"ဂျီမင်..."
" . . . . ."
"အင်"
"ကိုယ်ယောင်္ကျားကို စွန့်ပစ်တဲ့ ယောင်္ကျားရှိလို့လား ပိုင်ဆိုင်ချင်လို့ပဲ လက်ထက်ယူခဲ့ပြီးပြီးကို"
"အခုမှသိတာလား!!"
________________________
_____________
ဒါမှမဟုတ် ကျွန်တော့်လွှတ်လပ်ခွင့်တွေကိုပိတ်လှောင်ခဲ့ပြီး ချုပ်ချယ်ခဲ့တဲ့အတွက်လား??
🔇Silence🔇
[YoonMin]
စပရိုက်....😃ဘယ်သူတွေမိလဲ!??🤨🧐
[Unicode]
"ဂျီမင်..."
ခပ်တိုးတိုးထွက်ပေါ်လာခဲ့ပြီး အဖျားခတ်တုန်ယင်လှတဲ့ အသံလေးအဆုံး ကျောပြင်ငယ်လေးကလှည့်ကြည့်လာခဲ့တယ်
*အခု မင်ယွန်ဂီက ငိုနေတာလား!!?*
အဆောက်အဦးရဲ့အစွန်လေးအနားမှာ ခပ်တောင့်တောင့်လေးရပ်နေခဲ့တဲ့ဂျီမင်က မလူပ်မရပ်ဖြင့်သာရှိနေဆဲ
"ဆင်းလာခဲ့ပါ ဂျီမင် ကျေးဇူးပြုပြီး"
လက်တစ်ဖက်ကိုဆန့်ပေးကာ ခေါ်နေတဲ့ ယွန်ဂီအားဂျီမင်ငေးကြည့်မိ၏
ဘယ်သူကမှ အလိုမရှိခဲ့တဲ့ သူကို ဒီမင်ယွန်ဂီဆိုတဲ့လူသားတစ်ဦးထဲကသာ လက်ထပ်ယူသည်အထိပိုင်ဆိုင်ချင်နေခဲ့တာ
ကျွန်တော်ရဲ့တည်ရှိမူကို ကျွန်တော်ကိုယ်တိုင်ကပင် မုန်းတီးနေခဲ့မိပေမဲ့ ဒီမင်ယွန်ဂီဆိုတဲ့လူသားအတွက်တော့ အရေးပါနေခဲ့တာ
ခင်များကရော ကျွန်တော့်အတွက်ဘယ်လိုလူမျိုးဖြစ်နေမလဲ??
ဒီလိုအတွေးမျိုးက ပထမဆုံးဝင်ရောက်လာခဲ့ခြင်းပဲဆိုပေမဲ့ ကျွန်တော့်မှာအဖြေရှိမနေပြန်ဘူး မင်ယွန်ဂီ
ကမ်းပေးလိုက်တဲ့ လက်တစ်ဖက်အားတွေတွေလေးငေးကြည့်နေတဲ့ဂျီမင်ကြောင့် အနားသို့တိုးကပ်ရန်မသိမသာခြေလှမ်းပြင်မိတော့
မျက်လုံးချင်ဆုံအောင်ကြည့်လာပြီး ပြုံးယောင်သန်းလာတဲ့ဂျီမင်ကြောင့် ယွန်ဂီရဲ့ကမ္ဘာငယ်ဟာရပ်တန့်သွားခဲ့ရသလို
လှမ်းဖို့အတွက်ပြင်မိလိုက်တဲ့ခြေလှမ်းအဆုံကို မေ့လျှော့ကာ ဂျီမင်အားငေးကြည့်မိတော့ ပိုမိုပြီပြင်လာခဲ့တဲ့အပြုံးတွေ
မဖြစ်ပါစေနဲ့လိုသာ ဆုတောင်နေလိုက်မိရင် မျက်တောင်ပင်မခက်ရဲလောက်အောင် ဂျီမင်အားကြည့်နေခဲ့မိသည်
နှာထိပ်လေးများက လေးအေးတွေကြောင့်ထင် နီရဲနေခဲ့ပြီး ပါးမို့မို့လေးနှစ်ခုကမြင့်တတ်လာကာ မျက်လုံးမှေးမှေးလေးတွေ ကွေးသွားသည်အထိ ဂျီမင်ကရယ်ပြနေသည်
တွေ့ဆုံခဲ့တဲ့အချိန်မှစ မြင်တွေ့ခဲ့ရဖူးတဲ့ ဒီအပြုံးတွေက သိပ်ကိုလှပနေပြီး ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်သွားခဲ့ရင်ဆိုတဲ့အတွေးက နှလုံးသားတစ်ခုလုံးကိုဆွဲဆုတ်တယ်
တဖြည်းဖြည်းအနားကို တိုးကပ်လာခဲ့တဲ့ခန္ဓာငယ်လေးကြောင့် နောက်တဖန်လွှတ်ထွက်သွားမည်ဆို၍ တင်းကြပ်စွာထွေးဖတ်ထားလိုက်မိတော့ ခပ်ဆာဆာအသံလေးက နားအနားကိုခပ်တိုးတိုးရိုက်ခက်လာလေရဲ့
"အဲ့လောက်တောင် ကြောက်လား မင်ယွန်ဂီ"
" . . . . ."
"စိတ်မပူပါနဲ့ ကျွန်တော် ထွက်မပြေးတော့ပါဘူး
ခင်များရဲ့ အရိပ်အောက်မှာပဲ ခင်များရဲ့အရုပ်ကလေးအဖြစ်နဲ့နေပေးသွားတော့မှာ"
မယုံကြည်ခြင်းများစွာက စိတ်ထဲတဖန်ဝင်ရောက်လာခဲ့တဲ့အခါ
"ဘာလို့လဲ ဘာကြောင့် ငါကမင့်အပေါ်ဘာကောင်းခဲ့တာရှိလို့..."
"အနည်းဆုံးတော့ ခင်များက ကျွန်တော့်ကိုလိုအပ်ခဲ့တယ်မလား!??
ဘယ်သူကမှ အလိုမရှိကြတဲ့ ကျွန်တော့်ကိုလေ"
"အင်"
ခပ်တောင့်တောင့်ကြီးထွက်ပေ့်လာတဲ့ ယွန်ဂီအသံကြောင့် ဂျီမင်အသာပြုံးမိလိုက်သေး၏
"ကျွန်တော်ကို ဘယ်တော့မှမစွန့်ပစ်ဘူးမလား"
"ကိုယ်ယောကျၤားကို စွန့်ပစ်တဲ့ ယောကျၤားရှိလို့လား ပိုင်ဆိုင်ချင်လို့ပဲ လက်ထက်ယူခဲ့ပြီးပြီးကို"
"ဒါပေမဲ့ ကျွန်တော်တို့ကမှ လက်မထပ်ရသေးပဲ"
"အခုလက်ထပ်တော့မယ်မလား ဘယ်လိုပဲပြောပြော မဂါလာဦးညလိုကို ကိုယ်တို့အကြိမ်ကြိမ်ဖြတ်သန်းဖူးခဲ့ပြီးပြီးပဲ"
"ခင်များက တော်တော်ကို ကပ်သီးကပ်ဖဲ့နိုင်တဲ့သူပဲ"
"အခုမှသိတာလား!!"
မျက်စောင်းထိုးကာ မျက်နှာလွဲသွားခဲ့တဲ့ဂျီမင်ကြောင့် ယွန်ဂီပြုံးမိလိုက်ရင်သာ ခါးသွယ်သွယ်လေးကိုတင်းကြပ်စွာပိုတိုး၍ထွေးပိုက်လိုက်ရင် ရင်ခွင်ထဲသို့မျက်နှာတိုးဝေ့လိုက်၏
"တကယ်ကို ဆုံးရူံးလိုက်ရတော့မယ်လို့ ထင်နေခဲ့တာ"
________________________
_____________
ခပ်လွင်လွင်ပျံလွင်လာတဲ့ စနဒရားအသံလေးက အပြင်းမှာတိုက်ခက်နေတဲ့လေအေးတွေနဲ့နှင်းခဲတွေရဲ့ အအေးချိန်ကိုအံတုပြီး သူ့အပြုံးဖွဖွလေးက နွေးထွေးမူကိုအပြည့်ပေးတယ်
နုညံစွာဆုပ်ကိုင်ခံလိုက်ရတဲ့ လက်အစုံက အရင်ကသူနဲ့ခြားနားစွာ ခက်ထန်တဲ့အကြည့်တွေအစား မြတ်နိုးမူတို့ဟာအပြည့်ဖြင့်
မျက်နှာချင်းဆိုင်မှာနေရာယူနေခဲ့တဲ့သူက ကျွန်တော်ကိုတခါလေးပေးမမြင်ခဲ့တဲ့သူ့ရဲ့တဖတ်ခြမ်းဖြစ်မယ်ထင် ကြည့်ပါအုန်း
ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်တဲ့ မင်ယွန်ဂီဆိုတဲ့သူကြီးလဲ
ကတိပြုပါတယ် ဆိုတဲ့ကျွန်တော့်ရဲ့စကားအနောက်မှာ ကွေးညွှတ်ပြန်တဲ့သူနူတ်ခမ်းပါအစုံက တဖြည်ဖြည်နီးကပ်လာခဲ့တယ်
ထိကပ်လာတဲ့ သူနူတ်ခမ်းလွှာပါးပါးက ချိုးမြိန်မူဟာအပြည့်ဖြင့် အရင်ကကြမ်းတမ်းစွာကိုက်ဖဲ့နမ်းတတ်တဲ့ သူနဲ့လားလားမျှပင်ဆိုင်သည့်အလား
စတွေ့တဲ့အချိန်က သူသာဒီလိုတဖတ်ခြမ်းကိုထုပ်ပြခဲ့မယ်ဆိုရင်...
သေချာတယ် လက်လွှတ်မခံနိုင်ပဲ ပိုင်ဆိုင်ချင်မိတဲ့ သူဟာ သူမဟုတ်ပဲ ကျွန်တော်ဖြစ်နေမယ်ဆိုတာ
ပြုံးစိစိမျက်နှာဘေးဖြင့် မိထွေးဖြစ်သူနဲ့ မျက်နှာသိပ်မလှတဲ့ ကျွန်တော်အဖေကိုသတိထားမိပေမဲ့ အလေမစိုက်ချင်ပါ
သူတို့မလိုချင်၍ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတစ်ခုလိုရောင်းစားခံလိုက်ရတဲ့ သူကကျွန်တော်ပင်မဟုတ်လား
ဒါတောင် အုပ်ထိန်းသူဆိုတဲ့နေရာမှာ မျက်နှာပြောင်တိုက်စွာလာထိုင်နေတဲ့ သူတို့ကို အမေသာရှိနေမယ်ဆိုရင် ဆိုတဲ့အတွေးက ကျွန်တော်ကိုခပ်တွေတွေလေးနွေးထွေးစေပြန်တယ်
ခပ်လှမ်းလှမ်းမှာ နမ်ဂျွန်hyungတို့နဲ့ စကားအပြန်အလှန်ပြောရင် မျက်မှောင်ကုတ်နေပြန်တဲ့ မင်ယွန်ဂီကြောင့်
ဘာတွေအလိုမကျဖြစ်နေပြန်သည်မသိ ကန့်လန့်လန့်ဖြင့် ထိုလူကြီးကတစ်ခါတလေကျ အဖိုးကြီးပေါက်စဖြင့်တူလွန်းသည်
ကိုယ်အတွေးဖြင့်ကိုယ်သာ ခေါင်းခါထုတ်လိုက်ရင် ဘယ်အချိန်ကထဲက မင်ယွန်ဂီဆိုတဲ့ အဖိုးကြီးပေါက်စအကြောင်းတွေကိုနှောကြေနေခဲ့သည်မသိ
မုန်းသည်ဟုသာ တဖွဖွပြောနေတတ်ပေမဲ့ ဘာအတွက်မုန်းနေခဲ့သည်ဆိုတာကိုတော့ အသေအချာမတွေးဖြစ်ခဲ့ပဲ မုန်းသည်ဟုသာရေရွတ်မိခဲ့မိ၏
ကျွန်တော်ကို ပစ္စည်းတစ်ခုလိုဝယ်ယူခဲ့သည့် အတွက်လား??
ဒါမှမဟုတ် ကျွန်တော့်လွှတ်လက်ခွင့်တွေကိုပိတ်လှောင်ခဲ့ပြီး ချုပ်ချယ်ခဲ့တဲ့အတွက်လား??
ထိုမင်ယွန်ဂီဆိုတဲ့ လူသားနဲ့ပက်သပ်လာရင် ဘယ်အရာကိုမှရေရေရာရာမသိ မဖြေတတ်ခဲ့တာ စတွေ့ခဲ့တဲ့အချိန်ထဲကဖြစ်မယ်ထင်
အနိုင်ယူလွန်းတာလား?? စိုးမိုးလွန်းတာလား!!
ဘယ်အရာကိုမှ တိတိကျကျမပြောနိုင်ပေမဲ့ စိတ်မပူပါနဲ့ မင်ယွန်ဂီ
ကျွန်တော်ကတိပေးခဲ့တယ် နောက်ထပ်ဘယ်တော့မှ ထွက်မပြေးတော့ပါဘူလို့လေ
ခင်များရဲ့ နှလုံးသားလေးထဲကနေပေါ့
🔇Silence🔇
[YoonMin]
စပရိုက်....😃ဘယ်သူတွေမိလဲ!??🤨🧐
နောက်အပိုင်းလောက်ကို ကွန်ပလိ နိုင်ဖို့စဉ်းစားထားတယ်😁😉
နောက်ပြီး အရှေ့အပိုင်းမှာက ပုကျိကိုခုန်ချခိုင်းလိုက်ရမလား လို့ပဲပြောမိတာပါနော်😒 မသိရင် ဒီဘာသာလေးက လူယုတ်မာကြီးကျနေတာပဲ ဒီကြာထဲ ချောင်းရိုက်မဲ့သူတွေကပါသေးတယ် ဟွန့်၊😒😒