၁၉၉၃ခုနှစ် 🎥
ချစ်ချစ်တောက်ပူနေသည့် နေမင်းကြီး၏
အပူဒဏ်ကို ကာကွယ်ပေးထားသည့်မန်ကျည်းပင်ကြီးသည် ရွာငယ်လေး၏
အလယ်တွင်ထီးထီးမားမားတည်ရှိေနသည်။မန်ကျည်းပင်ကြီးသည် နေေပျာက်ထိုး၍ မရနိုင်ေလာက်အောင်ပင် အရွက်များဝေနေသည်။ ဆောင်းလလယ်မို့ နေ့ဆိုလျှင် အလွန်ပူကာ ညချမ်းရောက်လျှင် အလွန်ချမ်းအေးလေပြီဖြစ်သည်။
"ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်"
နှစ်ရှည်အပင်ကြီးဖြစ်သော မန်ကျည်းပင်ကြီး၏ အရိပ်အာဝါသ အောက်တွင် ကလေးသုံးယောက်သည် ဆူဆူညံညံဖြင့် ကစားနေကြသည်။
ထိုကလေးသုံးယောက်သည် ဗိုလ်ကျားသေနတ်ဟူေသာ ကစားနည်းကို အလုအငြင်းကစားနေကြခြင်းဖြစ်သည်။
"ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်" ဟူသော သံပြိုင်စကားဆုံးတိုင်း ကိုယ့်လုပ်ချင်သည့် အနေအထားကို ရွေးချယ်ပြီး တစ်ဖက်လူကို အနိုင်ယူရသည့်ကစားနည်းဖြစ်သည်။
ဗိုလ်လုပ်ချင်သူက ဗိုလ်ပုံစံ ခါးထောက်ပြရသည်။ကျားလုပ်ချင်သူက မာန်ဖီနေသော ကျားပုံစံရစေရန် လက်ကလေးများကိုကုတ်ကာ နဖူးပေါ်တွင်တင်ကာ ဝေါင်း ဟု အော်ရသည်။သေနတ်လုပ်ချင်သူက လက်ညိုးနှင့်လက်မကို သေနတ်ပုံစံလုပ်ကာ ဒိုင်းဟုေအာ်ရသည်။
"ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်.."
အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ကောင်လေးမှ သံပြိုင်ခေါ်လိုက်သည့်စကားဆံုးသည်နှင့် ထိုကောင်လေးနှင့်အတူ ကျန်သည့်ကလေးနှစ်ယောက်တို့သည် ကိုယ်ကြိုက်သည့်အေနအထားကို အလုအငြင်းသူ့ထက်ငါဦးအောင် လုပ်ကြသည်။
"ဟာ မရပါဘူး ငါက သေနတ်အရင်လုပ်တာနော် ဆုလဲ့.."
"နင်မညစ်နဲ့နော် နောင်ရိုး သေနတ်က
ငါအရင်လုပ်တာ.."
"နင်ကသာ ညစ်ပတ်တာ သေနတ်ကငါ
နင်က ကျန်တဲ့ကျားပဲလုပ်ရမှာပေါ့ ဒိုင်း...
ငါပစ်လိုက်ပြီ .. ငါနင့်ကို နိုင်ပြီပဲ "
"နောင်ရိုးနော် နင် အဲလိုလုပ်လို့မရဘူး..ထိန်လင်းကဗိုလ် နင်ကကျား ငါကသေနတ်ပဲ ..နင်အကျင့်မယုတ်နဲ့ဟာ"
"ဟာ ငါဘယ်မှာအကျင့်ယုတ်လို့လဲ..ငါက သေနတ်လို့ အရင်အော်ပြီး လုပ်တာလေဟာ"
"ငါသေနတ်အရင်လုပ်တာ ထိန်လင်းလည်းသိတယ်"
စကားမြားဦးသည် အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ကောင်လေးဆီသို့ ကျရောက်လာလေသည်။
"တော်ကြ ပါတော့ဟာ နင်တို့ကလဲ..ရန်ဖြစ်မယ် ဆိုတာချည်းပဲ"
မနေနိုင်သည့်အဆုံး ထိန်လင်းအောင်ကပင်
ဝင်၍ ကြားဝင်ပြောရတော့သည်။သူမှ ဝင်မပါလျှင် ဒီနေ့ သေနတ်လုပွဲ အဆုံးသတ်မည် မဟုတ်တော့ပေ။
"မတော်နိုင်ပါဘူး နင်က ဗိုလ်လုပ်နေတာလေ....နောင်ရိုးက သေနတ်ဆို ငါကကျန်တဲ့ ကျားပဲလုပ်ရမှာေပါ့ ငါသာ ကျားလုပ်ရရင်နောင်ရိုးကိုရှုံးမှာပေါ့ဟဲ့..."
ပါးကွက်ကလေးများခြယ်ကာ လှသွေးကြွယ်သော ဆုလဲ့နှင်းဟု အမည်ရသည့် မိန်းကလေးသည် ဆံပင်ရှည်ကလေးများ ခါရမ်းသွားအောင်ပင် ကတ်ကတ်လန် ပြန်ပြောလေသည်။
"ကဲ ဒါဆို ငါဗိုလ် မလုပ်တော့ဘူး
ဘယ်သူလုပ်မလဲ.."
"ငါ.."
နောင်ရိုးသစ်ဟူသော အရပ်ပုပု၊ ကိုယ်ဟန်သွယ်သွယ်၊အသားလတ်လတ်ကောင်လေးနှင့် အရပ်ရှည်ရှည်၊ဂုတ်ဝဲဆံပင်ေလးတခါခါနှင့်ချစ်စရာေကာင်းေနေသာဆုလဲ့နှင်းဆိုသည့် မိန်းကလေး တို့သည်ကိုယ့်ရင်ဘတ်ကို လက်ညိုးကိုယ်ဆီ ထိုးရင်း ပြောရှာပြန်သည်။
ထိုနှစ်ယောက်အားကြည့်ကာ ထိန်လင်းအောင် သက်ပြင်းမောအရှည်ကြီး ချမိလေသည်။ပြီးနောက် ထိန်လင်းအောင် စိတ်ရှုပ်သည့်ဟန်ဖြင့် ခေါင်းကလေးကို ခပ်မြန်မြန် ကုတ်လိုက်မိလေ
သည်။
ဒီနှစ်ယောက်ဟာလေ ဘယ်တော့များမှ
ရန်မဖြစ်ပဲ သင့်သင့်မြတ်မြတ်နေကြမလဲ
မသိ။ ကစားကြသည့်အခါတိုင်း စကားနိုင်လုကြသည်မှာ အမြဲလိုလိုပင် ဖြစ်နေလေပြီ။ အမြဲတမ်း နီးတကျက်ကျက် ဝေးတသက်သက်ဖြစ်နေသည့်နှစ်ယောက်။
ထိန်လင်းအောင်ဘာလုပ်ရမှန်းမသိတော့
အောင်ပင် အကြပ်ရိုက်သွားရလေသည်။
ထိန်လင်းတွင် ရှားရှားပါးပါး အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်သာရှိသည်။
နောင်ရိုးသစ် နှင့် ဆုလဲ့နှင်းတို့သည်
ထိန်လင်းအောင်၏ အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသည်။
နောင်ရိုးသစ်သည် ရွာမြောက်ပိုင်းမှ
အရီးခင်ေနှာင်း၏ သားဖြစ်သည်။
နောင်ရိုးသစ်၏ အဖေသည်
နောင်ရိုးသစ်ငယ်စဉ် နို့စို့အရွယ်ကတည်း
ကပင် ပိုးထိ၍ ဆုံးသွားသည်ဟု မေမေပြောပြဖူးသည်။ နောင်ရိုးသစ်သည် အနေအေးကာ စာအလွန်ကြိုးစားသည်။
ဆုလဲ့နှင်းသည် သစ်တောအရာရှိဦးညွန့်ဇော်
နှင့်ဒေါ်လဲ့လဲ့အေးတို့၏ သမီးဖြစ်သည်။ သူတို့မိသားစုသည် ဒီရွာလေးဆီ ပြောင်းလာခဲ့တာ အတော်ကြာပြီဖြစ်သည်။
ဆုလဲ့၏ အဖေနှင့် အမေသည် အလွန်ရှေးရိုးဆန်သူများဖြစ်သည်။ သမီးမိန်းကလေးမို့ ယောကျာ်းလေးများနှင့် ပေါင်းတာမကြိုက်ကြေပ။သို့သော်လည်း ဆုလဲ့ကတော့ ပြောမရပေ။ ယောကျာ်းလေးများနှင့်အတူ တစ်ခါတရံ ဘောလုံးကန်သည်။သံခွေလှိမ့်သည်။ ငှက်လည်း ပစ်တတ်သေးသည်။
ထိုနှစ်ယောက်နှင့်အတူ ကျောင်းနေအရွယ် နှပ်ချေးတွဲလောင်းဘဝ သူငယ်တန်းစတက်သည့်အချိန်မှစ၍ ယခု ရှစ်တန်း(အဌမတန်း)ရောက်သည်အထိတတွဲတွဲနှင့် ခင်မင်လာခဲ့သည်။ သူတို့နှစ်ယောက်အကြောင်း ထိန်လင်းမသိတာ ဘာမှမရှိပေ။အူမကနေချေးခါးထိ အကုန်သိသည်။
"နင်ရှုံးတယ်နော် ဆုလဲ့ ..."
"ငါ မရှုံးဘူး နင်ရှုံးတာ"
"ငါက သေနတ်လေ နင်ကကျား ငါနင့်ကို ပစ်လိုက်ပြီနော် ဒိုင်း ဒိုင်း ...ငါ နိုင်ပြီ"
"ငါ သေနတ်နော်..နင်ကသာ ကျား.."
"တော်ကြပါတော့ဟာ မင်းတို့နှစ်ယောက်
ကလည်း တစ်ခါတလေလည်း ရန်မဖြစ်ပဲ
နေကြပါဦး ခွေးနဲ့ကြောင်လိုပဲ တွေ့တာနဲ့
ကိုက်ဖို့ပဲ ."
"ဒါဆို ငါက ကြောင် နင်ကခွေးနော် ဆုလဲ့.."
"နောင်ရိုးနော်..နင်အမြဲတမ်း ဗိုလ်ကျချင်မနေနဲ့..ငါကကြောင် နင်က ချီးစားခွေး.."
"ငါက ကြောင်ပဲလုပ်မှာ နင်ကသာ
ချီးစားခွေး.."
ခွေးနဲ့ကြောင်လို့ ပြောမိသည့် ထိန်လင်းအမှားမဟုတ်တော့ပေ။ယခုလည်း ထိန်လင်းပြောလိုက်သည့် ခွေးနှင့် ကြောင်ဟူေသာ စကားကြောင့်
စကားနိုင်လုနေကြပြန်ပြီ။တကယ်မလွယ်သည့် နှစ်ယောက်ပင်။
တစ်ယောက်ကို တစ်ယောက် အခိုက်အတန့်လေးတစ်ခုတွင်သာ အနိုင်ယူလိုစိတ်ရှိေနကြခြင်းသာဖြစ်သည်။ ရန်ဖြစ်စကားနိုင်လုပြီး မခေါ်ပဲလည်း မနေနိုင်ကြပေ။ တစ်ယောက်ကစ၍မခေါ်လျှင် ကျန်တစ်ယောက်က စ ခေါ်သည်။ စကားနိုင်လု ရန်ဖြစ်ပြီး ခဏအကြာ ပြန်ခေါ်သွားကြတတ်မြဲ ဖြစ်သည်။ဒီနှစ်ယောက်က စာကျက်လျှင်လည်းမသင့်မြတ်၊ ကစားလျှင်လည်း မသင့်မြတ်ကြပေ။တစ်ယောက်အေပါ်တစ်ယောက်အနိုင်ယူလိုစိတ်ထက် အနိုင်မခံတတ်မှန်းသိ၍ တမင်ကို ရန်ဖြစ်နေကြခြင်းဖြစ်သည်။သို့သော် တစ်ယောက်ကျောင်းမလာလျှင်လည်း တစ်ယောက်က မျှော်နေတတ်သေးသည်။ မတည့်အတူနေမမြင်ရချောင်းကြည့်တတ်သည့်နှစ်ယောက်လည်း ဖြစ်သည်။
"ထိန်လင်း နင်ပြန်အော်ဟာ အစက ပြန်စမယ်"
"တော်ပြီဟာ မကစားတော့ဘူး။
မနက်ဖြန်ဆိုကျောင်းပြန်ဖွင့်ပြီ ဆရာမပေးထားတဲ့ အိမ်စာတွေ လုပ်ရဦးမှာနဲ့ ငါလည်း ပြန်တော့မယ် နင်တို့နှစ်ယောက်လည်း ပြန်တော့.."
ထိန်လင်းအောင် စိတ်မရှည်တော့သည်မို့ နှစ်ယောက်လုံးအား အိမ်စာအကြောင်းပြကာ ငြင်းလိုက်မိသည်။ အိမ်စာ အကြောင်းပြောလိုက်မှ နှစ်ယောက်စလုံးမျက်လုံးအဝိုင်းသားနှင့် လန့်သွားပုံရသည်။ ကျောင်းပိတ်ရက် နှစ်ရက်လုံး စာမလုပ်ဖြစ်ကြပဲ ယခုမှ သတိရဟန်ဖြင့် စဉ်းစားနေကြသည်။
"ဒါဆိုလည်း ငါတို့သွားတော့မယ်ဟာ.."ဟု
ဆိုကာထိုင်ရာမှထ၍ ဖုန်ဖက်ခါကာ
နှစ်ယောက်သား အတူတူထွက်သွားကြသည်။
ဆော့ကစားစဉ်က ရန်ဖြစ်ထားသည့်နှစ်ယောက်က ယခုတော့ တပွစိစိပြောကြရင်း ထွက်သွားကြလေပြီ။
မနက်ဖြန်ဆို ကျောင်းပြန်ဖွင့်ပြီဖြစ်သည်။
အိမ်စာ မပြီးလျှင် အသားထဲစိမ့်ဝင်အောင် ရိုက်မည့် ဆရာမကြီး၏ ကြိမ်လုံးနှင့် ဆရာမကြီး၏မျက်နှာကို မြင်ယောင်လာကာ ထိန်လင်းပင် ကျောချမ်းသွားသည်။နောင်ရိုးနှင့် ဆုလဲ့သည် မေကြမချမ်းသော မျက်နှာပေးတွေဖြင့် ပွစိပွစိပြောဆိုကြရင်း အိမ်အတူတူပြန်သွားကြပြီဖြစ်သည်။
သူတို့နှစ်ယောက်လုံး အဝေးရောက်သွားလောက်မှ ထိန်လင်းအောင် အိမ်ပြန်လာခဲ့လိုက်သည်။
"သား ဘယ်ကပြန်လာတာလဲ"
အိမ်ရောက်သည်နှင့် ဧည့်ခန်းထဲတွင် ထိုင်ကာ စာရင်းတွက်နေသော မေမေက မျက်နှာမှုန်သုန်သုန်ဖြင့် ဝင်လာသည့် ထိန်လင်းကို မေးလေသည်။ စာရင်းဆိုသည်မှာ တခြားမဟုတ်။
မေမေ့၏ နေ့ပြန်တိုး၊ လတိုးအပြင် အပေါင်ခံထားသည့် ပစ္စည်း ငွေတိုးစာရင်းများဖြစ်သည်။
" ကစားပြီး ပြန်လာတာပါ မေမေ.."
ကစားပြီးပြန်လာသည်ဟုသာ ပြောရသည်။
တကယ်တမ်းကျ ဗိုလ်ကျားသေနတ်တောင်
ပြီးအောင် မကစားလိုက်ရ။ ဟိုနှစ်ကောင်
ရန်ဖြစ်နေတာနှင့်ပင် မကစားခဲ့ရ။ကစားသွားမည်ဟု ပြောပြီး မကစားရပဲ ပြန်လာခဲ့ရသည့်နေ့တွေ မနည်းတော့။
"သား မေမေ့ကို ဒီစာရင်းတွေ လာပေါင်းပေးဦး.."
"မေမေ စာရင်းတွေသားမလုပ်ချင်ပါဘူး
ဖေဖေလာမှ ဖေဖေနဲ့အတူလုပ်တော့ သား ကျောင်းကပေးတဲ့ အိမ်စာတွေ လုပ်စရာရှိသေးတယ်"
မေမေ့ရဲ့ အတိုးအရင်းစာရင်းတွေကို ထိန်လင်း
မလုပ်ချင်ပါ။ထို့ကြောင့် အိမ်စာအကြောင်းပြကာ အကြောက်ကန် ငြင်းရလေသည်။
"ဒါဆိုလည်း အိမ်စာကိုပြီးအောင်လုပ်နော် အတန်းထဲမှာ အမြဲတမ်း တစ်ဖြစ်အောင် ကြိုးစား"
"ဟုတ်ကဲ့ပါ မေမေ"
"ဒါမှ မေမေ့သား"
"သားသွားတော့မယ် မေမေ"
ထိန်လင်း မေမေ့ကို နှုတ်ဆက်ပြီး အိမ်ပေါ်တက်ကာ အိမ်စာလုပ်ရသည်။ စာမပြီးလျှင် အရိုက်ခံရမည်မှာ အသေအချာပင်။ သင်္ချာဆရာမသည် အရိုက်ကြမ်းကာ စည်းစနစ်ကျမှ ကြိုက်သူလည်းဖြစ်သည်။ အပေါင်းအနုတ်ပုစ္ဆာများ ဒေါင်လိုက်တွက်ရသည့်အခါမျိုးတွင် အပေါ်ဂဏာန်းမှ ခု နေရာတွင် ထားရမည့်ကိန်းနှင့် အောက်ဂဏာန်းမှ ခုနေရာတွင် ထားရမည့်ကိန်းများ အပေါ်အောက် ညီ နေမှကြိုက်သည်။ပုစ္ဆာများတွက်လျှင်လည်း လက္ခဏာတပ်ဖို့ မေ့နေလျှင်လည်း ရိုက်တတ်သေးသည်။ ဆရာမထက် ဆရာမ၏ လက်စွဲတော် ကြိမ်လုံးကို ထိန်လင်းအောင်တို့ တစ်တန်းလုံး ကြောက်ကြသည်။
ထိန်လင်းအောင် အိမ်စာပေးလိုက်သည့် သင်္ချာပုစ္ဆာများအား အမြန်တွက်လိုက်သည်။ အိမ်စာများ လုပ်ပြီးသည်နှင့် တရေးတမော အိပ်လိုက်လေသည်။
"ကျွန်မကို ငွေတစ်ရာလောက် ချေးပါ
မမြရယ် ပဲရွေးတဲ့နေ့ကျ ကျွန်မလုပ်အား
လိုက်ခဲ့ပါ့မယ်..ဒါမှမဟုတ် အတိုးနဲ့ပဲ မှတ်ထားပေးပါ..."
"ရှင်က သေချာလို့လားလိုက်ရောလိုက်နိုင်ရဲ့လား ကျန်းမာရေးသိပ်မကောင်းဘူးဆို..."
အိမ်အောက်ထပ်မှ အမျိုးသမီးနှစ်ဦး၏ အသံသည် အိမ်အပေါ်ထပ်မှအတိုင်းသား ကြားနေရသည်။ထိန်လင်း အိမ်ပေါ်မှ နားစိုက်ေထာင်နေမိသည်။ အမျိုးသမီးနှစ်ဦးအနက်တစ်ဦးမှာ ထိန်လင်းအမေဖြစ်ပြီး တစ်ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ထိန်လင်း သေချာမသိပေ။
"သေချာပါတယ် မမြရယ်.."
ပြင်းပြလှသည့် စူးစမ်းလိုစိတ်ကြောင့်
ထိန်လင်း အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
မီးဖိုေချာင်၏ တံခါးအကွယ်နားတွင်ရပ်ကာ ဧည့်ခန်းထဲတွင် ထိုင်ကာစကားပြောနေကြသောအမျိုးသမီးကြီးနှစ်ဦးကို ကြည့်ေနမိ သည်။
"ရော့ ဒီမှာ တစ်ရာ။ အတိုးဆိုရင်တော့ တစ်လနေရင် တစ်ရာနဲ့ငါးကျပ်နီးပါး ပြန်ပေးရမှာပဲ ရှင့်ကို ငွေတိုးပေးလည်းရမှာမဟုတ်ဘူး ငွေတိုးဆိုတာ တစ်နေ့ထက်တစ်နေ့တိုးနေတာ အဲတော့ ကျွန်မဆီ ပဲရွေးဖြစ်ဖြစ်၊ နှမ်းပေါင်းသင်ဖြစ်ဖြစ် တောအလုပ်သာလိုက်ခဲ့ေတာ့.....လုပ်တဲ့နေ့ ကျွန်မဖြစ်ဖြစ် ၊ အိမ်က လူတစ်ယောက်ဖြစ်ဖြစ် လာခေါ်ခိုင်းလိုက်မယ်..ရှင့်စကား တည်ပါစေနော် ခေါ်တဲ့နေ့ကျမှ ပလီပလာလုပ်မယ် မကြံနဲ့ မြမြရီ အကြောင်း သိတယ်နော်"
မေမေ့စကားသံက ဘေးမှချောင်းကာ နားထောင်နေမိသည့် ထိန်လင်းပင် နားဝင်မချိုလှ။ စိတ်အချဉ်ပေါက်စရ ကောင်းလှသည်။ထိုင်နေသည့် အမျိုးသမီးကြီးဆို စိတ်ထဲ ဘယ်လိုနေသည်မသိပေ။
"စိတ်ချပါ ကျွန်မ ဆက်ဆက်လိုက်ခဲ့ပါမယ် "
မေမေက ထိုအမျိုးသမီးကြီးကို
ငွေစက္ကူ လေးရွက်ထုတ်ပေးရင်း ရင့်သီးလှေသာ စကားများ ပြောဆိုနေပြန်သည်။
"ပိုက်ဆံယူရင်တစ်မျိုး၊ ဆပ်ခါးနီးကျတစ်မျိုးတွေတော့ လာမလုပ်နဲ့နော်"
ထိုအမျိုးသမီးကြီးသည် ဧည့်ခန်းထဲရှိ ထိုင်ခုံပုလေးပေါ်တွင် မလှုပ်မယှက်ထိုင်နေသည်။ထိုအမျိုးသမီးကြီး၏ ညိုးငယ်လှစွာသောမျက်နှာကို ထိန်လင်းအောင် မြင်ဖြစ်အောင်ပင် မြင်လိုက်ရပါသည်။
ထိုအမျိုးသမီးကြီးသည်
နောင်ရိုးသစ်၏ အမေ အရီးခင်ေနှာင်း ဖြစ်သည်။ နောင်ရိုးတို့အိမ်၏ စီးပွါးရေးအခြေအနေကို တစ်ရွာတည်းနေ တစ်ရေတည်းသောက်ရသည့် ထိန်လင်းအသိဆုံးဖြစ်ပါသည်။ ထိန်လင်းအဖေဆုံးကတည်းက စီးပွါးရေး ချွတ်ခြုံကျကာ အကျပ်အတည်းဖြစ်ခဲ့ကြရခြင်းဖြစ်သည်။
မေမေ့၏ စကားလုံးကြမ်းကြမ်းတွေအောက်တွင် အရီးခင်၏ မျက်နှာလေးမှာညိုးငယ်နေသည်။ထိန်လင်းစိတ်တွင် အမည်ဖော်၍ မရသော
ကြီးလေးမှုနှင့်အတူ အရီးခင်ကို အားနာနေမိသည်။
ဒီအဖြစ်အပျက်တွေသာ နောင်ရိုးသိရင်
မေမေ့ကို မုန်းနေမလား။
မေမေ့အပြင် မေမေ့သားဖြစ်တဲ့ငါ့ကိုရော..မင်းမုန်းသွားမှာလား နောင်ရိုး....။
ငါ့ကိုရော မင်းမုန်းသွားမလား..နောင်ရိုး။
ဟင့်အင်း မင်း ငါ့ကို မမုန်းရဘူး။
ကွမ်းယာတညက်လောက်ကြာသည်နှင့် မေမေထုတ်ပေးသော ပိုက်ဆံလေးကို ချွေးခံအင်္ကျီလေးထဲထည့်ကာ အရီးခင် ပြန်သွားလေသည်။
ထိန်လင်း တံခါးအကွယ်မှ ထွက်ကာ ဧည့်ခန်းတွင် ထိုင်နေသော မေမေ့ဆီသို့ လျှောက်လှမ်းလာ
ခဲ့ေလသည်။ပြီးနောက်
"မေမေ"
"ဘာလဲ သား.."
"မေမေ အရီးခင်ကို အဲလိုမျိုးမပြောပါနဲ့ဗျာ..အားနာစရာကြီး.."
"အိုကွယ် ဘာမှအားနာစရာမလိုပါဘူး....
သားဘာသိလို့လဲ သားကငယ်သေးတော့ လူတွေအကြောင်း သိမှာမဟုတ်ဘူး သူတို့လို ဆင်းရဲတဲ့ဟာတွေက ဒီလောက်ပြောထားမှ တန်ခါကြတာ...ပိုက်ဆံယူသွားရင်တစ်မျိုး နောက်ဆပ်တဲ့အခါကြ လေသံကတစ်မျိုး ဒီလိုဟာတွေက ဒီလိုဦးချိုးထားမှ.."
"မေမေရယ်.."
ထိန်လင်း မချိတင်ကဲလေသံဖြင့် မေမေ့ကို
ငေးစိုက်ကာပင်ကြည့်နိုင်တော့သည်။
ဘာစကားမှ ထပ်မပြောချင်တော့။
ဒါဟာ အရီးခင် မေမေ့ကို မုန်းသွားမှာကြောက်၍ စိုးရိမ်နေခြင်းလား...။မေမေ့သားဖြစ်တဲ့ သူ့ကို နောင်ရိုး နာကျည်းသွားမှာကြောက်၍
ပြောခြင်းလား ။
ထိန်လင်း ကိုယ်တိုင်ပင် သူ့စိတ်၏ အဖြေကို
ရေရေရာရာ မသိပါချေ။
"ကဲပါ သားရယ် ခြေလက်ဆေးရအောင် ဖေဖေပြန်လာရင် ညစာစားမယ်.."
မေမေသည် အပြုံးလေးဖြင့် ထိန်လင်းကိုပြောသည်။ မေမေ့အပြုံးတွေကိုပင် သူ မကြည့်ချင်တော့။ မေမေနံဘေးမှ ထွက်လာကာ အိမ်ရှေ့ရှိ ရာဝင်အိုးကြီးထဲမှ ရေအနည်းငယ်ခပ်ကာ ကိုယ်လက်သန့်စင်လိုက်သည်။
တစ်ခဏကြာသည်နှင့် ဖေဖေ ပြန်ရောက်လာလေသည်။ဖေဖေပြန်ရောက်လာသည်နှင့်
သားမိသားဖသုံးယောက် အတူတူညစာစားကြသည်။ မေမေချက်ထားသည့်ဟင်းများသည် စားပွဲဝိုင်းလေးပေါ်တွင် နေရာအသီးသီးယူထားေလသည်။
"မြ လက်ရာက မွှေးနေတာပဲကွာ ကိုယ်ဖြင့် ဗိုက်အတော်ဆာသွားပြီ"
"အကောင်းမပြောလည်း မြက ကျွေးမှာပါနော်"
ဖေဖေနှင့်မေမေ၏ အချင်းချင်း စနောက်ပြောဆိုကာ ကလူနေကြသည်။ထိန်လင်းအောင်ကိုပင် ရှိနေသေးသည်ဟုပင် ထင်မှတ်ဟန်မတူ။
စားပွဲရှိမေမေ့လက်ရာလေးက နှာခေါင်းဝသို့ ရောက်ရှိလာသည်။မေမေချက်ထားသည့်ဟင်းတွေက ဖေဖေနှင့် ထိန်လင်းအောင် အကြိုက်တွေချည်းပဲဖြစ်သည်။ ကြက်သားဆီပြန်ဟင်း၊ ကင်ပွန်းရွက်ချဉ်ဟင်းနှင့် ပန်းဂေါ်ဖီကြော်။
မေမေ့ဟင်းလက်ရာက မစားခင်ကပင် မွှေးနေလေပြီ။ ဒီနေ့ ဖေဖေနှင့်သူ ထမင်းမြိန်တော့မှာ အသေချာပင်။
"မေမေ မနက်ဖြန်ကျ သား ကျောင်းကို ထမင်းချိုင့်ယူချင်တယ် "
ထိန်လင်း မရဲတရဲဖြင့် မေမေ့ကို စကားစလိုက်မိသည်။ ထိန်လင်းပြောတိုင်း မေမေလက်မခံခဲ့သော်လည်း ပြောချင်စိတ်ကို ထိန်းမရတာမို့ ပြောလိုက်မိသည်။
"အို ခက်ပါရော သားရယ် ကျောင်းမှာ ထမင်းချိုင့်ယူမသွားရပါဘူး..လူသူေလးပါး စားသောက်နေကြတာ သောက်ရေခွက်တွေဆိုလည်း ဟိုလူသောက် ဒီလူသောက်နဲ့ ထမင်းစားရင်လည်းခြင်ယင်တလောင်းလောင်းနဲ့နေကွယ်...."
ထိန်လင်းတို့အိမ်နှင့် ရွာရှိအလယ်တန်းကျောင်းလေးသည် သိပ်မဝေးလှပါ။ ထို့ကြောင့်
မေေမသည်နေ့လည်စာကို အိမ်မှာပဲ
ပြန်စားေစသည်။ ကျောင်းကို ထမင်းချိုင့်ယူခွင့်မပြုပေ။
ထိန်လင်း၏ သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် နောင်ရိုးနှင့် ဆုလဲ့တို့ကေတာ့ အိမ်နှင့် ကျောင်းက အလှမ်းဝေးလှတာကြောင့် ကျောင်းကို နေ့လည်စာ ထမင်းချိုင့်ယူလာကြမြဲဖြစ်သည်။ နေ့လယ်ကျောင်းဆင်းသည်နှင့် အိမ်မပြန်တော့ပဲ ကျောင်းမှာပင် ထမင်းအတူစားကြသည်။ သူတို့နှင့်အတူ ထိန်လင်းလည်း နေ့လယ်ထမင်းချိုင့်ယူချင်မိသည်။
"မနက်ဖြန် သားကျောင်းကို ထမင်းချိုင့်ယူချင်တယ် ဖေဖေ.."
မေမေ့ကိုပြော၍ မရသည့်အဆုံး
ထိန်လင်း ဖေဖေ့ကို မျက်နှာလေးညိုးငယ်စွာဖြင့် စစ်ကူတောင်းလိုက်ရသည်။
"ကဲပါ မြရယ် သားကို မနက်ကျ ထမင်းချိုင့်ပေးလိုက်ပါ သားလည်း သူ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်စားချင်မှာပေါ့ ပြီးတော့
သားလည်း လူမှုဆက်ဆံရေးလည်း တိုးတက်လာတာပေါ့ မဟုတ်ဘူးလား..."
ဖေဖေစကားဆုံးသည်နှင့် မေမေ့၏ "အင်း"ဟူသော အသံလေးသည် ခပ်တိုးတိုးထွက်လာသည်။
"ဟေး ဒါမှ ဖေဖေကွ.."
ထိန်လင်းအောင် ပျော်လွန်းလှ၍ ထခုန်မိမတတ်ပင်။ဖေဖေ့ဆီက ခွင့်ပြုချက်ကြောင့် မေမေ ဘာမှဝင်မပြောပေ။
နောက်ဆုံးတွင် ဖေဖေ၏ စစ်ကူကြောင့် မေမေ ခေါင်းမညိတ်ချင်ဘဲ ခေါင်းညိတ်သွားသည်။
ထိန်လင်းဖေဖေ့ကို ကျေးဇူးတင်နေမိသည်။
ဖေဖေ့ကျေးဇူးကြောင့်ပင် မနက်ဖြန်ကျောင်းကို ထမင်းချိုင့်ယူရတော့မည်။နောင်ရိုးတို့ ဆုလဲ့တို့နှင့်အတူ ထမင်းအတူတူစားရတော့မည်။
ဒီနေ့ညတော့ ကျွန်တော့် အိမ်မက်တွေဟာ
မနေ့ကထက် သိပ်လှနေတော့မှာ ဖေဖေ။
ကျေးဇူးတင်ပါတယ် ဖေဖေ။
Zawgyi Version—
၁၉၉၃ခုႏွစ္
ခ်စ္ခ်စ္ေတာက္ပူေနသည့္ ေနမင္းႀကီး၏
အပူဒဏ္ကို ကာကြယ္ေပးထားသည့္မန္က်ည္းပင္ႀကီးသည္ ႐ြာငယ္ေလး၏
အလယ္တြင္ထီးထီးမားမားတည္ရွိေနသည်။မန်ကျည်းပင်ကြီးသည် ေနေပျာက်ထိုး၍ မရနိုင္ေလာက်အောင်ပင် အ႐ြက္မ်ားေဝေနသည္။ ေဆာင္းလလယ္မို႔ ေန႕ဆိုလွ်င္ အလြန္ပူကာ ညခ်မ္းေရာက္လွ်င္ အလြန္ခ်မ္းေအးေလၿပီျဖစ္သည္။
"ဗိုလ္ က်ား ေသနတ္ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္"
ႏွစ္ရွည္အပင္ႀကီးျဖစ္ေသာ မန္က်ည္းပင္ႀကီး၏ အရိပ္အာဝါသ ေအာက္တြင္ ကေလးသုံးေယာက္သည္ ဆူဆူညံညံျဖင့္ ကစားေနၾကသည္။
ထိုကေလးသုံးေယာက္သည္ ဗိုလ္က်ားေသနတ္ဟူေသာ ကစားနည္းကို အလုအျငင္းကစားေနၾကျခင္းျဖစ္သည္။
"ဗိုလ္က်ားေသနတ္ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္" ဟူေသာ သံၿပိဳင္စကားဆုံးတိုင္း ကိုယ့္လုပ္ခ်င္သည့္ အေနအထားကို ေ႐ြးခ်ယ္ၿပီး တစ္ဖက္လူကို အနိုင္ယူရသည့္ကစားနည္းျဖစ္သည္။
ဗိုလ္လုပ္ခ်င္သူက ဗိုလ္ပုံစံ ခါးေထာက္ျပရသည္။က်ားလုပ္ခ်င္သူက မာန္ဖီေနေသာ က်ားပုံစံရေစရန္ လက္ကေလးမ်ားကိုကုတ္ကာ နဖူးေပၚတြင္တင္ကာ ေဝါင္း ဟု ေအာ္ရသည္။ေသနတ္လုပ္ခ်င္သူက လက္ညိုးႏွင့္လက္မကို ေသနတ္ပုံစံလုပ္ကာ ဒိုင္းဟုေအာ်ရသည်။
"ဗိုလ္ က်ား ေသနတ္ ကိုယ္ႀကိဳက္တာကိုယ္လုပ္.."
အရပ္ရွည္ရွည္၊ ပိန္ပိန္သြယ္သြယ္၊ အသားခပ္လတ္လတ္ႏွင့္ ေကာင္ေလးမွ သံပြိုင်ခေါ်လိုက်သည့်စကားဆံုးသည်နှင့် ထိုေကာင္ေလးႏွင့္အတူ က်န္သည့္ကေလးႏွစ္ေယာက္တို႔သည္ ကိုယ္ႀကိဳက္သည့္အေနအထားကို အလုအျငင္းသူ႕ထက္ငါဦးေအာင္ လုပ္ၾကသည္။
"ဟာ မရပါဘူး ငါက ေသနတ္အရင္လုပ္တာေနာ္ ဆုလဲ့.."
"နင္မညစ္နဲ႕ေနာ္ ေနာင္ရိုး ေသနတ္က
ငါအရင္လုပ္တာ.."
"နင္ကသာ ညစ္ပတ္တာ ေသနတ္ကငါ
နင္က က်န္တဲ့က်ားပဲလုပ္ရမွာေပါ့ ဒိုင္း...
ငါပစ္လိုက္ၿပီ .. ငါနင့္ကို နိုင္ၿပီပဲ "
"ေနာင္ရိုးေနာ္နင္ အဲလိုလုပ္လို႔မရဘူး..ထိန္လင္းကဗိုလ္ နင္ကက်ား ငါကေသနတ္ပဲ ..နင္အက်င့္မယုတ္နဲ႕ဟာ"
"ဟာ ငါဘယ္မွာအက်င့္ယုတ္လို႔လဲ..ငါက ေသနတ္လို႔ အရင္ေအာ္ၿပီး လုပ္တာေလဟာ"
"ငါေသနတ္အရင္လုပ္တာ ထိန္လင္းလည္းသိတယ္"
စကားျမားဦးသည္ အရပ္ရွည္ရွည္၊ ပိန္သြယ္သြယ္၊ အသားခပ္လတ္လတ္ႏွင့္ ေကာင္ေလးဆီသို႔ က်ေရာက္လာေလသည္။
"ေတာ္ၾက ပါေတာ့ဟာ နင္တို႔ကလဲ..ရန္ျဖစ္မယ္ ဆိုတာခ်ည္းပဲ"
မေနနိုင္သည့္အဆုံး ထိန္လင္းေအာင္ကပင္
ဝင္၍ ၾကားဝင္ေျပာရေတာ့သည္။သူမွ ဝင္မပါလွ်င္ ဒီေန႕ ေသနတ္လုပြဲ အဆုံးသတ္မည္ မဟုတ္ေတာ့ေပ။
"မေတာ္နိုင္ပါဘူး နင္က ဗိုလ္လုပ္ေနတာေလ....ေနာင္ရိုးက ေသနတ္ဆို ငါကက်န္တဲ့ က်ားပဲလုပ္ရမွာေပါ့ ငါသာ က်ားလုပ္ရရင္ေနာင္ရိုးကိုရႈံးမွာေပါ့ဟဲ့..."
ပါးကြက္ကေလးမ်ားျခယ္ကာ လွေသြးႂကြယ္ေသာ ဆုလဲ့ႏွင္းဟု အမည္ရသည့္ မိန္းကေလးသည္ ဆံပင္ရွည္ကေလးမ်ား ခါရမ္းသြားေအာင္ပင္ ကတ္ကတ္လန္ ျပန္ေျပာေလသည္။
"ကဲ ဒါဆို ငါဗိုလ္ မလုပ္ေတာ့ဘူး
ဘယ္သူလုပ္မလဲ.."
"ငါ.."
ေနာင္ရိုးသစ္ဟူေသာ အရပ္ပုပု၊ ကိုယ္ဟန္သြယ္သြယ္၊အသားလတ္လတ္ေကာင္ေလးႏွင့္ အရပ္ရွည္ရွည္၊ဂုတ္ဝဲဆံပင္ေလးတခါခါနှင့်ချစ်စရာေကာင်းေနေသာဆုလဲ့နှင်းဆိုသည့် မိန္းကေလး တို႔သည္ကိုယ့္ရင္ဘတ္ကို လက္ညိုးကိုယ္ဆီ ထိုးရင္း ေျပာရွာျပန္သည္။
ထိုႏွစ္ေယာက္အားၾကည့္ကာ ထိန္လင္းေအာင္ သက္ျပင္းေမာအရွည္ႀကီး ခ်မိေလသည္။ၿပီးေနာက္ ထိန္လင္းေအာင္ စိတ္ရႈပ္သည့္ဟန္ျဖင့္ ေခါင္းကေလးကို ခပ္ျမန္ျမန္ ကုတ္လိုက္မိေလ
သည္။
ဒီႏွစ္ေယာက္ဟာေလ ဘယ္ေတာ့မ်ားမွ
ရန္မျဖစ္ပဲ သင့္သင့္ျမတ္ျမတ္ေနၾကမလဲ
မသိ။ ကစားၾကသည့္အခါတိုင္း စကားနိုင္လုၾကသည္မွာ အၿမဲလိုလိုပင္ ျဖစ္ေနေလၿပီ။ အၿမဲတမ္း နီးတက်က္က်က္ ေဝးတသက္သက္ျဖစ္ေနသည့္ႏွစ္ေယာက္။
ထိန္လင္းေအာင္ဘာလုပ္ရမွန္းမသိေတာ့
ေအာင္ပင္ အၾကပ္ရိုက္သြားရေလသည္။
ထိန္လင္းတြင္ ရွားရွားပါးပါး အခ်စ္ဆုံး သူငယ္ခ်င္းႏွစ္ေယာက္သာရွိသည္။
ေနာင္ရိုးသစ္ ႏွင့္ ဆုလဲ့ႏွင္းတို႔သည္
ထိန္လင္းေအာင္၏ အခ်စ္ဆုံးသူငယ္ခ်င္းမ်ားျဖစ္ၾကသည္။
ေနာင္ရိုးသစ္သည္ ႐ြာေျမာက္ပိုင္းမွ
အရီးခင္ေနှာင်း၏ သားျဖစ္သည္။
ေနာင္ရိုးသစ္၏ အေဖသည္
ေနာင္ရိုးသစ္ငယ္စဥ္ နို႔စို႔အ႐ြယ္ကတည္း
ကပင္ ပိုးထိ၍ ဆုံးသြားသည္ဟု ေမေမေျပာျပဖူးသည္။ ေနာင္ရိုးသစ္သည္ အေနေအးကာ စာအလြန္ႀကိဳးစားသည္။
ဆုလဲ့ႏွင္းသည္ သစ္ေတာအရာရွိဦးၫြန႔္ေဇာ္
ႏွင့္ေဒၚလဲ့လဲ့ေအးတို႔၏ သမီးျဖစ္သည္။ သူတို႔မိသားစုသည္ ဒီ႐ြာေလးဆီ ေျပာင္းလာခဲ့တာ အေတာ္ၾကာၿပီျဖစ္သည္။
ဆုလဲ့၏ အေဖႏွင့္ အေမသည္ အလြန္ေရွးရိုးဆန္သူမ်ားျဖစ္သည္။ သမီးမိန္းကေလးမို႔ ေယာက်ာ္းေလးမ်ားႏွင့္ ေပါင္းတာမႀကိဳက္ၾကေပ။သို့သော်လည်း ဆုလဲ့ကေတာ့ ေျပာမရေပ။ ေယာက်ာ္းေလးမ်ားႏွင့္အတူ တစ္ခါတရံ ေဘာလုံးကန္သည္။သံေခြလွိမ့္သည္။ ငွက္လည္း ပစ္တတ္ေသးသည္။
ထိုႏွစ္ေယာက္ႏွင့္အတူ ေက်ာင္းေနအ႐ြယ္ ႏွပ္ေခ်းတြဲေလာင္းဘဝ သူငယ္တန္းစတက္သည့္အခ်ိန္မွစ၍ ယခု ရွစ္တန္း(အဌမတန္း)ေရာက္သည္အထိတတြဲတြဲႏွင့္ ခင္မင္လာခဲ့သည္။ သူတို႔ႏွစ္ေယာက္အေၾကာင္း ထိန္လင္းမသိတာ ဘာမွမရွိေပ။အူမကေနေခ်းခါးထိ အကုန္သိသည္။
"နင္ရႈံးတယ္ေနာ္ ဆုလဲ့ ..."
"ငါ မရႈံးဘူး နင္ရႈံးတာ"
"ငါက ေသနတ္ေလ နင္ကက်ား ငါနင့္ကို ပစ္လိုက္ၿပီေနာ္ ဒိုင္း ဒိုင္း ...ငါ နိုင္ၿပီ"
"ငါ ေသနတ္ေနာ္..နင္ကသာ က်ား.."
"ေတာ္ၾကပါေတာ့ဟာ မင္းတို႔ႏွစ္ေယာက္
ကလည္း တစ္ခါတေလလည္း ရန္မျဖစ္ပဲ
ေနၾကပါဦး ေခြးနဲ႕ေၾကာင္လိုပဲ ေတြ႕တာနဲ႕
ကိုက္ဖို႔ပဲ ."
"ဒါဆို ငါက ေၾကာင္ နင္ကေခြးေနာ္ ဆုလဲ့.."
"ေနာင္ရိုးေနာ္..နင္အၿမဲတမ္း ဗိုလ္က်ခ်င္မေနနဲ႕..ငါကေၾကာင္ နင္က ခ်ီးစားေခြး.."
"ငါက ေၾကာင္ပဲလုပ္မွာ နင္ကသာ
ခ်ီးစားေခြး.."
ေခြးနဲ႕ေၾကာင္လို႔ ေျပာမိသည့္ ထိန္လင္းအမွားမဟုတ္ေတာ့ေပ။ယခုလည္း ထိန္လင္းေျပာလိုက္သည့္ ေခြးႏွင့္ ေၾကာင္ဟူေသာ စကားေၾကာင့္
စကားနိုင္လုေနၾကျပန္ၿပီ။တကယ္မလြယ္သည့္ ႏွစ္ေယာက္ပင္။
တစ္ေယာက္ကို တစ္ေယာက္ အခိုက္အတန႔္ေလးတစ္ခုတြင္သာ အနိုင္ယူလိုစိတ္ရွိေနကြခြင်းသာဖြစ်သည်။ ရန္ျဖစ္စကားနိုင္လုၿပီး မေခၚပဲလည္း မေနနိုင္ၾကေပ။ တစ္ေယာက္ကစ၍မေခၚလွ်င္ က်န္တစ္ေယာက္က စ ေခၚသည္။ စကားနိုင္လု ရန္ျဖစ္ၿပီး ခဏအၾကာ ျပန္ေခၚသြားၾကတတ္ၿမဲ ျဖစ္သည္။ဒီႏွစ္ေယာက္က စာက်က္လွ်င္လည္းမသင့္ျမတ္၊ ကစားလွ်င္လည္း မသင့္ျမတ္ၾကေပ။တစ္ေယာက္အေပါ်တစ်ယောက်အနိုင်ယူလိုစိတ်ထက် အနိုင္မခံတတ္မွန္းသိ၍ တမင္ကို ရန္ျဖစ္ေနၾကျခင္းျဖစ္သည္။သို႔ေသာ္ တစ္ေယာက္ေက်ာင္းမလာလွ်င္လည္း တစ္ေယာက္က ေမွ်ာ္ေနတတ္ေသးသည္။ မတည့္အတူေနမျမင္ရေခ်ာင္းၾကည့္တတ္သည့္ႏွစ္ေယာက္လည္း ျဖစ္သည္။
"ထိန္လင္း နင္ျပန္ေအာ္ဟာ အစက ျပန္စမယ္"
"ေတာ္ၿပီဟာ မကစားေတာ့ဘူး။
မနက္ျဖန္ဆိုေက်ာင္းျပန္ဖြင့္ၿပီ ဆရာမေပးထားတဲ့ အိမ္စာေတြ လုပ္ရဦးမွာနဲ႕ ငါလည္း ျပန္ေတာ့မယ္ နင္တို႔ႏွစ္ေယာက္လည္း ျပန္ေတာ့.."
ထိန္လင္းေအာင္ စိတ္မရွည္ေတာ့သည္မို႔ ႏွစ္ေယာက္လုံးအား အိမ္စာအေၾကာင္းျပကာ ျငင္းလိုက္မိသည္။ အိမ္စာ အေၾကာင္းေျပာလိုက္မွ ႏွစ္ေယာက္စလုံးမ်က္လုံးအဝိုင္းသားႏွင့္ လန႔္သြားပုံရသည္။ ေက်ာင္းပိတ္ရက္ ႏွစ္ရက္လုံး စာမလုပ္ျဖစ္ၾကပဲ ယခုမွ သတိရဟန္ျဖင့္ စဥ္းစားေနၾကသည္။
"ဒါဆိုလည္း ငါတို႔သြားေတာ့မယ္ဟာ.."ဟု
ဆိုကာထိုင္ရာမွထ၍ ဖုန္ဖက္ခါကာ
ႏွစ္ေယာက္သား အတူတူထြက္သြားၾကသည္။
ေဆာ့ကစားစဥ္က ရန္ျဖစ္ထားသည့္ႏွစ္ေယာက္က ယခုေတာ့ တပြစိစိေျပာၾကရင္း ထြက္သြားၾကေလၿပီ။
မနက္ျဖန္ဆို ေက်ာင္းျပန္ဖြင့္ၿပီျဖစ္သည္။
အိမ္စာ မၿပီးလွ်င္ အသားထဲစိမ့္ဝင္ေအာင္ ရိုက္မည့္ ဆရာမႀကီး၏ ႀကိမ္လုံးႏွင့္ ဆရာမႀကီး၏မ်က္ႏွာကို ျမင္ေယာင္လာကာ ထိန္လင္းပင္ ေက်ာခ်မ္းသြားသည္။ေနာင္ရိုးႏွင့္ ဆုလဲ့သည္ မေကြမချမ်းသော မ်က္ႏွာေပးေတြျဖင့္ ပြစိပြစိေျပာဆိုၾကရင္း အိမ္အတူတူျပန္သြားၾကၿပီျဖစ္သည္။
သူတို႔ႏွစ္ေယာက္လုံး အေဝးေရာက္သြားေလာက္မွ ထိန္လင္းေအာင္ အိမ္ျပန္လာခဲ့လိုက္သည္။
"သား ဘယ္ကျပန္လာတာလဲ"
အိမ္ေရာက္သည္ႏွင့္ ဧည့္ခန္းထဲတြင္ ထိုင္ကာ စာရင္းတြက္ေနေသာ ေမေမက မ်က္ႏွာမႈန္သုန္သုန္ျဖင့္ ဝင္လာသည့္ ထိန္လင္းကို ေမးေလသည္။ စာရင္းဆိုသည္မွာ တျခားမဟုတ္။
ေမေမ့၏ ေန႕ျပန္တိုး၊ လတိုးအျပင္ အေပါင္ခံထားသည့္ ပစၥည္း ေငြတိုးစာရင္းမ်ားျဖစ္သည္။
" ကစားၿပီး ျပန္လာတာပါ ေမေမ.."
ကစားၿပီးျပန္လာသည္ဟုသာ ေျပာရသည္။
တကယ္တမ္းက် ဗိုလ္က်ားေသနတ္ေတာင္
ၿပီးေအာင္ မကစားလိုက္ရ။ ဟိုႏွစ္ေကာင္
ရန္ျဖစ္ေနတာႏွင့္ပင္ မကစားခဲ့ရ။ကစားသြားမည္ဟု ေျပာၿပီး မကစားရပဲ ျပန္လာခဲ့ရသည့္ေန႕ေတြ မနည္းေတာ့။
"သား ေမေမ့ကို ဒီစာရင္းေတြ လာေပါင္းေပးဦး.."
"ေမေမ စာရင္းေတြသားမလုပ္ခ်င္ပါဘူး
ေဖေဖလာမွ ေဖေဖနဲ႕အတူလုပ္ေတာ့ သား ေက်ာင္းကေပးတဲ့ အိမ္စာေတြ လုပ္စရာရွိေသးတယ္"
ေမေမ့ရဲ႕ အတိုးအရင္းစာရင္းေတြကို ထိန္လင္း
မလုပ္ခ်င္ပါ။ထို႔ေၾကာင့္ အိမ္စာအေၾကာင္းျပကာ အေၾကာက္ကန္ ျငင္းရေလသည္။
"ဒါဆိုလည္း အိမ္စာကိုၿပီးေအာင္လုပ္ေနာ္ အတန္းထဲမွာ အၿမဲတမ္း တစ္ျဖစ္ေအာင္ ႀကိဳးစား"
"ဟုတ္ကဲ့ပါ ေမေမ"
"ဒါမွ ေမေမ့သား"
"သားသြားေတာ့မယ္ ေမေမ"
ထိန္လင္း ေမေမ့ကို ႏႈတ္ဆက္ၿပီး အိမ္ေပၚတက္ကာ အိမ္စာလုပ္ရသည္။ စာမၿပီးလွ်င္ အရိုက္ခံရမည္မွာ အေသအခ်ာပင္။ သခၤ်ာဆရာမသည္ အရိုက္ၾကမ္းကာ စည္းစနစ္က်မွ ႀကိဳက္သူလည္းျဖစ္သည္။ အေပါင္းအႏုတ္ပုစ္ဆာမ်ား ေဒါင္လိုက္တြက္ရသည့္အခါမ်ိဳးတြင္ အေပၚဂဏာန္းမွ ခု ေနရာတြင္ ထားရမည့္ကိန္းႏွင့္ ေအာက္ဂဏာန္းမွ ခုေနရာတြင္ ထားရမည့္ကိန္းမ်ား အေပၚေအာက္ ညီ ေနမွႀကိဳက္သည္။ပုစ္ဆာမ်ားတြက္လွ်င္လည္း လကၡဏာတပ္ဖို႔ ေမ့ေနလွ်င္လည္း ရိုက္တတ္ေသးသည္။ ဆရာမထက္ ဆရာမ၏ လက္စြဲေတာ္ ႀကိမ္လုံးကို ထိန္လင္းေအာင္တို႔ တစ္တန္းလုံး ေၾကာက္ၾကသည္။
ထိန္လင္းေအာင္ အိမ္စာေပးလိုက္သည့္ သခၤ်ာပုစ္ဆာမ်ားအား အျမန္တြက္လိုက္သည္။ အိမ္စာမ်ား လုပ္ၿပီးသည္ႏွင့္ တေရးတေမာ အိပ္လိုက္ေလသည္။
"ကြၽန္မကို ေငြတစ္ရာေလာက္ ေခ်းပါ
မျမရယ္ ပဲေ႐ြးတဲ့ေန႕က် ကြၽန္မလုပ္အား
လိုက္ခဲ့ပါ့မယ္..ဒါမွမဟုတ္ အတိုးနဲ႕ပဲ မွတ္ထားေပးပါ..."
"ရွင္က ေသခ်ာလို႔လားလိုက္ေရာလိုက္နိုင္ရဲ႕လား က်န္းမာေရးသိပ္မေကာင္းဘူးဆို..."
အိမ္ေအာက္ထပ္မွ အမ်ိဳးသမီးႏွစ္ဦး၏ အသံသည္ အိမ္အေပၚထပ္မွအတိုင္းသား ၾကားေနရသည္။ထိန္လင္း အိမ္ေပၚမွ နားစိုက္ေထာင်နေမိသည်။ အမ်ိဳးသမီးႏွစ္ဦးအနက္တစ္ဦးမွာ ထိန္လင္းအေမျဖစ္ၿပီး တစ္ဦးမွာ မည္သူမည္ဝါ ျဖစ္ေၾကာင္း ထိန္လင္း ေသခ်ာမသိေပ။
"ေသခ်ာပါတယ္ မျမရယ္.."
ျပင္းျပလွသည့္ စူးစမ္းလိုစိတ္ေၾကာင့္
ထိန္လင္း ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္သည္။
မီးဖိုေချာင်၏ တံခါးအကြယ္နားတြင္ရပ္ကာ ဧည့္ခန္းထဲတြင္ ထိုင္ကာစကားေျပာေနၾကေသာအမ်ိဳးသမီးႀကီးႏွစ္ဦးကိုၾကည့္ေနမိ သည္။
"ေရာ့ ဒီမွာ တစ္ရာ။ အတိုးဆိုရင္ေတာ့ တစ္လေနရင္ တစ္ရာနဲ႕ငါးက်ပ္နီးပါး ျပန္ေပးရမွာပဲ ရွင့္ကို ေငြတိုးေပးလည္းရမွာမဟုတ္ဘူး ေငြတိုးဆိုတာ တစ္ေန႕ထက္တစ္ေန႕တိုးေနတာ အဲေတာ့ ကြၽန္မဆီ ပဲေ႐ြးျဖစ္ျဖစ္၊ ႏွမ္းေပါင္းသင္ျဖစ္ျဖစ္ ေတာအလုပ္သာလိုက္ခဲ့ေတာ့.....လုပ္တဲ့ေန႕ ကြၽန္မျဖစ္ျဖစ္ ၊ အိမ္က လူတစ္ေယာက္ျဖစ္ျဖစ္ လာေခၚခိုင္းလိုက္မယ္..ရွင့္စကား တည္ပါေစေနာ္ ေခၚတဲ့ေန႕က်မွ ပလီပလာလုပ္မယ္ မႀကံနဲ႕ ျမျမရီ အေၾကာင္း သိတယ္ေနာ္"
ေမေမ့စကားသံက ေဘးမွေခ်ာင္းကာ နားေထာင္ေနမိသည့္ ထိန္လင္းပင္ နားဝင္မခ်ိဳလွ။ စိတ္အခ်ဥ္ေပါက္စရ ေကာင္းလွသည္။ထိုင္ေနသည့္ အမ်ိဳးသမီးႀကီးဆို စိတ္ထဲ ဘယ္လိုေနသည္မသိေပ။
"စိတ္ခ်ပါ ကြၽန္မ ဆက္ဆက္လိုက္ခဲ့ပါမယ္ "
ေမေမက ထိုအမ်ိဳးသမီးႀကီးကို
ေငြစကၠဴ ေလး႐ြက္ထုတ္ေပးရင္း ရင့္သီးလွေသာ စကားမ်ား ေျပာဆိုေနျပန္သည္။
"ပိုက္ဆံယူရင္တစ္မ်ိဳး၊ ဆပ္ခါးနီးက်တစ္မ်ိဳးေတြေတာ့ လာမလုပ္နဲ႕ေနာ္"
ထိုအမ်ိဳးသမီးႀကီးသည္ ဧည့္ခန္းထဲရွိ ထိုင္ခုံပုေလးေပၚတြင္ မလႈပ္မယွက္ထိုင္ေနသည္။ထိုအမ်ိဳးသမီးႀကီး၏ ညိုးငယ္လွစြာေသာမ်က္ႏွာကို ထိန္လင္းေအာင္ ျမင္ျဖစ္ေအာင္ပင္ ျမင္လိုက္ရပါသည္။
ထိုအမ်ိဳးသမီးႀကီးသည္
ေနာင္ရိုးသစ္၏ အေမ အရီးခင္ေနှာင်း ျဖစ္သည္။ ေနာင္ရိုးတို႔အိမ္၏ စီးပြါးေရးအေျခအေနကို တစ္႐ြာတည္းေန တစ္ေရတည္းေသာက္ရသည့္ ထိန္လင္းအသိဆုံးျဖစ္ပါသည္။ ထိန္လင္းအေဖဆုံးကတည္းက စီးပြါးေရး ခြၽတ္ၿခဳံက်ကာ အက်ပ္အတည္းျဖစ္ခဲ့ၾကရျခင္းျဖစ္သည္။
ေမေမ့၏ စကားလုံးၾကမ္းၾကမ္းေတြေအာက္တြင္ အရီးခင္၏ မ်က္ႏွာေလးမွာညိုးငယ္ေနသည္။ထိန္လင္းစိတ္တြင္ အမည္ေဖာ္၍ မရေသာ
ႀကီးေလးမႈႏွင့္အတူ အရီးခင္ကို အားနာေနမိသည္။
ဒီအျဖစ္အပ်က္ေတြသာ ေနာင္ရိုးသိရင္
ေမေမ့ကို မုန္းေနမလား။
ေမေမ့အျပင္ ေမေမ့သားျဖစ္တဲ့ငါ့ကိုေရာ..မင္းမုန္းသြားမွာလား ေနာင္ရိုး....။
ငါ့ကိုေရာ မင္းမုန္းသြားမလား..ေနာင္ရိုး။
ဟင့္အင္း မင္း ငါ့ကို မမုန္းရဘူး။
ကြမ္းယာတညက္ေလာက္ၾကာသည္ႏွင့္ ေမေမထုတ္ေပးေသာ ပိုက္ဆံေလးကို ေခြၽးခံအကၤ်ီေလးထဲထည့္ကာ အရီးခင္ ျပန္သြားေလသည္။
ထိန္လင္း တံခါးအကြယ္မွ ထြက္ကာ ဧည့္ခန္းတြင္ ထိုင္ေနေသာ ေမေမ့ဆီသို႔ ေလွ်ာက္လွမ္းလာ
ခဲ့ေလသည်။ပြီးနောက်
"ေမေမ"
"ဘာလဲ သား.."
"ေမေမ အရီးခင္ကို အဲလိုမ်ိဳးမေျပာပါနဲ႕ဗ်ာ..အားနာစရာႀကီး.."
"အိုကြယ္ ဘာမွအားနာစရာမလိုပါဘူး....
သားဘာသိလို႔လဲ သားကငယ္ေသးေတာ့ လူေတြအေၾကာင္း သိမွာမဟုတ္ဘူး သူတို႔လို ဆင္းရဲတဲ့ဟာေတြက ဒီေလာက္ေျပာထားမွ တန္ခါၾကတာ...ပိုက္ဆံယူသြားရင္တစ္မ်ိဳး ေနာက္ဆပ္တဲ့အခါၾက ေလသံကတစ္မ်ိဳး ဒီလိုဟာေတြက ဒီလိုဦးခ်ိဳးထားမွ.."
"ေမေမရယ္.."
ထိန္လင္း မခ်ိတင္ကဲေလသံျဖင့္ ေမေမ့ကို
ေငးစိုက္ကာပင္ၾကည့္နိုင္ေတာ့သည္။
ဘာစကားမွ ထပ္မေျပာခ်င္ေတာ့။
ဒါဟာ အရီးခင္ ေမေမ့ကို မုန္းသြားမွာေၾကာက္၍ စိုးရိမ္ေနျခင္းလား...။ေမေမ့သားျဖစ္တဲ့ သူ႕ကို ေနာင္ရိုးနာက်ည္းသြားမွာေၾကာက္၍
ေျပာျခင္းလား ။
ထိန္လင္း ကိုယ္တိုင္ပင္ သူ႕စိတ္၏ အေျဖကို
ေရေရရာရာ မသိပါေခ်။
"ကဲပါ သားရယ္ ေျခလက္ေဆးရေအာင္ ေဖေဖျပန္လာရင္ ညစာစားမယ္.."
ေမေမသည္ အၿပဳံးေလးျဖင့္ ထိန္လင္းကိုေျပာသည္။ ေမေမ့အၿပဳံးေတြကိုပင္ သူ မၾကည့္ခ်င္ေတာ့။ ေမေမနံေဘးမွ ထြက္လာကာ အိမ္ေရွ႕ရွိ ရာဝင္အိုးႀကီးထဲမွ ေရအနည္းငယ္ခပ္ကာ ကိုယ္လက္သန႔္စင္လိုက္သည္။
တစ္ခဏၾကာသည္ႏွင့္ ေဖေဖ ျပန္ေရာက္လာေလသည္။ေဖေဖျပန္ေရာက္လာသည္ႏွင့္
သားမိသားဖသုံးေယာက္ အတူတူညစာစားၾကသည္။ ေမေမခ်က္ထားသည့္ဟင္းမ်ားသည္ စားပြဲဝိုင္းေလးေပၚတြင္ ေနရာအသီးသီးယူထားေလသည်။
"ျမ လက္ရာက ေမႊးေနတာပဲကြာ ကိုယ္ျဖင့္ ဗိုက္အေတာ္ဆာသြားၿပီ"
"အေကာင္းမေျပာလည္း ျမက ေကြၽးမွာပါေနာ္"
ေဖေဖႏွင့္ေမေမ၏ အခ်င္းခ်င္း စေနာက္ေျပာဆိုကာ ကလူေနၾကသည္။ထိန္လင္းေအာင္ကိုပင္ ရွိေနေသးသည္ဟုပင္ ထင္မွတ္ဟန္မတူ။
စားပြဲရွိေမေမ့လက္ရာေလးက ႏွာေခါင္းဝသို႔ ေရာက္ရွိလာသည္။ေမေမခ်က္ထားသည့္ဟင္းေတြက ေဖေဖႏွင့္ ထိန္လင္းေအာင္ အႀကိဳက္ေတြခ်ည္းပဲျဖစ္သည္။ ၾကက္သားဆီျပန္ဟင္း၊ ကင္ပြန္း႐ြက္ခ်ဥ္ဟင္းႏွင့္ ပန္းေဂၚဖီေၾကာ္။
ေမေမ့ဟင္းလက္ရာက မစားခင္ကပင္ ေမႊးေနေလၿပီ။ ဒီေန႕ ေဖေဖႏွင့္သူ ထမင္းၿမိန္ေတာ့မွာ အေသခ်ာပင္။
"ေမေမ မနက္ျဖန္က် သား ေက်ာင္းကို ထမင္းခ်ိဳင့္ယူခ်င္တယ္ "
ထိန္လင္း မရဲတရဲျဖင့္ ေမေမ့ကို စကားစလိုက္မိသည္။ ထိန္လင္းေျပာတိုင္း ေမေမလက္မခံခဲ့ေသာ္လည္း ေျပာခ်င္စိတ္ကို ထိန္းမရတာမို႔ ေျပာလိုက္မိသည္။
"အို ခက္ပါေရာ သားရယ္ ေက်ာင္းမွာ ထမင္းခ်ိဳင့္ယူမသြားရပါဘူး..လူသူေလးပါး စားေသာက္ေနၾကတာ ေသာက္ေရခြက္ေတြဆိုလည္း ဟိုလူေသာက္ ဒီလူေသာက္နဲ႕ ထမင္းစားရင္လည္းျခင္ယင္တေလာင္းေလာင္းနဲ႕ေနကြယ္...."
ထိန္လင္းတို႔အိမ္ႏွင့္ ႐ြာရွိအလယ္တန္းေက်ာင္းေလးသည္ သိပ္မေဝးလွပါ။ ထို႔ေၾကာင့္
ေမေမသည်နေ့လည်စာကို အိမ္မွာပဲ
ျပန္စားေစသည်။ ေက်ာင္းကို ထမင္းခ်ိဳင့္ယူခြင့္မျပဳေပ။
ထိန္လင္း၏ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္သည့္ ေနာင္ရိုးႏွင့္ ဆုလဲ့တို႔ကေတာ့ အိမ္ႏွင့္ ေက်ာင္းက အလွမ္းေဝးလွတာေၾကာင့္ ေက်ာင္းကို ေန႕လည္စာ ထမင္းခ်ိဳင့္ယူလာၾကၿမဲျဖစ္သည္။ ေန႕လယ္ေက်ာင္းဆင္းသည္ႏွင့္ အိမ္မျပန္ေတာ့ပဲ ေက်ာင္းမွာပင္ ထမင္းအတူစားၾကသည္။ သူတို႔ႏွင့္အတူ ထိန္လင္းလည္း ေန႕လယ္ထမင္းခ်ိဳင့္ယူခ်င္မိသည္။
"မနက္ျဖန္ သားေက်ာင္းကို ထမင္းခ်ိဳင့္ယူခ်င္တယ္ ေဖေဖ.."
ေမေမ့ကိုေျပာ၍ မရသည့္အဆုံး
ထိန္လင္း ေဖေဖ့ကို မ်က္ႏွာေလးညိုးငယ္စြာျဖင့္ စစ္ကူေတာင္းလိုက္ရသည္။
"ကဲပါ ျမရယ္ သားကို မနက္က် ထမင္းခ်ိဳင့္ေပးလိုက္ပါ သားလည္း သူ႕ သူငယ္ခ်င္းေတြနဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စားခ်င္မွာေပါ့ ၿပီးေတာ့
သားလည္း လူမႈဆက္ဆံေရးလည္း တိုးတက္လာတာေပါ့ မဟုတ္ဘူးလား..."
ေဖေဖစကားဆုံးသည္ႏွင့္ ေမေမ့၏ "အင္း"ဟူေသာ အသံေလးသည္ ခပ္တိုးတိုးထြက္လာသည္။
"ေဟး ဒါမွ ေဖေဖကြ.."
ထိန္လင္းေအာင္ ေပ်ာ္လြန္းလွ၍ ထခုန္မိမတတ္ပင္။ေဖေဖ့ဆီက ခြင့္ျပဳခ်က္ေၾကာင့္ ေမေမ ဘာမွဝင္မေျပာေပ။
ေနာက္ဆုံးတြင္ ေဖေဖ၏ စစ္ကူေၾကာင့္ ေမေမ ေခါင္းမညိတ္ခ်င္ဘဲ ေခါင္းညိတ္သြားသည္။
ထိန္လင္းေဖေဖ့ကို ေက်းဇူးတင္ေနမိသည္။
ေဖေဖ့ေက်းဇူးေၾကာင့္ပင္ မနက္ျဖန္ေက်ာင္းကို ထမင္းခ်ိဳင့္ယူရေတာ့မည္။ေနာင္ရိုးတို႔ ဆုလဲ့တို႔ႏွင့္အတူ ထမင္းအတူတူစားရေတာ့မည္။
ဒီေန႕ညေတာ့ ကြၽန္ေတာ့္ အိမ္မက္ေတြဟာ
မေန႕ကထက္ သိပ္လွေနေတာ့မွာ ေဖေဖ။
ေက်းဇူးတင္ပါတယ္ ေဖေဖ။