"အားနာပါတယ္ဗ်ာ... ေစာင့္ေနရတာ ျကာသြားျပီလား"
"မျကာေသးပါဘူး ဆရာျကီး... အခုေလးတင္ပါပဲ"
"ေမေမ"
ေဘဘီေလး ထိမိသြားတယ္ဆိုလို႔ Gunတို့ ဖင္တျကြျကြ ျဖစ္ေနေလသည္။
မိခင္ျဖစ္သူက မ်က္ရိပ္ျပထိုု္င္ခိုင္းေတာ့မွ ဆူပုတ္ပုတ္ မ်က္ႏွာေလးျဖင့္ ထိုင္ေလေတာ့သည္။
"သား ခုတေလာ ေနရတာ အဆင္ေျပလား"
"ဟုတ္ကဲ့၊ Gun ခါးနာတာေတာ့ ျဖစ္တယ္ ဆရာႀကီး"
"အင္း၊ ေဆးမွန္မွန္ေသာက္ေပး၊ ေနေကာင္းသြားမွာ"
ဆရာဝန္ႀကီးအေျပာကို Gunက "ဟုတ္"ဟု ခပ္တိုးတိုး စကားဆိုရင္း ေခါင္းညိတ္သည္။
"Gunေမေမကို ေျပာထားသလိုပဲ ေဆးကုသဖို႔နဲ႔ က်န္းမာေရးေစာင့္ေရွာက္ေရးအတြက္ လူရွာတာ အဆင္ေျပတယ္ဆိုတာပါပဲ၊ ခနေန ဆရာတပည့္ေလး ေရာက္ပါမယ္"
"ေက်းဇူးတင္ပါတယ္ ဆရာႀကီး"
ေမေမတို႔မ်ား Gunေနေကာင္းပါတယ္ဆို ကိစၥႀကီးေအာင္ သိပ္လုပ္တာပဲ။ ေနာက္ေန႔ပဲ ေက်ာင္းျပန္တက္ေတာ့မွာကို ဘာက်န္းမာေရး ေစာင့္ေရွာက္သူလဲ... ဟမ့္။
"သားငယ္ေလး ေမေမၾကားတယ္ေနာ္၊ ဟင္း ဟင္း"
Gunခပ္တိုးတိုး ရြတ္ေနသမွ်ကို ေမေမၾကားသြားေလေတာ့ Gunလွ်ာေလးတစ္လစ္ျဖစ္ၿပီး ေမေမ့ကို သြားအၿဖီးသား ရယ္ျပမိပါေတာ့သည္။
"ဆရာႀကီးရယ္ ကၽြန္မ အားနာလိုက္တာ"
"ရပါတယ္ ကေလးေတြက ဒီလိုပါပဲ"
ဆရာႀကီးနဲ႔ စကားေကာင္းေနစဥ္မွာပဲ တံခါးေခါက္သံ ထြက္ေပၚလာပါေတာ့သည္။
"ဝင္ခဲ့"
"ဆရာႀကီး ကၽြန္ေတာ္ေရာက္ပါၿပီ"
အတြင္းဝတ္ ရွပ္အျဖဴကို ကာကီေရာင္ပန္႔နဲ႔ လိုက္ဖက္စြာ ဝတ္ဆင္ထားၿပီး အေပၚက ဂ်ဴတီကုတ္အျဖဴေရာင္ေၾကာင့္ သပ္ရပ္စြာ ဝတ္စားဆင္ယင္တက္သူအျဖစ္ ေဒၚCherryတစ္ေယာက္ သတ္မွတ္လိုက္သည္။
"Off... ဒါက ေဒၚCherry၊ သားကိုေျပာျပထားတဲ့ Patientရဲ႕ အုပ္ထိန္းသူေပါ့...ေဒၚCherry ဒါက Off Tumcial၊ ဆရာႀကီးရဲ႕ Teamမွာ အေတာ္ဆံုး ဆရာဝန္တစ္ေယာက္ေပါ့"
"Off......... ေတြ႕ရတာဝမ္းသာပါတယ္ ဆရာ၊ အန္တီတို႔ ေစာနေလးကမွ Phေျပာဖူးတယ္ေလ"
"ေတြ႕ရတာဝမ္းသာ....!!!"
ေဒၚCherryရဲ႕ ရယ္သန္းေသြးေနတဲ့ အျပံဳးျဖင့္ဆိုေသာ စကားေၾကာင့္ Offမွာ ႏႈတ္ဆက္ရင္း တန္းလန္းျဖင့္ ၾကည့္ေနမိေလသည္။
"ဗ်ာ...ဒါဆို အန္တီက ဟို... ကားပိုင္ရွင္၊ အာာာ အန္တီရယ္ တိုက္ဆိုင္လိုက္တာ၊ ေတြ႕ရတာ ဝမ္းသာပါတယ္၊ ၿပီးေတာ့ ေတာင္းပန္ပါတယ္ အန္တီ"
Offရဲ႕ ပ်ာပ်ာသလဲ ေတာင္းပန္သံေၾကာင့္ ဆရာၾကီးကပါ တအ့ံတၾသျဖစ္ၿပီး ေမးေလသည္။
"သားတို႔က သိေနတာလား"
"ဟုတ္တယ္လို႔ပဲ ဆိုရမွာေပါ့ ဆရာႀကီးေရ၊ ဒီလိုပါ#$@&#$@$#&"
ကိစၥေတြကို Off အတိုခ်ံဳ႕ၿပီး ေျပာျပလိုက္ေတာ့ ဆရာႀကီးမွာ ေခါင္းတညိတ္ညိတ္ႏွင့္ နားေထာင္ေနကာ ေဒၚCherryကေတာ့ ထပ္တလဲလဲ သူ႔အမွားပါဟုေျပာေနသည့္ ေကာင္ေလးကို ျပံဳးျပံဳးႀကီးၾကည့္ကာ ေက်နပ္ေနသေလာက္ မ်က္ေမွာင္က်ံဳ႕ ႏႈတ္ခမ္းတစ္ထြာတစ္မိုက္ေထာ္ကာ စားေတာ့ ဝါးေတာ့မလို ၾကည့္ေနသည့္တစ္ေယာက္လည္း Offေဘးနားက ခံုတြင္ရွိေလသည္။
ထိုသူကေတာ့ ဒီမနက္တြင္ ေမေမေမာင္းလာသည့္ ကားေပၚတြင္ ဇိမ္က်က်လိုက္လာသည့္ ကားအသစ္စက္စက္ပိုင္ရွင္ေလး Gun ျဖစ္ေလေတာ့သည္။
Gunတစ္ေယာက္ ဆူပုတ္ေနရာမွ ေမေမတို႔ အျပန္အလွန္ ႏႈတ္ဆက္သံၾကားမွ အသိဝင္လာေတာ့သည္။
"ေက်းဇူးတင္ပါတယ္ ဆရာႀကီး၊ ဆရာတို႔ အကူညီကိုရလို႔ ကၽြန္မဝမ္းသာပါတယ္ရွင္"
"ရပါတယ္ဗ်ာ... ကၽြန္ေတာ္တို႔က လုပ္ေပးရမွာပါ"
အသီးသီး ႏႈတ္ဆက္ၿပီး အခန္းျပင္ေရာက္ေတာ့ Gunတို႔သားအမိေနာက္က လိုက္ထြက္လာသည့္ Off။
"အန္တီ ကၽြန္ေတာ္ ကားParkingထိ လိုက္ပို႔ပါရေစ၊ ကားထိမိထားတာလည္း လိုက္ျပရင္းေပါ့"
"ဆရာေျပာပံုအရ အမ်ားႀကီးမျဖစ္ေလာက္ပါဘူး၊ ဒီေလာက္ေလးက ရပါတယ္"
"လိုက္ရမယ္ေလ ေမေမရဲ႕၊ Gunေဘဘီေလးကို ႐ိုး႐ိုးထိမိတာလား၊ ရွယ္ထိမိတာလားဆိုတာ Gunမွ မျမင္ရေသးတာ"
"သား... မဆိုးရဘူးေလ"
ေဒၚCherryတစ္ေယာက္ လွမ္းဟန္႔လိုက္ေပမဲ့ Gunကေတာ့ မေလ်ာ့ေပးႏိုင္ဘူးဆိုတဲ့႐ုပ္နဲ႔ ေရွ႕ကသြားႏွင့္ေလသည္။
"ရပါတယ္ အန္တီ ကၽြန္ေတာ္ လိုက္ခဲ့ပါ့မယ္"
"ဆရာရယ္ အားနာပါတယ္"
"ဆရာလို႔မေခၚပါနဲ႔လား အန္တီ၊ သားအရြယ္ပဲ Offလို႔ေခၚလည္းရပါတယ္"
"ရလား၊ ဒါဆို သားOffလို႔ပဲေခၚေတာ့မယ္"
"ပိုေကာင္းတာေပါ့ အန္တီ"
ရယ္သံေလးေတြ ထြက္ေပၚလာေပမဲ့ ေရွ႕က ေကာ့ေတာ့ေကာ့ေတာ့ သြားေနတဲ့ Gunကိုေတာ့ မရပ္တန္႔ေစခဲ့ပါဘူး။
###############
ကားရပ္နားရာ Parkingကိုေရာက္ေတာ့ Gunကားရွိရာကို ေျပးသြားၿပီးေနာက္ အျမတ္တႏိုး ဖက္ေလေတာ့သည္။
"ေဘဘီေလး နာသြားၿပီလား"
ကားကို ပတ္ပတ္လည္း ၾကည့္ၿပီး ေရွ႕တံခါးေထာင့္နားေလးကို ပြတ္မိထားသည့္ အဆင္းရာကိုၾကည့္ကာ မ်က္ရည္က ဝိုင္းကနဲ ျဖစ္သြားေလေတာ့သည္။
ထိုအျဖစ္ကိုႏွစ္ေယာက္လံုး ျမင္လိုက္သည္မို႔ အန္တီက အလ်င္ဦးစြာ သုတ္သုတ္သြားၿပီး ထိုေကာင္ေလးကို ဆူေလသည္။
"သားေနာ္ ေမေမမႀကိဳက္ဘူး"
"အန္တီရယ္... ကေလးက ဝမ္းနည္းသြားတာပါ၊ ညီကားကို အကိုအေကာင္းတိုင္း ျပန္လုပ္ေပးပါ့မယ္"
"သားOffရယ္ ဒီေလာက္ေလးက ဘာမွမဟုတ္ပါဘူးကြယ္၊ ဒီကေလးကို"
"ေမေမက ခုေတာ့ Gunကို သားလို႔ေတာင္ မေခၚေတာ့ဘူးေပါ့၊ သူမ်ားတကာကိုၾကေတာ့ သားOffလို႔ေတာင္ ေျပာင္းေခၚေနၿပီေပါ့၊ ဟင့္... ေဖေဖနဲ႔တိုင္မွာ"
"အမေလး တိုင္ပါရွင္၊ တိုင္ပါ၊ ေမေမကေတာ့ သားေဖေဖကို ျဖစ္ေၾကာင္းကုန္စင္ေျပာျပၿပီးကို ျပန္တိုင္အုံးမွာ"
အန္တီရဲ႕ ျပံဳးခ်င္ခ်င္မ်က္ႏွာနဲ႔ အေျပာကိုၾကားမွ ဒီသားအမိေတြ အၿမဲတမ္းဒီလိုျဖစ္တက္ပံုရသည္ကို Off သိလိုက္သည္။
"သားOffသိလား... ဒီငဂ်စ္ေလးက ေနမေကာင္းတဲ့အခ်ိန္ပဲ ၿငိမ္ေနတက္တာ၊ တျခားအခ်ိန္ဆို ဒီလိုပဲ ငေပြး"
အန္တီက Offဘက္ကို လွည့္ကာ လက္ဖဝါးေလး မ်က္ႏွာနားကာရင္း Off ကို တိုးတိုးကပ္ေျပာေလသည္။
"အာာာာ အဲ့လိုလား"
ဒါေပမဲ့လည္း ခ်စ္စရာေကာင္းပါတယ္။
"100,000ေပး..."
"အမ္!!!"
"ေလ်ာ္ေၾကးေလ"
"သားရယ္ အမ်ားႀကီး ဘာလို႔ေတာင္းတာလဲ၊ သားOffရယ္ အန္တီ အားနာပါတယ္ကြယ္"
အန္တီကို ဘာမွမျဖစ္ေၾကာင္း ျပံဳးျပလိုက္ၿပီး ထိုကေလးနား သြားလိုက္သည္။
"ကဲ ကိုယ္ဘာေၾကာင့္ ဒီေလာက္ေပးသင့္လဲဆိုတာ မရွင္းျပခ်င္ဘူးလား"
"Gunေဘဘီေလးကို ထိခိုက္ေအာင္လုပ္တဲ့အတြက္ရယ္ ၊ ၿပီးေတာ့ Gunေဘဘီေလး ထိခိုက္သြားလို႔ Gun စိတ္ညစ္ရတာအတြက္ ေလ်ာ္ေၾကးေပါ့၊ ေပး 100,000"
"Ok...ကိုယ္ေပးမယ္၊ မထြက္တဲ့ မ်က္ရည္ကို ၫွစ္ထုတ္ၿပီး ငိုမေနနဲ႔ေတာ့၊ ေခါင္းကိုက္မယ္"
Offအတြက္ စိတ္လိုလက္ရ စကားေကာင္း ေျပာၿပီး လိုလိုလားလား လုပ္ေပးခ်င္စိတ္က ဒီငဆိုးကေလးအေပၚေတာ့ မပ်က္ကြက္ျဖစ္ခဲ့ဘူး။
ဒါေပမဲ့ ဒီကေလးကို ခ်စ္စရာေလးလို႔ ေတြးမိတဲ့ အေတြးကေန ႏွဳတ္ထြက္တယ္။ ဒီကေလးက အန္တီေျပာသလိုပဲ ငဂ်စ္ေလး။ ခ်စ္စရာတစ္ကြက္မွ မရွိဘူး။
_________Mine_________
ေက်းဇူးတင္စြာျဖင့္။
BLOOM
UNICODE
"အားနာပါတယ်ဗျာ... စောင့်နေရတာ ကြာသွားပြီလား"
"မကြာသေးပါဘူး ဆရာကြီး... အခုလေးတင်ပါပဲ"
"မေမေ"
ဘေဘီလေး ထိမိသွားတယ်ဆိုလို့ Gunတို့ ဖင်တကြွကြွ ဖြစ်နေလေသည်။
မိခင်ဖြစ်သူက မျက်ရိပ်ပြထို်င်ခိုင်းတော့မှ ဆူပုတ်ပုတ် မျက်နှာလေးဖြင့် ထိုင်လေတော့သည်။
"သား ခုတလော နေရတာ အဆင်ပြေလား"
"ဟုတ်ကဲ့၊ Gun ခါးနာတာတော့ ဖြစ်တယ် ဆရာကြီး"
"အင်း၊ ဆေးမှန်မှန်သောက်ပေး၊ နေကောင်းသွားမှာ"
ဆရာဝန်ကြီးအပြောကို Gunက "ဟုတ်"ဟု ခပ်တိုးတိုး စကားဆိုရင်း ခေါင်းညိတ်သည်။
"Gunမေမေကို ပြောထားသလိုပဲ ဆေးကုသဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်ရေးအတွက် လူရှာတာ အဆင်ပြေတယ်ဆိုတာပါပဲ၊ ခနနေ ဆရာတပည့်လေး ရောက်ပါမယ်"
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
မေမေတို့များ Gunနေကောင်းပါတယ်ဆို ကိစ္စကြီးအောင် သိပ်လုပ်တာပဲ။ နောက်နေ့ပဲ ကျောင်းပြန်တက်တော့မှာကို ဘာကျန်းမာရေး စောင့်ရှောက်သူလဲ... ဟမ့်။
"သားငယ်လေး မေမေကြားတယ်နော်၊ ဟင်း ဟင်း"
Gunခပ်တိုးတိုး ရွတ်နေသမျှကို မေမေကြားသွားလေတော့ Gunလျှာလေးတစ်လစ်ဖြစ်ပြီး မေမေ့ကို သွားအဖြီးသား ရယ်ပြမိပါတော့သည်။
"ဆရာကြီးရယ် ကျွန်မ အားနာလိုက်တာ"
"ရပါတယ် ကလေးတွေက ဒီလိုပါပဲ"
ဆရာကြီးနဲ့ စကားကောင်းနေစဉ်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာပါတော့သည်။
"ဝင်ခဲ့"
"ဆရာကြီး ကျွန်တော်ရောက်ပါပြီ"
အတွင်းဝတ် ရှပ်အဖြူကို ကာကီရောင်ပန့်နဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားပြီး အပေါ်က ဂျူတီကုတ်အဖြူရောင်ကြောင့် သပ်ရပ်စွာ ဝတ်စားဆင်ယင်တက်သူအဖြစ် ဒေါ်Cherryတစ်ယောက် သတ်မှတ်လိုက်သည်။
"Off... ဒါက ဒေါ်Cherry၊ သားကိုပြောပြထားတဲ့ Patientရဲ့ အုပ်ထိန်းသူပေါ့...ဒေါ်Cherry ဒါက Off Tumcial၊ ဆရာကြီးရဲ့ Teamမှာ အတော်ဆုံး ဆရာဝန်တစ်ယောက်ပေါ့"
"Off......... တွေ့ရတာဝမ်းသာပါတယ် ဆရာ၊ အန်တီတို့ စောနလေးကမှ Phပြောဖူးတယ်လေ"
"တွေ့ရတာဝမ်းသာ....!!!"
ဒေါ်Cherryရဲ့ ရယ်သန်းသွေးနေတဲ့ အပြုံးဖြင့်ဆိုသော စကားကြောင့် Offမှာ နှုတ်ဆက်ရင်း တန်းလန်းဖြင့် ကြည့်နေမိလေသည်။
"ဗျာ...ဒါဆို အန်တီက ဟို... ကားပိုင်ရှင်၊ အာာာ အန်တီရယ် တိုက်ဆိုင်လိုက်တာ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ပြီးတော့ တောင်းပန်ပါတယ် အန်တီ"
Offရဲ့ ပျာပျာသလဲ တောင်းပန်သံကြောင့် ဆရာကြီးကပါ တအ့ံတသြဖြစ်ပြီး မေးလေသည်။
"သားတို့က သိနေတာလား"
"ဟုတ်တယ်လို့ပဲ ဆိုရမှာပေါ့ ဆရာကြီးရေ၊ ဒီလိုပါ#$@&#$@$#&"
ကိစ္စတွေကို Off အတိုချုံ့ပြီး ပြောပြလိုက်တော့ ဆရာကြီးမှာ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေကာ ဒေါ်Cherryကတော့ ထပ်တလဲလဲ သူ့အမှားပါဟုပြောနေသည့် ကောင်လေးကို ပြုံးပြုံးကြီးကြည့်ကာ ကျေနပ်နေသလောက် မျက်မှောင်ကျုံ့ နှုတ်ခမ်းတစ်ထွာတစ်မိုက်ထော်ကာ စားတော့ ဝါးတော့မလို ကြည့်နေသည့်တစ်ယောက်လည်း Offဘေးနားက ခုံတွင်ရှိလေသည်။
ထိုသူကတော့ ဒီမနက်တွင် မေမေမောင်းလာသည့် ကားပေါ်တွင် ဇိမ်ကျကျလိုက်လာသည့် ကားအသစ်စက်စက်ပိုင်ရှင်လေး Gun ဖြစ်လေတော့သည်။
Gunတစ်ယောက် ဆူပုတ်နေရာမှ မေမေတို့ အပြန်အလှန် နှုတ်ဆက်သံကြားမှ အသိဝင်လာတော့သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ဆရာတို့ အကူညီကိုရလို့ ကျွန်မဝမ်းသာပါတယ်ရှင်"
"ရပါတယ်ဗျာ... ကျွန်တော်တို့က လုပ်ပေးရမှာပါ"
အသီးသီး နှုတ်ဆက်ပြီး အခန်းပြင်ရောက်တော့ Gunတို့သားအမိနောက်က လိုက်ထွက်လာသည့် Off။
"အန်တီ ကျွန်တော် ကားParkingထိ လိုက်ပို့ပါရစေ၊ ကားထိမိထားတာလည်း လိုက်ပြရင်းပေါ့"
"ဆရာပြောပုံအရ အများကြီးမဖြစ်လောက်ပါဘူး၊ ဒီလောက်လေးက ရပါတယ်"
"လိုက်ရမယ်လေ မေမေရဲ့၊ Gunဘေဘီလေးကို ရိုးရိုးထိမိတာလား၊ ရှယ်ထိမိတာလားဆိုတာ Gunမှ မမြင်ရသေးတာ"
"သား... မဆိုးရဘူးလေ"
ဒေါ်Cherryတစ်ယောက် လှမ်းဟန့်လိုက်ပေမဲ့ Gunကတော့ မလျော့ပေးနိုင်ဘူးဆိုတဲ့ရုပ်နဲ့ ရှေ့ကသွားနှင့်လေသည်။
"ရပါတယ် အန်တီ ကျွန်တော် လိုက်ခဲ့ပါ့မယ်"
"ဆရာရယ် အားနာပါတယ်"
"ဆရာလို့မခေါ်ပါနဲ့လား အန်တီ၊ သားအရွယ်ပဲ Offလို့ခေါ်လည်းရပါတယ်"
"ရလား၊ ဒါဆို သားOffလို့ပဲခေါ်တော့မယ်"
"ပိုကောင်းတာပေါ့ အန်တီ"
ရယ်သံလေးတွေ ထွက်ပေါ်လာပေမဲ့ ရှေ့က ကော့တော့ကော့တော့ သွားနေတဲ့ Gunကိုတော့ မရပ်တန့်စေခဲ့ပါဘူး။
###############
ကားရပ်နားရာ Parkingကိုရောက်တော့ Gunကားရှိရာကို ပြေးသွားပြီးနောက် အမြတ်တနိုး ဖက်လေတော့သည်။
"ဘေဘီလေး နာသွားပြီလား"
ကားကို ပတ်ပတ်လည်း ကြည့်ပြီး ရှေ့တံခါးထောင့်နားလေးကို ပွတ်မိထားသည့် အဆင်းရာကိုကြည့်ကာ မျက်ရည်က ဝိုင်းကနဲ ဖြစ်သွားလေတော့သည်။
ထိုအဖြစ်ကိုနှစ်ယောက်လုံး မြင်လိုက်သည်မို့ အန်တီက အလျင်ဦးစွာ သုတ်သုတ်သွားပြီး ထိုကောင်လေးကို ဆူလေသည်။
"သားနော် မေမေမကြိုက်ဘူး"
"အန်တီရယ်... ကလေးက ဝမ်းနည်းသွားတာပါ၊ ညီကားကို အကိုအကောင်းတိုင်း ပြန်လုပ်ပေးပါ့မယ်"
"သားOffရယ် ဒီလောက်လေးက ဘာမှမဟုတ်ပါဘူးကွယ်၊ ဒီကလေးကို"
"မေမေက ခုတော့ Gunကို သားလို့တောင် မခေါ်တော့ဘူးပေါ့၊ သူများတကာကိုကြတော့ သားOffလို့တောင် ပြောင်းခေါ်နေပြီပေါ့၊ ဟင့်... ဖေဖေနဲ့တိုင်မှာ"
"အမလေး တိုင်ပါရှင်၊ တိုင်ပါ၊ မေမေကတော့ သားဖေဖေကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီးကို ပြန်တိုင်အုံးမှာ"
အန်တီရဲ့ ပြုံးချင်ချင်မျက်နှာနဲ့ အပြောကိုကြားမှ ဒီသားအမိတွေ အမြဲတမ်းဒီလိုဖြစ်တက်ပုံရသည်ကို Off သိလိုက်သည်။
"သားOffသိလား... ဒီငဂျစ်လေးက နေမကောင်းတဲ့အချိန်ပဲ ငြိမ်နေတက်တာ၊ တခြားအချိန်ဆို ဒီလိုပဲ ငပွေး"
အန်တီက Offဘက်ကို လှည့်ကာ လက်ဖဝါးလေး မျက်နှာနားကာရင်း Off ကို တိုးတိုးကပ်ပြောလေသည်။
"အာာာာ အဲ့လိုလား"
ဒါပေမဲ့လည်း ချစ်စရာကောင်းပါတယ်။
"100,000ပေး..."
"အမ်!!!"
"လျော်ကြေးလေ"
"သားရယ် အများကြီး ဘာလို့တောင်းတာလဲ၊ သားOffရယ် အန်တီ အားနာပါတယ်ကွယ်"
အန်တီကို ဘာမှမဖြစ်ကြောင်း ပြုံးပြလိုက်ပြီး ထိုကလေးနား သွားလိုက်သည်။
"ကဲ ကိုယ်ဘာကြောင့် ဒီလောက်ပေးသင့်လဲဆိုတာ မရှင်းပြချင်ဘူးလား"
"Gunဘေဘီလေးကို ထိခိုက်အောင်လုပ်တဲ့အတွက်ရယ် ၊ ပြီးတော့ Gunဘေဘီလေး ထိခိုက်သွားလို့ Gun စိတ်ညစ်ရတာအတွက် လျော်ကြေးပေါ့၊ ပေး 100,000"
"Ok...ကိုယ်ပေးမယ်၊ မထွက်တဲ့ မျက်ရည်ကို ညှစ်ထုတ်ပြီး ငိုမနေနဲ့တော့၊ ခေါင်းကိုက်မယ်"
Offအတွက် စိတ်လိုလက်ရ စကားကောင်း ပြောပြီး လိုလိုလားလား လုပ်ပေးချင်စိတ်က ဒီငဆိုးကလေးအပေါ်တော့ မပျက်ကွက်ဖြစ်ခဲ့ဘူး။
ဒါပေမဲ့ ဒီကလေးကို ချစ်စရာလေးလို့ တွေးမိတဲ့ အတွေးကနေ နှုတ်ထွက်တယ်။ ဒီကလေးက အန်တီပြောသလိုပဲ ငဂျစ်လေး။ ချစ်စရာတစ်ကွက်မှ မရှိဘူး။
_________Mine_________
ကျေးဇူးတင်စွာဖြင့်။
BLOOM
23/11/2020