ကျောင်းတွေပြန်ဖွင့်ပြီ...အထက်တန်းစတုတ္ထနှစ်...
လုရွှယ် : မရင်းနှီးအောင်နေရမယ်..ဟုတ်တယ်
လွယ်လွယ်လေးပါ..သူစကားလာပြောရင်
ပြန်မပြောနဲ့ပေါ့...လုရွှယ်.. Fighting !!!!
လုရွှယ်တစ်ယောက်ကျောင်းထဲသို့ဝင်ခါနီး
သူ့ကိုယ်သူစကားတွေပြောနေမိသည်..ပြောနေရင်း
အနောက်မှ ဟဲရန် တစ်ယောက်ပုခုံးလာဖက်ကာ
ဟဲရန် : မင်းကဦးနှောက်ပျက်ရုံမဟုတ်ဘဲ..ခြေပါ
မသန်တော့ဘူးလား..
လုရွှယ် : လန့်လိုက်တာ...ဖတ်.ဖတ်..ဘာလို့ငါက
ခြေမသန်ရမှာလဲ..လွဲပါစေချော်ပါစေ
ဟဲရန် : မင်းပဲကျောင်းတံခါးရှေ့မှာ 10 မိနစ်လောက်
ရပ်နေတာလေ..မင်းမဟုတ်လို့သရဲလား
ပြီးတော့လည်းပွစိပွစိနဲ့
လုရွှယ် တစ်ယောက်ဘယ်လောက်တောင်အချိန်
ကြာလို့ကြာသွားမှန်းမသိခဲ့...ဟဲရန်ပြောလို့သာပင်
လုရွှယ် : စကားမများနဲ့တော့ ....ကျောင်းထဲ
ဝင်ကြမယ်လေကွာ...
ဟဲရန် : ........
လုရွှယ် : သွားမယ်..သွားမယ်
* ဒီကောင်...အတိတ်တွေပါမေ့ကုန်ပြီလားဟ
သူမသွားလို့စောင့်နေတာကိုငါ့လာရမ်းနေတယ်
သောက်သူတောင်းစား*{ ဟဲရန်မှတွေးလိုက်ခြင်း }
အတန်းထဲသို့နှစ်ယောက်စလုံးဝင်လာကာ
ဟဲရန်ကတော့ထုံးစံအတိုင်းကောင်မလေးဘေးသို့
ဝင်ထိုင်ပြီးစကားများနေပြန်သည်...လုရွှယ်မှာ
လွတ်နေတဲ့နောက်ဆုံးခုံ၌သွားထိုင်လေသည်...
လုရွှယ် : ပြောတော့သူ့ကိုမထားခဲ့ပါနဲ့တဲ့.....ခုကျ
သူပဲထားခဲ့တာကို{ မျက်စောင်းထိုးလျက် }
" ဒါနဲ့ထို့အာရော... "
ကျောင်းစတက်ပြီး 5 ရက်အကြာ....
ဟဲရန် : ဟေ့ရောင်..လုရွှယ်...ဒီနေ့မိန်းကလေး
အသစ်ရောက်မယ်တဲ့..ဆရာမဆီကကြားတာ
လုရွှယ် : ကြားမှာပေါ့..အာ့ပဲလိုက်စုံစမ်းနေတာကို
ဟဲရန် : ငါကစားရမယ့်သူမှမတွေ့သေးတာ
လုရွှယ် : စာမလုပ်တော့ပဲမိန်းမရှာပြီးသေလိုက်တော့
ဟဲရန် : သားရီးကလည်း..အချင်းချင်းပဲကို..Hehe
မင်းကိုပါရှာပေးရမလား...
လုရွှယ် : သွားတော့!!!!!...
ဟဲရန် : စတာကို...မသာကလည်းစိတ်ကြီးပဲ...
လုရွှယ် : ခုမှသတိရတယ်...ထို့အာကဒီနေ့လာမှာပဲ
အတန်းထဲသို့ဆရာမဝင်လာသဖြင့်အတန်းသားများ
အကုန်ငြိမ်ကျသွားသည်....လုရွှယ် လည်း
ထို့အာ ပါလာမလားဟူ၍ကြည့်နေသော်လည်း
ထို့အာအစားဆံပင်အရှည်နဲ့ကောင်မလေးချောချော
တစ်ယောက်ကိုတွေ့လိုက်ရသည်....
လုရွှယ် : ..........
ဆရာမဝမ် : ထို့အာ..ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်ဦး
ထို့အာ : ဟုတ်....
* ဘာ!!!!! အာ့ကထို့အာလား....မဖြစ်နိုင်တာ...
ထို့အာကဒီပုံစံမှမဟုတ်တာ...ဘာတွေလဲ..
အာ့ဆိုဟိုနေ့ကတွေ့လိုက်တာဘယ်သူလဲ...
နင်...နင်က...ဘယ်သူလဲ *
ထိုအာ : အားလုံးပဲ..မင်္ဂလာပါ..ငါ့နာမည်က ထို့အာ
ခင်မင်ပေးဖို့တောင်းဆိုပါတယ်...
ဆရာမဝမ် : ကဲ..လုရွှယ် !!!
လုရွှယ် : ဟု...ဟုတ်..ဆရာမဝမ်...
ဆရာမဝမ် : ထို့အာ..သူ့ဘေးမှာခုံလွတ်နေတယ်
သွားထိုင်လိုက်နော်...
ထို့အာ : ဟုတ်...ဆရာမဝမ်..
အတန်းသားများအချင်းချင်းတီးတိုးပြောနေကြသဖြင့်
လုရွှယ်တစ်ယောက်ခေါင်းငုံ့ထားလိုက်တယ်....
တစ်ချိန်တည်းမှာပင်..သူ့မှာအတွေးပေါင်းစုံနှင့်
ပြည့်နှက်နေသည်.......
* တကယ်ပဲ ဘာတွေဖြစ်နေတာလဲ .... အရင်ဘဝက
ထို့အာ ကျောင်းကိုစစလာတုန်းကပုံနဲ့အတူတူပဲ
စကားပြောပုံကတော့မတူဘူး..စကားလုံးတွေက
အတူတူပဲ...ငါ ထို့အာ ကိုမမှတ်မိတာလား..
မဖြစ်နိုင်တာ.... *
ထို့အာ သူ့ဘေးသို့ရောက်လာသည်ကိုပင်သူမသိ
သူ့ခေါင်းထဲ၌အတွေးများအပြည့်နေရာယူနေဆဲ...
ထို့အာ : လုရွှယ်....လုရွှယ် { အသံတိုးတိုးဖြင့် }
လုရွှယ် : နင်ငါ့နာမည်ကိုသိတာလား...
ထို့အာ : အင်းလေ.....
* ဘာလဲ..သူလည်းအချိန်ကူးလာတာလား *
ထို့အာ : ခုနကဆရာမဝမ်ခေါ်တဲ့နာမည်က
နင့်နာမည်မလား...
လုရွှယ် : အော်....ဟုတ်သားပဲ Hehe..
ထို့အာ လည်း လုရွှယ် ကိုပြုံးပြကာစာအုပ်များ
ထုတ်နေလေသည်...
နေ့လည်ထမင်းစားချိန်ရောက်သဖြင့်အတန်းသားများ
အသီးသီးမုန့်ဆိုင်သို့သွားကြလေသည်.....
ဟဲရန်ကလည်းလုရွှယ်ဆီသို့လာကာ....
ဟဲရန် : သွားကြမယ်လေ
လုရွှယ် : အင်း
ထိုအာ : ဟိုလေ...ငါလည်းနင်တို့နဲ့လိုက်ခဲ့လို့ရလား
ဟဲရန် : ရတာပေါ့ ... ဟုတ်တယ်မလားလုရွှယ်..
လုရွှယ် : မရဘူး!!! {နည်းနည်းကျယ်သောအသံဖြင့်}
ထိုအာ : ဘာလို့လဲ..ငါကဒီကျောင်းကိုခုမှရောက်တာ
လမ်းတွေလည်းသေချာသိသေးဘူး..နော်
ဟဲရန် : မင်းကလည်းအတူတူသွားတာဘာမှမဖြစ်ပဲ
အဖြစ်မသည်းစမ်းပါနဲ့...
လုရွှယ် : မင်းတို့ပဲသွားတော့...ငါမလိုက်တော့ဘူး
ငါ..ငါနည်းနည်းခေါင်းကိုက်လာလို့
ထို့အာ : နင်ရရဲ့လား...ငါဘာဝယ်လာပေးရဦးမလဲ
လုရွှယ် : ရတယ်...ဟဲရန်..ငါသောက်နေကြ
Strawberry Milkshake ပဲဝယ်လာခဲ့..
ဟဲရန် : အေးအေး ထို့အာ..ငါလိုက်ပို့ပေးမယ်
ထို့အာ : အာ့ဆိုငါသွားတော့မယ်နော်
လုရွှယ် : အင်း....
သူတို့နှစ်ယောက်ထွက်သွားတာကိုကြည့်ပြီး
ပြတင်းပေါက်အပြင်ဘက်မှငှက်ကလေးများကို
ကြည့်ကာ......
* ဘာလို့အပြုအမူတွေကမတူတာလဲ....
လူပုံစံလည်းမတူဘူး...ငါထို့အာကိုလုံးဝမှတ်မိတယ်
ဒီလိုမျိုးမဟုတ်ဘူး....အကယ်၍သူကထို့အာသာ
ဖြစ်နေခဲ့ရင် ငါဝေးဝေးကနေရမယ်...
မဟုတ်ရင်ငါ့ကြောင့်သူသေလိမ့်မယ်.... *
ခနအကြာ......
ဟဲရန် : ဘာလဲ...ငါ့ကိုစောင့်နေတာလား..
ထို့အာကိုလား...
မေးရင်းနှင့် Milk Shake ကို လုရွှယ် ရှေ့ချကာ
သူ့ဘေးနားဝင်ထိုင်လိုက်သည်..
လုရွှယ် : Milkshake သောက်ချင်လို့စောင့်နေတာ
ဟဲရန် : ........
လုရွှယ် : ဟိုလေ...ထို့အာရောဘယ်မှာလဲ..
ဟဲရန် : လက်စသတ်တော့သူ့ကိုစောင့်နေတာပဲ
လုရွှယ် : .......{ မျက်စောင်းထိုးလျက် }
ဟဲရန် : တစ်ခုခုဝယ်ဦးမယ်ဆိုပြီးကျန်ခဲ့တယ်
သူလည်းလမ်းသိနေလောက်ပြီထင်လို့
ငါလည်းပြန်လာခဲ့တာ...
ထို့အာ : ငါပြန်လာပြီ.. Milkshake နဲ့မဝမှာစိုးလို့
ပဲနီလေးပေါင်မုန့်သွားဝယ်လာပေးတာ
လုရွှယ် : ငါကြိုက်တာနင်ဘယ်လိုသိ.....
ဟဲရန်....မင်းပြောပြလိုက်တာလား...
ဟဲရန် : ပြောပြဖို့နေနေသာသာ..လမ်းမှာတောင်
စကားပြောဖြစ်တာမဟုတ်ဘူး...
ထို့အာ...နင်ဘယ်လိုသိတာလဲ...
ထို့အာ : ငါလည်းမသိပါဘူး..ငါကြိုက်လို့ဝယ်လာတာ
နင်လည်းကြိုက်လောက်မယ်ထင်လို့
လုရွှယ် : .........
* ထို့အာကပဲနီလေးပေါင်မုန့်မကြိုက်ပါဘူး *
ဟဲရန် : ငါကမင်းစွံပြီထင်ထားတာ....Haha
လုရွှယ် : ဘယ်သူလဲမသိပါဘူး...အသစ်မြင်တိုင်း
လိုက်ငမ်းတတ်တာ{မျက်စောင်းထိုးလျက်}
ဟဲရန် : ငလူး လုရွှယ်...@#/$&*@#$
ထို့အာ : နင်တို့စကားပြောနှင့်...ငါအပြင်သွားဦးမယ်
လုရွှယ် & ဟဲရန် : အင်းးးး
ထို့အာမှာစာသင်ခန်းအပြင်သို့ရောက်ပြီးနောက်
သူသာကြားနိုင်အောင်ပါးစပ်လှုပ်ရုံတိုးတိုးလေး
ပြောလိုက်သည်.....
// နင်သူ့ကိုကယ်ချင်တယ်မလား....ငါကူညီပေးမယ်
နင့်ကိုရော..သူ့ကိုရော..ငါမရရအောင်
ကယ်တင်ပေးပါ့မယ်...ငါ့တာဝန်ထားပါ //
@@@@@@@@@@@@@@@@@@@@