Mine (Completed)

By Tokebloom

14.3K 1K 190

OffGun (Completed) Zawgyi & Unicode 18/11/2020 to 7/12/2020 More

ep_1
Introduction
ep_3
ep_4
ep_5
ep_6
ep_7
ep_8
ep_9
ep_10
ep_11
ep_12
ep_13
The end

ep_2

1.1K 90 6
By Tokebloom


တူ.....တူ.....တူတူ.....တူ....!


"ဒေါက် ဒေါက်... Sun...Sun..."




""" ဖြောင်း!!!!""""






အင်္ကျီကို သေသေသပ်သပ် ပြုပြင်ရင်း သူ၏လက်မောင်းကို ခပ်ဖွဖွပွတ်ကာ Sunတစ်ယောက် မျက်မှောင်ကြီး ကျုံ့ထားလေသည်။





"Hello..အမေ"






"ဟုတ်ကဲ့ အမေ "



###################










_________Mine_________

BLOOM

19/11/2020

Unicode

ဆရာဝန်များ နားနေခန်းတွင်တော့ တို့လို့တွဲလောင်း အဝတ်တို့နဲ့အတူ နှစ်ထပ်ခုတင်၏ အောက်ထပ်၌ အမျိုးသားတစ်ယောက် အိပ်မောကျနေလေသည်။

တူ.....တူ.....တူတူ.....တူ....!

ဘေးနားရှိ စားပွဲပေါ်တွင် phက တတူတူအသံကို မကြားနိုင်လောက်အောင်ပင် အိပ်မောကျနေခြင်း ဖြစ်သည်။

"ဒေါက် ဒေါက်... Sun...Sun..."

တုံ့ပြန်သံ ကင်းမဲ့နေတာနှင့်အမျှ Off စိတ်မရှည်တော့ချေ။

တံခါးကို တွန်းဖွင့်ဝင်လိုက်တော့ ခုတင်ပေါ် မှ ခြေတစ်ဖက် တွဲလောင်းကျကာ အိပ်ပျော်နေသော Sunကို တွေ့လိုက်ရသည်။

"ဒီကောင် ဘယ်လိုတောင် သေနေတာလဲ... ဟိတ်ရောင် Sun Sun...အင်းဟယ်"

""" ဖြောင်း!!!!""""

လက်ဝါးစောင်းနှင့် လက်မောင်းတို့ ကျယ်လောင်စွာ ရိုက်နှက်သံ ထွက်ပေါ်လာတဲ့နောက်မှာတော့ Sunတစ်ယောက် လက်မောင်းပြုတ်ထွက်သွားသည်ဟု ခံစားမိလိုက်ပြီး ခုတင်ပေါ်မှ ခုန်ပျံကာ ထလာခဲ့သည်။

"ဘယ်သူ ဘာဖြစ်တာလဲ...လာပြီ လာပြီ"

ဂျူတီကုတ်ကို အပြေးလွှား ဝတ်ကာ မျက်မှန်ကောက်တပ်လိုက်ပြီးသည့်တိုင် ယိုင်ထိုးနေသည့် Sunကို Off ပုခုံးလှမ်းပုတ်ကာ ပြောလိုက်သည်။

"ဓါတ်ခွဲခန်းကို တာဝန်ခံဆရာဝန် တစ်ယောက်လွှတ်လိုက်ပါ ပြောလို့"

"သြော် အဲ့ဒါနဲ့ မင်းမသွားဘဲ ငါ့ကို ဂျင်းထည့်လိုက်တယ်ပေါ့လေ"

အကျႌကို သေသေသပ်သပ် ပြုပြင်ရင်း သူ၏လက်မောင်းကို ခပ်ဖွဖွပွတ်ကာ Sunတစ်ယောက် မျက်မှောင်ကြီး ကျုံ့ထားလေသည်။

"အချစ်ကလေးရာ မင်းကမှ (၂)နာရီလောက် အိပ်ထားသေးတယ်လေကွာ.. ငါကမှ တရေးတောင် မမှေးရသေးဘူး"

"ပြီးရော ပြီးရော တော်ကြာနေ ဒေါသအိုးကွဲ ဌာနမှူးက ငါ့ကို ပတ်ရမ်းနေအုံးမယ် ခွေးကောင်Off ငါသွားပြီ"

အခန်းပြင်ထွက်ခါနီး Sunတစ်ယောက် ခြေဖျားဖြင့် Offတင်ပါးကို လှမ်းကန်သွားလေသည်။

ထိုစဉ်မှာပဲ သီးသန့်ထည့်ထားတဲ့ Ringtoneသံက စည်းချက်မှန်မှန် ထွက်ပေါ်လာသည်။

"Hello..အမေ"

"ဒီအပတ် အိမ်ပြန်လာမှာလား သား၊ အမေ သားအကြိုက် ဟင်းတွေ ချက်ထားမလို့... ဘာစားချင်တာ ရှိသေးလဲ တစ်ခါတည်း ပြင်ထားပေးမယ်"

"အဟား ဒို့အမေကတော့ အတော်ဆုံးပဲ၊ ဒီအပတ် ရိုးရာမုန့် စားချင်တယ်အမေ"

"ဟုတ်ပြီ ဟုတ်ပြီ... ပြန်လာရင် ကားဂိတ်လာကြိုရမလား... သားယောက်ဖကို လွှတ်လိုက်မယ်"

"ကောင်းတယ် အမေ ကိုကြီးလာကြိုရင် ကျွန်တော် အိပ်လိုက်လို့ရတယ်"

"အေးအေး... အစားမှန်မှန်စားနော်"

"ဟုတ်ကဲ့ အမေ "

ဟား.... ပိတ်ရက်ရောက်ဖို့ (၁)ရက်ပဲလိုတော့တယ်၊ နားရချည်သေးရဲ့။

လက်နှစ်ဖက်ကို ဆန့်ကာ အပျင်းကြောဆန့်လိုက်ပြီး ကျောရိုးကို အပြားလိုက် ခုတင်ပေါ် လှဲချရင်း မျက်လုံးအစုံကို မှိတ်ထားလိုက်ပါတော့သည်။

###################

"ဆရာကြီး ကျွန်မတို့ ဘယ်နေ့လောက် ပြန်လာရမလဲ"

"ဒီကြားထဲ ကလေးကို ပင်ပန်းစေမယ့် ကိုယ်လက်လှုပ်ရှားမှုမျိုးတောင် မလုပ်ခိုင်းပါနဲ့... ခန္ဓာပင်ပန်းရင် အရိုးထဲကအစ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာမှာမို့... ဆေးရုံပြန်လာရမယ့်ရက် မတိုင်ခင် phဆက်ပေးပါ့မယ်"

"ဟုတ်ကဲ့ ကျွန်မ ဂရုစိုက်လိုက်ပါ့မယ်... ဖြစ်နိုင်ရင် ကျန်းမာရေးဝန်ထမ်းတစ်ယောက် လိုချင်ပါတယ် ဆရာကြီး"

"အင်း အဲ့ဒါကို မနက်ဖြန် အကြောင်းကြားပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ဆရာကြီးရယ်၊ ခုတလော သူ့အဖေကလည်း အလုပ်ကိစ္စနဲ့ ပြင်သစ်ရောက်နေတယ်၊ ကျွန်မတစ်ယောက်တည်းကျ ကလေးအဆင်မပြေမှာ စိုးရိမ်တယ်ရှင်"

"စိတ်ချပြန်ပါ ကျွန်တော်တို့ဘက်က အကောင်းဆုံး ကူညီပေးပါ့မယ်"

ဆရာကြီး ရုံးခန်းက ထွက်လာတော့ အထုပ်တွေ အကုန်သိမ်းပြီးလို့ အိမ်ကကားသမားက ဆေးရုံပေါက်ဝမှာ စောင့်နေလေသည်။

ကားနောက်ခန်းထဲတွင်တော့ ကျွန်မရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းချာလေးဖြစ်တဲ့ Gunက ကားထဲမှနေ၍ ပြင်ပပတ်ဝန်းကျင်ရှိ လူအများကို ငေးမောနေလေသည်။

ဒီရောဂါဆိုးကြီးသာ မရှိလျှင် ကျွန်မရဲ့Gun လေး အများကလေးတွေနည်းတူ ကျောင်းဝတ်စုံဝတ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေရမှာ... အခုတော့။

_________Mine_________

ကျေးဇူးတင်စွာဖြင့်...ချစ်တဲ့။
BLOOM

19/11/2020

Continue Reading

You'll Also Like

105K 8.6K 45
Unicode/Zawgyi OffGun๐Ÿ’š BrightWinโค๏ธTayNew๐Ÿ’™ แ€กแ€›แ€™แ€นแ€ธแ€แ€บแ€…แ€นแ€แ€แ€นแ€ฑแ€žแ€ฌ แ€žแ€ฐแ€แ€ญแ€ฏแ‚”แพแ€€แ€ฌแ€ธแ€€แ€›แ‚ˆแ€•แ€นแ€ฑแ€‘แ€ผแ€ธแ€ฑแ€žแ€ฌ แ€กแ€แ€บแ€…แ€นแ€‡แ€ฌแ€แ€นแ€œแ€™แ€นแ€ธแ€ฑแ€œแ€ธแ€แ€…แ€นแ€•แ€ฏแ€’แ€น๐Ÿ’— แ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€แ€บแ€žแ€ฑแ€ฌ แ€žแ€ฐแ€แ€ญแ€ฏแ€ทแ€€แ€ผแ€ฌแ€ธแ€€แ€›แ€พแ€ฏแ€•แ€บแ€‘แ€ฝแ€ฑแ€ธแ€žแ€ฑแ€ฌ...
1M 39.7K 92
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
351K 12.8K 60
๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire is the first female f1 driver in ๐——๐—˜๐—–๐—”๐——๐—˜๐—ฆ OR ๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire and charle...