His Secretary [ ZG & Uni ]
De moonminwon
47.7K 3.3K 196
Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon....... Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon... Mai multe
His Secretary 1 [ Zaw gyi &Uni]
His Secertary 2
His Secretary 3 (ZG&Uni)
His Secretary 4
His Secretary 5
His Secretary 6
His Secretary 7
His Secretary 8
His Secretary 9
His Secretary 10
His Secretary 11
His Secretary 12
His Secretary 13
His Secretary 14
His Secretary 15
His Secretary 16
His Secretary 17
His Secretary 18
His Secretary 19
His Secretary 21
His Secretary 22
Hello
Not an update
His Secretary 23
His Secretary 24
Information
His Secretary Ep25
His Secretary :Ep 26
New Fic
Bittersweet
Hello !
His Secretary 20
1.2K 108 2
De moonminwon
"Baby ! "
"အင်း… "
"ရုတ်တရက်ကြီး !!! "
Mingyu : Hello Hyung
S.Cousp : Okay
Wonwoo ကရယ်လိုက်ရင်း
"သဝန်တိုတယ်ပေါ့  ??? "
"ပြီးရော ကတိတည်နော် "
"ကတိကတိ "
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
Wonwoo
Mingyu
လွမ်းနေရတော့မှာပဲ
Wonwoo
Mingyu
………………………………………………
"Hyung "
"Aww Mingyu လာပြီလား "
"ဂုဏ်ယူပါတယ်ကွာ… "
"ဘာကိုလဲ "
"အင်း ဆက်ပြောပါဦး … "
"ငါသေချာမသိခဲ့ဘူ သစ်ပင်သေးသေးလေးကို ငါ့ရင်ထဲမှာစိုက်ပျိုးမိပြီး တစ်နေ့တစ်ခြား ကြီးထွားလာနေခဲ့တာကိုသတိမထားမိခဲ့ဘူး "
"အင်း…… အခုရော"
"အဲ့လိုဖြစ်မယ်ထင်တယ် "
"သဝန်တိုတာ hyung "
သဝန်တိုတာ ???
ဟုတ်တယ် ……
ချစ် မိ သွား ပြီ ပဲ ……
……………………………………………
Mingyu
ကိုယ်ပြန်ရောက်ပြီ
Wonwoo
Mingyu
ဟင့်အင်း မမူးပါဘူး။ ပြန်ရောက်နေပါပြီဆို
Wonwoo
Mingyu
Wonwoo
Good Night Mingyu
Mingyu
I love you
Wonwoo
Love you too
……………………………………
Hello !
Love you all
Unicode
မနေ့က studioက ကိစ္စကိုတော်တော်သိချင်တာကြောင့် Wonwoo နဲ့နေ့လည်စာစားနေတုန်း
"Baby ! "
"အင်း… "
"Seungcheol hyung နဲ့ Woozi ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ ပြောလို့ရမလား မနေ့က studio ကပြန်လာကတည်းက Seungcheol hyung ကလည်း တစ်မျိုးဖြစ်နေတယ် "
စားလက်စကိုရပ်တံ့ပြီးစဉ်းစားနေတဲ့ Wonwoo ရဲ့ပုံစံကြောင့် …
"ကိုယ့်ကိုပြောပြလို့မရဘူးဆိုလဲ ကိုယ်နားလည်တယ်နော် … "
"အခုလိုကျတော့လဲ ချစ်စရာကောင်းလိုက်တာ အလိုက်သိလွန်းလို့ "
ကျွန်တော့်လက်ကိုကိုင်ပြီး ပြောနေတဲ့ သူ့ကိုတကယ်အူယားမိတယ်။
" အတည်ပြောနေတာ ကိုယ်ကသိချင်ပေမဲ့ privacy ကျော်သလိုဖြစ်နေမှာစိုးလို့"
"အရမ်း ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး ကျောင်းတုန်းကဖြစ်ခဲ့တာ။ Jihoon က Seungcheol hyung ကိုသဘောကျတယ် အမြဲတမ်းလဲအတူတူရှိနေတယ် ဒါပေမဲ့ Seungcheol hyung ကအဲ့ဒါကိုမသိဘူး မမြင်တတ်ဘူး။ "
"Seungcheol hyung ကစိတ်မဝင်စားတာလား ??? "
"ဘေးလူအမြင်နဲ့ပြောရမယ်ဆိုရင်တော့ hyung က Jihoon အပေါ် ဘယ်သူနဲ့မှ မတူဘူး သံယောဇဉ်ပိုတယ်။ ဒါကအချစ်လားလို့လဲမပြောနိုင်ဘူး ညီအစ်ကိုအရင်းလို ချစ်တာလားလဲ မသိဘူး ။ Hyung စိတ်ထဲကိုဝင်ကြည့်လို့မှမရတာ "
"ကိုယ်သွားမေးလိုက်ရင်ရော ?? "
"Mingyu ကမေးလို့ သိလာတယ်ပဲထား ဒါက ကြားဝင်ပြောလို့ရတဲ့အရာမဟုတ်ဘူးလေ လူတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်က ကြားလူဝင်ပြောပြလို့သိတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ဖြစ်ပေါ်လာတာမျိုး အချင်းချင်းကြားက ခံစားချက်ကို သိတာမျိုးကိုခေါ်တာ "
Wonwoo စကားကလဲမှန်နေတာမလို့ ကျွန်တော်တွေးတောနေမိတယ်။
"Mingyu ah ! ဒီ့ထက်ပိုဆိုးတာက Seungcheol hyung က မိန်းကလေး တစ်ယောက်ကိုနမ်းနေတာကို Jihoon မြင်သွားခဲ့တာပဲ "
အံ့သြစရာကိစ္စတော့မဟုတ်ပါ … Seungcheol hyung က ရည်းစားတွေထားခဲ့ဖူးတော့ ဒီလိုကိစ္စတွေရှိလာမှာပါပဲ။ ဒါပေမဲ့ မနေ့ကတော့ Hyung မျက်နှာမှာတွေ့ရတဲ့ အရိပ်တွေက သာမန်ထက်ပိုနေတာကို မြင်ရတယ်။ Hyung ကိုယ်တိုင်သတိမထားမိတာ ဖြစ်နိုင်တယ်။
တော်သေးတယ် ကိုယ်တိုင်ကတော့ ကိုယ်ချစ်တဲ့လူကိုသေချာသိနေခဲ့တာပဲ…
"တော်သေးတယ် ကိုယ်ကတော့ ကိုယ်ချစ်တဲ့သူကိုချစ်မိနေတာကို သေချာမြင်နိုင်ခဲ့လို့ "
"ရုတ်တရက်ကြီး !!! "
"ဟုတ်တယ်လေ ကိုယ်သာ baby ကိုချစ်နေတာကိုမသိခဲ့ရင် အခုလိုအထင်လွဲတာတွေဖြစ် baby ကကိုယ့်ကိုချစ်နေတာလဲပြောမှာမဟုတ် "
"ဟားဟားဟား 100 % တွေသေချာနေပါလား CEO Kim . လူတစ်ယောက်နဲ့တစ်ယောက်က မတူသလိုအချစ်ဆိုတာကလဲပုံသေကားချပ်တစ်ခုလို တွက်ဆလို့မရဘူး Mingyu "
မျက်မှန်လေးကိုပင့်ပြီးရယ်မောပြောနေတဲ့ ပုံစံက တကယ်ကိုနှစ်လိုဖွယ်ရာအတိပါပဲ ။ ကျွန်တော်ကံကောင်းတယ်။ ဒီလူသားရဲ့လက်ကို ဆုပ်ကိုင်ခွင့်ရထားလို့ ……
ထမင်းစားလိုက်တခြား အကြောင်းအရာတွေ ဆွေးနွေးလိုက် လုပ်နေတုန်းမှာပဲ ဖုန်းကမြည်လာတာကြောင့်
Mingyu : Hello Hyung
S.Coups : Mingyu ah ညနေအားလား ?
Mingyu : အားတယ် Hyung ဘာလို့လဲ ?
S.Coups : ညနေ သွားသောက်ရအောင်ကွာ
Mingyu : Hyung ရုံးဖွင့်ရက်ကြီးကို
S.Coups : လုပ်ပါ Hyung တိုက်ပါ့မယ် အများကြီး မသောက်ပါဘူး
Mingyu : ဟုတ်ပြီ ဟုတ်ပြီ ည ၇ နာရီလောက် Jeonghan hyung ဆိုင်ကိုလာခဲ့လိုက်
S.Cousp : Okay
ဖုန်းချလိုက်တော့ Wonwoo က ဘာလဲဆိုပြီး မျက်ခုံးပင့်ပြနေတာမလို့
"Seungcheol hyung ဖုန်းဆက်တာ ညနေသွားသောက်ချင်လို့ တဲ့ "
"အဲ့ဒီတော့ သွားမယ်ဆိုပါတော့ ?? "
"လိုက်ခဲ့လေကွာ အတူတူသွားမယ် "
"ဟိုးးထားး CEO ! Seungcheol hyung က Mingyu ကိုပဲဖုန်းဆက်တာဆိုတော့အကြောင်းရှိလို့နေမှာပဲ နှစ်ယောက်တည်း ပြောပြချင်တာ ရှိချင်ရှိနိုင်မယ်လေ privacy ရှိသေးတယ်။ ပြီးတော့ အတူတူလိုက်လာရင် တစ်မျိူးထင်သွားမှာပေါ့ "
"ထင်စေချင်တာကိုမဟုတ်ဘူး သိစေချင်လှပြီ ဟော့ဒီ Jeon Wonwoo ဆိုတာ Kim Mingyu ရဲ့ချစ်သူပါဆိုပြီး အော်ပြောချင်နေပြီ "
Wonwoo ကရယ်လိုက်ရင်း
"ပြောပြထားတယ်လေ အချိန်ယူဖို့လိုအပ်တာကို … ညကို သွား အများကြီးမသောက်နဲ့နော် … ပြီးတော့ ဘာညာအသံမကြားချင်ဘူး ။ မယုံကြည်လို့ မဟုတ်ဘူး မူးသွားရင် ဘာမဆိုဖြစ်လာ နိုင်တယ် "
"သဝန်တိုတယ်ပေါ့  ??? "
"ပြောပြီးပြီလေ မူးနေတဲ့ လူက ပုံမှန်မဟုတ်တာတော့အသေအချာပဲ တချို့အမှားတွေရဲ့ အစက အသိစိတ်ကင်းလွတ်တာပဲ "
ခပ်တည်တည်နဲ့ပြောနေပေမဲ့ စိတ်မဆိုးတာသိသာနေတဲ့ ကျွန်တော့်ချစ်သူ ပြောနေတာတွေကမမှားပါဘူး
"ဟုတ်ပါပြီ ခင်ဗျာ အများကြီးလဲမသောက်ပါဘူး။ Seungcheol hyung ကဘာအတွက်ခေါ်လဲမှ သိတာကို . စိတ်ချနော် မသွားခင်လဲ ဖုန်းဆက်မယ်။ ပြန်ရောက်လဲဆက်မယ်နော်။"
"ပြီးရော ကတိတည်နော် "
"ကတိကတိ "
နေ့လည်စာ စားလို့အပြီးမှာတော့ အလုပ်ကိုယ်စီရှိနေတာမလို့ Wonwoo နဲ့ထပ်မတွေ့ဖြစ်တော့ပါဘူး။
Debut ဖို့ရက်ကလဲတဖြေးဖြေးနဲ့ရောက်လာမှာဖြစ်တာမလို့ သီချင်းရတာနဲ့Choreography အတွက် ဆရာတွေကို အပ်ဖို့ လုပ်ရသလို ရုပ်သံလွှင့်ဋ္ဌာနတွေနဲ့ ချိတ်ဆက် ဖို့အကုန်စီစဉ်ရပါတယ်။
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
"CEO Kim ခင်ဗျာ Debut stage အတွက် outfit က ဘယ်လိုလုပ်ချင်လဲ လာမေးတာပါ "
"အာ Minghao မင်း သင့်တော်မယ်ထင်တာ 3 ခုလောက်အရင်ပြကြည့် "
"အင်း ပြင်ဆင်ထားတာတော့ရှိတယ် meeting ကျမှ အကုန်လုံးကို ချပြတာပိုကောင်းမလား? အဲ့ဒါလာမေးတာ ဒီမှာတော့ အရင်ကြည့် ကြည့်ဦး "
Minghao ချပြတာကတော့ Suit အပြည့်, Fancy design နဲ့ stage အတွက်သီးသန့်ပြင်ဆင်ထားတာဆိုတော့ အဆင်ပြေပါတယ်။
"အင်း အကုန်လုံးက အခုအတိုင်းတော့အဆင်ပြေတယ်။ Recording ပြီးတာနဲ့ Choreography ပြီးတဲ့အချိန် meeting ကျသင့်တော်မယ် ထင်တာဆုံးဖြတ်ကြတာပေါ့ "
"အင်း …… အဲ့ဒါလဲကောင်းတာပဲ။ ဒါနဲ့ အလုပ်တွေခနထားပါဦး Wonwoo hyung နဲ့ မင်းက …… "
ဟင် !!!! Minghao ဘယ်လိုသိတာလဲ ??
"မင်း…… မင်း ဘယ်လိုသိတာလဲ ?? ဘယ်သူတွေကိုပြောပြပြီးပြီလဲ?? Hyung က ဘယ်သူ့မှမပြောရဘူး မှာထားတာ "
"Wooow …… တကယ်ကြီးပဲ ငါထင်တာမမှားဘူးပေါ့ "
သွားပြီ …… Minghao ရဲ့အကွက်ထဲ လှလှပပကိုဝင်သွားပြီ
"မင်း … မင်းကလဲကွာ ငါကစနေတာပါ "
ချွေးတွေတောင်ပြန်လာမိတယ်။
"Mingyu … Mingyu အခုမှငြင်းမနေနဲ့ ငါကရိပ်မိပြီးသား မနက်ကလဲ ကားပေါ်ကအတူတူဆင်းတာ လက်တွဲသွားတာ မြင်ပြီးသား "
"ဟုတ်တယ်ကွာ … ငါတို့ချစ်သူ ဖြစ်သွားပြီ။ ဒါပေမဲ့ မင်း ဘယ်သူ့မှ မပြောပါနဲ့ကွာ "
"ဘာလို့လဲ??  ဒါ ဝမ်းသာစရာ ကိစ္စပဲလေ . ဘာလဲ မင်းက Wonwoo hyung ကို silent တွဲမလို့လား "
"မဟုတ်ပါဘူးကွာ… Hyung က ငါတို့တွေအချိန်တစ်ခုအထိစောင့်ပြီး ပြသနာတွေရှိတောင် ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အချိန်ကျရင် အကုန်လုံးကို ဖွင့်ပြောမယ်တဲ့ "
"ဒါလဲကောင်းပါတယ်… Wonwoo Hyung ပြောတာ သဘာဝကျတယ်။ Anyway Congratulations ငါ့သူငယ်ချင်းကြီး "
Minghao နဲ့စကားအနည်းငယ်ပြောပြီး ရုံးဆင်းချိန်ရောက်လာတာမလို့ Minghao လဲပြန်ထွက်သွားတယ်။
Wonwoo
ရုံးဆင်းတော့မယ် ။ အတူတူမပြန်တော့ဘူးနော်
Mingyu
လွမ်းနေရတော့မှာပဲ
Wonwoo
မနက်ဖန်တွေ့ရမှာပဲကို
Mingyu
ဂရုစိုက်ပြန်နော်။ Seungcheol hyung ဆီသွားခါနီး ဖုန်းဆက်လိုက်မယ်။
message ပို့ပြီးတာနဲ့စစ်လက်စ စာရွက်စာတမ်းတွေကို လက်စသတ်လိုက်ရတယ်။
………………………………………………
Mingyu နဲ့ ချိန်းထားတာမလို့ Bar ကိုရောက်တော့ Jeonghan က လူသိပ်မများတဲ့နေရာမှာ တစ်ဝိုင်းစီစဉ်ပေးထားတယ်။
"Hyung "
"Aww Mingyu လာပြီလား "
"ပြောပါဦး ရုတ်တရက်ဘာကြောင့် အရက်သောက်ချင်သွားရတာလဲ ?? "
"ထိုင်ပါဦးအေးအေးဆေးဆေး "
သောက်စရာမှာထားတာရောက်လာတာနဲ့ စကားမဆက်မိဘူး နှစ်ယောက်သား အေးအေးဆေးဆေးသောက်နေမိတယ်။
"Mingyu ah ! မင်းရည်းစားတွေအများကြီးထားခဲ့တယ် မဟုတ်လား ?? "
"ရုတ်တရက်ကြီး !! အင်းထားဖူးတယ်လေ "
"အချစ်ဆိုတာကိုရောတွေ့ခဲ့လား ?? "
"Hyung ကဘာဖြစ်လို့မေးတာလဲ ?? Hyung လဲထားဖူးတာပဲလေ "
"ဒါပေမဲ့ ငါမတွေ့ခဲ့ဘူး "
ခေါင်းတငြိတ်ငြိတ်နားထောင်နေတဲ့ Mingyu က
"အင်း …… ကျွန်တော့်အတွက် အချစ်ဆိုတာ တကယ်ကိုပြောရခက်တဲ့ အရာပဲ hyung . ကျွန်တော် ရည်းစားတွေအများကြီးထားတယ်။ တွဲတယ် ပြတ်တယ် ဘာမှမဖြစ်ဘူး "
"Hyung လဲအဲ့လိုပဲ ပြတ်သွားတဲ့ခနတာဟာ ခံစားရသလိုဖြစ်ပေမဲ့ အဆင်ပြေတာပါပဲ "
"ဒါပေမဲ့ Hyung ကျွန်တော်ပြတ်သွားဖို့မပြောနဲ့ ရည်းစားမဖြစ်ခင်တောင် အဆုံးရှုံးမခံနိုင်လောက်တဲ့ ခံစားမှုမျိုး အခုခံစားဖူးပြီ "
"Wooow Wooow ဘယ်သူများလဲ ကံကောင်းတဲ့သူက "
"အချိန်တန်ရင်တော့သိမှာပါ ဗျာ ။ အဲ့လိုနက်နက်ရှိုင်းရှိုင်း ခံစားမှုကို အချစ်လို့ခေါင်းစဉ်တပ်ရက်တော့။ ဟုတ်တယ် … ကျွန်တော် အချစ်ဆိုတဲ့ အရာကိုတွေ့ဖူးပြီ "
"ဂုဏ်ယူပါတယ်ကွာ… "
လေးလေးနက်နက်ပြောနေတဲ့ Mingyu ရဲ့ပုံစံ ပြီးတော့ သူချစ်တဲ့သူအကြောင်းပြောနေတဲ့ ကြည်နူးရိပ်နဲ့မျက်နှာကပထမဆုံးတွေ့ဖူးခြင်းပါပဲ။ ဒီကောင်လေးတကယ်ချစ်တတ်သွားတာပဲ …
"Hyung ဘာကဘာဖြစ်လို့မေးတာလဲ ?? "
"ငါ ခံစားရတာကတစ်မျိုးဖြစ်နေလို့ "
"ဘာကိုလဲ "
"ဒီလိုကွာ ငါက လူတစ်ယောက်ကို ချစ်လိုက်တာဆိုတဲ့ ခံစားမှုမျိုးမဟုတ်ပေမဲ့ အဲ့ဒီလူက ငါ့ရင်ထဲမှာ သစ်ပင်တစ်ပင်လို အမြစ်တွယ်နေတယ် "
"အင်း ဆက်ပြောပါဦး … "
"ငါသေချာမသိခဲ့ဘူူ သစ်ပင်သေးသေးလေးကို ငါ့ရင်ထဲမှာစိုက်ပျိုးမိပြီး တစ်နေ့တစ်ခြား ကြီးထွားလာနေခဲ့တာကိုသတိမထားမိခဲ့ဘူး "
"Hyung သစ်ပင်သေးသေးလေးက ဒီအတိုင်းကြီးထွားလာတာမဟုတ်ဘူးနော် ရေလောင်းပေါင်းသင်တာတွေရှိတယ် "
"ဟုတ်တယ် သူ့အပြုအမူတွေ သူ့စိတ်တွေက ငါ့ရင်ထဲက သစ်ပင်လေးကို ပိုကြီးထွားစေတယ်ဆိုတာကို သတိမထားမိခဲ့ဘူး "
"အင်း…… အခုရော"
"ငါက သစ်ပင်လေးရဲ့ဝေးရာကို ခနတာရောက်နေမိပေမဲ့ သစ်ပင်လေးအနားကိုပြန်ရောက်လာတော့ ငါ့ရင်ထဲမှာ အမြစ်တွယ်နေတာကို သတိထားမိလာတယ် "
Mingyu ကသေချာနားထောင်နေသလိုတွေးတောနေတာမလို့ ခန ရပ်ထားမိတယ်။
"Hyung ကဘာလို့ အဝေးကိုရောက်သွားတာလဲ ?? "
"အဝေးကိုရောက်သွားတာဆိုတာက ငါကိုယ်တိုင်ဒီသစ်ပင်လေး အမြစ်တွယ်နေတာကို မသိခဲ့တာဆို ပိုမှန်မယ် "
"ဒါဆို Hyung ကအခုမှရင်ထဲမှာရှိနေတာကိုသိတာလား ?? "
"အဲ့လိုဖြစ်မယ်ထင်တယ် "
"Hyung ရင်ထဲမှာ တကယ် အမြစ်တွယ်နေတာလား ? Hyung ခံစားချက်ကရော သေချာရဲ့လား ? "
Mingyu ရဲ့ မေးခွန်းက ခနတာတော့ငိုင်ကျသွားစေတယ်။ ဒါပေမဲ့ ……Jihoon နဲ့ပတ်သတ်လာရင် အရာရာတိုင်းကို ပြုံးနေနိုင်တဲ့ ခံစားချက်မျိုး… ပြန်တွေးတိုင်းအရာရာကလှပနေတာ စဉ်းစားလိုက်တိုင်း ပြုံးနေမိတာ ……
"ငါ့ သစ်ပင်လေးကို သူများက လှလိုက်တာဆိုပြီး ကြည့်တဲ့အခါ ငါပူလောင်မိတယ်။ ဆွဲနှုတ်ခံရမလား စိုးရိမ်မိတယ် ငါ့သစ်ပင်လေးရဲ့ အရိပ်ကို သူများနဲ့ မမျှဝေချင်ဘူး "
"သဝန်တိုတာ hyung "
သဝန်တိုတာ ???
တကယ်ပဲ အဲ့လိုခံစားချက်ပဲ…… Soonyoung နဲ့ပြုံးရယ်နေတာမြင်ရင် အလိုမကျသလို ဖြစ်မိတာ သဝန်တိုတာလား ?
"Mingyu ah ! အဲ့ဒါဘာလဲ ဘာခံစားချက်လဲ ?? "
"Hyung ခံစားချက်ဆိုတာကို အချစ်လို့ခေါင်းစဉ်တပ်လို့ရတယ် ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်ဖြစ်ပေါ်လာတဲ့ ခံစားမှုချင်းမတူဘူး ကျွန်တော့်အတွက်က လုံးဝ အဆုံးရှုံးမခံနိုင်တဲ့ ခံစားမှုက အချစ်ဖြစ်ချင်ဖြစ်မယ် Hyung ရင်ထဲကအမြစ်တွယ်နေတဲ့ သစ်ပင်ကလဲ အချစ်ဖြစ်နိုက်တာပဲ …… "
"အဲ့ဒီတော့ ငါဘာလုပ်သင့်လဲ ??? "
"သူများအမြင်နဲ့အတည်ပြုမဲ့အစား ကိုယ့် ခံစားချက်နဲ့ ရင်ခုန်သံကိုနားထောင်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ် "
ဟုတ်တယ် ……
ရင်ခုန်သံ ကမတူခဲ့ဘူး … Jihoon နဲ့ရှိနေတဲ့ အချိန်ခံစား ချက်က မတူနေခဲ့ဘူး။
ချစ် မိ သွား ပြီ ပဲ ……
Mingyu ရောကျွန်တော်ပါ စကားတွေအများကြီးဆက်မပြောမိပဲ အတွေးကိုယ်စီနဲ့ ခန ငြိမ်နေမိတယ်။ တခြားအကြောင်းအရာ ခနတဖြုတ်ပြောပြီး မနက်ရုံးတတ်ရမှာမလို့ ပြန်ဖို့ ဆုံးဖြတ်ပြီး လမ်းခွဲလာကြတယ်။
အခုရက်ပိုင်း လေးလံနေတဲ့ စိတ်တွေအားလုံး ပျောက်ကွယ်သွားသလိုပဲ………
ပေါ့ပါးကြည်လင်နေပြီး Jihoon နဲ့ ပတ်သတ်သမျှ အရာအားလုံး ပြန်တွေးနေမိတယ်။
ကျွန်တော့်ရင်ထဲက သစ်ပင်လေးဟာ ပြန်လည် လန်းဆန်းလာခဲ့ပြီ …………
……………………………………………
Mingyu
ကိုယ်ပြန်ရောက်ပြီ
Wonwoo
အများကြီးသောက်ခဲ့လား ? မူးနေသေးလား
Mingyu
ဟင့်အင်း မမူးပါဘူး။ ပြန်ရောက်နေပါပြီဆို
Wonwoo
ဒါဆိုလဲပြီးရော … အိပ်တော့ မနက်ကျမှ တွေ့မယ်
Mingyu
Good Night baby ! အိပ်မက်လှလှမက်ပါစေ
Wonwoo
Good Night Mingyu
Mingyu
I love you
Wonwoo
Love you too
အိပ်ခန်းထဲမှာ message လေးတွေပြန်ကြည့်ပြီး ကောင်လေးတစ်ယောက်ပြုံးနေခဲ့တယ်။ အပြုံးလှလှလေးတွေနဲ့ အိပ်ဖို့ မီပိတ်လိုက်တယ်…
သူ့အခန်းမီးပိတ်ပြီး အိပ်မှ အိမ်ရှေ့ကနေ စိတ်ချလက်ချ ထွက်သွားတဲ့ ကားတစ်စီးပေါ်က ကောင်လေးတစ်ယောက်ရဲ့ အပြုံးတွေကို သူ မမြင်ခဲ့ပါဘူး ……
……………………………………
Hello !
စောင့်ရတာသိပ်မကြာလိုက်ဘူးမဟုတ်လား??
တွေးတောရတာတွေများလို့ နည်းနည်းပျင်းနေမလားစိုးရိမ်မိပေမဲ့ ကိုယ်ပြောချင်တာလေးတွေကိုတော့ ရေးချချင်မိတယ်။ အရေးအသားမပြေပြစ်တာကို သည်းခံဖတ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။
Love you all
Continuă lectura
O să-ți placă și
1M 18.6K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
43.6K 2.8K 31
Jeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစားနိုင်သူတစ်ယောက် သာမန်ဝင်တိုက်မှုလေးကနေ...
2.3M 118K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
9.5K 432 13
Seventeen's OTP Jicheol Jihan Junhao Soonhoon Seoksoon Meanie ** Verkwan Chancheol Jeongcheol အဲ့ဒါလေးတွေ ထဲကဘယ်ကစရေးရမလဲ ???????? Can request ပါလို့