(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

711K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(208) - မြေခွေးပေါက်လေး

4.4K 976 35
By Xiao_Yiii

Unicode

အခန်း(၂၀၈) - မြေခွေးပေါက်လေး

ဂျီယွန်ဝေကတော့အမြီးကိုးချောင်းမြေခွေး ရဲ့စကားကိုလျစ်လျူရှုပြီးအချိန်ကိုသ ာတွက်ဆနေလိုက်သည်။သူကစတင်ပြီး လက်စည်းတံဆိပ်ဖော်ဆောင်ကာ နည်းစနစ်ကိုစတင်လိုက်သည်။

ပထမသူ့လက်ချောင်းကိုကိုက်ပြီး သွေးအားအမြီးကိုးချောင်းနတ်မြေခွေး ရဲ့နှဖူးတည့်တည့်သို့ဖိချလိုက်သည်။ ထို့နောက်စေတီပုံစံပစ္စည်းတစ်ခုအား သူ့သိုလှောင်အိတ်ထဲမှထုတ်ယူလိုက်သည်။

ထိုစေတီအားအမြီးကိုးချောင်းနတ် မြေခွေးကမြင်လိုက်သည့်အခါသူ့မျက်စံ များကရုတ်တရက်ဒေါင်လိုက်ဖြစ်သွား ပြီးသူ့မျက်နှာပေါ်မှာကြောက်လန့်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုမြင့်တက်လာ တော့သည်။

ဂျီယွန်ဝေရဲ့လက်ထဲမှာဒီလိုစွမ်းအား ပြင်းမှော်ရတနာရှိနေမယ်လို့သူမထင် ထားခဲ့မိပေ။

အမြီးကိုးချောင်းနတ်မြေခွေးက ထွက်ပြေးချင်သော်လည်းသူ့တစ်ကိုယ် လုံးတင်းတင်းကြပ်ကြပ်တုတ်နှောင်ခံ ထားရပြီးသူလှုပ်တောင်မလှုပ်နိုင်မှ တော့ဘယ်လိုများထွက်ပြေးလို့ရပါ့မလဲ?

ထို့ကြောင့်ဂျီယွန်ဝေရဲ့မျက်လုံးထဲမှာ တော့ထိုကိုယ်လုံးတီးဆယ်ကျော်သက် လေးကမြေပြင်ပေါ်မှာတုန်ယင်နေပြီး သူ့ခေါင်းပေါ်ကမြေခွေးနားရွက်လေး များပင်တစ်လှုပ်လှုပ်တုန်နေသည်။

ဂျီယွန်ဝေသည်ထိုအမြီးကိုးချောင်း နတ်မြေခွေးကဒီလိုအခြေအနေဖြစ် သွားတဲ့အထိကြောက်လန့်သွားမယ် လို့မထင်ထားခဲ့မိပေ။သူကအနည်း ငယ်ထိတ်လန့်သွားမိပြီးအမြီးကိုး ချောင်းနတ်မြေခွေးရဲ့ခေါင်းထိပ်ကို ဖိထားရင်းဖြင့်ပြောလိုက်သည်။

"ဟုတ်တယ်လူသားတွေကဘာမှ မကောင်းကြဘူးအဲ့ဒါကြောင့်ဘာလို့ များငါ့ကိုဒီလိုကြီးကြီးမားမားအရှက် ကွဲတဲ့အထိအတင်းအကြပ်လုပ်ခဲ့ရတာလဲ?"

'ဝါးးးး' ဆိုတဲ့အသံနဲ့အတူအမြီးကိုးချောင်း နတ်မြေခွေးကစတင်ငိုယိုလာပြီးမျက်ရည် များကသူ့ရဲ့လှပသောမျက်နှာပေါ်ကျ ဆင်းလာသည်မှာကြည့်ရတာတကယ့်ကို သနားစရာကောင်းလှသည်။သို့သော် ဂျီယွန်ဝေကတော့နည်းနည်းလေးတောင် မသနားပဲအမြီးကိုးချောင်းနတ်မြေခွေးရဲ့ ဉာဏ်ရည်အားတိုက်ရိုက်ဆွဲထုတ်ကာ စေတီလေးထဲထည့်လိုက်သည်။

အမြီးကိုးချောင်းနတ်မြေခွေးက ချက်ချင်းလူသားပုံစံမှခွေးပေါက် လေးအရွယ်သာရှိသည့်မြေခွေးလေး တစ်ကောင်အဖြစ်ပြောင်းလဲသွား သည်။သူ့ရဲချစ်ခင်ဖွယ်ကောင်းပြီး့ဖြား ယောင်းသွေးဆောင်တတ်သည့်မျက်လုံး တစ်စုံကလုံးဝန်းသည့်တရုတ်ဇီးသီးလေး လိုဖြစ်သွားသည်။

နတ်ဆိုးချည်ကြိုးသည်လည်းသူ့အကန့် အသတ်ကိုရောက်သွားပြီဖြစ်တာကြောင့် အမြီးကိုးချောင်းနတ်မြေခွေးရဲ့ကိုယ်ပေါ် မှပြုတ်ကျလာလေသည်။

အမြီးကိုးချောင်းနတ်မြေခွေးကတွန့် ဆုတ်စွာဖြင့်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သော်လည်းဂျီယွန်ဝေက သူ့ကိုလက်တစ်ဖက်တည်းဖြင့်လှမ်း ဖမ်းလိုက်သည်။

ဂျီယွန်ဝေနဲ့အမြီးကိုးချောင်းနတ် မြေခွေးပေါက်လေးတို့တစ်ယောက် နဲ့တစ်ယောက်စိုက်ကြည့်နေကြသည်။

ဂျီယွန်ဝေမှာတော့ဒါကသူမျှော်လင့် ထားတာထက်ကျော်လွန်နေတယ်လို့ ခံစားရသည်။သူတကယ်ကိုတားမြစ် ထားတဲ့နည်းစနစ်ကိုပထမဆုံးအကြိမ် အသုံးပြုပြီးအမြီးကိုးချောင်းနတ်မြေခွေး ရဲ့ဉာဏ်ရည်ကိုဆွဲထုတ်ခဲ့တာဖြစ်သော် လည်းအဲ့ဒါကအမြီးကိုးချောင်းနတ်မြေ ခွေးအားနို့စို့အရွယ်သားပေါက်လေးအ ဖြစ်တိုက်ရိုက်ရောက်သွားစေမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူးပေ။

အမြီးကိုးချောင်းနတ်မြေခွေးက ဂျီယွန်ဝေအားမျက်ရည်ပြည့်နေသည့် မျက်လုံးဝိုင်းကြီးများနဲ့ကြည့်နေပြီးသူ့ ရှေ့ခြေထောက်လေးနှစ်ချောင်းက တစ်ခုနှင့်တစ်ခုပွတ်သပ်နေသည်မှာ အသနားခံဖို့ကြိုးစားနေသလိုပင်။သူ့ ကိုကြည့်ရတာသနားစရာလည်း ကောင်းသလိုချစ်ဖို့လည်းကောင်းနေသည်။

ဂျီယွန်ဝေရဲ့အမူအယာကတော့တိမ်ထူ သွားပြီးမရေမရာဖြစ်သွားရကာတကယ် ကိုကျိန်ဆဲချင်သွားသည်။

သေလိုက်ပါတော့အရင်ကတော့ သူတွေးထားတာအမြီးကိုးချောင်း နတ်မြေခွေးရဲ့ဉာဏ်ရည်ကိုယူပြီးရင် သူ့ကျင့်ကြံဆင့်ကိုမစွမ်းနိုင်တော့အောင် လုပ်ပြီးပြဿနာတွေမဖြစ်ခင်ရပ်တန့် နိုင်အောင်လုပ်ဖို့စဉ်းစားခဲ့တာလေ ဒါပေမဲ့ဒီလိုမုန်းစရာကောင်းပြီးရွံဖို့ ကောင်းတဲ့မြေခွေးကောင်ကဒီလို အခြေအနေဖြစ်သွားမယ်လို့မမျှော် လင့်ခဲ့မိဘူး—သူဘယ်လိုလုပ်ဒီလို ဟာလေးကိုနာကျင်အောင်လုပ်နိုင်မှာလဲ?

ဂျီယွန်ဝေကလက်သီးဆုပ်လိုက်ပြီး ထိုအကောင်လေးအားလက်သီး တစ်ချက်တည်းနဲ့သတ်ဖို့ကြံရွယ် လိုက်သည်။သို့သော်ဂျီယွန်ဝေရဲ့ လက်သီးကအမြီးကိုးချောင်းနတ် မြေခွေးရဲ့ခေါင်းထိပ်ကိုရောက်သည် နှင့်သူဘယ်လိုပဲကြိုးစားပါစေရှေ့ ဆက်မတိုးရက်ဘူးဖြစ်နေသည်။

အမြီးကိုးချောင်းနတ်မြေခွေးကတော့ တုန်ယင်နေပြီးဘောလုံးလေးလိုကွေး နေပြီဖြစ်ကာလုံးဝမလှုပ်ရဲတော့ပေ။သူ့ မျက်လုံးများကတော့မကျသေးတဲ့ မျက်ရည်များနဲ့စိုစွတ်နေသည်။

သားရဲထိန်းမိသားစုဝင်တစ်ယောက် အနေနဲ့ဂျီယွန်ဝေက,ကလေးဘဝက တည်းကသားရဲများနဲ့ထိတွေ့ဆက် ဆံခဲ့ရတာဖြစ်သည်။တစ်ချို့နတ်ဆိုး သားရဲများကစိတ်မရှည်ဖြစ်ကြသည်၊ တစ်ချို့ကနူးညံ့ပြီးကြောက်တတ်သည်၊ တစ်ချို့ကတော့ဉာဏ်ကောင်းကြပြီး တစ်ချို့ကမှိုင်တွေနေတတ်ကြကာ တစ်ချို့ဆိုရင်တော့အကျိုးဖြစ်ထွန်း နိုင်မယ့်အတွေးမျိုးရှိကြပြီးတစ်ချို့ မှာတော့တစ်ခြားသူများကိုအန္တာရယ် ပေးနိုင်တဲ့အကြံဆိုးများရှိကြသည်။ သို့သော်ဂျီယွန်ဝေဘက်ကအမြင်အရ တော့သူထိန်းခဲ့တဲ့နတ်ဆိုးသားရဲအား လုံးကရက်စက်ပြီးလေ့ကျင့်ပေးဖို့ ခက်ခဲသည်။

သူစာချုပ်ချုပ်ထားတဲ့သားရဲထဲက အများစုသည်လည်းအတူတူပဲဖြစ်၏။

သူတို့အားလုံးကဒီလိုစကားတစ်ခွန်းမှ မပြောပဲငိုပဲငိုနေတဲ့အမြီးကိုးချောင်း နတ်မြေခွေးနဲ့အတော်လေးခြားနားနေ သည်။ကွာခြားမှုကကောင်းကင်ဘုံနဲ့ ကမ္ဘာမြေလိုနေ့နဲ့ညလိုမျိုးလို့တောင် ပြောလို့ရနိုင်သည်။

ဂျီယွန်ဝေမှာရှုပ်ထွေးနေတဲ့မျက်လုံး အကြည့်နဲ့မကြာခင်လေးကတင်မာန ကြီးထောင်လွှား၊အာဏာရှင်ဆန်ဆန် ပြုမူ၍သူ့ကိုလုပ်ရဲကိုင်ရဲပြီးလက်နဲ့ ဟိုထိဒီထိလုပ်ခဲ့သည့်အမြီးကိုးချောင်း နတ်မြေခွေးအားကြည့်လိုက်ကာ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ် သွားရသည်။

အမြီးကိုးချောင်းနတ်မြေခွေးက တော့သူ့ရှေ့ကကြောက်စရာကောင်း တဲ့သားရဲထိန်းကသူ့ကိုသတ်ရင်ကောင်း မလားမသတ်ရင်ကောင်းမလားဆိုပြီး တွန့်ဆုတ်နေသည်ကိုမြင်သောအခါ ချက်ချင်းသူ့ပန်းရောင်လျှာလေးကို ထုတ်ကာချစ်ခင်တွယ်တာခြင်းကိုပြသ တဲ့အနေနဲ့ဂျီယွန်ဝေရဲ့လက်ဖဝါးကို လျှက်လိုက်သည်။

ဂျီယွန်ဝေမှာမီးကိုကိုင်လိုက်မိသလို ခံစားလိုက်ရသည့်ပုံဖြင့်ချက်ချင်း သူ့လက်ကိုပြန်ရုတ်လိုက်သည်။ အမြီးကိုးချောင်းနတ်မြေခွေးလေး ကတော့ဖုတ်ခနဲကြမ်းပြင်ပေါ်ပြုတ် ကျသွားလေသည်။သူ့မျက်လုံးလေး များကကြယ်များပြည့်နေပြီးအနီ ရောင်အမွှေးလေးနည်းနည်းရောနှော နေသည့်အဖြူရောင်ခြေထောက်သေး သေးလေး,လေးချောင်းနှင့်ရူးကြောင် ကြောင်လဲလျောင်းနေသည်။သူဘယ် လောက်ချစ်စရာကောင်းနေလဲဆို တာတော့ပြောလို့တောင်မရပေ။

ဂျီယွန်ဝေကထိုမြေခွေးပေါက်လေး ကိုနေ့တစ်ဝက်လောက်စိုက်ကြည့်နေ မိသည်။နောက်ဆုံးတော့သူ့မှာကူကယ် ရာမဲ့စွာပဲသူ့နှဖူးကိုကိုင်ကာသက်ပြင်း ချလိုက်မိတော့၏။သူကမြေခွေးပေါက် လေးအားဆွဲမလိုက်ပြီးကုတင်ပေါ် ပစ်တင်လိုက်သည်။

သေချာပေါက်သူလုပ်ခဲ့တဲ့လုပ်ရပ် ကနေဖြစ်သွားတဲ့ရလဒ်ကိုတာဝန် ယူရတော့မှာပေါ့

နောက်တစ်နေ့မနက်မှာဂျီယွန်ဝေက အမွှေးထူမြေခွေးပေါက်လေးအား သူနဲ့အတူခေါ်လာပြီးလင်ရွှမ်းဇီအား လာရှာသည်။

လင်ရွှမ်းဇီကဂျီယွန်ဝေရဲ့လက်မောင်း ကြားမှာလိမ်လိမ်မာမာလှဲနေပြီးနတ် ဆိုးသားရဲသီးကိုကိုင်ကာပျော်ပျော်ရွှင် ရွှင်လျှက်နေသည့်အမြီးကိုးချောင်း နတ်မြေခွေးကိုစိုက်ကြည့်လိုက်ပြီး သူ့အမူအယာကရုတ်တရက်သိမ်မွေ့ နူးညံ့သွားရသည်။

"အားဟန်ဘယ်မှာလဲ?" ဂျီယွန်ဝေကမေးလိုက်သည်။

"သူအဂ္ဂီရတ်ပညာရှင်ကျုံးလီဆီမှာ သင်ယူဖို့ကောင်းကင်တောင်ထွတ် ဂိုဏ်းကိုသွားတယ်..အနာဂတ်မှာ မီးဖိုတွေထပ်ပြီးမဖောက်ခွဲနိုင်တော့ အောင်လို့"လင်ရွှမ်းဇီကပြန်ဖြေသည်။

ဂျီယွန်ဝေမှာမနေနိုင်ပဲလျှာကို သာကိုက်ထားမိတော့သည်။

"အဂ္ဂီရတ်ပညာရှင်ကျုံးလီရဲ့စိတ်ဝင် စားမှုကိုအရယူနိုင်ခဲ့တယ်ဆိုမှတော့ သူ့မှာထူးချွန်လွန်းတဲ့ပါရမီစွမ်းရည် ရှိပြီးအနာဂတ်မှာသေချာပေါက်အင် အားကြီးအဂ္ဂီရတ်ပညာရှင်ဖြစ်လာ မယ်ဆိုတာကြည့်တာနဲ့သိနိုင်နေပြီ"

လင်ရွှမ်းဇီကပြုံးလိုက်သည်။

"ကျွန်တော်လည်းအဲ့ဒီလိုပဲမျှော်လင့်မိတယ်"

သူကပြောရင်းမှအမြီးကိုးချောင်း နတ်မြေခွေးကိုတစ်ချက်ကြည့်လိုက် ပြီးရွှင်မြူးဟန်နှင့်ရယ်မောပြောလိုက်သည်။

"ကြည့်ရတာမနေ့ကနတ်ဆိုးချည်ကြိုး ရဲ့အကျိုးရလဒ်ကသိပ်မဆိုးဘူးထင်တယ်"

"ဟုတ်ပအဲ့ဒါကတော်တော်လေး ကောင်းတယ်ငါ့လက်ထဲမှာရှိသမျှ မှော်ရတနာတွေအားလုံးကဒီကောင် စုတ်လေးရဲ့မျက်လုံးထဲတောင်မဝင် ပေမယ့်ဘယ်သူကထင်မှာလဲသူအဲ့ဒီ နတ်ဆိုးချည်ကြိုးကိုထိလိုက်မိတာနဲ့ တင်းတင်းကြပ်ကြပ်ချည်နှောင်ခံလိုက် ရတာပဲ—ညီအစ်ကိုလင်...ဒီကြိုးက အံ့ဖွယ်ရတနာတော့မဟုတ်ပါဘူးနော်?"

"အဲ့ဒါကနတ်ဆိုးသားရဲကျင့်ကြံ သူတွေနဲ့ဖြေရှင်းဖို့သက်သက်ပါ" လင်ရွှမ်းဇီကပေါ့ပေါ့ပါးပါးရှင်းပြသည်။

ဒီနတ်ဆိုးချည်ကြိုးကတကယ်တော့ သူလုပ်တာမဟုတ်ပဲသူ့အဖေချန်ထား ခဲ့တဲ့ရတနာကိရိယာဆိုတာကိုတော့ သူသဘာဝကျကျပဲဂျီယွန်ဝေကိုပြော မှာမဟုတ်ပေ။

"ငါမင်းကိုနတ်ဆိုးချည်ကြိုးပြန်ပေးမယ်" ဂျီယွန်ဝေကလင်ရွှမ်းဇီအားနတ်ဆိုး ချည်ကြိုးကိုပြန်ပေးလိုက်သည်။

လင်ရွှမ်းဇီကကြိုးကိုလက်ခံယူလိုက် ပြီးကျားပေါက်လေးများထက်ပင် ချစ်ဖို့ကောင်းနေသည့်အမြီးကိုးချောင်း နတ်မြေခွေးအားစိုက်ကြည့်လိုက်သည်။ ထို့နောက်ဂျီယွန်ဝေအားရှုပ်ထွေးတဲ့ အကြည့်နဲ့ကြည့်လိုက်၏။

"သူ့ကိုဘာတွေလုပ်လိုက်တာလဲ? သူ့ကိုကြည့်ရတာစိတ်ဝေဒနာဖြစ်နေသလိုပဲ"

ညကဘယ်လောက်တောင် ပြင်းသွားလို့လဲ?!

"လျှောက်တွေးမနေနဲ့" ဂျီယွန်ဝေကလင်ရွှမ်းဇီအမူအယာကို ကြည့်လိုက်တာနဲ့သူဘာတွေးနေမှန်း အတိအကျသိသွားတာကြောင့်သူ့ရဲ့ ရိုးသားမှုကိုအလျင်အမြန်ရှင်းပြရှာသည်။

"ငါသူနဲ့မသင့်တော်တာဘာမှမလုပ်ခဲ့ ဘူး..ငါကသူ့ဉာဏ်ရည်ကိုယာယီယူ ထားလိုက်ရုံပဲမဟုတ်ရင်ငါကသေချာ ပေါက်သူ့ပြိုင်ဘက်မဟုတ်ဘူး"

လင်ရွှမ်းဇီကတော့အဲဒါကတော်တော် လေးမယုံနိုင်စရာကောင်းတယ်လို့ တွေးမိသည်။

"သူ့ဉာဏ်ရည်ကိုယူဖို့ဘယ်လို နည်းလမ်းမျိုးကိုသုံးလိုက်တာလဲ?"

"မိသားစုလျှို့ဝှက်ချက်" ဂျီယွန်ဝေကလျို့ဝှက်ဆန်းကြယ် သည့်အပြုံးကိုပြဖို့ကြိုးစားလိုက်သည်။

လင်ရွှမ်းဇီ, "..."

သူ့ရဲ့ဉာဏ်ရည်ကိုဆုံးရှုံးထားသည့် အမြီးကိုးချောင်းမြေခွေးကသေချာ ပေါက်သူ့ကျင့်ကြံဆင့်ကျဆင်းမှာ မဟုတ်ပေ။အဲ့ဒီအစားသူကသူကိုယ့်သူ အရမ်းစွမ်းအားကြီးတဲ့နတ်ဆိုးသားရဲ ဆိုတာမေ့သွားတာပဲရှိသည်။သူ့ကျင့် ကြံဆင့်ကထိုအတိုင်းပဲရှိနေသေး သော်လည်းအဲ့ဒါကိုသေချာအသုံးပြု နိုင်ဖို့သူ့အသိဉာဏ်မနိုးကြားသေးတာ ဖြစ်သည်။

"အကိုစီစဉ်ထားတာက.....သူ့ကိုေ မွေးထားမလို့လား?" လင်ရွှမ်းဇီကမေးလိုက်သည်။

"ငါသူ့ကိုမမွေးဘူးဆိုရင်ဘာများ လုပ်နိုင်မှာလဲ?" ဂျီယွန်ဝေကတော်တော်လေး ကူကယ်ရာမဲ့စွာဖြင့်မေးလာသည်။

"ငါသူ့အရေကိုခွာပြီးသူ့အမွှေးကို အင်္ကျီလုပ်ချင်ပေမယ့်အခုချိန်မှာ သူကဒီလောက်လေးရှိတာပြီးတော့ အဲ့ဒါကပဝါလုပ်ဖို့တောင်မလုံလောက် ဘူးရယ်..ငါ့အနေနဲ့သူ့ကိုငါ့ဘေးမှာ မွေးထားပြီးသူဝလာတာနဲ့ကွပ်မျက် လိုက်ယုံပဲရှိတယ်"

အမြီးကိုးချောင်းနတ်မြေခွေးက ချက်ချက်းပင်ကြောက်လန့်သွားပြီး ဂျီယွန်ဝေအားကြောက်လန့်မှုကြောင့် တုန်ယင်နေရင်းဖြင့်ပင်သနားစရာ ကောင်းပြီးတောင်းပန်တိုးလျှိုးနေ သည့်မျက်လုံးများနဲ့ကြည့်လာသည်။

လင်ရွှမ်းဇီကထိုပုံစံကိုမြင်သောအခါ အံသြမှုကြောင့်လျှာပင်ကိုက်မိသည်။ ဒီအမြီးကိုးချောင်းနတ်မြေခွေးက အခြေခံလည်းအားနည်းနေတယ် လို့ခံစားလိုက်ရသည်။

ဂျီယွန်ဝေကဆက်ပြောသည်။

"ငါမင်းကိုသူ့ကျင့်ကြံဆင့်ကိုထိန်းချုပ် လို့ရမယ့်မှော်ရတနာတစ်ခုလောက် လုပ်ပေးစေချင်တယ်,မင်းမှာနည်းလမ်း ရှိလား?"

လင်ရွှမ်းဇီကသူ့ကိုတစ်ချက် ကြည့်လိုက်သည်။

"ကျွန်တော့မှာအရာအားလုံးရှိတယ် လို့များတကယ်ကြီးတွေးနေတာလား?"

ဂျီယွန်ဝေကရယ်မောလေသည်။

"သဘာဝပဲလေ...ဒီကမ္ဘာမှာညီအစ်ကို ရွှမ်းဇီမထွင်းထုနိုင်တဲ့မှော်ရတနာဆို တာမရှိဘူး"

လင်ရွှမ်းဇီလည်းလိုက်ရယ်မိသည်။

"အကိုကျွန်တော့ကိုအရမ်းမြင့်မြင့် ကြီးတွေးနေပြီ...ဒီအမြီးကိုးချောင်း နတ်ဆိုးမြေခွေးကိုဖမ်းထားနိုင်မယ့် မှော်ရတနာကထွင်းထုဖို့မလွယ်ဘူးဗျ"

"ဈေးနှုန်းကညှိနှိုင်းလို့ရပါတယ်" ဂျီယွန်ဝေကသူ့ကိုမျက်တောင်ခတ် ကာကြည့်ပြီးပြောလာသည်။

"ပိုက်ဆံအကြောင်းဆွေးနွေးရတာ ကအရသာမရှိဘူး"

"ညီအစ်ကိုကောင်းတွေကတစ်ယောက် နဲ့တစ်ယောက်အခွင့်အရေးမယူကြဘူး" ဂျီယွန်ဝေကဆက်ပြောသည်။

"ငါ့အနေနဲ့ညီအစ်ကိုရွှမ်းဇီကိုဒီလိုမျိုး အများကြီးကြိုးစားအားထုတ်ပေးထား တာကိုဆုံးရှုံးမှုမခံစားစေချင်ဘူး..... အရင်တုန်းငါပြောခဲ့သလိုပဲအကယ်၍ ငါဒီအမြီးကိုးချောင်းမြေခွေးကိုရရင် ညီအစ်ကိုလင်ကိုသောက်ဖို့ဖိတ်မယ် ဆိုတာ...အခုလည်းငါသူ့ကိုရယူဖို့ တစ်ခြားနည်းလမ်းအသုံးပြုခဲ့တယ် လို့သတ်မှတ်လို့ရတာပဲလေ"

လင်ရွှမ်းဇီနဲ့အမြီးကိုးချောင်းမြေခွေး ရဲ့အလွန်တရာတောက်ပကြည်လင် ကာအတော်လေးပရိယာဉ်ကြွယ်ဝပုံ ပေါက်သောမျက်လုံးတို့တစ်ယောက်နဲ့ တစ်ယောက်စူးစိုက်ကြည့်နေမိကြ သည်။သူကသူ့နှုတ်ခမ်းထောင့်စွန်း ကိုမြှင့်လိုက်လေသည်။

"အကိုယွန်ဝေ...အကို့ရဲ့အကာအကွယ် တွေကိုလျှော့ချထားလို့မဖြစ်ဘူးနော်.. .ဒီကမ္ဘာမှာမတူညီတဲ့သားရဲပေါင်း ထောင်ကျော်ရှိတယ်ဒါပေမဲ့မြေခွေး တစ်မျိုးတည်းကသာပရိယာဉ်အကြွယ် ဆုံးနဲ့လှည့်စားတတ်ကြတာ...တစ်နေ့နေ့ နည်းနည်းလောက်သတိမထားလိုက်မိ တာနဲ့ဒီမြေခွေးဆီကလှည့်စားမခံရပါ ဘူးလို့ဘယ်သူမှမသိနိုင်ဘူး"

ဂျီယွန်ဝေကဂရုမစိုက်စွာသူ့လက် ကိုမြှောက်လိုက်ပြီးအမြီးကိုးချောင်း မြေခွေးရဲ့ခေါင်းကိုပွတ်ပေးလိုက်ကာ ခေါင်းမာမာဖြင့်ရယ်မောလိုက်သည်။

"မြေခေးတွေကပရိယာဉ်တွေနဲ့စဉ်းလဲ တတ်ကြပေမယ့်အဆုံးသတ်ရင်သူတို့ ကသားရဲတွေဖြစ်နေဆဲပဲလေလူသားယေ တွေမှမဟုတ်တာ....ဒီကမ္ဘာပေါ်မှာ ပရိယာဉ်တွေစဉ်းလဲတတ်တာတွေနဲ့ ပတ်သတ်ရင်ဘယ်ဝိဉာဏ်သတ္တဝါက များလူသားတွေနဲ့ယှဉ်နိုင်မှာလဲ?အားကျိူ ရဲ့ဉာဏ်ရည်ကမွေးကင်းစအဆင့်ပဲရှိ သေးတယ်သူငါ့ကိုလှည့်စားနိုင်ဖို့ဒီလောက် မလွယ်ပါဘူး"

"တကယ်ပဲ"လင်ရွှမ်းဇီကစကားအ ပိုတွေပြောမနေတောပေ။

"ကျင့်ကြံဆင့်ကိုဖိနှိပ်ထားနိုင်မယ့် ပစ္စည်းဆိုရင်တော့ဘယ်လိုထွင်းထု ရမလဲဆိုတာပဲသိတယ်လိုအပ်တဲ့ ကုန်ကြမ်းအကုန်လုံးမရှိဘူး"

ဂျီယွန်ဝေကတော်တော်လေး အလျင်လိုနေသည်။

"ငါမင်းနဲ့အတူကုန်ကြမ်းတွေသွားရွေး ဖို့လိုက်ပေးမယ်လေ....တိုက်တိုက်ဆိုင် ဆိုင်ပိုင်မိသားစုရဲ့ရတနာတစ်ရာစံအိမ် ကလည်းဒီနဲ့သိပ်မဝေးဘူးဆိုတော့"

လင်ရွှမ်းဇီကခေါင်းညိမ့်ပြသည် "ကောင်းပြီလေ"

သူကိုယ်တိုင်ကုန်ကြမ်းတွေကိုရွေး ချယ်ပေးနိုင်မှသာစိတ်ချလက်ချ အနားယူနိုင်မှာဖြစ်သည်လေ။

ရိုးရိုးသားသားပြောရရင်လင်ရွှမ်းဇီ ကဒီအမြီးကိုးချောင်းနတ်မြေခွေးက သူ့ဉာဏ်ရည်တကယ်ပဲဆုံးရှုံးသွားပြီး မွေးကင်းစအရွယ်မြေခွေးပေါက်ဖြစ် သွားမယ်လို့အပြည့်အဝမယုံကြည်ပေ သို့သော်လမ်းပေါ်တစ်လျှောက်လုံး သူဘယ်လိုပဲစစ်ဆေးပါစေသာမာန် မဟုတ်တာဘာမှမမြင်ရဘူးဖြစ်နေ သည်။မြေခွေးရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်နေတာဖြစ်ရင်ဖြစ်မဟုတ် ရင်ဂျီယွန်ဝေရဲ့မိသားစုနည်းလမ်းက အရမ်းကိုစွမ်းအားပြင်းနေတာဖြစ် လိမ့်မည်။အချိန်တိုအတွင်းတော့ လင်ရွှမ်းဇီတကယ်ပဲဒီကိစ္စကိုအမြီး လားခေါင်းလားမခွဲနိုင်ဘူးဖြစ်သည်။

လင်ရွှမ်းဇီကကုန်ကြမ်းပစ္စည်းတစ်ချို့ ရွေးလိုက်ပြီးဂျီယွန်ဝေအတင်းအကြပ် ထိုးပေးလိုက်တဲ့ထွင်းထုခကိုယူကာ သူနဲ့ဂျီယွန်ဝေတို့လမ်းခွဲလိုက်ကြသည်။

ဂျီယွန်ဝေမပြန်ခင်မှာလင်ရွှမ်းဇီက ဒီအမြီးကိုးချောင်းနတ်မြေခွေးနဲ့ ပတ်သတ်ပြီးသတိထားနေပါရန်နှင့် ထူးဆန်းတယ်လို့ထင်တဲ့အရာဆို ဘာမှမယူရန်အထပ်ထပ်သတိပေး လိုက်သေးသည်။

မှော်ရတနာကိုသန့်စင်ရမယ့်ကိစ္စက ကြည့်လိုက်ရင်တော့အရေးပေါ်လို ဖြစ်နေသေ်ာလည်းတကယ်တမ်းတော့ သိပ်ပြီးအရေးမကြီးပေ။နတ်ဆိုးသားရဲ ၏ကျင့်ကြံဆင့်အားဖိနှိပ်ထားနိုင်မယ့် မှော်ရတနာကိုထွင်းထုသန့်စင်ရခြင်းက အလွယ်တကူအောင်မြင်စွာသန့်စင်နိုင် မယ့်ကိစ္စမဟုတ်သလိုလင်ရွှမ်းဇီတောင် သုံးရက်ကနေငါးရက်လောက်လိုအပ် လိမ့်မည်။သို့သော်မနက်ဖြန်မှာသူတို့ ဆေးလုံးကန့်သတ်လျို့ဝှက်မြေကို ဝင်ရောက်ရမှာဖြစ်ပြီးသန့်စင်ဖို့အတွက် အချိန်မရှိပေ။ထို့ကြောင့်သူကအဲ့ဒါကို အနာဂတ်မှာအချိန်တစ်ချို့ရှာနိုင်သည် အထိနောက်ပို့ထားရုံသာရှိသည်။

ဂျီယွန်ဝေသည်လည်းဒီအမြီးကိုး ချောင်းနတ်မြေခွေးရုတ်တရက်သူ့ ကျင့်ကြံဆင့်ပြန်ရသွားမှာကိုဂရုမစိုက် သလိုပဲသူ့ကိုနားလည်ကြောင်းဖော် ပြလာသည်။

*****

ကောင်းကင်တောင်ထွတ် ဂိုဏ်းဆေးလုံးတောင်တွင်--

ဝုန်းဆိုတဲ့အသံနဲ့အတူဆေးလုံးမီးဖို ကပေါက်ကွဲထွက်သွားသည်။

ယန်ထျန်းဟန်ကသူ့နှုတ်ခမ်းကိုကိုက် လိုက်ပြီးသူ့ဆန့်ကျင်ဘက်မှာထိုင်နေ သည့်ကျုံးလီရှန်အားရှက်ရွံ့မှုတစ်ချို့ နဲ့ကြည့်လိုက်သည်။

သို့သော်ကျုံးလီရှန်ရဲ့မျက်နှာပေါ်မှာ တော့အပြစ်တင်မှုသို့မဟုတ်စိတ်ပျက် မှုတို့ရှိမနေပဲဒီမီးဖိုပေါက်ကွဲမယ်ဆို တာကိုအစောကြီးကတည်းကမျှော် လင့်ထားသလိုပင်။

"ဆက်လုပ်"

ယန်ထျန်းဟန်ကသူ့နှာခေါင်းလေးကို ထိလိုက်ပြီးအပြစ်ရှိစိတ်နဲ့ပြောလာသည်။

"ဆက်ပြီးမလုပ်တော့ရင်ရောဘယ်လို လဲ?ကျွန်တော်ဒီနေ့မီးဖိုတွေဖောက်ခွဲ နေတာနှစ်လုံးတောင်ရှိနေပြီအကယ်၍ေ နောက်တစ်လုံးထပ်ဖောက်ခွဲရင်အဲ့ဒါက သုံးလုံးမြောက်ပဲ"

ဒီကုန်ပစ္စည်းတွေအကြောင်းသူသိပ် မသိပေမယ့်ကျုံးလီရှန်ရဲ့ဆေးလုံးမီးဖို တွေအားလုံးကအထက်တန်းအရေ အသွေးတွေဖြစ်သည်။သူတို့ထဲက နှစ်လုံးကိုအောင်အောင်မြင်မြင်ဖောက် ခွဲပြီးသွားပြီဆိုတဲ့အကြောင်းအရင်းက ယန်ထျန်းဟန်ရဲ့စိတ်ပိုင်းဆိုင်ရာဝန် ထုတ်ဝန်ပိုးကိုအတော်လေးလံစေသည်။

သို့သော်ကျုံးလီရှန်ကတော့သူ့လက် ကိုသာဝှေ့ယမ်းပြပြီးရဲရင့်စွာကြွေးေ ကြော်လေသည်။

"ဆက်ပြီးသာဖောက်ခွဲစမ်းပါမင်း အတိအကျမီးဖိုဘယ်လောက်များ များဖောက်ခွဲနိုင်မလဲဆိုတာကိုကြည့် တာပေါ့"

ယန်ထျန်းဟန်ကတီးတိုးရေရွတ်သည် "အကုန်လုံးပဲဖြစ်လိမ့်မယ်"

"ဖောက်ခွဲပစ်လိုက်!" ကျုံးလီရှန်ကထိုစကားတစ်ခွန်း တည်းကိုသာပြောသည်။

ကျုံးလီရှန်ကအရမ်းကိုဇွဲကောင်း နေတော့ယန်ထျန်းဟန်အနေနဲ့ရှင်း လင်းချက်တောင်းခံယုံသာရှိသည်။

"အဂ္ဂီရတ်ပညာရှင်ကျုံးလီ....ဒီမီးဖိုေ တွေကိုဖောက်ခွဲတာကလေကျွန်တော် ပြန်လျော်ပေးစရာမလိုပါဘူးနော် ဟုတ်တယ်မှတ်လား?"

ယန်ထျန်းဟန်ကအတော်လေး စိတ်ပူနေမိတာဖြစ်သည်။

ကျုံးလီရှန်ကသူ့ကိုသဘောမတူ တဲ့အကြည့်နဲ့ကြည့်သည်။

"မင်းကတတ်နိုင်လို့လား?"

ယန်ထျန်းဟန်ကခေါင်းခါပြသည်။ "မတတ်နိုင်ဘူး"

ကျုံးလီရှန်ကအတော်လေး တည်ငြိမ်စွာဖြင့်ပြောသည်။

"ဒါဆိုလည်းထားလိုက်ပေါ့ဘာလို့ ဒီလိုကိစ္စတွေကိုအများကြီးစဉ်းစား နေတာလဲ?မြန်မြန်လေးဖောက်ခွဲပစ်စမ်းပါ"

ယန်ထျန်းဟန် , "..."

တကယ်တော့သူမီးဖိုတွေကိုဖောက် ခွဲဖို့ရည်ရွယ်ထားတာမဟုတ်ဘူးလေ

ယန်ထျန်းဟန်ကဆက်ပြီးတင်ပလ္လင် ခွေထိုင်ကာလက်စည်းတံဆိပ်ပုံဖော် ၍ဆေးလုံးစတင်သန့်စင်တော့သည်။ အမွှေးတိုင်တစ်တိုင်စာကုန်ချိန်လောက် မှာကျုံးလီရှန်ရဲ့မျက်လုံးများရုတ်တရက် အေးခဲသွားသည်။သူကဆေးလုံးမီးဖိုရဲ့ နှုတ်ခမ်းဝမှာတောက်ပနေသောရေခဲပြာ ရောင်မီးတောက်ကိုကြည့်ပြီးသူ့ပေါင် ကိုရိုက်လိုက်သည်။

"ငါအခုနားလည်သွားပြီ!"

ယန်ထျန်းဟန်ကထိတ်လန့်သွားမိပြီး ဝုန်းဆိုတဲ့အသံနဲ့မီးဖိုကပေါက်ကွဲသွား ုပြန်သည်။

ကံကောင်းစွာနဲ့လင်ရွှမ်းဇီသူ့ကို ပေးထားတဲ့အဝါရောင်ဘဲပေါက်လေးနဲ့ တစ်ခြားအထက်တန်းအဆင့်ကာကွယ် ရေးပစ္စည်းများကသူ့ကိုကာကွယ်ပေး ထားသောကြောင့်ပေါက်ကွဲမှုက ယန်ထျန်းဟန်အားသက်ရောက်မှုမရှိပေ။

ကျုံးလီရှန်သည်လည်းသူ့ကိုယ်ပိုင် မှော်ရတနာကိုယူလာသည်။ပေါက်ကွဲ သွားသောမီးဖို၏ပြာများနှင့်အပိုင်းအစ အားလုံးကသူ့ရှေ့ကမမြင်ရတဲ့နံရံနဲ့ တားဆီးထားသလိုမျိုးလုံးဝဆက်ပြီး မတိုးဝင်နိုင်ကြပေ။

ယန်ထျန်းဟန်ကကျုံးလီရှန်အား စိတ်အားထက်သန်စွာကြည့်လိုက်သည်။

"အဂ္ဂီရတ်ပညာရှင်ကျုံးလီ..ကျွန်တော် ဘာဖြစ်လို့အမြဲတမ်းမီးဖိုတွေပေါက် ကွဲစေတာလဲ?"

.............................................

Next Episode

ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်

.............................................
Zawgyi

အခန္း(၂၀၈) - ေျမေခြးေပါက္ေလး

ဂ်ီယြန္ေဝကေတာ့အၿမီးကိုးေခ်ာင္းေျမေခြး ရဲ႔စကားကိုလ်စ္လ်ဴရႈၿပီးအခ်ိန္ကိုသ ာတြက္ဆေနလိုက္သည္။သူကစတင္ၿပီး လက္စည္းတံဆိပ္ေဖာ္ေဆာင္ကာ နည္းစနစ္ကိုစတင္လိုက္သည္။

ပထမသူ႔လက္ေခ်ာင္းကိုကိုက္ၿပီး ေသြးအားအၿမီးကိုးေခ်ာင္းနတ္ေျမေခြး ရဲ႔ႏွဖူးတည့္တည့္သို႔ဖိခ်လိုက္သည္။ ထို႔ေနာက္ေစတီပံုစံပစၥည္းတစ္ခုအား သူ႔သိုေလွာင္အိတ္ထဲမွထုတ္ယူလိုက္သည္။

ထိုေစတီအားအၿမီးကိုးေခ်ာင္းနတ္ ေျမေခြးကျမင္လိုက္သည့္အခါသူ႔မ်က္စံ မ်ားက႐ုတ္တရက္ေဒါင္လိုက္ျဖစ္သြား ျပီးသူ႔မ်က္ႏွာေပၚမွာေၾကာက္လန္႔မႈႏွင့္ ထိတ္လန္႔တုန္လွဳပ္မႈျမင့္တက္လာ ေတာ့သည္။

ဂ်ီယြန္ေဝရဲ႔လက္ထဲမွာဒီလိုစြမ္းအား ျပင္းေမွာ္ရတနာရွိေနမယ္လို႔သူမထင္ ထားခဲ့မိေပ။

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးက ထြက္ေျပးခ်င္ေသာ္လည္းသူ႔တစ္ကိုယ္ လံုးတင္းတင္းၾကပ္ၾကပ္တုတ္ေႏွာင္ခံ ထားရၿပီးသူလွဳပ္ေတာင္မလွဳပ္ႏိုင္မွ ေတာ့ဘယ္လိုမ်ားထြက္ေျပးလို႔ရပါ့မလဲ?

ထို႔ေၾကာင့္ဂ်ီယြန္ေဝရဲ႔မ်က္လံုးထဲမွာ ေတာ့ထိုကိုယ္လံုးတီးဆယ္ေက်ာ္သက္ ေလးကေျမျပင္ေပၚမွာတုန္ယင္ေနၿပီး သူ႔ေခါင္းေပၚကေျမေခြးနားရြက္ေလး မ်ားပင္တစ္လႈပ္လႈပ္တုန္ေနသည္။

ဂ်ီယြန္ေဝသည္ထိုအၿမီးကိုးေခ်ာင္း နတ္ေျမေခြးကဒီလိုအေျခအေနျဖစ္ သြားတဲ့အထိေၾကာက္လန္႔သြားမယ္ လို႔မထင္ထားခဲ့မိေပ။သူကအနည္း ငယ္ထိတ္လန္႔သြားမိၿပီးအၿမီးကိုး ေခ်ာင္းနတ္ေျမေခြးရဲ႔ေခါင္းထိပ္ကို ဖိထားရင္းျဖင့္ေျပာလိုက္သည္။

"ဟုတ္တယ္လူသားေတြကဘာမွ မေကာင္းၾကဘူးအဲ့ဒါေၾကာင့္ဘာလို႔ မ်ားငါ့ကိုဒီလိုႀကီးႀကီးမားမားအရွက္ ကြဲတဲ့အထိအတင္းအၾကပ္လုပ္ခဲ့ရတာလဲ?"

'ဝါးးးး' ဆိုတဲ့အသံနဲ႔အတူအၿမီးကိုးေခ်ာင္း နတ္ေျမေခြးကစတင္ငိုယိုလာၿပီးမ်က္ရည္ မ်ားကသူ႔ရဲ႔လွပေသာမ်က္ႏွာေပၚက် ဆင္းလာသည္မွာၾကည့္ရတာတကယ့္ကို သနားစရာေကာင္းလွသည္။သို႔ေသာ္ ဂ်ီယြန္ေဝကေတာ့နည္းနည္းေလးေတာင္ မသနားပဲအၿမီးကိုးေခ်ာင္းနတ္ေျမေခြးရဲ႔ ဉာဏ္ရည္အားတိုက္႐ိုက္ဆြဲထုတ္ကာ ေစတီေလးထဲထည့္လိုက္သည္။

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးက ခ်က္ခ်င္းလူသားပံုစံမွေခြးေပါက္ ေလးအရြယ္သာရွိသည့္ေျမေခြးေလး တစ္ေကာင္အျဖစ္ေျပာင္းလဲသြား သည္။သူ႔ရဲခ်စ္ခင္ဖြယ္ေကာင္းၿပီး႔ျဖား ေယာင္းေသြးေဆာင္တတ္သည့္မ်က္လံုး တစ္စံုကလံုးဝန္းသည့္တ႐ုတ္ဇီးသီးေလး လိုျဖစ္သြားသည္။

နတ္ဆိုးခ်ည္ႀကိဳးသည္လည္းသူ႔အကန္႔ အသတ္ကိုေရာက္သြားၿပီျဖစ္တာေၾကာင့္ အၿမီးကိုးေခ်ာင္းနတ္ေျမေခြးရဲ႔ကိုယ္ေပၚ မွျပဳတ္က်လာေလသည္။

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးကတြန္႔ ဆုတ္စြာျဖင့္ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္ေသာ္လည္းဂ်ီယြန္ေဝက သူ႔ကိုလက္တစ္ဖက္တည္းျဖင့္လွမ္း ဖမ္းလိုက္သည္။

ဂ်ီယြန္ေဝနဲ႔အၿမီးကိုးေခ်ာင္းနတ္ ေျမေခြးေပါက္ေလးတို႔တစ္ေယာက္ နဲ႔တစ္ေယာက္စိုက္ၾကည့္ေနၾကသည္။

ဂ်ီယြန္ေဝမွာေတာ့ဒါကသူေမွ်ာ္လင့္ ထားတာထက္ေက်ာ္လြန္ေနတယ္လို႔ ခံစားရသည္။သူတကယ္ကိုတားျမစ္ ထားတဲ့နည္းစနစ္ကိုပထမဆံုးအႀကိမ္ အသံုးျပဳၿပီးအၿမီးကိုးေခ်ာင္းနတ္ေျမေခြး ရဲ႔ဉာဏ္ရည္ကိုဆြဲထုတ္ခဲ့တာျဖစ္ေသာ္ လည္းအဲ့ဒါကအၿမီးကိုးေခ်ာင္းနတ္ေျမ ေခြးအားႏို႔စို႔အရြယ္သားေပါက္ေလးအ ျဖစ္တိုက္႐ိုက္ေရာက္သြားေစမယ္လို႔ တစ္ခါမွမေတြးခဲ့မိဘူးေပ။

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးက ဂ်ီယြန္ေဝအားမ်က္ရည္ျပည့္ေနသည့္ မ်က္လံုးဝိုင္းႀကီးမ်ားနဲ႔ၾကည့္ေနၿပီးသူ႔ ေရွ႕ေျခေထာက္ေလးႏွစ္ေခ်ာင္းက တစ္ခုႏွင့္တစ္ခုပြတ္သပ္ေနသည္မွာ အသနားခံဖို႔ႀကိဳးစားေနသလိုပင္။သူ႔ ကိုၾကည့္ရတာသနားစရာလည္း ေကာင္းသလိုခ်စ္ဖို႔လည္းေကာင္းေနသည္။

ဂ်ီယြန္ေဝရဲ႔အမူအယာကေတာ့တိမ္ထူ သြားၿပီးမေရမရာျဖစ္သြားရကာတကယ္ ကိုက်ိန္ဆဲခ်င္သြားသည္။

ေသလိုက္ပါေတာ့အရင္ကေတာ့ သူေတြးထားတာအၿမီးကိုးေခ်ာင္း နတ္ေျမေခြးရဲ႔ဉာဏ္ရည္ကိုယူၿပီးရင္ သူ႔က်င့္ၾကံဆင့္ကိုမစြမ္းႏိုင္ေတာ့ေအာင္ လုပ္ၿပီးျပႆနာေတြမျဖစ္ခင္ရပ္တန္႔ ႏိုင္ေအာင္လုပ္ဖို႔စဥ္းစားခဲ့တာေလ ဒါေပမဲ့ဒီလိုမုန္းစရာေကာင္းၿပီးရြံဖို႔ ေကာင္းတဲ့ေျမေခြးေကာင္ကဒီလို အေျခအေနျဖစ္သြားမယ္လို႔မေမွ်ာ္ လင့္ခဲ့မိဘူး—သူဘယ္လိုလုပ္ဒီလို ဟာေလးကိုနာက်င္ေအာင္လုပ္ႏိုင္မွာလဲ?

ဂ်ီယြန္ေဝကလက္သီးဆုပ္လိုက္ၿပီး ထိုအေကာင္ေလးအားလက္သီး တစ္ခ်က္တည္းနဲ႔သတ္ဖို႔ၾကံရြယ္ လိုက္သည္။သို႔ေသာ္ဂ်ီယြန္ေဝရဲ႔ လက္သီးကအၿမီးကိုးေခ်ာင္းနတ္ ေျမေခြးရဲ႔ေခါင္းထိပ္ကိုေရာက္သည္ ႏွင့္သူဘယ္လိုပဲႀကိဳးစားပါေစေရွ႕ ဆက္မတိုးရက္ဘူးျဖစ္ေနသည္။

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးကေတာ့ တုန္ယင္ေနၿပီးေဘာလံုးေလးလိုေကြး ေနၿပီျဖစ္ကာလံုးဝမလႈပ္ရဲေတာ့ေပ။သူ႔ မ်က္လံုးမ်ားကေတာ့မက်ေသးတဲ့ မ်က္ရည္မ်ားနဲ႔စိုစြတ္ေနသည္။

သားရဲထိန္းမိသားစုဝင္တစ္ေယာက္ အေနနဲ႔ဂ်ီယြန္ေဝက,ကေလးဘဝက တည္းကသားရဲမ်ားနဲ႔ထိေတြ႕ဆက္ ဆံခဲ့ရတာျဖစ္သည္။တစ္ခ်ိဳ႔နတ္ဆိုး သားရဲမ်ားကစိတ္မရွည္ျဖစ္ၾကသည္၊ တစ္ခ်ိဳ႔ကႏူးညံ့ၿပီးေၾကာက္တတ္သည္၊ တစ္ခ်ဳိ႔ကေတာ့ဉာဏ္ေကာင္းၾကၿပီး တစ္ခ်ိဳ႔ကမွိုင္ေတြေနတတ္ၾကကာ တစ္ခ်ိဳ႔ဆိုရင္ေတာ့အက်ိဳးျဖစ္ထြန္း ႏိုင္မယ့္အေတြးမ်ိဳးရွိၾကၿပီးတစ္ခ်ိဳ႔ မွာေတာ့တစ္ျခားသူမ်ားကိုအႏာၱရယ္ ေပးႏိုင္တဲ့အၾကံဆိုးမ်ားရွိၾကသည္။ သို႔ေသာ္ဂ်ီယြန္ေဝဘက္ကအျမင္အရ ေတာ့သူထိန္းခဲ့တဲ့နတ္ဆိုးသားရဲအား လံုးကရက္စက္ၿပီးေလ့က်င့္ေပးဖို႔ ခက္ခဲသည္။

သူစာခ်ဳပ္ခ်ဳပ္ထားတဲ့သားရဲထဲက အမ်ားစုသည္လည္းအတူတူပဲျဖစ္၏။

သူတို႔အားလံုးကဒီလိုစကားတစ္ခြန္းမွ မေျပာပဲငိုပဲငိုေနတဲ့အၿမီးကိုးေခ်ာင္း နတ္ေျမေခြးနဲ႔အေတာ္ေလးျခားနားေန သည္။ကြာျခားမႈကေကာင္းကင္ဘံုနဲ႔ ကမာၻေျမလိုေန႔နဲ႔ညလိုမ်ိဳးလို႔ေတာင္ ေျပာလို႔ရႏိုင္သည္။

ဂ်ီယြန္ေဝမွာရႈပ္ေထြးေနတဲ့မ်က္လံုး အၾကည့္နဲ႔မၾကာခင္ေလးကတင္မာန ႀကီးေထာင္လႊား၊အာဏာရွင္ဆန္ဆန္ ျပဳမူ၍သူ႔ကိုလုပ္ရဲကိုင္ရဲၿပီးလက္နဲ႔ ဟိုထိဒီထိလုပ္ခဲ့သည့္အၿမီးကိုးေခ်ာင္း နတ္ေျမေခြးအားၾကည့္လိုက္ကာ ႐ုတ္တရက္ဘာေျပာရမွန္းမသိျဖစ္ သြားရသည္။

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးက ေတာ့သူ႔ေရွ႕ကေၾကာက္စရာေကာင္း တဲ့သားရဲထိန္းကသူ႔ကိုသတ္ရင္ေကာင္း မလားမသတ္ရင္ေကာင္းမလားဆိုၿပီး တြန္႔ဆုတ္ေနသည္ကိုျမင္ေသာအခါ ခ်က္ခ်င္းသူ႔ပန္းေရာင္လွ်ာေလးကို ထုတ္ကာခ်စ္ခင္တြယ္တာျခင္းကိုျပသ တဲ့အေနနဲ႔ဂ်ီယြန္ေဝရဲ႔လက္ဖဝါးကို လွ်က္လိုက္သည္။

ဂ်ီယြန္ေဝမွာမီးကိုကိုင္လိုက္မိသလို ခံစားလိုက္ရသည့္ပံုျဖင့္ခ်က္ခ်င္း သူ႔လက္ကိုျပန္႐ုတ္လိုက္သည္။ အၿမီးကိုးေခ်ာင္းနတ္ေျမေခြးေလး ကေတာ့ဖုတ္ခနဲၾကမ္းျပင္ေပၚျပဳတ္ က်သြားေလသည္။သူ႔မ်က္လံုးေလး မ်ားကၾကယ္မ်ားျပည့္ေနၿပီးအနီ ေရာင္အေမႊးေလးနည္းနည္းေရာေႏွာ ေနသည့္အျဖဴေရာင္ေျခေထာက္ေသး ေသးေလး,ေလးေခ်ာင္းႏွင့္႐ူးေၾကာင္ ေၾကာင္လဲေလ်ာင္းေနသည္။သူဘယ္ ေလာက္ခ်စ္စရာေကာင္းေနလဲဆို တာေတာ့ေျပာလို႔ေတာင္မရေပ။

ဂ်ီယြန္ေဝကထိုေျမေခြးေပါက္ေလး ကိုေန႔တစ္ဝက္ေလာက္စိုက္ၾကည့္ေန မိသည္။ေနာက္ဆံုးေတာ့သူ႔မွာကူကယ္ ရာမဲ့စြာပဲသူ႔ႏွဖူးကိုကိုင္ကာသက္ျပင္း ခ်လိုက္မိေတာ့၏။သူကေျမေခြးေပါက္ ေလးအားဆြဲမလိုက္ၿပီးကုတင္ေပၚ ပစ္တင္လိုက္သည္။

ေသခ်ာေပါက္သူလုပ္ခဲ့တဲ့လုပ္ရပ္ ကေနျဖစ္သြားတဲ့ရလဒ္ကိုတာဝန္ ယူရေတာ့မွာေပါ့

ေနာက္တစ္ေန႔မနက္မွာဂ်ီယြန္ေဝက အေမႊးထူေျမေခြးေပါက္ေလးအား သူနဲ႔အတူေခၚလာၿပီးလင္ရႊမ္းဇီအား လာရွာသည္။

လင္ရႊမ္းဇီကဂ်ီယြန္ေဝရဲ႔လက္ေမာင္း ၾကားမွာလိမ္လိမ္မာမာလွဲေနၿပီးနတ္ ဆိုးသားရဲသီးကိုကိုင္ကာေပ်ာ္ေပ်ာ္ရႊင္ ရႊင္လွ်က္ေနသည့္အၿမီးကိုးေခ်ာင္း နတ္ေျမေခြးကိုစိုက္ၾကည့္လိုက္ၿပီး သူ႔အမူအယာက႐ုတ္တရက္သိမ္ေမြ႕ ႏူးညံ့သြားရသည္။

"အားဟန္ဘယ္မွာလဲ?" ဂ်ီယြန္ေဝကေမးလိုက္သည္။

"သူအဂၢီရတ္ပညာရွင္က်ံဳးလီဆီမွာ သင္ယူဖို႔ေကာင္းကင္ေတာင္ထြတ္ ဂိုဏ္းကိုသြားတယ္..အနာဂတ္မွာ မီးဖိုေတြထပ္ၿပီးမေဖာက္ခြဲႏိ္ုင္ေတာ့ ေအာင္လို႔"လင္ရႊမ္းဇီကျပန္ေျဖသည္။

ဂ်ီယြန္ေဝမွာမေနႏိုင္ပဲလွ်ာကို သာကိုက္ထားမိေတာ့သည္။

"အဂၢီရတ္ပညာရွင္က်ံုးလီရဲ႔စိတ္ဝင္ စားမႈကိုအရယူႏိုင္ခဲ့တယ္ဆိုမွေတာ့ သူ႔မွာထူးခၽြန္လြန္းတဲ့ပါရမီစြမ္းရည္ ရွိၿပီးအနာဂတ္မွာေသခ်ာေပါက္အင္ အားႀကီးအဂၢီရတ္ပညာရွင္ျဖစ္လာ မယ္ဆိုတာၾကည့္တာနဲ႔သိႏိုင္ေနၿပီ"

လင္ရႊမ္းဇီကျပံဳးလိုက္သည္။

"ကၽြန္ေတာ္လည္းအဲ့ဒီလိုပဲေမွ်ာ္လင့္မိတယ္"

သူကေျပာရင္းမွအၿမီးကိုးေခ်ာင္း နတ္ေျမေခြးကိုတစ္ခ်က္ၾကည့္လိုက္ ၿပီးရႊင္ျမဴးဟန္ႏွင့္ရယ္ေမာေျပာလိုက္သည္။

"ၾကည့္ရတာမေန႔ကနတ္ဆိုးခ်ည္ႀကိဳး ရဲ႔အကိ်ဳးရလဒ္ကသိပ္မဆိုးဘူးထင္တယ္"

"ဟုတ္ပအဲ့ဒါကေတာ္ေတာ္ေလး ေကာင္းတယ္ငါ့လက္ထဲမွာရွိသမွ် ေမွာ္ရတနာေတြအားလံုးကဒီေကာင္ စုတ္ေလးရဲ႔မ်က္လံုးထဲေတာင္မဝင္ ေပမယ့္ဘယ္သူကထင္မွာလဲသူအဲ့ဒီ နတ္ဆိုးခ်ည္ႀကိဳးကိုထိလိုက္မိတာနဲ႔ တင္းတင္းၾကပ္ၾကပ္ခ်ည္ေႏွာင္ခံလိုက္ ရတာပဲ—ညီအစ္ကိုလင္...ဒီႀကိဳးက အံ့ဖြယ္ရတနာေတာ့မဟုတ္ပါဘူးေနာ္?"

"အဲ့ဒါကနတ္ဆိုးသားရဲက်င့္ၾကံ သူေတြနဲ႔ေျဖရွင္းဖို႔သက္သက္ပါ" လင္ရႊမ္းဇီကေပါ့ေပါ့ပါးပါးရွင္းျပသည္။

ဒီနတ္ဆိုးခ်ည္ႀကိဳးကတကယ္ေတာ့ သူလုပ္တာမဟုတ္ပဲသူ႔အေဖခ်န္ထား ခဲ့တဲ့ရတနာကိရိယာဆိုတာကိုေတာ့ သူသဘာဝက်က်ပဲဂ်ီယြန္ေဝကိုေျပာ မွာမဟုတ္ေပ။

"ငါမင္းကိုနတ္ဆိုးခ်ည္ႀကိဳးျပန္ေပးမယ္" ဂ်ီယြန္ေဝကလင္ရႊမ္းဇီအားနတ္ဆိုး ခ်ည္ႀကိဳးကိုျပန္ေပးလိုက္သည္။

လင္ရႊမ္းဇီကႀကိဳးကိုလက္ခံယူလိုက္ ၿပီးက်ားေပါက္ေလးမ်ားထက္ပင္ ခ်စ္ဖို႔ေကာင္းေနသည့္အၿမီးကိုးေခ်ာင္း နတ္ေျမေခြးအားစိုက္ၾကည့္လိုက္သည္။ ထို႔ေနာက္ဂ်ီယြန္ေဝအားရွဳပ္ေထြးတဲ့ အၾကည့္နဲ႔ၾကည့္လိုက္၏။

"သူ႔ကိုဘာေတြလုပ္လိုက္တာလဲ? သူ႔ကိုၾကည့္ရတာစိတ္ေဝဒနာျဖစ္ေနသလိုပဲ"

ညကဘယ္ေလာက္ေတာင္ျပင္းသြားလို႔လဲ?!

"ေလွ်ာက္ေတြးမေနနဲ႔" ဂ်ီယြန္ေဝကလင္ရႊမ္းဇီအမူအယာကို ၾကည့္လိုက္တာနဲ႔သူဘာေတြးေနမွန္း အတိအက်သိသြားတာေၾကာင့္သူ႔ရဲ႔ ႐ိုးသားမွဳကိုအလ်င္အျမန္ရွင္းျပရွာသည္။

"ငါသူနဲ႔မသင့္ေတာ္တာဘာမွမလုပ္ခဲ့ ဘူး..ငါကသူ႔ဉာဏ္ရည္ကိုယာယီယူ ထားလိုက္ရံုပဲမဟုတ္ရင္ငါကေသခ်ာ ေပါက္သူ႔ၿပိဳင္ဘက္မဟုတ္ဘူး"

လင္ရႊမ္းဇီကေတာ့အဲဒါကေတာ္ေတာ္ ေလးမယံုႏိုင္စရာေကာင္းတယ္လို႔ ေတြးမိသည္။

"သူ႔ဉာဏ္ရည္ကိုယူဖို႔ဘယ္လို နည္းလမ္းမ်ိဳးကိုသံုးလိုက္တာလဲ?"

"မိသားစုလ်ွိဳ႔ဝွက္ခ်က္" ဂ်ီယြန္ေဝကလ်ိဳ႔ဝွက္ဆန္းၾကယ္ သည့္အျပံဳးကိုျပဖို႔ႀကိဳးစားလိုက္သည္။

လင္ရႊမ္းဇီ, "..."

သူ႔ရဲ႔ဉာဏ္ရည္ကိုဆံုးရွံဳးထားသည့္ အၿမီးကိုးေခ်ာင္းေျမေခြးကေသခ်ာ ေပါက္သူ႔က်င့္ၾကံဆင့္က်ဆင္းမွာ မဟုတ္ေပ။အဲ့ဒီအစားသူကသူကိုယ့္သူ အရမ္းစြမ္းအားႀကီးတဲ့နတ္ဆိုးသားရဲ ဆိုတာေမ့သြားတာပဲရွိသည္။သူ႔က်င့္ ၾကံဆင့္ကထိုအတိုင္းပဲရွိေနေသး ေသာ္လည္းအဲ့ဒါကိုေသခ်ာအသံုးျပဳ ႏိုင္ဖို႔သူ႔အသိဉာဏ္မႏိုးၾကားေသးတာ ျဖစ္သည္။

"အကိုစီစဥ္ထားတာက.....သူ႔ကိုေ ေမြးထားမလို႔လား?" လင္ရႊမ္းဇီကေမးလိုက္သည္။

"ငါသူ႔ကိုမေမြးဘူးဆိုရင္ဘာမ်ား လုပ္ႏိုင္မွာလဲ?" ဂ်ီယြန္ေဝကေတာ္ေတာ္ေလး ကူကယ္ရာမဲ့စြာျဖင့္ေမးလာသည္။

"ငါသူ႔အေရကိုခြာၿပီးသူ႔အေမႊးကို အက်ႌလုပ္ခ်င္ေပမယ့္အခုခ်ိန္မွာ သူကဒီေလာက္ေလးရွိတာၿပီးေတာ့ အဲ့ဒါကပဝါလုပ္ဖို႔ေတာင္မလံုေလာက္ ဘူးရယ္..ငါ့အေနနဲ႔သူ႔ကိုငါ့ေဘးမွာ ေမြးထားၿပီးသူဝလာတာနဲ႔ကြပ္မ်က္ လိုက္ယံုပဲရွိတယ္"

အၿမီးကိုးေခ်ာင္းနတ္ေျမေခြးက ခ်က္ခ်က္းပင္ေၾကာက္လန္႔သြားၿပီး ဂ်ီယြန္ေဝအားေၾကာက္လန္႔မႈေၾကာင့္ တုန္ယင္ေနရင္းျဖင့္ပင္သနားစရာ ေကာင္းၿပီးေတာင္းပန္တိုးလွ်ိဳးေန သည့္မ်က္လံုးမ်ားနဲ႔ၾကည့္လာသည္။

လင္ရႊမ္းဇီကထိုပံုစံကိုျမင္ေသာအခါ အံၾသမႈေၾကာင့္လွ်ာပင္ကိုက္မိသည္။ ဒီအၿမီးကိုးေခ်ာင္းနတ္ေျမေခြးက အေျခခံလည္းအားနည္းေနတယ္ လို႔ခံစားလိုက္ရသည္။

ဂ်ီယြန္ေဝကဆက္ေျပာသည္။

"ငါမင္းကိုသူ႔က်င့္ၾကံဆင့္ကိုထိန္းခ်ဳပ္ လို႔ရမယ့္ေမွာ္ရတနာတစ္ခုေလာက္ လုပ္ေပးေစခ်င္တယ္,မင္းမွာနည္းလမ္း ရွိလား?"

လင္ရႊမ္းဇီကသူ႔ကိုတစ္ခ်က္ ၾကည့္လိုက္သည္။

"ကၽြန္ေတာ့မွာအရာအားလံုးရွိတယ္ လို႔မ်ားတကယ္ႀကီးေတြးေနတာလား?"

ဂ်ီယြန္ေဝကရယ္ေမာေလသည္။

"သဘာဝပဲေလ...ဒီကမာၻမွာညီအစ္ကို ရႊမ္းဇီမထြင္းထုႏိုင္တဲ့ေမွာ္ရတနာဆို တာမရွိဘူး"

လင္ရႊမ္းဇီလည္းလိုက္ရယ္မိသည္။

"အကိုကၽြန္ေတာ့ကိုအရမ္းျမင့္ျမင့္ ႀကီးေတြးေနၿပီ...ဒီအၿမီးကိုးေခ်ာင္း နတ္ဆိုးေျမေခြးကိုဖမ္းထားႏိုင္မယ့္ ေမွာ္ရတနာကထြင္းထုဖို႔မလြယ္ဘူးဗ်"

"ေစ်းႏႈန္းကၫွိႏွိုင္းလို႔ရပါတယ္" ဂ်ီယြန္ေဝကသူ႔ကိုမ်က္ေတာင္ခတ္ ကာၾကည့္ၿပီးေျပာလာသည္။

"ပိုက္ဆံအေၾကာင္းေဆြးေႏြးရတာ ကအရသာမရွိဘူး"

"ညီအစ္ကိုေကာင္းေတြကတစ္ေယာက္ နဲ႔တစ္ေယာက္အခြင့္အေရးမယူၾကဘူး" ဂ်ီယြန္ေဝကဆက္ေျပာသည္။

"ငါ့အေနနဲ႔ညီအစ္ကိုရႊမ္းဇီကိုဒီလိုမ်ိဳး အမ်ားႀကီးႀကိဳးစားအားထုတ္ေပးထား တာကိုဆံုးရွံဳးမွဳမခံစားေစခ်င္ဘူး..... အရင္တုန္းငါေျပာခဲ့သလိုပဲအကယ္၍ ငါဒီအၿမီးကိုးေခ်ာင္းေျမေခြးကိုရရင္ ညီအစ္ကိုလင္ကိုေသာက္ဖို႔ဖိတ္မယ္ ဆိုတာ...အခုလည္းငါသူ႔ကိုရယူဖို႔ တစ္ျခားနည္းလမ္းအသံုးျပဳခဲ့တယ္ လို႔သတ္မွတ္လို႔ရတာပဲေလ"

လင္ရႊမ္းဇီနဲ႔အၿမီးကိုးေခ်ာင္းေျမေခြး ရဲ႔အလြန္တရာေတာက္ပၾကည္လင္ ကာအေတာ္ေလးပရိယာဥ္ႂကြယ္ဝပံု ေပါက္ေသာမ်က္လံုးတို႔တစ္ေယာက္နဲ႔ တစ္ေယာက္စူးစိုက္ၾကည့္ေနမိၾက သည္။သူကသူ႔ႏွဳတ္ခမ္းေထာင့္စြန္း ကိုႁမွင့္လိုက္ေလသည္။

"အကိုယြန္ေဝ...အကို႔ရဲ႔အကာအကြယ္ ေတြကိုေလွ်ာ့ခ်ထားလို႔မျဖစ္ဘူးေနာ္.. .ဒီကမာၻမွာမတူညီတဲ့သားရဲေပါင္း ေထာင္ေက်ာ္ရွိတယ္ဒါေပမဲ့ေျမေခြး တစ္မ်ိဳးတည္းကသာပရိယာဥ္အႂကြယ္ ဆံုးနဲ႔လွည့္စားတတ္ၾကတာ...တစ္ေန႔ေန႔ နည္းနည္းေလာက္သတိမထားလိုက္မိ တာနဲ႔ဒီေျမေခြးဆီကလွည့္စားမခံရပါ ဘူးလို႔ဘယ္သူမွမသိႏိုင္ဘူး"

ဂ်ီယြန္ေဝကဂ႐ုမစိုက္စြာသူ႔လက္ ကိုေႁမွာက္လိုက္ၿပီးအၿမီးကိုးေခ်ာင္း ေျမေခြးရဲ႔ေခါင္းကိုပြတ္ေပးလိုက္ကာ ေခါင္းမာမာျဖင့္ရယ္ေမာလိုက္သည္။

"ေျမေခးေတြကပရိယာဥ္ေတြနဲ႔စဥ္းလဲ တတ္ၾကေပမယ့္အဆံုးသတ္ရင္သူတို႔ ကသားရဲေတြျဖစ္ေနဆဲပဲေလလူသားေယ ေတြမွမဟုတ္တာ....ဒီကမာၻေပၚမွာ ပရိယာၪ္ေတြစဥ္းလဲတတ္တာေတြနဲ႔ ပတ္သတ္ရင္ဘယ္ဝိဉာဏ္သတၱဝါက မ်ားလူသားေတြနဲ႔ယွဥ္ႏိုင္မွာလဲ?အားက်ဴိ ရဲ႔ဉာဏ္ရည္ကေမြးကင္းစအဆင့္ပဲရွိ ေသးတယ္သူငါ့ကိုလွည့္စားႏိုင္ဖို႔ဒီေလာက္ မလြယ္ပါဘူး"

"တကယ္ပဲ"လင္ရႊမ္းဇီကစကားအ ပိုေတြေျပာမေနေတာေပ။

"က်င့္ၾကံဆင့္ကိုဖိႏွိပ္ထားႏိုင္မယ့္ ပစၥည္းဆိုရင္ေတာ့ဘယ္လိုထြင္းထု ရမလဲဆိုတာပဲသိတယ္လိုအပ္တဲ့ ကုန္ၾကမ္းအကုန္လံုးမရွိဘူး"

ဂ်ီယြန္ေဝကေတာ္ေတာ္ေလး အလ်င္လိုေနသည္။

"ငါမင္းနဲ႔အတူကုန္ၾကမ္းေတြသြားေရြး ဖို႔လိုက္ေပးမယ္ေလ....တိုက္တိုက္ဆိုင္ ဆိုင္ပိုင္မိသားစုရဲ႔ရတနာတစ္ရာစံအိမ္ ကလည္းဒီနဲ႔သိပ္မေဝးဘူးဆိုေတာ့"

လင္ရႊမ္းဇီကေခါင္းညိမ့္ျပသည္ "ေကာင္းၿပီေလ"

သူကိုယ္တိုင္ကုန္ၾကမ္းေတြကိုေရြး ခ်ယ္ေပးႏိုင္မွသာစိတ္ခ်လက္ခ် အနားယူႏိုင္မွာျဖစ္သည္ေလ။

႐ိုး႐ိုးသားသားေျပာရရင္လင္ရႊမ္းဇီ ကဒီအၿမီးကိုးေခ်ာင္းနတ္ေျမေခြးက သူ႔ဉာဏ္ရည္တကယ္ပဲဆံုးရွံဳးသြားၿပီး ေမြးကင္းစအရြယ္ေျမေခြးေပါက္ျဖစ္ သြားမယ္လို႔အျပည့္အဝမယံုၾကည္ေပ သို႔ေသာ္လမ္းေပၚတစ္ေလွ်ာက္လံုး သူဘယ္လိုပဲစစ္ေဆးပါေစသာမာန္ မဟုတ္တာဘာမွမျမင္ရဘူးျဖစ္ေန သည္။ေျမေခြးရဲ႔က်င့္ၾကံဆင့္က အရမ္းျမင့္ေနတာျဖစ္ရင္ျဖစ္မဟုတ္ ရင္ဂ်ီယြန္ေဝရဲ႔မိသားစုနည္းလမ္းက အရမ္းကိုစြမ္းအားျပင္းေနတာျဖစ္ လိမ့္မည္။အခ်ိန္တိုအတြင္းေတာ့ လင္ရႊမ္းဇီတကယ္ပဲဒီကိစၥကိုအၿမီး လားေခါင္းလားမခြဲႏိ္ုင္ဘူးျဖစ္သည္။

လင္ရႊမ္းဇီကကုန္ၾကမ္းပစၥည္းတစ္ခ်ိဳ႔ ေရြးလိုက္ၿပီးဂ်ီယြန္ေဝအတင္းအၾကပ္ ထိုးေပးလိုက္တဲ့ထြင္းထုခကိုယူကာ သူနဲ႔ဂ်ီယြန္ေဝတို႔လမ္းခြဲလိုက္ၾကသည္။

ဂ်ီယြန္ေဝမျပန္ခင္မွာလင္ရႊမ္းဇီက ဒီအၿမီးကိုးေခ်ာင္းနတ္ေျမေခြးနဲ႔ ပတ္သတ္ၿပီးသတိထားေနပါရန္ႏွင့္ ထူးဆန္းတယ္လို႔ထင္တဲ့အရာဆို ဘာမွမယူရန္အထပ္ထပ္သတိေပး လိုက္ေသးသည္။

ေမွာ္ရတနာကိုသန္႔စင္ရမယ့္ကိစၥက ၾကည့္လိုက္ရင္ေတာ့အေရးေပၚလို ျဖစ္ေနေသ္ာလည္းတကယ္တမ္းေတာ့ သိပ္ၿပီးအေရးမႀကီးေပ။နတ္ဆိုးသားရဲ ၏က်င့္ၾကံဆင့္အားဖိႏွိပ္ထားႏိုင္မယ့္ ေမွာ္ရတနာကိုထြင္းထုသန္႔စင္ရျခင္းက အလြယ္တကူေအာင္ျမင္စြာသန္႔စင္ႏိုင္ မယ့္ကိစၥမဟုတ္သလိုလင္ရႊမ္းဇီေတာင္ သံုးရက္ကေနငါးရက္ေလာက္လိုအပ္ လိမ့္မည္။သို႔ေသာ္မနက္ျဖန္မွာသူတို႔ ေဆးလံုးကန္႔သတ္လ်ိဳ႔ဝွက္ေျမကို ဝင္ေရာက္ရမွာျဖစ္ၿပီးသန္႔စင္ဖို႔အတြက္ အခ်ိန္မရွိေပ။ထို႔ေၾကာင့္သူကအဲ့ဒါကို အနာဂတ္မွာအခ်ိန္တစ္ခ်ိဳ႔ရွာႏိုင္သည္ အထိေနာက္ပို႔ထားရံုသာရွိသည္။

ဂ်ီယြန္ေဝသည္လည္းဒီအၿမီးကိုး ေခ်ာင္းနတ္ေျမေခြး႐ုတ္တရက္သူ႔ က်င့္ၾကံဆင့္ျပန္ရသြားမွာကိုဂ႐ုမစိုက္ သလိုပဲသူ႔ကိုနားလည္ေၾကာင္းေဖာ္ ျပလာသည္။

*****

ေကာင္းကင္ေတာင္ထြတ္ ဂိုဏ္းေဆးလံုးေတာင္တြင္--

ဝုန္းဆိုတဲ့အသံနဲ႔အတူေဆးလံုးမီးဖို ကေပါက္ကြဲထြက္သြားသည္။

ယန္ထ်န္းဟန္ကသူ႔ႏႈတ္ခမ္းကိုကိုက္ လုိက္ၿပီးသူ႔ဆန္႔က်င္ဘက္မွာထိုင္ေန သည့္က်ံဳးလီရွန္အားရွက္ရြံ႔မႈတစ္ခ်ိဳ႔ နဲ႔ၾကည့္လိုက္သည္။

သို႔ေသာ္က်ဳံးလီရွန္ရဲ႔မ်က္ႏွာေပၚမွာ ေတာ့အျပစ္တင္မႈသို႔မဟုတ္စိတ္ပ်က္ မႈတို႔ရွိမေနပဲဒီမီးဖိုေပါက္ကြဲမယ္ဆို တာကိုအေစာႀကီးကတည္းကေမွ်ာ္ လင့္ထားသလိုပင္။

"ဆက္လုပ္"

ယန္ထ်န္းဟန္ကသူ႔ႏွာေခါင္းေလးကို ထိလိုက္ၿပီးအျပစ္ရွိစိတ္နဲ႔ေျပာလာသည္။

"ဆက္ၿပီးမလုပ္ေတာ့ရင္ေရာဘယ္လို လဲ?ကၽြန္ေတာ္ဒီေန႔မီးဖိုေတြေဖာက္ခြဲ ေနတာႏွစ္လံုးေတာင္ရွိေနၿပီအကယ္၍ေ ေနာက္တစ္လံုးထပ္ေဖာက္ခြဲရင္အဲ့ဒါက သံုးလံုးေျမာက္ပဲ"

ဒီကုန္ပစၥည္းေတြအေၾကာင္းသူသိပ္ မသိေပမယ့္က်ံဳးလီရွန္ရဲ႔ေဆးလံုးမီးဖို ေတြအားလံုးကအထက္တန္းအေရ အေသြးေတြျဖစ္သည္။သူတို႔ထဲက ႏွစ္လံုးကိုေအာင္ေအာင္ျမင္ျမင္ေဖာက္ ခြဲၿပီးသြားၿပီဆိုတဲ့အေၾကာင္းအရင္းက ယန္ထ်န္းဟန္ရဲ႔စိတ္ပိုင္းဆိုင္ရာဝန္ ထုတ္ဝန္ပိုးကိုအေတာ္ေလးလံေစသည္။

သို႔ေသာ္က်ံဳးလီရွန္ကေတာ့သူ႔လက္ ကိုသာေဝ႔ွယမ္းျပၿပီးရဲရင့္စြာေႂကြးေ ေၾကာ္ေလသည္။

"ဆက္ၿပီးသာေဖာက္ခြဲစမ္းပါမင္း အတိအက်မီးဖိုဘယ္ေလာက္မ်ား မ်ားေဖာက္ခြဲႏိုင္မလဲဆိုတာကိုၾကည့္ တာေပါ့"

ယန္ထ်န္းဟန္ကတီးတိုးေရရြတ္သည္ "အကုန္လံုးပဲျဖစ္လိမ့္မယ္"

"ေဖာက္ခြဲပစ္လိုက္!" က်ံဳးလီရွန္ကထိုစကားတစ္ခြန္း တည္းကိုသာေျပာသည္။

က်ံဳးလီရွန္ကအရမ္းကိုဇြဲေကာင္း ေနေတာ့ယန္ထ်န္းဟန္အေနနဲ႔ရွင္း လင္းခ်က္ေတာင္းခံယံုသာရွိသည္။

"အဂၢီရတ္ပညာရွင္က်ံဳးလီ....ဒီမီးဖိုေ ေတြကိုေဖာက္ခြဲတာကေလကၽြန္ေတာ္ ျပန္ေလ်ာ္ေပးစရာမလိုပါဘူးေနာ္ ဟုတ္တယ္မွတ္လား?"

ယန္ထ်န္းဟန္ကအေတာ္ေလး စိတ္ပူေနမိတာျဖစ္သည္။

က်ံုးလီရွန္ကသူ႔ကိုသေဘာမတူ တဲ့အၾကည့္နဲ႔ၾကည့္သည္။

"မင္းကတတ္ႏိုင္လို႔လား?"

ယန္ထ်န္းဟန္ကေခါင္းခါျပသည္။ "မတတ္ႏိုင္ဘူး"

က်ံဳးလီရွန္ကအေတာ္ေလး တည္ၿငိမ္စြာျဖင့္ေျပာသည္။

"ဒါဆိုလည္းထားလိုက္ေပါ့ဘာလို႔ ဒီလိုကိစၥေတြကိုအမ်ားႀကီးစဥ္းစား ေနတာလဲ?ျမန္ျမန္ေလးေဖာက္ခြဲပစ္စမ္းပါ"

ယန္ထ်န္းဟန္ , "..."

တကယ္ေတာ့သူမီးဖိုေတြကိုေဖာက္ ခြဲဖို႔ရည္ရြယ္ထားတာမဟုတ္ဘူးေလ

ယန္ထ်န္းဟန္ကဆက္ၿပီးတင္ပလႅင္ ေခြထိုင္ကာလက္စည္းတံဆိပ္ပံုေဖာ္ ၍ေဆးလံုးစတင္သန္႔စင္ေတာ့သည္။ အေမႊးတိုင္တစ္တိုင္စာကုန္ခ်ိန္ေလာက္ မွာက်ံုးလီရွန္ရဲ႔မ်က္လံုးမ်ား႐ုတ္တရက္ ေအးခဲသြားသည္။သူကေဆးလံုးမီးဖိုရဲ႔ ႏႈတ္ခမ္းဝမွာေတာက္ပေနေသာေရခဲျပာ ေရာင္မီးေတာက္ကိုၾကည့္ၿပီးသူ႔ေပါင္ ကို႐ိုက္လိုက္သည္။

"ငါအခုနားလည္သြားၿပီ!"

ယန္ထ်န္းဟန္ကထိတ္လန္႔သြားမိၿပီး ဝုန္းဆိုတဲ့အသံနဲ႔မီးဖိုကေပါက္ကြဲသြား ုျပန္သည္။

ကံေကာင္းစြာနဲ႔လင္ရႊမ္းဇီသူ႔ကို ေပးထားတဲ့အဝါေရာင္ဘဲေပါက္ေလးနဲ႔ တစ္ျခားအထက္တန္းအဆင့္ကာကြယ္ ေရးပစၥည္းမ်ားကသူ႔ကိုကာကြယ္ေပး ထားေသာေၾကာင့္ေပါက္ကြဲမႈက ယန္ထ်န္းဟန္အားသက္ေရာက္မႈမရွိေပ။

က်ံုးလီရွန္သည္လည္းသူ႔ကိုယ္ပိုင္ ေမွာ္ရတနာကိုယူလာသည္။ေပါက္ကြဲ သြားေသာမီးဖို၏ျပာမ်ားႏွင့္အပိုင္းအစ အားလံုးကသူ႔ေရွ႕ကမျမင္ရတဲ့နံရံနဲ႔ တားဆီးထားသလိုမ်ိဳးလံုးဝဆက္ၿပီး မတိုးဝင္ႏိုင္ၾကေပ။

ယန္ထ်န္းဟန္ကက်ံဳးလီရွန္အား စိတ္အားထက္သန္စြာၾကည့္လိုက္သည္။

"အဂၢီရတ္ပညာရွင္က်ံဳးလီ..ကၽြန္ေတာ္ ဘာျဖစ္လို႔အၿမဲတမ္းမီးဖိုေတြေပါက္ ကြဲေစတာလဲ?"

.............................................

Next Episode

ငါ့မွာအာကာသအဆင့္ေဆးလံုးရွိတယ္

.............................................

Continue Reading

You'll Also Like

507K 82.9K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
362K 65.9K 82
Lord Seventh by Priest
812K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။
208K 13.1K 37
My priority /property/privacy