(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ

4.1K 965 45
By Xiao_Yiii

Unicode

အခန်း(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ

သွမ့်ယွီယန်ကယန်ထျန်းဟန်မျက်လုံးပေါ်မှ ာရေစိုပဝါတင်ပေးနေသည်။မနက်ဖြန် သူဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေထဲ ဝင်တဲ့အချိန်မှာသူ့မျက်လုံးများဆက်ပြီး ရောင်ကိုင်းနေမှာကိုစိုးနေမိ၏။

သူကယန်ထျန်းဟန်ကိုဆွဲခေါ်ပြီး ထိုင်ဖုံပေါ်မှာထိုင်စေသည်။

"အားဟန်အချစ်လေး..ကိုကို့,ကိုပြော ပြလင်ရွှမ်းဇီကမင်းကိုဘယ်လိုအနိုင် ကျင့်လဲဆိုတာ"

သူတိုင်တန်းရမယ့်တစ်စုံတစ်ယောက် ကိုရှာတွေ့ပြီဖြစ်တာကြောင့်ယန်ထျန်းဟန် ကသူဘယ်လိုကျုံးလီရှန်ရဲ့နှစ်သက်ခြင်း ကိုရရှိခဲ့ကြောင်ူပြီးတော့သူလင်ရွှမ်းဇီ ကိုသူ့အတွေးတွေဘယ်လိုပြောပြ ကြောင်းပြီးတော့အဆုံးမှာလင်ရွှမ်းဇီကို ဘယ်လိုစိတ်ဆိုးအောင်လုပ်လိုက်ပြီး အိမ်ကနေနှင်ထုတ်ခံရကြောင်းများအား တောက်လျှောက်ပြောတော့သည်။

"ပြောကြည့်သူကျွန်တော့ကိုထွက်သွား လို့ပြောတာကမလွန်လွန်းဘူးလား?" ယန်ထျန်းဟန်ကသူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ခဏလေးနေဦး" သမ့်ယွီယန်ကယန်ထျန်းဟန်အား ခက်ခက်ခဲခဲကြည့်လိုက်ပြီးသူ့မျက်လုံး ထဲမှာလေးစားမှုတွေပါဝင်နေသည်။

"မင်းပြောလိုက်တဲ့ထဲမှာသူကမင်းကို ဘယ်လိုဂရုမစိုက်တာတွေမင်းကိုရွံ့ရှာ တာတွေ၊မင်းကိုအထင်သေးတာတွေ ပြီးတော့မင်းကိုဘယ်လိုအစေခံလို ဆက်ဆံလဲဆိုတာတွေပါတယ်ဆို တာသေချာလား?"

"ဟုတ်တယ်" ယန်ထျန်းဟန်ရဲ့ခေါင်းကငိုက်စိုက် ကျနေရင်းဖြင့်ခေါင်းညိမ့်ပြသည်။

"ကျွန်တော်ပြောလိုက်တယ်"

သွမ့်ယွီယန်ကယန်ထျန်းဟန်ရဲ့ သတ္တိအပေါ်မှာလေးစားမိသော် လည်းသူကမျက်မှောင်ကျုံ့မိဆဲပင်။

"အားဟန်ငါ့ကိုအမှန်အတိုင်းပြော မင်းပြောတာတွေကမင်းရဲ့တကယ့် အတွေးအစစ်တွေလား?"

"သေချာပေါက်မဟုတ်ဘူးပေါ့" ယန်ထျန်းဟန်ကငိုယိုနေရင်းဖြင့် ခေါင်းကိုပြင်းပြင်းထန်ထန်ခါပြပြီး ရှင်းပြသည်။

"အဲ့ဒီအချိန်တုန်းကအကိုကြီး ကျွန်တော့အပေါ်ဘယ်လိုအာဏာရှင် ဆန်ဆန်လုပ်နေလဲဆိုတာကိုပဲဒေါသ ထွက်နေတာ..အကိုကြီးကအရေးကြီး တဲ့အကြောင်းအရာတွေကိုလည်း ကျွန်တော့ကိုဖုန်းကွယ်ထားတယ် ဆိုတာကိုတွေးမိတယ်အဲ့ဒါကြောင့် အကိုကြီးကိုကျွန်တော်လုပ်နိုင်တဲ့ နည်းလမ်းပေါင်းစုံသုံးပြီးစိတ်ဆိုး အောင်လုပ်တာဒါပေမဲ့ကျွန်တော့ နှလုံးသားထဲမှာတော့ကျွန်တော် သဘောအကျဆုံးကအကိုကြီးပဲကို"

သွမ့်ယွီယန်ကသူ့လက်ကိုမြှောက်လိုက် ပြီးယန်ထျန်းဟန်ပုခုံးကိုပုတ်ပေးလိုက် ကာခံစားချက်တွေရှုပ်ထွေးသွားသည်။

"မင်းအဲ့ဒီလိုအမှန်တကယ်မတွေးဘူး ဆိုရင်အဆင်ပြေပါတယ်ဒါပေမဲ့အားဟန် ...မင်းပြောတာတွေကမင်းအကိုကြီးကို တကယ်ပဲဝမ်းနည်းသွားစေနိုင်တယ် ဆိုတာကိုရောသိရဲ့လား?မင်းပြောသမျှ စကားလုံးတိုင်းကသူ့ရင်ထဲမှာဆူးတွေ လိုထိုးစိုက်သွားမှာပဲ"

ယန်ထျန်းဟန်ကအံ့အားသင့်သွားပြီး သွမ့်ယွီယန်အားငေးကြည့်နေသည်။

"ငါ့အချစ်လေးအားဟန်ရယ်..စဉ်းစား ကြည့်စမ်း..အကယ်၍မင်းအကိုကြီးက အဲ့ဒီစကားလုံးတွေမင်းကိုပြောလာမယ် ဆိုရင်မင်းဘယ်လိုခံစားရမလဲ?"

သွမ့်ယွီယန်ကလင်ရွှမ်းဇီထက်စာရင် ယန်ထျန်းဟန်အားပိုပြီးနီးစပ်သော် လည်းဘာနိယာမမှမရှိပဲယန်ထျန်းဟန် ကိုဒီအတိုင်းအလိုလိုက်အကြိုက်ဆောင် မပြောနိုင်ပေ။

လင်ရွှမ်းဇီကတကယ့်ကိုစိတ်ကသိက အောက်ဖြစ်စေပြီးနားလည်မှုလွဲခြင်း တွေအလွယ်တကူဖြစ်ပေါ်စေနိုင်သေ်ာ လည်းလင်ရွှမ်းဇီမှာဒီလိုလုပ်ရမယ့်သူ့ ကိုယ်ပိုင်အကြောင်းပြချက်ရှိလိမ့်မည် ပြီးတော့ထိုအကြောင်းပြချက်များက လည်းမသိတဲ့သူတွေကထင်သလို မှတ်ယူနိုင်မယ့်အရာမျိုးမဟုတ်ဘူး ဖြစ်သည်။ယနေ့အချိန်မှာလူတိုင်းက လင်ရွှမ်းဇီနဲ့ယန်ထျန်းဟန်တို့ဟာနီးစပ် တဲ့ညီအစ်ကိုတွေလို့အပေါ်ယံမှာ ထင်ရသော်လည်းတကယ်တမ်း တစ်ယောက်နဲ့တစ်ယောက်က အတွင်းမှာကြောက်နေကြပြီးသူတို့ ခံစားချက်များအားလုံးကအတု အယောင်တွေလို့ပြောနေကြသည်။

သွမ့်ယွီယန်ကထိုကဲ့သို့မှတ်ချက်မျိုး ကြားတိုင်းသူတို့အားဒေါသတကြီး အော်ရန်ထခုန်မိမတတ်ပင်။လင်ရွှမ်းဇီ ကယန်ထျန်းဟန်ကိုဘယ်လိုဆက်ဆံလဲ ဆိုတာသူလောက်ဘယ်သူမှရှင်းရှင်း လင်းလင်းမသိနိုင်ပေ။

လင်ရွှမ်းဇီကအစပိုင်းမှာတော့ အမှန်တကယ်ကိုအဲ့ဒီလိုမဟုတ်ပဲ အနည်းငယ်ရှုပ်ထွေးသော်လည်း သူလက်မှုပညာရှင်မီးဝိဉာဉ်ကို နှိုးဆွနိုင်ခဲ့ကတည်းကသူဘယ်လို မျိုးယန်ထျန်းဟန်အားဆက်ဆံလဲ ဆိုတာသွမ့်ယွီယန်ကအသေးစိတ်လေး ကအစမြင်နိုင်ခဲ့သည်။

ထို့ကြောင်လည်းယူယန်က လင်ရွှမ်းဇီအစားစကားပြောပေး ချင်နေခြင်းပင်။

ယန်ထျန်းဟန်ကတိတ်တိတ်လေး စိုက်ကြည့်နေပြီးတစ်ခြားရှုထောင့် မှစဉ်းစားကြည့်လာသည်။

အကယ်၍သူသာလင်ရွှမ်းဇီဖြစ်ပြီး သူ့ညီလေးကသာအဲ့ဒီလိုစကားမျိုး သူ့ကိုပြောလာခဲ့မယ်ဆိုရင်....

ယန်ထျန်းဟန်မှာလျှပ်စီးနဲ့အရိုက်ခံ လိုက်ရသလိုခံစားလိုက်ရသည်။သူ တစ်ကိုယ်လုံးလည်းတောင့်တင်းသွားရ၏။

သူ..သူနောက်တစ်ကြိမ်နှုတ်ခမ်း ကိုက်ပြီးအော်ငိုချင်လာပြီ!

ထိုပုံစံကိုမြင်သောအခါသမ့်ယွီယန်က အလျင်အမြန်ထပ်ပေါင်းပြောသည်။

"အဲ့ဒါကြောင့်ပြောတာမင်းအကိုကြီး လည်းဝမ်းနည်းနိုင်တယ်လေ...သူ့ပုံစံ ကဘယ်လိုဓားဘယ်လိုအဆိပ်မျိုးမှ သူ့ကိုမထိုးဖောက်နိုင်ဘူးဆိုတဲ့ပုံစံ ဆိုပေမယ့်အဆုံးသတ်မှာလူသားတွေ ရဲ့နှလုံးသားကအသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာပဲမဟုတ်ဘူးလား?"

ယန်ထျန်းဟန်ကတစ်ကိုယ်လုံး တုန်ယင်ပြီးထိုင်မရထမရဖြစ်နေသည်။

"ဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲ? ကျွန်တော့အကိုကြီးကျွန်တော်ပြော တာတွေကိုယုံနေလားမသိဘူး?"

"ဘယ်သူသိမှာလဲ?"သွမ့်ယွီယန်ကကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။

"ငါကသူမဟုတ်ဘူးလေ..အကယ်၍ သူတကယ်မယုံကြည်ဘူးဆိုရင်တောင် အလွှဲမရှောင်နာကျင်ပြီးဝမ်းနည်းတာ တော့ခံစားရမှာပဲ"

ယန်ထျန်းဟန်ကပြန်သွားပြီးလင်ရွှမ်းဇီ နှင့်ရှင်းလင်းချင်သည်။သူပြောခဲ့တဲ့ ကြောက်စရာပေါက်ကရစကားများ ကြောင့်လင်ရွှမ်းဇီဘယ်လိုဝမ်းနည်းနေ မလဲဆိုတာစဉ်းစားမိတာနဲ့သူ့နှလုံးသား ကအလွန်စိတ်ထိခိုက်သွားမိသည်။

သို့သော်လင်ရွှမ်းဇီကသူ့ကိုဘယ်လိုမျိုး ထွက်သွားလို့ပြောလဲဆိုတာကိုပြန်စဉ်း စားမိသောအခါသူ့တင်ပါးကနူးညံ့တဲ့ ထိုင်ဖုံပေါ်မှာသာပြန်ကျသွားရသည်။

ယန်ထျန်းဟန်တင်ပါးကနောက် တစ်ခါပြန်ထိုင်ချလိုက်သည်။

"ကျွန်တော်မပြန်သွားချင်ဘူး" ယန်ထျန်းဟန်ကသူ့နှာခမ်းကို ကိုက်လိုက်သည်။

"ကျွန်တော်တကယ်ပဲအဲ့ဒီလိုစကားမျိုး တွေမပြောလိုက်သင့်ဘူးဒါပေမဲ့သူက လက်ထပ်တော့မယ်ဆိုတာနဲ့တစ်ခြား ဂိုဏ်းကိုသွားတော့မယ်ဆိုတာ ကျွန်တော့ကိုမသိစေချင်ဘူးလေ..သူက ကျွန်တော့အတွက်ဆုံးဖြတ်ချက်တွေ ချပေးပြီးကျွန်တော်ရှင်းပြတာကိုကြ တော့နားမထောင်ဘူးအကုန်လုံးမှား နေတာတော့မဟုတ်ဘူး"

"ဟုတ်ပါတယ်ဒါပေမဲ့........."

"ကျွန်တော်ဒီနေ့ဒီမှာပဲနေမယ်" ယန်ထျန်းဟန်ကရှင်းရှင်းလင်းလင်း ကိုဒေါသထွက်နေဆဲပင်။သူကသွမ့်ယွီယန် အားသနားစရာကောင်းစွာစိုက်ကြည့် လိုက်သည်။

"ကိုကိုယွီယန်...ကျွန်တော့ကို တစ်ညလောက်တော့ခေါ်ထားပေးပါနော်"

သွမ့်ယွီယန်သည်လည်းသဘာဝကျကျ ပဲယန်ထျန်းဟန်အားမောင်းထုတ်မှာ မဟုတ်ပေ။သူသည်လည်းဒီနေ့ နှစ်ယောက်သားကစိတ်တွေပူလောင် နေဆဲဖြစ်တာကြောင့်သူတို့စိတ်တွေ တည်ငြိမ်သွားစေရန်ခဏလောက်တော့ ခွဲနေတာကောင်းလိမ့်မည်ဟုတွေးမိ သည်။သူတို့မနက်ဖြန်ပြန်တွေ့ကြရင် ပြန်သင့်မြတ်သွားဖို့ဖြစ်နိုင်တာပဲလေ။

ထို့ကြောင်သွမ့်ယွီယန်ကဆက်ပြီး မဖြေရှင်းနေတော့ပဲယန်ထျန်းဟန် အားသူ့နေရာမှာနေဖို့ပြင်ဆင်ပေး လိုက်သည်။ထို့နောက်ထကာအခန်းထဲ မှထွက်သွား၍အသံကူးပြောင်းခေါင်း လောင်းလေးအားထုတ်ကာအကြိမ် အနည်းငယ်လှုပ်ခါ၍လင်ရွှမ်းဇီထံ သတင်းပို့လိုက်သည်။

"အားဟန်ကိုရှာတွေ့ပြီလား?" လင်ရွှမ်းဇီရဲ့ကြည်လင်တဲ့အသံ ကအနည်းငယ်အက်ရှရှဖြစ်နေသည်။

တစ်ဖက်လူရဲ့ခံစားချက်ကလည်း ပိုပြီးကောင်းစရာမရှိဘူးဆိုတာ သွမ့်ယွီယန်မျှော်လင့်ထားပြီးသားပင်ထို့ ကြောင့်သူကရိုးရှင်းစွာသာပြန်ဖြေ လိုက်သည်။

"သူငါ့နေရာကိုသူ့ဘာသာသူပြေး လာတယ်မင်းခန့်မှန်းတာတော်တော် လေးတိကျပါတယ်"

လင်ရွှမ်းဇီကစိတ်သက်သာရာ ရစွာသက်ပြင်းချလိုက်သည်။

"သူယုံကြည်တဲ့တစ်ယောက် တည်းသောသူကမင်းပဲလေ"

ထိုစကားကိုသွမ့်ယွီယန်ကြားသော အခါအတော်လေးကျေနပ်ရောင့်ရဲ သွားသလိုခံစားရသည်။

"အားဟန်ဒီညငါ့ဆီမှာနေလိမ့်မယ် မနက်ဖြန်ရောက်မှသူ့ကိုမင်းဆီခေါ် လာပေးမယ်...သူတော်တော်လေး ကြာအောင်ငိုထားတယ်ထင်တယ် သူ့မျက်လုံးတွေအကုန်လုံးရောင် ကိုင်းနေပြီ...သူပြောခဲ့တဲ့စကားတွေ ကစိတ်ထဲကမပါပါဘူးကွာအဲ့ဒါ ကြောင့်အဲ့ဒီကလေးနဲ့ဖက်ဖြစ်မနေနဲ့တော့"

လင်ရွှမ်းဇီကအချိန်တော်တော် ကြာသည်အထိတိတ်ဆိတ်သွားပြီး မှခပ်ဖျော့ဖျော့ပြောလာသည်။

"သူအဲ့ဒါတွေအားလုံးစိတ်ထဲက တော့မပါပါဘူးဒါပေမဲ့တစ်ချို့က တော့ပါလိမ့်မယ်...ငါကသူ့ကိုအသေး အဖွဲကိစ္စလေးတေနဲ့ဖက်ဖြစ်ချင်နေ တာမဟုတ်ဘူးသူကသာငါ့ကိုဖက် ပြီးဖြစ်ချင်နေတာ"

သွမ့်ယွီယန်ကအလေးအနက် ထားအကြံပေးသည်။

"အားဟန်ရဲ့ပုံစံကအတော်လေး အကောင်းမြင်တတ်ပြီးရိုးသား တယ်ဆိုပေမယ့်သူ့ကိုယ်သူ နိမ့်ကျတယ်လို့ထင်နေတဲ့ ခံစားချက်ကအရမ်းပြင်းထန် နေတယ်ဆိုတာတော့မင်းနားလည် မှာပါပြီးတော့သူကအရမ်းကိုအထိ မခံဘူးအကယ်၍မင်းနှလုံးသားက သူ့အတွက်နာကျင်ရတယ်ဆိုရင် သူ့ကိုပိုပြီးသည်းခံပေးသင့်တယ်"

"ငါသိပါတယ်" လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ပြန်ပြောသည်။

"ဒါပေမဲ့သူကအခက်အခဲအနည်းငယ် လောက်ကိုတောင်မခံနိုင်ဘူးဖြစ်နေတယ်"

သွမ့်ယွီယန်ကခေါင်းညိမ့်ပြသည်။ သူကသူ့အိမ်ကညီလေးကိုပြန်စဉ်း စားလိုက်မိပြီးဘယ်လောက်တောင် သူဆိုးသွမ်းလာတယ်ဆိုတာကိုတွေးမိသည်။

လင်ရွှမ်းဇီကပြောလိုက်၏။

"ငါတို့မနက်ဖြန်ဆေးလုံးကန့်သတ် လျို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင် ရင်သူ့ကိုမင်းနောက်ကအရင်လိုက် လာပါစေသူ့မှာဖြတ်သန်းခွင့်ရှိတယ်"

သွမ့်ယွီယန်ကအလွန်အံ့အားသင့် သွားပြီးသူ့မျက်ခုံးများပင်မြင့် တက်သွားရ၏။

"မင်းတကယ်ပဲသူ့ကိုလာပြီး ဂရုမစိုက်ပေးတော့ဘူးလား?"

"ငါမင်းတို့နှစ်ယောက်နောက်က လိုက်ခဲ့မယ်အရင်ဆုံးအခြေအနေ ကိုကြည့်ကြတာပေါ့"

သွမ့်ယွီယန်ကခဏမျှတွန့်ဆုတ်နေမိသည်

"သူတော်တော်လေးဝမ်းနည်းနေတာ မင်းသူ့ကိုနည်းနည်းလောက်ပိုပြီးခံစား စေဖို့ရည်ရွယ်ထားတယ်ဆိုရင်တောင် သိပ်ပြီးတော့မကြာပါစေနဲ့"

"စိတ်မပူပါနဲ့ငါမလုပ်ပါဘူး" လင်ရွှမ်းဇီကခါးသက်စွာရယ်လိုက်သည်။

"ငါအမြဲတမ်းသူ့အပေါ်နူးနူးညံ့ညံ့ ဆက်ဆံတာပါ"

သွမ့်ယွီယန်ကတစ်ခုခုကိုဆက်ပြီး ပြောချင်သော်လည်းအဆုံးမှာ လင်ရွှမ်းဇီကသူ့အသံကူးပြောင်း ခေါင်းလောင်းကိုအဝေးသို့ထား လိုက်ပြီဖြစ်သည်။

သွမ့်ယွီယန်မှာဘာမှမတတ်နိုင်ပဲ ဝမ်းနည်းစွာလျှာကိုသာကိုက်ထား လိုက်မိတော့သည်။ညီအစ်ကိုတွေ ကတကယ်ပဲတစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးမနီးစပ်သင့်ဘူး...အကယ်၍ အဲ့ဒါကသူနဲ့သွမ့်ယွီဟောင်သာဆိုရင် အရာအားလုံးကတိုက်ခိုက်ခြင်းနဲ့ပဲ အဆုံးသတ်သွားမှာသူတို့တိုက်ပွဲက ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ပဲ သူတို့စိတ်နဲ့ဝိဉာဏ်တွေကိုထိခိုက်စေ လိမ့်မယ်

သွမ့်ယွီယန်ကသူ့အခန်းထဲသို့ပြန်တော့ မယ့်အချိန်မှာသူ့အသံကူးပြောင်းေး ခေါင်းလောင်းလေးကနောက်တစ်ဖန် ပြန်ခါလာသည်။

"နောက်တစ်ချက်" လင်ရွှမ်းဇီကအလေးအနက် ထားပြောလိုက်သည်။

"ဒီညအားဟန်ကိုကြမ်းပြင်ပေါ် မအိပ်စေနဲ့မင်းသူ့ကိုနောက်အိပ်ယာ တစ်ခုနဲ့စောင်တစ်ခုပေးရမယ်"

"ငါကကလေးတစ်ယောက်ကို ဒီလောက်ထိအနိုင်မကျင့်ပါဘူးဟ စိတ်မပူနဲ့ငါ့စောင်ကအလုံအလောက် ကိုကျယ်လည်းကျယ်တယ်နွေး လည်းနွေးတယ်"

"ငါဆိုလိုတာကမင်းတို့နှစ်ယောက် သီးခြားဆီအိပ်ရမယ်လို့"

သွမ့်ယွီယန်, "..."

လခွမ်း...သူ့မိသားစုရဲ့အချစ်လေး ဟန်ဟန်နဲ့အိပ်ယာတစ်ခုတည်း အတူတူအိပ်တာဘာများမှားနေလို့လဲ? လင်ရွှမ်းဇီကအရမ်းခေါင်းမာပြီး ပိုင်ဆိုင်လိုစိတ်ကြီးလွန်းတာ မဟုတ်ဘူးလား?

မေ့လိုက်ပါတော့အားဟန်က အရမ်းကိုနာခံမှုရှိပြီးချစ်စရာ ကောင်းနေမှတော့ငါ,သခင်လေးသွမ့် ကလည်းလင်ရွှမ်းဇီနဲ့ဒီကိစ္စလောက်ကို ရန်ဖြစ်မနေတော့ပါဘူး

နောက်တစ်နေ့မနက်မှာနောက်ဆုံး ယှဉ်ပြိုင်ပွဲသို့ဝင်ရောက်ရတော့မည့် မိသားစုတစ်ရာစုဝေးပွဲတွင်ပါဝင်သည့် ကျောင်းသားတိုင်းကောင်းကင် တောင်ထွတ်ဂိုဏ်း၏ပင်မဝင်ပေါက် မှာစုဝေးကြသည်။

ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ ကကောင်းကင်တောင်ထွတ်ဂိုဏ်းမှ အဂ္ဂီရတ်ပညာရှင်ချန်ထားပေးခဲ့သော မြေဖြစ်သည်။အဲ့ဒါကဆယ်စုနှစ်ဒါမှ မဟုတ်ရာစုနှစ်လောက်မှသာတစ် ကြိမ်ပွင့်တတ်ပြီးကောင်းကင်တောင် ထွတ်ဂိုဏ်းရဲ့ဂိတ်ဝမှာတည်ရှိသည်။ ဒီတစ်ခေါက်ဖွင့်ရက်ကကောင်းကင် တောင်ထွတ်ဂိုဏ်းမှနတ်ဆရာမှ တွက်ချက်ထားခြင်းဖြစ်၏။

လျို့ဝှက်မြေမပွင့်ခင်မှာကျောင်းသား အားလုံးတိတ်တဆိတ်တီးတိုးပြော နေကြသည်။အားလုံးကသူူတို့လက် များကိုပွတ်သပ်နေကြပြီးသူတို့ရဲ့ ကျွမ်းကျင်မှုကိုပြသရန်မစောင့်နိုင် ကြတော့ပေ။

လင်ရွှမ်းဇီကလင်မိသားစုဝင် အားလုံးကိုပင်မဝင်ပေါက်သို့ ခေါ်လာလိုက်သည်။

လင်ရွှမ်းဇီပေါ်လာသည်နှင့်သူ့ ဘေးမှလူတော်တော်များများကသူ့ ကိုကပ်ရန်ကြိုးစားကြတော့လေသည်။

"လက်မှုပညာရှင်လင်...ကျုပ်ကြား တာတော့ဆေးလုံးကန့်သတ်လျို့ဝှက် မေထဲမှာယန္တရားတွေနေရာတိုင်းရှိနေ တယ်တဲ့ကျုပ်တို့နဲ့အတူသွားပါလား? အဲ့ဒါဆိုကျုပ်တို့ခင်ဗျားကိုစောင့် ရှောက်ပေးဖို့ပိုလွယ်ကူသွားလိမ့်မယ်"

"အဲ့ဒါကပြဿနာတွေပဲအများကြီး ယူလာမှာကျုပ်တို့ဝင်ပေါက်တွေက မတူဘူးကျုပ်တို့တွေ့တောင်တွေ့ပါ့မ လားဆိုတာမသိနိုင်တာကို"

တစ်ခြားလူတစ်ယောက်ကထပ်ပြောသည်။

"လက်မှုပညာရှင်လင်...ကျုပ်ကြား တာတော့လျို့ဝှက်မြေကဒီတစ်ခေါက် တစ်လအပြည့်ဖွင့်မှာတဲ့လက်မှုပညာ ရှင်လင်အနေနဲ့အထဲမှာပစ္စည်းတစ်ခုခု များထွင်းထုဖို့ရည်ရွယ်ထားသေးလား?"

"သေချာပေါက်အဲ့ဒါကအထဲက အခြေအနေပေါ်ပဲမူတည်မှာပေါ့"

"အာ..ကျုပ်လက်မှုပညာရှင်လင် နဲ့စကားခဏလောက်ပြောလို့ရမလား?"

တစ်ခြားမိသားစုတစ်ခုကသခင်လေး ကတောက်ပတဲ့မျက်လုံးများနဲ့ပြော လာသည်။

"ကျုပ်ဘေးမှာအလောတကြီးထား ဖို့လိုနေတဲ့မှော်ကိရိယာရှိနေလို့ အကယ်၍အချိန်လေးရှိမယ်ဆိုရင်...."

လင်ရွှမ်းဇီကပြုံးနေသော်လည်း ဘာမှမပြောပေသူ့အကြည့်က သွမ့်မိသားစုဆီသာရောက်ရှိနေသည်။

ယန်ထျန်းဟန်ကသွမ့်ယွီယန်ရည်ညွှန်း သလိုသနားစရာကောင်းတယ်လို့မ ထင်ရပေ။အနည်းဆုံးတော့သူက ခုန်ပေါက်ပြေးလွှားရင်းသွမ့်ယွီယန်နဲ့ ပျော်ရွှင်စွာစကားပြောနေသည်။

"ရွှမ်းဇီ..ဘာလို့မင်းညီလေး ဒီနေ့မင်းနောက်ကလိုက်မလာတာလဲ?"

ထိုစကားတစ်ခွန်းကလင်ရွှမ်းဇီအားသူ့ ရဲ့လှည့်လည်နေသောအတွေးများထဲ ကပြန်ဆွဲထုတ်လိုက်သည်။

ဂျီယွန်ဝေကအမြီးကိုးချောင်းမြေခွေးရဲ့ လည်သည်းကိုကိုင်၍လင်ရွှမ်းဇီအား ဝှေ့ယမ်းပြနေသည်။

လင်ရွှမ်းဇီရဲ့အကြည့်ကပြောင်းရွှေ့ သွားပြီးဂျီယွန်ဝေအားပြန်ကြည့်လိုက်သည်။

"ခင်ဗျားလည်းဝင်တာလား?"

ဂျီယွန်ဝေကခေါင်းခါပြသည်။

"မဝင်ပါဘူးငါကဂျီမိသားစုတွေကိုပဲ ယှဉ်ပြိုင်ပွဲမှာပါဝင်ဖို့ခေါ်လာပေးတာ.. ငါတကယ်တော့ဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေကိုစိတ်မဝင်စားဘူး ပြီးတော့တစ်လကတော်တော်လေး ကြာတယ်ငါ့အတွက်ကတော့အပြင် မှာလျှောက်သွားနေရတာကပိုကောင်းတယ်"

ဂျီယွန်ဝေရဲ့နောက်မှာဂျီမိသားစုဝင် များမတ်တပ်ရပ်နေကြသည်။ဂျီမိသားစု ကအတော်လေးထူးခြားတဲ့အသွင် အပြင်များရှိကြလေသည်...တပည့် တိုင်းကနတ်ဆိုးသားရဲတစ်ကောင် သို့မဟုတ်နှစ်ကောင်ခြံရံနေပြီး ထိုနတ်ဆိုးသားရဲများရဲ့အဆင့်သည် လည်းမနိမ့်ကြပေ။

လင်ရွှမ်းဇီကပြောလိုက်သည်။

"ခင်ဗျားအဲ့ဒီနတ်မြေခွေးနဲ့အဆင်ပြေလား?"

ဂျီယွန်ဝေကရယ်မောလိုက်ပြီး အတော်လေးစိတ်ကျေနပ်နေသည် မှာရှင်းလင်းနေသည်။

"ငါတို့အဆင်ပြေတယ်သေချာပေါက် ငါတို့အဆင်ပြေတာပေါ့....ပြင်းထန်တဲ့ သားရဲတော်တော်များများကိုမွေးမြူပြီး နောက်မှာရုတ်တရက်ငါ့အကြိုက် ပြောင်းသွားပြီးဘယ်လိုမျိုးချွဲ့နွဲ့ရမလဲ သိတဲ့ပါးနပ်လိမ္မာပါးနပ်တဲ့သတ္တဝါငယ် လေးတစ်ကောင်ကိုမွေးမြူရတာ အတော်လေးရှားပါးတာကို"

လင်ရွှမ်းဇီကမှတ်ချက်မပေး တော့ပဲပြုံးရုံသာပြုံးနေလိုက်သည်။

ပိုင်လီမိသားစုမှအဖွဲ့ဝင်တော်တေ်ာ များများလည်းရောက်ရှိလာပြီဖြစ် သည်။ပိုင်လီယွင်ရှန်ကပိုင်လီယွင် စုန့်ကိုဆွဲခေါ်လာပြီးလင်ရွှမ်းဇီ ကိုမြင်သောအခါစိတ်လှုပ်ရှားစွာ ပြောလေသည်။

"အကိုကြီးလင်..ကျွန်တော်တို့နဲ့ အတူတူသွားချင်လား?"

ဤသခင်ငယ်လေးမှလွဲ၍ကျန်တဲ့ ပိုင်လီမိသားစုတိုင်းကအခြေခံ ကျင့်ကြံသူများဖြစ်ကြပြီးထို အခြေခံကျင့်ကြံသူတိုင်းကဒီ သခင်ငယ်လေးကိုကာကွယ် စောင့်ရှောက်ရန်လိုက်လာခြင်း ဖြစ်ကြောင်းတစ်ချက်ကြည့်တာနဲ့ လင်ရွှမ်းဇီပြောနိုင်သည်။

လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ဒါလည်းကောင်းတာပဲလေ"

ပိုင်လီယွင်ရှန်ကဝမ်းသာအားရ ကြိုဆိုလေသည်။

ဂျီယွန်ဝေကသူ့မိသားစုကလူများ အားလင်ရွှမ်းဇီနောက်ကနေတွဲချည် ပေးလိုက်ဖို့ကိုစိတ်အနှောင့်အယှက် မပေးချင်သော်လည်းသူကဂျီမိသားစု ကသခင်လေးတစ်ယောက်အနေနဲ့ သူ့တာဝန်ကိုဆက်လက်ကိုင်ဆောင် ထားရသည်။

"အကယ်၍ဖြစ်နိုင်ရင်ငါ့မိသားစု ကလူအနည်းငယ်ကိုရောခေါ်သွား ပေးလို့ဖြစ်မလား?"

ဂျီမိသားစုကလူငယ်လေးများမှာ လင်ရွှမ်းဇီအားစိတ်အားထက်သန် စွာစိုက်ကြည့်နေကြတော့သည်။

လင်ရွှမ်းဇီကပြုံးလိုက်လေသည်။

"ပြဿနာမရှိပါဘူး"

ဂျီယွန်ဝေကသူ့နောက်ကဂျီမိသားစု ကျောင်းသားလေးရဲ့ပုခုံးကိုပုတ်လိုက်သည်။

"သခင်လေးလင်နောက်ကသေချာ လိုက်သွား,ပြီးတော့မဆိုးနဲ့!"

"အမ်း,အမ်း!"

သွမ့်မိသားစုကလင်မိသားစုနှင့် သိပ်တော့မဝေးပေသို့သော် သွမ့်မိသားစုနဲ့ရပ်နေကြသည့်လူတိုင်း ကအထက်တန်းလွှာကလူများဖြစ်ကြသည်။

သွမ့်ယွီဟောင်ရဲ့အကြည့်ကယန်ထျန်းဟန် ဆီရောက်သွားပြီးရွံရှာဟန်နှင့်မျက်မှောင် ကျုံ့လိုက်သည်။

"ဘာလို့သူကငါတို့သွမ့်မိသားစု အဖွဲ့ထဲပါနေတာလဲ?"

သွမ့်ယွီယန်ကသူ့ကိုသဘောမတူဟန် နှင့်ကြည့်လိုက်သည်။

"ဂုဏ်သရေရှိတဲ့ငါကသူ့ကိုလာခိုင်း ထားတာမင်းမှာအဲ့ဒါနဲ့ပတ်သတ်ပြီး ပြောစရာတစ်ခုခုရှိလို့လား?"

သွမ့်ယွီဟောင်ကသူပြောချင်တာကို ပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲသွမ့်ယွီယန် ရဲ့တားဆီးပိတ်ပင်ခြင်းကိုခံလိုက်ရသည်။

"ထိန်းထားမပြောနဲ့ဘယ်လိုပဲ ဖြစ်ဖြစ်ငါနားထောင်မှာမဟုတ်ဘူး"

သွမ့်ယွီဟောင် , "..."

သေစမ်းသူတကယ်ပဲ သွမ့်ယွီယန်ကိုစိတ်တိုတယ်

.........................................

Next Episode

သခင်မလေးရှန်


.........................................
Zawgyi

အခန္း(212) - ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္ဆန္းၾကယ္ေျမ

သြမ့္ယြီယန္ကယန္ထ်န္းဟန္မ်က္လံုးေပၚမွာေရစိုပဝါတင္ေပးေနသည္။မနက္ျဖန္ သူေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္နယ္ေျမထဲ ဝင္တဲ့အခ်ိန္မွာသူ႔မ်က္လံုးမ်ားဆက္ၿပီး ေရာင္ကိုင္းေနမွာကိုစိုးေနမိ၏။

သူကယန္ထ်န္းဟန္ကိုဆြဲေခၚၿပီး ထိုင္ဖံုေပၚမွာထိုင္ေစသည္။

"အားဟန္အခ်စ္ေလး..ကိုကို႔,ကိုေျပာ ျပလင္ရႊမ္းဇီကမင္းကိုဘယ္လိုအႏိုင္ က်င့္လဲဆိုတာ"

သူတိုင္တန္းရမယ့္တစ္စံုတစ္ေယာက္ ကိုရွာေတြ႕ၿပီျဖစ္တာေၾကာင့္ယန္ထ်န္းဟန္ ကသူဘယ္လိုက်ံဳးလီရွန္ရဲ႔ႏွစ္သက္ျခင္း ကိုရရွိခဲ့ေၾကာင္ူၿပီးေတာ့သူလင္ရႊမ္းဇီ ကိုသူ႔အေတြးေတြဘယ္လိုေျပာျပ ေၾကာင္းၿပီးေတာ့အဆံုးမွာလင္ရႊမ္းဇီကို ဘယ္လိုစိတ္ဆိုးေအာင္လုပ္လိုက္ၿပီး အိမ္ကေနႏွင္ထုတ္ခံရေၾကာင္းမ်ားအား ေတာက္ေလွ်ာက္ေျပာေတာ့သည္။

"ေျပာၾကည့္သူကၽြန္ေတာ့ကိုထြက္သြား လို႔ေျပာတာကမလြန္လြန္းဘူးလား?" ယန္ထ်န္းဟန္ကသူ႔ႏႈတ္ခမ္းကို ကိုက္လိုက္သည္။

"ခဏေလးေနဦး" သမ့္ယြီယန္ကယန္ထ်န္းဟန္အား ခက္ခက္ခဲခဲၾကည့္လိုက္ၿပီးသူ႔မ်က္လံုး ထဲမွာေလးစားမႈေတြပါဝင္ေနသည္။

"မင္းေျပာလိုက္တဲ့ထဲမွာသူကမင္းကို ဘယ္လိုဂ႐ုမစိုက္တာေတြမင္းကိုရြံ႔ရွာ တာေတြ၊မင္းကိုအထင္ေသးတာေတြ ၿပီးေတာ့မင္းကိုဘယ္လိုအေစခံလို ဆက္ဆံလဲဆိုတာေတြပါတယ္ဆို တာေသခ်ာလား?"

"ဟုတ္တယ္" ယန္ထ်န္းဟန္ရဲ႔ေခါင္းကငိုက္စိုက္ က်ေနရင္းျဖင့္ေခါင္းညိမ့္ျပသည္။

"ကၽြန္ေတာ္ေျပာလိုက္တယ္"

သြမ့္ယြီယန္ကယန္ထ်န္းဟန္ရဲ႔ သတၱိအေပၚမွာေလးစားမိေသာ္ လည္းသူကမ်က္ေမွာင္က်ံဳ႔မိဆဲပင္။

"အားဟန္ငါ့ကိုအမွန္အတိုင္းေျပာ မင္းေျပာတာေတြကမင္းရဲ႔တကယ့္ အေတြးအစစ္ေတြလား?"

"ေသခ်ာေပါက္မဟုတ္ဘူးေပါ့" ယန္ထ်န္းဟန္ကငိုယိုေနရင္းျဖင့္ ေခါင္းကိုျပင္းျပင္းထန္ထန္ခါျပၿပီး ရွင္းျပသည္။

"အဲ့ဒီအခ်ိန္တုန္းကအကိုႀကီး ကၽြန္ေတာ့အေပၚဘယ္လိုအာဏာရွင္ ဆန္ဆန္လုပ္ေနလဲဆိုတာကိုပဲေဒါသ ထြက္ေနတာ..အကိုႀကီးကအေရးႀကီး တဲ့အေၾကာင္းအရာေတြကိုလည္း ကၽြန္ေတာ့ကိုဖုန္းကြယ္ထားတယ္ ဆိုတာကိုေတြးမိတယ္အဲ့ဒါေၾကာင့္ အကိုႀကီးကိုကၽြန္ေတာ္လုပ္ႏိုင္တဲ့ နည္းလမ္းေပါင္းစံုသံုးၿပီးစိတ္ဆိုး ေအာင္လုပ္တာဒါေပမဲ့ကၽြန္ေတာ့ ႏွလံုးသားထဲမွာေတာ့ကၽြန္ေတာ္ သေဘာအက်ဆံုးကအကိုႀကီးပဲကို"

သြမ့္ယြီယန္ကသူ႔လက္ကိုေႁမွာက္လိုက္ ၿပီးယန္ထ်န္းဟန္ပုခံုးကိုပုတ္ေပးလိုက္ ကာခံစားခ်က္ေတြရႈပ္ေထြးသြားသည္။

"မင္းအဲ့ဒီလိုအမွန္တကယ္မေတြးဘူး ဆိုရင္အဆင္ေျပပါတယ္ဒါေပမဲ့အားဟန္ ...မင္းေျပာတာေတြကမင္းအကိုႀကီးကို တကယ္ပဲဝမ္းနည္းသြားေစႏိုင္တယ္ ဆိုတာကိုေရာသိရဲ႔လား?မင္းေျပာသမွ် စကားလံုးတိုင္းကသူ႔ရင္ထဲမွာဆူးေတြ လိုထိုးစိုက္သြားမွာပဲ"

ယန္ထ်န္းဟန္ကအံ့အားသင့္သြားၿပီး သြမ့္ယြီယန္အားေငးၾကည့္ေနသည္။

"ငါ့အခ်စ္ေလးအားဟန္ရယ္..စဥ္းစား ၾကည့္စမ္း..အကယ္၍မင္းအကိုႀကီးက အဲ့ဒီစကားလံုးေတြမင္းကိုေျပာလာမယ္ ဆိုရင္မင္းဘယ္လိုခံစားရမလဲ?"

သြမ့္ယြီယန္ကလင္ရႊမ္းဇီထက္စာရင္ ယန္ထ်န္းဟန္အားပိုၿပီးနီးစပ္ေသာ္ လည္းဘာနိယာမမွမရွိပဲယန္ထ်န္းဟန္ ကိုဒီအတိုင္းအလိုလိုက္အႀကိဳက္ေဆာင္ မေျပာႏိုင္ေပ။

လင္ရႊမ္းဇီကတကယ့္ကိုစိတ္ကသိက ေအာက္ျဖစ္ေစၿပီးနားလည္မႈလြဲျခင္း ေတြအလြယ္တကူျဖစ္ေပၚေစႏိုင္ေသ္ာ လည္းလင္ရႊမ္းဇီမွာဒီလိုလုပ္ရမယ့္သူ႔ ကိုယ္ပိုင္အေၾကာင္းျပခ်က္ရွိလိမ့္မည္ ၿပီးေတာ့ထိုအေၾကာင္းျပခ်က္မ်ားက လည္းမသိတဲ့သူေတြကထင္သလို မွတ္ယူႏိုင္မယ့္အရာမ်ိဳးမဟုတ္ဘူး ျဖစ္သည္။ယေန႔အခ်ိန္မွာလူတိုင္းက လင္ရႊမ္းဇီနဲ႔ယန္ထ်န္းဟန္တို႔ဟာနီးစပ္ တဲ့ညီအစ္ကိုေတြလို႔အေပၚယံမွာ ထင္ရေသာ္လည္းတကယ္တမ္း တစ္ေယာက္နဲ႔တစ္ေယာက္က အတြင္းမွာေၾကာက္ေနၾကၿပီးသူတို႔ ခံစားခ်က္မ်ားအားလံုးကအတု အေယာင္ေတြလို႔ေျပာေနၾကသည္။

သြမ့္ယြီယန္ကထိုကဲ့သို႔မွတ္ခ်က္မ်ိဳး ၾကားတိုင္းသူတို႔အားေဒါသတႀကီး ေအာ္ရန္ထခုန္မိမတတ္ပင္။လင္ရႊမ္းဇီ ကယန္ထ်န္းဟန္ကိုဘယ္လိုဆက္ဆံလဲ ဆိုတာသူေလာက္ဘယ္သူမွရွင္းရွင္း လင္းလင္းမသိႏိုင္ေပ။

လင္ရႊမ္းဇီကအစပိုင္းမွာေတာ့ အမွန္တကယ္ကိုအဲ့ဒီလိုမဟုတ္ပဲ အနည္းငယ္ရႈပ္ေထြးေသာ္လည္း သူလက္မွဳပညာရွင္မီးဝိဉာဥ္ကို ႏွိုးဆြႏိုင္ခဲ့ကတည္းကသူဘယ္လို မ်ိဳးယန္ထ်န္းဟန္အားဆက္ဆံလဲ ဆိုတာသြမ့္ယြီယန္ကအေသးစိတ္ေလး ကအစျမင္ႏိုင္ခဲ့သည္။

ထို႔ေၾကာင္လည္းယြီယန္က လင္ရႊမ္းဇီအစားစကားေျပာေပး ခ်င္ေနျခင္းပင္။

ယန္ထ်န္းဟန္ကတိတ္တိတ္ေလး စိုက္ၾကည့္ေနၿပီးတစ္ျခားရွဳေထာင့္ မွစဥ္းစားၾကည့္လာသည္။

အကယ္၍သူသာလင္ရႊမ္းဇီျဖစ္ၿပီး သူ႔ညီေလးကသာအဲ့ဒီလိုစကားမ်ိဳး သူ႔ကိုေျပာလာခဲ့မယ္ဆိုရင္....

ယန္ထ်န္းဟန္မွာလွ်ပ္စီးနဲ႔အ႐ိုက္ခံ လိုက္ရသလိုခံစားလိုက္ရသည္။သူ တစ္ကိုယ္လံုးလည္းေတာင့္တင္းသြားရ၏။

သူ..သူေနာက္တစ္ႀကိမ္ႏႈတ္ခမ္း ကိုက္ၿပီးေအာ္ငိုခ်င္လာၿပီ!

ထိုပံုစံကိုျမင္ေသာအခါသမ့္ယြီယန္က အလ်င္အျမန္ထပ္ေပါင္းေျပာသည္။

"အဲ့ဒါေၾကာင့္ေျပာတာမင္းအကိုႀကီး လည္းဝမ္းနည္းႏိုင္တယ္ေလ...သူ႔ပံုစံ ကဘယ္လိုဓားဘယ္လိုအဆိပ္မ်ိဳးမွ သူ႔ကိုမထိုးေဖာက္ႏိုင္ဘူးဆိုတဲ့ပံုစံ ဆိုေပမယ့္အဆံုးသတ္မွာလူသားေတြ ရဲ႔ႏွလံုးသားကအေသြးနဲ႔အသားနဲ႔ တည္ေဆာက္ထားတာပဲမဟုတ္ဘူးလား?"

ယန္ထ်န္းဟန္ကတစ္ကိ္ုယ္လံုး တုန္ယင္ၿပီးထိုင္မရထမရျဖစ္ေနသည္။

"ဒါဆိုကၽြန္ေတာ္ဘယ္လိုလုပ္ရမလဲ? ကၽြန္ေတာ့အကိုႀကီးကၽြန္ေတာ္ေျပာ တာေတြကိုယံုေနလားမသိဘူး?"

"ဘယ္သူသိမွာလဲ?"သြမ့္ယြီယန္ကကူကယ္ရာမဲ့စြာ သက္ျပင္းခ်သည္။

"ငါကသူမဟုတ္ဘူးေလ..အကယ္၍ သူတကယ္မယံုၾကည္ဘူးဆိုရင္ေတာင္ အလႊဲမေရွာင္နာက်င္ၿပီးဝမ္းနည္းတာ ေတာ့ခံစားရမွာပဲ"

ယန္ထ်န္းဟန္ကျပန္သြားၿပီးလင္ရႊမ္းဇီ ႏွင့္ရွင္းလင္းခ်င္သည္။သူေျပာခဲ့တဲ့ ေၾကာက္စရာေပါက္ကရစကားမ်ား ေၾကာင့္လင္ရႊမ္းဇီဘယ္လိုဝမ္းနည္းေန မလဲဆိုတာစဥ္းစားမိတာနဲ႔သူ႔ႏွလံုးသား ကအလြန္စိတ္ထိခိုက္သြားမိသည္။

သို႔ေသာ္လင္ရႊမ္းဇီကသူ႔ကိုဘယ္လိုမ်ိဳး ထြက္သြားလို႔ေျပာလဲဆိုတာကိုျပန္စဥ္း စားမိေသာအခါသူ႔တင္ပါးကႏူးညံ့တဲ့ ထိုင္ဖံုေပၚမွာသာျပန္က်သြားရသည္။

ယန္ထ်န္းဟန္တင္ပါးကေနာက္ တစ္ခါျပန္ထိုင္ခ်လိုက္သည္။

"ကၽြန္ေတာ္မျပန္သြားခ်င္ဘူး" ယန္ထ်န္းဟန္ကသူ႔ႏွာခမ္းကို ကိုက္လိုက္သည္။

"ကၽြန္ေတာ္တကယ္ပဲအဲ့ဒီလိုစကားမ်ိဳး ေတြမေျပာလိုက္သင့္ဘူးဒါေပမဲ့သူက လက္ထပ္ေတာ့မယ္ဆိုတာနဲ႔တစ္ျခား ဂိုဏ္းကိုသြားေတာ့မယ္ဆိုတာ ကၽြန္ေတာ့ကိုမသိေစခ်င္ဘူးေလ..သူက ကၽြန္ေတာ့အတြက္ဆံုးျဖတ္ခ်က္ေတြ ခ်ေပးၿပီးကၽြန္ေတာ္ရွင္းျပတာကိုၾက ေတာ့နားမေထာင္ဘူးအကုန္လံုးမွား ေနတာေတာ့မဟုတ္ဘူး"

"ဟုတ္ပါတယ္ဒါေပမဲ့........."

"ကၽြန္ေတာ္ဒီေန႔ဒီမွာပဲေနမယ္" ယန္ထ်န္းဟန္ကရွင္းရွင္းလင္းလင္း ကိုေဒါသထြက္ေနဆဲပင္။သူကသြမ့္ယြီယန္ အားသနားစရာေကာင္းစြာစိုက္ၾကည့္ လိုက္သည္။

"ကိုကိုယြီယန္...ကၽြန္ေတာ့ကို တစ္ညေလာက္ေတာ့ေခၚထားေပးပါေနာ္"

သြမ့္ယြီယန္သည္လည္းသဘာဝက်က် ပဲယန္ထ်န္းဟန္အားေမာင္းထုတ္မွာ မဟုတ္ေပ။သူသည္လည္းဒီေန႔ ႏွစ္ေယာက္သားကစိတ္ေတြပူေလာင္ ေနဆဲျဖစ္တာေၾကာင့္သူတို႔စိတ္ေတြ တည္ၿငိမ္သြားေစရန္ခဏေလာက္ေတာ့ ခြဲေနတာေကာင္းလိမ့္မည္ဟုေတြးမိ သည္။သူတို႔မနက္ျဖန္ျပန္ေတြ႕ၾကရင္ ျပန္သင့္ျမတ္သြားဖို႔ျဖစ္ႏိုင္တာပဲေလ။

ထို႔ေၾကာင္သြမ့္ယြီယန္ကဆက္ၿပီး မေျဖရွင္းေနေတာ့ပဲယန္ထ်န္းဟန္ အားသူ႔ေနရာမွာေနဖို႔ျပင္ဆင္ေပး လိုက္သည္။ထို႔ေနာက္ထကာအခန္းထဲ မွထြက္သြား၍အသံကူးေျပာင္းေခါင္း ေလာင္းေလးအားထုတ္ကာအႀကိမ္ အနည္းငယ္လႈပ္ခါ၍လင္ရႊမ္းဇီထံ သတင္းပို႔လိုက္သည္။

"အားဟန္ကိုရွာေတြ႕ၿပီလား?" လင္ရႊမ္းဇီရဲ႔ၾကည္လင္တဲ့အသံ ကအနည္းငယ္အက္ရွရွျဖစ္ေနသည္။

တစ္ဖက္လူရဲ႔ခံစားခ်က္ကလည္း ပိုၿပီးေကာင္းစရာမရွိဘူးဆိုတာ သြမ့္ယြီယန္ေမွ်ာ္လင့္ထားၿပီးသားပင္ထို႔ ေၾကာင့္သူက႐ိုးရွင္းစြာသာျပန္ေျဖ လိုက္သည္။

"သူငါ့ေနရာကိုသူ႔ဘာသာသူေျပး လာတယ္မင္းခန္႔မွန္းတာေတာ္ေတာ္ ေလးတိက်ပါတယ္"

လင္ရႊမ္းဇီကစိတ္သက္သာရာ ရစြာသက္ျပင္းခ်လိုက္သည္။

"သူယံုၾကည္တဲ့တစ္ေယာက္ တည္းေသာသူကမင္းပဲေလ"

ထိုစကားကိုသြမ့္ယြီယန္ၾကားေသာ အခါအေတာ္ေလးေက်နပ္ေရာင့္ရဲ သြားသလိုခံစားရသည္။

"အားဟန္ဒီညငါ့ဆီမွာေနလိမ့္မယ္ မနက္ျဖန္ေရာက္မွသူ႔ကိုမင္းဆီေခၚ လာေပးမယ္...သူေတာ္ေတာ္ေလး ၾကာေအာင္ငိုထားတယ္ထင္တယ္ သူ႔မ်က္လံုးေတြအကုန္လံုးေရာင္ ကိုင္းေနၿပီ...သူေျပာခဲ့တဲ့စကားေတြ ကစိတ္ထဲကမပါပါဘူးကြာအဲ့ဒါ ေၾကာင့္အဲ့ဒီကေလးနဲ႔ဖက္ျဖစ္မေနနဲ႔ေတာ့"

လင္ရႊမ္းဇီကအခ်ိန္ေတာ္ေတာ္ ၾကာသည္အထိတိတ္ဆိတ္သြားၿပီး မွခပ္ေဖ်ာ့ေဖ်ာ့ေျပာလာသည္။

"သူအဲ့ဒါေတြအားလံုးစိတ္ထဲက ေတာ့မပါပါဘူးဒါေပမဲ့တစ္ခ်ိဳ႔က ေတာ့ပါလိမ့္မယ္...ငါကသူ႔ကိုအေသး အဖြဲကိစၥေလးေတနဲ႔ဖက္ျဖစ္ခ်င္ေန တာမဟုတ္ဘူးသူကသာငါ့ကိုဖက္ ျပီးျဖစ္ခ်င္ေနတာ"

သြမ့္ယြီယန္ကအေလးအနက္ ထားအၾကံေပးသည္။

"အားဟန္ရဲ႔ပံုစံကအေတာ္ေလး အေကာင္းျမင္တတ္ၿပီး႐ိုးသား တယ္ဆိုေပမယ့္သူ႔ကိုယ္သူ နိမ့္က်တယ္လို႔ထင္ေနတဲ့ ခံစားခ်က္ကအရမ္းျပင္းထန္ ေနတယ္ဆိုတာေတာ့မင္းနားလည္ မွာပါၿပီးေတာ့သူကအရမ္းကိုအထိ မခံဘူးအကယ္၍မင္းႏွလံုးသားက သူ႔အတြက္နာက်င္ရတယ္ဆိုရင္ သူ႔ကိုပိုၿပီးသည္းခံေပးသင့္တယ္"

"ငါသိပါတယ္" လင္ရႊမ္းဇီကခပ္ေဖ်ာ့ေဖ်ာ့ျပန္ေျပာသည္။

"ဒါေပမဲ့သူကအခက္အခဲအနည္းငယ္ ေလာက္ကိုေတာင္မခံႏိုင္ဘူးျဖစ္ေနတယ္"

သြမ့္ယြီယန္ကေခါင္းညိမ့္ျပသည္။ သူကသူ႔အိမ္ကညီေလးကိုျပန္စဥ္း စားလိုက္မိၿပီးဘယ္ေလာက္ေတာင္ သူဆိုးသြမ္းလာတယ္ဆိုတာကိုေတြးမိသည္။

လင္ရႊမ္းဇီကေျပာလိုက္၏။

"ငါတို႔မနက္ျဖန္ေဆးလံုးကန္႔သတ္ လ်ိဳ႔ဝွက္ဆန္းၾကယ္နယ္ေျမကိုဝင္ ရင္သူ႔ကိုမင္းေနာက္ကအရင္လိုက္ လာပါေစသူ႔မွာျဖတ္သန္းခြင့္ရွိတယ္"

သြမ့္ယြီယန္ကအလြန္အံ့အားသင့္ သြားၿပီးသူ႔မ်က္ခံုးမ်ားပင္ျမင့္ တက္သြားရ၏။

"မင္းတကယ္ပဲသူ႔ကိုလာၿပီး ဂ႐ုမစိုက္ေပးေတာ့ဘူးလား?"

"ငါမင္းတို႔ႏွစ္ေယာက္ေနာက္က လိုက္ခဲ့မယ္အရင္ဆံုးအေျခအေန ကိုၾကည့္ၾကတာေပါ့"

သြမ့္ယြီယန္ကခဏမွ်တြန္႔ဆုတ္ေနမိသည္

"သူေတာ္ေတာ္ေလးဝမ္းနည္းေနတာ မင္းသူ႔ကိုနည္းနည္းေလာက္ပိုၿပီးခံစား ေစဖို႔ရည္ရြယ္ထားတယ္ဆိုရင္ေတာင္ သိပ္ၿပီးေတာ့မၾကာပါေစနဲ႔"

"စိတ္မပူပါနဲ႔ငါမလုပ္ပါဘူး" လင္ရႊမ္းဇီကခါးသက္စြာရယ္လိုက္သည္။

"ငါအၿမဲတမ္းသူ႔အေပၚႏူးႏူးညံ့ညံ့ ဆက္ဆံတာပါ"

သြမ့္ယြီယန္ကတစ္ခုခုကိုဆက္ၿပီး ေျပာခ်င္ေသာ္လည္းအဆံုးမွာ လင္ရႊမ္းဇီကသူ႔အသံကူးေျပာင္း ေခါင္းေလာင္းကိုအေဝးသို႔ထား လိုက္ၿပီျဖစ္သည္။

သြမ့္ယြီယန္မွာဘာမွမတတ္ႏိုင္ပဲ ဝမ္းနည္းစြာလွ်ာကိုသာကိုက္ထား လိုက္မိေတာ့သည္။ညီအစ္ကိုေတြ ကတကယ္ပဲတစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းႀကီးမနီးစပ္သင့္ဘူး...အကယ္၍ အဲ့ဒါကသူနဲ႔သြမ့္ယြီေဟာင္သာဆိုရင္ အရာအားလံုးကတိုက္ခိုက္ျခင္းနဲ႔ပဲ အဆံုးသတ္သြားမွာသူတို႔တိုက္ပြဲက ဘယ္ေတာ့မွအဆံုးသတ္မွာမဟုတ္ပဲ သူတို႔စိတ္နဲ႔ဝိဉာဏ္ေတြကိုထိခိုက္ေစ လိမ့္မယ္

သြမ့္ယြီယန္ကသူ႔အခန္းထဲသို႔ျပန္ေတာ့ မယ့္အခ်ိန္မွာသူ႔အသံကူးေျပာင္းေး ေခါင္းေလာင္းေလးကေနာက္တစ္ဖန္ ျပန္ခါလာသည္။

"ေနာက္တစ္ခ်က္" လင္ရႊမ္းဇီကအေလးအနက္ ထားေျပာလိုက္သည္။

"ဒီညအားဟန္ကိုၾကမ္းျပင္ေပၚ မအိပ္ေစနဲ႔မင္းသူ႔ကိုေနာက္အိပ္ယာ တစ္ခုနဲ႔ေစာင္တစ္ခုေပးရမယ္"

"ငါကကေလးတစ္ေယာက္ကို ဒီေလာက္ထိအႏိုင္မက်င့္ပါဘူးဟ စိတ္မပူနဲ႔ငါ့ေစာင္ကအလံုအေလာက္ ကိုက်ယ္လည္းက်ယ္တယ္ေႏြး လည္းေႏြးတယ္"

"ငါဆိုလိုတာကမင္းတို႔ႏွစ္ေယာက္ သီးျခားဆီအိပ္ရမယ္လို႔"

သြမ့္ယြီယန္, "..."

လခြမ္း...သူ႔မိသားစုရဲ႔အခ်စ္ေလး ဟန္ဟန္နဲ႔အိပ္ယာတစ္ခုတည္း အတူတူအိပ္တာဘာမ်ားမွားေနလို႔လဲ? လင္ရႊမ္းဇီကအရမ္းေခါင္းမာၿပီး ပိုင္ဆိုင္လိိုစိတ္ႀကီးလြန္းတာ မဟုတ္ဘူးလား?

ေမ့လိုက္ပါေတာ့အားဟန္က အရမ္းကိုနာခံမႈရွိၿပီးခ်စ္စရာ ေကာင္းေနမွေတာ့ငါ,သခင္ေလးသြမ့္ ကလည္းလင္ရႊမ္းဇီနဲ႔ဒီကိစၥေလာက္ကို ရန္ျဖစ္မေနေတာ့ပါဘူး

ေနာက္တစ္ေန႔မနက္မွာေနာက္ဆံုး ယွဥ္ၿပိဳင္ပြဲသို႔ဝင္ေရာက္ရေတာ့မည့္ မိသားစုတစ္ရာစုေဝးပြဲတြင္ပါဝင္သည့္ ေက်ာင္းသားတိုင္းေကာင္းကင္ ေတာင္ထြတ္ဂိုဏ္း၏ပင္မဝင္ေပါက္ မွာစုေဝးၾကသည္။

ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္နယ္ေျမ ကေကာင္းကင္ေတာင္ထြတ္ဂိုဏ္းမွ အဂၢီရတ္ပညာရွင္ခ်န္ထားေပးခဲ့ေသာ ေျမျဖစ္သည္။အဲ့ဒါကဆယ္စုႏွစ္ဒါမွ မဟုတ္ရာစုႏွစ္ေလာက္မွသာတစ္ ႀကိမ္ပြင့္တတ္ၿပီးေကာင္းကင္ေတာင္ ထြတ္ဂိုဏ္းရဲ႔ဂိတ္ဝမွာတည္ရွိသည္။ ဒီတစ္ေခါက္ဖြင့္ရက္ကေကာင္းကင္ ေတာင္ထြတ္ဂိုဏ္းမွနတ္ဆရာမွ တြက္ခ်က္ထားျခင္းျဖစ္၏။

လ်ိဳ႔ဝွက္ေျမမပြင့္ခင္မွာေက်ာင္းသား အားလံုးတိတ္တဆိတ္တီးတိုးေျပာ ေနၾကသည္။အားလံုးကသူူတို႔လက္ မ်ားကိုပြတ္သပ္ေနၾကၿပီးသူတို႔ရဲ႔ ကၽြမ္းက်င္မႈကိုျပသရန္မေစာင့္ႏိုင္ ၾကေတာ့ေပ။

လင္ရႊမ္းဇီကလင္မိသားစုဝင္ အားလံုးကိုပင္မဝင္ေပါက္သို႔ ေခၚလာလိုက္သည္။

လင္ရႊမ္းဇီေပၚလာသည္ႏွင့္သူ႔ ေဘးမွလူေတာ္ေတာ္မ်ားမ်ားကသူ႔ ကိုကပ္ရန္ႀကိဳးစားၾကေတာ့ေလသည္။

"လက္မႈပညာရွင္လင္...က်ဳပ္ၾကား တာေတာ့ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္ ေမထဲမွာယႏၲရားေတြေနရာတိုင္းရွိေန တယ္တဲ့က်ဳပ္တို႔နဲ႔အတူသြားပါလား? အဲ့ဒါဆိုက်ဳပ္တို႔ခင္ဗ်ားကိုေစာင့္ ေရွာက္ေပးဖို႔ပိုလြယ္ကူသြားလိမ့္မယ္"

"အဲ့ဒါကျပႆနာေတြပဲအမ်ားႀကီး ယူလာမွာက်ဳပ္တို႔ဝင္ေပါက္ေတြက မတူဘူးက်ဳပ္တို႔ေတြ႕ေတာင္ေတြ႕ပါ့မ လားဆိုတာမသိႏိုင္တာကို"

တစ္ျခားလူတစ္ေယာက္ကထပ္ေျပာသည္။

"လက္မႈပညာရွင္လင္...က်ဳပ္ၾကား တာေတာ့လ်ိဳ႔ဝွက္ေျမကဒီတစ္ေခါက္ တစ္လအျပည့္ဖြင့္မွာတဲ့လက္မႈပညာ ရွင္လင္အေနနဲ႔အထဲမွာပစၥည္းတစ္ခုခု မ်ားထြင္းထုဖို႔ရည္ရြယ္ထားေသးလား?"

"ေသခ်ာေပါက္အဲ့ဒါကအထဲက အေျခအေနေပၚပဲမူတည္မွာေပါ့"

"အာ..က်ဳပ္လက္မႈပညာရွင္လင္ နဲ႔စကားခဏေလာက္ေျပာလို႔ရမလား?"

တစ္ျခားမိသားစုတစ္ခုကသခင္ေလး ကေတာက္ပတဲ့မ်က္လံုးမ်ားနဲ႔ေျပာ လာသည္။

"က်ဳပ္ေဘးမွာအေလာတႀကီးထား ဖို႔လိုေနတဲ့ေမွာ္ကိရိယာရွိေနလို႔ အကယ္၍အခ်ိန္ေလးရွိမယ္ဆိုရင္...."

လင္ရႊမ္းဇီကျပံဳးေနေသာ္လည္း ဘာမွမေျပာေပသူ႔အၾကည့္က သြမ့္မိသားစုဆီသာေရာက္ရွိေနသည္။

ယန္ထ်န္းဟန္ကသြမ့္ယြီယန္ရည္ၫႊန္း သလိုသနားစရာေကာင္းတယ္လို႔မ ထင္ရေပ။အနည္းဆံုးေတာ့သူက ခုန္ေပါက္ေျပးလႊားရင္းသြမ့္ယြီယန္နဲ႔ ေပ်ာ္ရႊင္စြာစကားေျပာေနသည္ေလ။

"ရႊမ္းဇီ..ဘာလို႔မင္းညီေလး ဒီေန႔မင္းေနာက္ကလိုက္မလာတာလဲ?"

ထိုစကားတစ္ခြန္းကလင္ရႊမ္းဇီအားသူ႔ ရဲ႔လွည့္လည္ေနေသာအေတြးမ်ားထဲ ကျပန္ဆြဲထုတ္လိုက္သည္။

ဂ်ီယြန္ေဝကအၿမီးကိုးေခ်ာင္းေျမေခြးရဲ႔ လည္သည္းကိုကိုင္၍လင္ရႊမ္းဇီအား ေဝွ႕ယမ္းျပေနသည္။

လင္ရႊမ္းဇီရဲ႔အၾကည့္ကေျပာင္းေရႊ႕ သြားၿပီးဂ်ီယြန္ေဝအားျပန္ၾကည့္လိုက္သည္။

"ခင္ဗ်ားလည္းဝင္တာလား?"

ဂ်ီယြန္ေဝကေခါင္းခါျပသည္။

"မဝင္ပါဘူးငါကဂ်ီမိသားစုေတြကိုပဲ ယွဥ္ၿပိဳင္ပြဲမွာပါဝင္ဖို႔ေခၚလာေပးတာ.. ငါတကယ္ေတာ့ေဆးလံုးကန္႔သတ္ လ်ိဳ႔ဝွက္နယ္ေျမကိုစိတ္မဝင္စားဘူး ျပီးေတာ့တစ္လကေတာ္ေတာ္ေလး ၾကာတယ္ငါ့အတြက္ကေတာ့အျပင္ မွာေလွ်ာက္သြားေနရတာကပိုေကာင္းတယ္"

ဂ်ီယြန္ေဝရဲ႔ေနာက္မွာဂ်ီမိသားစုဝင္ မ်ားမတ္တပ္ရပ္ေနၾကသည္။ဂ်ီမိသားစု ကအေတာ္ေလးထူးျခားတဲ့အသြင္ အျပင္မ်ားရွိၾကေလသည္...တပည့္ တိုင္းကနတ္ဆိုးသားရဲတစ္ေကာင္ သို႔မဟုတ္ႏွစ္ေကာင္ျခံရံေနၿပီး ထိုနတ္ဆိုးသားရဲမ်ားရဲ႔အဆင့္သည္ လည္းမနိမ့္ၾကေပ။

လင္ရႊမ္းဇီကေျပာလိုက္သည္။

"ခင္ဗ်ားအဲ့ဒီနတ္ေျမေခြးနဲ႔အဆင္ေျပလား?"

ဂ်ီယြန္ေဝကရယ္ေမာလိုက္ၿပီး အေတာ္ေလးစိတ္ေက်နပ္ေနသည္ မွာရွင္းလင္းေနသည္။

"ငါတို႔အဆင္ေျပတယ္ေသခ်ာေပါက္ ငါတို႔အဆင္ေျပတာေပါ့....ျပင္းထန္တဲ့ သားရဲေတာ္ေတာ္မ်ားမ်ားကိုေမြးျမဴၿပီး ေနာက္မွာ႐ုတ္တရက္ငါ့အႀကိဳက္ ေျပာင္းသြားၿပီးဘယ္လိုမ်ိဳးခၽြဲ႔ႏြဲ႔ရမလဲ သိတဲ့ပါးနပ္လိမၼာပါးနပ္တဲ့သတၱဝါငယ္ ေလးတစ္ေကာင္ကိုေမြးျမဴရတာ အေတာ္ေလးရွားပါးတာကို"

လင္ရႊမ္းဇီကမွတ္ခ်က္မေပး ေတာ့ပဲျပံဳးရံုသာျပံဳးေနလိုက္သည္။

ပိုင္လီမိသားစုမွအဖြဲ႔ဝင္ေတာ္ေတ္ာ မ်ားမ်ားလည္းေရာက္ရွိလာၿပီျဖစ္ သည္။ပိုင္လီယြင္ရွန္ကပိုင္လီယြင္ စုန္႔ကိုဆြဲေခၚလာၿပီးလင္ရႊမ္းဇီ ကိုျမင္ေသာအခါစိတ္လွဳပ္ရွားစြာ ေျပာေလသည္။

"အကိုႀကီးလင္..ကၽြန္ေတာ္တို႔နဲ႔ အတူတူသြားခ်င္လား?"

ဤသခင္ငယ္ေလးမွလြဲ၍က်န္တဲ့ ပိုင္လီမိသားစုတိုင္းကအေျခခံ က်င့္ၾကံသူမ်ားျဖစ္ၾကၿပီးထို အေျခခံက်င့္ၾကံသူတိုင္းကဒီ သခင္ငယ္ေလးကိုကာကြယ္ ေစာင့္ေရွာက္ရန္လိုက္လာျခင္း ျဖစ္ေၾကာင္းတစ္ခ်က္ၾကည့္တာနဲ႔ လင္ရႊမ္းဇီေျပာႏိုင္သည္။

လင္ရႊမ္းဇီကခပ္ေဖ်ာ့ေဖ်ာ့ျပံဳးလိုက္သည္။

"ဒါလည္းေကာင္းတာပဲေလ"

ပိုင္လီယြင္ရွန္ကဝမ္းသာအားရ ႀကိဳဆိုေလသည္။

ဂ်ီယြန္ေဝကသူ႔မိသားစုကလူမ်ား အားလင္ရႊမ္းဇီေနာက္ကေနတြဲခ်ည္ ေပးလိုက္ဖို႔ကိုစိတ္အေႏွာင့္အယွက္ မေပးခ်င္ေသာ္လည္းသူကဂ်ီမိသားစု ကသခင္ေလးတစ္ေယာက္အေနနဲ႔ သူ႔တာဝန္ကိုဆက္လက္ကိုင္ေဆာင္ ထားရသည္။

"အကယ္၍ျဖစ္ႏိုင္ရင္ငါ့မိသားစု ကလူအနည္းငယ္ကိုေရာေခၚသြား ေပးလို႔ျဖစ္မလား?"

ဂ်ီမိသားစုကလူငယ္ေလးမ်ားမွာ လင္ရႊမ္းဇီအားစိတ္အားထက္သန္ စြာစိုက္ၾကည့္ေနၾကေတာ့သည္။

လင္ရႊမ္းဇီကျပံဳးလိုက္ေလသည္။

"ျပႆနာမရွိပါဘူး"

ဂ်ီယြန္ေဝကသူ႔ေနာက္ကဂ်ီမိသားစု ေက်ာင္းသားေလးရဲ႔ပုခံုးကိုပုတ္လိုက္သည္။

"သခင္ေလးလင္ေနာက္ကေသခ်ာ လိုက္သြား,ျပီးေတာ့မဆိုးနဲ႔!"

"အမ္း,အမ္း!"

သြမ့္မိသားစုကလင္မိသားစုႏွင့္ သိပ္ေတာ့မေဝးေပသို႔ေသာ္ သြမ့္မိသားစုနဲ႔ရပ္ေနၾကသည့္လူတိုင္း ကအထက္တန္းလႊာကလူမ်ားျဖစ္ၾကသည္။

သြမ့္ယြီေဟာင္ရဲ႔အၾကည့္ကယန္ထ်န္းဟန္ ဆီေရာက္သြားၿပီးရြံရွာဟန္ႏွင့္မ်က္ေမွာင္ က်ံဳ႔လိုက္သည္။

"ဘာလို႔သူကငါတို႔သြမ့္မိသားစု အဖြဲ႔ထဲပါေနတာလဲ?"

သြမ့္ယြီယန္ကသူ႔ကိုသေဘာမတူဟန္ ႏွင့္ၾကည့္လိုက္သည္။

"ဂုဏ္သေရရွိတဲ့ငါကသူ႔ကိုလာခိုင္း ထားတာမင္းမွာအဲ့ဒါနဲ႔ပတ္သတ္ၿပီး ေျပာစရာတစ္ခုခုရွိလို႔လား?"

သြမ့္ယြီေဟာင္ကသူေျပာခ်င္တာကို ေျပာဖို႔ျပင္လိုက္တဲ့အခ်ိန္မွာပဲသြမ့္ယြီယန္ ရဲ႔တားဆီးပိတ္ပင္ျခင္းကိုခံလိုက္ရသည္။

"ထိန္းထားမေျပာနဲ႔ဘယ္လိုပဲ ျဖစ္ျဖစ္ငါနားေထာင္မွာမဟုတ္ဘူး"

သြမ့္ယြီေဟာင္ , "..."

ေသစမ္းသူတကယ္ပဲ သြမ့္ယြီယန္ကိုစိတ္တိုတယ္

.........................................

Next Episode

သခင္မေလးရွန္

.........................................

Continue Reading

You'll Also Like

481K 33.3K 31
story description>>>>> start-5/10/2021 end-1/1/2022
215K 13.4K 38
My priority /property/privacy
88.5K 8.1K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...
546K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...