ခွန်က သက်ပြင်းချရင်း "ဒါ အဖေ မကောင်းတာပါ။အဖေ သမီးကို အချိန် အနညး်ငယ်လောက် လာတွေ့ခဲ့သင့်တယ်။အားလော် မျက်နှာဖုံးကို လွှင့်ပစ်တာ မှန်တယ်။သမီးရဲ့အဖေ မှားပါတယ်"

ဝေ့လော်က မဒမ်ဒူ၏ ပို၍ ရုပ်ဆိုးသွားမည့် မျက်နှာ ပြောင်းလဲသွားမည့် အချိန်ကို ကြည့်နေခဲ့သည်။

ဝေ့ခွန်၏ တုန်နေအောင်ချစ်မှုက သူမ(မဒမ်ဒူ)ကို အာရုံကပ်စိုက် မှု တစ်ခုရှိလာအောင်ကို ပြုလုပ်သည်။ဝေ့ကျန်းဆီမှ သူ့ရဲ့အချစ်တွေ အကုန်လုံးကို ဝေ့လော်က လုယက်သွားမှာ သူမ(မဒမ်ဒူ)ကကြောက်တယ် ထိုကြောင့် သူမကို ရောင်းဖို့ သူမ သည်းခံမှာ မဟုတ်ဘူး။ဒါကို စဥ်းစားရင်ပဲ သူမအဖေက တကယ်ပဲ သူမကို ဝေ့ကျန်း ထက်ချစ်တာလား ဘာကြောင့်များလဲ?သူ့သမီး နှစ်ယောက် မှာ ခြားနားချက်တွေက ဘာတွေလဲ?

ဒီပြဿနာရဲ့ အရင်းအမြစ်ကတော့ သူမရဲ့ အမေရင်းဟု ဝေ့လော် စဥ်းစားမိသည်။

ဝေ့လော်မှာ သူမနဲ့ ပတ်သက်ပြီး ဘာထင်မြင်ချက် မှ မရှိဘူး ဒါပေမယ့် သူမနဲ့ ချန်ဟုန် မွေးပြီး မကြာခင်မှာပဲ သူတို့အမေ ပျောက်သွားတယ်လို့ လေးယောက် မြောက် အဒေါ်ကပြောတယ်။အပြင်လူတွေကတော့ မွေးဖွားပြီးနောက် မှာသူမ သေ သွားတယ်လို့ ပြောကြတယ် ဒါပေမယ့် လေးယောက် မြောက် အဒေါ်ကတော့ သူမက မသေသေးပဲ သူတို့နဲ့ ရှိမနေချင်တာလို့ကို အခိုင်အမာပြောတယ်။သူမ သွားကတည်းက သူမကို ဘယ်သူမှ မရှာကြတော့ဘူး။လေးယောက် မြောက် အန်တီက ထပ်ထည့်ပြန်သည် သူမအဖေက သူမအမေကို ချစ်တာ အဆုံးမရှိလေဘူး။သူတို့လက်ထပ်နိုင်ဖို့ အရင်သခင်ကြီးဆီက ကတိကိုရရန် အလို့ငှာ သုံးရက်နဲ့သုံးည သူ(ဝေ့ခွန်) ဆာလောင်မွတ်သိပ်မှုကြောင့် အားနည်းလာသည့် တိုင်အောင် ဘိုးဘွားပိုင် ခန်းမတွင် ဒူးထောက်နေခဲ့၏။ အဆုံးမှာတော့ သခင်ကြီးမှာ စိတ်မပါပဲ သဘောတူခဲ့ရလေသည်။

သူတို့လက်ထပ်ပြီးနောက် မှာတော့ အဖေက အမေကို မည့်သည်အခြေအနေကြောင့်မှာ မယအဖျက် မခံပဲ သူတို့ရဲ့ နေ့ရက် များကို ပြဿနာတစ်ခုမရှိပဲ ဖြတ်သန်းခဲ့ကြသည်။ဒါပေမယ့် နောက်ကျတော့ ဘယ်သူမှ ဖြစ်ပျက်သွားသည့်အရာကို နားမလည်နိုင်ကြပဲ မွေးဖွားပြီး နှစ်ရက် မှာ သူမထွက်သွားခဲ့သည်။အဖေက ရူးသွပ်သွားလောက်အောင် သူမကို နေရာအနှံ့ အနီးစပ်ဆုံးနေရာမကျန် ရှာဖွေခဲ့သော်လည်း သုံးလ လုံးလုံး အကျိုးရလဒ် မရှိခဲ့ပေ။ဒါတွေပြီးသွားလို့ မရှည်ကြာတဲ့ အချိန်မှာပဲ သူက မဒမ်ဒူကို ဒုတိယဇနီး အဖြစ်ယူပြီး ကိုးလအကြာမှာ ဝေ့ကျန်းကို မွေးဖွားခဲ့သည်။

အမေက သူ့နှလုံးသားထဲမှာ ရှိသေးရဲ့လား?သူမ ဘယ်လိုပုံစံရှိတယ်ဆိုတာ သူမှတ်မိရဲ့လား?

ဝေ့လော်သည် သရော်ပြုံးပြုံးပြီး ဝေ့ခွန်၏ လည်ပင်းတွင် နှစ်မြုပ်ထား၏။သူမ အမေကို သူမတစ်ခါမှလည်း မမြင်ဖူးသလို သူမအတွက်လည်း ဘာခံစားမှုမှမရှိလေဘူး။ဒါပေမယ့် သူမ(ဝေ့လော်)က အနည်းငယ် ပြောင်းလဲသွားပြီလေ ဒါကြောင့် အတိတ်မှာတုန်းက သူမအမေက ယောကျာ်းနဲ့ကလေးတွေကို ဘာကြောင့်ထားခဲ့လဲဆိုတာ သူမ သိချင်နေတယ်။

"ဒီမျက်နှာဖုံးက အစိတ်အပိုင်းတွေအဖြစ် ကွဲသွားပြီလေ ဒီနေ့ အပြင်ထွက်ပြီး အားလော်အတွက် မျက်နှာဖုံး အသစ်တစ်ခု ဘာလို့မဝယ်ပေးရမှာလဲ?"စကားတစ်လုံးမှ မပြောရသေးသော မဒမ်ဒူသည် ဝေ့လော် ငြိမ်သွားသည်ကို သူမမြင်သဖြင့် အပြုံးတစ်ခုနှင့် ရည်ရွယ်၍ ပြောသည်။

ဝေ့လော်က ကလေးတစ်ယောက်ဆီမှ လာသည့် တစ်မူထူးခြားသည့် အေးစက်စက်နိုင်သော မျက်လုံးများဖြင့် သူမကို ဖျက်ခနဲကြည့်လိုက်သည်။မဒမ်ဒူက ထိတ်လန့်သွားပြီး ထိုအကြည့်က သူမ နှလုံးသားကို မွှန်ထူသွားစေ၏။ သူမ(မဒမ်ဒူ)က သူမ(အားလော်)ကို ဂရုတစိုက် စစ်ဆေးမည့် အချိန်တွင် ဝေ့လော်သည် နှစ်လိုဖွယ် အပြုံးနှင့် လှည့်လိုက်ကာ "ဖေဖေ သမီးနဲ့ မသွားချင်ဘူးလား?အားလော် ဖေဖေနဲ့အတူမရှိရတာ ကြာပြီလေ သမီး ဖေဖေနဲ့အတူ သွားချင်တယ်"

ဘယ်လောက် တောင် မဒမ်ဒူ စိုက်ကြည့်နေသည်အား ဂရုမထားပဲ သူမရဲ့ အမူအရာကို ထပ်မံ မမြင်ရတော့ချေ သူမ စိတ်ရှုပ်သွားတာလား?

ဝေ့ခွန်က နောင်တရမှုနှင့် အတူ သူမခေါင်းကို ပွတ်ပေးရင်း "ခဏနေရင် အဖေ အင်ပါယာနဲ့ ဆိုင်တဲ့ ပညာသင်ကျောင်းကို သွားရမယ် သမီးနဲ့ အတူတူ အပြင်မထွက်နိုင်တော့ဘူး"

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝေ့ခွန်သည် အင်ပါယာနှင့် ဆိုင်တဲ့ ပြည်သူ စာမေးပွဲမှာ အောင်မြင်ခဲ့သော စာမေးပွဲ ဖြေဆိုသူ ဖြစ်လာခဲ့သည်။လောလောဆယ်မှာ အင်ပါယာနှင့်ဆိုင်သော ပညာသင်ကျောင်းတွင် ပညာသင်ဆုရ ကျောင်းသားတစ်ယောက် ဖြစ်ကာ နေ့တိုင်းလိုစာသင်ရင်းနဲ့ အလုပ်ရှုပ်နေလျက် စာမေးပွဲတွေကို ဖြေရပြီး နေ့တိုင်းလိုလို အိမ်သို့ ပြန်လာနိုင်ချင်း မရှိချေ။ဝေ့လော်ရဲ့ နေမကောင်းမှုကြောင့် ပြီးခဲ့တဲ့ရက်အနည်းငယ်က သူ့ရဲ့အခြိနျတှကေို အိမ်မှာ ကုန်ဆုံးခဲ့လေသည်။သူမဘေးနားမှာနေပြီး သူမကို ဂရုမစိုက်ခဲ့ဘူးဆိုလျှင် သူ စိတ်သက်သာရာရမှာ မဟုတ်ဘူး ဒါကြောင့် သူ ရဲ့အချိန်တစ်ချို့ကို ယူခဲ့ရသည်။

အနီးအနားမှ မဒမ်ဒူကလည်း သက်သာရာရသွား၏။

ဝေ့လော်က အတွင်းတွင် ကြိတ်ရယ်နေပြီး တမင်သက်သက်ကို သူမ ဆုပ်ကိုင်ကာ " ဖေဖေ သမီးကို အဲ့ကို ခေါ်သွားလို့ မရဘူးလား"

သူမက သူ့ဆီကနေ သီးခြားမနေချင်ဘူးဟု ဝေ့ခွန်က တွေးမိပြီး ပျော်ရွှင်မှုနှင့် အကူအညီမရမှု နှစ်ခုလုံးဖြင့် "ဖေဖေမှာ အရေးစိုက်စရာတွေရှိလို့ သမီးကို ခေါ်မသွားနိုင်ဘူး။ နာခံပြီး သမီးအမေ နဲ့တူတူ မီးပူဇော်ဖို့ ဟူကော် ဘုရားကျောင်းကို လိုက်သွားလိုက်နော်။ဒီအချိန်တွေပြီးရင်တော့ အဖေ အိမ်ကို ပြန်လာခဲ့မယ်။"

ပြန်လာရမှာလား?သူမနာခံပြီး တကယ်ပဲသွားခဲ့ရင် ပြန်လာဖို့ အခွင့်အရေး သူမမှာ ရှိပါ့မလား?

ဝေ့လော်ကို နောက်ဆုံးမှာတော့ ခေါင်းကို မော့ကာ မဒမ်ဒူကို ကြည့်ပြီး "အစ်မကြီး ကျင်းလုကပြောတယ် သမီး နေမကောင်းသေးလို့ သမီးသောက်ရမယ့်ဆေးတွေ သွားယူရမယ်တဲ့။သမီးရဲ့ သူနာပြုမှာ ဆေးတွေရှိတယ် မဒမ် အစ်မကြီး ကျင်းလုနဲ့ သူနာပြုဆီ သမီးကို ခေါ်သွားနိုင်မလား?"

ကျင်းလုက သူမ အယုံကြည်ရဆုံး မိန်းမ အစေခံတစ်ယောက်ဖြစ်ပြီး သူနာပြုရီကတော့ ဝေ့လောကို ခေါ်ဆောင် လာခဲ့သည့် လူတစ်ယောက်ဖြစ်သည်။သူတို့နှစ်ယောက်လုံးက လေးလေးနက်နက်ကို သစ္စာရှိပြီး ပေးအပ်မြှုပ်နှံထားကြ၏။သူတို့ နှစ်ယောက်သာ သူမဘက် မှာရှိနေပြီဆိုလျှင် မတော်တဆအမှုက လွယ်လွယ်ဖြစ်လာမှာ မဟုတ်ဘူး။အတိတ်တုန်းက သူမက လူတွေကို မဖတ်တတ်တာကြောင့် ကျင်းကဲနှင့်ကျင်းစီကို ခေါ်ထားခဲ့၏။ဒီမိန်းမအစေခံနှစ်ယောက်က မဒမ်ဒူခေါ်လာခဲ့တယ်ဆိုတာ သူမ မသိခဲ့ဘူး။အဲ့ဒီအကျပ်အတည်းကာလတုန်းက သူမ မဒမ်ဒူဆီက အသတ်ခံရချိန်မှာ သူတို့က ဒါကိုကြည့်ပြီး အဝေးမှာ ခိုက်ခိုက်တုန်လျက် ပုန်းနေကြသည်။

မဒမ်ဒူက သူမကို ကြည့်ကာ "သမီး ဘယ်လို ခေါ်လိုက်တာလဲ?"

ဝေ့လော်က ပြန်ပြော၏ "မဒမ်" ('ဇနီး'လို့ အဓိပ္ပါယ် ရပြီး 'အမေ'မဟုတ်)

မဒမ်ဒူက ဝေ့ခွန်ကို ဖြတ်ခနဲ ကြည့်လိုက်ပြီး"ဒီကလေး အရင်တုန်းက ကျွန်မကို သူမက အမေလို့ခေါ်တယ် ဒီနေ့ကျတော့ ချက်ချင်းကြီး ပြောင်းလဲသွားတယ်။ မိန်းမအစေခံက သူမကို ဘာ မဟုတ်တရုတ်တွေ ပြောလိုက်လို့လဲ?"

ဝေ့ခွန်က ထိုအဖြစ်အပျက်ကို သူမ(ဝေ့လော်)အား မေး၏။သူမ(ဝေ့လော်)က ဒါဟာ ပြဿနာတစ်ခုဖြစ်တယ် ဆိုတာ နားလည်သွားပေမယ့် အချုပ်ကိုတော့ သဘောပေါက်ချင်းမရှိဘူး။ ထို့နောက် ပြောသည် "လေးယောက် မြောက် အမေက သမီးမှာ အမေရှိတယ်လို့ ပြောတယ် မဒမ်က အမေမဟုတ်ဘူးတဲ့" သူမက ဝေ့ခွန်ရဲ့အင်္ကျီလက် အစွန်းကိုဆွဲကာ "ဖေဖေ သမီး မေမေက ဘယ်သူလဲ?"

မဒမ်ဒူမှာ သူမကို တစ်ယောက်ယောက်က ပါးရိုက်သွားသလို ခံစားရပြီး သူမရဲ့ တည်ငြိမ်နေတဲ့ အမူအရာကို ဆက်လက်ထားနိုင်ချင်း မရှိတော့ချေ။

သူမ လက် မထပ်ခင်အချိန်က ဝေ့ခွန်မှာ ဇနီးတစ်ယောက်ရှိခဲ့မှန်း သူမသိသည်။မိခင်ဘက် မှ ဆွေမျိုးဖြစ်တဲ့ ကောင့်မြို့စား ကျုံးရီ အိမ်တော်ရဲ့ နောက်ခံအင်အားကြောင့် သူမရှေ့မှာ ပထမဇနီး ကျန်းမြောင်လန်ကို ဘယ်သူမှာ မထုတ်ဖော်ပြောရဲကြဘူး။အားလော်ကတော့ ဒီနေ့ပဲ ထုတ်ပြောခဲ့လေပြီး သူမ(ဝေ့လော်)ရဲ့စကားလုံးတွေက မကြည့်နိုင်တော့လောက်အောင် သူမ(မဒမ်ဒူ)ကို ဝမ်းနည်းစေသည်။

ဝေ့ခွန်ရဲ့မျက်လုံးမှာ နာကျင်မှုတစ်ခုက အလင်းလို ဖြတ်ပြေးသွားပေမယ့် ချက်ချင်းပဲ သာမန်ပြန်ဖြစ်သွား၏။ "အားလော်က လိမ္မာပါတယ်။ မဒမ်က သမီးရဲ့အမေလေ။ သမီးဒီမေးခွန်းကို အနာဂတ်မှာ ထပ်မမေးရဘူးနော်"

သူမကို သေစေလောက်တဲ့အထိ လုပ်ခဲ့တဲ့ လူတစ်ယောက်ကို သူမက အမေလို့ ဆက်ခေါ်ရမှာလား?

သူမရဲ့ မျက်လုံးထောင့်စွန်းတွေက အေးစက်သွားခဲ့သည်။သူမရဲ့အမေရင်းက သူမနဲ့ ချန်ဟုန်ကို မလိုချင်ဘူး ဆိုရင်တောင်မှ သူမ မဒမ်ဒူကို 'အမေ'လို့ ဘယ်တော့မှ ထပ်ခေါ်မှာမဟုတ်ဘူးလို့ အားလော် ဆုံးဖြတ်ချက်ချလိုက်၏။

မြို့တော်ရဲ့ လမ်းမများက တိုးတက်ကြီးပွားကြ၏။ဒီနိုင်ငံကို စတင်တည်ထောင်ကတည်းက ဘုရင် ချုံကျင်းသည် တရားမျှတစွာ အုပ်ချုပ်လေသည်။သူက မြို့တော်ကို ဆုပေး ဒဏ်ပေးစနစ်ဖြင့် စီရင်ကာ အရေးကြီးသော မြို့တော်များကိုလည်း သင့်တင့်လျှောက်ပတ်စွာ အုပ်ချုပ်သည်။လူတွေကလည်း ငြိမ်းချမ်းစွာနှင့် နေထိုင်ကာ လမ်းမများတွင် အားမာန်အပြည့်ဖြင့် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်ကြ၏။ရထားလုံးထဲမှာ ထိုင်ရင်း အမျိုးမျိုးသော ဆိုင်ပိုင်ရှင်များက ခရီးသည်ကို လာရောက်ဝယ်ယူဖို့ အော်နေသံကို ကြားရနိုင်ပြီး လမ်းဘေး ဝိုင်အရက်ဆိုင်မှ အသံများကိုလည်း ကောင်းမွန်စွာ ကြားရနို်င်လေသည်။

မဒမ်ဒူ ဝင်သွားသော ရထားလုံးဆီသို့ ဝေ့လော်လည်း လိုက်သွားသည်။ရွှေပန်းထိုးထားသော အနက်ရောင်လိုက်ကာ မြှင့်တင်ထားသော ပြတင်းပေါက် အနီးတွင် သူမဝင်ထိုင်လိုက်ပြီး လမ်းမကို ငေးကြည့်နေလိုက်သည်။

သာမန်ကလေးတစ်ယောက် လမ်းမပေါ်တွင် ဖြစ်ပျက်နေသည်များကို စူးစမ်းနေတယ်လို့ မဒမ်ဒူက စဉ်းစားမိ၏ ထိုကြောင့် သူမကို ကျေနပ်သလိုနေစေရန် ထားခဲ့တော့၏။သူမဘေးမှာ ရှိနေတဲ့ အဆူးဟာ မကြာခင်မှာ သွားရတော့မှာကို တွေးမိပြီး မကူညီနိုင်ပဲ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားတော့သည်။

ဒီနှစ်တွေမှာ ဝေ့လော်နှင့် ဝေ့ချန်ဟုန်သည် အလွန်ပင် စိတ်တို စရာကောင်းကြောင်း သူမ သိရှိခဲ့သော်လည်း သူမရဲ့ ဖြူစင်တယ်ဆိုတဲ့ ဂုဏ်သတင်းတွေကြောင့် သူမရဲ့ပုံရိပ်ကို ထိန်းသိမ်းရန် သူတို့အား ကြင်နာသော မျက်နှာထားဖြင့် ပြုမူခဲ့ပြီး အပြုံးတစ်ခုနှင့် ဆက်ဆံခဲ့ရသည်။ဒီလို သရုပ်ဆောင်ရတာကို သူမ အလွန်စိတ်ပျက်လွန်းတယ်။အချိန်တိုင်းမှာ ဒီကလေးနှစ်ယောက်ကို သူမမြင်ရတိုင်း သူမဟာ ဒုတိယဇနီးဆိုတာ မှတ်မိနေစေခဲ့သည်။သူမနှလုံးသားထဲမှာ ဆူးတစ်ချောင်းလို ဖြစ်နေပြီး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ခွင့်မပေးချေ။

ဝေ့လော်ကတော့ ထူးထူးခြားခြားပင်။ဝေ့ခွန်ရဲ့ ကြင်နာမှုက သူမ(ဝေ့လော်) အတွက် ဖြစ်တာကြောင့် မဒမ်ဒူမှာ မရပ်တည်နိုင်တော့ဘူး။

ဝေ့လော်က မလိမ္မာသော်လည်း သူမရဲ့တောက်ပတဲ့ မျက်နှာက နှစ်သက်ဖွွယ်ကောင်းလှသည်။သူမက သခင်ကြီးရှေ့တွင် ထုတ်ဖော်ပြသပြီး ဝေ့ကျန်းဆီမှ ခိုးယူနေခဲ့၏။ဘယ်လိုလို့မနာလိုပဲနေနိုင်မလဲ?သူ့သမီးက သာမန်ရုပ်မျှ မဟုတ်သော်လည်း ဝေ့လော်နှင့်ယှဥ်ရင်တော့ သူမ(ဝေ့ကျန်း)က ချို့တဲ့နေပုံပေါ်သည်။

မဒမ်ဒူက ဝေ့ကျန်းကို ချော့မွေ့တဲ့ အနာဂတ်တစ်ခု ရရှိရေးနဲ့ ချမ်းသာတဲ့မိသားစုနဲ့ စေ့စပ်ကြောင်းလမ်းရဖို့် အစီအစဥ်တွေ ဆွဲထားခဲ့၏။သူမ အရင်ဆုံး လုပ်ရမယ့် အရာတစ်ခုကတော့ ဝေ့လော်ကို ဖယ်ရှားဖို့လိုအပ်ပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့အောင် ဝေးလံတဲ့နေရာတစ်ခုမှာ ရောင်းချဖို့ပင်ဖြစ်သည်။ငယ်ရွယ်တဲ့ ဝေ့ချန်ဟုန်အတွက်ကတော့ သူမ သားလေးတစ်ယောက် မွေးပြီးတဲ့အချိန်နောက် မှ သူနဲ့သက်ဆိုင်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေတော့မယ်။

(T/N ဒါလေးက တစ်ပိုင်းစီတိုင်းက ရှည်ပြီး စာလုံးရေ သုံးထောင်ကျော်ပါတယ် ခင်ဗျားလေးတို့ တစ်ဝကြီးဖတ်ကပါတယ်နော် ဒီဟာလေးကို ပြီးခဲ့ရင် တစ်ရက်ခြားတစ်ခါ တင်မယ် မပြီးသေးရင်တော့ နှစ်ရက်တစ်ခါ တင်ပါ့မယ်ရှင် updateတော့ မပျက်ပါဘူးနော် ဟိုအပုဒ်လေးကတော့ တစ်နေ့တစ်ပိုင်းပါပဲရှင်)

..................................................................

(Zawgyi)

ေနာက္ေန႕မွာေတာ့ အားေလာ္ ေဟာကိန္းထုတ္သည့္အတိုင္း ႏွစ္ပတ္ေလာက္ ၾကာရွည္ျမင့္စြာ ႐ြာခဲ့ေသာ မိုးသည္ ေနာက္ဆုံးမွာေတာ့ အဆုံးသတ္သြားခဲ့ၿပီ။ေကာင္းကင္ကလည္း ၾကည္လင္လာခဲ့သည္။

ေနေရာင္ျခည္က ၿမိဳ႕စားယင္း အိမ္ေတာ္၏ အိမ္မိုး အုတ္ကြၽတ္ျပားကို ထိခတ္ေနသည္။၎သည္ ဝင္းထဲတြင္ ပုံရိပ္က်ေနၿပီး သစ္ပင္မ်ား၏ အရိပ္အေျပာက္ မ်ားသည္လည္း ထိုအေပၚသို႔ က်ေရာက္ေနသည္မွာ လွပေသာ ပန္းခ်ီကားတစ္ခ်ပ္ကို ေရးဆြဲေနျခင္း ျဖစ္သည္။

ထင္းရႉးဝင္း(စုန့္ယြမ္)၏ မိန္းမအေစခံမ်ားသည္ သခင္မ်ားကို အလုပ္အေကြၽးျပဳၿပီးတဲ့အခါ အေရာင္စုံေသာ ခုန္ႀကိဳးမ်ားကို ယူ၍ ပန္းၿခံထဲမွာ ကစားဖို႔ရန္ မေစာင့္နိုင္ၾကေတာ့ေလဘူး။ပန္းေရာင္ အေပၚ အကၤ်ီ ႏွင့္ မိုးျပာေရာင္ စကတ္မ်ားသည္ ႀကိဳးမ်ားႏွင့္ အတူ အေရွ႕အေနာက္ ယိမ္းေနၾကလ်က္ ပန္းၿခံတြင္ ရယ္ေမာသံမ်ားႏွင့္ ေပ်ာ္႐ႊင္ေနၾကေသာ အသံမ်ားျဖင့္ ျပည့္ႏွက္ေနေလ၏။မိန္းမအေစခံ တစ္ေယာက္သည္ ႀကိဳးခုန္ျခင္းႏွင့္ ၾကက္ေတာင္ ကန္ျခင္း ႏွစ္ခုလုံး ကြၽမ္းက်င္ေပသည္။သူမက ေလထဲသို႔ ၾကက္ေတာင္ကို ကန္လိုက္ကာ ႀကိဳးခုန္၏ ထို႔ေနာက္တြင္ သူမ၏ရွည္လ်ားေသာ ေျခေထာက္ မ်ားကို တျဖည္းျဖည္း ဆန့္ထုတ္လိုက္ၿပီးေနာက္ ထိုအရာကို ဖမ္းလိုက္ေလသည္။

လူမ်ားက ညီၫြတ္စြာ အားေပးၾက၏။ၿမိဳ႕စား၏ စံအိမ္တြင္ အေစခံမ်ားကို စည္းကမ္းတင္းၾကပ္ျခင္း မရွိေပ။သူတို႔၏ အလုပ္မ်ားၿပီးေျမာက္သြားသည္ကို သူတို႔ သခင္မ်ားက သိ၍ ခြင့္ျပဳလွ်င္ သူတို႔က ကစားနိုင္ၾကသလို သူတို႔ ကိစၥမ်ားကိုလည္း ဂ႐ုစိုက္နိုင္ၾကသည္။

မိန္းမအေစခံမ်ားက ႐ႊင္႐ႊင္ျပျပကစား ေနက်အခ်ိန္တြင္ ေၾကာက္စရာေကာင္းသည့္ မ်က္ႏွာဖုံး ဝတ္ထားေသာ မိန္းမငယ္ေလးက အရိပ္ရ သစ္ပင္ေအာက္ မွ ႐ုတ္တရက္ခုန္ထြက္လာကာ သူတို႔ဆီသို႔ လက္ေတြ ဆန့္တန္းၿပီး ေျပးလာေလ၏ "ဘူး...."

အေစခံတစ္ဦးခ်င္းစီလိုက္ အငိုက္ မိသြားၾကၿပီး သူမ အ႐ူးလုပ္တာကို ခံလိုက္ရၾကသည္။ေၾကာက္လန့္တတ္ေသာ တစ္ေယာက္ မွာေတာ့ သူမ ဦးေခါင္းႏွင့္ ျပဳတ္က်သြားၿပီး သူမမ်က္ႏွာက ဝိဉာဥ္လို ျဖဴေလ်ာ္ေနခဲ့၏။

မ်က္ႏွာဖုံးေအာက္ မွ ၾကည္လင္ေသာ တခစ္ခစ္ရယ္ေမာသံကို ၾကားနိုင္ၾကသည္။ေဝ့ေလာ္သည္ လဲက်သြားေသာ အေစခံကို ၫႊန္ျပရင္း က်ယ္ေလာင္စြာ ရယ္ေမာကာ ပင့္သက္ရွိုက္လိုက္၏
"အစ္မႀကီးက်င္းကဲက သူရဲေဘာေၾကာင္သူ တစ္ေယာက္ပဲ!"

က်င္းကဲသည္ ေျမျပင္မွ ႏွေးေကြးစြာ ထလာကာ သူမ အကၤ်ီေပၚမွ အညစ္အေၾကးမ်ားကို ခါကာ ရွက္ေနေသာ မ်က္ႏွာျဖင့္ ေျပာေလ၏" စတုတၳ သခင္မေလးက လူေတြကို အနိုင္က်င့္ေနတယ္...."

ေကာင္မေလးက ႀကိဳးမ်ားကို ျဖည္ရန္ လက္ကိုျမႇောက္လိုက္ၿပီး မ်က္ႏွာဖုံးကို ခြၽတ္လိုက္ကာ ပထမဆုံး အေရာင္စိုလက္ေနေသာ အနက္ေရာင္ မ်က္လုံးႏွစ္စုံ၊ သိမ္ေမြ႕ေကာင္းမြန္ေသာ ႏွာေခါင္း၊ႏူးညံ့ေသာ ပန္းေရာင္ ႏႈတ္ခမ္း၊ေက်ာက္စိမ္းကို တုံးျဖတ္ထားသလို အနီေရာင္ ပါးမ်ားကို ထုတ္ေဖာ္ျပသလာသည္။သူမက ေ႐ႊေရာင္ျခည္မ်ားျဖင့္ ယက္လုပ္ထားေသာ အစိမ္းေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး အရိပ္ရေသာ သစ္ပင္ေအာက္တြင္ အားပါးတရ ၿပဳံးရင္းရပ္ေနခဲ့သည္။ေအာင္ျမင္သြား၍ တက္ႂကြ ေပ်ာ္ျမဴးေနေသာ သူမေပၚသို႔ ပန္းေလးတစ္ပြင့္ ဆင္းသက္လာေလ၏။လက္ေတြကို ခါးမွာ ထားလိုက္ရင္း သူမကေမးသည္
"အရင္အခ်ိန္ေတြတုန္းက အစ္မလည္း တူညီတဲ့ မ်က္ႏွာဖုံးနဲ႕ လုပ္လို႔ ညီမလည္း ေၾကာက္ခဲ့ရတယ္ေလ အခု ဒီတစ္ခ်ိန္မွာေတာ့ အစ္မက ေၾကာက္တယ္ေပါ့။အစ္မ ညီမကို ေျပာ။ညီမက အစ္မကို အနိုင္က်င့္ခဲ့တာလား မဟုတ္ရင္ အစ္မက တုံးတာလား?"

အတိအက်ကိဳ သူမက ေျခာက္ႏွစ္သာရွိေသးေသာ္လည္း သူမရဲ႕ စကားလုံးေတြက ဖိႏွိပ္ညွဥ္းပန္းနိုင္လြန္းၿပီး ဘယ္သူ႕ကိုမွ လမ္းေၾကာင္းေပးခ်င္း မရွိေခ်။

ေျပာစရာ စကားကင္းမဲ့ေနေသာ က်င္းကဲသည္ ရွက္စိတ္ေၾကာင့္ မ်က္ႏွာနီျမန္းလာၿပီး အေဝးကို ထြက္ေျပးေတာ့၏။

ေဝ့ေလာ္သည္ တံစက္ ၿမိတ္ေအာက္တြင္ ရပ္ေနကာ သူမရဲ႕ၿပီးဆုံးခဲ့သည့္အခ်ိန္မ်ားကို စဥ္းစားေနခဲ့သည္။

အတိတ္က ကေလးဆန္ခဲ့ျခင္း ႏွင့္ ဘဝ အေတြ႕အႀကဳံမ်ားသာ ျဖစ္သည္။

ဒီေန႕ အျဖစ္အပ်က္ကို သူမ ေသခ်ာ မွတ္မိ၏။သူမက လူအုပ္စုလိုက္ကို ေျခာက္လွန့္ရန္ မ်က္ႏွာဖုံးကို ဝတ္ဆင္ခဲ့ၿပီး သူမ အေဖႏွင့္ မဒမ္ဒူက ေနာက္ မွ လာခဲဲ့ၾကသည္။ မဒမ္ဒူက သူမကို စကားလုံး အနည္းငယ္ျဖင့္ ေခ်ာ့ကာ စံအိမ္မွ တစ္ေယာက္တည္း ထြက္လာရန္ ဦးေဆာင္လမ္းျပခဲ့၏။ေဝ့က်န္းကေတာ့ အိမ္တြင္ေနခဲ့ေလသည္။ ထိုအခ်ိန္တုန္းက ဒါဟာ ထူးဆန္းေနတာကို သူမသိခဲ့သင့္သည္။မဒမ္ဒူက ေဝ့က်န္းကို အရမ္း ခ်စ္သည္ ဒါနဲ႕မ်ား ဘာေၾကာင့္ ပြဲေတာ္ကို သူမ(ေဝ့က်န္း)ကို ေခၚမသြားပဲ ထားခဲ့ရတာလဲ?

ပထမေနရာမွာ ဒါအႀကံအစည္ တစ္ခုျဖစ္၏။ သူမ အေဖေကာ ဒီအေၾကာင္းကို သိခဲ့ရဲ႕လား?အတိတ္တုန္းက သူမ(ေဝ့ေလာ္)ကို မဒမ္ဒူက ေသလုနီးပါး လုပ္ခဲ့ေလသည္။ သူဘာေတြ တုံ႕ျပန္ခဲ့ေသးလဲ?

ေဝ့ေလာ္က ဘာမွမသိဘူး ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ သူမ ေဝ့ခြန္ကို မုန္းသည္။သူက ဒုတိယ ဇနီးကို ေစာေစာ လက္ထပ္ခဲ့တဲ့အတြက္ မုန္းတယ္၊သူမရဲ႕ အေမအရင္းကို မေခၚနိုင္ပဲ ရက္စက္ၿပီး စာနာစိတ္မရွိတဲ့ မိန္းမကို အေမလို႔ ေခၚရလို႔ မုန္းတယ္။သူမ လက္ေတြကို ျမႇောက္လိုက္ကာ မ်က္ႏွာဖုံးကို ေလွကားေပၚသို႔ပစ္လိုက္သည့္အတြက္ ၎မွာ အက္ရာ ႏွစ္ခုရသြားခဲ့၏။

ဝင္းထဲရွိ အေစခံမ်ားက ထိုဆူညံသံေၾကာင့္ ထိတ္လန့္သြားကာ တစ္ေယာက္ၿပီး တစ္ေယာက္ လႈပ္ရွားမႈမ်ား ရပ္တန့္သြားၾကကာ သူမကို ၾကည့္လာၾကသည္။

ရပ္တန့္ရမည့္အစား သူမက သေဘာက်သြားကာ က်ိဳးပဲ့ေနေသာ မ်က္ႏွာဖုံးကို အပိုင္းအစမ်ား ခြဲထြက္သြားေအာင္ကို တက္ခုန္ေနခဲ့၏။ဒီမ်က္ႏွာဖုံးကို သူမအေဖက မီးအိမ္ပြဲေတာ္မွ ဝယ္ေပးခဲ့တာျဖစ္ၿပီး သူမအတြက္ ရတနာတစ္ခုလိုျဖစ္သည္။ဒီမ်က္ႏွာဖုံးက သူမအႀကိဳက္ ပုံစံအတိုင္းျဖစ္ၿပီး ကေလးတစ္ေယာက္လို လူေတြကိုေျခာက္လွန့္ရန္ သူမက ထိုအရာကို အျပင္သို႔ အၿမဲ ယူလာေလ့ရွိသည္။အခုေတာ့ သူမ ဒါကို မလိုခ်င္ေတာ့ဘူး ဖ်က္ပဲဖ်က္စီးခ်င္ေတာ့တယ္။

"အားေလာ္ ဘာလို႔ မ်က္ႏွာဖုံးကို ပစ္လိုက္တာလဲ?"

အေလးအနက္ ေမးခြန္းက ေနာက္ မွလာေပသည္။ ေဝ့ေလာ္ သူမေခါင္းကို လွည့္လိုက္၏။သူမႏွင့္ ဘယ္ေလာက္ မွ မေဝးေသာ အကြာအေဝး ဝရန္တာေအာက္တြင္ လူႏွစ္ေယာက္ ရပ္ေနသည္ကို သူမ ျမင္လိုက္ရေပသည္။တစ္ေယာက္ကေတာ့ သူမအေဖ ေဝ့ခြန္၊တစ္ျခားလူမွာ.....သူမ မိေထြး မဒမ္ဒူ တို႔ျဖစ္ၾကသည္။မၾကာေသးေသာ အခိုက္တန့္က စကားေျပာသူမွာ ေဝ့ခြန္ပင္။

ေဝ့ခြန္က အနက္ေရာင္ဝါး႐ြက္ပုံစံပါသည့္ ဇီးေရာင္ ဝတ္႐ုံရွည္ကို ေလ်ာ့ရဲရဲ ဝတ္ဆင္ထား၏။သူ႕မ်က္ႏွာက ခက္ထန္တင္းမာေသာ္လည္း မ်က္လုံးမ်ားကေတာ့ တုန္ေနေအာင္ခ်စ္ေသာအမူအရာကို ထုတ္ေဖာ္ျပသေနသည္။သူက ေရွ႕ကို ေလွ်ာက္လာၿပီး "သမီး ဒီမ်က္ႏွာဖုံးကို မႀကိဳက္ဘူးလား?"

ေဝ့ေလာ္က အာ႐ုံစိုက္ မႈ မေပးေခ်။သူ႕ရဲ႕ ေမးခြန္းကို သူမမၾကားပဲ မ်က္ႏွာဖုံးကို တက္နင္းရင္းသာ ေခါင္းကို ငုံ႕ထားခဲ့ေလသည္။

ေဝ့ခြန္က သူမကို ဖက္ရန္ ငုံ႕လိုက္၏။ႏႈတ္ခမ္းမ်ားက ေကြးေနရင္း အၿပဳံးတစ္ခုႏွင့္ သူက ေမးသည္ " ငါတို႔အားေလာ္ကို ဘယ္သူဘစိတ္ဆိုးေအာင္ လုပ္တာလဲ? အေဖကိုေျပာ။အေဖ သမီးအတြက္ သြားၿပီး လက္စားေခ်ေပးမယ္။"

မဒမ္ဒူက ေနာက္ မွ ေလွ်ာက္လာခဲ့သည္။သူမက ေခါင္ရမ္းပန္း ထိုးထားေသာ ကုတ္အကၤ်ီကို အေပၚတြင္ထပ္ၿပီး အထဲတြင္ေတာ့ လိုက္ဖက္သည့္ ခရမ္းေရာင္ဝတ္စုံ ဝတ္ဆင္ထားကာ ပုလဲကုံး၊ေက်ာက္စိမ္းမ်ားျဖင့္ ဖုံးအုပ္ထားေလသည္။သူမမ်က္ႏွာတြင္ အၿပဳံးတစ္ခု ရွိေန၏ သို႔ေသာ္လည္း ေဝ့ခြန္က ေဝ့ေလာ္ကို ဘယ္ေလာက္ေတာင္ မ်က္ႏွာသာေပးေၾကာင္း ၾကည့္ၿပီးေနာက္ မွာေတာ့ ၿပဳံးေနသည့္ အမူအရာကေန လွည့္သြားကာ အနည္းငယ္ ေအးစိမ့္နိုင္သြားေတာ့၏။

ေဝ့ခြန္ရဲ႕ ပုခုံးေပၚမွာ လဲေလ်ာင္းေနရင္း ေဝ့ေလာ္သည္ ေျပာင္းလဲသြားသည့္ မ်က္ႏွာအမူအရာအား ျမင္ခဲ့ရေလသည္။

ယခင္က သူမကငယ္ေသး၍ လူေတြကို မဖတ္နိုင္ဘူး။သူမျမင္လိုက္ရရင္ေတာင္မွ သူမက အမ်ားႀကီးေတြးေလ့မရွိဘူး။ဒါေပမယ့္ အခုေတာ့ မတူဘူးေလ။သူမ မဒမ္ဒူကို ၾကည့္တဲ့အခါတိုင္း အတုအေယာင္ ဟန္ေဆာင္မႈကို သူမခံစားေနရသည္။

ေဝ့ေလာ္က ေဝ့ခြန္၏ ပုခုံးတြင္ သူမမ်က္ႏွာကို ညင္သာစြာ ပြတ္ကာ ႏူးည့ံေသာအသံကို သုံးရင္း သနားစရာေကာင္းေလာက္ေအာင္ မေက်မနပ္ေျပာသည္ "အားေလာ္ ေနမေကာင္းဘူးေလ ဒါေပမယ့္ ေဖေဖက သမီးကို လာေတာင္မၾကည့္ဘူး။ေဖေဖက အားေလာ္ကို မခ်စ္ဘူး..."

အေၾကာင္းျပခ်က္က ဒီလို ထြက္လာခဲ့ေလၿပီ။

ေဝ့ခြန္က သူမကို ဘာလို႔ မခ်စ္ရမွာလဲ?သူမကို ျမတ္နိုးလြန္းတာေၾကာင့္ သူမ ေနမေကာင္းတဲ့ အခ်ိန္ သူ တစ္ညလုံး သူမ အိပ္ရာေပၚမွာ ထိုင္ေနခဲ့ၿပီး သူမ မနိုးလာခင္မွာ ထြက္လာခဲ့တာ။သနားစရာေကာင္းတဲ့ အရာကေတာ့ သူမ နိုးလာတဲ့အခ်ိန္မွာ သူ႕ကို မျမင္ရတာ တစ္ခုပဲသိတယ္၊ သူမ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္ေတြမွာ သူ တကယ္ကို သူမဆီ လာလည္တာေတြက်ေတာ့ မသိဘူး။ေဝ့ခြန္က သက္ျပင္းခ်ရင္း "ဒါ အေဖ မေကာင္းတာပါ။အေဖ သမီးကို အခ်ိန္ အနညး္ငယ္ေလာက္ လာေတြ႕ခဲ့သင့္တယ္။အားေလာ္ မ်က္ႏွာဖုံးကို လႊင့္ပစ္တာ မွန္တယ္။သမီးရဲ႕အေဖ မွားပါတယ္"

ေဝ့ေလာ္က မဒမ္ဒူ၏ ပို၍ ႐ုပ္ဆိုးသြားမည့္ မ်က္ႏွာ ေျပာင္းလဲသြားမည့္ အခ်ိန္ကို ၾကည့္ေနခဲ့သည္။

ေဝ့ခြန္၏ တုန္ေနေအာင္ခ်စ္မႈက သူမ(မဒမ္ဒူ)ကို အာ႐ုံကပ္စိုက္ မႈ တစ္ခုရွိလာေအာင္ကို ျပဳလုပ္သည္။ေဝ့က်န္းဆီမွ သူ႕ရဲ႕အခ်စ္ေတြ အကုန္လုံးကို ေဝ့ေလာ္က လုယက္သြားမွာ သူမ(မဒမ္ဒူ)ကေၾကာက္တယ္ ထိုေၾကာင့္ သူမကို ေရာင္းဖို႔ သူမ သည္းခံမွာ မဟုတ္ဘူး။ဒါကို စဥ္းစားရင္ပဲ သူမအေဖက တကယ္ပဲ သူမကို ေဝ့က်န္း ထက္ခ်စ္တာလား ဘာေၾကာင့္မ်ားလဲ?သူ႕သမီး ႏွစ္ေယာက္ မွာ ျခားနားခ်က္ေတြက ဘာေတြလဲ?

ဒီျပႆနာရဲ႕ အရင္းအျမစ္ကေတာ့ သူမရဲ႕ အေမရင္းဟု ေဝ့ေလာ္ စဥ္းစားမိသည္။

ေဝ့ေလာ္မွာ သူမနဲ႕ ပတ္သက္ၿပီး ဘာထင္ျမင္ခ်က္ မွ မရွိဘူး ဒါေပမယ့္ သူမနဲ႕ ခ်န္ဟုန္ ေမြးၿပီး မၾကာခင္မွာပဲ သူတို႔အေမ ေပ်ာက္သြားတယ္လို႔ ေလးေယာက္ ေျမာက္ အေဒၚကေျပာတယ္။အျပင္လူေတြကေတာ့ ေမြးဖြားၿပီးေနာက္ မွာသူမ ေသ သြားတယ္လို႔ ေျပာၾကတယ္ ဒါေပမယ့္ ေလးေယာက္ ေျမာက္ အေဒၚကေတာ့ သူမက မေသေသးပဲ သူတို႔နဲ႕ ရွိမေနခ်င္တာလို႔ကို အခိုင္အမာေျပာတယ္။သူမ သြားကတည္းက သူမကို ဘယ္သူမွ မရွာၾကေတာ့ဘူး။ေလးေယာက္ ေျမာက္ အန္တီက ထပ္ထည့္ျပန္သည္ သူမအေဖက သူမအေမကို ခ်စ္တာ အဆုံးမရွိေလဘူး။သူတို႔လက္ထပ္နိုင္ဖို႔ အရင္သခင္ႀကီးဆီက ကတိကိုရရန္ အလို႔ငွာ သုံးရက္နဲ႕သုံးည သူ(ေဝ့ခြန္) ဆာေလာင္မြတ္သိပ္မႈေၾကာင့္ အားနည္းလာသည့္ တိုင္ေအာင္ ဘိုးဘြားပိုင္ ခန္းမတြင္ ဒူးေထာက္ေနခဲ့၏။ အဆုံးမွာေတာ့ သခင္ႀကီးမွာ စိတ္မပါပဲ သေဘာတူခဲ့ရေလသည္။

သူတို႔လက္ထပ္ၿပီးေနာက္ မွာေတာ့ အေဖက အေမကို မည့္သည္အေျခအေနေၾကာင့္မွာ မယအဖ်က္ မခံပဲ သူတို႔ရဲ႕ ေန႕ရက္ မ်ားကို ျပႆနာတစ္ခုမရွိပဲ ျဖတ္သန္းခဲ့ၾကသည္။ဒါေပမယ့္ ေနာက္က်ေတာ့ ဘယ္သူမွ ျဖစ္ပ်က္သြားသည့္အရာကို နားမလည္နိုင္ၾကပဲ ေမြးဖြားၿပီး ႏွစ္ရက္ မွာ သူမထြက္သြားခဲ့သည္။အေဖက ႐ူးသြပ္သြားေလာက္ေအာင္ သူမကို ေနရာအႏွံ႕ အနီးစပ္ဆုံးေနရာမက်န္ ရွာေဖြခဲ့ေသာ္လည္း သုံးလ လုံးလုံး အက်ိဳးရလဒ္ မရွိခဲ့ေပ။ဒါေတြၿပီးသြားလို႔ မရွည္ၾကာတဲ့ အခ်ိန္မွာပဲ သူက မဒမ္ဒူကို ဒုတိယဇနီး အျဖစ္ယူၿပီး ကိုးလအၾကာမွာ ေဝ့က်န္းကို ေမြးဖြားခဲ့သည္။

အေမက သူ႕ႏွလုံးသားထဲမွာ ရွိေသးရဲ႕လား?သူမ ဘယ္လိုပုံစံရွိတယ္ဆိုတာ သူမွတ္မိရဲ႕လား?

ေဝ့ေလာ္သည္ သေရာ္ၿပဳံးၿပဳံးၿပီး ေဝ့ခြန္၏ လည္ပင္းတြင္ ႏွစ္ျမဳပ္ထား၏။သူမ အေမကို သူမတစ္ခါမွလည္း မျမင္ဖူးသလို သူမအတြက္လည္း ဘာခံစားမႈမွမရွိေလဘူး။ဒါေပမယ့္ သူမ(ေဝ့ေလာ္)က အနည္းငယ္ ေျပာင္းလဲသြားၿပီေလ ဒါေၾကာင့္ အတိတ္မွာတုန္းက သူမအေမက ေယာက်ာ္းနဲ႕ကေလးေတြကို ဘာေၾကာင့္ထားခဲ့လဲဆိုတာ သူမ သိခ်င္ေနတယ္။

"ဒီမ်က္ႏွာဖုံးက အစိတ္အပိုင္းေတြအျဖစ္ ကြဲသြားၿပီေလ ဒီေန႕ အျပင္ထြက္ၿပီး အားေလာ္အတြက္ မ်က္ႏွာဖုံး အသစ္တစ္ခု ဘာလို႔မဝယ္ေပးရမွာလဲ?"စကားတစ္လုံးမွ မေျပာရေသးေသာ မဒမ္ဒူသည္ ေဝ့ေလာ္ ၿငိမ္သြားသည္ကို သူမျမင္သျဖင့္ အၿပဳံးတစ္ခုႏွင့္ ရည္႐ြယ္၍ ေျပာသည္။

ေဝ့ေလာ္က ကေလးတစ္ေယာက္ဆီမွ လာသည့္ တစ္မူထူးျခားသည့္ ေအးစက္စက္နိုင္ေသာ မ်က္လုံးမ်ားျဖင့္ သူမကို ဖ်က္ခနဲၾကည့္လိုက္သည္။မဒမ္ဒူက ထိတ္လန့္သြားၿပီး ထိုအၾကည့္က သူမ ႏွလုံးသားကို မႊန္ထူသြားေစ၏။ သူမ(မဒမ္ဒူ)က သူမ(အားေလာ္)ကို ဂ႐ုတစိုက္ စစ္ေဆးမည့္ အခ်ိန္တြင္ ေဝ့ေလာ္သည္ ႏွစ္လိုဖြယ္ အၿပဳံးႏွင့္ လွည့္လိုက္ကာ "ေဖေဖ သမီးနဲ႕ မသြားခ်င္ဘူးလား?အားေလာ္ ေဖေဖနဲ႕အတူမရွိရတာ ၾကာၿပီေလ သမီး ေဖေဖနဲ႕အတူ သြားခ်င္တယ္"

ဘယ္ေလာက္ ေတာင္ မဒမ္ဒူ စိုက္ၾကည့္ေနသည္အား ဂ႐ုမထားပဲ သူမရဲ႕ အမူအရာကို ထပ္မံ မျမင္ရေတာ့ေခ် သူမ စိတ္ရႈပ္သြားတာလား?

ေဝ့ခြန္က ေနာင္တရမႈႏွင့္ အတူ သူမေခါင္းကို ပြတ္ေပးရင္း "ခဏေနရင္ အေဖ အင္ပါယာနဲ႕ ဆိုင္တဲ့ ပညာသင္ေက်ာင္းကို သြားရမယ္ သမီးနဲ႕ အတူတူ အျပင္မထြက္နိုင္ေတာ့ဘူး"

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ေဝ့ခြန္သည္ အင္ပါယာႏွင့္ ဆိုင္တဲ့ ျပည္သူ စာေမးပြဲမွာ ေအာင္ျမင္ခဲ့ေသာ စာေမးပြဲ ေျဖဆိုသူ ျဖစ္လာခဲ့သည္။ေလာေလာဆယ္မွာ အင္ပါယာႏွင့္ဆိုင္ေသာ ပညာသင္ေက်ာင္းတြင္ ပညာသင္ဆုရ ေက်ာင္းသားတစ္ေယာက္ ျဖစ္ကာ ေန႕တိုင္းလိုစာသင္ရင္းနဲ႕ အလုပ္ရႈပ္ေနလ်က္ စာေမးပြဲေတြကို ေျဖရၿပီး ေန႕တိုင္းလိုလို အိမ္သို႔ ျပန္လာနိုင္ခ်င္း မရွိေခ်။ေဝ့ေလာ္ရဲ႕ ေနမေကာင္းမႈေၾကာင့္ ၿပီးခဲ့တဲ့ရက္အနည္းငယ္က သူ႕ရဲ႕အၿခိန်တွေကို အိမ္မွာ ကုန္ဆုံးခဲ့ေလသည္။သူမေဘးနားမွာေနၿပီး သူမကို ဂ႐ုမစိုက္ခဲ့ဘူးဆိုလွ်င္ သူ စိတ္သက္သာရာရမွာ မဟုတ္ဘူး ဒါေၾကာင့္ သူ ရဲ႕အခ်ိန္တစ္ခ်ိဳ႕ကို ယူခဲ့ရသည္။

အနီးအနားမွ မဒမ္ဒူကလည္း သက္သာရာရသြား၏။

ေဝ့ေလာ္က အတြင္းတြင္ ႀကိတ္ရယ္ေနၿပီး တမင္သက္သက္ကို သူမ ဆုပ္ကိုင္ကာ " ေဖေဖ သမီးကို အဲ့ကို ေခၚသြားလို႔ မရဘူးလား"

သူမက သူ႕ဆီကေန သီးျခားမေနခ်င္ဘူးဟု ေဝ့ခြန္က ေတြးမိၿပီး ေပ်ာ္႐ႊင္မႈႏွင့္ အကူအညီမရမႈ ႏွစ္ခုလုံးျဖင့္ "ေဖေဖမွာ အေရးစိုက္စရာေတြရွိလို႔ သမီးကို ေခၚမသြားနိုင္ဘူး။ နာခံၿပီး သမီးအေမ နဲ႕တူတူ မီးပူေဇာ္ဖို႔ ဟူေကာ္ ဘုရားေက်ာင္းကို လိုက္သြားလိုက္ေနာ္။ဒီအခ်ိန္ေတြၿပီးရင္ေတာ့ အေဖ အိမ္ကို ျပန္လာခဲ့မယ္။"

ျပန္လာရမွာလား?သူမနာခံၿပီး တကယ္ပဲသြားခဲ့ရင္ ျပန္လာဖို႔ အခြင့္အေရး သူမမွာ ရွိပါ့မလား?

ေဝ့ေလာ္ကို ေနာက္ဆုံးမွာေတာ့ ေခါင္းကို ေမာ့ကာ မဒမ္ဒူကို ၾကည့္ၿပီး "အစ္မႀကီး က်င္းလုကေျပာတယ္ သမီး ေနမေကာင္းေသးလို႔ သမီးေသာက္ရမယ့္ေဆးေတြ သြားယူရမယ္တဲ့။သမီးရဲ႕ သူနာျပဳမွာ ေဆးေတြရွိတယ္ မဒမ္ အစ္မႀကီး က်င္းလုနဲ႕ သူနာျပဳဆီ သမီးကို ေခၚသြားနိုင္မလား?"

က်င္းလုက သူမ အယုံၾကည္ရဆုံး မိန္းမ အေစခံတစ္ေယာက္ျဖစ္ၿပီး သူနာျပဳရီကေတာ့ ေဝ့ေလာကို ေခၚေဆာင္ လာခဲ့သည့္ လူတစ္ေယာက္ျဖစ္သည္။သူတို႔ႏွစ္ေယာက္လုံးက ေလးေလးနက္နက္ကို သစၥာရွိၿပီး ေပးအပ္ျမႇုပ္ႏွံထားၾက၏။သူတို႔ ႏွစ္ေယာက္သာ သူမဘက္ မွာရွိေနၿပီဆိုလွ်င္ မေတာ္တဆအမႈက လြယ္လြယ္ျဖစ္လာမွာ မဟုတ္ဘူး။အတိတ္တုန္းက သူမက လူေတြကို မဖတ္တတ္တာေၾကာင့္ က်င္းကဲႏွင့္က်င္းစီကို ေခၚထားခဲ့၏။ဒီမိန္းမအေစခံႏွစ္ေယာက္က မဒမ္ဒူေခၚလာခဲ့တယ္ဆိုတာ သူမ မသိခဲ့ဘူး။အဲ့ဒီအက်ပ္အတည္းကာလတုန္းက သူမ မဒမ္ဒူဆီက အသတ္ခံရခ်ိန္မွာ သူတို႔က ဒါကိုၾကည့္ၿပီး အေဝးမွာ ခိုက္ခိုက္တုန္လ်က္ ပုန္းေနၾကသည္။

မဒမ္ဒူက သူမကို ၾကည့္ကာ "သမီး ဘယ္လို ေခၚလိုက္တာလဲ?"

ဝေ့လော်က ျပန္ေျပာ၏ "မဒမ္" ('ဇနီး'လို႔ အဓိပ္ပါယ် ရၿပီး 'အေမ'မဟုတ္)

မဒမ္ဒူက ေဝ့ခြန္ကို ျဖတ္ခနဲ ၾကည့္လိုက္ၿပီး"ဒီကေလး အရင္တုန္းက ကြၽန္မကို သူမက အေမလို႔ေခၚတယ္ ဒီေန႕က်ေတာ့ ခ်က္ခ်င္းႀကီး ေျပာင္းလဲသြားတယ္။ မိန္းမအေစခံက သူမကို ဘာ မဟုတ္တ႐ုတ္ေတြ ေျပာလိုက္လို႔လဲ?"

ေဝ့ခြန္က ထိုအျဖစ္အပ်က္ကို သူမ(ေဝ့ေလာ္)အား ေမး၏။သူမ(ေဝ့ေလာ္)က ဒါဟာ ျပႆနာတစ္ခုျဖစ္တယ္ ဆိုတာ နားလည္သြားေပမယ့္ အခ်ဳပ္ကိုေတာ့ သေဘာေပါက္ခ်င္းမရွိဘူး။ ထို႔ေနာက္ ေျပာသည္ "ေလးေယာက္ ေျမာက္ အေမက သမီးမွာ အေမရွိတယ္လို႔ ေျပာတယ္ မဒမ္က အေမမဟုတ္ဘူးတဲ့" သူမက ေဝ့ခြန္ရဲ႕အကၤ်ီလက္ အစြန္းကိုဆြဲကာ "ေဖေဖ သမီး ေမေမက ဘယ္သူလဲ?"

မဒမ္ဒူမွာ သူမကို တစ္ေယာက္ေယာက္က ပါးရိုက္သြားသလို ခံစားရၿပီး သူမရဲ႕ တည္ၿငိမ္ေနတဲ့ အမူအရာကို ဆက္လက္ထားနိုင္ခ်င္း မရွိေတာ့ေခ်။

သူမ လက္ မထပ္ခင္အခ်ိန္က ေဝ့ခြန္မွာ ဇနီးတစ္ေယာက္ရွိခဲ့မွန္း သူမသိသည္။မိခင္ဘက္ မွ ေဆြမ်ိဳးျဖစ္တဲ့ ေကာင့္ၿမိဳ႕စား က်ဳံးရီ အိမ္ေတာ္ရဲ႕ ေနာက္ခံအင္အားေၾကာင့္ သူမေရွ႕မွာ ပထမဇနီး က်န္းေျမာင္လန္ကို ဘယ္သူမွာ မထုတ္ေဖာ္ေျပာရဲၾကဘူး။အားေလာ္ကေတာ့ ဒီေန႕ပဲ ထုတ္ေျပာခဲ့ေလၿပီး သူမ(ေဝ့ေလာ္)ရဲ႕စကားလုံးေတြက မၾကည့္နိုင္ေတာ့ေလာက္ေအာင္ သူမ(မဒမ္ဒူ)ကို ဝမ္းနည္းေစသည္။

ေဝ့ခြန္ရဲ႕မ်က္လုံးမွာ နာက်င္မႈတစ္ခုက အလင္းလို ျဖတ္ေျပးသြားေပမယ့္ ခ်က္ခ်င္းပဲ သာမန္ျပန္ျဖစ္သြား၏။ "အားေလာ္က လိမၼာပါတယ္။ မဒမ္က သမီးရဲ႕အေမေလ။ သမီးဒီေမးခြန္းကို အနာဂတ္မွာ ထပ္မေမးရဘူးေနာ္"

သူမကို ေသေစေလာက္တဲ့အထိ လုပ္ခဲ့တဲ့ လူတစ္ေယာက္ကို သူမက အေမလို႔ ဆက္ေခၚရမွာလား?

သူမရဲ႕ မ်က္လုံးေထာင့္စြန္းေတြက ေအးစက္သြားခဲ့သည္။သူမရဲ႕အေမရင္းက သူမနဲ႕ ခ်န္ဟုန္ကို မလိုခ်င္ဘူး ဆိုရင္ေတာင္မွ သူမ မဒမ္ဒူကို 'အေမ'လို႔ ဘယ္ေတာ့မွ ထပ္ေခၚမွာမဟုတ္ဘူးလို႔ အားေလာ္ ဆုံးျဖတ္ခ်က္ခ်လိဳက္၏။

ၿမိဳ႕ေတာ္ရဲ႕ လမ္းမမ်ားက တိုးတက္ႀကီးပြားၾက၏။ဒီနိုင္ငံကို စတင္တည္ေထာင္ကတည္းက ဘုရင္ ခ်ဳံက်န္းသည္ တရားမွ်တစြာ အုပ္ခ်ဳပ္ေလသည္။သူက ၿမိဳ႕ေတာ္ကို ဆုေပး ဒဏ္ေပးစနစ္ျဖင့္ စီရင္ကာ အေရးႀကီးေသာ ၿမိဳ႕ေတာ္မ်ားကိုလည္း သင့္တင့္ေလွ်ာက္ပတ္စြာ အုပ္ခ်ဳပ္သည္။လူေတြကလည္း ၿငိမ္းခ်မ္းစြာႏွင့္ ေနထိုင္ကာ လမ္းမမ်ားတြင္ အားမာန္အျပည့္ျဖင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အလုပ္လုပ္ကိုင္ၾက၏။ရထားလုံးထဲမွာ ထိုင္ရင္း အမ်ိဳးမ်ိဳးေသာ ဆိုင္ပိုင္ရွင္မ်ားက ခရီးသည္ကို လာေရာက္ဝယ္ယူဖို႔ ေအာ္ေနသံကို ၾကားရနိုင္ၿပီး လမ္းေဘး ဝိုင္အရက္ဆိုင္မွ အသံမ်ားကိုလည္း ေကာင္းမြန္စြာ ၾကားရနို္င္ေလသည္။

မဒမ္ဒူ ဝင္သြားေသာ ရထားလုံးဆီသို႔ ေဝ့ေလာ္လည္း လိုက္သြားသည္။ေ႐ႊပန္းထိုးထားေသာ အနက္ေရာင္လိုက္ကာ ျမႇင့္တင္ထားေသာ ျပတင္းေပါက္ အနီးတြင္ သူမဝင္ထိုင္လိုက္ၿပီး လမ္းမကို ေငးၾကည့္ေနလိုက္သည္။

သာမန္ကေလးတစ္ေယာက္ လမ္းမေပၚတြင္ ျဖစ္ပ်က္ေနသည္မ်ားကို စူးစမ္းေနတယ္လို႔ မဒမ္ဒူက စဥ္းစားမိ၏ ထိုေၾကာင့္ သူမကို ေက်နပ္သလိုေနေစရန္ ထားခဲ့ေတာ့၏။သူမေဘးမွာ ရွိေနတဲ့ အဆူးဟာ မၾကာခင္မွာ သြားရေတာ့မွာကို ေတြးမိၿပီး မကူညီနိုင္ပဲ သူမရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းက ေကြးတက္သြားေတာ့သည္။

ဒီႏွစ္ေတြမွာ ေဝ့ေလာ္ႏွင့္ ေဝ့ခ်န္ဟုန္သည္ အလြန္ပင္ စိတ္တို စရာေကာင္းေၾကာင္း သူမ သိရွိခဲ့ေသာ္လည္း သူမရဲ႕ ျဖဴစင္တယ္ဆိုတဲ့ ဂုဏ္သတင္းေတြေၾကာင့္ သူမရဲ႕ပုံရိပ္ကို ထိန္းသိမ္းရန္ သူတို႔အား ၾကင္နာေသာ မ်က္ႏွာထားျဖင့္ ျပဳမူခဲ့ၿပီး အၿပဳံးတစ္ခုႏွင့္ ဆက္ဆံခဲ့ရသည္။ဒီလို သ႐ုပ္ေဆာင္ရတာကို သူမ အလြန္စိတ္ပ်က္လြန္းတယ္။အခ်ိန္တိုင္းမွာ ဒီကေလးႏွစ္ေယာက္ကို သူမျမင္ရတိုင္း သူမဟာ ဒုတိယဇနီးဆိုတာ မွတ္မိေနေစခဲ့သည္။သူမႏွလုံးသားထဲမွာ ဆူးတစ္ေခ်ာင္းလို ျဖစ္ေနၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္ခြင့္မေပးေခ်။

ေဝ့ေလာ္ကေတာ့ ထူးထူးျခားျခားပင္။ေဝ့ခြန္ရဲ႕ ၾကင္နာမႈက သူမ(ေဝ့ေလာ္) အတြက္ ျဖစ္တာေၾကာင့္ မဒမ္ဒူမွာ မရပ္တည္နိုင္ေတာ့ဘူး။

ေဝ့ေလာ္က မလိမၼာေသာ္လည္း သူမရဲ႕ေတာက္ပတဲ့ မ်က္ႏွာက ႏွစ္သက္ဖြြယ္ေကာင္းလွသည္။သူမက သခင္ႀကီးေရွ႕တြင္ ထုတ္ေဖာ္ျပသၿပီး ေဝ့က်န္းဆီမွ ခိုးယူေနခဲ့၏။ဘယ္လိုလို႔မနာလိုပဲေနနိုင္မလဲ?သူ႕သမီးက သာမန္႐ုပ္မွ် မဟုတ္ေသာ္လည္း ေဝ့ေလာ္ႏွင့္ယွဥ္ရင္ေတာ့ သူမ(ေဝ့က်န္း)က ခ်ိဳ႕တဲ့ေနပုံေပၚသည္။

မဒမ္ဒူက ေဝ့က်န္းကို ေခ်ာ့ေမြ႕တဲ့ အနာဂတ္တစ္ခု ရရွိေရးနဲ႕ ခ်မ္းသာတဲ့မိသားစုနဲ႕ ေစ့စပ္ေၾကာင္းလမ္းရဖို့္ အစီအစဥ္ေတြ ဆြဲထားခဲ့၏။သူမ အရင္ဆုံး လုပ္ရမယ့္ အရာတစ္ခုကေတာ့ ေဝ့ေလာ္ကို ဖယ္ရွားဖို႔လိုအပ္ၿပီး ဘယ္ေတာ့မွ ျပန္မလာနိုင္ေတာ့ေအာင္ ေဝးလံတဲ့ေနရာတစ္ခုမွာ ေရာင္းခ်ဖိဳ႕ပင္ျဖစ္သည္။ငယ္႐ြယ္တဲ့ ေဝ့ခ်န္ဟုန္အတြက္ကေတာ့ သူမ သားေလးတစ္ေယာက္ ေမြးၿပီးတဲ့အခ်ိန္ေနာက္ မွ သူနဲ႕သက္ဆိုင္တဲ့ လမ္းေၾကာင္းတစ္ခုကို ရွာေဖြေတာ့မယ္။

(T/N ဒါေလးက တစ္ပိုင္းစီတိုင္းက ရွည္ၿပီး စာလုံးေရ သုံးေထာင္ေက်ာ္ပါတယ္ ခင္ဗ်ားေလးတို႔ တစ္ဝႀကီးဖတ္ကပါတယ္ေနာ္ ဒီဟာေလးကို ၿပီးခဲ့ရင္ တစ္ရက္ျခားတစ္ခါ တင္မယ္ မၿပီးေသးရင္ေတာ့ ႏွစ္ရက္တစ္ခါ တင္ပါ့မယ္ရွင္ updateေတာ့ မပ်က္ပါဘူးေနာ္ ဟိုအပုဒ္ေလးကေတာ့ တစ္ေန႕တစ္ပိုင္းပါပဲရွင္)

Continue lendo

Você também vai gostar

1.4M 34.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
836K 26.9K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
175K 13.6K 35
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...