COE (၁၉+)
By chuiverse_
283K 13.2K 353
COE : Rewrite the stars This love is worth , no matter what to give up . The story explained ! [Only read t... More
၁၀
၁၁
၁၂
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၁၃
8.8K 527 14
By chuiverse_
အခန်း ၁၃
"မီယို ချောင်း အိုဘန်ဒေါ့ ? "
ပန်းရောင်က ခေါင်းတဆက်ဆက်ငြိမ့်တယ် ။ နှစ်တွေအကြာကြီးသိလာတဲ့ အစ်မရဲ့နာမည်ကို ပန်းရောင်ဆီကသိရမယ်လို့ဘယ်တုန်းကမှမထင်ထားပေမဲ့ တကယ်ကြီးဖြစ်လာတာပဲ ။ ပန်းရောင်ရဲ့ စာအုပ်အနားသတ်တွေမှာ အခုတလောမှ ဟိုတစ်စ ဒီတစ်စ ရေးထားတဲ့ " "Obendurt's "ဆိုတဲ့အဓိပ္ပာယ်ကို ကိုးလ်က နားလည်သွားတယ် ။
"ဒီမှာကြည့် ယိုယိုက ၀ယ်ပေးထားတာ ။"
ဘယ်ဘက်လက်ချောင်းတွေကိုမြှောက်ပြတဲ့ ပန်းရောင်က အလွန်တရာပျော်ရွှင်နေပုံပေါက်တယ် ။ အဲ့ဒီလက်ချောင်းမှာ ၀တ်ထားတဲ့ ပလက်တီနမ်လက်စွပ်သေး‌သေးလေးကလည်း ပန်းရောင်ရဲ့အပြုံးတွေလိုပဲလက်ကနဲ့ ။
အစ်မကတော့ ယိုယိုလို့အခေါ်ခံလိုက်ရတာကို နည်းနည်းရှက်သွားပုံပါ်တယ် ။ ရှိုးတိုးရှန်းတန်းတွေဖြစ်ပြီး ပန်းရောင်ရဲ့အအေးခွက်ကိုကောက်ကိုင်တယ် ။
"ဆိုတော့ အမ် ဘယ်လိုလုပ်ပြီး ။ "
တကယ်တော့ မေး‌ချင်တာတွေကအများကြီးပဲ ။ ဒါပေမဲ့ ပန်းရောင်က အစ်မရဲ့ဘ၀အမှန်ကိုမသိထားဘူးဆိုရင် ပန်းရောင်ရှေ့မှာစကားတွေအများကြီးပြောလို့မရပြန်ဘူး ။ အခုအချိန်မှာတကယ် အစ်မနဲ့ နှစ်ယောက်တည်းတွေ့ဖို့လိုနေတာကို ပန်းရောင်က တကောက်ကောက် လိုက်နေတယ် ။ မသိရင် ကိုးလ်ကပဲ အစ်မကို တစ်ခုခုလုပ်တော့မလိုပဲ။ 
မီယိုနဲ့ ကိုးလ်က အချင်းချင်း မျက်စတွေပစ်ပြီး အသံတိတ်စကားပြောနေတာကြောင့် ပန်းရောင်ကစိတ်တိုလာပုံပေါ်တယ် ။
"ယို! "
"ဟမ် ဘာလို့လဲ ကလေး ။ "
မီယိုဆီကနေ ပန်းရောင်ကို ကလေးလို့ ခေါ်တာကြားတော့ ကိုးလ်က အသံမထွက်ဘဲ ဝိုး ဆိုတဲ့ ပုံစံမျိုးလုပ်တာကို မီယိုပြန်ပြီးအသံတိတ်ကျိန်ဆဲတယ် ။
"ဘာတွေဖြစ်နေတာလဲ ? ကိုးလ်နဲ့ အသိတွေဆိုတာလည်း အရင်ကတည်းက ပြောမပြထားဘူး ။ အခုလည်း ပန်းရောင်ကိုဖယ်ပြီး နှစ်ယောက်တည်း စကားပြောနေတယ် ။ မခေါ်တော့ဘူးကွာ ၊သွားတော့မယ် ။"
"မဟုတ်တာ ဘယ်တုန်းကလဲ ?ကလေးပဲ လိုက်မှာဆိုလို့ခေါ်လာ‌တာပဲကို ။ "
"အေးလေ ။ မခေါ်ချင်ဘူးမလား ? ဇွတ်လိုက်လာလို့ ခေါ်လာရတာလေ ၊ ပြန်တော့မယ်ဟာ ၊ သွားပြီ ။ "
"ကလေးရေ ဘာဖြစ်တာလဲကွာ ။ "
မျက်စိရှေ့ကအတွဲကိုကြည့်ပြီး ကိုးလ်က ရယ်ချင်စိတ်ကိုမနည်းထိန်းထားရပုံပေါ်တယ် ။ မီယိုကလည်း ပန်းရောင်စိတ်ဆိုး‌သွားတော့မှာကို အရမ်းစိတ်ပူနေတယ် ။ ပန်းရောင်က စိတ်ဆိုးပြီးထထွက်သွားတာ ချက်ချင်းဆိုင်အပြင်ဖက်ရောက်သွားတော့ မီယိုကလည်းလိုက်ဆွဲတယ် ။ ကိုးလ်ကတော့ ဆိုင်ထဲကနေ မှန်ပဲခြားတာကြောင့် မြင်နေရတဲ့ သမီးရည်းစားစစ်ပွဲကို ကြည့်ပြီး ပြုံးရင်း ခေါင်းကိုခပ်လေးလေးရမ်းတယ် ။
"ဒါက ဘေလ်စာရွက်လေးပါဗျ ။ "
ကိုးလ်ကမျက်မှောင်တစ်ချက်ကျုံ့သွားတယ် ။တကယ်ဆို သူပိုက်ဆံရှင်းမယ်လို့မပြောထားဘူးလေ ။ပြီးတော့ လာပေးတဲ့လူငယ်ကလည်း စားပွဲထိုးဖြစ်‌ဖို့ သန့်ပြန့်လွန်းတယ် ။ ကြည့်ရတာ ဆိုင်ပိုင်ရှင်ဖြစ်ပုံပဲ ။ ကိုးလ်ကဘေလ်စာရွက်ကို လှမ်းယူလိုက်တယ်။ 
စာရွက်ပေါ်မှာ ဘေလ်ကရှင်းပြီးကြောင့်ပြထားတယ် ။ ပြီးတော့ အောက်မှာ ဖုန်းနံပါတ်တစ်ခုကို ရေးထားတဲ့လက်ရေးသော့သော့က ပါသေးတယ် ။ ထိုလူငယ်က ကိုးလ်ကိုမျက်လုံးတစ်ဖက်မှိတ်ပြပြီး ဖုန်းဆက်နော် ဆိုတဲ့ ပုံစံကိုလက်အမူအရာနဲ့ပြတယ်။ 
သက်ပြင်းဖွဖွချလိုက်တဲ့ကိုးလ်က ဘေလ်စာရွက်ကိုယူပြီး လူရွယ်ဆီက ဖောင်တိန်ကိုငှားလိုက်တယ် ။ ပြီးတော့ အဲ့ဒီဖုန်းနံပါတ်အောက်နားလေးမှာ 'ME ,GAY' လို့ရေးပြီး စာရွက်ကိုချလို့ ဆိုင်ထဲကနေ ထွက်လာလိုက်တယ် ။ လူရွယ်ကတော့ သူ့ဘာသူခပ်တိုးတိုးဆဲနေရင်း ကျန်ခဲ့တယ် ။
ကိုးလ်အပြင်ဖက်ကို ရောက်တော့ ပန်းရောင်က‌အဝေးကိုသွားလိုက်ပြီ ။ မီယိုကတော့ ဆေးလိပ်ကိုဗူးထဲက ထုတ်ပြီးမီးညှိဖို့လုပ်နေတယ် ။
"စိတ်ကောက်သွားပြီလား ? ။ "
ပန်းရောင် သွားရာလမ်းကို မေးတစ်ချက်ဆက်ပြီး မေးတဲ့ကိုးလ်ကို မီယိုကမီးစွဲစပြုနေပြီဖြစ်တဲ့ဆေးလိပ်ကို ရှူရှိုက်ထုတ်ပြီးမှ ပြန်ဖြေတယ် ။
"ရပါတယ် ။ နောက်နေ့မှ ဟော့ပေါ့၀ယ်ကျွေးပြီး ချော့လိုက်တော့မယ် ။ ကလေးတွေများ အဲ့လိုပဲ ။ "
"ပြီးရင် ကလေး‌ ကလေးဆိုပြီး အသေအသည်းယားပြီး ချစ်နေတာအစ်မပဲ မဟုတ်ဘူးလား ။ "
ရွှတ်နောက်နောက် ကိုးလ်ရဲ့အပြောကို မီယိုက မျက်လုံးလန်ကြည့်ပြီးတော့ ခွန်းတုံ့မပြန်ဘဲ ကိုးလ်ဆီကို ကားသော့လှမ်းပစ်ပေးတယ် ။
"တနေရာရာကို သွားစကားပြောရအောင် ။ ငါအကုန်နီးပါးရှင်းပြပေးမယ် ။ "
ကိုးလ် ကားသော့ကိုဖမ်းယူပြီး စက်နိုး မောင်းထွက်တယ် ။ ဘေးနားက မီယိုက ဆေးလိပ်တွေတစ်လိပ်ပြီး တစ်လိပ်ထုတ်သောက်နေတာမို့လို့ ကားမှန်ကိုချလိုက်တယ် ။
"သောက်မယ်မလား ? ။"
"ဟင့်အင်း ။ "
နောက်ဆေးလိပ်တလိပ်ကို ကိုးလ်အတွက် မီးကူးပေးဖို့ပြင်နေတဲ့ မီယိုက ကိုးလ်ရဲ့အငြင်းစကားကို နည်းနည်း အံ့ဩသွားပုံပဲ ။
များသောအားဖြင့် လူလိမ္မာတော့မဟုတ်ပေမဲ့ ၊ ကိုးလ်အခုတော့ဆေးလိပ်သောက်ချင်စိတ်ရှိမနေဘူး ။ အမြင်အာရုံချွတ်ယွင်းနေတဲ့ ဖြူက နှာခေါင်းတော့အရမ်းကောင်းတယ်လေ ။ အနမ်းတွေဖလှယ်တဲ့အခါ ဆေးလိပ်အနံ့တွေကြောင့် အနှောက်ယှက်မဖြစ်စေချင်တာတော့ အမှန်ပဲ ။
"ဆေးလိပ်သောက်တာကိုငြင်းပြီး ပြုံးနေတယ်လား ၊ အကြောင်းလည်းမရှိဘဲနဲ့ ။ "
"မဟုတ်ပါဘူး ။ ဒီလိုပဲ တစ်ယောက်ယောက်ကိုသတိရလို့ ။ "
ကိုးလ်ရဲ့အဖြေစကားကို မီယိုက ဟုတ်ပါပြီဆိုတဲ့သဘောနဲ့ ခေါင်းတဆက်ဆက်သာငြိမ့်တယ် ။ သစ်ပင်ရိပ်တွေတော်တော်ရပြီး လူရှင်းတဲ့နေရာအရောက်မှာ ကားကို ရပ်လိုက်ပြီးတော့ သူမတို့နှစ်ယောက်ကားထဲကထွက်တယ် ။
မီယိုက ဖုန်းတစ်လုံးကို ကိုးလ်ဆီလှမ်းပေးတယ် ။ ကိုးလ်က ဖုန်းဖန်သားပြင်မှာပေါ်နေတဲ့အရာကို ကြည့်ပြီး တအံ့တဩဖြစ်သွားတယ် ။ အဲ့ဒီဖုန်းထဲမှာ ဖန်ရုပ်လေးတွေထားတဲ့အခန်းထဲက မြင်ကွင်းကပေါ်နေတယ် ။
"ဒါက ဟိုအခန်းပဲ ။ "
"ဟုတ်တယ် ။ အဲ့မှာ ပန်းရောင်အရုပ်ထားတဲ့နေရာကိုကြည့်လိုက် ၊ နည်းနည်းလေးတောင် အစွန်းထင်းမရှိဘူးတွေ့လား ? "
"အစ်မက အဲ့ဒီလို မြင်ချင်တဲ့အရာကို ထိုးဖောက်မြင်နိုင်တဲ့အစွမ်းလည်းရှိတာလား ? ။ မိုက်လိုက်တာ ။ "
"မဟုတ်ပါဘူး ။ အဲ့အခန်းထဲက CCTVကို ‌ဖုန်းနဲ့ချိတ်ထားတာ ။ "
"အော်   . . ."
"ငါပန်းရောင်နဲ့ ဘယ်လိုပဲဖြစ်ဖြစ် နင့်အလုပ်မှာ ဘာမှမထိခိုက်နိုင်ဘူးဆိုတာကိုပြောချင်တာ ။ လိုချင်ရင် အဲ့ဖုန်းကိုယူထားလိုက်လည်းရတယ် ။ "
"ဘာလို့လဲ ? ။ "
မီယိုက ကိုးလ်ရဲ့အမေးကိုပြန်မဖြေဘဲ လက်ထဲက ဆေးလိပ်ကိုပဲ ‌မဲသောက်နေတယ် ။ အတန်ကြာမှ သူမက အသံခပ်လေးလေးနဲ့ ပြောလာတယ် ။
"ကိုးလ် ဒီလောကကြီးကလေ တကယ်ရှုပ်ထွေးတယ် ။"
"လူတွေက သူ‌တို့နေတဲ့ လောကကြီးကတော့ မတရားဘူး ။ သေပြီးသွားတဲ့အခါမှာတော့ ငရဲသော်လည်းကောင်း၊ နိဗ္ဗာန်သော်လည်းကောင်း အကုန်လုံးနဲ့ ထိုက်တန်တာရမယ် ၊ နောက်ဆုံးမှာအရာအားလုံးမျှတသွားမယ်လို့ထင်နေကြတယ် ။ တကယ်တော့ ဒီကန့်လန့်ကာ နောက်ကွယ်က အရာတွေက ပိုတောင်ရှုပ်ထွေးသေးတယ်။  "
ကိုးလ်ကတော့ မီယိုကို မူးနေတာလားဆိုတဲ့ ပုံစံနဲ့ကြည့်နေတယ် ။ သူမက မီယိုပြောနေတဲ့စကားတွေရဲ့ ဦးတည်ချက်ကိုဖမ်းလို့မရဘူး ။
"ပန်းရောင်ကို ငါသဘောကျတယ် ။ မဟုတ်ဘူး .....ငါသူ့ကိုချစ်တာ ၊ အများကြီးကိုချစ်တာ ။ သူ့ရဲ့ဒီတစ်ဘ၀လုံးစာ ငါချစ်မှာ ။ "
"အဲ့တာကို ဘာလို့မပြောခဲ့တာလဲ ? ပန်းရောင်ကို သဘောကျနေတဲ့အကြောင်း ။ "
"မဟုတ်ဘူးလေ ။ပန်းရောင်ကို ကိုးလ်စောင့်ရှောက်နေတဲ့လူမှန်းမသိခဲ့တာ ၊ အစကတည်းက ပန်းရောင်ဆီမှာ စောင့်ရှောက်ခံဆိုတဲ့ အချက်ပေးကို မ‌တွေ့ခဲ့တာမို့လို့ ။ "
"မတွေ့ခဲ့ဘူးဆိုတာ ဘာကိုပြောတာလဲ ? ။ အဲ့တာက သေချာပေါက် ပန်းရောင်ဆီမှာရှိနေမှာလေ ။ ပြီးတော့ အဲ့လောက်နီးနီးကပ်ကပ်ရှိနေတာကို အစ်မကရော သတိလက်လွတ်နဲ့ အဲ့အချက်ပြကိုတောင်ကျော်သွားမိမဲ့လူမှမဟုတ်တာ ။ "
အစ်မသောက်နေတာ ဆေးလိပ်ဘယ်‌နှစ်လိပ်မြောက်လဲတောင် မမှတ်မိတော့ဘူး ။ အစ်မဆီမှာ သာမန်အချိန်တွေ မရှိတဲ့ ပုံစံတွေမြင်နေရတယ် ။ ဥပမာ မျက်၀န်းထဲကအားနာတဲ့ အရိပ်အယောင်လိုမျိုး ။
"ကိုးလ် တချို့ကိစ္စတွေက ငါ၀င်ပါလို့မရတာတွေရှိတယ် ။ တချို့လူတွေရဲ့ အစီစဉ်တွေကို ငါ၀င်ရှုပ်လိုက်လို့မရဘူး ။ အဲ့လိုလုပ်လိုက်မယ်ဆိုရင်လည်း ငါဒီလောကမှာ ကြာကြာနေနိုင်မှာမဟုတ်ဘူး ။ "
"အစ်မ ပြောနေတာတွေ တစ်ခုမှ နားမလည်ဘူး ။ဒီလအစတုန်းက စကြာ၀ဠာ ဘာသာစကားအတွက် သင်တန်းသားအသစ်ခေါ်တုန်းက စာရင်းပေးခဲ့လိုက်ရမှာ ။  "
ကိုးလ်ကအခြေအနေကို အနည်းငယ်တော့ ပေါ့ပါးသွားစေလိုတဲ့ ဆန္ဒနဲ့ နောက်လိုက်တော့ မီယိုက ခပ်ဟဟ ရယ်သည် ။
"ဒီအငယ်လေးနဲ့တော့ .... ။ ဘယ်လိုပဲဖြစ်ဖြစ် ငါနင့်ကိုဘယ်တုန်းကမှ ထိခိုက်စေချင်တဲ့စိတ်မရှိခဲ့ဘူး ။အစက မသိပေမဲ့ ပန်း‌ရောင်ကိုနင့်ရဲ့စောင့်ရှောက်ခံဆိုတာ သိပြီးနောက်မှာလည်း ငါနဲ့ပန်းရောင်နဲ့ ပတ်သက်မှုက နင့်အပေါ်ဘယ်လိုနည်းနဲ့မှ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ သိလို့ရှေ့ဆက်တိုးခဲ့တာ ။ အဲ့တာငါပြောနိုင်တာအကုန်ပဲ ။ "
"အစ်မကိုပြောပြခဲ့သားပဲ ။ပန်းခက်မြူလို့ ။"
"အင်း နာမည်ကိုမသိခဲ့ဘူး ။ ဒီတိုင်းသဘောကျသွားခဲ့တာ ။ "
"ဒါပေမဲ့ ဘာလို့ ..... ။ "
စောဒကတတ်ဖို့စကားစက အနားကို ရုတ်တရက်ရောက်လာတဲ့ လေအဝေ့လိုမျိုးအခိုက်အတန့်ကြောင့် ပျက်သွားသည် ။ လေ‌နဲ့ပါလာတဲ့လူကို မီယိုကတွေ့တော့ တိုးတိုးကျိန်ဆဲတယ် ။
"F**k , လန့်သွားတာပဲ ဟာရီ! "
"ကျွန်တော်ဒီနေ့ ရာထူးတိုးလို့ အဲ့တာ အစ်မမီယိုကို လိုက်ရှာနေတာ မုန့်‌၀ယ်ကျွေးခိုင်းမလို့ ။ "
"ရာထူးတိုးတာ နင်လေ ၊ နင်၀ယ်ကျွေးရမှာပေါ့ ။ "
"အစ်မကလည်း တစ်ကိုယ်လုံး ရွှေတွေစီးနေတဲ့ဟာကို ..... ကိုးလ်ရော ရောက်နေတာပဲ ကျေးဇူးကွာ အရင်တစ်ခါ ဝိဉာဥ်နှစ်ကောင်တုန်းက အကြောင်းကြားပေးတာ ။ "
ပြောရင်းဟာရီက ကိုးလ်ကို လာဖက်သည် ။ အစ်မက ချက်ချင်းဆိုသလို ဟာရီကို ဆက်ကနဲ့ ကိုးလ်ဆီကနေ ဆွဲခွာတယ် ။ ပြီးတော့ ကိုးလ်ရဲ့ အင်္ကျီလက်ကို ပင့်ပြီးကြည့်တယ် ။
"ကိုးလ် နင် ဒါအီ့ ဆီသွားမှရတော့မယ် ။ "
အစ်မစကားကြောင့် လက်ကိုကြည့်မိတော့ လက်ကောက်‌၀တ်နားတလျှောက်မှာ အနက်ရောင် မျဉ်းတွေကနွယ်တွေလိုမျိူး ထနေပြီ ။
"ဟာရီရာ သတိထားလေ ။ နင်ဦးထုပ်မှမဆောင်းထားဘဲနဲ့ အဲ့လိုလျှောက်ထိနေရင် ဘယ်လိုလုပ်မလဲ ? "
"မေ့သွားလို့ကို ။ "
ကိုးလ်က စစချင်းတုန်းကဆို ဒါအီ့ဆီကို တစ်လတစ်ခါလောက်သွားပြီး ဆေးတချို့ထိုးသွင်းရတယ် ။ အခုနောက်ပိုင်းအထူးဆေးဝါးတစ်ချို့ တီထွင်နိုင်ခဲ့တော့မှ မသွားရတော့ ။ ဒါပေမဲ့ဦးထုပ်မဆောင်းထားတဲ့ သေမင်းတမန်နဲ့ထိမိတာမို့လို့ အဲ့ဒီဆေးအခန်းထဲကိုသွားပြီး ပြန်ကောင်းအောင်လုပ်ရတော့မယ် ။
"အာ စိတ်ပျက်လိုက်တာ ။ "
ပထမဆုံးတွေးမိတာက ဒီလိုပုံစံကြီးနဲ့ဆိုရင် ဖြူနဲ့တွေ့လို့မရဘူးဆိုတာပဲ။  ဖြူ့နဲ့ထိမိရင် ဖြူ့ဆီ အဲ့ဒီဓာတ်တွေ ရောက်သွားမှာက စိုးရိမ်ရသည် ။ဟာရီ့ကိုလည်း မျက်နှာတွေချည်း လက်သီးနဲ့ တည်ထိုးချင်နေပေမဲ့ ၊ အနက်ရောင် စွမ်းအင်တွေ တစ်စတစ်စ ခန္ဓာကိုယ်ထဲမှာ ပိုများလာတာကို ခံစားနေရသည် ။ သူမက လမ်းတောင် အနိုင်နိုင်လျှောက်ရတော့မှာ ။
လူသေတွေနဲ့အမြဲထိတွေ့နေရတာမို့လို့ ဟာရီတို့လိုကောင်တွေမှာ အနက်ရောင် အစွန်းထင်းက အမြဲပြည့်လျှံနေတတ်သည် ။ သူတို့ကိုယ်ထဲတော့ မ၀င်ပေမဲ့ သူတို့ကိုယ်မှာကပ်နေတတ်တာ ။ အဲ့တာကြောင့် ဦးထုပ်အမြဲဆောင်းထားရသည် ။ အဲ့တာက အလှသက်သက်မဟုတ်ဘဲ ပတ်၀န်းကျင်က သူတို့ထိမိသမျှကို အမှောင်ထုတွေ မကူးစက်သွားအောင် ကာကွယ်ပေးထားတာ ။
ခန္ဓာကိုယ်ထဲက အရမ်းအားနည်းလာတာကို ခံစားမိတယ် ။ သူမတကယ်ကြီး ဒါအီ့ဆီကို အမြန်ရောက်သွားဖို့လိုနေပြီ ။
အခန်း ၁၃
အစ်မကေတာ့ ယိုယိုလို့အေခ်ါခံလိုက်ရတာကို နည်းနည်းရှက်သွားပုံပ်ါတယ် ။ ရှိုးတိုးရှန်းတန်းတွေဖြစ်ပြီး ပန်းရောင်ရဲ့အေအးခွက်ကိုကောက်ကိုင်တယ် ။
မီယိုနဲ့ ကိုးလ်က အချင်းချင်း မျက်စေတွပစ်ပြီး အသံတိတ်စကားပြောနေတာကြောင့် ပန်းရောင်ကစိတ်တိုလာပုံပေါ်တယ် ။
"ယို! "
"ဟမ် ဘာလို့လဲ ကေလး ။ "
မီယိုဆီကေန ပန်းရောင်ကို ကေလးလို့ ခေါ်တာကြားတော့ ကိုးလ်က အသံမထွက်ဘဲ ဝိုး ဆိုတဲ့ ပုံစံမျိုးလုပ်တာကို မီယိုပြန်ပြီးအသံတိတ်ကျိန်ဆဲတယ် ။
"မဟုတ်တာ ဘယ်တုန်းကလဲ ?ကေလးပဲ လိုက်မှာဆိုလို့ခေါ်လာ‌တာပဲကို ။ "
"အေးလေ ။ မေခ်ါချင်ဘူးမလား ? ဇွတ်လိုက်လာလို့ ခေါ်လာရတာလေ ၊ ပြန်တော့မယ်ဟာ ၊ သွားပြီ ။ "
"ကေလးရေ ဘာဖြစ်တာလဲကွာ ။ "
ကိုးလ်အြပင်ဖက်ကို ရောက်တော့ ပန်းရောင်က‌အေဝးကိုသွားလိုက်ပြီ ။ မီယိုကေတာ့ ဆေးလိပ်ကိုဗူးထဲက ထုတ်ပြီးမီးညှိဖို့လုပ်နေတယ် ။
"စိတ်ကောက်သွားပြီလား ? ။ "
ပန်းရောင် သွားရာလမ်းကို မေးတစ်ချက်ဆက်ပြီး မေးတဲ့ကိုးလ်ကို မီယိုကမီးစွဲစြပုနေပြီဖြစ်တဲ့ဆေးလိပ်ကို ရှူရှိုက်ထုတ်ပြီးမှ ပြန်ဖြေတယ် ။
"ပြီးရင် ကေလး‌ ကေလးဆိုပြီး အေသအသည်းယားပြီး ချစ်နေတာအစ်မပဲ မဟုတ်ဘူးလား ။ "
ရွှတ်နောက်နောက် ကိုးလ်ရဲ့အေပြာကို မီယိုက မျက်လုံးလန်ကြည့်ပြီးတော့ ခွန်းတုံ့မြပန်ဘဲ ကိုးလ်ဆီကို ကားသော့လှမ်းပစ်ပေးတယ် ။
"သောက်မယ်မလား ? ။"
"ဟင့်အင်း ။ "
နောက်ဆေးလိပ်တလိပ်ကို ကိုးလ်အတွက် မီးကူးပေးဖို့ပြင်နေတဲ့ မီယိုက ကိုးလ်ရဲ့အြငင်းစကားကို နည်းနည်း အံ့ဩသွားပုံပဲ ။
များသောအားဖြင့် လူလိမ္မာတော့မဟုတ်ပေမဲ့ ၊ ကိုးလ်အခုတော့ဆေးလိပ်သောက်ချင်စိတ်ရှိမေနဘူး ။ အြမင်အာရုံချွတ်ယွင်းနေတဲ့ ဖြူက နှာခေါင်းတော့အရမ်းကောင်းတယ်လေ ။ အနမ်းတွေဖလှယ်တဲ့အခါ ဆေးလိပ်အနံ့တွေကြာင့် အေနှာက်ယှက်မြဖစ်စေချင်တာတော့ အမှန်ပဲ ။
"ဆေးလိပ်သောက်တာကိုငြင်းပြီး ပြုံးနေတယ်လား ၊ အေကြာင်းလည်းမရှိဘဲနဲ့ ။ "
ကိုးလ်ရဲ့အေဖြစကားကို မီယိုက ဟုတ်ပါပြီဆိုတဲ့သေဘာနဲ့ ခေါင်းတဆက်ဆက်သာငြိမ့်တယ် ။ သစ်ပင်ရိပ်တွေတ်ာတော်ရြပီး လူရှင်းတဲ့နေရာအေရာက်မှာ ကားကို ရပ်လိုက်ပြီးတော့ သူမတို့နှစ်ယောက်ကားထဲကထွက်တယ် ။
"ဒါက ဟိုအခန်းပဲ ။ "
"အော်   . . ."
"ဘာလို့လဲ ? ။ "
"ကိုးလ် ဒီလောကြကီးကေလ တကယ်ရှုပ်ထွေးတယ် ။"
"အဲ့တာကို ဘာလို့မေပြာခဲ့တာလဲ ? ပန်းရောင်ကို သေဘာကျေနတဲ့အေကြာင်း ။ "
ကိုးလ်ကေအခြအေနကို အနည်းငယ်တော့ ပေါ့ပါးသွားစေလိုတဲ့ ဆန္ဒနဲ့ နောက်လိုက်တော့ မီယိုက ခပ်ဟဟ ရယ်သည် ။
"ဒါပေမဲ့ ဘာလို့ ..... ။ "
စောဒကတတ်ဖို့စကားစက အနားကို ရုတ်တရက်ရောက်လာတဲ့ လေအေဝ့လိုမျိုးအခိုက်အတန့်ကြောင့် ပျက်သွားသည် ။ လေ‌နဲ့ပါလာတဲ့လူကို မီယိုကေတွ့တော့ တိုးတိုးကျိန်ဆဲတယ် ။
"F**k , လန့်သွားတာပဲ ဟာရီ! "
"အစ်မကလည်း တစ်ကိုယ်လုံး ရွှေတွေစီးနေတဲ့ဟာကို ..... ကိုးလ်ရော ရောက်နေတာပဲ ကျေးဇူးကွာ အရင်တစ်ခါ ဝိဉာဉ်နှစ်ကောင်တုန်းက အေကြာင်းကြားပေးတာ ။ "
"ကိုးလ် နင် ဒါအီ့ ဆီသွားမှေရတာ့မယ် ။ "
အစ်မစကားကြောင့် လက်ကိုကြည့်မိတော့ လက်ကောက်‌၀တ်နားတေလျှာက်မှာ အနက်ရောင် မျဉ်းတွေကနွယ်တွေလိုမျိုး ထေနပြီ ။
"ဟာရီရာ သတိထားလေ ။ နင်ဦးထုပ်မှေမဆာင်းထားဘဲနဲ့ အဲ့လိုလျှောက်ထိနေရင် ဘယ်လိုလုပ်မလဲ ? "
"မေ့သွားလို့ကို ။ "
"အာ စိတ်ပျက်လိုက်တာ ။ "
Continue Reading
You'll Also Like
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
2.4K 204 3
368K 14.3K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
296K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်